Pages

Thursday, October 3, 2013

လက်တွေ့ပျောက် ဆေးမြီးတို


ကြွက်နို့

ကြွက်နို့ကို သွေးအနည်းငယ်စို့်အောင် သန့်ရှင်းတဲ့ပစ္စည်းတစ်ခုခုနဲ့လုပ်ပါ။ ပြီးရင် ကြက်သွန်ဖြူကို အခွံနွှာပြီး ဓါးနဲ့လှီးပြီးအစေးထွက်အောင်လုပ်ပါ။ အဲဒီ အစေးနဲ့ သွေးစို့နေတဲ့ ကြွက်နို့ကိုပွတ်တိုက်ပါ။
ဒီနေ့လုပ် မနက်ဖန် ချက်ချင်းပျောက်ပေါ့။

ဆီးရောဂါ

၁၈နှစ်လောက်ဖြစ်ခဲ့တဲ့ ဆီးရောဂါကို တစ်ရက်နဲ့ပျောက်ကင်းပြီးပြန်မဖြစ်တော့တဲ့နည်းပါ။ ကျောက်ဖရုံသီး အူနဲ့ ကန်ဇွန်းရွက်ကိုနုတ်နုတ်စင်းပြီး ဆီးစပ်မှာအုံထားပါ။

နားထဲပိုးကောင်ဝင်လျှင်

နားထဲပိုးကောင်ဝင်ရင် ဘယ်လောက်ဆိုးတယ် ဆိုတာကြုံးဘူးမှသိပါမယ်။ ဆွေ့ဆွေ့ခုန်အော်ဟစ်နေရတာမျိုးပါ။ ပိုးကောင်ဝင်နေတဲ့ နားထဲကို အုန်းဆီလောင်းထည့်ပါ။ ခဏနေရင် အုန်းဆီတွေပြန်ထွက်အောင် ခေါင်းဆောင်းလိုက်ပါ။ ပိုးကောင်ထွက်သွားပါလိမ့်မယ်။

stonesoflife

No comments:

Post a Comment