Pages

Thursday, November 14, 2013

မိုင်းဖုန်း ဆရာတော် မြန်မာပြည်ပြန် သီတင်းသုံးမည်


ထိုင်းနိုင်ငံ၌ သီတင်းသုံးနေတဲ့ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရဟာ နိုဝင်ဘာလ ၁၅ရက် နံနက် ၉နာရီမှာ မြန်မာနိုင်ငံကို ပြန်လည် ပင့်ဆောင်မှာ ဖြစ်ပါတယ်။

ထိုင်းမြန်မာ ချစ်ကြည်ရေး အမှတ် ၁ တံတားကေန မြန်မာပြည်ကို ပြန်လည် ကြွချီမှာ ဖြစ်ပြီး နဂါး ၂ ကောင်ကျောင်းတိုက်မှာ ခေတ္တ အပူဇော်ခံမှာ ဖြစ်တယ်လို့ တာချီလိတ် အွန်လိုင်း သတင်းမှာ ရေးပါတယ်။

ရှမ်းပြည်နယ်(အေရှ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖုန်းဒေသ၌ သီတင်းသုံးခဲ့တဲ့ မိုင်းဖုန်း ဆရာတော်ဟာ အြေကာင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံကေန ထွက်ခွာပြီး ထိုင်းနိုင်ငံမှာ ၉ နှစ် နီးပါး သီတင်းသုံးခဲ့ရာက အခု မြန်မာနိုင်ငံကို ပထမဆုံးအြကိမ်အြဖစ် ပြန်ကြွလာတာလည်း ဖြစ်ပါတယ်။

အရင်က ဆရာတော်ရဲ့ သီတင်း သုံးခဲ့တဲ့ မိုင်းဖုန်းကျောင်းကို ချိတ်ပိတ်ထားတာကိုလည်း ပြန်လည် ဖွင့်လှစ်ပြီး ပြုပြင်မွမ်းမံမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဆရာတော်ဟာ ငယ်စဉ်ဘ၀ကတည်းက တရားဓမ္မကို ကျင့်ကြံပွားများ အားထုတ်တာ အကျင့်သီလ မြဲမြံတာတွေကြာင့် မြန်မာနိုင်ငံက ရှမ်းလူမျိုးတွေနဲ့ ထိုင်းနိုင်ငံမှာ ကြည်ညို ကိုးကွယ်ခံရတဲ့ ဆရာတော် လည်း ဖြစ်ပါတယ်။ မြကာသေးမီက ဆရာတော်ဟာ ၃ နှစ်ကျော် ဂူပိတ်ကာ ကျင့်ကြံ ပွားများ အားထုတ် ခဲ့ပါတယ်။

မိုင်းဖုန်းဆရာတော်ကို ပြန်လည် ပင့်ဆောင်နိုင်ဖို့အတွက် ရှမ်းပြည်နယ်က ပြည်သူ့လွှတ်တော် အမတ် တွေက ပထမအြကိမ် ပြည်သူ့လွှတ်တော် တတိယအြကိမ် ပုံမှန် အစည်းအေ၀းမှာ ဆရာတော်ကို မိုင်းဖုန်း ရွှေတြိဂံဒေသဘက်သို့ ပြန်လည် ပင့်ဆောင် ကိုးကွယ်ဖို့အတွက် နိုင်ငံတော်အစိုးရအေနနဲ့ ခွင့်ပြုရန် အစီ အစဉ် ရှိ၊ မရှိ မေးမြန်းခဲ့တာကို ပြည်ထဲရေးနဲ့ သာသနာရေးဝန်ကြီးဌာနက ကန့်ကွက်ရန် အစီအစဉ်မရှိတဲ့ အကြောင်း ဖြေထားခဲ့ပါတယ်။

DVB TV News

No comments:

Post a Comment