Pages

Tuesday, November 12, 2013

အဓိပတိယာဉ်နောက်လိုက်က တက္ကစီကားသမားကို ဝက်အူလှည့်နဲ့ ထိုး


ရန်ကုန်မြို့က မြို့ပတ် ဘတ်စ်ကား အဓိပတိယာဉ်လိုင်း ယာဉ်နောက်လိုက်နဲ့ တက္ကစီ ကားသမားတို့ ဒီက
နေ့ ညနေပိုင်းမှာ စကားများကြရာက အချွန်နဲ့ ထိုးပြီး ထွက်ပြေးသွားတယ်လို့ သတင်းရပါတယ်။


 ရန်ကုန်မြို့တွင်း အနော်ရထာ လမ်းပေါ်တွင် မြင်ကွင်း (ဓာတ်ပုံ – ဇွဲထက် / ဧရာဝတီ)

ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ ညနေပိုင်းက ကြည့်မြင်တိုင်မြို့နယ် နတ်စင်လမ်းနဲ့ ကမ်းနားလမ်းထောင် မှာ အဓိပတိယာဉ် ၉ခ/၆၆၈၂ မှ ယာဉ်နောက်လိုက်ဖြစ်သူက ၆က/၆၅၅၇ Taxi driver နဲ့ စကားများပြီး ၀က်အူလှည့်နဲ့ ထိုးပြီးထွက်ပြေးသွားတယ်လို့ သိရပါတယ်။

အခုတော့ အခင်းဖြစ်ပွားရာ အဓိပတိယာဉ်မောင်းနဲ့ ကျန်နောက်လိုက်ကို ကြည့်မြင်တိုင် မြို့နယ် ရဲစခန်းက ထိန်းသိမ်းထားပြီး ၀က်အူလှည့်နဲ့ အထိုးခံ လိုက်ရသူ တက္ကစီ ကားမောင်းသမားကတော့ အခု ရန်ကုန်  အနောက်ပိုင်း ခရိုင် ဆေးရုံမှာ တင်ထားပြီး ဆေးကုသခံယူနေရကြောင်း သိရပါတယ်။

ဧရာဝတီ

No comments:

Post a Comment