Pages

Tuesday, November 19, 2013

မင်္ဂလာဆောင်မည့် စုံတွဲများအတွက် သတင်းကောင်း


မင်္ဂလာဦးဇနီးမောင်နှံများအနေ ဖြင့် မင်္ဂလာဦးအပ်ငွေများကို CB Bank တွင် အပ်နှံနိုင်ကြောင်း CB Bank မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

မင်္ဂလာဦးအပ်ငွေအဖြစ် ငွေကျပ် (၁၀)သိန်းစတင်အပ်နှံရမည်ဖြစ်ပြီး ငွေကျပ် (၁၀)သိန်းနှင့်အထက်ကို တစ်နှစ်အပ်နှံပါက ၁၀ ရာခိုင်နှုန်းအတိုးပေး မည့်အပြင် ကြင်စဦးဇနီးမောင်နှံများ အတွက် ထိုက်တန်သော လက်ဖွဲ့ပစ္စည်း များကို ထပ်ဆောင်း၍ လက်ဖွဲ့ပေးမည် ဖြစ်ကြောင်း၊ အပ်ငွေများကို ငွေကျပ် (၁၀)သိန်းမှ စ၍ ပမာဏအကန့်အ သတ်မရှိအပ်နှံနိုင်ပြီး ဇနီးမောင်နှံများ၏ အမည်ဖြင့် မင်္ဂလာဦးအပ်ငွေလက်မှတ် ထုတ်ပေးမည်ဖြစ်ကြောင်းသိရသည်။

အပ်ငွေလက်မှတ်ကို လွှဲပြောင်း အသုံးပြု၍ မရကြောင်း ငွေပြန်လည် ထုတ်ယူလျှင် လက်မှတ်နောက်ကျော ဘက်တွင် ဘဏ်သို့ တင်ပြရမည် ဖြစ် သည်။ လက်မှတ်ပျောက်ဆုံးပျက်စီး ပါက ဘဏ်သို့စာဖြင့် အကြောင်း ကြား၍ ၀န်ခံစာချုပ်ချုပ်ဆိုကာ မိတ္တူထုတ် ယူနိုင်သော်လည်း ယင်းအတွက် ဘဏ် မှ ၀န်ဆောင်ခအနေဖြင့် ကျပ် (၁၀၀၀)ကောက်ခံမည်ဖြစ်ကြောင်းထပ်မံသိရ သည်။

ဘဏ်စာရင်းဖွင့်ရာတွင် ဇနီးမောင်နှံနှစ်ဦးစလုံး (သို့မဟုတ်) တစ်ဦးဦး ဘဏ်သို့ လာရောက်ရမည်ဖြစ်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် ထိမ်းမြားမင်္ဂလာပြုခြင်း အထောက်အထားတစ်ခုခု ယူဆောင်လာရမည် ဖြစ်ကြောင်း၊ ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်များ ပြောင်းလဲမှုရှိလာပါက ဘဏ်သို့ အကြောင်းကြားရမည် ဖြစ်သည်။ အပ်ငွေများကို ထိမ်းမြားမင်္ဂလာ ပြုပြီး (၆) လ အတွင်း အပ်နှံရမည်ဖြစ်ပြီး အနည်းဆုံး (၁)နှစ်ကာလ အပ်နှံရမည်ဖြစ်ကြောင်း CB Bank မှ သိရသည်။

By The Transport News

No comments:

Post a Comment