Showing posts with label ကျန်မားရေး. Show all posts
Showing posts with label ကျန်မားရေး. Show all posts

Tuesday, January 21, 2014

ရန်ကုန်သားများ ကြွက်သား ဝယ်စားမိနေပြီလား


ရန်ကုန်မှာ ထမင်းဆိုင်ထိုင်တဲ့အခါ ကြက်အသည်းအမြစ် မှာစားသူ အများအပြားရှိတာ တွေ့ရမှာပါ။

အသည်းအမြစ်က ကြက်သားဟင်းထက်တောင် ဈေးပိုနေပါလိမ့်မယ်။

အဲသလို ရန်ကုန်ဈေးကွက်မှာလူကြိုက်များတဲ့ အသည်းအမြစ်ကို အင်ထုပြီးရောင်းနေတာတွေရှိတယ်လို့ အသည်းအထူးကု ပါမောက္ခဦးခင်မောင်ဝင်းက ပြောဆိုကြောင်း ဒီတပတ်ထုတ် လျှပ်တစ်ပြက်ဂျာနယ် စာမျက်နှာ ၅ မှာ ရေးထားပါတယ်။

"ကြွက်အကြီးကြီးတွေ အပုံလိုက်ကြီး၊  ရာနဲ့ချီပြီးပုံတယ်၊  ဘယ်လိုဖမ်းထားလဲတော့ မသိဘူး။ အဲဒီထဲက အသည်းတွေကိုထုတ်၊  အသည်းတွေကလည်း အကြီးကြီးတွေ၊  ကြက်အသည်းတွေလောက် ရှိတယ်။ အဲဒါတွေကို မြို့ထဲက စားသောက်ဆိုင်တွေမှာ သွင်းတာ တဲ့။ ဖြစ်ရပ်မှန်ပဲ။ လေးထောင့်ကန်မှာ မနက် (၅)နာရီလောက် သွားရင် ဒိုင်တွေ ရှိတယ်။ ကြွက်အကြီးကြီးတွေ၊  အသည်းတွေလည်း အစုံရှိတယ်။ အဲတော့ ကိုယ်စားတာ ကြက်အသည်းလား ကြွက်အသည်းလား ခွဲခြားကြပါ" လို့ ဦးခင်မောင်ဝင်းက ပြောဆိုကြောင်း ဂျာနယ်မှာ ရေးပါတယ်။

ကြွက်များရဲ့ အသားကို ဘာလုပ်ပစ်တယ်ဆိုတာကိုတော့ ပြောဆိုထားတာ မတွေ့ရပါဘူး။

အဲဒီဖြစ်ရပ်က တကယ်ပဲလား။
အင်း... လေးထောင့်ကန်ရပ်မှာ မနက်စောစော သွားကြည့်ရင် သိမယ် ထင်ပါရဲ့။
အဲ.... လေးထောင့်ကန် ဆိုတာ ရန်ကုန်မှာ ၂ ခု ရှိတယ် တဲ့။
သင်္ဃန်းကျွန်းမှာလည်းရှိ၊  ရွာသာကြီးဘက်မှာလည်း ရှိတယ် ဆိုပဲ။
ရွာသာကြီးဘက်မှာ လယ်ကွင်းတွေလည်း ရှိတယ် တဲ့။

ပါမောက္ခဦးခင်မောင်ဝင်းပြောတယ်ဆိုတဲ့ ကြွက်တွေက လယ်ကွင်းထဲက ကြွက်တွေလား၊  လမ်းကြိုလမ်းကြား အိမ်ကြိုအိမ်ကြားက ကြွက်တွေလား???

ဒါလည်း ကိုယ်တိုင်ကိုယ်ကျ သွားကြည့်မှ အဖြေသိရမှာပါ။

လယ်ကွင်းထဲကကြွက်တွေ ဆိုရင်တော့ ... အင်း .... ဟင်းအဖြစ် ကင်စား ကြော်စားနေကြတာပဲမဟုတ်လား။ အဲဒီကြွက်များရဲ့ အသည်းအမြစ်ကလည်း ဟင်းဖြစ်ဝါးဖြစ် ဖြစ်နိုင်ပါလိမ့်မယ်။

ရန်ကုန်လမ်းကြိုလမ်းကြား အိမ်ကြိုအိမ်ကြားက ကြွက်တွေဆိုရင်တော့ ... သေချာတာက အမှိုက်တွေကြားထဲနေတဲ့ကြွက်များပါပဲ။
သူတို့ရဲ့အသည်းအမြစ်၊  အသား ဆိုတာက စားဖို့ သင့်တော်မယ် မထင်ပါ။

ကြွက်နဲ့ကြက် လိမ်ရောင်းတာမျိုးက ကျင့်ဝတ်၊  ဥပဒေ ချိုးဖောက်ခြင်းပါ။
မြို့ကြွက် ဆိုရင် ကျန်းမာရေးအရ မသင့်တော်တဲ့အတွက် အရေးတကြီး ရှင်းရမယ့် ပြဿနာပါ။

ဒီတော့ ... ရန်ကုန်စားသောက်ဆိုင်ဈေးကွက်ထဲရောက်နေတယ်ဆိုတဲ့ အသည်းအမြစ်ကုန်ကြမ်းက မည်သို့သောကြွက်အမျိုးအစားဆီကလာသလဲ ဆိုတာကို စာဖတ်သူများ သိသင့်ပါတယ်။

ကဲ... သတင်းသမားအပေါင်းတို့၊  အထူးသဖြင့် လေးထောင့်ကန်များအနီး နေထိုင်ကြကုန်သော သတင်းထောက်အပေါင်း၊  CJ အပေါင်းတို့...
ရန်ကုန်မြို့စားသုံးသူများအရေးအတွက် စုံစမ်းထောက်လှမ်းဖော်ထုတ်ဖို့တာဝန်ဟာ သင်တို့၏ပုခုံးထက်သို့ ကျရောက်နေပြီဖြစ်ပါကြောင်း။

    ဧရာဝတီ

Sunday, January 12, 2014

ချစ်တင်းနှောခြင်းက ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုနိုင်သလဲ


ကာမပိုင် ဇနီးမောင်နှံများအတွက် အိမ်ထောင်ရေးသာယာဖို့အတွက် အချစ်ကိစ္စတွေဟာလည်း အရေးပါတဲ့ကဏ္ဍတစ်ခု ဖြစ်ပါတယ်။ ချစ်တင်းနှောခြင်းဟာ ချစ်ကျေနပ်မှု အပြင်စိတ်ဖိစီးမှုလျော့ပါးခြင်း၊ အိပ်ပျော် ခြင်းနဲ့ ကယ်လိုရီလောင်ကျွမ်းခြင်းစတဲ့ ကျန်းမာရေး အကျိုးပြုမှုတွေလဲရှိနေပါတယ်။ ဒီဆောင်းပါးမှာတော့ ကျန်းမာရေးရှုထောင့်အရ ချစ်တင်းနှောခြင်းက ဘယ်လိုအာနိသင်တွေရှိသလဲဆိုတာ တင်ပြသွားပါမယ်။

နှလုံးကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပါတယ်-တစ်ပတ်ကို နှစ်ကြိမ် အထက်ချစ်တင်းနှောခြင်းဟာ အမျိုးသားတွေရဲ့ နှလုံးတိုက်ခိုက်မှုဒဏ်ကို လျော့ပါးစေနိုင်ပါတယ်။
နာကျင်မှုကိုသက်သာစေပါတယ်- ချစ်တင်းနှောချိန်မှာ ငါးဆမြင့်တက်လာတဲ့ oxytocin  ဟော်မုန်းဟာ ကြွက်သားနာကျင်မှု၊ ခေါင်းကိုက်ခြင်းတွေကို လျော့ပါးသက် သာစေတယ်လို့ သိရပါတယ်။

ခုခံအားကို တက်စေပါတယ်- လင်မယားတွေကြားမှာ ပုံမှန်ချစ်တင်းနှောခြင်းဟာ ခုခံအားကိုမြှင်တင်ပေးနိုင်တဲ့ ပဋိဆန့်ကျင် IgA ကိုမြင့်တက်စေ နိုင်ပါတယ်။
အိပ်ပျော်စေနိုင်ပါတယ်- စိတ်ဖိစီးမှုကို လျော့ပါးစေတဲ့ ဟော်မုန်းတွေ ထွက်ရှိပြီးကြွက်သားတွေကိုပြေလျော့စေတဲ့အတွက် ချစ်တင်းနှောအပြီးမှာ ကောင်းမွန်စွာ အိပ်ပျော်စေနိုင်ပါတယ်။

ကျန်းမာစေနိုင်ပါတယ်- ချစ်တင်းနှောနေချိန်မှာ ထွက်တဲ့ ဟော်မုန်း dehydorepiandrosterone ဟာ ခုခံအားစနစ်ကို မြှင့်တင်ပေးပြီး ကိုယ်ခန္ဓာတစ်ရှုးတွေကို ပျက်စီးယိုယွင်းခြင်းကို ထိန်းသိမ်းပေးပါတယ်။ နှလုံးခုန်မြန်စေပြီး အခြားအင်္ဂါအစိတ်အပိုင်းတွေ၊ ဆဲလ်တွေကို သွေးပို့လွှတ်နိုင်မှု မြင့်တက်စေပါတယ်။

နုပျိုစေပါတယ် – တစ်ပတ်မှာ သုံးကြိမ်ခန့် ချစ်တင်းနှောခြင်းဟာ နုပျိုစေတယ်ဆိုတာ ယုံပါသလား။ ချစ်တင်းနှော ချိန်မှာထွက်တဲ့ ရောင်ရမ်းမှုကိုဆန့်ကျင်တဲ့ မော်လီကျူးတွေဖြစ်တဲ့ oxytocin နဲ့ endorphins  ဟာ အရေပြားယိုယွင်းမှုကို ပြုပြင်နိုင်ခြင်း၊ အရေးအကြောင်းတွေကို လျော့ပါးစေခြင်းစတဲ့အာနိသင်တွေ ရှိနေပါတယ်။ ဒါ့အပြင် သွေးလှည့်ပတ်မှု ပိုမိုကောင်းမွန်ခြင်းကလည်း အရေပြားကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်ပါတယ်။

သန့်စင်
Health Updates Journal

သင်မကြားဖူးသည့် အကြောက်ရောဂါများ


(၁) ပုလွေကြောက်ရောဂါ (Aulophobia)
ပုလွေသံကြောက်ခြင်း၊ ပုလွေ မြင်ရသည်နှင့် ကြောက်ခြင်းသည် လူသိနည်းသော်လည်း အဖြစ်များ
သည့် ရောဂါတစ်ခုဖြစ်သည်။

(၂) မြေပဲထောပတ်ကြောက်ရောဂါ (Arachibutyrophobia)  
မြေပဲထောပတ်စားသည့်အခါ ထောပတ်များ အာခေါင်တွင်ကပ်ကျန်ရစ်ခဲ့မည်ကို ကြောက်သော ရောဂါဖြစ်သည်။

(၃) အရယ်ကြောက်ရောဂါ (Geliophobia)
ရယ်သံကိုလည်းကောင်း၊ ရယ် ခြင်းကိုလည်းကောင်း ကြောက်သည့် ရောဂါဖြစ်သည်။

(၄)ဒူးကြောက်ရောဂါ (Genuphobia)
ဒူးကြောက်ရောဂါရှိသူများ သည် ဒူးဖုံးသည့် အ၀တ်အစားများ သာ ၀တ်ဆင်ရလေ့ရှိပြီး အခြားသူ များ၏ ဒူးခေါင်းကိုလည်းကြောက် တတ်ကြသည်။

(၅)စကားလုံးရှည်ကြောက်ရောဂါ (Hippopoto monstrosesquip pedaliophobia)
ရောဂါအမည် ရှည်လျားစွာ ရှိသော အဆိုပါရောဂါရှိသူများည် စကားလုံးအရှည်များကို ကြောက် တတ်ကြသည်။

(၆)ကြိုးကြောက်ရောဂါ     (Linophobia)   
ကြိုးကြောက်ရောဂါရှိသူများ သည် အပ်ချည်ကြိုး၊ မီးကြိုး၊ ကြိုး ခွေကအစ ကြောက်တတ်ကြသည်။

(၇) ကဗျာကြောက်ရောဂါ (Metrophobia) 
ကဗျာ၊ လင်္ကာများကို ကြောက် သည့်ရောဂါဖြစ်သည်။

(၈) အ၀ါကြောက်ရောဂါ (Xantho phobia)
ဤရောဂါရှိသူများသည် အ၀ါ ရောင်တစ်မျိုးတည်းကို ကြောက် တတ်ကြသည်။

(၉) ကြောက်ရမည်ကိုကြောက်သော ရောဂါ (Phobophobia)
အနေရကျပ်လှသည့် ဤရောဂါ သည် ကြောက်ရမည်ကိုပင် ပြန်ကြောက်နေတတ်သည်။

သီဟ
Health Updates Journal

ကိုယ်ဝန်ဆောင်မိခင်နှင့်ကော်ဖီ



ကိုယ်ဝန်ဆောင်မိခင်များ၏ရင်သွေးငယ်များအတွက် ကော်ဖီအလွန်သောက်သုံးသော ကိုယ်ဝန်ဆောင် မိခင်များအနေနှင့် နှလုံးခုန်နှုန်းနှင့် အစာချေဖျက်မှုကို တိုးစေပြီး အိပ်မပျော်ဖြစ်တတ်သည်။ အလားတူ မိမိလွယ်ထားရသည့် ကလေးတွင်လည်း ခံစားရစေနိုင်သည်။ မိခင်ကော်ဖီ အလွန်သောက်ခြင်းသည် လွယ်ထားရသော ကလေးအတွက် ဆိုးကျိုးဖြစ်စေသည်။ တစ်နေ့လျှင် (500mg) သောက်သော မိခင်များတွင် နှလုံးခုန်မြန်ခြင်း၊ အသက်ရှူ မြန်ခြင်း၊ အိပ်မပျော်ခြင်းတို့ကို ဖြစ်စေသည်။ သို့သော် လက်ဖက်ရည် သို့မဟုတ်ကော်ဖီ တစ်ခွက် နှစ်ခွက် သောက်ရုံဖြင့် ပြဿနာရှိနိုင်ပါ။
ခန္ဓာကိုယ်အတွက်
အလွန်အမင်းသောက်ခြင်းဖြင့် အစာအိမ်ထဲတွင် အက်ဆစ်များပို၍ဖြစ်ပေါ်ပြီး အစာအိမ်နှင့် ၀မ်းသွားခြင်းပြဿနာတို့ ဖြစ်စေသည်။ ထိုမျှမက ကော်ဖီအလွန်သောက်ခြင်းက ခေါင်းကိုက်စေသည်။ကော်ဖီ သို့မဟုတ် လက်ဖက်ရည်ကို အစာနှင့် တွဲသောက်ပါက အစာထဲမှ သံဓာတ်များကို ကဖိန်းက စုပ်ယူသွားနိုင်သဖြင့် တွဲဖက်မသောက်သင့်ပါ။
ကော်ဖီဖြတ်လိုပါက
တစ်နေ့တစ်ခွက်သည် ကြီးမားသောပြဿနာမရှိစေနိုင်သော်လည်း လုံးဝဖြတ်တောက်လိုသူများအနေနှင့် တဖြည်းဖြည်းဖြတ်တောက်သည်က ပို၍ သင့်လျော်ပါသည်။ အလွန်အမင်းသောက်နေရာမှာ ယတိ ပြတ်ဖြတ်တောက်မည်ဆိုလျှင် ပထမ (၁)(၂)ရက်တွင် ခေါင်းကိုက်ခြင်း၊ မောပန်းခြင်း၊ အားနည်းခြင်း၊ မူးဝေ ခြင်း၊အာရုံစူး စိုက်ရခက်ခြင်းတို့ကို ဖြစ်စေနိုင်သည်။

ဒေါန
Health Updates Journal

အသက် ၆၀ မှ အသက် ၂၀ သို့ ပြန်လည်နုပျိုလာတော့မည်လော


အမေရိကန်နိုင်ငံမှ လေ့လာမှုတစ်ခုက အသက်အရွယ်ကြီးရင့်လာမှုဖြစ်စဉ်အား  ပြောင်းပြန်ပြန်ကာ နုပျိုသွားစေမည့်ဓာတုပစ္စည်း တစ်မျိုးအား ကြွက်များတွင် အောင်မြင်စွာစမ်းသပ်ပြနိုင်ခဲ့သည်။ လူများ၏ခန္ဓာကိုယ်ထဲတွင် NAD  ဟုခေါ် သည့်ဓာတုပစ္စည်းမှာ မွေးစဉ်ထဲကပါလာပြီး အရွယ်ကြီးလာလေ ယင်း ဓာတုပစ္စည်းပမာဏ ကျလာလေဖြစ်ကာ စွမ်းအင်ထုတ်လုပ်မှုကို လျော့ကျစေပြီး အသက်အရွယ်ကြီးရင့်မှုအား ဖြစ်ပေါ်စေသည်။ လေ့လာမှုတွင် အသက် ၂ နှစ် အရွယ်ရှိ ကြွက်အား ဓာတုပစ္စည်းတစ်မျိုးကို ထိုးသွင်းပေးခဲ့ရာ ကြွက်၏ခန္ဓာကိုယ်မှ ယင်းဓာတုပစ္စည်းများအား NAD  အဖြစ်သို့ ပြောင်းပေးပြီး ရလဒ်အားဖြင့်  ယင်းကြွက်၏ ကြွက်သားများမှာ အသက် ၂ နှစ် အရွယ်မှ အသက် ၆ လအရွယ်ကြွက်သားများကဲ့သို့ ဆေးသွင်းပြီး ၁ပတ်ကြာလာသောအခါ  ပြန်လည်နုပျိုလာကြောင်း တွေ့ခဲ့ရသည်။ လူသားများတွင် စမ်းသပ်ရန်မူ ၂၀၁၅တွင် စမ်းသပ်ရန်စီစဉ်ထားပြီး အကယ်၍ ယင်းကုသမှုအောင်မြင်ခဲ့ပါက အသက် ၆၀အရွယ်ရှိသူ တစ်ဦး၏ ကြွက်သားများအား အသက် ၂၀ အရွယ်ကြွက်သားများကဲ့သို့ ပြန်လည်သန်စွမ်းလာစေမည်ဟု အမေရိကန်မှ သိပံ္ပပညာရှင်များက ဖော်ပြခဲ့ကြသည်။

Health Updates Journal

Saturday, December 28, 2013

*** တခါသုံး ခွက်ဖြူဖြူတွေကို သတိထား ***



အမေရိကန်နိုင်ငံရှိ Technopark ကုမ္ပဏီမှ၊ IT နည်းပညာရှင်တစ်ဦးဖြစ်သူ Mr. Varun ရဲ့ ရောဂါက ထူးဆန်းနေပါတယ်။

သူဟာတနေ့ လုံးနေကောင်းပြီး၊ ညရောက်ပြီဆိုတာနဲ့  ဗိုက်ထဲကရစ်ရစ်နာ တဲ့ဝေဒ နာကို ခံစားရလေ့ရှိပါတယ်။ ဒီလို ဝေဒနာစွဲနေ တာ နှစ်နဲ့ ချီနေပါပြီတဲ့။ ဆရာ ၀န်တွေနဲ့ စမ်းသပ်ပြီး သာမန်ဆေးစစ်ချက်လေးတွေ လုပ်ခဲ့ပေမယ့် ရောဂါ ရှာမရ ခဲ့ပါဘူး။ နောက် ဆုံးမှာတော့ deeper probes(ခေါ်)ရောဂါရှာဖွေတဲ့ ထိပ်တုံးခွဲ စိတ်ကိရိယာတစ်မျိုး နဲ့ သူ့ ရဲ့ အစာအိမ်ထဲကို စစ်ဆေးကြည့် လိုက်တဲ့ အခါ ပြဿ နာ ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

“အံ့သြစရာဘဲဗျာ..သူ့ ရဲ့  အစာအိမ်ထဲမှာ ဖယောင်းဖြူအနှစ်တွေ အနည် ထိုင်နေ တာအများကြီးဗျ… ဒါ ဖယောင်းတိုင်လုပ်တဲ့ ဖယောင်းဖြူ အမျိုးအစားတွေပေါ့ ” လို့  Mr. Varun ရဲ့ ခွဲစိပ် ဆရာဝန်က ပြောပါတယ်။

ရောဂါရဲ့ ဇာစ်မြစ်ကို အဖြေရှာကြည့်ရာ၊ Mr. Varun ဟာ လ္ဘက်ရည်ကြိုက်သူ တစ် ဦးဖြစ် တာမို့ ၊ နေ့ ဘက် ရုံးခန်းမှာ လ္ဘက်ရည် သောက်လေ့ရှိပြီး၊ သောက်တဲ့အခါတိုင်း တစ်ခါသုံးစက္ကူခွက်နဲ့ သာ သောက်ဖြစ်ပါတယ်တဲ့။ စက္ကူတွေရဲ့  သဘောသဘာဝ အရ၊ ရေစက်ကလေးထိရင်တောင် စက္ကူသားပျော့ပြီး ယိုစိမ့်ပေါက်သွားတတ်တာမို့ ၊ အရည်တွေထဲ့သောက်လို့ ရအောင် စက္ကူခွက် ပေါ်မှာ ဖယောင်းလောင်းပေးရပါတယ်။

အကယ်၍ ခုလို ဖယောင်းလောင်းထားတဲ့ စက္ကူခွက်ထဲကို လ္ဘက်ရည် (သို့ မ ဟုတ်) ကော်ဖီ ပူပူတွေထဲ့သောက်လိုက်တဲ့အခါမှာ၊ ခွက်ပေါ်မှာ လောင်းထားတဲ့ ဖယောင်းတစိပ်တဒေသတွေဟာ အရည်ပူပူတွေနဲ့ အတူ ဗိုက်ထဲရောက်သွား ပါတော့တယ်။ ထိုခွက်တွေနဲ့  အရည်ပူပူတွေကို ရံဖန်ရံခါမှ သောက်ခဲ့ ရင် ပြဿ နာ မရှိသော်လဲ၊ နေ့ စဉ်သောက်သုံးခဲ့ရင်တော့ အစာအိမ် ကို ဒုက္ခပေးပါလိမ့်မယ်။

လ္ဘက်ရည်၊ ကော်ဖီ၊ ရေနွေး ပူပူတွေသောက်တဲ့အခါ-
(၁) တခါသုံး ခွက်ဖြူဖြူတွေကို (လုံးဝ) မသုံးပါနဲ့ ။ (စက္ကူပေါ်မှာ ဖယောင်းလောင်း ထားတာကြောင့် Mr. Varun လို ဝေဒနာမျိုးရ ရှိ စေနိုင်ပါတယ်)

(၂) ဖန်ခွက်ကိုလဲ မသုံးသင့်ပါဘူး. (ဖန်ခွက်ဖြစ်စေဖို့ အတွက် ထိုဖန်ကိုချက်ထားတဲ့ ဓာတုပစ္စည်းတွေက ရေနွေးပူပူတွေ နဲ့  တွေတဲ့အခါ ဓာတ်ဖောက်ပြန်ပြီး၊ အစာ အိမ်နဲ့ သွေးကြောတွေကို ထိခိုက်စေနိုင်ပါတယ်)

(၃) ကြွေထည်ပစ္စည်းနဲ့ လုပ်ထားတဲ့ ကြွေခွက်တွေကသာ အကောင်းဆုံးဖြစ်ပါတယ်။ စတီးလ်ခွက်တွေလဲ သုံးနိုင်ပါတယ်။
>>>>>>>>>>>>**********<<<<<<<<<<<<<<
တခါသုံး စက္ကူခွက်ဖြူဖြူတွေက သယ်ရတာ ပေါ့ပါးလွယ်ကူ တဲ့အပြင်၊ ဈေးနှုန်းသက်သာ တာကြောင့် သောက်သုံးပြီးတဲ့အခါ အထူးတလည်ပြန်လည်ဆေးကြောနေစရာမလိုဘဲ စွန့်ပစ်နိုင်လို့  အိမ်ရှင်မများအကြိုက်တွေ့ ရုံမက၊ ကုမ္ပဏီ/ရုံးခန်း/စား သောက် ဆိုင်တော်တော်များများမှာ အသုံးတည့်လို့ နေပါတယ်။
သို့ သော် Mr. Varun လို အ လားတူရော ဂါပြဿ နာမျိုး မဖြစ်ရ လေအောင် အချိန်မှီ သတိပြုဆင်ခြင် နိုင်ကြ ပါစေကြောင်း ကျမ္မာသုတအဖြစ် မျှဝေလိုက်ရပါတယ်။

Friday, December 13, 2013

ကျန်းမာရေးအတွက်ဒီလောက်ကောင်းတဲ့ ကြံရည်တစ်ခွက်


၁- ကျောက်ကပ်ကျန်းမာရေးနှင့်တကွ ကျောက်ကပ်နှင့်ဆိုင်တဲ့
ရောဂါများကိုကာကွယ်နိုင်ပြီး ကျောက်ကပ်ကျောက်တည်ခြင်းမှလဲကာကွယ်ပေးခြင်း

၂- လည်းချောင်းနှင့်ဆိုင်သောရောဂါနှင့်တုပ်ကွေးဖြစ်ခြင်းမှလည်း သက်သာစေခြင်း

၃- ကင်ဆာရောဂါကာကွယ်မှုနှင့်
အထူးသဖြင့် ရင်သားကင်ဆာသမားများအတွက် ကောင်းမွန်ခြင်း

၎- ကိုယ်တွင်းအပုပ်အညစ်များကိုကျစေခြင်း

၅- ဖျားနာနေမကောင်းဖြစ်ပြီးလျှင် ကြံရည်သောက်သင့်တဲ့အဓိကအချက်ကတော့
နေမကောင်းဖြစ်ချိန်တွင်ပျောက်ဆုံးသွားသော
ပရိုတိန်းဓါတ်နှင့် သကြားဓါတ်များကိုပြန်လည်ဖြည့်တင်းပေးခြင်း

၆- အသားအရည်တွင်မရှိမဖြစ်လိုအပ်တဲ့ ရေဓါတ်ကိုဖြည့်တင်းပေးပြီး
ဝက်ခြံများထွက်ခြင်းမှသက်သာစေခြင်းနှင့် ကြံရည်ကို သင့်မျက်နှာပေါ်မှာ
လိမ်းပြီး မိနစ်ပိုင်းထားပေးခြင်းကို ပုံမှန်လုပ်ပေးခြင်းဖြင့် အိုမင်းရင့်ရော်ခြင်းမှ
ကင်းဝေးစေခြင်း

၇- ကယ်လ်စီယမ်၊ကိုဗော့၊ကြေး၊မဂ္ဂနီဆီယမ်၊ဖော့စဖောရပ်၊
ပိုတက်ဆီယမ်နှင့်သံဓါတ်တို့ ပါဝင်ပါတယ်။

၈- ဗီတာမင်များအနေဖြင့်လည်း ဗီတာမင် B1,B2,B3,B5 တို့ ပါဝင်ပြီး
အမျှင်ဓါတ်နှင့်ပရိုတိန်းတို့ လည်းပါဝင်ပါတယ်။

၉- သင့်လက်သည်းမှာ အဖြူအစက်ကလေးတွေရှိရင်
သင့်အစားအစာထဲမှာသကြားဓါတ်အလွန်နည်းနေတာကြောင့် သကြားပြည့်ဝစွာပါဝင်တဲ့
ကြံရည်ကိုသောက်ပေးခြင်းဖြင့် သင့်လက်သည်းခြေသည်းတွေကို
ပိုမိုတောက်ပြောင်လာစေမှာပါ။

၁၀- ကြံရည်ဟာ သင့်သွားအလှနှင့်ကျန်းမာရေးကိုပါထိန်းသိမ်းပေးပြီး
သင့်သွားတွေတောင်ပြောင်စေဖို့ နဲ့ ပိုးစားခြင်းမှကာကွယ်ပေးခြင်းတို့ ကို
လုပ်ဆောင်ပေးပါတယ်။

၁၁- အသားဝါရောဂါဖြစ်ခြင်းမှလည်းကာကွယ်ပေးတာကြောင့်
ယခုပဲလတ်ဆတ်တဲ့ကြံရည်တစ်ခွက်အမြန်သောက်လိုက်ပါ။

ZK(ကနောင်)April Maung Maung

နှစ် ၄ဝ အရွယ် သန္ဓေသားအား ၈၂ နှစ်အရွယ် မိခင်ကြီး၏ ဝမ်းထဲတွင် တွေ့ရှိ



ကိုလံဘီယာနိုင်ငံ၊ ဘိုဂိုတာမြို့နေ အသက် ၈၂ နှစ်အရွယ်ရှိ အမျိုးသမီးကြီး တစ်ဦး၏ ဝမ်းဗိုက်ထဲတွင် အ သက် ၄ဝ အရွယ် သန္ဓေသားအား ထူးထူးဆန်းဆန်း ရှာဖွေတွေ့ရှိခဲ့ကြောင်း huffingtonpost ၏ သတင်း တစ်ရပ် အရ သိရှိရပါတယ်။ ၄ဝ နှစ်အရွယ် သန္ဓေသားဆိုလို့ အထုအထည်နဲ့ သန္ဓေသားကြီးများ ဖြစ်လေရော သလားလို့ အတွေးမရှိပါနဲ့ဦး၊ သန္ဓေမအောင်တဲ့ ၄ဝ နှစ်အရွယ် ကျောက်ရုပ်ကြွင်းသန္ဓေသား သာဖြစ် ပါတယ်။

ဖြစ်ပုံက ဒီလိုပါ။ အဆိုပါ အမျိုးသမီးကြီးသည် ဝမ်းဗိုက်နာကျင်မှုဝေဒနာ ခံစားနေရသဖြင့် ဆေးရုံတွင် တက်ရောက်၍ ဆေးကုသမှုခံယူရာ ဆရာဝန်များက အူရောင်ငန်းဖျား ဝေဒနာ ခံစားနေရသည်ဟု ကနဦး ထင်မြင်ယူဆခဲ့ကြပါတယ်။ X-rays ရိုက်ယူအပြီး နောက်ပိုင်းတွင်မူ ယင်းတို့၏ ထင်မြင်ယူဆချက်များ တက်တက်စင်အောင် လွဲသွားခဲ့ရပါတယ်။ အကြောင်းကတော့ သူခံစားနေရသော ဝေဒနာသည် အူရောင်ငန်းဖျားရောဂါကြောင့် မဟုတ်ဘဲ၊ သူ၏ဝမ်းဗိုက်ထဲရှိ ကျောက်ရုပ်ကြွင်းအဖြစ် ကျန်ရှိနေခဲ့သော သန္ဓေသား ကြောင့်ဖြစ်တဲ့ ဝေဒနာကြောင့် ဖြစ်ပါတယ်။

အနှစ် ၄ဝ ကျော်အထိ ကိုယ့်ဗိုက်တွင်းက ကျောက်ရုပ်ကြွင်းသန္ဓေသား အကြောင်း မသိရကောင်းလားရယ်လို့ အပြစ်တင် မစောပါနဲ့ဦး။ အချို့အချို့သော အမျိုးသမီးများမှာ ကိုယ်ဝန်ဆောင်စဉ် မအီမသာဖြစ်မှုများ (Morning Sickness) ဖြစ်ပေါ်ပြီး မကြာမီ ယင်းလက္ခဏာများ ပျောက်ကွယ်သွား တတ်ပါတယ်။ ဒါကို ကိုယ်ဝန် အဖတ်မတင်ဘူး အထင်နဲ့ အချို့ အမျိုးသမီးများ ကဲ့သို့ မေ့မေ့ပျောက်ပျောက်ထားလေ့ ရှိခဲ့၍ပဲလား။ ငွေရေးကြေးရေး အကြပ်အတည်းကြောင့် ငွေကုန်ကြေးကျ များမည်စိုး၍ မဖယ်ရှားခဲ့ခြင်းပဲလား။ ဤအချက်နှစ်ခုထဲက တစ်ခုခုတော့ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ကျောက်ရုပ်ကြွင်း သန္ဓေသား ဆိုတာ ဘာလဲ

သာမန်အားဖြင့် ကိုယ်ဝန်ဆောင်ခြင်း အမှုကိစ္စတွင် မိခင်၏ သားအိမ်တွင်း ကိုယ်ဝန်ဆောင်ခြင်းနှင့် သားအိမ်ပြင်ပ ကိုယ်ဝန်ဆောင်ခြင်းဟူ၍ နှစ်မျိုးရှိပါတယ်။ ကိုယ်ဝန်သည် မိခင်လောင်း ကိုယ်ဝန်ဆောင်နေစဉ် သန္ဓေသားလောင်း မိခင်၏ သားအိမ်တွင်းသို့ ချောချောမွေ့မွေ့ ရာက်ရှိသွားသည့်အခါ သားအိမ်တွင်း ကိုယ်ဝန်ဆောင်ခြင်းဖြစ်ပြီး၊ သားအိမ်အတွင်းသို့ မရောက်ဘဲ ဝမ်းဗိုက်ထဲတွင် ကျန်ရစ်နေသောအခါ သားအိမ်ပြင်ပ ကိုယ်ဝန်ဆောင်ခြင်း ဖြစ်ပါတယ်။

သားအိမ်ပြင်ပသို့ ရောက်ရှိသွားသည့် သန္ဓေသားလောင်းမှာ အများအားဖြင့် သေဆုံးကြလေ့ရှိပြီး၊ ယင်းသည် မိခင်၏ကိုယ်တွင်းရှိ သန္ဓေသားအား ကာကွယ်ပေးသည့် အရည်ကြည် (Amniotic Fluid) နှင့် ဓာတ်ပြုမှုကြောင့် ပျက်ပြယ်သွားလေ့ရှိပါတယ်။ သန္ဓေသားလောင်း အများစုမှာ ဤသို့ သေဆုံး ပျက်ပြယ်သော်လည်း၊ လအနည်းငယ် အထိ အသက်ရှင်သည် သန္ဓေသားလောင်းလည်း ရှိပါတယ်။ ဒါပေမယ့် အလွန်တရာ ရှားပါးပါတယ်။

ယခုကဲ့သို့ အလွန်တရာ ရှားပါးသော လအနည်းငယ်သာ အသက်ရှင်သည့် သန္ဓေသားသည် အခြား သားအိမ်ပြင်ပရှိ သန္ဓေသားလောင်းများ ကဲ့သို့ နောက်ဆုံးတွင် သေဆုံးကြရပါတယ်။ ဒါပေမယ့် လအနည်းငယ် အသက်ရှင်ခဲ့တဲ့ သန္ဓေသား၏ ရုပ်လုံးအကောင်အထည်မှာ ဖွံ့ဖြိုးနေတာကြောင့် မိခင်လောင်း၏ ဝမ်းဗိုက်အတွင်းရှိ Amniotic Fluid သည် ယင်းနှင့် ဓာတ်ပြုနိုင်ခြင်းမရှိဘဲ၊ ကယ်လစီယမ်နှင့်သာ ဓာတ်ပြု၍ ‘ထုံး’ ကျောက်ရုပ်ကြွင်းအဖြစ် ဝမ်းဗိုက်တွင်း ကျန်ရစ်နေခဲ့ရပါတယ်။ ဤ ဖြစ်စဉ်မျိုးကို ဆေးပညာအရ ‘Lithopedion (သို့) Stone Baby’ ဟု ခေါ်ကြောင်း သိရပါတယ်။

ဤကဲ့သို့သော သားအိမ်ပြင်ပ ကိုယ်ဝန်ဆောင်ခြင်း ဖြစ်စဉ်တွင် ကိုယ်ဝန်သည် မိခင်လောင်း အယောက်ပေါင်း ၁၁ဝဝဝ ထဲတွင်မှ တစ်ဦးတလေ ဖြစ်တတ်ပြီး၊ သားအိမ်ပြင်ပတွင် သေဆုံးသည့် သန္ဓေလောင်း၏ ကျောက်ရုပ်ကြွင်းသန္ဓေသား အဖြစ် (Lithopedion (သို့) Stone Baby) ပြောင်းလဲမှုဖြစ်စဉ်သည် ရာခိုင်နှုန်းအားဖြင့် ၁.၅ နှင့် ၁.၈ သာ ရှိကြောင်း သိရပါတယ်။

(မှတ်ချက် – ဤဆောင်းပါးပါ ဆေးပညာဆိုင်ရာ ဝေါဟာရများကို မှားယွင်းသုံးနှုန်းမိပါက စာရေးသူ၏ လိုအပ် ချက် သာဖြစ်ပါကြောင်း။ ဆေးပညာ ဆိုင်ရာ ဝေါဟာရများကို ကျွမ်းကျင်ပိုင်နိုင်သည့် ပညာရှင်များကိုလည်း အမှားပြင်ဆင်ပေးပါရန် ဖိတ်ခေါ်ပါတယ်။)


By မောင်သြ
Myanmar Consumer Guide

Thursday, December 12, 2013

သင့်ကား သို့မဟုတ် လက်ကိုင်အိတ်ထဲတွင် ရှိသင့်သော ဆေးပစ္စည်း ရှစ်မျိုး


နေ့စဉ် သွားလာလှုပ်ရှားရင်း မတော်တဆ ထိခိုက်ဒဏ်ရာ ရရှိတတ်ပါတယ်။ အဲဒီအခါမှာ ရှေးဦးသူနာပြုစုတဲ့ အနေနဲ့ အမြန်ဆုံး ကုသမှုပေးနိုင်ဖို့ သင့်ကားထဲ ဒါမှမဟုတ် လက်ကိုင်အိတ်ထဲမှာ မရှိမဖြစ် ဆောင်သင့်တဲ့ အသုံးအဆောင် ပစ္စည်းတွေကို ရေးသားလိုက်ရပါတယ်။

(၁) ဇာဂနာ

ဇာဂနာဟာ ရှေးဦးသူနာပြုစုရာမှာ အရေးပါတဲ့ အသုံးအဆောင် တစ်မျိုးပါ။ အထူးသဖြင့် သင်ဟာ ပြင်ပလှုပ်ရှားမှုတွေ လုပ်ဆောင်နေရင် ဒါမှမဟုတ် တောင်တက်သူဖြစ်ရင် ဇာဂနာကို ဆောင်ထား သင့်ပါတယ်။ ပဲ့ထွက်နေတဲ့ အစတစ်ခုခု ငြိရင် ဒါမှမဟုတ် မွှားကောင် ကပ်ငြိနေရင် ဖယ်ရှားဖို့ အန္တရာယ် အကင်းဆုံးနည်းက သန့်ရှင်းတဲ့ ဇာဂနာ တစ်ချောင်းနဲ့ ဖယ်ထုတ်ဖို့ ဖြစ်ပါတယ်။ ဇာဂနာကို မသုံးခင်နဲ့ သုံးပြီးချိန်မှာ ကောင်းကောင်း ပိုးသတ်ဖို့ လိုပါတယ်။

(၂) ဟိုက်ဒရိုကော်တီဇုန်းခရင်မ်

ပိုးမွှား အကိုက်ခံရပြီး ယားယံနေတဲ့ အနာတွေအတွက် တစ်ရာခိုင်နှုန်း ဟိုက်ဒရိုကော်တီဇုန်းခရင်မ် (1% hydrocortisone cream) ကို ဆောင်ထားသင့်ပါတယ်။ ဒီလိမ်းဆေးဟာ ယားယံတာနဲ့ ရောင်ရမ်းတာကို အမြန် သက်သာစေပါတယ်။

(၃) လက်ဆေးဆပ်ပြာရည်နှင့် လက်အိတ်

သင် ဒါမှမဟုတ် သင့်မိတ်ဆွေ တစ်ဦးဦးက သွားရင်း၊ လာရင်း ထိခိုက်ဒဏ်ရာ ရသွားရင် ညစ်ပတ်နေတဲ့ လက်ကြီးနဲ့အနာကို မကိုင်သင့်ပါဘူး။ အယ်လ်ကိုဟော အခြေခံ လက်ဆေး ဆပ်ပြာရည်က ရေနဲ့ ဆပ်ပြာအဆင်သင့် မရနိုင်တဲ့ နေရာမျိုးမှာ အလွယ်တကူ လက်ဆေးလို့ရပါတယ်။ လက်ကို ရေမလိုတဲ့ လက်ဆေးဆပ်ပြာရည်နဲ့ ဆေးကာ လက်အိတ်ဝတ်ပြီးမှ အနာကို ကိုင်တွယ်ပါ။

(၄) အကိုက်အခဲပျောက်ဆေး

ကိုက်ခဲနာကျင်မှုတွေ ခံစားရတဲ့ အချိန်မှာ အဆင်သင့် သောက်သုံးနိုင်ဖို့ မိမိဘာသာ ဝယ်လို့ရတဲ့ အကိုက်အခဲ ပျောက်ဆေးတွေကို ဆောင်ထားသင့်ပါတယ်။ ပါရာစီတမော၊ အိုင်ဗျူပရိုဖန် စတာတွေကို ဆောင်ထားသင့်ပါတယ်။ အက်စ်ပရင်ဆိုရင် အသက် ၁၈ နှစ်အောက် အရွယ်တွေကို မိမိသဘောနဲ့ မပေးသင့်ပါဘူး။

(၅) ပတ်တီးနှင့် တိပ်

ပြတ်ရှရာနဲ့ ခြစ်ရာတွေအတွက် သွေးထွက်တာ တိတ်သွားစေဖို့ ဖိအားပေးနိုင်အောင် ပတ်တီးစ လိုအပ်ပါတယ်။ အနာကို လုံခြုံအောင် ဖုံးထားနိုင်ဖို့ ပတ်တီးသဖွယ် ကပ်နေအောင် တိပ်နဲ့ ကပ်ပေးရပါမယ်။

(၆) အနာသန့်စင်ဆေးရည်

ပတ်တီးမစည်းခင် အနာ ဒါမှမဟုတ် ပြတ်ရှရာကို သန့်စင်ပေးသင့်ပါတယ်။ သန့်ရှင်းတဲ့ရေ မရနိုင်တဲ့ နေရာတွေမှာ ပိုးသေစေတဲ့ အရည် ဒါမှမဟုတ် စပရေးဖျန်းဆေးတွေနဲ့ ထိခိုက်ဒဏ်ရာတွေကို သန့်ရှင်း စင်ကြယ်သင့်ပါတယ်။ မျက်ဝန်းတစ်ဝိုက် ဒဏ်ရာရရင်တော့ ရေနဲ့ စင်ကြယ်အောင် အရင်ဆေးကြောပေးဖို့ လိုပါတယ်။ ပြီးမှ ပတ်တီးစည်းပေးပါ။

(၇) ပဋိဇီဝ ပိုးသတ်ဆေးခရင်မ်

ပဋိဇီဝ ပိုးသတ်ဆေးခရင်မ် ဒါမှမဟုတ် လိမ်းဆေးတွေကို နည်းအမျိုးမျိုးအတွက် အသုံးပြုနိုင်ပါတယ်။ အနာအသေးအမွှားတွေကို ပိုးဝင်ကူးစက်မှု မရှိအောင် ကာကွယ်ပေးနိုင်ပြီး အနာအကျက် မြန်စေပါတယ်။

(၈) ဓာတ်မတည့်မှု ပျောက်ဆေး

ဟစ်စတာမင်း တားဆေးတွေနဲ့ ဓာတ်မတည့်မှုတွေကို သက်သာအောင် လုပ်ဆောင်နိုင်ပါတယ်။ ဓာတ်မတည့်မှု ပြင်းပြင်းထန်ထန် ဖြစ်တတ်သူတွေ အနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဓာတ်မတည့်မှု ပျောက်ဆေးတွေကို ဆောင်ထားသင့်ပါတယ်။

Tip!

သင့်အနေနဲ့ ကားထဲ ဒါမှမဟုတ် လက်ကိုင်အိတ်ထဲ ရှေးဦးသူနာပြုစုနိုင်မယ့် ဆေးဝါး အသုံးအဆောင်တွေကို ထည့်သွင်းမယ်ဆိုရင် ခြောက်သွေ့ပြီး သန့်ရှင်းတဲ့ နေရာဖြစ်ဖို့ လိုအပ်ပါတယ်။ ရေစိုခံတဲ့ အိတ်ထဲမှာ ထည့်ထားရပါမယ်။

ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)Ref: Good Health Source:

Friday, December 6, 2013

ဘေးအန္တရာယ်ကိုဖြစ်စေသောအစားအစာများရဲ့အဆိပ်ဖြေဆေး များ



ဝက်ဆားနယ်ခြောက် ၊ ဝက်အူချောင်း ၊ ငါးခြောက် ၏ အဆိပ်ဖြေဆေးက လက်ဖက်ရည်ကြမ်းဖြစ်ပါတယ် ။

ဝက်ဆားနယ်ခြောက် ၊ ဝက်အူချောင်း ၊bacon ၊ အစားအစာများက စားကောင်းတဲ့အပြင် အချိန်ကြာရှည်စွာအထားခံနိင်တာမို့လုတိုင်းနှစ်သက်ကြပါတယ် ။ ဒါပေမယ့် လွန်ကဲသောဆားဒြပ်ပါဝင်ပြီး အသားကို ကြာရှည် ဆားနယ်သိပ်ရတာကြောင့် နိုက်ထရိုစမင်း Nitrosamine ကိုဖြစ်စေပြီး လုခန္ဓာကိုယ်ထဲရောက်သွားတဲ့အခါ မှာ ကင်ဆာရောဂါကိုဖြစ်စေတဲ့ Dimethylnitrosamine ဒြပ် အဖြစ်သို့ပြောင်းလဲသွားပါတယ် ။

အဆိပ်ဖြေဆေးက လက်ဖက်ရည်ကြမ်းဖြစ်ပါတယ် ။

လက်ဖက်ရည်ကြမ်းက ဘေးအန္တရာယ်ကိုဖြစ်စေသောဒြပ်တွေကို ပျက်ပြားစေပါတယ် ။ နေ့တိုင်းလက်ဖက်ရည်ကြမ်းသောက်ခြင်းက ကျန်းမာရေးကိုအထောက်အကုပြုနိင်ပါတယ် ။ ငါးခြောက် ၊ဝက်ဆားနယ်ခြောက် ၊ဝက်ပေါင်ခြောက် ပေါင်း (သို့) ချက်စားတဲ့အခါ ရှာလကာရည် (သို့) သံပရာရည် အနည်းငယ်ထည့်ပြီး ကျက်အောင်ချက်ခြင်းဖြင့်နိုက်ထရိုစမင်း Nitrosamine ကို ပျက်ပြားစေပါတယ် ။

အီကြာကွေး၏ အဆိပ်ဖြေဆေးက ပဲနို့ရည်ဖြစ်ပါတယ် ။

အီကြာကွေးထဲမှာ များသောအားဖြင့် ကျောက်ချဉ်ထည့်ထားပါတယ် ။ အလှုမီနီယမ်ဒြပ် aluminum ပါတာမို့လုခန္ဓာကိုယ်ကစုပ်ယုပြီးနောက် ဦးနှောက်ဆဲလ်များထုတ်လုပ်မှုကိုထိခိုက်စေတယ် ။အလှုမီနီယမ်ဒြပ်ကခန္ဓာကိုယ်ပြင်ပသို့ထုတ်ပစ်ဖို့မလွယ်ကူတာမို့ကိုယ်ခန္ဓာထဲမှာစုစည်းကျန်ရစ်နေတတ်ပါတယ် ။ ကြာလာတော့ခန္ဓာကိုယ်ကိုထိခိုက်နိင်ပါတယ် ။ မှတ်ဥာဏ်မကောင်းတော့ခြင်း ၊ စိတ်ဓာတ်ကျခြင်း၊ စိတ်တို စိတ်ဒေါသထွက်ခြင်း ၊ပိုဆိုးပါက အကြိုဇရာအိုရောဂါကိုဖြစ်စေတယ် ။

အဆိပ်ဖြေဆေးက ပဲနို့ရည်ဖြစ်ပါတယ် ။

ပဲနို့ရည်တွင် များပြားသော Lecithin ဒြပ်ပါတာမို့မှတ်ဥာဏ်ကောင်းစေပါတယ် ။ ကယ်လဆီယမ်ဒြပ်Calcium လည်းပါဝင်တာမို့ အရိုးအတွက်အထောက်အကုပြုနိင်ပါတယ် ။

ချဉ်ဖတ် ၏ Sauerkraut အဆိပ်ဖြေဆေးက Kiwi ကီဝီသီးဖြစ်ပါတယ် ။

ချဉ်ဖတ်ကို လုတိုင်းကြိုက်နှစ်သက်ကြပါတယ် ။ ဆားစိမ်ထားတာမို့ဗီတာမင်စီ မရှိတော့ပါ ။ချဉ်ဖတ်ထဲတွင် အောက်စီလစ်အက်စစ် oxalic acid နှင့်ကယ်လဆီယမ်ဒြပ် ပါတာမို့အု ကအလွယ်တကူစုပ်ယူပြီး ကျောက်ကပ်က ပြင်ပသို့ထုတ်တဲ့အခါ ဆီးလမ်းကြောင်းမှာ ကျောက်တည်တတ်ပါတယ် ။ အချဉ်သိပ်ထားသောအစားအစာများတွင်နိုက်ထရိတ် Nitriteများပါဝင်ပြီးခန္ဓာကိုယ်ထဲရောက်တဲ့အခါမှာ ကင်ဆာရောဂါကိုဖြစ်စေသော နိုက်ထရိုစမင်း nitrosamine အဖြစ်သို့ပြောင်းလဲသွားပါတယ် ။

အဆိပ်ဖြေဆေးက Kiwi ကီဝီသီးဖြစ်ပါတယ် ။

များပြားသောဗီတာမင်များ ပါဝင်သောသစ်သီးများကိုစားခြင်းဖြင့် ကင်ဆာရောဂါကိုဖြစ်စေသောနိုက်ထရိုစမင်းဒြပ်ကို ပျက်ပြားစေပါတယ် ။ အစာအိမ်ကင်ဆာနှင့် အစာအိမ်ပြွန်လမ်းကြောင်းကင်ဆာရောဂါဖြစ်ပွားမှုကိုလျှော့နည်းစေပါတယ် ။ ကီဝီသီးတွင်ဗီတာမင်စီအများဆုံးပါဝင်တာမို့ ကီဝီသီး တစ်လုံးက လုတစ်ယောက်စာ တစ်နေ့လိုအပ်တဲ့ဗီတာမင်စီ နဲ့ညီမျှပါတယ် ။

Hot pot ပောာ့ပေါ့ ရဲ့အဆိပ်ဖြေဆေး က ကျွဲကောသီးဖြစ်ပါတယ် ။

အလွယ်တကု အပုကြီးသူများအတွက် (သို့) ခံတွင်း၌ အပုဖုပေါက် သူများအတွက် အဖြေအနေပိုဆိုး သွားတတ်ပါတယ် ။ မကြခဏ ကောင်းသွားလိုက်ပြန်ဖြစ်လိုက် ဖြစ်နေတတ်ပါတယ် ။ အစာအိမ်ပြွန်လမ်းကြောင်းနှင့် ခံတွင်းကင်ဆာကို တိုက်တွန်းနိင်ပါတယ် ။ ပောာ့ပေါ့က အပုကြီးတတ်တဲ့အပြင် ဂေါက်နာရောဂါ ကိုပါ ဖြစ်စေနိင်ပါတယ် ။ *** ဆားဓာတ်အများဆုံးပါတာမို့ ပောာ့ပေါ့ စားပြီးလျှင်ရေများများသောက်ပါ ။ ကျောက်ကပ်အတွက် တာဝန်ပိုသွားတတ်ပါတယ် ။

အဆိပ်ဖြေဆေး က (ရှောက်ခါးသီး)ကျွဲကောသီးဖြစ်ပါတယ် ။

အဆီအစိမ့် အစပ် (မာလာပာင်း) ပောာ့ပေါ့သုံးဆောင်ပြီးနောက် ကျွဲကောသီးကိုစားခြင်းဖြင့် အပုကျ ၊ အဆီအစိမ့်အစပ်တွေကို ပြယ်ပျက်စေပြီး သရက်ရွှက် အတွက်အထောက်အကူပြုပါတယ် ။

အသားကင်များရဲ့အဆိပ်ဖြေဆေးက ကဇွန်းဥဖုတ် (စိမ်းစားဥ) ဖြစ်ပါတယ် ။

တုတ်ထိုးအသားကင်အစရှိသော ကင်စားသောအစားအစာအမျိုးမျိုး ကို မီးသွေး (မီးကင် )လိုက်တဲ့အခါ ပါဝင်တဲ့ Benzopyrene က ခန္ဓာကိုယ်ရောက်တဲ့အခါ အစာအိမ်ကင်ဆာကိုဖြစ်စေနိင်ပါတယ် ။

အဆိပ်ဖြေဆေးက ကဇွန်းဥဖုတ် (စိမ်းစားဥ) ဖြစ်ပါတယ် ။

အသားကင်များကိုသုံးဆောင်ပြီးနောက်ကဇွန်းဥဖုတ်(သို့)စိမ်းစားဥ ထဲတွင် သစ်စေးဓာတ် cellulose အများဆုံးပါဝင်တာမို့အသားကင်ထဲတွင်ပါဝင်သောဘေးအန္တရာယ်ကို ဖြစ်စေတဲ့ အဆိပ်များကို ခန္ဓာကိုယ်ပြင်ပသို့ဖယ်ထုတ်နိင်စွမ်းရှိပါတယ် ။ အသားကင်ထဲမှ များပြားသောအဆီဓာတ်များကို ခန္ဓာကိုယ်က မစုပ်ယုနိင်အောင် ပာန့်တားနိင်စွမ်းရှိပါတယ် ။

ဆေးဘဲဥရဲ့ အဆိပ်ဖြေဆေးက ပဲပြား (တို့ပာူး) ဖြစ်ပါတယ် ။

ဆေးဘဲဥကို လုတိုင်းကြိုက်နှစ်သက်မှာပါ ။ တရုတ် ၊ ထိုင်း .ယုနန်လုမျိုး များက အမျိုးမျိုး ချက်စားကြပါတယ် ။(ဆေးဘဲဥကြော် ၊ဆေးဘဲဥသုပ်) ဆေးဘဲဥလုပ်ရာတွင် အနည်းနှင့်အများ ခဲဓာတ် lead ပါပါတယ် ။ ခဲဓာတ်များများစားမိလျှင် အသိဥာဏ်လျှော့နည်းလာခြင်း၊ အာရုံကြော ကိုထိခိုက်နိင်ခြင်း ၊ နားမကြားခြင်း ၊ သင်ယုနိင်စွမ်း (အသိဥာဏ်) လျှော့နည်းလာ နိင်ပါတယ် ။

အဆိပ်ဖြေဆေးက ပဲပြား (တို့ပာူး) ဖြစ်ပါတယ် ။

ဆေးဘဲဥ နဲ့ပဲပြားက လိုက်ဖက်ညီတဲ့ အစားအစာဖြစ်ပါတယ် ။ ပဲအမျိုးမျိုးတွင်ပါဝင်သောသစ်စေးက အစားအစားထဲတွင်ပါဝင်သောခဲဓာတ် က အစာအိမ်ကစုပ်မယုသွားနိင်င်အောင်ပာန့်တားနိင်ပါတယ် ။ ကယ်လဆီယမ်ဓာတ်ပါဝင်တာမို့လည်း ခဲဓာတ်ကိုတားဆီးနိင်ပါတယ် ။ တို့ပာူးက လုခန္ဓာကိုယ်ထဲမှာရောက်သွားတဲ့ခဲဓာတ်ကိုပျက်ပြားစေပြီး ခန္ဓာကိုယ်သွေးကြောထဲမှ သတ္တူ ဓာတ်စုစည်းခြင်းကိုလျှော့နည်းနိင်စွမ်းရှိပါတယ်။

ချစ်ခင်လေးစားရသောသူငယ်ချင်းတို့ ........
နေ့စဉ်စားသုံးနေတဲ့အစားအစာတိုင်းကစားတတ်ရင်ဘေးအန္တရာယ်မဖြစ်နိင်ပဘုး ။ ချိန်ဆနိင်ရင်တော့အကောင်းဆုံးပါ ။ အများစု ကြိုက်နှစ်သက်သောပာင်းတွေဖြစ်တာမို့ သူငယ်ချင်းများကိုမျှဝေပေးလိုက်ပါတယ် ။
သူငယ်ချင်းများအားလုံး ကျန်းမာပျော်ရွှင်ပါစေ~~~♥

Jin Li Chao

Wednesday, December 4, 2013

ရှားစောင်း လက်ပပ် ၏ အသုံး ၀င်ပုံ



ရှားစောင်း လက်ပပ် ၏ အသုံး ၀င်ပုံ

ရှားစောင်း လက်ပပ် ဘယ်လို အသုံး ၀င်လဲ ရှားစောင်း လက်ပပ် အရွက်ကို အရင်း ကနေ ဓါးထက် ထက်နဲ့ ဖြတ်ပါ။ တစ်ယောက်စာ အတွက်ပဲ ဆိုရင်တော့ လေးရွက်၊ ငါးရွက် လောက် အနည်းဆုံး ဖြတ်ယူပါ။ အရွက်ငယ် လေးတွေကို မဖြတ်ပဲ အပင် မှာပဲ ချန်ထား ခဲ့ပါ။ ရေစင်စင် ဆေးပြီး ဆူးတွေနဲ့ ထိပ်ဖျားကို ဖြတ်ပစ် လိုက်ပါ။

 ၁။ ဓါးနဲ့ ပါးပါး လှီးပြီး သစ်သီး ဖျော်ရည် စက်နဲ့ မွှေပါ။

၂။ပိတ် စပါး သန့်သန့်နဲ့ အရည် ညှစ်ပါ။ ရှားစောင်း လက်ပပ် ရည်ကို အိုးသန့်သန့် တစ်လုံးနဲ့ ခံယူ ပါ။

၃။ ရှားစောင်း လက်ပပ် ရည်ကို မီးဖို ပေါ်တင်ပြီး မိနစ် ၃၀ ခန့် ကြာအောင် ကျိုပါ။ ဆူလာတဲ့ အခါမှာ အမြှုပ်တွေ တက်လာ ပါလိမ့်မယ်။ တက်လာတဲ့ အမြှုပ် တွေကို ခပ်ထုတ် ပစ်ပါ။ အမြှုပ် တွေဟာ ဖန်တဲ့ အရည် တွေပဲ ဖြစ်ပါတယ်။ အဲဒါကြောင့် အမြှုပ် တွေကို ကုန်အောင် ခပ်ထုတ် ရတာပါ။

၎။ပျားရည် (သို့မဟုတ်) သကြား သန့်သန့် သင့်ရုံ လောက်ကို ကြိုက်နှစ် သက်တဲ့ အရသာ ဖြစ်အောင် ထည့်ပြီး သမအောင် မွှေပေးပါ။ အအေး ခံထားပြီး ရေခဲ သေတ္တာထဲ ထည့်သိမ်း ထားနိုင်လျှင် ပိုကောင်း ပါတယ်။ သွေးချို၊ ဆီးချို ရှိသူများ အတွက် ကတော့ အချို မထည့် သင့်ပါ ဘူး။ သဘာဝ အတိုင်း သောက်တာ ပိုကောင်း ပါတယ်။ ရှားစောင် လက်ပပ် သတ္တုရည်ကို နေ့စဉ် ကြွေဇွန်းကြီး ၁ ဇွန်း နှုန်းဖြင့် သုံးကြိမ် သောက်သင့် ပါတယ်။ ရှားစောင်း လက်ပပ် ရည်ကို ဒီအတိုင်းပဲ ထားမယ် ဆိုရင် သူ့ထဲမှာ ပါဝင်တဲ့ အောက်ဇားလစ် အက်ဆစ် Oxalic Acid တွေက ဓါတ်ပြောင်း သွားတတ် ပါတယ်။ ဒါကြောင့် ရေခဲ သေတ္တာ မရှိ သူများ နှစ် ရက်စာ လောက်သာ ကျိုချက် သောက်လျှင် ကောင်းပါတယ်။ နှစ်ရက် ထက် ပိုမထား သင့်ပါဘူး။

 ရှားစောင်း လက်ပပ် အမှုန့် ပြုလုပ် နည်း ရှားစောင်း လက်ပပ် အမှုန့် ပြုလုပ် နည်းက တော့ ..

. ရှားစောင်း လက်ပပ် အရွက်ကို သန့်စင်အောင် ဆေးပြီး ဆူးတွေနဲ့ ထိပ်ချွန် တွေကို ဖယ်ပြီး ပါးနိုင် သလောက် ပါးအောင် လှီးပါ။ ပါးလေ ကောင်းလေ ဖြစ်ပါတယ်။ လှီးထားတဲ့ ရှားစောင်း လက်ပပ် အဖတ်လေး တွေကို ၀ါးနဲ့ လုပ်ထားတဲ့ ဆန်ကော ထဲမှာ ဖြန့်လှန်းပါ။ တစ်ရက်နဲ့ မခြောက်ရင် နှစ်ရက်၊ သုံးရက် စသည်ဖြင့် လုံးဝ ခြောက်သွား အောင်လှန်း ပါ။ နှစ်ရက်၊ သုံးရက် ကြာတဲ့ အခါ ရှားစောင်း လက်ပပ်တွေ လုံးဝ ခြောက်သွားပြီ ဆိုရင် ဆုံထဲမှာ ထည့်ပြီး ထောင်းပါ။ မှုန့်မှုန့် ညက်ညက် လိုချင်တယ် ဆိုရင်တော့ ဆန်ကာချ ပေးရုံ ပါပဲ။ ရှားစောင်း လက်ပတ် အခြောက်မှုန့် သောက်နည်းကတော့ လက်ဖက် ရည်ဇွန်း တစ်ဇွန်းကို ရေနွေး တစ်ဖန် ခွက်နဲ့ ရောပြီး တစ်နေ့ နှစ်ကြိမ်၊ သုံးကြိမ်
အတိုင်း ရေနွေး ဆူဆူထဲ ခတ်ပြီး ရေနွေးကြမ်း သောက်သလို သောက်သုံး နိုင်ပါ တယ်။ သောက်ရတာ ခက်တယ် ထင်ရင်တော့ ပျားရည် လေးနည်းနည်း ထည့်သောက် ပါ။ သွေးချို၊ ဆီးချို ရှိ သူများ အတွက် ကတော့ ပျားရည် မထည့် သင့်ပါ ဘူး။ ပျောက်ကင်း ကာကွယ် နိုင်တဲ့ ရောဂါများ ကတော့ အစာအိမ် ပြည်တည်နာ နဲ့ အစာ အိမ်နဲ့ ပတ်သက်တဲ့ ရောဂါ၊ ဆီးချို၊ သွေးချို၊ အသည်း၊ သွေးတိုး ရောဂါ အစ ရှိသည် တို့ကို ကာကွယ် ပျောက်ကင်း နိုင်ပါတယ်။

ရိုးရာလေး

Tuesday, December 3, 2013

အမျိုးသမီးတို့အတွက် ထိတ်လန့်ဖွယ် ကြက်တောင်ပံ


အမျိုးသမီးတို့အတွက် ထိတ်လန့်ဖွယ် ကြက်တောင်ပံ ဖတ်ပြီးရင်လည်း ကျန်တဲ့သူငယ်ချင်းတွေ သိအောင် ပြန် Share ပေးလိုက်ပါဦးနော်။

 ကြက်ခြံမွေးမြူရေးတစ်ချို့တွေ မှာ ကြက် အသားတိုးစေဖို့အတွက် အသားတိုးဆေး ၊ ဘာဆေးညာဆေး ထိုးကြပါတယ်။ တော်တော်များများက ဒီဆေးထိုးဖို့ကို လည်း ကြက်တွေရဲ့တောင်ပံကနေ တဆင့် ထိုးကြပါတယ်။

ဒီလို ဆေးထိုးထားတဲ့ ကြက်တောင်ပံကိုတွေကို စားသုံးတာ များလာတာနဲ့အမျှ သားအိမ်မှာ အသားလုံး ၊ သွေးလုံးတို့ တည်လာပါတယ်။ နောက်ဆုံးအဆင့် သားအိမ်ကင်ဆာထိတောင် ဖြစ်နိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးကတော့ ဖြစ်နိုင်ရင် မနုဿ ရဲ့ ပရိတ်သတ်တွေအားလုံးလည်း မွေးမြူရေးကြက်ကို တတ်နိုင်သလောက် ရှောင်စေချင်ပါတယ်။

ဒီလိုပြောတော့ မနုဿကို ကြက်သားရောင်းတဲ့သူတွေ လာဝိုင်းရိုက်ကြတော့မယ်နဲ့တူတယ်နော်။ ဖြစ်မှကုတာထက် မဖြစ်ခင် ကြိုတားနိုင်ဖို့က မနုဿ တာဝန်ဖြစ်တဲ့အတွက် ရရှိလာတဲ့ သတင်းလေးကို ချက်ချင်းရေးသား ဝေမျှ လိုက်ပါတယ်။

ချစ်တဲ့ .... မနုဿ

Sunday, December 1, 2013

ရင်ဘတ် အောင့်ခြင်း ၏ အကြောင်း ရင်းများ



ရင်ဘတ် အောင့်ခြင်း

ရင်ဘတ် အောင့်ခြင်း (Chest Pain) သည် ရင်ဘတ် အလယ် တည့်တည့် နေရာ တခု တည်း၌ အောင့်ခြင်း ကိုသာ ဆိုလိုခြင်း မဟုတ်ပဲ ရင်ဘတ် တခု လုံးသာ မက ရင်ဘတ် နှင့် ဆက်စပ်လျက် ရှိသည့် တခြား အစိတ် အပိုင်း များ အထိ ပြန့်နှံ့ပြီး အောင့်ခြင်း၊ ထိုးခြင်း၊ နာကျင် ကိုက်ခဲခြင်း အားလုံးကို ဆိုလို ပါသည်။ ရင်ဘတ် အောင့်ခြင်းသည် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပြီးဆရာဝန်မှ အတိအကျ ရောဂါ ခွဲခြား သတ်မှတ် ခြင်း (Diagnosis) ကို လုပ်ပြီး မှသာ မည်သည့် ရောဂါ
အမျိုး အစား ဖြစ်သည်ကို သတ်မှတ် နိုင်မည် ဖြစ်ပါ သည်။ သို့သော် လည်း ရင်ဘတ် အောင့်သည့် ဝေဒ နာကို မကြာ ခဏ ခံစား နေရသူ တချို့သည် ရောဂါ ကို ဆရာဝန် နှင့် ပြပြီး ရောဂါ အဖြေ မရှာပဲ မိမိ ကိုယ် မိမိ နှလုံး ရောဂါ (သို့) အစာအိမ် ရောဂါ စွဲ ကပ်နေ သည်ဟု ထင်မှတ် နေကြ ပြီး ပတ်ဝန်း ကျင်မှ အကြံ ပေးသည့် မိမိ သန်ရာ နည်းများ ဖြင့် ကုသနေ ကြသည်ကို မကြာ ခဏ ကြားသိ နေရပါ သည်။ ထို့ကြောင့် ရင်ဘတ် အောင့်သည့် ဝေဒနာ ကို ခံစား နေသူ များ အားလုံး အတွက် ဗဟု သုတ လို့ငှာ Dr Warwick Carter ရေးသား သည့် Home Doctor ထဲမှ ကောင်းနိုး ရာများကို ကောက်နှုတ်၍ ပြုစု တင်ပြ လိုက်ပါ သည်။

စမ်းသပ် တွေ့ရှိ မှု

ရင်ဘတ် အောင့်ခြင်း သည် အဆုပ် (သို့) နှလုံးနှင့် ပတ်သက်ပြီး ဖြစ်ပါက အရေးကြီး သဖြင့် အရေးပေါ်အနေဖြင့် ဆေးရုံ အကူအညီကို ချက်ချင်း လိုအပ် နိုင်ပါ သည်။ တခြား အင်္ဂါ အစိတ် အပိုင်း များဖြစ်သည့် အစာပြွန်၊ ရင်အုံ အရိုး၊ နံရိုး၊ နှလုံး သွေးလွှတ် ကြော မကြီး၊ သွေးလွှတ်ကြော ငယ်များ၊ သွေးပြန်ကြော နှင့် နာ့ဗ်ကြော များ၊ ကြွက်သား၊ အရိုးနု၊ ရင်သားနှင့် ကျောရိုးဆစ်များ စသည့် အစိတ် အပိုင်း တခု ခုတွင် ပြဿနာ ရှိပါ ကလည်း ရင်ဘတ် အောင့်ခြင်းကို ဖြစ်စေနိုင် ပါ သည်။ အကြောင်း ရင်းမတူသည်ကို အခြေခံ၍ အောင့်သည့် အခြေ အနေ များမှာလည်း စူး၍ အောင့်ခြင်း၊ ကိုက်၍ အောင့်ခြင်း၊ ပျော့လွန်း မပြင်း လွန်းအောင့်ခြင်းနှင့် ဖြိကပ်၍ အောင့်ခြင်း စသည်ဖြင့် အမျိုးမျိုး ရှိပြီး ဆက်တိုက် သို့မဟုတ် အကြိမ်ကြိမ် မကြာ ခဏ အောင့်ခြင်းများ ဖြစ်နိုင် ပါသည်။ အစာ စားခြင်း၊ လေ့ကျင့်ခန်း လုပ်ခြင်း၊ အသက် ပြင်းပြင်း ရှူခြင်း တို့ကြောင့် စအောင့် နိုင်ပြီး အောင့်သည့် အချိန်တွင် အသက်ရှု ကြပ်ခြင်း၊ ချောင်းဆိုး ခြင်း၊ အဖျား ၀င်ခြင်း၊ ပါးစပ် ပျက်ခြင်း စသည့် လက္ခဏာ များ တွဲပါလာ နိုင်ပါ သည်။ ဆရာဝန် မှ လို အပ်သော စမ်းသပ်စစ် ဆေးမှုများ ပြုလုပ်ပြီး ရောဂါ ခွဲခြား သတ်မှတ် ပေးမှသာ ရောဂါကို အမျိုး အစားကို မှန်ကန်စွာ သိရှိ နိုင်မည် ဖြစ်သည်။

ရောဂါ စစ်ဆေး သတ်မှတ် ခြင်း (Diagnosis)

ဆရာဝန် သည် ရောဂါကို အတိ အကျ သိရှိရန် အတွက် အရိုးကို ကောင်းစွာ စစ်ဆေး နိုင်သည့် ဓါတ်မှန် ရိုက်ခြင်း၊ အရိုးနှင့် တချို့ တစ်ရှူး များကိုပါ မြင်တွေ့ နိုင်သည့် CT scan, နှလုံးအ လုပ်လုပ် ပုံကို ကောင်းစွာ မြင်တွေ့ နိုင်သည့် ECG ( Electro-Cardiac Graph), အဆုပ် အလုပ်လုပ် နိုင်မှုကို စမ်းသပ် စစ်ဆေး သည့်သည့် Lung Function Test, ခန္ဓာကိုယ် ထဲသို့ ပါးစပ်မှ တဆင့် ကင်မရာ ထည့်၍ ကြည့်သည့် Endoscopy စသည်တို့ ပါဝင် နိုင်သည့် စမ်းသပ် မှုကို တခု (သို့) တခုထက် ပို၍ှ ပြုလုပ်ပြီး သတ်မှတ် လေ့ရှိပါ သည်။ ထိုသို့ ရှာဖွေပြီး ဖြစ်ရသည့် ရောဂါ ဇက်မြစ်ကို အတိအ ကျသိမှသာ ထိရောက်သည့် ကာကွယ် ကုသ မှုကို ပေးနိုင် မည် ဖြစ်သည်။

ရင်ဘတ် အောင့်ခြင်း ကို အဖြစ် များစေသည့် အကြောင်း ရင်းများ

၁။ ဒါဏ်ရာ ရရှိ ခြင်း (Injury)

ရင်ဘတ် ဒါဏ်ရာ ရရှိ သောအခါ ရင်ဘတ်၌ အညို အမဲ စွဲ၍ နံရိုး ကျိုးခြင်း၊ ကြွက်သား (သို့) အရွတ် များ စုတ်ပြဲ ခြင်း စသည့် တခုခု ကြောင့် ရင်ဘတ် နေရာ အနံ့ ပြားကို အောင့်စေပြီး လှုပ်ရှား ပါက ပိုဆိုး ပါသည်။

၂။ ဗိုင်းရစ် ကြောင့် ရောဂါ ကူးစက် ခြင်း ( Viral infection )

ဗိုင်းရစ် ကြောင့်ဖြစ် သော ကူးစက် ရောဂါ များသည် များသော အားဖြင့် ကြွက်သား များကို ရောင် စေသဖြင့် ရင်ဘတ်နှင့် ကျောကုန်း ဘက်တွင် ရှိသော ကြွက်သား အဆွယ် အပွား များကို ကိုက်ခဲ နာကျင် စေပါ သည်။

၃။ အဆစ် ရောင်နာ ရောဂါ (Arthritis)

ကျောရိုး ဆစ်၌ အရိုး ကြေပြီး နာ့ဗ်ကြော များအား ဖိညှပ် ခံရ၍ ရင်ဘတ်၏ ကျောဘက်၌ သာမ ကပဲ နာ့ဗ်ကြော များ ပြန့်နံ့ သည့် ဘေး တဖက် တချက် နှင့် အရှေ့ဘက် အထိ နာကျင် စေနိုင် သည်။ ကိုယ် အနေ အထား ပြောင်းပါက ပိုမို နာကျင် စေပါ သည်။

၎။ Myocardial Infaction

နှလုံး ရောဂါသည် ကော်လက် စထရောလ် ကြောင့် ဖြစ်ပေါ် လာသည့် အဆီ ဖတ်များမှ နှလုံးကြွက် သားအား သွေး ထောက်ပံ့ ပေးနေ သည့် သွေးလွှတ်ကြော တခုခုအား ပိတ်ဆို့ စေသော အခါ ဖြစ်စေ ပါသည်။ နှလုံးသည် ခန္ဓာကိုယ် တခု လုံးကို အောက်စီဂျင်နှင့် အာဟာရ ရောက်အောင် တွန်းပို့ ပေးနေသော အင်္ဂါ ဖြစ်ပါ သည်။ ထို အခြေ အနေတွင် နှလုံး ကြွက်သား ကိုယ်တိုင် မှာပင် အောက်စီ ဂျင် နှင့် အာဟာရ မရတော့ သောကြောင့် ကျုံ့လိုက် ကြွလိုက် မလုပ် နိုင်တော့ သော အခါ သွေးကို ခန္ဓာကိုယ် တခု လုံးသို့ ရောက်အောင် မတွန်းပို့ ပေးနိုင် တော့ပဲ နှလုံးရော ခန္ဓာ ကိုယ်ပါ အောက်စီဂျင် ပြတ်လပ် ပြီး အသက် ဆုံးရှုံး နိုင်ပါ သည်။

နှလုံး ကြောင့်ဖြစ်သော ရင်ဘတ် အောင့်ခြင်း သည် လည်ပင်း၊ မေး (သို့) လက်မောင်း ( ဘယ်ဘက် ၌ ပိုဖြစ် သည်) စသည့် ရင်ဘတ် နှင့် ဆက်စပ် နေသည့် မည်သည့် နေရာတွင် မဆို ဖြစ်နိုင် သော်လည်း ပုံမှန် အားဖြင့် ဘယ်ဘက် ရင်ဘတ်၊ အရှေ့ ဘက် လည်ပင်း အောက်၊ ရင်ဘတ် အလယ် တည့်တည့်နှင့် ပုခုံး အရှေ့ခြမ်း တို့၌ အဖြစ် များ ပါသည်။ အောင့်သည့် ပုံစံမှာ စူး၍ အောင့်ခြင်း မျိုးမ ဟုတ်ပဲ ဖိနှိပ်ပွတ် တိုက်ခံ ရခြင်း (သို့) အလွန် အမင်း ကိုက်ခဲ စေသည့် အောင့်ခြင်း မျိုးကို ခံစား ရသည်။ ထို့အပြင် နှလုံးကြောင့် ဖြစ်သော ရင်ဘတ် အောင့်ခြင်း သည် ခန္ဓာကိုယ် လှုပ်ရှားခြင်း၊ အနေ အထား ပြောင်းခြင်း၊ အစား စားခြင်း၊ ချောင်းဆိုး ခြင်း ကြောင့် ပိုမိုနာ ကျင်စေခြင်း မရှိပါ။ နှလုံး ကြောင့်ဖြစ် သည်ဟု ယူဆ ပါက ချက်ချင်း ဆရာဝန်နှင့် ဆေးရုံ အကူ အညီ အရေးပေါ် လိုအပ် နိုင်ပါ သည်။

၅။ နှလုံး ရောဂါ တစ်မျိုးကြောင့် ရင်ခေါင်း တွင် ဆူးအောင့် ခြင်း (Angina)

ရင် ခေါင်းတွင် ဆူးအောင့် လာပြီး ရင်ဘတ်ကို ဖိ၍ ဆုပ်ညှစ် ခံထား ရသည့် အောင့်ခြင်း မျိုးကို ခံစား ရပါ သည်။ များသော အားဖြင့် ရင်ဘတ် အလယ် တည့်တည့် တွင် ဖြစ်ပြီး လေ့ကျင့်ခန်း (သို့) အားကစား လုပ်နေ ချိန်နိုင် ရုတ်တရက် ဖြစ်လာ နိုင်ပြီး အနား ယူလိုက် ပါက သက်သာ သွားလေ့ ရှိသည်။

၆။ အဆုပ် ပွခြင်း ( Pneumonia)

အဆုပ် ပွခြင်း သည် အဆုပ်ကို အဓိက ဖွဲ့စည်း ထားသည့် လေအိတ် အသေးများ ( Alveoli) တွင် ဘတ်တီး ရီးယား ကူးစက် ရောဂါ ပိုးများ ၀င်ရောက် နေသည့် ရောဂါ ဖြစ်ပါ သည်။ နှာခေါင်းမှ ရှူသွင်း လိုက်သော အောက်စီဂျင် များကို အဆုပ် လေအိတ် နံရံရှိ ဆံချည်မျှင် သွေးကြောများ မှတဆင့် နှလုံးသို့ ပို့ဆောင် ရပြီး နှလုံးမှ တဆင့် အောက်စီဂျင် ကို သွေးက ခန္ဓာကိုယ် အနှံ့ သယ်ဆောင်ပြီး ဖြည့်ပေး ရပါသည်။ အဆုပ်ပွ သောအခါ လေအိတ် များတွင် ဘတ်တီး ရီးယား ကြောင့် လေအိတ် တခုလုံး (သို့) လေအိတ် နံရံရှိ ဆံချည်မျှင် သွေးကြောများ ပျက်စီး နိုင်ပြီး အဆုပ် ပုံမှန် အလုပ် မလုပ် နိုင်ပဲ အဖျား ၀င်ခြင်း၊ ချောင်းဆိုး ခြင်းနှင့် ရင်ဘတ် အောင့်ခြင်း တို့ကို ဖြစ်စေ ပါသည်။ မကုသ ပါက ဘတ်တီး ရီးယားများ အဆုပ် တခုလုံး ပြည့်သွား နိုင်သောကြောင့် လေအိတ်များ ပျက်စီးပြီး ခန္ဓာ ကိုယ်အား အောက်စီဂျင် မပေး နိုင်သော ကြောင့် အသက် ဆုံးရှုံး နိုင်ပါသည်။

၇။ အဆုတ် မြှေးရောင် ရောဂါ (Pleurisy)

အဆုတ် အမြှေးပါး ရောင် လျှင် ရင်ဘတ် အောင့်ခြင်းကို ပြင်းထန်စွာ ဖြစ်စေ နိုင်၍ အသက် ရှူခြင်း၊ ချောင်းဆိုး ခြင်းနှင့် လှုပ်ရှား ခြင်း တို့ကြောင့် ပိုအောင့် နိုင်ပါ သည်။

၈။ အစာ အိမ် ရောဂါ ကြောင့် ရင်ဘတ် အောင့် ခြင်း (Reflux oesophagitis)

အစာ အိပ်တွင် ဟိုင်ဒရို ကလိုရစ် အက်ဆစ် ပါရှိပြီး အစာ အိမ်အား ထူထဲသော အချွဲ များဖြင့် ကာကွယ် ထားပါ သည်။ အကယ်၍ အစာအိမ် ရောဂါ ရှိသူ များတွင် အစာအိမ် ပုံမှန် အလုပ် မလုပ် နိုင်သောကြောင့် ယင်းအား အစာ အိမ်နံ ရံရှိ ချွဲများမှ ကာကွယ်မှု မပေးနိုင် သည့်အခါ အက်ဆစ် များမှ အစာအိမ် နံရံသို့ ရောက်ရှိ လောင်ကျွမ်း နိုင်ပြီး ပူ၍ နာကျင် ခြင်းနှင့် အသက်ရှူ ကြပ်ခြင်းကို ဖြစ်စေ နိုင်ပါ သည်။

၉။ Tietze syndrome

ရင်အုံရိုး အနောက် ဘက်ရှိ နံရိုး နှင့် ဆက်ထား သော အရွတ် တခု (သို့) တခု ထက်ပို၍ ရောင်ခြင်း ကို ဖြစ်စေပြီး ပူ၍ နာကျင် ခြင်းကြောင့် ရင်ဘတ် အောင့်ခြင်း ကို ဖြစ်စေ ပါ သည်

၁၀။ သွေးခဲ ပိတ်ခြင်း ( A blood clot)

သွေးခဲ တခုခုသည် သွေးကြော အတွင်း၌ မျောပါ နေလျင် ခန္ဓာ ကိုယ်၏ မည်သည့် အစိတ် အပိုင်း တွင်မဆို ပိတ်ဆို့ နိုင်ပါ သည်။ ထို သွေးခဲ သည် အဆုပ် တွင်းရှိ အဓိက သွေးလွှတ်ကြော တခု ခုအား ပိတ်ဆို့ သောအခါ ( Pulmonary embolus) ကို ဖြစ်စေပြီး ပိတ်ဆို့ ခံရသော အဆုပ် ၏ အစိတ် ပိုင်းကို ပျက်စီး စေခြင်းဖြင့် ရင်ဘတ် အောင့်ခြင်း နှင့် အသက်ရှူ ကြပ်ခြင်း ကို ဖြစ်စေပါ သည်။

ရင်ဘတ် အောင့်ခြင်း ကို ဖြစ်စေ နိုင်သည့် တခြား အကြောင်း ရင်းများ

(၁) အဆုပ် အပြပင် ဘက်ရှိ ရင်ဘတ် ထဲတွင် လေခို နေခြင်း (Pneumothorax )၊

(၂) နာ့ဗ်ကြော ၌ ဗိုင်းရပ် ပိုးဝင် ရောက်နေ ခြင်း (Shingles)၊

(၃) အဆုပ် ပျက်စီး ခြင်း (Bronchiectasis)၊

(၄) နှလုံး ကြွက်သား သို့ ပိုး ၀င်ခြင်း (Myocarditis)၊

(၅) မွေးရာပါ နှလုံး ၏ ဖွဲ့စည်းပုံ ပုံမ မှန်ခြင်း၊

(၆) နှလုံး အဆို့ရှင် အလုပ် မလုပ် ခြင်း ၊

(၇) အဆုပ်တွင်း တနေ ရာရာ၌ ကင်ဆာရှိ နေခြင်း၊

(၈) နှလုံး ရောဂါ အတွက် အလွန် အမင်း စိုးရိမ် နေခြင်း (Cardiac neuroses)၊

(၉) ရင်ဘတ် နံရံ ရောင်ခြင်း၊

(၁၀) သည်းခြေ အိတ်တွင် ရောဂါ ၀င်၍ ရောင်ခြင်း

စသည်တို့ ကြောင့်လည်း ရင်ဘတ် အောင့်ခြင်း ကို ဖြစ်စေ နိုင်ပါ သည်။

မည်သူ မဆို မည်သည့် အကြောင်း ကြောင့် ရင်ဘတ် အောင့်သည် ဖြစ်စေ ရင်ဘတ် အောင့်သည့် ဝေဒနာ ကို တစ်ကြိမ် ထက်မက ခံစား ရပါက အန္တရယ်ရှိ နိုင်သည်ကို နှလုံး မူ၍ ရောဂါကို အတိအ ကျသိ ရှိရန်နှင့် အချိန် မီကာကွယ်၊ ကုသ နိုင်ရန် ဆရာဝန်နှင့် မဖြစ် မနေ တွေ့သင့် ပါသည်။ မိမိ ကိုယ် မိမိ အစာအိမ် ရောဂါ (သို့) နှလုံး ရောဂါ ဖြစ်နေ သည်ဟု ယူဆ နေသူများ အနေဖြင့်လည်း ထိုရောဂါ များ အမှန် တကယ် ရှိနေ ပါက ဆရာဝန် ညွှန်ကြား ချက်မပါပဲ မိမိသန်ရာ ဆေးများ သုံးစွဲ နေခြင်းသည် ရောဂါကို ပျောက်ကင်း စေမည် မဟုတ်သည့် အပြင် ပိုမို ပွားလာ စေရန် မွေးထားသည် နှင့်ပင် တူနေ သဖြင့် အန္တရယ် ကြီးမား လှကြောင်းကို သတိ ပေးရင်း မိမိ၏ ကျန်းမာ ရေးကို ထိရောက်စွာ ကာကွယ် စောင့်ရှောက် ကြပါရန် အကြံပြု တင်ပြ အပ်ပါ သည်။

Health Digest

Wednesday, November 27, 2013

အမျိုးသမီးတွေဟာ ချစ်တင်းနှောတဲ့ ဘက်မှာ လွတ်လပ်တဲ့ သဘောထားတွေ ရှိလာ



ခုခေတ် အမျိုးသမီးတွေဟာ ချစ်တင်းနှောတဲ့အပိုင်းမှာ အရင်ထက် ပိုပြီးလွတ်လပ်တဲ့သဘောထားတွေ ရှိလာ ပါတယ်။ လွန်ခဲ့တဲ့ နှစ်၂၀ကနဲ့ယှဉ်ရင် ချစ်တင်းနှောဖက် အရေအတွက်ဟာ ၂ဆပိုများလာတယ်လို့ စစ်တမ်း ကောက်ချက်တွေအရ သိရပါတယ်။

အသက် ၁၆နှစ်ကနေ ၄၄နှစ်အတွင်း အရွယ်အမျိုးသမီးတွေရဲ့ ဘ၀တစ်လျှောက်မှာ ချစ်တင်းနှောဖက်၊ ဆန့်ကျင်ဘက်လိင် ၇.၇ ယောက်နှုန်း အကြမ်းဖျင်းရှိပါတယ်။ ၁၉၉၁ခုနှစ်တုန်းက ၃.၇ယောက်နှုန်း၊ ၂၀၀၁ ခုနှစ်မှာ ၆.၅ယောက်နှုန်းရှိခဲ့ပါတယ်။

အမျိုးသားတွေဟာ သောင်းပြောင်းဆက်ဆံတတ်ကြသေးပေမယ့်၊ အမျိုးသမီးတွေဟာ အဆန်းဖြစ်လာပြီး ချစ်တင်းနှောဖက်အရေအတွက်ဟာ ပိုများလာတဲ့အတွက် ကွာဟချက်က သိပ်မရှိတော့ပါဘူး။

၁၉၉၁ ခုနှစ်ကနေ ၂၀၀၁ခုနှစ်ကြားမှာ အမျိုးသားတွေရဲ့ ချစ်တင်းနှောဖက် ပျမ်းမျှအရေအတွက်ဟာ ၈.၆ ကနေ ၁၂.၆ ထိတက်လာပါတယ်။ ဒါပေမဲ့ ၂၀၁၂ခုနှစ်အရောက်မှာတော့ ၁၁.၇ထိ ပြန်ကျခဲ့တယ်လို့ စာရင်း ဇယား တွေအရ သိရပါတယ်။

လူသားတွေရဲ့ ချစ်တင်းနှော အကြိမ်ရေဟာ ၁၉၉၁ခုနှစ်တုန်းက ပျမ်းမျှတစ်လ ၅ကြိမ်နှုန်း ရှိနေခဲ့ပေမဲ့ ခုတော့ ပျမ်းမျှတစ်ပတ်တစ်ရက်နှုန်းထိ ကျဆင်းသွားခဲ့ပါတယ်။

Ref:telegraph

Tuesday, November 26, 2013

မျက်ခွံမို့ခြင်းနှင့် မျက်ကွင်းညိုခြင်းအတွက် သဘာဝကုထုံးများ


၁) လိပ်ခေါင်းလိမ်းဆေး
မော်ဒယ်များနှင့်ကပြဖျော်ဖြေသူများသည် မျက်ရစ်ဖောင်းခြင်း၊ မျက်ရစ်တွဲကျခြင်းများအတွက် လိပ်ခေါင်းလိမ်းဆေးကို နှစ်ပေါင်းများစွာ အသုံးပြုခဲ့ကြသည်။ ထိုဆေးသည် ဖောင်းအိတွဲကျနေသည့် မျက်ရစ်၊မျက်ခွံများတင်းရင်းစေပြီး အရေးအကြောင်းများကိုပါ လျော့ကျစေသည်။ လိမ်းဆေး၏အနံ့ပြင်းလွန်းပါက moisturizer ကရင်မ်နှင့်အနည်းငယ်ရောစပ်ပြီး အသုံးပြုပါ။

(၂) လက်ဖက်ရည်ထုပ်
လက်ဖက်ရည်တွင် tannin ဓါတ်များပါဝင်ပြီး ရေဆွဲယူနိုင်သည့် အာနိသင်ရှိရာ အချိန်များများစား စားပေး၍ အလှပြင်ချိန်မရသူ မော်ဒယ်များ၊ သရုပ်ဆောင်များအသုံးပြုလေ့ရှိကြသည်။ စက္ကူပတ်နှင့်လာသော လက်ဖက်ရည်ထုပ်နှစ်ထုပ်ကို ရေနွေးပူထဲနှစ်၍ စိုစွတ်စေပြီး ရေခဲ သေတ္တာထဲချက်ချင်းထည့်၍ အအေးခံပါ။ ထို့နောက်မျက်လုံးတစ်ဖက်စီပေါ် လက်ဖက်ရည်ထုပ်တစ်ခုစီ တင်ပြီး ငါးမိနစ်ခန့်ထားပါ။

(၃) ထောပတ်သီး
ပင်ပန်းမှုကြောင့် မျက်ကွင်းညို ခြင်းဖြစ်ပေါ်သည့်အခါ ဂရုတစိုက်မပြုပြင်လျှင် အချို့ပုဂ္ဂိုလ်များ၌ နှစ်ပေါင်းများစွာတိုင် မျက်ကွင်းညိုနေ တတ်သည်။ ထောပတ်သီးမှည့်ကို ခပ်ပါးပါးလှီးပြီး မျက်ကွင်းညိုနေသည့်နေရာများ၌ ကပ်ထားပေးပါ။

(၄) ဇွန်း
သတ္တုဇွန်းနှစ်ဇွန်းကို ရေအေး အေးထဲထည့်၍ မိနစ်အနည်းငယ်ခန့် စိမ်ထားပါ။ ထို့နောက်လဲလျောင်း၍ ဇွန်း၏ခုံးနေသောအပိုင်းကို မျက်ခွံ ပေါ် စက္ကန့် (၃၀) မှ စက္ကန့် (၆၀)အထိ တင်ထားပါ။ သတ္တု၏အအေး ဓါတ်သည် ပင်ပန်းနွမ်းနယ်နေသော မျက်လုံးများကို လန်းဆန်းစေနိုင် သည်။

(၅) သခွားသီး
မျက်လုံးတစ်ခုလုံးနီရဲမို့မောက်နေပါက သခွားသီးတစ်စိတ်စီကို မျက်လုံးပေါ်၌ မိနစ် (၃၀) ကြာတင် ပေးပါ။ သခွားသီး၏ အအေးဓါတ်နှင့် ရေဓါတ်ကြောင့်နီရဲနေသော မျက်လုံး များဖြူဝင်းလာစေသည်။


Health Updates Journal No. 93

Sunday, November 24, 2013

ဖေ့စ်ဘွတ်ခ်သုံးခြင်းရဲ့ ဆိုးကျိုးများ



ဖေ့စ်ဘွတ်ခ်စာမျက်နှာကိုမကြာခဏ refresh လုပ်ပြီးနောက်ဆုံးရသတင်းတွေ၊ notification တွေကိုတစ်ခုမှာလက်လွတ်မခံလိုက်ကြည့်ဖြစ်နေကြပြီလား။ သန်းခေါင်းကျော် တစ်ရေးနိုးလဲဖေ့စ်ဘွတ်ခ်ထဲဝင်ကြည့်ပြီး မိုးလင်းပေါက်တဲ့အထိဖေ့စ်ဘွတ်ခ် အသုံးပြုနေလို့  အိပ်ရေးပျက်ခဲ့ရတဲ့ ညတွေ ဘယ်လောက်များပြီလဲ။ အခုလိုဖေ့စ်ဘွတ်ခ်ကို အလွန်အကျွံ စွဲလန်းနေခြင်းကြောင့် အောက်ပါ အချက်တွေကိုခံစားနေရပါလိမ့်မယ်။

၁) ကိုယ့်ကိုယ်ကိုတန်ဖိုးထားလေးစားမှုများလျော့နည်းလာခြင်း။

Status တစ်ခုတင်လိုက်ပြီးတစ်နာရီလောက်ကြာအောင် စောင့်ဆိုင်းပြီးမှ like လေးခု၊ ငါးခုလောက်ပဲရနေချိန်မှာ၊ သူငယ်ချင်းတွေရဲ့  Status က like တွေအများကြီးရနေတာကို မြင်တွေ့ နေရင် စိတ်ထဲမှာမတင်မကျနဲ့ လျစ်လျှူရှုခံရသလို၊ အထီးကျန်ဆန်နေသလိုခံစားနေရတတ်ပါတယ်။ ဆိုရှယ်လ်နက်ဝေါ့ခ်ပိုင်းကို လေ့လာခဲ့သူတွေရဲ့ တွေ့ ရှိချက်ကတော့ ဆိုရှယ်လ်နက်ဝေါ့ခ် အသုံးပြုသူ တော်တော်များများက မိမိရဲ့ အွန်လိုင်းပေါ်ကရုပ်သွင်သဏ္ဍာန်ကိုတခြားသူတွေနဲ့  ယှဉ်နှိုင်းဝေဖန်ခံရပြီး မကောင်းတဲ့အမြင်နဲ့ ရှုံချပြောဆိုခံရတာကို မလိုလားကြပါဘူး။ ဒီလိုရှုံချဝေဖန်ခံရတာများလို့  ဖေ့စ်ဘွတ်ခ်ပေါ်မှာထင်တိုင်းကြဲလုပ်ချင်တာလုပ်ပြီး ကိုယ့်ကိုယ်ကိုတန်ဖိုးမထားတတ်ကြတော့တဲ့ သူတွေဖြစ်လာကြတာလဲမနည်းတော့ပါဘူး။

၂) လူအများရဲ့  အာရုံစိုက်မှုဖြင့် လွှမ်းမိုးခံလိုခြင်း။

ရုပ်ရှင်ရုံမှာရုပ်ရှင်ကြည့်နေပါတယ် ဆိုတဲ့အကြောင်းကို status အဖြစ်တင်ပြီး ၁၀မိနစ်ခြားတစ်ခါလောက် notification တတ်မတတ်စောင့်ကြည့်နေပြီးနာရီဝက်လောက်ကြာမှ notification တစ်ခုတတ်လာတာကိုဝမ်းသာအားရဖြစ်နေတတ်ကြပါတယ်။ အလားတူပါပဲ။ ညဘက်အိပ်ရာဝင်ချိန်တွေမှာလည်း အွန်လိုင်းတက်ပြီး status တစ်ခုမဟုတ် တစ်ခုတင်၊ လူအများရဲ့ အာရုံစိုက်မှုကိုရယူဖို့  စောင့်ဆိုင်းပြီးအချိန်ကုန်လွန်နေတတ်ကြတာဆယ်ကျော်သက်လူငယ်တွေ အများဆုံးဖြစ်တတ်ပါတယ်။

၃) ကိုယ်ရေးကိုယ်တာအချက်အလက် နှင့် ဆက်စပ်သောသောကများ။

မိဘနဲ့ သားသမီး၊ မိတ်ဆွေအပေါင်းအသင်း၊ ချစ်သူရည်းစားနဲ့ လင်မယားတွေအကြား ဆက်ဆံရေးတွေကို ပုဂ္ဂလိကအတွင်းရေးအနေနဲ့ ထားရှိကြပြီးအပြန်အလှန် ရိုသေနားလည်မှုတွေ အရင်ကရှိခဲ့ကြပါတယ်။ ဒါပေမယ့် ဖေ့စ်ဘွတ်ခ်ရဲ့ ကျေးဇူးတွေကြောင့် ကိုယ်ရေးကိုယ်တာတွေဆိုတာမရှိတော့ပါဘူး။ လူကြီးမိဘတွေကဘယ်လိုစိတ်အနှောက်အယှက်ဖြစ်စေပါတယ်ဆိုတဲ့ အကြောင်းအရာတွေ၊ ချစ်သူရည်းစားက ဘယ်လိုဖြစ်ပါတယ်ဆိုတဲ့အကြောင်းအရာတွေ၊ သူငယ်ချင်းကနောက်ကွယ်မှာဓားထိုးတယ်ဆိုတဲ့ status တွေကို လူအများသိအောင် ဖေ့စ်ဘွတ်ခ်မှာကြေညာချက်တွေထုတ်နေကြပါတယ်။ အားပေးအားမြောက်လုပ်သူတွေက like လုပ်၊ comment ပေးတာတွေလုပ်ပြီး မြှောက်ထိုးပင့်ကော်တွေလုပ်ပြီးတကယ့်လက်တွေ့ ပြဿနာတွေကို ဝိုင်းကူရှင်းပေးနိုင်ကြတာ မဟုတ်ပါဘူး။ ချစ်သူရည်းစားတွေကြားမှာတော့ Password (စကားဝှက်) ကိုပေးလိုက်ခြင်းကအဆိုးဆုံးပါပဲ။ မျိုးစုံသောနည်းလမ်းတွေနဲ့ အချိန်တိုင်းထောက်လှမ်းစစ်ဆေးတာတွေကို ကြုံတွေ့ နေကြရပြီး၊ ကိုယ်ပိုင်အချိန်၊ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေဆိုတာ ပျောက်ပျက်စပြုနေပါပြီ။



၎) အွန်လိုင်းပေါ်ကရန်ငြိုးဟောင်းများ။

အွန်လိုင်းပေါ်က တချို့ လူတွေကစိတ်အနှောက်အယှက်အရမ်းဖြစ်စေပါတယ်။ အလုပ်မရှိအလုပ်ရှာ၊ အွန်လိုင်းမှာ လာခေါ်ပြီးစကားပြန်မပြောရင် ဆဲရေးတိုင်းထွာလုပ်သွားတတ်ကြပါတယ်။ အဖက်လုပ်ပြီး ပြန်ပြောမိရင်းစကားများရန်ဖြစ်ပြီးအညှိုးအတေးထားရှိပြီးအပြင်လောကမှာကိုယ်ထိလက်ရောက် အနာတရရ အောင်ပြုလုပ်တဲ့အမှုတွေလည်း ပေါ်ပေါက်ခဲ့ဖူးပါတယ်။ ဒါကြောင့်မလို့ အွန်လိုင်းပေါ်မှာမသိတဲ့သူတွေနဲ့ စကားမပြောပဲနေတာကပိုပြီး လုံခြုံစိတ်ချရပါတယ်။

၅) စွဲလန်းမှု။

ဖေ့စ်ဘွတ်ခ်ကြောင့် ကမ္ဘာတစ်ဝှမ်းက သူငယ်ချင်းတွေနဲ့ အမြဲအဆက်အသွယ်ရှိနေနိုင်လို့  ဖေ့စ်ဘွတ်ခ်ကတချို့ လူတွေအတွက် နေ့ စဉ်ဘဝမှာမရှိမဖြစ်လိုအပ်လာတာကိုတွေ့ ရပါတယ်။ အထူးသဖြင့် လူငယ်တွေကဖေ့စ်ဘွတ်ခ်ကိုသူတို့ ရဲ့ ကမ္ဘာအမှတ်နဲ့ စွဲလန်းရူးသွပ်ပြီးအချိန်တွေကိုဒီဆိုရှယ်လ်နက်ဝေါ့ခ်မှာ ဖြုန်းတီးနေရတာကို နှစ်သက်သဘောကျနေကြပါတယ်။ ဖေ့စ်ဘွတ်ခ်စွဲလန်းခြင်းကြောင့် ဘဝပျက်ရတဲ့ လူငယ်တွေ အများကြီးပါပဲ။

ဆူးချိုး

Ref: mensxp

Thursday, November 21, 2013

* သွားတိုက်ဆေး ၏ အသုံးဝင်ပုံများ *


* သွားတိုက်ဆေး ၏ အသုံးဝင်ပုံများ *
21-11-2013 နေ့ ထုတ် ပြည်ထောင်စုနေ့ စဉ်သတင်းစာ (စာမျက်နှာ ၁၀) မှာ ဖော်ပြ ခံရတဲ့ ဆောင်းပါးလေးပါ။ FB မှ မိတ်ဆွေများ သုတမျိုးစုံရစေဖို့ အတွက် မျှဝေလိုက် ရပါတယ်ရှင်။

 (အလှအပ အတွက်)

သွားတိုက်ဆေးထဲရှိ ပါဝင်တွေပစ္စည်းတွေက အသားအရေကိုသိပ်သည်းကျစ်လစ်စေပြီး၊ ရောင်ရမ်းမှုတွေကိုပါ
သက်သာစေလို့  အောက်ပါအတိုင်းသုံးပေးနိုင်ပါတယ်။

 (၁) နီရဲရောင်ကိုင်းနေတဲ့ ၀က်ခြံဖုပေါ်ကို အိပ်ယာဝင်ခါနီးမှာ သွားတိုက်ဆေးလေးအသာတို့ ပြီး အိပ်လိုက်ပါ။ တညလုံး အိပ် စက်ပြီးနောက် နံက်အိပ်ယာထ ရေအေးဖြင့်မျက်နှာသစ်လိုက်တဲ့အခါ မျက်နှာပေါ်က၀က်ခြံဖု သိသိသာသာသေးကျုံ့ သွားတာကို ဒိဌမြင်တွေ့ ရပါလိမ့်မယ်။

(၂) လက်သည်းခွံတွေကလည်း သွားတွေလိုပါဘဲ ကြွေသားအလွှာနဲ့ ဖုံးအုပ်ဖွဲ့ စည်းထားတာကြောင့်၊ လက်သည်းခွံတွေ အရောင် တောက်ပလာစေဖို့ သွားတိုက်ဆေးကိုသုံးနိုင်ပါတယ်။ လက်သည်းခွံအရောင်လှပလိုသူများ၊ လက်သည်းခွံမာလိုသူများနဲ့  လက်သည်းချေးညှော်ကင်းစင်လိုသူများ သွားတိုက်ဆေးလေးနဲ့ အယာအယာပွတ်တိုက်ပေးလိုက်ပါ။

(၃) အထူးသဖြင့် ဂျယ်လီသွားတိုက်ဆေး(gel toothpaste)တွေမှာ ထည့်သုံးထားတဲ့ ဂျယ်လီအမျိုးအစားဟာ ဆံပင်ဂျယ်ထဲမှာ သုံးလေ့ရှိတဲ့ပစ္စည်းတွေနဲ့ အတူတူပါဘဲ။ ဒါကြောင့် ဆံပင်ဂျယ်ကုန်နေတဲ့အခါ၊ အစားထိုးအနေနဲ့ ဂျယ်လီသွားတိုက်ဆေးအနည်း ငယ်ဖြင့် အရေးပေါ်သုံးပေးနိုင်ပါတယ်။ (ဆေးမြီးတို အတွက်) သွားတိုက်ဆေးက ဆေးမြီးတိုအနေနဲ့ အသုံးဝင်တာမို့ ၊ အရေးပေါ်ဆေးသေတ္တာဗူးထဲမှာ သွားတိုက်ဆေးလေး တစ်ဗူးလောက် ဆောင်ထားပေးလိုက်ပါ။

(၄) အရေပြားကွဲရှနာအမျိုးမျိုး၊ ပုရွက်ဆိတ်-ခြင်ကိုက်ခံရခြင်း/ပျားတုပ်ခံရခြင်းတို့ ကြောင့် အရေပြားများယားယံရောင်ရမ်းခြင်း တို့ အတွက် သွားတိုက်ဆေးအုံထားနိုင်ပါတယ်။
သွားတိုက်ဆေးခြောက်သွားတာနဲ့ တပြိုင်နက်၊ ထိခိုက်ဒဏ်ရာတွေလဲ ယူပစ် သလိုသက်သာလာစေပါတယ်။

 (၅) မတော်တဆ မီးပူကပ်မိခြင်း၊ ဟင်းအိုးအပူလောင်ခြင်း..စသည့် ကြီးကြီးမားမားဟုတ်သော အပူလောင်ခြင်းတို့ အတွက် သွား တိုက်ဆေးပွတ်လိမ်းထားခြင်းဖြင့် အပူချက်ချင်းငြိမ်းသွားသလို၊ နာကျင်မှုလည်း မဖြစ်စေတော့ပါဘူး။ အပူလောင်အရည်ကြည်ဖု ထွက်လာတဲ့အခါ သွားတိုက်ဆေးလိမ်းပေးခြင်းဖြင့် အနာမဖြစ်လာတော့ဘဲ မန်းရည်တွေတစိမ့်စိမ်ထွက်ပြီး ချပ်ရပ်သွားစေနိုင် ပါတယ်။

(၆) အရှိန်ပြင်းပြင်းကြောင့်ထိခိုက်မိ၍ သွေးစုခဲသွားတာကြောင့် အရေပြားညိုမည်းသွားခြင်းအတွက် သွားတိုက်ဆေးသုံး၍ အရေ ပြားပေါ် စက်ဝိုင်းပုံသဏ္ဍာန် အသားအယာပွတ်ချေလိမ်းပေးခြင်းဖြင့် သွေးခဲများကိုချေပေးနိုင်ပါတယ်။ (ဖက်ရှင် အတွက်) လက်ဝတ်ရတနာများ၊ အ၀တ်အစားများနဲ့ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ သစ်လွင်တောက်ပလာစေဖို့ အတွက် သွားတိုက် ဆေးက မရှိမဖြစ်ပါဘဲ။

 (၇) ငွေထည်ပစ္စည်းများ ၀င်းလက်တောက်ပြောင်စေရန်၊ သွားတိုက်ဆေးဖြင့်ပွတ်တိုက်၍ တညသိပ်ပြီး၊ နောက်နေ့ မှာ အ၀တ်ပါး ဖြင့်ပွတ်ပေးလိုက်ပါ။ စိန်ရတာတွေ အရောင်ဖြာထွက်လာစေဖို့ သွားတိုက်ဆေးဖြင့် အသာအယာပွတ်ပေးပြီးနောက် ရေဆေးပေး လိုက်ပါ။ (ပုလဲရတနာကိုတော့ သွားတိုက်ဆေး လုံးဝ မသုံးမိပါစေနဲ့ )

(၈) ရှုးဖိနပ်အစင်းကြောင်းပျောက်ပြီး၊ အရောင်ပြန်လည်သစ်လွင်လာစေဖို့  ဖိနပ်တိုက်တဲ့ ဘရက်ရှ်ပေါ် သွားတိုက်ဆေးတင်၍ ပွတ်တိုက်ပေးနိုင်ပါတယ်။

 (၉) သွားတိုက်ဆေးထဲမှာပါတဲ့ ချွတ်ဆေး(bleaching)တွေက သွားများကိုဖြူစင်စေသလို၊ အ၀တ်ထည် အစွန်းအထင်းများအ တွက်လည်း အင်မတန်မှအသုံးဝင်လှပါတယ်။ စွန်းထင်းသွားသောအ၀တ်ကို သွားတိုက်ဆေးသုံး၍ အစွန်းများပျောက်သွားသည် အထိ ပွတ်ပေးပြီးနောက်၊ ပုံမှန်အတိုင်းပြန်လည်လျှော်ဖွတ်ပေးရုံပါဘဲ။ (လူသုံးကုန်းပစ္စည်း အတွက်) ငွေကုန်ကြေးကျသက်သာအောင် သွားတိုက်ဆေးသုံး၍ အိမ်တွင်းပစ္စည်းများကို သန့် စင်ပေးနိုင်ပါတယ်။

(၁၀) ဆော်ဒါကိုထဲ့သွင်းဖော်စပ်ထားတဲ့ သွားတိုက်ဆေးတွေကလည်း ကွန်ပြူတာပေါ်ရှိအစွန်းအထင်းတွေကို သန့် စင်ဖယ်ရှား ပေးနိုင်တာကြောင့်၊ သန့် ရှင်းနူးညံ့တဲ့အ၀တ်စအပေါ် သွားတိုက်ဆေးတို့ ၍ ကွန်ပြူတာလက်ကွက်ခလုတ်များကို ဂျီးချွတ်ပေး လိုက်ပါ။

 (၁၁) အ၀တ်အထည်တွေ မီးပူတိုက်ရင်း မီးပူလောင်ကပ်မိတယ် ဆိုကြပါစို့ ။ ချက်ချင်းသွားတိုက်ဆေးနဲ့  အ၀တ်ကိုပွတ်ပေးပြီး
 နောက် ရေလျှော်ချလိုက်ပါ(နောက်ထပ်တစ်ကြိမ် မီးပူမတိုက်ခင်မှာ အ၀တ်မှာသုတ်လိမ်းထားတဲ့ သွားတိုက်ဆေးတွေ လုံးဝ ပြောင်စင်ဖို့ တော့ လိုတယ်နော်)

(၁၂) ကလေးနို့ ဗူးကို ဘယ်လောက်ပဲသန့်စင်အောင်ဆေးဆေး အထဲကနို့ ချဉ်နံ့ စွဲနေသေးတယ်ဆိုရင်တော့ နို့ ဗူးထဲကို သွား တိုက်ဆေးနဲ့ ရေနဲနဲထဲ့၊ အဖုံးပိတ်၍ ခပ်ပြင်းပြင်းခလောက်ပေးပြီး ရေစင်စင်ပြန်ဆေးပေးလိုက်ပါ။

(၁၃) ကွန်ပြူတာလက်ကွက်ခလုတ်မှာလိုဘဲ စန္ဒရားလက်ကွက်ခလုတ်တွေပေါ်မှာရှိနေတဲ့ လက်ဗွေရာတွေ/အဆီတွေ/ချေး ညှော်တွေကို သွားတိုက်ဆေးသုံးပြီး သန်စင်လို့ ရပါတယ်။ သန့် ရှင်းရေးလုပ်ပြီးတဲ့အခါ အ၀တ်ခြောက်တစ်ခုနဲ့ ပြန်ပွတ်တိုက် ပေးလိုက်ရုံပါဘဲ။

 (၁၄) အိမ်နံရံတွေမှာ ကလေးငယ်တွေရောင်စုံခဲတံနဲ့ လက်ဆော့ထားတဲ့ အစွန်းအထင်းတွေအတွက် စိတ်မညစ်ပါနဲ့ ။ အ၀တ်ပေါ် သွားတိုက်ဆေးသုတ်ပြီး အဲဒီအစွန်းအထင်းတွေကို ဘေးသို့ မပြန့် အောင် စက်ဝိုင်းသဏ္ဍာန် နာနာဖိပွတ်သန့် စင်ပေးနိုင်ပါတယ်။

(၁၅) ကြက်သွန်ဖြူ-နီ၊ ပြည်ကြီးငါး(ကင်းပွန်)၊ ငါး၊ ပုစွန် စတဲ့ ညှီနံ့ များကိုင်တွယ်ချက်ပြုတ်ပြီးနောက် လက်ကရနံ့ ဆိုးတွေ အလွယ်တကူ ပျောက်ချင်ပါသလား။ သွားတိုက်ဆေးဖြင့်သာ လက်ကို နာနာပွတ်တိုက်ပြီး ရေလောင်းချပေးလိုက်ပါ။

(ပေါက်ပေါက်….မျှဝေသည်) (မှီငြမ်း American Daily Health Tips on 10th Oct ’13) -- *promise.pauk*

Wednesday, November 20, 2013

ဆီးချိုကျဆေး


တမာခေါက်ကို ကျကျကျို၍ ဟင်းစားဇွန်းတစ်ဇွန်းခန့် တစ်နေ့သုံးကြိမ်သောက်ပါ။

ကျန်းမာရေးအတွက် အသုံးဝင် ဆေးမြီးတိုများ

အဖွားခေတ်က သုံးတဲ့ကျောက်ကြေဆေးနည်းလေးပါ


ဆီးအိမ် ကျောက်ကပ် ဆီးသွားလမ်းကြောင်းတို့မှာ ကျောက်တည်လျှင် အုန်းသီးနုနုကို မြေပေါ်မကျအောင် ဆွတ်ခူး၍ မျက်နှာဖွင့်ပြီး ငရုတိကောင်းငါးစေ့လှော် အမှုန့်ပြု ထိုအုန်းစိမ်းရည်၌ စိမ်၍ သောက်ပါ။ကျောက်များ ကြေ၍ ကျလိမ့်မည်။

ကျောက်ကပ်မှာ အနည်ထိုင်ချင်နေလျှင် မနက်အိပ်ယာထစ မတ်ခွက်တစ်ခွက်ရေအပြည့်သောက်ပေးပါ။ပျောက်ကင်းပါမည်။

ကျန်းမာရေးအတွက် အသုံးဝင် ဆေးမြီးတိုများ

Tuesday, November 19, 2013

Autism ဆိုတာ


ကျွန်မရဲ့ ၃ နှစ်အရွယ် သမီးလေးကို Autism ရှိတယ်လို့ ကလေး အထူးကု ဆရာဝန်က ပြောပါတယ်။ ကလေးကို Autism school ထားသင့် မထားသင့် သိချင်ပါတယ်။ အိမ်မှာဘဲ မိဘများက လေ့ကျင့်ပေးလို့ ရနိုင် မရနိင်။

Autism ဆိုတာ Neural development အာရုံကြော ချွတ်ယွင်းတဲ့ရောဂါ ဖြစ်တယ်။ Social interaction and communication လူမှုအသိုင်းအဝိုင်းမှာ ဆက်ဆံရေး၊ ဆက်သွယ်ရေးတွေမှာ အားနည်းနေမယ်။ Restricted and repetitive behavior အမူအယာ၊ အပြုအမူလဲ ပုံမှန်မဟုတ်ဘူး။ ၆ လလောက်မှာ စပေါ်ပေမဲ့ ၃ နှစ်အရွယ်မှာ သိသာတတ်တယ်။ မိဘတွေကနေ ၂ နှစ်အရွယ်လောက်ကစပြီး သတိထားမိလေ့ရှိတယ်။

ကလေးဟာ Information processing သူရတဲ့ သတင်းအချက်အလက်တွေကို ဦးနှောက်ကနေ ပုံဖေါ်ရာမှာ ကောင်းကောင်း မလုပ်နိုင်လို့ ဖြစ်ရတယ်။ အဲလိုမျိုး ဖြစ်တတ်တာ ၃ မျိုးထဲက တခုဖြစ်တယ်။ ရှုတ်ထွေးလှတဲ့ Genetic basis မျိုးဗီဇနဲ့ ပတ်သက်ပြီး ဖြစ်လာတယ်။

မူမှန်တာတွေက တဖြေးဖြေးပိုသိသာလာတယ်။ စောစော ပြုပြင်-ပြုစုပေးတာ ကောင်းတယ်။ သူ့ဖါသာသူ တတ်လာစေအောင် ပြင်-သင်ပေးရမယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် ပျောက်အောင်ကုသနည်း မရှိသေးပါ။ သက်သာလာသူတွေတော့ ရှိပါတယ်။ အဲလိုကလေးမျိုးဟာ သူတယောက်ထဲတော့ မရပ်တည်နိုင်ပါ။ တချို့တော့ အတော်နေနိုင်တာလဲ ရှိပါတယ်။

ရောဂါလက္ခဏာ အစုအေဝးရှိတယ်။ Social interaction လူမှုဝန်းကျင်ဆက်ဆံရေး၊ Communication ဆက်သွယ်ရေး၊ Interests စိတ်ဝင်စားမှု နည်းတာ နဲ့ Repetitive behavior တခုခုကို ထပ်ခါထပ်ခါ လုပ်ချင်တဲ့ အကျင့်တွေ ဖြစ်မယ်။ ဒါတွေအပြင် အစားစားပုံကလဲ သူများနဲ့မတူ ဖြစ်နေနိုင်တယ်။ ၁၂ လ အထိ ဘူးမမှုတ်ဘူး၊ ဘိုင့်ဘိုင် မလုပ်တတ်သေးဘူး၊ ၁၆ လ အထိ စကားတလုံး မပြောတတ်သေးဘူး၊ ၂၄ လအထိ စကား ၂ လုံးတွဲ မပြောတတ်သေးဘူး။

Diagnosis ရောဂါ ဟုတ်-မဟုတ်ကို အမူအယာကို ကြည့်ပြီးသာ သိနိုင်တယ်။ အထူးကု ဆရာဝန်တွေကနေ သတ်မှတ်ချက်တွေ လုပ်ထားတာရှိတယ်။ ဥပမာ ၆ ချက်ထဲက ၂ ချက်ရှိနေရင် ဒီရောဂါ ဟုတ်တယ်။

Management ဘယ်လိုပြုစုပေးမလဲ
ဦးတည်ချက်ဟာ (၁) အားနည်းချက်တွေကို နည်းစေရေး၊ (၂) မိသားစု စိတ်သောက နည်းစေရေး နဲ့ (၃) သူ့ဖါသာသူ ရပ်တည်နိုင်သလောက် ရပ်တည်စေနိုင်ရေးတွေ ဖြစ်တယ်။

ဘယ်ကုနည်းကမှ အကောင်းဆုံးလို့တော့ မရှိသေးပါ။ မိသားစု နဲ့ ကျောင်းတွေကနေ ပြင်ပေးရတယ်။ စိတ်ပြုပြင်မှု လုပ်ပေးတာကလဲ တချို့ကလေးတွေကိုတော့ ပိုကောင်းစေတယ်။ အားလုံးတော့ မဟုတ်ဘူး။ Special education programs အထူးပညာသင်ကြားမှု၊ Behavior therapy အမူအယာ ပြုပြင်ပေးမှုတွေကို ကလေး ငယ်ငယ်ကတည်းက ကျကျနနလုပ်ပေးတာ အကောင်းဆုံးနည်းဖြစ်တယ်။ ၃ နှစ်အရွယ်က ကောင်းပါတယ်။

Applied behavior analysis (ABA) အမူအယာ ခွဲခြမ်းစိတ်ဖြာခြင်း၊ Developmental models ဖွံ့ဖြိုးရေးပုံစံ၊ Structured teaching ပုံစံသွင်းခြင်း၊ Speech and language therapy စကားပြောသင်ခြင်း၊ Social skills therapy လူမှုဆက်ဆံရေး၊ နဲ့ Occupational therapy လုပ်ငန်းခွင် သင်တန်းနည်းတွေ ရှိတယ်။ Educational interventions ပညာရေးနည်းကနေ တိုးတက်စေနိုင်ပါတယ်။ တယောက်နဲ့တယောက်တော့ မတူဘူး။

Medications ဆေးဝါးတွေလဲ ကျောင်းမှာဖြစ်ဖြစ်၊ အိမ်မှာဖြစ်ဖြစ် ပေးနိုင်တယ်။ အမေရိကားမှာတော့ ကလေး ထက်ဝက်လောက်ကို Psychoactive drugs စိတ်ဆေးတွေနဲ့ Anticonvulsants အတက် သက်သာဆေးတွေကို ပေးတယ်။ အများဆုံး သုံးတာတွေကတော့ Antidepressants စိတ်မကျဆေး၊ Stimulants စိတ်တက်ကြွဆေးတွေနဲ့ Antipsychotics စိတ်ဆေးမျိုးတွေ ဖြစ်ကြတယ်။ တယောက်နဲ့ တယောက် ဆေးကုသမှုမှာ ထိရောက်တာ မတူကြဘူး။ ဒီလို ကလေးတွေကို အထူးသင်ပေးတဲ့ ကျောင်းတွေမှာ ဆရာ-ဆရာမတွေမှာ အထူးကျွမ်းကျင်မှုတွေ ရှိကြရတယ်။

Homeopathy (ဟိုမီယိုပသီ) ဆေးကုသနည်းလဲ ရှိတယ်။ တခြားနည်းတွေလဲ ရှိတော့ရှိတယ်။ သုတေသန လုပ်ထားတာ နည်းသေးတယ်။ ကလေးကို ပိုဒုက္ခပေးတာလဲ ရှိတတ်တယ်။

Prognosis အလားအလာ
လုံးဝ ပျောက်တာတော့ မရှိပါ။ တချို့ ကောင်းလာတယ်။ ဘယ်လောက် အဲလိုကောင်းသလဲ မသေခြာဘူး။ ၃-၂၅% ဖြစ်နိုင်တယ်။ ၅ နှစ်အရွယ်မှာ စကား ပြောနိုင်လာတာ များတယ်။ IQ 50 နဲ့ ကျွမ်းကျင်မှုတခုခုရှိတာ ကောင်းတဲ့တိုးတက်မှု ဖြစ်တယ်။

၁၉၈ဝ မတိုင် ဗြိတိန် သုတေသနတခုအရ (အိုင်ကျူ) ၅ဝ ရှိသူကလေးတွေထဲက ၁၂% ဟာ ကြီးလာတဲ့အခါ သူ့ဖါသာသူ ရပ်တည်နိုင်လာတယ်။ ၁ဝ% ဟာ အလုပ်လုပ်ရာမှာ အကူအညီလိုတယ်။ ၁၉% ဟာ အိမ်မှာတင်နေကြရပြီး၊ သူများ အကူအညီ ယူရတယ်။ ၄၆% ဟာ အထူးပြုစုစောင့်ရှောက်မှု လိုကြတယ်။ ၁၂% ဟာ ဆေးရုံတင်ကုသမှု လိုတယ်။

၂ဝဝ၅ ခုနှစ် ဆွီဒင် သုတေသနတခုအရ IQ နည်းသူတွေအပါအဝင် ဖြစ်နေသူပေါင်း ၇၈ ယောက်ကို စစ်ဆေးတဲ့အခါ ၄% သာ ဖါသာရပ်တည်နိုင်ကြတယ်။

၂ဝဝ၈ ခုနှစ် ကနေဒါ လေ့လာမှုတခုအရ လူလတ်ပိုင်း ၄၈ ယောက်ကို လေ့လာတော့ ၄% ကအတော်ကောင်း၊ ၁၇% က ကောင်း၊ ၃၂% က သင့် နဲ့ ၄၆% မှာ ညံ့တာ တွေ့ရတယ်။ သူတို့ထဲက ၅၆% ဟာ အလုပ်တချို့မှာ ဝင်လုပ်နိုင်ကြတယ်။

Dr. တင့်ဆွေ