Showing posts with label ဘောလုံးသတင်း. Show all posts
Showing posts with label ဘောလုံးသတင်း. Show all posts

Thursday, November 14, 2013

အာဆင်နယ်နှင့် အနာဂတ်ကို နှုတ်ဆိတ်နေဆဲဖြစ်သည့် ဗာမေလန်


အာဆင်နယ် အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံထားရသည့်တိုင် ဘယ်လ်ဂျီယံ လက်ရွေးစင် ဗဟိုနောက်ခံလူသည် အသင်း၏ အရန်ကစားသမား အဖြစ်သာ သတ်မှတ်ခံနေရသူ ဖြစ်သည်။

အာဆင်နယ် အသင်း၏ အနာဂတ်နှင့် ပတ်သက်ပြီး တိတိကျကျ ပြောဆိုရန် သောမတ်စ် ဗာမေလန်က နှုတ်ဆိတ်နေဆဲဖြစ်သည်။ အာဆင်နယ် အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံထားရသည့်တိုင် ဘယ်လ်ဂျီယံ လက်ရွေးစင် ဗဟိုနောက်ခံလူသည် အသင်း၏ အရန်ကစားသမား အဖြစ်သာ သတ်မှတ်ခံနေရသူ ဖြစ်သည်။ မန်နေဂျာ အာစင်ဝင်းဂါးသည် ခံစစ်ဗဟိုချက်ကို လောရင့်ကိုစီရယ်လ်နီ၊ ပါးမာတီဆက်ကာတို့နှင့် ပူးပေါင်း တည်ဆောက်ထားပြီးနောက် ဗာမေလန်သည် ဒုတိယဦးစားပေး နောက်ခံလူ ဘဝသို့ အလိုအလျောက် ရောက်ရှိသွားခဲ့သည်။ ဗာမေလန် အနေဖြင့် အဆိုပါ အခြေအနေကြောင့် အမ်းမရိတ်စ်ကွင်းမှ ထွက်ခွာမည်ဟု သတင်းကြီးနေပြီး ယင်းကိစ္စနှင့် ပတ်သက်၍ ကစားသမား ကိုယ်တိုင်က တိတိကျကျ ဖြေရှင်းချက် မပေးသေးချေ။

လတ်တလောတွင် ၎င်းဒဏ်ရာရနေကြောင်း သတင်းများကိုမူ ဗာမေလန်က ငြင်းဆန်ခဲ့သည်။ ၎င်းအနေဖြင့် အာဆင်နယ်နှင့် လေ့ကျင့်ရေး အစီအစဉ်ကို စောစီးစွာ ရုတ်သိမ်းခဲ့မှုနှင့် ပတ်သက်ပြီး သတင်းထောက်များက ဒဏ်ရာကြောင့် ဟုတ်မဟုတ် မေးမြန်းရာ "ကျွန်တော် အဆင်ပြေပါတယ်။ ဘာဒဏ်ရာမှ မရှိဘူး။ တနင်္ဂနွေနေ့က ပွဲစဉ်အပြီးမှာ ကျွန်တော် ကြံ့ခိုင်မှုအပြည့် ရှိနေပါတယ်"ဟု တုံ့ပြန်ဖြေကြားခဲ့သည်။ အနာဂတ်နှင့် ပတ်သက်၍ အာဆင်နယ်တွင် မြှုပ်နှံရန် စိတ်ကူးရှိမရှိကိုမူ ဗာမေလန်က ရှောင်လွှဲပြောဆိုသွားသည်။

"ဒီအခြေအနေကို ကျွန်တော် ဘာမှ မပြောလိုသေးဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် ထုတ်ပြောရင် အဆိုးဘက်ကို ဦးတည်သွားနိုင်တယ်လေ။ ကျွန်တော် ဘာမှ မပြောချင်ပါဘူး။ ဒီကိစ္စက ကျွန်တော့်ပြဿနာ မဟုတ်ဘူး။ အသင်းက ဆုံးဖြတ်ရမှာပါ။ ကျွန်တော်ကတော့ ကိုယ်လုပ်စရာ ရှိတာကို အကောင်းဆုံး လုပ်နေမှာပါပဲ"ဟုလည်း ဗာမေလန်က ပြောကြားသွားခဲ့သည်။

Planet Myanmar Network

Friday, October 18, 2013

မန်ချက်စတာယူနိုက်တက် - ဆောက်သမ်ပ်တန် ပွဲမတိုင်မီ ထူးခြားချက်များ


ပရီးမီးယားလိဂ် ပွဲစဉ် ၈ ဖြစ်သည့် မန်ချက်စတာယူနိုက်တက်အသင်းနှင့် ဆောက်သမ်ပ်တန်အသင်းတို့ ယှဉ်ပြိုင်ကြမည့် ပွဲစဉ် မတိုင်မီ ဒါဏ်ရာရ ပွဲပါယ် ကစားသမားများ စာရင်းများနှင့် ထူးခြားချက်များကို တင်ပြအပ်ပါသည်။

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဖြစ်သူ ရောဘင် ဗန်ပါစီဟာ ဟော်လန်လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားပေးခဲ့သော်လည်း ခြေသလုံး ကြွက်သား ဒါဏ်ရာကြောင့် ယခုပွဲစဉ်မှာ ပါဝင်နိုင်ဖို့ မသေချာသေးပေ။ တွမ် ကလဲဗားလေးကိုလည်း စောင့်ကြည့်ရအုံးမည် ဖြစ်သလို ရီယို ဖာဒီနန်ကတော့ ပေါင်ခြံဒါဏ်ရာမှ သက်သာလာပြီ ဖြစ်သည်။

ဆောက်သမ်ပ်တန် ဂိုးသမား အာတာ ဘော်ရစ်ဟာ ပိုလန်အသင်းအတွက် နိုင်ငံလက်ရွေးစင် ပွဲစဉ်မှာ တံကောက်ကြော ဒါဏ်ရာကြောင့် လွဲချော်ခဲ့သော်လည်း ယခုပွဲစဉ်မှာ ပြန်လည် ပါဝင်လာဖွယ် ရှိနေသည်။ နောက်ခံလူ လုခ် ရှော ဟာလည်း အင်္ဂလန် ၂၁ နှစ်အောက် လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံခဲ့ရပြီး အဖျား ဝေဒနာကြောင့် လွဲချော်ခဲ့သည်။ ယခုပွဲစဉ်မှာတော့ ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝလာပြီဖြစ်သည်။

☻ ထိပ်တိုက်တွေ့ဆုံမှု အရ၂၀၀၃ ခုနှစ်နောက်ပိုင်းတွေ့ဆုံခဲ့သည့် ၈ ပွဲမှာ မန်ယူနိုက်တက်အသင်းက ၈ ပွဲစလုံး အနိုင်ရရှိခဲ့သည်။ ၂၀၀၃ ခုနှစ် သြဂုတ်လတုန်းက ဂျိန်းစ် ဘီတီ၏ သွင်းဂိုးတစ်ဂိုးဖြင့် ဆောက်သမ်ပ်တန်အသင်းက အနိုင်ရခဲ့သည်။

☻ ဆောက်သမ်ပ်တန်အသင်းဟာ အိုးထရက်ဖို့ဒ်မှာ လာရောက် ကစားရသည့် နောက်ဆုံး ၁၈ ပွဲ နိုင်ပွဲ မရခဲ့ပဲ ၂ ပွဲသရေ ၁၆ ပွဲ ရှုံးနိမ့်ခဲ့သည်။ နောက်ဆုံး သရေကျခဲ့သည့် ပွဲစဉ်မှာ ၁၉၉၉ ခုနှစ်က ဖြစ်ပြီး ၃-၃ ဂိုးစီ သရေကျခဲ့ခြင်း ဖြစ်သည်။

☻ ဆောက်သမ်ပ်တန်အသင်း အိုးထရက်ဖို့ဒ်မှာ နောက်ဆုံး အနိုင်ရခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်ဟာ ၁၉၉၈ ခုနှစ် ဇန်နဝါရီလတုန်းက ဖြစ်ပြီး ထိုစဉ်က ၀-၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။

☻ ၁၉၉၂ ခုနှစ်ကလည်း အက်ဖ်အေဖလား စတုတ္ထအဆင့် မှာ တွေ့ဆုံခဲ့ဖူးပြီး ဆောက်သမ်ပ်တန်အသင်းက ပယ်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရခဲ့ဖူးသည်။

☻ မန်ချက်စတာယူနိုက်တက်အသင်းဟာ ၂၀၀၂ ခုနှစ်နောက်ပိုင်း အိမ်ကွင်း ၂ ပွဲဆက် ရှုံးပွဲ မတွေ့ခဲ့ဖူးပေ။ ထိုစဉ်က အာဆင်နယ်အသင်းနှင့် မစ်ဒယ်ဘရော့ အသင်းကို ၂ ပွဲဆက် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

☻ ပြီးခဲ့သည့် ဘောလုံးရာသီမှ စတင် ရေတွက်လျှင် မန်ချက်စတာယူနိုက်တက် နောက်ခံလူ ပက်ထရစ် အီဗရာဟာ ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးပေးမှု အများဆုံး ပြုလုပ်ထားနိုင်သည့် နောက်ခံကစားသမား တစ်ဦး ဖြစ်ပြီး ၆ ဂိုး ဖန်တီးပေးနိုင်ခဲ့သည်။

☻ ယူနိုက်တက်အသင်းဟာ ယခုနှစ် ပရီးမီးယားလိဂ်မှာ အိမ်ကွင်း သွင်းဂိုး ၃ ဂိုးသာ ရှိပြီး ယူနိုက်တက်ထက် အိမ်ကွင်း သွင်းဂိုးနည်းသည့် အသင်းအဖြစ် စတုတ် (၂ ဂိုး) တစ်သင်းတည်းသာ ရှိသည်။

☻ မန်ယူနိုက်တက်အသင်းဟာ ပွဲထွက် ကစားသမားအဖြစ် ယခုနှစ် ပရီးမီးယားလိဂ်မှာ ကစားသမား ၂၄ ယောက်အထိ အသုံးပြုခဲ့ပြီး အရေအတွက် အများဆုံး အသင်းဖြစ်သည်။

☻ ပယ်နယ်တီသွင်းဂိုးများကို မတွက်ချက်ပါက တိုက်စစ်မှူး ဗန်ပါစီဟာ နောက်ဆုံး ကစားခဲ့သည့် ၁၈ ပွဲမှာ ၄ ပွဲသာ ဂိုးသွင်းယူနိုင်ခဲ့သည်။ နောက်ဆုံး ၅ ပွဲဆက် ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ပေ။

☻ ဆောက်သမ်ပ်တန်အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ်မှာ ခံစစ် အကောင်းဆုံး အသင်းဖြစ်ပြီး ပေးဂိုးမရှိ ကစားနိုင်ခဲ့သည့် ပွဲပေါင်း ၅ ပွဲအထိ စွမ်းဆောင်နိုင်ခဲ့ပြီး ပေးဂိုး ၂ ဂိုးတည်းသာ ပေးထားရသည်။

☻ ဆောက်သမ်ပ်တန်အသင်းဟာ ယခုနှစ် ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၇ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ ၆ ဂိုးသွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

☻ ဆောက်သမ်ပ်တန်အသင်းဟာ နောက်ဆုံး ကစားခဲ့သည့် ၁၉ ပွဲမှာ ၃ ပွဲသာ ရှုံးနိမ့်ခဲ့သည်။

Football Café

Friday, October 11, 2013

မက်ဆီ၊ ရော်နယ်ဒိုတို့ကို ဘရာဇီး၏ မွေးစားကစားသမားအဖြစ် ဘရာဇီးတိုက်စစ်မှူးဟောင်း ရော်နယ်ဒို မြင်တွေ့လို


ဘရာဇီးတိုက်စစ်မှူးဟောင်း ရော်နယ်ဒိုက မက်ဆီ၊ ရော်နယ်ဒိုတို့ကို မိမိတို့နိုင်ငံအသင်း၏ မွေးစားကစားသမားများအဖြစ် မြင်လိုကြောင်း ရီယိုဒီဂျနေရိုးတွင် ကျင်းပပြုလုပ်သည့် ကမ္ဘာ့ဖလားအကြို သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဘရာဇီးသား ဒီယေဂိုကော်စတာက နိုင်ငံသားခံယူထားသည့် စပိန်အသင်းအတွက် ကိုယ်စားပြုမည်ဟု အတည်ပြုခဲ့ပြီး ရော်နယ်ဒိုက ယခုကဲ့သို့ ဖွင့်ဟခဲ့ခြင်းဖြစ်သည်။

“မက်ဆီ၊ ရော်နယ်ဒိုတို့ကိုသာ သူတို့နိုင်ငံတွေကို ငြင်းပယ်ပြီး ဘရာဇီးအတွက် ကစားပေးမယ်ဆိုရင် သိပ်ကောင်းမှာပဲ။ မွေးဖွားရာနိုင်ငံက ကစားခွင့်မပြုဘဲ နိုင်ငံသားဖြစ်နေတဲ့နိုင်ငံအတွက် ကစားပေးတာကလည်း အထွေအထူး ကိစ္စတော့ မဟုတ်ပါဘူး” ဟု ရော်နယ်ဒိုက ပြောခဲ့သည်။ ထို့အပြင် ရော်နယ်ဒိုက စပိန်အသင်းအတွက် ကိုယ်စားပြုမည်ဟု ဖွင့်ဟခဲ့သော ကော်စတာ၏ ဆုံးဖြတ်ချက်ကို သဘောတူကြောင်းလည်း ထုတ်ဖော်သွားခဲ့သည်။

ဇော်ထွန်း(ရိုးရာလေး)

Wednesday, October 9, 2013

မန်ယူအသင်းမှာ ထွက်ခွာဖို့ ပြောကြားလာသည့် ဖေဘီယို

Thursday, October 10, 2013
-----------------------------------

မန်ချက်စတာယူနိုက်တက် နောက်ခံ ကစားသမား ဖေဘီယို ဒါဆေးလ်ဗားဟာ မန်ယူအသင်းမှ ထွက်ခွာဖို့ စဉ်းစားနေပြီ ဖြစ်ကြောင်း၊ ငယ်စဉ်က ပါဝင်ကစားပေးခဲ့ဖူးသည့် ဖလူမီနီးစ်အသင်းသို့ ပြန် လည် ပြောင်းရွှေ့နိုင်ခြေ ရှိနေကြောင်း ပြောကြားလိုက်သည်။

ဖေဘီယိုက “အခုလောလောဆယ်တော့ မသိသေးပါဘူး။ ကျနော့်အထင်တော့ လာမယ့် အပြောင်းအရွှေ့ရာသီ၊ ဒါမှ မဟုတ် နောက်နှစ်မှာ ဖြစ်လာနိုင်ပါတယ်။ ကျနော် ထွက်ခွာသင့်ပြီလို့ ထင်ပါတယ်။ ဖြစ်လာနိုင်စရာတွေ အများကြီး ရှိနေပါတယ်။ ကျနော် အခု တစ်ခြားအသင်းတွေကို ကြည့်နေပါပြီ။ သေချာပေါက် ပြောနိုင်တာတော့ မရှိသေးပါဘူး။”

“ကျနော် ပျော်ရွှင်မှုတွေ လိုလားပါတယ်။ ပြီးတော့ ကျနော် ကစားခွင့် ရချင်ပါတယ်။ ကျနော် မိသားစုနဲ့လည်း နီးနီးကပ်ကပ်နေချင်ပါတယ်။ ကျနော် ဘရာဇီးလ်ကို ပြန်သွားနိုင်သလို၊ ဘရာဇီးလ်မဟုတ်တဲ့နေရာလည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ ကျနော်အတွက် ဘယ်အရာက အကောင်းဆုံးလဲ ဆိုတာကို မန်နေဂျာနဲ့ သေသေချာချာ စစ်ဆေးနေပါတယ်။” ဟု ပြောကြားခဲ့သည်။

ဖေဘီယိုဟာ ဘရာဇီးလ်ကလပ် ဖလူမီနီးစ်မှာ ငယ်စဉ်က ပါဝင် ကစားပေးခဲ့ဖူးသည့် ကစားသမား ဖြစ်ပြီး ဖလူမီနီးစ်အသင်းမှာပြန်လည် ခြေချဖွယ်ရှိကြောင်းကိုလည်း အရိမ်အမြွက်မျှ ပြောကြားခဲ့သေးသည်။

“ဖလူမီနီးစ်အသင်းအပေါ်မှာ ထားတဲ့ ကျနော့် ခင်တွယ်မှုဟာ သိပ်ကို ကြီးမားပါတယ်။ သေချာတာပေါ့။ ကျနော် အဲဒီမှာ ၇ နှစ်တောင် ကစားခဲ့ပါတယ်။ တကယ်လို့များ ကျနော် အဲဒီကို ပြန်သွားပြီး ကစားရမယ်ဆိုရင် သိပ်ကို ဂုဏ်ယူမိမှာပါ။ ဘာလို့လဲဆိုတော့ ကျနော် သူတို့ကို သိပ်ခင်တွယ်လို့ပါပဲ။” ဟု ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

Written by အောင်စိုးမိုး(နတ်ရွာ)
football-cafe

Sunday, October 6, 2013

ချဲလ်ဆီး၊ ဆောက်သမ်တန်အနိုင်ရခဲ့တဲ့ ပွဲစဉ်(၇)သုံးသပ်ချက်နဲ့ ထူးခြားမှတ်တမ်း

တနင်္ဂနွေည အစောပိုင်းပွဲစဉ်တွေမှာတော့ ချဲလ်ဆီးနဲ့ ဆောက်သမ်တန်တို့ အောင်ပွဲခံ သွားနိုင်ခဲ့ပါတယ်။ ပွဲအစ(၄)မိနစ်မှာကတည်းက ဒမ်ဘာဘာခင်းပေးတဲ့ ဘောလုံးကို
အောစကာ မနားတမ်းကန်သွင်းနိုင်ခဲ့လို့ ချဲလ်ဆီးတို့ အဖွင့်ဂိုးရခဲ့ပြီး ပထမပိုင်းမှာတင် ဒုတိယဂိုး ထပ်ရသင့်ခဲ့ပေမယ့် ဒမ်ဘာဘာ အသုံးမချနိုင်ခဲ့ပါဘူး။

ဒီနောက်ပိုင်းမှာနောဝစ်ခ်ျတို့ ဖိအားပေးလာနိုင်ခဲ့ပြီး ပွဲချိန်(၆၈)မိနစ်အရောက်မှာတော့ ဘယ်တောင်ပံ ဖြတ်တင်ဘောကတစ်ဆင့် ၀ုဖ်ဝင်ကယ် ခေါင်းတိုက်ချပေးတာကို ပီကင်တန်က အနီးကပ်ခေါင်းတိုက်
သွင်းယူခဲ့လို့ ချေပဂိုး ရသွားခဲ့ပါတယ်။

အဲဒီနောက်မှာတော့ မော်ရင်ဟိုရဲ့ လူစားလဲမှုတွေက ချီးကျူးချင်စရာဖြစ်ခဲ့ပြီး အက်ရှ်လေကိုးလ်အစား လူစားဝင်လာတဲ့ ဟာဇက်က ဒုတိယဂိုး၊ မာတာနေရာ ၀င်ကစားတဲ့ ၀ီလျံက ဧရိယာအစပ် ကန်ချက်နဲ့ ပွဲသိမ်းဂိုး သွင်းပေးနိုင်ခဲ့တာကြောင့် ချဲလ်ဆီးတို့ ပထမဆုံး အဝေးကွင်းနိုင်ပွဲ ရရှိသွားခဲ့ပါတယ်။

ထူးခြားမှတ်တမ်းတွေကတော့ နည်းပြခရစ်ဟောက်တန်လက်ထက် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အိမ်ကွင်း(၂၂)ပွဲမှာ (၂၃)ဂိုးပဲ ပေးထားရပြီး ပေးဂိုးမရှိ(၉)ပွဲ ကစားနိုင်ခဲ့တဲ့ နောဝစ်ခ်ျဟာ ချဲလ်ဆီးနဲ့အတွေ့မှာ(၃)ဂိုးအထိပေးခဲ့ရတာ၊ နောဝစ်ခ်ျနဲ့ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၇)ပွဲမှာ ချဲလ်ဆီးက (၆)ပွဲနိုင်၊ (၁)ပွဲသရေရလဒ် ပိုင်ဆိုင်ခဲ့တာပါပဲ။

Match Stats

Norwich City Chelsea

14(3) Shots (on goal) 22(8)

12 Fouls 9

4 Corner kicks 6

1 Offsides 2

45% Time of Possession 55%

1 Yellow Cards 1

0 Red Cards 0

5 Saves 2

ဆောက်သမ်တန်နဲ့ ဆွမ်ဆီးတို့ပွဲစဉ်ဟာလည်း တိုက်စစ်အားပြိုင်မှု၊ လျှင်လျှင်မြန်မြန် ထိုးဖောက်မှုတွေနဲ့စိတ်လှုပ်ရှားစရာ
ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပါတယ်။ ဒီပွဲမှာ ဆောက်သမ်တန်တို့ (၂)ဂိုးပြတ်အနိုင်ရပေမယ့် ခြေစွမ်းပိုင်း ကွာဟမှု သိပ်မရှိခဲ့တာလည်း တွေ့ရပါတယ်။ ပွဲအစပိုင်းမှာ ဆွမ်ဆီးတို့ ဂိုးပေါက်ခြိမ်းခြောက်နိုင်ခဲ့ပေမယ့် (၁၉)မိနစ်အရောက်မှာတော့ လာလာနာက ဂိုးဧရိယာထဲကနေ ကန်သွင်းပြီး ဆောက်သမ်တန်အတွက် အဖွင့်ဂိုး စသွင်းနိုင်ခဲ့ပါတယ်။

ဒီဂိုးပေးလိုက်ရပြီးနောက်မှာ ဆွမ်ဆီးတို့ တောက်လျှောက်တိုက်စစ်ဆင်ခဲ့ပြီး ၀ီလ်ဖရိုင်းဘိုနီ၊ မီချူးတို့ရဲ့ ကန်ချက်တွေကို ဘိုရက် ကာကွယ်နိုင်ခဲ့သလို နာသန်ဒိုင်ယာရဲ့(၃၆)မိနစ် ကန်ချက် တိုင်ထိထွက်ခဲ့တာကြောင့် ဆွမ်ဆီးအတွက် နစ်နာခဲ့ရပြီး ပွဲချိန်(၈၂)မိနစ် အရောက်မှာတော့ ရိုဒရီဂွက်ဇ်က ဒုတိယဂိုး ထပ်သွင်းခဲ့တာပါ။ ဒီပွဲစဉ်ရဲ့ ထူးခြားချက်ကတော့ ဆောက်သမ်တန်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် (၃)ပွဲဆက် အနိုင်ရခဲ့သလို (၄)ပွဲဆက် ပေးဂိုးမရှိကစားနိုင်ခဲ့တာပဲဖြစ်ပါတယ်။

Match Stats

Southampton Swansea City

12(4) Shots (on goal) 17(7)

13 Fouls 8

7 Corner kicks 4

5 Offsides 1

42% Time of Possession 58%

3 Yellow Cards 1

0 Red Cards 0

7 Saves 2
Yoyarlay.

ရီးယဲမက်ဒရစ် သမိုင်းတစ်လျှောက်တွင် မိမိသည် အကောင်းဆုံးနည်းပြဖြစ်ဟု မော်ရင်ဟို ကြွေးကြော်

မိမိသည် ရီးယဲမက်ဒရစ် သမိုင်းတစ်လျှောက်တွင် အကောင်းဆုံး နည်းပြဖြစ်ကြောင်း ချယ်ဆီး မန်နေဂျာ ဟိုဆေးမော်ရင်ဟိုက ပြောကြားလိုက်သည်။

ပေါ်တူဂီလူမျိုး မန်နေဂျာသည် ဆန်တီယေဂို ဘာနေဗျူး၏ နောက်ဆုံးရာသီတွင် အကျပ်အတည်းများနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် နွေရာသီက ရီးယဲမက်ဒရစ်မှ ချယ်ဆီးသို့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်သည်။

သို့သော်လည်း မိမိသည် မက်ဒရစ်တွင် နည်းပြအဖြစ် တာဝန်ယူခဲ့သည့် သုံးနှစ်တာ ကာလအတွင်း အောင်မြင်မှုများ ရယူနိုင်ခဲ့သည်ဟု ယုံကြည်ကြောင်း မော်ရင်ဟိုက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ဟာ ၂၀၁၁-၁၂ ဘောလုံးရာသီမှာ ရမှတ် ၁၀၀၊ သွင်းဂိုး ၁၂၁ ဂိုးနဲ့ ဘာစီလိုနာကို ကျော်ဖြတ်ပြီး ချန်ပီယံဖြစ်ခဲ့ပါတယ်။ ရီးယဲမက်ဒရစ်ရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံး နည်းပြ ဘယ်သူလဲလို့ မေးလာခဲ့ရင် ကျွန်တော်က လွဲပြီး ဘယ်သူရှိမှာလဲ” ဟု ချန်ပီယံလိဂ် ဆုဖလား နှစ်ကြိမ်ရရှိထားသည့် မော်ရင်ဟိုက ESPN ထံ ပြောကြားခဲ့သည်။

တစ်ဆက်တည်းမှာပင် ရီးယဲမက်ဒရစ်ကို ကိုင်တွယ်စဉ်က ခံစစ်ဖြင့်သာ ကစားခဲ့ကြောင်း ပြောကြားခဲ့မှုများကို မော်ရင်ဟိုက ငြင်းဆိုသွားခဲ့သည်။

“ရီးယဲမက်ဒရစ်က ခံစစ်အားပြုပြီး ကစားခဲ့တယ် ဟုတ်လား။ ကျွန်တော်တို့ ၁၂၁ ဂိုးသွင်းပြီး ရမှတ် ၁၀၀ ရခဲ့တာလေ” ဟု မော်ရင်ဟိုက တုံ့ပြန်ပြောကြားခဲ့သည်။

မော်ရင်ဟိုသည် ရီးယဲမက်ဒရစ်ကို ကိုင်တွယ်ခဲ့သည့် သုံးနှစ်တာ ကာလအတွင်း ချန်ပီယံလိဂ် အကြိုဗိုလ်လုပွဲသို့ သုံးကြိမ်ဆက် တက်ရောက်နိုင်ခဲ့ပြီး လာလီဂါနှင့် ကိုပါဒယ်ရေး ဖလားများကို ရရှိခဲ့သည်။

Soccer Myanmar

Saturday, October 5, 2013

အင်တာမီလန်နဲ့အတွေ့ ဆန်စီရိုမှာ ရိုးမား စံချိန်သစ်ရေးထိုးခဲ့

ရှုံးပွဲမရှိသေးတဲ့ အသင်းနဲ့ ရာနှုန်းပြည့် အနိုင်ရထားတဲ့အသင်းတို့ရဲ့ ပွဲစဉ်လို့ညွန်းဆိုရမယ့် အင်တာမီလန်-ရိုးမားတို့ရဲ့ပွဲစဉ်ဟာ ကျွန်တော်တို့ ထင်မှတ်ထားခဲ့သလောက်ရင်သပ်ရူမောစရာတွေ မပေးစွမ်းနိုင်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ရိုးမားကပထမပိုင်းမှာတင် (၃)ဂိုးပြတ် အနိုင်ရခဲ့ပြီး အင်တာကစားကွက်ကလည်း ချေပဂိုးပြန်သွင်းနိုင်မယ်လို့ ယုံကြည်နိုင်စရာမရှိခဲ့လို့ပါပဲ။ ကြံ့ခိုင်မှုအပြည့်မရနိုင်လို့ ပီဂျာနစ်(တင်ပါးဒဏ်ရာရခဲ့)မပါဝင်နိုင်တဲ့ ရိုးမားတိုက်စစ်ပိုင်းဟာ တော့တီ၊ ဂါဗင်ဟို၊ ဖလော်ရန်ဇီတို့နဲ့ ပွဲထွက်လာခဲ့ပြီး အင်တာကတော့ အယ်ဗာရက်ဇ်၊ ပလာစီယို၊ ပါရဲရားတို့ကို အသုံးပြုခဲ့ပါတယ်။

ဒါပေမဲ့ ပွဲအစ (၁၈)မိနစ်မှာပဲ ဂါဗင်ဟို တည်ပေးတဲ့ ဘောလုံးကို တော့တီ ကန်ချက်ပြင်းပြင်းနဲ့ မြေလှိမ့်ဘောကန်သွင်းခဲ့ရာမှာတော့ ရိုးမားတော့ အဖွင့်ဂိုးစရခဲ့ပြီး ဒီကစားသမားဟာ ပွဲချိန်မိနစ်(၄၀)မှာလည်း ဂါဗင်ဟိုကြောင့်ရတဲ့ ပင်နယ်တီကနေ ဒုတိယဂိုး ထပ်သွင်းနိုင်ခဲ့ပါတယ်။ ဒီအတွက်ကြောင့် တော့တီဟာ အင်တာနဲ့ ကစားတဲ့ ပွဲစဉ်တွေမှာ (၁၀)ဂိုးထိ သွင်းယူနိုင်ခဲ့ပြီး ပထမပိုင်းပြီးဆုံးဖို့ (၁)မိနစ် အလိုမှာတော့ ဖလော်ရန်ဇီက ရိုးမားအတွက် တတိယအနိုင်ဂိုး သွင်းပေးနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ရိုးမားနောက်ခံလူ ဘာရက်တီ နှစ်ဝါ၊ တစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပြီး တစ်ယောက်အသာရခဲ့ပေမယ့် (၃)ဂိုးပြန်ချေပဖို့အတွက် အင်တာတို့ မတတ်နိုင်ခဲ့ပါဘူး။

အခုပွဲမှာ အနိုင်ရခဲ့တဲ့အတွက် ရိုးမားဟာ စီးရီးအေအဖွင့်ပွဲ(၇)ပွဲဆက် အနိုင်ရခဲ့တဲ့ ပထမဆုံး စီးရီးအေအသင်းဖြစ်လာခဲ့ပြီး (၁၉၆၇)ခုနှစ်မှာ အင်တာမီလန်ရဲ့ စီးရီးအေ(၆)ပွဲဆက် အနိုင်ရတဲ့ စံချိန်ကိုလည်း ချိုးဖျက်နိုင်ခဲ့ပါတယ်။ (ကျွန်တော် ရှာဖွေရသမျှ အချက်အလက်တွေကို ကိုးကားပါတယ်။ အမှားအယွင်းရှိခဲ့ရင် ထောက်ပြကြပါဦးဗျာ)။

yoyarlay

အသင်းကြီးတွေ အောင်ပွဲခံတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၇)ကောက်ကြောင်းနှင့် ထူးခြားချက်များ

ပရီးမီးယားလိဂ် ပွဲစဉ်(၇)အဖြစ် ယှဉ်ပြိုင်ကစားတဲ့ စနေညအစောပိုင်း ပွဲစဉ်တွေမှာတော့ အသင်းကြီးတွေအောင်ပွဲခံနိုင်ခဲ့ကြပြီး မန်စီးတီးကို (၃-၁)ဂိုးနဲ့ ရှုံးခဲ့တာကြောင့် အဲဗာတန်ကတော့ ရှုံးပွဲမရှိစံချိန် ရပ်တန့်သွားခဲ့ရပါတယ်။ မန်စီးတီးနဲ့ အဲဗာတန်ပွဲမှာ အိမ်ရှင်အသင်း အထနှေးခဲ့ပေမယ့် မိနစ်(၂၀)ကျော်လာချိန်မှာတော့ ယာယာတိုရေး၊ ဆေးလ်ဗားတို့ရဲ့ ကွင်းလယ်အားတွေနဲ့အတူ ပွဲကိုလွှမ်းမိုးလာနိုင်ခဲ့ပြီး နီဂရီဒို၊ အဂူရိုတို့ရဲ့ဂိုးတွေကြောင့် အနိုင်ရသွားခဲ့တာပါ။

ဒီပွဲရဲ့ထူးခြားမှတ်တမ်း ၀င်ခဲ့တာကတော့ မန်စီးတီးအသင်းရဲ့ အိမ်ကွင်းဂိုးသွင်းမှုနဲ့ အဂူရိုတို့ အဆက်အစပ်ပဲဖြစ်ပါတယ်။ မန်စီးတီးဟာ အီတီဟတ်ကွင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၅၄)ပွဲဆက် ဂိုးသွင်းနိုင်ခဲ့သလို အဂူရိုကလည်း ပရီးမီးယားလိဂ် သွင်းဂိုး(၃၇)ဂိုး သွင်းခဲ့တဲ့နေရာမှာ အိမ်ကွင်းပွဲစဉ်တွေမှာ (၂၅)ဂိုးထိ သွင်းနိုင်ခဲ့တာပါပဲ။

ဒုတိယပွဲစဉ်အဖြစ် ဆက်လက်ယှဉ်ပြိုင်ခဲ့တဲ့ လီဗာပူးနဲ့ ခရစ္စတယ်ပဲလေ့စ်တို့ရဲ့ ပွဲစဉ်မှာတော့ ဆွာရက်ဇ်၊ စတာရစ်၊ ဂျရတ်တို့ရဲ့ ဂိုးတွေကြောင့် ပထမပိုင်းမှာပဲ လီဗာပူးတို့ (၃)ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်း(၇၇)မိနစ်မှာ ချေပဂိုးတစ်ဂိုး ပြန်ပေးခဲ့ရပေမယ့် အမှားအယွင်းမရှိ အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။

အခုပွဲမှာ ထူးခြားမှတ်တမ်းဝင်ခဲ့တာကတော့ ဆွာရက်ဇ်နဲ့ စတာရစ်တို့ပါပဲ။ ဆွာရက်ဇ်နဲ့ စတာရစ်တို့ နှစ်ဦးဟာ လီဗာပူးပွဲထွက်စာရင်းမှာ (၉)ပွဲ ပွဲထွက်လာခဲ့ပြီး နှစ်ဦးပေါင်း(၁၂)ဂိုးအထိ သွင်းနိုင်ခဲ့ပါတယ်။ ဒါတင်မက ဆွာရက်ဇ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၁၉)ပွဲမှာ သွင်းခဲ့တဲ့ဂိုးနဲ့ ဂိုးဖန်တီးမှု စုစုပေါင်း(၁၉)ကြိမ်အထိ ရှိခဲ့သလို စတာရစ်ကတော့ နောက်ဆုံး ပရီးမီးယားလိဂ် ပွဲစဉ်(၁၁)ပွဲမှာ သွင်းခဲ့တဲ့ဂိုးနဲ့ ဂိုးဖန်တီးမှု စုစုပေါင်း(၁၅)ကြိမ်အထိ ရှိခဲ့တာပါပဲ။

ဆန်းဒါးလန်းနဲ့ မန်ယူတို့ ပွဲစဉ်မှာတော့ ပွဲချိန်(၄)မိနစ်မှာပဲ ဆန်းဒါးလန်းတို့ ဂိုးစရခဲ့ပြီး ဒီဂိုးပေးလိုက်ရတာဟာ မန်ယူနောက်ခံလူ ဗီဒစ်ရဲ့အမှားမကင်းပါဘူး။ ဂီယာချီရီနီဖြတ်တင်ပေးတဲ့ ဘောလုံးကို ဗီဒစ်လွတ်လွတ်ကင်းကင်း မရှင်းထုတ်နိုင်ခဲ့တာကြောင့် ဂတ်ဒ်နာဆီရောက်သွားပြီး ဒီကစားသမားက ဧရိယာထဲကနေ သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အခုပွဲမှာ မန်ယူအတွက် သူရဲကောင်းပေါ်လာခဲ့ပြီး သူကတော့ ဘယ်လ်ဂျီယံ လူငယ်ကစားသမား ဂျာနူဇက်ပါပဲ။ ဒီကစားသမားဟာ အီဗရာရဲ့ ဖြတ်တင်ဘောကနေ ထင်မှတ်မထားတဲ့ ကန်ချက်မျိုးနဲ့ ချေပဂိုး သွင်းပေးနိုင်ခဲ့သလို နောက်(၆)မိနစ် အကြာမှာလည်း မြေမကျကန်ချက်နဲ့ အနိုင်ဂိုးသွင်းယူပေးခဲ့ပါတယ်။

ဒီပွဲစဉ်အတွက် ထူးခြားတဲ့မှတ်တမ်းတွေကတော့ မန်ယူဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ် (၇)ဆက် ဂိုးပေးခဲ့ရတာ၊ ဂျာနူဇက်သွင်းတဲ့ ပထမဂိုးဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ (၁၅၀)မြောက်ဂိုးဖြစ်နေတာ၊ မန်ယူအတွက် ကစားပေးတဲ့ ပထမဆုံး ပရီးမီးယားလိဂ်ပွဲစဉ်မှာ (၂)ဂိုး သွင်းနိုင်တဲ့ နစ္စတယ်ရွိုင်းရဲ့စံချိန်ကို ဂျာနူဇတ်လိုက်မီခဲ့တာတွေပါပဲ။

Man City 3-1 Everton

Cardiff 1-2 Newcastle

Fulham 1-0 Stoke

YoYarLay

မန်ယူ ကစားသမား တွေဟာ ဆာလောင်မှု ပျောက်ဆုံးနေကြသလိုပါပဲ ( မက်ချာရီ )

  မန်ချက်စတာယူနိုက် အသင်းဧ။် အသင်းခေါင်းဆောင် ဟောင်း လောက် မက်ချာရီ က လက်ရှိ ရာသီ မန်ယူနိုက်တက် အသင်း အခြေနေဆိုးရွား နေရခြင်းမှာ ကစားသမား များဧ။် အနိုင်ရလိုစိတ် ဆာလောင်မှု ပျောက်ဆုံး နေကြခြင်းကြောင့် ဖြစ်ကြောင်း ပြောကြားလိုက်သည်ဟု သိရသည်။  မန်ချက်စတာ ယူနိုက်တက် သည် လက်၇ှိ ပရီးမီးယားလိဂ် ၇ ပွဲတွင် ၃ ပွဲ သာ အနိုင်ရရှိထားပြီး ၃ ပွဲထိ ရှုံးနိမ့်ထားခဲ့သည် ။ အဆိုပါ ရှုံးပွဲများတွင် အဓိက ပြိုင်ဘက် မန်စီးတီး အား ဂိုးပြတ် ရှုံးနိမ့်ခဲ့မှု အပါအ၀င် အိမ်ကွင်း တွင် တစ်ခါမှ မရှုံးနိမ့်ဖူးသည့် ၀က်စ်ဘွန်း လို့  အသင်း ကို အံ့ဖွယ် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ် များတွင် ယူနိုက်တက် ကစားသမား များ ဧ။် အနိုင်ရရှိလို မှု ဆာလောင် မှု တွေ လုံးဝ ပျောက်ဆုံး နေခဲ့ကြတာ အထင်သား တွေ့ မြင်ခဲ့ရကြောင်း ကို သရဲနီ ခေါင်းဆောင်    ဟောင်းကြီး က ထောက်ပြ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
          
 " မန်ချက်စတာ စီးတီး အသင်း နင့် ၀က်စ်ဘွန်း အသင်း တို့ ကို ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ် တွေမှာ ယူနိုက်တက် ကစားသမား တွေ ရဲ့  စိတ်ဓါတ် ၊ ကစားပုံ တွေက ပုံမှန် ထက် သိသိသာသာ လျှော့ကျ ပျောက်ဆုံး နေတာကို အထင်သား တွေ့ ခဲ့ရပါတယ် ။ ပြီးခဲ့ တဲ့ အတိတ် တွေတုန်းက ယူနိုက်တက် ဆိုတာ လက်၇ှိ ရလဒ် ကို ဂရုစိုက်နေတတ်တဲ့ အသင်းမဟုတ်ဘူး ။ ပွဲ အတွင်း ဘယ်လို ရလဒ်ပဲ ဖြစ်နေပါစေ ပွဲပြီးဆုံးတဲ့အထိ အသင်း အတွက်ေ၇ှ့ တူရူ ကိုသာ မဆုပ် မနစ် လျှောက်တတ်တဲ့ အသင်း ပါ ။ နည်းပြ ကြီး  ဖာဂူဆန် လက်အောက်မှာ ၀င့်ကြွားခဲ့ကြတဲ့ " ငါ တို့ ကို ဘယ်တော့မှ ကျဆုံးပြီ လို့  မပြောပါနဲ့  " ဆိုတဲ့ စကားလုံးက ပြီးခဲ့တဲ့ ပွဲစဉ်တွေ နဲ့  မဆိုင်သလိုပါပဲ ။ ကျနော် တို့ အဲဒါတွေ ကို မြင်ခွင့် မရတာ နစ်ပွဲ ရှိပါပြီ " ဟု လက်ရှိ အသင်းဟောင်း ရဲ့  ကစားသမား များ အပေါ် ဝေဖန် ခဲ့ကြောင်း သိ၇သည်။
Written by ၀ိုင်း ( ကျိန်းရိပ် )
FootBall Cafe