Showing posts with label အစားသောက် ချက်ပြုတ်နည်း နှင့် အလှဆင်နည်း. Show all posts
Showing posts with label အစားသောက် ချက်ပြုတ်နည်း နှင့် အလှဆင်နည်း. Show all posts

Monday, October 7, 2013

အသားအရေ ဝင်းပစိုပြေရန် မျက်နှာပေါင်းတင်နည်း

ပန်းကန်တစ်ခုထဲသို

့ ပျားရည်စတီးဇွန်းနှစ်ဇွန်း

ခရမ်းချဉ်သီးတစ်ခြမ်းမှ အရည်

် သံပုရာရည် လေးငါးစက်ထည့်ပြီး

မွှေပါ ပြီးလျှင် မျက်နှာပေါ်အနှံ့သုတ်လိမ်း၍

ဆယ့်ငါးမိနစ်ခန့်ထားပြီး ရေအေးဖြင့်ဆေးချပါ

သိသိသာသာဖြူဝင်းလှပလာပါလိမ့်မည်

မှတ်ချက်။ ။ ရေဖြင့်ဆေးချရာတွင် ဆပ်ပြာမသုံးသင့်ပါ

Saturday, October 5, 2013

ငါးဖီးမ(မာလာငါး)ရခိုင်ချက်

--ငါးဖီးမ(မာလာငါး)ကိုအကြေးထိုးဆေးကြောသန့်စင်ပြီး
၂ပိုင်းပိုင်းပါ။ဆား၊ငံပြာရည်၊နနွင်းမှုန့်ထည့်နယ်ထားပါ။
---ငရုတ်သီးစိမ်း၊ကြက်သွန်ဖြူ+နီ၊ဂျင်း တို့ကိုရောထောင်းထားပါ။
---ဆီစတီးဇွန်းတစ်ဇွန်းခန့်ကိုအိုးထဲထည့်ပြီးဆီပူလာရင်
ရောထောင်းထားတာတွေကို ဆီသတ်ပါ။
ငရုတ်စိမ်းနံ့ပျောက်ရင် နယ်ထားတဲ့ငါးတွေကိုထည့်ပါ။
ခနကြာရင်ရေထည့်ပါ။အဖုံးအုပ်တည်ပါ။
ရေဆူလို့ငါးကျက်ရင်မျှင်ငပိနည်းနည်းထည့်ပါ။
---အရသာအပေါ့အငံမြည်းပြီးနံနံပင်၊ပင်စိမ်း၊
ရှမ်းနံနံ နှစ်သက်ရာများများအုပ်ပြီးချလိုက်ပါ။
---အရည်များများ အနံ့မွှေးမွှေးနဲ့
ရခိုင်ဟင်းစပ်စပ်ကလေးကထမင်းမြိန်စေပါတယ်။

ချောကလက် စတော်ဘယ်ရီ