Wednesday, October 2, 2013

အရွယ်မတိုင်မီ လိင်ဆက်ဆံခြင်းက သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်

အရွယ်မတိုင်မီ လိင်ဆက်ဆံခြင်းက
သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်

ကျွမ်းကျင်သူများအဆိုအရ တရုတ်တွင် နှစ်စဉ်အမျိုးသမီး ၁၄ဝဝဝဝ ခန့်မှာ သားအိမ်ခေါင်းကင် ဆာဖြစ်ကြောင်း သိရသည်။ ယင်းအ ရေအတွက်မှာ ကမ္ဘာ့တစ်ဝန်းရှိ သား အိမ်ခေါင်းကင်ဆာဖြစ်သူအရေအ တွက်၏ သုံးပုံတစ်ပုံမျှရှိလေသည်။ အဓိကဖြစ်ရသည့် အကြောင်းအရင်း မှာ အရွယ်မတိုင်မီ လိင်ဆက်ဆံမှု ကြောင့်ဖြစ်ကြောင်း သုံးသပ်ကြသည်။ ယခုအပတ် အင်္ဂါနေ့တွင် ကျင်းပခဲ့ သောဆေးပညာရှင်များ အစည်းအဝေး ပွဲတွင် သားအိမ်ခေါင်းကင်ဆာ ဖြစ် ပွားမှုအကြောင်း ပါဝင်ဆွေးနွေးခဲ့ပြီး တရုတ်တွင် လွန်ခဲ့သောနှစ် ၂ဝခန့်က သားအိမ်ခေါင်း ကင်ဆာဖြစ်သူ ၅ ရာခိုင်နှုန်းရှိသော်လည်း ယခုအခါ ၃ဝ ရာခိုင်နှုန်းအထိ တိုးတက်လာကြောင်း သတိပေးခဲ့ကြ သည်။ ထိုအစည်းအဝေး ပွဲတွင်လည်း ရောဂါဖြစ်စေသော အဓိက အ ကြောင်းမှာ အရွယ်မတိုင်မီ လိင်ဆက်ဆံမှုကြောင့် ဖြစ်ကြောင်း ဆုံးဖြတ်ခဲ့သည်။ ထို့အပြင် ယင်း အစည်းအဝေးပွဲတွင် ပြည်သူလူထု အား သားအိမ်ခေါင်းကင်ဆာနှင့် ပတ်သက်ပြီး ပညာပေးခြင်း၊ လူများ တွင် ရောဂါမဖြစ်မီ ရှာဖွေထားခြင်းက အဓိကကျသောလမ်းစဉ်များ ဖြစ် ကြောင်းနှင့် ၎င်း
ရောဂါမှာ ကင်ဆာ များထဲတွင် တစ်ခုတည်းသော ကာ ကွယ် လို့ရ၊ ကုသလို့ရသော ရောဂါဖြစ် ကြောင်း ပြော ကြားခဲ့သည်။ သို့သော် တရုတ်အမျိုး သမီးများမှာ ကာကွယ် ဖို့ရော၊ ရောဂါရှာဖွေဖို့ရော မသိကျိုး ကျွံပြုလေ့ရှိကြောင်း ဆရာဝန်များက ပြောကြား ခဲ့သည်။

Health Updates Journal

No comments:

Post a Comment