Showing posts with label ပြည်တွင်းသတင်း. Show all posts
Showing posts with label ပြည်တွင်းသတင်း. Show all posts
Sunday, February 2, 2014
ယူနတီဂျာနယ် သတင်း၌ဖော်ပြခဲ့သည့် စက်ရုံသည် အခြားကာကွယ်ရေး ပစ္စည်းစက်ရုံသာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြောကြား
ယူနတီသတင်းဂျာနယ် အတွဲ ၃၊ အမှတ် ၄ မျက်နှာဖုံးတွင် သတင်းဖော်ပြခဲ့သော စက်ရုံသည် အခြားကာကွယ်ရေးပစ္စည်း စက်ရုံသာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ဖေဖော်ဝါရီ ၂ ရက်တွင် Weekly Eleven သတင်း ဂျာနယ်သို့ ပြောကြားသည်။
“Unity ကရေးတဲ့စက်ရုံဟာ လျှို့ဝှက်ဓာတုလက်နက်စက်ရုံ မဟုတ်ပါဘူး။ အခြားကာကွယ်ရေး ပစ္စည်း စက်ရုံသာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ ဓာတုလက်နက်နဲ့ ပတ်သက်တဲ့ ကွန်ဗင်းရှင်းကို လက်မှတ် ထိုးထားပါတယ်” ဟု ဦးရဲထွဋ်က ပြောကြားသည်။
အခြားကာကွယ်ရေးလက်နက် ပစ္စည်းစက်ရုံဟု ဆိုသော်လည်း အမေရိကန်နိုင်ငံမှာပင် ကာကွယ်ရေး ဆိုင်ရာ လက်နက်ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံများနှင့် ပတ်သက်သော သတင်းအချက် များကို အမျိုးသားလုံခြုံရေးအတွက် ကာကွယ်ထားရကြောင်း ဦးရဲထွဋ်က ဆက်လက်ပြောကြားသည်။
“အမေရိကန်လို နိုင်ငံမှာတောင် ကာကွယ်ရေးဆိုင်ရာ လက်နက်ပစ္စည်းများထုတ်လုပ်တဲ့ စက်ရုံများနဲ့ပတ် သက်တဲ့ သတင်းအချက်အလက်များကို အမျိုးသား လုံခြုံရေးအတွက် ကာကွယ်ထားပါတယ်” ဟု ဦးရဲထွဋ်က ပြောကြားသည်။
မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ ၃/၁(က)/၉ နှင့်ပတ်သက်၍ ၃/၁ (က) ဆိုသည်မှာ “မည်သူမဆို နိုင်ငံလုံခြုံရေး၊ သို့မဟုတ် အကျိုးကိုထိခိုက်စေလိုသော ရည်ရွယ်ချက်ဖြင့် ပိတ်ပင်တားမြစ်သည့် နေရာတစ်ခုကို ချဉ်းကပ်ခြင်း၊ ကြည့်ရှုစစ်ဆေးခြင်း၊ ကျော်ဖြတ်ခြင်းပြုလုပ်လျှင် သို့မဟုတ် ထိုနေရာအနီးတွင် ရှိနေလျှင် သို့မဟုတ် ထိုနေရာသို့ ၀င်ရောက်လျှင်...
ထို့ပြင် ယူနတီဂျာနယ်၌ ဖော်ပြခဲ့သော သတင်းနှင့်ပတ်သက်ပြီး သက်ဆိုင်သော သတင်းထောက်များကို အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သိရသည်ဟု ဦးရဲထွဋ်က ပြောကြားသည်။
ဇန်န၀ါရီ ၂၃ ရက် နေ့စွဲဖြင့် ထုတ်ဝေခဲ့သော ယူနတီဂျာနယ် အတွဲ ၃၊ အမှတ် ၄ နှင့် ဇန်န၀ါရီ ၃၀ ရက်ထုတ် ယူနတီဂျာနယ် အတွဲ ၃၊ အမှတ် ၅ တို့တွင် ပေါက်မြို့နယ်မှ လျှို့ဝှက်လက်နက်စက်ရုံ သတင်းများကို ဖော်ပြခဲ့ခြင်းဖြစ်သည်။ ထိုသတင်းများကို ဖော်ပြရာ၌ စက်ရုံသို့ သွားရောက်ခဲ့သော သတင်းထောက်များ၏ တင်ပြချက်များနှင့် ဒေသခံရွာသားများ၊ အလုပ်သမားများ၏ ပြောကြားချက်များကို ကိုးကားပြီး စက်ရုံအတွက် လယ်မြေသိမ်းခံရသော အေအဒသခံများ၏ ဖြစ်စဉ်များကို ပေါင်းစပ်ရေးသားခဲ့ခြင်းဖြစ်သည်။
ထိုသတင်းနှင့် ပတ်သက်ပြီး ယူနတီဂျာနယ်၏ ပေါက်မြို့နယ်သတင်းထောက် ကိုလူမော်နိုင်ကို ဇန်န၀ါရီ ၃၁ ရက်ညပိုင်း၌ သက်ဆိုင်ရာက ခေါ်ယူမေးမြန်းခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက် နံနက်တွင် ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်များအက် ဥပဒေ ၃/၁(က)/၉ ဖြင့် အမှုဖွင့်ကာ ပခုက္ကူသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၁ ရက်မှာပင် ရန်ကုန်မြို့ရှိ ယူနတီဂျာနယ်၏ အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်း ကို စုံစမ်းမေးမြန်းရန် သက်ဆိုင်ရာက ခေါ်ဆောင်သွားခဲ့ပြီး ထိုနေ့ညနေပိုင်းမှာပင် ယူနတီဂျာနယ် ရန်ကုန်အခြေစိုက် သတင်းထောက်များဖြစ်သော ကိုရာဇာဦး၊ ကိုပိုင်သက်ကျော်နှင့် ကိုစည်သူစိုးတို့ ကိုလည်း စုံစမ်းမေးမြန်းရန် ထပ်မံခေါ်ဆောင်သွားကြောင်း သိရသည်။
ယူနတီဂျာနယ်၏ ပေါက်မြို့နယ်သတင်းထောက် ကိုလူမော်နိုင်အား အမှုဖွင့်ခဲ့သည့် မြန်မာနိုင်ငံ အစိုးရလျှို့ ၀ှက်ချက်များ အက်ဥပဒေ ၃/၁(က)/၉ နှင့်ပတ်သက်၍ ၃/၁ (က) ဆိုသည်မှာ “မည်သူမဆို နိုင်ငံလုံခြုံရေး၊ သို့မဟုတ် အကျိုးကိုထိခိုက်စေလိုသော ရည်ရွယ်ချက်ဖြင့် ပိတ်ပင်တားမြစ်သည့် နေရာတစ်ခုကို ချဉ်း ကပ်ခြင်း၊ ကြည့်ရှုစစ်ဆေးခြင်း၊ ကျော်ဖြတ်ခြင်းပြုလုပ်လျှင် သို့မဟုတ် ထိုနေရာအနီးတွင် ရှိနေလျှင် သို့မဟုတ် ထိုနေရာသို့ ၀င်ရောက်လျှင်...”၊ ၉ ဆိုသည်မှာ “မည်သူမဆို ဤအက်ပဒေအရ ပြစ်မှုတစ်ခုခုကို ကျူးလွန်ရန် အားထုတ်လျှင် သို့မဟုတ် ကျူးလွန်စေရန် အားပေးကူညီလျှင် အဆိုပါပြစ်မှုကို မိမိကိုယ်တိုင် ကျူးလွန်ပြီးသကဲ့သို့ အလားတူ အရေးယူခြင်း ခံရမည့်အပြင် အလားတူ ပြစ်ဒဏ်ချမှတ်ခြင်းလည်း ခံရမည်” အစရှိသော ဖွင့်ဆိုချက်များဖြစ်ကြောင်း သိရသည်။
Eleven Media Group
Thursday, December 26, 2013
ခန္ဓာကိုယ် အတွင်းမှ ကျဆင်းသွားသော လျှပ်စစ်ဓာတ်အား ပြန်လည်အားသွင်းပေးသည် E-Life စက်ကို အခမဲ့ အသုံးပြုခွင့် ပေးမည်
ခန္ဓာကိုယ်မှ ကျဆင်းသွားသော သဘာဝ လျှပ်စစ်ဓာတ်အားကို ဘေးထွက်ဆိုးကျိုးများ လုံးဝမရှိဘဲ လျှပ်စစ် ဓာတ်အား ပြန်လည် အားသွင်းပေးနိုင်သည့် E-Life နောက်ဆုံးပေါ်ကျန်းမာရေး အထောက်အကူပြု စက်ကို အခမဲ့ အသုံးပြုခွင့် ပေးသွားမည် ဖြစ်ကြောင်း လမ်းမတော် One Energize Station မှ သိရသည်။
E-Life စက် လာရောက် အသုံးပြုသူများကို ဒီဇင်ဘာ ၂၅ ရက်မှ ၂၇ ရက် အထိ သုံးရက်တိုင်တိုင် အခမဲ့ အသုံးပြုမှု အနေဖြင့် ဝန်ဆောင်မှု ပေးသွားမည် ဖြစ်သည်။ အဆိုပါ E-Life စက်ကို အမှတ် (၈၂) မြေညီထပ် ရွှေတောင်လမ်းလသာ မြို့နယ်ရှိ One Energize Station တွင် အသုံးပြုခွင့် ရမည်ဖြစ်သည်။
လူတို့၏ ခန္ဓာကိုယ်တွင် သဘာဝအားဖြင့် လျှပ်စစ်ဓာတ်အား ရှိနေရာ ခန္ဓာကိုယ် အတွင်းရှိ နှလုံး၊ အဆုတ်၊ အူမကြီး၊ အစာအိမ်၊ ကျောက်ကပ်၊ ဦးနှောက်၊ အူသိမ် အစရှိသော ကိုယ်တွင်း အင်္ဂါများ ပုံမှန် လုပ်ဆောင် ချက်အတိုင်း လုပ်ကိုင်ရန် အထောက်အကူ ပေး ကြောင်း သိရသည်။
ယင်း သဘာဝ လျှပ်စစ်ဓာတ်အားသည် ခန္ဓာကိုယ်၌ လျော့နည်းသွားမည် ဆိုပါက ကိုယ်တွင်း အင်္ဂါများ ပုံမှန် အလုပ် မလုပ်နိုင်တော့ဘဲ စွမ်းရည် ကျဆင်းကာ ရောဂါဝေဒနာများ ဖြစ်ပေါ်စေနိုင်သည်။ E-Life စက်မှ လျှပ်စစ် ဓာတ်အားသည် ခန္ဓာကိုယ်အား ထိခိုက်နာကျင်စေနိုင်ခြင်း၊ အပူလောင်စေခြင်းနှင့် တခြားသော ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်ခြင်း မရှိဘဲ လျှပ်စစ်ဓာတ်အားကို ခန္ဓာကိုယ်ထဲသို့ ပြန်လည် အားသွင်းပေး ခြင်းဖြင့် ရောဂါ ဝေဒနာများကို သက်သာ ပျောက်ကင်းစေနိုင်ကြောင်း သိရသည်။
E-Life စက်ကို အသုံးပြုခြင်းဖြင့် သွေးတိုး၊ ဆီးချို၊ နှလုံး၊ လေးဖက်နာ၊ အစာအိမ်၊ ဆီးနှင့် ကျောက်ကပ်၊ လေဖြတ်ပြီး ခြေလက် မလှုပ်ရှားနိုင်သူများ၊ အရိုးအကြော၊ ဦးနှောက်နှင့် အာရုံကြော၊ သွေး၊ ပန်းသေ၊ ပန်းညှိုး၊ သားသမီး မထွန်းကားသူ၊ အရေပြားရောဂါ၊ အဝလွန်သူများနှင့် အသားအရေ လှပချင်သူများ အသုံးပြုနိုင်ကြောင်း သိရသည်။
ထက်နေ
Myanmar Forward
E-Life စက် လာရောက် အသုံးပြုသူများကို ဒီဇင်ဘာ ၂၅ ရက်မှ ၂၇ ရက် အထိ သုံးရက်တိုင်တိုင် အခမဲ့ အသုံးပြုမှု အနေဖြင့် ဝန်ဆောင်မှု ပေးသွားမည် ဖြစ်သည်။ အဆိုပါ E-Life စက်ကို အမှတ် (၈၂) မြေညီထပ် ရွှေတောင်လမ်းလသာ မြို့နယ်ရှိ One Energize Station တွင် အသုံးပြုခွင့် ရမည်ဖြစ်သည်။
လူတို့၏ ခန္ဓာကိုယ်တွင် သဘာဝအားဖြင့် လျှပ်စစ်ဓာတ်အား ရှိနေရာ ခန္ဓာကိုယ် အတွင်းရှိ နှလုံး၊ အဆုတ်၊ အူမကြီး၊ အစာအိမ်၊ ကျောက်ကပ်၊ ဦးနှောက်၊ အူသိမ် အစရှိသော ကိုယ်တွင်း အင်္ဂါများ ပုံမှန် လုပ်ဆောင် ချက်အတိုင်း လုပ်ကိုင်ရန် အထောက်အကူ ပေး ကြောင်း သိရသည်။
ယင်း သဘာဝ လျှပ်စစ်ဓာတ်အားသည် ခန္ဓာကိုယ်၌ လျော့နည်းသွားမည် ဆိုပါက ကိုယ်တွင်း အင်္ဂါများ ပုံမှန် အလုပ် မလုပ်နိုင်တော့ဘဲ စွမ်းရည် ကျဆင်းကာ ရောဂါဝေဒနာများ ဖြစ်ပေါ်စေနိုင်သည်။ E-Life စက်မှ လျှပ်စစ် ဓာတ်အားသည် ခန္ဓာကိုယ်အား ထိခိုက်နာကျင်စေနိုင်ခြင်း၊ အပူလောင်စေခြင်းနှင့် တခြားသော ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်ခြင်း မရှိဘဲ လျှပ်စစ်ဓာတ်အားကို ခန္ဓာကိုယ်ထဲသို့ ပြန်လည် အားသွင်းပေး ခြင်းဖြင့် ရောဂါ ဝေဒနာများကို သက်သာ ပျောက်ကင်းစေနိုင်ကြောင်း သိရသည်။
E-Life စက်ကို အသုံးပြုခြင်းဖြင့် သွေးတိုး၊ ဆီးချို၊ နှလုံး၊ လေးဖက်နာ၊ အစာအိမ်၊ ဆီးနှင့် ကျောက်ကပ်၊ လေဖြတ်ပြီး ခြေလက် မလှုပ်ရှားနိုင်သူများ၊ အရိုးအကြော၊ ဦးနှောက်နှင့် အာရုံကြော၊ သွေး၊ ပန်းသေ၊ ပန်းညှိုး၊ သားသမီး မထွန်းကားသူ၊ အရေပြားရောဂါ၊ အဝလွန်သူများနှင့် အသားအရေ လှပချင်သူများ အသုံးပြုနိုင်ကြောင်း သိရသည်။
ထက်နေ
Myanmar Forward
Sunday, December 22, 2013
ငွေဆောင်၊ ချောင်းသာ သွားမယ်ဆို ဆင်တွေကို သတိထား
ပုသိမ်မြို့နယ်မှာရှိတဲ့ နာမည်ကျော် ငွေဆောင်နဲ့ ချောင်းသာ ကမ်းခြေတွေကို လာမယ်ဆိုရင် ညပိုင်း မလာကြဖို့ ဧရာဝတီတိုင်းဒေသကြီး သစ်တောဌာန ထိပ်တန်းအရာရှိတဦးက ပြောပါတယ်။
ဘာကြောင့်လဲဆိုတော့ ... အခုချိန်က စပါးပေါ်ချိန်ဖြစ်တဲ့အတွက် တောဆင်ရိုင်းတွေဟာ စပါးရှာစားရင်း ပုသိမ် - ချောင်းသာ၊ ပုသိမ် - ငွေဆောင်ကားလမ်းပေါ်တွေ ရောက်လာတတ်တဲ့အတွက် ဖြစ်ပါတယ်။ “ဒီကာလမှာ ချောင်းသာ၊ ငွေဆောင်လမ်းတွေကို ညပိုင်းမသွားသင့်ဘူး။ ဆင်နဲ့ရုတ်တရက် တိုးရင် အန္တရာယ်ရှိနိုင်တယ်။ ဆင်က ဒီရာသီမှာစပါးရှာစားတော့ ဒီလိုပဲ သွားလာနေတာ။ နေ့ဆို တောထဲမှာအိပ်။ ညဆို လယ်ကွင်းထဲမှာ စပါးရှာစားတာတွေ လုပ်ကြလေ့ရှိတယ်” လို့ သစ်တောအရာရှိက ဧရာဝတီကို ပြောပါတယ်။ တောဆင်ရိုင်းတွေဟာ စပါးပေါ်ချိန် သီတင်းကျွတ်လလောက်ကစပြီး ရခိုင်ရိုးမထဲကနေ လူတွေစိုက်ထားတဲ့စပါးခင်းတွေကိုလိုက်ရှာပြီး ၀င်ရောက်စားသောက် တတ်ကြပါတယ်။ တောဆင်ရိုင်းတွေ စပါးခင်းဝင်စားတဲ့ဒေသတွေကတော့ ငပုတော၊ ပုသိမ်နဲ့ သာပေါင်း မြို့နယ်တွေပါပဲ။
ဒီလ၁၂ရက်နေ့က ငွေဆောင်သွားတဲ့လမ်းက ရေသိုးရွာနားအထိ တောဆင်ရိုင်းအုပ်တွေ ရောက်လာကြတယ်လို့ ငွေဆောင်ကမ်းခြေကပြန်လာတဲ့ ပုသိမ်အခြေစိုက် သတင်းထောက်တဦးက ပြောပါတယ်။ “ကျနော်ဆီးဂိမ်းဖွင့်ပွဲသတင်းယူပြီး နောက်တရက်မှာပြန်လာတော့ ညနေ ၄ နာရီလောက်ပဲ ရှိသေးတယ်။ ရေသိုးရွာနားမှာ လူတွေရုတ်ရုတ်ဖြစ်နေတာနဲ့ဆိုင်ကယ်ပေါ်က ဆင်းကြည့်တော့ တောဆင်ရိုင်းအုပ်ဗျ။ ငှက်ပျောပင်တွေ ၀င်စားနေတာ အကောင် ၂၀ လောက်ရှိတယ်”လို့ သူက ရှင်းပြပါတယ်။ ပုသိမ်ကနေ ချောင်းသာကမ်းခြေသွားတဲ့လမ်းမှာလည်း ဆင်တွေလာတတ်လို့ ဒေသခံတွေဟာ ဆင်မောင်းဖို့ပစ္စည်းတွေ အသင့်ပြင်ထားရတာပါ။ အထူးသဖြင့် ဆင်တွေက ညအချိန်မှာအစာရှာလေ့ရှိတာကြောင့် ချောင်းသာ၊ ငွေဆောင်ကမ်းခြေတွေကို ညပိုင်းမှာမသွားသင့်ပါဘူး တဲ့။ “ညဘက်ကြီး ပုသိမ်ကပြန်လာတော့ ရှောပြာရွာနားအရောက်မှာ ဆင်ကရွာထဲဝင်ဖို့လုပ်နေလို့ ရွာသားတွေ ၀ိုင်းမောင်းထုတ်နေတာ တွေ့ဖူးတယ်။ ကိုယ်နဲ့မတွေ့ခင် ရွာသားတွေနဲ့ အရင်တွေ့တာ တော်သေးတာပေါ့။ နို့မို့ကတော့ မလွယ်ကြောပဲ။ ဒါကြောင့် ညပိုင်းဆို မဖြစ်မနေကိစ္စကလွဲလို့ မသွားကြဘူး။ သွားဖြစ်ရင်လည်း ဆင်နဲ့မတိုးဖို့ ဘုရားတပြီး သွားရတယ်”လို့ ချောင်းသာကျေးရွာသားတဦးက ရှင်းပြပါတယ်။ ဆင်တွေက ကားမီး၊ ဆိုင်ကယ်မီးတွေ့ရင် အဲဒီမီးတွေနောက်ကို ဆင်ကပြေးလိုက်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပြကြပါတယ်။
အဲတော့ မကြာခင်မှာ ခရစ္စမတ်အားလပ်ရပ်၊ ရုံးပိတ်ရက်တွေမှာ ငွေဆောင်၊ ချောင်းသာကမ်းခြေတွေကိုလာကြမယ်ဆိုရင် ဆင်အန္တရာယ်ကင်းဝေးဖို့ နေ့ခင်းဘက်တွေ ရောက်အောင်လာကြပါလို့ပဲ တိုက်တွန်းလိုပါတယ်။ ရန်ကုန်မြို့နဲ့ ပုသိမ်က ၁၁၅ မိုင်ဝေးပြီး ကားနဲ့ဆိုရင် ၃ နာရီခွဲနီးပါး မောင်းရပါတယ်။ ပုသိမ်ရောက်ပြီး ငွေဆောင်၊ ချောင်းသာဆက်သွားမယ်ဆိုရင် တောင်တက် တောင်ဆင်းလမ်းတွေဖြစ်တာကြောင့် အချိန် ၁ နာရီခွဲနီးပါးလောက် မောင်းရပါတယ်။
အဲတော့ ရန်ကုန်ကလာမယ်ဆိုရင် ငွေဆောင်၊ ချောင်းသာရောက်ဖို့ အနည်းဆုံး ၅ နာရီတော့ အချိန်ယူရပါလိမ့်မယ်။ ဒီလိုကားမောင်းရမယ့်နာရီတွေ သိရှိထားခြင်းအားဖြင့် သတင်းဘုရင်ဘလော့ ပရိတ်သတ်ကြီးလည်း ငွေဆောင်၊ ချောင်းသာကို အပန်းဖြေလာကြဖို့ ချိန်ဆနိုင်မှာဖြစ်ပါတယ်။ ကဲ ... အေးချမ်းပျော်ရွှင်စွာနဲ့ ငွေဆောင်၊ ချောင်းသာကမ်းခြေတွေမှာ အပန်းဖြေနိုင်ကြပါစေဗျာ..
ဆလိုင်းသန့်စင် ဧရာဝတီblog
Thursday, December 19, 2013
နေပြည်တော် ဆီးဂိမ်းကို နိုင်ငံခြား ဧည့်သည်များ အံသြ
ကြီးကျယ်လွန်းသော နေပြည်တော်ကို နိုင်ငံခြားဧည့်သည်များက အထူးအဆန်းအဖြစ် ရှုမြင်ကြသည် (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)
၂၇ ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပနေတဲ့ မြန်မာနိုင်ငံရဲ့ မြို့တော်သစ် နေပြည်တော်မှာ ကြီးကျယ်သော အဆောက်အဦများစွားဖြင့် ဖွံဖြိုး တိုးတက်လျက်ရှိသော်လည်း မြို့ကြီး သီးသီးသန့်သန့် တည်ရှိနေခြင်းက ထူးဆန်း အံသြစရာ ကောင်းနေကြောင်း နေပြည်တော် ဆီးဂိမ်း ပြိုင်ပွဲသို့ရောက် နိုင်ငံခြားသား ဧည်သည်များက မှတ်ချက်ပြု ကြသည်။
နေပြည်တော်တွင် အဆောက်အဦး ကောင်းများစွာရှိပြီး ကြီးမားကျယ်ပြန့်သော လမ်းများဖြင့် လှပနေသော်လည်း စည်းကမ်း ပိုင်းဆိုင်ရာတွင် အားနည်းချက်များ ရှိနေသေးကြောင်း နိုင်ငံခြားသား တချို့က ပြောသည်။ ယင်းအပြင် နေပြည်တော်မှာ ဆင်းရဲ ချမ်းသာ လူတန်းစား အလွှာစုံကို မတွေ့မြင်ရဘူးဟု ၎င်းတို့က ဆိုသည်။
“ အခု မြန်မာက ပွင့်လင်းသွားပြီ ဆိုတော့ ခရီးသွားရတာ အဆင်ပြေတယ်။ နေပြည်တော်ကြီးက ရန်ကုန်လောက် ကားတွေ ၊ လူတွေ မများဘူး။ ဒီတိုင်းပြည်က တခြားမြို့တွေလို မဟုတ်ဘဲ သပ်သပ်ကြီး ဖြစ်နေတာ အရမ်း အံသြစရာပဲ။ လူတွေကလည်း ကားတွေ ဆိုင်ကယ်တွေနဲ့ ချမ်းသာတဲ့ပုံပဲ။ ရန်ကုန်က လူဦးရေ ၈ သန်းကို ဒါမျိုး ဖန်းတီးပေးသင့်တယ် ”ဟု နေပြည်တော် ဆီးဂိမ်းသို့ သီးသန့် လာရောက် လည်ပတ်သူ ဂျာမနီနိုင်ငံသား Mark က ဆိုသည်။
နေပြည်တော် ဆီးဂိမ်းသို့ ရောက်ရှိ လာသော Mark တို့ ကမ္ဘာလှည့် ခရီးသွား အဖွဲ့သည် ရန်ကုန် ၊ မန္တလေးနှင့် ပုဂံသို့ အလည်အပတ် ခရီး သွားရောက်ခဲ့ပြီး ဖြစ်ရာ မန္တလေးနှင့် ပုဂံရှိ မြန်မာ ပြည်သူများမှာ သူတို့၏ တိုင်းပြည်တွင် ၂၇ ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပွဲတော် (ဆီးဂိမ်း) ပြိုင်ပွဲကြီး ကျင်းပနေသည်ကို မသိရှိကြကြောင်း Mark တို့အားပြောဆိုသည်ဟု ဧရာဝတီသို့ ပြောပြသည်။
“ တကယ်ဆိုရင် ကိုယ့်နိုင်ငံမှာ ဒီလောက်ကြီးတဲ့ အားကစားပွဲကြီး လုပ်တာ ပြည်သူတွေ သိသင့်တာပေါ့။ ပုဂံက ပြည်သူတွေ မသိတာ ထားလိုက်တော့၊ မန္တလေးမှာ အမျိုးသမီး ဘောလုံးပွဲ ရှိတာပဲ ။ သူတို့ သိသင့်တာပေါ့။ မှန်းပြောရရင် အစိုးရက နိုင်ငံတကာကို ကြွားချင်လို့ သက်သက် လုပ်ပြတာမျိုး ဖြစ်နေမလား” ဟု Markက မှတ်ချက်ပြု ပြောဆိုသည်။
နေပြည်တော်သည် မြန်မာနိုင်ငံတွင် နေရာ အသစ်တခုကဲ့သို့ သီးသီးသန့်သန့် တည်ရှိနေခြင်းသည် အပြောင်းအလဲ တခုဖြစ်ပြီး အလွန် ဖွံဖြိုးတိုးတက်သော တိုင်းပြည်ကြီး တခုသို့ အလုပ် လာလုပ်နေရသည်ဟုပင် ခံစားရကြောင်း ထိုင်းနိုင်ငံ အခြေစိုက် Nation Man ကုမ္ပဏီမှ အသက် ၄၆ နှစ်အရွယ် ထိုင်းလူမျိုး Mr.MonGkon က ဧရာဝတီသို့ ပြောသည်။
“ ဒီကို မရောက်ခင်က နေပြည်တော်ကို ဒီလောက် ကြီးကျယ် ခမ်းနားလိမ့်မယ်လို့ ထင်မထားဘူး။ တကယ်နေရာ အသစ်တခုပဲ။ ကျနော်က ဒီမှာ လက်ဝှေ့စင် အတွက် လိုအပ်တာတွေ လာကူတာ။ ဒါပေမဲ့ နေပြည်တော်ထက် မန္တလေးကို ပိုကြိုက်တယ်။ အဲဒီက မြန်မာတွေက ဖော်ရွှေတယ်။ မန္တလေးက ကျနော်တို့ နိုင်ငံနဲ့ ပိုတူတယ်” ဟု Mr.MonGkon က ဆိုသည်။
Mr.MonGkon သည် မြန်မာနိုင်ငံ လက်ဝှေ့ အဖွဲ့ချုပ်အတွက် လက်ဝှေ့စင်နှင့် လက်ဝှေ့ ပစ္စည်းများ ကူညီ ထောက်ပံပေးရန် နည်းပညာ အကူအညီပေးနေသူတဦး ဖြစ်ပြီး နေပြည်တော်သို့ နှစ်ကြိမ်မြောက် ရောက်ရှိလာသူဖြစ်သည်။
“ ဒီမှာ လူတိုင်းက ကွမ်းတံတွေးကို ကြုံသလို ထွေးနေတာမျိုး တွေ့ရတယ်။ ထွေးတဲ့သူတွေအတွက် ထွေးဖို့နေရာတို့ ၊ အမှိုက်ပုံးတို့ ပေးထားတာလည်း မတွေ့ဘူး။ စည်းကမ်း လိုက်နာဖို့အတွက် အမှိုက်ပုံးတို့ ၊ ကွမ်းတံထွေးတဲ့ နေရာတို့ ထားပေးသင့်တယ်။ ထိုင်းမှာလည်း တချို့နေရာတွေက ညစ်ပတ်ပေမယ့် မြန်မာတွေလိုတော့ ကွမ်းတအား မစားကြဘူး။ နိုင်ငံတိုင်းမှာလည်း စည်းကမ်း မလိုက်နာတဲ့ သူက ရှိတာပဲ”ဟု ထိုင်းနိုင်ငံသား မစ္စတာ Mr.MonGkonက ပြောသည်။
နေပြည်တော်သည် ရန်ကုန်မြို့ထက် ပိုကောင်းမွန်ပြီး မလေးရှားနိုင်ငံ ပူထရာဂျာနာ ဒေသနှင့် ဆင်တူကြောင်း ၊ မြန်မာ့ ရိုးရာ လက်မှု ပစ္စည်းများ ၀ယ်ယူချင်သော်လည်း နေပြည်တော်တွင် ရှာမတွေ့ကြောင်း ပထမဆုံးအကြိမ် နေပြည်တော်သို့ ရောက်ရှိလာသော မလေးရှားနိုင်ငံမှ အသံလွှင့်အင်ဂျင်နီယာ မစ္စတာ အင်မန်အီဟတ်က ပြောသည်။
“ မြန်မာတွေ ဧည့်ဝတ်ကျေတယ် ။ ဆီးဂိမ်း အပြင်အဆင်ကလည်း အရမ်းကောင်းတယ်။ ခြင် ပြဿနာကတော့ ကြီးကြယ်တဲ့ Issue ကြီးမဟုတ်ပါဘူး။ အခုတော့ အဆင်ပြေသွားပြီ ။ ဒီမှာ နေရာတိုင်းကို လွတ်လွတ်လပ်လပ် သွားလို့ ရနေတာပဲ ” ဟု မလေးရှားနိုင်ငံ National Sport Council မှ မစ္စတာ ဘက်စမန်က ဆိုသည်။
“ဒီဆီးဂိမ်း အားကစား ကွင်းထဲမှာတော့ သယ်ယူ ပို့ဆောင်ရေးက သိပ်အဆင်မပြေဘူး။ ကားတွေက အချိန်မမှန်ဘဲ သူဘာသာ သွားနေတယ်။ ဒါပေမဲ့ ကျနော်က မွတ်စလင်ဆိုတော့ ဆိုင်တွေမှာ စားရတာ အဆင်ပြေပါမလား စိတ်ပူတာ။ အဆင်ပြေတယ်။ ဟာလာ အစားအစာတွေ ရတယ်။ တခုက မြန်မာ့ရိုးရာ လက်မှုပညာ ပစ္စည်းတွေတော့ ၀ယ်ချင်တယ်။ ဒီမှာရောင်းတာက ဆီးဂိမ်းနဲ့ ပတ်သက်တာတွေပဲ ဖြစ်နေတယ်”ဟု အင်မန်အီဟတ်က ဆိုသည်။
အာရှ အားကစား အဖွဲ့ချုပ်မှ ထိုင်း နိုင်ငံသား မစ္စတာ Paiboon က “ နေပြည်တော်ကြီးက တကယ် ကောင်းပါတယ်။ အပြင်မှာ ကြားခဲ့ရသလို စစ်တပ်က ထိန်းချုပ်ထားတယ်။ မလွတ်လပ်ဘူးဆိုတာ မဟုတ်ဘူး။ ဒီမှာ ဟိုတယ်တွေလည်း အများကြီး ဖွင့်ထားတယ်။ ဒါပေမဲ့ ဟိုတယ်တွေပဲ ရှိပြီး စီးပွားရေး ဖွံဖြိုးတာတော့ မတွေ့ရဘူး။ မြန်မာတွေ ခုထက်ထိ သနပ်ခါး လိမ်းနေသေးတယ်။ ဒါပေမဲ့ နောက်ကျရင်တော့ မိတ်ကပ်တွေ
ပြောင်းလိမ်း ကြလိမ့်မယ်။ ထိုင်းမှာတော့ ယဉ်ကျေးမှု ပြောင်းသွားပြီ ”ဟု ဆိုသည်။
ဆီးဂိမ်းပြိုင်ပွဲသို့ လာရောက် ယှဉ်ပြိုင်သော ဗီယက်နမ် နိုင်ငံအသင်းမှ အားကစားသမားများအတွက် တည်းခိုရန် ပေးထားသည့် နေအိမ်အချို့တွင် ခြင် အန္တရာယ် ရှိနေပြီး ခြင်ပြဿနာ အပါအ၀င်၊ တခြားပြဿနာ တချို့ကြောင့် အားကစား သမားများ၏ စွမ်းရည် အပေါ် သက်ရောက်မှု ရှိနေသည်ဟု ဗီယက်နမ် အခြေစိုက် သတင်းဌာန တခုက ဖော်ပြခဲ့သောကြာင့် ကျန်းမာရေးဝန် ကြီးဌာနက ခြင်ထောင်များ ထပ်မံ ဖြည့်ဆည်းပေးခြင်းဖြင့် ခြင် ပြဿနာကို ဖြေရှင်းပေးရကြောင်း သိရသည်။
နေပြည်တော်တွင် နိုင်ငံခြားသားများကို ၀န်ဆောင်မှု ပေးနေသော အငှားတက္ကစီယာဉ် စရိတ်မှာ အနည်းငယ် ဈေးကြီးသည်ဟု ဂျာမနီ နိုင်ငံသား မစ္စတာ Toddy က ပြောသည်။ ကမ္ဘာလှည့် ခရီးသည်များကို မြန်မာ Tourist Police က အကူအညီ ပေးသည်ဟု ၎င်းက ဆိုသည်။
“ ကျနော်တို့ အဖွဲ့ ဟိုတယ်ဇုန်ကနေ ဒီကို ကားငှားလာတာ ဒေါ်လာ ၂၀ ပေးရတယ်။ ဈေးကြီးပေမယ့် အစိုးရက ဆီးဂိမ်းကို ဘယ်လိုလုပ်ထားလဲ ဆိုတာ စိတ်ဝင်စားလို့လာကြည့်တာ။ မြန်မာကို ရောက်တော့ Tourist Police တွေက ကူညီတယ်။ မျက်နှာတွေက ပြုံးနေတာပဲ။ ဆီးဂိမ်း ပွဲထဲကိုလည်း ၀င်ခွင့်ရတယ်။ ဒီထဲမှာတော့ ပွဲတွေကို ကြည့်လို့ရမယ့် Time Scaledule ရှာတာတော့ အခုထိ မတွေ့သေးဘူး”ဟု မစ္စတာ Toddy က ပြောသည်။
ဘောလုံးပွဲတွင် အိမ်ရှင် မြန်မာကို အနိုင်ရစေချင်ပြီး အင်ဒိုနီးရှား အနိုင်ရသွားသည့် အတွက် စိတ်မကောင်းကြောင်း ဂျာမနီနိုင်ငံသား Rainerက ယခုလို ပြောဆိုသေးသည်။”တီမောနဲ့ ထိုင်းတုန်းက တီမောကို အားပေးတယ်။ မြန်မာနဲ့ ထိုင်းမှာတော့ မြန်မာကို အားပေးခဲ့တယ်။ မြန်မာတွေ ရှုံးတာနဲ့ ရှက်လို့ ရန်ကုန်မှာ ရန်တွေ ဖြစ်ကြတာ မင်းသိလား” ဟု Rainer မေးခွန်းထုတ်သည်။
ဧရာဝတီ
Tuesday, December 17, 2013
သိပ်ကိုညံ့တယ်လို့ ဂုဏ်ရည်အေးကျော် ဘာကြောင့်ပြောလဲ
ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ Miss International 2013 ကို မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ခဲ့တဲ့ ဂုဏ်ရည်အေးကျော်ဟာ ပြိုင်ပွဲကပေးအပ်တဲ့ ဆု တခုမှ မရခဲ့ပေမယ့် Missosology က ပေးတဲံ Peoples Choice Award ဆုကိုသာ ရရှိခဲ့ပါတယ်။
Missosology ဆိုတာကတော့ အလှမယ်တွေနဲ့ ပတ်သက်ပြီး အွန်လိုင်းက မဲပေးမှုတွေအတွက် ဆုများ ပေးလေ့ရှိတဲ့ အဖွဲ့အစည်းတခုပါ။ Miss International က မဟုတ်ပါဘူး။
Miss International 2012 တုန်းကတော့ မြန်မာနိုင်ငံက ကိုယ်စားပြု အလှမယ် နန်းခင်ဇေယျာက ပရိသတ် ရွေးချယ်မှု ဆုနဲ့ အခြား ဆုတချို့ ရခဲ့ပါတယ်။
ဒီနှစ်သွားရောက်ယှဉ်ပြိုင်တဲံ ဂုဏ်ရည်အေးကျော်ကတော့ Miss International 2013 ပြိုင်ပွဲမှာ ဘာဆုမှ မရခဲ့လို့ အခုလို သူ့ ဖေ့စ်ဘုတ်ကနေ ရေးသား တောင်းပန်လာပါတယ်။
ရွှေမြန်မာတို့ရေ
မျှော်လင့်သလိုဖြစ်မလာတဲ့အတွက် တောင်းပန်ပါတယ်။ ဘာပြောစရာ စကားမှ မရှိတော့လောက်အောင် ဆွံ့အနေပါပြီ။ Missosology ကပေးတဲ့ People Choice Award နဲ့ပဲ ကျေနပ်ခဲ့ရပါပြီ။
ဒါ ဂုဏ်ရည့် ကြိုးစားမှုနဲ့ရတဲ့ဆု မဟုတ်ပါဘူး။ ပရိသတ်ပေးလို့ ရတဲ့ဆုပါ။ မြန်မာတွေ အသည်းအသန် ကြိုးစားပေးခဲ့တဲ့ ICA အဖွဲ့အစည်းက ပေးတဲ့ Miss Internet ဆုလဲ Voting Result မပြတဲ့ အတွက် ဘယ်သူ အများဆုံးလဲ မသိရပါဘူး။ မဲကောင်နိုင်ငံမှ ရသွားခဲ့ပါတယ်။
ကိုယ့်ကြိုးစားမှုနဲ့ ကိုယ်ဘာဆုမှ ယူမလာနိုင်ခဲ့လို့ သိပ်ကိုရှက်မိပါတယ်။ အကောင်းဆုံးကြိုးစားခဲ့တယ်လို့ မပြောလိုတော့ပါဘူး။ အကောင်းဆုံးကြိုးစားရင် အကောင်းဆုံး Result ရ ရမှာပေါ့နော်။ ဂုဏ်ရည် သိပ်ကို ညံ့လို့ပါ။
မြန်မာနိုင်ငံကိုတော့ ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည်တွေအတွက် ရန်ပုံငွေပွဲကို ဂျပန်ရောက်မြန်မာများဖြစ်တဲ့ ကိုနေမခ၊ မြန်မာပြည်မှ ဒီဇိုင်နာမဆန်းဘောက်ရာတို့ ဦးဆောင်မှုနဲ့ ၂၂ရက်နေ့ မှာ ပြုလုပ်ပြီး ရရှိသမျှ ငွေများအားလုံးကို စစ်ဘေးကို လှူဒါန်းသွားဖို့ ပြိုင်ပွဲမတိုင်ခင်ကတည်းက အစီအစဉ်တွေ ဆွဲထားပြီး ဖြစ်လို့ ၂၃ ရက်နေ့မှာ ရရှိတဲ့ ရန်ပုံငွေများအတူ ပြန်လာဖြစ်ပါမယ်။
ကူညီပံ့ပိုးခဲ့သူများအားလုံးကို ကျေးဇူးအထူးတင်ရှိစွာဖြင့်……
ဂုဏ်ရည်အေးကျော်
ယမန်နှစ်က မြန်မာအလှမယ် နန်းခင်ဇေယျာကလည်း ဂုဏ်ရည်အေးကျော် Miss International 2013 က နေ ဘာဆုမှ ယူလာမပေးနိုင်တဲ့အပေါ် အခုလို အားပေးစကား ပြောထားပါသေးတယ်။
မျှော်လင့်ထားသလို မဖြစ်လာလို့ နန်းခင်တို့ စိတ်မကောင်းဖြစ်ရတယ်။ Miss International 2013 ကို မြန်မာနိုင်ငံကိုယ်စားပြုပြီး အကောင်းဆုံးဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ခြင်းအတွက် များစွာဂုဏ်ယူနေပါတယ် ဂုဏ်ရည်...... မြန်မာဆိုတာ ကမ္ဘာက သိစေဖို့ တတ်စွမ်းတဲ့ဘက်ကနေ ဆက်လက်ကြိုးစားသွားကြမယ်။ ဆုရသည်ဖြစ်စေ မရသည်ဖြစ်စေ အစဉ်အားပေးလျှက်ပါ.....။
ဧရာဝတီ
Sunday, December 15, 2013
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမနက်က အသေးစားခွဲစိပ်မှု အောင်မြင်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းက အာရှတော်ဝင် ဆေးရုံမှာ အသေးစား ခွဲစိပ်မှု လုပ်ဆောင်ခဲ့ပြီး အောင်မြင်သည့် ခွဲစိပ်မှု ဖြစ်တယ် လို့ ဒေါက်တာ တင်မျိုးဝင်းက ပြောဆိုလိုက်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲကို ယနေ့ နေ့လယ် ၁၁ နာရီက အာရှတော်ဝင် ဆေးရုံ အခန်းအမှတ် ၂၄၀၁ မှာ လုပ်ဆောင်ခဲ့ချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခြေထောက် ခွဲစိပ်မှု ပြုလုပ်ခဲ့ရာ အောင်မြင် တယ်လို့ ဒေါက်တာတင်မျိုးဝင်း က ပြောဆိုလိုက် တာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အခုအခါမှာ ကျန်းမာရေး ကောင်းမွန်လျှက်ရှိကြောင်းလည်း သိရပါတယ်။
ဧရာဝတီ
Saturday, December 14, 2013
တပ်မတော်နဲ့ NLD ကြား သွေးထိုးစကားတွေ သတိထားဖို့ ဒေါ်စုပြော
ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေခိုင်မာဖို့ အရေးတကြီး လိုအပ်ပြီး ပြည်သူ၊ တပ်မတော်နဲ့ NLD ကြား စိတ်ဝမ်း ကွဲအောင် သွေးခွဲနေမှုတွေကို သတိထားကြဖို့နဲ့ မြန်မာနိုင်ငံတွင်း အမျိုးသားပြန်လည် သင့်မြတ်ရေး ရရှိအောင် အဓိက ကြိုးပမ်းနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။ သူမရဲ့ မဲဆန္ဒနယ်မြေဖြစ်တဲ့ ကော့မှူးမြို့နယ်မှာ ဒီကနေ့ ပြုလုပ်တဲ့ အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒသဘောထားရယူပွဲမှာ အဲဒီလို ပြောသွားခဲ့တာပါ။ အသေးစိတ်ကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။
ပြုပြင်ပြောင်းလဲရေးဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံတွင်း အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးနဲ့ ပြန်လည်သင့်မြတ်ရေးကို အလေးအနက်ထား ဖော်ဆောင်နေချိန်မှာ တပ်မတော်နဲ့ NLD ကြား ယုံမှားသံသယတွေနဲ့ သွေးထိုး လှုံ့ဆော်မှုတွေကို သတိထားကြဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌက လူထုသဘောထားရယူပွဲမှာ သူ့မဲဆန္ဒရှင်ပြည်သူလူထုကို သတိပေးပြောဆို လိုက်တာပါ။ စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးမှာ အရေးတကြီး လိုအပ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေခိုင်မာရေးကို အလေးအနက်ထား လုပ်ဆောင်ရမှာ ဖြစ်တယ်၊ ဒီဖွဲ့စည်းပုံခိုင်မာရေးမှာလည်း ပြည်သူ့အားကို အဓိက လုပ်အပ်တယ်လို့လည်း ပြောဆိုခဲ့တဲ့အကြောင်း အခြေခံဥပဒေဆိုင်ရာ လူထု သဘောထားရယူပွဲမှာ ပင်တိုင်ဆွေးနွေးသူထဲက တစ်ဦးဖြစ်တဲ့ လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။
“တပ်မတော်နဲ့ ပြည်သူလူထုကြားမှာ၊ တပ်မတော်နဲ့ NLD ကြားမှာ စိတ်ဝမ်းကွဲအောင် သွေးထိုးလှုံ့ဆော်နေတာတွေ ရှိတယ်။ ဒါတွေကိုလည်း သတိထားဖို့ ဆိုတဲ့အကြောင်း ပြောတယ်။ အမှန်ကတော့ ဒါ တပ်မတော်နဲ့ ပြည်သူကြားမှာ အမျိုးသားရင်ကြားစေ့ရေးဆိုတာ NLD က တောက်လျှောက် လုပ်နေတာပေါ့နော်။ ပြည်သူဆိုတဲ့နေရာမှာ တပ်မတော် သားတွေလည်း ပြည်သူထဲမှာ ပါတယ်ပေါ့။ ဒါကိုလည်း ပြောပါတယ်။ နောက်တခါ ဒီမိုကရေစီနိုင်ငံ တည်ဆောက်မယ် ဆိုလို့ရှိရင် ဒီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဖို့လိုတယ်၊ ဒီဟာကိုလည်း ဆွေးနွေးပါတယ်။ နောက်တခါ- NLD အနေနဲ့ကတော့ ဒီမိုကရေစီနိုင်ငံမှာ ပြည်သူသာ အဓိကကျတဲ့အတွက် ပြည်သူကို အားကိုးသမှုနဲ့ပေါ့နော်- ပြည်သူကို အဓိကထားပြီး ပြည်သူတွေ ဆန္ဒနဲ့ ပြင်ဖို့လိုတယ်ဆိုတဲ့အကြောင်း ဒါတွေလည်း ဆွေးနွေးပါတယ်ခင်ဗျ။”
ကော့မှူးမြို့နယ် အားကစားကွင်းတွင်းက အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ သဘောထားဆန္ဒခံယူပွဲကို တက်ရောက်လာကြတဲ့ ကော့မှူးမဲဆန္ဒရှင် ပြည်သူတွေဆီက အခြေခံဥပဒေနဲ့ပြင်ဆင်ရေး၊ အသစ်ပြန်လည်ရေးဆွဲရေးနဲ့ ပတ်သက်ပြီး သဘောထားခံယူရမှာတော့ အများစုက ပြင်ဆင်ရေးကို တခဲနက် ထုတ်ဖော်ပြသခဲ့ကြတယ်လို့ ဦးဝင်းမြင့်ကပြောပါတယ်။
“ဆန္ဒရယူတဲ့အခါမှာ ၉၉ % လောက်ကို ပြင်ဆင်ရေးဘက်ကို ထောက်ခံကြတယ်ဗျ။ အသစ်ရေးဆွဲချင်တဲ့သူက လက်ထောင်တဲ့သူတွေကို ကျနော် ကြည့်တာ အားလုံးထဲမှာ ဒီ ၃ သောင်းလောက် တက်တဲ့အထဲမှာ ဆယ်ယောက်ထက် မပိုဘူးဗျ။ အဲဒီတော့ ၉၉ % လောက်ကို ကော့မှူးက ပြင်ဆင်ရေးဘက်မှာ ဆန္ဒရှိတာပဲ။”
တက်ရောက်လာတဲ့ ပြည်သူလူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် တိုက်ရိုက် တွေ့ဆုံမေးမြန်းကြတဲ့အခါ ပြည်သူဘက်က လွှတ်တော်တွင်း လူနည်းစုဖြစ်တဲ့ အတိုက်အခံအင်အားစုအနေနဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး အခြေအနေ ဘယ်လို ရှိနိုင်သလဲဆိုတာကို မေးမြန်းခဲ့ကြတဲ့အပေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖြေကြားချက်ကို သူကပြောပြပါတယ်။
“ပြည်သူဘက်က မေးတဲ့အခါကတော့ဗျာ- ဒီဟာ မပြင်လို့ရှိရင် ကျနော်တို့က လွှတ်တော်ထဲမှာ အနည်းစု၊ အများစုက အာဏာရပါတီဖြစ်နေတယ်။ ဒါကို ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်လို့ရှိရင် ဘယ်လို အခြေအနေမျိုးနဲ့ နိုင်ငံရေး သွားမလဲဆိုတာကို ကျနော်တို့ခေါင်းဆောင်ကတော့ ပြောပါတယ်။ တရား ဥပဒေဘောင်အတွင်းကပဲ ပြင်ဆင်ရေးကို လုပ်သွားမယ်။ ဥပဒေဘောင် အတွင်းကပဲ နိုင်ငံရေးကို ဆက်ပြီးတော့ လျှောက်လှမ်းသွားမယ်ဆိုတဲ့ အကြောင်းပေါ့။ ဒါကို ပြောပါတယ်ဗျ။”
ပြည်သူ့သဘောထားရယူပွဲမှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းမြင့်နဲ့ ဥပဒေ ပညာရှင် ဦးဌေးဦးတို့ သုံးဦး ပင်တိုင်ဆွေးနွေးခဲ့ကြပြီး သူ့အနေနဲ့ ၂၀၀၈ အခြေခံ ဥပဒေစတင်ဖြစ်ပေါ်လာပုံ၊ ပြင်ဆင်သင့်တဲ့အချက်တွေနဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သဘောထား စတာတွေကို ရှင်းလင်းတင်ပြခဲ့တယ်လို့လည်း လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ကပြောပါတယ်။
“လူထုနဲ့တွေ့တဲ့အခါမှာ ဒီဖွဲ့စည်းပုံအခြေခံဥပဒေဟာ ဘယ်လို သန္ဓေတည်လာသလဲပေါ့ဗျာ။ ဖွဲ့စည်းပုံအခြေခံဥပဒေဇစ်မြစ်ပေါ့။ ၁၉၉၃ အမျိုးသား ညီလာခံစပြီးတော့ ၂၀၀၄ ညောင်နှစ်ပင်ညီလာခံမှာရော၊ ၁၉၉၃ ကျိုက္ကဆံ အမျိုးသားညီလာခံမှာရောက ပြည်သူ့ကိုယ်စားလှယ်တွေက ရေးဆွဲခွင့် မရဘူးပေါ့ဗျာ။ နောက်တစ်ခုက ပြည်သူတွေကလည်း ပူးပေါင်းပါဝင်ခွင့် မရခဲ့ဘူးပေါ့ဗျာ။ ဒီမိုကရေစီအခွင့်အရေးမရတာတွေ၊ လူ့အခွင့်အရေး အာမခံချက် မရှိတာတွေ၊ ပြည်ထောင်စုမူ ကင်းလွတ်နေတာတွေ၊ တန်းတူညီမျှတဲ့အခွင့်အရေး မရတာတွေ၊ အဲဒါကြောင့်မို့လို့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ဥပဒိရုပ်ကလည်း မူလကတည်းကိုက မကောင်းဘူးပေါ့ဗျာ။ အဲဒါတွေပါ ကျနော်ဆွေးနွေးပါတယ်။”
ဒီဇင်ဘာလ ၁၅ရက်နေ့ တနင်္ဂနွေနေ့မှာလည်း ပဲခူးတိုင်း သာယာဝတီမြို့နယ်မှာ NLD ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည် အဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးတင်ဦး၊ အပါအဝင် ဦးဝင်းမြင့်နဲ့ ဦးဌေးဦး (စိန်ဂျွန်း) တို့က ၂၀၀၈ အခြေခံဥပဒေ ဖြစ်ပေါ်လာပုံနဲ့ ဖွဲ့စည်းပုံ အတွင်း ပြင်ဆင်သင့်တဲ့ အချက်တွေကို လူထုကို သွားရောက် တွေ့ဆုံရှင်းလင်းဆွေးနွေးကြမယ်လို့သိရပါတယ်။
မဆုမွန် (ဗွီအိုအေ)
Thursday, December 12, 2013
ဆီးဂိမ်းမှာ မြန်မာရွှေတံဆိပ်ဆု အခုတစ်ရာမှန်းထား
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပပြုလုပ်တဲ့ အရှေ့တောင်အာရှ ဆီးဂိမ်း အားကစား ပြိုင်ပွဲမှာ မြန်မာအားကစားသမားအဖွဲ့တွေအနေနဲ့ ရွှေတံဆိပ်ဆု အခု တစ်ရာ ဆွတ်ခူးရရှိဖို့ မျှော်မှန်းထားပါတယ်။
၁၉၆၀ ခုနှစ်ကစပြီး ဆီးဂိမ်းအားကစားပြိုင်ပွဲတွေမှာ ဆုတံဆိပ်အနိမ့်ဆုံးနေရာမှာ ရှိခဲ့တဲ့ မြန်မာနိုင်ငံ အနေနဲ့ အခုတကြိမ်မှာတော့ ရွှေတံဆိပ် အခုတစ်ရာရဖို့ ရည်ရွယ်ထားတယ်လို့ အားကစားဝန်ကြီးဌာန ဒုညွန်ကြားရေးမှူး ဦးအုန်းမြင့်ဦး က ဒီဇင်ဘာလ ၁၁ ရက်နေ့တုန်းက နေပြည်တော်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ဆီးဂိမ်း အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားမှာ ပြောသွားခဲ့ပါတယ်။
လက်ရှိမှာတော့ မြန်မာက ရွှေတံဆိပ် ၂၁ ခု၊ ငွေ ၁၃ ခု၊ ကြေး ၁၂ ခုနဲ့ ထိပ်ဆုံးမှာရောက်ရှိနေပြီး ဗီယက်နမ်နိုင်ငံကတော့ ဒုတိယနေရာနဲ့ အင်ဒိုနီးရှားနိုင်ငံကတော့ တတိယနေရာမှာရှိနေပါတယ်။
ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မြန်မာနိုင်ငံအနေနဲ့ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့တဲ့ အတွက် မြန်မာပြည်သူ အတော်များများက အားရ၀မ်းသာရှိခဲ့ကြပေမယ့် တဖက်မှာတော့ ဖွင့်ပွဲ အခမ်းအနား ဖြစ်မြောက်ရေးအတွက် တရုတ်နိုင်ငံက အကူအညီတွေ ရယူခဲ့တဲ့အပေါ် အစိုးရအနေနဲ့ ဝေဖန်မှုတွေခံနေရပါတယ်။
လူပေါင်း သုံးသောင်းလောက် ဆံ့တဲ့ နေပြည်တော် ၀ဏ္ဏသိန္ဓိ အားကစားရုံမှာ ပြုလုပ်တဲ့ ဆီးဂိမ်းဖွင့်ပွဲနဲ့ ပိတ်ပွဲ အခမ်းအနား အတွက် တရုတ်နိုင်ငံက မြန်မာနိုင်ငံကို ဒေါ်လာ ၃၃ သန်းနီးပါး ရှိတဲ့ စက်မှုပိုင်းဆိုင်ရာ အကူအညီတွေ ထောက်ပံ့ပေးခဲ့ပါတယ်။
ဆီးဂိမ်းအားကစားပြိုင်ပွဲ ကျင်းပပြုလုပ်တာကို ၀မ်းသာအားပေးကြတဲ့သူတွေရှိနေပေမယ့် အားနည်းချက်တချို့ကိုလည်း ထောက်ပြထားသူတွေလည်းရှိပါတယ်။
အဲဒါအပြင် အလယ်အလတ် တန်းစားရှိတဲ့ ဟိုတယ်တွေနည်းပါးပြီး သွားလာဖို့အတွက် တက္ကဆီတွေကလည်း နည်းပါးတဲ့အတွက် အခက်အခဲတွေရှိတယ်လို့ ဆီးဂိမ်းကို သွားရောက် ကြည့်ရှု့တဲ့ နိုင်ငံခြားသား ဧည့်သည်တွေက ပြောပါတယ်။
ပြီးတော့ ရန်ကုန်နဲ့ နေပြည်တော် တက္ကဆီအငှါးကလည်း ဒေါ်လာ ၂၀၀ လောက်ရှိပြီး ဗီဇာကြေးကလည်း ဈေးကြီးတယ်လို့ ဆိုပါတယ်။
Credit To :radioaustralia
Friday, December 6, 2013
ဒေါ်အောင်ဆန်းစုကြည် ရုတ်တရက် ဆေးရုံတက်
ကျန်းမာရေးဒေါင်ဒေါင်မည်ဟု မိသားစုဆရာဝန်မှ ဝါဒဖြန့်ထားသော်လည်း
ဒေါ်အောင် ဆန်းစုကြည်သည် အာရှတော်ဝင် အထူးကုဆေးရုံ၌ ဒီဇင်ဘာ၅ရက် တွင် အရေးပေါ် ဆေးရုံတင်ခဲ့ရကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ပမှ ထောက်ပံ့သော အားဆေးပေါင်းစုံ၊ အသားအရေလှပစေးအပါအဝင် ခေတ်မှီ တန်ဖိုးကြီးဆေးဝါးပေါင်းစုံ သုံးစွဲနေသော်လည်း အခြေအနေမကောင်းသဖြင့် ဆေးရုံသို့ သွားရခြင်းဖြစ်ကြောင်း NLD သတင်းရပ်ကွက်မှ သိရသည်။
NLD ဆရာဝန် ဒေါက်တာတင်မျိုးဝင်းကတော့ ထုံးစံအတိုင်း အမှန်တရားကို ဖုံးကွယ်ကာ ကျန်းမာရေး မကောင်းလို့ လုပ်တာမဟုတ်ပါဘူးဟု အခုလိုပြောကြားခဲ့သည်။ ''အခုကျန်းမာရေးစစ်ဆေး မှုလုပ်တာက ကျန်းမာရေးမကောင်း လို့ လုပ်ရတာ မျိုး မဟုတ်ပါဘူး။ ပုံမှန်စစ်ဆေးတဲ့သဘောပါ'' ဟု ရန်ကုန်တိုင်းမ် နေ့စဉ် သတင်းစာသို့ ပြောသည်။
အမည်မဖော်လိုသူ NLD ပါတီဝင်တစ်ဦးကတော့ ဒေါ်အောင်ဆန်းစုကြည် သြစတြေးလျမှ ပြန်လာပြီးနောက်ပိုင်း မည်သူ့ကိုမျှ အတွေ့မခံကြောင်းနှင့် မနေ့က အရေးပေါ် ဆေးရုံပို့လိုက်ရကြောင်းပြောသည်။
ရန်ကုန်မြို့မှ ဆရာဝန်တစ်ဦးကလည်း သာမန်ဆေးစစ်မှုကို အရင်က ပုံမှန်မလုပ်ပဲ အခုမှ ရုတ်တရက် သွားလုပ်တာက သံသယ ဖြစ်စရာရှိတယ်ဟု ဆိုသည်။ လက်တလောမှာ ရန်ကုန်မြို့မှ NLD ပါတီဝင်အများအပြားက
ဒေါ်စုအိမ်ရှေ့တွင် စုရုံးကာ နောက်ဆုံးကြိမ် တွေ့ခွင့်တောင်းနေကြကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်သည် အသက် ၆၈ နှစ်ရှိပြီဖြစ်ပြီး ဥရောပခရီးစဉ်တစ်ခုတွင်လည်း သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် မူးဝေအော့အန်ခဲ့သဖြင့် ရှင်းလင်းပွဲကို ဖြတ်သိမ်းခဲ့ရသည်။ တနင်္သာရီတိုင်းတွင်း မဲဆွယ်ပွဲခရီးသွားစဉ်ကလည်း ကျန်းမာရေး ဖောက်ပြန်သဖြင့် ရန်ကုန်သို့ အရေးပေါ် ပြန်ခဲ့ရသည်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ဖော်ကိုင်ဖက် နိုဘယ်ဆုရှင် မန်ဒရဲလား မှာ မနေ့က သေဆုံးခဲ့သည်။
Myanmar Express
အသက် ၇၂ ရှိ မော်ကွန်းဝင် ပထမ အဆင့်၏ ဇနီးဟု ဆိုသူကို ပုဒ်မ ၁၈ ဖြင့် တရားစွဲ
မော်ကွန်းဝင် ပထမအဆင့်၏ ဇနီးဟု ဆိုသူကို ပုဒ်မ ၁၈ ဖြင့် တရားစွဲလွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့်ရှိ တပ်ကြပ်ကလေး မောင်တင် (တပ်မတော် မှတ်ပုံတင်အမှတ်- ၀၉၀၃၇) ၏ ဇနီးဟုဆိုကာ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့တွင် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သူ ဒေါ်တင်ရီကို ခွင့်ပြုချက်မရှိဘဲ ဆန္ဒထုတ်ဖော်မှု ပုဒ်မ (၁၈) ဖြင့် ကျောက်တံတား ရဲစခန်းက တရားစွဲဆိုထားကြောင်း အဆိုပါ ရဲစခန်းထံမှ သိရှိရသည်။
အသက် ၇၂ နှစ် ရှိပြီဖြစ်သော လွတ်လပ်ရေး မော်ကွန်းဝင် ပထမအဆင့် တပ်ကြပ် မောင်တင်၏ ဇနီးဖြစ်သူ ဒေါ်တင်ရီသည် နေထိုင်စရာ အိမ်ရာ မရှိသဖြင့် အစိုးရထံ အကူအညီ တောင်းလိုသောကြောင့် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ရခြင်း ဖြစ်ကြောင်း ကာယကံရှင် ဒေါ်တင်ရီက ပြောဆိုသည်။
ဒေါ်တင်ရီသည် တပ်ကြပ်မောင်တင် ဆုံးပါးသွားသည့် နောက်ပိုင်း နေစရာအိမ် မရှိသဖြင့် တောင်ဥက္ကလာပ မြို့နယ်ရှိ ဓမ္မာရုံ တစ်ခုတွင် နေထိုင်နေရကြောင်း၊ ယခုလပိုင်း အတွင်းတွင် အဆိုပါ ဓမ္မာရုံက လက်ခံခြင်း မရှိတော့သောကြောင့် ယင်းသို့ တောင်းဆိုရခြင်း ဖြစ်ကြောင်း ဒေါ်တင်ရီက ဆိုသည်။ “စည်ပင်ကို လေးငါးခါ အကူအညီ တောင်းဖူးတယ်။ တစ်ခါမှ မရဘူး” ဟု ဒေါ်တင်ရီက ဆိုသည်။
မြန်မာနိုင်ငံတွင် လွတ်လပ်ရေး မော်ကွန်းဝင် ပထမ၊ ဒုတိယ၊ တတိယအဆင့် စုစုပေါင်း ၁၈,၈၂၆ ဦး ရှိပြီး ဆင်းဆင်းရဲရဲဖြင့် နေထိုင်နေရသူများ ရှိသောကြောင့် အစိုးရအနေနှင့် လွတ်လပ်ရေး မော်ကွန်းဝင် ပုဂ္ဂိုလ်များကို တစ်လုံးတစ်ခဲတည်း ချီးမြှင့်ငွေ ချီးမြှင့်ရန် အစီအစဉ်ရှိ မရှိ ဇူလိုင်လ အတွင်း ကျင်းပသော လွှတ်တော် အစည်းအဝေးသို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဦးက မေးမြန်းခဲ့သော်လည်း ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ချီးမြှင့်ရန် အစီအစဉ် မရှိသေးကြောင်း ပြန်လည် ဖြေကြား ခဲ့သည်။
The Voice
Thursday, December 5, 2013
ဖုန်းငွေဖြည့်ကတ်များမှ တယ်လီဖုန်းခေါ်ဆိုမှု နှုန်းထားများ ပိုမို ကုန်ကျလျက်ရှိဟုဆို
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ယူ ဆောင်ရွက်လျက် ရှိသည့် ဖုန်းဘီလ်ဖြတ် မှု နှုန်းထားများသည် ယခင်လများ ကထက် ယခုလတွင် ဖုန်းငွေဖြည့်ကတ်များမှ တယ်လီဖုန်းေ ခ်ါဆိုမှု နှုန်းထားများ ပိုမို ကုန်ကျသည်ဟု ဖုန်းသုံးစွဲသူ ပြည်သူများ က ဝေဖန် လျက်ရှိသည်။
““သမီးတို့ရဲ့ ဖုန်းဘီလ်တွေက ဒီလမှာ အရမ်းစားပြီး ဘီလ်ဖြတ် တာတွေ များများနေတယ်။ ၁ မိနစ်ကို နည်းနည်းလေး စွန်းသွားနဲ့ ၁၀၀ ဖြတ်နေတယ် ပေါ့နော်။ ပြီးတော့ အင်တာနက် လိုင်းတွေမှာလည်း ၁ မိနစ် ၂ ကျပ်လောက် ကျရမှာကို အခု ၄ ကျပ်လောက် ဖြစ်နေတယ်။ ခါတိုင်းဆို သမီးတို့ GSM တွေက ၂ ကျပ်ပဲကျတာ အခုတော့ ၄ ကျပ် ဖြစ်နေတယ်။ ဖုန်းဘီလ်စစ်မယ် ဆိုရင်လည်း System Busy ဖြစ်နေတာ သုံး၊ လေးကြိမ် လောက် ပြန်ပြန်စစ်နေရပြီး နောက်ဆုံး error ဖြစ်ဖြစ်သွားကာ မြန်မာ့ဆက်သွယ်ရေးမှ ဖြတ် တာတွေ များပြီး ဘီလ်စနစ်ကလည်း ဖြတ်တာ ပုံမှန်မရှိဘူး””ဟု Red Link ကုမ္ပဏီမှ စာရင်းကိုင် တစ်ဦးဖြစ်သူ မ၀တ်ရည်က ပြောသည်။ …
အဆိုပါ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဖုန်းငွေဖြည့်ကတ် ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခု ဖြစ်သည့် Elite မှ အထွေထွေ မန်နေဂျာကို အောင်နေဇင်ဦးက ““၁ မိနစ် ၅၀ ဖြတ်တယ်ပေါ့နော်။ ဒါပေမဲ့ အတိ အကျ ဘယ်လောက်ဖြတ်လဲ သိချင်ရင်တော့ မြန်မာ့ဆက်သွယ်ရေးကို မေးမှရမယ်။ ကျွန်တော်တို့က ဘီလ်စနစ်တော့ မသိဘူး။ ဖြန့်ချိတဲ့ ကုမ္ပဏီဖြစ်တဲ့အတွက် ငွေဖြည့်ကတ်တွေကို သုံးစွဲသူတွေ error တက်နေတယ် သုံးစွဲလို့ မရဘူး။ ဖြည့်လို့မရဘူးလို့ ပြောနေတာ တွေရှိတယ်။ အဲဒီတော့ ကျွန်တော် တို့ဘက်က ဆက်သွယ်ရေးကို complain ပြန်တက်တယ် ပေါ့နော်။ ဖြည့်လို့ရရင် ရမယ်မရရင် ကျွန်တော်တို့ ကတစ်ဆင့် customer တွေကို ဆောင်ရွက်ပေးတာတွေ ရှိတယ်။ ဖုန်းဘီလ်နဲ့ ပတ်သက်လို့ ဘယ်လောက်ကျော်ရင် ဘယ်လောက် ဖြတ်တဲ့ detail တော့ မြန်မာ့ဆက်သွယ်ရေး MPT က ကျွန်တော်တို့ကို ပေးမထားပါဘူး”” ဟု ပြောသည်။
မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တယ်လီဖုန်းခေါ်ဆို ခနှုန်းထားများကို ၂၀၁၀ပြည့်နှစ်မှ စတင်ကာ တစ်မိနစ်လျှင် နှစ်ဆယ့်ငါးကျပ်မှ ကျပ်ငါးဆယ်သို့ တိုးမြှင့် ကောက်ခံခဲ့ပြီး မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းက ရောင်းချထားပေးသည့် မိုဘိုင်းလ်ဖုန်းခေါ်ဆိုခနှုန်းထားများကို၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် တစ်မိနစ် ၅၀ကျပ်နှုန်းကို လျှော့ချပေးမည်ဖြစ်ကြောင်း တို့ကို ဆက်သွယ်ရေးနှင့် သတင်းအချက် အလက်နည်းပညာ ၀န်ကြီးဌာန ဒုတိယ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦး သောင်းတင်ကသတင်း မီဒီယာများ ကို ပြောကြားခဲ့သည်။
အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း လမ်း ၃၀ Complain ဆက်သွယ် ရေးရုံးမှ တာဝန်ရှိသူ တစ်ဦးအား ဆက်သွယ်မေးမြန်းရာ ““ကတ်ဖုန်း တွေအတွက်ကတော့ ၁ မိနစ်ကို ၅၀ ယူပါတယ်။ ၁ မိနစ်၊ ၁၀ စက္ကန့်ဆို ၁၀၀ ယူမယ်။ ၁ မိနစ် မပြည့်လည်း ၁ မိနစ်စာယူတယ်။ GSM ၂ ကျပ်၊ WCDMA ၊ CDMA ဆို ၄ ကျပ်ယူတယ်။ ဖုန်း ဘီလ်စစ်တဲ့ အခါမှာ System Busy ဖြစ်ဖြစ် နေတာကတော့ ဟန်းဆက် နဲ့လည်း ဆိုင်တယ်။ ဟန်းဆက်ကောင်းမှ ဆွဲအားကောင်းတာ။ ဘီလ်ဖြတ်တဲ့ အခါမှာ ဈေးနှုန်းမြင့် တက်တာတော့ မရှိသေးဘူး။ ပုံမှန်ပါပဲ။ ကျမယ်လို့တော့ ပြောထားတယ်။ ၂၅ ကျပ်လောက်တော့ မှန်းထားတယ်။ လောလော ဆယ် အတိအကျတော့ မထုတ်ပြန်သေးဘူး””ဟု ပြောသည်။
Ref & Credit: www.myanmarthandawsint.com
Wednesday, December 4, 2013
တိုင်ကြားချက်အရ သာကေတစက်မှုဇုန်ရှိ ဂိုဒေါင်တစ်ခုအား ၀င်ရောက်စစ်ဆေးရာ ၀ိုင်ပုလင်းဖာပေါင်း ထောင်ဂဏန်းမျှ တွေ့ရှိ၍ တရားဝင် ဟုတ်-မဟုတ် စစ်ဆေးနေ
တိုင်ကြားချက်အရ သာကေတစက်မှုဇုန်ရှိ Premium Food Service ကုမ္ပဏီပိုင် ဂိုဒေါင်အား ၀င်ရောက်စစ်ဆေးရာ ၀ိုင်ပုလင်းဖာပေါင်း ထောင်ဂဏန်းတွေ့ရှိထားကာ တရားဝင်ဟုတ်- မဟုတ်ကို စစ်ဆေးနေကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးအဖွဲ့ Mobile Team မှ သိရသည်။
တရားမ၀င်ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီသို့ ၂၀၁၃ အောက်တိုဘာ ၂၈ ရက်ပါ ရက်စွဲဖြင့် သာကေတမြို့နယ်၊ မြမာလာလမ်းရှိ ဂိုဒေါင်ခြံတစ်ခု၌ တရားမ၀င် ကုန်ပစ္စည်းများ သိုလှောင်၊ ဖြန့်ဖြူး၊ ရောင်းချနေကြောင်း သတင်းပေးပို့ တိုင်ကြားလာသည့်အတွက် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်ခဲ့ပြီး ဒီဇင်ဘာ ၃ ရက်တွင် တိုင်ကြားချက်မှာ ပေါ်လွင်သဖြင့် ဒီဇင်ဘာ ၄ ရက်တွင် ၀င်ရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
စစ်ဆေးမှုအတွင်း ၀ိုင်ပုလင်းများမှာ အမျိုးပေါင်း ၆၀ ခန့်ရှိပြီး ၀ိုင်ပုလင်းဖာများကို အလုံပိတ်အခန်းများ၊ ကွန်တိန်နာဘောက်များနှင့် ဂိုဒေါင်များကို အခန်းဖောက်ကာ ထည့်သွင်းထားပြီး ခန့်မှန်းပေ ၂၀၀ ပတ် လည်ခန့် အပြည့်ရှိကြောင်းနှင့် နိုင်ငံခြားမှ တင်သွင်းထားသော ကြက်ဆင်သားအပါအ၀င် ဟိုတယ်သုံး အေးခဲအသားများကို စစ်ဆေးတွေ့ရှိထားကြောင်း သိရသည်။
ယခုဖြစ်စဉ်အတွင်း တွေ့ရှိထားသော ၀ိုင်းပုလင်းအရေအတွက်နှင့် အေးခဲအသားများမှာ Mobile Team မှဝင်ရောက် ရှာဖွေစစ်ဆေးသည့် ကာလတစ်လျှောက်တွင် အများဆုံးအဖြစ် သတ်မှတ်နိုင်ပြီး ၀ိုင်ပုလင်းများမှာ တန်ဖိုးကြီး အမှတ်တံဆိပ်များဖြစ်ကာ အမေရိကန်၊ ပြင်သစ်၊ အီတလီ၊ သြစတြေးလျ၊ တောင်အာဖရိကနိုင်ငံထုတ်များ ဖြစ်ကြောင်းသိရသည်။
လက်ရှိတွေ့ရှိထားသော ၀ိုင်ပုလင်း အရေအတွက်မှာ များပြားသောကြောင့် တရားဝင်- မ၀င်ကို ဆုံးဖြတ်စစ်ဆေးရန်အချိန် နှစ်ပတ်ခန့် ကြာမြင့်နိုင်ကြောင်း၊ ၀င်ရောက်စစ်ဆေးခံရသည့် ဂိုဒေါင်မှာ Premium Food Service ကုမ္ပဏီ ပိုင်ဆိုင်ခြင်းမဟုတ်ဘဲ ဦးစိန်ဝင်းဆိုသူထံမှ ယခုနှစ်အောက်တိုဘာ နောက်ဆုံးပတ်အတွင်းမှ ငှားရမ်းထားခြင်းဖြစ်ကြောင်း Mobile Team မှ သိရသည်။ အစစ်ဆေးခံရသည့် ဂိုဒေါင်ကို ဦးစီးဆောင်ရွက်နေသည့် ဒေါ်ဝင်းဝင်းတင့်က" ကျွန်မတို့က အထောက်အထား အပြည့်အစုံနဲ့ ရှင်းပြမှာ ဖြစ်တယ်"ဟု ပြောကြားသည်။
Mobile Team အဖွဲ့မှ လက်ရှိစစ်ဆေးနေသော ဂိုဒေါင်မှာ သုံးလအတွင်း ငါးခုမြောက် တိုင်ကြားချက်အရ စစ်ဆေးနေခြင်းဖြစ်ပြီး ယင်းမတိုင်မီ စစ်ဆေးခံခဲ့ရသော စက်ရုံများမှာ ပို့ကုန်-သွင်းကုန် ဥပဒေပုဒ်မများဖြင့် တရားစွဲဆိုထားခြင်း ခံထားရကြောင်း သိရသည်။
(တိုင်ကြားချက်အရ ၀င်ရောက်စစ်ဆေးနေသော Mobile Team မှ တာဝန်ရှိသူတစ်ဦးကို ဒီဇင်ဘာ ၄ ရက်က တွေ့ရစဉ်)
EMG
အိုင်ဆွန် ကြယ်တံခွန် မြန်မာ နိုင်ငံ မြိ့ ကြီး ခြောက်မြို့ အပေါ်မှ ဖြတ်သန်း မည်
ကမ္ဘာနှင့် အနီးဆုံး ဆုံမှတ်သို့ ချဉ်းကပ် ရောက်ရှိ လာမည့် အိုင်ဆွန် ကြယ်တံ ခွန်ကို ရုရှား နိုင်ငံမှ သိပ္ပံ ပညာရှင် နှစ်ဦး စတင်ရှာ ဖွေ တွေ့ရှိ ခဲ့ကြသည်။ အိုင်ဆွန် ကြယ်တံ ခွန်သည် မြန်မာ နိုင်ငံရှိ မြို့ကြီး ခြောက်မြို့ အပေါ်မှ ဖြတ်သန်း သွားမည် ဖြစ်ပြီး စိတ်ဝင် စားသူများ အနေဖြင့် သာမန် မျက်စိ ဖြင့်ပင် လေ့လာ တွေ့ရှိ နိုင်မည်ဟု မြန်မာ နိုင်ငံ နက္ခတ် ပညာ ရှင်များ အသင်းမှ သိရသည်။
အိုင်ဆွန် ကြယ်တံခွန်သည် ၂ဝ၁၃ ခုနှစ် ဒီဇင်ဘာ ၂၅ ရက်နေ့ ဝန်းကျင်တွင် ကမ္ဘာနှင့် အနီး ဆုံးသို့ ချဉ်းကပ် ရောက်ရှိ လာမည် ဖြစ်သည်။ အဆိုပါ ကြယ်တံ ခွန်သည် မြန်မာ နိုင်ငံသို့ ၂ဝ၁၃ ခုနှစ် ဒီဇင် ဘာ ၁၄ ရက် မြန်မာ စံတော်ချိန် နံနက် ၁၁ နာရီတွင် မြိတ် မြို့မှ လည်းကောင်း၊ ဒီဇင်ဘာ ၁၅ ရက် မြန်မာ စံတော်ချိန် နံနက် ၁ဝ နာရီ ၅၅ မိနစ်တွင် ထားဝယ် မြို့ပေါ်မှ လည်းကောင်း၊ ဒီဇင်ဘာ ၁၆ ရက် မြန်မာ စံတော်ချိန် နံနက် ၁ဝ နာရီ ၅၃ မိနစ်တွင် ရန်ကုန်မြို့ပေါ်မှ လည်းကောင်း၊ ဒီဇင်ဘာ ၁၇ ရက် မြန်မာ စံတော်ချိန် နံနက် ၁ဝ နာရီ မိနစ် ၅ဝ တွင် နေပြည်တော်မှ လည်းကောင်း၊ နိုဝင်ဘာ ၁၈ ရက် မြန်မာစံ တော်ချိန် နံနက် ၉ နာရီ ၅၇ မိနစ်တွင် မန္တလေး မြို့ပေါ်မှ လည်းကောင်း၊ နိုဝင်ဘာ ၁၉ ရက် မြန်မာ စံတော်ချိန် နံနက် ၉ နာရီ ၅၄ မိနစ်တွင် မြစ်ကြီးနား မြို့ပေါ်မှ လည်းကောင်း ဖြတ်သန်း သွားမည်ဟု သိရသည်။ မြန်မာနိုင်ငံပေါ်မှ အိုင်ဆွန် ကြယ်တံခွန် ဖြတ်သန်း ချိန်တွင် ကြယ်တံခွန်သည် ပင်လယ်ရေ မြွေကြယ်စု (Serpens Caput) အတွင်း၌ ရွေ့လျား တည်ရှိ နေလိမ့် မည်ဟု သတင်း ရရှိ သည်။
''အိုင်ဆွန် ကြယ်တံခွန်က နေမင်း တည်ရှိရာ နေရာကို ဦးတည် သွားနေပြီး နိုဝင်ဘာ ၂၉ ရက် မြန်မာ စံတော်ချိန် နံနက် ၅ နာရီ ခွဲမှာ နေနဲ့ အနီးဆုံး ဆုံမှတ် ဖြစ်တဲ့ မိုင်ပေါင်း သန်းပေါင်း ၁၁ ဒသမ ၆ သန်း အကွာ အဝေး နေရာကို ရောက်ရှိ လာပါ လိမ့်မယ်။ ကြယ် တံခွန်ဟာ နေနဲ့ နီးလာ တာနဲ့ အမျှ ပေါက်ကွဲအား ပိုမို ပြင်းထန်ပြီး အလင်းရောင် ပိုမို ဖြာထွက် လာတာ ကိုလည်း တွေ့မြင် လေ့လာ နိုင်မှာပါ'' ဟု မြန်မာ နိုင်ငံ နက္ခတ် ပညာ ရှင်များ အသင်းမှ ဦး ဇေယျာကိုက ရှင်းပြခဲ့ သည်။
''အိုင်ဆွန် ကြယ်တံ ခွန်ကို နိုင်ငံ တကာ နက္ခတ် သိပ္ပံ ပညာ ရှင်တွေက လာမယ့် ၂ဝ၅ဝ ပြည့်နှစ် မှာမှ နောက်ထပ် တစ်ကြိမ် ပြန်တွေ့နိုင်မယ်လို့ ခန့်မှန်း ထားပါတယ်။ ကြယ်တံခွန် တွေကို ကမ္ဘာက တွေ့မြင် ရခြင်း အပေါ် တချို့ အယူသီး သူတွေက ကမ္ဘာ မှာ စစ်မက် ဖြစ်ပွား မှုတွေ၊ ကပ်ဆိုး ဘေးဆိုး ကျရောက်မှု တွေနဲ့ သဘာဝ ဘေးအန္တရာယ် တွေ ဖြစ်တတ် တယ်လို့ ယူဆ ပေမဲ့ နက္ခတ် သိပ္ပံ ပညာရှင်တွေ ကတော့ စကြဝဠာရဲ့ သဘာဝ တရား ဖြစ်တဲ့ အတွက် ကမ္ဘာကို ဆိုးကျိုး သက်ရောက်မှု မရှိ နိုင်ဘူးလို့ လက်ခံ ကြတယ်။
မြန်မာ့ သမိုင်း ကြောင်း မှာတော့ မှန်နန်း ရာဇဝင်၊ ကုန်းဘောင် ရာဇဝင် တွေမှာ ကြယ်တံ ခွန်နဲ့ ဥက္ကာပျံ တွေ ကြွေကျမှု၊ လကို ကြယ် ဖောက်မှု ဖြစ်စဉ် တွေက နန်းတွင်း ထူးခြား ဖြစ်စဉ် တွေနဲ့ ယှဉ်တွဲ နေတယ်လို့ မှတ်တမ်း ပြုစု ထားတာ ရှိပါ တယ်။ ၁၉၇ဝ ပြည့်နှစ်က မြန်မာ နိုင်ငံမှာ ဘင်းနက် (Bennett) ကြယ်တံ ခွန်ကို တွေ့မြင် ခဲ့ရပြီး စက်တင်ဘာလက ရန်ကုန်မှာ အင်အား ပြင်း ငလျင် တစ်ခု လှုပ်ခတ် ခဲ့တာ မှတ်တမ်း ရှိပါတယ်'' ဟု ဦး ဇေယျာကိုက ဆက်လက် ရှင်းပြ ခဲ့သည်။
မြ၀တီ
Tuesday, December 3, 2013
မှော်ဘီက ထူးခြား ရှေးဟောင်းဘုရားဆင်းတုများ ဖူးမျှော်သူတွေနဲ့ စည်ကား
ရန်ကုန်က ကားနဲ့ သွားရင် သိပ်မဝေးတဲ့ မှော်ဘီမြို့နယ်က တချိန်က လူအသွားအလာ နည်းတဲ့ အောင်ဇဗ္ဗူတောရ ဓမ္မရိပ်သာကျောင်းဟာ အခုတော့ ဘုရားဖူးတွေနဲ့ စည်ကားနေပါတယ်။
ဖြစ်စဉ်ကို ကျမ မေးကြည့်တော့မှ ဗုဒ္ဓဘာသာကို ကြည်ညိုလွန်တဲ့ အတွက် ဂျပန်နိုင်ငံသား မစ္စတာ Kasuyuki Kumano ဟာ အောင်ဇဗ္ဗူတောရ ဓမ္မရိပ်သာကျောင်းကို သူ့မှာ လက်ဝယ် သိမ်းဆည်းထား တဲ့ ရှေးဟောင်း ဘုရား ဆင်းတုတော်တွေကို လှူဒါန်းခဲ့ပြီး ထူးခြားတဲ့ ရှေးဘုရား ဆင်းတုတော်တွေ ကို အခုလို အများ သူငါ ဖူးခွင့်ရတာဖြစ်ပါတယ်လို့ သိရပါတယ်။
ဒါကြောင့်ပဲ ဘုရားဖူးလာသူ အများကတော့ ဂျပန်လူမျိုးက လှူတဲ့ ဘုရားတွေဖြစ်လို့ ဂျပန်ဘုရားလို့
ခေါ်ဆိုကြပါတယ်။
ဆင်းတုတော် တဆူချင်းစီမှာ ထူးခြားတဲ့ အကျိုးတွေပေးတယ်လို့လည်း ဘုရားဖူးတွေက ယုံကြည်ကြပါတယ်။ တချို့ ဆင်းတုတွေက နှစ် ပေါင်း ရာချီရှိပြီလို့လည်း ဆိုပါတယ်။
လို၊ တ ရတာ၊ ရောဂါ ဘယကင်းဝေးတာ၊ အိမ်ထောင်မပြိုကွဲပဲ မိသားစု အတူစည်းစည်းလုံးလုံ နေခွင့်ရတာ၊ အတိုက်အခိုက်၊ ရန်အသွယ်သွယ်က ကင်းဝေးတာ၊ အောင်မြင်ကျော်ကြားတာ စတဲ့ အကျိုး ထူးတွေ ပေးတယ်လို့ ယုံကြည်ကြပြီး လာ ရောက်ကြတာလို့ ဘုရားဖူးတွေက ဆိုပါတယ်။
ဂျပန်လူမျိုးဖြစ်တဲ့ Kasuyuki Kumano ဟာ တရားစခန်း လာရောက်ဝင်တဲ့ အခါမှာ ဆရာတော်ကို ကြည်ညိုပြီး တန်ခိုး ကြီးတဲ့ ဆင်းတုတွေကို လှူဒါန်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ယခင်ကဆိုရင် အောင်ဇဗ္ဗူတောရကျောင်း တည်ရှိတဲ့နေရာဟာ တိတ်ဆိပ်ငြိမ်သက်ပြီး လူသူ လာရောက်မှု လည်း နည်းခဲ့တာပါ။ ယခုအချိန်မှာတော့ ဈေးတန်းတွေ၊ ဈေးသည်တွေနဲ့ စည်ကားလို့ နေတာတွေ့ရပါတယ်။
ရှေးဟောင်းဘုရားဆင်းတုတွေကို လာရောက်ဖူးမျှော်သူတွေဟာ ရန်ကုန်မှာ နေထိုင်သူတွေသာမက ရပ်ဝေး၊ ရပ်နီးက လာ ရောက် ကြတာ လို့သိရပါတယ်။
ရုံးပိတ် ရက်တွေဖြစ်တဲ့ စနေ၊ တနင်္ဂနွေနေ့တွေ ဆိုရင်တော့ ရန်ကုန်ကနေ မှော်ဘီ အောင်ဇဗ္ဗူ
တောရ ကျောင်းသို့ သွားရာ လမ်းကြောင်း တလျှောက် ယာဉ်ကြောများပိတ်ဆို့နေပြီး အချိန်တော်တော်
ကြာတဲ့အထိ စောင့်ဆိုင်းပြီးမှာ သွားရောက် ဖူးမျှော်နိုင်မှာ ဖြစ်ပါတယ်။
နေ့စဉ်နေ့တိုင်း ဘုရားဖူးတွေနဲ့ အလှူရှင်တွေကလည်း ပြည့်နေသလို နာမည်ကြီး အနုပညာရှင် တော်တော် များများ လည်း လာရောက်ဖူးမျှောက်ကြပါတယ်။
တောရ ဆောက်တည်သူတွေ၊ ဥပုဒ်သီလ ဆောက်တည်သူတွေနဲ့ တရားစခန်း ၀င်သူတွေလည်း အတော် များပါတယ်။
ရှေးဟောင်းဘုရားတွေကို ဖူးမျှော်တဲ့အခါမှာတော့ လက်ကိုင်ဖုန်းနဲ့ ကင်မရာတွေကို ယူဆောင်ခွင့် မပြုထားတာကို တွေ့ရပါတယ်။ ယူဆောင်ခွင့် မပြုရတာကတော့ ရှေးယောင်းဘုရားများဖြစ်တဲ့အတွက် ကင်မရာ ရိုက်တဲ့အခါမှာ အလင်းပြန်မှုကြောင့် ဆေးသားတွေ ပျက်စီးမှာဖြစ်တာကြောင့်လို့ ဂေါပက အဖွဲ့က ဆိုပါတယ်။
အိမ့်သံစဉ် ~
ဓာတ်ပုံတွေကို ကြည်ညိုနိုင်ဖို့ အဆိုပါ ဘုရားဂေါပကရဲ့ ဘုရားဖူးတွေကို ရောင်းချပေးတဲ့ စီဒီချပ်က တဆင့် ကူးယူပြီး ဖော်ပြပေးလိုက်ပါတယ်။
ဧရာဝတီ
ဧရာ
Monday, December 2, 2013
ဘောလုံးပွဲ လက်မှတ်မရသည့် ပရိသတ်များအတွက် LED ကားများဖြင့် တိုက်ရိုက် ပြသမည်
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က ဆီးဂိမ်းဘောလုံးပွဲ လက်မှတ်မရသည့် သူများကို ကွင်းအနီးပတ်ဝန်းကျင်၌ LED တပ်ဆင်ထားသည့် ကားများဖြင့် တိုက်ရိုက် ကြည့်ရှုနိုင်ရန် စီစဉ်ပေးထားကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဌဦးဇော်ဇော်က ပြောဆိုခဲ့သည်။
ဒီဇင်ဘာ ၇ ရက်တွင် စတင်ကျင်းပမည့် ဆီးဂိမ်း ဘောလုံးပွဲ လက်မှတ်များကိုကွင်းအတွင်းရှိ ထိုင်ခုံ အရေအတွက် အတိုင်း လက်မှတ် ၂၅၀၀၀ သာရောင်းချမည် ဖြစ်ရာ လက်မှတ် မရသည့် ပရိသတ်များ ဘောလုံးပွဲ မကြည့်ရခြင်း မရှိအောင် ကွင်းပတ်ဝန်းကျင်တွင် အဆိုပါကားများကို ထားရှိခြင်းဖြစ်ပြီး ဆီးဂိမ်းပြိုင်ပွဲ ကျင်းပမည့် မြို့ကြီးသုံး မြို့ရှိ ရှော့ပင်စင်တာများနှင့် LED ဘုတ်များ ရှိရာ နေရာများ အားလုံးတွင်လည်း တိုက်ရိုက်ပြသရန် စီစဉ်ထားသည်။
ယင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဌ ဦးဇော်ဇော်က “ကျွန်တော်တို့က ဘောလုံးပွဲလက်မှတ်တွေကို ထိုင်ခုံအရေ အတွက်အတိုင်း ၂၅၀၀၀ ပဲ ရောင်းမှာပါ။
အဲ့ဒီမှာလည်း ကြိုတင် လက်မှတ်ရောင်းထားသလို ခွဲတမ်းအလိုက် နိုင်ငံခြားက လာအားပေးတဲ့ သူတွေအတွက်လည်း ရောင်းမှာပါ။ အဲ့ဒီတော့ ပွဲနေ့မှ လက်မှတ်ဝယ်ပြီး ကြည့်မယ် ပရိသတ်တွေထဲက လက်မှတ် မရတဲ့သူတွေ ရှိလာနိုင်ပါတယ်။ အဲ့လို ပရိသတ်တွေ အတွက် LED တပ်ဆင်ထားတဲ့ ကားတွေကို ကွင်းပတ်ဝန်းကျင်မှာ ထားပေးထားမယ် ပြီးတော့ ရှော့ပင်းစင်တာတွေ၊နဲ့ မြို့လယ်က LED ဘုတ်တွေ အားလုံးမှာ တိုက်ရိုက်ပြသမှာပါ။
ဒီအစီအစဉ်ကို ရန်ကုန်၊ နေပြည်တော်နဲ့ မန္တလေးမြို့တွေမှာ တစ်ပြိုင်တည်း လုပ်မှာပါ” ဟု ပြောသည်။ ကွင်းပတ်ဝန်းကျင်းတွင် LED များဖြင့် ဘောလုံးပွဲ တိုက်ရိုက်ပြသည့် အစီအစဉ်ကို ပြီးခဲ့သည့် အာရှ ယူ-၂၂ ခြေစစ်ပွဲ လက်ခံကျင်းပစဉ်က မြန်မာယူ-၂၂ နှင့် မလေးရှားယူ-၂၂ တို့ အဆုံးအဖြတ် ပွဲအဖြစ် ကစားသည့် ပွဲတွင် သုဝဏ္ဏကွင်း၌ ပြသခဲ့ဖူးသည်။
Myanmargoal.com
Ooredoo က ဒီဇင်ဘာလအတွင်း ၀န်ထမ်း ၃၀၀ ခန့် ထပ်မံခန့်ထားမည်
မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးအော်ပရေတာလုပ်ကိုင်ရန် လိုင်စင်ရကုမ္ပဏီဖြစ်သော အူရီးဒူး (Ooredoo) က ဒီဇင်ဘာလအတွင်း ၀န်ထမ်း ၃၀၀ ခန့် ထပ်မံခန့်သွားမည်ဟု အူရီးဒူး(မြန်မာ)၏ ပြန် ကြားရေးတာဝန်ခံ ဦးစိုးသူရက ဒီဇင်ဘာ ၂ ရက်တွင် မဇ္ဈိမကို ပြောသည်။
ပြီးခဲ့သည့် နိုဝင်ဘာ ၃၀ ရက်နှင့် ဒီဇင်ဘာ ၁ ရက်တို့တွင် အူရီးဒူးမှ အလုပ်အကိုင်အခွင့်အလမ်းပြပွဲကို ရန်ကုန်မြို့၊ ဆရာစံပလာဇာတွင် ကျင်းပခဲ့ပြီး ယင်းပွဲတွင်လာရောက်လျှောက်ထားသူများထဲမှ ရွေးချယ် ခန့်အပ်သွားမည်ဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။
ဦးစိုးသူရက “အလုပ်အကိုင်ခေါ်ယူတဲ့ပွဲမှာ လာရောက်လျှောက်ထားကြတဲ့သူတွေကို စိစစ်ပြီး ၀န်ထမ်း ၃၀၀ လောက်ခန့် သွားဖို့ရှိတယ်။ နှစ်ပတ်အတွင်း လျှောက်ထားတဲ့သူတွေဆီကို အကြောင်းပြန်ပေး သွားမယ်”ဟု ပြောသည်။
အဆိုပါပြပွဲတွင် လာရောက်လျှောက်ထားသူ ထောင်ဂဏန်းခန့်ရှိပြီး လက်ရှိတွင် အူရီးဒူးအနေဖြင့် မြန် မာနိုင်ငံအတွက် ၀န်ထမ်း ၈၀ ကျော် ခန့်အပ်ထားပြီး ဖြစ်သည်။
ဝန်ထမ်းများခန့်အပ်ရာတွင် လက်လီအရောင်းဌာနများ၊ ကွန်ရက်ဖြန့်ကြက်မှု၊ သတင်းအချက်အလက်နှင့် နည်းပညာဌာနများ၊ ဘဏ္ဍာရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဌာနများအတွက် ခန့်ထားသွားမည်ဖြစ် သည်။
ထို့ပြင် လာမည့်ငါးနှစ်အတွင်း မြန်မာဝန်ထမ်း ၅၀၀၀ ခန့်အပ်သွားရန် ပြင်ဆင်နေပြီး ၀န်ထမ်း၏ ၉၉ ရာ ခိုင်နှုန်းအထိ မြန်မာဝန်ထမ်းထားရှိသွားမည်ဟုလည်း အူရီးဒူးက ပြောကြားထားပြီးဖြစ်သည်။
အူရီးဒူးအနေဖြင့် နက်ခ်ဝပ်တည်ဆောက်ခြင်းနှင့် နည်းပညာပိုင်းအတွက် Joint Vendor ကုမ္ပဏီများ ခန့်အပ်လုပ်ကိုင်သွားမည်ဖြစ်ကာ ယင်းအတွက် ကုမ္ပဏီငါးခုခန့်နှင့် ညှိနှိုင်းနေသည်ဟုလည်း ဦးစိုးသူ ရက ဆိုသည်။
၎င်းက “ Joint Vendor လုပ်ကိုင်ဖို့အတွက် ကုမ္ပဏီလေး၊ ငါးခုလောက်နဲ့ ညှိနှိုင်းနေပြီ။ တရားဝင်ရွေး ချယ်ပြီးရင် ထုတ်ပြန်ကြေညာပေးသွားမယ်”ဟု ပြောကြားသည်။
မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဝန်ဆောင်မှုလိုင်စင်ကို ပြည်တွင်းအော်ပရေတာနှစ်ခုနှင့် ပြည်ပအော်ပရေ တာ ဖြစ်သော အူရီးဒူး၊ တယ်လီနောတို့ကို ရွေးချယ်ထားပြီး လုပ်ငန်းများ တရားဝင်လုပ်ကိုင်ခြင်း မရှိ သေးပေ။
ဆက်သွယ်ရေးဝန်ကြီးဌာနက အော်ပရေတာလိုင်စင်ကို မကြာမီချထားပေးဖွယ်ရှိနေသည့်အတွက် လိုင် စင်ရကုမ္ပဏီများက ၀န်ထမ်းများ ခန့်ထားရေးအတွက်လည်း ကြိုတင်ပြင်ဆင်နေခြင်းဖြစ်သည်။
ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိမည့် အော်ပရေတာများအနေဖြင့် လိုင်စင်သက်တမ်း ၁၅ နှစ် အထိ လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ပြီး အူရီးဒူးအနေဖြင့် ကန်ဒေါ်လာ ၁၅ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံ လုပ်ကိုင် သွားမည်ဟု သတင်းထုတ်ပြန်ထားသည်။
အူရီးဒူးကဲ့သို့ပင် လိုင်စင်ရကုမ္ပဏီ တယ်လီနောကလည်း ၀န်ထမ်းများခန့်အပ်ရန်အတွက် Telenor Myanmar Career Seminar ကို ပြုလုပ်သွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၅ ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ဆရာစံပလာဇာCo-Operative Business Centre တွင် ပြုလုပ်သွားမည်ဟု သတင်းထုတ် ပြန်ထားသည်။
Mizzima
အရှေ့အနောက်မညီတာလေးတွေတော့ ကျွန်မက ထောက်ပြချင်တယ်။ နိုင်ငံရေး အရ ထောက်ပြပိုင်ခွင့်လည်းရှိတယ်။ ထောက်ပြရမယ့် တာဝန်လည်းရှိတယ်။
အန်တီအနေနဲ့ သမ္မတဦးသိန်းစိန်ကို စာရေးပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြောင်းလဲရေးနဲ့ ပတ်သက်လို့ သမ္မတဦးသိန်းစိန်နဲ့ လွှတ်တော်ကို ကိုယ်စားပြုတဲ့ လွှတ်တော်ဥက္ကဌ၊ တပ်မတော် ကိုယ်စားပြု ပုဂ္ဂိုလ်တို့နဲ့ အန်တီအနေနဲ့ အခြေခံဥပဒေပြောင်းလဲရေးကို တွေ့ဆုံဆွေးနွေးချင် ပါတယ်လို့ စာရေးပါတယ်။
အဲဒီတော့ သမ္မတရုံးက တုန့်ပြန်တာက ဒီလိုဆွေးနွေးဖို့ဆိုရင် မသင့်တော်ဘူးပေါ့။
နံပါတ် (၁) က ဘာလဲဆိုတော့ ပါတီတွေက (၅၈) ပါတီရှိတယ်။ တစ်ပါတီထဲ ခေါင်းဆောင်နဲ့တွေ့ရင် မသင့်တော်ဘူးလို့ပြောတယ်။
နံပါတ် (၂) က ဘာလဲဆိုတော့ လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ သုံးသပ်နေတဲ့အချိန်မှာပဲ ပြည်ထောင်စုလွှတ်တော်ကို ကျော်ပြီးတော့ မလုပ်သင့်ဘူး။ ဇန်န၀ါရီကုန်ပြီးလို့ သူတို့အစီရင်ခံစာ တင်ပြီးတဲ့အထိ စောင့်သင့်တယ်။ ဒါဟာ မတွေ့ဘူး လို့ ငြင်းတာတော့ မဟုတ်ဘူးလို့ အဲ့လိုပြောပါတယ်။
တခြားဟာ ဘာသတိရလဲဆိုတော့၊ ကျွန်မတို့ ၁၉၈၈ ခုနှစ်၊ ၁၉၈၉ နှစ်စလဲ ဖြစ်နိုင်တယ်။ အဲ့ပတ်ဝန်း ကျင် ကာလတုန်းက ဗိုလ်ချုပ်ကြီးစောမောင်ကို ဒီလိုပဲ ကျွန်မတို့ တောင်းဆိုခဲ့တယ်။ ကျွန်မတို့ ဒီတိုင်းပြည်ရဲ့ အခြေအနေနဲ့ပတ်သက်လို့ တွေ့ချင်ပါတယ်ဆိုပြီးတော့။ အဲဒီတုန်းက တုန့်ပြန်မှုက ဘာလဲဆိုတော့၊ ပါတီက ပါတီပေါင်း(၂၀၀) ကျော်ရှိတဲ့အထဲမှာ တစ်ပါတီ ရဲ့ ခေါင်းဆောင် နဲ့ပဲတွေ့ရင် မသင့်လျော်လို့ မတွေ့ပါဘူးတဲ့။
အဲ့တော့ ကျွန်မပြောချင်တာက၊ တွေ့ချင်တယ်ဆိုရင်တော့ တွေ့ချင်စရာအကြောင်းချည်းပဲ။ မတွေ့ချင်ရင်တော့ မတွေ့ချင်စရာ အကြောင်းချည်းပဲလို့ ပြောချင်ပါတယ်။
နောက်တစ်ခုက အရှေ့အနောက်မညီတာလေးတွေတော့ ကျွန်မက ထောက်ပြချင်တယ်။ နိုင်ငံရေး အရ ထောက်ပြပိုင်ခွင့်လည်းရှိတယ်။ ထောက်ပြရမယ့် တာဝန်လည်းရှိတယ်။ အထူးသဖြင့် တရားဝင် အားဖြင့် အများက အတိုက်ခံပါတီအဖြစ် လက်ခံထားတာကိုး၊ အဲ့တော့ အတိုက်အခံ ဆိုတော့လည်း အတိုက်အခံလေးတော့ နည်းနည်းလုပ်ရမှာပေါ့။ အဲ့တော့ ထောက်ပြရမယ်ဆိုရင်၊ အခု ငြိမ်းချမ်းရေးပွဲတွေလုပ်နေတဲ့ အခါမှာ တိုင်းရင်းသားအဖွဲ့ တော်တော်များများကနေပြီးတော့ အားလုံးစုပေါင်းပြီးတော့ အစိုးရနဲ့ဆွေးနွေးချင်တယ်လို့ ပြောတဲ့အခါကျတော့ အစိုးရပိုင်းက စုပေါင်းပြီးတော့ မဆွေးနွေးချင်ဘူး၊ တစ်ဖွဲ့စီ တစ်ဖွဲ့စီ နဲ့ပဲ ဆွေးနွေးချင်ပါတယ်လို့ ပြောတယ်။ အဲ့တော့ အရှေ့နဲ့အနောက် မညီဘူးလားလို့။
နောက်တစ်ခုကတော့ ကျွန်မတို့ အခုကြားရတာကတော့၊ ကျွန်မတို့ ရဲဖော်ရဲဖက်ဟောင်း များ ဖြစ် ကြ တဲ့ တိုင်းရင်းသားအဖွဲ့အစည်းအချို့တွေက ထုတ်ပြန်တယ်။ သမ္မတကြီးရဲ့ တုန့်ပြန် စာ ကို တုန့်ပြန်တာဟာ ဒီအချိန်မှာ တွေ့ဖို့ သင့်တော်ပါတယ်။ ဇန်န၀ါရီ နောက်ပိုင်းအထိ စောင့်ဖို့ မ လိုပါဘူး။
တကယ်တော့ ကျွန်မတို့ တမင်သက်သက် အခုချိန် တွေ့ချင်တယ်ဆိုတာက ဇန်န၀ါရီ ကိစ္စမှာ အဆင်ပြေအောင်လို့။ အခုကတည်းက စပြီး အဆင်ချောအောင်လို့။ ဘယ်လို လုပ်သွား နိုင်မလဲ ဆိုတာကို ဆွေးနွေးဖို့သဘော။
ဟုတ်ပါတယ်၊ (၅၈)ပါတီ ရှိပေမယ့်လည်း အများက လက်ခံထားတာဘဲ၊ ကျွန်မတို့ဟာ အကြီးဆုံး အတိုက်အခံ ပါတီဖြစ်တယ်ဆိုတာ။ ဒီမိုကရေစီနိုင်ငံတိုင်းမှာ အကြီးဆုံး အတိုက်အခံပါတီကို အထူး အခွင့်အရေး ပေးပါတယ်။ အထူးအနေအထားမှာ ထားပါတယ်။ အဲ့တော့ ကျွန်မတို့ တောင်းတဲ့ အခွင့်အရေးဟာ လွန်ကျွံတာမဟုတ်ပါဘူး။ ဒီမိုကရေစီ လုပ်ထုံးလုပ်နည်းအရ လွန်လွန်ကျွံ ကျွံ တောင်း တဲ့အခွင့်အရေး မဟုတ်ပါဘူး။
ကျွန်မတို့ လွှတ်တော်ထဲမှာဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်က (၄၅)ယောက် ပဲ ရှိတယ်။ ကိုယ်စားလှယ်ပေါင်း နေရာပေါင်းက (၆၀၀)ကျော်ရှိတယ်။ ဟုတ်တယ်၊ ကျွန်မတို့က နည်းတယ်။
ဒါပေမယ့် ကျွန်မတို့ပါတီကိုယ်စားလှယ်တွေက ကြံ့ခိုင်ရေးပါတီပြီးရင် အများဆုံးပဲ။ အဲ့ဒါကလည်း ၀င်ရွေးခံနိုင်တဲ့နေရာက (၄၄)ခုပဲ ရှိတယ်လေ။ (၄၄)ခုထဲက (၄၃)ခုနိုင်တယ်ဆိုတော့ မဆိုး ဘူးပေါ့နော်။
ဘာပဲပြောပြော တရားဝင်လွှတ်တော်ရဲ့ အနေအထားရလည်း ကျွန်မတို့ဟာ အင်အားအကြီးဆုံး အတိုက်အခံ ပါတီဖြစ်တယ်။ လွှတ်တော်ပြင်ပမှာတော့ ကျွန်မအနေနဲ့ ဒီလိုပြောရင် ကြိုက် သည် ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ လက်ခံရမယ်။ ကျွန်မတို့ဟာ အစောင့်ထိန်းဆုံး အတိုက် အခံ နိုင်ငံရေးပါတီပါ။ အစောင့်ထိန်းဆုံး အတိုက်အခံ နိုင်ငံရေးပါတီအနေ နဲ့ တွေ့ဆုံ ဖို့တောင်း တယ် ဆိုတာက ဘာမှ လွန်ကျွံတဲ့ကိစ္စလည်း မဟုတ်ပါဘူး။ မဖြစ်နိုင်တဲ့ကိစ္စလည်း မဟုတ်ပါဘူး။ မဖြစ်စေချင်ရင်တော့ မဖြစ်နိုင်ဘူးပေါ့၊ ဖြစ်စေချင်ရင်တော့ မနက်ဖြန်ဖြစ်နိုင်တာပေါ့။
ဒေါ်အောင်ဆန်းစုကြည်
( Melbourne, Australia )
ပြန်လည်မျှဝေပေးပါတယ်။
ကိုထွန်းဝေ
2.12.2013
Tun Wai
မန္တလေးမြို့ ဒိုင်းမွန်းပလာဇာ မြေအောက်ထပ် ကားပါကင်မှာ ယနေ့ည ၇ နာရီခွဲခန့်က ချိန်ကိုက်မိုင်းလို့ယူဆရတဲ့ အထုပ်တစ်ထုပ်တွေ့ရှိ
မန္တလေးမြို့ ဒိုင်းမွန်းပလာဇာ မြေအောက်ထပ် ကားပါကင်မှာ ယနေ့ည ၇ နာရီခွဲခန့်က ချိန်ကိုက်မိုင်းလို့ယူဆရတဲ့ အထုပ်တစ်ထုပ်တွေ့ရှိခဲ့ပါတယ်။
ည ၈ နာရီခန့်မှာ ရဲတပ်ဖွဲ့နဲ့ အမှတ် ၉၁၀ က မိုင်းရှင်းလင်းရေးတပ်ရောက်လာပြီး သဲအိတ်တွေဖုံးအုပ်ကာ စစ်ဆေးမှုတွေပြုလုပ်ပါတယ်။
စစ်ဆေးရာမှာ အရှည် ၃လက်မ လုံးပတ် ၁လက်မခွဲ ရှိ သတ္တုချောင်းကို ဒီဂျစ်တယ်နာရီနဲ့တွဲထားတဲ့ပစ္စည်းဖြစ်ကြောင်းတွေ့ရှိရပြီး ည ၉နာရီ ၁၅ မိနစ်အချိန်မှာ အမှတ် ၉၁၀ မိုင်းရှင်းလင်းတပ်ကုတွေ့ရှိပစ္စည်းကို ထပ်မံစစ်ဆေးဖို့ ယူဆောင်သွားတယ်လို့သတင်းရရှိပါတယ်။
ယခုအခါ ဒိုင်းမွန်းပလာဇာ အနီးတစ်ဝိုက်ကို လုံခြုံရေးတွေစောင့်ကြပ်နေပါတယ်။
The Modern News Journal
ရန်ကုန်မှ ဗန်ကောက်သို. ထွက်ခွာသည့် Bangkok Airway လေယာဉ် ပျံသန်းစဉ် စက်ချို.ယွင်းသည့်အတွက် အရေးပေါ်ဆင်းသက်ခဲ့ရ
ယနေ.ညနေ ၆နာရီ ၁၅ မိနစ်အချိန်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှထိုင်းနိုင်ငံ၊သုဝဏဘူမိလေဆိပ်(ဘန်ကောက်မြို.)သို. ထွက်ခွာသည့် Bangkok Airways PG 704လေယာဉ်မှာ ပျံသန်းနေစဉ် စက်ချို.ယွင်းသည့်အတွက် ရန်ကုန်လေဆိပ်သို.အရေးပေါ် ပြန်လည်ဆင်းသက်ခဲ့ရ
ကြောင်းဌင်းလေယာဉ်ဖြင့် လိုက်ပါသွားသည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက
Venus News Weekly သို.ဖုန်းဆက်ပြောကြားသည်။
"ဗန်ကောက်အဲဝေးကို ဗန်ကောက်သွားတိုင်းစီးနေကြပါ။ဒီလိုမျိုးတစ်ခါမှမကြုံဖူးဘူး။တော်တော်စိုးရိမ်စ
ရာကောင်းတယ်။လေပေါ်မှာ တစ်နာရီလောက်ကြမယ်ထင်တယ်၊ဆင်းဖို.အတွက်လုပ်နေတာ၊ ရန်ကုန်လေဆိပ်ပြန်ဆင်းမယ်
လို.ပဲလေယာဉ်မယ်တွေကပြောတယ်။ အခုလေဆိပ်မှာစောင့်နေတယ်" ဟုဌင်းကဆိုသည်။
Venus News Weekly
ပြည်ပဆက်သွယ်ရေး အော်ပရေ တာ နှစ်ခု၌ အလုပ်လျှောက်လွှာများ အပြိုင်အဆိုင် ခေါ်ယူနေကြပြီး လျှောက် ထားလိုသူများပြား
ပြည်တွင်း၌ ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ကို ရရှိထားသည့် နော်ဝေးနိုင်ငံအခြေစိုက် Telenor နှင့် ကာတာနိုင်ငံအခြေစိုက် Ooredoo နည်းပညာ ကုမ္ပဏီများတွင် မြန်မာနိုင်ငံသားများ၏ အလုပ်လျှောက်ထားမှုများ မြင့်တက်လျက် ရှိကြောင်း စုံစမ်းသိရှိရသည်။
သုံးစွဲမည့်သူများသို့ ဈေးကွက်မြှင့်တင်မှု အစီအစဉ်များကိုလည်း အပြိုင်အဆိုင်ခင်းကျင်း ပြသနေကြသည့် အဆိုပါနိုင်ငံတကာ ဆက်သွယ်ရေးကုမ္ပဏီ များဘက်ကလည်း မြန်မာနိုင်ငံသား ဝန်ထမ်းများကို အပြိုင်ခေါ်ယူမှုများ ပြုလုပ်နေကြသည်ဟု စုံစမ်းသိရှိရသည်။
“အခုလို ကိုယ့်နိုင်ငံမှာလာပြီး လုပ်ကိုင်မယ့် ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီကြီးတွေမှာ အလုပ်လုပ်ကိုင်ချင်စိတ်က အရမ်းပြင်းပြနေတယ်။ ကျွန်မတို့လိုပဲ စိတ်ဝင်စားတဲ့သူတွေ အများကြီးဆိုတာ တွေ့နေရတယ်။ ဒါပေမဲ့ ဒီလိုအဆင့်မြင့် ကုမ္ပဏီကြီးတွေမှာ စိတ်ဝင်တစားလျှောက်ထားတဲ့ သူတွေများနေတာရဲ့နောက်ကွယ်မှာကလည်း စိန်ခေါ်မှုတွေ အများကြီးရှိနေတယ်။ ဒီကလူငယ်တွေ အခုထက်ပိုကြိုးစားဖို့ လိုတယ်လို့မြင်တယ်” ဟု အဆိုပါ ကုမ္ပဏီများတွင် အလုပ်လျှောက်ထားရန် ပြင်ဆင်နေသူ အမျိုးသမီးကဆိုသည်။
ယင်းကဲ့သို့ ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများ၏ အလုပ်အကိုင်ခေါ်ယူမှုတွင် အသက်မွေးဝမ်းကျောင်း ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှု၊ ဘာသာစကား ကျွမ်းကျင်မှုများက လျှောက်ထားသည့်နိုင်ငံသားများအတွက် အဓိကကျသည့် စိန်ခေါ်မှုတစ်ရပ် ဖြစ်နေကြောင်းလည်း အဆိုပါကုမ္ပဏီများတွင် အလုပ်လျှောက်ထားမှု ပြုလုပ်ထားသူတချို့က ဆိုကြသည်။
အနောက်ဥရောပနှင့် အရှေ့အလယ်ပိုင်း ဒေသတို့မှ အဆိုပါ ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုသည် အရည်အချင်းပြည့်သည့် မြန်မာနိုင်ငံသား ဝန်ထမ်းများကို ရရှိရန်အတွက် လူမှုကွန်ရက်စာမျက်နှာ များဖြစ်သော Facebook ကို အဓိက အသုံးချကြရကြောင်း သက်ဆိုင်ရာကုမ္ပဏီ အသီးသီးမှပြောရေး ဆိုခွင့်ရှိသူများက ဆိုကြသည်။
နော်ဝေဆက်သွယ်ရေး ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ် Mr. Petter Furberg က ၎င်းတို့သည် လက်ရှိအချိန်တွင် မြန်မာနိုင်ငံသား ဝန်ထမ်းပေါင်း ကိုးဆယ်ခန့်ကို အလုပ်အကိုင်နေရာများ ခန့်အပ်ထားရှိပြီးဖြစ်ပြီး ယခုနှစ်အကုန်တွင် တစ်ရာ့နှစ်ဆယ်ဦးရေခန့်အထိ တိုးမြှင့်ခန့်ထားရန် ရည်မှန်းထားသည်။ ထို့အပြင် ၎င်းတို့နှင့်ပူးပေါင်း လုပ်ကိုင်လိုသည့် ကျွန်ုပ်တို့နိုင်ငံသားများ၏ များပြားသော အလုပ်လျှောက်လွှာများကိုလည်း လက်ခံရရှိနေကြောင်း ဆိုသည်။
အရှေ့အလယ်ပိုင်းဒေသနိုင်ငံ တစ်ခုဖြစ်သည့် ကာတာနိုင်ငံ Ooredoo ကုမ္ပဏီ၏ မြန်မာပြည် အမှုဆောင်အရာရှိချုပ် Mr. Ross Cormack က လာမည့်ငါးနှစ်အတွင်းတွင် ၎င်းတို့ထံတွင် မြန်မာနိုင်ငံသား ၉၉ ရာခိုင်နှုန်းကို အလုပ်အကိုင်နေရာများ ခန့်အပ်ထားပြီးဖြစ်မည်ဟု အခိုင်အမာသတင်း ထုတ်ပြန်ထားသည်။
“တစ်နေ့တခြား တိုးပွါးလာတဲ့ ကျွန်တော်တို့အဖွဲ့မှာ အခုလောလောဆယ် ဝန်ထမ်းဦးရေ တစ်ရာ့ငါးဆယ်လောက် ရှိနေပါတယ်။ လူမျိုးပေါင်းက ၃၀ လောက်ရှိနေပါပြီ။ အခုထက်ပိုပြီး မြန်မာနိုင်ငံသား ဝန်ထမ်းအင်အား တိုးတက်လာဖို့ မျှော်လင့်ပါတယ်။ လာမယ့်နှစ်အကုန်မှာ ဝန်ထမ်းဦးရေကို မြန်မာနိုင်ငံသားတွေ အပါအဝင် တစ်ထောင်ကျော်လောက် ရှိလာဖို့ရည်မှန်းပါတယ်။ ရေရှည်အနေနဲ့ ကြည့်မယ်ဆိုရင်တော့ ဝန်ထမ်းဦးရေ ငါးထောင်လောက်အထိကို ခန့်အပ်ဖို့ အစီအစဉ်တွေလည်း ရှိနေပါတယ်” ဟု အထက်ပါ တာဝန်ရှိသူက ဆက်လက်ပြောသည်။
မြန်မာနိုင်ငံသားများ လိုအပ်လျက်ရှိသော နိုင်ငံတကာအဆင့်မီ ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများကို ပေးနိုင်ရန်အတွက် အဓိကကျသည့် ဈေးကွက်ယှဉ်ပြိုင်မှု ပိုင်းတွင်လည်း ပြိုင်ဆိုင်မှုပြင်းထန်နေသည့် ၎င်းအော်ပရေတာနှစ်ခုသည် ၎င်းတို့၏အရောင်းဌာန၊ ဖြန့်ချိရေးဌာန၊ ဝယ်ယူသူများကို ဝန်ဆောင်မှုပေးရသည့်ဌာန၊ သတင်းအချက်အလက်နှင့် နည်းပညာပိုင်းဌာန၊ လက်လီအရောင်းဌာန၊ ရုံးတွင်းပိုင်းဌာန အစရှိသည့် နေရာများအတွက် နိုင်ငံသားဝန်ထမ်းများကို အဆက်မပြတ်ခေါ်ယူ နေကြခြင်းသည်။ ယခုကဲ့သို့ နိုင်ငံတကာ ဆက်သွယ်ရေးကုမ္ပဏီများ မြန်မာနိုင်ငံသို့ ဝင်ရောက်လာခြင်းကြောင့် ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ် လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ ပြည်တွင်းရှိ ၎င်းကုမ္ပဏီများနှင့် ချိတ်ဆက်လုပ်ကိုင်ရန် ပြန်လည်ဝင်ရောက်လာနိုင်ဖွယ်ရာရှိနေသည်ဟု ပြည်ပရောက် မြန်မာနိုင်ငံသားတချို့က သုံးသပ်ကြသည်။ ယခုလက်ရှိ မြန်မာနိုင်ငံတွင် လုပ်ငန်းများလုပ်ကိုင်ရန်အတွက် စတင်နေပြီဖြစ်သည့် အဆိုပါဆက် သွယ်ရေးအော်ပရေတာများသည် ၎င်းတို့၏အဆင့်မြင့် ဝန်ထမ်းများတွင် မြန်မာနိုင်ငံသားများအပြင် အိမ်နီးချင်းနိုင်ငံတချို့မှ ကျွမ်းကျင်ဝန်ထမ်းများကိုပါ ခေါ်ယူခန့်အပ်ထားရကြောင်း သိရသည။
Internet Journal်
Subscribe to:
Posts (Atom)





















