Showing posts with label နိုင်ငံတကာသတင်း. Show all posts
Showing posts with label နိုင်ငံတကာသတင်း. Show all posts

Friday, March 28, 2014

Facebook မှာ ရုတ်တရက် အုတ်အော်သောင်းနင်းဖြစ်လာတဲ့ Sellotape Selfie အရူးထမှု

ဒီ အရူးထမှုကို စလိုက်သူကတော့ Brighton တက္ကသိုလ်က အသက် ၂၁ နှစ်အရွယ် ကျောင်းသူ လစ်ဇီ ဒါလေး ပါ။ ‘Yes Man’ ဒရာမာ ကားထဲက ဂျင်ကာရေးရဲ့ ဇာတ်ဝင်ခန်းတစ်ခန်းကနေ အိုင်ဒီယာရပြီး ဒီ အစီအစဉ်ကို စခဲ့တာဖြစ်တယ်လို့ သူမက ဆိုပါတယ်။

“ အဲဒီနေ့ တုန်းက ကျွန်မတော်တော် စိတ်ညစ်နေတုန်း Yes Man ကားထဲက အဲဒီ့အခန်းကို သွားသတိရတော့ တော်တော်ရယ်ချင်သွားမိတယ်၊ လူတွေလည်း ‘Selfie’ တွေကို မြင်နေရတာ၊ရိုက်နေကြတာ တော်တော် ရိုးအီ နေမှာပဲဆိုတော့ ဒီအကြံကို ချက်ချင်းအကောင်အထည်ဖော်လိုက်တာ၊ ကျွန်မ သူငယ်ချင်းတွေဆီ ဒါကို စတင်လိုက်တော့ သူတို့ ပြန်မျှဝေတာနဲ့ ဒါက တဖြည်းဖြည်းကြီးထွားသွားတာလို့ ” သူမ က ပြန်ပြောင်းပြောပါတယ်။



သူမဟာ Sellotape Selfie ဆိုတဲ့ Facebook စာမျက်နှာကို စထောင်လိုက်ပြီး ဒီ အရူးထမှုကို လူတွေ အကုန်ပါဝင်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ လူတိုင်းဟာ မျက်နှာကို ဆယ်လိုတိပ်တွေနဲ့ ပတ်ပြီး ရိုက်ကူးထားတဲ့ Selfie ပုံတွေကို သူမဆီပေးပို့ ကြပြီး ၊ သူတို့ ရဲ့ မိတ်ဆွေတွေကို အတူပါဝင်ဖို့ ဖိတ်ခေါ်ကြပါတယ်။ ဒီလိုနဲ့  Sellotape Selfie ဆိုတဲ့ စာမျက်နှာဟာ ဗုဒ္ဓဟူးနေ့ က စထောင်ပြီးပြီးချင်း ငါးနာရီအကြာမှာပဲ Like လုပ်သူ ပေါင်း ၁၈၀၀၀ ကနေ ညနေမတိုင်ခင် ငါးသောင်းဖြစ်သွားပါတယ်။ အခုဆိုရင် Like လုပ်သူပေါင်း သိန်းကျော်ရှိနေပြီဖြစ်ပြီး အောင်မြင်တဲ့အရူးထမှုတစ်ခု အဖြစ် နာမည်ကျော်လာပါပြီ။ လူတိုင်းဟာ သူတို့ ရဲ့ မျက်နှာကို ဆယ်လိုတိပ်တွေနဲ့ ပုံပျက်ပန်းပျက်ဖြစ်အောင် ရစ်ပတ်ကာ Selfie တွေ ရိုက်ကူးနေကြပါပြီ။

ခင်ဗျားတို့ လည်း ဒီ ရူးသွပ်မှုအစီအစဉ်မှာ ပါဝင်ချင်တယ်ဆိုရင်တော့ မျက်နှာတစ်ခုလုံးကို ဘီလူးသဘက်ပုံစံ ပုံပျက်ပန်းပျက်ဖြစ်အောင် လုပ်ပြီး Selfie ဓာတ်ပုံရိုက်ကူးကာ Facebook မှာ တင်လိုက်ရုံပါပဲ။ ဘော်ဒါတွေကို လည်း ဒီစိန်ခေါ်မှုမှာ ပါဝင်အောင် ဖိတ်ခေါ်ဖို့ မမေ့နဲ့ အုန်းနော်။

လစ်ဇီဒါလေး ပထမဆုံး ထူထောင်လိုက်တဲ့ Sellotape Selfie စာမျက်နှာကို သွားရောက်ကြည့်ရှုနိုင်ပါတယ်။

https://www.facebook.com/pages/Sellotape-Selfie/379138492229314








Ref: Mirror
Myawady News

Thursday, November 28, 2013

"လေဆိပ်တွင် ဝယ်ယူသော ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် သေနတ်"






လေဆိပ်ထဲတွင် အလွယ်တကူ ဝယ်ယူရရှိနိုင်မည့် ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် သေနတ်တစ်လက်ကို လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူများက လက်တွေ့ ပြသခဲ့သည်။ ထို့ကြောင့် ကမ္ဘာ့လေဆိပ် အသီးသီးတွင် လုံခြုံရေးအဆင့်ကို အမြင့်ဆုံးထိ မြှင့်တင်နေသည့်တိုင် ယိုပေါက်များ ရှိနေနိုင်ဆဲဖြစ်ကြောင်း သတိပေး တပ်လှန့်မှုတစ်ခုလည်း ဖြစ်လာသည်။ လုံခြုံရေးဆိုင်ရာ နည်းပညာ ကျွမ်းကျင်သူများသည် ဆံပင်အခြောက် ခံစက်၊ သံလိုက်ငယ်များ၊ ဓာတ်ခဲလေးများ၊ ခေါင်းစည်းကြိုး၊ ကွန်ဒုံးစသည့် အလွယ်တကူ ဝယ်ယူရရှိနိုင် သော ပစ္စည်းလေးများကို သေနတ်တစ်လက် ဖြစ်လာအောင် စုစည်းတည်ဆောက်ပြခဲ့သည်။ ယင်းပစ္စည်း အားလုံးကို လေဆိပ်ထဲရှိ ဆိုင်ခန်းများတွင် ဝယ်ယူခဲ့ခြင်း ဖြစ်သည်။

ထိုသေနတ်ကို တည်ဆောက်ရာတွင် မဂ္ဂဇင်းစာအုပ်ကိုလိပ်ကာ ပြောင်းအဖြစ် အသုံးပြုပြီး သွားကြား ထိုးသည့် ပိုးချည်မျှင်ကဲ့သို့ အသေးအမွှား ပစ္စည်းလေးများဖြင့် နေရာတကျ ဆက်သွယ်ချိတ်ဆက်ခဲ့သည်။ ကျည်တောင့်အဖြစ် Red Bull သံဖြူဘူးထဲတွင် (၁)အောင်စ အလေးချိန်ရှိ Axe Sprayဘူးနှင့် ရေထည့် ထားသည့် ကွန်ဒုံး၊ လစ်သီယမ် သတ္တုတို့ကို ထည့်သွင်းအသုံးပြုခဲ့သည်။ ထိုပစ္စည်းများ ဓာတ်ပြုသည့်အခါ အလွန်ပြင်းထန်သည့် ပေါက်ကွဲတွန်းကန်မှုဖြစ်ပြီး သေနတ်ဖြင့် ပစ်ခတ်လိုက်သည့် သက်ရောက်မှုမျိုး ဖြစ်လာသည်ကို ဗီဒီယို မှတ်တမ်းတင်မှုများအရ တွေ့ရှိနိုင်ခဲ့သည်။

quot;ဒီနည်းကိုသာ အကြမ်းဖက်သမား တစ်ယောက်ယောက်က တကယ်တမ်း ထုတ်သုံးခဲ့မယ်ဆိုရင် ကျွန်တော်တို့ တားဆီးနိုင်ဖို့ အချိန်တော်တော် နောက်ကျနေလောက်ပြီ"ဟု အီဗန်ဘုသ်က ဆိုသည်။ ၎င်းသည် အရှေ့တင်နက်ဆီ တက္ကသိုလ်သို့ တက်ရောက်နေပြီး ဒီဂျစ်တယ် မီဒီယာ ပညာရပ်ကို အထူးပြု သင်ယူနေသူ တစ်ဦးဖြစ်သည်။ အကြမ်းဖက်သမား တစ်ဦးသည် လေဆိပ်ထဲသို့ မည်သည့်ဖောက်ခွဲရေး ပစ္စည်းကိုမျှ မယူဆောင်ဘဲ ဝင်ရောက်လာပြီး အတွင်းပိုင်း၌ သေနတ်တစ်လက်ကို လျင်လျင်မြန်မြန် တည် ဆောက်နိုင်လိမ့်မည်ဟု ၎င်းက ထောက်ပြခဲ့သည်။ ယခင်ကလည်း အပျော်တမ်း လုံခြုံရေး အကြံပေး တစ်ဦးသည် လေဆိပ်ထဲ၌ ဝယ်ယူနိုင်သည့် ပစ္စည်းများကို စုပေါင်းပြီး ဒူးလေးတစ်လက် တည်ဆောက်ပုံကို လက်တွေ့ပြသဖူးကြောင်း သိရှိရသည်။

Planet Myanmar Network

Friday, November 22, 2013

ငါးမိနစ်အတွင်း မွေးခဲ့သောကလေး ခုနစ်လ၌် လမ်းလျှောက် စကားပြော တစ်နှစ်သားတွင် လက်တော့ပ် အသုံးပြု



ဘာ မင်ဂမ်မြို့ ချဲမ်စလီဝုဒ်မှ အသက် ၂၄နှစ်အရွယ် ဟယ်သာသော့ပ် သည် လွန်ခဲ့သည့်နိုဝင်ဘာက ၅ ပေါင်ရအောင်စရှိသောဂျိုနသန် လေးကိုမယုံနိုင်စရာဖြစ်လောက် အောင် မြန်ဆန်သောမွေးဖွားမှု ဖြင့် မွေးဖွားခဲ့သည်။ယခုအခါ ၁၂လပြည့်ပြီဖြစ် သော ရှိန်လောက်သည့်နို့စို့အရွယ် ကလေးမှာ အရှိန်လျှော့ချမည့် လက္ခဏာမရှိပေ။ ဂျိုနသန်သည် အချိန်တိုအတွင်း လွန်စွာအံ့ဩ လောက်သည့် ကျွမ်းကျင်မှုများကို သင်ယူနိုင်ခဲ့သည်။ အသက်ခုနစ် လအရွယ်တွင် ၎င်းနှင့် သက်တူ ရွယ်တူများ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ရရုံရှိနေစဉ် ဂျိုနသန် က လမ်းတွေလျှောက် စကားတွေ ပြောနေနိုင်ပြီဖြစ်သည်။ သူသည် ထိုစဉ်ကတည်းက ကနည်းကို သင် ယူခဲ့သည်။

ထို့အပြင် ဂျိုနသန်သည် ၎င်း၏အကြိုက်ဆုံးသီချင်း ဂန်းနမ်း စတိုင် သီချင်းနှင့်အတူ ကရသည်ကိုလည်း နှစ်သက်ကြောင်း ဂုဏ်ယူနေသော မိဘများက ပြောကြားခဲ့သည်။ထို့အပြင် ၎င်း၏ပထမဆုံး မွေးနေ့မတိုင်မီ ဂျိုနသန်သည် နည်းပညာနှင့် အကျွမ်းဝင်မှုမြင့် များကြောင်းလည်း ပြသခဲ့သည်။ ဂျိုနသန်က မိခင်ဖြစ်သူ၏လက် တော့ပ်ကွန်ပျူတာကို ကိုင်တွယ် သုံးစွဲနိုင်သည့်အပြင် ရုပ်သံချန် နယ်များကို ပြောင်းလဲကြည့်ရှုရန် ရီမုတ်ကွန်ထရိုးကို မည်သို့အသုံး ပြုရသည်ကိုလည်း သိရှိနေသည်။

သားဖြစ်သူ၏ လျင်မြန်သည့် ဖွံ့ဖြိုးမှုသည် လျင်မြန်စွာမွေးဖွား ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု မိခင် ဖြစ်သူ ဟယ်သာက ယုံကြည်နေ သည်။
ထို့အပြင် ဂျိုနသန်သည် One Direction ပရိသတ်တစ်ဦး ဖြစ်ပြီး ပီတာအန်ဒရေကိုလည်း နှစ်သက်ကြောင်း သိရသည်။

Ref-Daily Mail

Friday, November 15, 2013

တရုတ် နိုင်ငံသားတို့ ကလေး ၂ ယောက် မွေးလို့ရပြီ



တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှာ ၁၉၇၀ ကျော် နောင်းပိုင်းကစလို့ ချမှတ် ထားတဲ့ One Child Policy ကို ပယ်ဖျက်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ ပယ်ဖျက်တယ်ဆိုတာထက် ပြင်ဆင်တယ်ဆိုရင် ပိုမှန်ပါမယ်။

ယခု ချမှတ်လိုက်တဲ့ တိုင်းပြည် လူဦးရေ ထိန်းချုပ်ရေး ပေါ်လစီအရ သားသမီး ၂ ဦးအထိ ယူနိုင်ကြောင်း သိရ ပါတယ်။ ဒီအတွက် နောက်နှစ်ပေါင်းများစွာအထိ သေချာတွက်ချက်ပြီးတော့ ပြန်လည် ပြင်ဆင် လိုက်ခြင်း ဖြစ်ပါတယ်။ One Child Policy အရ Social Problem တွေအများကြီးကို ရင်ဆိုင်ခဲ့ရ တာကြောင့် ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာတောင် အမျိုးသမီးဦးရေ ၁၀၀ ရှိရင် အမျိုးသားက ၁၁၈ ဦး ရှိပါတယ်။ အမျိုးသား ၁၈ ယောက် လောက်က ၁၀၀ အချိုးမှာ ပိုနေပြီး လူဦးရေ သန်း ၁၅၀၀ နီးပါး ရှိတဲ့ တရုတ်ပြည်မှာ အိမ်ထောင် မကျတဲ့ အမျိုသား ဦးရေက သန်း ရာကျော် ရှိလာစေ ပါတယ်။

One Child Policy ကြောင့်မို့ အမျိုးသားကိုပဲ အများစု လိုချင်တဲ့ တရုတ် မိသားစုတွေဟာ မိန်းကလေး မွေးရင် စွန့်ပစ်တာတို့ ကိုယ်ဝန်ဖြတ်ချ တာတို့ လုပ်ကြပါတယ်။ ဒါကြောင့် လူမှုရေး ပြဿနာတွေ ပိုဖြစ် လာခြင်း ဖြစ် ပါတယ်။ ဒါကြောင့်မို့ ဥပဒေကို ပြန်လည်ပြင်ဆင်ရန် ကြိုးပမ်းခြင်း ဖြစ် ပါတယ်။ သို့ပေမယ့် မိဘ ၂ ပါးက တစ်ဦးတည်းသောတွေ မဟုတ်ရင်တော့ ၂ ယောက်ယူခွင့်မရှိပါဘူး။ အရင်တုန်းက ဥပဒေ အရ ပထမ ယူတဲ့ သားသမီးက သမီးဖြစ်နေရင် နောက်တစ်ယောက် ထပ်ယူခွင့်ရှိပါတယ်။ ဒါကလည်း လူတိုင်းမဟုတ်ပဲ စည်းမျဉ်း ဥပဒေ ကြီးပါတယ်။ ယခုတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ရတော့မယ့အနေအထားပါ။

တရုတ်ပြည်သူများကရော၊ အစိုးရ အဖွဲ့အစည်းများကပါ ယခု အသစ်ချ မှတ်လိုက်တဲ့ ဥပဒေကို ကြိုဆို ထောက်ခံကြကြောင်း သိရပါတယ်။

Knowledge = ကမ္ဘာ့လူဦးရေအများဆုံး ဖြစ်တဲ့ တရုတ်နိုင်ငံမှာ ၉.၅ ရာခိုင်နှုန်းက အလုပ်ရှိပြီး အလုပ် လက်မဲ့ မရှိသလောက် လူတိုင်း အလုပ်လုပ်ကြပါတယ်။

Ref: Xinhua
အောင်ခမ်း ( ရိုးရာလေး )

အိန္ဒိယဆင် ၇ ကောင် ရထားတိုက်လို့ သေကြရ


အိန္ဒိယနိုင်ငံ အရှေ့ခြမ်းက အနောက်ဘန်ဂေါ ပြည်နယ်က တောအုပ်တခုမှာ လမ်းဖြတ်ကူးနေတဲ့ ဆင်တအုပ်ကို ခရီးသည်တင် ရထားတစင်းက ၀င်တိုက်မိလို့ ဆင် ၇ ကောင်ထက်မနည်း သေဆုံးခဲ့ရတယ်လို့ အိန္ဒိယအစိုးရအရာရှိတွေက ပြောပါတယ်။ ဗုဒ္ဓဟူးနေ့ကဖြစ်ခဲ့တဲ့ ဒီဖြစ်ရပ်ဟာ သူ မကြာခင်က တွေ့မြင်ခဲ့ရတဲ့ အဖြစ်အပျက်တွေထဲမှာတော့ အဆိုးရွာ ဆုံးပဲလို့ ပြည်နယ် သစ်တောရေးရာ ၀န်ကြီးက ပြောပါတယ်။

နောက်ထပ် ဆင် ၁၀ ကောင်လောက်လည်း အပြင်းအထန် ဒဏ်ရာ ရရှိထားပြီး တချို့ ထပ်ပြီး သေသွားနိုင်သေးတယ်လို့လည်း သူက ပြောပါတယ်။ ကောင်ရေ ၄၀ ပါတဲ့ ဆင်အုပ်ကို ဖြတ်ကူးနေတဲ့ တိုက်မိတဲ့ရထားဟာ ချာပရာမရီ တော်အုပ်ကို ဖြတ်ပြီး တမီတာကို မိုင် ၅၀ နှုန်းလောက် နဲ့ မောင်းနှင်နေတာဖြစ်တယ်လို့ အစိုးရအရာရှိတွေက ပြောပါတယ်။

ဆင်တွေသွားလာတဲ့ လမ်းကြောင်းလို့ သိထားတဲ့ ဒီနေရာမှာ ရထားကို အရှိန်လျှော့မောင်းနှင်ဖို့ မီးရထား အာဏာပိုင်တွေကို ပြောခဲ့ပေမဲ့ သူတို့က လစ်လျူရှုခဲ့တဲ့အကြောင်း အစိုးရအရာရှိတွေက အေပီ သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေအတွင်း ခုလို ရထားတိုက်ခံရတဲ့ ဖြစ်ရပ်တွေကြောင့် အိန္ဒိယ တောအုပ်တွေတွင်းမှာ ဆင်တွေ ဒါဇင်နဲ့ချီ သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

Thursday, November 14, 2013

ဖိလစ်ပိုင် မုန်တိုင်းကြောင့် သေဆုံးသူတွေ စတင်သဂြုင်္ိဟ်


ဖိလစ်ပိုင်နိုင်ငံမှာ မုန်တိုင်းဒုက္ခသည်တွေ အနေနဲ့ အရေးပေါ် အကူအညီတွေရဖို့ အမြန်လိုနေချိန်မှာ မုန်တိုင်းဒဏ်အခံရဆုံးဖြစ်တဲ့ Tacloban မြို့မှာ သေဆုံးသွားသူ ဒါဇင်ပေါင်းများစွာကို စုပေါင်းမြေမြုပ်တာ စတင်လိုက်ပါပြီ။

ပြီးခဲ့တဲ့ သောကြာနေ့ကတိုက်ခဲ့တဲ့ ကမ္ဘာ့အပြင်းထန်ဆုံးတွေထဲကတခုဖြစ်တဲ့ ဒီမုန်တိုင်းဒဏ်ခံရတာ တပတ်နီးပါးကြာလာချိန်မှာ ပုတ်ပွလာနေတဲ့ ဒီအလောင်းပေါင်း ၂၀၀ နီးပါးကို Tacloban မြို့မှာ ဒီနေ့ မြေမြုပ်ခဲ့ကြတာပါ။ ဒီမြို့အပြင်ဖက်မှာ ဒီအလောင်းတွေကို တွင်းတခုထဲ စုပြီးမြေမြုပ်ခဲ့ပေမဲ့ တရားဝင် ဝမ်းနည်းခြင်း အခမ်းအနားတော့ မကျင်းပခဲ့ပါဘူး။

ဒါ့အပြင် ဒီအလောင်းတွေဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုလည်း စစ်ဆေးသတ်မှတ်ပေးနိုင်မှုရှိမရှိ မသေချာသေးပါဖူး။ ဒီ့အပြင်လဲ ဒီမြို့ရဲ့ လမ်းမတွေပေါ်မှာ ခုလိုပုတ်ပွလာနေတဲ့ အလောင်းတချို့ အပျက် အစီးတွေအောက်မှာ ကျန်နေပါသေးတယ်။

ခုချိန်ထိ လူပေါင်း ၂၃၀၀ ကျော်သေဆုံးခဲ့တယ်လို့ ဖိလစ်ပိုင်အရာရှိတွေ အတည်ပြုပေးထားပေမဲ့၊ သေဆုံးမှု အရေအတွက်ဟာ ဒီထက်ပိုများနိုင်တယ်လို့ အများက ခန့်မှန်းထားပါတယ်။

ခုလိုအချိန်မှာ နိုင်ငံတကာဘက်က အကူအညီတွေတိုးမြှင့်ပေးဖို့တွေလုပ်နေပေမဲ့ ဒီလေဘေး ဒုက္ခသည် အတော် များများအနေနဲ့ အကူအညီ အနည်းအကျဉ်းသာ ရနေသေးပြီး၊ တချို့ဒေသတွေမှာ အသက်ရှင် သန်နိုင်ဖို့ လုယက်မှုတွေဖြစ်နေပါတယ်။

ဒုက္ခသည်အမျိုးသမီးတဦးတော့ အခု Haiyan မုန်တိုင်းတိုက်ခိုက်အပြီး ဒီနေ့ ၆ ရက်ကြာလာချိန်အထိ ဘာအကူအညီမှ မရသေးဖူး သူမိသားစုအဖွဲ့ဝင်တွေ ဖျားနာပြီး သေလုမျောပါးဖြစ်နေပြီလို့ ထုတ်ပြောခဲ့ ပါတယ်။

မနေ့က Tacloban မြို့ကိုရောက်ခဲ့တဲ့ ကုလသမဂ္ဂ လူသားချင်း စာနာကူညီမှုဆိုင်ရာ အကြီးအကဲ Valerie Amos ကလည်း အထောက်အပံ့တွေ မရောက်သေးပေမဲ့ ဒေသခံတွေရဲ့ ခံနိုင်ရည်အပေါ်မှာ အံ့အားသင့် မိပေမဲ့၊ သူတို့ခံစားနေရတာအတွက် စိတ်မကောင်းလဲ အကြီးအကျယ်ဖြစ်ရတယ်လို့ ထုတ်ပြောခဲ့ပါတယ်။

ဒီအချိန်မှာ သောက်ရေသန့် လီတာ သန်းနဲ့ချီတင်ဆောင်သွားတဲ့ အမေရိကန်နိုင်ငံက လေယာဉ်တင်စစ် သင်္ဘောကြီး USS George Washington ဟာ ဖိလစ်ပိုင်နိုင်ငံကို ဒီနေ့ရောက်ရှိသွားပြီး သွားလာရ ခက်တဲ့ ဝေးလံခေါင်ဖျားနေရာတွေ ကို အစာရေစာနဲ့ဆေးတွေ ပို့ပေးဖို့ ဖြင်ဆင်နေပါတယ်။

ခုလိုချိန်မှာ တရုတ်နိုင်ငံဘက်ကလည်း ဒီတိုင်ဖုန်းမုန်တိုင်း အရေးပေါ် အကူအညီအနည်းငယ်အဖြစ် တရုတ် ကြက်ခြေနီအဖွဲ့နဲအတူ အစပိုင်း ဒေါ်လာ ၂ သိန်းပေးအပြီးမှာ၊ အခုနောက်ထပ် အမေရိကန် ဒေါ်လာ ၁.၆ သန်းဖို့ လူမှုရေးအကူအညီတွေပေးဖို့ ထပ်ပေးဖို့ဆုံးဖြတ်ထားတယ်၊ ဒီအထဲမှာ ယာယီရွက်ဖျင်တဲတွေနဲ့ စောင်တွေ ပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ တဦး (Qin Gang) က ဆိုပါတယ်။

အခြားအင်အားကြီးနိုင်ငံတွေကတော့ တရုတ်ထက် အများကြီးပိုပေးဖို့ရှိနေပြီး၊ ဂျပန်နိုင်ငံအနေနဲ့ အမေရိ ကန်ဒေါ်လာ ၁၀ သန်း၊ သြစတျေးလျက ဒေါ်လာ ၉.၆ သန်းနဲ့ အမေရိကန်က ဒေါ်လာ သန်း ၂၀ ပေးဖို့ရှိနေ ပါတယ်။

VOA

Monday, November 11, 2013

တောင်ကိုရီးယား တီဗီဇာတ်လမ်းတွဲ ကြည့်ရှုသူများအား ပြုံးယမ်းအစိုးရက ကွပ်မျက်


တောင်ကိုရီးယား တီဗီဇာတ်လမ်းတွဲ ကြည့်ရှုသူများအား ပြုံးယမ်းအစိုးရက ကွပ်မျက် ကွပ်မျက်ခံရသူ အများအပြားမှာ တရားမဝင် တင်သွင်းလာသော တောင်ကိုရီးယား တီဗီဇာတ်လမ်းတွဲများကြည့်ရှုမှု စွဲချက်ကြောင့်ဖြစ်

မြောက်ကိုရီယားအစိုးရသည် ယခုလ အစောပိုင်းက လူ ၈၀ ဝန်းကျင်ကို အများပြည်သူ မြင်ကွင်းရှေ့တွင် ကွပ်မျက်လိုက်ကြောင်းနှင့် ကွပ်မျက်ခံရသူ အများအပြားမှာ တရားမဝင် တင်သွင်းလာသော တောင်ကိုရီးယား တီဗီဇာတ်လမ်းတွဲများကြည့်ရှုမှု စွဲချက်ကြောင့်ဖြစ်ကြောင်း တောင်ကိုရီးယား သတင်းစာတစ်စောင်က ယနေ့ ပြောကြားလိုက်သည်။ ပြုံးယမ်းအစိုးရ၏ ပြည်ထဲရေးဌာနနှင့် နီးစပ်ပြီး မကြာသေးမီက မြောက်ကိုရီးယားမှ ပြန်လည်ရောက်ရှိလာသော သတင်းရင်းမြစ်ကို ကိုးကား၍ တောင်ကိုရီးယား နေ့စဉ်ထုတ်သတင်းစာ JoongAng Ilbo က ဖော်ပြခဲ့ခြင်း ဖြစ်သည်။

သတင်းစာတွင် ရေးသေားဖော်ပြချက်အရ မြောက်ကိုရီးယား အာဏာပိုင်တို့သည် လူ ၈၀ ဝန်းကျင်ကို မြို့ကြီး ၇ မြို့တွင် နိုဝင်ဘာ ၃ ရက်က ကွပ်မျက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ မြောက်ကိုရီးယားနိုင်ငံ အရှေ့ပိုင်းကမ်းခြေမြို့ ဝန်ဆန်ရှိ အားကစားကွင်းတစ်ခုတွင် ဒေသခံ ပြည်သူ ၁၀,၀၀၀ ကို စုစည်းစေပြီးနောက် သေနတ်သမား ၈ ဦးက သေမိန့်ကျခံရသူများကို ပစ်ခတ်သတ်ဖြတ်နေမှုအား ကြည့်ရှုစေခဲ့ကြောင်း မျက်မြင်တစ်ဦးက JoogAng Ilbo ၏ သတင်းရင်းမြစ်ကို ပြောကြားကြောင်း သိရသည်။ ကွပ်မျက်ခံရသူ အများစုမှာ မြောက်ကိုရီးယားအစိုးရက ဥပဒေဖြင့် ပိတ်ပင်တားမြစ်ထားသည့် တောင်ကိုရီးယား ဒရာမာဇာတ်လမ်းတွဲများ ကြည့်ရှုမှုကြောင့်ဖြစ်ပြီး အချို့မှာမူ ပြည့်တန်ဆာမှုကြောင့် ဖြစ်သည်။

မြောက်ကိုရီးယားမှ ထွက်ပြေးခိုလှုံလာသူတစ်ဦး ပိုင်ဆိုင်သော တောင်ကိုရီးယားမြို့တော် ဆိုးလ်အခြေစိုက် Daily NK သတင်းဝက်ဘ်ဆိုက်ကမူ ယခု ကွပ်မျက်မှုနှင့်ပတ်သက်၍ သတင်းမရရှိခဲ့ကြောင်း ပြောကြားသည်။ သို့သော် North Korea Intellectual Solidarity (NKIS) သတင်းဝက်ဘ်ဆိုက်က ယခုကဲ့သို့ အများပြည်သူမြင်ကွင်းတွင် ကွပ်မျက်မှုများနှင့် ပတ်သက်၍ လအတန်ကြာကတည်းက ပြင်ဆင်မှုများရှိခဲ့ကြောင်းကို ၎င်း၏သတင်းရင်းမြစ်က ပြောကြားခဲ့သည်ဟုဆိုသည်။ NKIS သည်လည်း Daily NK ကဲ့သို့ပင် မြောက်ကိုရီးယားမှ ထွက်ပြေးခိုလှုံလာသူ ပိုင်ဆိုင်သော သတင်းဝက်ဘ်ဆိုက်ဖြစ်သည်။ မြောက်ကိုရီးယားအစိုးရအနေဖြင့် ပြည်သူတို့၏ ခံယူချက် အတွေးအခေါ်များ ပြောင်းလဲလာခြင်းကို အလွန်းစိုးရိမ်ပြီး ပြည်သူများ၏စိတ်တွင် အကြောက်တရား လွှမ်းမိုးစေရန် ကြိုးပမ်းခြင်းပင်ဖြစ်ကြောင်း NKIS မှ တာဝန်ရှိသူတစ်ဦးက သုံးသပ်သည်။

မြောက်ကိုရီးယားနိုင်ငံတွင် ခွင်ပြုမထားသော နိုင်ငံခြားရုပ်ရုပ်နှင့် တီဗီဇာတ်လမ်းတွဲများ ကြည့်ရှုမှုကို ရာဇာဝတ်မှုအဖြစ် သတ်မှတ်ထားသည်။ အထူးသဖြင့် တောင်ကိုရီးယားမှ ရုပ်ရှင်နှင့် ဇာတ်လမ်းတွဲများ ကြည့်ရှုခြင်းမှာ မြောက်ကိုရီးယားတွင် ကြီးလေးသည့် ရာဇာဝတ်မှုဖြစ်သည်။ မြောက်ကိုရီးယားအစိုးရ အနေဖြင့် ထိုသို့ ပိတ်ပင်တားမြစ်ထားမှုများ၊ ပြစ်ဒဏ်များ တင်းကျပ်ပြင်းထန်စွာ ချမှတ်လုပ်ဆောင်နေသော်လည်း DVD, Flash Drive နှင့် MP3 ကဲ့သို့ အသုံးအဆောင်များ တရားမဝင် တင်သွင်းမှုမှာ မြင့်တက်လျက်ရှိသည်။

Planet Myanmar Network

Sunday, November 10, 2013

မိုးပျံပူဖောင်းဖြင့် မြောက်ကိုရီးယားသို့ သမ္မာ ကျမ်းစာအုပ်များ ချပေး


ခရစ်ယာန် သင်းအုပ်ဆရာတော်ဖိုလီးနှင့် ကိုလိုရာဒိုအခြေစိုက်အဖွဲ Seoul USA သည် လွန်ခဲ့သည့်ခုနစ်နှစ် ကတည်းက ပေ၄ဝရှည်သော မိုး ပျံပူဖောင်းများနှင့် သမ္မာကျမ်းစာ အုပ်များကို သယ်ဆောင်စေလျက် မြောက်ကိုရီးယားနိုင်ငံအတွင်းသို့ ချပေးနေခဲ့သည်။ မြောက်ကိုရီး ယားတွင် ခရစ်ယာဉ်ဘာသာကို ပိတ်ပင် ထားသည်။

လွန်ခဲ့သည့်နှစ်က ၎င်းတို့ သည် မြောက်ကိုရီးယားနိုင်ငံအ တွင်း ခန့်မှန်းခြေသမ္မာကျမ်းစာ အုပ်၅၀၀၀ဝခန့် ချပေးခဲ့သည်။ တရားမဝင်သော်လည်း မြောက် ကိုရီးယားတွင် ခရစ်ယာန်ဘာသာ ဝင် ၁၀၀၀၀ဝ ခန့်ရှိ မည်ဟု ဖိုလီးက ခန့်မှန်းထားသည်။ ၎င်းတို့အ နက် ၃၀၀၀ဝမှာ ထိန်းသိမ်းရေး စခန်း၌ ရောက်ရှိနေပြီး အလုပ် အလွန်အကျွံလုပ်ရခြင်း၊ ငတ် မွတ်ခြင်း၊ နှိပ်စက်ခံရခြင်းနှင့် သတ်ဖြတ်ခံရခြင်းတို့ပင် ခံရသည် ဟုသိရ သည်။ ''သူတို့ဟာ ကမ္ဘာ ပေါ်မှာ နှိပ်စက်အခံရဆုံး ယုံ ကြည်ကိုးကွယ်သူတွေပါ''ဟု ၎င်း ကFox News သို့ ပြောကြားခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံ သားများသည် ဂျူချီဝါဒကို စွဲ မြဲလိုက်နာရန် ဖိအားပေးခံနေရ သည်။ ၎င်းဝါဒမှာ မာ့က်စ်ဝါဒ နှင့် မြောက်ကိုရီးယားတည် ထောင်သူ ကင်အီဆွန်းနှင့် ၎င်း၏ အဆက်အနွယ်များကို ကိုးကွယ် မှုရောနှောထားသော ဝါဒဖြစ်သည်။ကျေးလက်ဒေသမှ ပြည်သူ များအနေဖြင့် သမ္မာကျမ်းစာအုပ် များကို မသိမသာကောက်ယူလိမ့် မည်ဟုဆိုသည့် မျှော်လင့်ချက်ဖြင့် သင်းအုပ်ဆရာ ဖိုလီးနှင့် ၎င်း၏အဖွဲ့က မြောက်ကိုရီးယားနိုင်ငံ အတွင်း သမ္မာကျမ်းစာအုပ်များ ချပေးနေခြင်းဖြစ်သည်။

မြောက်ကိုရီးယားတွင် သမ္မာကျမ်းစာအုပ်တစ်အုပ်ပိုင် ဆိုင်ခြင်းသည် ပြစ်မှုတစ်ခုဖြစ် သည်။ ယင်းပြစ်မှုကို ကျူးလွန် သူနှင့် ၎င်း၏မိသားစုမှ မျိုးဆက် သုံးဆက်ကို အကျဉ်းစခန်းသို့ပို့ ကြောင်း သိရသည်။

Yangon Media Group

Saturday, November 2, 2013

အမေရိကန် ကို သူလျှို လုပ်ပေးမှု စွပ်စွဲချက် အပေါ် အင်ဒိုနီးရှား က သြစတြေးလျ သံအမတ် ကိုဆင့်ခေါ်






အမေရိကန် ဦးဆောင်သော အာရှ သူလျှို ကွန်ရက်တွင် ဩစတြေးလျ သံရုံးများ ကို အသုံးပြုခဲ့ သည် ဆိုသော သတင်းများ ထွက် ပေါ်ခဲ့ခြင်း အပေါ် အင်ဒိုနီးရှား က ဩစတြေးလျ သံအမတ်ကြီး ကို ဆင့် ခေါ် လိုက်သည်။ အာရှတိုက် ရှိ ဩစတြေးလျ သံရုံးများ ကို ဖုန်းခေါ်ဆိုမှု များ နှင့် အချက် အလက်များ ကြားဖြတ် ဖမ်းယူ ရန် အသုံးပြု ခဲ့ကြောင်း၊ ဆစ်ဒနီ မောနင်း ဟာရယ်( ဒ် ) ကဖော်ပြ သည်။ တရုတ် နိုင်ငံ ကလည်း အဆိုပါ စွပ်စွဲချက် များ အပေါ် အမေရိကန် က ရှင်းလင်းချက် ပေးပါရန် တောင်း ဆို လိုက်သည်။

အဆိုပါ သတင်း သည် ဖော် ကောင် အက်ဒဝပ်စနိုးဒန်း ၏ ဖွင့်ချ ခဲ့ သော အမေရိကန် အမျိုးသား လုံခြုံ ရေး အေဂျင်စီ မှတ်တမ်း တစ်ရပ် ကို အခြေခံ ထားသည် ဟု ဆိုသည်။ ယင်း မှတ်တမ်း ကို ဂျာမနီ သတင်းစာ Der Spiegel က ပထမ ဦးဆုံး အနေ ဖြင့် ဖော်ပြ ခဲ့သည်။ ဩစတြေးလျ သံရုံး များမှ တစ်ဆင့် လျှို့ဝှက် ထောက် လှမ်းခဲ့ သောသံရုံးများ တွင် ဂျကာတာ၊ ဗန်ကောက်၊ဟနွိုင်း၊ ပေကျင်း၊ ကွာလာ လမ်ပူနှင့် အခြားသော အာရှတိုက် ရှိ ဩစတြေးလျ သံရုံးများ ပါဝင် ကြောင်း ဆစ်ဒနီ သတင်းစာ တွင် ဖော်ပြ သည်။

ဂျကာတာနှင့် ဘာလီရှိ ဩစတြေးလျ သံရုံးများ သည် ဖုန်းခေါ် ဆိုမှု အချက်အလက် များ စုဆောင်း ပေးခဲ့ ကြောင်း အမည် မဖော် လိုသူ ဩစတြေးလျ ထောက်လှမ်းရေး အရာရှိဟောင်း တစ်ဦးက အောက်တိုဘာ ၃၁ ရက် တွင် ဆစ်ဒနီ သတင်းစာ သို့ ပြောကြား သည်။ ဂျကာတာ အစိုးရ အနေဖြင့် ဩစတြေးလျ က ယင်း ကဲ့သို့ ပြုလုပ် ခြင်း သည် လုံးဝ လက်မခံ နိုင်ကြောင်း ဂျကာတာ ရှိ အမေရိကန် သံရုံးတွင် လည်း ဆက်သွယ် ရေး ကိရိယာများ ထားရှိခြင်း ကို ပြင်းပြင်း ထန်ထန် ဆန့်ကျင် ကန့်ကွက်ပါ ကြောင်း အင်ဒိုနီးရှား နိုင်ငံခြား ရေး ဝန်ကြီး မာတီနာတာရီဂါဝါ က ပြောကြား ကြောင်း ကြေညာချက် တစ်ရပ် တွင် ဖော်ပြ သည်။

BBC

Sunday, October 27, 2013

ဂျာမန်ဝန်ကြီးချုပ်ကို အမေရိကန်တို့ စပိုင်လုပ်ခဲ့တယ်လို့ သတင်းထွက်နေ



  အမေရိကန်ကြီးရဲ့ ထောက်လှမ်းရေးတွေက  ဂျာမနီအဓိပတိ မာကယ်လ်ရဲ့ တယ်လီဖုန်းကို ခိုးနားထောင်တာ ကြာပြီ လို့ ယူဆရကြောင်း သတင်းက နိုင်ငံတကာမီဒီယာများမှာ ထိပ်တန်းသတင်းဖြစ်နေပါတယ်။


ဒီအကြောင်း အစပြု ရေးသားလိုက်တာကတော့ ဂျာမန် အပတ်စဉ်ထုတ် သတင်းမဂ္ဂဇင်းတစောင်ဖြစ်တဲ့ Der Spiegel  ဖြစ်ပါတယ်။
 အမေရိကန်သည် ဂျာမနီခေါင်းဆောင်ပိုင်းကို အဆင့်မြင့်နည်းပညာတွေသုံးပြီး  ထောက်လှမ်းခဲ့တယ်၊ NSA  အမေရိကန် ထောက်လှမ်းရေးအဖွဲ့ ဝန်ထမ်းတွေ ဖြစ်တယ် လို့ ဆိုပါတယ်။

အစိုးရရဲ့ဆက်သွယ်ရေးလမ်းကြောင်းကိုပဲ ထောက်လှမ်းတာလား၊ တယ်လီဖုန်းစကားအသေးစိတ်ကို ကြားဖြတ် အသံဖမ်းသလားဆိုတာကိုတော့ အဲဒီ သတင်းမဂ္ဂဇင်းမှာ ရေးမထားပါ။

ဟိုတလောက အိုဘားမား ဂျာမနီ သွားခါနီးအထိ အဲသလို ထောက်လှမ်းရေးလုပ်ခဲ့တာလို့ အဲဒီ သတင်းမဂ္ဂဇင်းက ဆိုပါတယ် တဲ့။

ဒီအကြောင်း နိုင်ငံတကာ သတင်းတွေမှာ ရေးသား ခေါင်းစည်းတပ်ထားကြာတာကတော့ ဒီလိုပါ ...

    မာကယ်လ်ရဲ့ဖုန်း ခိုးနားထောင်တာ အိုဘားမား သိတယ်၊ ခွင့်ပြုခဲ့တယ်လို့ သတင်းထွက်နေ - Fox News
    ၂၀၁၀ ကတည်းက မာကယ်လ်ကို စပိုင်လုပ်တာ အိုဘားမားသိခဲ့ကြောင်း ဂျာမန်မဂ္ဂဇင်း ရေးသား - Reuters
    မာကယ်လ်ကို စပိုင်လုပ်တာ အိုဘားမားမသိကြောင်း အမေရိကန် ပြော -  Deutsche Welle
    အမေရိကန် စောင့်ကြည့်တဲ့အကြောင်း စွပ်စွဲချက်အတွက် အိုဘားမားကို မာကယ်လ် ဖုန်းဆက် -Washington Post (blog)


ဒီသတင်းတွေအတွက် သင့်တော်တဲ့ ဓာတ်ပုံတွေကိုလည်း ယှဉ်တွဲ ဖော်ပြထားကြပါတယ်။
 စပိန်နိုင်ငံ အပတ်စဉ်ထုတ် သရော်စာမဂ္ဂဇင်း အွန်လိုင်း စာမျက်နှာမှာတော့ ဒီသတင်းအတွက် ဖန်တီးထားတဲ့ ပုံတခုကို တင်ထားပါတယ်။


The Irrawaddy

Thursday, October 17, 2013

ဥက္ကာခဲကြီး ရုရှမှာတွေ့ရှိ

ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ရုရှအလယ်ပိုင်းမှာရှိတဲ့ ချီဘာကဲလ်ရေကန်ထဲကို ဥက္ကာခဲကြီးတလုံးပြုတ်ကျခဲ့ပါတယ်။ ဒါကြောင့် ရေတွေခဲနေတဲ့ အဲဒီရေအိုင်ကြီးဟာ ၆ မီတာလောက်ကျယ်တဲ့ အပေါက်ကြီးဖြစ်သွားခဲ့ပါတယ်။

သိပ္ပံပညာရှင်တွေကတော့ ဒီလောက်ကြီးတဲ့ ဥက္ကာခဲကြီးကို တစ်ကြိမ်မှမတွေ့ဖူးသေးဘူးလို့ ဆိုပါတယ်။ ဥက္ကာခဲကြီးက တခြားဂြိုလ်တစ်ခုကနေ ပဲ့ထွက်လာတာဖြစ်သလို အကျယ်အားဖြင့် ၁၇ မီတာရှိပြီး မတ္ထရစ်တန်ချိန် တစ်သောင်းလေးတယ်လို့ ဆိုပါတယ်။ ဥက္ကာခဲကြီးကျလာတာကြောင့် လူပေါင်း ၁ ထောင်ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ ပြတင်းပေါက်တွေကျိုးပျက်ခဲ့ပြီး အဆောက်အဦတွေလည်း သိမ့်သိမ့်တုန်အောင် ခါသွားခဲ့တယ်လို့ ဆိုပါတယ်။

ရေကန်ထဲက ဥက္ကာခဲကြီးကို ပြန်လည်ဆယ်ယူချိန်မှာတော့ အကျယ်က ငါးပေလောက် (၁.၅မီတာ) ပဲရှိပါတော့တယ်။ ရေထဲမှာတင် အဲဒီဥက္ကာခဲကြီးကို သေသေချာချာရစ်ပတ်ပြီး သံမဏီပြားပေါ်မှာ တင်ပြီးမှာ မြေပေါ်ကို ဆွဲတင်ခဲ့တာပါ။ ဒါပေမယ့်လည်း မြေကြီးပေါ်ရောက်တော့ ဥက္ကာခဲကြီးက အပိုင်းကြီး ၃ ခု ကွဲထွက်သွားခဲ့ပါတယ်။ လန်ဒန်သဘာဝသမိုင်းပြတိုက်က ဒေါက်တာ ကဲရိုလင်းစမစ်ကတော့ အဲဒီအုတ်ခဲတုန်းကြီးကို ဥက္ကာခဲအဖြစ်အတည်ပြုခဲ့ပါတယ်။ အမျိုးအစားကတော့ regmaglypt လို့ခေါ်တဲ့ အနားသားအကာ (ပေါင်မုန့်ဘေးသားအခွံပုံစံ) ဥက္ကာခဲ ဖြစ်တယ်လို့ ဆိုပါတယ်။

စမစ်ကတော့ အဲဒီလို ဥက္ကာခဲတွေက အာကာသထဲမှာ မီးလုံးကြီးတွေလို ပျံသန်းနေတတ်ကြတယ်လို့ ဘီဘီစီကို ပြောပြပါတယ်။ အပြင်ပိုင်းက ပူလွန်းတာကြောင့် ကြယ်တွေပုံစံလိုမျိုးလင်းလက် နေသလို အဲဒါမျိုးကို fusion crust (ဥက္ကာခဲ အခွံ) လို့ ခေါ်ကြောင်း၊ သူတို့ရဲ့ပုံသဏ္ဌာန်က လက်ဗွေရာနဲ့တူကြောင်း သူမကဆိုပါတယ်။

Chelyabinsk State University ရဲ့ပရောဖက်ဆာ Sergey Zamozdr ကတော့  ဥက္ကာခဲအကြီးဆုံး ၁၀ ခုတွေ့ရှိခဲ့ရာမှာ ဒီတစ်ခုလည်းအပါအ၀င်ပဲလို့ ဆိုပါတယ်။

Ref: BB

Monday, October 14, 2013

ညသန်းခေါင်အချိန်ရောက်တိုင်း လမ်းပေါ်မှာအ၀တ်အစားချွတ်ပြတတ်သည့် မိန်းကလေး၏ အ၀တ်မဲ့ ဓာတ်ပုံများ အင်တာနက်မှာ ပျံ့နှံ့နေ

တရုတ်နိုင်ငံရှိ အင်တာနက် အသုံးပြုသူများကြား အမျိုးမျိုး ဝေဖန်မှုများ ဖြစ်ပေါ်နေစေသည့် ရှန်ဟိုင်း အဖော်အချွတ်မယ်ကို မြို့တော် ရဲတပ်ဖွဲ့က စတင်စုံစမ်း ထောက်လှမ်းမှုများ ပြုလုပ်နေပြီ ဖြစ်သည်။ Shanghai Streakerဟု လူသိများသည့် အဆိုပါ ငယ်ရွယ်သည့် မိန်းကလေးသည် ညနက်သန်းခေါင် အချိန်များ၌ ရှန်ဟိုင်း၏ နေရာအချို့တို့တွင် ထူးထူးဆန်းဆန်း ပေါ်ထွက်လာပြီး အဝတ်အစားများကို ချွတ်ပြတတ်သူ ဖြစ်သည်။ သူမ၏ ဓာတ်ပုံများသည် တရုတ်ရှိ လူမှုကွန်ရက် ဝက်ဘ်ဆိုက်များတွင် ပျံ့နှံ့လာသော်လည်း ယင်းမိန်းကလေး မည်သူမည်ဝါ ဖြစ်ကြောင်းနှင့် သူမနှင့် သက်ဆိုင်သော အသေးစိတ် အချက်အလက်များကို မည်သူမျှ တိတိကျကျ ဖော်ထုတ်နိုင်ခြင်း မရှိသေးဘဲ ဖြစ်နေသည်။ လူအများရှေ့တွင် အဝတ်အစားများကို လှစ်ပြတတ်သည့် ပဟေဠိဆန်သော မိန်းကလေးကို ယခုအခါ ရှန်ဟိုင်းရဲတပ်ဖွဲ့က အလေးအနက် စုံစမ်းမှု စတင်နေပြီဟု သိရသည်။

ပထမဆုံး သူမ၏ ဓာတ်ပုံများ အင်တာနက်ပေါ် ရောက်လာချိန်က အရက်မူးနေသည့် မိန်းကလေးတစ်ဦး အဆင်ခြင်မဲ့ ပြုမူသည်ဟု ယူဆခဲ့ကြသော်လည်း သီတင်းပတ် အတော်များများ ကြာလာသည်အထိ ဓာတ်ပုံအသစ်များ ပေါ်ထွက်နေသည့်နောက် လူပြောများသည့် သတင်းတစ်ခု ဖြစ်လာခဲ့သည်။ ဓာတ်ပုံတစ်ခုတွင် လူအများ သွားလာနေသည့် ဟန်ရှန်လမ်းမပေါ်၌ ကင်မရာဘက်သို့ လှည့်ကာ အဝတ်အစားများကို လှစ်ပြနေသည့် မိန်းကလေး၏ ပုံရိပ်ကို တွေ့နိုင်သည်။ ထို့နောက်ပိုင်းတွင် ရှင်တီယန်ဒီနှင့် ဘွန်းဧရိယာများ၌ပါ ညဘက်ထွက်၍ အဝတ်အစားများ ချွတ်ပြသည့် မိန်းကလေး၏ ဓာတ်ပုံများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။

ရှန်ဟိုင်း ရဲတပ်ဖွဲ့သည် နောက်တစ်ကြိမ် လူအများရှေ့သို့ ထိုအမျိုးသမီး ထွက်ပေါ်မလာမီ သူမကို အတည်ပြု ဖော်ထုတ်နိုင်ရန် တစ်မြို့လုံးအနှံ့ ရှာဖွေမှုများ ပြုလုပ်နေသည်။ သို့သော်လည်း သူမ၏ သတင်းကို လုံးဝဥဿုံ အစအန မရသေးဘဲ ရှိနေကြောင်း သိရသည်။ အင်တာနက်တွင် ရှန်ဟိုင်းမှ အဖော်အချွတ်မယ်သည် စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုခု ရှိနေသူဟု အများစုက လက်ခံထားပြီး သူမကို ကူညီနေသည့် ဓာတ်ပုံသမား တစ်ဦးလည်း ရှိနိုင်သေးကြောင်း ဆွေးနွေးနေကြသည်။ တရုတ် အင်တာနက် လုံခြုံရေး တာဝန်ရှိသူများကလည်း ဓာတ်ပုံများ စတင်လာသည့် ရင်းမြစ်ကို ရဲတပ်ဖွဲ့နှင့်အတူ ကူညီ ရှာဖွေပေးနေကြောင်းလည်း သိရှိရသည်။
By Planet

Saturday, October 12, 2013

သွေးစုပ်ဖုတ်ကောင် အဖေက သမီးကို သွေးစုပ်၊ စားသောက်

ပါပူဝါ နယူးဂီနီက အမျိုးသားတယောက်ဟာ ၃ နှစ်အရွယ် သူ့ သမီးငယ်ရဲ့ လည်ပင်း ကို ကိုက်ပြီး အသားတွေစား၊ သွေးတွေကို သောက်လို့ သမီးငယ်လေး သေဆုံးသွားတဲ့အတွက် သူ့ကို ဖမ်းလိုက် ပါတယ်။
 ဓာတ်ပုံ- The Nation

ဒေသဆိုင်ရာ ကောင်စီလူကြီးတဦးကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းတပုဒ်အဆိုအရ ၃ နှစ်သမီးလေးနဲ့ သူ့မိခင်တို့ဟာ ဖခင်ဖြစ်သူထံ အလည်လာခိုက် ဘာဖြစ်မှန်း မသိရပဲ အမေက သမီးကို လက်ဆွဲရင်း ထွက်ပြေးခဲ့တယ်တဲ့၊ နောက်က သူ့ခင်ပွန်းက လိုက်လာတော့ ခြုံ တွေထဲ ၀င်ပြေးသွားခဲ့တယ်လို့ ဆိုတယ်။

ပြီးတော့ ခြုံထဲမှာ အဲဒီအမျိုးသားက သူ့သမီးလည်ပင်းကို ကိုက်၊ အသားတွေစား၊ သွေးတွေ စုပ်နေခဲ့ တာ ကို သစ်ပင်တပင်ပေါ် တက်နေတဲ့ လူငယ် ၂ ဦးက မြင်တော့ သူတို့လည်း ထွက်ပြေးပြီး လူတွေကို ပြော
ပြကြတယ်။

ကလေးတွေပြောတာကို အဲဒီကောင်စီလူကြီးက မယုံခဲ့ဘူး၊ ရယ်စရာတောင် လုပ်ပစ်လိုက်ခဲ့တယ်။ ဒါပေမယ့် အဲဒီ ကလေး တွေ က တော်တော် ကြောက်နေတာတော့ သတိထားမိတယ်လို့ ကောင်စီ လူကြီးက သတင်းထောက်တွေကို ပြောပြတယ်။

ဒါနဲ့ မျက်မြင်ကလေးတွေကြောင့် လူတွေရောက်လာပြီး အဲဒီ သွေးစုပ်ဖုတ်ကောင်ဆိုသူကို ခြုံထဲမှာ သူ့သမီးအလောင်းနဲ့ တွေ့လိုက်ကြတယ်။ သမီးကို ပြန်စားတဲ့ အဖေဖြစ်သူကလည်း ထွက်ပြေးဖို့ ကြိုးစား ခဲ့သေးတယ်။ နောက်ဆုံးတော့ လူတွေ က ၀ိုင်းဖမ်းပြီး ရဲလက်ကို အပ်လိုက်ကြတယ်။ သေဆုံးသူ ကလေးမ ရဲ့ အမေကတော့ ဘယ်ရောက်သွားတယ် ဆိုတာ သတင်းထဲမပါတော့ မသိရဘူး။

၃ နှစ်သမီးလေးရဲ့ လည်ချောင်းသွေးဖောက်သောက်၊ အသားစားတဲ့ အတွက်ကြောင့် အဖမ်းခံလိုက်ရတဲ့ ဖခင်ဖြစ်သူ ကို သွေးစုတ်ဖုတ်ကောင်လို့ သမုတ်ခံကြတယ်။

သွေးစုပ်ဖုတ်ကောင်ဆိုတာ တကယ်ပဲ ရှိနေရော့သလား ဆိုတာတော့ ဝေခွဲရခက်နေတဲ့ ပုစ္ဆာတပုဒ်လိုပါဘဲ။ အဲဒီဒေသမှာလည်း မှော်အတတ်ပညာတွေလို ရံဖန်ရံခါ ဒီလိုပြဿနာမျိုးတွေ ဖြစ်တတ်ကြတယ်လို့ ရဲတပ်ဖွဲ့က ပြော ပါတယ်။

မနှစ်ကပဲ အလားတူ ထူးထူးဆန်းဆန်း သေဆုံးမှုတွေကြောင့် ဒါဇင်နဲ့ ချီတဲ့ လူတွေကို ရဲက ဖမ်းခဲ့ရပါသေး တယ်တဲ့။ ၂၀၁၁ ခုနှစ်ကလည်း မွေးကင်းစ သားလေးကို ပြန်စားလိုက်တဲ့ လူတယောက်နဲ့ ပတ်သက်ပြီး သတင်းတွေထွက်ခဲ့ပါသေးတယ်။

အိမ့်သံစဉ် ~
Irrawaddy

မြန်မာ လက်မှတ်မထိုးထားသည့် ဓာတုလက်နက် တားမြစ်ရေးအဖွဲ့ ၂၀၁၃ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရ

၂၀၁၃ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ဓာတုလက်နက် တားမြစ်ရေး အဖွဲ့အစည်း (OPCW) ကို ပေးအပ်ချီးမြှင့်လိုက်သည်။

ဓာတုလက်နက် ဖျက်သိမ်းရေးတွင် OPCW အဖွဲ့က စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သဖြင့် နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရခြင်း ဖြစ်သည်။

ဓာတုလက်နက် တားမြစ်ရေး သဘောတူညီချက်တွင် နိုင်ငံပေါင်း ၁၉၀ က ဓာတုလက်နက် တားမြစ်ရေး အဖွဲ့တွင် ပါဝင်လက်မှတ် ရေးထိုးထားသော်လည်း မြန်မာ၊ အစ္စရေး၊ အင်ဂိုလာ၊ အီဂျစ်၊ မြောက်ကိုရီးယားနှင့် တောင်ဆူဒန်နိုင်ငံတို့က ဓာတုလက်နက် တားမြစ်ရေး စာချုပ်ကို လက်ရှိအချိန်ထိ လက်မှတ်ရေးထိုးခြင်း မရှိသေးပေ။

နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ရေး ကော်မတီ၏ ထုတ်ပြန်ချက်၂၀၁၃ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ဓာတုလက်နက် တားမြစ်ရေး အဖွဲ့အစည်း (OPCW) ကို ချီးမြှင့်ရန် နော်ဝေ နိုဘယ်လ် ကော်မတီက ဆုံးဖြတ်ခဲ့သည်။ ဓာတုလက်နက်များ ဖျက်သိမ်းနိုင်ရေးကို OPCW အဖွဲ့က ပြင်းပြင်းထန်ထန် ကြိုးပမ်း လုပ်ဆောင်ခဲ့သဖြင့် နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြင့်ခြင်း ဖြစ်သည်။

ပထမကမ္ဘာစစ် (၁၉၁၄-၁၈) ကာလအတွင်း ဓာတုလက်နက် ပမာဏ အမြောက်အမြား အသုံးပြုခဲ့ကြသည်။ ၁၉၂၅ ဂျနီဗာ သဘောတူညီချက်တွင် ဓာတုလက်နက် အသုံးပြုခြင်းကို တားမြစ် ထားသော်လည်း ဓာတုလက်နက် ထုတ်လုပ်ခြင်း၊ သိုလှောင် သိမ်းဆည်းခြင်းများကို ပိတ်ပင်မှု မရှိပေ။ ဒုတိယကမ္ဘာစစ် ကာလအတွင်း ဟစ်တလာ၏ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများတွင် ဓာတုလက်နက် အသုံးပြုမှုများ ရှိခဲ့သည်။ ယင်းနောက်ပိုင်း ကာလများတွင်လည်း ဓာတုလက်နက်များကို နိုင်ငံများသာမက အကြမ်းဖက် သမားများကလည်း အသုံးပြု တိုက်ခိုက်ခဲ့ကြသည်။

ထို့ကြောင့် ၁၉၉၂-၉၃ ခုနှစ်တွင် ဓာတုလက်နက် ထုတ်လုပ်ခြင်း၊ အသုံးပြုခြင်းများကိုပါ တားမြစ်သည့် သဘောတူညီချက် တစ်ရပ် ချမှတ်ခဲ့သည်။ ယင်းသဘောတူညီချက်မှာ ၁၉၉၇ ခုနှစ်တွင် စတင်အသက်ဝင်ခဲ့သည်။ ယင်းနောက်ပိုင်း ကာလများမှစ၍ OPCW အဖွဲ့က စုံစမ်းစစ်ဆေးမှုများ၊ ဓာတုလက်နက် ဖျက်ဆီးမှုများ၊ အခြားသော နည်းလမ်းများဖြင့် ဓာတုလက်နက် တားမြစ်ရေး သဘော တူညီချက် အကောင်အထည် ပေါ်လာစေရန် လုပ်ဆောင်ခဲ့သည်။ ဓာတုလက်နက် တားမြစ်ရေး သဘောတူညီချက်ကို လက်ရှိအချိန်ထိ နိုင်ငံပေါင်း ၁၈၉ နိုင်ငံက လက်ခံအတည်ပြုထားသည်။

ဓာတုလက်နက် အသုံးပြုမှုကို အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် မညီကြောင်း OPCW အဖွဲ့နှင့် ဓာတုလက်နက် တားမြစ်ရေး သဘောတူညီချက်တို့က အဓိပ္ပာယ် ဖွင့်ဆိုထားသည်။

ဆီးရီးယားနိုင်ငံတွင်း မကြာသေးမီက ဖြစ်ပွားခဲ့သည့် ဓာတုလက်နက်သုံး တိုက်ခိုက်မှုများက ယင်းလက်နက်များ ဖျက်ဆီးရေး ဆက်လက် လုပ်ဆောင်ရန် လိုအပ်နေသည်ကို မီးမောင်းထိုး ဖော်ပြနေခြင်း ဖြစ်သည်။ သို့သော်လည်း အချို့ သော ကမ္ဘာ့နိုင်ငံများမှာ OPCW အဖွဲ့ဝင်များ မဟုတ်ခြင်းကြောင့် ဓာတုလက်နက် ဖျက်သိမ်းရေးကို လုပ်ဆောင်ခြင်း မရှိသေးပေ။ အချို့သော နိုင်ငံများမှာ ဓာတုလက်နက် ဖျက်သိမ်းပေးရေး နောက်ဆုံး သတ်မှတ်ရက် ကာလဖြစ်သော ၂၀၁၂ ဧပြီ သတ်မှတ်ချက် ကျော်လွန်လာပြီ ဖြစ်သော်လည်း ဓာတုလက်နက် ဖျက်သိမ်းရေး လုပ်ဆောင်ရန် ကျန်ရှိနေသေးသည်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ရုရှားနိုင်ငံတို့ ဖြစ်သည်။

လက်နက် ဖျက်သိမ်းရေးမှာ အဲဖရက် နိုဘယ်လ်၏ အဓိက စိတ်ဆန္ဒတစ်ရပ် ဖြစ်သည်။ နော်ဝေ နိုဘယ်လ် ကော်မတီကလည်း နျူကလီးယား လက်နက်များ ဖျက်သိမ်းရေး လိုအပ်သည်ကို ဆုအမျိုးမျိုး ပေးအပ်ခြင်းဖြင့် အသားပေး ဖော်ပြပေးနေသည်။ OPCW အဖွဲ့ကို နိုဘယ်လ် ငြိမ်းချမ်းရေးဆု ပေးအပ်လိုက်ခြင်းဖြင့် ဓာတုလက်နက်များ ဖျက်သိမ်းနိုင်ရေးတွင် ကော်မတီက တစ်တပ်တစ်အား ပူးပေါင်း ပါဝင်ဆောင်ရွက်ခြင်း ဖြစ်သည်။

Saturday, October 5, 2013

အမေရိကန် ပြည်ထောင်စုတွင် အစိုးရလုပ်ငန်းများ ရပ်ဆိုင်းခြင်းနှင့် စပ်လျဉ်း၍ လူတစ်ဦး မိမိကိုယ်ကို မီးရှို့

အမေရိကန် အစိုးရ အလုပ်သမား အဖွဲ့အစည်းများနှင့် အမျိုးသား အလုပ်သမား သမဂ္ဂအဖွဲ့မှ အဖွဲ့ဝင်များသည် အစိုးရလုပ်ငန်းများ ရပ်ဆိုင်းခြင်းနှင့်

စပ်လျဉ်း၍ အောက်တိုဘာ ၄ ရက် နံနက် ၁၁ နာရီခန့်က ကွန်ဂရက်လွှတ်တော် အဆောက်အအုံ ရင်ပြင်ရှေ့တွင် ဆန္ဒပြပွဲများကို ဆင်နွှဲလျက်ရှိစဉ် အမျိုးသားတစ်ဦးသည် မိမိကိုယ်ကိုမိမိ မီးရှို့ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။ ၎င်းအမျိုးသားသည် အစိုးရဌာနများ ပိတ်ခဲ့မှုနှင့် စပ်လျဉ်း၍ ဝါရှင်တန်မြို့ရှိ အမျိုးသား ခန်းမရှေ့တွင် အောက်တိုဘာ ၄ ရက် မွန်းလွဲပိုင်းက ကိုယ့်ကိုယ်ကိုယ် မီးရှို့၍ ဆန္ဒပြခဲ့ကြောင်း ဒေသတွင်း ရဲတပ်ဖွဲ့က အတည်ပြုပြောကြားခဲ့ သည်။ ထို့နောက် ရဲတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာခဲ့ပြီး ၎င်းအမျိုးသားအား ဆေးရုံသို့ပို့ဆောင် ပေးခဲ့ကြောင်းနှင့် ၎င်းအမျိုးသားမှာ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်များ၏ ပြောကြားချက်အရ သိရသည်။

ယင်းကဲ့သို့ အမေရိကန် ပြည်ထောင်စုတွင် အစိုးရလုပ်ငန်းများ ရပ်ဆိုင်းခဲ့ခြင်းကြောင့် ယာယီနားခွင့် ရရှိထားသော အစိုးရဝန်ထမ်းများသည် နိုင်ငံရေးအရ ထွက်ပေါက်မရှိသော အခြေအနေတစ်ခုတွင် ပိတ်မိနေခြင်းထက် ၎င်းတို့၏ လုပ်ငန်းများကိုသာ ပြန်လည် လုပ်ကိုင်လိုကြကြောင်း အလုပ်သမားခေါင်းဆောင်များက အလေးထားပြောကြားခဲ့သည်။

အဆိုပါ ဆန္ဒပြပွဲများတွင် အလုပ်သမားများသည် ကွန်ဂရက်လွှတ်တော် အဆောက်အအုံ ပိတ်ထားခြင်းကို အဆုံးသတ်ရန်နှင့် လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက်ခွင့်ပြုရန် တောင်းဆိုခဲ့ကြောင်း အမေရိကန် အစိုးရအလုပ်သမား အဖွဲ့အစည်းမှ ဥက္ကဋ္ဌ ဂျေဒေးဗစ်ကော့ဇ်က ပြောကြားခဲ့သည်။

မြ၀တီ

အင်္ဂါဂြိုဟ်ပေါ်တွင် မီးတောင်ဟောင်းကြီးတစ်ခု သိပ္ပံ ပညာရှင်များ လေ့လာတွေ့ရှိ

လွန်ခဲ့သော နှစ်ပေါင်း ၃ ဒသမ ၅ ဘီလီယံကျော်က ပေါက်ကွဲမှု ဖြစ်ပွား ခဲ့သည်ဟု ခန့်မှန်း ရသော အင်္ဂါဂြိုဟ်ပေါ်မှ ရှေးဟောင်း မီးတောင်ကြီး တစ်ခုသည် ယခုအခါ ၎င်းဂြိုဟ်ပေါ်တွင် ပုံသဏ္ဌာန် မမှန်သော ချိုင့်ကြီးများအဖြစ် ပေါ်ထွက်လာခဲ့ကြောင်း သိပ္ပံ ပညာရှင်များက လေ့လာ တွေ့ရှိခဲ့သည်။

အဆိုပါ ချိုင့်ကြီးများသည် ဥက္ကာပျံ တစ်ခုကဲ့သို့ အရာဝတ္ထု တစ်ခု၏ ၀င်တိုက် မှုကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်ဟု အချို့ သိပ္ပံ ပညာရှင်များက ယူဆ ခဲ့သော်လည်း "Oxus Patera" အမည်ရှိ အဆိုပါ ချိုင့်ကြီးမှာ မီးတောင်ကြီး တစ်ခု ဖြစ်နိုင်ဖွယ် ရှိကြောင်း သိပ္ပံ ပညာ ရှင်များ က ခန့်မှန်း ခဲ့ကြသည်။

၎င်းအပြင် ချိုင့်ကြီး အတွင်းရှိ ပုံသဏ္ဌာန် မမှန်သော ချိုင့်ဝှမ်းများသည် အဆင့်ဆင့် ပေါက်ကွဲ မှု ဖြစ်ပေါ်ခဲ့သည် ဆိုသော သက်သေ အထောက်အထားများကို ဖော်ပြလျက်ရှိသည်။
အဆိုပါ ချိုင့်ကြီးသည် ကီလိုမီတာ ၃၀ အချင်းရှိပြီး ၎င်းချိုင့် အတွင်းရှိ တောင်တန်းများသည် အမှုန်များဖြင့် ဖွဲ့စည်းထားကြောင်း၊ ယင်းအမှုန် များမှာလည်း မီးတောင် ပေါက်ကွဲ မှုကြောင့် ထွက်ပေါ်လာသော ပြာမှုန်များ အနည်ကျရာမှ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ သုတေသန ပညာရှင်များက ယူဆထားသည်။

အင်္ဂါဂြိုဟ် ပေါ်ရှိ အဆိုပါ ချိုင့်ကြီးကို NASA Godderd Space Flight Center မှ သုတေသန ပညာရှင် ဂျက်ကော့ဘ်ဘလီချာနှင့် ဂြိုဟ် လေ့လာရေး ဆိုင်ရာ သိပ္ပံ တက္ကသိုလ်မှ သုတေသန ပညာရှင် ဂျိုးဆက်မိုက်ကယ်လ်စကီ တို့နှစ်ဦးက လေ့လာ ဆန်းစစ်မှုများ ပြု လုပ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
By မြ၀တီ

Friday, October 4, 2013

တရုတ်တွင် ပျားတူကောင်များကြောင့် လူ ၄၂ ဦး သေဆုံး

Thursday, October 03, 2013

အုံနှင့်ကျင်းနှင့် စုဖွဲ့ပျံသန်းလာသည့် ပျားတူကောင်များ၏ ရန်လိုမှုကြောင့် တရုတ်အလယ်ပိုင်း ဒေသတစ်ခုတွင် အသေအပျောက်နှင့် ဒဏ်ရာရသူ အရေအတွက်မှာ စိုးရိမ်စရာ ကောင်းလောက်အောင် တိုးပွားလာခဲ့သည်။

ပျားတူ (ပဒူ)ကောင်များ တိုက်ခိုက်မှုကြောင့် တရုတ်နိုင်ငံတွင် အသေအပျောက် ပမာဏ (၄၁)ဦးထိ မြင့်တက်လာကြောင်း သိရှိရသည်။ အုံနှင့်ကျင်းနှင့် စုဖွဲ့ပျံသန်းလာသည့် ပျားတူကောင်များ၏ ရန်လိုမှုကြောင့် တရုတ်အလယ်ပိုင်း ဒေသတစ်ခုတွင် အသေအပျောက်နှင့် ဒဏ်ရာရသူ အရေအတွက်မှာ စိုးရိမ်စရာ ကောင်းလောက်အောင် တိုးပွားလာခဲ့သည်။ ပျားတူကောင်များ ကိုက်ခဲမှုကြောင့် အသက်ဘေးမှ လွတ်ခဲ့သည့်တိုင် ဒဏ်ရာဒဏ်ချက်များ ရရှိခဲ့သူ အရေအတွက်မှာလည်း (၁၆၀၀) ကျော်သွားပြီ ဖြစ်သည်။ ဇူလိုင်လ ကတည်းက ရှန်ဇီးတွင် ပျားတူကောင်များ၏ ရန်ပြုမှုများ ကြုံနေရခြင်း ဖြစ်သည်။ ယခုရာသီမှာ ၎င်းတို့ မိတ်လိုက်ပေါက်ဖွားသော အချိန်မျိုးဖြစ်ပြီး သာမန်ထက် ကြမ်းကြုတ်ရန်လိုနေတတ်ကြောင်း သတင်းများက ဖော်ပြခဲ့သည်။

ကြာသပတေးနေ့ထိ စာရင်းများအရ ပျားတူများ လက်ချက်ကြောင့် ဇူလိုင်လ ကတည်းက ရှန်ဇီးတွင် လူ(၄၁)ဦး သေဆုံးကာ (၁၆၇၅)ဦး ဒဏ်ရာများ ရရှိထားကြောင်း သိရသည်။ လူနာ(၃၇)ဦးမှာ အသက်အန္တရာယ် စိုးရိမ်ရလောက်သည်အထိ ဆိုးရွားပြင်းထန်သော အခြေအနေမျိုး ကြုံနေရသည်။ နွေရာသီနှင့် ဆောင်းဦးရာသီ အစောပိုင်းများအတွင်း ကြီးမားသော ပျားတူကောင်များသည် စာသင်ကျောင်းများထဲ ဝင်လာကာ ကလေးငယ်များကို တိုက်ခိုက်ကြသလို လယ်ကွင်းများထဲတွင်လည်း လယ်သမားများကို ရန်ပြုခဲ့ကြသည်။ စိုက်ခင်းကို စစ်ဆေးနေစဉ် ပျားတူကောင်များ တိုက်ခိုက်မှုကို ကြုံရသည့် မူကွန်ဟွီက "သိပ်ကြောက်ဖို့ ကောင်းပါတယ်။ ကျွန်မရဲ့ ခေါင်းညာဘက်ခြမ်းကို ဝင်တုပ်တယ်။ ကျွန်မခြေထောက်တွေလည်း အတုပ်ခံရတယ်။ ကျွန်မ အရမ်းနာကျင်သွားပြီး လှုပ်တောင် မလှုပ်နိုင်တော့ဘူး။ ခုဆိုရင် ကျွန်မခြေထောက်မှာ တုပ်ရာ အပေါက်ကြီးတွေ အများကြီး ကျန်နေတယ်"ဟု ပြောကြားခဲ့သည်။ သူမသည် (၂)လခွဲ ကြာမြင့်သည်အထိ ဆေးရုံမှ မဆင်းနိုင်သေးချေ။ အစိုးရ၏ ကျွမ်းကျင်ပညာရှင်များက ယခုပျားတူကောင်များသည် အာရှပျားတူကြီးမျိုးခေါ် ကမ္ဘာ့အကြီးဆုံး ပျားတူမျိုးနွယ်များ ဖြစ်ကြကြောင်း ပြောဆိုထားသည်။ သိပ္ပံအမည် Vespa Mandariniaဟု ခေါ်ဝေါ်သည့် ယင်းပျားတူမျိုးသည် အဆိပ်ပြင်းထန်ပြီး ခန္ဓာကိုယ် အရွယ်အစား (၃.၅)စင်တီမီတာမှ (၃.၉)စင်တီမီတာခန့်ထိ ကြီးထွားလေ့ ရှိကြောင်းလည်း သိရှိရသည်။

From:Planet Myanmar Network

Thursday, October 3, 2013

ဝါရှင်တန်မှာ ပစ်ခတ်မှုကြောင့် အမျိုးသမီး တဦး သေဆုံး

ကား အတွင်းမှာ အသက် ၁ နှစ်အရွယ်သမီးငယ်ကလေးကျန်ခဲ့ပါတယ်။ အဲဒီကလေးငယ်မလေးကတော့ ဘာဒဏ်ရာမှ မရပဲ ရဲက ပြုစု စောင့်ရှောက်လိုက်ရပါတယ်။

မာရီယံ ကာလေး ဆိုသူ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးဟာ သူ့ ကားကို အိမ်ဖြူတော် လုံခြုံရေး အတားအဆီးတွေကို ဖြတ်မောင်းဖို့ ကြိုးစားရာက ကွန်ဂရက်လွှတ်တော်နားမှာပဲ ရဲနဲ့ လုံခြုံရေး ရဲတွေက လိုက်လံ တားဆီး ပစ်ခတ်ဖို့ ကြိုးစားခဲ့ လို့ အဆိုပါ အမျိုးသမီး သေဆုံးသွားရတာလို့ စီအန်အန်သတင်းက ဆိုပါတယ်။

သူက ကားကို မောင်းပြေးရင် လုံခြုံရေးကားတွေကို လိုက်တိုက်ခဲ့တာကြောင့်လည်း လုံခြုံရေးအရာရှိ ၂ ဦး ဒဏ်ရာ ရသွား ခဲ့ ကြတယ်လို့ သိရပါတယ်။

ကွန်ဂရက်လွှတ်တော်က ရဲအရာရှိကြီးကလည်း ဒါဟာ အကြမ်းဖက်မှု မဟုတ်ဘူးလို့ ပြေားထားပါ တယ်။

ဖြစ်စဉ်တွေကိုတော့ သမ္မတ အိုဘားမားကို အကျဉ်းချုပ် အစီရင်ခံထားတယ်လို့လည်း သိရပါတယ်။

အခုဖြစ်ရပ်မှာ တိုက်ဆိုင်တာက အမေရိကန် ကွန်ဂရက်က အစိုးရ အသုံးစရိတ် ဘတ်ဂျက်ဆိုင်ရာ အငြင်း ပွားနေချိန်၊ ဘတ်ဂျက်တွေ ကွန်ဂရက်က ချမပေးလို့ အစိုးရ ဋ္ဌာနတချို့ ပိတ်သိမ်းလိုက်ရချိန်လည်း ဖြစ်နေ ပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ အသေးစိပ်ကိုတော့ စုံစမ်းနေဆဲဖြစ်ပြီး ဘာကြောင့် ဖြစ်တယ်ဆိုတာ အဖြေရှာနေ ဆဲဖြစ်တယ်လို့ သိရပါတယ်။

Ref : aljazeera

မိမိကို အတုခိုးလေ့ရှိသည့် သမီးလေး၏ ဓာတ်ပုံကို ဂီဆီလီဘန်ချန် ပြသ

အသက်(၃၃)နှစ် အရွယ်ရှိ ဘရာဇီးလ် စူပါမော်ဒယ်လ်သည် စိတ်တည်ငြိမ်မှုအတွက် သမထ လေ့ကျင့်ခန်းများ ပြုလုပ်လေ့ရှိရာ သူမ၏ (၁၀)လ သမီးလေး သမီးလေး ဗီဗီယန်ကလည်း မိခင်ကို တုပပြီး သူမနံဘေးတွင် လိုက်ထိုင်နေခဲ့သည်။


သူမကို အတုခိုး အားကျကာ လိုက်လံ တုပလေ့ရှိသည့် သမီးလေး၏ ချစ်စဖွယ် ပုံရိပ်ကို ဂီဆီလီ ဘန်ချန်က Twitterတွင် လွှင့်တင်ခဲ့သည်။ အသက်(၃၃)နှစ် အရွယ်ရှိ ဘရာဇီးလ် စူပါမော်ဒယ်လ်သည် စိတ်တည်ငြိမ်မှုအတွက် သမထ လေ့ကျင့်ခန်းများ ပြုလုပ်လေ့ရှိရာ သူမ၏ (၁၀)လ သမီးလေး သမီးလေး ဗီဗီယန်ကလည်း မိခင်ကို တုပပြီး သူမနံဘေးတွင် လိုက်ထိုင်နေခဲ့သည်။ ယင်းလှုပ်ရှားမှုကို ရိုက်ယူထားသည့် ဓာတ်ပုံကို ဂီဆီလီက Twitterတွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။ နောက်ဘက်မှ ရိုက်ကူးထားသော ဓာတ်ပုံတွင် (၁၀)လအရွယ် ကလေးမလေးသည် မိခင်နှင့်အတူ ယှဉ်လျှက် ခြေချိတ်ထိုင်ရင်း ပြူတင်းပေါက် တစ်ခုဘက် မျက်နှာမူနေသည်ကို တွေ့ရသည်။


ဂီဆီလီက သားအမိ နှစ်ဦး၏ ဓာတ်ပုံကို Follower 725000ကျော်ရှိသည့် သူမ၏ Twitter စာမျက်နှာတွင် ဖော်ပြခဲ့ပြီး "မင်္ဂလာ နံနက်ခင်းပါ။ အလုပ်အတွက် အသင့်ဖြစ်နေပြီ။ သမထ ကျင့်စဉ်ကို ခပ်လောလောလေး လုပ်နေပါတယ်။ ပျော်စရာပါပဲ"ဟု အင်္ဂလိပ်၊ ပေါ်တူဂီ နှစ်ဘာသာဖြင့် ရေးသားထားခဲ့သည်။ ကလေးနှစ်ဦး၏ မိခင်ဖြစ်သော စူပါမော်ဒယ်လ်သည် လတ်တလောတွင် ဘရာဇီးလ်သို့ ပြန်ရောက်နေသည်။ ဂီဆီလီသည် ဩဂုတ်လကလည်း ယောဂလေ့ကျင့်နေစဉ် သူမ၏ သမီးလေးက လိုက်လံတုပနေသည့် ဓာတ်ပုံကို Twitterတွင် လွှင့်တင်ခဲ့သေးသည်။ ဂီဆီလီသည် (၂၀၀၉)ခုနှစ်က အမေရိကန်ဘောလုံး အားကစားသမား တွမ်ဘရာဒီနှင့် လက်ထပ်ခဲ့ပြီး ဗီဗီယန်၏ အထက်တွင် (၃)နှစ်အရွယ် သားကြီး ဘင်ဂျမင်ကိုလည်း မွေးဖွားထားသည်။

From: Planet

Wednesday, October 2, 2013

အစိုးရလုပ်ငန်း ရပ်ဆိုင်းတဲ့အခြေဆိုက်ရင် တာဝန်မဲ့ရာရောက်မယ်လို့ အိုဘားမားသတိပေး

အမေရိကန်ပြည်ထောင်စုမှာ လွှတ်တော်က အစိုးရ အသုံးစရိတ်အတည်မပြုနိုင်လို့ အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းသွားမယ်ဆိုရင် ဒါဟာ အဆုံးစွန် တာဝန်မဲ့ရာရောက်ပြီး စီးပွားရေးပြန်လည်ကောင်းမွန်လာဖို့ ဆောင်ရွက်ချက်တွေကို ကမောက်ကမ ဖြစ်သွားစေလိမ့်မယ်လို့ အမေရိကန်သမ္မတ ဘရက်ခ်အိုဘားမားက ပြောပါတယ်။ လွှတ်တော်အနေနဲ့ အစိုးရအသုံးစရိတ်မူကြမ်းကို အတည်ပြုပေးဖို့ သမ္မတက တနင်္လာနေ့ မွန်လွဲပိုင်းက ပန်ကြားခဲ့တာပါ။

အစိုးရလုပ်ငန်းတွေ ရပ်ဆိုင်းသွားမယ်ဆိုရင် တနိုင်ငံလုံးကပါ ထိခိုက်သက်ရောက်မှုရှိလိမ့်မယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။ အစိုးရလုပ်ငန်းတွေ ရပ်သွားမယ်ဆိုရင် ဖက်ဒရယ်ဝန်ထမ်းတွေကို လစာမပေးနိုင်ရုံတင်မဟုတ်တော့ပဲ၊ မဖြစ်မနေ အသက်ရှင်ရပ်တည်ရေး အစိုးရဝန်ဆောင်မှုအပေါ်မှာ မှီနေရတဲ့ နိုင်ငံသားတွေအတွက်လည်း သက်ရောက်ထိခိုက်မှုရှိမယ်လို့ ပြောပါတယ်။

ဒီနေ့နေလည်ပိုင်းမှာပဲ သမ္မတအိုဘားမားရဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကို ဆိုင်းထားလိုက်တဲ့ အစိုးရအသုံးစရိတ်ဥပဒေမူကြမ်း အောက်လွှတ်တော်ရဲ့ အတည်ပြုထားတာကို အထက်လွှတ်တော်ကတော့ လက်မခံ ပယ်ချလိုက်ပါတယ်။ ဒါကြောင့် အစိုးရအသုံးစရိတ်ကို အခု အမေရိကန်စံချိန်တနင်္လာနေ့ သန်းခေါင်ယံအထိ လွှတ်တော်နှစ်ရက်က အတည်မပြုနိုင်ရင် အစိုးရလုပ်ငန်းတွေ ရပ်နားရမယ့် အခြေအနေ သေချာလု နီးပါးဖြစ်လာပါတယ်။

အောက်လွှတ်တော်က အတည်ပြုထားတဲ့ အစိုးရအသုံးစရိတ်ဥပဒေကြမ်းကို အထက်လွှတ်တော်ကနေ ၅၄ မဲ၊ ၄၆ မဲနဲ့ ပယ်ချလိုက်ပြီး အဲဒီ ဥပဒေကြမ်းကို အောက်လွှတ်တော်ထံ ပြန်ပို့လိုက်ပါတယ်။ အောက်လွှတ်တော်ဘက်က အခု တနင်္လာနေ့ ညသန်းခေါင်အထိ အတည်မပြုနိုင်ဘူးဆိုရင်တော့ မဖြစ်မနေ အရေးကြီးတဲ့ အစိုးရလုပ်ငန်းတွေကလွဲပြီး ကျန်အစိုးရလုပ်ငန်းအားလုံး စတင်ရပ်နားရမှာဖြစ်ပါတယ်။

အထက်လွှတ်တော်မှာ မဲမခွဲခင်ကတော့ သမ္မတအိုဘားမားက အစိုးရလုပ်ငန်းတွေ ရပ်နားသွားရမယ့်အခြေအနေကို တားဖို့ သူ့အနေနဲ့ လက်လျှော့မှာ မဟုတ်ဘူးလို့ ပြောပါတယ်။ လွှတ်တော်ခေါင်းဆောင်တွေနဲ့ သူဆွေးနွေးမှာဖြစ်ပြီး လူတိုင်းဟာလည်း စိတ်ကောင်းစေတနာနဲ့ ညှိနှိုင်းဆောင်ရွက်ရမယ်လို့ ပြောသွားပါတယ်။ အိုဘားမားcare လို့ လူသိများတဲ့ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်ဟာ ဝင်ငွေနည်းပါးတဲ့မိသားစုတွေ၊ ကျန်းမာရေးအာမခံမရှိတဲ့ မိသားစုတွေ လူပုဂ္ဂိုလ်တွေအတွက် ကျန်းမာရေးဆိုးဝါးတဲ့အခါ ပြည်ထောင်စုအစိုးရကနေ အကူအညီပေးဖို့ မူဝါဒဖြစ်ပါတယ်။

ဒါပေမယ့်လည်း ရီပတ်ဘလီကင်တွေကတော့ ဒီအစီအစဉ်ကြောင့် လူတွေ အခွန်အတုတ်ပိုပေးရမှာဖြစ်သလို စီးပွားရေးလုပ်ငန်းငယ်တွေကိုလည်း သူတို့ဝန်ထမ်းတွေအတွက် ကျန်းမာရေးအစီအစဉ် မဖြစ်မနေ ဆောင်ရွက်ပေးဖို့ဆိုတာတွေကြောင့် စီးပွားရေးကို ထိခိုက်စေလိမ့်မယ်ဆိုပြီး ဝေဖန်ကြပါတယ်။

ဗွီအိုအေ (မြန်မာဌာန)