Wednesday, October 2, 2013

မော်ရင်ညို ၏ အနာဂတ် ယုံကြည်ချက်များ

ချဲလ်ဆီးနည်းပြ မော်ရင်ညိုက သူတို့အသင်းသည် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက် နိုင်မည်ဟု ယုံကြည်ကြောင်း မနေ့က ဘာစကူရယ်ကို ၄ ဂိုးပြတ်အနိုင်ရရှိအပြီး ပြောကြားလိုက်သည်။ ထိုနေ့ပွဲစဉ်တွင် ရာမီးရပ်၏ သွင်းဂိုး (၂) ဂိုဒ၊ ဂျီအို၈စ်စကီး၏ Own goal နှင့် လမ်းပတ်၏ နောက်ကျဂိုးတို့ဖြင့် အနိုင်ရယူခဲ့ပြီးတော့ ဘေဆယ်အသင်းဖြင့် အမှတ်တူပေမဲ့ ဂိုးပေါင်းအသာဖြင့် အုပ်စု ဒုတိယနေရာမှာ ရပ်တည်နေပါသည်။ ချဲလ်ဆီးအသင်းဟာ ဘေဆယ်အသင်းကို စတန်းဖို့ဘရိတ်မှာ ရှုံးနိမ့်ခဲ့အပြီး ဖိအားတွေ ၀င်နေရာက မနေ့က နိုင်ပွဲရလဒ်ကြောင့် ရုန်းထွက်နိုင်ခဲ့ပြီး နောက်တဆင့်အတွက် အားအင်တွေ ဖြစ်စေခဲ့ပါသည်။

မနေ့ပွဲစဉ်မှာတုန်းက တိုက်စစ်မှုးတောရက် ဒူးဒဏ်ရာကြောင့် ပွဲအစ (၁၀) မိနစ်ကျော်မှာ အနားယူခဲ့ပါသည်။ မော်ရင်ဟိုက "ကျွန်တော်တို့အသင်း နောက်တဆင့်အောင်မြင်ရေးသို့ ဦးတည်နေပြီလို့ ထင်ပါတယ်" ဆိုပြီး စကိုင်းစပေါ့၎ မီဒီယာကို ပြောကြား သွားခဲ့တာပါ။ ကျွန်တော်တို့အသင်း ဒီနေ့ပွဲမှာမှ မနိုင်ရင် ဖိအားတွေအောက်ကို အများကြီး ကျရောက်သွားမှာပါ။ ကျွန်တော်တို့အသင်း ပြိုင်ဘက် ရှော်ကေးအသင်းထက် ပိုမိုပြီး ဇယားထိပ်တွေမှာ ရပ်တည်နိုင်ဖို့ အမှတ်တွေကို ရနိုင်သလောက်ယူရမှာဖြစ်သလို၊ လက်ရှိအခြေအနေကိုလည်းထိန်းထားမှဖြစ်မယ် ဘေဆယ်အသင်းကိုလည်း လက်စားပြန်ချေရမယ်" "ဒီနေ့ ရလဒ် နှင့် သွင်းဂိုးတွေကို အရမ်းသဘောကျတယ်၊ ကျွန်တော်တို့ ပွဲအစမှာလည်း ကောင်းကောင်းကစားနိုင်ခဲ့ပြီး
တပွဲလုံးကို ထိန်းချုပ်ကစားနိုင်ခဲ့တယ်" ဆိုပြီးပြောသွားခဲ့ပါသည်။

မော်ရင်ညိုသည် ပြီးခဲ့တဲ့ စနေညက စပါးအသင်းဖြင့် သရေကစားခဲ့ပြီးနောက် သူတို့ချဲလ်ဆီးအသင်းသည် ပရီးမီးယားလိဂ် ချန်ပီယံဆုကို ကောင်းစွာ စိန်ခေါ်နိုင်ခဲ့ပြီဖြစ်ကြောင်းကိုလည်း မီဒီယာသမားတွေကို ပြောခဲ့ပါသေးသည်။ ချဲလ်ဆီးအသင်းသည် ယခု တပတ် တနင်္ဂနွေမှာတော့ နော့ဝှစ်အသင်း နှင့် အဝေးကွင်းသွားရောက် ယှဉ်ပြိုင်ကစားရဖို့လည်းရှိနေပါသည်။

Written by မိုးတိမ် (တမာမြေ)
football-cafe

No comments:

Post a Comment