ဖြစ်ရပ် (၁)
ဟုမ္မလင်းမြို့နယ် အတွင်းမှာ မူလွန်ကျောင်း နှစ်ထပ်ကျောင်းဆောင်ကို မိုးကြိုးပစ်လို့ ကလေးသုံးယောက် မိုးကြိုးထိမှန်တယ် ဆိုတဲ့ သတင်းတစ်ခု ကြားလိုက်ရတယ်။ ကျောင်းသူလေး သုံးယောက် ဆုံးတယ်လို့ တစ်ဆက်တည်း သိလိုက်ရတယ်။ မိတ်ဆွေက ပို့လိုက်တဲ့ ဓာတ်ပုံတွေ ရောက်လာတယ်။ ဓာတ်ပုံထဲမှာ လွင်တီးခေါင်ခေါင် ကျောင်းပုံရယ်၊ နောက်စာသင်ခုံတွေ လဲနေတယ်။ ကျောင်းသား ကျောင်းသူလေးတွေရဲ့ ဖိနပ်တွေ ဟိုတချို့ ဒီတချို့ တကယ့်ဖရိုဖရဲ။ ကွန်ပါဘူးလေးတောင် မပိတ်နိုင်ကြဘူး။ အားလုံးဟာ ပြန့်ကျဲလို့။ စာသင်ခုံပေါ်မှာ ထမင်းချိုင့်လေး တစ်လုံး၊ စာသင်ခုံ အောက်နားလေးမှာက တစ်လုံး၊ စာအုပ်တွေက ဟိုတစ်ချို့ ဒီတစ်ချို့။ စာသင်ခုံမှာ လွယ်အိတ်တွေ ကျန်လျက်ရှိသေး။ ကျေးလက်မှာ စာသင်ကျောင်း ဆိုတော့ အဆောက်အအုံရယ်လို့ ရှိပေမယ့် ဒီလိုကြီးမားတဲ့ အဆောက်အအုံမှာ မိုးကြိုးလွှဲ တပ်ဆင်ပေးရမယ် ဆိုတာ သက်ဆိုင်သူတွေ မသိကြဘူးလား။ နားမော်ဆိုတဲ့ ရွာကို မရောက်ဖူးပေမယ့် အဲဒီရွာဘေးက ဖြတ်သွားဖူးတယ်။ အဲဒီနားက ရွာလေးတွေကို ရောက်ဖူးတော့ အလိုလို သံယောဇဉ် ဖြစ်မိနေတယ်။ သေဆုံးသွားတဲ့ ကျောင်းသူလေး တွေကိုလည်း ကိုယ့်သမီးလေးလို နှမြောတသမိတယ်။ ကလေးတွေ ကျောင်းပြန် တက်ဖို့တောင် တော်တော် ကြောက်နေရှာမှာပဲ။ ဒီအဖြစ်ဆိုးကြီးက သူတို့ရဲ့ဘ၀မှာ ဘယ်တော့မှ မေ့နိုင်မှာ မဟုတ်ပါဘူး။ အရင်နှစ်က ကျောင်းအိမ်သာကို မိုးကြိုးပစ်ခံရ သေးတယ်လို့ ပြောပါတယ်။ အဲဒီကတည်းက မိုးကြိုးလွှဲတပ်ဖို့ ဘာလို့များ မစဉ်းစား ခဲ့ကြတာပါလိမ့်။ သူတို့မှာ ဘာတွေ အခက်အခဲများ ရှိနေပါလိမ့်။ ခုတော့ ...
ဖြစ်ရပ် (၂)
တစ်ရက်က ဖေ့စ်ဘွတ်ကို ဖွင့်ကြည့်တော့ စတေးတပ်တစ်ခု တက်လာတာကို ကျွန်တော့် သူငယ်ချင်းက ပြတယ်။ ဒီဖေ့စ်ဘွတ် ပိုင်ရှင်က တောနယ်မှာ အလုပ်လုပ်နေတဲ့ ကျောင်းဆရာမလေး။ ကျွန်တော်တို့ ကလည်း ညီမလေး တစ်ယောက်လို ခင်မင်နေရသူ။ သူရေးထားတာက ''နေ့တိုင်းငါးနာရီထိ စာသင်ရတယ် မြေဖြူမပေးလဲ ရပါတယ်။ ကိုယ့်ဟာကိုယ်ပဲ ၀ယ်ပြီး သင်လိုက်ပါ့မယ်။ စစ်ဆေးရေးတွေ လာရင် ဟင်းတစ်ခွက်စီ ပို့ရမယ်။ ဟုတ်ကဲ့ ကိုယ့်ဟာကိုယ် ဆားနဲ့စားစား ဧည့်သည်တွေ အတွက်တော့ မျက်နှာလှအောင် ဟင်းကောင်းလေး ပို့ပေးရမှာပေါ့။ ကျောင်းဆောင်က လေတိုက်လို့ သွပ်တွေလန်သွားတယ်။ အော် ဟုတ်ကဲ့။ ဆရာ ဆရာမတွေစုပြီး လှူရမှာပေါ့။ ဒီအဆောင်က ကိုယ်နဲ့ ကိုယ့်ကျောင်းသား သင်ရမှာပဲ။ ဟုတ်ကဲ့ ... ဟုတ်ကဲ့ ...ဟုတ်ကဲ့ ဆိုင်ကယ် ရောင်းမည်။ ဖုန်းရောင်းမည်လို့ မကြာခင် ကြော်ငြာပါ့မယ်'' တဲ့။ ဒါလေးကို ဖတ်လိုက်တော့ ရင်ထဲမှာ ဘာပြောရမှန်းတောင် မသိတော့ဘူး။ စာသင်ဖို့ မြေဖြူကို ကိုယ့်ဘာသာ ကိုယ်ဝယ်တဲ့။ ကျောင်းကို စစ်ဆေးရေးတွေ လာလို့ ဟင်းကောင်းလေး တစ်ခွက်တော့ ပို့ရမယ်တဲ့။ သူတော့ဆားနဲ့ စားမယ်တဲ့လေ။ ကျောင်းမှာ သွပ်တွေ လေလန်သွားတာ ဘယ်သူမှ မလှူကြဘူးလား။ ဆရာမလေးကတော့ သူ့ရဲ့ဖုန်းနဲ့ ဆိုင်ကယ်တောင် ရောင်းရမယ့် အခြေအနေလို့ ဆိုထားတယ်။ လိုအပ်ချက်တွေ များနေတဲ့ ကျေးလက်ပညာရေး ကဏ္ဍတစ်ခုရဲ့ ဖြစ်ရပ်လေးပါ။ ဒါတွေကို ဘယ်သူမှ မသိကြဘူးလား။ မသိချင်ယောင် ဆောင်နေကြတာလား။ ပညာရေးကဏ္ဍ တိုးတက်အောင်ဆိုတဲ့ စကားလုံးက သူတို့အတွက် ပြက်လုံးတစ်ခုလို။
''ပညာမဲ့မှုနည်းအောင် လုပ်ဖို့ အဓိက တာဝန်ရှိသူတွေဟာ ဘယ်သူတွေလဲ ဆိုတာ ရှာလိုက်တော့ ကျောင်းဆရာတွေတဲ့'' စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတယ်။ ဒါပေမဲ့ ဆရာ ဆရာမတွေရဲ့ လိုအပ်ချက်ကိုတော့။
ပညာရေးကဏ္ဍကို ခေတ်မီတိုးတက်အောင် ဆောင်ရွက်နေကြ ပါတယ်ဆိုတာ ဒီလိုဒေသတွေအထိ မရောက်ကြသေးဘူးလား။ ပညာရေးအတွက် ခက်ခဲနေတဲ့ နေရာလေးတွေက မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသနဲ့ တောင်ပေါ်ဒေသတွေ အတွက် ဘယ်လိုများ စဉ်းစားပေးကြ ဦးလေမလဲလို့ အတွေးများဖြင့်… |
သူငယ်ချင်း တစ်ယောက် ရိုက်ခဲ့တဲ့ ဓာတ်ပုံမှာ တွေ့တာပါ။ ကလေးတွေက စာသင်နေတာ စာသင်ခုံတော့ ရှိပေမယ့် အုတ်ခဲလေးတွေကို ဖင်ခုထိုင်လို့ ထိုင်စရာ နေရာကိုလည်း သူတို့ဘာသာ ကြံဖန်ပြီး လုပ်ထိုင်ကြကာ စာသင်နေကြတဲ့ ပုံလေးတစ်ပုံပါ။ ကျောင်းကလည်း လုံလုံခြုံခြုံမရှိ။ အမိုးက ပြည့်စုံပေမယ့် အကာကမပြည့်စုံ။ ဆရာမစာရေးတဲ့ ကျောက်သင်ပုန်းကို မြေပေါ်မှာ ဒီအတိုင်း ထောင်ထားလို့။ ဒီပုံက ကလေးဝ မြို့နယ်ထဲက ကျေးရွာတစ်ရွာရဲ့ ကျောင်းလေး တစ်ကျောင်းမှာပါ''။ ကျွန်တော်တို့ ရောက်သွားတော့ စာတင်ရေးလို့ရတဲ့ ခုံဆိုလို့ တစ်ကျောင်းလုံးမှ ခုံ ၂၀ လောက်ရှိမယ်။
ထိုင်ကြတာကတော့ မြေမြင်မှာ ဖြစ်သလိုပဲ အုတ်ခဲလေးတွေခုလို့ ပျဉ်တိုပျဉ်စလေးတွေခင်းလို့ ပေါ့ဗျာ။ စာရေးဖို့ ခုံတောင်မလုံလောက်လို့ ဟိုဘက်အတန်းက စာရေးလို့ပြီးရင် ဒီဘက်အတန်းဘက်ရွှေ့။ ဟိုရွှေ့ဒီရွှေ့နဲ့ ရေးရတာ။ အခုတော့ မိုးရာသီဆိုတော့ အောက်မှာ ထိုင်တဲ့မြေပြင်က အစိုပြန်လို့တဲ့ ဆရာမအိမ်မှာ သင်နေကြရတယ် ပြောတယ်။ ကျောင်းကတော့ ဟန်ပြပေါ့ဗျာ။ ကျွန်တော်တို့လည်း အခုခုံတွေ လှူပေးနေတာ။ လိုဦးမယ်ပြောတာပဲ'' လို့ ကလေးဝမြို့နယ် ခုံကြီး ကျေးရွာအုပ်စု တောင်ကြီးကျေးရွာသို့ ရောက်ရှိခဲ့တဲ့ ကိုအောင်ဇော်ဦးက ပြောပါတယ်။
ချင်းတွင်းမြစ်ဘေး ရွှေကျင်ရွာက တစ်ဆင့် ခြေကျင်နဲ့ သွားရတဲ့ ကျေးရွာလေးပါ။ သူတို့ အဖွဲ့တွေက ငွေသုံးသိန်း လောက်စုပြီး ရွာမှာ စာသင်ခုံ (စာရေးခုံနှင့် ထိုင်ခုံတွဲလျက်) တွေ လုပ်ခိုင်းနေတယ်။ အလှူငွေ လိုသေးတယ်လို့ ပြောပြပါတယ်။ ဒီကျောင်းလေးက ဒီလိုဖြစ်နေတာ အခုမှ မဟုတ်ပါဘူးတဲ့။ နှစ် နှစ်၊ သုံးနှစ်လောက် ရှိပြီတဲ့ဗျာ'' ပညာရေးအတွက် ငွေကိုသုံးရာ၌ မည်သည့်အခါမှ ဖြုန်းသည် မမည်ပါ။ တိုင်းသူပြည်သားများ ကောင်းမွန်လာစေရန် ငွေပင်ငွေရင်း စိုက်၍ ''ရင်းခြင်း'' ဟု ဆိုနိုင်သည်။ အမြတ်ကို '' ကျပ်''၊ '' ပဲ '' ၊ '' ပိုင် '' နှင့် တွက်၍ မရပါ။ လူကောင်း ဖြစ်လာခြင်းသည် အမြတ်ဖြစ်ပါသည်'' လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဖြစ်ခဲ့တဲ့ ဦးသန့်က ရေးသားခဲ့ပါတယ်။ ခုတော့ ...။
ဖြစ်ရပ် (၄)
အဲဒီတုန်းက ကျွန်တော် ချင်းတောင်ပေါ်က ကျေးရွာတစ်ရွာမှာ ရောက်နေတဲ့ အချိန်အခါပေါ့။ ရောက်တုန်း ရောက်ခိုက် ဓာတ်ပုံလှည့်ရိုက်ရင်း ကျောင်းသွားကြမယ့် ကျောင်းသား ကျောင်းသူလေးတွေ တွေ့ရပါတယ်။ မင်းတို့ ဘယ်သွားမှာလဲ ဆိုတော့ သူတို့က တစ်ဖက်ရွာကို ကျောင်းသွား တက်ရမှာပါ။ ဘယ်လောက် လမ်းလျှောက်ရလဲဆိုတော့ တစ်နာရီ ၀န်းကျင်လောက် လျှောက်ရမှာတဲ့။ သူတို့မှာ ထမင်းချိုင့် မပါတာနဲ့ မေးကြည့်တော့ သူတို့က မနက်စောစောထပြီး ထမင်းစားခဲ့ ပြီးကြပြီတဲ့။ ထမင်းချိုင့် မယူတော့ဘူးတဲ့။ ညနေကျောင်းဆင်းချိန် အိမ်ပြန်ရောက်မှပဲ ထမင်းစားရ တော့မှာတဲ့ ။ ဒါနဲ့မင်းတို့မှာ မုန့်ပါလား။ မုန့်ဖိုးပါလားလို့ ဆက်မေးကြည့်တယ်။ သူတို့မှာ မုန့်လည်းမပါသလို မုန့်ဖိုးပါရင်လည်း ဘယ်မှာသွားဝယ် စားရမလဲတဲ့လေ။ သူတို့က အလယ်တန်း ကျောင်းသား ကျောင်းသူတွေ ဖြစ်တဲ့အတွက် သူတို့ရွာမှာ အလယ်တန်း မရှိတော့ အလယ်တန်းရှိတဲ့ ကျေးရွာကို ကျောင်းသွား တက်ကြရတာပါ။ ဖလမ်းမြို့နယ်က အပြန်မှာ တွေ့ခဲ့တဲ့ ကျောင်းသား လေးတွေလည်း ဒီလိုပါပဲ။ သူတို့ဟာ မြို့ပေါ်ကျောင်းကို နေ့တိုင်းခြေကျင်သွားပြီး ကျောင်းတက်ရပါ တယ်တဲ့။ သူတို့နေတဲ့ရွာနဲ့ ကျောင်းဆိုရင် တောင်ပေါ်နဲ့ တောင်အောက်ပါ။ သူတို့တစ်တွေ တောင်ပေါ်တက်လိုက် ဆင်းလိုက်နဲ့ ပညာရှာနေ ကြရတာပေါ့။
ကျောင်းဆောင်ကြီးတော့ ဆောက်ထားပါရဲ့။ မိုးကြိုးလွှဲတပ်ဆင်မထားတော့ ကလေးငယ်သုံးဦး အသက်ဆုံးရှုံး ခဲ့ရတယ်။ ကျေးလက်က ဆရာမလေးရဲ့ ညည်းညူသံ၊ စာသင်ခုံတောင် မပြည့်စုံတဲ့ ကျေးလက်ကကျောင်း၊ တစ်တောင်ဆင်း တစ်တောင်တက်နဲ့ ကျောင်းတက်နေရတဲ့ ကလေးတွေ။ ဒါတွေ အားလုံးဟာ မြန်မာပြည်ထဲမှာပဲ တည်ရှိနေကြတာပါ။ မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသ၊ တောင်ပေါ်ဒေသက ကလေးငယ်လေးတွေ ဆရာ ဆရာမတွေရဲ့ ခက်ခဲတဲ့ပုံရိပ် အချို့တွေပါ။
ဒါတွေက အခုမှ ဖြစ်ခဲ့တာမဟုတ်။ အနှစ်နှစ် ကာလကတည်းက ရှိနေခဲ့တာပေါ့။ ကျွန်တော်တို့ မသိတဲ့ ဒေသတွေမှာရော ဒီထက်ခက်ခဲတဲ့ အကြောင်းအရာတွေ ရှိနိုင်ပါသေးတယ်။ ဒါတွေကို ဘယ်သူမှ မသိကြတာလား။ မသိချင်ယောင်ဘဲ ဆောင်နေကြတာလား။ နိုင်ငံတော်အတွက် ပညာရေး အသုံးစရိတ် သန်းပေါင်း ဘယ်လောက်ဆိုတာ ဒီလို ဒေသတွေအတွက် မပါဘူးလား။ ပညာရေးကဏ္ဍကို ခေတ်မီတိုးတက်အောင် ဆောင်ရွက်နေကြ ပါတယ်ဆိုတာ ဒီလိုဒေသတွေအထိ မရောက်ကြသေးဘူးလား။ ပညာရေးအတွက် ခက်ခဲနေတဲ့ နေရာလေးတွေက မြန်မာနိုင်ငံရဲ့ ကျေးလက်ဒေသနဲ့ တောင်ပေါ်ဒေသတွေ အတွက် ဘယ်လိုများ စဉ်းစားပေးကြ ဦးလေမလဲလို့ အတွေးများဖြင့်။
EMG
No comments:
Post a Comment