Showing posts with label အနုပညာသတင်း. Show all posts
Showing posts with label အနုပညာသတင်း. Show all posts

Thursday, April 10, 2014

ရုပ်ရှင်သရုပ်ဆောင် ဆုပန်ထွာ စေ့စပ်ချိန်တွင် မယားကြီးက ကြေညာချက် ထုတ်


ယနေ့ ရေပန်းစားနေသည့် ရုပ်ရှင်သရုပ်ဆောင် ပန်ပန်(ဆုပန်ထွာ)နှင့် ဦးဥက္ကာကျော်တို့၏ စေ့စပ်ပွဲ မင်္ဂလာကောင်းသတင်းများ ထွက်ပေါ်လာချိန်တွင် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသော ဦးဥက္ကာကျော်၏ တရားဝင် ဇနီးဖြစ်သူ ဒေါ်မဉ္ဖူအောင်က ကြေညာချက် ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။

အဆိုပါ ကြေညာချက်အရ ဒေါ်မဉ္ဖူအောင်နှင့် ဦးဥက္ကာကျော်တို့သည် နှစ်ဘက်သော မိဘများ၏ ခွင့်ပြုချက်အရ (၁၈-၂-၂၀၀၂) ရက်နေ့တွင် တရားဝင် လက်ထပ်ထိမ်းမြားခဲ့ပြီး (၁၂-၂-၂၀၀၄) ရက်နေ့တွင် သားဖြစ်သူ မောင်မြတ်သီဟကျော်ကို မွေးဖွားခဲ့ကြောင်း သိရှိရသည်။

ဒေါ်မဉ္ဖူအောင်သည် သားဖြစ်သူ မောင်မြတ်သီဟကျော်၏ ပညာရေးနှင့် ကျန်းမာရေးအတွက် အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိနေသော်လည်း ဒေါ်မဉ္ဖူအောင်နှင့် သား မောင်မြတ်သီဟကျော်တို့မှာ မြန်မာနိုင်ငံသားများပင် ဖြစ်ကြောင်း သိရှိရသည်။

အများသိစေရန် ကြေညာထားသည့်အချက်မှာ ဒေါ်မဉ္ဖူအောင်သည် ဦးဥက္ကာကျော်နှင့် တရားဝင်လင်မယားအဖြစ် တည်မြဲလျက် ရှိကြောင်းနှင့် ဦးဥက္ကာကျော်သည်လည်း မောင်မြတ်သီဟကျော်၏ ဖခင်အဖြစ် ရပ်တည်လျက် ရှိကြောင်း၊ တစ်စုံတစ်ရာ အပြောင်းအလဲ ဖြစ်ရန် မရှိပါကြောင်း ဟူ၍ ဖြစ်သည်။

ယမန်နေ့က ပြုလုပ်ခဲ့သော ရုပ်ရှင်သရုပ်ဆောင် ဆုပန်ထွာနှင့် ဦးဥက္ကာကျော်တို့၏ စေ့စပ်ပွဲသတင်းနှင့် မှတ်တမ်းဓါတ်ပုံများ ပြန့်နှံ့ခဲ့ပြီးနောက် ကွန်ဂရက်ကျူးလေးရှင်း ပြုလုပ်သူများ၊ ဆုမွန်ကောင်းတောင်းသူများ တဖွဲဖွဲ ပေါ်ထွက်လာခဲ့သည်။

သို့ရာတွင် ဒေါ်မဉ္ဖူအောင်က ယခုကဲ့သို့ ထုတ်ပြန်ကြေညာလိုက်ရာ ဆုပန်ထွာမှာ မယားပြိုင်သဘောမျိုး ဖြစ်လာနိုင်ပြီး ထိမ်းမြားလက်ထပ်ခြင်း မပြုမီမှာပင် အငြင်းပွားဖွယ်ရာ အခြေအနေမျိုး ဖြစ်ပေါ်လာခြင်း ဖြစ်ကြောင်း သိရှိရသည်။

ကာယကံရှင် ဆုပန်ထွာ၏ လူမှုကွန်ရက်စာမျက်နှာမှာhttps://www.facebook.com/supan.htwar?fref=ts ဖြစ်ပြီး ဦးဥက္ကာကျော်၏ လူမှုကွန်ရက်စာမျက်နှာမှာ
https://www.facebook.com/Oakzzz?hc_location=timeline ဖြစ်ကြောင်း သိရှိရသည်။

Sunday, January 19, 2014

လင်းဇာနည်ဇော်အသက်အန္တရာယ်မရှိ၊ရန်ကုန်SSCတွင်ဆက်လက်ဆေးကုသခံမည်.



ပဲခူးမြို့ အနီးရန်ကုန်-မန္တလေးလမ်းဟောင်း တွင် သရုပ်ဆောင်လင်းဇာနည်ဇော်လိုက်ပါစီးနင်းလာသောယာဉ်နှင့် အခြားယာဉ်တစ်စီးတို့ တိုက် မိပြီးယာဉ် မတော်တဆ မှူကြောင့်အမျိုးသမီးတစ်ဦးအသက်ဆုံးပါးသွားကြောင်းသတင်းရရှိသည့်ယမန်
နေ့ ညနေပိုင်းကသရုပ်ဆောင်လင်းဇာနည်ဇော်၏အစ်ကိုဖြစ်သူဒါရိုက်တာမိုက်တီးထံဆက်သွယ်မေးမြန်းရာသူတို့ လည်းအခင်းဖြစ်ပွားရာသို့ ရန်ကုန်မှသတင်းရရခြင်း
လိုက်ပါသွားနေကြောင်းပြောပြီးနောက် “ကျွန်တော်အခုရောက်တော့မယ် သူ့ ကောင်မလေးတော့ ဆုံးသွားရှာတယ်”ဟုသေဆုံးသူအမျိုးသမီးငယ်မှာသရုပ်ဆောင်လင်းဇာနည်ဇော်နှင့်အတူပါသွားခဲ့သူဖြစ်ကြောင်းဒါရိုက်တာမိုက်တီး၏ပြောကြားချက်အရ
သိရသည်။ယာဉ်မတော်တဆမှုဖြစ်ပွား ရာတွင်တစ်ဦးသေဆုံး၍သရုပ်ဆောင်လင်းဇာနည်ဇော် အပါအ၀င်လူ(၄)ဦးဒဏ်ရာရရှိခဲ့ပြီးပဲခူးဆေးရုံတွင်ဆေးကုသမှုခံယူစေကြောင်း“သေဆုံးသူအတွက်အားလုံးစိတ်မကောင်းဖြစ်နေကြရပါတယ်၊
လင်းလင်းကတော့ အသက် အန္တရာယ် မရှိတော့ပါဘူး မနက်မှရန်ကုန်ဆေးရုံရွှေ့ပါမယ်”ဟု စိတ်မပူရစေရန်ဒါရိုက်တာမိုက်တီး က ညပိုင်းမှာ ပြောဆိုပါသည်။

ယနေ့ မှာဒဏ်ရာရရှိထားသူ သရုပ်ဆောင်လင်းဇာနည်ဇော်ကို ရန်ကုန်မြို့ သို့ ပြန်လည်ခေါ်ဆောင်ပြီဖြစ်ပြီး မကြာမီ SSCဆေးရုံ သို့ တင်ပို့ ဆေးကုသမှု ခံယူမှာဖြစ်ကြောင်းယနေ့ မနက်၁၀နာရီခွဲမှာထပ်မံသိရသည်။
(ညပိုင်းကသတင်းမတင်ခြင်းမှာလင်းဇာနည်ဇော်၏မိဘနှစ်ပါးစိုးရိမ်မည်ကို၍သတိပြုခဲ့ကြခြင်းဖြစ်ပါသည်။ယခုတော့ပရိသတ်အချစ်တော်လင်းဇာနည်ဇော်အသက်အန္တရာယ်မရှိ
တော့၍မိသားစုနှင့်အတူပရိသတ်များစိတ်အေးစေရန်တင်ပြရပါသည်။

ကွယ်လွန်သူအမျိုးသမီးငယ်အတွက်လည်းမိသားစုများနှင့်ထပ်တူစိတ်မကောင်းဖြစ်ရပါ၏-
အနုပညာအယ်ဒီတာ)

Popular Myanmar News Journal

Saturday, December 28, 2013

ဆန်းသစ် တီထွင် အကယ် ဒမီ ဖက်ရှင်


ဝါဝါ ဝင်းရွှေ-

“အခုခေတ် မော်ဒယ် လေးတွေ၊ မင်းသမီးလေး တွေ တော်တော် များများ ကတော့ တချို့ချိတ်လေး တွေကို ရိုးရိုး မဟုတ်ဘဲ ဒီဇိုင်းလေးတွေ ဆန်းပြီး လုပ်ကြတယ်။ တစ်ခုရှိ တာက အကယ်ဒမီ ပွဲတက် ဝတ်စုံကို လုံလုံ ခြုံခြုံလေး တွေပဲ ဖြစ်စေချင် ပါတယ်။ အန်တီဝါ ကတော့ အမြဲတမ်း မြန်မာ ဆန်ဆန်၊ ရိုးရိုးပဲ ဝတ်ဖြစ်တယ်။ ဒီဇင်ဘာလ လည်းဖြစ်၊ သဇင် ပန်းလည်း တအား ကြိုက်တော့ သဇင် ပန်းပန် ဖြစ်တယ်”

မို့မို့ မြင့်အောင်-

“အရင်တုန်း ကနဲ့ဆို ပြောင်းလဲ လာတာ တွေ အများကြီးပဲ။ အကယ်ဒမီ အတွက် ရင်ခုန်တာ ပဲရှိ တယ်။ မိတ်ကပ် ဆရာကပဲ အပင်ပန်း ခံပြီး စီစဉ်ပေး တာ။ အခုဆိုရင်ေ တာ့ ခေတ်နဲ့အညီ ဘာပေါ်လာပြီ၊ ဘာလုပ်လာ ပြန်ပြီ ဆိုတာနဲ့ ဆံပင်က အစ ပြောင်းလဲသွား တယ်။ ခေတ်တွေ ပြောင်းလာ တာနဲ့အမျှ ဖိနပ်က အစပေါ့။ မမို့တို့ အရွယ်နဲ့အ ညီ ခေတ်နဲ့ လိုက်ပြီး ဝတ် ရတာပဲ။ အဲဒီအတွက် မိုးကုတ် ပေါက်ပေါက် ကိုပဲ အားကိုး ရတာပေါ့။ ခေတ်နဲ့ အညီ ပြောင်းလဲမှု တွေ ရှိ လာပြီလေ”

မေသန်းနု-

“ဖက်ရှင်ဒီဇိုင်း တွေကတော့ ခေတ်ရေစီး ကြောင်းအလိုက် ပြောင်းလဲ နေမှာပဲ လေ။ ဒီဇိုင်း မျိုးစုံနဲ့ ပြောင်းလဲပြီး ဝတ်ဆင်လာ ကြတယ်။ ခေတ်နဲ့ အညီ ခေတ်စား ရင် ခေတ် စားသ လိုမျိုး တီထွင် ဖန်တီးပြီး ဝတ်ဆင် ကြတယ်။ တစ်တိုင်း ပြည်လုံး ကြည့်တဲ့ အကယ်ဒမီပွဲမှာ ယဉ် ကျေးမှုလည်း မပျောက် ပျက်အောင်၊ အမြင်လည်း သင့် တော်အောင် ဝတ်စားသင့် ပါတယ်။ ခေတ်မီမီ လေးနဲ့ မြန်မာ့ရိုး ရာလည်းမ ပျောက်ပျက်အောင် ၀တ်စား ဆင်ယင် သင့်တယ်။ ဒီဇိုင်းတွေ ကလည်း ခေတ်နဲ့အညီ ချိတ်တို့၊ ဇာတို့ အစရှိ တဲ့အပေါ်မှာ မူတည် ပြီး ပြောင်းလဲ ၀တ်ဆင်လာ ကြတာ ကိုလည်း တွေ့ရပါတယ်”

ထွန်း အိန္ဒြာဗို-

“အကယ်ဒမီ ဝတ်စုံက မလတ် ချုပ်ပေး မှာပါ။ ချိတ်က တော့ မန္တလေးက ရွှေဘရဏီ ပိုးထည်တိုက် က စပွန်ဆာ ပေးတယ်။ ကျွန်မတို့ အသက်အရွယ် အရရော၊ ပွဲအနေ အထား အရရော တအားထူးခြား ဆန်းပြားလို့ လည်းမရဘူး။ ကျွန်မ တစ်ယောက် တည်းရဲ့ အမြင်ပါ။ ကျွန်မက တအား ထူးထူး ဆန်းဆန်းကြီး တွေနဲ့သိပ်မ လိုက်ဘူး။ ချိတ်တောင် မနည်း လိုက်အောင် ဝတ်ရ တဲ့ Body Structure မျိုးဖြစ်တော့ ရိုးရိုးပဲ ဝတ်မှာပါ”

စန္ဒီမြင့်လွင်-

“ဒီးဒီ ဘာသာ ဒီးဒီ စဉ်းစားတဲ့ နှစ်ဆိုရင် ရိုးရိုးလေး ဝတ်ဖြစ်တယ်။ ချိတ်ကို တအား အရောင်စုံ တာလည်း မကြိုက်ဘူး။ ရိုးရိုးမြန်မာ ဝတ်စုံ ဆိုရင် မြန်မာ ဝတ်စုံ အတိုင်း ဝတ်တာ ပဲ ကြိုက်တယ်။ ချိတ်ကိုDress လို ပုံစံ မျိုးဝတ်ရတာ မကြိုက်ဘူး။ သူ့ရဲ့ ရိုးရာပုံစံမပျက် အောင်ဝတ် ရတာမျိုးကို ကြိုက်တယ်။ အကယ်ဒမီပွဲ မှာလည်း မြန်မာဆန်ဆန် ဝတ် စုံ လေးတွေပဲ မြင်ချင်ပါတယ်။ ခေတ် ဆန်ဆန်ပုံစံဒီဇိုင်းမျိုး တွေ မမြင် ချင်ပါဘူး။ ပြောင်းလဲမှု ကိုကြိုက် ပါတယ်။ ဘယ်လိုပဲပြောင်း လဲပြောင်းလဲ သူ့ရိုးရာ ဝတ်စုံ ကိုတော့ မပျောက် စေချင်ပါ ဘူး”

သန္တာဗို-

“အခု နောက်ပိုင်း အကယ်ဒမီ ပွဲတွေမှာ ဝတ်လာကြ တာက ရိုးရိုး ရှင်းရှင်း လေးတွေ ပိုပြီး ၀တ်လာ ကြတယ်။ အထူး သဖြင့် ရင်ဖုံးအင်္ကျီ ဒီဇိုင်းတွေ ပိုပြီး ဝတ်လာကြတယ်။ ရိုးရိုးရှင်း ရှင်းလေးနဲ့ ရင်ဖုံးပုံစံ အရင်ခေတ်က ပုံစံလေးတွေ ဝတ်လာ ကြတယ်။ ခေတ် ကတစ် ပတ် ပြန်ပြီး လည်သလို ပါပဲ။ အရင်ခေတ် တုန်းက ဒီ ဇိုင်းပုံစံ လေးတွေ ဝတ်လာကြတဲ့ အတွက် အရင် ခေတ်ပုံစံ တွေကို ပြန်ပြီး တွေ့နေရတယ်။ အရင်ခေတ်က ပုံစံပဲပြန်ပြီး ခေတ်စားလာတယ်။ မနှစ်က ဆိုရင်ခါးပတ်လေး တွေနဲ့မြန်မာဝတ်စုံကို ဝတ်ကြ တယ်။ ခေတ်စားတယ်။ အခု နောက် ပိုင်းတော့ ရိုးရိုးရှင်းရှင်း ရင်ဖုံးလေးတွေ ပြန်ဝတ်ကြတယ်။သန္တာလည်း အဲဒီလို ရိုးရိုး ရှင်းရှင်းပုံစံလေးတွေကို ဝတ်ရ တာ ကြိုက်တယ်။ကလေးဆန် တဲ့ပုံစံလေးတွေကိုလည်း ကြိုက် တယ်။ဒီဇိုင်နာ နဲ့တိုင်ပင်ပြီး တော့လည်း အကယ်ဒမီ ဝတ်စုံ ကို ပြင်ဆင် ဖြစ်တယ်”

ကြည်ဖြူသျှင် 


“ဒီနှစ်က တော့ရိုးရိုး ချိတ်ထဘီနဲ့ မြန်မာ ရင်ဖုံးပဲ။ကောင်းဆုက ချုပ်ပေး မှာပါ။အရင်တုန်းက အကယ်ဒမီ ပွဲတက်ဝတ်စုံကို ထူးထူး ခြားခြား လေးတွေ စဉ်း စားဖြစ်တယ်။ အခု နောက်ပိုင်း နိုင်ငံရေး ထဲရောက် လာတော့ ထူးထူး ဆန်းဆန်း ဖက်ရှင်တွေ လည်းသိပ်မ ဝတ်ချင် တော့ဘူး။ဒီနေ့မှာ ထူးထူး ခြားခြား လေးဝတ် လိုက်ရင်ကိုယ့် ရဲ့ရုပ် ရှင်လောက ဂုဏ်ကိုမြှင့်တင် ရာ ရောက်ပါ တယ်”

ချစ်စ နိုးဦး

“အကယ်ဒ မီပွဲ အတွက် ဒီနှစ်ကတော့ ချိတ်ပဲ ဝတ်ဖြစ်မှာ ပါ။ ရိုးရိုး ပါပဲ အကယ်ဒ မီပွဲက တော့ ဖက်ရှင် တစ်ခု လိုလည်း ဖြစ်နေတော့မြန်မာ ဝတ်စုံဒီဇိုင်း လေးတွေကို ထွင်ပြီး ဝတ်ကြ တာ ပေါ့။မနှစ်က လည်းအ ကယ်ဒမီ ကိုချိတ်နဲ့ ပဲတက်ဖြစ်ခဲ့ တာပါပဲ။”

ချစ်သုဝေ

“ဝတ်စုံ ကမပုံ့ (My Favourite) ကပဲ ဒီဇိုင်း ထုတ်ပြီး ခတ်တဲ့ ချိတ်ကို မပုံ့ဆင်တဲ့ အင်္ကျီနဲ့ ပဲတက်ဖြစ် မှာပါ။အကယ်ဒ မီပွဲ မတက်ဘူး လို့လုပ်ထားတာ။အခု မှတက်မယ် ဆိုတော့ အားချင်း ကြီးစီစဉ် လိုက်ရတယ်။ မိတ် ကပ်ကို ဒီဇင်ဘာနှင်းက လိမ်း ပေးမယ်။ ထရီဇာက မြန်မာ ဝတ်စုံကို ဒီဇိုင်း ဆန်းဆန်း ပြားပြား တွေသိပ်မ ကြိုက်ဘူး။ဒီနှစ်ပွဲ တက်ရင်လည်း ရိုးရိုး လေးကို မတူညီ တဲ့ပုံစံ Theme လေးတစ်ခု နဲ့သွားမယ် စိတ်ကူးထား တယ်။ ထရီ ဇာရဲ့ဝတ်စုံက မြန်မာ ဆန်ဆန် ရိုးရိုးလေး ပဲဖြစ်မှာပါ”

နန်းဆု ရတီစိုး

“ငယ်ငယ် တုန်းက ပွဲစ တက်တော့ အပေါ်က ဖန်စီ ဝတ် ဖြစ်တယ်။အောက်က ချိတ်ပိုး ထဘီ ၀တ်ဖြစ်တယ်။ပိုးတစ်ထည် လုံးမှာလည်း Creation တွေ လုပ်ပြီး ဒီဇိုင်နာရဲ့ ဒီဇိုင်း ပုံဖော်တဲ့ ပုံစံ ပေါ်မှာလည်း ဝတ် ဖူးတယ်။ အရင်တုန်းက ဝတ်ခဲ့ တဲ့ပုံစံ တွေကို ကြိုက်ခဲ့တာ လည်းရှိတယ်။သိပ်ပြီး သဘော မကျတာ လည်းရှိတယ်။ ကြိုက် တာတော့ များပါတယ်။ဒီနှစ် တော့ဒီဇိုင်နာ ဌေးဌေးတင် က စိတ်ကြိုက် ၀တ်ရအောင် ဝတ်စုံ သုံးစုံ ပေးတယ်။ပွဲတက် တဲ့နေ့ ကျမှကိုယ် ကြိုက်တာ ကိုရွေး ပြီး ဝတ်မှာ ဆိုတော့ Choice ရှိ တဲ့အတွက်ပို ပြီးအဆင် ပြေမယ် လို့ ထင်တယ်။ တစ်ထည်က တော့ ပိုးချိတ်၊ တစ်ထည် ကချိတ်၊ နောက် တစ်ထည်ကပိုး ပေါ်မှာ ဒီဇိုင်း လုပ်ထားတာ။အဲဒီအ ထဲက အလှဆုံး တစ်စုံကို ရွေးပြီး ဝတ်မှာပါ”

နန်းမြတ် ဖြိုးသင်း

“ဖက်ရှင်ကတော့ တစ် ပတ်လည်နေ တာပါပဲ။ ဟိုးအ ရင်တုန်းက ဆိုရင် ချွန်းချိတ်တွေ တအား ခေတ်စားတယ်။ အခု နောက်ပိုင်းကျတော့ တဖြည်း ဖြည်းနဲ့ ချိတ်ကိုပဲ ပန်းလှိုင်း လေး တွေနဲ့ခေတ်စား လာတယ်။ မနှစ် ကနဲ့ဒီနှစ်ပိုင်း တွေမှာတော့ ချွန်းချိတ်က ပြန်ပြီးခေတ်စား လာ တယ်။အဲဒီတော့ တစ်ပတ်ပြန် လည်လာ တယ်လို့ ထင်တယ်။ အဲဒီ လိုပြောင်းလဲ လာတဲ့အပေါ်မှာ လည်းခေတ်နဲ့ အညီချုပ်ဝတ် ဖြစ် တယ်။နန်းမြတ်ကတော့ မြန်မာ အင်္ကျီကို ရိုးရိုး ရှင်းရှင်း လေးတွေကို ပိုပြီး ကြိုက်နှစ် သက်တယ်”

Popular News

ချောင်းသာကမ်းခြေမှာBeach Wedding ပွဲကျင်းပမယ်လို့ဆိုတဲ့ ချစ်သုဝေ

၂ဝ၁၄မှာ မင်္ဂလာဆောင်တော့မယ့် နာမည်ကြီးအနုပညာရှင်တွေထဲမှာ သရုပ်ဆောင်၊ အဆိုတော်ချစ်သုဝေလည်း ပါဝင်နေပါတယ်။ မကြာခင် နှစ်ဦးပိုင်းမှာ မင်္ဂလာပွဲကို ၃ပွဲ စီစဉ်ကျင်းပမယ်လို့ ကြားနေရပြီး ရက်အတိအကျ ကိုတော့ပရိသတ်တွေကို အသိပေးပါ့မယ်လို့ ချစ်သုဝေ က ပြောပါတယ်။

အဆို တော်လင်းလင်းနဲ့ ချစ်သုဝေတို့က မင်္ဂလာဦး ဆွမ်းကျွေးနဲ့ စိန့်မေရီ ကာသီဒြယ် ဘုရားကျောင်းမှာ မင်္ဂလာပွဲကျင်းပ မှာဖြစ်ပြီး ချောင်းသာကမ်းခြေမှာလည်း မင်္ဂလာပွဲကို ထူးထူးခြားခြား ကျင်းပဆင်နွှဲမယ်လို့ ကြားသိရတာကြောင့် မေး ကြည့်တော့ချစ်သုဝေက "ချောင်းသာမှာမင်္ဂလာပွဲကျင်းပဖြစ်တာကတော့ ထရီဇာ တို့နဲ့ တအား ရင်းနှီးတဲ့ မိသားစုတွေ၊ သူငယ်ချင်း မိတ်ဆွေတွေနဲ့ အဲဒီပွဲကပို လုပ်ဖြစ် မှာပါ။ထရီဇာတို့သိကျွမ်းတဲ့မိတ်ဆွေတွေကတအားများတဲ့အတွက် Church
ပွဲကတော့ နှစ်ဖက်စလုံး သိကျွမ်းတဲ့အသိမိတ်ဆွေ တွေအားလုံးကို ဖိတ်
မယ်။

ဒီချောင်းသာ ပွဲလေးက ခရီးလည်းသွားရမယ်။ မင်္ဂလာပွဲတစ်ရက် အသွားအပြန်နှစ်ရက်၊ အားလုံးပေါင်း ၃ရက်ဆိုတော့ အချိန်လည်းေ ပးနိုင်မယ့် ထရီဇာတို့ရဲ့ အရင်းနှီးဆုံးမိတ်ဆွေတွေကိုခေါ်သွား မယ့်သဘောပေါ့။ Church ပွဲမှာ ကူညီမယ့်သူတွေ၊ Church ပွဲ မှာ
enjoy မလုပ်နိုင်ဘဲ ထရီဇာတို့ အတွက်လိုက်ပြီးကူညီနေရမယ့် ဓာတ်ပုံ ဆရာတွေ၊ ကင်မရာ မင်းန်တွေ၊ ထရီဇာတို့ရဲ့ သူငယ်ချင်းမိတ်ဆွေ တွေ၊ မိတ်ကပ်ဆရာတွေ၊ သူတို့တွေ အားလုံးပျော်ရွှင်ဖို့ အတွက်ပါ။

ဟိုတယ်Max မှာလုပ်ဖြစ်မယ်။ လူ ၂ဝဝလောက်ပဲ ဆံ့မှာဆိုတော့ လူ ၂ဝဝ လောက်နဲ့ wedding party ပွဲ၊ ကော့ တေးပါတီလုပ်မယ်လို့ စိတ်ကူး လိုက် တာပါ။ အဓိကကတော့ အစ်ကို (လင်းလင်း)က စီစဉ်တာပေါ့။ ထရီဇာ ကအစ က တည်းက Beach Wedding ကို စိတ်ကူးယဉ်ခဲ့ ဖူးတဲ့သူ ဆိုတော့ ပျော် ပျော် ရွှင် ရွှင်နဲ့ လက်ခံဖြစ် တယ်။ တ ကယ်တမ်း စီ စဉ်တဲ့ အခါမှာBeach မှာကျတော့ နည်းနည်းလေးအလုပ် ရှုပ် တယ်။ ဘယ်အခန်းမှာ ဘယ် သူဆိုပြီး အသေးစိတ်က အစ စီစဉ်ရတယ်" လို့ ပြောပါတယ်။

ဘဝ မှာ ပျော်ရွှင်ရတဲ့အချိန်လည်း ဖြစ်သလို၊မင်္ဂလာယူနေတဲ့ အချိန် မှာ
သူ့ကိုချစ်တဲ့ ပရိသတ်တွေက လည်း ဆုတောင်း စကားတွေ ပြောပေးရင် ဝမ်းသာမိမှာဖြစ် ကြောင်းကို ချစ်သုဝေက "ထရီဇာ ကို ချစ်တဲ့ပရိသတ်တွေက ချစ်တဲ့စိတ်၊ မေတ္တာစိတ်ကလေးနဲ့ ထရီဇာပျော်ရွှင် နေတဲ့အချိန်လေး၊ မင်္ဂလာယူနေတဲ့ အချိန်လေးမှာ ဆုတောင်းစကားလေး တစ်ခုခုနဲ့ ရင်ထဲ၊ အသည်းထဲကနေ လှိုက်လှိုက် လှဲလှဲလေး ဆုတောင်းပေး ရင် တအား ဝမ်းသာမိမှာပါ။ ဒီထက်ပိုပြီး တော့လည်း နှလုံးသားတစ်ခု၊ ဦးနှောက် တစ်ခုနဲ့ အနုပညာအလုပ်တွေကို ပိုပြီး မြတ်မြတ်နိုးနိုး တလေးတစားနဲ့ ဆက်လုပ်သွားမှာပါ" လို့ ပြောပါတယ်။

Popular Journal

အကယ်ဒမီပွဲအကြိုစကားသံများ



အကယ်ဒမီပွဲကြီးနီးလာတာနဲ့အမျှအကယ်ဒမီရင်ခုန်သံများကို အပတ်စဉ်တင်ဆက် ပေးလျှက် ရှိရာ ယခုအပတ်မှာလည်း အနုပညာရှင်တွေရဲ့ အကယ်ဒမီအကြိုစကားသံများကို ထပ်မံစုစည်းပြီး ဖော်ပြပေးလိုက်ရပါတယ်။

သင်ဇာဝင့်ကျော်

" ဒီနှစ်အကယ်ဒမီဝတ်စုံကို ကောင်းမြတ်ဆီက ဝတ်မယ်။မိတ် ကပ်က မေဦးလိမ်းပေးမယ်။ လက် ဝတ်ရတနာက စိန်နန်းတော်။ အရင်နှစ်ကဆိုရင် လူတွေနဲ့ တိုး ဝှေ့ပြီးအထဲဝင်ရတယ်။ ဓာတ်ပုံ ရိုက်ရင်လည်းနေက direct light ဖြစ်နေတော့ တချို့ပုံတွေ မလှ ဘူး။ လျှောက်လှမ်းတွေ၊ ဓာတ်ပုံရိုက်တာတွေ သေသေချာချာလုပ်ပေး
သင့်တယ်။ ပြီးခဲ့တဲ့နှစ်ကဆိုရင် တအားတိုးဝှေ့ပြီးမှ ဝင်ခဲ့ရတော့ ပစ္စည်းတွေ ပျောက်ကြတယ်"

မို့မို့မြင့်အောင်

" အပြောင်းအလဲတွေလုပ်ဖို့ စီစဉ်နေကြတယ်။ အခုတော့ ကိုယ်တွေက အစမ်းသပ်ခံအဆင့်ပဲရှိသေးတော့ မမို့တို့လည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်ပေးနေပါတယ်။

ဗန်းကိုင် တွေ လမ်းလျှောက်တာက အစ အကုန်ပြောင်းပစ်လိုက်တော့ မယ်။ ဒီနှစ်ကိုလည်း အပြောင်း အလဲလေးတွေဖြစ်အောင် လက်ဆင့်ကမ်း ပြီးလှုပ်ရှားနေကြတယ်။

နောင်နှစ်ကျ ဒီရုပ်ရှင်အစည်းအရုံးကနေ ပြောင်းလဲလုပ်ကိုင်မယ် ဆိုတော့ အခုကတည်းက အကုန်ပိုကောင်းအောင်လုပ်ရမှာပေါ့"

ရန်အောင်

" ဒီနှစ်အကယ်ဒမီပေးပွဲမှာ ကိုယ်တို့ ရုပ်ရှင်အစည်းအရုံး ဘက်က အများကြီး လုပ်ခွင့်ရတဲ့အတွက်ဝမ်းသာ ဂုဏ်ယူဖို့ ကောင်းပါတယ်။ အကယ်ဒမီ ဆုရွေးတာတွေကအစ ဗန်းကိုင် ရွေးတာတွေအဆုံး ရုပ်ရှင်လောက သားတွေ၊ နားလည်တဲ့ စာနယ် ဇင်းသမားတွေရော ပါဝင်ပံ့ပိုးပေးကြတဲ့အတွက် ကျေနပ် စရာ ကောင်းပါတယ်။

အကယ်ဒမီပေးပွဲကတော့ အခုအစ်ကိုတို့ အွန်လိုင်းပေါ်မှာ ဖတ်ရသလောက် ဒီရုပ်ရှင်အစည်းအရုံးကနေ လည်းပါဝင်ပြီးကျင်းပမယ်၊ တင်ဒါရတဲ့သူတွေကလည်း ခမ်းခမ်းနား နားလုပ်မယ်လို့ သိရတဲ့အတွက် တအားကို အားရှိပါတယ်။ ကျေလည်းကျေနပ်ပါတယ်"

အိန္ဒြာကျော်ဇင်

" ဝတ်စုံကတော့ အူဝဲအစ်မ (အိကျော်ဇင်)ပဲ စီစဉ်တာပါ။ သူပဲအားလုံးစီစဉ်ပေးတယ်။ အူဝဲတို့ရဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲက တော့ ကြီးကျယ်မှကောင်းမှာလေ။ သေသေချာချာ၊ ကောင်းကောင်း မွန်မွန်၊ ခမ်းခမ်းနားနားလေးတော့ ဖြစ်စေချင်တာပေါ့။ အန်ကယ်လေး (လူမင်း)တို့ကတော့ အကောင်းဆုံးဖြစ်အောင်လုပ်မယ်လို့
ထင်ပါတယ်"

ကျော်ကျော်ဗို

" အကယ်ဒမီပွဲကတော့ ဖိတ်စာ ရရင်တက်လိုက်တာပါပဲ။ ထွေထွေထူးထူးသိပ်မရှိပါဘူး။ နှစ်တိုင်းလည်း ဘာမှသိပ်မပြင်ဆင်ဖြစ်ပါဘူး။ အကယ်ဒမီအပေါ်မှာ ပရိသတ် တွေရော၊ အနုပညာရှင်တွေရော ပိုပြီးတော့ ရင်ခုန်ပြီး တကယ့်ကိုသိုက်သိုက်ဝန်းဝန်းဖြစ်ဖို့တော့ ကြိုးစားရဦးမယ်။

အကုန်လုံးက အဲဒီအပေါ်မှာ မက်မက်မောမောနဲ့ မရှိကြတော့တဲ့ စိတ်မျိုးတွေဖြစ်နေကြတယ်။ အဲဒါလေးကို အကုန် နွေးနွေးထွေးထွေးဖြစ်အောင် ပြန်လုပ်ကြရဦးမယ်"

 Popular Academy

Saturday, December 7, 2013

လမ်းပြောင်းပြန်မောင်းသည့် ကားတိုက်မှုတွင် မိုးဟေကို၏မောင်ဖြစ်သူသေဆုံး


ရန်ကုန်- ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနအနီးရှိ မီးပွိုင့်တွင် လမ်းပြောင်းပြန်မောင်းလာသည့် ကားတစ်စီးနှင့် ၀က်သားတင်ဒိုင်နာတိုက်မိ၍ သေဆုံးသူနှစ်ဦးအနက် တစ်ဦးမှာ သရုပ်ဆောင်မိုးဟေကို၏ မောင်ဖြစ်ကြောင်း သတင်းရရှိသည်။

ဒီဇင်ဘာ ၆ ရက် နံနက် ၃ နာရီခွဲက ဗိုလ်ချုပ်အောင်ဆန်းလမ်းအတိုင်း လသာအမှတ် (၂)အထက်တန်းကျောင်းဘက်မှ လမ်းပြောင်းပြန်မောင်းလာသည့် မတ်ခ်တူးအမျိုးအစားကားတစ်စီးသည် လမ်းမတော်လမ်းနှင့် မြို့မကျောင်းလမ်းမီးပွိုင့်အရောက်၌ မြို့မကျောင်းလမ်းဘက်မှ လမ်းမတော်ဘက်သို့မောင်းလာသည့် ၀က်သားခြမ်းများတင်လာသည့် ဒိုင်နာတစ်စီးနှင့်တိုက်မိခဲ့ခြင်းဖြစ်သည်။

“လမ်းပြောင်းပြန်မောင်းလာတဲ့ မတ်ခ်တူးကားပေါ်မှာ နာမည်ကြီးမင်းသမီးတစ်ယောက်ရဲ့အစ်ကိုနဲ့ သူငယ်ချင်းတွေပါတယ်ပြောတယ်။ ဒဏ်ရာရထားတဲ့သူတွေကို အရေးပေါ်က လက်တွန်းလှည်းတွေနဲ့ လာသယ်ကြတယ်။ ၀က်သားခြမ်းတွေ သံဈေးလာပို့တဲ့ကားပေါ်က ဒရိုင်ဘာနဲ့ နောက်တစ်ယောက်တော့ ပွဲချင်းပြီးသေသွားတယ်”ဟု ယာဉ်တိုက်မှုဖြစ်ပွားသည့် နေရာအနီးတွင် နေထိုင်သူအမျိုးသားကြီးတစ်ဦးကပြောသည်။

မိုးဟေကိုတွင် မောင်နှမသုံးဦးရှိပြီး အဆိုတော်လင်းယံနှင့် ယခုသေဆုံးသွားသည့် ကိုဖုန်းတို့ဖြစ်သည်။

မတ်ခ်တူးကားပေါ်မှ ဒဏ်ရာရသူသုံးဦးမှာ ရန်ကုန်ဆေးရုံကြီးတွင် ဆေးဝါးကုသနေပြီး ၀က်တင်ဒိုင်နာပေါ်ပါ ၀က်ဒိုင်လုပ်သားနှစ်ဦး၊ ရေစက်မောင်းသူတို့မှာ ဒဏ်ရာအနည်းငယ်စီသာ ရရှိခဲ့ကြောင်းသိရသည်။

ယာဉ်တိုက်မှုနှင့်ပတ်သက်၍ မတ်ခ်တူးယာဉ်မောင်းအား ယာဉ်ပြစ်မှုဆိုင်ရာပုဒ်မ ၃၀၄ (က) /၃၃၈/၃၃၇/၂၇၄တို့ဖြင့် အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။

Photo- fb.com/linneain.thit
7Day

ပူလောင်တဲ့အချစ်မျိုးနဲ့ပဲ ကြုံခဲ့ဖူးတယ်လို့ဆိုတဲ့ ၀တ်မှုန်ရွှေရည်


ပရိသတ်တွေသိချင်တဲ့ အနုပညာရှင်တွေရဲ့ အချစ်ရေးတွေထဲမှာ ချစ်စရာ ကောင်းတဲ့ မင်းသမီးလေး ၀တ်မှုန်ရွှေရည်ရဲ့ အချစ်ရေးလည်း ပါဝင်နေပါ တယ်။ အားလုံးသိပြီးသား အဆိုတော်၊ မင်းသားနဲ့ ပြတ်သွားတဲ့နောက်ပိုင်း အချစ်ရေးနဲ့ ပတ်သက်ပြီး ဘာသံမှမကြားရတော့တဲ့ ၀တ်မှုန်ရွှေရည်ရဲ့ အချစ်ရေးကတော့ ‘အချစ်ရေးက မစဉ်းစားတာတော့ မဟုတ်ပါဘူး။ ကစ်စိတ်ချမ်းသာချင်တယ်။ ဒါပေမဲ့ စိတ်ချမ်းသာဖို့ကလဲ ကစ်အချစ်ရေး ဘက်ကို စဥ်းစားလိုက်ရင် ၊ အဲ့ဒီဘက်ကို အားသာသွားရင် အလုပ်ဘက်မှာ အားလျော့သွားမှာ စိုးတယ်။ ကစ်စဉ်းစားချင်ရင်တောင်မှ မစဉ်းစားမိအောင် နေပါတယ်။ ကစ်ကတော့ အချစ်ဆိုတာကို ပူလောင်တယ်လို့ပဲထင်ပါတယ်။ ဒါကလဲ ပူလောင်တဲ့အချစ်မျိုးနဲ့ပဲကြုံဖူးလို့နေမှာပါနော်။ အေးချမ်းတဲ့ အချစ်မျိုးကိုလဲ မရှာတော့ပါဘူး။ သူ့အလိုလိုကံပါရင် ရောက်လာပါလိမ့်မယ်။ ကစ် ရဲ့ အချစ်ရေးကတော့ ဘာမှမရှိပါဘူး။ အရင်အတိုင်းပါပဲ။





ဘာမှမရှိသေးတဲ့အတွက် ပရိသတ်တွေ စိတ်ဝင်စားစရာမရှိပါဘူး’တဲ့။ ပရိသတ်တော်တော်များများရဲ့ အချစ်တွေကို သိမ်းပိုက်ထားနိုင်သူအဖြစ် သတ်မှတ်ခြင်းခံရတဲ့သူမက ‘ဘာပဲဖြစ်ဖြစ်ပရိသတ်တွေ ကစ်ကို ချစ်ကြ၊ အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ လူတစ်ယောက်ကို ချစ်ရတယ် ဆိုတာလဲ တကယ်ပင်ပန်းပါတယ်။ ဘာပဲဖြစ်ဖြစ် ပင်ပန်းခံပြီး ချစ်ပေးကြတဲ့ အတွက်၊ အချစ်ခံရတဲ့အတွက် ကစ်အရမ်းပျော်ပါတယ်။ ပရိသတ်အချစ်တွေနဲ့ပဲ ဒီအလုပ်တွေကို အားရှိရှိနဲ့လုပ်နေတာပါ။ ကစ်ရဲ့ဇာတ်ကားတွေကို ပုံစံတွေပြောင်းပြီး ရိုက်ထားပါတယ်။ ကစ်ရဲ့လှုပ်ရှားမှုအသစ်လေးတွေကို ဝေဖန်အားပေးကြပါဦး’လို့ ဆိုသွားပါတယ်။




Myanmar Forward

Friday, December 6, 2013

ဌာနတွင်းကိစ္စ facebook မှာ ပျံ့နှံ့မှုကြောင့် မူးယစ်ရဲအဖွဲ့ အတွင်း စုံစမ်းစစ်ဆေးနေ



မိုးဇေညိမ်း၏ facebook စာမျက်နှာ

နာမည်ကြီး အနုပညာရှင် တချို့ မူးယစ်ဆေးဝါး သုံးစွဲမှုနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ မူးယစ် အထူးရဲတပ်ဖွဲ့က ၂၀၀၈ ခုနှစ်မှာ ခေါ်ယူစစ်ဆေးခဲ့တဲ့ ဌာနတွင်း ကန့်သတ် အစီအရင်ခံစာ တချို့ အင်တာနက် လူမှု ကွန်ရက် facebook စာမျက်နှာမှာ ပျံ့နှံ့နေတာကြောင့် ဌာနတွင်း သတင်း ပေါက်ကြားမှုကိစ္စအပေါ် စစ်ဆေးမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

ဌာနတွင်း ကန့်သတ်သတင်း ပေါက်ကြားမှု ဖြစ်တာကြောင့် စုံစမ်းနေပြီး ဌာနတွင်း အရေးယူမှု အနေနဲ့သာ ပြုလုပ်မှာ ဖြစ်ကြောင်း၊ ဒါပေမယ့် ဌာနတွင်းမှာလည်း အင်တာနက် အသုံးပြုမှုတွေရှိတာကြောင့် ဟက်ကာ (Hacker) တွေက ရုံးတွင်း အချက်အလက်ဖိုင်တွေကို ယူသွားတာလား ဆိုတာကို စုံစမ်းနေရကြောင်း မူးယစ်အထူးရဲတပ်ဖွဲ့က ဆိုပါတယ်။

အဲဒီအစီအရင်ခံစာ တွေကို မိုးဇေညိမ်း ဆိုတဲ့ facebook အကောင့် ပိုင်ရှင်တယောက်က ဖြန့်ဝေတာဖြစ်ပြီး သူတင်ထားတဲ့ အနုပညာရှင် တချို့ မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် အစစ်ဆေး ခံချက်တွေ၊ ဓာတ်ပုံတွေဟာ ၂၀၀၈ ခုနှစ်တုန်းက အနုပညာရှင် တချို့ မူးယစ်ဆေးဝါး သုံးစွဲကြောင်း သတင်းရခဲ့တာကြောင့် ဌာနတွင်း မှာ ခေါ်ယူစစ်ဆေးချက်တွေ ဆိုတာ မှန်ကန်ကြောင်း ရန်ကုန်တိုင်းဒေသကြီး မူးယစ် အထူးရဲတပ်ဖွဲ့ ဒုတိယ ရဲမှူးကြီး ခင်မောင်သိန်းက ဧရာဝတီကို ပြောပါတယ်။

“အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ သတင်းတွေက အမှန်တွေပါ။ အဲဒီအချိန်တုန်းက အနုပညာရှင် တချို့က မူးယစ် ဆေးဝါး သုံးစွဲ နေတယ် ဆိုတာ ကြားလို့ ခေါ်ပြီး သတိပေးတယ်၊ ဘယ်သူတွေ ပါလဲ မေးခဲ့တယ်၊ ပထမဆုံး အကြိမ် ဖြစ်တာကြောင့် ဖမ်းဆီးတာမျိုး မလုပ်ခဲ့ဘူး” လို့ မူးယစ်အထူးရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီး ခင်မောင် သိန်းက ရှင်းပြပါတယ်။

မိုးဇေညိမ်းဆိုတဲ့ အကောင့်ပိုင်ရှင်က သူ့ရဲ့ ကိုယ်ပိုင် လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားချက်အရ ရန်ကုန်မူးယစ် အထူးရဲတပ်ဖွဲ့က စစ်ဆေးခဲ့သူ သရုပ်ဆောင် စိုးမြတ်သူဇာနဲ့ နဝရတ်တို့ရဲ့ အစစ်ခံချက် အဖြေ တွေမှာ အရင် စစ်အစိုးရ လက်ထက်၊ စစ်တပ် အသိုင်းအဝိုင်းက ထိပ်တန်း အရာရှိကြီးတွေရဲ့ သားသမီး တွေဟာ မူးယစ်ဆေးဝါး ဖြန့်ချိတဲ့ အဓိက ပုဂ္ဂိုလ်တွေ ဖြစ်နေတယ်ဆိုတာ တွေ့ရပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး မူးယစ်အထူးရဲတပ်ဖွဲ့က ဒုတိယ ရဲမှူးကြီး ခင်မောင်သိန်းကတော့ စစ်တပ် အသိုင်း အဝိုင်းက ထိပ်တန်း အရာရှိကြီးတွေရဲ့ သားသမီးတွေနဲ့ အမျိုးတွေဟာ မူးယစ်ဆေးဝါး ဖြန့်ချိတဲ့ အဓိက ပုဂ္ဂိုလ်တွေ ဖြစ်နိုင် မဖြစ်နိုင် ဆိုတာတော့ အဲဒီအချိန်တုန်းက စစ်ဆေးခဲ့တဲ့ သူတွေပဲ သိနိုင်လိမ့် မယ်လို့ ဆိုပါတယ်။

“ကျနော်တို့ကတော့ မသိဘူး၊ ကြာလည်းကြာသွားပြီ ဆိုတော့ အဲဒီတုန်းက စစ်ခဲ့တဲ့သူတွေပဲ သိလိမ့်မယ်၊ facebook မှာ ရေးတယ်ဆိုတော့ ဒါက သတင်းစာကနေ တရားဝင် ထုတ်ပြန်ချက်လည်း မဟုတ်တော့ အမှန် လို့ ပြောလို့မရဘူး၊ အခု နောက်ပိုင်းတော့ အဲဒီလို မရတော့ဘူး၊ သက်သေခံ ပစ္စည်းနဲ့တွေ့ရင် ဖမ်းကို ဖမ်းမှာပဲ” လို့ ဒုရဲမှူးကြီး ခင်မောင်သိန်းက ပြောပါတယ်။

facebook စာမျက်နှာမှာ ပျံ့နှံ့နေတဲ့ စစ်ဆေးချက် စာရွက်တွေအရ ဆိုရင်တော့ ၂၀၀၈ ခုနှစ်တုန်းက သရုပ် ဆောင် စိုးမြတ်သူဇာကို စစ်ဆေးခဲ့တဲ့ သူတွေဟာ အဲဒီအချိန်တုန်းက မူးယစ် တရားမဝင် ငွေကြေး ပစ္စည်း စုံစမ်းစစ်ဆေးရေး အဖွဲ့ရဲ့ ရဲမှူး ဒေါ်သန်းအေးနဲ့ ရန်ကုန်အရှေ့ မူးယစ်အထူးရဲတပ်ဖွဲ့ ဒုရဲအုပ် ခင်မောင်အေး တို့ ဖြစ်တယ်လို့ တွေ့ရှိရပါတယ်။

“အရင်တုန်းကရော၊ အခုအချိန်မှာပါ အာဏာကို အကာအကွယ်ယူပြီး ဥပဒေ ချိုးဖောက်တာတွေနဲ့ ပတ်သက်တဲ့ ဖြစ်စဉ်တွေ၊ လုပ်ဆောင်မှုတွေကို ဆက်လက်ဖော်ထုတ်ဖို့ ရှိပါသေးတယ်၊ အခုလို အတွင်းရေး သတင်းတွေကို ထုတ်ဖော်နေတာဟာ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်ကြောင့် မဟုတ်ဘဲ ဥပဒေကို လိုသလို အသုံးပြုခဲ့တဲ့ အာဏာရှင်တွေရဲ့ အကြောင်း တစိတ်တဒေသ ကို ဖော်ထုတ်တာပါ။ ဒီနေရာမှာ ကျနော့် ပုဂ္ဂိုလ်ရေး ခံစားချက် မပါပါဘူး” လို့ အနုပညာရှင်တွေ မူးယစ်ဆေးဝါး သုံးစွဲတဲ့ အစစ်ခံချက်တွေကို ဖေ့စ်ဘုတ်စာမျက်နှာမှာ တင်ပြခဲ့တဲ့ မိုးဇေညိမ်းဆိုတဲ့ အကောင့်ပိုင်ရှင်က ဧရာဝတီကို ပြောပါတယ်။

သူ့အနေနဲ့ အာဏာပိုင်ဆိုတဲ့ အကာအကွယ်ကို ယူပြီး တရားဥပဒေကို ချိုးဖောက်နေတဲ့ လူတစု အကြောင်း ကို တင်ပြနေခြင်း ဖြစ်ကြောင်း၊ ဥပဒေနဲ့ ငြိစွန်းတဲ့ ကိစ္စတွေကို ပြုလုပ်ခဲ့တဲ့ သူတွေကို အရေးယူဖို့ ပျက်ကွက်ခဲ့တဲ့ ဖြစ်စဉ်ကို ဖော်ထုတ်တာ ဖြစ်ကြောင်း၊ ဒီလိုမျိုး အတွင်းရေးသတင်း ဖွင့်ချချက်တွေလည်း ထပ်ပြီး မဖော်ပြဖို့ မေတ္တာရပ်ခံသူတွေ ရှိလာတယ် ဆိုတဲ့အကြောင်း သူက ဆက်ပြောပါတယ်။

ကိုမိုးဇေညိမ်းဆိုတဲ့ ပုဂ္ဂိုလ်ဟာ အနုပညာရှင်တွေနဲ့ မူးယစ်ဆေးဝါး အစစ်ခံချက်တွေ အကြောင်း ဖော်ပြခဲ့ပြီး သိပ်မကြာခင်မှာ မိုးဇေညိမ်းဆိုတာ ၂၀၀၅ ခုနှစ်က စစ်ဦးစီး တက္ကသိုလ်သင်တန်း အမှတ်စဉ် ၅၅ တက်ရောက် ခဲ့တဲ့သူ ဖြစ်တဲ့အကြောင်း၊ တပ်မတော်သား တဦးဖြစ်ပြီး အုပ်ချုပ်မှု လျော့နည်းခဲ့တဲ့ အတွက် ကြောင့် အရပ်ဘက် ဝန်ကြီးဌာနတခုကို ပြောင်းရွှေ့ ခံခဲ့ရတဲ့သူ ဖြစ်ကြောင်း facebook စာမျက်နှာတွေ ထက်မှာ ရေးသား ဖော်ပြလာတာတွေလည်း တွေ့ရပါတယ်။

ခေါ်ယူ စစ်ဆေးခံခဲ့ရတဲ့ အထဲ ပါခဲ့တဲ့ ရုပ်ရှင်သရုပ်ဆောင် စိုးမြတ်သူဇာကတော့ သူ့ရဲ့ ကိုယ်ပိုင် facebook စာမျက်နှာမှာ ပြန်လည် ရှင်းလင်းထားပေမယ့် သူခေါ်ယူစစ်ဆေးခံရတာ မဟုတ်ဘူး ဆိုတာကိုတော့ ငြင်းချက် ထုတ်ထားတာ မတွေ့ရပါဘူး။

“Nobody Perfect ဆိုပေမဲ့ Perfect ဖြစ်တဲ့သူတွေလည်း အများကြီး ရှိနိုင်ပါတယ်။ သေချာတာက ကျမဟာ Perfect မဟုတ်ဘူး ဆိုတာပါပဲ။ ကျမမှာ အားနည်းချက်၊ ချို့ယွင်းချက်တွေ အများကြီးရှိသလို၊ အမှားမရှိ အပြစ်ကင်းတဲ့ လူမျိုးလည်း မဟုတ်ပါဘူး။ အခုကိစ္စမှာ ကျမကို မရည်ရွယ်လည်း ကျမ ဓာတ်ပုံနဲ့ ခေါင်းစဉ် တပ်၊ အကြောင်းအရာ တွေကိုတော့ ကျမ အနေနဲ့ အင်မတန် ခံရခက်ပါတယ်” လို့ ရုပ်ရှင်သရုပ်ဆောင် စိုးမြတ်သူဇာက ရှင်းလင်းထားပါတယ်။

မူးယစ်ဆေးဝါး သုံးစွဲမှုထဲမှာ ပါဝင် ပတ်သက်တယ်လို့ ထည့်သွင်း ဖော်ပြခံခဲ့ရတဲ့ လက်ရှိ ရုပ်ရှင်အစည်း အရုံး ဥက္ကဋ္ဌ သရုပ်ဆောင် လူမင်းနဲ့ ဒါရိုက်တာ ညိုမင်းလွင်တို့ကို ဧရာဝတီ သတင်းဌာနက ဖုန်းနဲ့ ဆက်သွယ် ခဲ့ပေမယ့် အဆက်အသွယ် မရခဲ့ပါဘူး။

အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ အနုပညာရှင် တချို့ မူးယစ်ဆေးဝါး သုံးစွဲလို့ ခေါ်ယူစစ်ဆေးခံရတယ် ဆိုတဲ့ အချက်အလက် တွေဟာ ရဲစစ်ချက်တွေ ဖြစ်တာကြောင့် သက်သေခံပစ္စည်း ရှာဖွေရာမှာ ခက်ခဲနိုင် ကြောင်း၊ လက်ရှိအချိန်မှာ ပြန်လည်ပြီး အမှုဖွင့် အရေးယူမယ် ဆိုရင်တော့ ခက်ခဲမှာ ဖြစ်ကြောင်း ဥပဒေ အတိုင်ပင်ခံ ကိုဖိုးဖြူက ဧရာဝတီကို ပြောပါတယ်။

“အဲဒီအချိန်တုန်းက စစ်ဆေးခဲ့တဲ့သူ ကိုယ်တိုင်က အမှုမှန်ကန်ကြောင်း ပေါ်ပေါက်နေရင် အမှုဖွင့်ဖို့၊ တရား စွဲဖို့၊ စစ်ဆေးဖို့ ဆောင်ရွက်ခဲ့ရမှာပါ။ အဲဒီလို မလုပ်ခဲ့တဲ့အတွက် စစ်ဆေးသူဟာ ဥပဒေကြောင်းအရ ပျက်ကွက်ခဲ့တာကြောင့် အဂတိ လိုက်စားတယ်လို့ ပြောနိုင်တယ်” လို့ ကိုဖိုးဖြူက ရှင်းပြပါတယ်။

နိုဝင်ဘာ ၂၈ ရက်နေ့က စတင်ပြီးတော့ အွန်လိုင်း စာမျက်နှာတွေထက်မှာ ပျံ့နှံ့နေခဲ့တဲ့ ရဲတပ်ဖွဲ့ရဲ့ အစီ အရင် ခံစာတွေဟာ ရုပ်ရှင်သရုပ်ဆောင်တွေ ဖြစ်တဲ့ စိုးမြတ်သူဇာနဲ့ နဝရတ်တို့ရဲ့ အစစ်ဆေးခံချက် တွေဖြစ်ပြီး သူတို့ရဲ့ ထွက်ဆိုချက်တွေထဲမှာ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ဦးရဲမြင့်ရဲ့သား အောင်ဇော် ရဲမြင့်၊ ဗိုလ်ချုပ်ဟောင်း ဦးစောထွန်းရဲ့ သားမက် သားပေါက် (ခေါ်) ကျော်နိုင်ဦး၊ ဗိုလ်ချုပ်ဟောင်း ကျော်ဘရဲ့ သားမက် အေးထွန်း၊ စီးပွားရေးလုပ်ငန်းရှင် မောင်ဝိတ် (လက်ရှိ မူးယစ်ဆေးဝါးမှုနဲ့

ထောင်ကျနေသူ)၊ လက်ရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ထိပ်တန်းခေါင်းဆောင် တဦးဖြစ် သူ ဦးအောင်သောင်းရဲ့သား ပြည်အောင်၊ စီးပွားရေး လုပ်ငန်းရှင် မိုက်ကယ်မိုးမြင့်ရဲ့ သား စည်သူမိုးမြင့်တို့ ပါဝင်နေတာကို တွေ့ရပါတယ်။

ဒါ့အပြင် အနုပညာ အသိုင်းအဝိုင်းက စိုးမြတ်ကလျာ၊ ချောချစ်၊ ပြည့်ဖူးခိုင်၊ ချောရတနာ၊ ထူးမွန်၊ နန္ဒာလှိုင်၊ မြတ်ကေသီအောင်၊ (ဒွေး)၊ လွင်မိုး၊ မင်းမော်ကွန်း၊ ဆုဒါလီ၊ ညိုမင်းလွင်၊ မောင်မျိုးမင်း (ရင်တွင်းဖြစ်)၊ ကိုဇော် (အရုဏ်ဦး)၊ မိုက်တီး၊ နေထက်လင်း၊ လူမင်း၊ သဉ္ဇာဝင့်ကျော်၊ သားညီ၊ မျိုးကျော့မြိုင်၊ Rဇာနည်၊ ဖြိုးကြီး စတဲ့ သူတွေလည်း

မူးယစ်ဆေးဝါး သုံးစွဲတယ်လို့ သိရတဲ့အကြောင်း အစစ်ဆေးခံသူတွေက ထွက်ဆိုထားပြီး အစစ်ဆေး ခံချက်တွေ အရ အနုပညာရှင်တွေ မူးယစ်ဆေးဝါး သုံးစွဲကြတဲ့ နေရာတွေဟာ နိုက်ကလပ်တွေ ဖြစ်နေတာ ကို တွေ့ရပါတယ်။

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ကလည်း တချိန်က အနုပညာရှင် တချို့ မူးယစ်ဆေးဝါး သုံးစွဲတာနဲ့ ပတ် သက်ပြီးတော့ သက်ဆိုင်ရာက ခေါ်ယူဆွေးနွေးမှုများ ရှိခဲ့ပေမယ့် ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်း အရသော်လည်းကောင်း၊ လူမှုရေးအရ

လည်းကောင်း ထိပ်တန်းလျှို့ဝှက်ချက် အနေနဲ့ ထားရှိရမှာ ဖြစ်ကြောင်း၊ အဆိုပါ ထွက်ဆိုချက်တွေကို ဂျာနယ် စာမျက်နှာတွေ ထက်မှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြလာတာကို တွေ့ရတာကြောင့် မူးယစ်ဆေးဝါးနဲ့ လုံးဝ ပတ်သက်ခြင်း မရှိခဲ့တဲ့ အနုပညာ ရှင်များ၊ ပတ်သက်မှု ရှိခဲ့ပေမယ့်လည်း လမ်းမှန်ကို လျှောက် လှမ်းရန် ကြိုးစားနေတဲ့ အနုပညာရှင်တွေနဲ့ မိသားစုတွေပါ ဂုဏ်သိက္ခာ ထိခိုက်ရတာကြောင့် ရပ်တန့်ပေးဖို့ မေတ္တာရပ်ခံချက် အနေနဲ့ ထုတ်ပြန်လိုက်ပါတယ်။

အစီအရင်ခံစာတွေကို စတင်ဖြန့်ဝေသူ မိုးဇေညိမ်းကတော့ သူ့ဆီမှာ ဆက်လက် ဖြန့်ဝေစရာ အစီအရင် ခံစာ အများအပြား ကျန်ရှိနေပေမယ့် ကာယကံရှင်တချို့ရဲ့ မေတ္တာရပ်ခံမှုတွေကြောင့် ဆက်လက် ဖော်ပြခြင်း မပြုတော့ဘူးလို့ သူ့ရဲ့ facebook စာမျက်နှာမှာ ဒီနေ့ပဲ ရေးသားထားပါတယ်။

“မူးယစ်ဆေးဝါး အစီရင်ခံစာနဲ့ စစ်ချက်တွေထဲမှာ နောက်ထပ် ဖော်ပြစရာတွေ အများအပြား ကျန်ပါသေး တယ်။ အဲဒီအမှုကို စစ်ဆေးစဉ်က တရားခံ ၁၀ ဦး၊ ပတ်သတ်ပါဝင်သူ ၃၃ ဦး၊ စုစုပေါင်း ၄၃ ဦးကို စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးခံခဲ့ရသူ အများစု ဟာ အနုပညာ လောကသားတွေ ဖြစ်ပါတယ်။ အပိုင်း ၁ ကို စတင်စဉ်ကတည်းက အားလုံးကို မချွင်းမချန် ဖော်ပြဖို့ စီစဉ် စဉ်းစားထားပါပြီး ဖြစ်ပါတယ်။ သို့ပေမယ့် ပတ်သတ်ရာ ပတ်သတ်ကြောင်း အဖွဲ့အစည်းများရဲ့ မေတ္တာရပ်ခံချက်တွေနဲ့ ကာယကံရှင် များရဲ့ မေတ္တာ ရပ် ခံမှုတွေကို ထောက်ထားပြီး ဆက်လက် မဖော်ပြတော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်” လို့ မိုးဇေညိမ်း က သူ့ရဲ့ facebook စာမျက်နှာမှာ ရေးသားထားတာ တွေ့ရပါတယ်။

Today Mynamar

Wednesday, December 4, 2013

မူးယစ်ဆေးဝါးကိစ္စအကြောင်း ပရိသတ်ကို ဖြေရှင်းလိုက်တဲ့ မင်းမော်ကွန်း


အခုတလော နာမည်ကြီး အနုပညာရှင်တွေ ရဲ့ ယခင် မူးယစ်ဆေးဝါး စစ်ဆေးချက် မှတ်တမ်းတွေ ထွက်လာတဲ့အပေါ် ဖေ့စ်ဘွတ်ခ် ရပ်ဝန်းမှာ ဟိုးဟိုးကျော်ခဲ့တဲ့အတွက် အနုပညာရှင်တွေအနေနဲ့လည်း ပရိသတ်ကို ပြောစရာစကားတွေ ရှိလာပါတယ်။

မှတ်တမ်းထဲမှာ ပါဝင်သူတစ်ဦးဖြစ်တဲ့ အကယ်ဒမီ မင်းမော်ကွန်း ကတော့ သူနဲ့ပတ်သက်တဲ့ ခံစားချက်အကြောင်း sunday journal ကိုအခုလို ရှင်းပြခဲ့ပါတယ်။

@@``အဲဒီအထဲမှာမှ ကျွန်တော့်နာမည်ကို ထိပ်ဆုံးက တင်ထားကြတယ်။ သြော်.. အဲဒါမျိုးကျတော့ ကျွန်တော့ကို ထိပ်ဆုံးကနေ သတိရကြတဲ့အတွက် တော်တော်လေးကို ချစ်ဖို့ကောင်းကြတယ်ပေါ့။ အနုပညာရှင်တွေနဲ့ပတ်သက်ပြီး ဒီလို မူးယစ်ဆေးတွေ သုံးတယ်ဆိုတဲ့ သတင်းတွေ ထွက်လာတာက တကယ်လုပ်ခဲ့တဲ့ လူတွေကတော့ ဘာမှ မဖြစ်လောက်ဘူး။ ဒါပေမယ့် မလုပ်တဲ့လူတွေ အတွက် အရမ်းကို ဒေါသထွက်ဖို့ကောင်းတယ်။ လူပဲဗျာ မှားတဲ့အချိန်တုန်းကလည်း မှားတာမျိုးတွေရှိခဲ့တာပေါ့။ အမြဲတမ်းချည်းတော့လည်း အားလုံးက မှားမနေကြဘူး။ အမြဲတမ်းမှန်နေတဲ့လူလည်းမရှိဘူးလေ။ တကယ်တော့ ကျွန်တော်တို့ အနုပညာရှင်တွေက သားကောင်တွေလိုဖြစ်နေတာ။ တခြားသူတွေရဲ့ မူးယစ်ဆေးဝါးနဲ့သော်လည်းကောင်း၊ တခြား ပယောဂတွေနဲ့သော်လည်းကောင်းမှိုင်းတိုက်တာကို ခံနေရတဲ့ သားကောင်တွေ ဖြစ်နေတယ်။ ဒါကို ကျွန်တော်တို့လောကသားတွေကို တရားခံတွေလိုစွပ်စွဲပြီး ခေါင်းစဉ်တပ်လို့မရပါဘူး။ နောက်တစ်ခုက ကျွန်တော်တို့ လောကမှာ မူးယစ်ဆေးဝါးကို စီးပွားဖြစ်ဖြန့်ဝေရောင်းချပြီး လူမျိုးဖျက်နေတဲ့လူတွေ တစ်ယောက်မှ မရှိဘူး။ မူးယစ်ဆေးက မရောင်းဘူး ဆိုတာ လူတိုင်းသိတယ်။ ဒါပေမယ့် အဲဒါကို မလွန်ဆန်နိုင်တဲ့ သူတွေသာ ၀ဋ်ကြွေးတစ်ခုလို ငြိတွယ်နေကြတာပါ။ ကျွန်တော်အနေနဲ့တော့ ၀ါးလုံးရှည်နဲ့ မရမ်းစေချင်ပါဘူးဗျာ ...ကျွန်တော်တို့က ပရိသတ်အတွက် အမြဲသစ္စာရှိပါတယ်။ ပရိသတ်တွေ အားပေးရကျိုးနပ်အောင်လည်း အမြဲကြိုးစားနေပါတယ်။ ကျွန်တော်ပြောချင်တာက အနုပညာရှင်တွေကလည်း လူသားတစ်ယောက်ဖြစ်လို့ အမှားနဲ့တော့ မကင်းနိုင်ကြပါဘူး ´´@@ လို့ sunday journal ကို ဒီဇင်ဘာ 4ရက်နေ့က ဖြေကြားခဲ့ပါတယ်။

သတင်း၊ ပိုင်နိုင်သူ

Sunday Journal

" မိုးအောင်ရင်ရဲ့ ဂျပန်အချစ်ခရီးစဉ် "


မိုးအောင်ရင်က ဂျပန် နိုင်ငံ မှာရှိတဲ့ အဒေါ်ဖြစ်သူထံ နှစ် ပတ်ကြာအလည်အပတ်သွား ရောက်ခဲ့ပြီး နိုဝင်ဘာ ၂၉ရက် နေ့ မနက်၉နာရီက ရန်ကုန် အပြည်ပြည်ဆိုင် ရာ လေဆိပ် ကိုပြန်လည်ရောက်ရှိခဲ့ပါတယ်။ ဂျပန်နိုင်ငံမှာ အဒေါ်နဲ့လည်း တွေ့ခဲ့သလိုအလုပ်ကိစ္စနဲ့ ဂျပန် မှာ ရောက်ရှိနေတဲ့ ချစ်သူနဲ့ လည်း လည်ပတ်ခဲ့တာကြောင့် အချစ်ခရီးစဉ်လေးဖြစ်ခဲ့တယ် လို့လည်းမိုးအောင်ရင်က ပြော ပါတယ်။

“Disney Land တို့၊ ဖူဂျီတောင်တို့ကို သွားလည်ခဲ့ တယ်။အလုပ်ကိစ္စရှိတော့ သူနဲ့ လည်း သိပ်မတွေ့လိုက်ရဘူး။ ရတဲ့အချိန်မှာပဲလျှောက်လည် တာပေါ့။ ဖူဂျီတောင်ကို ညနေ ၄နာရီလောက်မှ ရောက်တယ်။ တအားအေးတော့ ဓာတ်ပုံတောင် ကောင်းကောင်းမရိုက်ခဲ့ရဘူး။

ဒီခရီးစဉ်ရဲ့အကြီးကျယ်ဆုံးအမှတ်တရကတော့ လျှာဖောက်လာခဲ့ တယ်။ကောင်မလေးနဲ့ ဆင်တူ ဖောက်ခဲ့တာ။နောက်ပြီး သူတို့ ရဲ့ ရိုးရာပုံစံဆာမူရိုင်းလိုဝတ်ခဲ့ တယ်။” လို့ ဂျပန်ခရီးစဉ်ရဲ့ အမှတ်တရတွေကို ပြန်လည်ပြောပြ ခဲ့ပြီး၊
ဒီခရီးစဉ်ကတအား ပျော်စရာ ကောင်းခဲ့ကြောင်း မိုးအောင်ရင်
ကပြောပါတယ်။

ခိုင်ဝေလွင်

Popular Journal

ဥပဒေကို မထီမဲ့မြင်လုပ်လာရင် ဆက်လက်ဖော်ထုတ်မယ်လို့ မိုးဇေညိမ်း ဆို


မူးယစ်ဆေးဝါး အစီရင်ခံစာနဲ့ စစ်ချက်တွေထဲမှာ နောက်ထပ်ဖော်ပြစရာတွေ အများအပြား ကျန်ပါသေးတယ်။ အဲဒီ့အမှုကို စစ်ဆေးစဉ်က တရားခံ (၁၀) ဦး၊ ပတ်သတ်ပါဝင်သူ (၃၃) ဦး၊ စုစုပေါင်း (၄၃) ဦးကို စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးခံခဲ့ရသူ အများစုဟာ အနုပညာလောကသားတွေ ဖြစ်ပါတယ်။ အပိုင်း (၁) ကို စတင်စဉ် ကတည်းက အားလုံးကို မချွင်းမချန်ဖော်ပြဖို့ စီစဉ်စဉ်းစားထားပါပြီး ဖြစ်ပါတယ်။ သို့ပေမဲ့ ပတ်သတ်ရာပတ်သတ်ကြောင်း အဖွဲ့အစည်းများရဲ့ မေတ္တာရပ်ခံချက်တွေနဲ့ ကာယကံရှင်များရဲ့ မေတ္တာရပ်ခံမှုတွေကို ထောက်ထားပြီး ဆက်လက်မဖော်ပြတော့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ငရုတ်သီးဟာ ဒီတိုင်းနေရင်ကောင်းပါတယ်။ ကြက်သွန်နဲ့ပေါင်းရင်တော့ အထောင်းခံမှာပါပဲ။ အနုပညာရှင်ပဲဖြစ်ဖြစ်၊ ဘယ်လိုလူပဲဖြစ်ဖြစ် ပြည်သူတွေကို ကုပ်စီးဖိနှိပ်နေတဲ့ အာဏာရှင်တွေနဲ့ သွားပေါင်းရင်တော့ ပြည်သူတွေ ပြန်ထောင်းတာ ခံရပါလိမ့်မယ်။ လက်ရှိဖော်ပြနေတဲ့ အစီရင်ခံစာဟာ ကျွန်တော့် လက်ဝယ်မှာ ရှိနေတဲ့ အတွင်းရေးနဲ့ ပတ်သတ်တဲ့ ထိပ်တန်းလျှို့ဝှက်အဆင့် စာရွက်စာတမ်းတွေထဲက တစ်ခုမျှသာဖြစ်ပါတယ်။ အခြေအနေအရပ်ရပ်ကို ထောက်ထားပြီး လက်ရှိကိစ္စကို ဆက်လက်မဖော်ပြတော့ဖို့ ဆုံးဖြတ်လိုက်တာပါ။ သို့ပေမဲ့ အများပြည်သူတွေ သိရှိသင့်တယ်လို့ ယူဆရတဲ့ အခြေအနေတွေရှိရင်၊ ဥပဒေကို မထီမဲ့မြင်လုပ်လာတဲ့ ကိစ္စတွေရှိလာရင်တော့ ဒီလိုကိစ္စတွေသာမကပဲ အခြားကိစ္စတွေ၊ အကြောင်းအရာတွေ ကိုလည်း ဆက်လက်ဖော်ထုတ်ရဦးမှာ ဖြစ်ပါတယ်။

ငရုတ်သီးနဲ့ပေါင်းမိလို့ အထောင်းခံလိုက်ရတဲ့ အနုပညာရှင်များအတွက် ပုဂ္ဂိုလ်ရေးအရ ထိခိုက်သွားရတဲ့ အတွက် စိတ်မကောင်းဖြစ်မိပါတယ်။ အဲ့ဒီအတွက်လည်း ကိုယ်ချင်းစာစိတ်နဲ့ ရိုးသားစွာတောင်းပန်ပါတယ်။ Public စာမျက်နှာပေါ်ကို ရောက်မလာပေမဲ့ ဒီအမှုတွဲမှာ ပါဝင်ပတ်သတ်နေသူတွေအနေနဲ့လည်း သင်ခန်းစာတစ်ခု အနေနဲ့ နောက်နောင်ဆင်ခြင်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။

မိုးဇေညိမ်း

Tuesday, December 3, 2013

အွန်လိုင်းပေါ်တွင် ပြန့်နေသည့်အနုပညာရှင်များနှင့် မူးယစ်ဆေးဝါးကိစ္စ ရုပ်ရှင်လောကသားများ တုံ့ပြန်ပြီ


သတင်းကိုလူတိုင်းစိတ်ဝင်စားကြသည်။ သတင်းထူးသတင်းဦးဆိုပါက ပို၍ပင် စိတ်ဝင်တစားရှိတတ်ကြသည်။ သတင်းဆိုသည်ကို တစ်ကြိမ်တစ်ခါမျှ မဖြစ်ပေါ်ဖူး သော အဖြစ်အပျက်ဟုဖွင့်ဆိုထားရာ ယင်းကဲ့သို့တစ်ကြိမ်တစ်ခါမျှ မဖြစ်ပျက်ဖူး၊ မပေါ်ပေါက်ဖူးသော သတင်းမျိုးဆိုပါက ပို၍ပို၍ပင် စိတ်ဝင်စားကြမည်ကမလွဲ။

လတ်တလောတွင် ထိုကဲ့သို့သတင်းထူးသတင်းဦးများစွာအနက် သက်ဆိုင်ရာနယ်ပယ် အသီးသီးတွင် ငလျင်တစ်ခုကဲ့သို့ လှုပ်ခတ်တုန်ခါသွားစေခဲ့သော သတင်းတစ်ခု
ပေါ်ပေါက်လာခဲ့သည်။ တကယ်တော့ ထိုသတင်း၏အသွင်ပိုထူးခြားစေခဲ့သည်က လျှို့ဝှက်အပ်သောအရပ်မှ ပေါက်ကြားခဲ့သော သတင်းဖြစ်နေသောကြောင့်ပင်။

”ဟိုးအစောပိုင်းကတော့ ကျွန်တော်တို့လည်း အစစ်ခံခဲ့ရဖူးတာပဲ။ အမှားက တော့ကင်းတဲ့သူ သိပ်မရှိပါဘူး။ ဒီဟာမကောင်းဘူးဆိုတာ သိလို့ လမ်းမှန်လျှောက် နေတဲ့ သူတွေ အများကြီးပါ။ တရားဥပဒေကိစ္စကတော့ ကျွန်တော် သိပ်နားမလည်ဘူး။ ဒီဟာက စစ်ဆေးတဲ့ဟာ အပြင်ထွက်လာတယ်ဆိုတာက မဖြစ်သင့်ဘူးလေ။ အပြင် ထွက်လာတော့ ရှုပ်ကုန်တာပေါ့။ မဟုတ်ဘဲ အစွပ်စွဲခံရသူတွေက ငြင်းတာအကြောင်း မဟုတ်ပေမယ့် ဟုတ်နေတဲ့သူတွေ ငြင်းတာကတော့ ပြဿနာပေါ့။ ဘာပဲဖြစ်ဖြစ် လျှို့ဝှက်အပ်တဲ့ မပေါက်ကြားသင့်တဲ့အရာကတော့ အခုလိုပေါက်ကြားတာ လုံးဝ မသင့်လျော်ဘူး။ အမှားကို ဆက်လုပ်နေတဲ့သူတွေအတွက်ကတော့ သတိပေးလိုက်တဲ့ သဘောတော့ ရှိနိုင်ပေမယ့် အရင်က မှားခဲ့တဲ့အမှားကိုသိပြီး အမှန်ကိုလျှောက်နေ တဲ့သူတွေ ခြေလှမ်းတုံ့ဆိုင်းသွားနိုင်တယ်”ဟု နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌ အဖြစ် လူမှုရေးကိစ္စများကို ကိုယ်အား စိတ်အား ထက်သန်စွာဆောင်ရွက်နေသူ ဦးကျော်သူက ယခုရက်ပိုင်းအတွင်း အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသည့်အနုပညာရှင် များနှင့်
မူးယစ်ဆေးဝါးကိစ္စအပေါ် သူ၏အမြင်ကို ထုတ်ဖော်ပြောဆိုပါသည်။

အဆိုပါ အနုပညာရှင်များ မူးယစ်ဆေးဝါးသုံးစွဲသည်ဆိုခြင်းနှင့် သုံးစွဲသူတို့၏ အမည်စာရင်းပါ ရဲစစ်ဆေးချက်၌ မူးယစ်ဆေးဝါးသုံးစွဲသူ အဆိုတော်သုံးဦး အမည် စာရင်းတွင် ပါဝင်နေသည့် သားဖြစ်သူ၏ကိုယ်စားသာမက ရုပ်ရှင်လောကတစ်ခုလုံး ကိုယ်စား ပြောကြားသူ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌဟောင်း ဦးဇင်ဝိုင်းက ”ကျွန်တော်ပြောမယ်ဆိုရင် မင်းမော်ကွန်းဖခင်ဖြစ်တဲ့ ဇင်ဝိုင်းအနေထက် ရုပ်ရှင် လောကသားတစ်ဦးအနေနဲ့ လောကတစ်ခုလုံး ကိုယ်စားပြောချင်တယ်။ ကျွန်တော် တို့ သိသလောက် ဒီစစ်ဆေးချက်က ၂ဝဝ၈ ခုနှစ်က ဖြစ်တယ်။ အဲဒီကာလတုန်းက ဒီနှစ်ယောက်တည်း ခေါ်ယူစစ်ဆေးတာ မဟုတ်ပါဘူး။ အနုပညာရှင် တော်တော်များ များကို ခေါ်ယူစစ်ဆေးတာ ကျွန်တော့်သား အပါအဝင်ပါပဲ။ ခေါ်ယူစစ်ဆေးပြီး စစ် ဆေးချက်တွေကို မှတ်တမ်းတင်ခဲ့ပါတယ်။ မှတ်တမ်းတင်ချက်၊ စစ်ဆေးချက်တွေ ဆိုတာ ရုံးလုပ်ထုံးလုပ်နည်းအရဖြစ်စေ၊ လူမှုရေးအရပဲဖြစ်စေ လျှို့ ဝှက်ထားရမယ့် ကိစ္စပဲဖြစ်ပါတယ်။ အခု ဒီကိစ္စပေါက်ကြားလာတဲ့အတွက် ဘယ်သူ့မှာ တာဝန်ရှိပါ သလဲ

မေးချင်ပါတယ်။ ဒီလူမှုကွန်ရက် Facebook ပေါ် တက်လာတာနဲ့ သတင်းကို ပုဂ္ဂလိကစာနယ်ဇင်းတွေက ဖော်ပြတာရှိတယ်။ အတည်ပြုချက်ရယူပြီးမှ ဖော်ပြတာ လား ဆိုတာ ကျွန်တော်မသိပါ။ ကျွန်တော့်နာမည်နဲ့ ပြည့်တန်ဆာခန်း ထောင်ထားသူ ဇင်ဝိုင်းလို့ စာတစ်ကြောင်းကိုFacebook ပေါ်မှာ တက်လာရင် ပေါ်ပြူလာကတင်လာ မယ်ဆိုပါတော့ ကျွန်တော့်ကို အတည်ပြုမေးရပါမယ်။ အဲဒါက အတည်ပြုချက်မပါဘဲ ပါလာရင် လုပ်လို့ မရပါဘူး။ ကျင့်ဝတ်အပိုင်း ပါသွားပြီ။ ဒါကိုတော့ ထားလိုက်ပါ။   ခေတ်စနစ်တစ်ခုကို ပြောင်းလဲနေတဲ့ကာလမှာ အားလုံးက နေသားတကျ မှားယွင်းမှု ကို နားလည်ပါတယ်။ အခု အနုပညာရှင်တွေနဲ့ပတ်သက်တဲ့ နာမည်စာရင်းတွေက အနုပညာသည်တွေ မကပါဘူး။ မူးယစ်ဆေး ဝါးအန္တရာယ်ဟာ ကျွန်တော်တို့နိုင်ငံ တော်အတွက် ကြီးမားသောခြိမ်းခြောက်မှုတစ်ခုပါပဲ။ လူငယ်တွေကြားမှာ သူတို့ ပတ် ဝန်းကျင်က စာအုပ်ကောင်းတစ်အုပ် ဘဝတက်လမ်းအတွက် အကျိုးပြုစေတဲ့ အချက်များရှိနေတာထက် မူးယစ်ဆေးဝါး အရက်၊ ဘိန်းဖြူ၊ ဘိန်းမည်း၊ နံပါတ် ၄၊ ရာမ အစုံ အစုံ လက်လှမ်းတမီမှာ ရှိနေပါတယ်။ သိပ်ကြောက်စရာကောင်းပါတယ်။ အများအမြင်မှာ ဒီကလေးတွေ ဒီလူစာရင်းတွေဟာ တရားခံလို့ မြင်ကြပေမယ့် ကျွန် တော် ကတော့ ခေတ်ဆိုးစနစ်ဆိုးရဲ့ သားကောင်လို့ပဲမြင်တယ်။ အနုပညာလောက ရယ်မှမဟုတ်ပါဘူး။ မင်းမော်ကွန်းအတွက် ပြောခြင်းလည်း မဟုတ်ပါဘူး။ ကျွန်တော် တို့ မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်ထုတွေကို အမြန်ဆုံးမူးယစ်ကျွန်ဘဝမှ အမြန်ဆုံး ကယ်တင်ပေးကြပါ။ နိုင်ငံသားတစ်ဦးဖြစ်တဲ့ ဇင်ဝိုင်းအနေနဲ့ တောင်းဆိုတာပါ။ မူးယစ် ရာဇာတွေက လူကုံထံရပ်ကွက်ထဲမှာ နန်းတော်တမျှ ကြီးကျယ်ခမ်းနားတဲ့တိုက် ကြီးတွေနဲ့ နောက်ဆုံးပေါ်ကား ၁၄ စီး ၁၅ စီးနဲ့ တဝီးဝီးစီးနေကြတဲ့ မျက်လုံးမည်း မည်း အသား နီစပ်စပ်ပုဂ္ဂိုလ်တွေက ဘိန်းဖြူဘိန်းမည်းက အစရောင်းတာကို ပဲပြုတ်သည် သာမက ဆိုက်ကားသမားပါသိပါတယ်။ သက်ဆိုင်ရာတာဝန် ရှိသူများက မသိကြ တာ၊ မတွေ့ ကြတာ၊ သတင်းမရကြတာကတော့ အလွန်အံ့သြဖို့ ကောင်းပါတယ်”

၂ဝဝ၈ခုနှစ်အတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု၊ ဖြန့်ဝေမှုနှင့်ပတ်သက်၍ ဖမ်းဆီးစစ် ဆေးခဲ့မှု ရဲမှတ်တမ်းတစ်ခု ပေါက်ကြားခဲ့ခြင်းဖြစ်ပြီး ထိုအထဲတွင် လက်ရှိနာမည်ရ အနုပညာရှင်များစွာ ပါဝင်နေခြင်းက သတင်း၏တန်ဖိုးကို ပိုမြင့်မားစေခဲ့ခြင်းဖြစ်သည်။ အများပြည်သူ သိရန်ခဲယဉ်းသော အရေးယူစစ်ဆေးမှုမှတ်တမ်းတစ်ခု ပေါက်ကြား ခဲ့ခြင်းဖြစ်၍ လူထုစိတ်ဝင်စားမှု အမြင့်ဆုံးဖြစ်လာသကဲ့သို့ ဝေဖန်ကန့်ကွက်မှုများလည်း ဆက်တိုက်ပေါ်ပေါက်လာခဲ့သည်။  အဓိကထောက်ပြကြသည်က လူ့အခွင့် အရေး နှင့် ဂုဏ်သိက္ခာ။

ထိုသတင်းကို ဖေ့စ်ဘွတ်တွင် ထုတ်ဖော်တင်ခဲ့သူကတော့ ယခင် ကာလ ဥပဒေစီရင်ရေးနှင့် တရားဥပဒေစိုးမိုးရေးတွင် အာဏာလွှမ်းခဲ့သည့်အတွက် အရေးယူမှုများ   ပေါ့လျော့ဖုံးဖိခဲ့သည်ကို သိရှိရန်ဟု ဆိုခဲ့သည်။ သို့သော် လတ်တ လောရပ်တည်နေကြသူများ၏ ဂုဏ်သိက္ခာအတွက် ခုတ်ရာတခြား ရှရာတခြား ဖြစ်ခဲ့ သည်ဟု ဝေဖန်မှု များက ပို၍ညံလာခဲ့သည်။ ယင်းတို့အနက် သရုပ်ဆောင်လူမင်းက ထိုသတင်းပေါ်ပေါက်ပြီး မရှေးမနှောင်းတွင်ပင် ၄င်း၏ ဖေ့စ်ဘွတ်စာမျက်နှာမှနေ၍ ငြင်းဆို ကန့်ကွက်ေ ကြာင်းတင်ခဲ့ပြီး စိုးမြတ်သူဇာကလည်း ၄င်း၏သဘောထားကို တင်ခဲ့သည်။ သို့အတွက် အကယ်ဒမီစိုးမြတ်သူဇာနှင့် ဒါရိုက်တာမိုက်တီးတို့၏ ဖေ့စ် ဘွတ်တွင် ဖော်ပြချ က်သဘောထားနှင့်တကွ အနုပညာလောကမှ သဘောထားများကို ဆက်သွယ်မေးမြန်းစုစည်းဖော်ပြလိုက်ပါသည်။

လိုအပ်သလို ညှိနှိုင်းဆောင်ရွက်ပေးဖို့ပြည်ထဲရေးဝန်ကြီးဌာနကို စာတင်ဖို့ လုပ်ဆောင်နေပါတယ်…
လူမင်း(ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ)


”အခု ကျွန်တော်တို့ ထုတ်ပြန်ချက် တစ်ခုကို ထုတ်ထားပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ လိုအပ်သလို ညှိနှိုင်း ဆောင်ရွက်ပေးဖို့ ပြည်ထဲရေးဝန်ကြီး ဌာနကို စာတင်ဖို့ လုပ်ဆောင်နေ ပါ တယ်။ ကျွန်တော် အရင်အင်တာဗျူး မှာ ဖြေခဲ့တာကို အဓိပ္ပာယ်ကောက်လွဲ မှားခဲ့ကြပါတယ်။ ကျွန်တော် ဖြေတာ ဒီ ထဲက စာရင်းပါတဲ့ လူတွေကို ခေါ်ေ တွ့ တာမဟုတ်ပါဘူး။ ခေါ်တွေ့စရာ အ ကြောင်းလည်း မရှိပါဘူး။ ကျွန်တော် ဆိုလိုတာက ဒီ Facebook ထဲက ပါ တဲ့အကြောင်းအရာသည် မှန်ခြင်း မမှန် ခြင်းကို
စုံစမ်းသွားမှာပါ။ ဒါကို ပြောတာ ပါ”

အထူးလျှို့ဝှက်ဆိုတဲ့ ဖိုင်တွေတောင် ပေါက်ကြားကုန်မှတော့ …
ဇာဂနာ(ဦးသူရ)


”အခုFacebook စာမျက်နှာ တွေပေါ်မှာ မူးယစ်စစ်ကြောရေးစခန်း က စစ်ချက်နဲ့ ထွက်ချက်တွေ ပေါ်ထွက် လာတာတွေ့ရပါတယ်။ ဘရက်ဒ်လေ မန်းနင်း တောင်အဲ ဒီလောက် မစွမ်းသ လို ဝီကီလိခ်လည်း အဲသလို မတတ်နိုင် ခဲ့ပါဘူး။ ဖြစ်ရပ်ကတော့ အထူးလျှို့ ဝှက်ဖို့ ခေါင်းစဉ်တပ်ထားတဲ့ စစ်ကြော ထွက်ဆိုချက်တွေ ပေါက်ကြား တာပါ။ ကာယကံရှင်တွေ နစ်နာတာထက် မြန် မာနိုင်ငံ ရဲတပ်ဖွဲ့ရဲ့ စီမံမှုညံ့ ဖျင်းတာက ပိုဆိုးတာပါ။ အခုလဝက ဝန်ကြီးဟာ အဲဒီတုန်းက ရဲချုပ်ပါ။ တာဝန်အရှိဆုံး ပါ။
ဖြေရှင်းပေးသင့်ပါတယ်။ အထူး လျှို့ဝှက်ဆိုတဲ့ ဖိုင်တွေတောင် ပေါက် ကြားကုန်မှတော့ လဝကက ကောက်ယူ မယ့်သန်းခေါင်စာရင်းထဲက အချက် ပေါင်း ၄၂ ချက် မပေါက်ကြား စေရပါ ဘူးလို့ အာမခံထားတာ ကျွန်တော်တို့ လုံးဝ မယုံကြည်နိုင်တော့ပါဘူး။ နိုင်ငံသားတိုင်းရဲ့ လုံခြုံမှုအတွက် ပြည်သူ့ရဲ မှာ တာဝန်အရှိဆုံးပါ။ ဖိုင်လေး တစ်ဖိုင် နှစ်ဖိုင်တောင် မထိန်းသိမ်းနိုင်ဘဲနဲ့ အ မျိုးသားထောက်လှမ်းရေးဖွဲ့ဖို့ လွှတ် တော်မှာ တင်နေတာမျိုးကတော့ ဖင် မနိုင်ဘဲ မန်ကျည်းဖျော်ရည် သောက် ချင်နေသ လိုပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ရော၊ မင်းကိုနိုင်ရော၊ အစစ်ခံ ကြတာပဲ။ နောက်လျှို့ဝှက်ချက်တွေကို ဘယ်လိုလျှို့ဝှက်ကြမှာလဲ ပြောစရာဖြစ် လာတယ်။ လုပ္တဲ့လူကိုေ တာ့ မသိဘူး။ ဒါက ရဲဌာနက မပေါက်ကြားရင် ဘယ် ကပေါက်ကြားမှာလဲ။ ရဲမှာပဲ ရှိတာလေ။ စိုးမြတ်သူဇာဘက်က ကြည့်ရင်လည်း စိတ်ထိခိုက်တယ်။ သနားလည်း သ နား သွားတယ်။ သူတစ်ယောက်တည်း မဟုတ်ဘူး။ ကျန်တဲ့ နဝရတ်တို့ အခြား လူတွေနဲ့လည်း သူတို့ခင်မင်မှုတွေအထိ အခိုက်ဖြစ်နိုင်တယ်။ ဒါကို မစဉ်းစား ကြဘူး။ လူ့အခွင့်အရေးဆို တာရှိတယ် လေ”

လူမှုရေးအရပဲ ကြည့်ကြည့်  ဥပဒေအရပဲကြည့်ကြည့် ဒါမျိုးက ဒီလို ဖေ့စ်ဘွတ်မတင်ဘဲ ဥပဒေအရပဲ ဖြေရှင်းရမယ့်ကိစ္စ …
ဦးအောင်စိုးဦး (တရားလွှတ်တော် ရှေ့နေ)


”အဲ့ဒီဖော်ပြချက်က အစိုးရဌာန တစ်ခုရဲ့ တာဝန်ရှိတဲ့ အရေးကြီးသော အစိုးရဌာနရဲ့ ဆောင်ရွက်ချက်ဖြစ် တယ်။ လျှိုဝှက်ချက်တွေပေါ့။ အဲ့ဒီတော့ အပြင်ကို ပေါက်ကြား တယ်ဆိုရင် ဒါက တာဝန်ရှိတယ်။ နောက်ဒါက လွယ်လွယ် ကူကူယူလို့လည်းမရဘူး။ နောက်တစ်ခု က ဒါဟာ တရားဝင်သလားလို့ မေးရမယ်။ ရဲထွက်ချက်က တရားမဝင် ဘူး။ မှန်ခြင်း မမှန်ခြင်းကို ပြောတာ မဟုတ်ဘူး။ သူ့ရဲ့ မှန်ခြင်း မမှန်ခြင်း မဟုတ်ဘူး။ ရဲရှေ့မှာ ထွက်တဲ့စစ်ချက်က အသုံးမဝင်ဘူး။

 နောက်တစ်ချက်က ၂ဝဝ၈ ခုနှစ် မှာ ဖြစ်တဲ့ကိစ္စ။ အဲ့ဒီအတွက် သက်ဆိုင် ရာက အရေးယူသင့်တဲ့ လူတွေလည်း ယူပြီးပြီလို့ ယူဆရတယ်။ ဒါခု ကိစ္စ မဟုတ်ဘူး။ အဲ့ဒီတော့ ခုမှ ဖော်ပြခြင်း က နံပါတ် ၁ သက်ဆိုင်ရာ တပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာကျဆင်းတယ်။ နံပါတ် ၂ က ကာယကံရှင်တွေရဲ့ဂုဏ်သိက္ခာ ကျဆင်း တယ်။ နောက် ဖေ့စ်ဘွတ် မှာတင်တဲ့သူက တကယ်တမ်း ပြောရမယ်ဆို မတင်သင့် ဘူးပေါ့။ လူမှုရေးအရပဲ ကြည့်ကြည့် ဥပဒေအရပဲကြည့်ကြည့် ဒါမျိုးက ဒီလို ဖေ့စ်ဘွတ်မတင်ဘဲ ဥပဒေအရ ပဲဖြေရှင်း ရမယ့်ကိစ္စ၊ ဒီလိုလုပ်ခြင်းက အဲ့ဒီလိုတင် တဲ့သူမှာလည်း တာဝန်ရှိတယ်။ တင်တဲ့ သူက အကြောင်းမဟုတ်ဘူး။ ကျန်တဲ့ သူတွေက အဲ့ဒါကို Share မလုပ်ဖို့လို တယ်။ Share လုပ်တဲ့သူတွေကလည်း အားပေးတဲ့အထဲမှာ ပါသွားပြီ။ အတွင်း စည်းပေါက်လို့ဖြစ်တာ။ အတွင်းစည်း မပေါက်အောင် ထိန်းရမှာ အဲဒီဌာနရဲ့ တာဝန်ပဲ။”

မိုက်တီး (ဒါရိုက်တာ)

”တိုင်းပြည်အတွက် အရေးကြီးတဲ့ အချိန်မှာ ကြုံတွေ့နေကျ လှည့်ကွက် ဆန်းတစ်ခုပါပဲ။ ပြည်သူ့ဘက်တော် သားတွေနဲ့ ဗိုလ်ချုပ်သားတွေရဲ့ ကြား ဖြစ်လက်စ အမုန်း အတေးတစ်ခုကို အောင်မြင်ကျော်ကြား အနုပညာရှင်များ ရဲ့ ပရိသတ်တွေပါ ရောထွေးပြီး ပဋိပက္ခ ကို ကြီးသထက်ကြီးအောင် ဇာတ်ရှိန် တင်လိုက်တာပါ။ ဝုန်းခနဲ ဒိုင်းခနဲ တစ် မဟုတ်ချင်း ပျံ့နှံ့ပေါက်ကွဲသွားလောက် အောင် ကတော့ ဗေထိဆိုတာနဲ့ ဝိုင်းအုံ တတ်ကြတဲ့ လူသားတို့အကြိုက်အပုပ်နံ့ မိုက်မိုက်လေးပါ အပေါ်ကရိုက်ပေးလိုက် မှတော့ ပြီးပြီပေါ့။ ပထမဦးဆုံး အနု ပညာ ညီအစ်ကိုမောင်နှမ အချင်းချင်း စိတ်ဝမ်းကွဲ၊ ပြီးတာနဲ့ ပရိသတ် ပြည်သူ နှစ်ခြမ်းကွဲ၊ ဒီကြားထဲမှာ မူးယစ်မှုလေး ပါ စနက်တံနှ စ်ချောင်းလောက် လက် တွေ့ရှို့လိုက်လို့ကတော့ မီဒီယာတွေ မှာလည်း သတင်းတွေပါ။ နောက်ဆုံး လည်းကျရော ဗိုလ်ချုပ်နှင့် သား အပေါင်းပါများနဲ့ပါ ၅ သင်းပတ်လည် တိုက်ပွဲတွေလည်း နွှဲကြရော လိုရင်းကို လည်းရောက်ရောပေါ့။ အောင်မြင်ချက် ကတော့ လန်ထွက်တယ်ဗျာ။ တစ်ချက် လေးခုတ်ရုံနဲ့တင် နုတ်နုတ်စဉ်းပြီးသား ဖြစ်တာ မတန်ဘူးလားဗျာ။ အဲ ဒါပေမဲ့ လို့ ခုချိန်ထိတိုင်မှာပဲ မှန်းချက်နဲ့ နှမ်း ထွက် မကိုက်လောက်စရာက သူတို့ ကြို မတွက်မိတဲ့ တစ်ချက် အဲဒါက လူမြင်လို့ တောင် မတော်တာဗျာ။ လူမမာကို ကြိုး တုပ်ပြီး ရိုက်တာကိုး။ ဒီပွဲမှာ ကိုင်လှုပ် မယ့်သူက အနုပညာရှင်တွေလေ။ သူတို့ ခမျာ အော်နိုင်စရာကို အကြောင်းမှ မရှိတော့တဲ့ဟာ၊ ဥပမာပြောရင် ကျွန်   တော်တို့ ကျားထိုးတဲ့အခါ တစ်ကောင် တည်း အကျန်သမားကို အကွက်ရွှေ့ စရာမရှိအောင် ပိတ်ထားမိတဲ့အဖြစ်ပေါ့။ အခုပွဲလည်း ခင်ဗျားဘယ်အနိုင်ရတော့ မလဲ၊ ဒါပေမဲ့ သေချာတာတစ်ခုကတော့ အနုပညာရှင်တွေဘက်မှာ ကိုယ့်သတ် မှတ်ချက်နဲ့ ကိုယ် ဒဏ်ရာလေးတွေ ကိုယ်စီတော့ ရခဲ့ကြရပြီပေါ့ဗျာ။ အဲဒီ အတွက် နောင်ကြီး   ကျေနပ်လိုက်ပါ တော့။ နောင်ကြီး မည်သူမည်ဝါဆိုသည် ကို ကျွန်တော်မသိပါ။ မည်သည့် ရည် ရွယ်ချက်ဖြင့် ရေးသည်ကိုလည်း ကျွန် တော်အမှန်မသိနိုင်ပါ။ အကယ်၍ ပွင့် လင်းမြင်သာ အမှန်အတိုင်း သိစေလို သည့် စေတနာဆိုလျှင်လည်း မည်သူ့ အတွက် မည်သို့ အကျိုးရှိမည်၊ မည်မျှ အကျိုးရှိသည်၊ အလဲအထပ်လုပ်ရမည့် အရင်းအနှီး များနှင့် တန်၏မတန်၏၊ ထို အရင်းအနှီးတွေကရော အဲဒီအတိုင်း အတာလောက် နစ်နာရလောက်စရာ တစ်ဖက်သားအပေါ် ယုတ်မာ စော်ကား ပြစ်မှုမြောက်သူများလား၊ တရားဥပဒေ အရတောင် အမှုမမြောက်တော့တဲ့ ဒီ ကိစ္စ အတွက် သင်တစ်ယောက်တည်းရဲ့ ရန်လိုချက်က မဆိုးလွန်းပေဘူးလား သူ ငယ်ချင်း၊ စိတ်လျှော့ပါဘော်ဒါ၊ အဆင့် မြင့်မြင့်တွေးပြီး အမြင်ကျယ်ကျယ်ကြည့် ပါ၊ တို့တွေ လုပ်ရမှာ ဒီအလုပ်မှ မဟုတ် တာ၊ အသုံးချခံ မဖြစ်ပါစေနဲ့ ကိုရင်။ အသေအချာ ထပ်စဉ်းစား၊ ကျုပ်တို့ပြည် သူတွေအကုန်လုံးလိုအပ်ချက် အလုံးစုံနဲ့ ရုန်းကန်နေရတုန်း မဟုတ်ပါလား။ နေ့ စဉ်နဲ့အမျှ စားဝတ်နေရေးအတွက် တောင် အခြိမ်းခြောက်ခံနေကြရသူတွေ ပဲလေ။ ရုပ်ရှင်မင်းသမီးမို့ လွတ်လိမ့်မယ် ထင်လား၊ အပူကိုယ်စီပါပဲ ညီရယ်၊ အကြီးအသေးသာကွာပါလိမ့်မယ်၊ အေး အဲဒီမှာမှ အခု တို့အတွက်…ပိုပြီး နစ်နာ စရာ တစ်ချက်တိုး တာလေးက ညီတော် မကျေလည်တဲ့ အဲဒီအချိန် အဲဒီ အခါကတည်းကကိုပဲ  တို့တွေ အားလုံးဟာ အာဏာပါးကွက်သား တွေရဲ့ ထောင်ချောက်တွင်းသို့ တစ် ယောက်ပြီး တစ်ယောက် ဆွဲချခံခဲ့ရရင်း သူတို့ ကြိုက်သလို ပြုသမျှ နုရတော့မယ့် ပြန်ပေးအဆွဲ ခံထားရတဲ့ နယ်ရုပ် ကလေးတွေ ဖြစ်နေခဲ့ကြရတယ် ဆိုတာ ပါပဲ နောင်ကြီးရေ။

ဤမျှဆိုရင်တော့ စာရွက်ထဲပါသမျှ စာသားများကို သင် သဘောပေါက်ပေးပါတော့၊ ထိုမျှနှင့်ပင် မကျေ လည်သေးပါလျှင်လည်း အားလုံး ကိုယ်စား ကျွန်တော်ဖြေပေးပါဦး မည်၊ ဖြေပေးနိုင်ပါသည်၊ အကြောင်းကတော့ ဘာ နိုင်ငံတော်အလုပ်မှ မလုပ်တဲ့ ကျွန် တော်တစ်ယောက်တည်းသာ သေသေ ချာချာ အဖမ်းခံလိုက်ရလို့သာပါ။  အတွင်း ထဲအရောက် အကုန်ပေါက်ခဲ့ ပါတယ်။ ကျေနပ်နိုင်ပါလိမ့်မယ်။ တ ကယ်တော့ အရှုပ်ထုပ်တွေအတွက် အလုပ်မရှုပ်ကြပါနဲ့၊ တကယ်လုပ်ရမှာ တွေက အုတ်တစ်ချပ်သဲ တစ်ပွင့်တောင် မလုံလောက်ရတဲ့အထဲ ကဲ

Ready; 1,2,3,4

(ဒါရိုက်တာမိုက်တီး၏ Facebook  မှ)

ကျွန်တော်တို့ထက် တတ်သိနားလည်တဲ့ ဆရာတွေ ပါနေတယ်ဆိုတဲ့အတွက် သူတို့ဦးဆောင်မှုနဲ့ပဲ ကျွန်တော်တို့က ဖြေရှင်းသွားမှာပါ . . .

ညိုမင်းလွင်(သရုပ်ဆောင် ဒါရိုက်တာ)


”ကျွန်တော်တို့ထက် စီနီယာကျတဲ့ လူလည်းပါတယ်။ ကျွန်တော်တို့ထက် တတ်သိနားလည်တဲ့ ဆရာတွေပါနေ တယ်ဆိုတဲ့အတွက် သူတို့ဦးဆောင်မှုနဲ့ပဲ ကျွန်တော်တို့ က ဖြေရှင်းသွားမှာပါ။ သူတို့လမ်းညွှန်မှုအတိုင်းပဲ လုပ်ဆောင် သွားမယ်။ ဘာမှမတိုင်ပင်ရသေးတဲ့အ တွက် ကျွန်တော်တစ်ယောက်တည်း သဘောထား မပြောသေး ပါဘူး။”

ဒါက လူမှုရေးဖောက်ပြန်တာလည်း  မဟုတ်ဘူး။ အဲဒီအတွက်အေးဆေးပဲ။ ဒါက ပြီးခဲ့တဲ့ကိစ္စမို့ ဘာမှလုပ်လို့ မရပါဘူး . . .
သားညီ(သရုပ်ဆောင်)


”ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ လူ ကြီးတွေစီမံတဲ့အတိုင်းပဲ လိုက်လုပ်မှာ ပါ။ ကျွန်တော့်အထက်မှာ စီနီယာတွေ အများကြီးပဲ။ လူပဲ မှားမှာပဲလေ ဟုတ် တယ်မလား။ မှားခဲ့ တဲ့အချိန်တွေလည်း ရှိမှာပေါ့။ အဲဒါကို ပြန်လှန်ပြီး ဘာလုပ် မှာလဲ။ အဓိကက ကိုယ်ပဲ။ အခု ကျွန် တော်အေးဆေးပဲ လိမ်လိမ်မာမာပဲနေ တယ်။ အဓိကက ကိုယ့်မိသားစုနဲ့ ကိုယ့် ပတ်ဝန်းကျင်နဲ့ ပြဿနာမဖြစ်ဖို့ပါပဲ။ ဒါကိုဖြေရှင်းဖို့ ကျွန်တော်တော့ ဦးမ ဆောင်ဘူး။ ခေါင်းထဲလည်း ထည့်မထား ဘူး။ ဒီကိစ္စက ဒါကလူမှုရေး ဖောက်ပြန် တာလည်း မဟုတ်ဘူး။ အဲဒီအတွက် အေးဆေးပဲ။ ဒါက ပြီးခဲ့တဲ့ကိစ္စမို့ ဘာမှ လုပ်လို့မရပါဘူး။ လူကြီးတွေ စီမံတဲ့အ တိုင်းပဲ လိုက်လုပ်မယ်။”

ကိုယ်ဟုတ်တယ် မဟုတ်ဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ်က အသိဆုံးပဲလေ။ အစ်မအနေနဲ့ ဘယ်သူတွေဘာပြောပြော
အစ်မ ဘာမှမထိခိုက်ဘူး  . . .

နန္ဒာလှိုင်(သရုပ်ဆောင်)


”ဒီပြဿနာကိစ္စက အဓိက ကိုယ် က အဓိကပဲ။ ကိုယ်ဟုတ်တယ် မဟုတ် ဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ်က အသိဆုံး ပဲလေ။ အစ်မအနေနဲ့ ဘယ်သူတွေ ဘာပြောပြော အစ်မ ဘာမှမထိခိုက်ဘူး။ အဲဒီတော့ ကိုယ်မဟုတ်ရင် ပြီးတာပဲ လေ။ အစ်မဘာမှလည်း ပြောစရာမရှိ ဘူး။ ဒီလိုမျိုးတွေ တက်လာတာလည်း အစ်မ ဒါနဲ့ပတ်သက်ပြီး ဘာမှမဝေ ဖန် ဘူး။ ဘယ်လိုမှမနေဘူး။ အဓိကကတော့ အစ်မကိုယ်တိုင်က အဓိကပဲလေ ဟုတ် တယ်မလား။”

Nobody Perfect  ဆိုပေမယ့် Perfect ဖြစ်တဲ့သူတွေလည်း အများကြီးရှိနိုင်ပါတယ်။ သေချာတာက ကျွန်မဟာ  Perfect  မဟုတ်ဘူးဆိုတာပါပဲ . . .

စိုးမြတ်သူဇာ


”ပရိသတ်များရှင် ဒီရက်ပိုင်းအ တွင်း ဖေ့စ်ဘွတ် စာမျက်နှာပေါ်သို့ ရောက်လာသည့် ကျွန်မနှင့် ပတ်သက် သော အကြောင်းအရာများနှင့် ပတ် သက်ပြီး ကျွန်မ မိသားစု မိတ်ဆွေသူ ငယ်ချင်းများအပါအဝင် ကျွန်မကို သံ ယောဇဉ်ရှိကြတဲ့ ပရိသတ်များ အားလုံး စိတ်အနှောင့်အယှက်များစွာ ဖြစ်ရ သလို ကာယကံရှင် ကျွန်မကိုယ်တိုင် လည်း အတိုင်းအဆမရှိ စိတ်ထဲမှာ ထိခိုက်နာကျင်ရပါတယ်။

Moe Zay Nyein ကိုကျွန်မ မသိပါ။ဘယ်လိုရည်ရွယ်ချက်နဲ့ဒီလိုလုပ် ရပ်ကို လုပ်ခဲ့လဲဆိုတာကိုလည်း ကျွန်မ နားမလည်ပါ။ သူတင်ပြထားတဲ့ အ ကြောင်းအရာများကို မှန်ကန်ပါတယ်လို့ တစ်ဦးတစ်ယောက်ကမှမထောက်ခံထား သလိုလုံးဝအမှန်လို့လည်းမယူဆသင့်ပါ။

အခြေအနေမှန်ကို သေချာမသိ ဘဲ ဝင်ရေးထားတဲ့ Comment  နှစ်ခု လောက်ကို မြင်ရတဲ့အခါ ကျွန်မ တော် တော်ကို စိတ်ပျက်မိပါတယ်။

 အနုပညာရှင်တွေဟာ စည်းကမ်း မရှိ၊ အရှက်အကြောက် မရှိ၊ ဥပဒေ ဘောင်အတွင်း တကယ်နိုင်ငံတော်အစိုး ရက ဒီတိုင်းကြည့်မနေဘဲ ထိထိ ရောက် ရောက် အပြစ်ပေး ခဲ့တာ လူတိုင်းလည်း သိကြပါတယ်။

Nobody Perfect  ဆိုပေမယ့်Perfect ဖြစ်တဲ့သူတွေလည်း အများကြီး ရှိနိုင်ပါတယ်။ သေချာတာက ကျွန်မ ဟာ Perfect မဟုတ်ဘူး ဆိုတာပါပဲ။ ကျွန်မမှာ အား နည်းချက်၊ ချို့ယွင်းချက် တွေ အများကြီးရှိသလို အမှားမရှိ အပြစ်ကင်းတဲ့ လူမျိုးလည်း မဟုတ်ပါ ဘူး။ ကျွန်မ အသက် ၄၂ နှစ်ရှိပါပြီ။ လက်ရှိ မိဘတွေနဲ့အတူတူနေပြီး ကျွန်မ ကျွမ်းကျင်တဲ့ အသက်မွေးဝမ်းကျောင်း ပညာနဲ့ လူ့ပတ်ဝန်းကျင် အသိုင်းအဝိုင်း မှာ ရိုးသားစွာ နေထိုင်ပြီး တင့်တယ် အောင် ရပ်တည်နေပါတယ်။ အခု ကိစ္စ မှာ ကျွန်မကို မရည်ရွယ်လည်း ကျွန်မ ဓာတ်ပုံနဲ့ ခေါင်းစဉ်တပ်အကြောင်းအရာ တွေကိုတော့ ကျွန်မအနေနဲ့ အင်မတန် ခံရခက်ပါတယ်။

 နိုင်ငံရေး နားလည်သည့် အသိ ဥာဏ်မျိုးမရှိတဲ့အတွက် နိုင်ငံရေးကို စိတ်မဝင်စားပေမယ့် ဒီနိုင်ငံသူတစ် ယောက်အနေနဲ့ နိုင်ငံရေးကိုတော့ ကျွန် မစိတ်ဝင်စားပါတယ်။ ပစ္စုပ္ပန်ကာလမှာ ရုပ်ရှင်မင်းသမီးတစ်ယောက် ဖြစ်နေတဲ့ အတွက် ကျွန်မနဲ့ သက်ဆိုင်သော ကိစ္စ များကိုပဲ ကျွန်မစိတ်ဝင်စားပါတယ်။ ကျွန်မအလုပ်ကို လေးလေးစားစား လုပ် ပါတယ်။ ဘယ်သူ့ကိုမှ အနိုင်မယူ၊ ဘယ်သူ့ကိုမှ အရှုံးမပေးWin Win Situation   ကို လက်ခံကျင့်သုံးပါတယ်။ ကျွန်မ  Life ကို Day by day  ဖြတ် သန်း ပါတယ်။ ကျွန်မ ပျော်ပျော်နေတတ် ပေမယ့် ဘယ်တုန်းကမှ ပေါ့ပေါ့မနေခဲ့ ပါဘူး။

 ကျွန်မ Life Perfect  မဖြစ်ပေ မယ့် ဒီနေ့ ဒီအချိန်ထိ ကျွန်မကြောင့် ဘယ်တစ်ဦးတစ်ယောက်ကိုမှ ထိခိုက် နစ်နာအောင်၊ ပျက်စီးဆုံးရှုံးအောင် ဆိုး ရွားတဲ့ အပြစ်မျိုး၊ အမှားမျိုး မလုပ်ခဲ့ တဲ့အတွက် ဒီအသက်အရွယ်ထိ ဒီနေ ရာမှာ ကျွန်မရပ်တည်ခွင့်ရနေတာ လူ တိုင်းအမြင်ပါပဲ။ လိပ်ပြာသန့်တဲ့အတွက် ကျွန်မဘဝက မင်္ဂလာရှိပါတယ်။

 MZN ရဲ့ အမှန်တရားဖော်ထုတ် တဲ့ ကိစ္စက ကျွန်မတင်မက အကြောင်း အရာထဲမှာ နာမည်ပါတဲ့ လုပ်ဖော် ကိုင် ဖက် ကျွန်မရဲ့ အနုပညာရှင် မောင်နှမ တွေကိုပါ အများကြီးထိခိုက်နစ်နာစေပါ တယ်။ မိသားစုတွေ ရှိကြတဲ့အတွက် တစ်ယောက်နဲ့ တစ်ယောက် အပြန်အ လှန်လေးစားတဲ့ ဆက်ဆံရေးကို ပျက်စီး စေပါတယ်။ သံသယေ တွနဲ့ ရင်းနှီးမှုကို ဒုက္ခရောက်စေပါတယ်။

 ဘယ်သူ့အတွက်မှ အကျိုးမရှိ အ များအတွက် နစ်နာဆုံးရှုံးမှုကို ဖြစ်စေတဲ့ လုပ်ဆောင်ချက်တွေဟာ ဘယ်လောက် ပဲ (အမှန်) ဖြစ်နေပါစေ နောက်ဆုံးမှာ (အမှား) ဖြစ်စေပါ တယ်။

ပရိသတ်များရှင် MZN  တင်ပြ ချက်မှာပါတဲ့ ကျွန်မနဲ့ ပတ်သက်တဲ့ ဓာတ်ပုံအပါအဝင် အကြောင်းအရာ အားလုံးကို ကျွန်မလုံးဝ လက်မခံပါ ဘူး။ အစစ်အမှန် ဆိုတာကိုလည်း မယုံ တဲ့အတွက် အသိအမှတ်လည်း မပြုပါ ဘူး။ ကျွန်မအတွက် အချိန်က ဘဝပါ။ ဘဝကို တန်ဖိုးထားသလို အချိန်ကို လည်း ကျွန်မ အရမ်းတန်ဖိုး ထားပါတယ်။

ကျွန်မရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ ကို အကုန်ခံပြီး ဒီလိုပြန်ရှင်းပြရတာ ကျွန်မကိုချစ်တဲ့လေးစားကြတဲ့ ပရိသတ် တွေကို ကျွန်မတန်ဖိုးထား ထားလို့ပါ။ ကျွန်မအတွက် နံပါတ်တစ် ဦးစားပေး အရေးပါတဲ့ လူတွေထဲမှာ ပရိသတ်များ ပါပါတယ်။ ဆက်လျှောက်ဖို့ ကျန်နေ သေးတဲ့ခရီးမှာ ကျွန်မကို လက်တွဲထား မယ့် အဖော်ကောင်းမပါပေမယ့် မိတ် ဆွေကောင်းတွေကိုလက်တွဲပြီး ပရိသတ် ပေးတဲ့ ခွန်အားတွေနဲ့ ကျွန်မ ဆက် လျှောက် ချင်ပါတယ်။

MZN က ကွန်းမန့်တစ်ခုမှာ မကြီးစိုး စဆရလို့ သုံးနှုန်းထားပါတယ်။ စစ်သား သားသမီးဖြစ်လို့ ဒီအသုံးအနှုန်း ကို ကျွန်မနားလည်ပါတယ်။ ဦးMZN ရှင် (ဦးနဲ့ ပတ်သက် လို့ အနည်းငယ် သိထားတဲ့အတွက် ဦးတပ်ပြီး ခေါ်လိုက် တာပါ) ဦးပြောသလို အကြောင်းအရာ တွေ ချန်ထားခဲ့လို့ဆိုပြီး မရှိတဲ့ အကြောင်းအရာတွေအတွက် ကျွန်မ ကတော့ ဘယ်တော့မှ ကျေးဇူးတင်မှာ မဟုတ်ပါဘူးရှင်။ ဒါပေမဲ့ ဦးပြောတဲ့ အသုံးနှုန်းအတိုင်းပြောရရင် ကျွန်မအ တွက် MZN စဆရမှာ မိတ်ဆွေကောင်း တွေ အများကြီး ထပ်ရလိုက်လို့ ဒီ့အတွက် ဦးကို ကျေးဇူးတင်မိပါတယ်။

ဘယ်သူနဲ့မှ ရေရှည်အခြေအတင် မဖြစ်ချင်တာ ကျွန်မဆန္ဒပါ။ လူမှုဆက် ဆံရေးဟာ လူတစ်ယောက်အတွက် အရေးကြီးဆုံး ကဏ္ဍပါ။ လူမှုဆက်ဆံ ရေး မပြေလည်ရင် တခြားဘယ်အရာ မှ အဆင်ပြေမှာ မဟုတ်ပါဘူး။

ကျွန်မနိုင်ငံခြားမှာ နေရတဲ့အချိန် မှာ သိခဲ့တဲ့ ဥပဒေတစ်ခုရှိပါတယ်။ ဘယ်နိုင်ငံမှာပဲ နေနေ၊ နိုင်ငံတိုင်းရဲ့ ဥပ ဒေမှာ တူညီတဲ့ ဥပဒေတစ်ခုတော့ရှိပါ တယ်။ အနုပညာ ရှင်များ(သို့) အောင် မြင်ထင်ရှား လူသိများသူတွေရဲ့ ပုဂ္ဂိုလ် ရေးဆိုင်ရာတွေကို (၁) ကာယကံရှင်ရဲ့ ခွင့်ပြုချက် မရရှိပါက (၂) တရားဥပဒေ အရ အကြောင်းမတိုက်ဆိုင် (သို့) တရား ရုံးမှ ခွင့်ပြုချက် မရရှိပါက (၃) လက်ရှိ အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်ကျူးလွန် နေသူဟု ခိုင်လုံသောသတင်းအထောက် အထားမရှိပါက ဘယ်တော့မှ လူအများ မြင်သာတဲ့ နေရာတွေမှာ  ဖြန့်ဝေနိုင်ခွင့် မရှိဘူးဆိုတာပါပဲ။

ကျွန်မကတော့ ဒီအကြောင်းအရာ နဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ အနေခက် တာမျိုး မဖြစ်စေချင်သလို ဥပဒေနဲ့ စကားပြောရတာမျိုးတွေအထိလည်း အလုပ်တွေ မရှုပ်ချင် ပါ။ အဲဒါကြောင့် ဒါနဲ့ ပတ်သက်ပြီး ပထမဆုံးနဲ့ နောက် ဆုံး ရှင်းပြတာပါ။ နောက်ထပ်ဒါနဲ့ ပတ်သက်တဲ့ ဘာအကြောင်းအရာကိုမှ ကျွန်မ ပြန်ရှင်းပြမှာ မဟုတ်ပါဘူး။ လူ့ အခွင့်အရေးကို တကယ်နားလည် လေး စားမယ်ဆိုရင် စာနာစိတ်နဲ့ ဆက်ဆံ ရေးကို အသုံးပြုကြတာ အကောင်းဆုံး  မဟုတ်ဘူးလား။

ကျွန်မကိုချစ်တဲ့ ပရိသတ်များ၊ ဒီ အကြောင်းအရာနဲ့ ပတ်သက်ပြီး နာမည် ပါတဲ့ အနုပညာ မောင်နှမများရှင် ။ကျွန်မနဲ့ ပတ်သက်ပြီး စိတ်အနှောင့် အယှက်ဖြစ်ခဲ့ကြတဲ့ အတွက် ဒီနေရာ ကနေ ကျွန်မတောင်းပန်ပါတယ်။ ကျွန် မကို နားလည်ပေးကြပါ။ ဒီကိစ္စမှာကျွန်မကို ကူညီဖေးမခဲ့တဲ့ သူများနဲ့ အ ကြံဥာဏ်ပေးခဲ့သူတွေအားလုံးကို အထူး ကျေးဇူးတင်ပါတယ်။

(စိုးမြတ်သူဇာ ဖေ့စ်ဘွတ်မှ)”

Popularmyanmar

Wednesday, November 27, 2013

အလှအပအတွက် မျက်နှာသစ်ဆေးတောင် မသုံးဖြစ်ဘူးလို့ဆိုလာတဲ့ ရွှေမှုန်ရတီ


အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုတွေရရှိနေတဲ့ ရွှေမှုန်ရတီကို သူမရဲ့ အသားအရေထိန်းသိမ်းမှု၊ အလှအပပိုင်းဆိုင်ရာတွေအပြင် ဖက်ရှင်အကြောင်း မေးကြည့်တဲ့အခါ ‘အသားအရေ ထိန်းသိမ်းမှုအပိုင်းနဲ့ပတ်သတ်ပြီး သိပ်မလုပ်ဖြစ်ဘူး။ Body Treatment လောက်ပဲလုပ်ဖြစ်တယ်။ လုပ်ဖြစ်ရင်တော့ Spice Girl ပဲအမြဲသွားဖြစ်တယ်။’လို့ သူမကပြောပါတယ်။ သုံးနေတဲ့ အလှကုန်တွေနဲ့ ပတ်သက်ပြီးတော့ သူမက ‘ ရွှေမှုန်လောလောဆယ် မျက်နှာသစ်ဆေးတောင် မသုံးဘူး။ ဒါပေမဲ့ Dior က ထုတ်တဲ့ မျက်နှာလိမ်းဆေးတစ်မျိုးတော့ လိမ်းဖြစ်တယ်။ လိုးရှင်းကတော့ Victoria Secret သုံးတယ်။ အသားအရေအတွက် အသီးအနှံတွေလဲစားဖြစ်တယ်’တဲ့။ ဖက်ရှင်ပိုင်းကလည်း အနုပညာရှင်တွေအတွက် အရေးပါတာမို့ မေးကြည့်ဖြစ်တဲ့အခါမှာတော့ ‘Free Style ပေါ့။ ဇာတ်ကားထဲမှာကျတော့ ဇာတ်လမ်းရပြီဆိုရင် ဒါရိုက်တာကိုမေးတယ်။ ကိုယ်လှဖို့မလိုဘူး။ ကာရိုက်တာဝင်ဖို့ပဲလိုပါတယ်။’လို့ သူမက ပြောသွားပါတယ်။

Trend Myanmar

Tuesday, November 26, 2013

အကယ်ဒမီဆုရှင် ရုပ်ရှင်မင်းသားနောင်နောင် လူမှုကွန်ရက်တွင်ဆဲဆို



၂၀၁၁ ခုနှစ်တွင် အမျိုးသားဇာတ်ဆောင်ဆု ရရှိခဲ့သော ရုပ်ရှင်မင်းသား နောင်နောင်သည် ၎င်း၏ Face book မှ ...
တဆင့် ဆဲဆိုခဲ့ကြောင်း ၎င်းဖေ့ဘွတ်တွင် တွေ့ရှိရသည်။

“ အကယ်ဒမီရထားတဲ့ အနုပညာသမားအနေနဲ့ ဒါမျိုးလုံးဝ မလုပ်သင့်ဘူးလို့ ထင်တယ်။ ခင်ဗျားရဲ့ နောက်ကွယ်မှာ
ခင်ဗျားကို အစဉ်တစ်စိုက် အားပေးနေတဲ့ ပရိသတ်ရှိ နေတယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့။ ခင်ဗျားကို လေးစား ပါလို့ပဲ ပြောချင်ပါတယ်” ဟု ဖေ့ဘွတ်သုံးစွဲသူ ကိုမိုးလုံးဟိန်းက အကယ်ဒမီ နောင်နောင်၏ Status အောက်တွင် ခပ်ကြမ်းကြမ်း မှတ်ချက်ပြုထားသည်။

ဘယ်သူရိုင်းရိုင်း၊ ကိုယ်ရိုင်းရန်မသင့်လျော်ကြောင်း သူများ အမှားမှ ကိုယ့်အမှားဖြစ်လိမ့်မည်ဟုလည်းကောင်း သည်းခံ နိုင်ရန် ကြိုးစား သင့်ကြောင်း လူမှုကွန်ရက်တွင် ကိုကျော်ဝင်း ထွန်းက ပြောထားသည်။

“နိုင်ငံကျော် အကယ်ဒမီမင်းသားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာကို ငှဲ့ကွက်ပြီး သူငယ်ချင်း၊ မိတ်ဆွေအပေါင်း အသင်းတွေကို ခင်မင် လေးစား သောအားဖြင့် ဒီစာကို အချိန်မှီ ပြန်ဖျက်သင့်တယ်”ဟု ကိုထွန်းစိုးက မှတ်ချက်ပြုထားသည်။

ဖေ့ဘွတ်သုံးစွဲသူအများစုမှာ အကယ်ဒမီနောင်နောင်၏ Status နှင့်ပတ်သက်ပြီး အဟက်ခံရခြင်း ဖြစ်နိုင်ကြောင်း ထင်ကြေးပေးလျက်ရှိသည်။

“အားလုံး ဆိုတဲ့ စကားတစ်ခွန်းကြောင့် ကိုနောင်နောင် ဗုဒ္ဒဘာသာ မြန်မာလူမျိုးဆိုရင် ငရဲဆိုတဲ့ တန်ုပြန်သက်
ရောက်မှုနဲ့ ရင်ဆိုင်ရလိမ့်မယ်။ လူတွေက ကောင်းသတင်း သာ နှုတ်ဆိတ်နေရင်နေမယ် မကောင်းတာ ဆိုရင်တော့
အကိုလဲ သိမှာပါ ကျွန်တော်တို့တင် မဟုတ်ဘူး။ အားလုံး ဆိုတော့ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ အို.......
ပြောရင်းနဲ့ တောင် ကျက်သီးထလာပါတယ်ဗျာ။ တော်ပါပြီ ဒီပို့စ်က အကို ပရိတ်သတ် တစ်ယောက်ရဲ့ နောက်ဆုံး
ပို့စ်လို့ အကို သတ်မှတ်လိုက်ပါ”ဟု အမှတ်တရ အမည်ဖြင့် ဖေ့ဘွတ်သုံးစွဲသူ တစ်ဦးက ပြောဆိုထားသည်။

၎င်း၏ စာတကြောင်းကြောင့် မိဘဂုဏ် အမျိုးဂုဏ်နှင့် မန္တလေး၏ ဂုဏ်သိက္ခာကို မကျစေလိုကြောင်း ယဉ်ကျေး
တဲ့ မန္တလေးသား ဖြစ်စေလို ကြောင်း နောင်နောင်၏ လူမှု ကွန်ရက် မိတ်ဆွေ ဖြစ်သူ ဦးဇော်ဇော်က ဆိုသည်။

ထာဝရအလင်းတန်း ဇာတ်ကားဖြင့် အကယ်ဒမီဆု ရရှိခဲ့သူ နောင်နောင်သည် ၂၀၁၁ ခုနှစ် မြန်မာ့ရုပ်ရှင်
ထူးချွန်ဆု ချီးမြှင့်ပွဲတွင် ရရှိခဲ့ခြင်း ဖြစ်သည်။

မောင်မျိုး - People power

Monday, November 25, 2013

မင်္ဂလာသတင်းနဲ့ အိမ်ထောင်ဖက်အကြောင်းဖွင့်ဟလာတဲ့ သက်မွန်မြင့်


‘အာဒံရယ်၊ ဧဝရယ်၊ ဒသရယ်’ရုပ်ရှင်ဇာတ်ကားနဲ့ အကယ်ဒမီဆုရရှိပြီး ရုပ်ရှင်လောကမှာ မှတ်တိုင်စိုက်ထူခဲ့ သူလည်းဖြစ်သူ အကယ်ဒမီသက်မွန်မြင့်က ၂ဝ၁၄ ခုနှစ်ဆန်း မှာ ချစ်သူကိုစစ်နိုင်နဲ့အတူ မင်္ဂလာပွဲဆင်နွှဲတော့မှာဖြစ် ပါတယ်။ သတို့သမီးက အနုပညာသမားဖြစ်ပြီး သတို့သားက ဗိသုကာပညာရှင်ဖြစ်တာမို့ သက်မွန်မြင့်တို့ချစ်သူနှစ် ဦး တည်ဆောက်မယ့် မိသားစုအိမ်ကလေးကလည်း ပရိသတ်တွေအဖို့ စိတ်ဝင်စားစရာဖြစ်စေမှာ အမှန်ပါပဲ။ စိတ်ချမ်း သာမှုနဲ့ ဘဝတစ်ခုကို တည်ဆောက်ချင်တဲ့ဆန္ဒနဲ့
အိမ်ထောင်ဖက်ရွေးချယ်ဖြစ်ခဲ့ပုံအကြောင်းအပြင် မင်္ဂလာရေးရာ ကိစ္စတွေကို မေးမြန်းဖြစ်ခဲ့ပါတယ်။

မင်္ဂလာကိစ္စစီစဉ်နေ

မင်္ဂလာသတင်းကိုသက်မွန်ကအသိ မပေး ချင်သေးဘူး။ ဒါပေမဲ့ ဟိုလူက တစ်မျိုး ပြော လိုက်၊ ဒီလူက တစ်မျိုးပြောလိုက်။ အဲဒီလို မျိုး အမျိုးမျိုးပြောခံရတာကို သက်မွန်က သဘော မကျဘူး။ သက်မွန်စိတ်ကူးထားတာက အားလုံး သေသချောချာ စီစဉ်ပြင်ဆင်ပြီးမှ ပရိသတ်တွေ ကို အသိပေးချင်တာပါ။ နောက်ပြီး ပရိသတ် တွေထင်လွဲသွား မှာလည်း ဆိုးတယ်။ အဲဒါနဲ့ ကိုယ်က အခုတော့ မင်္ဂလာကိစ္စကို စီစဉ်ဖြစ် နေပြီလို့ ပရိသတ်ကို ပြောပြချင်ပါ တယ်။ ကိုယ်တိုင်ပြောပြလို့ ပရိသတ် သိတယ် ဆိုတာမျိုးပဲ
ဖြစ်စေချင်တယ်။

အချစ်နဲ့အိမ်ထောင်တစ် ခုကိုတည်ဆောက်

အဓိက က တော့ အချစ်ပါ ပဲ။ ကိုယ်မချစ် ဘဲနဲ့လည်း အိမ်ထောင် တစ်ခုကိုတည် ဆောက်လို့ မရ ဘူးလို့  သက်မွန် ခံယူတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူစိမ်းလူတစ်ေ ယာက်ကို နားလည်ပေးနိုင်ဖို့၊ ခွင့်လွတ်ပေးနိုင်ဖို့ဆို တာက ကိုယ်ကချစ်မှလည်း ဖြစ်လာမှာလေ။ ယုံကြည်မှုတွေ၊ သည်းခံမှုတွေဆိုတာလည်း ချစ်မှ နားလည်မှုတွေရှိနိုင် မယ်လို့ ယုံကြည် တယ်။ မိန်းကလေးတစ် ယောက်ဖြစ်တဲ့အတွက် ကိုယ်ရွေးချယ်တဲ့ ယောက်ျားတစ် ယောက်က အိမ်ထောင်တစ်ခုကို ဦးစီးနိုင်တဲ့အရည်အချင်း ရှိဖို့လည်း လိုတယ်လို့ တွေးတယ်။ ချစ်ပြီးမှ ဒါတွေကို စဉ်းစားပြီး ရွေးချယ်ဖြစ်တယ်။

ချစ်သူသက်တမ်း

ချစ်သူသက်တမ်းက နှစ်နှစ်ရှိ ပြီ။ ကိုယ် က ကံကောင်းတယ်လို့ပဲ ပြောရမှာပေါ့နော်။ ကိုယ့်အပေါ်မှာ သူက တကယ်လည်းချစ်တယ်။ နားလည်ပေးနိုင်တယ်။ သည်းခံေ ပးနိုင် တယ်။ ကိုယ်နဲ့ကအသက်ကသိပ်မကွာဘူး။ ဒါပေမဲ့ သူ့ရဲ့အတွေးအခေါ်ကရင့်ကျက်တယ်။ ကိုယ့်ထက်လည်းတွေးခေါ်နိုင်တယ်။ယောက်ျားလေးတစ်ယောက် အနေ နဲ့ အရည် အချင်းရှိတယ်။ ကိုယ့်ပေါ်မှာလည်း ညီမ တစ်ယောက်လိုမျိုး ညှာတာတယ်။ သူငယ် ချင်းတစ်ယောက်လိုမျိုးလည်းပေါင်းလို့ရတယ်။ တိုင်ပင်လို့ရတယ်။ ဘာပဲဖြစ်ြ ဖစ် ကံ ကောင်းတယ်လို့ ပြောရမှာပေါ့။တကယ် တမ်းဆိုသူက တအား သဝန်တိုတတ်တဲ့သူ။ ဒါပေမဲ့ ကိုယ် က မင်းသမီး တစ် ယောက် ဖြစ်တဲ့ အတွက် သူ့စိတ်ကို အကုန် လုံးလိုက်ပြီးတော့ လျှော့ပေးတယ်။ နားလည်ပေးနိုင်တယ်။ ကိုယ် ကို့ တန်ဖိုးထားတယ်။ နောက်ပြီးနှစ် ယောက် စလုံးက အတွေးအခေါ်ချင်းနီးစပ်တယ်။ ဘဝ ကို ဖြတ် သန်းချင်တဲ့ ပုံစံချင်းလည်း တူတယ် ဆိုတာ့လက်တွဲရတာစိတ်ချမ်းသာတယ်။ ကိုယ် က ဆယ်ကျော်သက်လည်း မဟုတ်တဲ့ အခါကျ တော့ ချစ်တာကတော့ အရင် ချစ်တယ်။ ချစ်တဲ့နောက်ပိုင်းမှာ ကိုယ်သူ့ကို လက်တွဲနိုင် မလားဆိုပြီး ဦးနှောက်က ပါလာတယ်။ ကိုယ့် ကိုလည်း နားလည်ပေးနိုင်တော့ လက်တွဲဖို့ကို ဆုံးဖြတ်ချက်ချလို့ရသွားတယ်။ သက်မွန်အိမ် ထောင်ပြုပြီးသွားရင်လည်း သူက ကိုယ် ဝါသနာပါတဲ့ အနုပညာအလုပ်ကို ဘယ်အချိန် ထိ ဖြစ်ဖြစ်ပေးလုပ်ပါတယ်။ ဒါပေမဲ့ မလုပ် ချင်တော့ဘူးဆိုရင်လည်း ကိုယ့်သဘောပဲ။ သူ့ ဘက်ကတော့ တစ်ဖက် လူရဲ့ ဆန္ဒကို တား ချင်တဲ့ စိတ်မရှိဘူး။ ဘာလုပ်ချင်လဲ။ ကိုယ်လုပ် ချင်တဲ့ အပေါ်မှာ သူဖြည့်ဆည်းပံ့ပိုးပေး မယ်ဆိုတဲ့ စိတ်ပဲ သူ့မှာရှိပါတယ်။

မင်္ဂလာပွဲအစီအစဉ်

၂ဝ၁၄ခုနှစ်ထဲမှာတော့ မင်္ဂလာ ကိစ္စကို မှန်းထားတယ်။ ဒါပေမဲ့ နည်းနည်းကပ်သွား တော့လိုက်ပြီးစီစဉ်နေရတာတွေရှိနေတယ်။ အနီးကပ်ရင်တော့ပရိသတ်တွေကို အသိ ပေးမှာပါ။စီစဉ်လို့အဆင် ပြေရင် တော့ဖြစ်သွားမှာပေါ့။ ၂ဝ၁၄ ထဲမှာပဲ စီစဉ်ဖြစ်မှာပါ။

စိတ်ချမ်းသာမှုနဲ့အတူ  ဘဝတစ်ခု  တည်ဆောက်ချင်

အရပ်အမောင်း အနေနဲ့ လိုက်ဖက်မှု ရှိတယ်လို့ ပြောကြပါ တယ်။ အဓိကက တော့ စိတ်ပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် ရုပ်ပိုင်းဆိုင်ရာ အဆင်ပြေ တယ်ဆိုရင် တောင်မှ စိတ် ချင်းအဆင် မပြေရင်မဖြစ်ဘူးလေ။ ကိုယ့် အနေနဲ့ စိတ်မချမ်းသာတဲ့ အလုပ်မျိုးမလုပ်ချင်ဘူး ။ဘာဖြစ်လို့လဲဆိုတော့ အနု ပညာသမားတစ်ယောက်ဖြစ် တဲ့ အတွက် ခံစား လွယ်တယ်။ စိတ်ရော၊ လူရော ဒီအလုပ်ကို လုပ်ရတဲ့အချိန်မှာတအားပင်ပန်း နေပြီဆိုတော့ဘဝတစ်ခုတည် ဆောက်တဲ့အခါမှာ စိတ်ချမ်းချမ်း သာသာလေးပဲ နေချင်တော့ တယ်။

အိမ်ထောင်ဖက်ကို ရွေးချယ်

သူကအိမ်တွေဒီဇိုင်းဆွဲတဲ့ ဗိသုကာ၊ အိမ်ဆောက်တဲ့ အင်ဂျင်နီယာ တစ် ယောက်ပါ။ သက်မွန်တို့အိမ်ဆောက် မယ်ဆိုတော့ သူ့ဆီမှာအိမ်ဒီဇိုင်းတွေ သွား အပ်ရင်း နဲ့စပြီး တွေ့သွားတာပါ။ အစက တော့တအားခင်ဖြစ်တယ်။သူ့ကို အဖြေ ပေးဖို့စဉ်းစားတုန်းကအကြာကြီး တော့ မဟုတ်ပါဘူး။ သူပရိုပို့စ်လုပ် တော့ကိုယ်လည်း သူ့ကိုမြင် တဲ့ အချိန် ကတည်းကစိတ်ဝင်စားတယ်။  နှစ် ယောက်စလုံးက ကိုယ့်ဘဝကို ကိုယ် တည်ဆောက်ပြီး ရုန်းကန်လာရတဲ့ ဘဝသမားတွေဖြစ်တဲ့အတွက် တစ် ယောက်ကို
တစ်ယောက်နားလည်မှုတွေလည်း အများကြီးရှိပါတယ်။

Popularmyanmar

Friday, November 22, 2013

သက်မွန်မြင့် ကား accident ဖြစ်ကာ ဆေးရုံတက်နေရ (မစိုးရိမ်ရ)


မနေ့က အပြန်မှာ ဖြစ်တာပေါ့....တိုက်တာကတော့ မပျင်းပါဘူး ဒါပေမဲ့ လန့်ပြီးတော့...လဲသွားတာ..

Today Myanmar

မလေးရှားနိုင်ငံမှာ ASEAN Explore Quest Malaysia Winner 2013 ဆုရခဲ့တဲ့ လှအဉ္ဇလီတင့်


သရုပ်ဆောင် လှအဉ္ဇလီတင့်

သရုပ်ဆောင် လှအဉ္ဇလီတင့်ဟာ မလေးရှားနိုင်ငံ၊ ခရီးသွားလုပ်ငန်းဝန်ကြီးဌာန ကိုယ်စားပြု အဖွဲ့အစည်းတခုဖြစ်တဲ့ Tourism Malaysia ရဲ့ ဖိတ်ခေါ်မှုအရ နိုဝင်ဘာ ၁၁ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ တပတ်ကြာသွားရောက်ခဲ့ပြီး ASEAN Explore Quest Malaysia 2013 ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ အဆိုပါဆုကို ရရှိခဲ့ပါတယ်။ ဒီပွဲအတွေ့အကြုံကို လှအဥလှအဉ္ဇလီတင့်က ဧရာဝတီကို အခုလိုပြောပြပါတယ်။

“ဒီပွဲကိုသွားပြိုင်ဖြစ်ခဲ့တာက ချောရဲ့  Mail ထဲကို Tourism Malaysia က ဖိတ်ခေါ်စာတစောင် ရောက်လာတယ်။ နောက်ပြီး Traveller ဂျာနယ်ကလည်း ဆက်သွယ်လာပြီး ချောလိုက်နိုင်လားဆိုပြီး ပြောလာတယ်။ ဒီပွဲအကြောင်းကို လေ့လာကြည့်ခိုင်းတယ်။ Malaysia Airline ကလည်း ချောကိုဆက်သွယ်တယ်။ ချောရဲ့ Mail ထဲကို တိုက်ရိုက်ပို့တယ်။ လိုက်နိုင်သလား၊ ဒီပွဲမှာ ပါဝင်ဆင်နွှဲနိုင်မလားမေးတယ်။ ချောကလည်း စူးစမ်းလေ့လာချင်စိတ်က အမြဲရှိတယ်လေ။ ဒီပွဲက ဘယ်လိုဆိုတာကို မသိသေးဘဲ လိုက်မယ်လို့ဟြေလိုက်တယ်” လို့ ဆိုပါတယ်။

ဆက်လက်ပြီး ပြင်ဆင်မှုနဲ့ ပတ်သက်လို့ လှအဉ္ဇလီတင့်က “မသွားခင်အချိန်ကတော့ ငါးရက်လောက်ပဲရတယ်။ မသွားခင်မှာ ဒီပွဲရဲ့ခေါင်းစဉ်ကို သူတို့က ပို့ပေးထားတယ်။ သူတို့ရဲ့ အစီအစဉ်တွေကိုလည်း မိတ္တူဆွဲပြီး လေ့လာခဲ့တယ်။ လေ့လာတဲ့အခါမှာ သူတို့လုပ်တဲ့ပွဲက တော်တော်ကြီးကြီးကျယ်ကျယ် လုပ်တဲ့ပွဲ ဖြစ်နေတယ်၊ အာဆီယံနိုင်ငံ ၁၀ နိုင်ငံ အပါအ၀င် စုစုပေါင်းနိုင်ငံ ၁၂ နိုင်ငံက ပါဝင်ယှဉ်ပြိုင်ကြပြီး သူတို့ဖိတ်တာက နိုင်ငံတနိုင်ငံကို Tourism Owner ရယ်၊ မီဒီယာရယ်၊ TV Station ရယ် ဖိတ်တယ်။ တချို့နိုင်ငံတွေကဆိုရင် မင်းသားနဲ့မင်းသမီး အတွဲလိုက် လာကြတယ်။ ရည်ရွယ်ချက်က ကိုယ့်နိုင်ငံမှာ ဒီပွဲကြီးရဲ့ အတွေ့အကြုံနဲ့ ခံစားမှုတွေကို ပြန်ပြီးဖြန့်ဝေပေးနိုင်ဖို့နဲ့  တခြားနိုင်ငံတွေနဲ့ ချစ်ကြည်ရေး၊ စီးပွားရေးအရ ရင်းနှီးအောင်လုပ်တဲ့ပွဲ ဖြစ်ပါတယ်” လို့ လှအဉ္ဇလီတင့်က ဧရာဝတီကို ပြန်ဟြေပါတယ်။

ဒီပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ သူမနဲ့အတူ Marvellous Toursim မှ ကိုယ်စားလှယ်တဦး၊ MRTV 4 ရိုက်ကူးရေးအဖွဲ့တို့ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒီပြိုင်ပွဲအတွက် လှအဉ္ဇလီတင့် မလေးရှားမှာ ရောက်နေတဲ့အချိန် ညစာစားပွဲတိုင်းမှာ မြန်မာဝတ်စုံများကိုသာ ၀တ်ခဲ့ပြီး ဒါဟာ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိန်းလိုခြင်းကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီပွဲနဲ့ပတ်သက်တဲ့ ကြိုတင်ပြင်ဆင် လေ့လာမှုတွေနဲ့ ပတ်သက်ပြီးပြောပြရာမှာတော့ “တတ်နိုင်သမျှ ကြိုးစားမယ်လို့ စဉ်းစားဆုံးဖြတ်ပြီး ပါဝင်ယှဉ်ပြိုင်မယ့် ၁၂ နိုင်ငံရဲ့ ယဉ်ကျေးမှုတွေနဲ့ နှုတ်ဆက်စကားတွေကို ဟြေနိုင်အောင် တတ်နိုင်သလောက် လေ့လာတယ်။ အိုဘားမား မြန်မာနိုင်ငံကို လာတုန်းက ကိုယ့်မြန်မာစကားလေး “မင်္ဂလာပါ” လို့ တခွန်းတည်း ဟြေတာနဲ့တင် ချော Heart ထိသွားတယ်။ ဒါကြောင့် သူတို့နိုင်ငံရဲ့ နှုတ်ဆက်စကားလေးတွေကို သူတို့ အံ့သြသွားအောင် လေ့လာခဲ့တယ်” လို့ ဆိုပါတယ်။

ဆက်လက်ပြီး ပွဲကာလတလျှောက် အတွေ့အကြုံတွေကို ပြောဆိုရာမှာ “မလေးရှားကို ရောက်ရောက်ချင်း ချောတို့ကို နိုင်ငံရဲ့သံတမန်တွေလိုမျိုး ဆက်ဆံတယ်။  လိုလေသေးမရှိအောင် ထားတယ်။ ပြိုင်ပွဲတွေက တနေ့ကို လေးခုလောက် ရှိတယ်။ ပြိုင်ပွဲတိုင်းကို ၀င်ပါချင်လည်းရသလို၊ မပါချင်လည်းရတယ်။ စာလုံးဆက် ကစားတဲ့ Anagram ပြိုင်ပွဲမှာတော့ ချော အားနည်းခဲ့တယ်။ ကျန်တဲ့ပြိုင်ပွဲတွေကိုတော့ ကြိုးကြိုးစားစားနဲ့ ပါဝင်ခဲ့တယ်။ အနိုင်ရအောင် လုပ်ခဲ့တယ်။ အဖွဲ့တွေခွဲပြီး ပြိုင်ကြတော့ ချော ခေါင်းဆောင်လုပ်ခဲ့တယ်။ ဒီပွဲရဲ့ အဓိက ရည်ရွယ်ချက်က သူတို့နိုင်ငံရဲ့သဘာဝ၊ ယဉ်ကျေးမှုစသဖြင့် အကုန်လုံးကို အချိန် ၇ ရက် အတွင်းမှာ ပြခဲ့တာ။ ၁၂ နိုင်ငံက လာတဲ့သူတွေက ကိုယ့်နိုင်ငံ ပြန်တဲ့အခါမှာ ပြန်ဟြေပြနိုင်အောင်ပေါ့” လို့ ဆိုပါတယ်။

ဆက်လက်ပြီး “ပြိုင်ပွဲတွေကို ကြိုမဟြေထားဘူး။ ရောက်တဲ့နေရာမှာ ပြိုင်ခိုင်းချင်တဲ့အတိုင်း ပြိုင်ခိုင်းတာ။ မြှားပစ်ခိုင်းတယ်။ ပီဇာတက္ကသိုလ်မှာ သင်တန်းတက်ပြီး ပီဇာဖုတ်ခိုင်းတယ်။ ပန်းချီ ချက်ချင်းဆွဲခိုင်းတယ်။ ရဲဝတ်စုံဝတ်ပြီး ရဲသင်တန်း တက်ခိုင်းတယ်၊ အသံအကျယ်ကြီး အော်ခိုင်းတယ်၊ တကယ့် ရဲဝန်ထမ်း အစစ်တယောက်လို လုပ်ခဲ့ရတယ်။ စာပို့သမားလည်း လုပ်ခဲ့တယ်။ တကယ့်လူတွေရဲ့ ဘ၀တွေအတိုင်း လုပ်ခဲ့ရတယ်။ တခြားနိုင်ငံက ပြိုင်ပွဲဝင်တွေ ထိုင်နေပေမယ့် ချော ကတော့ တကယ်ကို ပါဝင်လှုပ်ရှားကစားခဲ့တယ်။ နောက်ဆုံး အမှိုက်ပုံး နံနံစော်စော်ထဲကို မွှေပြီး ပစ္စည်းရှာတဲ့ ကစားနည်းပြိုင်ပွဲကို ကစားခဲ့တယ်။  အဲဒီပြိုင်ပွဲတွေကနေ ခံစားချက်တွေ အတွေ့အကြုံတွေအများကြီး ရခဲ့တယ်” လို့ လှအဉ္ဇလီတင့်က ဆိုပါတယ်။

ဒီ ASEAN Explore Quest Malaysia Winner 2013 ဆုအနေနဲ့ မလေးရှားနိုင်ငံမှာ စားရိတ်ငြိမ်း ၃  ရက် နေထိုင်သွားလာ စားသောက်ခွင့်ရမှာဖြစ်ပြီး ဆုရတဲ့ရက်ကနေ ၄ အတွင်း ခံစားခွင့်ရှိတယ်လို့ သိရပါတယ်။ ဒီပြိုင်ပွဲစဉ်တွေကို Youtube မှာလည်း ကြည့်ရှုနိုင်ကြောင်း သိရပါတယ်။

ဧရာဝတီ

နန်းခင်ဇေယျာရဲ့ အိုက်တင် အပေါ် ခန့်စည်သူရဲ့ သုံးသပ်ချက်



ခန့်စည်သူက “အက်တိုးပစ် အပျိုစင်” ဆိုတဲ့ ဇာတ်ကား ကို နန်းခင်ဇေ ယျာ၊ ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင် တို့နဲ့ ရိုက်ကူးနေပါတယ်။ ဇာတ်ကားမှာ နန်းခင်ဇေယျာ ကို တစ် ဆင်းန် ချင်းစီ စိတ်ရှည်ရှည်နဲ့ ရိုက် ကူးနေသလို ဒီဇာတ်က မင်းသမီး ဇာတ် လည်း ဖြစ်တာကြောင့် ရိုက်ကူးမှုနဲ့ ပတ်သက်ပြီး မေးကြည့်ဖြစ်တော့..

“ဒီဇာတ်ကို တအားကြိုက်ခဲ့တာ။ မင်းသား ဇာတ်မှ၊ မင်းသမီး ဇာတ်မှ မဟုတ်ဘူး။ ပရိသတ် အတွက် တကယ်ကို အမြင်ဆန်း တဲ့ ဇာတ်လေး ဆိုရင်လည်း မင်းသားဇာတ် မ ဟုတ် လည်း ရိုက်မှာပါပဲ။ ရိုက်ရင်း နဲ့တောင် အရင်က ကိုညီအောင်ရယ်၊ မခိုင် ကြီးရယ် တို့နဲ့ ရိုက်ခဲ့တုန်းက အချိန်ကို သတိရမိတယ်။ ကိုယ့် အလှည့်တုန်း ကလည်း တစ် ကတ်ချင်း စီကို သေချာ သင်ပေးပြီး စိတ်ရှည်ရှည်နဲ့ ရိုက်ပေး ခဲ့ကြတာလေ။

ဒီလိုပဲ အခု နန်းခင် ဇေယျာ ကလည်း အသစ် ဆိုတော့ ဒီလိုပဲ လက်တွဲခေါ် ရတာပေါ့။ ကိုညီအောင် နဲ့လည်း မဆုံဖြစ်တာ ကြာပြီ။ သူ့ပုံစံ ကလည်း ကိုယ် သရုပ် ဆောင် စလုပ်တဲ့ အချိန်တုန်းက ပုံစံ အတိုင်းပါပဲ။ နန်းခင်ဇေယျာ ကို တစ်ကတ် ချင်းစီ သင်ပေးနေ တာတွေ့ ရတယ်။ ပရိသတ်က ဒီလို ဇာတ်မျိုး လေး ကြိုက်မယ် ထင်ပါတယ်။ အဓိကက သူကြိုးစားဖို့ပဲ လိုပါတယ်။ သူ့ရဲ့စိတ် ကလည်း စိတ်ပျက်သွားတာ မျိုးမဖြစ်ဘဲ ကြိုးစားချင် စိတ် တစ်ခုတည်း နဲ့တင် ချီးကျူးဖို့ ကောင်းပါတယ်” လို့ ပြောပြပါတယ်။

အကယ်ဒမီ လည်း နီးလာပြီ ဖြစ်တဲ့ အတွက် အကယ်ဒမီ ဇာတ်ကားတွေ နဲ့ ပတ် သက် ပြီး ခန့်စည်သူ ကိုမေးကြည့်ဖြစ်ခဲ့တော့ “အကယ်ဒမီရဲ့ သဘော သဘာဝ က ပရိသတ်ရဲ့ အမြင်နဲ့ အနုပညာ သမားအမြင် ကလည်း ကွာတယ်။ ဥပမာ- မင်းသမီး နှစ်ယောက် အပြိုင် ဖြစ်နေပြီ။ နှစ်ယောက် စလုံး ကလည်း အိုက်တင် ကောင်းတယ်၊ အကယ်ဒမီ ရနိုင်တယ်။ တစ်ယောက်က ကနေ့ တအား နာမည်ကြီးတယ်။ နောက်တစ် ယောက် က အဲဒီလောက် မဟုတ်တော့ပေ မယ့် အိုက်တင် ကောင်းတယ်။ အခု တော်တော်များများ ပရိသတ် ကိုမေးရင် လက်ရှိ သူတို့ကြည့် နေတဲ့သူကို ချစ်ပြီး ရစေချင်တယ်။ ဟိုတစ် ယောက်က ညံ့လို့လား ဆိုတော့ မဟုတ်ဘူး။

Generation အဟောင်း ဖြစ်သွားတော့ မကြည့်ဖြစ်တာ။ နောက် ခေါက်ရိုး ကျိုးနေတာက ဒီကား အကယ် မီ ရနိုင်တယ်ဆိုတော့ ဟိုကား မကောင်း လို့ လားမေးတော့ ကောင်းတယ်။ ဒါပေမဲ့ အကယ်ဒမီ ဘောင် မဝင်လို့ လို့ ပြောတယ်။ ဒီလို ကားတွေပဲ ပေးတာ မဟုတ်ဘူးလားတဲ့။ ဘယ်သူ ရနိုင်လဲ ဆိုတော့ ဘောင်ထဲက ပေး မှာလား၊ ဘောင်အပြင် က ပေးမှာ လား” လို့ ပြောပြခဲ့ပါတယ်။

Popular News

Tuesday, November 19, 2013

အဆိုတော် ချမ်းချမ်း ဘုဏ်းသိုက်ရဲ့ ကိုယ်ဝန်လွယ်ထားပြီ


သရုပ်ဆောင်၊အဆိုတော်ချမ်းချမ်း က နိုဝင်ဘာလ ၁၂ရက်နေ့က ‘အချစ် ထက်မက’ ဒီဗီဒီအတွက် စတင် ရိုက်ကူးနေပြီဖြစ်ရာ ‘ကိုယ်သိထားတယ်’ သီချင်းလေးမှာ ဘုဏ်း သိုက်နဲ့အတူ ချမ်းချမ်းက ပါဝင်သရုပ် ဆောင်ထား ပါတယ်။ အိမ်ထောင်ကျပြီးနောက်ပိုင်း မှာလည်း တစ်ယောက်နဲ့တစ်ယောက် ပံ့ပိုးကူညီရင်း အနုပညာအလုပ်တွေကို လုပ်နေတဲ့ဘုဏ်းသိုက်နဲ့ ချမ်းချမ်းတို့မှာ ခုဆိုရင် ရင်သွေးလေးရှိနေပြီ ဖြစ်ကြောင်း သိရတဲ့ အတွက်မေး ကြည့် ဖြစ်တဲ့အခါ

“မိသားစုတစ်ခုမှာ အသိုက် အမြုံလေးတစ် ခုဖြစ်ဖို့အတွက် အချိန် ဆိုတာပေး ရတယ်။ တချို့ကြတော့ လည်း ကြိုးစားပေမယ့် အချိန်တွေ အများကြီးကြာမှ မိသားစုဘဝလေးရ တယ်။ အဲဒီလိုဆိုတော့ အစ်မတို့က တော့ ခုလို ရင်သွေးလေးကို အချိန် အများကြီးမပေးရဘဲနဲ့ရသွားတဲ့အတွက် ဒါဘုရားပေး တဲ့ကံလို့ ထင်ပါ တယ်။ ခုဘယ်နှလရှိပြီ ဆိုတာတော့ သေချာ မပြော တတ်သေးဘူး။ အစ်မကလည်း မမှတ်မိဘူး။ သုံးလကျော် လောက်တော့ ရှိလောက်ပြီ၊ခုလောလောဆယ်တော့ SSC မှာ ပြနေတယ်။ ပြီးတော့ ပင်လုံ ဆေးရုံမှာလည်းပြနေတယ်။ ခုလောေ လာ ဆယ်တော့ ဘယ်တော့လောက်မွေးနိုင် မလဲဆိုတာ confirm မဖြစ်သေး ဘူး။ဘာ ဖြစ်လို့ လဲဆိုတော့ အစ်မကနယ်တွေ အရမ်းသွားနေရတဲ့အခါကျတော့ဘယ် အချိန် မှာဘယ် လိုမွေးမလဲ။ ဘယ်လမှာ မွေးမလဲ။ ဘယ်ဆရာဝန်နဲ့ ဘယ်လိုဖြစ် မယ်ဆိုတာ ရွေးတုန်းပဲ။ နေရာ လည်း အတိအကျမသိသေးဘူး ။ညီအစ်မ လေးယောက် ထဲမှာ ပထမဆုံးအိမ်ထောင် ကျတယ်။ အားလုံး ကတော့ မျှော်လင့် နေကြတယ်။ ဘာလေးဖြစ်မလဲ ပေါ့။ အစ်မအပါအဝင် အားလုံးက လည်း ပျော် နေကြတယ်” လို့ ပြော ပြခဲ့ပါ တယ်။ နိုဝင် ဘာ ၁၆ရက်နေ့မှာ တော့နယ်တန်ဆောင်တိုင် ပွဲတွေမှာသွား ရောက်ဖျော်ဖြေ ဖို့ရှိပြီး နိုဝင်ဘာ၂၄ရက်နေ့မှာ ဘန်ကောက် ကိုသွားဖို့ရှိကြောင်းပြောပါ တယ်။

By Popular Journal

ကို့ကိုလည်းကျေးဇူးတင်ပါတယ်ဆိုခဲ့တဲ့ အကယ်ဒမီမယ်လိုဒီရဲ့ မင်္ဂလာပွဲအစီအစဉ်


၂ဝ၁၁ ခုနှစ်အတွက် ‘ထာဝရ အလင်းတန်းများ’ ရုပ်ရှင်ဇာတ်ကား နဲ့ အမျိုးသမီးဇာတ်ဆောင်ဆုရရှိခဲ့ တဲ့ အကယ်ဒမီမယ်လိုဒီက အကယ် ဒမီစင်မြင့်ထက်မှာ ‘ကို့ကို လည်း ကျေး ဇူးတင်ပါတယ်’ လို့ ဆိုခဲ့တဲ့အတွက် ပရိသတ်များက စိတ်ဝင်တစားရှိခဲ့ ကြပါတယ်။

ရှေ့နှစ် ၂ဝ၁၄ ဖေဖော်ဝါရီလ ထဲ မှာတော့ ပရိသတ်စိတ်ဝင်စားတဲ့ မယ်လိုဒီတစ်ယောက် ချစ်သူနဲ့ မင်္ဂ လာပွဲဆင်နွှဲတော့မှာ ဖြစ်ပါတယ်။ အဲဒီမင်္ဂလာပွဲအစီအစဉ်နဲ့ ပတ် သက်ပြီး မယ်လိုဒီက…

”အစကတော့ မင်္ဂလာဆောင်ကို မတ်လ မှာလုပ်ဖို့စီစဉ်ထားတာ။ အခုတော့ မျိုးမင်္ဂ လာဆောင်ကို ဖေဖော်ဝါရီလထဲမှာပဲ လုပ်ဖြစ် ဖို့များတယ်။ မင်္ဂလာပွဲကိုတော့ ရိုးရိုးပဲ၊ မနက် တစ်ပွဲ၊ ညတစ်ပွဲလုပ်မယ်။ မင်္ဂလာ ဆွမ်းကျွေး မယ်။ လက်မှတ်ထိုးမယ်။ အများကြီးတော့ မလုပ်ဘူး။ ရိုးရိုးလေး ပဲ လုပ်မှာပါ။ အကုန်လုံးကလည်း အလုပ်ရှုပ်နေကြ တာဆိုတော့ လူ လည်း ပင်ပန်းနေတယ်။ စိတ်လည်း ပင်ပန်းရ တယ်လေ။ လက်ထပ်မယ့် သူကတော့ အနု ပညာလောကက မဟုတ်ပါဘူး။ အပြင်က ပါပဲ။ မျိုးရဲ့ငယ်ငယ် တုန်းက အကြောင်း တွေကိုအကုန်သိတဲ့သူငယ်ချင်း ပေါ့” လို့ ပြောပြပါတယ်။

Popular Journal