Showing posts with label အသက် ၁၈ နှစ်ပြည့်မှ ဒါကိုဖတ်ပါ. Show all posts
Showing posts with label အသက် ၁၈ နှစ်ပြည့်မှ ဒါကိုဖတ်ပါ. Show all posts

Tuesday, December 3, 2013

ဦးနှောက်ကို အကြီးဆုံး လိင်အင်္ဂါလို့ ဘာကြောင့် တင်စားတာလဲ...?


Brain - The Largest Sex Organ

ဦးနှောက်ကို အကြီးဆုံး လိင်အင်္ဂါလို့ တင်စား ကြပါတယ်။ ဦးနှောက်က လိင်မှုကိစ္စမှာ ဘယ်လို ကြိုးကိုင် ထားတယ် ဆိုတာ ဖတ်ကြည့် ကြရအောင်လား။

ဦးနှောက်ဟာ လူတွေရဲ့ အမူအကျင့်၊ ခန္ဓာကိုယ်ရဲ့ လုပ်ငန်း ဆောင်တာတွေ အသိတရား တွေကို ထိန်းချုပ် နေတဲ့ ဗဟို ဌာနချုပ် ဖြစ်ပါတယ်။ ဒါတင်မက သေးပါဘူး။ ဦးနှောက်မှာ ရှိတဲ့ သာယာမှု ဖြစ်စေတဲ့ နေရာ (Pleasure center) ရဲ့ကျေးဇူးကြောင့် အတွေ့အကြုံ တစ်ခုဟာ ပျော် ရွှင်ဖွယ် ဟုတ်မဟုတ် လူတွေကို သိရှိစေ ပါတယ်။ ဆန္ဓတွေ၊ ခံစားချက် တွေဟာ ဦးနှောတ်ဆဲလ် တွေထဲက ဓာတု ပစ္စည်းတွေ အချင်းချင်း ပူးပေါင်း ဆောင်ရွက် မှုကြောင့် ဖြစ်ပေါ်လာ ရတာကို သိရှိပြီး ဖြစ်တာ ကြာခဲ့ပါပြီ။

သိပ္ပံနည်းကျ ဆန္ဓဖြစ်စဉ်

လေ့လာမှု တစ်ခုအရ ဓာတ်ပုံထဲက လူတစ်ယောက် ကြည့်ကောင်း၊ မကောင်းကို ဆုံးဖြတ်ဖို့ တစ်စက္ကန့်ရဲ့ လေးပုံ တစ်ပုံသာ ကြာတယ်လို့ သိ ရပါတယ်။ ဒီသတင်း အချက်အလက် တွေကို ခွဲခြမ်း စိတ်ဖြာဖို့ မတူညီတဲ့ ဦးနှောက် အစိတ်အပိုင်း တွေက အလုပ်လုပ် ကြရတာပါ။ ပထ မဦးဆုံး နားလည် နိုင်စွမ်း (Understanding) နဲ့ကိုယ့်ကိုယ်ကို သိနားလည် နိုင်စွမ်း (Self-awareness) ကိုဖြစ်စေတဲ့ ဦးနှောက် အစိတ်အ ပိုင်းတွေ လှုံ့ဆွခံ ရပါတယ်။ အဆင့်မြင့် အလုပ် တွေကို လုပ်ပေးတဲ့ နေရာ တွေကနေ အမြင် စွမ်းအားကို သိရှိစေတဲ့ နေရာကို တချို့ သတင်း အချက်အလက် တွေကို ပိုမိုသိသာ နိုင်စေဖို့ ကြိုတင် တပ်လှန့် ထားပေး နိုင်ပါတယ်။ ဒါက သတင်း အချက်အလက် အပေါ်ကနေ အောက် ကို စီးဆင်းတဲ့ ပုံစံ (Top down) ပါ။ အမြင်အာရုံကို သိစေတဲ့ နေရာနဲ့ စိတ်ခံစားမှုကို ဖြစ်စေတဲ့ နေရာတွေ ကနေလည်း အဆင့်မြင့် လုပ်ငန်း တွေ လုပ်တဲ့ နေရာ တွေဆီကို သတင်း အချက်အလက်တွေ စီးဆင်း နိုင်ပါတယ်။ ဒါက အောက်ကနေ အပေါ်ကို စီးဆင်းတဲ့ ပုံစံ (Bottom up) ပါ။


Brain - The Largest Sex Organ
ဦးနှောက်နှင့် လိင်မှုကိစ္စ

လိင်စိတ် ဖြစ်ပေါ်လာပြီး အထွဋ်အထိပ်ရောက် ပြီးမြောက်ချိန်အထိ ပါဝင် ပတ်သက်နေတဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်း တွေကို သိပ္ပံ ပညာ ရှင်တွေ ရှာဖွေ တွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။ Hippocampus ကမှတ်ဉာဏ်နဲ့ ပတ်သက်ပြီး လုပ်ဆောင် ပေးတဲ့ နေရာ ဖြစ်ပါတယ်။ အရင်က လိင်မှု ကိစ္စ အတွေ့အကြုံ တွေကနေ ဖြစ်ပေါ် လာတဲ့ အမြင်အာရုံ၊ အနံ့ခံ အာရုံတွေကို ပြန်ဆက်စပ် မိတဲ့အခါ hippocampus ကိုလှုံ့ဆွ ပေးတာ ပါ။ ဦးနှောတ်ငယ် (Cerebellum) ကတော့ ကြွက်သား တွေကို ထိန်းချုပ် ထားပြီး လှုပ်ရှားမှု တစ်ခု ချောမွေ့အောင် ထိန်းပေးတဲ့ နေရာ ဖြစ်ပါ တယ်။ Amygdala ကတော့ စိတ်ခံစားမှု တွေကို စုစည်း ထိန်းချုပ် ပေးတဲ့ အစိတ်အပိုင်းပါ။ Anterior insula ဆိုတဲ့ နေရာ ကတော့ မိမိ ကိုယ် ခန္ဓာရဲ့ ပကတိ အခြေအနေကို ပြန်သုံးသပ် ပေးပါတယ်။ Nucleus accumbens နဲ့ Ventral tegmental area နေရာတွေ ကတော့ စိတ် ပျော်ရွှင်မှုနဲ့ ကြည်နူးမှုကို ဖြစ်စေတဲ့ dopamine ကိုထုတ်လွှတ် ပေးတဲ့ နေရာတွေပါ။ Pituitary gland ကတော့ နာကျင်မှုကို သက်သာ စေပြီး ယုံကြည်မှုနဲ့ သံယောဇဉ် တွေကို တိုးပွားစေတဲ့ ဓာတု ပစ္စည်းတွေကို ထုတ်ပေး ပါတယ်။



Brain - The Largest Sex Organ
ကျား/မ ကွာခြားချက်များ

လိင်မှုကိစ္စနဲ့ ပတ်သက်လို့ ကျားနဲ့မ ဦးနှောက်မှာ ကွာခြားချက် မများလှ ပါဘူး။ အမျိုးသားရော အမျိုးသမီး တွေမှာပါ လိင်ကိစ္စ အထွဋ်အထိပ် ရောက် ပြီးမြောက် တဲ့အချိန်မှာ ဘယ်ဘက် မျက်လုံး နောက်ဘက်နဲ့ မျက်လုံး အိမ်အနီး ဦးနှောက် ရှေ့ပိုင်းနေရာ (Orbitofrontal cortex) တွေ အလုပ် မလုပ်ဘဲ ရပ်တန့် သွားပါတယ်။ ဒီလိုအချိန်မှာ ဦးနှောက်ရဲ့ အခြေအနေဟာ ဘိန်းအရှိန်နဲ့ မှိန်းနေတဲ့ လူတစ်ယောက်ရဲ့ ဦးနှောက် အခြေအနေနဲ့ ၉၅ရာခိုင်နှုန်း လောက် တူနေတာကို တွေ့ရပါတယ်။ လိင်ဆက်ဆံ နေချိန် မှာတော့ အမျိုးသမီး များရဲ့ ဦးနှောက်က အနည်း ငယ် ကွာခြားပါတယ်။ အမျိုးသမီး တွေမှာ periaqueductal gray လို့ခေါ်တဲ့ ခြင်ဆီရည်တွေ ပြည့်နေတဲ့ ဦးနှောက်ရဲ့ အခန်းသုံးနဲ့ လေးကို ဆက်ထားတဲ့ ပြွန်ချောင်း ပတ်ဝန်းကျင် နေရာက ဆဲလ်တွေ လှုံ့ဆွခံရပြီး စိတ်လှုပ်ရှား လွန်းရင် ဖြစ်တတ်တဲ့ ထွက်ပြေး မလား၊ ပြန်ခုခံ မလား ဆိုတဲ့ စိတ်အခြေအနေမျိုး ("fight or flight" response) ဖြစ်ပေါ်လာ စေပါတယ်။ ကြောက်ရွံ့မှုနဲ့ စိုးရိမ်မှု တွေကို ကိုင်တွယ် ပေးတဲ့ amyg dala နဲ့ hippocampus တို့ရဲ့ လှုပ်ရှားမှုတွေ လျော့ကျ သွားပါတယ်။ နာကျင်မှု ဝေဒနာနဲ့ ပတ်သက် နေတဲ့ ဦးနှောက် အစိတ်အပိုင်းကို လှုပ်ရှား စေပါတယ်။


Brain - The Largest Sex Organ
သတင်းပြန်ပို့ အာရုံ ကြောစနစ်

ကျောရိုး အာရုံ ကြောမကြီး (spinal cord) နဲ့ဦးနှောက်သို့ သတင်း ပြန်ပို့ပေးတဲ့ အာရုံကြောတွေ မရှိရင်လည်း လိင်ကိစ္စ ပြီးတဲ့ ခံစားချက် (orgasm) ကိုမရရှိ နိုင်ပါဘူး။ အမျိုးသမီး တွေမှာ သားအိမ် (uterus) နဲ့သားအိမ် လည်တံ (cervix)၊ အမျိုးသား တွေမှာ ဆီးကျိတ် (prostate) ကနေ ခံစားမှု အာရုံတွေကို hypogastric nerve ကတဆင့် ပို့ပေးပါတယ်။ Pelvic nerve တွေကတော့ အမျိုးသမီး တွေမှာဆို မွေးလမ်း ကြောင်း (vagina) နဲ့သားအိမ် လည်တံ၊ ကျားမ နှစ်ယောက် စလုံးမှာ စအို အပေါ်ဘက် အစာဟောင်းအိမ် (rectum) ကခံစားမှု အာရုံတွေ ကို ပြန်ပို့ အစီရင်ခံ ပေးတာပါ။ Pudendal nerve ကတော့ အမျိုးသမီး တွေရဲ့ လိင်တံငယ် (clitoris) နဲ့အမျိုးသား များမှာ ကပ္ပာယ်အိပ် (scro tum) နဲ့လိင်တံ (penis) တွေကနေ ခံစားမှု အာရုံတွေကို ပေးပို့ပါတယ်။ Vagus nerve ကတော့ သားအိမ် လည်တံ၊ သားအိမ်နဲ့ မွေးလမ်း ကြောင်း တို့က ခံစားမှု တွေကို ပို့ပေးတာ ဖြစ်ပါတယ်။



 Brain - The Largest Sex Organ
အခြေခံ ဆန္ဓနဲ့ ဒုတိယ တန်းစား ဆန္ဓ (Desire: Primary vs. Secondary)

အခြေခံ ကျတဲ့ ပင်မဆန္ဓတွေ ဆိုတာ ကတော့ မျိုးနွယ်စုတစ်ခု ရှင်သန် နေထိုင်ဖို့ အတွက် မရှိမဖြစ် လိုအပ်တဲ့ အစားအသောက် တပ်မက် ခြင်း၊ မျိုးဆက် ပွားဖို့ လိင်ကိစ္စ တပ်မက်ခြင်းနဲ့ စားဝတ်နေရေး အခြေခံ လိုအပ်ချက် များကို တပ်မက်ခြင်းတို့ ဖြစ်ကြပြီး ဒုတိယ တန်းစား တ ဆင့်ခံ ဆန္ဓတွေ ကတော့ ငွေကြေး၊ အာဏာ၊ ရုပ်မြင်သံကြား၊ ဂိမ်းကစားခြင်း တွေလို ဆန္ဓတွေ ဖြစ်ပါတယ်။ ဆန္ဒတွေ အားလုံးဟာ ဦးနှောက် ကို လှုံ့ဆော်ပုံခြင်း မတူကြပါ။ ပြင်သစ် သုတေသီ များဟာ လိင်စိတ် ကြွစေတဲ့ ပုံရိပ်တွေလို အခြေခံ ကျတဲ့ ပင်မဆန္ဓ တွေက ဦးနှောက်ရဲ့ မျက်လုံး အိမ်နား ဦးနှောက်ရှေ့ပိုင်း (orbitofrontal cortex) ကိုလှုံ့ဆွ ပေးပြီး ငွေကြေး၊ အာဏာစတဲ့ အဓိက မကျတဲ့ တစ်ဆင့်ခံ ဆန္ဓတွေနဲ့ ကွာခြားတာကို လေ့လာ တွေ့ရှိခဲ့ ကြပါတယ်။





Brain - The Largest Sex Organ
ထူးထူးခြားခြား ဝေဒနာများ

လိင်စိတ်ကို ကြိုးကိုင်တဲ့ ဦးနှောက် အစိတ်အပိုင်း တွေနဲ့ ပတ်သက်လို့ ထူးထူးခြားခြား ရောဂါ တွေလည်း ရှိခဲ့ဖူး ပါတယ်။ ၁၉၄၄ ခုနှစ်မှာ Mrs. C. W. ဟာတစ်ညမှာ လိင်ဆက်ဆံ နေသလို ခံစားမှုမျိုးနဲ့ တရေးနိုးလို့ လာပါတယ်။ ပြီးတော့ တက်သွား ပါတယ်။ နောက်ပိုင်းမှာ ဆရာဝန် တွေက ဦးနှောက် သားကို ဖိနေတဲ့ အကျိတ်ကို တွေ့ရှိခဲ့ ကြပါတယ်။ အကျိတ်ကို ထုတ်လိုက် တာနဲ့ သူမ နေပြန်ကောင်း သွားပါ တော့တယ်။ ၁၉၆၉ တုန်းကလည်း လူနာ တစ်ယောက်ဟာ စိတ်ကြည်နူး တာမျိုး ခံစားနေ ရတတ်ပြီး လိင်ဆက်ဆံ ပြီးနောက် တစ်ခါတစ်ရံ တက်တတ် ပါတယ်။ ဆရာဝန် တွေက အတက် ရောဂါလို့ နာမည် တပ်လိုက် ကြပြီး ဆစ်ဖလစ် ရောဂါကြောင့် ဦးနှောက် တစ်နေရာ ပျက်စီးသွား ရတာလို့ ကောက်ချက်ချ ခဲ့ကြပါတယ်။ ၂၀၀၄ မှာတော့ ထိုင်ဝမ် နိုင်ငံသူ တစ်ယောက်ဟာ သွားတိုက်တိုင်း လိင်စိတ် အထွဋ်အထိပ် ရောက်သလို ခံ စားမှုမျိုး ရရှိပြီး သတိလစ် သွားတာမို့ ဆရာဝန် ပြကြည့်တော့ အတက် ရောဂါလို့ နာမည် တပ်ပြီး ဦးနှောက် တစ်နေရာ ချို့ယွင်း သွားလို့ ဖြစ် ရတာ ပါလို့ သတ်မှတ်ခဲ့ ဖူးပါတယ်။ ဦးနှောက်ဟာ သိပ္ပံပညာနဲ့ မဖော်ထုတ်၊ နားမလည် နိုင်သေးတဲ့ လျှို့ဝှက်ချက် တွေနဲ့ ပြည့်နှက် နေတဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်း တစ်ခု ဖြစ်ပြီး လိင်စိတ် ကိုလည်း ကြိုးကိုင် စွမ်းဆောင် နိုင်ကြောင်း လေ့လာ သိရှိနိုင် ကြပါတယ်။

Youth Media Group

Saturday, November 16, 2013

အတုများ ပေါ်လာပြီးနောက် ဂျပန်လူငယ်များ မိန်းမအစစ်ကို အချစ်တော့သဖြင့် မီဒီယာများမှ လူငယ်များကို လိင်မှုကိစ္စကို စိတ်ဝင်စားရန် ဆော်ဩလာ



ဂျပန်တွင် ယခုအခါ အမျိုးသမီးများထက် ကွန်ပျူတာနှင့် အတုအယောင် ဂိမ်းဇာတ်ရုပ်များကို ပိုမိုစွဲလမ်း ချစ်ခင်သည့် အိုတာကူခေါ် အမျိုးသားထုတစ်ရပ် ပေါ်ပေါက်လာခဲ့သည်။

မီးခလုတ်များကို လိုက်ပိတ်ပြီးနောက် အခန်းတံခါးကို ဆွဲပိတ်ကာ သော့ခတ်လိုက်သည်။ ထိုအခန်းကို မည်မျှအချိန်ကြာကြာ ပိတ်ထားရမည် မသိသေး။ ဂျပန်နိုင်ငံ၊ ဟော်ကိုင်ဒိုရှိ ဆေးရုံတစ်ခုမှ သားဖွားဆောင် အခန်းကို ပိတ်ပစ်လိုက်ခြင်း ဖြစ်သည်။ ယင်းသည် ဂျပန်နိုင်ငံတွင် ကလေးမွေးဖွားမှုနှုန်း ကျဆင်းလာခြင်း၏ ပြယုဂ်တစ်ခု ဖြစ်ပြီး ဆန်းကျယ်သော အကြောင်းအရာ တစ်ခု၏ ဂယက်ရိုက်ခတ်မှုဟုလည်း ဆိုနိုင်သည်။ အာရှတိုက်၏ အထင်ကရ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံကြီးတွင် လူငယ်များ ကလေးမွေးဖွားနှုန်း သိသိသာသာ လျော့နည်းလာသည်။ အဘယ်ကြောင့်နည်း။ အဖြေက အမျိုးသားများက အမျိုးသမီး အစစ်များကို စိတ်မဝင်စားတော့၍ ဖြစ်လေသည်။

မိန်းကလေးအစစ်ကို မချစ်တတ်တော့သည့် ဂျပန်လူငယ် အမျိုးသားများ

ဂျပန်နိုင်ငံတွင် (၂၀၆၀)ပြည့်နှစ်၌ လက်ရှိလူဦးရေ၏ (၃)ပုံ(၁)ပုံမျှ လျော့နည်းသွားနိုင်ကြောင်း သုတေသီ များက သတိပေးထားသည်။ အကြောင်းအမျိုးမျိုးကြောင့် ကလေးမွေးဖွားမှုနှုန်း ကျဆင်းလာပြီး ယင်းတို့ အနက် အထူးခြားဆုံးနှင့် အဆီအငေါ် အတည့်ဆုံး ပြဿနာ တစ်ရပ်မှာ လူငယ် အမျိုးသားများက လူငယ် အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှု နည်းပါးသွားခြင်း ဖြစ်သည်။ ဂျပန်တွင် ယခုအခါ အမျိုးသမီးများထက် ကွန်ပျူတာနှင့် အတုအယောင် ဂိမ်းဇာတ်ရုပ်များကို ပိုမိုစွဲလမ်း ချစ်ခင်သည့် အိုတာ ကူခေါ် အမျိုးသားထုတစ်ရပ် ပေါ်ပေါက်လာခဲ့သည်။ ၎င်းတို့သည် လိင်သာယာမှုကို လက်တွေ့ လောက ထက် အတုအယောင် လောကတွင်သာ ရှာဖွေ ပျော်မွေ့နေသူများလည်း ဖြစ်ကြသည်။

ဂျပန်နိုင်ငံတွင် ဂိမ်းနှင့် ကာတွန်းဇာတ်ရုပ် မိန်းကလေးများကို စွဲလမ်းနှစ်သက်မှုသည် တရိပ်ရိပ် တိုးပွားလာ နေသည်။ လူဦးရေ (၃၅)သန်း နေထိုင်သည့် တိုကျိုမြို့တော်ကြီးတွင် အိုတာကူ လူတန်းစားတစ်ရပ် လျင်လျင်မြန်မြန် ကျယ်ပြန့်ဖြစ်တည်လာခဲ့သည်။ တိုကျိုတွင် အေကီဟာဘာရာဆိုသော အရပ်ဒေသ တစ်ခုရှိသည်။ ယင်းကို အိုတာကူတို့၏ နိဗ္ဗာန်ဘုံဟု တင်စားကြသည်။ အသက်(၂၀)ဝန်းကျင် လူငယ်များ သည် ကိုယ်ပိုင် ဖန်တီးထားသည့် စိတ်ကူးယဉ် ကမ္ဘာငယ်များဖြင့် အေကီဟာဘာရာတွင် ပျော်မွေ့နေ ကြသည်။ ယင်းနေရာတွင် Anime ကာတွန်းနှင့် ဂိမ်းအမျိုးမျိုးကို စုံလင်စွာ ရွေးချယ် ဝယ်ယူနိုင်ပြီး ဂိမ်းချစ် သူများ အကြိုက်ဆုံး ဆွဲဆောင်မှုလည်း ဖြစ်နေသည်။ ထို့နောက်ပိုင်းတွင် 3Dနည်းပညာဖြင့် ဖန်တီးထား သည့် အမျိုးသမီးငယ် ပုံရိပ်များသည် လူငယ် အမျိုးသားတို့၏ စိတ်အာရုံကို အဓိက လွှမ်းမိုး ချုပ်ကိုင် သွားတော့သည်။

"ခုချိန်မှာ ဂျပန်က အမျိုးသားလူငယ် တော်တော်များများဟာ လိင်မှုဘဝနဲ့ သွေးသားဆာလောင်မှုမှာ ထုံထိုင်းမှိုင်းဝေပြီး တက်ကြွမှု တော်တော် နည်းသွားပြီ"ဟု ဂျပန် မိသားစု စီမံကိန်းဌာနမှ ကူနီယို ကီတာ မာရာက မှတ်ချက်ပြုခဲ့သည်။ ဂျပန်တွင် ချစ်သူစုံတွဲ အဖြစ်မှ ပြတ်စဲလမ်းခွဲမှုများ သိသာစွာ မြင့်တက် လာသလို (၂၀၁၀)ပြည့်နှစ်က ဂျပန်နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက ကောက်ယူသည့် စစ်တမ်းတွင် အသက်(၁၆)နှစ်မှ (၁၉)နှစ်ကြား အမျိုးသား လူငယ်များ၏ (၃၆)ရာခိုင်နှုန်းသည် လိင်ကိစ္စကို လုံးဝ စိတ်မဝင်စားတော့ကြောင်း တွေ့ရှိလာခဲ့သည်။ ယင်းသည် (၂၀၀၈)ခုနှစ်ကထက် (၂)ဆတိုးလာခြင်းလည်း ဖြစ်သည်။ လက်ရှိတွင် အမျိုးသား လူငယ်များ၏ ချစ်ခြင်းမေတ္တာသည် အတုအယောင် မိန်းကလေးများ အတွက်သာ ဖြစ်တည်နေတော့သည်။

"အိုတာကူ နှစ်ယောက်ကို တွေ့ဖူးတယ်။ သူတို့နှစ်ယောက်လုံးက အတုအယောင် မိန်းကလေးတွေရဲ့ ချစ်သူအဖြစ်ပဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ထားကြတာပါ။ တကယ်တော့ သူတို့ရဲ့ ချစ်သူဆိုတာ Nintendo ဂိမ်းထဲက မိန်းကလေးတွေပါပဲ"ဟု BBCမှ အနီတာ ရာနီက ပြောကြားခဲ့သည်။ Love Plus အမည်ရှိ ကွန်ပျူတာဂိမ်းသည် သေးငယ်ပေါ့ပါးသည့် Tablet ကွန်ပျူတာလေးများတွင် ဆော့ကစားရလေ့ ရှိသော ချစ်သူရည်းစားထားသည့် ဂိမ်းမျိုးဖြစ်သည်။ နူရီကန်နှင့် ယူဂီတို့သည် ရင်ကိုနှင့် နီနီဟု အမည်ပေးထား သည့် ကွန်ပျူတာဂိမ်း ချစ်သူနှစ်ဦးမှလွဲလျှင် မည်သည့် မိန်းကလေးကိုမျှ စိတ်မဝင်စားကြချေ။ ပန်းခြံထဲတွင် ချိန်းတွေ့ရန်၊ ချစ်သူကို မွေးနေ့လက်ဆောင် ကိတ်မုန့်ဝယ်ပေးရန် Love Plusက လမ်းဖွင့်ပေးထားပြီး ယင်းဘဝတွင်ပင် သာယာနေကြသည်။

"ကျွန်တော်တို့ အထက်တန်း ကျောင်းသား ဘဝကတည်းက စိတ်ကူးယဉ်ထားတဲ့ ချစ်သူမျိုးကို ပိုင်ဆိုင် နေပြီလေ"ဟု နူရီကန်က ဂုဏ်ယူစွာ ဆိုသည်။ ၎င်းသည် ဂိမ်းကစားတိုင်း အသက်(၁၅)နှစ်အရွယ် ခံစားချက် မျိုးဖြင့် တက်ကြွနေသော်လည်း လက်တွေ့တွင် အသက်(၃၈)နှစ် ရှိနေပြီ ဖြစ်သည်။ အိမ်ထောင် ပြုရန် စိတ်မဝင်စားဘဲ ၎င်း၏ စိတ်ခံစားချက် အားလုံးကို ဂိမ်းထဲမှ မိန်းကလေး ရင်ကိုထံတွင်သာ နူရီကန်က မြှုပ်နှံပေးထားသည်။ "ကျွန်တော် အချိန်ပေးနိုင်ရင် ပေးနိုင်သလောက် ကျွန်တော့် အချစ်ရေးက တည်မြဲနေမှာပဲလေ"ဟု အသက်(၃၉)နှစ် ရှိပြီဖြစ်သော ယူဂီက ပြောဆိုခဲ့သည်။ ၎င်းက "ဂိမ်းထဲမှာ ကျွန်တော်တို့ တူတူ ကျောင်းသွားကြတယ်။ ကျောင်းဆင်းရင် ဂိတ်ပေါက်မှာ ချိန်းထားပြီး ကျွန်တော်တို့ တူတူ ပြန်လာတယ်။ ဒီဂိမ်းထဲမှာ ကျွန်တော့်အသက်က (၁၇)နှစ်လေ"ဟုလည်း ယူဂီက ဆိုသည်။

၎င်းသည် ဂိမ်းထဲမှ ချစ်သူမိန်းကလေး နီနီနှင့် အပြင်လောကတွင် တွေ့ဆုံရသည်ဟု စိတ်ကူးယဉ် ဖူးကြောင်းလည်း ယူဂီက ဝန်ခံခဲ့သည်။ နူရီကန်နှင့် ယူဂီတို့၏ စွဲလမ်းမှုအရ အိုတာကူ ပြဿနာသည် လူငယ်ပိုင်းတွင်သာမက၊ လူလတ်ပိုင်းသို့ပါ ကူးစက်လာကြောင်း ထင်ရှားလျှက်ရှိသည်။ ဂျပန်နိုင်ငံတွင် စုံတွဲများထံ ကောက်ယူသော စစ်တမ်းအရ ဖိုမဆက်ဆံမှုသည် သိသာစွာ ကျဆင်းလာနေကြောင်းလည်း သတင်းများက ဆိုသည်။ စုံတွဲ အားလုံး၏ (၂၇)ရာခိုင်နှုန်းကသာ ၎င်းတို့အနေဖြင့် အပတ်စဉ် ချစ်တင်း နှီးနှောဖြစ်ကြောင်း ဝန်ခံခဲ့ကြသည်။ လက်ထပ်မှုနှုန်းမှာလည်း ဆုတ်ယုတ်လာနေသလို ကလေးမွေးဖွား မှုနှုန်းလည်း နည်းပါးသွားသည်။ အခြေတကျ လက်မထပ်မီ ကလေးယူမှုသည် (၂)ရာခိုင်နှုန်းအောက်သာ ရှိတော့သည်။

ဂျပန်မီဒီယာ အများအပြားကလည်း လက်ရှိ အခြေအနေကို ဝေဖန် ရေးသားမှုများ ပြုလုပ်နေပြီး ဂျပန် အမျိုးသားများ အနေဖြင့် ပိုမို၍ လူလားမြောက်ပြီး လိင်မှုကိစ္စကို စိတ်ဝင်စားရန် ဆော်ဩလာကြသည်။ ဂျပန် လူမှုရေး သုတေသီ အချို့ကမူ နိုင်ငံ၏ လူဝင်မှု စည်းမျဉ်းများ တင်းကျပ်လွန်းပြီး ကမ္ဘာအရပ်ရပ်နှင့် ထိတွေ့မှု အပိုင်းတွင် အကဲဆတ်လွန်းခြင်းကလည်း ယခုပြဿနာများ၏ တစ်စိတ် တစ်ဒေသဟု သုံးသပ် ထားကြသည်။

From : ..planet

Friday, November 15, 2013

Gay ဇာတ်သွင်းပြီး စော်ကားခဲ့သူ လူယုတ်မာ တစ်ဦးကြောင့် ဘ၀ပျက်ခဲ့ရသော လူငယ်လေး တစ်ယောက်၏ ခံစားချက် (Only Men)




လူ့ဘ၀မှာလည်း
အမှုတွေကပွေ၊ အလုပ်တွေကများ၊ ပြဿနာတွေကလည်း ပုံစံအမျိုးမျိုးနဲ့ မပြီးဆုံးနိုင်တော့ပါဘူး။ လာပြန်ပြီ တစ်ယောက်…။

ဝင်ခွင့်ပြုပါ
ဆရာ...

အော်…
ဟုတ်ကဲ့ ၀င်ခဲ့ပါ ခင်ဗျာ..။ ထိုင်ပါ… ကျနော် ဘာကူညီပေးရမလဲ သိပါရစေ။ ဆေးခန်းထဲ ၀င်လာသူမှာ
အသက် ၂၀ ၀န်းကျင် လူငယ်လေးတစ်ယောက်။ ရုပ်ရည်သန့်သန့် သားသားနားနား လူချောလေး တစ်ယောက်။
ဒါပေမယ့် သူမျက်နှာမှာ စိုးရိမ်စိတ်တွေ ညှိုးငယ် သိမ်ငယ်နေတဲ့ အရိပ်ရောင်တွေတော့ သန်းနေပါတယ်။

သူက
ထိုင်ခုံမှာ ထိုင်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်ပါတယ်…။ ပြီးမှ သူက သူ့ကို အချိန်
နည်းနည်း ပေးပါလို့ တောင်းဆိုပါတယ်….။ ဆေးခန်းကလည်း လူနာ ရှင်းနေတော့ ဆရာဝန်လည်း ခေါင်းညိမ့်ပြီး
သူပြောတာကို နားထောင်ပေးဖို့ အသင့် ပြင်လိုက်ပါတယ်….။

ကျနော်က
ကိုမျိုးပါ ဆရာ။ အခု အသက် ၂၁ နှစ်ပါ။ ရေကြောင်းတက္ကသိုလ် တက်နေပါတယ်။ ကျောင်းပြီးလို့
သင်္ဘောတက်မယ်လုပ်မှ အခုဆေးက မအောင်ဘူး ဆရာရယ် ဘယ်လိုလုပ်ရပါ့မလဲ မသိဘူး။ အိမ်ကိုလည်း
မပြောရဲဘူး ဖြစ်နေတယ်။

သူ့မျက်နှာ
တစ်ခုလုံး ညှိုးကျ သွားပါတယ် …။ မျက်ရည်တွေလည်း မျက်ဝန်းထဲအပြည့်…။ ကျနော်က အရင်ကတည်းက
ဘ၀ဆုံးပြီးသားပါ ဆရာ။ သူပြောတာကို ဆရာဝန် နားမလည်လိုက်ပါ။

ကျနော်က
ဘ၀ပေး ကံမကောင်းခဲ့ဘူး ဆရာ…။ ကျနော်က ယောက်ျားစင်စစ်ကနေ ယောက်ျားချင်း ကြိုက်တဲ့သူ(ဂေး)
ဖြစ်နေတယ်လေ…. ဂေးတွေရဲ့ အကြောင်းတွေကို သိနေပြီးသားဖြစ်တဲ့ ဒေါက်တာ မင်းနိုင် အတွက်တော့
ဘာမှ မမှုတော့ပါ… ခေါင်းညိမ့်ပြီးသာ ဆက်နားထောင် နေခဲ့ပါတယ်။

ကျနော့်တို့
မိသားစုနဲ့ အရမ်း ရင်းနှီးတဲ့ ဦးလေးတစ်ယောက် ရှိပါတယ်။… ဖေ့ဖေ့သူငယ်ချင်းပါ။ သူက ဖေဖေနဲ့
အသက် အတူတူ ပါပဲ။ စီးပွားရေး သမားပါ၊ ဖေဖေတို့နဲ့ အလုပ်အတူတူ လုပ်ကြရင်း မိသားစုနဲ့
အရမ်းကို ရင်းနှီး သွားတာပါ….။ သူက လူပျိုကြီးပါ။ သူက ကျနော်တို့အိမ်ကို အမြဲ ၀င်ထွက်နေကျပါ…၊
အိမ်ကလည်း သူ့ကို အပြင်လူလို့ မသတ်မှတ်ဘူးလေ… ဆွေမျိုးရင်းချာလိုပဲ သဘောထားပါတယ်…။
သူကလည်း ကျနော်တို့ မောင်နှမတွေကို ဦးလေးအရင်းတွေ နီးပါး ကောင်းရှာပါတယ်။ ဒါပေမယ့်
သူမှာ ရှိတဲ့ လူမသိတဲ့ အကျင့်ဆိုးကိုတော့ ကျနော်ကလွဲပြီး ဘယ်သူမှ မသိဘူးလေ။ သူက ကျနော့်ကို
ဂေးဇာတ် သွင်းခဲ့တဲ့သူပါ။

ကျနော့်
၁၀ တန်းအောင်တော့ ဂုဏ်ထူး ၃ ဘာသာ ပါတယ်လေ။ အောင်စာရင်းထွက်တဲ့ နေ့က သူက ကျနော့်ကို
ဆုချမယ်ဆိုပြီး မြို့ထဲက ဒဂုံစင်တာကို ခေါ်သွားပါတယ်…။ MK က Arrow ရှပ်တစ်ထည် ၀ယ်ပေးပါတယ်။.ပြီးတော့
Mr. Guiter မှာ ညစာ လိုက်ကျွေးပါတယ်…။ ပြီးမှ ပြန်ကြမယ်ပေါ့။ သူက သူ့ကားနဲ့ဆိုတော့
အိမ်ကလည်း စိတ်ချတယ်လေ။ အရင်ကလည်း ဒီလိုပဲ သွားနေကျဆိုတော့ ဘာမှ မပြောဘူးလေ။ ကျနော့်ကိုလည်း
အောင်စာရင်း ထွက်တဲ့နေ့ဆိုတော့ အိမ်ကဘာမှ မပြောဘူးလေ။ လျှောက်လည်ချင်လဲ လည်ပါစေပေါ့။
ညစာ စားပြီးတော့ သူက ကျနော့်ကို အိမ်ပြန်မပို့ပေးပဲ သူ့အိမ်ကို ခဏ၀င်ဖို့ ခေါ်ပါတယ်။
အရင်တည်းက သူ့အိမ်ကို သွားနေကြဆိုတော့ ကျနော်လည်း လိုက်သွား ခဲ့ပါတယ်။ သူ့အမေနဲ့က ကျနော်က
မြေးအဖွားလို ဖြစ်နေတာကိုး….။ အဖွားက အသက် ၇၀ ကျော်နေပြီ နားမကောင်းဘူးလေ။ သူ့အိမ်ရောက်တော့
ည ၉ နာရီလောက် ရှိပြီဗျ…။ သူက ကျနော့်ကို ကိုကာကိုလာ တိုက်တယ်…။ ရေငတ်နေတော့ ကျနော့်လည်း
အကုန် သောက်လဲတာပေါ့….။ ပြီးတော့ အရမ်း အိပ်ချင်လာပြီး ဘာမှမသိတော့ဘူး ဆရာ….။

ည
၁၂ နာရီလောက်မှ ကျနော့် မျက်လုံး ပြန်ဖွင့် လာနိုင်တယ်လေ။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့
ကျနော်က သူ့အခန်းထဲမှာ ရောက်နေတယ်လေ…။ ပြီးတော့ ကန်တော့ပါစေရဲ့ ကျနော့် စအိုက စပ်ဖျင်းစပ်ဖျင်းနဲ့
နာနေတယ်လေ….။ မသင်္ကာလို့ စမ်းကြည့်လိုက်တော့ သွေးစတွေပါ ရှိနေတယ်လေ….။ ကျနော် သိလိုက်ပြီလေ….
ဒီလူကြီး ကျနော့်ကို ကိုကာကိုလာထဲမှာ အိပ်ဆေး တည့်ပြီး စော်ကား လိုက်တာလေ….။ ကျနော့်
ဘ၀တစ်ခုလုံး မိုးမှောင် ကျခဲ့တဲ့ နေ့ပေါ့ ဆရာ….။ ကျနော့်မှာ ၁၀ တန်းအောင်လို့ ပျော်လို့တောင်
မ၀သေးပါဘူး…. ငိုချလိုက်ပါတယ်… လောကကြီးကို လုံးဝ စိတ်ကုန်ခဲ့ပါတယ် ဆရာ…..။

သူက
ခဏကြာတော့ အခန်းထဲကိုဝင်လာပြီး မသိသလိုနဲ့ နေပါတယ်…။ ကျနော်လည်း သူ့ကို အရမ်းမုန်းတီးနေတော့
ဘာစကားမှ မပြောချင်ဘူးလေ… ဒါနဲ့ ကျနော် သူ့ကို အိပ်ပြန်ပို့ပေးဖို့ ပြောခဲ့ပါတယ်… သူက
ကြည်ကြည်ဖြူဖြူပဲ ပြန်လိုက်ပို့ ပေးပါတယ်…။

သူပေးခဲ့တဲ့
အင်္ကျီကိုလည်း ကျနော်လုံးဝ မယူခဲ့ပါဘူး။ အဲဒီညက ကျနော် အိမ်ပြန်ရောက်တော့ ကျနော့်ကိုယ်
ကျနော် အဆုံးစီရင်ဖို့ မီးဖိုထဲက ဓားနဲ့ လက်ဖျန်သွေးကြောကို လှီးပါတယ်၊ ဓားကလည်း မပြတ်ဘူးဆရာ….
။ သွေးနည်းနည်းပဲ ထွက်တယ်လေ…. နောက်တော့ ကျနော်လုပ်နေတာကို ဖေဖေ မြင်သွားရော….။ သူတို့က
ထင်တာကတော့ ကျနော်က All D မရလို့ ဒီလိုလုပ်တယ်လို့ ထင်နေကြတယ်လေ။ ကျနော့်ဘ၀ ပျက်ခဲ့တာကို
ဘယ်သူကမှ မသိကြတာလေ ဆရာ……. ကျနော် ဘယ်သူ့ကို သွားတိုင် ပြောရမှာလဲ ဆရာ… ပြီးတော့ အဲလိုထုတ်ပြောဖို့
ကျနော့မှာ လုံးဝ ပြောမထွက် ဘူးလေ….။ အဲဒီလူကြီးကိုလည်း သတ်ချင်နေတယ်….။ အဲဒီရက်ကတော့
တော်တော်လေး သေလုမြောပါး ခံစားခဲ့ရတယ် ဆရာ….။

နောက်
ကျနော် ကျောင်းတက်ခဲ့ပါတယ်…။ ကျောင်းတက်နေတုန်း ဖေဖေက မန္တလေးမှာ ကားအက်ဆီးဒန့်နဲ့ ဆေးရုံတက်လိုက်
ရတယ်လေ… မိသားစုတွေက ဖေဖေ့ကို သွားကြည့် ကြတယ်လေ..။ ကျနော်က စာမေးပွဲရှိလို့ မလိုက်သွားရဘူး။
ဒါကိုမေမေက ကျနော့ကို စိတ်မချလို့ဆိုပြီး အဲဒီဦးလေးကို အိမ်မှာ လာအိပ်ဖို့ ပြောခဲ့တယ်လေ….။
အစကတော့ ကျနော်က မသိခဲ့ပါဘူး…။ ကျောင်းကပြန်လာမှ ဧည့်ခန်းထဲမှာ သူအကြာကြီး နေတာကို
သတိထား မိသွားတာပါ။

တစ်အိမ်လုံးမှာလဲ
ထမင်းချက်ပေးတဲ့ အမကြီးရယ် ကျနော်ရယ် အဲဒီဦးလေးရယ်ပဲ ရှိတာလေ။ သူက ညအထိ မပြန်တော့မှ
သူဒီမှာ ညအိမ်တော့မယ် ဆိုတာကို သိလိုက်ရတာပါ၊ ကျနော့ အတွက်တော့ ငရဲကျနေ သလိုပဲလေ…။
ကျနော်က တံခါးကို လော့ချပြီး စာကျက် နေခဲ့ပါတယ်….။ ည ၁၁ နာရီလောက်မှာ ကျနော် အိပ်ယာဝင်ခဲ့
ပါတယ်…။ ည ၂ နာရီလောက် တရေးလဲနိုးရော အဲဒီဦးလေးကြီးက ကျနော့် အိပ်ယာထဲ ရောက်နေတယ်လေ…..
ပြီးတော့ ကျနော့်ကိုလည်း သူထပ်စော်ကား ထားပြန်တယ်လေ…. ကျနော့်အတွက်တော့ ပြေးလို့ မလွတ်တော့ဘူးလေ။
မေမေက သူ့ကို အိမ်က သော့တွေ အကုန်ပေးခဲ့တာကိုး…။

သူက
ကျနော့ကို တကယ်ချစ်ပါတယ်တဲ့..။ ကျနော့ကိုလည်း မိဘတွေကို မပြောပါနဲ့တဲ့။ အမျိုးမျိုး
ပြောတယ်လေ။ ပြီးတော့ ကျနော့်ကို သူက လက်ထပ်မယ်တောင် ပြောသေးတယ်။ ကျနော်က ဒါမျိုးတွေကို
တစ်ခါမှတောင် မကြားဖူးခဲ့ပါဘူး…။ နောက်တော့သူက ယောင်္ကျားချင်း မဖွယ်မရာ လုပ်နေတဲ့ ပုံတွေနဲ့
ဗွီဒီယိုတွေကို ကျနော့်ကို ပြတယ်လေ….။ သူက ပြောသေးတယ် ဒါက ခေတ်မီတဲ့ နိုင်ငံတွေမှာပဲ
ရှိတာတဲ့။

ကျနော်
အကြိမ်ကြိမ် ငြင်းပါတယ်… ဒါပေမယ့် မရခဲ့ဘူးလေ.. ပိုဆိုးတာက ဖေဖေ့အက်ဆီးဒန့်မှာ အိမ်က
ငွေတော်တော် ကုန်သွားတယ်လေ။ နောက်ဆုံး ကျနော့ ကျောင်းစရိတ်တောင် အိမ်က မတတ်နိုင်တော့ဘူး။
အဲဒီမှာ သူက ကျနော့်ကို နေ့တိုင်းကျောင်းကို သူ့ကားနဲ့ လိုက်ပို့ ပေးတယ်လေ။ အိမ်က မထောက်ပံ့
နိုင်တာကိုလည်း သူက သိနေတယ်လေ…. မေမေတို့နဲ့က လူရင်းတွေ ဖြစ်နေတာကိုး။ သူက ကျနော် ကျောင်းမုန့်ဖိုးလည်း
ပေးတယ်။ လိုတဲ့ စာအုပ်တွေ စာရွက်စာတမ်း တွေကိုလည်း ၀ယ်ပေးတယ်လေ… ဒီလိုနဲ့ ကျနော် ပထမနှစ်
အောင်ခဲ့တာပါ။ ဒုတိယနှစ်မှာ ဖေဖေ ဆုံးသွားပါတယ်။ အရင် ကားအက်ဆီးဒန့် ပြီးတည်းက ဖေဖေ့
ကျန်းမာရေးက မကောင်းပါဘူး၊ ဖေဖေဆုံးတော့ သူကပဲ ကျနော်တို့ မိသားစုကို ထောက်ပံ့ ခဲ့တယ်လေ။
ဒီတော့ သူလိုချင်တာကို ကျနော်က ကိုယ်နဲ့ရင်းပြီး ပေးခဲ့ရတယ်ဆရာ။

ဒီလိုမျိုးတွေကို
အရမ်းမုန်းပေမယ့် မိသားစုကို ထောက်ပံ့နေတဲ့ သူ့အလိုကို ကျနော် လိုက်ခဲ့ ရတယ်လေ။ သူတောင်းဆိုလာတိုင်း
ကျနော် မညင်းသာ ခဲ့ပါဘူး။ သူအိမ်ကိုလည်း သွားဖြစ်တယ်။ သူ့အိမ်မှာက သူ့အတွက် လွတ်လပ်တယ်လေ…..
အဖွားကလည်း အသက်ကြီး နားကလေး ဆိုတော့ သူ့အကြိုက်ပဲလေ။ နောက်ဆုံးတော့ ကျနော့်ကိုယ်ကျနော်
ဂေးအဖြစ် ခံယူလိုက်မိပါတယ်။

ကျနော်
လူပျိုစဖြစ်တည်းက ဒီလိုအဖြစ်မျိုးတွေကို တစ်ခါမှ မတွေးထားမိပါဘူး။ ထင်လည်း မထင်ထား
ခဲ့ဘူးလေ။ ကျနော့်စိတ်ကိုလည်း ကျနော် ပြန်မေးကြည့် မိတယ်လေ။ ငါတကယ် ဒီလို ဂေးဖြစ်သွားပြီလား
ဆိုပြီးတော့. ကျနော် တတိယနှစ်မှာ ရည်းစာထားဖို့ ကြိုးစားပါတယ်။ ကောင်မလေး တစ်ယောက်ကို
လိုက်ခဲ့ပါတယ်။ ၂ လလောက် ကြာတော့ ချစ်သူတွေ ဖြစ်သွား ခဲ့ပါတယ်။ ကျနော် ကျနော့ချစ်သူကို
ချစ်လို့တော့ ရတယ်ဆရာ….။ ဟိုလိုမျိုးတော့ ဘယ်လိုမှ တွေးလို့ကို မရဘူး….။ သူ့ဘက်က အခွင့်ရေးတွေ
ပေးခဲ့တာတောင် ကျနော့် ဘက်က စိတ်လုံးဝ မလာခဲ့ဘူးလေ။ အဲဒီမှာ ကျနော့်ကိုကျနော် နားလည်ခဲ့ပါတယ်…
ကျနော့်ကို ကျနော် ဂေးလို့ ခံယူခဲ့ပါတယ်။ ကောင်မလေးကိုလည်း အဆက်ဖြတ်ခဲ့ ပါတယ်။ အဲဒီ
ဦးလေးကြီးနဲ့ပဲ နှစ်ပါးသွား နေခဲ့တယ် ဆရာ။ ဒါပေမယ့် အဲဒီဦးလေးကြီးက နှစ်ဖက်ချွန်လေ..
မိန်းမလည်း ပွေတယ်…. မော်ဒယ် ငယ်ငယ် လေးတွေနဲ့လည်း တွဲတယ်လေ…။ တစ်ခါတစ်လေ သူ့အခန်းကိုပါ
ခေါ်လာတယ်….

ကျနော့်
ကျောင်းပြီးတော့ သူက ကျနော့်ကို သင်္ဘောတင်ပေးမလို့ Agent နဲ့ ချိတ်ပေးပါတယ်။ ပြီးမှ ဆေးစစ်တာပါ
ဆရာ…။ အခုတော့ ကျနော့် ဘ၀က နှစ်ခါနာပဲလေ….. မေမေ့ကိုလည်း မပြောပြရဲဘူး။ ဆရာ… မေမေက
နှလုံးရောဂါသည်လေ…. ကျနော့်မှာ ညီမလေးလည်း ရှိသေးတယ်လေ…။ ကျနော်က ညီမလေးအပေါ် တာဝန်ရှိတယ်လေ…။
ဖေဖေ မရှိတော့တဲ့ နောက်ပိုင်း ကျနော့် ဘ၀ကို မေမေနဲ့ ညီမလေးအတွက်ပဲလို့ သတ်မှတ် ထားခဲ့တာပါ။
ဒီဦးလေးကိုလည်း မိသားစုကို ထောက်ပံ့ထားတဲ့ မျက်နှာနဲ့ သူ့လိုအင်ကို ဖြည့်ပေး နေခဲ့တာပါ။
ကျနော့် သူ့ကိုတော့ ပြောပြ ထားပါတယ်…။ သူ့က အစကတော့ အကြောက်အကန် ငြင်းပါတယ်။ သူက သန့်တယ်
ဘယ်သူနဲ့မှ မရှုပ်ဘူး ပေါ့လေ။ ကျနော်ကသာ တခြားလူတွေနဲ့ လိုက်ရှုပ်လို့ HIV ကူးတယ် ပေါ့လေ။
ကျနော် သူ့ကို သွေးစစ်ဖို့ အကြိမ်ကြိမ် ပြောခဲ့ပေမယ့် သူက မစစ်ခဲ့ဘူးလေ။ နောက်ဆုံး
အတင်းအကြပ် ပြောမှ စစ်တော့ သူ့မှာလည်း HIV ပိုး ရှိနေတယ်လေ….။ ဒီတော့မှ ကျနော်လည်း
သူ့ဆီက ကူးတယ် ဆိုတာကို သိလိုက်ရတာပါ။

သူကတော့
ကျနော့် တစ်ဘ၀လုံးကို အညွှန့် ချိုးရုံသာမက ကျနော့် နာမည်ကိုပါ အမည်းစက် ထက်တွေ ဆင့်နေအောင်
လုပ်ခဲ့တယ်လေ။ ကျနော် ဘာဆက်လုပ်သင့်လဲ ဆိုတာကို အကြံပေးပါဦး ဆရာ……။

အားကိုးတကြီးစိတ်နဲ့
သူ့မျက်လုံးတွေက ဆရာဝန်ကို တောင်းပန် နေရှာလေရဲ့။ ဆရာဝန်လည်း ဖြစ်သင့်တာတွေ… လုပ်သင့်တာတွေကို
တစ်ခုချင်း ပြောနေလေရဲ့…။

ဆရာဝန်ရဲ့
အသုံးတော်ဖြစ်တဲ့ ကျုပ် ဘောလ်ပင်ခမျာမှာတော့ ရင်ထဲ မချိသာဘူးလေ..

•
ဒီလိုလူငယ်လေးတွေ ဒီလိုဘ၀ကိုရောက်အောင် လုပ်တာ ဘယ်သူ့ကို အပြစ်တင်ရမလဲ? ဘယ်သူ့မှာ တာဝန်ရှိလဲ။
ဒီလို လူငယ်လေးတွေကို ဘယ်သူက ကာကွယ် စောင့်ရှောက်ဖို့ တာဝန်ရှိသလဲ?

•
သူတို့ ဒီဘ၀မျိုး မရောက်ခင်မှာ သူတို့ ရင်ဖွင့်သမျှကို နားထောင်ပေးမယ့် နားတွေရော လောကကြီးမှာ
အဆင်သင့် ရှိနေပြီလား?

•
သူတို့ကို ဒီလိုမျိုး မဖြစ်အောင် ကာကွယ်ပေးမယ့် ဥပဒေတွေရော ရှိနေပြီလား?

•
ဒီလို ကလေးသူငယ်ကို အဓမ္မ ပြုကျင့်တာတွေကိုရော ဘယ်သူတွေက ဆန့်ကျင် တိုက်ဖျက်ပြီး ကလေး
သူငယ်တွေရဲ့ အခွင့်ရေးအတွက် တိုက်ပွဲဝင် ပေးကြမှာလဲ?

ကျနော်မောင်ဘောလ်ပင်
ဒီလိုတွေးနေတုန်းမှာပဲ ဆရာဝန်က ကျနော့် ခေါင်းကို အဖုံးနဲ့ စွပ်ပြီး ကျနော့်ကို စာအုပ်ကြားထဲ
ညှပ်ထားခဲ့ပြီး ဆေးခန်းသိမ်းလိုက်ပါတယ်။

ရေးသူ--လမင်းကို

By HIM

Thursday, November 14, 2013

အဆိပ်သင့်အနမ်းများ


ကော်ဖီဆိုင်ဟု အမည်တပ်ထားသော ဆိုင်လေးထဲသို့ ဆယ်ကျော်သက် စုံတွဲတစ်တွဲ ဝင်ရောက်လာပြီး “အခန်းရှိသေးလား” ဆိုသောအသံက ဆယ်ကျော်သက် လူငယ်ကောင်လေးထံမှ ထွက်ပေါ်လာသည်။

ဆယ်ကျော်သက် ကောင်မလေးက သူ၏ချစ်သူကောင်လေး၏ လက်ကို မြဲမြံစွာ ဆုပ်ကိုင်ထားသည်။ ကော်ဖီဆိုင်နှင့် “အခန်း ရှိသေးလား” ဆိုသော မေးခွန်းက လားလား မျှ မသက်ဆိုင်ဟု ထင်ရသော်လည်း အမှန်တကယ်ပင် ကော်ဖီဆိုင်ဟု အမည်တပ် ထားသည့်ဆိုင်တွင် အတွဲများအတွက် အခန်းငယ်လေးများ စီစဉ်ပေးထား ကြသည်။

အဆိုပါဆိုင်သည် မြို့သစ်ပိုင်းဟု ခေါ်သော မန္တလေးမြို့တွင်းနှင့် မလှမ်းမကမ်းနေရာတွင် တည်ရှိပြီး ဆိုင်သည် အပြင်ပန်းမှ ကြည့်လျှင် Café Shop ဟု ထင်ရသော်လည်း အတွင်းပိုင်းတွင် မီးရောင် ဖျော့ဖျော့ဖြင့် အခန်းငယ် ကလေးများ ကန့်ထားသည်။

ဆယ်ကျော်သက် လူငယ်စုံတွဲက မီးအရောင်ဖျော့ဖျော့ ထွန်းထားသော အခန်း ငယ်တစ်ခန်းသို့ ဝင်သွားပြီး ဆူညံသော သီချင်းသံများ အဆိုပါ အခန်းငယ်လေးထဲမှ တစ်ချက်တစ်ချက် အခန်းပြင်သို့ ပျံ့လွင့်လာသည်။ အမှောင်ဆိတ်ကွယ်ရာသည် လူတို့၏ မသိစိတ်ကို နိုးကြားစေပြီး မီးရောင်ဖျော့သော အခန်းငယ်တွင် စုံတွဲတို့သည် မတွေ့မကြုံ ဖူးသေးသည့် အတွေ့အကြုံ သစ်နှင့် ပျော်ဝင်မှု အသစ်အဆန်းများ ရှာဖွေမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။

မန္တလေးသည် မြို့လယ်တွင် ဆေးတက္ကသိုလ်၊ မြို့ပြင်တွင် အသက်မွေးဝမ်း ကျောင်းဆိုင်ရာ ကွန်ပျူတာနှင့် နည်းပညာ တက္ကသိုလ်များ၊ ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်များ တည်ရှိပြီး ကျောင်းသားအများစု နေထိုင်ရာ မိန်းဟုခေါ်သော မဟာမြိုင်ရပ်ကွက်နှင့် ချမ်းမြသာစည် မြို့သစ်များတွင် Café Shop အအေးခန်း ကော်ဖီဆိုင် အမည်တပ်၍ အတွဲများအတွက် အခန်းငယ်လေးများ ဖန်တီးထားသည့်ဆိုင်များ ယခုနှစ်ပိုင်း အတွင်း ပိုမိုတွေ့ မြင်လာရသည်။
အဆိုပါဆိုင်များတွင် အခန်းငှား ရမ်းခသည် နာရီပိုင်းလိုက်၍ ဈေးနှုန်း သတ်မှတ်ထားကြပြီး တစ်နာရီလျှင် ငွေကျပ် ၁၅၀၀ ကျပ်မှ ငွေ ၄၀၀၀ ကျပ်အထိ ရှိကာ နေရာနှင့် အခန်း အမျိုးအစားများကို လိုက်၍ ဈေးအမျိုးမျိုး ရှိကြောင်း စုံစမ်း သိရှိရသည်။

“ကျွန်တော်တို့က လွတ်လွတ်လပ် လပ်တွေ့ချင်လို့ သီးသန့်အခန်းတွေနဲ့ ချိန်းတွေ့ ကြတာပါ။ မန္တလေးမှာက ဘုရားတွေ ပေါတော့ အဲလိုနေရာတွေကို ချိန်းလို့မသင့်ဘူး။ အေးအေးဆေးဆေး ထိုင်လို့ရမယ့် နေရာတွေကို ရွေးချယ်သွားတာပါ” ဟု မန္တလေးမြို့မှ ရတနာပုံတက္ကသိုလ် အဝေးသင် ကျောင်းသားတစ်ဦးက ပြောသည်။

ကော်ဖီဆိုင် အခန်းငယ်လေးများ ကဲ့သို့ပင် မန္တလေးမြို့ကျုံးပတ်လည် သည်လည်း ညနေအချိန် စုံတွဲများ အများဆုံး လာရောက်နေရာ ဖြစ်သည်ဟု ဒေသခံများ ထံမှ စုံစမ်းသိရှိရသည်။
“ကျုံးဘေးမှာ ညနေအချိန်ဆို စပြီ။ အတွဲတွေ နိုင်ငံခြားကားထဲက လိုမျိုး နမ်းတဲ့သူက နမ်း။ ကိုရီးယားထဲကလို ကျောပိုးပြီး သွားတဲ့သူကသွား။ ပေါင်ပေါ်တက်ခွတဲ့သူ ကခွနဲ့။ တစ်ခါတစ်ခါ တော်တော်ဆိုးတဲ့ အတွဲတွေလည်း တွေ့ဖူးတယ်။ မြင်သူမရှက် ယိုသူရှက်ပဲ” ဟု မန္တလေးမြို့ခံ ကိုယ်ပိုင် စီးပွားရေး လုပ်ကိုင်နေသူ အသက် ၃၂ နှစ် အရွယ်ရှိ ဦးဖြိုးလေးက ဆိုသည်။

မန္တလေးမြို့တွင် ယခင်က ရှိခဲ့သော ဥယျာဉ်များ၊ ကျုံးတောင်ဘက်တွင် ရှိသော ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ် အပါအဝင် ရေပေါ်စားသောက်ဆိုင်များ မရှိတော့ဘဲ KTV၊ စင်တင်များ ခေတ်စား လာပြီး ကျုံးဘေးတွင်လည်း စုံတွဲတို့၏ မဖွယ်မရာ အပြုအမူများကြောင့် အများ ပြည်သူအတွက် အပန်းဖြေ နားခိုစရာ ရှားပါးလာနေပြီဟု မြို့ခံများက ဆိုကြသည်။

မန္တလေးကျုံးပတ်လည်သည် အများ ပြည်သူအတွက် အခမဲ့ အပန်းဖြေနား နေရာတစ်ခု ဖြစ်ပြီး မန္တလေး-စစ်ကိုင်းလမ်း ရှိ ဥယျာဉ်တစ်ခုသည်လည်း အခမဲ့ အပန်းဖြေ နားနေရာ ဖြစ်သည်။ တိရစ္ဆာန် ဥယျာဉ်၊ မြို့တော်ဥယျာဉ်၊ အစရှိသည့် နေရာများသည် အပန်းဖြေနား နေရာများ ဖြစ်သော်လည်း ဝင်ကြေးပေးဆောင်ရသည့် နေရာများ ဖြစ်သည်။

ကျုံးပတ်လည်တွင် အတွဲများက မဖွယ်မရာပြုလုပ်ပြီး ညသန်းခေါင်အချိန်ထိ ရှိနေခြင်း၊ ကျုံးဘေးတွင် အုပ်စုဖွဲ့ဓားခုတ် မှုများ ဖြစ်ပွားခြင်း တို့ကြောင့် ကျုံးဘေးတွင် ည ၉ နာရီ နောက်ပိုင်းတွင် နေထိုင်ခွင့်မရှိဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးက တားမြစ်ခဲ့သည်။

“ပိုက်ဆံမပေးရဘဲ လွတ်လွတ်လပ်လပ် အပန်းဖြေလို့ရတဲ့ နေရာက မြို့နဲ့ အလှမ်းဝေးတယ်၊ နောက်တစ်ခုက သွားလို့ မသင့်အောင် အတွဲတွေနဲ့ ရှုပ်နေတယ်။ ဓားခုတ်မှု စတာတွေလည်း ဖြစ်တယ်။ ဝင်ကြေးပေးပြီး သွားရမယ့် နေရာမျိုးကျ ပြန်တော့လည်း တစ်ဦးကို ၅၀၀ ကျပ် လောက်ရှိတယ်။ ကျွန်တော်တို့လို ဆင်းရဲသားတွေ ကတော့ မိသားစုလိုက် ဝင်ကြေးပေး မသွားနိုင်ဘူး။ အဲဒီတော့ အပန်းဖြေဖို့ နေရာရှားလာတယ်” ဟု မန္တလေးမြို့ မြရည်နန္ဒာ မြို့သစ်နေ လက်လုပ် လက်စားလုပ်ကိုင်သူ အသက် ၄၅ နှစ် အရွယ် ဦးဘငွေက ဆိုသည်။

ပြည်သူ့အပန်းဖြေနေရာ ရှားပါးမှု သည် လူငယ်စုံတွဲများအတွက် တစ်နည်းအားဖြင့် လည်ပတ်စရာ နေရာရှားပါးစေပြီး အပန်းဖြေရန် နေရာရှာရာမှ ဆိတ်ကွယ်ရာ နေရာ ရောက်ရှိစေသည့် တွန်းအားတစ်ရပ် ဟု ဆိုရပေမည်။

“အပန်းဖြေ နေရာတွေက နည်းတယ်။ ရှိတဲ့နေရာ တွေကလည်း လူတွေပြည့် သိပ်ကျပ်။ ဥယျာဉ်ထဲ ထိုင်ခုံမရှိဘာမရှိနဲ့ တကယ် အဆင်မပြေဘူး။ ဒါ့ကြောင့် အေးအေးလူလူ နေလို့ရတဲ့ နေရာ ရှာဖွေရင်း သူငယ်ချင်းတွေ ပြောကြတဲ့ နေရာတွေ ရောက်သွားတယ်။ ဒါပေမဲ့ တကယ့်ဥယျာဉ် လိုမျိုး အပန်းဖြေဖို့ ကောင်းတဲ့ နေရာတွေ ရှိရင် ဝင်ကြေးပေးရ ပါစေဦးတော့ ကျွန်တော်တို့ သွားမှာပါ” ဟု မန္တလေးမြို့ နည်းပညာတက္ကသိုလ် ဒုတိယနှစ်ကျောင်းသား တစ်ဦးက ဆိုသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က “လူထုတွေ အတွက် အပန်းဖြေဥယျာဉ်တွေ ဖော်ဆောင် ပေးသင့်တယ်။ အများပြည်သူ လူသွားလမ်း နေရာတွေမှာ ထိုင်ခုံတွေထားပေးတာ တို့လိုမျိုး လုပ်ပေးတာကတော့ အစိုးရက လုပ်ပေးသင့်တယ်။ Entertainment သဘောမျိုး အထဲမှာ- စိတ်အပန်းဖြေ၊ လူ အပန်းဖြေဖို့ လုပ်ဆောင်ပေး ထားတာတွေ၊ ပစ္စည်းတွေ ပါရင်တော့ ပုဂ္ဂလိကကို ကန်ထရိုက် ပေးလုပ်ရမယ်။ ဒါတွေကို ဝင်ကြေးသဘောမျိုး သတ်မှတ်ပြီး လုပ်ပေးလို့ ရတယ်” ဟု ပြောကြားသည်။

မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီ လမ်းတံတားဌာနမှ တာဝန် ရှိသူတစ်ဦးက မဟာအောင်မြေမြို့နယ် ၆၂ လမ်းရှိ မနော်ရမံဥယျာဉ်နှင့် လမ်း ၄၀ ကြားတွင် ပေ ၃၅၀ အကျယ် လူထုအပန်းဖြေ နေရာတစ်ခုကို ၂၀၁၄ ခုနှစ် မတ်လကုန် အပြီးတည် ဆောက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

“အရင်ဆုံး Public Center လုပ်မယ့်ဧရိယာမှာ ရှိနေတဲ့ ပျိုးခြံတွေ အားလုံး ရှင်းပြီးပြီ။ မနော်ရမံ ချောင်းရှေ့က ဧရိယာကိုယူပြီး တံတားအပြည့် ခင်းမယ်။ အောက်ကချောင်း ကိုလည်း ရေစီးရေလာ မထိခိုက်အောင် လုပ်မယ်။ အားကစား ပစ္စည်းတွေ ထားမယ် မထားဘူး ဆိုတာတော့ မသိသေးဘူး။ အဓိကကတော့ ပြည်သူလူထုတွေ အပန်းဖြေ စုစည်းနိုင်အောင်ပါ” ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။

ဆယ်ကျော်သက်လူငယ် စုံတွဲ က Café Shop ရှိ သီးသန့် အခန်းငယ်လေးမှ ထွက်ခွာလာသည်။ သူတို့နှစ်ဦးမျက်နှာတွင် ကြည်နူးရိပ်များကို တွေ့မြင်ရသည်။ စုံတွဲတို့ သဘာဝ အခန်းငယ်ထဲတွင် ချစ်သူအချင်းချင်း နမ်းရှုတ်ချင် နမ်းရှုတ်ကြဖွယ် ရှိပေလိမ့် မည်။ သို့သော် ထိုအနမ်းများသည် အရွယ် မတိုင်ခင် အိမ်ထောင်ကျခြင်း၊ ကိုယ်ဝန် ဖျက်ချခြင်းနှင့် အန္တရာယ်ရှိသော အတွေ့ အကြုံသစ်များကို စမ်းသပ်ကြခြင်းများ အပါအဝင် လူငယ်တို့၏ အနာဂတ်ကို ဖျက်ဆီးမည့် အဆိပ်သင့်အနမ်းများ မဖြစ်ရန် လိုသည်။

ရွှေရည်

The Voice Weekly

Tuesday, November 12, 2013

ယဉ်ကျေးမှုနှင့် အနာဂတ် မြန်မာ နိုင်ငံ.....


လက်မထပ် ပဲ အတူနေ သည့် ဓလေ့ စရိုက် (Living Together) အထက် No String Attach ခေါ် ချစ်ကြိုက်မှု သံယောဇဉ် နှောင်ကြိုး များ မပါ သည့် လိင် ကိစ္စသာ သီးသန့်  သာ ဖြစ်သည့် Casual Sex ယဉ် ကျေး မှု မှာ မြန်မာ နိုင်ငံ တွင် တစ်နေ့  တစ်ခြား ထွန်း ကား လာကြောင်းတွေ့ရှိရသည်။

သံယောဇဉ် အမျှင် တန်း များ မပါ သည့် လိင်မှု ကိစ္စ ပုံ စံ သည် ရန်ကုန် နှင့် မန္တလေး မြို့ များရှိငွေကြေး အတန် အသင့် ရှိ သည့် လူလတ် တန်းစား များ တွင် အများ ဆုံး တွေ့ ရ သော် လည်း ကျောင်းသူ ၊ ကျောင်း သား များ နှင့် ပညာတတ် လွှာ များ တွင် လည်း အများ ဆုံး တွေ့ ရသည်။

အိမ် ထောင် ရှိ သူ တွေ မှာ အများ ဆုံး တွေ့ ရတတ် တယ်။ ကုမ္ပဏီ တွေ ၊ နိုင်ငံခြား အလုပ်ရှင်
တွေ နဲ့  တွဲ လုပ် ရတဲ့ လုပ်ငန်း တွေ မှာ အများ ဆုံး တွေ့ ရတတ်တယ်။ ပါတီ တွေ ၊ ဧည့်ခံ ပွဲ
တွေ က များ တော့ အများစု က ဒီပွဲ တွေ မှာ ပျော် ပါး ရင်း Sex ကို လက် သိပ် ထိုး ပေးတတ် ကြ
တယ် ၊ အချိန် တန် ရင် တော့ အိမ် ပြန် ပေါ့ .. ဟု ခရီးသွား လာရေး ဧဂျင် စီ တစ်ခု မှ မန်နေဂျာ
တစ်ဦး က FNG ကို ပြောသည်။


၉၀ ပြည့် လွန် နှစ် ပိုင်း များ က လက်မထပ် ဘဲ အတူ နေ ယဉ် ကျေးမှု မှာ မြန်မာ နိုင်ငံ တွင် စတင်
ထွန်း ကား လာခဲ့ ပြီး အရွယ် ရောက် ပြီး သူ အမျိုး သမီး များ ၏ ၅ ရာ ခိုင် နှုန်းမှာ လက်မထပ် ဘဲ
အတူ နေ ဘ၀ ဖြင့် အချိန် ကာ လ တစ် ချို့  ကို ဖြတ် သန်း ခဲ့ ကြသည်။
သမုဒယ အယုအယ များ ပါဝင် မှု နည်း သည့် လိုဘ ပြည့် လိင် ဆက်ဆံ မှု တွင် ကောင်း ကျိုး ဆိုး
ကျိုး များ ရှိ သော် လည်း ထင်သာ မြင်သာ ရှိသည့် နောက် ဆက် တွဲ အနေဖြင့် လူမှုရေး အကျိုးဆက်
များ ရှိလာ နိုင် သည် ဟု ကျွမ်းကျင် သူ များ က ထောက် ပြ ကြသည်။
No String Attach ဟု ခေါ်သည့် လွတ်လပ် သည် လိင်ဆက် ဆံ မှု ဦးစား ပေး ပုံစံ အတူနေ ပျော်
ပါး မှု မြန်မာ နိုင်ငံ တွင် အမျိုး သား များ ထက် အမျိုး သမီး များ က ပို ပြီး စိတ် ၀င် တစ်စား ရှိ ကြ သည်
ဟု သိရသည်။

နိုင်ငံခြားတွင်တော့ ချစ်သူဖြစ်သည်နှင့် လိင်ဆက်ဆံခြင်းသည် လွန်ခဲ့နှင့် ရာစုနှစ်များစွာ ကတည်းက ရှိနေခဲ့ သည့် ယဉ်ကျေးမှုဖြစ်သော်လည်း မြန်မာပြည်တွင်တော့ ယခုအချိန်အထိ လူကြီးများက လက်မ ခံ ကြသေးပေ။ လူငယ်ပိုင်းတွင်လည်း တရားဝင် အသိအမှတ် မပြုသေးပါ။ သို့ရာတွင် မြန်မာပြည်၌လည်း ချစ်သူဖြစ်သည်နှင့် လိင်ဆက်ဆံခြင်း တစ်ဆက်တည်း ပါလာမည်ကို ဆယ်ကျော်သက်များက အလိုလို လက်ခံထားကြသည်။ တိုးတက် လာတယ်ပဲပြောမလား။ ယဉ်ကျေးမှုတွေ ပျက်သွားပြီပဲ ပြောမလား။ ဒီခေတ် သမီးရည်းစားတွေ လိင်ဆက်ဆံတာကို လက်ခံရတော့မှာပါ" ဟု အယ်ဒီတာတစ်ဦးက မှတ်ချက်ပြု သည်။ ခေတ်၏ ပြောင်းလဲလာမှုနှင့် အတူ သမီးရည်းစားအချင်းချင်းလိင်ဆက်ဆံခြင်းကို လူငယ်များတွင် သာမက အသက် ၄၀ ခန့် လူကြီးပိုင်းတွင်ပါ တွေ့လာရသည်။

"ကျနော်တို့ ဟိုတယ်ကိုတော့ အသက်ကြီးပိုင်း စုံတွဲတွေ တော်တော်လာတယ်" ဟု ရန်ကုန်မြို့ ဆိတ်ငြိမ်ရပ် ကွက်အတွင်းမှ ဟိုတယ်တွင် လုပ်ကိုင်သည့် ကိုရဲက ဆိုသည်။ သူတို့သည် အချိန်ပိုင်း လာရောက် သူများဖြစ် သည်။ လူကြီးပိုင်းများအတွက် မိမိကိုယ်ပိုင် အလုပ်အကိုင်နှင့် ပြဿနာ မရှိနိုင်သော်လည်း ကျောင်းနေ အရွယ် မိန်းကလေးများ တည်းခိုခန်းနှင့် ဟိုတယ်များသို့ သွားရောက်နေခြင်းကလည်း မိဘများ အတွက် ရင်ပူစရာဖြစ်နေသည်။ တက္ကသိုလ် တက်နေသော ကျောင်းသူ၊ ကျောင်း သားများ အချင်းချင်း ချစ်ကြိုက်ပြီး လိင်ကိစ္စ ပါလာသည်ကလည်း မဆန်းတော့ပါ။

အရှေ့ပိုင်း တက္ကသိုလ်မှ သင်တန်းရေးရာ ဌာနမှူးက ကျောင်းသူကျောင်းသား အချင်းချင်း စာသင်ခန်း အလွတ် များထဲတွင်ပင် လိင်ဆက်ဆံမှုများ ရှိကြောင်း ယမန်နှစ်က ထုတ်ဖော်ပြောဖူးသည်။ ယင်း ဆရာက "မိန်းကလေးက အကွဲတွေ ၀တ်ထားတယ်။ အကောင်တွေက လုပ်ချင်ရာလုပ်ပဲ။ အဲ့လို လုပ်နေတုန်း ဖမ်းမိတာ ခဏခဏပဲ။ ဒါကြောင့် အ၀တ်အစားတွေကို လုံလုံခြုံခြုံဝတ်ဖို့ စည်းကမ်းထုတ်ထားတာ" ဟု ဆိုသည်။

ဒဂုံတက္ကသိုလ်တွင် ကျောင်းတတ်ရောက်ခဲ့ဖူးသူ သတင်းထောက်တစ်ဦး "( ) တည်ခိုခန်းက ကျနော် တို့ကျောင်းသားတွေ ပိုက်ဆံတွေနဲ့ ဆောက်ထားပေါ့" ဟု ပြောသည်။ ယင်းတည်းခိုခန်းသည် ယခင်က သစ်သား အဆောက်အဦးသာ ဖြစ်သော်လည်း ကျောင်းသူကျောင်းသားများ အသွားပြီးနောက်ပိုင်းတွင် ယခုကဲ့သို့ ကွန်ကရစ် တိုက်နှင့် ဖြစ်လာကြောင်း ယင်းက ပြောပြသည်။ ထို့အတူ အတန်းပြီးချိန်နှင့် စာသင်ခန်း အလွတ်များ ကလည်း စုံတွဲများအတွက် လွတ်လပ်စွာ ကျက်စားရာနေရာ များ ဖြစ်နေကြောင်း ယင်း သတင်းထောက်ကဆိုသည်။ ကြည်မြင်တိုင်မြို့နယ်အတွင်းရှိ ဟိုတယ်တွင် အလုပ်လုပ်ကိုင်သူ အခြား တစ်ဦးကတော့ "အဖြူ၊ အစိမ်း ၀တ်ထားတဲ့ ကျောင်းသားနဲ့ ကျောင်းသူ စုံတွဲနှစ်တွဲ လာဖူးတယ်" ဟုဆို သည်။

ရန်ကုန်မြို့တွင် သမီးရည်းစား ချိန်းတွေ့ရန် ပန်းခြံများ၊ အပန်းဖြေ စရာနေရာများ ရှားပါးလာခြင်း လူငယ် တို့ကို ဟိုတယ်များသို့ သွားလာစရာ လမ်းစဖြစ်နေသည်။ ထို့အတူ ဘာသာတရား၏ အဆုံးအမမှာလည်း ယခင်ကလောက် မရှိတော့ သဖြင့် သမီးရည်းစားများ ဘုရားသွား၊ ကျောင်းတက် ပြုမှုလည်း ရှားပါးလာ သည်။ "ရုံးပိတ်ရက်နဲ့ အခါကြီး ရက်ကြီးတွေမှာ အခန်းပြည့်တယ်။ ကြားရက်တွေကတော့ ဧည့်သည် အ၀င် နည်းတယ်" ဟု ကြည်မြင်တိုင်မြို့နယ်မှ တည်းခိုခန်း မန်နေဂျာက ဆိုသည်။ ထိုသို့ ပိတ်ရက်များ နည်းတူ ချစ်သူများနေ့ဟု ခေါ်သည့် Velintine Day ကလည်း မိန်းကလေးများကို ပန်းဦးချွေရာ နေ့တပင်။ တည်းခိုခန်းနှင့် ဟိုတယ် တို့၏ ဈေးနှုန်းများမှာလည်း ၃၀၀၀၊ ၅၀၀၀၊ ၁၀၀၀၀၊ ၂၀၀၀၀၊ ၃၀၀၀၀ ကျပ်ခန့် အထိရှိသဖြင့် လက်လှမ်းမီသော ဈေးနှုန်း များလည်းဖြစ် သည်။ နေရာတိုင်း လိုလိုတွင် အချိန်ပိုင်း တည်းခိုနိုင်သည်။

ထို့ပြင် အပြာကားများ၊ စာများကို ယခင်အချိန်များကလို မဟုတ်တော့ဘဲ အင်တာနက်တွင်ဖြစ်စေ၊ လက်ကိုင်ဖုန်း အတွင်းဖြစ်စေ ထည့်သွင်းကြည့်ရှုနိုင်လာခြင်းက ကာမစိတ်ကို အချိန်မရွေးနိုးဆွပေး လာပြီဖြစ် သည်။ နိုင်ငံခြားတွင်တော့ သားသမီး အသက် ၁၈ နှစ်ပြည့်နှင့် လွတ်လပ်စွာနေထိုင် ခွင့်ပေး ထားသော်လည်း မြန်မာနိုင်ငံတွင်တော့ သားသမီး အိမ်ထောင် မကျမချင်းသည် မိဘအုပ်ထိန်းမှု လက်အောက်တွင် သာရှိသေးသည်။ သို့ရာတွင်တော့ တစ်နယ်တစ်ကြေးမှ လာရောက် အလုပ်လုပ် ကိုင်သူများ အနေဖြင့်တော့ ၁၈ နှစ် မပြည့်ခင်ကတည်းက မိဘ လက်မှ လွတ်ပြီဖြစ်သည်။

ထိုသို့နယ်မှ လာရောက်အလုပ်လုပ်ကိုင် သူများအနေဖြင့် အဆောင်များတွင် နေကြပြီး အဆောင်၏ အုပ်ချုပ်မှုမှာလည်း သတ်မှတ်ချိန်တွင်း ပြန်မအိပ်ပါက တံခါးပိတ်လိုက်မည်သာဖြစ်သည်။ "ဆယ်နာရီ အဆောင် ပိတ်ချိန်ပါ။ ပြန်မလာလဲ ကိစ္စမရှိပါဘူး။ ကိုယ့်သားသမီးမှ မဟုတ်တာ။ သူ့လွတ်လပ်ခွင့်နဲ့ သူပေါ့" ဟု လမ်းမတော်မြို့နယ်အတွင်းရှိ အဆောင်ဖွင့်ထားသည့် အမျိုးသမီးကြီးက ပြောသည်။ ရုံးပိတ်ရက် များတွင် သူမအဆောင်ရှိ အမျိုးသမီးအချို့မှာ အမျိုးအိမ်တွင် သွားအိပ်သည်ဟု အကြောင်းပြကာ ပြန်မလာ တတ်ကြောင်း တဆက်တည်းပြောသည်။ ယခင်ခေတ်ဟောင်းက အဆောင်များသည် မိဘကိုယ်တိုင် အဆောင် သို့ လာအပ်၊ သားသမီး၏ အဆိုးအကောင်းများကို မိဘထံသို့ အဆောင်မှူးက အစီရင်ခံ၊ အဆောင် များကလည်း စည်းကမ်းတင်းကြပ်။ ထိုခေတ်သည် ကျန်ခဲ့ပြီဖြစ်သည်။

ထို့အတူ နယ်မှ အလုပ်လာရောက်လုပ်ကိုင်သူများနှင့် ကျောင်းလာတတ်သူ အမျိုးသမီးအချို့မှာ ရည်း စားနှင့် တစ်အိမ်ထဲ အတူနေခြင်းများလည်း ရှိလာသည်။ "နှစ်ယောက်အတူတူ အိမ်ငှားနေလိုက်တော့ ပြီးတာ ပဲလေ။ အဓိက ကတော့ မိဘတွေ မသိဖို့ပဲ။ ဒါပေမဲ့ တစ်ကယ်ယူဖို့တော့ လိုတာပေါ့" နယ်မှလာသူ အမျိုးသမီးတစ်ဦးနှင့် အိမ်ငှားနေထိုင်သူ အသက် ၂၅ နှစ်အရွယ် ရန်ကုန်သား ကိုပြည့်စုံကပြောသည်။ သို့ရာတွင် သူတို့ အမှန်တစ်ကယ် တရားဝင် လက်ထပ်မည့် ရက်ကိုတော့ သူတို့ကိုယ်တိုင် မသိသေးကြောင်း ဆိုသည်။ ထိုသို့သော အခြေအနေကြောင့် လူငယ်လူရွယ်များအဖို့ လက်မထပ်မီ အတူအနေခြင်း ဆိုသည်မှာ မဆန်းတော့ ပြီဖြစ်သည်။ ထိုသို့ အတူနေခြင်းနှင့်အတူ ကိုယ်ဝန်မရအောင် လုပ်ကိုင်ရသည်မှာ လည်း နည်းလမ်းတစ်ခုဖြစ်သည်။

ရန်ကုန်မြို့နေ့ သမီးရည်းစားများ၏ အခြေအနေမှာ Ecee2 များ ရောင်းအားကောင်းနေခြင်းက လိင်ကိစ္စကို မီးမောင်း ထိုးပြလိုက်ခြင်းပင်ဖြစ်သည်။ Ecee2 ဖြန့်ဖြူးသူတို့၏ အဆိုအရ တစ်လလျှင် ကဒ်ရေ ၃၀၀၀၀ ခန့် ရှိပြီး သန္ဓေတားဆေး နောက်တစ်မျိုးဖြစ်သည့် Pill 72 ကတော့ ကဒ်ရေ ၁၅၀၀၀ ခန့်ရှိသည်။ လက်လီဆေး ဆိုင်များတွင်တော့ တစ်ရက်လျှင် ကဒ်ရေ ၅ ကပ်မှ ၁၅ ကဒ်ရှိကြောင်း ဆိုကြသည်။ ရန်ကုန်မြို့တွင် တရား   ၀ င်ဆေးဆိုင်ပေါင်း ....ခန့်ရှိသည်။ ထို့ကြောင့် ရန်ကုန်မြို့တွင် တလလျှင် အရေးပေါ် တားဆေး သုံးစွဲကြသူပေါင်း ၅ သောင်းကျော်ရှိမည်ဖြစ်သည်။

မည်သို့ဆိုစေ လိင်ဆက်ဆံခြင်းသည် ရှက်စရာကောင်းသည်ဟု လူတိုင်းက ဆိုကြသော်လည်း ကျားမမရွေး ကြိုက်နှစ်သက်သော ကိစ္စဖြစ်ကိုတော့ ကမ္ဘာကြီးတွင် လူဦးရေတိုးပွားလာခြင်းက သက်သေတည်လျက် ရှိ သည်။ သိပ္ပံအယူအဆကလည်း လိင်ကိစ္စသည် လူတို့၏ အခြေခံလိုအပ်ချက်ဖြစ်သည်ဟု ဆိုသည်။ နောင်နှစ် များစွာ မကြာမီ မြန်မာပြည်၌လည်း သမီးရည်းစားများ လိင်ဆက်ဆံသည့် အလေ့အထကို လက်မ ခံခြင်ဘဲ လက်ခံလာရတော့မည်ဖြစ်သည့်အတွက် သမီးရှင်များအနေဖြင့် စိုးရိမ်နေကြရပြီဖြစ်သည်။

ယောင်္ကျားလေးများအနေဖြင့်လည်း ယနေ့အချိန်အထိ အပျိုစင်ကိုသာ အိမ်ထောင်ပြုလိုသည့် စိတ်ရှိကြသော် လည်း အပျိုစင်ဘ၀ကို ယောင်္ကျားလေးများ ကပင် ယူသွားခြင်းဖြစ်သည်။ နောက်မျိုးဆက် တစ်ခု တွင်တော့ ယောင်္ကျားလေးများ အပျိုစင်ကို တန်ဖိုးထားတော့မည်မဟုတ်ပေ။ ထို့အတွက် လက်မထပ် မီ လိင်ဆက်ဆံခြင်းမှာ သာမန်ကိစ္စတစ်ခုသာ ဖြစ်သွားပါလိမ့်မည်။ လိင်မထပ်မီ လိင်ဆက်ဆံခြင်းကို ပိတ် ပင်ကြမည်လား၊သို့မဟုတ် လက်ခံနားလည်ပေးမည်လားကတော့ အငြင်းပွားပွယ် ကိစ္စတစ်ခု အဖြစ် နောက်ဆယ်စုနှစ် တစ်စုကျော်ထိ ဆက်ရှိနေဦးပါမည်။

” ယောင်္ကျား တွေ ရဲ့  သဘော မှာ လိင် ဆက်ဆံ ပျော် ပါး ဖို့  က လွယ် ကူ ပြီး မိန်း ကလေး တွေ မှာ တော့
ဆန္ဒရှိ ရင် တောင် မလွယ် ဘူး .. ဒါကြောင့် ရင်းနှီး ပြီး ယုံကြည် စိတ် ချ ရသူ တွေ နဲ့  တွေ့ တဲ့ အခါ
No String Attach ပုံ စံ ဖြစ် သွား ကြ တာ ထင်တယ် ” ဟု ခောတ် ပညာ တတ် အမျိုးသမီး အချို့ 
က ခန့် မှန်းကြသည်။

လိင်ပိုင်း ဆိုင်ရာ ဦးစား ပေး ချစ်ကြိုက်မှု ပုံ သဏ္ဍန် သည် အိမ်ထောင် ရှိ သူ များ တွင် အများ ဆုံး တွေ့ 
ရတတ် ပြီး ခင်ပွန်း (သို့  မဟုတ်) ဇနီး မယား ခရီး သွား နေသည့် အခါ ဆိတ် ကွယ် မှု ရသည့် အခါ များ
တွင် နှစ် ဦး နှစ်ဖက် သဘော တူ ညီ ပါ က ခဏတာ ချစ် ဇာတ် လမ်း ဖွင့် ကြသည် ဟု သိရသည်။
No String Attach လိင် ပိုင်း ဆိုင်ရာ ဦးစားပေး ချစ်ကြွမ်းဝင် မှု ပုံစံ ကို တွေ့ ကြုံ ဖူးခဲ့ သည့် အမျိုး
သမီး တစ်ဦး က ” ယောင်္ကျား ကိုလည်း ကျွန်မ ဘာ မှ မျက်စေ့ ဒေါက်ထောက် ကြည့် နေတာ မရှိ ဘူး၊
သူ လည်း ခရီးသွား တယ် ဆိုတာ တစ်ခြား တစ်ယောက် နဲ့  တွေ့ ချင် တွေ့ေ န မှာ ပဲ ၊ ကျွန်မ လည်း
သွေးသား ဖျေဖြောက် မှု တစ်ခု ပဲ ” ဟု ဆိုသည်။

အနောက် နိုင်ငံ များ နှင့် အာရှ နိုင်ငံ များ တွင် ထို ယဉ်ကျေးမှု မှာ အမြစ်တွယ် ပြီး ဖြစ်နေသော်လည်း
မြန်မာ နိုင်ငံ အတွက် မူ အတန် ငယ် စိမ်း နေသေး သည်။လိင်ပိုင်း ဆိုင်ရာ စိတ် ပညာ ကျွမ်း ကျင် သူ များ က မူ လိင် ကိစ္စ ကို ဖုံး အုပ်ထား တာ ထက် စာရင် အထိုက် အလျှောက် ဖြေလျှော့ ပေး တာ က စိတ်ကြည် လင် မှု ရရှိ ပြီး ၊ စိတ် ကျ ဆင်း မှု ကို ဟန့်တား နိုင်တယ် ဟု သုံး သပ်ကြသည်။ အနာဂတ် မြန်မာ နိုင်ငံ တွင် နိုင်ငံ ခြား မှ ရင်းနှီး မြုပ် နှံ မှု မြင့် မား လာ ပြီးပွင့် လင်း လူ့ အဖွဲ့  ဆီသို့ ဦး တည် သွား လျှင် ထို ကိစ္စ မှာ ကျွဲ ကူး ရေပါ ၊ ပါ လာ နိုင် ဖွယ် ရှိသည်။

From_လုလင်လေး မှူး

Friday, November 8, 2013

ကိုယ့်ထက် အသက်ကြီးသော မိန်းမကိုယူလျှင် မွေးလာသောကလေး ဘာဖြစ်နိုင်မလဲ


မေး။ ။ကျွန်တော့် အသက်က (၂၇) နှစ်ပါ။ ကောင်မလေးက ကျွန်တော့်ထက် (၂) နှစ်ခွဲလောက် ကြီးပါတယ်။ သူက ပြောပါတယ်။ ယောက်ျားက အသက်ငယ်နေလို့ရှိရင် ဥာဏ်ရည် မမှီတဲ့ ကလေးတွေ မွေး တတ်တယ်လို့ ပြောပါတယ်။ အဲဒါ ဟုတ်ပါသလား။ ဘယ်အသက် အရွယ်မှာ မွေးတတ်တယ်လို့ ရှိပါသလား။ ကျွန်တော်တို့က နောက်တစ်နှစ်ခွဲ လောက်နေမှ လက်ထပ် မှာပါ။

ဖြေ။ ။လုံးဝ မစိုးရိမ်ပါနဲ့။ အသက်ကြီး မိဘ ဆိုရင် ဖြစ်နိုင်ခြေရှိတယ်။ ယောက်ျားရော-မိန်းမပါ သိပ်ငယ်ရင် ပိုဂရုစိုက်ရတာသာ ရှိပါတယ်။ ၁၈ နှစ်အထက် အားလုံး သိပ်ကောင်းတဲ့ အရွယ်တွေပါ။ ယောက်ျား ၄ဝ အောက်၊ မိန်းမ ၃၅ အောက် ကောင်းတာပါဘဲ။ အသက်ကြီး ယောက်ျားဆိုတာ မိန်းမထက် ကြီးတဲ့သူကို ဆိုလိုတာ မဟုတ်ပါ။

မွေးရာပါ ချို့ယွင်းနေတဲ့ကလေး မွေးလာတာကို ပတ်ဝန်းကျင် နဲ့ မျိုးဗီဇ ကို လွှဲချနိုင်ပါတယ်။ ရှာလို့ရတဲ့ အကြောင်းခံတွေ ထဲမှာ သန္ခေစရှိခါစမှာ Antibiotics ပဋိဇီဝဆေးသုံးတာ၊ ဥပမာ Sulfonamide နဲ့ Nitrofurantoin ဆေး၊ ကိုယ်ဝန်ဆောင် နေတုံး တချို့ရောဂါပိုးဝင်တာ၊ အာဟာရ ချို့တဲ့တာ၊ ဥပမာ Iodine, Vitamin A, Vitamin A B 2, Vitamin C, Vitamin E နည်းတာ၊ Petroleum ဓါတ်ဆီ အဆိပ် သင့်တာ၊ Fusarium mycotoxin zearalenone အဆိပ်သင့်တာတွေပါတယ်။ သတိပြုဘို့ ကောင်းတာက ဒီအထဲမှာ မိဘ အသက်ကြီးလို့ကြောင့်ဆိုတာ မပါတာ တွေ့ရပါလိမ့်မယ်။

ဒါတောင် ၆ဝ% လောက်က ဘာလို့ ဖြစ်လဲ မသိရပါ။ အဲဒါ ကျွန်တော်တို့လူမျိုးတွေ ထင်မှတ် လက်ခံတဲ့ အချက်အတိုင်း ဆိုရင် ကံတရားအရ ဖြစ်တာပေါ့။

ခုခေတ်မှာ အသက် ငယ်ငယ်လေးတွေရော ကြီးသူတွေပါ ကိုယ်ဝန်ရသူ တိုးလားနေတယ်။ ၂ဝဝ၆ ခုနှစ်က အင်္ဂလန်နဲ့ (ဝေးလ်စ်) မှာ စစ်တော့ အသက် ၃ဝ ကျော် ကိုယ်ဝန်ဆောင် ၄၈% ရှိတယ်။ ၁၉၈၆ တုံးက ၂၈% သာ ရှိရာကနေ တိုးလာတာပါ။ အသက် ၃၅-၃၉ အုပ်စုကလဲ တိုးလာတယ်။ ၄ဝ ကျော်က အနှစ် ၂ဝ အတွင်းမှာ ၁့၁% ကနေ ၃့၅% ဖြစ်လာလို့ ၂ ဆတိုးလာတယ်။ အမေရိကန်တွေ ဘယ်လိုရှိ တယ်ဆိုတာလဲ အောက်မှာ ဆက်ရေးပါမယ်။

အသက် ၃၅ နှစ်ကျော်မှာ ကိုယ်ဝန်ဆောင်တာ လုံးဝမစိုးရိမ်ပါနဲ့လို့တော့ မပြောပါ။ ၃ဝ ကျော်တာနဲ့ ကလေးရနိုင်တဲ့ အခွင့် အလမ်းကစ နည်းလာတယ်။ ၃၅ နဲ့ ၃၉ ကြား အမျိုးသမီးတွေမှာ ၂ဝ% အခွင့် အလမ်းမရှိတာ တွေ့ရတယ်။

အရင်ကတော့ အသက်ကြီး ကိုယ်ဝန်ဆောင်ဆိုတာ ကလေးတွေ အများကြီး မွေးထားပြီးတဲ့ သူကို ပြောကြ ပေမဲ့ အခုခေတ်မှာ အသက်သာ နဲနဲကြီးပေမဲ့ ကလေးမွေးမများ သေးသူတွေ ဖြစ်လာတယ်။ အမှန်က ကလေးများများ မွေးသူတွေသာ အခက်အခဲတွေ ပိုကြုံလေ့ရှိတာပါ။ ခေတ်အမျိုးသမီးများဟာ ဗဟုသုတ ရော အာဟာရပါ ပိုပြည့်ဝ ကြံ့ခိုင်နေတာ များလာတယ်။ အရွယ်ရလာသူတွေဟာ သူ့တို့ ကိုယ်ခန္ခာကို ပိုသိကြတယ်။ ဖြစ်လာမှာကို ခံနိုင်ရည် ပိုရှိကြတယ်။ ပိုလွတ်လပ်မှုရှိတယ်။ အမှိခို နည်းတတ်ကြတယ်။ အသက် ပိုရလာလို့ သွေးတိုး၊ ဆီးချိုစတာတွေ မရှိဘို့သာ အရေးကြီးတာပါ။

တခုကတော့ ဖြစ်နိုင်ပါတယ်။ မွေးလာမဲ့ ကလေးဟာ ချို့ယွင်းတာမျိုးက ငယ်သူတွေထက်တော့ ပိုဖြစ်နိုင် တယ်။ စောစောက သုတေသနကဘဲ ပြောတယ်၊ ၃၅-၃၉ အတွင်း ၅ဝဝ မှာ ၁ ယောက် အဲလိုဖြစ်ရင်၊ ၄ဝ-၄၅ အတွင်းတွေက ၂၅ဝ မှာ ၁ ယောက် ဖြစ်တယ်။ ၄၅ ကျော်ရင် ၇ဝ မှာ ၁ ယောက်လို့ ဆိုပါတယ်။ ဒါ့ကြောင့် Maternal serum screening မိခင်သွေးစစ်တာနဲ့ တခြား စမ်းသပ်မှုတွေ လုပ်သင့်ကြတယ်။ Chorinic villas sampling ဒါမှမဟုတ် Amniocentesis ရေမြွာရည်စစ်နည်းတွေ ပြောတာပါ။ သူများနိုင်ငံ တွေမှာ အဲလို စစ်လို့ ကြိုသိရရင် ကိုယ်ဝန်ကို ရပ်ပြစ်နိုင်တယ်။

အသက် ၄ဝ ကျော်မှာ ကိုယ်ဝန်ဆောင်ရင် Stillbirth ကလေး အသေမွေးနှုံး များတတ်သေးတယ်။ ၂ဝ-၃၉ အတွင်းမှာ လူ ၁ဝဝဝ ထဲက ၅-၆ ယောက်၊ ၄ဝ ကျော်ရင် ၉ ယောက်။ ဒါ့ကြောင့် သူတို့ကို တခြား ကိုယ်ဝန်တွေထက် ANC မမွေးမီ စောင့်ရှောက်ခြင်း ပိုလုပ်ပေးရလိမ့်မယ်။ ဒါတွေက လွဲရင် ကလေးတွေ အားလုံး ကျန်းမာကြပါတယ်။

အသက်ကြီးသူတွေကို မွေးတဲ့အခါမှာလည်း ပိုဂရုစိုက်စရာ လိုကြပါတယ်။ ၃၅ နှစ်ကျော်သူတွေကို Induced labour မွေးစေအောင် ကူညီလုပ်ပေးခြင်း၊ Epidural ခါးထုံဆေးနဲ့ မွေးပေးခြင်း၊ Oxytocin ညှစ်အား ကောင်းဆေး သွင်းမွေးခြင်း၊ Forceps delivery ညှပ်ဆွဲ မွေးပေးခြင်း၊ LSCS ဗိုက်ခွဲမွေး ပေးခြင်းတွေ ပြောတာပါ။ အမှန်က ဆရာဝန်တွေက Risk ဖြစ်လာနိုင်ခြေ-အန္တရာယ် ရှောင်ချင်ကြ တာလည်း ပါနေတာပါ။ ဒါပေမဲ့ မိခင်လောင်းရော ဆရာဝန်-ဆရာမတွေပါ Stress စိတ်ဖိအား မများဘဲ၊ သိပ်အစိုးရိမ်လည်း မကြီးသင့်ကြဘူး။

Demography of American Motherhood အမေရိကန် မိခင်တွေ ပုံစံပြောင်းလာနေ

အသက်အရွယ် ရနေတဲ့ မိခင်တွေကနေ Autism မွေးရာပါရောဂါနဲ့ ကလေးမွေးလာဘို့ အခွင့်အလမ်း သူတို့ထက်ငယ်တဲ့ မိခင်တွေထက် ပိုများတယ်။ အသက်အရွယ်ကြီးတဲ့ ဖခင်နဲ့ အသက် ၃ဝ အောက်အရွယ် ဇနီးသည်တွေကနေလဲ အဲလို ဖြစ်နိုင်ခြေ များတယ်လို့ Journal Autism Research မှာရေးလိုက်ပါတယ်။ ကယ်လီဖိုးနီးယားမှာ ၁၉၉ဝ နောက်ပိုင်း မွေးဖွါးစာရင်း ၅ သန်းကိုလေ့လာပြီးမှ ကောက်ချက်ချခဲ့တာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ ရောဂါနဲ့ ကလေးပေါင်း ၁၂၁၅၉ ယောက်ရှိတယ်။

ဒိအရင် လေ့လာမှုအရ သိထားခဲ့တာက ဖခင်တွေရဲ့ အသက်ကြီးလေလေ ဖြစ်နိုင်ခြေများလေလေ။ အခုလေ့လာမှုသစ်မှာ ဖခင်ရဲ့ အသက် ၄ဝ ကျော်ပြီး၊ မိခင်က အသက် ၂ဝ အောက်ဆိုရင် မွေးလာတဲ့ ကလေးမှာ Autism ရောဂါ ဖြစ်နိုင်ခြေ များတာ တွေ့ရတယ်။ ငယ်ရွယ်တဲ့ ဖခင်တွေထက် ၅၉% အထိများ တယ်။ Autism ရှိတဲ့ကလေးရဲ့ ဥာဏ်ရည်က တခြားကလေးတွေနဲ့ မတူပါ။

ထူးခြားချက်ကတော့ မိခင်က အသက် ၃ဝ ကျော်နေပြီး၊ ဖခင်က ၄ဝ ကျော်နေရင် ၁၃% ပိုများတယ်။ မိခင်အသက် ၅ နှစ် ပိုကြီးလေလေ ဖြစ်နိုင်ခြေ ၁၈% တိုးလေလေဖြစ်တယ်။ မိခင်အသက် ၄ဝ ကျော်ရင် ၂ဝ ကျော်သူတွေထက် ၅ဝ% ပိုတယ်။ ၂၅ နှစ်အောက်တွေထက် ၇၇% ပိုတယ်။

အရင်အထင်ဖြစ်တဲ့ ဖခင်အသက်ကြီးတာသာမက မိခင်အသက်ကြီးရင်လဲ ပိုတယ်လို့ အသစ်ကနေ သိလာရတယ်။ အစ္စရေး စာရင်းဇယားတွေကို လေ့လာတော့ ဖခင်အသက် ၄ဝ ကျော်ရင် ၃ဝ ကျော်တွေ ထက် မွေးလာတဲ့ကလေးမှာ Autism ရောဂါ ၅ ဆပိုတာ တွေ့ရတယ်။

၆-၅-၂ဝ၁ဝ နေ့ကထုတ်ပြန်တဲ့ The New Demography of American Motherhood အစီရင်ခံစာဟာ ၁၉၉ဝ ကျော်နဲ့ ၂ဝဝ၈ တုံးက ကလေးမွေးဖွါးသူ မိခင်တွေကို လေ့လာခဲ့တယ်။

• Age အရင်ကထက် အသက်ပိုကြီးလာကြတယ်။ ၁၉၉ဝ တုံးက ဆယ်ကျော်သက်တွေက ၁၃% ကလေး မွေးကြပြီး၊ ၃၅ နှစ်ကျော်သူတွေက ၉% ကလေးမွေးခဲ့ကြတယ်။ ၂ဝဝ၈ ရောက်တော့ ပြောင်းပြန် ဖြစ်လာတယ်။ ဆယ်ကျော်သက်တွေက ၁ဝ% နဲ့ ၃၅ နှစ်ကျော်သူတွေက ၁၄% ကလေးမွေးခဲ့ကြတယ်။

• Marital Status အိမ်ထောင်မပြုသေးဘဲ ကလေးမွေးသူ ၁၉၉ဝ မှာ ၂၈% ရှိခဲ့ရာကနေ ၂ဝဝ၈ မှာ ၄၁% အထိ ရှိလာတယ်။

• Race and Ethnicity ကလေးမိခင်တွေထဲမှာ အသားဖြူ အမျိုးသမီးတွေက ၁၉၉ဝ တုံးက ၆၅% ရှိခဲ့ရာကနေ ၂ဝဝ၈ မှာ ၅၃% ကျဆင်းလာတယ်။

• Education ကလေးမွေးသူ မိခင်တွေထဲက ၁၉၉ဝ တုံးက ၄၁% သာ ကောလိပ်အထိ ပညာသင်ခဲ့သူတွေ ဖြစ်ပြီး၊ ၂ဝဝ၆ မှာ ၅၄% အထိတက်လာတယ်။ အသက် ၃၅ နှစ်နဲ့ကျော်မှ ကလေးမိခင်ဖြစ်လာသူတွေ ထဲမှာ ကော်လိပ် ကျောင်းသူ ၇၁% ရှိတယ်။

• Attitudes about Parenthood ဘာလို့ ကလေးယူလိုက်တာပါလဲလို့ မေးတော့ ၈၇% က ပျော်ရွှင်မှု ရစေလို့ ဆိုပြီး ဖြေတယ်။ ၄၇% ကတော့ ယူချင်တယ်ဆိုတာထက် ရလာတာလို့ဖြေကြတယ်။

• Overview ချုပ်လိုက်ရင် ၁၉၉ဝ နဲ့စာရင် နောက်ပိုင်းမှာ ဆယ်ကျော်သက် ကလေးအမေတွက အသက် ၃၅ နှစ် ရောက်မှ ကလေးယူသူတွေထက် များခဲ့တယ်။ နောက်ပိုင်းမှာ လက်မထပ်ဘဲ ကလေးအမေဖြစ် သူတွေ ပိုများလာတယ်။ အသားမဲတွေမှာ ၇၂% နဲ့ ပိုသိသာတယ်။ ဟစ်ပင်းနစ်တွေက ၅၃%၊ အဖြူ မတွေက ၂၉% နဲ့ အာရှသူတွေက ၁၇% ရှိတယ်။ စုစုပေါင်း ကလေးမွေးကြတာ အဖြူတွေက ၅၃% နဲ့ ဟစ်ပင်းနစ်တွေက ၂၄% ရှိတယ်။ ၂ဝဝ၆ မှာ ၅၄% က ကောလိပ်ပညာ သင်ထားသူတွေဖြစ်တယ်။ ၂၄% က တိုင်းတပါးမှာ မွေးခဲ့ကြတယ်။

By ဒေါက်တာတင့်ဆွေ

Wednesday, October 23, 2013

Abortion Pills ဖျက်ဆေးတွေအကြောင်း


Misoprostol တမျိုးထဲနဲ့ ကိုယ်ဝန်ဖျက်နည်းကို ၁၉၇ဝ ကျော်ကတည်းက သုံးနေခဲ့တယ်။ ဒိနောက်မှာ (Misoprostol + Mifepristone) ဒါမှမဟုတ် (Misoprostol + Methotrexate) ဆေး ၂ မျိုးတွဲသုံးလာတယ်။ ၂၂ ပါတ် ကိုယ်ဝန်ကို ဆေးသုံးပြီးဖျက်ဘို့ နည်း ၃ မျိုးရှိလာတယ်။
1) Misoprostol + Mifepristone နည်း
• Mifepristone ကို RU-486 လို့လဲခေါ်တယ်။ Mifegyne လို့လဲခေါ်တယ်။ Mifeprex လို့လဲခေါ်တယ်။
• Antiprogestogen ကိုယ်ဝန် ဆက်တည်တန့်ဘို့ အတွက်လိုအပ်တဲ့ (ပရိုဂျက်စတိုဂျင်) ဟော်မုန်းကို ဆန့်ကျင်တဲ့ဆေး ဖြစ်တယ်။
• Mifepristone ဆေးကို ပါးစပ်ကဖြစ်ဖြစ် မွေးလမ်းကဖြစ်ဖြစ်ပေးလို့ရတယ်။ သားအိမ်နံရံ ပါးလာမယ်။ သားအိမ်ဝကို ပျော့စေ၊ ကျယ်စေတယ်။ အချင်း (ဆဲလ်) တွေ အသစ်ဖြစ်မှာကို တားဆီးတယ်။ အချင်း ကွာကျလာမယ်။ သားအိမ်ကိုလည်း ပိုပြီးညှစ်လာစေတယ်။ အထဲကရှိတာကို အပြင်ထုတ်မယ်။
• Induced abortion ၄၉ ရက်အထိ ကိုယ်ဝန်ကို ဖျက်ခြင်း (FDA အသိအမှတ်ပြုနည်း)
o ပဌမနေ့။ Mifepristone (Mifeprex) 200 mg ၃ ပြားကို ပါးစပ်ကတပြိုင်နက်တည်း သောက်ပါ။
o တတိယနေ့။ Misoprostol (Cytotec) 200 mcg ၂ ပြားကို ပါးစပ်ကတပြိုင်နက်တည်း သောက်ပါ။
o ၁၄ ရက်အကြာမှာ ဆရာဝန်ပြန်ပြပါ။ လိုအပ်ရင် သားအိမ်ခြစ်ပေးမယ်။
• သားအိမ်ခြစ်စရာမလို၊ ဝယ်ရတာနဲနဲခက်၊ ဆေးဈေးကြီး၊ သူ့အလိုလိုပျက်ကျသလိုနေ၊ ၉၅% ထိရောက်မှုရှိ။ ဆေးခန်းကို ၂ ကြိမ်ပြရန်လို။ သွေးဆင်းနေတာက Misoprostol (Cytotec) တမျိုးထဲသုံးတာထက် ပိုကြာနိုင်။
• မွေးလမ်းက သွေးဆင်းတာအတွက်လဲ သုံးတယ်။ အရေးပေါ်တားဆေးအဖြစ် Mifepristone 100 mg တလုံးထဲ သောက်ရတယ်။

2) Misoprostol (Cytotec) ဆေးသုံးနည်း
Cytotec, Citotec, Cyprostol, Arthrotec, Gymiso, Misotrol, Mibetec, Oxaprost, Prostokos နာမည်တွေနဲ့ ရတယ်။ NSAID အကိုက်အခဲပျောက်ဆေးတွေကြောင့်ဖြစ်တဲ့ Gastric ulcers အစာအိမ်နာအတွက်လဲ သုံးတယ်။
• (က) ၁၂ ပါတ် အထိကိုယ်ဝန်ကို Misoprostol (Cytotec) တမျိုးထဲနဲ့ဖျက်ခြင်း၊
o Misoprostol 800mcg ကို မွေးလမ်းကြောင်းကနေ ဝ နာရီတခါ၊ ၆ နာရီတခါ၊ ၁၂ နာရီတခါ စုစုပေါင်း ၃ ခါထည့်ပါ။ ဒါမှမဟုတ် -
o Misoprostol 800mcg ကို မွေးလမ်းကြောင်းကနေ ၁၂ နာရီတခါ ပေါင်း ၃ ခါထည့်ပါ။ ဒါမှမဟုတ် -
o Misoprostol 800mcg ကို မွေးလမ်းကြောင်းကနေ ၂၄ နာရီတခါ ပေါင်း ၃ ခါ ထည့်ပါ။ ဒါမှမဟုတ် -
o Misoprostol 800mcg ကို လျှာနဲ့ ပါးစောင်မှာ ၃ နာရီခြား ၃ ခါ ငုံထားပါ။
• မွေးလမ်ကြောင်းကထည့်တာက ပါးစပ်ကသောက်တာနဲ့ ထိရောက်မှုတူပြီး၊ ဘေးထွက်-ဆိုးကျိုး ပိုနည်းတယ်။ လေ့လာမှု တချို့အရ ပါးစပ်ကသောက်တာဟာ ထိရောက်မှုနည်းတယ်။ မွေးလမ်းကထည့်ရင် ဆေးပြားကို နဲနဲ စိုအောင်အရင်လုပ်ပါ။ အတွင်းထိရောက်ပါစေ။ ပါးစပ်ကနေ အရင်ငုံထားတာ မိနစ် ၃ဝ နေလို့မှ ဆေးက ပျော်မသွားရင်တော့ မျိုချပါ။
• ၁၂ နာရီအတွင်း ၇ဝ% အကုန်ပျက်ကျတယ်။
• ၂၄ နာရီအတွင်း ၈ဝ% အကုန်ပျက်ကျတယ်။
• ၄၈ နာရီအတွင်း ၉၅% အကုန်ပျက်ကျတယ်။
• သားအိမ်ခြစ်စရာမလို၊ ဝယ်ရတာမခက်၊ ဈေးသိပ်မကြီး၊ သူ့အလိုလို ပျက်ကျသလိုနေ၊ ပျမ်းမျှ ၉၃% ထိရောက်မှုရှိ။
• (ခ) ၁၃-၂၂ ပါတ် အထိကိုယ်ဝန်ကို Misoprostol (Cytotec) တမျိုးထဲနဲ့ဖျက်ခြင်း၊
o Misoprostol 400mcg ကို မွေးလမ်းကြောင်းကနေ ၃ နာရီတခါ၊ ပေါင်း ၅ ခါထည့်ပါ။ • (ဂ) ၂၃ ပါတ်ကျော်နေတဲ့ ကိုယ်ဝန်ကို
o Misoprostol (Cytotec) ဆေးတမျိုးထဲနဲ့ ရနိုင်-မရနိုင် မသေခြာပါ။

3) Misoprostol + Methotrexate (M&M) ဆေး ၂ မျိုးတွဲနည်း
• ၇ ပါတ် (၄၉ ရက်) ကိုယ်ဝန်အတွက်သုံးနိုင်တယ်။
• Methotrexate ဆေးက DNA synthesis ကိုတားဆီးပေးတယ်။ ထိုးဆေး-စားဆေးရှိတယ်။ (အော်တိုအင်မြူးန်) ရောဂါတချို့အတွက်လဲသုံးတယ်။ ကင်ဆာတွေမှာလဲသုံးတယ်။ ဖေါလစ်-အက်စစ် အလုပ်ကိုလဲ တားဆီးတယ်။
• Methotrexate + Misoprostol ကို သားအိမ်ပြင်ပ သန္ဓေတည်တာအတွက်လဲ သုံးနိုင်တယ်။
• ကိုယ်ဝန်ရှိတာဟာ သားအိမ်ထဲလား၊ အပြင်မှာလား၊ IUD သားအိမ်ထဲ တားနည်း-ပစ္စည်း ရှိ-မရှိ ကြည့်မယ်။
• Methotrexate IM ဆေးထိုးပေးပြီးနောက် ၃-၇ ရက်အကြာမှာ Misoprostol suppositories ၂ ပြားကို ဗဂျိုင်းနားကဖြစ်ဖြစ် ပါးစပ်ကဖြစ်ဖြစ်ပေးမယ်။
• Methotrexate တမျိုးထဲကနေ ၁ဝ% သွေးဆင်းမယ်။ ဆေး ၂ မျိုးပေးပြီးနောက် ၄ နာရီကနေ ၂၁ ရက်အတွင်း သွေးဆင်းမယ်။ တချို့က ၄ ပါတ်နေမှသွေးဆင်းတယ်။ ဆင်းနေတာ ၈-၁၆ ရက်အထိကြာနိုင်တယ်။ ဒိထက်ကြာ နေရင် ဆရာဝန်ပြန်ပြပါ။ တော်တော်နဲ့မဆင်းသေးသူကို Misoprostol ဒုတိယအကြိမ်ထပ်ပေးနိုင်တယ်။
• FDA က အသိအမှတ်ပြုမထားပါ။ ဝယ်ရတာခက်နိုင်၊ ဆေးဈေးကြီး၊ ကိုယ်ဝန်နုတာသာသုံးနိုင်။ သွေးဆင်းနေတာ Misoprostol တမျိုးထဲ သုံးတာထက် ပိုကြာနိုင်။

Mifepristone ဆေးကို တခြား ကိုယ်ဝန်ဆောင်အခြေအနေများမှာသုံးခြင်း
• Intrauterine death (IUD) ကလေးအထဲမှာ သေနေရင် -
o ၁၃-၁၇ ပါတ်ကိုယ်ဝန်= Mifepristone (Mifeprex) 200mg ကို မွေးလမ်းကြောင်းထဲ ၆ နာရီခြား ထည့်ပါ။
o ၁၈-၂၆ ပါတ်ကိုယ်ဝန်= Mifepristone (Mifeprex) 100mcg ကို မွေးလမ်းကြောင်းထဲ ၆ နာရီခြား ထည့်ပါ။
o ၂၇ ပါတ်ကျော်ကိုယ်ဝန် = 25-50mcg ကို မွေးလမ်းကြောင်းထဲ ၄ နာရီခြားထည့်ပါ။
o အရင်က LSCS/CS ဗိုက်ခွဲမွေးထားသူဆိုရင် ဆေးလျှော့ပေးပါ။

• Induction of labor ကလေးမြန်မြန်မွေးအောင်လုပ်ခြင်း
o Mifepristone (Mifeprex) 25mcg ကို မွေးလမ်းကြောင်းထဲ ၄ နာရီခြားထည့်ပါ။ ဒါမှမဟုတ်
o Mifepristone (Mifeprex) 50 mcg ပါးစပ်က ၄ နာရီခြားသောက်ပါ။

Dr. တင့်ဆွေ

Tuesday, October 22, 2013

ကျားလိင်အင်္ဂါ ဆေးထိုးခြင်း(+18)



လိင်အင်္ဂါကြီးအောင် ကျားအင်္ဂါထဲကို ဆီလီကွန်တို့ ပန်းပေါင်းဆီတို့အစား နောက်ပိုင်း ပင်နယ်စလင် ထိုးဆေးအဆီကို ထိုးထည့်ကြတာ သိပ်များလာပါတယ်။ (၃) ခါ ထိုးရပါတယ်။ ပင်နင်စလင်အဆီက တခါတလေ ခဲနေရင် မီးဝန်း လိုက်ပါသေးတယ်။ ပထမ တစ်ခါထိုးပြီး အသားနုလေးတစ်လွာ တက်လာအောင်စောင့်ပြီးမှ ဒုတိယ အကြိမ်ပြန်ထိုး ရပါတယ်။ တတိယ အကြိမ် ထိုးပြီးရင် ဆေးအောင်တယ်လို့ ဆိုပါတယ်။ ပင်နင်စလင် ဆေးက ကျားအဂါ် အထဲသို့ရောက်လျင် ပန်းပေါင်းလို မဟုတ်ဘဲ့ အသားဆဲလ်တွေပြန်ဖြစ်သွားပြီး သူကအထဲမှာ ဘာမှဒုက္ခ မပေးဘူးလို့ ဆိုပါတယ်။ ဟုတ်ပါသလား။ ကျားကင်္ဂါ ကြီးချင်ကျလို့ ပင်နင်စလင် အဆီကို တော်တော်များများ ထိုးနေကြတာ တွေ့ရပါတယ်ဆရာ။ ဘာအန္တရာယ်မှ မရှိတာ သေချာလားဆရာ သိချင်ပါတယ်။

Penicillin G procaine in oil ပနယ်စလင်အဆီထိုးဆေး ၁ စီစီထဲမှာ Penicillin G procaine 100,000 units နဲ့ Peanut ပဲဆီ၊ ဒါမှမဟုတ် Sesame နှမ်းဆီ၊ ဒါမှမဟုတ် Soybean oils ပဲပုပ်ဆီတွေရောထားတယ်။ ဒီထိုးဆေးကိုတော့ သုံးနိုင်တာ နေရာတကာလို့ပြောနိုင်တယ်။ Cellulitis ပိုးဝင်ပြီး ရောင်ရမ်းတာ၊ Infective endocarditis နှလုံးပိုးဝင်လို့ရောင်တာ၊ Gonorrhea ဂနိုးရီးယား၊ Meningitis ဦးနှောက် မြှေရောင်၊ Aspiration pneumonia, lung abscess အဆုပ်ပြည်တည်နာ နဲ့ အန်ဖတ်ဝင်လို့ဖြစ်တဲ့ နူမိုးနီးယား၊ Community-acquired pneumonia လူအုပ်ကနေရလာတဲ့ နူမိုးနီးယား၊ Syphilis ဆစ်ဖလစ်၊ Septicemia in children ကလေးတွေသွေးထဲပိုးဝင်တာ၊ Septic Arthritis ပိုးဝင်လို့အဆစ်နာရောဂါ၊ Gangrene သွေးမလျှောဘဲပုတ်ဆွေးတဲ့အနာ နဲ့ Diphtheria ဆုံဆို့နာတွေအတွက် သုံးတယ်။

အခုနောက်ပိုင်းမှာ Benzathine benzylpenicillin ခေါ်တဲ့ တာရှည်ခံ ပနယ်စလင်ထိုးဆေးကိုသာ သုံးပါတော့တယ်။ Prophylaxis of rheumatic fever ရူမက်တစ်အဖျား (လေးဘက်နာ) ကိုကာကွယ်ဘို့နဲ့ Early or latent syphilis ဆစ်ဖလစ်စောဖြစ်တာနဲ့ နောက်ကျဖြစ်တာတွေအတွက်သုံးတယ်။ ကျန်တဲ့ရောဂါတွေကို နောက်ပေါ်စားဆေးတွေ နဲ့ တခြားပိုးသေဆေးတွေက ပိုကောင်းလို့ သုံးရတယ်။

ပနယ်စလင်အဆီကို တင်ပါးနဲ့ လက်မောင်းအိုးမှာသာ ထိုးရတယ်။ ထိုးရင်နာတယ်။ အဆီဖြစ်လို့ ဆေးထိုးတာလဲ သတိထားရသေးတယ်။ ဒီဆေးထိုးလိုက်ရင် ဆေးထိုးရာနေရာမှာ ဘာတွေဖြစ်လာသလဲဆိုတာကို Histological Reactions to Injections of Procaine Penicillin in Oil စစ်ဆေးမှု လုပ်တဲ့အခါ ဒီလိုဟာတွေ တွေ့လာရတယ်ဆိုတာ သုတေသနစာတမ်းတခုကို St. Bartholomew's Hospital ဆေးရုံက Demonstrator of Pathology, Peter Story, M.D. ကနေ ရေးထားတာရှိတယ်။

• ဆေးဝင်ရာကြွက်သားတွေ Oedematous ဖေါင်းရောင်နေတယ်။

• အထဲမှာ Oily giobules အဆီခဲလေးတွေတွေ့ရတယ်။ အဆီခဲဟာ သေသေးလေးတွေကနေ ၂ မီလီမီတာအထိ ကြီးတယ်။

• အဆီခဲကြောင့် ဘေးမှာရှိတဲ့ Connective tissue တွယ်ဆက် တစ်ရှူးတွေမှာ Cellular reaction တုံ့ပြန်မှုတွေ ဖြစ်နေတာလဲတွေ့ရတယ်။

• Muscle bundles ဆက်စပ်နေတဲ့ ကြွက်သားအစိုင်အခဲဟာလဲ Degeneration ပျက်စီးဖြစ်စဉ်ရှိနေတယ်။

• တချို့နေရာမှာ Disappearance of muscle fibres ကြွက်သား ဖိုက်ဘာတွေပျက်စီးသွားပြီး Cellular fibrous tissue အမာရွတ်ဖြစ်စဉ် ဝင်လာတယ်။

• Cellular reaction ဆဲလ်တုံ့ပြန်မှုက အမျိုးမျိုးရှိတယ်။ Round cells ဆဲလ်ဝိုင်းဝိုင်းသေးသေးလေးတွေကနေ တချို့နေရာတွေမှာ Mononuclear phagocytes အကြီးစားတွေရှိတယ်။

• Eosinophils သွေးဖြူဥတမျိုးများများနဲ့ Multinucleate giant cells ဆဲလ်ဧရာမတွေ နည်းနည်းလဲတွေ့တယ်။

• ဒါပေမဲ့ Acute inflammatory reaction ယုတ်ရက်ရောင်ရမ်းဖြစ်စဉ်မျိုးမှာတွေ့ရမဲ့ Neutrophil leucocytes ဆိုတာ နည်းနည်းပါးပါးလေးသာတွေ့ရတယ်။

• ဆေးထိုးတဲ့နေရာနဲ့ သက်ဆိုင်ရာ တက်စေ့တွေမှာလဲ အပြောင်းအလဲတွေတွေ့သေးတယ်။ ရောဂါဗေဒလို Sinus catarrh လို့ခေါ်တယ်။ Foam cells ဆဲလ်တမျိုးတွေတွေ့ရတယ်။

• ဒီလိုဖြစ်လာတာတွေဟာ ဆေးထဲမှာပါနေတဲ့ Procaine penicillin နဲ့ Arachis oil အဆီကြောင့် ဖြစ်တာတွေလို့ ယူဆနိုင်တယ်။

• ပနယ်စလင်ကို အဆီလုပ်ထားရတဲ့သဘောက သွေးထဲစုပ်ယူမှာကိုနှေးစေဘို့ဖြစ်တယ်။ ဆေးကကြာကြာနေမယ်။ Suspension of calcium penicillin ကို Beeswax ပျားဖယောင်း နဲ့ဖြစ်ဖြစ် Peanut oil မြေပဲဆီနဲ့ဖြစ်ဖြစ် လုပ်တယ်။

အခုမေးတာက ကျားလိင်အင်္ဂါကိုထိုးကြတာဖြစ်နေတယ်။ သူများနိုင်ငံတွေမှာ အဲလိုထိုးလို့ ဘာတွေဖြစ်သလဲဆိုတဲ့ သုတေသန ခုထိတော့ မတွေ့သေးပါ။ လုပ်လဲမလုပ်ကြပါ။ ဒါကြောင့် ဆရာဝန်တယောက်အနေနဲ့ စိတ်ချရတယ်လို့ မပြောနိုင်ပါ။ မှန်းဆချက်ပေးတာမျိုးဟာ သိပ္ပံနည်းမကျပါ။

ကျားလိင်အင်္ဂါထဲမှာ ရှိတာက ကြွက်သားမဟုတ်ပါ။ Corpora Cavernosa Penis အသားပွက အဓိက အများဆုံး ဖြစ်တယ်။ ဆေးထိုးရင် အဲဒီထဲရောက်မှာများတယ်။ သူ့ကို Fibrous envelope အရွှတ်လွှာ ၂ မျိုးနဲ့ဖုံးထားတယ်။ Corpus Cavernosum Urethræ ဆိုတာက ဆီးထွက်လမ်း ဖြစ်တယ်။ ကျန်တာက သွေးလွှတ်ကြော၊ သွေးပြန်ကြောနဲ့ အာရုံကြောတွေ ရှိတယ်။

Penile self-injection of cocaine ကျားလိင်တံထဲကို ကိုယ့်ဖါသာ (ကိုကိန်း) ဆေးထိုးသူတွေမှာ ဆိုးဝါးတဲ့ နောက်ဆက်တွဲ ဖြစ်တာကိုတော့ လေ့လာမှုလုပ်ထားတာရှိတယ်။ အထူးသဖြင့် ကိုကိန်းအဆီက ပိုပြီးဒုက္ခပေးတယ်။ JAMA 1950 ဆေးပညာဂျာနယ်မှာ ပနယ်စလင်အဆီထိုးရာကနေ Pulmonary Embolism အဆုပ်ထဲက သွေးကြော ပိတ်တဲ့အကြောင်း ရေးထားတယ်။ ကျွန်တော်ကတော့ လုံးဝအားမပေးပါ။

By Dr တင့်ဆွေ

Sunday, October 13, 2013

ယောင်္ကျားလေးများ သိထားသင့်တဲ့ သဘာဝဖြစ်စဉ်

Q: ဆရာခင်မျာ။ ကျွန်တော့် အသက်က ၃ဝ နှစ်ဝန်းကျင်ပါ။ ကျွန်တော် မေးချင်တာက လိင်မှုဆက်ဆံရေးနဲ့ ဆိုင်ပါတယ်။ ကျွန်တော့် ရည်းစားနဲ့ လိင်ဆက်ဆံမှု ပြုတဲ့အခါတိုင်း ကျွန်တော့်လိင်အင်္ဂါက စပြီး ၁ဝ မိနစ်လောက်ဆို ကျသွားပါတယ်။ ပြန်မာအောင် လုပ်ပြီး ထပ်လုပ်ပြန်ရင်လဲ၊ ၁ဝ မိနစ် ဝန်းကျင်ဆို ပြန်ပြန်ကျသွားတတ်ပါတယ်။

တခါတခါ ပြီးဖို့လဲ အတော်လေး ကြာတဲ့အပြင် လိင်ဆက်ဆံရင်းနဲ့ မပြီးဖြစ်ဘူး။ အမြဲတမ်း Hand-job လုပ်ပေးမှ ပြီးသွားတတ်ပါတယ်။ တခါ ပြီးရင်တော့ ၁ နာရီလောက် နားပြီး၊ ပြန်ဆွပေးရင် ပြန်မာလာပြန်ပါတယ်။ ဒါပေမယ့် အခုနလိုပဲ လိင် ဆက်ဆံမှု ပြန်နေရင်းနဲ့  ပြန်ကျသွားတတ် ပြန်ပါတယ်။ ကျွန်တော့်ရဲ့ စိတ်ဆန္ဒက လိင်ဆက်ဆံမှုပြုရင်း ပြီးချင်သူပါ။ မိန်းကလေးနဲ့  လိင်ဆက်ဆံတဲ့ အကြိမ် ကျွန်တော့်မှာ အတော်လေး နည်းပါးပါတယ်။ များသောအားဖြင့် Masturbation လုပ်တာ များပါတယ်။ ကျွန်တော် စိုးရိမ်တာက Masturbation အလုပ်များလို့ လက်ရဲ့အားကို လိင်ဆက်ဆံမှုလုပ်တာ မလိုက်နိုင်တာလား၊ ဒါမှမဟုတ် ပန်းသေပန်းညိုးများ ဖြစ်နေပြီလား ဆိုတာကိုပါ။ များသောအားဖြင့် သုက်လွှတ် မြန်တာကို ထိန်းဖို့ ကြိုးစားတဲ့ကြားမှာ ကျွန်တော်က ပြောင်းပြန် ဖြစ်နေတော့ အရမ်းကို စိုးရိမ်နေမိပါတယ်။

A: (မာစတာဘေးရှင်း) ဆိုတာ လူငယ်တိုင်း မကင်းပါ။ သူတို့တတွေ ရည်းစားသနံထား၊ အိမ်ထောင်ရက်သား ကျကြတာပါဘဲ။ ငယ်တုံးက အကျင့်ကြောင့် နောင် ဆက်ဆံရေးကိစ္စမှာ အနှောင့်အယှက် ကြီးကြီးကျယ်ကျယ် မဖြစ်ပါ။
လိင်စိတ်ဝင်စားသူနှစ်ဦး အသားချင်း မထိတွေ့ရခင် ဆန္ဒဖြစ်ပေါ်လာတဲ့အခါ အင်္ဂါစိုစွပ်၊ သန်မာလာတာဟာ စိတ်ကြောင့် ဖြစ်လာတာပါ။ နောက်တဆင့် အင်္ဂါတွေ ထိတွေ့လာရင် ဆန္ဒဖြစ်ပေါ်မှု၊ အင်္ဂါစိုစွပ်မှု၊ အင်္ဂါသန်မာမှုတွေဟာ ပိုမို မြင့်မား လာစေတယ်။ ဒါပေမဲ့ အဲလို အချိန်မျိုးမှာတောင် စိတ်မှာ တစုံတရာ အတားအဆီး ရှိလာတယ်ဆိုရင် နောက်ကို ပြန်ကျ၊ တစ်ကနေ ပြန်စရတယ်။ တယ်လီဖုံးလာလို့၊ တံခါးခေါက်လို့ ဆိုတာမျိုး။ ဒါ ရောဂါတခုရဲ့ လက္ခဏာ မဟုတ်ပါ။ ဇီဝကမ္မ (ဖီဇီယိုလော်ဂျီကယ်) ဖြစ်စဉ်တရပ်သာ ဖြစ်ပါတယ်။

မေးတဲ့သူမှာ ပန်းညှိုးရောဂါ မရှိပါ။ ရှိတဲ့သူတွေက ၁ဝ မိနစ် မပြောနဲ့ စတောင် မစနိုင်ကြရှာပါ။ အင်္ဂါချင်း ထိတွေ့မှုအဆင့် ရောက်နေရင်းကနေ ပြန်ကျသွားတာမျိုးက ပြင်ပပယောဂ မပါဘဲ ဖြစ်တယ်ဆိုရင် ရုပ်ပိုင်းက ကောင်းနေတာမို့ စိတ်ပိုင်းကို ပြင်ဘို့ လိုမယ်။ “အင်္ဂါသန်မာမှု” ဆိုတာ စိတ်ဖြစ်ပေါ်မှုနဲ့ အများကြီး ဆိုင်တယ်။ Viagra ဆေး ဆိုတာတောင်မှ ပန်းသေ-ပန်းညှိုးကို ဆေးတန်ခိုး တခုထဲနဲ့ မဟုတ်ဘဲ၊ စိတ်ထဲက ဖြစ်ပေါ်လာမှ သွေးတွေ ပိုလျှောက်လာလို့ သန်မာလာစေတာ ဖြစ်တယ်။
စိတ်ဖြစ်ပေါ်မှုကို ဘယ်လိုရအောင် လုပ်မလဲ။ ရိုးရိုးပြောရင် စိတ်ကိုနိုးဆွစေနိုင်တဲ့ အတွေး၊ အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အထိအတွေ့၊ ဆိုတဲ့ အာရုံခြောက်ပါး ဖြစ်ပါတယ်။ တယောက်နဲ့ တယာက် မတူပါ။ ဂီတ၊ အစားအသောက်၊ ကြိုက်တာခြင်း မတူကြသလိုပါဘဲ။ ခက်တာက စိတ်ကို အာရုံတခုမှာ စူးစိုက်ထားနိုင်အောင် လူတိုင်းမလုပ်နိုင်ဘူး။ Zen ကို ဒီလိုကိစ္စနဲ့ တွဲရေးတာမျိုး ဖတ်ချင် ဖတ်ဘူးကြလိမ့်ပါမယ်။

လက်ကိုသုံးလို့ ပိုအဆင်ပြေတာကို ထောက်ရင် လက်ရဲ့ လှုတ်ရှားမှုတွေဟာ စိတ်ကျေနပ်-သာယာမှုကို ပိုပေးနိုင်ပြီး၊ မ အင်္ဂါကို အသုံးပြုခြင်းက ဒီလောက် အဆင်မပြေတဲ့ သဘော ဖြစ်နေတယ်။ အဆင်ပြေအောင် လုပ်လို့ ရပါတယ်။ ကျားနဲ့ မ၊ ရုပ်နဲ့ စိတ်၊ လေးချက်ရှိတယ်။
ကျားအင်္ဂါရဲ့ ခန္ဓာဗေဒနဲ့ ဇီဝကမ္မဖြစ်စဉ်အရ လိင်စိတ်ကျေနပ်မှုကို ဖြစ်စေတဲ့ အချက်အလက်၊ အခြေအနေတွေ သိဘို့ လိုလာတယ်။ Male orgasm ယောက်ျားပြီးခြင်း ကိုဘဲ ရွေးထုတ်ပြောကြ တာပေါ့။ ကိုယ့်လက်ကို အသုံးချတဲ့အခါ ဘယ်နေရာကို နိုးဆွမှုဖြစ်စေသလဲ။ စိတ်ထဲမှာ ဘယ်လို ထင်မြင်-ခံစားနေရင်းနဲ့ ပြီးဆုံးသလဲ။ ကိုယ့်အဖေါ်နဲ့ ဆက်ဆံရာမှာ အဲလို အခြေအနေ မျိုးအတိုင်း ဖြစ်အောင်လုပ်ပါ။
ကျားအင်္ဂါရဲ့ ထိပ်ဖျားပိုင်းဟာ အဓိကကျပါတယ်။ ထိပ်ဖျားပိုင်းမှာ အာရုံကြောတွေ စုဝေးနေတယ်။ တိတိကျကျ ပြောရရင် ထိပ်ဖျား (ခေါင်း) နဲ့ သူ့ရဲ့အောက် အလည်နေရာတွေက အရေးပါတယ်။

အရေပြား တွဲနေသလိုရှိတဲ့ နေရာပါ။ ဆွဲကြည့်ရင် မြားဦးပုံမျိုး။ သူ့ကို ဆွဲတင်းခြင်းဟာ အင်္ဂါကို သန်မာစေအောင် ဖြစ်စေသလို ခံစားမှုလည်း အများဆုံး ရစေတယ်။ လက်ကို အသုံးပြုရင်လည်း ဒါကို ဖြစ်စေအောင် လုပ်တာပါဘဲ။ ဒီတော့ ဆက်ဆံချိန်မှာလည်း အဲဒါမျိုး ဖြစ်အောင်လုပ်ပါ။
မ အင်္ဂါကလည်း အဆင်ပြေဘို့ လိုသေးတယ်။ မွေးလမ်းဟာ ကလေးဖွါးရပြီဆိုတာနဲ့ အနည်းနဲ့အများ ပျက်စီးသွားရတယ်။ မွေးလမ်းကြောင်း ချဲ့မွေး၊ ပြင်ချုပ်ပေးတာတောင် မတူတော့ပါ။ တချို့က ပြန်မချုပ်ဖြစ်ပါ။ ချုပ်အုံးတော့ ချုပ်ရိုး မကောင်းတာ ဖြစ်တတ်တယ်။ ပြန်ချုပ်ရာမှာလည်း ကြွမ်းကျင်မှု လိုသေးတယ်။ ကလေး မွေးဘူးတာနဲ့ မ အင်္ဂါအဝရဲ့ အောက်တည့်တည့် နေရာက စုတ်ပြဲသွားတော့တယ်။ ကလေး မမွေးဘူးရင်တောင်မှ တချို့စုတ်သွားတတ် သေးတယ်။ တင်းအား လျှော့သွားလို့၊ ထိမိစေတာကို နည်းသွားစေတယ်။ မ-အင်္ဂါကို လိုတယ်ထင်ရင် ခွဲစိတ်ပြုပြင်ပြီး၊ အပျိုနဲ့ မခြားအောင် ဆရာဝန်များက ပါရမီ ဖြည့်ပေးနိုင်တယ်။

အပျိုစစ်-မစစ်ဆိုသူတွေမှာ ကွာခြားသွားပါပြီ။ ဒါကလည်း အကောင်း အဆိုးရှိသေးတယ်။ အတွေ့အကြုံ ရလာလို့ ပိုအဆင်ပြေစေတာလည်း ရှိတတ်တယ်။ “တခုလပ်နဲ့ အပျိုစင် ဘယ်ဒင်းသာလို့ယဉ်” ဆိုတာလိုပေါ့။

နောက်ပြီး မ အင်္ဂါအဝသာမက အဲဒီနေရာတဝှိုက်က ကြွက်သားနဲ့ အရွတ်တွေ သန်မာနေဘို့ လိုတယ်။ တချို့ဆိုရင် ထိန်းအား၊ တင်းအား၊ ပင့်အားတွေ လျှော့ကျပြီး၊ Prolapse of the Uterus “သားအိမ်ကျရောဂါ”ဖြစ်ရတယ်။ သားအိမ်ကျတယ် ဆိုတာ ခြုံပြောတာပါ။ အမှန်က သားအိမ်က မွေးလမ်းထဲ၊ မွေးလမ်းအပြင်ကို ထွက်လာတဲ့အဆင့်ထိ မရောက်သေးတာက ပိုတောင် များသေးတယ်။ သားအိမ်ကျတယ်လို့သာ ပြောတာ အမှန်က သားအိမ်ရှေ့က ဆီးအိမ် ကျ (ကြွံ) တာ Cystocele က အဖြစ်အများဆုံး။ ပိုဆိုးသူတွေက မွေးလမ်းနောက် (အောက်) ဖက်မှာရှိတဲ့ အစာဟောင်းအိမ် ကျ (ကြွံ) တာ Rectocele ဖြစ်တယ်။ ကံမကောင်းရင် ဆီးအိမ်၊ သားအိမ်၊ အစာဟောင်အိမ် သုံးခုလုံး တပြိုင်နက် ဖြစ်တယ်။ ခွဲစိတ်လို့ ရပါတယ်။

ကလေးမီးဖွါးရလို့ မဟုတ်ဘဲ၊ အနေအထိုင် လိုလို့ သားအိမ်ကျသူ အပျိုလေးတွေကို ခွဲစိတ်ပေးရဘူးတယ်။ အလေးအပင် မ တာ၊ အထိုင်အထ လုပ်ရတာ၊ အကြာကြီး ချောင်းဆိုးတာ၊ နှာချေတာ၊ ဝမ်းညှစ်သွားရတာ စတဲ့ ဗိုက်ထဲမှာ (ပရက်ရှာ) ဖြစ်စေတဲ့ ဖြစ်စဉ်တွေမှာ မဆင်ခြင်မိလို့ ဖြစ်ကြရတယ်။ (ဗဂျိုင်းနား) ဆိုတာ လုံခြုံမှုရှုဒေါင့်က ကြည့်ရင် (ဝိခ်-ပွိုင့်) အားနည်းချက်တခု ဖြစ်နေတယ်။ ဗိုက်ထဲမှာ တင်းအား၊ ဖိအားဖြစ်လာတိုင်း သူ့အပေါ် သက်ရောက်စေတယ်။ လူကြီး သူမတွေက မိန်းကလေးတွေကို ငယ်ငယ်ကတည်းက “မိန်းကလေးလိုထိုင်” လို့ သင်တတ်တယ်။ ယဉ်ကျေးမှုအရသာမက ကျန်းမာရေး အရပါ ကောင်းတယ်။ ဆောင့်ကြောင့် မထိုင်သင့်ဘူး။

ဒီအင်္ဂါတွေမှာ ခန္ဓာဗေဒအရ အထိန်းတွေက ရှိနေပြီးသားပါ။ အထိန်းတွေဆိုတာ ကြွက်သားတွေနဲ့ အရွတ်ပြားတွေ ဖြစ်တယ်။ ဒါတွေကနေ စုစည်း မ တင်ပေးထားတယ်။ ဒါပေမဲ့ သတိမထားဘဲ၊ မထိန်းဘဲ၊ အမှတ်တမဲ့ဆိုသလို ချောင်းဆိုး၊ နှာခြည်၊ အလေးအပင် မ၊ အထိုင်အထတွေ လုပ်ရရင် ဒီကြွက်သားတွေကို အားနည်း၊ ပျက်စီးစေနိုင်တယ်။ ဒီလိုဖြစ်ရင် စုစည်း မ-တင်ပေးတဲ့အား လျှော့နည်းပြီး၊ ထွက်ပေါက်ဖြစ်နေတဲ့ မွေးလမ်းဆီကို ဦးတည်ပြီး ကျ၊ ထွက်၊ ကြွံ ဖြစ်လာတော့တယ်။ ဆက်ဆံရာမှာ လာထိခိုက်တယ်။

ဒီကြွက်သားတွေက စိတ်ကနေထိန်းလို့ရတဲ့ အမျိုးအစားတွေဖြစ်တာ ကံကောင်းတယ်။ အားနည်းတယ်ဆိုရင် လေ့ကျင့်ခန်း လုပ်ပြီး ပြန်ကောင်းအောင် လုပ်နိုင်တယ်။ Pelvic floor exercise လို့ခေါ်တယ်။ သိပ်မခက်၊ သိပ်အပမ်းမကြီးပါ။ ဘယ် ကြွက်သားတွေလဲ ဆိုတာသိဘို့ အရင်သင်ပေးရတယ်။ ဆီသွားနေတုံး မပြီးခင် ရပ်သွားအောင် အထိန်းခိုင်းတဲ့အခါ နေရာတဝှိုက်က ကြွက်သားတွေကို စိတ်ကနေ ကြုံ့ပေးရတယ်။ ဘယ်ကြွက်သားတွေဆိုတာ သဘောပေါက်ပြီဆိုရင် တကယ် ဆီးမသွားဘဲ နေရင်း-ထိုင်ရင်း၊ အလုပ်လုပ်ရင်း၊ လှဲနေရင်း အဲဒီကြွက်သားတွေကို စိတ်ကနေ တင်းလိုက်၊ လျှော့လိုက် လုပ်ပေးတာက လေ့ကျင့်ခန်း ဖြစ်တယ်။ တခါလုပ်ရင် ၁ဝ-၂ဝ ကြိမ်၊ နေ့တိုင်း ၂ ကြိမ် လုပ်ပါ။
နောက်တချက် လိုသေးတယ်။ (ပိုတက်ဆီယမ်) ဓါတ်ဆား နည်းနေရင် ကြွက်သား အားမကောင်းဘူး။ အစားအစာထဲမှာ နည်းနေတာနဲ့ ဝမ်းပျက်တာတွေကြောင့် ဖြစ်တတ်တယ်။ (ပိုတက်ဆီယမ်) ကြွယ်ဝတဲ့အစားတွေက ငှက်ပြောသီး၊ လိမ်မော်သီး၊ စပျစ်သီး၊ ဆီးသီး၊ ဖရုံ၊ ဟင်းနုနွယ်၊ အာလူး၊ ပဲသီးတောင့်၊ ကွမ်းသီးဂေါ်ဖီထုပ်၊ မုံလာဥ၊ ဒိန်ချဉ်၊ စတာတွေ ဖြစ်တယ်။ လက်ဖက်ရည်ကြမ်းနဲ့ အုန်းရည် သောက်တာ ကောင်းတယ်။ လိုရင် Potassium ဆေးသောက်ပါ။

ဆက်ဆံတာကို ဆက်ကြရအောင်။ ဆက်ဆံနေစဉ် ကျား အင်္ဂါက အပေါ်ဖုံးအရေပြားကလည်း ဆွဲလှန်၊ ဆွဲပိတ်၊ လှုတ်ရှားမှု လုပ်တယ်။ လက်နဲ့လည်း ဒါမျိုလုပ်တာဘဲ။ အင်္ဂါနှစ်ခုလုံး သုံးတာလည်း ဒီဖြစ်စဉ်က အချိန်အများဆုံး ယူရတယ်။ ကျားအင်္ဂါ ထိပ်ဖျားကိုရော ပြောခဲ့တဲ့ ခေါင်းအောက်နေရာ ကိုရော ထိမိစေတာဖြစ်ရင် ခံစားမှု အများဆုံး ရစေတယ်။ မ အင်္ဂါဟာ အဝနဲ့ အတွင်းပိုင်းတွေက မတူကြဘူး။ အဝက ကျဉ်းတဲ့အပြင် ကြွက်သားက လှုတ်ရှားနိုင်တယ်။ ဒါ့ကြောင့် ကျားအင်္ဂါက အာရုံကြော အများဆုံးနေရာနဲ့ မ အင်္ဂါရဲ့ အကျဉ်းဆုံးနေရာ နှစ်ခု ထိမိစေတာဟာ ကျားအတွက် ပြီးချင်စိတ် ပိုစေတယ်။ ပြောခဲ့သလို မ အင်္ဂါကလည်း ကျန်းမာနေမှ ပိုကောင်းတယ်။

နောက်ဆုံးအချက်က မ စိတ်။ အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် တယောက်နဲ့ တယောက် လိင်စိတ် အနည်းအများ မတူကြပါ။ အတွေ့အကြုံ၊ အသက်၊ အခြေအနေအရ မတူကြပါ။ (လယ်ဗယ်) တူတွေဆိုရင် အဆင်ပြေဆုံးပါ။ မတူပေမဲ့ တယောက် ယောက်ကနေ ဦးဆောင်နိုင်တယ်။ တဦးနဲ့တဦး ချစ်ခင်စိတ်ရှိသူများမှာသာ အကောင်းဆုံးဖြစ်တယ်။ ကိုယ့် (ပါတနာ) ကိုပါ ပူးပေါင်း ဆောင်ရွက်ဘို့ စည်းရုံးပါ။

တယောက်က ခံစားမှု ကောင်းတဲ့ အခြေအနေဟာ နောက်တယောက် အတွက်လည်း အတူတူဘဲ။ အနေအထား၊ နည်းလမ်း၊ လှုတ်ရှားမှု၊ စကား၊ အနံ့၊ စတာတွေ အားလုံးဟာ နှစ်ဦးလုံးအတွက် အကောင်းဆုံး ဖြစ်နေစေသင့်တယ်။ စိတ်မစောပါနဲ့။ မစိုးရိမ်လွန်းပါနဲ့။ ဆက်ဆံကြတာဟာ တခါတလေ ပြီးပြီးပျောက်ပျောက်၊ တခါတလေ တမေ့တမြော။ တခါတလေ စီစီစဉ်စဉ်။ တခါတလေ ဟောဟောဒိုင်းဒိုင်း။ ဒါ့ကြောင့် အမြဲ (ပါဖက်) ချည်း မဖြစ်တတ်တာမို့ မဟုတ်တဲ့ အခါမျိုးအတွက် သောက မထားပါနဲ့။ အရည်အတွက်ကနေ အရည်အသွေး တိုးတက်လာတာ စုံတွဲတိုင်းပါ။
အောက်က ရေးပြီးသားစာတွေကို အချိန်ရရင် ဖတ်စေချင်ပါတယ်။
1. Physiology of Erection ကျားအင်္ဂါ သန်မာခြင်း၏ ဇီဝကမ္မဗေဒ
2. Early ejaculation (2) သုက်လွှတ်စောခြင်း အဆက်
3. Kegel exercises for Men ယောက်ျားများ စိတ်ဝင်စားကြသည်
4. Masturbation (မာစတာဘေးရှင်း)
5. Early ejaculation (1) သုက်လွှတ်စောခြင်း
By ဒေါက်တာတင့်ဆွေ


အမျိုးသမီးများ ကိုယ့်ဖာသာကိုယ် ဆန္ဒဖြေဖျောက်ခြင်းရဲ့ အကြောင်း


ဆရာရှင့် ကျမ အခု ရောဂါတခု ခံစားနေရလို့ စိတ်ပူလို့ ဆရာ့ကို မေးတာပါ၊
ရင်ဖွင့်တာပါရှင့်။ ကျမ အသက်က ၃၂ နှစ် ရှိပါပြီ။ အပျိုပါရှင့်။ ကျမ
အရမ်းချစ်တဲ့ ချစ်သူတယောက် ရှိပါတယ်။ ပြောချင်တာက ကျမ တခါမှ ယောက်ျားနဲ့ တူတူ
မနေဘူးပါဘူး။ ချစ်သူရှိတယ် ဆိုတာကလည်း သူက အဝေးမှာပါရှင့်။ ကျမမှာ
မကောင်းတဲ့အချက်တခုရှိပါတယ်။ ကျမ လိင်ဆက်ဆံချင်တဲ့စိတ် ခဏခဏဖြစ်ပါတယ်။


ဒါကြောင့် လွန်ခဲ့တဲ့ ၅ နှစ်လောက်တည်းက ကိုယ့်ဖာသာကိုယ် ဆန္ဒဖြေဖျောက်တဲ့
အကျင့် ဖြစ်သွားခဲ့ပါတယ်။ ကျမ သွားတိုက်တံ လက်ကိုင်ထူထူနဲ့ဟာမျိုးနဲ့ ၁
နှစ်လောက်ထိ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်း ကိုယ့်လက်နဲ့ကိုယ်ပဲ
လုပ်ပါတယ်။ မလုပ်ရင်လည်း ကျမ တကယ် မနေနိုင်တော့လို့ပါရှင့်။ အမှန်ဆိုရင်တော့


အဲလိုမျိုးကို မလုပ်ချင်ပါဘူး။ အဲလိုလုပ်တာ အပြစ်ရှိလားရှင့်။ အခု
ကျမပြောချင်တာက ကျမရဲ့ သားအိမ်လို့ထင်ရတဲ့ ဘယ်ဘက်ဆီးခုံ အထက်နားက တခါတခါဆိုရင်
အရမ်းနာပါတယ်။ ဆိုင်ကယ် စီးတဲ့အခါမျိုးမှာလည်း နာပါတယ်။ နောက်ပြီး
လိင်ဆက်ဆံချင်တဲ့စိတ် ဖြစ်ရင် အခုနောက်ပိုင်း ကြောက်လို့ ဘာနဲ့မှ
မလုပ်ဖြစ်ပါဘူးရှင့်။ အဲဒါဆိုလည်း အဲလိုစိတ် ဖြစ်လာတော့လည်း နာပါတယ်ရှင့်။
အဲဒါ ကျမ သားအိမ်မှာ ရောဂါများ ရနေတာလား၊ ကျမ လိင်ဆက်ဆံချင်တဲ့စိတ်က ခဏခဏ
ဖြစ်တာလည်း ရောဂါလားရှင့်။ နောက်ပြီး ကျမ ရည်းစားနဲ့ အိမ်ထောင်ကျခဲ့ရင်ကော ကျမ
အဲလိုမျိုးတွေ လုပ်ခဲ့ဖူးတာ ပြောပြရမှာလားရှင့်။ ကျမကို ဖြေကြားပေးပါရှင့်။


မိန်းမဖြစ်ဖြစ် ယောက်ျားဖြစ်ဖြစ် လိင်ဆက်ဆံချင်တဲ့စိတ် ခဏခဏဖြစ်တာနဲ့
ကိုယ့်ဖာသာကိုယ် ဆန္ဒဖြေဖျောက်တဲ့အကျင့် ရှိတယ်ဆိုတာ ပုံမှန်စိတ်ဖြစ်တယ်။
အဲလိုမဖြစ်ရင်သာ ဆေးကုဘို့လိုပါတယ်။ ၁၉၅ဝ တုံးက Alfred Kinsey
(အဲလ်ဖရက်-ကင်ဆေး) လုပ်တဲ့ သုတေသနအရ ယောက်ျား ၉၂% နဲ့ မိန်းမ ၆၂% ဟာ
ဘဝတသက်တာမှာ ဖါသာ-အာသာဖြေတာ လုပ်ကြတာကို သိရတယ်။ ၂ဝဝ၇ ခုနှစ် ဗြိတိန်မှာ
လေ့လာမှုလုပ်တော့လဲ အသက် ၁၆ နှစ်ကနေ ၄၄ နှစ်ကြား ယောက်ျား ၉၅% နဲ့ မိန်းမ ၉၁%
လုပ်ဖူးကြတာ သိရတယ်။


၂ဝဝ၉ ခုနှစ်မှာ ဗြိတိန်၊ နယ်သာလင် နဲ့ ဥရောပနိုင်ငံတွေက ဆယ်ကျော်သက်တွေကို
နေ့တိုင်း Masturbation (မာစတာဘေးရှင်း) လုပ်စေဘို့ အားပေးခဲ့တယ်။ Orgasm
(အော်ဂဇင်မ်) လိင်ဆန္ဒပြည့်ဝမှု ဆိုတာ အခွင့်အရေးတရပ် ဖြစ်တယ်လို့တောင် လက်ကမ်း
ကြော်ညာမှာ ပါသေးတယ်။ ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်တခုက Teen pregnancy
ဆယ်ကျော်သက်-ကိုယ်ဝန်ရမှာနဲ့ STDs လိင်ကတဆင့် ကူးစက်ရောဂါတွေကို ကာကွယ်စေဘို့
ဖြစ်ပါတယ်။ ဒီခေတ်မှာ Safe sex လို့ လူသုံးများလာပြီ။ စိတ်ချရတဲ့
လိင်မှုရေးရာလို့ ပြောချင်တာပါ။ HIV-AIDS ရောဂါ၊ အသဲရောင် ဘီ-စီ တွေပါ
မကူးစက်နိုင်ပါ။


Benefits ကောင်းကျိုးတွေ
• Intercourse တကယ်တန်း လိင်ဆက်ဆံဘို့ အဆင်မပြေချိန်မျိုးမှာ လုပ်နိုင်လို့
တခြားမသင့်တာမျိုး အားကိုးစရာမလိုတဲ့ အစားထိုးနည်းကောင်း ဖြစ်တယ်။
• Masturbation လုပ်တာကြောင့် လိင်ဆက်ဆံရာမှာ Fertility မျိုးပွါးစေရေး
အားပေးတယ်။ ၂ဝဝ၉ ခုနှစ် သြစတြေးလျ လေ့လာမှုတခုအရ နေ့တိုင်း သုက်လွှတ်ခြင်းဟာ
သုက်ပိုး-ကျန်းမာရေးကို အားပေးတယ်။
• Female masturbation အမျိုးသမီးတွေ ဖါသာ-အာသာဖြေတာကြောင့် ဗဂျိုင်းနာ၊
သားအိမ်ဝ နဲ့ သားအိမ်တွေမှာ အပြောင်းအလဲတွေ ဖြစ်စေတယ်။ ဒါတွေကနေ သန္ဓေရစေဘို့
ပိုပြီးအဆင်ပြေစေမယ်။ ကလေးမရလို့ သုက်ပိုးကို အပြင်ကနေ ထည့်ပေးနည်း လုပ်အပြီး
၁-၄၅ မိနစ်အတွင်းမှာ Orgasm ရစေအောင်လုပ်နိုင်ရင် သုက်ပိုးက လိုရာခရီးကို
ကောင်းကောင်းရောက်စေတယ်လို့ သိရတယ်။ မ-မျိုးဥနဲ့တွေ့စေဘို့ ဖြစ်ပါတယ်။
• Female masturbation ကြောင့် သားအိမ်ဝက အချွဲကို အက်စစ်ဓါတ်ပိုစေတာမို့
ရောဂါပိုးဝင်မှာကို အဟန့်အတားပြုရာ ကျတယ်။
• Relieve depression စိတ်ကျတာကို သက်သာစေပြီး၊ Higher sense of self-esteem
ကိုယ့်ကိုယ်ကို ကျေနပ်မှု ပိုစေတယ်လို့ စိတ်ကျန်းမာရေး အရေးအသားတွေမှာ ဖတ်ရမယ်။
• Mutual masturbation ဆိုတာ နှစ်ဦးသား အပြန်အလှန် လိင်စိတ်ဖြေပေးကြတာ
ဖြစ်တယ်။ ဘယ်လိုနေရာကို ဘယ်လို လုပ်တာကို တဖက်သား သဘောကျတယ် ဆိုတာကို
ဖေါ်ထုတ်ပေးမယ်။
• (STDs) လိင်ကတဆင့်-ကူးစက်ရောဂါတွေ ဖြစ်မှာကိုပါ နည်းစေတယ်။
• Masturbation လုပ်ပြီး Sexual climax ရစေတယ်ဆိုရင် Relaxed ကိုယ်ရောစိတ်ပါ
ပြောလျှော့သွားပြီး Contented state ကျေနပ်မှုရစေမယ်။ Drowsiness and sleep
အိပ်ပျော်စေမယ်။
• တချို့ဆရာဝန်တွေက (မာစတာဘေးရှင်း) လုပ်တာဟာ Cardiovascular workout
နှလုံး-သွေးကြောဆိုင်ရာ လေ့ကျင့်ခန်းလို့ ယူဆကြတယ်။ သွေးတိုးကို ကျစေတယ်။
• ကိုယ်ဝန်မရစေဘူး။


Risks ဘာတွေကို ဂရုစိုက်ရမလဲ
• လက်ကို မတိုင်ခင် အသေအခြာ ရေဆေးပါ။ လက်သည်းဖြတ်ထားရမယ်။ လက်မှာ အနာအဆာ
မရှိရဘူး။
• အသုံးပြုတဲ့ ကိရိယာပစ္စည်းကြောင့် ဘေးဖြစ်မှာသတိထားပါ။ ဂျာမနီမှာ တခါက
အမျိုးသမီးတယောက် ခဲတန်က ဆီးအိမ်ထဲ ရောက်နေတာ ဖြစ်ဘူးတယ်။ ဗဂျိုင်းနား နဲ့
ဆီးသွားပေါက် မှားသွားလို့ဖြစ်တယ်။
• စအိုကို ထိကိုင်ရင် ပိုသတိကြီးရမယ်။ စအိုသုံးသူတွေဆိုရင် Latex gloves
(လေးတက်စ်) လက်အိပ်သုံးရမယ်။ ရေကိုအခြေခံလုပ်တဲ့ Lubricant ချောဆီသုံးရမယ်။
စအိုနဲ့ ဗဂျိုင်းနား အပြန်အလှန်လက်သွားတာ မကောင်းဘူး။
• Finger cot (Finger condom) လက်ဖျားထိပ် (ကွန်ဒွမ်) ဆိုတာလဲရှိတယ်။ အထဲမှာ
ကျွတ်ကျန်နေမှာကို သတိထားရတယ်။


Methods နည်းလမ်းတွေ
“ဘယ်နည်းက အကောင်းဆုံးသလဲ မပြောနိုင်ပါ” လို့ Paul Joannides
စိတ်အထူးကုဆရာဝန်က ဆိုပါတယ်။ အများဆုံး သုံးကြတာက (၁) Fingers နဲ့ (၂)
Vibrators ကရိယာဖြစ်တယ်။ အမေရိကားမှာတော့ လေ့လာမှုတခုထဲက “အသက် ၁၈ ကနေ ၆ဝ
နှစ်ကြားရှိ အမျိုးသမီးပေါင်း ၂ဝ၅၆ ယောက်ထဲမှာ တဝက်ကျော်က Vibrator သုံးတယ်”
လို့ Indiana University အင်ဒီယာနာ-တက္ကသိုလ် Center for Sexual Health
Promotion က တွဲဖက်-ဒါရိုက်တာ Debby Herbenick ကဆိုပါတယ်။ သူတို့ဟာ
Masturbation ဖါသာ-အာသာဖြေတာမှာရော Intercourse လိင်ဆက်ဆံရာမှာပါ သုံးကြတယ်။


Fingering လက်ကိုသုံးတဲ့နည်း
• Vaginal fingering ဗဂျိုင်းနာထဲ လက်ချောင်းထည့်ခြင်း ဆေးစကားလဲဖြစ်၊
ဥပဒေသုံးလဲဖြစ်တယ်။ လက်ချောင်း တချောင်း၊ တချောင်းမက ဖြစ်နိုင်တယ်။
လက်တခုလုံးဆိုတာလဲ ရှိသေးတယ်။
• Clitoris မ-အစိ၊ Vulva မိန်းမကိုယ်၊ Vagina (ဗဂျိုင်းနား) တွေကို လက်နဲ့
ပွတ်သပ်တာ၊ ကလိတာ၊ ထိုးသွင်းတာတွေ ပါမယ်။
• ရည်ရွယ်ချက် ၂ ခုရှိတယ်။ Sexual arousal and stimulation လိင်စိတ်ဖြစ်စေ၊
ကဲစေဘို့နဲ့ Orgasm လိင်ဆန္ဒ ပြည့်ဝစေဘို့ ဖြစ်တယ်။
• ဒီလိုလုပ်တာချည်းနဲ့ အဆုံးသပ်တာရှိသလို တကယ့်လိင်ဆက်ဆံမှုရဲ့
အစိတ်အပိုင်းအဖြစ်လဲ Foreplay အစပိုင်းမှာဖြစ်ဖြစ် Sexual activities
ကြားကာလမှာဖြစ်ဖြစ် လုပ်နိုင်တယ်။
• Mutual masturbation နှစ်ယောက်သား အပြန်အလှန် အာသာဖြေပေးတာမှာလဲ
သုံးနိုင်သလို Finger oneself တယောက်ထဲလဲ လုပ်နိုင်တယ်။
• မိန်းမတယောက် Orgasm (အော်ဂဇင်မ်) ရစေဘို့ရာ Massage of the vulva
မိန်းမကိုယ်နေရာကို ပွတ်သပ်ခြင်းနဲ့ အထူးသဖြင့် Clitoris
မ-အစိကိုပွတ်သပ်ခြင်းဟာ အဓိကအရေးပါတယ်။
• Clitoral body မ-အစိကိုယ်ရော Shaft အရင်နေရာပါ သုံးနိုင်တယ်။ အများအားဖြင့်
Skin of the clitoral hood မ-အစိအထက်နေရာ အရေပြားကို ထက်-အောက်၊ ဘယ်-ညာ၊
စက်ဝိုင်းလို ကြိုက်သလို လုပ်နိုင်တယ်။
• Labia မိန်းမကိုယ် နှုတ်ခမ်းသားတွေနဲ့ ကျန်နေရာမှန်သမျှကိုလဲ
အသုံးပြုနိုင်တယ်။


Fingering the vagina (ဗဂျိုင်းနား) ထဲကို လက်ထည့်တာလဲ လုပ်ပါတယ်။
• G-Spot ဆိုတာကို ထိမိစေရတယ်လို့လဲ ပြောကြတယ်။ (ဗဂျိုင်းနား) ရဲ့ရှေ့
(ရှေ့ဆိုတာ ပက်လက်အိပ်နေရင် အပေါ်ကိုပြောတာပါ) ၅ စင်တီမီတာနေရာမှာလို့ ဆိုတယ်။
• A-spot က သူ့ထက် ပိုနက်တဲ့နေရာမှာ ရှိတယ်။
• ဒါပေမဲ့ အဲဒီနေရာတွေ တကယ်ရှိ-မရှိ ငြင်းနေကြဆဲဖြစ်တယ်။
• ကိုယ့်ဖါသာကိုယ်လုပ်သူတွေက ဘယ်နေရာကို ဘယ်လိုလုပ်ရင် ကျေနပ်မှုပိုစေမယ်ဆိုတာ
ကိုယ်တိုင်သိပါတယ်။ ဆရာဝန်မလိုပါ။ သာယာမှုရရင် အရည်ပိုစိုစွပ်လာမှာ အမှန်ပါ။
• G-Spot ejaculation ဆိုတာ ကျေနပ်မှု ကောင်းလွန်းပြီး အရည်ဟာ Urethra
ဆီးထွက်လမ်းကနေ ထွက်တယ်။ Urine ဆီးတော့ မဟုတ်ဘူး။
• အမျိုးသမီးတွေ Orgasm ပြီးတဲ့အခါ ထွက်တဲ့အရည် Female ejaculate ထဲမှာ
Antibodies (အင်တီဘော်ဒီ) တမျိုးပါတယ်။ အဲဒါဟာ ယောက်ျားတွေ Prostate
ဆီးကျိတ်ကထွက်တာနဲ့ အလားတူတယ်။ အတွင်းကျကျအထိ လက်ထည့်ရမှာမို့
လက်ချောင်းသုံးတာကြောင့် A-spot ကိုထိစေဘို့ နည်းတယ်။


Vibrator တုန်ခါမှုရှိတဲ့ ကရိယာနည်း
• (ဗစ်တိုးရီးယား) ခေတ်က Female hysteria အမျိုးသမီး (ဟစ်တီးရီးယား)
ရောဂါကုသနည်း တခုထဲမှာ Masturbation နည်းပါတယ်။ Pelvic massage လို့သာ
ခေါ်သေးတယ်။ ခေတ်ပေါ် Vibrators နဲ့ Sex toys တွေဟာ ၁၉၈ဝ နောက်ကစပြီး ပေါ်ပြူလာ
ဖြစ်လာတယ်။
• ၂ဝဝ၉ လေ့လာမှုတခုအရ အမေရိကားမှာ ၁၈-၆ဝ နှစ်အရွယ်ရှိ ယောက်ျား ၄၆% နဲ့ မိန်းမ
၅၃% ဟာ Vibrator သုံးသတဲ့။
• မိန်းမ ၃ဝ% ကသာ ပုံမှန် ဖိုမ ဆက်ဆံရာကနေ (အော်ဂဇင်မ်) ရတယ်။ အဲဒါအတွက်
Vibrators ကို သုံးဘို့ ဆရာဝန်တွေက ညွှန်တယ်။ Masturbation အတွက်ရော
Intercourse အတွက်ပါ အသုံးခိုင်းတာ ဖြစ်ပါတယ်။
• Clitoral vibrator ဆိုတာ သပ်သပ်လာသေးပေမဲ့ အားလုံးဟာ ဒီနေရာကို
ထိမိစေရတာဖြစ်တယ်။ ဒီဇိုင်းကတော့ အမျိုးမျိုးရှိတယ်။
o G-Spot Vibrator ဆိုတာလဲလာသေးတယ်။ ခပ်ကောက်ကောက်ပုံရှိတယ်။
o Dildo-shaped ဆိုတာ ယောက်ျား-အင်္ဂါပုံအတိုင်း အရွယ်တူ လုပ်ထားတဲ့
ကစားစရာမျိုးဖြစ်တယ်။ Plastic (ပလပ်စတစ်)၊ Silicone (စီဘီကွန်)၊ Rubber
(ရာဘာ)၊ Vinyl (ဗီနိုင်းလ်) နဲ့ Latex (လေးတက်စ်) ပစ္စည်းတွေနဲ့ လုပ်ထားတယ်။
o Waterproof လဲရှိတယ်။ ရေချိုးခန်းမှာ သုံးနိုင်ဘို့ ဖြစ်တယ်။
o Egg-shaped vibrator နဲ့ Rabbit ဆိုတာတွေက ဗဂျိုင်းနာရော (ကလိုက်တောရစ်)
ကိုပါ ထိမိစေဘို့ လုပ်တားတယ်။
• ကနေဒါနိုင်ငံက (တိုရွန်တို) လေ့လာမှုအရ ဖါသာ-အာသော ဖြေရာမှာ (ဘိုင်ဗရေတာ) ကို
အသုံးများရင် တကယ်တန်း ခင်ပွန်း-အဖေါ်နဲ့ဆက်ဆံချိန်မှာ (အော်ဂဇင်မ်) ရတာကို
Desensitize ပြောင်ပြန်အကျိုး သက်ရောက်စေနိုင်တယ်လို့ သတိပေးတယ်။ အဲဒီ ဆရာဝန်က
သူ့လူနာတွေကို (အိုက်စ်ခရင်မ်) ကို နေ့တိုင်း မစားချင်ကြသလို နေသင့်တယ်လို့
အကြံပေးတယ်။ Autonomic nervous system အလိုအလျှောက် သက်ရောက်တဲ့
အာရုံကြောစနစ်က အကျင့်ရသွားစေမယ်လို့ ပြောတာ ဖြစ်ပါတယ်။
• Vibrator သုံးရင် လိင်အင်္ဂါနေရာမှာ နာတာ-ထုံတာ ဖြစ်မလား သတိထားသင့်တယ်။
Herbenick's vibrator survey သုတေသနအရ ၃ဝ% မှာ အဲလိုဖြစ်တယ်။


တခြားနည်းတွေ
• တချို့က Back of a vibrating toothbrush head တုံခါမှု လုပ်ပေးနိုင်တဲ့
သွားတိုက်တံခေါင်းရဲ့ နောက်ဖက်၊
• တချို့က Handle of a hairbrush ခေါင်းဘီး လက်ကိုင်ရိုး၊
• တချို့က Water jets in the bathtub ရေချိုးခန်းက ရေပန်း ထိပ်ဖျား သုံးကြတယ်။
• တခြားနည်းနာတွေလဲ ရှိမှာပါ။


ရောဂါမဟုတ်ပါ
• မိန်းကလေးတွေလဲ ယောက်ျားလေးတွေလိုဘဲ ဖါသာအာသာဖြေဖျောက်တာလုပ်မိတာကို Feel
guilty အပြစ်လုပ်သလို ခံစားတတ်ကြတယ်။ Sex therapists လိင်အထူးကု
ဆရာဝန်တွေကတော့ အဲလို မထင်မြင်သင့်ဘူးလို့ ဆိုပါတယ်။
• Mood စိတ်မူ၊ Spirits စိတ်ဓါတ် တက်စေမယ်။ စိတ်ကျနေသူတွေကို သက်သာရာ ရစေမယ်။
Solo sex တယောက်ထဲစခန်းသွားတာမို့ ကိုယ့်အဖေါ် ဘယ်လိုနေမလဲ ဆိုတာ
စိတ်ကူးထည့်စရာလဲ မလိုဘူး။
• အဲလိုလုပ်တာဟာ ကိုယ့် ခင်ပွန်း-အဖေါ်ကို မချစ်လို့လဲ မဟုတ်ဘူး။
ကိုယ့်အတွက်ကိုယ်လုပ်တာသာဖြစ်
တယ်။ သူနဲ့နေတဲ့အခါမှာလဲ ပိုပြီးသာလွန်ကောင်းမွန်စေနိုင်


သေးတယ်။
သူ့ကိုကိုယ်ကနေ ဘယ်လိုကဘယ်လိုဆိုတာ ဆရာလုပ်နိုင်တယ်။
• ယောက်ျားနဲ့နေလို့ (အော်ဂဇင်မ်) မရတတ်သူတွေ ဒီနည်းနဲ့ကူနိုင်တယ်။
Lubrication စိုစွပ်မှု၊ Desire ဆန္ဒဖြစ်ပေါ်မှု၊ Arousal စိတ်နိုးထမှု နဲ့ Orgasm
(အော်ဂဇင်မ်) တွေမျာ ပိုကောင်းစေတယ်။
• Pain နာတတ်တာလဲ သက်သာစေမယ်။ မနာတတ်သူတွေလဲ သုံးကြတာပါဘဲ။
• သိတဲ့အတိုင်း အမျိုးသမီးများဟာ စိုးရိမ်မှုများတတ်တယ်၊ ဖိစီးမှုများတတ်တယ်။
ဒါ့ကြောင့် စိတ်ဖြေလျှော့ပေးဘို ပိုလိုမယ်။ (မာစတာဘေးရှင်း) ကနေ ကူညီနိုင်တယ်။
• Migraine (မိုင်ဂရင်း) ခေါင်းမူး-ခေါင်းကိုက်ရောဂါ ရှိသူတွေကိုလဲ သက်သာရာ
ရစေနိုင်တယ်။ ခပ်ရှားရှား တချို့လူနာတွေမှာ (အော်ဂဇင်မ်) ကနေ (မိုင်ဂရင်း)
ထတတ်တယ်။
• Menstrual cramps ရာသီလာရင်နာတာ နဲ့ Premenstrual syndrome (PMS) ရာသီအလာခင်
ဖြစ်ချင်တာတွေ ကိုပါ သက်သာစေမယ်။

Dr.တင့်ဆွေ

အိမ်ထောင်သည်မိန်းမများ မိမိယောင်္ကျားကို ဒါတွေကျွေးပါ

အမျိုးသား အများစုက အစာကို စနစ်တကျ ရွေးချယ်ပြီး စားလေ့ မရှိကြပါဘူး။ ဒါ့အပြင် ကျန်းမာရေးကိုလည်း ဂရုမစိုက်ဘဲ လျစ်လျူရှုထားလေ့ ရှိကြပါတယ်။ ဒီအချက်ဟာ အမျိုး သားတွေ ရဲ့ သက်ရှည် ကျန်းမာရေးကို အဟန့် အတား ဖြစ်စေတဲ့ အချက်တစ်ခု ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဇနီးမယားတွေကပဲ သင့်အမျိုးသား အတွက် ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစာတွေ ပါဝင်အောင် ပြင်ဆင်ပေးသင့်ပါတယ်။

(၁)ဂျုံမှုန့်အကြမ်း

အမျိုးသားတွေအတွက် အကောင်းဆုံးနံနက်စာမှာ ဂျုံမှုန့်အကြမ်း ပါဝင်သင့်ပါတယ်။ ဒါမှ သာ နှလုံးရော ဂါ ဖြစ်နှုန်း လျော့ကျမှု ရှိမှာပါ။ ချက်ပြီးသား ဂျုံမှုန့်အကြမ်း တစ်ခွက်မှာ ပျော်ဝင်တဲ့ အမျှင်ဓာတ် သုံးဂရမ် ပါဝင်တာကြောင့် ကြာကြာ ဗိုက်ပြည့်စေပြီး သွေးတွင်း သကြားဓာတ် တည်ငြိမ်ကာ သွေးတွင်းကို လက်စထရောအဆင့် လျော့ကျမှု ရှိစေပါတယ်။ ဂျုံမှုန့်အကြမ်းမှာ ကိုယ်ခံစွမ်းအား ကောင်းစေတဲ့ သွပ်ဓာတ်၊ စိတ်ဖိစီးမှု တွန်းလှန်ပေးတဲ့ ဗီတာမင်ဘီနဲ့ အင်တီအောက်ဆီးဒင့် အစွမ်းရှိတဲ့ တခြား ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ပါဝင်ပါတယ်။

(၂)ငှက်ပျောသီး

ငှက်ပျောသီးမှာ ပိုတက်စီယမ် အများအပြား ပါဝင်တဲ့အတွက် အမျိုးသားတွေရဲ့ သွေးဖိအားကို ထိန်းညှိပေးနိုင်သလို ကြွက်တက်တာမျိုး မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ငှက်ပျောသီး မှာ ရောင် ရမ်း မှု လျော့ကျစေတဲ့ အစွမ်းရှိတာကြောင့် အဆစ်နဲ့ ကြွက်သားတွေကို တစ်နေ့လုံး နာကျင်ကိုက်ခဲမှု ကင်းဝေးစေပါတယ်။ အမျှင်ဓာတ်ပါဝင်မှု မြင့်မားတာကြောင့် ငှက်ပျောသီးကို စားပေးရင်ကို လက်စ ထရော လျော့ကျစေပြီး အူမကြီးကင်ဆာ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ မဂ္ဂနီဆီယမ် ပါဝင် တာကြောင့် လေဖြတ်တဲ့ အန္တရာယ်ကိုလည်း လျော့ကျစေပါတယ်။

(၃)ခရမ်းချဉ်သီး

ခရမ်းချဉ်သီးမှာ လိုင်ကိုပင်း ပါဝင်ပြီး ဆီးကျိတ်ကျန်းမာရေး ကောင်းမွန်စေတဲ့အတွက် အမျိုးသားတွေ အတွက် စံပြ အစာပါ။ အစွမ်းထက် ကာရိုတီးနွိုက် ဖြစ်တာကြောင့် ခရမ်းချဉ်သီးကို အနီရောင် ဖြစ်စေ တဲ့အပြင် ဆီးကျိတ်ကင်ဆာ ဖြစ်နှုန်းကိုပါ လျော့ကျစေပါတယ်။ ခရမ်းချဉ်သီးကို မစားခင် အရင်ချက်ပါ။ အပူပေးလိုက်တဲ့အခါ လိုင်ကိုပင်းကို စုပ်ယူအား ပိုကောင်းစေလို့ပါ။

(၄)ဘလူးဘယ်ရီသီး

ဘလူးဘယ်ရီသီး တစ်အောင်စမှာ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အမျှင်ဓာတ် များများ ပါဝင်ပါတယ်။ ဘလူးဘယ်ရီသီးကို အပြာရောင် ဖြစ်စေတဲ့ အစွမ်းထက် အင်တီအောက်ဆီးဒင့်ဟာ အန်သိုဆိုင်ယာနင် ခန္ဓာကိုယ်ထဲက အစွမ်းထက် ဖရီးရယ်ဒီကယ်တွေကို တွန်းလှန်ပေးနိုင်ပါတယ်။

(၅)သံလွင်ဆီ

တစ်နေ့ သံလွင်ဆီ ထမင်းစားဇွန်း နှစ်ဇွန်းစားရုံနဲ့ ကိုယ်အလေးချိန် လျော့ကျစေပြီး စိတ်ခံစားမှု ကောင်းမွန်စေကာ ရောဂါဝေဒနာကို တွန်းလှန်ပေးနိုင်ပါတယ်။ သံလွင်ဆီမှာ မပြည့်ဝဆီအပြင် ဗီတာမင်အီးနဲ့ ကာရို တီးနွိုက်တွေလို အစွမ်းထက် အင်တီအောက်ဆီးဒင့်တွေလည်း ပါဝင် တာကြောင့် သွေး တိုး ကျစေပြီး ကင်ဆာရောဂါ ကြီးထွားနှုန်းကို ချိုးနှိမ်ပေးကာ ပန်းနာရင်ကျပ် ရောဂါနဲ့ အဆစ်ရောင် နာ ဖြစ်နှုန်းကို လျော့ကျစေပါတယ်။ သံလွင်ဆီမှာ ရောင်ရမ်းမှုကျစေတဲ့ အာနိသင်ရှိပြီး နာကျင်ကိုက်ခဲ မှုနဲ့ရောင်ရမ်းမှုကိုလျော့ကျစေပါတယ်။

(၆)သစ်ကြားသီး

သစ်ကြားသီးမှာပါတဲ့ ပရိုတင်းဓာတ်၊ အမျှင်ဓာတ်၊ ဆီလီနီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ဗီတာမင်အီးတို့ဟာ ဆီးကျိတ်ကို အကာအကွယ် ပေးနိုင်ပါတယ်။ သစ်ကြားသီးကို ပုံမှန်စားသူတွေဟာ သွေးတွင်းစုစုပေါင်း ကိုလက်စထရောအဆင့် ၅ ဒသမ ၄ ရာခိုင်နှုန်း၊ မကောင်းတဲ့ ကိုလက်စရော ၉ ဒသမ ၈ ရာခိုင်နှုန်း လျော့ကျမှု ရှိကြောင်း အမေရိကန် အာဟာရ ဂျာနယ်ရဲ့ လေ့လာမှုအရ သိရပါတယ်။

(၇)ပန်းဂေါ်ဖီစိမ်း

ပန်းဂေါ်ဖီစိမ်းမှာ ကိုယ်ခံစွမ်းအား ကောင်းစေတဲ့ ဗီတာမင်အေ၊ စီနဲ့ အီးတို့အပြင် မဂ္ဂနီဆီယမ်နဲ့ ပိုတက်စီယမ်စတဲ့ သတ္တုဓာတ်တွေလည်း ပါဝင်တာကြောင့် သွေးဖိအားကို ထိန်းနိုင်တဲ့ အပြင် နှလုံးရော ဂါနဲ့ ကင်ဆာဖြစ်နှုန်းကိုလျော့ကျစေပါတယ်။

(၈)အဆီများသောငါး

အဆီများတဲ့ ငါးမှာ အိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်တာကြောင့် နှလုံးရော ဂါ ဖြစ်နှုန်း ကို လျော့ ကျစေပါတယ်။ ထရစ်ပတိုဖန် အာဟာရဓာတ်လည်း ပါဝင်တဲ့အတွက် တစ်နေ့လုံး စိတ်တည်ငြိမ် လန်းဆန်းစေပြီး အိပ်ရေးဝဝအိပ်ပျော်စေပါတယ်။

(၉)ပဲမည်း

ဆိုဒီယမ်၊ အဆီနဲ့ ကိုလက်စထရော ပါဝင်မှု နည်းပြီး အမျှင်ဓာတ်များတဲ့ ပဲမည်းကို စားတာကြောင့် တစ်နေ့လုံး စွမ်းအင် ပြည့်ဝစေပါတယ်။ ပဲက အရောင်ပိုရင့် လေလေ၊ အင်တီအောက်ဆီးဒင့် ပမာဏ ပိုများလေလေ ဖြစ်ပါတယ်။ အင်တီအောက်ဆီးဒင့် ပါဝင်မှုများတဲ့ အစာတွေကို စားတာကြောင့် ကင်ဆာနဲ့နှလုံးရောဂါဖြစ်နှုန်းကိုလျော့ကျစေပါတယ်။

(၁၀)လက်ဖက်စိမ်းလက်ဖက်ရည်

လက်ဖက်စိမ်း လက်ဖက်ရည် သောက်တာကြောင့် ကက်တီချင်လို အင်တီအောက်ဆီးဒင့် ရရှိစေပြီး ကင်ဆာဆဲလ်တွေကို ဟန့်တားပေးနိုင်ကာ ကိုယ်ခံစွမ်း အားကောင်းစေတဲ့ အင်ဇိုင်းထုတ်လုပ်မှုကို အားပေးပါတယ်။

ကေအမ်

By Good Health

Saturday, October 12, 2013

TEENAGE PREGNANCY အသက်ငယ်ငယ် ကိုယ်ဝန်လွယ်

သမီးအသက် ၁၇ ပါရှင့်။ အိမ်ထောင်ကျတာ တစ်နှစ်ရှိပါပြီ။ အိမ်ထောင်ကျပြီးပြီးချင်းပဲ သမီး လက်မောင်း ထဲထည့်တဲ့ ပစ္စည်း သုံးပါတယ်ရှင့်။ ၁၁ လပိုင်း ၆ ရက်နေ့ ရောက်တော့ အဲဒါကို ပြန်ထုတ်လိုက်ပါတယ်ရှင့်။ ၁၂ လပိုင်းမှာ ရာသီမပေါ်တာ ၄ ရက် ရောက်လာလို့ အိမ်မှာ ဆီးစစ်ကြည့်တော့ Positive ဖြစ်နေပါ တယ်ရှင့်။ ၃ ခါလုံး ဒီအဖြေပဲ ထွက်ပါတယ်ရှင့်။ နောက် ၂ ပါတ်လည်း ရောက်ရော သွေးတွေ အရမ်းဆင်း ပါတယ်။ ပြီးတော့ လက်ဝါး တစ်ဝက်စာလောက်ရှိတဲ့ သွေးခဲ ရှည်မျောမျောတစ်ခု ပါလာပါတယ်။ သွေးကြော ခရမ်းရောင်အကြောင်းလေးတွေ ပါပါတယ်ရှင့်။ ခါးနည်းနည်းကိုက်တာက လွဲလို့ တခြားဘာမှ မဖြစ်ပါဘူးရှင့်။ သွေးဆင်းတာကလည်း ခါတိုင်းလိုပဲ တစ်ပါတ်ပဲ ကြာပါတယ်ရှင့်။ အဲဒါ ကိုယ်ဝန်ပျက် တာပါလားရှင့်။ နောက်ထပ်ရော ကိုယ်ဝန် ထပ်ရနိုင်ပါသလားရှင့်။ ဘယ်လောက်ကြာမှ ရနိုင်မလဲရှင့်။ အသက် အရွယ်နဲ့ သားအိမ်ဆိုင်ပါသလားရှင့်။ အခုအရွယ်မှာ ကိုယ်ဝန်ဆောင်ရင် ဘာအခက်ခဲတွေ ဖြစ်နိုင်ပါ သလဲရှင့်။

ဆီးစစ်လို့ အပေါင်းပြရာကနေ သွေးဆင်းတာဟာ ကိုယ်ဝန်ပျက်တာ သေခြာတယ်။ Complete abortion ကိုယ်ဝန် အပြည့်အစုံ ပျက်ခြင်း ဖြစ်နိုင်ပါတယ်။ အများအားဖြင့် Incomplete abortion တဝက်တပျက် ပျက်တာဖြစ်တယ်။ အဲလိုသာဆို D and C သားအိမ်ခြစ်ရတယ်။ တချို့မှာ Septic abortion ကိုယ်ဝန် ပျက်ရင်း ပိုးဝင်တတ်တယ်။ ကိုယ်ဝန်ပျက်ပြီးနောက် တားတာလဲ မလုပ်ဘဲ အကာအကွယ်မဲ့ လိင်ဆက်ဆံ ရင် ချက်ချင်းဆိုသလို နောက်ကိုယ်ဝန် ဆက်ရနိုင်တယ်။ ဘယ်လောက်ကြာမယ်က တယောက်နဲ့ တယောက် မတူတတ်ပါ။ သီအိုရီအရပြောရရင် ပျက်သွားတဲ့သွေးကို ရာသီလာသလိုဘဲ အောက်မေ့နိုင်ပြီး၊ နောက် ၁၄ ရက်မှာ မျိုးဥထွက်လို့၊ ကျား-သုက်ပိုးနဲ့ ထိတွေ့-ပေါင်းစပ်မယ်ဆိုရင် တခါတည်း နောက်ကိုယ် ဝန် ရပါလိမ့်မယ်။

အသက် ၁၈ နှစ်အောက်နဲ့ ၃၅ နှစ်အထက်တွေ သားဦး ကိုယ်ဝန်ဆောင်ရင် အထူးသတိထားရမယ်။ Teenage pregnancy ဆိုတာ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်လို့ ပြောတာ မမှန်ဘူး။ အသက် ၂ဝ အောက်မှာ ကိုယ်ဝန် ရတာကိုသာ ဆေးပညာက ဆိုတယ်။ (မီဒီယာ) မှာတော့ မိန်းကလေးငယ်ငယ် မရည်ရွယ်ဘဲ၊ ယာက်ျားလဲ မယူဘဲ၊ အမှန်မထင် ကိုယ်ဝန် ရတာကိုမှသာ ဒီဝေါဟာရကို သုံးကြတယ်။

မိန်ကလေးတိုင်း အပျိုဖြစ်တာနဲ့ ၁၂-၁၃ နှစ်ကစပြီး ယောက်ျားနဲ့ ဖေါက်ပြားမိရင် ကိုယ်ဝန်ရနိုင်ကြတယ်။ မိန်းကလေးငယ် ကိုယ်ဝန်ဆောင်နှုန်း နေရာမတူရင် မတူဘူး။ တောင်-ကိုရီးယားမှာ ကိုယ်ဝန် ၁ဝဝဝ မယ် ၃ ယောက်မပြည့်ဘူး။ ဆာဟာရ-အောက်ပိုင်းမှာတော့ ၁၄၃ ယောက်အထိရှိတယ်။ တကမ္ဘာလုံးမှာ ၁၅-၁၉ ယောက်ရှိတယ်။

၂ဝဝ၁ UNICEF စစ်တမ်းအရ ဖွံ့ဖြိုးဆဲနိုင်ငံ ၁၂ ထဲက ၁ဝ ခုမှာ အသက်ငယ်ငယ်မှာ လိင်ဆက်ဆံမှု ရှိသူပေါင်း ၃ ပုံ ၂ ပုံရှိနေတာ တွေ့ရတယ်။ အမေရိကားနဲ့ ဥရောပါမှာဆို ၈ဝ% ကျော်တယ်။ သြစတြေးလျ၊ ယူကေ၊ အမေရိကားမှာ ၁၅ နှစ်သမီးလေးတွေရဲ့ ၂၅%၊ ၁၇ နှစ်သမီးတွေရဲ့ ၅ဝ% လိင်ဆက်ဆံ မှုပြုကြတယ်။ အနောက်နိုင်ငံတွေမှာ သတိထားကြတာက လိင်ကတဆင့် ကူးစက်ရောဂါ အတွက်သာ ဖြစ်ပါတယ်။

Save the Children ရဲ့တွေ့ရှိချက်အရ ကမ္ဘာမှာ အသက် ၂ဝ အောက် မိခင်တွေကနေ မွေးလာတဲ့ ကလေးပေါင်း ၁၃ သန်းရှိတယ်။ ၉ဝ% ဟာ မချမ်းသာတဲ့ နိုင်ငံတွေက ဖြစ်တယ်။ မွေးလာကြတဲ့ ကလေး တွေရော သူတို့မိခင်ငယ်လေးတွေမှာရော ကျန်းမာရေး နောက်ဆက်တွဲတွေ ဖြစ်ကြရလို့ သေဆုံးရတာတွေ များတယ်။ အသက် ငယ်ငယ်နဲ့ ကိုယ်ဝန်ဆောင်ရင် ပုံမှန် ကိုယ်ဝန်ဆောင်တိုင်းမှာ သတိထားစရာ တွေထက် ပိုပြီးသတိထားစရာတွေ ရှိပါတယ်။ အသက်ငယ်လေ ပိုလေဖြစ်တယ်။

သုတေသနတွေလုပ်တော့ Low birth weight ကိုယ်အလေးချိန် မပြည့်တဲ့ ကလေး မွေးတာနဲ့ Premature labor လမစေ့ဘဲ မွေးတာ ဆက်စပ်နေတာ သိရတယ်။ Anemia သွေးအားနည်းရောဂါလဲ ပိုများတယ်။ Prenatal care ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း လုပ်တာ နည်းကြတယ်။ သူတို့ကနေ မွေးတဲ့ကလေး တွေမှာ ဆေးရုံတက်ရတာ ပိုများတယ်။ Inadequate nutrition အာဟာရ မပြည့်စုံတာမှာ မတတ်နိုင်လို့ မစားရသူတွေအပြင် တတ်နိုင်ပေမဲ့ အာဟာရမကောင်းလှတဲ့ Fast food တွေစားလို့လဲ ဖြစ်စေတယ်။ HIV အဖြစ်လဲများတာ သိရတယ်။

Obstructed labour ကလေးကို မွေးလမ်းကနေ ရိုးရိုး မမွေးနိုင်တာလဲပါတယ်။ Caesarean section ခွဲမွေးရတာ ပိုများစေတယ်။ PET/Eclampsia ကိုယ်ဝန်-သွေးဆိပ်တက်တာ၊ Obstetric fistula မွေးလမ်းကြောင်း ပြွန်ပေါက်ဖြစ်တာ၊ Infant mortality မွေးလာတဲ့ ကလေး ၁ နှစ်အတွင်း သေဆုံးရတာ၊ Maternal death ကလေးမီးဖွါးရင်း သေဆုံးရတာတွေ ပိုများတယ်။ Psychosocial စိတ်ပိုင်း သက်ရောက်မှု တွေလဲ ရှိတယ်။

WHO ခန့်မှန်းချက်အရ ၁၅-၁၉ နှစ်ကိုယ်ဝန်ဆောင်သူတွေဟာ ၂ဝ-၂၄ နှစ်မိခင်လောင်းတွေထက် Pregnancy related death ကိုယ်ဝန်နဲ့ ဆက်စပ်ပြီး သေဆုံးရနှုန်း ၂ ဆ ပိုတယ်။ ၁ဝ-၁၄ နှစ်သမီးတွေ ကိုယ်ဝန် ဆောင်ရင် ၂ဝ နှစ်ရှိသူတွေထက် Maternal mortality မီးတွင်းသေဆုံးမှုနှုန်းက ၅ ဆမြင့်တက် တယ်။ Illegal abortion တရားမဝင် ကိုယ်ဝန်ဖျက်မှုကြောင့် ဖြစ်ရတာတွေလဲ မနည်းဘူး။

မချမ်းသာတဲ့ နိုင်ငံတွေမှာ တခြားစဉ်းစားစရာ Social issues လူမှုရေးတွေက များတယ်။ ပညာနည်းတာ၊ ဆင်းရဲတာတွေလဲ ပါတယ်။ ချမ်းသာတဲ့ နိုင်ငံတွေမှာတော့ လက်မထပ်ဘဲ ကိုယ်ဝန်ရတာက များတယ်။ တတ်နိုင်သူတွေက High-quality medical care အထူး ဂရုစိုက်ကြရင် ပုံမှန် ကိုယ်ဝန်တွေလို ဖြစ်နိုင်ပါ တယ်။

Dr. တင့်ဆွေ

လိင်ပုံမှန်ဆက်ဆံခြင်းက ကင်ဆာကိုအောင်နိုင်ပြီး နှလုံးကိုကာကွယ်နိုင်ဟုဆို

အိပ်ခန်းထဲမှ အချစ်ဟာ သင့်အတွက် ကင်ဆာရောဂါကို အောင်နိုင်ပြီး နှလုံးရောဂါကို ကာကွယ်နိုင်တဲ့ အပြင် အရွယ်တင် နုပျိုစေပါတယ်။ လိင် ဆက်ဆံမှု ပြုလုပ်တာကြောင့် ဘယ်လို အကျိုးကျေးဇူးတွေ ပိုကောင်းမွန်အောင် ဘယ်လိုလုပ်ရမယ် ဆိုတာ ဖော်ပြ လိုက်ပါတယ်။

၁။ အရွယ်တင်နုပျိုစေပါတယ်
တစ်ပတ်ကို အနည်းဆုံး လေးကြိမ် လိင်ဆက်ဆံမှု ပြုလုပ်တဲ့ လင်မယားတွေဟာ ပုံမှန် လူကြီးတွေထက် ၁၀ နှစ်ကျော်ခန့် ပိုပြီး အရွယ်တင်နုပျို စေနိုင်တယ်လို့ Royal Edinburhg ဆေးရုံမှ သုတေ သန ပြုလုပ်ချက်အရ သိရပါတယ်။ “လိင်ဆက်ဆံ မှုကြောင့် ရရှိတဲ့ ပျော်ရွှင် ကျေနပ်မှုဟာ အရွယ်တင် နုပျိုဖို့အတွက် အရေးကြီး အချက် ဖြစ်တဲ့ adrenaline, dopamine နဲ့ noradrenalin တွေ ထုတ်လုပ်နိုင် ပါတယ်” လို့ အာရုံကြောနဲ့ စိတ်ပိုင်းဆိုင်ရာ အထူးကု Dr.Dowid က ပြောပါတယ်။
“ဒါ့အပြင် လိင်ဆက်ဆံမှုကြောင့် Growth ဟော်မုန်းတွေ ထွက်လာပြီး လေထု ညစ်ညမ်း မှုကြောင့် ရရှိလာတဲ့ ဓာတ်တိုးပစ္စည်းတွေကို တိုက်ခိုက်နိုင်ပါတယ်။ ဒါကြောင့် အရေပြား Cell နံရံတွေ မပျက်စီးအောင် ထိန်းနိုင်ပြီး ကြွက်သားတွေ Relax ရစေကာ အရေးအကြောင်းတွေ မပေါ်အောင် ကူညီနိုင်ပါတယ်” လို့ ဆက်ပြောပါတယ်။

ပိုမိုကောင်းမွန်အောင်
ကာမဂုဏ် လိုက်စားတာ မဟုတ်ဘဲ သင်ရဲ့ ဇနီးမယားနဲ့ ပုံမှန် လိင်ဆက်ဆံမှု လုပ်တာကြောင့် စိုးရိမ် ကြောင့်ကြမှု များတာနဲ့ မိမိကိုယ်ကို လုံခြုံမှုမရှိတာလိုမျိုး အချက်တွေ မရှိတော့ဘဲ ငယ်ရွယ် နုပျိုအောင် နေနိုင်ပါတယ်။ အိမ်ထောင်သည် အသက်ရှည်ရတဲ့ သော့ချက်တွေ အနေနဲ့ ဓာတုပစ္စည်း Response တွေရအောင် လှုံ့ဆော်မှု အနေနဲ့ လင်မယားချင်း ပွေ့ဖက်တာနဲ့ ထိတွေ့ကိုင်တွယ်မှု လုပ်တာတွေကို ၁၅ မိနစ်ခန့် လိင်ဆက်ဆံမှု မပြုလုပ်ခင်နဲ့ ပြုလုပ် အပြီးမှာ ပြုလုပ်ပေးပါ။

၂။ အအေးမိရောဂါကို ကာကွယ်နိုင်ပါတယ်
တစ်ပတ်ကို အနည်းဆုံးနှစ်ကြိမ် လိင်ဆက်ဆံမှုကြောင့် အအေးမိရောဂါနဲ့ တခြား ဗိုင်းရပ်စ် ရောဂါတွေကို ကာကွယ်နိုင်တဲ့ Antibody ဖြစ်တဲ့ Immunoglobulin ရာခိုင်နှုန်း မြင့်တက် လာနိုင်တယ်လို့ wikes တက္ကသိုလ်မှ လေ့လာသူတွေက တွေ့ရှိခဲ့ပါတယ်။
ပိုမိုကောင်းမွန်အောင်
ဒီလို သဘာဝအလျောက်ထွက်လာတဲ့ Antibodies တွေ ပိုရရှိအောင် Sex ကို အချိန် ကြာကြာ လုပ်ပေးရပါမယ်။ ဒါကြောင့် လိင်ဆက်ဆံမှုကို Position မျိုးစုံလုပ်ပေးပါ။

၃။ ကင်ဆာကို ကာကွယ်နိုင်ပါတယ်
အသက် ၂၀ အရွယ်မှာ တစ်ပတ်ကို အနည်းဆုံး ခုနှစ်ကြိမ် သုက်လွှတ်တဲ့ အမျိုးသားတွေဟာ တစ်ပတ်ကို သုံးကြိမ်လောက်သာ သုက်လွှတ်တဲ့ အမျိုးသားတွေထက် အသက်ကြီးလာရင် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေသုံးဆ နည်းတယ်လို့ သြစတြေးလျ ကင်ဆာ အဖွဲ့မှ လေ့လာမှုအရ သိရပါတယ်။ မကြာခဏ သုက်လွှတ်တာကြောင့် ဆီးကျိတ်ပြွန်ထဲမှ ကင်ဆာ ဖြစ်စေနိုင်တဲ့ Carcinogens စုဆောင်းမှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်လို့ သုတေသန ခေါင်းဆောင် ပါမောက္ခ Graham Giles က ပြောပါတယ်။
ပိုမိုကောင်းမွန်အောင်
တစ်နေ့တည်းကို ခဏခဏ သုက်လွှတ်မည့်အစား နေ့စဉ်တစ်ကြိမ်စီ သုက်လွှတ် ပေးတာဟာ အကျိုးရှိဆုံးပါ။

၎။ နာကျင်မှု ပျောက်စေပါတယ်
လိင်ဆက်ဆံပြီးနောက် စိတ်ကျေနပ်မှု ရနေတာဟာ နာကျင်မှုကို သက်သာစေတယ်လို့ Biology and Medicine ဂျာနယ်မှ သုတေသနပြုချက်အရ သိရပါတယ်။ လိင်ဆက်ဆံမှု ကြောင့် ခန္ဓာကိုယ်ရဲ့ သဘာဝ အကိုက်အခဲ ပျောက်ဆေး Endorphins တွေဟာ တစ်မိနစ် အတွက် သုံးဆလောက် မြင့်တက် လာပါတယ်လို့ အင်္ဂလန်နိုင်ငံ Paisley တက္ကသိုလ်မှ Sexual Psychologisl ကပြောပါတယ်။ လိင်ဆက်ဆံမှုကြောင့် ခါးနောက်ကျော နာတာနဲ့ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာတွေ သက်သာသွားတဲ့ အထောက် အထားတွေ ရှိတယ်လို့ ဆိုပါတယ်။
ပိုမိုကောင်းမွန်အောင်

သင့်မှာ နာကျင်မှုရှိနေရင် ကြမ်းတမ်းတဲ့ လိင်ဆက်ဆံမှုကို ရှောင်ပါ။ ညင်ညင်သာသာ နှေးနှေး ကွေးကွေးနဲ့ အချိန်ကြာတဲ့ ဆက်ဆံနည်းကို အသုံးပြုပါ။ နာကျင်မှု ပိုမို သက်သာအောင် ပိုတက်စီယမ် ပါဝင်မှုများတဲ့ စပျစ်သီးတွေ စားပေးပါ။

Myanmar Forward

အသက်ကြီးကြီးမမကြီးတွေကို ချစ်နေသောမောင်လေးများနှင့် အသက်ငယ်ငယ်

Q: ဆရာ ကျွန်တော် တိုင်ပင်စရာ တစ်ခု ရှိလို့။ အခု ကျွန်တော့် အသက်က ၂၀ ပါဆရာ။ ကျွန်တော့် ချစ်သူက အသက် ၂၉ ပါ။ အသက်က တော်တော် ကွာနေတယ် ဆရာ။အဲဒါ ကျွန်တော့် သူငယ်ချင်းတွေက ၀ိုင်းပြောနေကြတယ်။ အဖွားကြီးကို ယူရင် မင်းဘ၀တော့ လူညွန့်တုံးပြီတဲ့ ဆရာ။ မိန်းကလေးတွေက အသက် ၄၀ ကျော်ရင် အဲဒီဘက်တွေ စိတ်မပါတော့ဘူးတဲ့။အဲဒီကိစ္စတွေကြောင့် ကျွန်တော် အမြဲ စိတ်ညစ်နေရတယ် ဆရာ။ သူ့ကို ကျွန်တော် ချစ်တယ်။ ဒါပေမဲ့ အဲဒီကိစ္စတွေ တွေးလိုက်ရင် ကျွန်တော် တွေဝေသွားတတ်တယ်။ အဲဒါဆရာ့ဆီက အကြံဉာဏ် တောင်းမလို့ပါ ဆရာ။ ဘယ်လို လုပ်ရင် ကောင်းမလဲလို့။

ပြီးတော့ မိန်းကလေးတွေ သွေးဆုံးပြီးသွားရင် HIV/AIDS ရောဂါကို သူတို့ဆီက မကူးတော့ဘူးဆိုတာ သေချာလားဆရာ။ ကျွန်တော် မေးတာကို ကျေးဇူးပြုပြီး ပြန်ဖြေပေးပါ ဆရာ။

Q: သည်ဘလော့(ဂ်)ထဲက Last Post On Masturbation ဆိုတဲ့ စာရဲ့ အောက်မှာ မေးသွားတဲ့ မေးခွန်းပါ။ စာရောက်နေတာ တစ်လကျော် နှစ်လနား နီးနေပြီ ဖြစ်ပေမယ့် ကျွန်တော့်မှာ ဗျာများနေတာနဲ့ အခုမှ အဖြေပေးလိုက်နိုင်ပါတယ်။

ယောက်ျားလေးက ငယ်နေပြီး မိန်းကလေးက အသက်ကြီးနေရင်၊ ဒါမှမဟုတ် ရွယ်တူဖြစ်နေရင် အဲလို ချစ်သူစုံတွဲတွေ အိမ်ထောင်ပြုတဲ့အထိ ကျွန်တော်က လုံးဝ အားမပေးချင်ပါဘူး။ “ယောက်ျားပဇင်း၊ မိန်းမ ပုခက်တွင်း”ဆိုတဲ့ မြန်မာဆိုရိုးစကားဟာ အမှန်တော့ ဆင်ခြင်တုံတရားနဲ့ ပြည့်ဝတဲ့ စကားလို့တောင် ဆိုနိုင်ပါလိမ့်မယ်။

ယောက်ျားနဲ့ မိန်းမတို့ရဲ့ ကိုယ်ခန္ဓာဖွဲ့စည်းပုံတွေ ကွာခြားပါတယ်။ အလားတူပဲ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုနဲ့ ယိုယွင်းမှုမှာလည်း အကြီးအကျယ် ကွာပါတယ်။ ယောက်ျားလေးတွေ ၁၃-၄ နှစ်မှာ ပုဆိုးကွင်းသိုင်းနဲ့၊ ဘောင်းဘီတိုနဲ့ ကလေးတစ်ယောက်လို အရပ်ထဲ လည်ဆော့လို့ ကောင်းနေပေမယ့် မိန်းကလေး အဲဒီ့အရွယ်ဟာ အပျိုရည် အပျိုသွေးတွေ စတင်နေပါပြီ။ အမျိုးသမီးတို့ရဲ့ လစဉ်ဓမ္မတာ သွေးပေါ်တာလည်း အဲဒီ့အရွယ်လောက်ဆိုရင် စပါပြီ။ ပြောရရင် အဲဒီ့အရွယ်ဟာ မိန်းကလေးတွေ လင်ယူသားမွေးဖို့အတွက် စတင် ပြင်ဆင်ချိန်ပါပဲ။ ယောက်ျားလေးတွေအတွက်ကျတော့ အဲဒါက တစ်နှစ်၊ နှစ်နှစ်လောက် နောက်ကျပါတယ်။ အလွယ်ပြောရရင် ကြီးကောင်ဝင်ရာမှာ မိန်းကလေးက ယောက်ျားလေးတွေထက် စောပါတယ်။ အရပ်အမောင်း၊ ကိုယ်လုံးကိုယ်ဖန်မှာတင် သည်အချက်က တအားသိသာပါတယ်။

ကြီးကောင်ဝင်ရာမှာ ယောက်ျားတွေထက် စောသလို အရွယ်ကျရာမှာလည်း မိန်းမတွေက ယောက်ျားတွေထက် စောပြန်တယ်။ မိမိကိုယ်မိမိ တအား ထိန်းသိမ်းတတ်တဲ့ မိန်းမတွေ၊ ဘ၀ပေး ကုသိုလ်ကောင်းတဲ့ မိန်းမတွေကျတော့ ၅၀ ကျော်၊ ၆၀ လောက်အထိ အပြင်ပန်းအမြင်မှာ တင့်တင့်တယ်တယ် ရှိနေနိုင်သေးတာ မှန်ပေမယ့် အဲဒါက အနည်းစုသာ ဖြစ်ပါတယ်။ နောက်တစ်ခုက အပြင်ပန်းမှာသာ တင့်တယ်နေပြီး အတွင်းပိုင်းက ယိုယွင်းနေတာတွေကိုကျတော့ သူ့အိမ်ထောင်ဖက်မှသာ သိနိုင်တာမျိုးပါ။

အများစုအတွက်ကတော့ ၄၀ ကျော်လာ၊ ကလေးသားမြေး ရပြီးချိန်မှာ အပြင်ပန်းမှာတင်ပဲ ပုံပျက်ပန်းပျက် ဖြစ်လာတတ်ပါတယ်။ အတွင်းပိုင်း ယိုယွင်းမှုကလည်း သိသာလာတတ်တယ်။

ပြဿနာက ကျွန်တော့်ဆီ စာရေးလာတဲ့ အသက် ၂၀ လူငယ်လေးရဲ့ သူငယ်ချင်းတွေ ပြောသလို မိန်းမတွေ ၄၀ ကျော်လာချိန်မှာ လိင်စိတ်တွေ ကုန်ခမ်းသွားတာ မဟုတ်ပါဘူး။ လိင်စိတ်ဆိုတာ ခြောက်ခမ်းရိုးထုံးစံလည်း မရှိပါဘူး။ ကိုယ်ရော၊ စိတ်ပါ ကျန်းမာနေရင် လိင်စိတ်ဟာ အရွယ်သုံးပါးစလုံးမှာ ရှိနေနိုင်ပါတယ်။

မိန်းမတွေရဲ့ လိင်စိတ်ဟာ ယောက်ျားတွေလို မဟုတ်ဘဲ အလကားနေရင်း ထကြွမနေတတ်တာတော့ အမှန်ပါပဲ။ အဲဒါကျတော့ အရွယ်နဲ့ မဆိုင်ပါဘူး။ ဘယ်အရွယ် မိန်းမဖြစ်ဖြစ်၊ ဘယ်လောက် သွေးသားကောင်းကောင်း၊ တစ်ဖက်သားရဲ့ လှုံ့ဆော်မှု မရှိဘဲနဲ့ မိန်းမတစ်ယောက်ရဲ့ လိင်စိတ်ဟာ အလကားနေရင်း ထ ဖြစ်ခဲလှပါတယ်။ ရှားရှားပါးပါး၊ တစ်ထောင်တစ်ယောက်၊ တစ်သောင်းတစ်ယောက်လောက်သာ ယောက်ျားများနည်းတူ အလကားနေရင်း လိင်စိတ်တွေ နိုးကြားတတ်တာပါ။

ယောက်ျားတွေကတော့ အားအားရှိ သည်စိတ်က ဦးဆောင်နေပါတယ်။ မျက်စိအာရုံ၊ နားအာရုံကြောင့်၊ ဘာမဟုတ်တဲ့ အတွေ့အထိခဏတာလေးကြောင့် လိင်စိတ် နိုးကြားလွယ်တာ ယောက်ျားများပါပဲ။ အပြာကားတွေ၊ အပြာစာအုပ်တွေရဲ့ အဓိက ပရိသတ်ဟာ ယောက်ျားသားများသာ ဖြစ်ပါတယ်။ မိန်းမသားတွေက မကြည့်ဖူး၊ မမြင်ဖူးသေးလို့သာ ခဏတဖြုတ် ကြည့်ကြပါလိမ့်မယ်။ ယောက်ျားတွေလို စွဲစွဲလန်းလန်းကြီး မဖြစ်ကြပါဘူး။ တချို့မိန်းမတွေဆိုရင် အဲဒါတွေ ကြည့်ပြီး၊ ဖတ်ပြီး၊ အော်ဂလီဆန်လာ၊ ရွံရှာစက်ဆုပ်လာတတ်ကာ နဂိုက ရှိနေတဲ့ လိင်စိတ်တောင် ငုပ်ကုန်တတ်ပါတယ်။

ပြောချင်တာက အလကားနေရင်း လိင်စိတ်နိုးကြားတတ်တဲ့ ယောက်ျားသားတစ်ယောက်ဟာ အရွယ်လွန်နေသည့်တိုင် သည်စိတ်တွေ ပြင်းပြနေတတ်တဲ့ သဘာဝကိုပါပဲ။ ယောက်ျားတစ်ယောက်ဟာ “ဖွဲတစ်ဆုပ်နိုင်တဲ့အထိ” သည်စိတ်တွေ ပြင်းထန်နေတတ်ပါတယ်။

အသက် ၄၅ နှစ်အရွယ် ယောက်ျားတစ်ယောက်ဟာ ကိုယ်နဲ့ ရွယ်တူလည်းဖြစ်၊ ကိုယ့်အိမ်ထောင်ဖက်လည်းဖြစ်တဲ့ အသက် ၄၅ နှစ်အရွယ် မိန်းမတစ်ယောက်ကို မြင်ရုံနဲ့ ရင်မခုန်တော့တာတော့ အင်မတန် သေချာတဲ့အချက်ပါ။ အဲဒီ့မတိုင်ခင် နှစ် ၂၀ လောက်ကတော့ သည်မိန်းမအပေါ် မြင်ရုံနဲ့ ရင်ခုန်ခဲ့ဖူးမှာ မှန်ပေမယ့် နှစ် ၂၀ လောက် ပေါင်းဖက်လာပြီးတဲ့အခါမှာတော့ သူ့အတွက် သည်မိန်းမဟာ ရင်ခုန်စရာ တစ်စက်မှ မရှိတော့မှာ သေချာပါတယ်။ ယောက်ျားတို့ရဲ့ အချိန်မရွေး၊ နေရာမရွေး၊ လူပုဂ္ဂိုလ်မရွေး နိုးကြားနိုင်တဲ့ လိင်စိတ်အရ အဲဒီ့မိန်းမကို လိင်ဆက်ဆံဖို့အတွက်တော့ နိုးကြားချင် နိုးကြားနေနိုင်ပါသေးတယ်။ ဒါပေမယ့် တကယ်တမ်းမှာ ၄၅ နှစ် ယောက်ျားတစ်ယောက်ဟာ ကိုယ့်အိမ်ထောင်ဖက်မှအပ တခြားတစ်ပါးသော မိန်းမများကိုသာ ရင်ခုန်နေပါပြီ၊ လိင်စိတ်အရလည်း ပိုမို နိုးကြား တောင့်တနေတတ်ကြပါပြီ။ ခါရာအိုခေဆိုင်တွေ၊ အနှိပ်ခန်းတွေ၊ ဇိမ်ခန်းတွေဆီ ရောက်နေတဲ့ ယောက်ျားတွေရဲ့ အရွယ်တန်းကို ကြည့်ရင် ၄၀ နဲ့ အထက် ပရိသတ်က အဆမတန် များပြားနေတာကို တွေ့ရမှာပါ။ သည်အချက်နဲ့တင် ကျွန်တော်ပြောနေတဲ့ “နွားအို မြက်နုကြိုက်”လာတဲ့ သဘောက အလွန်ထင်ရှားပါတယ်။

အဲ… ယောက်ျားက ၄၅ နှစ်၊ မိန်းမက ၅၀၊ ဒါမှမဟုတ် ၅၅ နှစ်ဖြစ်နေရင်တော့လား၊ အဲဒီ့ယောက်ျားဟာ ကျင့်ဝတ်စည်းကမ်းတွေအရသာ သူနဲ့ ပေါင်းလာခဲ့တဲ့ မိန်းမ အပေါ်မှာ သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းနေဦးမှာပေမယ့် လစ်တာနဲ့ ကြောင်သူတော် ကြွက်သူခိုး လုပ်နေမှာလည်း မလွဲပါဘူး။ ဒါမှမဟုတ်လည်း အတွင်းလှိုက်ပြီး တရိရိနဲ့ စိတ်အဆင်းရဲကြီး ဆင်းရဲနေတော့မှာပါ။ လူရှေ့မှာလည်း ကိုယ့်မိန်းမကို ပွဲမထုတ်ရဲတဲ့ ဘ၀ကို ရောက်နေတာတွေလည်း ကျွန်တော့် မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့ဖူးပါတယ်။

ခြွင်းချက်တော့ ရှိသပေါ့။ ယောက်ျားက ခြေမဲ့လက်မဲ့၊ မိန်းမက ပိုက်ဆံချမ်းသာတယ်၊ ဘ၀ ရပ်တည်မှုအတွက် အဲဒီ့မိန်းမက ခုနစ်ဆွေး ရှစ်ဆွေးလည်းဖြစ်၊ အမယ်ကြီးအိုကြီးလည်း ဖြစ်နေသည့်တိုင် အဲဒီ့မိန်းမကို အိမ်ထောင်ဖက်အဖြစ် ပေါင်းဖက်လိုက်တဲ့ လူငယ် ယောက်ျားတစ်ယောက်စ နှစ်ယောက်စလည်း ကျွန်တော် မြင်ခဲ့ဖူးပါတယ်။ သူတို့ကကျတော့ ငွေမက်လို့ ယူထားတာမို့ အဲဒီ့မိန်းမကြီးတွေ ကြည်ဖြူဖို့အရေးအတွက် စိတ်မပါဘဲ တအား ကြင်နာပြ၊ တအား ယုယပြနေတာတွေလည်း တွေ့ဖူးပါတယ်။

နောက်တစ်မျိုးက မိန်းမလည် သိန်းကြွယ်တွေပါ။ သူတို့က ယောက်ျားတကာနဲ့ နေခဲ့ဖူးပြီး ယောက်ျားကျောကို ကောင်းကောင်းသိထားကြသူတွေဖြစ်ပါတယ်။ အဲလို မိန်းမတွေကျတော့လည်း လင်ငယ်ငယ်လေးကို မလှုပ်နိုင်အောင် အနုနည်းနဲ့ ချုပ်ထားတဲ့ အတတ်ပညာတွေကို တတ်ကျွမ်းကြတာမို့ သူတို့ လင်လေးတွေခမျာ မလူးသာ မလွန့်သာ ဖြစ်နေတတ်ကြပါတယ်။ ဒါပေမယ့် အဲလို မိန်းမမျိုးက သိပ်ကို နည်းတဲ့ အနည်းစုမျှသာ ဖြစ်ပြီး လင်လေးတွေကလည်း မလစ်လို့သာပါ၊ လစ်တာနဲ့ သူတို့ကလည်း ကွယ်ရာမှာ ခြေများဖို့ အသင့်ဖြစ်နေတတ်ကြပါတယ်။ မိန်းမလည် သိန်းကြွယ်တွေကလည်း အဲလို ခြေများတာကို သိသွားရင် မသိချင်ယောင်ဆောင်နေပြီး သူတို့နည်းနဲ့ သူတို့၊ လင်ကလေးတွေ သူတို့ချည်တိုင်ကို အချိန်တန်ရင် ပြန်ခစားလာအောင် လုပ်ထားတတ်ကြပါတယ်။

အဲတော့ကာ အားလုံးကို ချုပ်လိုက်မယ်ဆိုရင် ယောက်ျားတို့ရဲ့ အခါခပ်သိမ်း နိုးကြားနေတတ်တဲ့ လိင်စိတ်၊ ယောက်ျားတွေရဲ့ ရိုးလွယ်တဲ့စိတ်၊ ယောက်ျားတွေရဲ့ မိန်းမ တစ်ယောက်တည်းနဲ့ မရောင့်ရဲတတ်တဲ့ မွေးရာပါ သဘာဝများကြောင့် “ယောက်ျား ပဇင်း၊ မိန်းမ ပုခက်တွင်း”ဆိုတဲ့ စကားက ပေါ်ပေါက်လာရတာပဲလို့ အတတ်ပြောနိုင်ပါတယ်။

ယောက်ျားနဲ့ မိန်းမ အသက် ၁၈ နှစ်လောက်များ ကွာနေလို့ကတော့ အဲဒီ့ယောက်ျားဟာ သူ့မယားလေးကို အရိပ်တကြည့်ကြည့်နဲ့ ချစ်မ၀နိုင်အောင် ဖြစ်နေမှာ သေချာပါတယ်။ ယောက်ျားက ၄၀၊ မိန်းမက ၂၂ နှစ်၊ ယောက်ျားက ၅၀ မိန်းမက ၃၂ နှစ်၊ ယောက်ျားက ၆၀၊ မိန်းမက ၄၂ နှစ်… ယောက်ျား ဘယ်အရွယ်ပဲ ရောက်သွားသွား သူ့မိန်းမက ရိုးချင်စရာ မကောင်းတော့မှာ တအား သေချာလို့ နေပါတယ်။ ကျွန်တော့်မျက်စိအောက်မှာလည်း အဲလို လင်မယားတွေ တွေ့ဖူးပါတယ်။ အမလေးဗျာ… အဲလို ယောက်ျားကြီးတွေများ သူတို့ မိန်းမကို ချစ်လိုက်တာမှ တုန်လို့။ ဖူးဖူးလည်း ဘာမှုတ်ကြသလဲ မမေးနဲ့။ ဟိုမိန်းမလေးတွေ အအေးတောင် မိကုန်မလား အောက်မေ့ရတယ်။

သူတို့လောက် မကွာပါဘူး။ ကျွန်တော့်မိန်းမက ကျွန်တော့်ထက် ၇ နှစ်ပဲ ငယ်ပါတယ်။ ဒါပေမယ့် အဲဒီ့အရွယ် ကွာဟမှုကလည်း ကျွန်တော်တို့ အိမ်ထောင်ရေး သာယာခြင်းရဲ့ အဓိက အချက်တစ်ချက်ထဲမှာ ပါပါတယ်။ ကျွန်တော်တို့ အိမ်ထောင်သက်ဆိုရင် မကြာခင် ၂၃ နှစ် ပြည့်ပါတော့မယ်။ ကျွန်တော့်မိန်းမကို ကျွန်တော် မရိုးနိုင်သေးပါဘူး။ လိုချင်တပ်မက်နေဆဲသာ ဖြစ်ပါတယ်။ ကျွန်တော့်ဘာသာ ကျွန်တော် ၀ါသနာ သိပ်ကြီးလွန်းလို့ သူနဲ့ အိမ်ထောင်မကျခင်ကရော၊ သူနဲ့ အိမ်ထောင်ကျပြီးတဲ့ နောက်မှာပါ ရည်းစားတွေ ထားဖြစ်ခဲ့သေးပေမယ့် တကယ်တမ်းမှာ ကျွန်တော့်မိန်းမကို ကျွန်တော် ဘယ်သူနဲ့မှ မလဲနိုင်၊ အစားမထိုးနိုင်ပါဘူး။ (ဒါကတော့ သွေးသားကိစ္စအပြင် တခြား အရေးကြီးတဲ့ စိတ်နေသဘောထားတွေလည်း ပါဝင်နေပါတယ်။)

အမှန်ကို ၀န်ခံရရင် အိမ်ထောင်ကျပြီးတဲ့နောက်ပိုင်း ကျွန်တော် ကျူးလွန်ခဲ့တဲ့ အမှုတွေထဲမှာ ကျွန်တော့်ထက် အသက် ၁၈ နှစ်ငယ်သူ တစ်ဦးလည်း ပါပါတယ်။ သူ့ကိုကျတော့ လိင်ပိုင်းအရ ကျွန်တော် အတော်သာယာသွားခဲ့ဖူးပါတယ်။ ကျွန်တော်လည်း ယောက်ျားပီပီ မြက်နုကြိုက်တဲ့ နွားအိုကြီး ဖြစ်ခဲ့ဖူးတာပေါ့ခင်ဗျာ။ အတည်ယူဖို့အထိတောင် မကြံကောင်း မစည်ရာ ကြံခဲ့ဖူးပါတယ်။ အဲလောက် မွှန်သွားတာပါ။ ကံသီလို့သာ ကျွန်တော် ဒုက္ခမတွေ့ရတာပါ။

အဲတော့ အခု လူငယ်လေးကိုလည်း ကျွန်တော်က ပြင်းပြင်းထန်ထန် တားချင်ပါတယ်။ ကျွန်တော်အခု ပြောတဲ့ စကားတွေအားလုံးက အသက်အရွယ်၊ အတွေ့အကြုံတွေ အပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ်။ နောက်တစ်ချက်က လူ့ခန္ဓာဗေဒ၊ လိင်စိတ်နဲ့တကွ လူ့စိတ်နဲ့ လူ့အပြုအမူတို့ရဲ့ အပြောင်းအလဲများအပေါ်မှာ သိပ္ပံနည်းကျ စူးစမ်းဖော်ထုတ်ထားတဲ့ စိတ်ပညာသဘောတွေလည်း အနည်းနဲ့ အများ ပါဝင်ပါတယ်။

အရာတိုင်းမှာ ခြွင်းချက်ရှိတာကို လက်ခံပါတယ်။ ဒါပေမယ့် ခြွင်းချက်ဟာ ခြွင်းချက်မျှသာ ဖြစ်ပြီး ယေဘုယျက ယေဘုယျပါပဲ။ ကိုယ့်ကျမှ အဲဒီ့ ခြွင်းချက်အတိုင်း ဖြစ်လိမ့်မယ်လို့ ထင်မြင်ယူဆခြင်းဟာ ထီထိုးတာနဲ့ တူပါတယ်။ ထီလက်မှတ် အစောင်ပေါင်း တစ်သိန်း၊ တစ်သန်းမှာ တစ်ယောက်သာ ပေါက်နိုင်တာမျိုးပါ။ ဒါမှမဟုတ်လည်း ကံကို ယုံပြီး မီးပုံထဲ ခုန်ချလိုက်သလိုသာ ဖြစ်နိုင်ပါတယ်။ ခြွင်းချက်အရ မီးပုံထဲ ကျသွားပေမယ့် မီးမလောင်ခဲ့ဖူးသူတွေ ရှိတယ်ဆိုတဲ့ အသိလေးနဲ့ ကိုယ်လည်း အဲဒီ့ ခြွင်းချက်ထဲ ပါတန်ကောင်းရဲ့လို့ တွေးကာ ခုန်ချလိုက်မယ်ဆိုရင် ကိုယ့်ပြဿနာနဲ့ ကိုယ်ပါ။ လောင်မြိုက်တော့ ကိုယ်ပဲ ခံရမှာပါ။

“မိန်းမတွေများ နှာခေါင်းမပါရင် ဟိုသင်းတောင် စားတယ်”လို့ အပြောခံရတဲ့ အခု ကျွန်တော့်ဆီ စာရေးလာတဲ့ ၂၀ အရွယ် လူငယ်လေးရဲ့ ရည်းစားလို ၂၉ နှစ်အရွယ် မိန်းမပါ။ အဲဒီ့မိန်းမမှာ နှာခေါင်းလည်း မပါ၊ ဦးနှောက်လည်း မပါရှာပါဘူး။ ဦးနှောက်က ရိုးရိုးလေးပါပဲ။ အသက်အရွယ်ဆိုတာ ရပ်နေတဲ့ အရာမဟုတ်ဘူးဆိုတာလေးကို မြင်ဖို့လေးလောက်ပဲ လိုပါတယ်။ အခု ၂၀/၂၉ ပေမယ့် နောက် နှစ်၂၀ ကြာရင် ၄၀/၄၉ဆိုတာကို မြင်ဖို့ပါ။ ၄၀ အရွယ် ယောက်ျားသားတွေကို ပတ်ဝန်းကျင်မှာ ကြည့်လိုက်ရင် ကျော့လို့၊ မော့လို့၊ ၃၀ ကျော်အလား ထင်ယောင်မှားလောက်အောင် နုပျို စိုလန်းနေဆဲ ဖြစ်နေတာကို မြင်ရပါလိမ့်မယ်။

၄၉ အရွယ် မိန်းမသားတွေကိုလည်း ပတ်ဝန်းကျင်မှာ ကြည့်လိုက်မယ်ဆိုရင် ရွဲပလဲပြီး ပုံမလာ ပန်းမလာနဲ့ မိန်းမချင်းတောင်မှ မျက်နှာလွှဲလိုက်ချင်စရာ ဖြစ်နေတာက အများစုဆိုတာကိုလည်း မြင်ရပါလိမ့်မယ်။ ၅၀/၅၉ ဆိုရင်တော့ မပြောပါနဲ့တော့ဗျာ။ ဟုတ်ကဲ့… ကျွန်တော် ၅၄ နှစ်ထဲမှာပါ။ အိမ်က မိန်းမကို အားနာလွန်းမက အားနာလာလို့သာ ကျွန်တော့် ခြေကို မနည်း ချုပ်ထားရပါတယ်။ စိတ်ထဲမှာတော့ ဖြူဖြူပြာပြာ နီနီဝါ၀ါ ဝေဆာမြူးလို့လွင်တွေ တွေ့ရင် သရိုးသရီဖြစ်လို့ ကောင်းနေဆဲဖြစ်သလို ကျွန်တော် ဆွတ်ရင် ညွတ်ကျလာနိုင်တဲ့ အရွယ်လှလှ သူငယ်မတွေလည်း မကြာခဏ ဆုံနေရဆဲပါပဲ။ အင်း… ၅၉ နှစ် မိန်းမဆိုရင်တော့ ယောက်ျားလေးတွေက “အမေ” “အမေကြီး”စသဖြင့် ခေါ်ပြီး ရိုသေနေကြမှာဖြစ်တဲ့အပြင် ဘယ်အစ်ကို ပုရိသကမှလည်း အဲဒါကြီး ကြည့်ပြီး နိုးကြားလာနိုင်စရာ အကြောင်း မမြင်တော့ပါဘူး။

သူ့ဦးနှောက်ကို သည်လောက်လေး သုံးလိုက်ရုံနဲ့ သည် ၂၀ အရွယ် လူငယ်လေးနဲ့ ဆက်စခန်းသွားတာကို ရပ်တန်းက ရပ်သင့်ပါပြီ။

ချစ်တာကတော့ဗျာ၊ ဘယ်သူ့ကိုမဆို၊ ဘယ်အရွယ်မှာ မဆို ချစ်လို့ ရပါတယ်။ အထူးသဖြင့် အချစ်ဆိုတာဟာ မပေါင်းမဖက်ဘဲ နေလိုက်တာနဲ့ တစ်ပြိုင်နက် ရင်ထဲမှာ သေတစ်ပန် သက်တစ်ဆုံး သိမ်းထားပြီး ကြည်နူးစရာ ကောင်းနေတတ်တဲ့ အရာမျိုးပါ။ သည့်ထက် တစ်ဆင့်မြှင့်ပြီး ပြောရရင် ချစ်တယ်လို့တောင် ဖွင့်မပြောလိုက်ဘဲ ရင်ထဲမှာ သိမ်းထားလိုက်ရတဲ့ အချစ်မျိုးတွေက ဖွဲမီးလို ကိုယ့်ကို တငွေ့ငွေ့လောင်ပြီး သေသည်အထိ ချစ်မဆုံးအောင် ဖြစ်နေတတ်စမြဲပါ။

အချစ်ရဲ့ သင်္ချိုင်းက အိမ်ထောင်ရေးသာ ဖြစ်ပါတယ်။ အဲဒါကို အိမ်ထောင်သည် အတော်များများ သတိထားမိကြပါတယ်။ သာယာတဲ့ အိမ်ထောင်ရေး အများစုမှာ အကြွင်းအဖြစ် ကျန်ရစ်တာက သံယောဇဉ်သာ ဖြစ်ပါတယ်။ အချစ် မဟုတ်တော့ပါဘူး။

နောက်ဆုံးတစ်ချက်က သွေးဆုံးတာနဲ့ HIV ပိုးနဲ့က ဘယ်လိုမှ မပတ်သက်ပါဘူး။ HIV ပိုးဟာ သွေးရှိနေသမျှ ခိုအောင်းနေနိုင်တာမျိုးမို့ အသက်ရှိနေသူ လူသားမှန်သမျှ ဘယ်အရွယ်မှာဖြစ်ဖြစ် ကူးစက်ခံရနိုင်ပါတယ်။ သွေးဆုံးတဲ့ မိန်းမဆီက သည်ပိုး မကူးတော့ဘူးဆိုတဲ့ အလွဲစကားကို ဘယ်သူကောင့်သားကများ တီထွင်လိုက်သလဲ မသိဘူး။ ကိုယ့်သင်္ချိုင်း ကိုယ်တူးတဲ့ ယုံတမ်းစကား အလွဲကြီးပါခင်ဗျား။

ကျွန်တော်ကတော့ ပြောသင့်တဲ့ စကားကို ပြောလိုက်ပြီးပါပြီ။ ကျန်တာတော့ ကိုယ့်သဘောနဲ့ ကိုယ်ပါ။

by lettwebaw