Showing posts with label အထွေထွေသုတများ. Show all posts
Showing posts with label အထွေထွေသုတများ. Show all posts
Thursday, December 12, 2013
ဒီကနေ့ဟာ ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာ ၁၃ ရက်နေ့ (သောကြာနေ့) ဖြစ်တာကြောင့်
အားလုံးစိတ်ဝင်စားနေကြတဲ့ ‘Firday 13’ အကြောင်း စုစည်းတင်ဆက် ပေးလိုက်ပါတယ်။
အားလုံးသိကြတဲ့အတိုင်းပဲ ‘13’ ဂဏန်းဟာ အနောက်နိုင်ငံတွေမှာတော့ ကံမကောင်းတဲ့ နံပါတ် (Unlucky Number) လို့သတ်မှတ် ကြတာပါ။ အနောက်နိုင်ငံတွေရဲ့ တစ်ချို့ဟိုတယ်တွေ၊ ဆေးရုံတွေမှာ ဆိုရင် အခန်းနံပါတ်ကို 11, 12, 14, 15 ဆိုပြီး ‘13’ ဂဏန်းကိုကျော်ကာ သတ်မှတ်ကြပါတယ်။
ကံမကောင်းတဲ့ နံပါတ်အဖြစ် မှတ်ယူရတဲ့ အကြောင်းရင်းဆိုရင်တော့ ပြောရရင် အများကြီးပါ။ ၁၄ ရာစုနှောင်းပိုင်းက စ,လို့ ဥရောပမှာ ‘ကြောက်မက်ဖွယ် နေ့ရက်’ ဖြစ်လာခဲ့ကာ နောက်ပိုင်းမှာ ထိုအယူသီးမှုက တစ်ကမ္ဘာလုံးကို ပျံ့နှံ့ခဲ့ပါတယ်။
အဲဒီ 13 နဲ့ Friday တိုက်ဆိုင်တဲ့ရက် ဆိုရင်တော့ တကယ်ကို ဆိုးတဲ့နေ့ (Bad Day) လို့ သတ်မှတ်ကြပါတယ်။
၁။ ခရစ်ယာန်သမိုင်းမှာ ယေရှု လုပ်ကြံတဲ့ သူ့တပည့် ယုဒကာရုတ် (Judas Iscariot) ဟာ စားပွဲနံပါတ် ၁၃ မှာထိုင်ခဲ့ပါတယ်။
၂။ ဂရိဒဏ္ဏာရီမှာ ဇူးစ် (Zeus) အပါအဝင် ဂရိနတ်ဘုရား ဆယ်နှစ်ပါးရှိရာမှ ၁၃ ပါးမြောက် နတ်ဘုရားအဖြစ် ဇူးစ်ရဲ့သား Loki ပေါ်လာပြီး သူ့အဖေအပါအဝင် နတ်ဘုရား ၁၂ ပါးလုံးကို ကပ်ဆိုးတွေကျစေပြီး သတ်ပစ်ခဲ့ပါတယ်။ ဒါကြောင့် ‘Loki’ ဟာ ၁၃ ပါးမြောက် နတ်ဆိုးတစ်ပါး ပါ။ နာမည်ကျော် God of War Game ထဲက ဇာတ်ကောင် ‘Krato’ ဟာ Loki ကို အခြေခံ ဖန်တီးထားတာ ဖြစ်ပါတယ်။
၃။ နောက် ခရစ်ယာန်သမိုင်းမှာပဲ ယေရှုသတ်ခံရတဲ့နေ့ဟာလည်း သောကြာနေ့ ဖြစ်လို့နေပြန်ပါတယ်။
၎။ ရိုးရာအရသတ်မှတ်ထားတာ တစ်ခုက သေဒဏ်ပေးတဲ့ ကြိုးစင်တွေမှာ လှေကားထစ် ၁၃ ထစ် ထားရပါတယ်။
၅။ ။ရှေးအတွေးတွေ မယုံဘူးဆိုပြီး ကြွေးကြော်ခဲ့တဲ့ နာဆာ ရဲ့ အပိုလို ၁၃ လွန်းပျံယာဉ်ဟာလဲ အောက်ဆီဂျင်ကန်ပေါက်ကွဲပြီး ပျက်ကျခဲ့ပါတယ်
၆။ ‘၁၁၁၈ ခုနှစ်’ ဥရောပမှာ ဘာသာသာသနာကို ကာကွယ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ‘Knights of Templar’ ဆိုတဲ့ တပ်ဖွဲ့တစ်ခုဖွဲ့စည်းခဲ့ပါတယ်။ ရည်ရွယ်ချက်ကောင်းပေမယ့် အင်အားကြီးလာတာကြောင့်
ပြင်သစ်ဘုရင် Philip IV ဟာ ‘၁၃၀၇ အောက်တိုဘာ ၁၃ ရက် သောကြာနေ့’ မှာ
အဲ့သည့်တပ်ဖွဲ့ဝင်တွေကို ရာနဲ့ချီပြီး ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။
၇။ ‘၁၈၀၀ ခုနှစ်’ ကာလ အမေရိကန်ပြည်ထောင်စုမှာ Thirteen Club ဆိုတဲ့ အဖွဲ့ရှိပါတယ်။ ၁၃ အစွဲကို မယုံတဲ့သူတွေပေါ့။ သူတို့က ၁၃ ရက်နေ့တွေမှာတွေ့တယ်၊ ၁၃ ယောက်အတူ Dinner စားတယ် စသဖြင့် လုပ်ကြတာပေါ့။ အဲ့သည့်အဖွဲ့မှာဆို အမေရိကန်သမ္မတ ငါးယောက်တောင် ပါဖူးပါတယ်။
1. Benjamin Harrison
2. Grover Cleveland
3. William Mckinley
4. Theodore Roosevelt
5. Chester A. Arthur တို့ပါ။
သို့သော် တိုက်ဆိုင်တာလားတော့ မသိပါဘူး။ ဒီအထဲက သမ္မတနှစ်ယောက် လုပ်ကြံခံရပါတယ်။
၈။ နောက်ပြီး ၁၂ ဂဏန်းဟာ အလွန် ပြည့်စုံတဲ့ ဂဏန်းလို့ သတ်မှတ်ကြပါတယ်။ နာရီမှာဆို ၁၂ နာရီ၊ လမှာဆို ၁၂ လ၊ ဂရိနတ် ၁၂ ပါး၊ ယေရှူတပည့် ၁၂ ယောက်၊ မိုဟာမက် Imams ၁၂ ယောက်၊ ရာသီခွင် ၁၂ ခု စသဖြင့်ပေါ့လေ။ အဲဒီလို ပြည့်စုံနေရာက တစ်ခုတိုးပြီး ၁၃ ဖြစ်သွားတာနဲ့ အားလုံးအောက်ဆုံးကို ထိုးကျသွားတာ တွေ့ရမှာဖြစ်ပါတယ်။
၉။ ကျွန်တော်တို့ မြန်မာ့သမိုင်းမှာလည်း ပုဂံမင်းတစ်ပါးဖြစ်တဲ့ ကျစွာမင်းဟာ အယူသည်းမှုတွေ ဆန့်ကျင်တဲ့သူပါ။ ခုနှစ် ၅၉၆ ကနေ ၆၁၂ ထိ မင်းပြုခဲ့ပါတယ်။ ပိဋိကတ်သုံးပုံကို ကိုးခေါက်ပြန်ထားတဲ့ ပညာတတ်ပီပီ အယူသည်းတာတွေကို မယုံတဲ့အနေနဲ့ သူတည်တဲ့ဘုရားကို ပြဿဒါးနေ့မှာ အုတ် စလုပ်၊ ပြဿဒါးနေ့မှာပဲ ပန္နက်ချ၊ ပြဿဒါးနေ့မှာပဲ အုတ်မြစ်ချ စသဖြင့် တခုခုလုပ်တိုင်း ပြဿဒါးနေ့တွေမှာပဲ လုပ်ပါတယ်။ ဒါ့ကြောင့် ‘ပြဿဒါးဘုရား’ လို့တွင်ပါတယ်။ တိုက်ဆိုင်တာလားတော့ မသိပါဘူး။ ဘုရားမပြီးခင်မှာပဲ မင်းကြီး နတ်ရွာစံသွားရပါတယ်။
ပြီးတော့ လူတစ်ယောက်ရဲ့ နာမည်မှာ စာလုံး (Letter) ဟာ ၁၃လုံး ရှိမယ်ဆိုရင် အဲဒီလူဟာ မကောင်းမှုနဲ့ပဲ မွေ့လျော်တယ်လို့ အနောက်တိုင်းလောကီပညာ အယူအဆရှိပါတယ်။
ဒါပေမယ့် ကိုယ့်အလုပ်မှာ အဆင်မပြေဖြစ်တိုင်း ‘ဒီနေ့ဟာ သောကြာနေ့မို့လို့၊ ဒီနေ့က ၁၃ ရက်မို့လို့၊ ဒီနေ့ကတော့ ပြဿဒါးမို့လို့’ စသဖြင့် နေ့စွဲတွေကို လွှဲမချသင့်ပါဘူး။ တိုးတက်နေတဲ့ နည်းပညာခေတ်ကြီးမှာ အနောက်နိုင်ငံတွေ အပါအ၀င် တစ်ကမ္ဘာလုံးကလည်း ဒီအချက်အလက်ကို အယူမသီးကြတော့ပါ။
MCG ပရိသတ်တွေ သိရှိနိုင်စေဖို့ ‘13’ အကြောင်း စုစည်းဖော်ပြပေးလိုက် ပါတယ်။
ဗေဒင်ဝါသနာအိုး
Wednesday, October 2, 2013
ကျောက်ရုပ်ရေကန်
တန်ဇန်းနီးယား နိုင်ငံ မြောက်ပိုင်းမှာရှိတဲ့ Lake Natron ဆိုတဲ့ရေကန်ကြီးဟာ အဲဒီကန်မှာ လာနားနေတဲ့သတ္တ၀ါတွေအားလုံး ကျောက်ရုပ်ဖြစ်ကုန်ပါတယ်။ဘာလို့လဲဆိုတော့ ရေကန်ဟာ ပြင်းထန်တဲ့ ရာသီဥတုအခြေအနေ ဖြစ်ပေါ်နေပါတယ်။ရေကန်ရဲ့ အပူချိန်ဟာ ၅၀ ဒီဂရီဆဲလ်ဆီးယပ် အထက်မှာရှိပြီးတော့ ရေကန်ရဲ့ရေဟာ pH ၉ ကနေ ၁၀.၅ အဆင့်ထိရှိတဲ့ ပြင်းထန်တဲ့ အယ်ကာလီ တွေဖြစ်ပါတယ်။အဲဒီကို ရောက်သွားတဲ့ အကောင်တွေဟာ ကယ်လဆီယမ်ပမာဏတွေကို ခံစားရပြီးတော့ ကျောက်ရုပ်လို ဖြစ်သွားကြပါတယ်။ဓါတ်ပုံဆရာ Nick Brandt ကဓါတ်ငွေ့ကာ အကျီ်ကို ၀တ်ဆင်ပြီးတော့ ဒီရေကန်ကို ဓါတ်ပုံရိုက်ခဲ့တာဖြစ်ပါတယ်။
Read more: http://bit.ly/1bpCGEk via NewScientist
မောင်စိုင်း
(ကနောင်)
Scientist Myanmar
Read more: http://bit.ly/1bpCGEk via NewScientist
မောင်စိုင်း
(ကနောင်)
Scientist Myanmar
ထောပတ်သီး တစ်လုံးမှ ထောပတ်သီးပင် အလွယ်တကူ စိုက်နည်း
- အခွံခွာပြီး ထောပတ်သီးအသားများ စားပြီး အစေ့ကို ထုတ်ပါ။
- အစေ့ကို ရေသေချာဆေးပါ။
- အစေ့ကို ရေဆေးပြီးနောက် သွားကြားထိုးတံများဖြင့် ပုံ (၃) အတိုင်းလေးဘက်ခန့် ထိုးစိုက်ထားပါ။
- နောက် ဖန်ခွက်တွင် ရေအပြည့် ခွက် နှုတ်ခမ်းအထိဖြည့်ပါ။
- သွားကြားထိုးတံ ထိုးထားသော အစေ့ကို ရေခွက်ဝပေါ်တွင် တင်ပြီးအောက်ပိုင်းကို ရေထအောင် စိမ်ထားပါ ။ အစေ့ အကုန် မမြုပ်စေရ။
- တစ်နေ့ ခန့် ထားပြီးနောက် နောက်တစ်နေ့ အကြာတွင် အစေ့မှ ပထမအလွှာ ကွဲထွက်လာမည် ဖြစ်သည်။
- ထို့ နောက် တုတ်များ ပြန်နုတ်ပြီး အမြစ်များ ပေါ်လာတဲ့ အခါ ပန်းအိုးတွင်မြေသြဇာများဖြင့် ထည့်ပြီး စိုက်ပါ။ အုန်းခွံရှိပါက ထည့်နိုင်ပါတယ်။
- ရေလောင်းပေးပါ ။မကြာခင် အညှောင့်ထွက်လာပြီး အပင်စိုက်လို့ ရပြီ ဖြစ်သည်။
- နေရာလွတ်ရှိပါက အပင်ကို ရွေ့ ပြောင်းပြီး စိုက်နိုင်ပါတယ်။ပန်းအိုးမှာတော့ ရေရှည်ထားလို့ မရပါ။
တကယ် စိတ်ပါသူများ ပုံပါအတိုင်း အဆင့်ဆင့် လုပ်ဆောင်သွားပါ ။
အဆင်ပြေကြပါစေ။
Ref: Pinterest
Lynntazaung

မွေးနေ့ ကိတ် နဲ့ ဖယောင်းတိုင် သမိုင်းအယူအဆ
မွေးနေ့ ကိတ်မှာ ဖယောင်းတိုင်ထွန်းတဲ့ ဓလေ့ကို စတင်ခဲ့တဲ့သူများကတော့ ဂရိတို့ ဖြစ်ပါတယ်လို့ ဆိုပါတယ်။ ကိတ်ပတ်ပတ်လည်မှာ ဖယောင်းတိုင်များ ထွန်းထားပြီး လနတ်သား ဖြစ်တဲ့ အာသီမိ Artemis ကို ပူဇော်တာလို့ လည်း သိရပါတယ်။
ဂရိတို့ ဟာ ကိတ်မှာ ဖယောင်းတိုင်များ စိုက်ခြင်းဖြင့် လရဲ့ အရောင်အ၀ါ ကို ရည်ညွန်းပြီး ဖယောင်းတိုင် မှုတ်ခြင်းဖြင့် လွင့်ပျံသွားသော အငွေ့ များဟာ ကောင်းကင်မှ နတ်ဘုရား ဆီသို့ မိမိတို့ ဆုတောင်းသံများ သယ်ဆောင် ပေးသွားတယ်လို့ အယုံအကြည်ရှိကြပါတယ်။
တစ်ချို့ သော သူများကတော့ ဒီလို ကိတ် ဖယောင်းတိုင်မီးထွန်းတာဟာ ဂရိတို့ ဓလေ့ဟု မှတ် မယူခဲ့ ကြပါဘူး။ တစ်ချို့ ကတော့ ဒီနည်းဟာ ဂျာမနီက စတယ်လို့ လည်း ပြောဆိုကြပါတယ်။
ကိတ်ပတ်လည် မှာ ထွန်းထားတဲ့ ဖယောင်းတိုင်များဟာ မိမိတို့  ပြည့်တဲ့ အသက်လို့ လည်း ရည်ညွန်းကြသည် မဟုတ်ပါလား။
ဒီနေ့ အထိတိုင် များစွာသော နေရာများမှာလည်း ဒီ ဖယောင်းတိုင်နဲ့ ကိတ် ယဉ်ကျေးမှုဟာ အယူသည်းမှု တစ်ခုအနေနဲ့ မဟုတ်ဘဲ မိမိ တို့ မွေးနေ့ နဲ့ ပြည့်တဲ့ အသက်ကို ဂုဏ်ပြုမှု ကို ကိုယ်စားပြုတဲ့ အယူအနေနဲ့ ပြုလုပ်ကြတာကို မြင်ရမှာ ဖြစ်ပါတယ်။ ဒီအယူကတော့ တိတ်တိတ်ကလေး ဆုတောင်းပြီး ကိတ်မုန့် က ဖယောင်းတိုင်ကို မှုတ်ခြင်းအားဖြင့် မိမိတို့ ဆုတောင်းတွေ ပြည့်တယ် ဆိုတာမျိုး ဖြစ်ပါတယ် ။ ပိုပြီးသည်းတဲ့ အယူအဆ တစ်ခုကတော့ ဖယောင်းတိုင်များကို အသက်တစ်ချက် ရှုပြီး အကုန်မှုတ်ရမှာ ဖြစ်ပြီး အကုန်မမှုတ်နိုင်ရင် ဆုတောင်း မပြည့်နိုင်ဘူးလို့ လည်း ယူဆကြပါသေးတယ်။

ရွှေရောင် လိပ်ပိုးတောင်မာကောင်
ဒီကောင်လေးတွေကို အမေရိကနိုင်ငံမှာတွေ့ရများ ပြီး အာလူးရွက်လို အရွက်တွေနဲ့ သီးပင်စားပင်တွေရဲ့အရွက်တွေ ကိုစားသောက်တယ် လို့သိရပါတယ်။ သူ့ရဲ့အရောင်ဟာ အခြားပိုးတောင်မာ ကောင်တွေလို လိမ္မော်ရောင် မဟုတ်ဘဲရွှေရောင်ဖြစ်နေ တဲ့အတွက် ရွှေရောင် ကြမ်းပိုးလို့လည်း ခေါ်ကြပါတယ်။ အရွယ်အစား ကတော့ ၅ မီလီမီတာကနေ ၇ မီလီမီတာ အထိရှိနိုင်တယ်လို့သိရပါတယ်။
Ref: Science
Ref: Science
Subscribe to:
Posts (Atom)