Showing posts with label အနောက်တိုင်း အနုပညာသတင်း. Show all posts
Showing posts with label အနောက်တိုင်း အနုပညာသတင်း. Show all posts

Thursday, December 5, 2013

Paul Walker ယာဉ်တိုက်မှုကြောင့် သေဆုံးခြင်း မဟုတ်


နိုဝင်ဘာ ၃ဝ ရက်နေ့တွင် အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် လော့စ်အိန်ဂျလိစ် တွင် ဖြစ်ပွားခဲ့သော ယာဉ် မတော်တဆ မှုတွင် မီးလောင် သေဆုံး ခဲ့ရသော Fast and Furious သရုပ်ဆောင် တစ်ဦး ဖြစ်သည့် Paul Walker သေဆုံး ရခြင်းမှာ သွေးရိုး သားရိုး ဟုတ်၊ မဟုတ် ကို လော့စ်အိန်ဂျလိစ် သေမှု သေခင်းဌာန က ရင်ခွဲ စစ်ဆေးခဲ့ပြီး ဒီဇင်ဘာ ၄ရက် နေ့တွင် Paul Walker သေဆုံး ခဲ့ရသည့် အကြောင်းရင်း ကို ထုတ်ပြန် ကြေညာ ခဲ့ကြောင်း သိရသည်။

သေမှု သေခင်းဌာန ၏ ထုတ်ပြန်ချက် တွင် ထိုစဉ်က ယာဉ်မောင်းနှင် ခဲ့သော Paul Walker ၏ မိတ်ဆွေ Rodas သည် ယာဉ် မတော်တဆ ဖြစ်စဉ် ရရှိသော ဒဏ်ရာဖြင့် ပွဲချင်းပြီး သေဆုံး ခဲ့ခြင်းဖြစ်ပြီး Paul Walker မှာမူ မီးလောင်ကျွမ်း ခံရပြီး သေဆုံးခြင်း ဖြစ်ကြောင်း ဖော်ပြ ထားသည်။

Paul Walker နှင့် Rodas တို့သည် နိုဝင်ဘာ ၃ဝရက်က Reach Out World Wide အလှူပွဲ အခမ်းအနား တစ်ခုမှ အပြန် Rodas ၏ အင်ဂျင်အား ၆ဝ၅ HP ရှိသော ပေါ်ရှေးကားနီ ကို မောင်းစမ်း ကြည့်ရန် ထွက်ခွာ သွားခြင်း ဖြစ်သည်။ အဆိုပါ အခမ်းအနား နှင့် ကိုက် ၅ဝဝ အကွာ အရောက် တွင် ကားကို အရှိန်ထိန်း မရတော့ဘဲ လမ်းဘေးရှိ ဓာတ်တိုင် တစ်တိုင်အား ဝင်တိုက်မိပြီး သစ်ပင် နှစ်ပင်ကို ဆက်တိုက်ကာ ကားတစ်စီးလုံး မီးလောင်ကျွမ်း ပျက်စီး ခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၂ရက်နေ့တွင် Fast and Furious အဓိက သရုပ်ဆောင် Vin Diesel ကလည်း ရိုက်ကွင်းထဲ တွင်ရော ၊ အပြင်လောက တွင်ပါ ညီငယ် တစ်ဦးကဲ့သို့ ချစ်ရသော Paul Walker အား အမြဲ အောက်မေ့ သတိရ သွားမည် ဖြစ်ကြောင်း ၊ မတော်တဆ သေဆုံး ခဲ့ပြီ ဖြစ်သော်လည်း သူ၏ နှလုံးသား ထဲတွင် အမြဲရှင်သန် ကျန်ရစ် နေမည် ဖြစ်ကြောင်းကို ရဲ အသံချဲ့စက် ကို အသုံးပြုကာ ပြောကြား ခဲ့ကြောင်း Fox News သတင်း တစ်ရပ်တွင် ဖော်ပြ ထားသည်။

Today Myanmar

Saturday, October 5, 2013

Terry Richardson ရဲ့ဓါတ်ပုံ ရိုက်ကွင်းအတွင်း မှတွေ့ရှိခဲ့ရတဲ့ Miley Cyrus

Miley Cyrus ရဲ့ Photoshoot ကနေ ဒီနေ့ ပုံအသစ်တွေ အများကြီး ထွက်လာ ပါတယ်။
နည်းနည်းလေး သတိထားပြီး ဖွင်ကြည့်ကျပါ.........ဘေးမှာ ဖေဖေတို့မေမေတို့ရှိရင် ရိုက်ခံနိုင်ရကိန်း မြင်ရောင်နေရလို့ပါ။စေတနာနဲ့ပါဂျာ....
ဘယ်လို့တွေ ရိုက်မှန်းကိုမသိတာပါဗျာ။
လွန်ပါတယ်ဗျာ။ဆက်ကြည့်ကျတာပေါ့
လွယ်ပါဝူး
ဟူး
ကဲ....နောက်ဆုံးပဲ
Photo cred – Terry Richardson
Internet