Showing posts with label နည်းပညာ. Show all posts
Showing posts with label နည်းပညာ. Show all posts

Saturday, January 4, 2014

ထိုင်းနိုင်ငံမှ ASI (GSM) ဆင်းမ်ကတ်များ မြန်မာနိုင်ငံတွင် စတင်အသုံးပြုနိုင်မည်


ထိုင်းနိုင်ငံအခြေစိုက် အကြီးမားဆုံး GSM မိုဘိုင်းလ်ဖုန်း အော်ပရေတာဖြစ်သည့် ASI (Advanced Info Service ) ကုမ္ပဏီထုတ် GSM ဆင်းမ်ကတ်များ မြန်မာနိုင်ငံတွင် စတင်အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက ဇန်နဝါရီလ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

ထိုင်းနိုင်ငံအခြေစိုက် အဆိုပါ ကုမ္ပဏီမှ ဆင်းမ်ကတ်များ မြန်မာနိုင်ငံတွင် အသုံးပြုနိုင်ရန်အတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် သဘောတူလက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်ပြီး ယင်းဝန်ဆောင်မှု အတွက် အကျိုးခံစားနိုင်မည့် ဦးရေ နှစ်သိန်းမှ သုံးသိန်းအထိ ရှိနိုင်မည်ဟု မျှော်မှန်းထားကြောင်း ယင်းကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဝန်ဆောင်မှုများကို ဇန်နဝါရီလ အလယ်ပိုင်းတွင် စတင်ပေးအပ် သွားမည် ဖြစ်ကြောင်းနှင့် တစ်ရက်လျှင် ဆင်းမ်ကတ် တစ်ခုမှ 50Mb အထိ အသုံးပြုနိုင်မည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် ထိုင်းနိုင်ငံ အခြေစိုက် True Move ဆက်သွယ်ရေး အော်ပရေတာ တစ်ခုသည်လည်း မြန်မာနိုင်ငံသို့ အပြန်အလှန် ဆင်းမ်ကတ် သယ်ယူသုံးစွဲခွင့် ဝန်ဆောင်မှု ပေးအပ်ရန်အတွက် စီစဉ်နေ ကြောင်း ယင်းအော်ပရေတာ လုပ်ငန်း၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုင်းနိုင်ငံအခြေစိုက် ASI ဆက်သွယ်ရေး ကုမ္ပဏီသည် ၁၉၉၀ ပြည့်နှစ်က စတင်တည်ထောင်ခဲ့သော ထိုင်းနိုင်ငံ၏ အကြီးမားဆုံး ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်ပြီး ယနေ့အထိ ကမ္ဘာအနှံ့ သုံးစွဲသူ ၃၅ သန်းကျော် ရှိသည်။

၂၀၁၃ ခုနှစ် အတွင်းက မြန်မာနိုင်ငံသို့ ပထမဦးဆုံး အကြိမ်အဖြစ် အပြန်အလှန် ဆင်းမ်ကတ် သယ်ယူသုံးစွဲခွင့် (Roaming) ဝန်ဆောင်မှုကို စင်ကာပူအစိုးရပိုင် SingTel နှင့် စင်ကာပူနိုင်ငံ အခြေစိုက် StarHub ကုမ္ပဏီတို့က စတင်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကလည်း နိုင်ငံပေါင်း ၃၃ နိုင်ငံတွင် မြန်မာနိုင်ငံမှ ဆင်းမ်ကတ်များ အသုံးပြုနိုင်ရန် အတွက် ပြင်သစ်နိုင်ငံ အခြေစိုက် Orange ကုမ္ပဏီ၏ အကူအညီဖြင့် ယခုနှစ် ဇန်နဝါရီ လအတွင်း ဝန်ဆောင်မှုများ စတင်ပေးအပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။

Thursday, November 28, 2013

Facebook မှာ ဖတ်ချင်တာ Save ထားလို့ရတော့မည်


လူမှုကွန်ရက် Facebook ပေါ်မှာ မိမိ ဖတ်ချင်တာတွေကို Read later ဆိုတဲ့ pop up button လေးကို နှိပ်ပြီး Save လုပ်လို့ရတဲ့ Feature အသုံးပြုနိုင်တော့မှာ ဖြစ်ကြောင်း သိရ ပါတယ်။

အများဟု အနေနဲ့ ကိုယ်ဖတ်ချင်တဲ့ Post တွေ၊ ကြည့်ချင်တဲ့ ပုံတွေ၊ စာတွေကို မိမိရဲ့  Wall မှာ Only me နဲ့ ရှဲတာတို့၊ public နဲ့ Share တာတို့ အစရှိသဖြင့် အမျိုးမျိုး လုပ်ကြပါတယ်။ အဲလိုမှ လုပ်မထားရင်လည်း သူငယ်ချင်း မိတ်ဆွေတွေကို Message box ကနေ Link ပေးပြီး save လုပ်တဲ့အထိတောင် ပေါက်ပေါက်ရှာရှာ လုပ်တတ်ကြပါသေးတယ်။ ယခုတော့ ယင်း အခက်အခဲတွေကို Facebook က ဖြေရှင်းပေးတော့ မှာ ဖြစ်ပါတယ်။

မိမိ ဖတ်ချင်တဲ့၊ ထပ်ကြည့်ချင်တဲ့ Post တွေရဲ့  Link တွေကို Save လုပ်ထားပြီး News Feed တို့လို အောက်မှာ တစ်နေရာမှာ Saved ဆိုတဲ့ Button လေးကို မြင်ရစေမှာ ဖြစ်ပါတယ်။ ယင်း Saved ကိုနှိပ်လိုက်ရင် ကိုယ် ဖတ်ဖို့ အတွက် Save လုပ်ခဲ့တာတွေကို မြင်တွေ့ရမှာပါ။ ဒီအတွက် မီဒီယာများက Leaked Photo များနဲ့ တကွ ရှင်းလင်း ပြသခဲ့ခြင်း ဖြစ်ပါ တယ်။ သို့ပေမယ့် Faceboook က တရားဝင် မကြေညာရသေးပါ ဘူး။ လောလောဆယ် အကောင့် အချို့ မှာ ဆန်းသတ်ပေးနေပြီး မကြာမီ အားလုံးကို Publically effect ဖြစ်အောင် ပြောင်းလဲပေးမှာ ဖြစ်ပါတယ်။

Facebook ကို "the best personalized newspaper in the world" ဖြစ်ရ မယ်လို့ ဇူကာတ်ဘတ် တရားဝင် ကြေညာခဲ့ဖူးပါတယ်။ ယခု ဒါကို အကောင်အထည်ဖော်ခြင်း ဖြစ်ပါတယ်။ နောက်ဆိုရင် Google လိုပဲ e Reader တွေပါ မြင်တွေ့ရမယ်လို့ ခန့်မှန်းထားကြကြောင်း သိရ ပါတယ်။
.
Ref: pocketlint
အောင်ခမ်း

Monday, November 18, 2013

မိုဘိုင်းဖုန်း ဘီလ်အတွက် ဝန်ဆောင်မှု အသစ်များပေးမည်


မိမိလိုသလောက် ငွေတန်ဖိုးအတိုင်း ကွန်ပျူတာ စနစ်ဖြင့် စတိုးဆိုင်များ၌ ထည့်သွင်း အသုံးပြုနိုင်မည့် Prepaid Top Up စနစ်ကို တိုးချဲ့အသုံးပြုခွင့်ပေးရန် စီ စဉ်နေကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသောင်းတင်က ပြောသည်။

ထို့အပြင် ဗဟိုဘဏ်မှ မကြာခင်တွင် ခွင့်ပြုဖွယ်ရှိသည့် Mobile Non Service ပေါ်ပေါက်လာပါက မိမိ ဖြည့်သွင်းလိုသည့် ငွေပမာဏကို ၂၄ နာရီ ဖြည့်သွင်းနိုင်မည် ဟု လည်း ဒုတိယဝန်ကြီးက ပြောသည်။ ပြည်သူ့လွှတ်တော်၌ ပြောကြားသော ဒုတိယဝန်ကြီး၏ အဆိုအရ မိုဘိုင်းဖုန်း အသုံးပြုသူများသည် အိမ်မှနေ၍ မိမိ လို သလောက် ငွေကြေးကို ဖြည့်သွင်းခြင်း၊ လွှဲပြောင်းခြင်း ပြုလုပ်နိုင်မည်ဟု သိရသည်။

နိုင်ငံတကာတွင် အသုံးပြုသည့် နည်းစနစ်များ အတိုင်း အဆင်ပြေစွာ အသုံးပြုနိုင်ရန် ငွေဖြည့်သွင်းသည့် စနစ်များကို ဝန်ြကီးဌာနမှ တိုးချဲ့ဆောက်ရွက်ရန် စီစဉ် ခဲ့ခြင်း ဖြစ်သော်လည်း ပုံမှန် အသုံးပြုနေသည့် ငွေဖြည့်ကတ်များကို မူဈေးကွက်အတွင်း၌ ဆက်လက် ထားရှိသွားမည် ဖြစ်သည်။

မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသည် ပုံမှန်အသုံးပြုနေသည့် ငွေဖြည့်ကတ်များကို ပုဂ္ဂလိကကုမ္ပဏီ၅ ခုနှင့် ပူးပေါင်း၍ ဈေးကွက်အတွင်း ဖြန့်ဖြူးပေးနေခြင်း ဖြစ်ပြီး အသုံးပြုသူများ အဆင်ပြေစေရန် ပူးပေါင်း လုပ်ကိုင် လိုသည့် ကုမ္ပဏီများနှင့် ထပ်မံ ပူးပေါင်း လုပ်ကိုင်သွားရန် ရှိကြောင်း သိရသည်။

စက်တင်ဘာလအတွင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းသည် မိုဘိုင်းဖုန်း ငွေဖြည့်ကတ် ပူးပေါင်းဖြန့်ဖြူးလိုသည့် ကုမ္ပဏီများကို ဖိတ်ခေါ်ခဲ့ပြီး လက်ရှိ၌ ကုမ္ပဏီပေါင်း၂၁ ခုကို လက်ခံ ရရှိထားကြောင်း ၄င်းတို့ အနေဖြင့် လက်ခံထားသည့် ကုမ္ပဏီ ၂၁ ခုမှ နည်းပညာအရ ဆောင်ရွက်နိုင်သည့် ကုမ္ပဏီ၊ ငွေကြေးအရ တောင့်တင်းသည့် ကုမ္ပဏီကို ရွေးချယ် လုပ်ကိုင်ခွင့် ပြုသွားမည် ဟု သိရသည်။

မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းသည် Asia Mega Link ၊ Global Telephone၊ တာမိုးညဲချမ်းသာ ထွန်းဝေသာ၊ ရတနာပုံ တယ်လီပို့၊ Elite Tech စသည့် ကုမ္ပဏီများ ကို ကော်မရှင် ၆ ရာခိုင်နှုန်းပေး၍ ဖြန့်ဖြူး စေခဲ့ခြင်း ဖြစ်သည်။ လက်တွေ့ ရောင်းချသူများသည် တစ်ဆင့်ခံ ကိုယ်စားလှယ်များမှ ပြန်လည် ဝယ်ယူ၍ ရောင်းချရသည့် အတွက် ၂ ရာခိုင်နှုန်းကျော်ကိုသာ ရရှိကြသည်။

မြင့်ကျော်လှိုင်

Ref & Credit to : Internet Journal

Friday, November 8, 2013

Facebook Account အသစ်ကို ဖုန်းဖြင့် အလွယ်ကူဆုံးနှင့် အရိုးရှင်းဆုံးဖွင့်နည်း



Facebook Account အသစ်ကို သင်ကိုယ်တိုင် ဖုန်းဖြင့် အလွယ်ကူဆုံးနှင့် အရိုးရှင်းဆုံးဖွင့်နည်းလေးပါ။ Confirm Code ရိုက်ဖြည့်စရာမလိုသလို Connection ကောင်းလျင် အချိန် (၁၀) မိနစ်ခန့်သာ ကြာနိုင်ပါသည်။ ရှေးဦးစွာ gmail အကောင့်လိုအပ်ပါတယ်။

၁။ gmail အကောင့်ဖွင့်ရန် ဖုန်းမှာ gmail app ရှိရပါမယ်။ gmail app ဖွင့်ဝင်ပြီးလျင် ထို app မှ setting ကိုဝင်ပါ။ add account ကိုနှိပ်ပါ။ next ကိုနှိပ်ပါ။ ထို့နောက် ထပ်ပေါ်လာသော create နှင့် sign in မှ create ကို နှိပ်ပါ။

၂။ Add a Google Account အတွက် first name, last name ကို ဖြည့်ပါ။ username တွင် သင်အသုံးပြုလိုသည့် နာမည်ထည့်ပါ။ ထိုနာမည်သည် သင်၏ email address ဖြစ်လာပါမည်။ သေချာစွာ မှတ်သားထားပါ။ နာမည်တူရှိလျင် သင်ရွေးချယ်ရန် အခြားနာမည် ပေးလာပါမည်။ ထို့နောက် next ကိုနှိပ်ပါ။

၃။ Type a password အတွက် သင့်ရဲ့ password အနည်းဆုံး ၈ လုံး ရိုက်ထည့်ပေးပါ။ ထိုအရာသည် သင်၏ gmail password ဖြစ်ပါသည်။ သေချာစွာ မှတ်သားထားပါ။ confirm password တွင် ထို password ကို ပြန်ရိုက်ထည့်ပါ။ ထို့နောက် next ကို နှိပ်ပါ။

 ၄။ Security question ကို သင်ကြိုက်ရာရွေးပါ။ Answer တွင် ဖြေပါ။ Secondary email တွင် သင့်မှာရှိလျင် ထည့်ပါ။ မရှိလျင်လည်း ထားခဲ့ပါ။ Create ကို နှိပ်ပါ။ Google Term Service တွင် English ကိုရွေးပါ။ I agree, Next ကိုနှိပ်ပါ။

၅။ ဖော်ပြထားသော စာလုံးများကို ရိုက်ထည့်ပါ။ Next ကိုနှိပ်ပါ။ ထို့နောက် Finish ကို နှိပ်ပါ။ Add a Google Account ပေါ်လာသည်တွင် Finish setup ကို နှိပ်ပါ။ သင် Gmail account တစ်ခုရသွားပါပြီ။ Refresh ဖြစ်စေရန် Menu> Setting> Account and sync ၀င်ပြီး sync လုပ်လိုက်လျင် သင့် Mail box ထဲသို့ Gmail Team မှ အသိအမှတ်ပြုသော Mail ၃ စောင် ရောက်လာပါမည်။ Gmail account ရပြီးလျင် Facebook account ဆက်လက်ဖွင့်နိုင်ပါပြီ။

  Facebook Account အသစ်ကို ဖုန်းဖြင့် အလွယ်ကူဆုံးနှင့် အရိုးရှင်းဆုံးဖွင့်နည်း

 ၁။ Facebook အကောင့်ဖွင့်ရန် ဖုန်းမှာ Facebook app ရှိရပါမယ်။ Facebook app ဖွင့်ဝင်ပြီးလျင် အောက်ခြေနားမှ Sign Up for Facebook ကို နှိပ်ပါ။

၂။ First Name တွင် သင်အသုံးပြုမည့် ရှေ့ အမည်၊ Surname တွင် သင်အသုံးပြုမည့် နောက် အမည်၊ Email Address or Phone Number တွင် သင်၏ gmail address (............@gmail.com)၊ Gender တွင် ကျားဖြစ်လျင် Male, မ ဆိုလျင် Female ၊ Birthday တွင် သင့်မွေးနေ့၊ New Password တွင် သင့် Password (အနည်းဆုံး ၈ လုံး၊) တို့ကို ပြည့်စုံစွာ ဖြည့်ပေးရပါမည်။ ထို့နောက် အောက်ခြေမှ Sign Up ကို နှိပ်ပါ။

၃။ ထို့နောက် Profile information များကို ဖြည့်ပါ။ Save ကိုနှိပ်ပါ။ Search for Friends တွင် သင်သိသော သူငယ်ချင်းကို ရိုက်နှိပ်ကာ ရှာနိုင်ပါသည်။ (သူ၏ gmail လိပ်စာသိလျင် ရိုက်ထည့်ပါက ပိုမြန်ပါသည်။) ထို့နောက် Search ကိုနှိပ်ပါ။ သူ၏ name ကျလာပါမည်။ Add ကို နှိပ်လိုက်ပါ။ ထို့နောက် Next ကို နှိပ်ပါ။

၎။ သင်၏ Profile picture အတွက် Add Photo ကိုနှိပ်ပါ။ ပုံ မထည့်လိုသေးလျင်လည်း ရပါသည်။ ထို့နောက် Next ကို နှိပ်ပါ။

၅။ Confirm Your Email သို့ ရောက်ရှိပါလိမ့်မည်။ Confirm Your Email ဆိုသည့် မြန်မာပြည် Facebook အသုံးပြုသူတွေ အကြောက်ဆုံး Confirm Code ဖြည့်ခြင်း လာပါပြီ။ စိတ်မပူပါနှင့်။ Confirm Code လုံးဝဖြည့်စရာမလို၊ ဖုန်းနံပါတ်ပေးစရာမလိုတဲ့ လျှို့ဝှက်နည်းလေး ကို ပြောပြပါ့မယ်။ ဒီအတိုင်းလေးပဲ Menu ခလုတ်ကိုနှိပ်ပြီး ထွက်လိုက်ပါ။ စောစောက လုပ်ခဲ့တဲ့ Gmail application လေးကို ဖွင့်လိုက်ပါ။ သင့်ရဲ့ Gmail inbox မှာ message ၅ စောင်ရောက်နေတာ သင် တွေ့ရပါလိမ့်မည်။ (မရောက်သေးလျင် စောင့်နေပါ။) Refresh လုပ်ပါ။ ဒီအချိန်မှာ Internet Connection ကောင်းနေဖို့တော့ လိုပါသည်။ Three ways to get the most from Facebook mobile ဟူသော ခေါင်းစဉ်နှင့် ရောက်ရှိနေသော ၅ စောင်မြောက် mail ကို ဖွင့်လိုက်ပါ။ ထိုစာမျက်နှာ၏ ညာဘက်အခြမ်းတွင် *''Get Started''* ဟူသော အစိမ်းရောင် အကွက်ကလေးကို နှိပ်လိုက်ပါ။ သင်၏ Facebook စာမျက်နှာသို့ ပြန်လည်ရောက်ရှိသွားပါပြီ။ သင် Facebook ကို Confirm Code ရိုက်ထည့်စရာမလိုဘဲ ဖြည့်ပြီးသား ဖြစ်သွားပါပြီ။ သင် Facebook ကို အလွယ်ကူဆုံးနှင့် အောင်မြင်စွာ ဖွင့်လှစ်ရရှိသွားပါပြီ။ Log out လုပ်ပြီး app မှပြန်ဝင်ကာ Info update လုပ်ပေးပါ။ မလုပ်လိုသည့် Info ကို Skip နှိပ်ပြီး ကျော်သွားပါ။ ဤနည်းဖြင့် ကျုပ်ဖွင့်ပေးခဲ့သော Facebook ပေါင်း ၂၀၀ ကျော်တွင် ပျက်သွားသောအကောင့် ၁၀ ဂဏန်းအောက်သာ ရှိပါသေးသည်။ (အခကြေးငွေ မယူပါ။ အင်တာနက်ဖိုးတောင် အိတ်စိုက်ကုန်ပါသည်။ ) ဤနည်းမှာ ဖုန်းနံပါတ် မပေးရသောကြောင့် ဖုန်းတစ်လုံးတည်းနှင့်လည်း account များစွာ သုံးနိုင်ပါသေးသည်။ တစ်ခုသတိထားရန်မှာ ဤနည်းမှ အနည်းငယ်လွဲချော်ခဲ့လျင်တော့ Verify code ဖြည့်ရန် ဖုန်းနံပါတ်တောင်းပါလိမ့်မည်။ မြန်မာပြည်ဖုန်းနှင့် မပို့ပေးနိုင်သည့်အတွက် သင် နောက်ထပ်အသစ်ပြန်ဖွင့်ဖို့သာ ကြိုးစားပါတော့။ Facebook Account ပြန်လည်ရယူနည်း၊ Log မကျအောင် ထိန်းသိမ်းနည်း၊ Hacker ရန်မှ ကာကွယ်နည်းများကိုလည်း အလျဉ်းသင့်လျင် ဖော်ပြပါဦးမည်။ Facebook သုံးစွဲခြင်းသည် ဗဟုသုတ များစွာရရှိစေနိုင်သလို တလွဲအသုံးချပါက အကျိုးယုတ်စေနိုင်ပါသည်။ Facebook သုံးစွဲသူများ ကောင်းခြင်းဘက်တွင် အသုံးပြုနိုင်ကြပါစေ။


Lamin Maung

Wednesday, October 9, 2013

Samsung မှ ကမ္ဘာ့ပထမဆုံး ကွေးညွတ်မျက်နှာပြင်နှင့် ဖုန်းထုတ်လုပ်


Samsung က ဒီနေ့ပဲ ကွေးညွတ်မျက်နှာပြင် အသုံးပြုထားတဲ့ စမတ်ဖုန်းကို ကြော်ငြာလိုက်ပါတယ်။ ဒီဖုန်းက Galaxy Round လို့ ခေါ်ပြီး ကမ္ဘာပေါ်မှာ ပထမဆုံး ဖြစ်ပြီး မျက်နှာပြင်ကို ကွေးညွတ်ထားတာကလည်း အံ့သြဖို့ ကောင်းတယ်။

Design
၅.၇ လက်မရှိပြီး 1080p HD အရည်အသွေးထွက်ရှိပါတယ်။ Android 4.3 ကို အသုံးပြုထားပြီး Note 3 မျက်နှာပြင်မှာ လုပ်နိုင်သမျှလုပ်နိုင်တယ်လို့ သိရပါတယ်။

မျက်နှာပြင်က သိသိသာသာကြီးကို ကွေးညွတ်နေပြီး Feature အသစ်တွေအဖြစ် roll effect နဲ့ gravity effect ဆိုပြီး ထည့်သွင်းထားပါတယ်။ အဲဒီ effect တွေရဲ့ အားသာချက်ကတော့ Screen ကိုတောင် unlock လုပ်စရာမလိုပဲ အချိန်တွေ၊ အချက်အလက်တွေ၊ သီချင်းတွေကို နားဆင်ခံစားဖို့လို့ သိရတယ်။

Camera
Round ရဲ့ ကင်မရာက S4 နဲ့ Note 3 မှာလိုပဲ 13 megapixel ဖြစ်တယ်။ အရှေ့ကင်မရာကတော့ 2MP ပါ။

Performance
Processor ကို ထူးထူးခြားခြားနဲ့ 2.3 GHz MSM 8974 quad-core ကို အသုံးပြုထားပြီး 32GB နဲ့ စလာမှာဖြစ်တယ်လို့သိရတယ်။ RAM ကတော့ 3GB ပါ။

Battery
Battery ကတော့ 2800 mAh ရှိတယ်။

ဈေးနှုန်း
လက်ရှိအချိန်မှာ Galaxy Round ကို ကိုရီးယားအတွက်ပဲ ထုတ်လုပ်ထားပြီး ကမ္ဘာ့ဈေးကွက်အကုန်လုံးကို မဖြန့်သေးဘူးလို့ Samsung က ပြောထားပါတယ်။ Samsung ကတော့ တစ်ကမ္ဘာလုံးအတွက် Coming Soon ပါတဲ့။

iPhone 6 မျက်နှာပြင်ကျယ်ဖြင့် ထွက်ရှိမည်

iPhone 5S နဲ့ 5C တောင်ထွက်တာ မကြာသေးဘူး။ iPhone 6 နဲ့ ပက်သက် တဲ့ သတင်းတွေက ထွက်ရှိလာ လာပြန်ပါပြီ။ Apple က ယခုရက်ပိုင်း အတွင်းတင်ပဲ ၎င်းတို့ရဲ့  အသစ်ထုတ်လုပ်မယ့် ဖုန်း အတွက် မူပိုင်ခွင့် တင်လိုက်တဲ့ သတင်းကြောင့် iPhone 6 ဘယ်လိုဖြစ်လာ မယ်ဆိုတာ ပညာရှင်များက ခန့်မှန်းခြင်း ဖြစ်ပါတယ်။

အဓိက ကတော့ မျက်နှာပြင် ပိုကျယ်လာခြင်း ဖြစ်ပါတယ်။ အနည်းဆုံး ၄.၈ လက်မ ကနေ ၆ လက်မ ကြားအထိ ကျယ်လာနိုင်ပြီး Retina+IGZO အမျိုးအစား အရည်အသွေးကောင်း မျက်နှာပြင်ကို အသုံးပြုပြီး ကမ္ဘာ့ အကြည်လင်အပြတ်သားဆုံး စမတ်ဖုန်း မျက်နှာပြင်အဖြစ် စံချိန်တင်အုံးမှာ လို့ ဆိုပါတယ်။ Chip အမျိုးအစားက A7 ထက်တစ်ဆင့်မြင့် တဲ့ A7X 64 Bit architechture, ကင်မရာက 13 Megapixel (1.5u pixels f/2.2 aperture တို့ပါဝင်ပြီး မထုတ်ရသေးတဲ့ iOS ဗားရှင်း အသစ်နဲ့ မြင်တွေ့ ရမယ်လို့ ဆိုပါတယ်။

Samsung နဲ့ LG တို့က ကွေးကောက်မျက်နှာပြင် ထုတ်လုပ်မှုနဲ့အတူ Apple ကလည်း လိုက်လံ စမ်းသပ် နေပေမယ့် iPhone 6 မှာ လက်တွေ့ အသုံးချ ရန် ရှိမရှိ ကတော့ ဘယ်သူမှ မပြောနိုင် သေးပါဘူး။ သေချာ တာကတော့ မျက်နှာပြင်ကြီးကြီးနဲ့ ထုတ်မှာမို့ Display အကျယ်များနဲ့ တကယ် လက်တွေ့ စမ်းသပ်လျက် ရှိပါတယ်။

iPhone 6 အနေနဲ့ ဘယ်လိုဖြစ်လာမယ်ဆိုတာကို အောက်ပါ ဗီဒီယိုက ခန့်မှန်းချက်မှာ လေ့လာ နိုင်ပါတယ် ။

http://youtu.be/36d-U8AfxAk

အောင်ခမ်း ( TSJ Team )

Monday, October 7, 2013

BlackMart Market နောက်ဆုံးထွက် version


မှောင်ခိုဈေး .. ပျံကျဈေး .. သူခိုးဈေး .. ဓါးမြဈေး .. အခွန်လွတ်ဈေး .. developer တွေ အမြင်ကပ်သော ဈေး ..... အဲ့လောက်ဆိုရင် အောက်မှာ တင်ပေးထားတာ ဘာဈေးလဲ သိရောပေါ့

App တွေ အားပါးတရ ရယူနိုင်တဲ့ BlackMart Market နောက်ဆုံးထွက် version ဖြစ်ပါတယ်။ တောင်းတဲ့သူ အတော်များနေပြီ။ ကျွန်တော်လဲ ဒီနေ့မှ update လုပ်မိတယ်။ ကဲ ယူကြဗျာ .. မှောင်ခိုဈေးထဲမှာ အချင်းချင်းတွေ့ရင် မနှုတ်ဆက်နဲ့နော် .. ရဲဖမ်းလိမ့်မယ်

Download>>>http://www59.zippyshare.com/v/8543193/file.html

Lamin Maung

Friday, October 4, 2013

၂ လအတွင်း Samsung မိုဘိုင်း ဝင်ငွေ စံချိန်တင်

Samsung Mobile Division ရဲ့  ပြီးခဲ့တဲ့ ရက် ၉၀ စာ ဝင်ငွေဟာ HTC ကိုကျော်ဖြတ်ဖို့ ကမ္ဘာ့ စံချိန်တင် သွားပါတယ်။

၂ လအတွင်း Operating Profit ကို အမေရိကန်ဒေါ်လာ ၉.၄ ဘီလျံ ရရှိခဲ့ပြီး ယမန်နှစ် အချိန်ထပ် ၁ ဘီလျံတောင် ပိုခဲ့တဲ့ အကျိုးအမြတ် ဖြစ် ပါတယ်။ ဒီမှာထူးခြားချက်က လက်ရှိရတဲ့ ဝင်ငွေအတွက် အဓိက ရှာပေးတာက Samsung Galaxy S4, Note 3 တို့လို အမြင့်ဟန်း ဆက်တွေ မဟုတ်ပဲ ဈေးသက်သာ ဟန်းဆက်တွေ ဖြစ်နေခြင်း ဖြစ် ပါတယ်။ Samsung ဟာ Galaxy စီးရီးထဲက ပဲ ဈေးသက်သာ စမတ်ဖုန်း အပြင် စီးရီးပြင်ပက ခေါက်ဖုံး တို့လို ဈေးသက်သာ ဖုန်းတို့ကိုလည်း ထုတ်လုပ်ဖြန့်ချိခဲ့ခြင်း ဖြစ်ပါတယ်။

သို့ပေမယ့် အကျိုးအမြတ် အတွက် Samsung Galaxy S4 လည်း တစ်ဘက်တစ်လမ်းမှ ပါဝင်ခဲ့ပါတယ်။ လက်ရှိ Samsung Galaxy Note 3 ကလည်း ကမ္ဘာ့ လူ့စိတ်ဝင်စားမှု အများဆုံး စာရင်းထဲ ပါဝင်ပြီး ရောင်းအား သွက်လျက် ရှိပါတယ်။ မြန်မာပြည်မှာ ကျပ်ငွေ ၇ သိန်းဝန်းကျင် နဲ့ ရောင်းထွက်နေပါတယ်။ ဖုန်းဆိုင် အချို့ မှာ ၆၈၀,၀၀၀ ကျပ်နဲ့ လည်း ရောင်းချပေးနေကြောင်းလည်း သိရပါတယ်။
.
Ref: pocketlint
Aung Kham (TSJ Team)

Thursday, October 3, 2013

Evize screen recoder သုံးပြီး ကွန်ပျူတာ စကရင်ကို ဗီဒီယို ရိုက်ကြရအောင်


1. Computer Screen ကို ဓာတ်ပုံ ရိုက်လို့ ရပါတယ်။ဗီဒီယို လည်း ရိုက်လို့ရပါတယ်။
2. Rcord လုပ်ထားပြီးတဲ့ video ကို စိတ်ကြိုက် edit လုပ်လို့ရပါတယ်။ video နောက်ခံသီချင်းထည့်ဖို့ အပုဒ် ၂၀ ကျော်ပါပြီးသားတယ်။
3. အားလုံးစိတ်ကြိုက် edit လုပ်ပြီးရင် youtube ကို အရည်အသွေးကောင်းတဲ့ video output file ကို တိုက်ရိုက် ဆော့ဝဲလ်ကနေ တင်လို့ရပါတယ်။youtube ကို သွားနေစရာမလိုပါဘူး login ၀င်ပေးလိုက်ရင် အော်တိုတင်ပေးပါလိမ့်မယ်။
4.free ပေးထားတဲ့ အပြင် video အရည်အသွေးဟာ တခြားဆော့ screen recorder ဆော့ ၀ဲလ်တွေထက် ပိုကောင်းပါတယ်။

ဒီနေရက ဒေါင်းလိုက်ပါ

Wednesday, October 2, 2013

ဂျပန်နိုင်ငံမှ ကမ္ဘာ့ပထမဆုံး လေမှုတ်သွင်း ခန်းမကြီး

လေအပြည့်ဖြည့်ပြီး ဖောင်းကြွအောင် ပြုလုပ်လိုက်ချိန်တွင် အလျား(၃၅)မီတာ၊ အနံ(၁၈)မီတာမျှ အကျယ်အဝန်းရှိသည့် ခရမ်းရောင် ခန်းမကြီးတစ်ခုအသွင် ကူးပြောင်းသွားသည်။

ဂျပန်နိုင်ငံမှ ကမ္ဘာ့ပထမဆုံး လေမှုတ်သွင်း ခန်းမကြီးArk Nova ခန်းမကြီးကို လေမှုတ်ခန်းမ၊   ဖောင်းပွခန်းမ၊ သို့မဟုတ် လေသွင်းရုပ်လုံး ခန်းမဟု အမည်ခေါ်ဝေါ်ရမည် ဖြစ်သည်။ သို့သော်လည်း လူပေါင်း(၅၀၀)မျှ စုစည်းနေနိုင်မည့် ယင်းခန်းမကျယ်ကြီးကို အဆောက်အအုံ တစ်ခုအနေဖြင့် တည်ဆောက်ထားခြင်း မဟုတ်သည်က ထူးခြားမှု တစ်ခုဖြစ်သည်။ ပိုလိုင်စတာ ဖြည့်တင်းပေးထားသည့် ကိုယ်ထည်ဖြင့် တည်ဆောက်ထားသည့်   လေမှုတ်သွင်းနိုင်သော ပစ္စည်းကြီးသည် ယခုအခါ သဘာဝ ဘေးအန္တရာယ်များ ထိခိုက်ခံစားခဲ့ရ သည့် ဂျပန်နိုင်ငံ အရှေ့မြောက်ပိုင်းဒေသသို့ ရောက်ရှိနေပြီ ဖြစ် သည်။ လေအပြည့်ဖြည့်ပြီး   ဖောင်းကြွအောင် ပြုလုပ်လိုက်ချိန်တွင် အလျား(၃၅)မီတာ၊ အနံ(၁၈)မီတာမျှ အကျယ်အဝန်းရှိသည့် ခရမ်းရောင် ခန်းမကြီးတစ်ခုအသွင် ကူးပြောင်းသွားသည်။ ယင်းကို ဇာတ်ရုံအဖြစ်၊ ဟောပြောပွဲ ခန်းမအဖြစ်၊ အစည်းအဝေးခန်းမအဖြစ် ဘက်စုံ အသုံးပြုနိုင်သည်။ စိတ်ကူးစိတ်သန်း ကောင်းမွန်သည့် အဆိုပါ လေမှုတ်သွင်း ခန်းမကြီးကို မတ်ဆူရှီမာမြို့တွင် ထားရှိမည် ဖြစ်သည်။

ကမ္ဘာလှည့် ခရီးသည်များစွာ လာရောက် လည်ပတ်လေ့ရှိသည့် မတ်ဆူရှီမာမြို့သည် (၂၀၁၁)ခုနှစ်၊ မတ်လက ရစ်ခ်ျတာစကေး (၉.၀)အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်မှုနှင့် ဆူနာမီ ရေလှိုင်းများ ရိုက်ခတ်မှုကို ကြုံတွေ့ခဲ့ရသော်လည်း သဘာဝ ကမ်းရိုးတန်း၏ အကာအကွယ်   ပေးထားမှုကြောင့် ဒေသတွင်းရှိ အခြားမြို့ရွာများလောက် အထိအခိုက် မရှိခဲ့ချေ။ ယခုအဆောက်အအုံကြီးသည် ကမ္ဘာ့ပထမဆုံး လေမှုတ်သွင်း ခန်းမကြီးအဖြစ် သတ်မှတ်နိုင်ပြီး ကမ္ဘာလှည့် ခရီးသွား လုပ်ငန်းအတွက် ပိုမို အကျိုးဖြစ်ထွန်းလာစေဖွယ် ရှိနေသည်။

Ark Novaကို အိန္ဒိယဖွား ဗြိတိသျှ ပန်းပုပညာရှင် အာနစ်ရှ်ကာပူအာနှင့် ဂျပန် ဗိသုကာ ပညာရှင် အာရာတာ အိုင်ဆိုဇာကီတို့က ပူးပေါင်း တည်ဆောက်ပေးခဲ့သည်။ ခန်းမကြီးကို မတ်ဆူရှီမာ မြို့လယ်တွင် နေရာချထားပြီး ပထမဆုံးအကြိမ် ဖျော်ဖြေပွဲ အစီအစဉ်ကို သောကြာနေ့တွင် စတင်မည် ဖြစ်သည်။ ဆန်ဒိုင်း သံစုံ အော်ကက်စထရာ တီးဝိုင်းအဖွဲ့ကြီးသည် ထူးထူးခြားခြား တည်ဆောက်ထားသည့် ယင်းခန်းမကြီးကို ဇာတ်ရုံအဖြစ် အသုံးပြုကာ ဖျော်ဖြေသွားရန် စီစဉ်ထားသည်။ ထို့အပြင် ဂျပန်ရိုးရာ ကူဘူကီ ပြဇာတ်များလည်း ကပြသွားမည် ဖြစ်သည်။ အဆိုပါ အစီအစဉ်ကို အောက်တိုဘာ (၁၄)ရက်နေ့ထိ ကျင်းပသွားရန် ရည်ရွယ်ထားသည်။

“ဒီခန်းမကြီးက အလွယ်တကူ ဖြုတ်သိမ်းနိုင်ပါတယ်။ Ark Novaဟာ လူတွေ အများကြီးကို စုဝေးခွင့် ရရှိစေမယ့် နေရာတစ်ခု ဖြစ်လာမှာပါ”ဟု အိုင်ဆိုဇာကီက ပြောကြားခဲ့သည်။   ပြဇာတ်ရုံအဖြစ် အသုံးပြုရန် လိုအပ်သည့် ခုံနေရာများကို ငလျင်အတွင်း ထိခိုက်ပြိုလဲခဲ့သည့် သစ်ကတိုးပင်များဖြင့် ကြိုတင်ပြုလုပ်ထားပြီး ဖြစ်သည်။ Ark Nova၏ ပထမဆုံး ဖျော်ဖြေပွဲ အစီအစဉ်တွင် အခြားသော ကမ္ဘာကျော် ဂီတအဖွဲ့အစည်းများ ပါဝင်လာအောင် ဆွစ်ဇာလန် နိုင်ငံရှိ Lucerne Festivalက အကူအညီ ပေးခဲ့သည်။ Ark Novaကို ဒေသတွင်းရှိ အခြားသော မြို့များသို့လည်း လှည့်လည်သယ်ယူကာ ဖျော်ဖြေရေး အစီအစဉ်များအတွက် အသုံးပြုသွားရန် စီစဉ်ထားကြောင်း သိရှိရသည်။

Planet Myanmar Network

ဖုန်းကိုင်သော သူများအတွက် သိထားသင့်သောအကြောင်းရာလေးများ

ဖုန်းကိုင်ထားသော ကိုကို ၊ မမ များ သိထားသင့်သော အကြောင်းအရာလေးများ မိုဘိုင်းဖုန်း တစ်လုံး ၏ လျှို့ဝှက်ချက် ငါးခု လူအများ စုဟာ မိုဘိုင်းဖုန်း တစ်လုံးရဲ့ အသုံးဝင်မှု လျှိုဝှက်တွေကို သိရှိသူတွေ အလွန် နည်းပါးနေ ပါတယ်။ ကိုင်နေတဲ့လူ အများစုဟာ ဖုန်းတစ်လုံးရဲ့ အသုံးဝင်မှုကို အများအားဖြင့် Camera, Music, Bluetooth, FM, Radio. Alarmနဲ့ Game အစ ရှိတာ...တွေ လောက်သာ အသုံးပြုနေကြတာများပါတယ်။ဒါကြောင့် ဒီထက်ပိုပြီး အသုံးဝင်မှုနဲ့ လျှို့ချက် အနည်း ငယ်ကို ဖော် ပြပေးလိုက်ပါတယ်။

(၁) အရေးပေါ် ကွန်ရက်ရှာရန် Keypad ကို Locked လုပ်ထား ရင်တောင် မိုဘိုင်းဖုန်းတွေဟာ 122 ဆိုတဲ့ နံပါတ်ကိုနှိပ်လို့ ရတာ တွေ့ရ ပါတယ်။ ဒီနံပါတ်ဟာ တစ်ကမ္ဘာလုံးဆိုင်ရာနိုင်ငံတကာ အရေးပေါ်ဖုန်းနံ ပါတ်ဖြစ်ပါတယ်။မိုဘိုင်းဖုန်းတွေရဲ့ ဆက်သွယ်မှု ဧရိယာထဲ မှာရှိရင် ဒီနံပါတ် ကို နှိပ်လိုက်တာနဲ့ ဖုန်းဟာအနီးဆုံး ဆက်သွယ်မှုကွန်ရက်ကို အလိုအလျောက် ရှာမှာဖြစ် ပါတယ်။ ဒီနံပါတ်ဟာမိုဘိုင်း ဖုန်းရဲ့ခလုတ်တွေကို ပိတ်ထားရင် တောင်နှိပ်လို့ရနေမှာဖြစ်ပါတယ်။

(၂) ဘက်ထရီ အရေးပေါ် အားကုန်ရင် မိုဘိုင်းဖုန်းတွေမှာ ဖုန်းအသုံး ပြုရင်းဘက်ထရီအားနည်းလာပြီဆို ရင်*3370# ကို နှိပ်လိုက်တာနဲ့ ဖုန်းတွေမှာအရေးပေါ်သုံးဖို့ချန်ထားတဲ့  ဓာတ်အားကို ပြန်ဖွင့်ပေးမှာဖြစ်လို့ ဖုန်းမှာဘက်ထရီထက်ဝက်အား ပြန်ပြည့်လာတာကိုတွေ့ရမှာဖြစ်ပါတယ်။ နောက်တစ်ကြိမ် မိုဘိုင်းဖုန်းဘက်ထရီအားပြန်ဖြည့်တဲ့အခါမှာ သာမာန်နဲ့ အရေး ပေါ်သုံး နှစ်မျိုးစလုံးအတွက် ဘက်ထရီအားကို အလိုလျောက်အား ပြန်ဖြည့်မှာဖြစ်ပါတယ်။ဒီနည်းဟာ လူအများစုအတွက် အသုံးဝင်စေမယ့် အချက်တစ်ချက်ဖြစ်ပါတယ်။

(၃) ကားသော့ကျန်ခဲ့ရင် အဝေးထိန်း စနစ် တပ်ဆင်ထား တဲ့ ကားအသုံးပြုသူ တွေအတွက် ကား ထဲမှာ သော့ကျန်ခဲ့ခြင်း၊ အပိုသော့တစ် ချောင်းအိမ်မှာ ကျန်ရှိနေ ခြင်းဖြစ်ပေါ် ကြုံလာပါက မိုဘိုင်းဖုန်း တစ်လုံးရှိရုံနဲ့ အဆင်ပြေတာကိုတွေ့ရမှာပါ။အသုံး ပြုပုံကတော့ အိမ်မှာ ရှိတဲ့လူတစ် ယောက်ဖုန်းကို မိမိမိုဘိုင်းဖုန်းနဲ့ လှမ်းခေါ်ပြီး တစ်ဖက်လူနဲ့ အဆက်အသွယ်ရရင် အိမ်ကလူကို ကားသော့ ဖွင့်တဲ့ခလုတ်ကို ဖုန်းအနားကပ်ပြီးနှိပ် ခိုင်းလိုက်ရုံနဲ့ ကားတံခါးပွင့်သွားမှာ ဖြစ်ပါတယ်။ မိမိရဲ့ ဖုန်း ကိုတော့ကား နားမှာ ထားရှိရမှာ ဖြစ်ပါတယ်။ ဒီနည်းဟာ မိမိအတွက် ပင်ပန်းမှုမရှိပဲ အဆင်ပြေစေမယ့်နည်းလမ်းတစ်ခုဖြစ် ပါတယ်။

(၄) မိုဘိုင်းဖုန်း အခိုးခံရရင် မိမိရဲ့မိုဘိုင်းဖုန်းဟာ ကျပျောက် ခြင်း၊ မေ့ကျန်ခြင်းနဲ့ အခိုးခံရခြင်းအ စရှိတဲ့အကြောင်းတစ်ခုခု ကြောင့်ပျောက်ဆုံးသွားလို့ ပြန်မရနိုင်တော့ ဘူးဆိုရင် အဲဒီဖုန်းကတ်ကို ဖျက်ဆီး ပြစ်လို့ရပါတယ်။ ပထမဦးဆုံး အနေနဲ့ ဖုန်းရဲ့နံပါတ်စဉ်သိဖို့ *#06# ကိုနှိပ်ပါ။ အဲဒီအခါ မှာ ဂဏန်း(၁၅)လုံးပေါ်လာမှာဖြစ်ပါတယ်...........။ အဲဒီဂဏန်းတွေဟာ မိမိဖုန်း ရဲ့သီးသန့်နံပါတ်တွေပါ။ ဒီဂဏန်းတွေ ကို ပထမဆုံးသိရှိထားဖို့တော့ လိုအပ်မှာပါ..............။ ကိုယ့်ဖုန်းပျောက်ဆုံးသွားတဲ့ နေ့မှာ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း ကိုဖုန်းဆက်ပြီး ကုတ်နံပါတ်ပြော၍ ဖုန်းပိတ် ခိုင်းနိုင်ပါ တယ်။ တကယ်လို့် ခိုးသူဟာ Simcard ကို မထုတ်ရ သေးခင် တိုင်တန်းမယ် ဆိုရင် Simcard ရော ဖုန်းကိုပါ Disable လုပ် နိုင်မှာ ဖြစ်လို့မိမိဖုန်းထဲကဖုန်းနံပါတ် စာရင်းတွေကို တခြားသူမသိအောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။

 (၅) Nokia ရဲ့ ဖုန်းကုတ်နံပါတ် မိုဘိုင်းဖုန်းတွေရဲ့ကုတ်နံပါတ်တွေဟာ တစ်ခုနဲ့တစ်ခုတူညီမှုမရှိကြ ပါဘူး။ ဒါပေမဲ့Nokia ဖုန်း အသုံးပြု မယ့်သူတွေအတွက် ကုတ်နံပါတ်တွေကို ဖော်ပြပေးလိုက်ပါတယ်။ ကုတ်နံပါတ်တွေအနေနဲ့IMEI (International Mobile Equipment Identity) ကိုကြည့်မယ်ဆိုရင်တော့ *#06# ကိုနှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။ LCD Display ကို ပိုပြီး ရှင်းလင်းပြတ် သားစွာ မြင်ချင်တယ်ဆိုရင် *#67705646# ကိုနှိပ်ပြီးကြည့်ရှုနိုင် ပါတယ်။ ဖုန်းမှာ အသုံးပြုထားတဲ့ ဟန်းဆက်ရဲ့ ဆော့ဖ်ဝဲ Version ကို ကြည့်မယ်ဆိုရင်တော့ *#0000# ကို နှိပ်ပြီးကြည့်နိုင်ပါတယ်။ Blue tooth device တွေရဲ့တည်နေရာကိုကြည့်ချင်တယ်ဆိုရင် *#2820# ကိုနှိပ်ပြီးကြည့်နိုင်ပါတယ်။ဖုန်းရဲ့ထုတ်လုပ်တဲ့အချိန် ထုတ်လုပ်ခဲ့တဲ့ Serial Number နှင့် ဖုန်းကိုနောက်ဆုံးဘယ်အချိန် မှာပြုပြင်ခဲ့တယ်ဆိုတဲ့အကြောင်းအ ရာနဲ့ ဖုန်း lifetime ကိုသိရှိလိုရင်တော့ *#92702689# ကို ရိုက်နှိပ်နိုင်ပါတယ်။ မှတ်သားထားသော ဖုန်းနံပါတ်များ ကို ချေဖျက် ချင်ပါက *# 3925538# ကို နှိပ်ပြီး ဖျက်နိုင်ပါတယ်။ Series 60 ဖုန်းတွေအတွက်တော့*#737092 5538# ကိုနှိပ်ပြီး ဖုန်းကို reset lockလုပ်နိုင်ပါတယ်။

 ဒါပေမဲ့ ဖုန်းပြန်တက် လာတဲ့အချိန်မှာ defultcode 12345 ကိုရိုက်ထည့်လိုက်ရင် ဖုန်းပြန်ပွင့်သွား မှာ ဖြစ်ပါတယ် မိုဘိုင်းလ် ဖုန်းတစ်လုံးအားကျွန်းကျင်စွာကိုင်တွယ်နိုင်ပါစေ K Thi Aung သတင်းလေးများဆုံဆည်းရာ မှကူးယူဖော်ပြပါသည်။

မြန်မာကျပ် သိန်း ၆၀ ကျော်တန် စမတ်ဖုန်း Vertu Constellation


Vertu ဆိုတာ ဗြိတိန်နိုင်ငံ အခြေဆိုက် ဇိမ်ခံမိုဘိုင်းဖုန်း ထုတ်လုပ်တဲ့ ကုမ္မဏီဖြစ်ပါတယ်။ ဇိမ်ခံမိုဘိုင်းဖုန်းဆိုတာ ဒီလိုပါ။ သာမန်ဖုန်းတွေကိုမှ ကမ္ဘာ့ဈေးကြီး ပစ္စည်း ဖြစ်အောင် အသေအချာ အကျအန ပြင်ဆင်ထုတ် လုပ်ခြင်း ဖြစ်ပါတယ်။

အခြားကုမ္မဏီများက ထုတ်တဲ့ ဖုန်းများကို ပြင်ဆင်ခြင်းနဲ့အတူ သူတို့ ကိုယ်တိုင် ထုတ်တဲ့ စမတ်ဖုန်းများလည်း ရှိပါတယ်။ ပုံမှာ မြင်တွေ့နေရတဲ့ ဖုန်းကတော့ သူတို့ ကိုယ်တိုင်ထုတ်တဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ vertu Constellation စမတ်ဖုန်းလို့ အမည်ပေးထား ပါတယ်။ တိုက်တေနီယမ် ဂရိတ်-၅ ကို အသုံးပြုပြီး Based Body ကိုတည်ဆောက်ထားတာပါ။ Stainless Steel ထပ် ၂ ဆ သန်မာပြီး တစ်ဝက်တိတိ အလေးချိန် ကျသွားကြောင်း ဆိုပါတယ်။ မျက်နှာပြင် အရွယ် ၄.၃ လက်မ ရှိတဲ့ 720p display ကို အသုံးပြုထားပြီး ၅.၁ လက်မ Sapphire crystal နဲ့ ဖုံးအုပ်ထားခြင်းပါ။ ကွဲလဲမကွဲနိုင်သလို၊ စွန်းရာလည်း မထင်ပါဘူး။ စိန် အစစ်နဲ့ ဖျက်မှာ ပျက်မယ့်၊ ထိမယ့် မျက်နှာပြင်ဖြစ်ကြောင်း အာမခံ ထားပါတယ်။

ဖုန်းရဲ့ နည်းပညာ Specification က ဒီလို ရှိပါတယ်။ Processor – 1.7 GHz Qualcomm Snapdragon dual core , ကင်မရာ 13 Megapixel ရှိပြီး aptX support Bluetooth, NFC တို့ ပါဝင်ပါတယ်။ OS က Android 4.2 Jelly Bean ကို အသုံးပြု ထားပါတယ်။ London Symphony Orchestra ကနေ Vertu ကို ဖန်တီးထားတဲ့ selection ringtone များကို ထည့်ပေးထား တယ်လို့ ဆိုပါတယ်။

ထူးခြားချက်က ဒီမှာ တကယ်လာပါပြီ။ ရေးသားပြောဆိုချက်များအရ ကတော့ iPass လို့ခေါ်တဲ့ Global Wi-Fi access ပါဝင်တယ်လို့ ဆိုပါ တယ်။ မြန်မာပြည်မှာ သုံးလို့ရမရတော့ မသိပါဘူး။ Personal /Corporate security service များကိုလည်း ထည့်သွင်းပေးထားပြီး Protector Service Group နဲ့ Kaspersky က အာမခံ ထားတာပါ။ ဒီတော့ ကမ္ဘာ့လုံခြုံရေး အကောင်းဆုံး စမတ်ဖုန်း စာရင်းထဲမှာလည်း ပါဝင်လာအုံးမယ့်ဖုန်း ဖြစ်ပါတယ်။

ဒီတော့ ဈေးနှုန်းကလည်း မသက်သာပါဘူး။ ယူရိုငွေ ၄၉၀၀ ရှိပြီး အမေရိကန်ဒေါ်လာနဲ့ တွက်တော့ ၆၆၂၆ ဒေါ်လာတောင် ဖြစ်ပါတယ်။ ဒီတော့ မြန်မာငွေနဲ့ တိုက်ရိုက်တွက်ရင် သိန်း ၆၀ အထပ် ရှိပေမယ့် တကယ်ဝယ်ဖို့ မှာရင် သိန်း ၇၀ လောက်ရှိထားမှ အဆင်ပြေမယ် ထင်ပါတယ်။ Elegant ဖြစ်ပြီး တစ်သီးပုဂ္ဂလ ဆန်နေမယ့် စမတ်ဖုန်းမျိုးပါ။ နည်းပညာ Specification ထပ်၊ အပြင် အမြင်ပဿဓနဲ့ စိတ်ကို ဈေးကြီးကြီး စမတ်ဖုန်း ကိုင်ပါတယ် ဆိုတဲ့ psycho လေး ဝင်ဖို့ ပို ရွယ်ရွယ်ပုံ ပေါက်ပါ တယ်။ Vertu ကုမ္မဏီမှ အော်ဒါစနစ်နဲ့ ပြု လုပ် ရောင်းချပေးကြောင်း သိရပါတယ်။
.
Ref: pocketlint
အောင်ခမ်း ( TSJ Team )