Friday, November 1, 2013
ရခိုင်က လျှပ်စစ်မီးကို တရုတ်က အပြည့်အ၀ စတင်သုံးနေ
မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်က လျှပ်စစ်မီးလုံလောက်စွာပေးဖို့ ဒေသခံတွေက အစိုးရကိုတောင်းဆိုနေတဲ့အချိန်မှာပဲ ရခိုင်ပြည်နယ်မှာရှိတဲ့ သဘာဝ ဓါတ်ငွေ့ပိုက်လိုင်းကနေထွက်ရှိတဲ့ စွမ်းအင်တွေကို တရုတ်နိုင်ငံက အပြည့်အ၀ ရယူသုံးဆောင်နေပြီလို့ တရုတ်အစိုးရပိုင် သတင်း မီဒီယာကပြောပါတယ်။
ဒီလျှပ်စစ်မီးဟာ ရခိုင်ပြည်နယ် ကျော်ဖြူမြို့ဖက်ကနေ တရုတ်နိုင်ငံ အနောက်တောင်ဖက်ခြမ်းမှာရှိတဲ့ မြို့တွေကို ပေးဆောင်နေတာဖြစ်ပါတယ်။ အကွာအဝေးအားဖြင့်တော့ ကီလိုမီတာ ၂၅၀၀ ကျော်ရှိပါတယ်။ လျှပ်စစ်မီးကို ရရှိတဲ့မြို့တွေကတော့ Yunnan, Guizhou, Chongging နဲ့ Guangxi တို့ဖြစ်ကြပါတယ်။
သုံးနှစ်ကြာတည်ဆောက်ခဲ့ရတဲ့ ဒီလျှပ်စစ်ဓာတ်အားထုတ်လုပ်မှု စီမံကိန်းဟာ ဇူလိုင်လလောက်ကစပြီး တရုတ်နိုင်ငံကို ပေးဆောင်နေတာ ဖြစ်ပြီးတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ အပြည့်အ၀ စတင်လည်ပတ်နေတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံက လျှပ်စစ်မီး အပြည့်အ၀ စတင်ရရှိနေပြီးဖြစ်ပေမယ် ဒီသဘာဝ ဓာတ်ငွေ့ စီမံကိန်းကြောင့် ဒေသခံတွေဆီကနေ အတင်းအဓ္ဓမ သိမ်းဆည်းထားတဲ့ မြေတွေရဲ့ ပြဿနာနဲ့ သဘာဝ ပတ်ဝန်းကျင်ထိခိုက်နစ်နာမှုကိစ္စတွေဟာ မြန်မာအစိုးရဖက်က ဖြေရှင်းမပေးနိုင်သေးတဲ့ အတွက် စိုးရိမ်စရာတွေဖြစ်နေတယ်လို့ လူ့အခွင့်အရေးနဲ့ ဘဘာဝ ပတ်ဝန်ကျင် ထိန်းသိမ်းရေး အဖွဲ့တွေက ပြောပါတယ်။
အခုရခိုင်ပြည်နယ်က သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကနေပြီး ရရှိတဲ့လျှပ်စစ်မီးဟာ တရုတ်နိုင်ငံကို ကုပမီတာ ၁၂ ဘီလီယံ လောက်ပေးဝေနိုင်မှာဖြစ်တဲ့အတွက် တရုတ်နိုင်ငံက သဘာဝဓာတ်ငွေ့ အသုံးစရိတ်သက်သာမှာဖြစ်တဲ့အပြင် ကျောက်မီးသွေးအသုံးမှုလည်း လျော့ကျသွားမှာဖြစ်ပါတယ်။
ဒေသတွင်း သံယံဇာတကို ကိုယ်ပိုင်စီမံခန့်ခွဲပိုင်ခွင့်ရရေးတောင်းဆို
မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်က ထွက်ရှိတဲ့ သဘာဝသယံဇာတတွေကို တူးဖော်ထုတ်လုပ်ရောင်းချနေတာနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူများအနေနဲ့ ကိုယ်ပိုင်စီမံခန့်ခွဲပိုင်ခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်း ထည့်သွင်းပြဌာန်းပေးဖို့ ပြည်သူ့ သယံဇာတအဖွဲ့က အစိုးရကို တောင်းဆိုလိုက်ပါတယ်။
ရခိုင်နိုင်ငံရေးပါတီတွေ၊ ရခိုင်ပြည်နယ် ၁၇ မြို့နယ်က ကိုယ်စားလှယ်တွေ၊ အမျိုးသမီးအဖွဲ့အစည်းတွေက မနေ့က တောင်းဆိုလိုက်တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ် အတွင်းမှာရှိတဲ့ သဘာဝဓါတ်ငွေ့စီမံ ကိန်းတွေ၊ အထူးစီပွားရေးဇုန်စီမံကိန်းတွေ၊ သတ္တုတူးဖော်ထုတ်လုပ်တဲ့စီမံကိန်းတွေနဲ့ ရေအားလျှပ်စစ်စီမံကိန်း တွေကို ပြည်သူလူထုသဘောဆန္ဒမပါပဲ လုပ်ဆောင်နေတာဖြစ်တယ်လို့ ပြည်သူ့သယံဇာတအဖွဲ့က ကိုထွန်း ကြည်က အခုလိုပြောပါတယ်။
“ကျနော်တို့အခုခံစားနေရတာပေါ့လေ၊ ကျနော်တို့ရခိုင်ပြည်မှာရှိတဲ့ စီမံကိန်းတွေအများစုက ရခိုင်ပြည်သူတွေ ရဲ့ဆန္ဒမပါဘူး၊ အဲဒီအခါကျတော့ ရခိုင့်အနေနဲ့ ရခိုင်တယံဇာတကို ရခိုင်ကိုယ်တိုင်ပြန်လည်ပြီးတော့ ခွဲဝေ ပိုင်ခွင့်ဆိုတဲ့ သဘောမျိုးပါပဲ၊ ကျနော်တို့တိုင်ပြည်ရဲ့ အခြေခံဥပဒေကိုယ်တိုင်ကကို ဥပမာပေါ့ဗျာ ပြည်နယ်တခုရဲ့ တယံဖာတာကို ဖောက်လုပ်တဲ့နေရာမှာ အဲဒီပြည်နယ်ဘယ်လောက်ပိုင်ဆိုင်ရမယ်ဆိုတဲ့ အခြေခံဥပဒေ ကျနော်တို့ နိုင်ငံမှာ မရှိသေးတဲ့အခါကျတော့ ဗဟိုအစိုးရက ထောက်ပံတဲ့ ဗဟိုအစိုးရကပေးတဲ့ဟာလောက်ပဲ ကျနော်တို့က ရရှိတာပဲရှိတာပေါ့ဗျာ ၊ အဲဒီအခါကျတော့ ကျနော်တို့ ဌာနေတိုင်းရင်းသားတွေကကျတော့ ကိုယ့်မှာရှိတဲ့ သယံဇာတ အားလုံးကို ကိုယ်ကိုတိုင်စီမံခွင့်ရချင်တယ်၊ အဲလိုသဘောမျိုးပါ။”
ရခိုင်ပြည်နယ်က ထွက်ရှိတဲ့ သဘာဝဓါတ်ငွေ့ကို လျှပ်စစ်ဓါတ်အား ၂၄နာရီသုံးစွဲခွင့်နဲ့ စစ်မှန်တဲ့ဖက်ဒရယ် ပြည်ထောင်စုစနစ် မဖော်ဆောင်နိုင်သေးသရွေ့ သဘာဝတယံဇာတ ထုတ်ယူသုံးစွဲမဲ့စီမံကိန်းကို လုံးဝရပ်ဆိုင်း ထားဖို့အတွက် တောင်းဆိုထားပါတယ်။
ပြီးတော့ ရခိုင်ပြည်နယ်အတွင်း ရေအားလျှပ်စစ်စီမံကိန်းတွေဖြစ်တဲ့ လေးမြို့ရေအားလျှပ်စစ်စီမံကိန်း၊ ကုလားတန်မြစ်စီမံကိန်း၊ မြဒေးကျွန်းရေနက်ဆိပ်ကမ်းစီမံကိန်း၊ သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်း၊ အမ်းချောင်းရေ အားလျှပ်စစ်စီမံကိန်း ၊ ကျောက်ဖြူ-ကူမင်းရထားလမ်း စီမံကိန်း၊ နေပူတောင်စီမံကိန်းနဲ့ တိုက်တေနီယန်ထုတ်လုပ်မှုစီမံကိန်းတွေကို အမြန်ဆုံးရပ်တန့်ပေးဖို့လည်း ပြည်သူ့သယံဇာတအဖွဲ့က တောင်းဆိုထားတဲ့အကြောင်း
ရေဒီယိုသြစတြေးလျသတင်းထောက် မြတ်မိုးက သတင်းပေးပို့ထားတာဖြစ်ပါတယ်။
ABC Radio Austral
Thursday, October 31, 2013
The Winchester Mystery House
၃၈နှစ်ကြာအောင် တည်ဆောက်ခဲ့ရတဲ့ "The Winchester Mystery House" America မှာထင်ရှားတဲ့ သရဲခြောက်တဲ့ အိမ် တစ်ခုဖြစ်ပြီး နေ့စဉ် လာရောက် လည်ပတ်သူ တွေနဲ့ စည်ကား နေတဲ့ နေရာ တစ်ခုပါ။
ပရလောကကို စိတ်ဝင်စား သူတွေ အနေနဲ့ သရဲခြောက် တဲ့နေရာ တွေကို လေ့လာတဲ့ နေရာမှာ သရဲခြောက်တဲ့ နေအိမ် တွေဟာ မရှိမဖြစ် လေ့ လာစရာ နေရာတွေ ဖြစ်လာ ပါတယ်။ အထူးသဖြင့် နောက်ခံ ဇာတ်အိမ် ကောင်းကောင်းရှိတဲ့ နေအိမ် တွေဆိုရင် သည်းခြေခိုက်လောက် အောင်စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ အခုမှာတော့ သရဲခြောက်တဲ့ နေအိမ်တွေ အများကြီး ရှိတဲ့ အထဲက America က The Winchester Mystery House အကြောင်း ပြောပြ ပါရစေ။
ဒီရှေးကျတဲ့ သမိုင်းဝင် နေအိမ်ဟာ San Jose မြို့ California ပြည်နယ်မှာ တည်ရှိ ပါတယ်။ ၁၈၈၃ ခုနှစ် ကတည်းက စတင် တည်ဆောက်ခဲ့ ပြီး အိမ်ပိုင်ရှင် ဖြစ်သူ Sarah Winchester နှလုံးရောဂါနဲ့ အိပ်ရာထက်မှာ သေဆုံး ခဲ့တဲ့နေ့ ၁၉၂၂ ခုနှစ် စက်တင်ဘာလ ၅ရက်နေ့မှာ အိမ် ဆောက် လုပ်တာကို ရပ်တန့် ပစ်ခဲ့ပါတယ်။ အိမ်ဆောက် တာဟာ ၃၈နှစ်တိုင် ကြာခဲ့ပြီး ကုန်ကျငွေ စုစုပေါင်း ၅.၅ မီလီယံ ဒေါ်လာ ကုန်ကျ ခဲ့ပြီး အဲဒီ ကုန်ကျငွေဟာ ၂၀၁၂ ခုနှစ်နဲ့ တွက်ကြည့်မယ် ဆိုရင် ၇၅မီလီယံ ဒေါ်လာကျော်နဲ့ ညီမျှ ပါတယ်။ မေးစရာ ရှိတာက အိမ်တစ်လုံး ဆောက်တာဟာ ဘာလို့ ၃၈နှစ်တောင် ကြာခဲ့ပြီး ကုန်ကျငွေဟာ ဘာကြောင့် ဒီလောက် များခဲ့ရ တာလဲ ဆိုတာပါပဲ။
အိမ်ပိုင်ရှင် ဖြစ်သူ Sarah နဲ့သူမ ခင်ပွန်းဖြစ်သူ William Wirt Winchester တို့ဟာ နာမည်ကျော် Winchester ရိုင်ဖယ်တွေ ထုတ်လုပ်တဲ့ Winchester Repeating Arms Company မှာ ၅၀ရာခိုင်နှုန်းသော ရှယ်ယာတွေ ပိုင်ဆိုင် ပါတယ်။ ၁၈၈၁ ခုနှစ် သူမခင်ပွန်း ဆုံးပါးသွား ပြီး နောက် သူမဟာ ခင်ပွန်း ဖြစ်သူရဲ့ ပိုင်ဆိုင်မှု တွေကို အမွေ ဆက်ခံသူ ဖြစ်လာ ခဲ့ပါတယ်။ သမီးတစ်ယောက် ရှိခဲ့ပေ မယ့်လည်း တစ်လသား အ ရွယ်နဲ့ပဲ ၁၈၆၆ ခုနှစ်မှာ ဆုံးသွား ပြီးနောက် Sarah ဟာစိတ်ဓာတ် အကြီးအကျယ် ကျဆင်း ခဲ့ပါတယ်။ ယောက်ျား ဖြစ်သူ သေဆုံးပြီး နောက် မှာတော့ ၀မ်းနည်းမှု တွေကို ပရလောက သားတွေနဲ့ ဆက်သွယ် ဖလှယ်ရင်း ပရလောကသား တွေက သူမခင်ပွန်းဟာ သူတို့နဲ့ အတူ ရှိနေပြီး သူမခင်ပွန်း ဖြစ်သူ ၀ိညာဉ်က သူ့ရဲ့ သေဆုံးမှုဟာ သူမတို့ရဲ့ ကုမ္ပဏီက ထုတ်တဲ့ Winchester ရိုင်ဖယ်တွေ လက်ချက်နဲ့ အသက်ပျောက် ခဲ့ရတဲ့ သူတွေရဲ့ ၀ိညာဉ် တွေကြောင့် ဖြစ်လာတဲ့ ကျိန်စာနဲ့ သက်ဆိုင်ပြီး သူမရဲ့ အသက် ဟာလည်း ဒီကျိန်စာကြောင့် အန္တရာယ် ရှိမှာမို့ အနောက်ဘက်ကို ပြောင်းရွှေ့ပြီး ၀ိညာဉ် တွေအတွက် အိမ်တစ်လုံး ဆောက်ပေးဖို့ စေခိုင်းခဲ့ ပါတယ်။
အဲဒီလိုနဲ့ Sarah ဟာမူလ နေထိုင်ရာ New Haven မြို့ကနေ San Jose မြို့ကို ပြောင်းရွှေ့ ပြီးနောက်ဒီ The Winchester Mystery House ကို၁၈၈၃ ခုနှစ်မှာ စတင်ဆောက် ခဲ့ပါတယ်။ ဆောက်လုပ်တဲ့ နေရာမှာလည်း စည်းကမ်း တစ်ခု ရှိပါတယ်။ အကယ်၍ သူမဟာ ဒီအိမ်ဆောက် လုပ်မှုကို ရပ်လိုက်တာနဲ့ ကျိန်စာအရ သူမဟာ သေဆုံးရမှာ ဖြစ်ပါတယ်တဲ့။ ၀ိညာဉ်တွေရဲ့ ခိုင်းစေမှု အတိုင်း ဒီအိမ်ကို အစဉ်မပြတ် ဆောက် လုပ်ခဲ့ပြီး သူမယောက်ျား ၀ိညာဉ် နဲ့တကွ ပရလောက သားတွေနဲ့ ဆက်သွယ်မှု တွေကို ဆက်လက် ပြုလုပ်ခဲ့ ပါတယ်။ သူမအိမ်မှာ ခေါင်း လောင်းစင် တစ်ခု ထားရှိပြီး ပရလောကသား တွေကို ခေါင်းလောင်းတီး ခေါ်ဆောင်ကာ ဆက်သွယ်ပြီး ခေါင်းလောင်း တီးပြီး ပြန်လွှတ် ပါတယ် တဲ့။ တစ်ချို့ ပြောကြတာ ကတော့ အိမ်ရဲ့ အလယ်ချက်မှာ ၀ိညာဉ် တွေနဲ့ ဆက်သွယ်တဲ့ အခန်း တစ်ခုရှိပြီး သူမတစ်ဦး တည်းသာ ၀င်လေ့ ရှိပါတယ်တဲ့။
ဒီနေရာမှာ တစ်မျိုး ထင်စရာ တစ်ခု ရှိတာက Sarah ရဲ့စိတ် ကျန်းမာရေး အခြေအနေ ပါပဲ။ ဘာဖြစ်လို့လည်း ဆိုတော့ အိမ်ရဲ့ အခန်း ဖွဲ့စည်း ပုံတွေ၊ တံခါးတွေ၊လှေကားတွေ အစရှိတဲ့ အိမ်ပုံစံ တွေဟာ ပုံမှန်ထက် ထူးခြားနေ လို့ပါပဲ။ ပြတင်းပေါက် အဆုံးရှိတဲ့ တံခါးတွေ၊ နံရံကပ် လျက် တံခါးတွေ၊ နှစ်ထပ် ဖြစ်နေတဲ့ အမိုး တံခါးတွေ၊ အ၀ိုင်း တစ်ခု ပတ်ရသလို ဆက်နေတဲ့ လျှောက်လမ်းတွေ၊ လှေကား ၁၃ထစ်နဲ့ အဆုံးမ ရှိတဲ့ လှေကားတွေ စတဲ့ ထူးထူးခြားခြား ဖွဲ့စည်းပုံတွေ အပြည့် ရှိနေပါတယ်။ အိမ်ပိုင်ရှင် Sarah ပြောခဲ့တဲ့ စကားကတော့ ဒီထူးထူးဆန်းဆန်း ပြုလုပ်ထား တာတွေဟာ Winchester ရိုင်ဖယ်ကြောင့် သေခဲ့တဲ့ ၀ိညာဉ်ဆိုး တွေလာရင် မျက်စိလည် လမ်းမှား အောင်ပါတဲ့။ ဒါပေမယ့် ဘယ် လိုပဲ ပြောပြော သူမရဲ့ အိမ်ဟာ နံပါတ်၁၃နဲ့ တော်တော် တိုက်ဆိုင် ပါတယ်။ ၁၃ထစ်နဲ့ လှေကားတွေ၊ ပြတင်းပေါက် ၁၃ခုရှိတဲ့ ၁၃ခုမြောက် သော ရေချိုးခန်း၊ ၁၃ခုသော ရေဆင်းပေါက်နဲ့ ဘေစင်၊ ၁၃ခုသော မှန်အပိုင်း တွေနဲ့ ပြတင်းပေါက် အမြောက်အမြား၊ သူမရဲ့ ဖန်လုံအိမ် က ၁၃ခုသော ထပ်ခိုး အသေးစားတွေ၊ မှန်၁၃ခုနဲ့ နံရံတွေ စတာတွေဟာ ဘယ်လို အကြောင်းနဲ့ သူမ ၁၃ခုစီ တည်ဆောက် စေခဲ့သလဲ ဆိုတာ ခုထိ အဖြေ မရှိသေးပါဘူး။
သရဲခြောက်တဲ့ အဖြစ်အပျက် တွေကတော့ ထင်ထင်ရှားရှား အနေနဲ့ သူ့အလိုလို လှန်နေတဲ့ စာရွက်တွေ၊ သူ့အလိုလို အသံတွေထွက် နေတဲ့ အော်ဂန်တွေ၊ တံခါးဆောင့် ပိတ်သံတွေ၊ စကားပြော သံတွေ၊ တောင်မြောက် ထိုးနေတဲ့ အလင်းရောင်တွေ၊ အေးစက်စက် နေရာတွေ၊ မီးခိုး လိုလို လူပုံစံတွေ စတာတွေပဲ ဖြစ်ပါတယ်။ ခုထိလည်း အဲဒီ The Winchester Mystery House ဟာတကယ်ပဲ သရဲ ခြောက်သည် ဖြစ်စေ၊ မခြောက်သည် ဖြစ်စေ အနည်းဆုံးတော့ ကမ္ဘာလှည့် ခရီးသည်များကို အဆွဲဆောင် နိုင်ဆုံး နေရာထဲက တစ်ခု ဖြစ်နေတာတော့ အသေအချာ ပဲ ဖြစ်ပါတယ်။ သရဲခြောက်တဲ့ အိမ်တွေ ဆိုရင် အများက ကြောက်ကြပါတယ်။ ထိရောက်တဲ့ နည်းလမ်းနဲ့ အသုံးချဖို့ မတွေးမိ ကြပါဘူး။ အခုမှာ တော့ အဲဒီ Winchester House လိုလည်ပတ်ဖို့ နေရာတစ်ခု အဖြစ် သတ်မှတ် လိုက်တာဟာ အများ ကြောက်စရာ နေရာကနေ ဒေသန္တရ ဗဟုသုတ ရှာလို့ရတဲ့ နေရာအဖြစ် ပြောင်းသွား တာဟာ သတိပြု အတုယူဖွယ် ကောင်းတဲ့ ကိစ္စတစ်ခု ပါလို့ တင်ပြရင်း နိဂုံးချုပ် အပ်ပါတယ်ဗျာ။
Myanmar Youth Media
ပရလောကကို စိတ်ဝင်စား သူတွေ အနေနဲ့ သရဲခြောက် တဲ့နေရာ တွေကို လေ့လာတဲ့ နေရာမှာ သရဲခြောက်တဲ့ နေအိမ် တွေဟာ မရှိမဖြစ် လေ့ လာစရာ နေရာတွေ ဖြစ်လာ ပါတယ်။ အထူးသဖြင့် နောက်ခံ ဇာတ်အိမ် ကောင်းကောင်းရှိတဲ့ နေအိမ် တွေဆိုရင် သည်းခြေခိုက်လောက် အောင်စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ အခုမှာတော့ သရဲခြောက်တဲ့ နေအိမ်တွေ အများကြီး ရှိတဲ့ အထဲက America က The Winchester Mystery House အကြောင်း ပြောပြ ပါရစေ။
ဒီရှေးကျတဲ့ သမိုင်းဝင် နေအိမ်ဟာ San Jose မြို့ California ပြည်နယ်မှာ တည်ရှိ ပါတယ်။ ၁၈၈၃ ခုနှစ် ကတည်းက စတင် တည်ဆောက်ခဲ့ ပြီး အိမ်ပိုင်ရှင် ဖြစ်သူ Sarah Winchester နှလုံးရောဂါနဲ့ အိပ်ရာထက်မှာ သေဆုံး ခဲ့တဲ့နေ့ ၁၉၂၂ ခုနှစ် စက်တင်ဘာလ ၅ရက်နေ့မှာ အိမ် ဆောက် လုပ်တာကို ရပ်တန့် ပစ်ခဲ့ပါတယ်။ အိမ်ဆောက် တာဟာ ၃၈နှစ်တိုင် ကြာခဲ့ပြီး ကုန်ကျငွေ စုစုပေါင်း ၅.၅ မီလီယံ ဒေါ်လာ ကုန်ကျ ခဲ့ပြီး အဲဒီ ကုန်ကျငွေဟာ ၂၀၁၂ ခုနှစ်နဲ့ တွက်ကြည့်မယ် ဆိုရင် ၇၅မီလီယံ ဒေါ်လာကျော်နဲ့ ညီမျှ ပါတယ်။ မေးစရာ ရှိတာက အိမ်တစ်လုံး ဆောက်တာဟာ ဘာလို့ ၃၈နှစ်တောင် ကြာခဲ့ပြီး ကုန်ကျငွေဟာ ဘာကြောင့် ဒီလောက် များခဲ့ရ တာလဲ ဆိုတာပါပဲ။
အဲဒီလိုနဲ့ Sarah ဟာမူလ နေထိုင်ရာ New Haven မြို့ကနေ San Jose မြို့ကို ပြောင်းရွှေ့ ပြီးနောက်ဒီ The Winchester Mystery House ကို၁၈၈၃ ခုနှစ်မှာ စတင်ဆောက် ခဲ့ပါတယ်။ ဆောက်လုပ်တဲ့ နေရာမှာလည်း စည်းကမ်း တစ်ခု ရှိပါတယ်။ အကယ်၍ သူမဟာ ဒီအိမ်ဆောက် လုပ်မှုကို ရပ်လိုက်တာနဲ့ ကျိန်စာအရ သူမဟာ သေဆုံးရမှာ ဖြစ်ပါတယ်တဲ့။ ၀ိညာဉ်တွေရဲ့ ခိုင်းစေမှု အတိုင်း ဒီအိမ်ကို အစဉ်မပြတ် ဆောက် လုပ်ခဲ့ပြီး သူမယောက်ျား ၀ိညာဉ် နဲ့တကွ ပရလောက သားတွေနဲ့ ဆက်သွယ်မှု တွေကို ဆက်လက် ပြုလုပ်ခဲ့ ပါတယ်။ သူမအိမ်မှာ ခေါင်း လောင်းစင် တစ်ခု ထားရှိပြီး ပရလောကသား တွေကို ခေါင်းလောင်းတီး ခေါ်ဆောင်ကာ ဆက်သွယ်ပြီး ခေါင်းလောင်း တီးပြီး ပြန်လွှတ် ပါတယ် တဲ့။ တစ်ချို့ ပြောကြတာ ကတော့ အိမ်ရဲ့ အလယ်ချက်မှာ ၀ိညာဉ် တွေနဲ့ ဆက်သွယ်တဲ့ အခန်း တစ်ခုရှိပြီး သူမတစ်ဦး တည်းသာ ၀င်လေ့ ရှိပါတယ်တဲ့။
ဒီနေရာမှာ တစ်မျိုး ထင်စရာ တစ်ခု ရှိတာက Sarah ရဲ့စိတ် ကျန်းမာရေး အခြေအနေ ပါပဲ။ ဘာဖြစ်လို့လည်း ဆိုတော့ အိမ်ရဲ့ အခန်း ဖွဲ့စည်း ပုံတွေ၊ တံခါးတွေ၊လှေကားတွေ အစရှိတဲ့ အိမ်ပုံစံ တွေဟာ ပုံမှန်ထက် ထူးခြားနေ လို့ပါပဲ။ ပြတင်းပေါက် အဆုံးရှိတဲ့ တံခါးတွေ၊ နံရံကပ် လျက် တံခါးတွေ၊ နှစ်ထပ် ဖြစ်နေတဲ့ အမိုး တံခါးတွေ၊ အ၀ိုင်း တစ်ခု ပတ်ရသလို ဆက်နေတဲ့ လျှောက်လမ်းတွေ၊ လှေကား ၁၃ထစ်နဲ့ အဆုံးမ ရှိတဲ့ လှေကားတွေ စတဲ့ ထူးထူးခြားခြား ဖွဲ့စည်းပုံတွေ အပြည့် ရှိနေပါတယ်။ အိမ်ပိုင်ရှင် Sarah ပြောခဲ့တဲ့ စကားကတော့ ဒီထူးထူးဆန်းဆန်း ပြုလုပ်ထား တာတွေဟာ Winchester ရိုင်ဖယ်ကြောင့် သေခဲ့တဲ့ ၀ိညာဉ်ဆိုး တွေလာရင် မျက်စိလည် လမ်းမှား အောင်ပါတဲ့။ ဒါပေမယ့် ဘယ် လိုပဲ ပြောပြော သူမရဲ့ အိမ်ဟာ နံပါတ်၁၃နဲ့ တော်တော် တိုက်ဆိုင် ပါတယ်။ ၁၃ထစ်နဲ့ လှေကားတွေ၊ ပြတင်းပေါက် ၁၃ခုရှိတဲ့ ၁၃ခုမြောက် သော ရေချိုးခန်း၊ ၁၃ခုသော ရေဆင်းပေါက်နဲ့ ဘေစင်၊ ၁၃ခုသော မှန်အပိုင်း တွေနဲ့ ပြတင်းပေါက် အမြောက်အမြား၊ သူမရဲ့ ဖန်လုံအိမ် က ၁၃ခုသော ထပ်ခိုး အသေးစားတွေ၊ မှန်၁၃ခုနဲ့ နံရံတွေ စတာတွေဟာ ဘယ်လို အကြောင်းနဲ့ သူမ ၁၃ခုစီ တည်ဆောက် စေခဲ့သလဲ ဆိုတာ ခုထိ အဖြေ မရှိသေးပါဘူး။
သရဲခြောက်တဲ့ အဖြစ်အပျက် တွေကတော့ ထင်ထင်ရှားရှား အနေနဲ့ သူ့အလိုလို လှန်နေတဲ့ စာရွက်တွေ၊ သူ့အလိုလို အသံတွေထွက် နေတဲ့ အော်ဂန်တွေ၊ တံခါးဆောင့် ပိတ်သံတွေ၊ စကားပြော သံတွေ၊ တောင်မြောက် ထိုးနေတဲ့ အလင်းရောင်တွေ၊ အေးစက်စက် နေရာတွေ၊ မီးခိုး လိုလို လူပုံစံတွေ စတာတွေပဲ ဖြစ်ပါတယ်။ ခုထိလည်း အဲဒီ The Winchester Mystery House ဟာတကယ်ပဲ သရဲ ခြောက်သည် ဖြစ်စေ၊ မခြောက်သည် ဖြစ်စေ အနည်းဆုံးတော့ ကမ္ဘာလှည့် ခရီးသည်များကို အဆွဲဆောင် နိုင်ဆုံး နေရာထဲက တစ်ခု ဖြစ်နေတာတော့ အသေအချာ ပဲ ဖြစ်ပါတယ်။ သရဲခြောက်တဲ့ အိမ်တွေ ဆိုရင် အများက ကြောက်ကြပါတယ်။ ထိရောက်တဲ့ နည်းလမ်းနဲ့ အသုံးချဖို့ မတွေးမိ ကြပါဘူး။ အခုမှာ တော့ အဲဒီ Winchester House လိုလည်ပတ်ဖို့ နေရာတစ်ခု အဖြစ် သတ်မှတ် လိုက်တာဟာ အများ ကြောက်စရာ နေရာကနေ ဒေသန္တရ ဗဟုသုတ ရှာလို့ရတဲ့ နေရာအဖြစ် ပြောင်းသွား တာဟာ သတိပြု အတုယူဖွယ် ကောင်းတဲ့ ကိစ္စတစ်ခု ပါလို့ တင်ပြရင်း နိဂုံးချုပ် အပ်ပါတယ်ဗျာ။
Myanmar Youth Media
The Source of the Vampire Myth
သွေးစုပ်ဖုတ်ကောင် Vampire ဆိုတာကို အားလုံး ရင်းနှီးပြီး သားပါ။ သူတို့တွေက တစ်ကယ်ရှိလို့လား။ Edward လိုမင်း သား ချောလေးတွေလား? ဒရက် ကူလာလို လူဆိုးကြီးတွေလား? ဖတ်ကြည့်လိုက် ရအောင်။
သွေးစုပ်ဖုတ်ကောင် ဆိုတာ လူတွေရဲ့ အသက်သွေးကို မှီဝဲတတ်တဲ့ ဒဏ္ဍာရီထဲက မသေနိုင်တဲ့ လူသဏ္ဍာန် သတ္တ၀ါ တစ်မျိုးပါ။ သွေးစုပ်ဖုတ် ကောင်တွေ တကယ် ရှိသလား။ သူတို့ဟာ Twilight ထဲက Edward လိုစိတ်ကူး ယဉ်စရာ မင်းသား ချောလေးတွေလား။ ဒရက်ကူလာလို ကြောက်စရာ လူဆိုးကြီး တွေဖြစ်မလား။
သွေးစုပ်ဖုတ်ကောင် Vampire ဆိုတဲ့ စကားဟာ ၁၈ ရာစု နှစ်မှ စပြီး ပေါ်ပေါက် လာတယ်လို့ ဆိုပါတယ်။ ပြင်သစ် စာလုံး vampyre သို့မ ဟုတ် ဂျာမန်စာလုံး Vampir ကနေ လာတာ ဖြစ်နိုင်ပါတယ်။ ဒီ vampire ပုံပြင် တွေဟာ Porphyria ခေါ်တဲ့ ထူးခြားတဲ့ ရောဂါ တစ်မျိုး ကနေ စတင် လာတယ် လို့ ယူဆ ရပါတယ်။ ဒီ ရောဂါဟာ သွေးနီ ဥတွေ ထုတ်လုပ်မှု ပုံမှန် မဟုတ်တဲ့ မျိုးရိုးလိုက် ရောဂါ တစ်ခု ဖြစ်ပါတယ်။ ဒီရောဂါဟာ ရှားပါး ထူးခြားပြီး ဥရောပ ဆွေကြီးမျိုးကြီး တွေရဲ့ အမျိုး အချင်းချင်း လက်ဆက်မှု ကနေ စတင် တယ်လို့ ဆိုကြ ပါတယ်။ သတင်း ကောင်း ကတော့ ဒါဟာ မကူးစက် တတ်ပါဘူး။ ဒါပေမဲ့ သတင်းဆိုး ကတော့ ကုရာ နထ္တိ ဆေးမရှိပါ။ "porphyria" ဆိုတဲ့ စကားလုံး က အသစ် အဆန်း ဖြစ်ချင် ဖြစ်နေ နိုင်ပါတယ်။ ဒါပေမဲ့ ရောဂါ ကတော့ ကမ္ဘာ အစက တည်းက ရှိနှင့် နေခဲ့ပြီး အသည်း ဒါမှ မဟုတ်ရင် သွေးနဲ့ ပတ်သတ်တဲ့ ရောဂါ လက္ခဏာတွေ ဖြစ်ပေါ် ပါတယ်။ ဟစ်ပိုကရေးတီး လက်ထပ် ကတည်းက သိနှင့်နေကြ ပေမဲ့ တကယ် တမ်းကျ ၁၈၇၁ မှာ Felix Hoppe-Seyler က biochemical နည်းအရ ရှင်းလင်း နိုင်ခဲ့တာပါ။ ၁၈၈၉ ခုနှစ်မှာတော့ ဒတ်ခ်ျ ဆရာဝန် Barend Stokvis က acute porphyrias ကို သတ်မှတ် ခဲ့ပါတယ်။ နောက်ပိုင်းမှာ သွေးစုတ် ဖုတ်ကောင် ရောဂါလို့ ခေါ်ကြပြီး ဒီရောဂါက Vampire ပုံပြင်တွေ စတင်ခြင်း ရဲ့မူလ ဖြစ်ပါတယ်။ ဒီရောဂါ ဖြစ်နေတဲ့ လူနာ တွေဟာ ပုံပြင် ထဲက သွေးစုပ် ကောင်လို လက္ခဏာတွေ ပြပါတယ်။ သူတို့ရဲ့ အရေပြားဟာ နေရောင် နဲ့ထိလို့ မရတာ၊ ဆီးသွားရင် အနီရောင် ဒါမှမဟုတ် ခရမ်းရောင် ဆီးတွေ ထွက်လာတာ၊ သွားဖုံး တွေက ကျုံ့ဝင် နေလို့ အစွယ်တွေ ထွက်သလို ဖြစ်နေတာ၊ ကြက်သွန်ဖြူနဲ့ မတည့်တာ အားလုံး တူနေတာပါပဲ။ ဒါတင်မက ပါဘူး။ သူတို့ဟာ ဗိုက်အမြဲ နာနေ တတ်ပြီး၊ အမွေး တွေ ရှည်လာတတ် မကြာခဏ အန်တတ် အရေပြား တွေကလည်း တင်းမာ နေတတ် ပါသေးတယ်။
ဒီသွေးစုတ် ဖုတ်ကောင် ရောဂါကြောင့် သွေးစုပ် ကောင်တွေ တကယ် ရှိတယ်လို့ ထင်မှတ်မှား ခဲ့ကြပါတယ်။ ဘာလို့လဲ ဆိုတော့ သိပ္ပံ ပညာ မ ထွန်းကား တဲ့ခေတ်မှာ ဒီလူနာ တွေကို သွေးစုပ်ဖုတ်ကောင် တွေလို့ ထင်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့က ကျွန်တော်တို့ ရှပ်ရှင်တွေ တီဗွီတွေ ထဲ မှာပါ နေတာတွေ နဲ့တော့ ကွာပါတယ်။ သူတို့ဟာ ဖျားနာ နေတဲ့ သူတွေသာ ဖြစ်လို့ အန္တရာယ် မပြုနိုင် ပါဘူး။ ဒီ prophyria ဝေဒနာရှင် တွေဟာ prophyrins နဲ့ heme တွေ ထုတ်တဲ့ အခါ အကူ အညီပေးတဲ့ enzyme တွေ ထုတ်လုပ်ရာ မှာ ပြဿနာ ရှိနေလို့ပဲ ဖြစ်ပါတယ်။
၁။ နေရောင်ကို အထိမခံ နိုင်ခြင်း - နေရောင်နဲ့ ထိတွေ့တဲ့ အခါ အရေပြားပေါ်မှာ ပိုလျံတဲ့ prophyrins တွေ စုလာတာမို့ နေရောင်နဲ့ ထိတွေ့ တဲ့ အခါ ဓါတ်ပြုမှုတွေ ဖြစ်လာရပါတယ်။
၂။ အစွယ်တွေ ပေါ်လာခြင်း - တကယ်တော့ ဒီဝေဒနာရှင် တွေရဲ့ နှာခေါင်းနဲ့ ပါးစပ်တွေ စားသွားတာ မို့လို့ နှုတ်ခမ်းတွေ နီလာ သွားဖုံးတွေ ပေါ်လာပြီး အစွယ်တ ကားကား သဏ္ဍာန် ဖြစ်ပေါ် လာရတာပါ။
၃။ သွေးစုပ်ခြင်း - သူတို့ရဲ့ ခရမ်းရောင် ဆီးတွေဟာ သွေးစုပ် တာမို့ လို့ပါလို့ ထင်ကြပါတယ်။ နောက်တစ်ချက် ကတော့ သူတို့ဟာ တကယ်ပဲ သွေးသောက် ကြပါသေးတယ်။ ဒါပေမဲ့ လူသွေးတော့ မဟုတ်ပါဘူး။ သွေးသွင်းတာ ခေတ်မစား သေးတဲ့ ကာလမှာ သွေးအားနည်း တာနဲ့ နာ ကျင်မှုကို သက်သာဖို့ တိရစ္ဆာန် သွေးကို သောက်ကြ ပါတယ်။
၎။ ကြက်သွန် ဖြူနံ့ မခံနိုင်ခြင်း - ကြက်သွန်ဖြူမှာ ပါဝင်တဲ့ ဓါတု ပစ္စည်းက ရောဂါကို ပိုဆိုးစေ ပါတယ်။ သူတို့ဟာ ကြက်သွန်ဖြူနံ့ ကြောင့် ပြင်းပြင်း ထန်ထန် နာကျင်မှု ကိုခံစား ရပါတယ်။
၅။ မှန်မှာ အရိပ် မပေါ်ခြင်း - ဒါကို ယုံကြည်မှု ကတော့ ရောဂါရှင် တွေဟာ ရောဂါ အမြင့်ဆုံး အဆင့်မှာ နှာခါင်း၊ နားရွက်နဲ့ နှုတ်ခမ်းတွေ တစ် ဖြေးဖြေးစား သွားတာမို့ သွားစွယ် တွေပေါ်လာပြီး မှန်ထဲမှာ ရုပ်ဆိုးစွာ သွားဖြီး ပြသလို မြင်နေရပါတယ်။ ဒါကြောင့် မှန်ကို ရှောင်လာတဲ့ အခါ လူတွေက တမျိုးမြင် ကြတာပါ။
၆။ ဒေါသကြီး လာခြင်း - acute porphyria ဝေနာရှင်တွေမှာ အာရုံကြော နဲ့သက်ဆိုင်တဲ့ လက္ခဏာ တွေဖြစ်ပါတယ်။ ဒေါသထွက် လွယ်တာ၊ အပြော အဆို မခံနိုင်တာ၊ ထစ်ခနဲဆို ကြမ်းတမ်းတာ၊ စိတ်ဓါတ် ပျက်ပြားတာ စတာတွေ ဖြစ်ပေါ် ပါတယ်။ ကျိန်စာတိုက်တာ လူတွေနဲ့ ဝေး ရာမှာ နေတတ်တာ ဒါတွေက သွေးစုပ် ဖုတ်ကောင် တွေလို့ ယုံကြည် ခံရတာတွေ ဖြစ်သွား တာပေါ့။
၇။ သွေးစုပ် ခံရပြီးနောက် သွေးစုပ် ကောင် အဖြစ် ပြောင်းလဲခြင်း - အပေါ်မှာ ပြောခဲ့ သလို ဒီရောဂါဟာ မျိုးရိုး လိုက်ပါတယ်။ တစ်ခါတစ်လေ ဝေဒနာရှင်က ရောဂါ အခြေအနေ ဆိုးလာတဲ့ အခါမျိုးမှာ တိရစ္ဆာန်သွေး မရနိုင်ခဲ့ရင် မိသားစုထဲက လူတစ်ယောက်က သွေးကို ပေးပါလိမ့် မယ်။ ဒီလူဟာလဲ ဒီရောဂါ ငုပ်လျိုးနေချိန် ဖြစ်နေမယ်။ နောက်ပိုင်းမှာ ရောဂါ စတင်လာတဲ့ အခါ ဝေဒနာရှင်က သွေးစုပ်တာ ကြောင့် လို့ ထင်မှတ်မှားတာ ဖြစ်ပါတယ်။
ရှေးအခါက ဒီလူနာတွေကို ဆေးဘက် ဆိုင်ရာ အကူအညီ ပေးရမဲ့ အစား ဝေဒနာရှင်ပေါင်း ၆၀၀ လောက်ကို သွေးစုပ် ကောင်လို့ လွဲမှားစွာ ယုံကြည်ပြီး မီးရှို့သတ်ဖြတ် ခဲ့ပါတယ်။ အခုခေတ် မှာတော့ ဒီဝေဒနာရှင် တွေဟာ ၁၀၀၀၀ မှာ တစ်ယောက် လောက်ရှိ နေပါသေးတယ်။ ကု သလို့ မပျောက် သော်လည်း ရောဂါ ရှာဖွေ သွေးသွင်းခြင်းနဲ့ နေထိုင်မှု ပုံစံ အကူအညီ ပေးခြင်း စတာတွေနဲ့ ကုသ ပေးပါတယ်။ တကယ် တော့ လက်တွေ့ဘ၀မှာ သွေးစုပ် ဖုတ်ကောင် ဆိုတာဟာ အဖြစ်မှန်နဲ့ ဝေးလွန်းပါတယ်။ သူတို့ဟာ ရောဂါ ဝေဒနာ ခံစား နေရသူတွေ မို့လို့ ကြောက်နေမဲ့ အစား ချစ်ခင် ဂရုစိုက် ပေးတာဟာ မှန်ကန် လက်တွေ့ကျ ပါလိမ့်မယ်။
Images from bankoboev, paranormalmagazine, deviantart, hdw.datawallpaper
Myanmar Youth Media Club

Wednesday, October 30, 2013
Tower of London
London မြို့တော် မှာရှိတဲ့ နာမည်ကြီး London Tower ရဲတိုက်ကြီးမှာ ခြောက်ခြားစရာ အဖြစ်အပျက် တွေနဲ့ ပြည့်နှက် နေပါတယ်။ ဘယ်လို ခြောက်ခြားစရာ အဖြစ်အပျက် တွေလဲ။ London Tower ကရော ဘယ်လို သမိုင်းတွေ ရှိခဲ့တာလဲ။
London Tower ကို၁၁ရာစု နော်မန်တွေ အင်္ဂလန်ကို ကျူးကျော် သိမ်းပိုက် ခဲ့စဉ် ၀ီလီယမ်(၁) ဘုရင် လက်ထက်မှာ စတင် ဆောက်လုပ်ခဲ့ တာဖြစ်ပြီး နှစ်၉၀၀ကျော် သက်တမ်းရှိ သမိုင်းဝင် ရဲတိုက်ကြီးပါ။ ဒီသမိုင်းဝင် ရဲတိုက်ကြီးက ဘာလို့ ခြောက်ခြားဖွယ် ကောင်းနေ ရတာလဲ။ အ ကြောင်းရင်း ကတော့ အဲဒီ ရဲတိုက်ကြီးက ၁၁၀၀ပြည့် နှစ်ကနေ ၁၉၅၂ ခုနှစ်ထိ ထောင်စခန်းကြီး အဖြစ် အသုံးပြုခံခဲ့ ရပါတယ်တဲ့။ စတင် တည်ဆောက်စဉ်က တော်ဝင် မိသားစုရဲ့ ပြယုပ်တစ်ခု အနေနဲ့ပဲ ရည်ရွယ် တည်ဆောက် ခဲ့ပေမယ့် နောက်ပိုင်းမှာ ထောင်စခန်း တစ်စိတ် တစ်ပိုင်း အဖြစ် အသုံးပြု ခဲ့ပါတယ်။ လူသိများတဲ့ အယ်ကာထရက်ထောင် (ကယ်လီဖိုးနီးယားမှ အကျဉ်းထောင်) လိုပါပဲ။ လန်ဒန် တာဝါကြီး မှာလဲ တစ်ချိန်က သူ့ရဲ့ အေးစက်စက် ကျောက်နံရံ တွေရဲ့ တစ်ဖက်မှာ အကျဉ်းသား တွေကို ထောင်သွင်း အကျဉ်းချခြင်း၊ ညှင်းပန်းနှိပ်စက် ခြင်းနဲ့ သေဒဏ် စီရင် ကွပ်မျက်ခြင်း တွေကို ပြုလုပ်ခဲ့ပြီး လူပေါင်း များစွာရဲ့ ကြောက်ရွ့ တုန်လှုပ်ခြင်း တွေနဲ့ ပြည့်နှက် နေခဲ့ပါတယ်။
London Tower ရဲ့ထိတ်လန့်ဖွယ် ဖြစ်ရပ်တွေ ထဲက တစ်ခုကတော့ ၁၉ရာစု အတွင်းက သရဖူ ထိန်းသိမ်းရေး တာဝန်ခံ E.L Swifte နဲ့သူ့ ဇနီးတို့က တာဝါရဲ့ အစိတ်အပိုင်း ဖြစ်တဲ့ သရဖူ ထားရှိရာ မာတင်တာဝါ တွင်းမှာ ညစာ သုံးဆောင်စဉ် လှုပ်ရှားနေတဲ့ အရာဝတ္တု အချို့ကို သ တိပြုမိ သွားပါတယ်။ သူတို့နှစ်ဦးရဲ့ အနီအနားမှာ ဆပ်ပြာ ပူဖောင်းလို ပြာလဲ့လဲ့ အရည် တွေပါတဲ့ ဓါတ်ခွဲခန်း ထဲကလို ဖန်ပြွန်ကဲ့သို့ လုံး ရှည်ရှည် သဏ္ဌာန်တွေ၊ ရွေ့လျား နေတာကို တွေ့မြင်ခဲ့ ရပါတယ်။ သူ့ဇနီးက ဖန်ပြွန်တွေကို ကိုင်တွယ် ဖမ်းဆုပ်ဖို့ ကြိုးစားခဲ့ပြီး Swifte က တော့ အဲဒီ ရွေ့လျားနေတဲ့ အရာတွေကို သူ့ကုလားထိုင်တွေ ပစ်ပေါက်တော့ ကုလားထိုင်က ရွေ့လျားသဏ္ဌာန် တွေကို ဖြတ်ပြီး ဟိုဘက်ထိကို ရောက်သွား ပါတယ်။ ဆန်းကြယ်တဲ့ ဖန်ပြွန်တွေ ကတော့ လေထဲမှာ ပျောက်ကွယ် သွားကြတယ်တဲ့။
London Tower ရဲ့နောက်ထပ် လူသိများတဲ့ ခြောက်ခြားဖွယ် မှတ်တမ်း ကတော့ ခေါင်းဖြတ် ကွပ်မျက် ခံခဲ့ရတဲ့ Anne Boleyn အမည်ရှိ မိဖုရားရဲ့ ခေါင်းမပါတဲ့ သရဲ ခန္ဓာကိုယ်ကြီးက လန်ဒန် တာဝါရဲ့ အစိတ်အပိုင်း ဖြစ်တဲ့ White တာဝါ စင်္ကြန်တွေမှာ လျှောက်သွား နေတယ် ဆို တဲ့ ဖြစ်ရပ်ပဲ ဖြစ်ပါတယ်။ Anne Boleyn မိဖုရားက ဟင်နရီ(၃) ဘုရင် လက်ထပ်မှာ ဘုရင်က သတ်မိန့် ပေးခြင်း ခံရတဲ့ မိဖုရား နှစ်ဦး ထဲက တစ်ယောက် အပါအ၀င် ဖြစ်ပါတယ်။ သူမကို စင်္ကြန် လျှောက်လမ်းမှာ သာမဟုတ်ဘဲ သူမအုတ်ဂူ ရှိရာ လန်ဒန် တာဝါတွင်းက St. Peter ad Vincula ဘုရားကျောင်းရဲ့ ၀တ်ပြုရာ နေရာမှာလဲ အုတ်ဂူကို စောင့်ကျပ် နေတဲ့ မိဖုရားကို တွေ့ရလေ့ ရှိတယ်လို့ မှတ်တမ်းများ ရှိခဲ့ပါတယ်။ Anne Boleyn နဲ့အတူ နောက်ထပ် သတ်မိန့် ပေးခံရတဲ့ မိဖုရား တစ်ဦးကတော့ Catherine Howard ဖြစ်ပြီး၊ Catherine မိဖုရား ကတော့ သူမကွပ်မျက် မခံရခင် ထိန်သိမ်းခံ ခဲ့ရတဲ့ အခန်းတံခါးတွေ နောက်ကွယ်မှာ သူမရဲ့ ညည်းသံ တွေကို ကြားရ တယ်လို့ ဆိုကြပါတယ်။
London Tower မှာနောက်ထပ် လူသိများတဲ့ သရဲတွေ အကြာင်းကို ဆက်ပါဦးမယ်။ ၁၁၀၀ ပြည့်နှစ် အလွန်လောက်မှာ ခရစ်ယာန် ဂိုဏ်းချုပ် Thomas Becket ကတော့ ဟင်နရီ (၂) ဘုရင်နဲ့ သဘောထား ကွဲလွဲပြီးနောက် ကွပ်မျက်ခံ ခဲ့ရပြီး လန်ဒန်တာဝါရဲ့ Traitor Gate ရဲ့လက်ဝါး ကပ်တိုင်မှာ သူ့ရဲ့ဝိညာဉ် ရှိနေကြောင်းကို ခရစ်ယာန် ဘုန်းကြီး တစ်ပါးက မျက်မြင် တွေ့ရှိခဲ့ တယ်လို့ ဆိုပါတယ်။ "တာဝါထဲမှ မင်းသား ၂ပါး" လို့လူသိ များတဲ့ London Tower တွင်းမှာ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရတဲ့ ၁၂နှစ်အရွယ် မင်းသား Edward (V) နဲ့၉နှစ်အရွယ် သူ့ရဲ့ညီ မင်းသား Richard တို့ကိုလဲ သူတို့ ကွပ်မျက်ခြင်း ခံခဲ့ရတယ်လို့ လူအများ သတ်မှတ်တဲ့ Bloody Tower မှာတွေ့ကြဆဲလို့ ဆိုကြပါတယ်။ ၀ိုး တ၀ါး ပုံရိပ်တွေ၊ ရဲမက် ပုံရိပ်တွေနဲ့ ၉ရက်တာ ဘုရင်မ ဖြစ်ခဲ့ပြီး ကွပ်မျက် ခံခဲ့ရတဲ့ ၁၆နှစ် အရွယ် Lady Jane Grey တို့ရဲ့ ပုံရိပ်တွေက လန် ဒန်တာဝါမှာ ခြောက်လှန့် နေဆဲလို့ ဆိုကြပါတယ်။ စစ်ရေးပြ ချီတက်နေတဲ့ ရဲမက်တွေ ကိုလည်း တွေ့ခဲ့ကြ တယ်လို့ မှတ်တမ်းတွေ ရှိပါတယ်။
အထက်မှာ ဖော်ပြခဲ့ သလိုပဲ London Tower ကတစ္ဆေ သရဲတွေ မပြတ် ရှိနေခဲ့ ပါတယ်တဲ့။ အဲဒီ တစ္ဆေသရဲနဲ့ ပတ်သက်တဲ့ ကောလာဟလ တွေကို BBC ကလည်း စိတ်ဝင်တစား ရှိပြီး သိပ္ပံနယ်လွန် ဖြစ်ရပ်တွေကို စုံစမ်းတဲ့ အဖွဲ့နဲ့ ပူးပေါင်းပြီး အထူးပြု ကင်မရာ တွေနဲ့ မှတ်တမ်း တင်ခြင်းဖြင့် လန်ဒန် တာဝါရဲ့ တစ္ဆေသရဲနဲ့ ပတ်သက်တဲ့ ဖြစ်ရပ်တွေ ဟုတ်မဟုတ်ကို အတည်ပြု ခဲ့ကြပါတယ်။ ဖြစ်ရပ် အများစုကို မဟုတ် မှန်ကြောင်း သက်သေပြ နိုင်ခဲ့ပေမယ့် ၁၀ ရာခိုင်နှုန်း လောက်ကတော့ သက်သေ မပြနိုင်ဘဲ သူတို့ကို ခေါင်းစား စေတယ်လို့ ဆိုခဲ့ပါတယ်။ အဲဒီ စုံစမ်းမှု ကနေ အံ့သြဖွယ် အလင်းပုံရိပ် ဓါတ်ပုံ တွေကိုလည်း ထုတ်ပြခဲ့ပြီး၊ စုံစမ်းမှု အပြီးမှာ သူတို့ရဲ့ သံသယ စိတ်တွေလဲ လျော့နည်း သွားတယ်လို့ ဆိုခဲ့ပါတယ်။ London Tower ရဲ့နောက်ဆုံး စိတ်ဝင်စားဖို့ ကောင်းတဲ့ အချက်ကတော့ တာဝါမှာ အမြဲတစေ ကျီးမည်းကြီးတွေ ရှိနေတာပါပဲ။ အဲဒီ ကျီးမည်းကြီး တွေက သရဖူနဲ့ London Tower ကို စောင့်ရှောက်တယ်လို့ ယုံကြည် ကြပါတယ်။ အကယ်၍ အဲဒီ ကျီးမည်း ကြီးတွေ London Tower ကိုစွန့်ခွာ သွားရင်တော့ သရဖူရော၊ အင်္ဂလန် နိုင်ငံကြီးရော ပျက်စီးချိန် ဖြစ်မယ် လို့လည်း ယုံကြည် ကြပါတယ် တဲ့။
Myanmar Youth Media Club -

အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ ယခုထိသြဇာရှိတုန်းလား
လွန်ခဲ့သောလပေါင်း ၃၁ လက အငြိမ်းစားယူသွားခဲ့သူတစ်ဦး၏ မကြာမီက ပြောစကားတစ်ခွန်းကြောင့် နိုင်ငံရေးစိတ်ဝင်စားသည့် ပြည်သူများကြား ဂယက်ရိုက်သွားခဲ့သည်။
သာမန်အငြိမ်းစားတစ်ဦးပြောလျှင် ထိုသို့မဖြစ်နိုင်သော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ငြိမ်း) ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ပြောစကားကြောင့်သာ ယခုလို ဂယက်ရိုက်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သည့်သီတင်းကျွတ်ကာလတွင် ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်မိသားစုသည် အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ သွားရောက်ဂါရ၀ပြုခဲ့သည်။
ထိုသို့ သွားရောက်ဂါရ၀ပြုစဉ် အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေက “မြန်မာနိုင်ငံရဲ့တိုးတက်ပြောင်းလဲမှုဖြစ်ပေါ်နေမှုကို ဘေးကစိတ်ဝင်တစား စောင့်ကြည့်တဲ့သဘောရှိတယ်။ မဖြစ်သင့်တာတွေမဖြစ်ပေါ်ဖို့အတွက်လည်း သူ့မှာစိုးရိမ်စိတ်တွေရှိခဲ့တယ်”ဟု ဦးရွှေမန်းက တစ်ဆင့်ပြောကြားခဲ့သည်။
ထိုကဲ့သို့ ပြောဆိုလာသည့်အတွက် လက်ရှိအစိုးရနှင့် တပ်မတော်အပေါ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)အနေဖြင့် သြဇာသက်ရောက်မှု ရှိနေသေးသလားဆိုသည့် သံသယမှာလည်း နိုင်ငံရေးစိတ်ဝင်စားသူများကြား ကြီးထွားလာခဲ့သည်။ ထို့ကြောင့် နိုင်ငံရေးစိတ်ဝင်စားသူများနှင့် ပြည်သူများအကြား ဝေဖန်ပြောဆိုမှုများ၊ စိုးရိမ်ပူပန်မှုများရှိလာသည့်အသံများ ကြားလာရသည်။
ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီအဖွဲ့ဝင် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှူးဖြစ်သူ ဦးအေးမောက်ကမူ ဦးသန်းရွှေအနေဖြင့် ပါဝင်ပတ်သက်နေသည်ဟု မထင်ကြောင်း သူ၏ထင်မြင်ချက်ကို ပြောကြားသည်။
“လွှတ်တော်ထဲမှာတော့ ၁၀၀ ရာခိုင်နှုန်း ပွင့်ပွင့်လင်းလင်းဆွေးနွေးနိုင်တယ်။ ဝေဖန်နိုင်တယ်။ တကယ်လို့သာ နောက်ကရှိနေသေးတယ်ဆိုရင် လွှတ်တော်ဥက္ကဋ္ဌတို့၊ ဘာတို့က နည်းနည်းတော့တွန့်မှာပေါ့”ဟု ဦးအေးမောက်က ဥပမာပေး၍ပြောဆိုသည်။
ဦးအေးမောက်နည်းတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်အမတ်ဦးမင်းသူကလည်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေဖြင့် ပါဝင်ပတ်သက်မှု လုံးဝမရှိတော့ကြောင်း ထောက်ခံပြောဆိုသည်။
“တကယ်တော့ သွားနေတဲ့လမ်းကြောင်းက ရှင်းပါတယ်။ လူထုဆန္ဒအတိုင်းသွားနေတယ်”ဟု ဦးမင်းသူကဆိုသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေဖြင့် ၂၀၁၀ အငြိမ်းစားမယူမီ တပ်မတော်ခေါင်းဆောင်များအား ဦးသိန်းစိန်ဦးဆောင်သော အစိုးရအဖွဲ့ တက်လာသည့်အချိန်မှစ၍ နိုင်ငံရေးတွင် ၀င်ရောက်မစွက်ဖက်ရန် မှာကြားခဲ့ကြောင်း တပ်မတော်အရာရှိဟောင်းတစ်ဦးကပြောသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)အနေဖြင့် လက်ရှိအခြေအနေတွင် ၀င်ရောက်လာပါကလည်း လွှတ်တော်တွင် ၎င်းပြောသည့်အတိုင်း ဖြစ်မည်မဟုတ်တော့ကြောင်း တပ်မတော်အရာရှိဟောင်းတစ်ဦးဖြစ်ခဲ့သူ အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေကသုံးသပ်သည်။
အငြိမ်းစားယူပြီးသည့်နောက်ပိုင်း တရုတ်နိုင်ငံမှ ကြွချီလာသော ဗုဒ္ဓစွယ်တော်အတွက် အလှူငွေထည့်ဝင်ခြင်း၊ ပျဉ်းမနားမြို့ရှိ သာသနာ့ဗိမာန်နှင့် သံဃာ့ဆေးရုံတို့အား ငွေကြေးလှူဒါန်းသည့်သတင်းများသာ ထွက်ပေါ်ခဲ့သည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေဖြင့် အငြိမ်းစားယူပြီးသည့်အချိန်မှစ၍ နေပြည်တော်ရှိ A1 အိမ်တော်တွင် နေထိုင်လျက်ရှိပြီး စာဖတ်နေကြောင်း ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌဦးဌေးဦးက ပြီးခဲ့သည်နှစ်ကုန်ပိုင်းတွင် မီဒီယာများသို့ပြောကြားသည်။
စာဖတ်နေသော အသက် ၈၀ ရှိနေပြီဖြစ်သည့် အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ဦးဌေးဦးနှင့် ဦးအောင်သောင်းတို့ ယခုနှစ်လယ်ပိုင်း၌ သွားရောက်တွေ့ဆုံခဲ့သော်လည်း ထိုတွေ့ဆုံမှုနှင့်ပတ်သက်၍ မည်သည့်အကြောင်းအရာမှ ပြန်လည်ပြောကြားခြင်းမရှိခဲ့ပေ။
အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေဖြင့် အစိုးရနှင့် ၀န်ကြီးဌာနများအပေါ် နိုင်ငံရေးအရ ပတ်သက်မှုမရှိသော်လည်း လက်ရှိတပ်မတော်ခေါင်းဆောင်များကမူ အချို့သော အကြောင်းအရာများ၌ ဦးသန်းရွှေထံမှ အကြံဉာဏ်ရယူတာမျိုးရှိနိုင်ကြောင်း မြန်မာ့အရေးကျွမ်းကျင်သူ ကမ္ဘာကျော်သတင်းစာဆရာ ဘာတေးလ်လင့်တနာကသုံးသပ်သည်။ အထူးသဖြင့် နိုင်ငံလုံခြုံရေးနှင့်ပတ်သက်သောကိစ္စများတွင် ဦးသန်းရွှေထံမှ အကြံဉာဏ်တောင်းခံနိုင်ကြောင်း မြန်မာ့အရေးအတွက် ဘာတေးလ်လင့်တနာကဆိုသည်။
ဦးသိန်းစိန်ဦးဆောင်သော အစိုးရအဖွဲ့တွင် တပ်မတော်သားကိုယ်စားလှယ်များက ရွေးချယ်တင်မြှောက်ခဲ့သော ဒုတိယသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦး အနားယူသွားသဖြင့် ထိုနေရာတွင် ပြန်လည်ရွေးချယ်ရန် လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ အကြံဉာဏ်တောင်းခံခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့ဖူးသည်။
ထိုအချိန်က လစ်လပ်သွားသော ဒုသမ္မတနေရာတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေအား တပ်မတော်ကိုယ်စားလှယ်များက အဆိုပြုခဲ့သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပြဌာန်းထားသော အရည်အချင်းများနှင့် မကိုက်ညီသဖြင့် ပယ်ဖျက်ခြင်းခံခဲ့ရသည်။
ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်ပြီးနောက် မြန်မာ့တပ်မတော်ကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သူမှာ ဦးနေ၀င်းနှင့် ဦးသန်းရွှေ နှစ်ဦးသာရှိခဲ့ပြီး နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ တပ်မတော်အကြီးအကဲအဖြစ် ဆက်တိုက်တာဝန်ယူခဲ့ကာ တပ်မတော်ကိုအသုံးပြု၍ တိုင်းပြည်ကို စိတ်တိုင်းကျအုပ်ချုပ်ခဲ့ကြသည်။
ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)အနေဖြင့် တပ်မတော်ကို နှစ်ပေါင်းနှစ်ဆယ်ကျော် အုပ်ချုပ်လာခဲ့သဖြင့် တပ်မတော်အပေါ် ယခုအချိန်ထိ သူ၏အရှိန်အ၀ါရှိနေသေးကြောင်း ၀န်ကြီးချုပ်ဟောင်းဦးကျော်ငြိမ်း၏သား နိုင်ငံရေးလေ့လာသူ ဦးဘိုဘိုကျော်ငြိမ်းကသုံးသပ်သည်။
“ယနေ့မြန်မာစစ်တပ်ဟာ ဦးသန်းရွှေရဲ့စစ်တပ်၊ တစ်ချိန်က ဗိုလ်ချုပ်နေ၀င်းရဲ့စစ်တပ်လိုပဲ ပြောင်းလဲလာတဲ့အားလုံးက သူ့လူတွေချည်းပဲ”ဟု ဦးဘိုဘိုကျော်ငြိမ်းကဆိုသည်။
ထိုကဲ့သို့ တပ်မတော်အပေါ်တွင် တစ်စုံတစ်ရာ သြဇာသက်ရောက်မှုရှိနေသည်ဟု သဘောထားမှတ်ချက်ပေးသကဲ့သို့ နိုင်ငံရေးတွင်လည်း ပတ်သက်မှုများရှိနေကြောင်း မှတ်ချက်ပေးသူများလည်းရှိသည်။
“တိုက်ရိုက်ပတ်သက်မှုလား၊ သွယ်ဝိုက်ပတ်သက်မှုလားဆိုတာကတော့ အတိအကျပြောဖို့ခက်တယ်။ သူရဦးရွှေမန်းပြောစကားအရ သူဟာ မြန်မာနိုင်ငံရေးအပေါ် အတော်စိတ်ဝင်စားမှုရှိနေတာကို တွေ့ရတယ်”ဟု နိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်းကဆိုသည်။
ထိုကဲ့သို့ စိတ်ဝင်စားမှုနောက်တွင် အကြံပေးခြင်းများ၊ ထင်မြင်ချက်ပေးခြင်းများနှင့် အစိုးရအကြီးအကဲများနှင့် တပ်မတော်အကြီးအကဲများအား ခေါ်ယူတွေ့ဆုံ စကားပြောခြင်းများ ရှိနိုင်သည်ဟု ထင်မြင်ယူဆကြောင်း ဒေါက်တာရန်မျိုးသိမ်းကသုံးသပ်သည်။
လက်ရှိမြန်မာ့နိုင်ငံရေးတွင် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့်ပတ်သက်၍ အသစ်ပြန်လည်ရေးဆွဲရန်နှင့် ပြန်လည်ပြင်ဆင်ရန်ဟူ၍ အငြင်းပွားလျက်ရှိနေပြီး ထိုအခြေအနေနှင့်ပတ်သက်၍လည်း နိုင်ငံရေးလေ့လာသူများကြား အငြင်းပွားလျက်ရှိသည်။
ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဆွေးနွေးမှုများမှာလည်း စိုးရိမ်မှုများရှိနေချိန်ဖြစ်သည်။
ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆက်လက်ဆွေးနွေးနိုင်ရန်နှင့် ခိုင်မာသည့် အပစ်အခတ်ရပ်စဲရေးများဖြစ်ပေါ်ရန် အစိုးရကတင်ပြထားသော တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးမူကြမ်းကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက လက်မခံနိုင်ပါက ငြိမ်းချမ်းရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန် ခက်ခဲမည့်အနေအထားဖြစ်သည်။ ထိုကိစ္စနှင့်ပတ်သက်၍ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA)ဌာနချုပ်ရှိရာ လိုင်ဇာမြို့၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များသည် အောက်တိုဘာ ၂၉ ရက်မှ စတင်ဆွေးနွေးကြမည်ဖြစ်သည်။
ထို့ကြောင့် ဦးသန်းရွှေပြောဆိုသော စိုးရိမ်သည့်အနေအထားမှာ ဖွဲစည်းပုံအသစ်ရေးဆွဲရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ အကြီးအကျယ်ရှုံးနိမ့်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူအချို့ကဆိုသည်။
“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ အဆီအငေါ်မတည့်မှာ၊ သမ္မတနေရာကို ပြည်ခိုင်ဖြိုး ဒါမှမဟုတ် တပ်မတော်ကိုယ်စားလှယ် ထိန်းမထားနိုင်မှာ၊ ပြည်ခိုင်ဖြိုးပါတီထဲမှာ အောက်နဲ့အထက် သဘောထားကွဲလွဲလာမှာ စတာတွေနဲ့ ဆက်စပ်ကောင်းဆက်စပ်နိုင်ပါတယ်”ဟု ဒေါက်တာရန်မျိုးသိမ်းကသုံးသပ်သည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း)အနေဖြင့် သူအုပ်ချုပ်ခဲ့သည့်ကာလအတွင်း သူလုပ်ဆောင်မည့်လုပ်ငန်းများကို ကြိုတင်ချပြလေ့မရှိဘဲ မှန်းဆရန်ခက်ခဲပြီး ဗျူဟာကျွမ်းကျင်သူဖြစ်သည်။
7Day News Journal
Subscribe to:
Posts (Atom)