Monday, November 11, 2013
ကင်မရာရှေ့မှာ အခန့် ညားဆုံး ဖြစ်ဖို့  အချက်၇ချက်
နာမည်ကြီးအနုပညာရှင်တွေမှ မဟုတ်ပါဘူး။ အစီအစဉ်တင်ဆက်သူတွေ၊ အင်တာဗျူးဖြေဆိုတဲ့သူတွေလည်း ကင်မရာရှေ့ရောက်ရင် စိတ်တွေ အရမ်းလှုပ်ရှားပြီး သတိလက်လွတ် ဖြစ်သွားတာမျိုးတွေရှိတတ်ပါတယ်။ ဒီတော့ ကင်မရာရှေ့မှာသရုပ်မပျက်မိအောင် သိထားသင့်တဲ့ အချက်၇ချက်ကို ဖော်ပြချင်ပါတယ်။
၁) ကိုယ့်ကိုသက်တောင့်သက်တာနဲ့ ကြည့်ကောင်းမယ့် အဝတ်အစားမျိုးကိုဝတ်ဆင်ပါ။
သက်တောင့်သက်သာဖြစ်စေတဲ့ အဝတ်အစားမျိုးကို ဝတ်ဆင်ထားမှ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိစေနိုင်မှာပါ။ နည်းနည်းဖောမယ်လ်ကျကျဝတ်ဆင်ရမယ့် နေရာမျိုးဆိုရင်တော့ အနောက်တိုင်းအမျိုးသားဝတ်စုံနဲ့  နက်ခ်တိုင် ဒါမှမဟုတ် အမျိုးသမီးတွေကတော့ ဘလောက်စ်နဲ့  စကတ်ကိုဝတ်ဆင်တာအသင့်တော်ဆုံးပါပဲ။ လက်ဝတ် လက်စားတွေကို တတ်နိုင်သမျှ လျှော့ပြီးဝတ်တာကောင်းပါတယ်။ ကိုယ့်ကိုကိုယ် သက်တောင့်သက်တာရှိဖို့ က အရေးကြီးဆုံးပါပဲ။
၂) ခါးမတ်မတ်ထိုင်ပါ။
ကင်မရာရှေ့ မှာပုံပျက်ပန်းပျက်ဖြစ်နေရင် ကြည့်ရှုသူတွေကစိတ်ဝင်စားမှုလျော့နည်းသွားတတ်ပါတယ်။ ဒီတော့ ကင်မရာရှေ့မှာဆိုရင် ခါးမတ်မတ်နဲ့  တက်တက်ကြွကြွ ဖြစ်တဲ့ပုံစံမျိုးနဲ့ နေပါ။ စက်ရုပ်ကြီးလိုထုံထုံထိုင်းထိုင်းနဲ့  တောင့်တောင့်ကြီးမနေပါနဲ့ ။
၃) ကိုယ်ဟန် အမူအရာသတိထားပါ။ ကြည့်ရှုသူတွေကလဲသင့်ရဲ့ ကိုယ်ဟန် အနေအထား အမူအရာကိုစောင့်ကြည့်နေတတ်ပါတယ်။
ဝေးစစ်စ် က သူ့ ရဲ့  ပထမဆုံးရုပ်မြင်သံကြားအစီအစဉ်မှာစိတ်လှုပ်ရှားပြီးသတိလက်လွတ်နဲ့  ခြေထောက်ကို လက်နဲ့ ပွတ်ပြီး စိတ်လှုပ်ရှားတဲ့ စိတ်ကိုဖြေဖျောက်ခဲ့တာ အရမ်းသရုပ်ပျက်ခဲ့တယ်လို သူ့ ရဲ့  ကြုံတွေ့ ခဲ့ရတဲ့ အတွေ့ အကြုံနဲ့  နှိုင်းယှဉ်ပြီးပြောပြခဲ့ပါတယ်။ ကြည့်ရှုသူပရိတ်သတ်တွေကိုဆွဲဆောင်စေချင် ရင်တော့ လက်နေအထားနဲ့ ကိုယ်ဟန် အနေအထားကိုဆင်ခြင်သင့်ပါတယ်။
၎)အသက်ပါပါပြုံးပါ။ (မျက်လုံးနဲ့ ပါပြုံးပါ)
နွေးထွေးစစ်မှန်တဲ့ အပြုံးနဲ့ ယုံကြည်မှု ရှိရှိ ပြုံးပါ။ ရှက်ကိုးရှက်ကန်းမလုပ်ပါနဲ့ ။အသက်ပါတဲ့ အပြုံးကလူတွေရဲ့ စိတ်ဝင်စားမှုကိုဖမ်းစားနိုင်ပါတယ်။
၅) ပင်ကိုယ်အသံနဲ့ ပဲစကားပြောပါ။
ကင်မရာရှေ့ ရောက်ရင် စိတ်လှုပ်ရှားပြီးစကားပြောရင် ကတုန်ကယင်တွေဖြစ်တတ်ပါတယ်။ ဒီလိုအခြေအနေတွေမှာဆိုရင် အသံကိုတင်းမာနေအောင်လုပ်ပြောမျိုးတာတွေ မလုပ်ပါနဲ့ ။ အရင်းနီးဆုံး သူငယ်ချင်းတစ်ယောက်နဲ့  စကားပြောနေသလိုသဘောထားပြီးကင်မရာရှေ့မှာနေပါ။ ဒါမှ သဘာဝကျမှာပါ။
၆) နှုတ်ခမ်းကိုစိုစွတ်အောင်ထားပါ။
ခြောက်သွေ့ နေတဲ့ နှုတ်ခမ်းနဲ့  စကားပြောရတာဘယ်လိုမှ အဆင်ပြေနိုင်မှာမဟုတ်ပါဘူး။ ဒီတော့ စိတ်အရမ်း လှုပ်ရှားပြီး အာခေါင်ခြောက်သွေ့ နေရင်တော့ အနားယူခွင့် ခဏတောင်းပြီးစိတ်ငြိမ်အောင်ထားပါ။ ရေ သောက်ပါ။
၇) အသက်ပြင်းပြင်းရှူလိုက်ပါ။
အသက်ရှူခြင်းက မဖြစ်မနေလုပ်ရမှာပါပဲ၊ ဒါမှ ဆက်ပြီးအသက်ရှင်နေနိုင်မှာပါ။ ကင်မရာရှေ့ မရောက်ခင်မှာလည်း အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပါ။ စိတ်ဖိစီးမှုတွေ လျော့ကျနေပြီး စကားပြောရတာအဆင်ပြေချောမွေ့ စေမှာပါ။ စကားကို မြန်မြန်နဲ့ များများပြောရတဲ့ အခါမျိုးမှာလည်း အသက်ပြင်းပြင်းတစ်ချက်ရှုရှိုက်ပြီး တစ်ချက်အနားယူလိုက်လို့ ရ ပါတယ်။
Trend Myanmar
ရောဂါပိုးနှိမ်နင်းနိုင်သော လူသိနည်းသည့်ပစ္စည်းများ
(၁) လူ့မျက်လုံး
မျက်လုံးတွင်းရှိ keratin ဟုခေါ်သော ပရိုတင်းများသည် မျက်လုံးတွင်း ၀င်ရောက်လာသော ဘက်တီးရီးယားများကို ဖမ်းယူထားနိုင်သည်။ ထိုသို့ ပရိုတင်းအမျိုးအစားကို ဖန်တီးယူ၍ ဓါတ်ခွဲခန်း၌ ရောဂါပိုးများနှင့် ထိတွေ့စေသည့်အခါ ဘက်တီးရီးယားများကို ချေမှုန်းနိုင်သည်ကိုတွေ့ရသည်။ keratin ပရိုတင်းကို ပိုးသတ်ဆေးအဖြစ် အသုံးပြုနိုင်ရန်ပင် တီထွင်လျက်ရှိကြသည်။
(၂) ဖားဦးနှောက်
ဖား၏အရေပြားနှင့်ဦးနှောက်တွင် ဘက်တီးရီးယားနှင့် ဗိုင်းရပ်စ် ကာကွယ်ရေးပစ္စည်းများ ကြွယ်ဝစွာ ပါရှိသည်။ ဖားဦးနှောက်တွင် ပိုးသတ်ပရိုတင်း (၇၉) ခုတွေ့ရှိခဲ့ရာ (၁၉) ခုမှာ သိပ္ပံပညာနယ်ပယ်တွင် ယခင်ကတစ်ကြိမ်မှ မတွေ့ဖူးသည့် ပရိုတင်းများဖြစ်ကြသည်။
(၃) အုန်းဆီ
အုန်းဆီမှထုတ်လုပ်ထားသည့် Monolaurin ဓါတ်သည် ပိုးသတ်အာနိသင်ရှိရာ အစားအစာများ တာရှည်ခံစေရန် အသုံးပြုလေ့ရှိကြသည်။ အစားအစာ တာရှည်ခံစေသည့် အခြားဓါတုပစ္စည်းများနှင့် နှိုင်းယှဉ် ကြည့်လျှင် အုန်းဆီက E.coli ကဲ့သို့သော ပိုးများကို ပိုမိုထိရောက်စွာကာကွယ်နိုင်သည်ကို တွေ့ရ သည်။
(၄) အိမ်သုတ်ဆေး
အိမ်သုတ်ဆေးသည် ဘက်တီးရီးယား၊ မှိုနှင့် ဗိုင်းရပ်စ်များကို သေစေနိုင်သည်။ N-halamine polymer ပါဝင်သော အိမ်သုတ်ဆေးများကို အိမ်၊ ရုံး၊ ဆေးရုံဆေးခန်းများတွင် ရောဂါပိုးကာကွယ်ရန် သုတ်လိမ်းထားနိုင်သည်။
(၅) သံလိုက်
သံလိုက်အကာ၊ သံလိုက်သုတ် ဆေးများသည် ဘက်တီးရီးယားများကို နှိမ်နင်းနိုင်သည်။ ၀က်အူလှည့်ကဲ့သို့ ပစ္စည်းများတွင် သုတ်လိမ်းထားသည့် သံလိုက်ဆေးရည်သည် လျှပ်မဓါတ်ဆောင်သည်ဖြစ်ရာ လျှပ်ဖိုဓါတ်ဆောင်ထားလေ့ရှိသည့် ဘက်တီးရီးယားများကို ဖမ်းယူထားနိုင်သည်။
Health Updates Journal
လက်ဆွဲခေါ်မယ်ဆိုရင် ...သေချာကြည့်ကြပါ...
အတွေ့အကြုံတစ်ခုလေးကိုပြောပြချင်ပါတယ်..အဲ့ဒါကဘာလည်းဆိုတော့သရဲခြောက်ခံရတာပေါ့နော်
ကျမ ၆တန်း၊၇တန်း နွေရာသီကျောင်းပိတ်ရက် တစ်နှစ်နှစ်ပဲ..သေချာတော့မမှတ်မိတော့ဘူး ခုနှစ်ကို..
ကျမအမေကငွေဆောင်ကဟော်တယ်မှာတာဝန်ကျတာပေါ့နော်..နမည်တော့ပြောပြတော့ဖူး
ပုံတော့ပေးလိုက်မယ်ရှာလို့ရသလောက်.. (သွားရင်ကို့ဘာသာရအောင်ရှာ)
ကျမလည်းနွေရာသီကျောင်းသုံးလပိတ်လို့ အမေ့ဆီကိုအလည်သွားတာပေါ့
အဲ့မှာ၂လလောက်နေခဲ့ပါတယ်..အဲ့တော့ကျမလည်းအမေ့လက်အောက်ကတပည့်တွေ အမေ့သူငယ်ချင်းတွေ
တစ်ဟော်တယ်လုံးနဲ့ရင်းနှီးနေတာပေါ့..၀န်ထမ်းလေးတွေကလည်းအားလပ်ချိန်ဆိုကျမနဲ့ဆော့ဆော့ပေးပါတယ်
ဟော်တယ်တစ်ခုလုံးကိုပတ်ပီးလျောက်ဆော့တာ.. ဟော်တယ်ရဲ့ဘန်ဂလိုလေးတွေကရှေ့ရောနောက်ရောတံခါးပေါက်နဲ့
ကော်ရစ်ဒါလေးပါပါတယ်..တစ်ထပ်အဆောက်အဦးလေးပါပဲ..ဟော်တယ်ရဲ့အဓိက Bar,Reception,Business Centre ကအမိုးကြီး
ကြီးအောက်မှာတစ်ခုတည်းဆောက်ထားတာပါ..မျက်လုံးထဲမြင်အောင်ပြောရရင်…
ဝင်ဝင်ချင်း ဘယ်မှာ Reception ညာမှာBusiness Centre
ဆက်သွားရင် Bar ပီးရင်း ဧည့်သည်တွေအတွက် ခုံတွေကိုတောက်လျောက်ရေကူးကန်အထိခင်းကျင်းထားပါတယ်..
အဲ့Bar နားလောက်ကနေစပီး ရေကူးကန်မတိုင်ခင်အထိကို အပေါ်တစ်ထပ် ဆည်းဆာView အနေနဲ့ဆောက်ထားပါတယ်..
အဲ့အပေါ်ထပ်မှာတော့ထိုင်ခုံလေးတွေ ပန်းအိုးအလှလေးတွေနဲ့ညနေဆိုလှလို့ပလို့ ညဆိုကြောက်စရာပေါ့
အဲ့ဆည်းဆာ View ရဲ့ ပင်လယ်ဘက်ကိုမျက်နှာမူရင် ညာဘက် အလယ်နားမှာ အုန်းပင်လားထန်းပင်လားမခွဲတတ်ဘူး
တော်တော်ရှည်ပါတယ်တခြားအပင်တွေနဲ့မတူအောင် အနည်းငယ်ပိုရှည်ပါတယ်..ပြောသံကြားတာကတော့
အဲ့အပင်မှာတစေ(နှစ်ထက်ဆင့်မရေးတတ်လို့) ရှိပါတယ်ဆိုလားပဲ..ကိုကတော့ပျော်ပျော်ပဲ ကလေးဆိုတော့ဘာမှဂရုမစိုက်မိပါဘူး
ဒီလိုပဲအမှတ်မထင်ကြားမိတာပါ.. အဲ့ထန်းပင်ရဲ့ဘေးမှာ မာစက် (Massage) ရှိပါတယ်..တကယ့်ကပ်ရပ်ကလေးပါပဲ..အဲ့မှာလည်း
သရဲခြောက်တယ်တဲ့ ၀န်ထမ်းအမတွေပြောသံကြားမိတာပါ..
ဒီလိုနဲ့တစ်ရက်ပေါ့..ကျမလည်းရေကူးကန်နားမှာရေကူးကန်ဆေးတဲ့သူ(ဘယ်လိုပြောရမလဲ..ရာထူးလဲမပြောတတ်ဘူး..အဲ့အစ်ကိုက
ရေကူးကန်ထဲကအမှိုက်တွေရေကူးကန်ဘေးတွေသန့်ရှင်းရေးလုပ်တယ်) အဲ့လူကပေါ့ ရေကူးကန်ဆေးနေတာ ကျမနဲ့ဆော့ပီးစကားပြော
ရင်းပေါ့..အချိန်က ညနေမှောင်ရီပျိုးစ ၆း၃၀လောက်ဖြစ်မယ်..အဲ့အစ်ကိုကကျမကိုစတာပေါ့ရေကန်ထဲတွန်းချလိုက်မယ်ဘာညာနဲ့
ကျမလည်း တူတူပုန်းတိုင်းဆော့မယ်လို့ပြောလိုက်တာ..အဲ့အစ်ကိုကသူဒီဟာပီးရင်အားပီတဲ့ ခနနေအုံးတဲ့ အဲ့ဒါနဲ့ကျမလည်း
ဟိုရစ်သီရစ်သီဒီရစ်သီရစ်သီနဲ့စောင့်နေတာပေါ့ရေကူးကန်ဘေးမှာ ကလေးဆိုတော့ဂနာမငြိမ်အဲ့နားကနေဟိုသွား ဟိုကနေဒီသွားနဲ့အဲ့နားတစ်ဝိုက်မှာ.. ကျမလည်းရေကူးကန်နားပြန်ရောက်လာတော့ အဲ့အစ်ကိုကခနလေး အပေါ်ကိုပန်းအိုးသွားရွှေ့လိုက်အုံးမယ်ဆိုပီး တက်သွားတာ ကျမလည်းလိုက်သွားတယ်..
အဲ့ဒါနဲ့ပြန်ဆင်းလာတယ်.. အော်ဒါနဲ့လှေခါးကဘယ်ဘက် ရှေ့နောက်ပေါင်း ၂ခုရှိတယ်..ရှေ့ကနေတက်ပီးအနောက်ကနေကျမတို့ပြန်ဆင်းတာပေါ့..အဲ့အနောက်ကနေဆင်းရင် Kitchen တံခါးဝကိုတည့်တည့်ပဲ..
အဲ့ကနေမှဘယ်ကိုသွားရင်Bar ကိုပြန်ဝင်တဲ့အပေါက် ညာက ဘန်ဂလိုတွေကိုဦးတည်နေတဲ့လမ်းလေးပေါ့..
၂ယောက်သားဆင်းလားပီး အဲ့Kitchen အ၀မှာပဲ Kitchen ကလူနှစ်ယောက်ရှိပါတယ်..သူတို့ကကျမကိုတွေ့တော့စတာပေါ့
ဟိတ်ကောင်မလေး နင်ဘာလို့သူနဲ့အဲ့အပေါ်လိုက်သွားတာလည်း..အဲ့အပေါ်မှာသရဲခြောက်တယ် မကြောက်ဖူးလားဘာညာနဲ့
ကျမကလည်း စကားပြန်ပြော စကားကောင်းနေတုန်း ရေကူးကန်ဆေးတဲ့အစ်ကိုက Bar ဘက်ဝင်သွားပါတယ်..
ကျမစိတ်ထင်တော့သူပီးရင်ပြန်လာမယ်ပေါ့..အဲ့နားမှာပဲစောင့်နေတာ Kitchen အ၀မှာ.. အဲ့ပန်းခြံတွေထဲမှာ
စက်ကူပန်း(တစ်နည်းအားဖြင့်မသာပန်း)လို့လည်းခေါ်ကြတယ်.. အဲ့ပန်းအိုးတွေရှိတယ်..အဲ့ပန်းကပန်းခရမ်းရောင်အိုးပေါ့နော်..
လှေခါးအဆင်းဆင်းဆင်းခြင်းဘေးမှာ Decoration လှအောင်ချထားတယ် နည်းနည်းအလတ်စားဆိုဒ်လောက်..တခြားနေရာတွေမှာလည်းအရောင်စုံပဲရှိပါတယ်…
ကျမကလည်းညဘက်ကြီးကိုယောင်ပီးအဲ့ပန်းကိုသွားခူးပီးပန်းတွေကိုကျမခေါင်းပေါ်ကိုကြဲတိုင်းဆော့နေတာ ဟိဟိ
Kitchen ကလူနှစ်ယောက်ကလည်းအထဲကိုပြန်ဝင်သွားတယ် ကျမကလည်း ပန်းခူးတာတောင်လူလိုမခူးဘူး
မျောက်လိုပဲ လှေခါးရဲ့သုံးပုံ ပုံတစ်ပုံလောက်ကနေပီးခူးပီး ပန်းမင်းသမီးအလုပ်ကောင်းနေတုန်း အဲ့အပေါ်ကနေ ကျောက်စရစ်ခဲနဲ့ပေါက်တာ
(အမလေးပြောရင်းကြက်သီးတောင်ထတယ်..ပြန်တွေးပီးရေးနေတဲ့အချိန်လည်းကြည့်အုံးလေ ၁၁း၅၅တဲ့ )
ပထမတစ်လုံး..နည်းနည်းကြောင်သွားတယ်..အံမယ်..ငါ့ကိုရန်စတယ်ပေါ့..ဟိုအစ်ကိုပဲထင်ပီး..တွေ့မယ်ပီးမှဆိုပီးနေနေပီးပန်းတွေနဲ့ထပ်ဆော့
ဒုတယတစ်လုံး..သေတော့မယ် ငါ့ကိုတူတူပုန်းတမ်းဆော့မယ်ဆိုပီး အပေါ်ကနေပုန်းပီးခဲနဲ့များပေါက်ရလားဆိုပီး ထပ်နေနေသေးတယ်
တတိယတစ်လုံးမှာ ၂လုံးဆက်တိုက်ပေါက်တာတော့..၃လုံးမြောက်အလုံးကကျမနောက်စေ့ကိုမှန်သွားတယ်
ကျမတော်တော်စိတ်တိုသွားတယ်..ခေါင်းထိအောင်များပေါက်ရလားဆိုပီး ကျမအဲ့ကျောက်စရစ်ခဲ၎လုံးကိုကောက်တစ်ဖက်လက်ကကိုင်
နောက်လက်တဖက်က မသာပန်းတွေကိုကိုင်ပီး တွေ့မယ်ဆိုပီး အပေါ်ကိုတက်သွားတာစိတ်တိုတိုနဲ့
အပေါ်လည်းရောက်ရော..ကျမတွေ့လိုက်တာက ဘာမှမရှိပါဘူးလို့ အပေါ်မှာမျက်လုံးကစားလိုက်တာ..တကယ်ပါ..
နေရာကလည်းရှင်းနေတာပဲလူဆိုတာကလည်းဘာမှမရှိဖူး ကျမကပန်းအိုးနဲ့ကွယ်ပီးများပုန်းနေလားဆိုပီး အရှေ့လှေခါးရဲ့ဒေါင့်ကနေ
ပန်းအိုးနားကိုကြည့်တော့လည်းဘာမှမရှိဖူး..အဲ့ချိန်ထိသရဲခြောက်ခံရတယ်လို့လည်းမထင်မိဖူး.. ငါ့ကိုခဲနဲ့ပေါက်ပီး
ငါတက်လာမြင်လို့ အရှေ့လှေခါးကနေ ဒင်းပြေးဆင်းသွားတာနေမှာဆိုပီး အရှေ့လှေခါးနေဆင်းပီး ကျမ Bar ကိုသွားမေးတယ်..
ရေကူးကန်ဆေးတဲ့အဲ့လူရောလို့ဘယ်မှာလည်းလို့ သမီးနဲ့ဆော့ဖို့ပြောပီးစောင့်နေတာ ဘယ်ရောက်သွားလည်းဆိုတော့….
ပြန်ဖြေလိုက်တာက..ခုနကပဲသမီးနဲ့တူတူဆင်းလာပီးမန်နေဂျာကLaundryကိုဘာသွားပို့ခိုင်းလိုက်တယ်ဆိုလား..ခနစောင့်နေပြန်လာလိမ့်မယ်တဲ့
….အဲ့မှာစတွေ့တာပဲသေရော..အဲ့ဒါနဲ့ကျမကလည်းလက်ထဲကနေကိုင်လာတဲ့ကျောက်စရစ်လေးလုံးကိုပြပီး ဒီမှာကျမကိုအဲ့အပေါ်ကနေပေါက်တယ်ပေါ့..အဲ့လူမဟုတ်ဖူးလား..သမီးကိုမနောက်နဲ့နော်လို့ပြောတာ..ဟာ နင်တော့သရဲခြောက်ခံလိုက်ရပီတဲ့
အဲ့အစ်ကိုကခုနတည်းကသွားတာမယုံ Reception ကအမတွေကိုသွားမေးလိုက်တဲ့ သူအဲ့ဘက်ကိုဝင်ပီးမှသွားတာတဲ့..
ကျမလည်းနည်းနည်းဖြုံသွားတယ်..ကျမလည်းအဲ့ဒါကိုအမှတ်မရှိသေးဖူး အဲ့ခဲလုံးတွေကိုမှတ်မှတ်ရရ အခန်းထဲထိသယ်လာပီး
ကျမခရုတွေကောက်ပီးစုထားတယ် ပလတ်စတစ်အိပ်ထဲထည့်သိမ်းလိုက်တယ် တကယ်တကယ်အကြောက်လန့်မရှိတာ..
လူကပဲကံမြင့်နေလို့လားမသိဖူး လူလုံးလိုက်မမြင်ရတာကံကောင်း.. ကျမလည်း နေ့ဘက်လောက်ကလွဲရင်အဲ့အပေါ်ကိုတယောက်တည်းဘယ်တော့မှမသွားတော့ဘူး.. ကျမ ပြန်ခါနီးအမေ့ဆီကပြောသံကြားရတာတော့..ဒီလို……………….
ဧည့်သည်တွေ Taiwan လူမျိုး စုံတွဲတွေ ၇၊၈တွဲလောက်ရှိမယ် လာတည်းတာ..
ကျမတောင်မြင်လိုက်ပါသေးတယ် အဲ့အတွဲတွေ ရေကူးကန်ထဲမှာစပ်စလူးခါနေကြတာ
လာတည်းပီးသိပ်မကြာဖူး ည၁နာရီနောက်ပိုင်းပဲ အချိန်တော့သေချာမမှတ်မိဖူး..
သူတို့အတွဲတွေတည်းကတစ်ယောက်က ညဘိုက်ဆာလို့ဆိုပီး Bar ကိုသွားမှာမယ်ဆိုပီးအဲ့လူက
တစ်ယောက်တည်းထွက်လာတာ..ဘီယာသောက်ထားတဲ့အရှိန်လေးကနည်းနည်းရှိတယ်တဲ့.. အဲ့လူကဘာမှာလည်းမသိဖူး
သူက ဆည်းဆာ view အပေါ်ထပ်မှာလှေညှင်းခံရင်းစောင့်မယ်ဆိုပီးတစ်ယောက်တည်းတက်သွားပီး အဲ့ကထိုင်ခုံရှည်မှာထိုင်နေတာတဲ့
ထိုင်နေတဲ့ပုံစံကလည်း ခြေထောက်ကိုချိတ်ပီး ခုံတန်းရှည်ပေါ်မှာလက်နှစ်ဖက်ကိုဆန့်တန်းပီးတင်ထားတာ..အဲ့ချိန်မှာ သူ့ဘေးနားကိုမိန်းမတစ်
ယောက်လာထိုင်တာတဲ့ အဲ့လူကလည်း သူ့အခန်းထဲက မဒီလေးကသူတစ်ယောက်တည်းဖြစ်နေမှာဆိုးလို့ လိုက်လာတယ်ထင်ပီ
ပုခုံးဖက်လိုက်တာတဲ့ လူကလည်းနည်းနည်းမူးနေတဲ့အရှိန် မီးရောင်ကလည်း အဲ့လောက်မကောင်း(အောက်ကပုံမှာပြထားပါတယ်) ဆိုတော့
မျက်နှာကိုသတိမထားမိလိုက်ဖူးတဲ့ ..ဆင်းခါနီးကျမှသူကသွားမယ်လာဆိုပီးလက်ဆွဲအခေါ် မျက်နှာကသူ့မဒီလေးလည်းမဟုတ်ဖူး
ကြောက်စရာကြီးဆိုလား ဆံပင်ရှည်ရှည်နဲ့မိန်းမတစ်ယောက်ပဲတဲ့..သူလည်းလန့်ပီးအောက်ကိုချက်ချင်းဆင်းပြေး Kitchen ကလူတွေကိုပြေးပြော
အဲ့လူခမျာတစ်ယောက်တည်းမပြန်ရဲရှာလို့ Bar က၃ယောက်လောက်ကပြန်လိုက်ပို့လိုက်ရပီး အစားတောင်မစားနိုင်တဲ့အဖြစ်ပါအဲ့ညက..
ဒါကအဲ့လူကိုယ်တိုင်ဝန်ထမ်းတွေကိုပြောပြလို့တစ်ယောက်စကားတစ်ယောက်နားမှာဆိုတဲ့အတိုင်း ကိုယ်တွေလည်းသိခဲ့ရတာပေါ့..
ကိုယ်သာလူချင်းမတွေ့ခဲ့ရတာတော်တော်ကံကောင်းခဲ့တယ်မှတ်.. ကျမပြန်သွားပီးသိပ်မကြာဖူးအမေ့သူငယ်ချင်းတစ်ယောက်
ကရင်မ Massageနားမှာလုပ်တဲ့အန်တီကြီး(ရာထူးတော့မပြောတတ်ပါ) အဲ့ဟော်တယ်မှာပဲဆုံးသွားတယ်လို့လည်းကြားရပါတယ်..
ဘာကြောင့်ဆုံးလည်းဆိုတာအမေကမပြောပြခဲ့လို့မသိခဲ့ရပါဖူး.. ဇာတ်လမ်းလေးကတော့ဒါပါပဲကွယ်..
ဟော်တယ်ပုံစံကိုတော့ထည့်ပေးလိုက်တယ်နော်..သူငယ်ချင်းတို့သွားရင်လည်းသတိထားသွားအုံး
ဒါကတော့မှတ်မှတ်ရရကျမရဲ့တခုတည်းသော သရဲခြောက်ခံလိုက်ရတဲ့အဖြစ်ပေါ့..
စာအရေးမတတ်လို့ဖတ်ရတာအဆင်မပြေရင်ခွင့်လွှတ်ကြပါရှင်!
သရဲ သဘက် ဘီလူး အစရှိသော - ပေတလောကသားများအကြောင်း

အမျိုးသမီးတဦး လက်ထိတ်တန်းလန်းဖြင့် သေဆုံးမှုကြောင့် ဖမ်းထားသည့် ရဲ ၄ ဦးကို ပြန်လွှတ်ပေးပြီ
မသန်းသန်းအေး ဈာပန မြင်ကွင်း (ဓာတ်ပုံ – ဧရာဝတီ)
ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့အနီးရှိ င၀န်မြစ်အတွင်း၌ လက်ထိတ် သုံးစုံ ခတ်လျှက်သား အနေအထားဖြင့် ရေနစ်သေဆုံးခဲ့သူ မသန်းသန်းအေးအမှုနှင့် ပတ်သက်၍ ဖမ်းဆီးထားသည့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် ၅ ဦး အနက် ၄ ဦးကို ရာထူးတဆင့်လျှော့၊ ပြစ်ဒဏ်ချ၍ အချုပ်မှ ပြန်လွှတ်ပေးခဲ့ကြောင်း သတင်းရရှိသည်။
လိန်ကုန်း ကျေးရွာအုပ်စု သပြေပင်ကျေးရွာနေ ဦးအုန်းသန်း၊ ဒေါ်မြင့်မြင့်သန်းတို့ နေအိမ်မှ ရွှေ ၁၀ ကျပ်သား ပျောက်ဆုံးမှုနှင့် ပတ်သတ်၍ သံသယတရားခံ အဖြစ် ဖမ်းဆီးပြီး အမှုစစ်ဆေးနေစဉ် လက်ထိတ်တန်းလန်းဖြင့် ရေထဲခုန်ချပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်ခဲ့သူ မသန်းသန်းအေးအတွက် တာဝန်ရှိသည့် တပ်ကြပ်ကြီး ကြည်လင်း၊ တပ်ကြပ် နေထွန်း၊ တပ်ကြပ်
ကျော်လင်းနိုင်နှင့် ဒု တပ်ကြပ် ဇော်မင်းထွန်းတို့အား ရာထူးတဆင့်စီ လျှော့ချ၍ ယခုလ ၅ ရက်နေ့က ပြန်လွှတ်ပေးခဲ့ပြီး လက်ရှိတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့တွင် တာဝန် ပြန်လည်ထမ်းဆောင် နေပြီဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ထိပ်တန်း အရာရှိတဦးက ဧရာဝတီကို ပြောသည်။
“မသန်းသန်းအေး သေတဲ့ကိစ္စနဲ့ ပတ်သတ်လို့ ၄ ယောက်တော့ အမိန့်ချပြီးပြီ။ တပ်ကြပ်ကြီး ကြည်လင်းကို တပ်ကြပ် လုပ်ပစ်လိုက်တယ်။ တပ်ကြပ် နေထွန်းနဲ့ တပ်ကြပ် ကျော်လင်းနိုင်ကို ဒုတပ်ကြပ်အဆင့်ကို လျှော့ပစ်လိုက်တယ်။ ဒုတပ်ကြပ်
ဇင်မင်းထွန်းကို ရဲတပ်သားအဖြစ် လျှော့ပစ်လိုက်တယ်။ ရာထူးလျှော့တဲ့ အဆင့်ပေါ့။ အခုတော့ ပြန်ခန့်ထားပြီ။ တာဝန် ပြန် ထမ်းဆောင်နေပြီ” ဟု သူက ပြောသည်။
မသန်းသန်းအေး သေဆုံးမှုနှင့် ပတ်သက်၍ ပုသိမ်မြို့တဘက်ကမ်း သင်္ဘောကျင်း ရဲစခန်းမှ ဒု ရဲအုပ် တဦးအပါအ၀င် ရဲတပ်ဖွဲ့ဝင် ၅ ဦးအား ပြီးခဲ့သည့်ဇွန်လ ၂၀ ရက်နေ့က ဧရာဝတီတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူး အစီအစဉ်ဖြင့် ဖမ်းဆီး ချုပ်နှောင်ထားခြင်း ဖြစ်ပြီး အချိန် ၄ လကျော် အကြာတွင် မြန်မာနိုင်ငံ ရဲချုပ်က အမိန့်ချခဲ့ခြင်း ဖြစ်သည်။
သင်္ဘောကျင်း စခန်းမှူး ရဲအုပ်ကြည်လင်းကိုမူ “လက်အောက် ငယ်သားများအား ကောင်းမွန်စွာ မကွပ်ကဲသည့် အတွက်
ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း” မြန်မာနိုင်ငံ ရဲချုပ်၏ အမိန့်စာတွင် ဖော်ပြထားသည်။
မသန်းသန်းအေး သေဆုံးမှုတွင် အဓိကတာဝန်ရှိသူ အဖွဲ့ခေါင်းဆောင်နှင့် အမှုစစ်ဖြစ်သူ ဒူရဲအုပ် နိုင်အောင်ကျော်ကိုမူ
ရဲတရားရုံးဖြင့် စစ်ဆေးပြီးစီးသွားပြီ ဖြစ်ပြီး ရဲချုပ်အမိန့်ကို စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်း၊ ၎င်းမှာ အရာရှိဖြစ်နေသဖြင့် ရဲစည်းကမ်းအရ တခြားအဆင့်များနှင့် ရောနှော အမိန့်ချ၍ မရသည့်အတွက် သီးသန့် အမိန့်ချမည် ဖြစ်ကြောင်း တိုင်း ရဲတပ်ဖွဲ့မှူး ရုံးမှ အရာရှိက ပြောသည်။
လက်ထိတ် နောက်ပြန်ခတ်လျှက် အနေအထားဖြင့် သေဆုံးခဲ့သူ မသန်းသန်းအေးမှာ ပုသိမ်မြို့နယ် လက်ပံကျေးရွာတွင် ခင်ပွန်းဖြစ်သူ ကိုနန်းဝင်းနှင့်အတူ နေထိုင်သူဖြစ်သည် ရွှေပျောက်မှုနှင့် ပတ်သက်၍ ခင်ပွန်းဖြစ်သူကို သင်္ဘောကျင်း ရဲစခန်းမှ ဒုရဲအုပ် နိုင်အောင်ကျော် ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ပြီးနောက် ဇွန်လ ၁၁ ရက်နေ့တွင် မသန်းသန်းအေးအား သံသယ တရားခံအဖြစ် ဆက်လက် ဖမ်းဆီးခဲ့သည်။
ရဲများက မသန်းသန်းအေးကို ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံး (မြက်တိုစခန်း)၊ အမှတ် – ၁ (အသည်ကြီးစခန်း) နှင့် ပုသိမ်တဘက်ကမ်း သင်္ဘောကျင်း ရဲစခန်းတို့တွင် ဇွန်လ ၁၁ ရက်နေ့မှ ၁၇ ရက်နေ့အထိ ချုပ်နှောင် စစ်ဆေးခဲ့ပြီး ဇွန်လ ၁၇ ရက်နေ့ ညပိုင်းတွင် တာဝန်ရှိသူရဲများ စောင့်ကြပ်နေသည့် ကြားမှ ရေနစ် သေဆုံးခဲ့ခြင်းဖြစ်သည်။
သပြေပင် ကျေးရွာသို့ သက်သေခံ ရွှေထည်ပစ္စည်းများ လိုက်လံပြသပြီး အပြန် ပုသိမ်မြို့ ကြက်တန်း ကူးတို့ဆိပ် အနီးတွင် ရဲများရှေ့၌ပင် လက်ထိတ်တန်းလန်းဖြင့် ရေထဲသို့ ခုန်ချသွားခြင်း ဖြစ်ကြောင်း လှေပေါ်တွင် အတူစီးနင်း လိုက်ပါခဲ့သူ မျက်မြင်သက်သေ များက ဆိုသည်။
မသန်းသန်းအေးအား ဖမ်းဆီးထားစဉ် ကာလအတွင်း အမှုနှင့် ပတ်သက်၍ ရဲများက နှိပ်စက် ညှဉ်းပန်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ ရေနစ်သေဆုံးမှုအား သက်ဆိုင်ရာ ရဲစခန်းမှ မိဘဆွေမျိုးများထံ အကြောင်းမကြားဘဲ ထိန်ချိန်ထားခဲ့ကြောင်း၊ ခင်ပွန်းဖြစ်သူ ကိုနန်းဝင်းကိုလည်း ခိုးမှုကို ၀န်ခံစေရန် ရဲများက ရိုက်နှက်ခြင်း၊ နှိပ်စက်ညှဉ်းပန်းခြင်းများ ပြုလုပ်ခဲ့ကြောင်း မိသားစုဝင်များက ပြောသည်။
“နန်းဝင်းကို ထုပ်တန်းမှာ တွဲလောင်းချည်ပြီး ကန်ကျောက်၊ ရိုက်နှက်တာတွေ လုပ်တော့ အခု သူ့မှာ ရင်ဘတ်တွေ၊ ကျောတွေ အောင့်တယ်။ အသက်ရှူမ၀တာတွေ ခံစားနေရတယ်လို့ ပြောတယ်။ အဒေါ်တို့လည်း ထောင်ဝင်စာ တွေ့တဲ့အချိန် ဆေးလုံး လေးတွေလောက်ပဲ ပေးနိုင်တယ်။ လိမ်းဆေး ပုလင်းတွေ ဘာတွေ ပေးလို့မရဘူး။ ထောင်ဆရာဝန်နဲ့ ပြတော့လည်း
အဆင် မပြေဘူး ပြောတယ်” ဟု ကိုနန်းဝင်း၏မိခင် ဒေါ်စန်းရီက ပြောသည်။
ကိုနန်းဝင်းအား အချုပ်ခန်းထဲတွင် နှိပ်စက်သူများအနက် သင်္ဘောကျင်း စခန်းမှူး ရဲအုပ်ကြည်လင်း ကိုယ်တိုင် ပါဝင် သော်လည်း ၎င်းအား တစုံတရာ အရေးယူမှုမရှိသည့် အပေါ် ကျေနပ်မှုမရှိကြောင်း၊ ကျူးလွန်ခဲ့သည့် ပြစ်ဒဏ်အရ ဥပဒေအတိုင်း အရေးယူ ပေးစေလိုကြောင်း ဒေါ်စန်းရီက ဆက်ပြောသည်။
လက်ရှိတွင် ကိုနန်းဝင်းမှာ ပုသိမ်ထောင်၌ ချုပ်နှောင်ခံနေရပြီး ပုသိမ်မြို့နယ်တရားရုံးတွင် အမှုရင်ဆိုင် နေရသည်။
ရွှေပျောက်မှုနှင့် ပတ်သက်၍ အဓိက သက်သေခံ ပစ္စည်းများဖြစ်သည့် ရွှေထည်များကို ယနေ့တိုင် ရှာဖွေတွေ့ရှိခြင်း မရှိသေးသည့် အတွက် တရားရုံးတော်သို့ တင်သွင်းနိုင်ခြင်း မရှိသေးပေ။
မသန်းသန်းအေး မသေဆုံးမီ ဇွန်လ ၁၇ ရက်နေ့ နေ့လယ်ပိုင်းက ဒုရဲအုပ် နိုင်အောင်ကျော် ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင် များသည် မသန်းသန်းအေးကို သပြေပင် ကျေးရွာသို့ ခေါ်ဆောင်သွားပြီး သက်သေခံ ပစ္စည်းများ ထားသည့်နေရာကို
ပြသခိုင်း၍ ရှာဖွေသော်လည်း မည်သည့် ရွှေထည်ပစ္စည်းမှ မတွေ့ခဲ့ရကြောင်း သိရသည်။
ရွှေထည်များအား ခိုးယူပါသည်ဟု ကိုနန်းဝင်းက ရဲစခန်း၌ ၀န်ခံထားသော်လည်း ယင်းမှာ ရဲများ၏ ရိုက်နှက် နှိပ်စက်မှု များကြောင့် ၀န်ခံခဲ့ရခြင်း ဖြစ်ကြောင်း မိသားစုဝင်များက ပြောသည်။ ကိုနန်းဝင်းကို ယခုလ ၁၄ ရက်နေ့တွင် ပုသိမ်မြို့နယ် တရားရုံး၌ ရုံးထုတ် စစ်ဆေးမည် ဖြစ်သည်။
ဧရာဝတီ
Sunday, November 10, 2013
မိုးပျံပူဖောင်းဖြင့် မြောက်ကိုရီးယားသို့ သမ္မာ ကျမ်းစာအုပ်များ ချပေး
ခရစ်ယာန် သင်းအုပ်ဆရာတော်ဖိုလီးနှင့် ကိုလိုရာဒိုအခြေစိုက်အဖွဲ Seoul USA သည် လွန်ခဲ့သည့်ခုနစ်နှစ် ကတည်းက ပေ၄ဝရှည်သော မိုး ပျံပူဖောင်းများနှင့် သမ္မာကျမ်းစာ အုပ်များကို သယ်ဆောင်စေလျက် မြောက်ကိုရီးယားနိုင်ငံအတွင်းသို့ ချပေးနေခဲ့သည်။ မြောက်ကိုရီး ယားတွင် ခရစ်ယာဉ်ဘာသာကို ပိတ်ပင် ထားသည်။
လွန်ခဲ့သည့်နှစ်က ၎င်းတို့ သည် မြောက်ကိုရီးယားနိုင်ငံအ တွင်း ခန့်မှန်းခြေသမ္မာကျမ်းစာ အုပ်၅၀၀၀ဝခန့် ချပေးခဲ့သည်။ တရားမဝင်သော်လည်း မြောက် ကိုရီးယားတွင် ခရစ်ယာန်ဘာသာ ဝင် ၁၀၀၀၀ဝ ခန့်ရှိ မည်ဟု ဖိုလီးက ခန့်မှန်းထားသည်။ ၎င်းတို့အ နက် ၃၀၀၀ဝမှာ ထိန်းသိမ်းရေး စခန်း၌ ရောက်ရှိနေပြီး အလုပ် အလွန်အကျွံလုပ်ရခြင်း၊ ငတ် မွတ်ခြင်း၊ နှိပ်စက်ခံရခြင်းနှင့် သတ်ဖြတ်ခံရခြင်းတို့ပင် ခံရသည် ဟုသိရ သည်။ ''သူတို့ဟာ ကမ္ဘာ ပေါ်မှာ နှိပ်စက်အခံရဆုံး ယုံ ကြည်ကိုးကွယ်သူတွေပါ''ဟု ၎င်း ကFox News သို့ ပြောကြားခဲ့သည်။
မြောက်ကိုရီးယားနိုင်ငံ သားများသည် ဂျူချီဝါဒကို စွဲ မြဲလိုက်နာရန် ဖိအားပေးခံနေရ သည်။ ၎င်းဝါဒမှာ မာ့က်စ်ဝါဒ နှင့် မြောက်ကိုရီးယားတည် ထောင်သူ ကင်အီဆွန်းနှင့် ၎င်း၏ အဆက်အနွယ်များကို ကိုးကွယ် မှုရောနှောထားသော ဝါဒဖြစ်သည်။ကျေးလက်ဒေသမှ ပြည်သူ များအနေဖြင့် သမ္မာကျမ်းစာအုပ် များကို မသိမသာကောက်ယူလိမ့် မည်ဟုဆိုသည့် မျှော်လင့်ချက်ဖြင့် သင်းအုပ်ဆရာ ဖိုလီးနှင့် ၎င်း၏အဖွဲ့က မြောက်ကိုရီးယားနိုင်ငံ အတွင်း သမ္မာကျမ်းစာအုပ်များ ချပေးနေခြင်းဖြစ်သည်။
မြောက်ကိုရီးယားတွင် သမ္မာကျမ်းစာအုပ်တစ်အုပ်ပိုင် ဆိုင်ခြင်းသည် ပြစ်မှုတစ်ခုဖြစ် သည်။ ယင်းပြစ်မှုကို ကျူးလွန် သူနှင့် ၎င်း၏မိသားစုမှ မျိုးဆက် သုံးဆက်ကို အကျဉ်းစခန်းသို့ပို့ ကြောင်း သိရသည်။
Yangon Media Group
Subscribe to:
Posts (Atom)