Sunday, December 1, 2013

ကလပ်မှအပြန် နိုင်ငံခြားသား မောင်းလာသည့် ပို့ဆောင်ရေးဝန်ကြီး၏ ကားဖြင့် တိုက်မိ၍ လူနှစ်ဦး သေဆုံး



ဒဂုံမြို့နယ် မြို့မကျောင်းလမ်းပေါ် သာသနရံသီ သိမ်ကျောင်း အနီးတွင် နိုဝင်ဘာလ ၃၀ ရက် နံနက် ၁ နာရီ ၃၀ မိနစ်ခန့်က ပိုင်အိုးနီးယား ကလပ်မှ ပြန်လာသည့် စင်ကာပူနိုင်ငံသား မောင်းနှင်လာသော ပို့ဆောင်ရေးဝန်ကြီး၏ ဌာနပိုင် ဝန်ကြီးနေအိမ်သုံး မော်တော်ယာဉ် (ပါဂျဲရိုးယာဉ်) နှင့် စက်ဘီးတစ်စီးတို့ မျက်နှာချင်းဆိုင် တိုက်မိရာမှ စက်ဘီး စီးနင်းလာသော အမျိုးသားနှစ်ဦး သေဆုံးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

ယာဉ်တိုက်မှု ဖြစ်ပွားသော အဆိုပါယာဉ် (ပါဂျဲရိုး) မှာ မြို့မကျောင်းလမ်းပေါ်တွင် အရှိန်မထိန်းနိုင် ဖြစ်ရာမှ တစ်ဖက်ယာဉ်ကြောသို့ ရောက်ရှိသွားပြီး အမျိုးသားနှစ်ဦး စီးနင်းလာသော စက်ဘီးကို မျက်နှာချင်းဆိုင် ဝင်တိုက်မိခဲ့ကာ မောင်းနှင် ထွက်ပြေးခဲ့ကြောင်း၊ ယာဉ်တိုက်ခံရ၍ စက်ဘီးနောက်ခုံ တွင် လိုက်ပါလာသော အသက် ၂၆ နှစ်အရွယ် ကိုနိုင်လင်း၏ ဆီးခုံကွဲကာ နေရာတွင် သေဆုံးခဲ့ပြီး စက်ဘီးနင်းလာသူ စည်သူမင်း (ခ) ကိုပိုင်မှာ ညာဘက်ဦးခေါင်း ဖူးရောင်ဒဏ်ရာ ရရှိခဲ့ပြီး ဆေးရုံသို့ တင်ပို့စဉ် လမ်းခုလတ်၌ သေဆုံး ခဲ့ကြောင်း မျက်မြင် တွေ့ရှိသူ အသက် ၃၂ နှစ်အရွယ် ကိုစိုးမိုးကျော် က ပြောကြားသည်။

ယာဉ်တိုက်မှု ဖြစ်စဉ် သေဆုံးသူ အမျိုးသားနှစ်ဦးနှင့်အတူ အခြားစက်ဘီး တစ်စင်းဖြင့် လိုက်ပါလာသူ ယဉ်ကျေးမှု လိုင်းခန်းမှ အသက် ၃၂ နှစ်အရွယ် ကိုစိုးမိုးကျော်က ယာဉ်နံပါတ်ကို မှတ်မိသောကြောင့် ယာဉ်ထိန်းတပ်ဖွဲ့စုမှ ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနသို့ ဆက်သွယ် စုံစမ်းခဲ့ရာမှ ပို့ဆောင်ရေးဝန်ကြီး ဌာနပိုင် မော်တော်ယာဉ် ဖြစ်ကြောင်း သိရှိရသည်ဟု ဒဂုံမြို့နယ် ယာဉ်ထိန်း တပ်ဖွဲ့စု-၂၁ မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ပို့ဆောင်ရေးဝန်ကြီးဌာနပိုင် မော်တော်ယာဉ် ဖြစ်ကြောင်း စုံစမ်းသိရှိခဲ့ရာမှ မြန်မာ့လေကြောင်း ဦးဆောင်ညွှန်ကြားရေးမှူးရုံးမှ တစ်ဆင့်ဆက်သွယ် မေးမြန်းခဲ့ရာ အဆိုပါယာဉ်မှာ ဝန်ကြီး ဦးဉာဏ်ထွန်းအောင်၏ နေအိမ်သုံး မော်တော်ယာဉ် ဖြစ်ကြောင်း၊ နိုဝင်ဘာလ ၂၉ ရက် နံနက်က ဝန်ကြီး၏ သားဖြစ်သူ (ယူနစ်မရင်းဆားဗစ် ကုမ္ပဏီ ဒါရိုက်တာ) က ၎င်းကုမ္ပဏီ၏ အကြံပေးအရာရှိ စင်ကာပူ နိုင်ငံသား Mr. Jonathan Sivapuniam ကို ယင်းနေ့တွင် ငှားရမ်းခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

စင်ကာပူနိုင်ငံသား Mr. Jonathan Sivapuniam သည် ယူနစ်မရင်းဆားဗစ် ကုမ္ပဏီတွင် အကြံပေးအရာရှိအဖြစ် သုံးနှစ်ခန့် လုပ်ကိုင်လျက် ရှိကြောင်း၊ ယင်းနေ့က ရုံးလုပ်ငန်းအတွက် အသုံးပြုရန် တက္ကသိုလ်ရိပ်သာလမ်းရှိ ကုမ္ပဏီ ဒါရိုက်တာ၏ နေအိမ်မှ မော်တော်ယာဉ် ငှားရမ်းခဲ့ပြီး သန်လျင်မြို့နယ်ရှိ MITT ဆိပ်ကမ်းနှင့် ပဲခူးမြို့နယ် ညောင်အင်း ကျေးရွာရှိ ဘီယာစက်ရုံ တည်ဆောက်မည့် နေရာများကို သွားရောက် ကြည့်ရှုခဲ့ကြောင်း၊ ယင်းည ၁၁ နာရီ ၃၀ မိနစ်ခန့်က အလုံလမ်းပေါ်ရှိ Pioneer Club သို့ ဝင်ရောက်ခဲ့ပြီး ဗိုလ်မြတ်ထွန်းလမ်းရှိ တည်းခိုရာ ဟိုတယ်သို့ အပြန် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါရုံးထံမှ သိရှိရသည်။

ယာဉ်တိုက်မှု ဖြစ်ပွားစဉ် ပါဂျဲရိုးယာဉ်မှာ မောင်းနှင် ထွက်ပြေးခဲ့သော်လည်း ယာဉ်နှင့် စက်ဘီးတိုက်မိစဉ်က ကျိုး၍ ပြုတ်ကျခဲ့သော အင်ဂျင်စက်ဖုံး လေဝင်ပေါက် အပိုင်းအစနှင့် မျက်မြင် တွေ့ရှိသူ၏ ထွက်ဆိုချက်များကို နိုဝင်ဘာလ ၃၀ ရက် နံနက် ၉ နာရီခန့်က ယာဉ်ထိန်း တပ်ဖွဲ့ဝင် များက သက်သေများနှင့်အတူ တိုက်ဆိုင် စစ်ဆေးခဲ့ရာမှ အမှုမှန် ဖော်ထုတ်နိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရှိရသည်။

ယာဉ်မဆင်မခြင် မောင်းနှင်သော စင်ကာပူ နိုင်ငံသားကို ဖမ်းဆီးခဲ့ပြီး သက်သေခံယာဉ်ကို သိမ်းဆည်းခဲ့ကာ ဒဂုံမြို့နယ်မြို့မ ရဲစခန်းမှ ယာဉ် (ပ) ၄၃/၁၃၊ ပြစ်မှု ပုဒ်မ ၃၀၄/က/၂၀၂ ဖြင့် အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း ဒဂုံမြို့နယ် ယာဉ်ထိန်းတပ်ဖွဲ့စု-၂၁ ထံမှ သိရှိရသည်။

The Voice Weekly

ရုပ်ရှင်သရုပ်ဆောင် န၀ရတ် နှင့် ဗိုလ်ချုပ် သားများ ၊ ခရိုနီများအရှုပ်တော်ပုံ



၂၀၀၈ ခုနှစ် သင်္ကြန်မှာ တရားခံတစ်ယောက်ကို စတင်ဖမ်းမိပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာတော့ ၂၀၀၈ ခုနှစ် နှစ်လည်ပိုင်းလောက်မှာ ဖြစ်ပါတယ်။ ဒီတော့ အပိုင်း-၁ ကို မဖတ်မိသူတွေအနေနဲ့ လက်ရှိဖြစ်နေတဲ့ကိစ္စလို့ ထင်နေကြလို့ပါ။ သတိထားကြည့်မယ်ဆိုရင် အစစ်ခံချက်တွေရဲ့ ခေါင်းစဉ်တွေမှာလည်း စစ်ဆေးတဲ့နေ့စွဲတွေကို ပူးတွဲဖော်ပြ ထားတာကို တွေ့နိုင်ပါတယ်။

ဒီဖိုင်တွေကို ကျွန်တော့် ကွန်ပျူတာထဲမှာ သိမ်းထားခဲ့တာ လေးနှစ်ကျော် ငါးနှစ်လောက် ရှိပါပြီ။ ဖေ့စ်ဘုတ်မှာ ဖော်ပြဖို့လည်း မကြာခဏစဉ်းစားဖူးပါတယ်။ ဒါပေမဲ့ ဖိုင်တွေရဲ့ မူလဖောင့်က Win Researcher ဖောင့်တွေဖြစ်နေတာမို့ လက်လျှော့ခဲ့တာပါ။ ဒီအတိုင်းပဲထားရင် ဒိတ်အောက်ကုန်မယ်လို့ စဉ်းစားမိတာမို့ တပည့်တစ်ယောက်ကို အကူအညီတောင်း Zawgyi ဖောင့်ပြောင်းခိုင်းပြီးလို့ ဒီစာတွေ ဖေ့စ်ဘုတ်ပေါ် တင်ဖြစ်တာပါ။

ဒီအမှုတွဲထဲမှာ နာမည်ကြီးအနုပညာရှင်တွေအတော်များများနဲ့ အောင်ဇော်ရဲမြင့်၊ ကျော်စွာမြင့်၊ စည်သူသာအေးတို့လို စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ သားသမီးတွေ၊ ဆွေမျိုးသားချင်းတွေ ပါဝင်ပတ်သတ်နေပါတယ်။ အဲ့သလို တရားဥပဒေရဲ့အထက်မှာ ရှိနေသူများ ပါဝင်ပတ်သတ်နေတာကြောင့် ဒီအမှုတွဲထဲမှာပါတဲ့ တရားခံအားလုံးလိုလို အပြစ်ပေး အရေးယူခြင်း မခံခဲ့ရပါဘူး။- မိုးဇေညိမ်း)

စံပယ်ကိုကို (ခ) မဇာဇာသိမ့် (ခ) နဝရတ်၏ အစစ်ခံချက် ( ၂၈-၅-၂ဝဝ၈ ရက်နေ့)

၁။ အမည် - စံပယ်ကိုကို (ခ) မဇာဇာသိမ့် (ခ) နဝရတ်
၂။ အသက် - (၃ဝ)နှစ်၊ ၆-၉-၇၇
၃။ မှတ်ပုံတင်အမှတ် - ၁၂/အစန (နိုင်) ၁၇၁၁၂ဝ
၎။ အဘအမည်/ - ဗိုလ်မှူးကြီးကိုကို ( အငြိမ်းစား)
နေရပ် - သီရိဂုဏ်အိမ်ရာ၊ ဝေဇယန္တာလမ်း၊ သင်္ဃန်းကျွန်း
၅။ အမိအမည် - ဒေါ်အေးအေးမြင့် (ဘ) ဦးမောင်ရီ၊ ၅၄ နှစ်
နေရပ် - မ/၃၃၃၊ဗိုလ်ဥာဏလမ်း၊ (ရ) မိုင်
၆။ လူမျိုး/ဘာသာ - ဗမာ/ဗုဒ္ဓ
၇။ လက်ရှိနေရပ်လိပ်စာ - သီရိဂုဏ်အိမ်ရာ၊ ဝေဇယန္တာလမ်း၊ သင်္ဃန်းကျွန်း
၈။ မွေးရပ်ဇာတိ - ရန်ကုန်မြို့
၉။ ပညာအရည်အချင်း - ၁ဝ တန်း
၁ဝ။ အလုပ်အကိုင် - ရုပ်ရှင်သရုပ်ဆောင်
၁၁။ ဇနီး / ခင်ပွန်း - မရှိပါ။
၁၂။ မွေးချင်းညီအစ်ကိုမောင်နှမများ - (၁)မသဇင်ကိုကို (အစ်မ)
၁၃။ သား/သမီးများ - မရှိပါ
၁၄။ စစ်ဆေးသောနေ့ရက်/နေရာ - ၂၈-၅-၂ဝဝ၈/ ဝ၁၃ဝ
၁၅။ ကိုယ်ပုံသဏ္ဍာန် - အရပ် ၅ ပေ ၄ လက်မ၊ မျက်နှာသွယ်၊ နှုတ်ခမ်းပါး၊ နှာတံပေါ်စင်း၊ မျက်ခုံးတို

ကိုယ်ရေးရာဇဝင်အကျဉ်း

ကျွန်မအား အထက်ပါမိဘနှစ်ပါးမှ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ၃၆ လမ်းတွင် မွေးဖွားခဲ့ပြီးနောက်၊ အသက် ၁၁ နှစ်အရွယ်တွင် မရမ်းကုန်းမြို့နယ်၊ ၇မိုင်ခွဲ၊ တေးနုယဉ်လမ်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့ပါသည်။ ထိုနေရာတွင် ၂/၃ နှစ်ခန့်နေထိုင်ပြီး မရမ်းကုန်းမြို့နယ်၊ ၉ မိုင်၊ ဗိုလ်ညဏလမ်း၊ အမှတ် ၃၃၃ သို့ ပြောင်းရွှေ့ နေထိုင်ခဲ့ပါသည်။ ယခုလက်ရှိအိမ်တွင် မိခင်ဖြစ်သူနေထိုင်လျက်ရှိပါသည်။

ကျွန်မသည် အ မ က (၆) ကျောက်တံတားတွင် မူလတန်းပညာကို သင်ကြားခဲ့ပြီး အ ထ က (၂) ကမာရွတ်၊ အင်းစိန်စော်ဘွားကြီးကုန်းရှိ အ ထ က ကျောင်း၊ မင်္ဂလာဒုံမြို့နယ် အောင်ဆန်းသူရိယလှသောင်းကျောင်း၊ အ ထ က (၂) စမ်းချောင်းတို့တွင် ပညာသင်ကြားခဲ့ပြီး (၁ဝ) တန်းထိ ပညာသင်ကြားခဲ့ပါသည်။ ၁ဝ တန်းကို အောင်သည်အထိ ပညာသင်ကြားခြင်းမရှိတော့ပါ။

မှုခင်းပိုင်းဆိုင်ရာထွက်ဆိုချက်

လွန်ခဲ့သည့်နှစ်နှစ်ကျော်ခန့်တွင် ရုပ်ရှင်သရုပ်ဆောင်ချောရတနာ မိတ်ဆက်ပေးသည့် အတွက် အောင်ဇော်ရဲမြင့်နှင့် စတင်သိကျွမ်းခဲ့ပါသည်။ ထိုအချိန်က ကျွန်မမှာလည်း ချစ်သူရည်းစားရှိခဲ့သည့်အတွက် အသိအကျွမ်းအနေဖြင့်သာ သိရှိခဲ့ပါသည်။၂ဝဝ၇ခုနှစ်၊အောက်တိုဘာလ၊နိုဝင်ဘာလခန့်တွင် အောင်ဇော်ရဲမြင့်မှ ဖုန်းဆက်သွယ်လာပြီး ၄င်းမှာဇနီးဖြစ်သူအေးမြအောင်နှင့်တရားဝင်ကွာရှင်းတော့မည် ဖြစ်ကြောင်းကို ဖုန်းဖြင့်ဆက်သွယ်ပြောကြားခဲ့ပါသည်။ ကျွန်မမှ အောင်ဇော်ရဲမြင့်မှာ အေးမြအောင်နှင့် လက်ထပ်သွားသည့်ကို မသိလိုက်ခဲ့ပါ။ ယခုကွာရှင်းတော့မည် ဖြစ်ကြောင်းသိသည့်အခါ သူ့ကိုအားပေးစကား ပြောကြားပြီး ဆက်သွယ်မှု ရှိလာခဲ့ပါသည်။ အောင်ဇော်ရဲမြင့်လက်ထပ်သည့်နေ့မှာ သူ၏မွေးနေ့ဖြစ်သည့် မေလ ၁၃-ရက်နေ့တွင် အေးမြအောင်နှင့်လက်ထပ်ခဲ့ပြီး ၆လခန့်အကြာတွင် ကွာရှင်းခဲ့ခြင်းဖြစ်ပါသည်။ သူ့ဇနီး အေးမြအောင်နှင့် အဆိုတော်ရဲလေးတို့ တိတ်တဆိတ် ချစ်ကြိုက်နေကြောင်း သိရသဖြင့် ကွာရှင်းခဲ့ခြင်း ဖြစ်ကြောင်း ကြားသိရပါသည်။

အောင်ဇော်ရဲမြင့်နှင့်အေးမြအောင်တို့ ကွာရှင်းသည့်(၂ဝဝ၇ခုနှစ်၊အောက်တိုဘာလ၊နိုဝင်ဘာလခန့်) နေ့၌ပင် အောင်ဇော်ရဲမြင့်မှ ကျွန်မအားချစ်ခင်ကြောင်းပြော၍ ကမ်းလှမ်းခဲ့ပါသည်။နောက်ပိုင်းတွင် ကျွန်မနှင့်တွဲ၍ သွားလာမှုများရှိခဲ့ကာ ကန်တော်ကြီးဟိုတယ်၊ Pioneer CLUBနှင့် BME One CLUB တို့၌ သွားလာလေ့ ရှိပါသည်။

ရဲတံခွန်တာဝါတွင် နေထိုင်ခြင်း

လွန်ခဲ့သည့် (၃/၄)လခန့်မှစ၍ ကျွန်မသည် အောင်ဇော်ရဲမြင့်နေထိုင်သည့် ရဲတံခွန်တာဝါသို့လိုက်ပါ၍ နေထိုင်ခဲ့ပါသည်။ အောင်ဇော်ရဲမြင့်သည် CLUB များသို့သွားပြီးအပြန်တွင် သူငယ်ချင်းများမှာ အတွဲများဖြင့် လိုက်လာပြီး စုရုံး၍ စားသောက်နေထိုင်လေ့ရှိကြပါသည်။ ကျွန်မမှ ရဲတံခွန်တာဝါတွင် လိုက်ပါနေထိုင်သည်ကို ကျွန်မ၏ မိဘနှစ်ပါးမှသိရှိသကဲ့သို့ အောင်ဇော်ရဲမြင့်၏မိဘနှစ်ပါးကလည်း သိရှိပါသည်။ ကျွန်မမိဘများ အနေဖြင့် အောင်ဇော်ရဲမြင့်မှာ ဆိုးသွမ်းသည်ဟုသတင်းကြားသည့်အတွက် သဘောမတူကြပါ။ အောင်ဇော်ရဲမြင့်၏မိဘများဘက်မှ မည်သို့မျှ မပြောပါ။

ကျွန်မရဲတံခွန်တာဝါသို့ရောက်ရှိနေထိုင်ပြီးနောက်ပိုင်း အောင်ဇော်ရဲမြင့် ထံသို့လာရောက်တတ်သူများမှာ ဂန္တဝင်နှင့်၎င်း၏ ညီမဝမ်းကွဲ မငယ် (M-၃ အဆိုတော်)၊ ပြည့်ဖူးခိုင်နှင့် ၄င်း၏ရည်းစား Pioneer Club DJ ဝင်းအောင်၊ သင်ဇာဝင့်ကျော်နှင့် ၄င်း၏ရည်းစား စည်သူမိုးမြင့်၊ မင်းနိုင်နှင့်၎င်း၏တူ ကျော်သူဝင်းတို့မှာ ကလပ်တွင် တွေ့ဆုံကြ ပြီးနောက် ၄င်းတို့၏ကားများဖြင့် ရဲတံခွန်တာဝါသို့ လိုက်လာခဲ့ပါသည်။ ထို့နောက် DJ အခန်း(TV ကြည့်နေသည့်အခန်း) ထဲသို့ ဝင်ရောက်ကာ Ecstasy ဆေးပြားများသုံး၍ ကကြပါသည်။

ကျွန်မနှင့် အောင်ဇော်ရဲမြင့် မတွဲမီက အောင်ဇော်ရဲမြင့်နှင့်ဂန္တဝင်တို့ ရည်းစားအဖြစ် တွဲခဲ့ပါသည်။ ယခုကျွန်မနှင့် တွဲနေသည့်ကာလအတွင်း ကျွန်မနှင့် အောင်ဇော်ရဲမြင့်တို့ အဆင်မပြေရန်ဖြစ်၍ ကျွန်မ၏ မိခင်ရှိသည့် မရမ်းကုန်း ၊ ဗိုလ်ညဏလမ်း၊ အမှတ် ၃၃ရှိနေအိမ် သို့ပြန်ခဲ့ပါသည်။ ထိုအချိန်အတွင်း ဂန္တဝင်၊ ပြည့်ဖူးခိုင်နှင့် နိုင်လင်း၊ ကျော်သူဝင်း၊ မင်းနိုင်တို့အုပ်စု ရဲတံခွန်တာဝါရှိ အောင်ဇော်ရဲမြင့်နေအိမ်သို့ ကလပ်မှအပြန်တွင် လိုက်လာကြပါသည်။ ကျော်သူဝင်းနှင့် အောင်ဇော်ရဲမြင့်တို့ မပြေလည်သည့်ကိစ္စကို လိုက်ပါတောင်းပန်ကြခြင်း ဖြစ်ပါသည်။ ၄င်းတို့အုပ်စုထဲမှာ M-3 မှ အဆိုတော် မငယ်ဆိုသူမှာ အောက်တိုဘာလခန့် တွင် ရဲတံခွန်တာဝါသို့ ရောက်ရှိလာပြီး ညအိပ်ခဲ့ကြောင်း နံနက်မိုးလင်းသည့်အခါ ကျော်သူဝင်း၊ ပြည့်ဖူးခိုင်၊ နိုင်လင်းတို့မှ လာရောက်၍ ကြိုသွားကြောင်း၊ နောက်တစ်နေ့တွင် ဂန္တဝင် တစ်ယောက်တည်း ရောက်လာပြီး မငယ်အား ယမန်နေ့က မည်သည့်အတွက် ခေါ်သွားကြောင်း မေးမြန်းသည်ကို သိရှိရပါသည်။

Ecstasy ဆေးပြားများသုံးစွဲဖူးခြင်း

ကျွန်မသည် အောင်ဇော်ရဲမြင့်နှင့် ရည်းစားမဖြစ်မီက ၂ဝဝ၇ ခုနှစ် စက်တင်ဘာ၊ အောက်တိုဘာလခန့်တွင် ရွှေကောင်းဟော့ပေါ့ ပိုင်ရှင် (တရုတ်မအမည်မသိ) ၄င်း၏ရည်းစား ဦးဖိုးဌေး၊ (အိုက်ဟောက်၏တပည့်၊ မန္တလေးမြို့သား) တို့နှင့်အတူ BME-1 တွင် တွေ့ဆုံလေ့ရှိပါသည်။ တွေ့ဆုံသည့်အခါများတွင် အိုက်ဟောက်၏ တပည့် ကိုဖိုးဌေးမှ ကျွန်မအပါအဝင် ရုပ်ရှင်မင်းသမီးများအား Ecstacsy ဆေးပြား ၁ ပြား/တစ်စိတ်စီ တိုက်လေ့ ရှိပါသည်။ ကိုကလပ်သည် အထူးသဖြင့် ရုပ်ရှင်မင်းသမီးများကို Ecstasy ဆေးပြား တစ်စိတ်စီကို တိုက်လေ့ ရှိပါသည်။ ကလပ်များသို့ ရုပ်ရှင်သရုပ်ဆောင်များလာပါက ကလပ်တွင် ဧည့်သည်စည်ကားစေရန်အတွက် ဆေးပြားများကို တိုက်ကျွေးခြင်းဖြစ်ပါသည်။

BME-1 မှ အထူးအခန်းများ

BME-1 တွင် အထူးအခန်းတွင် ထားလေ့ရှိပြီး ထိုအခန်းများသို့ အိုက်ဟောက်၊ တိုနီထွန်းထွန်းမှ ကိုဇော်ကြီး၊ J Donuts ကိုအေးဝင်း၊ ကိုသက်နိုင်၊ ကိုတေဇ၏တပည့် နားကွင်းသူရ၊ ယုံးဖူကော (ဖားကန့်တွင် ကျောက်လုပ်သူ) ပဲအရောင်းအဝယ်လုပ်သူ ကုလားလူမျိုး ဦးမြင့်သန်းတို့ လာရောက်လေ့ရှိပါသည်။ ၄င်းတို့နှင့် သိကျွမ်းသူ အမျိုးသမီးငယ် အဖော်များကို ခေါ်လာပြီး သီးသန့်ကခုန်ကြခြင်း ဖြစ်ပါသည်။ အိုက်ဟောက်မှ ရုပ်ရှင်သရုပ်ဆောင် မိုးဟေကို၊ ပပဝင်းခင်နှင့် ဇင်ဇင်ဇော်မြင့် တို့အား ခေါ်ယူ၍ ကခုန်ကြပြီး ထိုရုပ်ရှင် သရုပ်ဆောင်များကို ခေါ်ယူစဉ် အိုက်ဟောက်မှ ၅ သိန်းပေးပါသည်။ BME-1 ရှိ အထူးခန်းတွင် အိုက်ဟောက်၏ တပည့် ကိုဖိုးဌေးနှင့် လာရောက်သူ အမျိုးသမီးကလေးများ Ecstasy ဆေးပြား တစ်စိတ်စီကို တိုက်ကြောင်း၊ အလားတူ အပြင်ဘက်ရှိ ခန်းမတွင်လည်း လိုက်၍တိုက်ကြောင်း၊ ထို့အပြင် ထမင်းစားပန်းကန်ပေါ်တွင် K-Powder အမှုန့်များကို ထည့်ပေးထားပြီး နှစ်သက်သူ သုံးစွဲရန်တင်ပေးထားပါသည်။

အက်စ်ကားဘိတ်ဟိုတယ်သို့သွားရောက်ခြင်း
ကျွန်မသည် ၂ဝဝ၇-ခုနှစ် စက်တင်္ဘာလခန့်တွင် ကိုဖိုးဌေး၊ ကိုဖိုးဌေး၏ရည်းစားဖြစ်သူ မယမင်းတို့နှင့်အတူ ကမာရွတ်၊လှည်းတန်းလမ်းမကြီးပေါ်ရှိ အက်စ်ကားဘိတ် ဟိုတယ်သို့သွားရောက်ခဲ့ပါသည်၊ဟိုတယ်တွင် J Donuts ကိုအေးဝင်းမှ BME-1 မှ DJ ကိုပါခေါ်ပြီး ပါတီပွဲပြုလုပ်ခဲ့ပြီး ထိုနေ့က ကျွန်မနှင့်အတူ ကိုသက်နိုင်၊ နားကွင်းသူရ၊ တိုနီထွန်းထွန်းမှ ကိုဇော်ကြီး၊ယုံဖူကော (ကိုတေဇနှင့်တွဲနေကျအမျိုးသမီး) တို့ လာရောက်ကြပါသည်။ သီးသန့် ပါတီပွဲဖြစ်၍ လူသိများကိုသာဖိတ်ခြင်းဖြစ်ပါသည်၊ ထိုပါတီပွဲတွင်လည်း စိတ်ကြွဆေးပြားကို လူတိုင်းသို့တိုက်ပါသည်။

အောင်ဇော်ရဲမြင့်နှင့် WY အတူသုံးစွဲခြင်း

၂ဝဝ၇-ခုနှစ် နိုဝင်္ဘာလခန့်က အောင်ဇော်ရဲမြင့် နှင့်စတင်ချစ်ကြိုက်ခဲ့ပါသည်၊ ၄င်းနှင့်ချစ်ကြိုက်ပြီး WY ဆေးပြားကို အတူသုံးစွဲခဲ့ပါသည်၊အောင်ဇော်ရဲမြင့်နှင့် မကြိုက်ခင်(၂) လခန့်ကစ၍ ၄င်းဆေးပြားအား ဂန္တဝင်၊ မငယ်၊ကျော်သူဝင်း၊ကိုမင်းနိုင်၊ပြည့်ဖူးခိုင်၊နိုင်လင်း၊သင်ဇာဝင်ကျော် တို့နှင့်အတူ စတင်သုံးစွဲခဲ့ပါသည်။ ၄င်းတို့နှင့် အတူ Golden Hill တွင် (နိုက်ဆင်း)မရှိသည့်ရက်များတွင် သုံးစွဲခဲ့ဘူးပါသည်၊ ၄င်းနောက် နိုဝင်္ဘာလဆန်းတွင် ၄င်းအဖွဲ့နှင့်တွဲသည်ကို မိခင်မှမကြိုက်သဖြင့် မိသားစုအားလုံး(၉)ရက် တရားစခန်း ဝင်ချိန်တွင် လိုက်ပါဝင်ရန်ခေါ်သါားခဲ့ပါသည်၊ တရားစခန်းမှ ပြန်လာခဲ့ပြီးနောက်ပိုင်း နိုဝင်္ဘည(၁၃)ရက်နေ့တွင် အောင်ဇော်ရဲမြင့် မှကန်တော်ကြီး Lake View စားသောက်ဆိုင်တွင် ထမင်းဖိတ်ကျွေးပြီး၊ ၄င်းနေ့တွင် ချစ်ကြိုက်ခဲ့ပါသည်၊ ၄င်းနှင့်ချစ်ကြိုက်နေစဉ်အတွင်း ဂန္တဝင်တို့အဖွဲ့မှ မကြိုက်ရန်တားမြစ်ပြီး ၊အားလုံးမှ အဆက်အသွယ်ဖြတ်သွားကြပါသည်၊ တစ်ပါတ်ခန့်ကြာသောအခါမှ အောင်ဇော်ရဲမြင့်အား ပြန်လည်စကားပြော ကြပါသည်။

အောင်ဇော်ရဲမြင့်နှင့်ချစ်ကြိုက်ပြီး၊၄င်းမှ WY သုံးဘူးလားဟုမေးရာ ဂန္တဝင်တို့နှင့် သုံးဘူးကြောင်းပြောပြ ခဲ့ပါသည်။ ၄င်းနောက်ပိုင်းတွင် အောင်ဇော်ရဲမြင့်၏အိမ်တွင် ၂ဝဝ၇-ခုနှစ် နိုဝင်္ဘာလမှစ၍ နေ့စဉ် ရှူတင်သွားကာနီးတွင် ကျွန်မမှ (၂)လုံးသုံးစွဲပြီး အောင်ဇော်ရဲမြင့်မှ ဘယ်နှစ်လုံးသုံးသည်ကိုမသိရှိပါ၊ နိုက်ဆင်းရှိသည့်ရက်များတွင် အိမ်သို့ညနေ(၆)နာရီခန့်တွင် ပြန်လည်ရောက်ရှိပြီး၊ ညနေ ရှူတင်မသွားခင် (၆)နာရီခွဲခန့်တွင် (၂/၃)လုံးသုံးစွဲပြီးမှသွားပါသည်၊ နိုက်ဆင်းမရှိသည့်ရက်များတွင် မိဘအိမ်၊ စက်ချုပ်ဆိုင်၊ အလှပြင်ဆိုင် များသို့ အလှည့်ကျသွားပြီး မိဘအိမ်တွင် ပြန်အိပ်ပါသည်၊ တစ်ခါတစ်ရံ ကလပ်သို့ အောင်ဇော်ရဲမြင့်နှင့်အတူ သွားရောက်ခဲ့ပါသည်၊ တစ်ပါတ် (၃)ကြိမ်ခန့် ကလပ်သို့ရောက်ဖြစ်ပါသည်၊ ကလပ် တွင် ကိုမင်းနိုင်တို့ရှိသည့်နေ့၌ ကိုမင်းနိုင်တို့အဖွဲ့မှ အစ်မ ဘာ (ON) ထားလဲ၊ ရှိတယ် ယူမလား၊ သောက်မလားဟု အမြဲမေးတတ်ပါသည်။

အိမ်မှ ရှူတင်သွားပြီးအပြန် ကလပ်သို့ မငယ် တို့အုပ်စုနှင့်အတူသွား၍ က ပါသည်။ အောင်ဇော်ရဲမြင့်နှင့် စိတ်ဆိုးနေစဉ် မြဝတီနှစ်ပါတ်လည် ရိုက်စဉ် ၂ဝဝ၈-ခုနှစ် မတ်လ ခန့်ကတစ်ကြိမ်၊ ၂ဝဝ၈-ခုနှစ် ဧပြီလ သင်္ကြန်မတိုင်ခင် (၁၁)ရက်နေ့က တစ်ကြိမ် ကိုမင်းနိုင်တို့အဖွဲ့နှင့် ဘလေဇွန်တိုက်ခန်းတွင် ကလပ်မှအပြန် လိုက်ပါ၍ WYဆေးပြားများ သုံးစွဲခဲ့ပါသည်။ သင်္ကြန်အကြို (၁၂)ရက်နေ့တွင် အောင်ဇော်ရဲမြင့်မှ အတင်းလာခေါ်၍ ပြန်လိုက်သွားပြီး အကြတ်နေ့တွင် စတားကလပ် မဏ္ဍပ်သို့ ကေခိုင်ရဲမြင့် ခေါ်သဖြင့် ကျွန်မတို့ နှစ်ဦးသွားရောက်ခဲ့ပါသည်။

နောက်တစ်နေ့ သင်္ကြန်အကြပ်နေ့တွင် ည(၁ဝ)နာရီခန့် BME-1 သို့ ရောက်ရှိခဲ့ပါသည်၊ ထိုညတွင် ကလပ်မှ ပိတ်ထားပြီး ကားအစီး(၂ဝ)ခန့် တွေ့သည့်အတွက်မေးရာ မောင်ဝိတ်မှ သင်္ကြန်တွင်းတစ်ခုလုံး ငှားထားသည်ဟု ပြောနေစဉ် မောင်ဝိတ် ထွက်လာပြီး အထဲတွင် ကိုပြည်အောင် (ဦးအောင်သောင်း၏ သား) ရှိတယ်၊ မင်းနဲ့ ရှော့ရှိသလားဟု မေးရာ မရှိကြောင်းပြောသဖြင့် အထဲသို့ဝင်ခွင့်ရရှိခဲ့ပါသည်၊လူရှင်းသည့်စားပွဲဝိုင်းတွင်နေရာ ချပေးပြီး မောင်ဝိတ်မှ စကားပြောဧည့်ခံပြီး ခဏအကြာထွက်သွားပါသည်၊ ၄င်းနောက် ဝိတ်တာ မှ ရေသန့်ဗူး တွင် ဆေးပြားများရောစပ်ထားသည့် အရက်နှင့်ကိုကာကိုလာရောစပ်ပြီး လာချပေးပါသည်။ ထို့နောက် အောင်ဇော်ရဲမြင့်နှင့်နှစ်ဦးအတူ မနက်(၄)နာရီခွဲအထိက ဖြစ်ကြပါသည်။
သင်္ကြန်အတက်နေ့တွင် အင်းယားလိတ် DJ ဘားကလပ်သို့ ည(၁၁)နာရီခန့်တွင် ရောက်ရှိခဲ့ပြီး DJ ကို မြန်မာသီချင်း ဖွင့်ခိုင်းရာမှ ဝိတ်တာနှင့် စကားများရာမှ ကျွန်မ နှင့်ပါအကြီးအကျယ်စကားများရန်ဖြစ်ပြီး ပြန်လာခဲ့ကြပါသည်။

ပြန်လည်ဖတ်ပြရာမှန်ကန်ကြောင်းအောက်တွင်လက်မှတ်ရေးထိုးပါသည်။

အစစ်ခံသူ
စံပယ်ကိုကို(ခ)ဇာဇာသိမ့်(ခ)နဝရတ်

Moe Zay Nyein
From, Aung Lynn Htut

ကိုးတန်း ကျောင်းသူတစ်ဦးကို အဓမ္မ သားမယား ပြုကျင့်သည်ဟု ဆိုကာ အမှုဖွင့်ထား


ကလေးမြို့၊ တပ်ဦးသီတာရပ်ကွက်နေ အသက်(၂၁)နှစ်အရွယ် ကိုပြည့်ဖြိုးအောင် ဆိုသူသည် ကလေးမြို့ နယ်၊ မွန်းလိုင်ကျေးရွာနေ ကိုးတန်းကျောင်းသူတစ်ဦးကို အဓမ္မသားမယားပြုကျင့်သည်ဟုဆိုကာ အမှုဖွင့်ခံ ထားရကြောင်း ကလေးမြို့၊ မြို့နယ်ရဲစခန်းမှ သိရသည်။

"ကိုပြည့်ဖြိုးအောင်ကိုတော့ (ပ)၅၃၂/၂၀၁၃၊ ပြစ်မှုပုဒ်မ - ၃၇၆ အရ ဖမ်းဆီးထားပြီး စစ်ဆေးနေပါပြီ။ မ .......ကိုလည်း ဆေးစစ်ဆေးမှု ခံယူနိုင်ရေးသဘောထား မှတ်ချက်ရယူပေးဖို့မြို့နယ်တရားသူကြီးထံမှာ ခွင့်ပြုမိန့်ရယူနေပါပြီ။ တရားခံအဖြစ်ယူဆထားတဲ့ ကိုပြည့်ဖြိုးအောင်ကိုလည်း ဆေးစာရေးသားထင်မြင် ချက် တောင်းခံပြီး အမှုကိုခိုင်မာအောင် တည်ဆောက်တရားစွဲဆို တင်ပို့နိုင်ဖို့  ဆောင်ရွက်နေပါတယ်" ဟု မြို့နယ်ရဲစခန်းမှ သိရသည်။

နိုဝင်ဘာ(၂၄)ရက်နေ့ (၁၂)နာရီတွင် ကိုပြည့်ဖြိုးအောင်၊ ကိုးတန်းကျောင်းသူမ ......နှင့် ရှစ်တန်း ကျောင်း သူ တစ်ဦးတို့သည် ဆိုင်ကယ် တစ်စီးတည်းဖြင့် ကလေးမြို့ရှုခင်းသာသို့ သွားခဲ့ကြကြောင်း၊ ရှုခင်း သာမှ အပြန်ညနေ(၃)နာရီခန့်တွင် ဘီယာများသောက်နေခဲ့ကြပြီး  မ .... က ရာဇဂြိုဟ်သို့ သွားလိုသဖြင့် ဆိုင်ကယ် တစ်စီးတည်းဖြင့် သွားခဲ့ကြကြောင်းသိရသည်။

ကလေး-တမူး ကားလမ်းအတိုင်း မောင်းနှင်လာကြပြီး ည(၇) နာရီခွဲခန့် တွင် ကံလှကျေးရွာ အထွက်သို့ အရောက်၌ ကိုပြည့်ဖြိုးအောင်သည် ဆိုင်ကယ်ကို စက်ရပ်ကာ မ .... ၏ပါးကို နမ်းသဖြင့် မ ....က ခြေထောက်ဖြင့် ကန်ကြောက်ခဲ့ကြောင်း၊ ကိုပြည့်ဖြိုးအောင်သည် မ.... ကိုနာရီဝက်ခန့်ကြာသည်အထိ အတင်းအဓမ္မ သားမယားပြုကျင့် ခဲ့ကြောင်း အမှုဖြစ်စဉ် အကျဉ်းတွင်ဖော်ပြထားသည်။

ကျော်သူစိုး(ကလေးမြို့)
From : ..age

ရင်ဘတ် အောင့်ခြင်း ၏ အကြောင်း ရင်းများ



ရင်ဘတ် အောင့်ခြင်း

ရင်ဘတ် အောင့်ခြင်း (Chest Pain) သည် ရင်ဘတ် အလယ် တည့်တည့် နေရာ တခု တည်း၌ အောင့်ခြင်း ကိုသာ ဆိုလိုခြင်း မဟုတ်ပဲ ရင်ဘတ် တခု လုံးသာ မက ရင်ဘတ် နှင့် ဆက်စပ်လျက် ရှိသည့် တခြား အစိတ် အပိုင်း များ အထိ ပြန့်နှံ့ပြီး အောင့်ခြင်း၊ ထိုးခြင်း၊ နာကျင် ကိုက်ခဲခြင်း အားလုံးကို ဆိုလို ပါသည်။ ရင်ဘတ် အောင့်ခြင်းသည် အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပြီးဆရာဝန်မှ အတိအကျ ရောဂါ ခွဲခြား သတ်မှတ် ခြင်း (Diagnosis) ကို လုပ်ပြီး မှသာ မည်သည့် ရောဂါ
အမျိုး အစား ဖြစ်သည်ကို သတ်မှတ် နိုင်မည် ဖြစ်ပါ သည်။ သို့သော် လည်း ရင်ဘတ် အောင့်သည့် ဝေဒ နာကို မကြာ ခဏ ခံစား နေရသူ တချို့သည် ရောဂါ ကို ဆရာဝန် နှင့် ပြပြီး ရောဂါ အဖြေ မရှာပဲ မိမိ ကိုယ် မိမိ နှလုံး ရောဂါ (သို့) အစာအိမ် ရောဂါ စွဲ ကပ်နေ သည်ဟု ထင်မှတ် နေကြ ပြီး ပတ်ဝန်း ကျင်မှ အကြံ ပေးသည့် မိမိ သန်ရာ နည်းများ ဖြင့် ကုသနေ ကြသည်ကို မကြာ ခဏ ကြားသိ နေရပါ သည်။ ထို့ကြောင့် ရင်ဘတ် အောင့်သည့် ဝေဒနာ ကို ခံစား နေသူ များ အားလုံး အတွက် ဗဟု သုတ လို့ငှာ Dr Warwick Carter ရေးသား သည့် Home Doctor ထဲမှ ကောင်းနိုး ရာများကို ကောက်နှုတ်၍ ပြုစု တင်ပြ လိုက်ပါ သည်။

စမ်းသပ် တွေ့ရှိ မှု

ရင်ဘတ် အောင့်ခြင်း သည် အဆုပ် (သို့) နှလုံးနှင့် ပတ်သက်ပြီး ဖြစ်ပါက အရေးကြီး သဖြင့် အရေးပေါ်အနေဖြင့် ဆေးရုံ အကူအညီကို ချက်ချင်း လိုအပ် နိုင်ပါ သည်။ တခြား အင်္ဂါ အစိတ် အပိုင်း များဖြစ်သည့် အစာပြွန်၊ ရင်အုံ အရိုး၊ နံရိုး၊ နှလုံး သွေးလွှတ် ကြော မကြီး၊ သွေးလွှတ်ကြော ငယ်များ၊ သွေးပြန်ကြော နှင့် နာ့ဗ်ကြော များ၊ ကြွက်သား၊ အရိုးနု၊ ရင်သားနှင့် ကျောရိုးဆစ်များ စသည့် အစိတ် အပိုင်း တခု ခုတွင် ပြဿနာ ရှိပါ ကလည်း ရင်ဘတ် အောင့်ခြင်းကို ဖြစ်စေနိုင် ပါ သည်။ အကြောင်း ရင်းမတူသည်ကို အခြေခံ၍ အောင့်သည့် အခြေ အနေ များမှာလည်း စူး၍ အောင့်ခြင်း၊ ကိုက်၍ အောင့်ခြင်း၊ ပျော့လွန်း မပြင်း လွန်းအောင့်ခြင်းနှင့် ဖြိကပ်၍ အောင့်ခြင်း စသည်ဖြင့် အမျိုးမျိုး ရှိပြီး ဆက်တိုက် သို့မဟုတ် အကြိမ်ကြိမ် မကြာ ခဏ အောင့်ခြင်းများ ဖြစ်နိုင် ပါသည်။ အစာ စားခြင်း၊ လေ့ကျင့်ခန်း လုပ်ခြင်း၊ အသက် ပြင်းပြင်း ရှူခြင်း တို့ကြောင့် စအောင့် နိုင်ပြီး အောင့်သည့် အချိန်တွင် အသက်ရှု ကြပ်ခြင်း၊ ချောင်းဆိုး ခြင်း၊ အဖျား ၀င်ခြင်း၊ ပါးစပ် ပျက်ခြင်း စသည့် လက္ခဏာ များ တွဲပါလာ နိုင်ပါ သည်။ ဆရာဝန် မှ လို အပ်သော စမ်းသပ်စစ် ဆေးမှုများ ပြုလုပ်ပြီး ရောဂါ ခွဲခြား သတ်မှတ် ပေးမှသာ ရောဂါကို အမျိုး အစားကို မှန်ကန်စွာ သိရှိ နိုင်မည် ဖြစ်သည်။

ရောဂါ စစ်ဆေး သတ်မှတ် ခြင်း (Diagnosis)

ဆရာဝန် သည် ရောဂါကို အတိ အကျ သိရှိရန် အတွက် အရိုးကို ကောင်းစွာ စစ်ဆေး နိုင်သည့် ဓါတ်မှန် ရိုက်ခြင်း၊ အရိုးနှင့် တချို့ တစ်ရှူး များကိုပါ မြင်တွေ့ နိုင်သည့် CT scan, နှလုံးအ လုပ်လုပ် ပုံကို ကောင်းစွာ မြင်တွေ့ နိုင်သည့် ECG ( Electro-Cardiac Graph), အဆုပ် အလုပ်လုပ် နိုင်မှုကို စမ်းသပ် စစ်ဆေး သည့်သည့် Lung Function Test, ခန္ဓာကိုယ် ထဲသို့ ပါးစပ်မှ တဆင့် ကင်မရာ ထည့်၍ ကြည့်သည့် Endoscopy စသည်တို့ ပါဝင် နိုင်သည့် စမ်းသပ် မှုကို တခု (သို့) တခုထက် ပို၍ှ ပြုလုပ်ပြီး သတ်မှတ် လေ့ရှိပါ သည်။ ထိုသို့ ရှာဖွေပြီး ဖြစ်ရသည့် ရောဂါ ဇက်မြစ်ကို အတိအ ကျသိမှသာ ထိရောက်သည့် ကာကွယ် ကုသ မှုကို ပေးနိုင် မည် ဖြစ်သည်။

ရင်ဘတ် အောင့်ခြင်း ကို အဖြစ် များစေသည့် အကြောင်း ရင်းများ

၁။ ဒါဏ်ရာ ရရှိ ခြင်း (Injury)

ရင်ဘတ် ဒါဏ်ရာ ရရှိ သောအခါ ရင်ဘတ်၌ အညို အမဲ စွဲ၍ နံရိုး ကျိုးခြင်း၊ ကြွက်သား (သို့) အရွတ် များ စုတ်ပြဲ ခြင်း စသည့် တခုခု ကြောင့် ရင်ဘတ် နေရာ အနံ့ ပြားကို အောင့်စေပြီး လှုပ်ရှား ပါက ပိုဆိုး ပါသည်။

၂။ ဗိုင်းရစ် ကြောင့် ရောဂါ ကူးစက် ခြင်း ( Viral infection )

ဗိုင်းရစ် ကြောင့်ဖြစ် သော ကူးစက် ရောဂါ များသည် များသော အားဖြင့် ကြွက်သား များကို ရောင် စေသဖြင့် ရင်ဘတ်နှင့် ကျောကုန်း ဘက်တွင် ရှိသော ကြွက်သား အဆွယ် အပွား များကို ကိုက်ခဲ နာကျင် စေပါ သည်။

၃။ အဆစ် ရောင်နာ ရောဂါ (Arthritis)

ကျောရိုး ဆစ်၌ အရိုး ကြေပြီး နာ့ဗ်ကြော များအား ဖိညှပ် ခံရ၍ ရင်ဘတ်၏ ကျောဘက်၌ သာမ ကပဲ နာ့ဗ်ကြော များ ပြန့်နံ့ သည့် ဘေး တဖက် တချက် နှင့် အရှေ့ဘက် အထိ နာကျင် စေနိုင် သည်။ ကိုယ် အနေ အထား ပြောင်းပါက ပိုမို နာကျင် စေပါ သည်။

၎။ Myocardial Infaction

နှလုံး ရောဂါသည် ကော်လက် စထရောလ် ကြောင့် ဖြစ်ပေါ် လာသည့် အဆီ ဖတ်များမှ နှလုံးကြွက် သားအား သွေး ထောက်ပံ့ ပေးနေ သည့် သွေးလွှတ်ကြော တခုခုအား ပိတ်ဆို့ စေသော အခါ ဖြစ်စေ ပါသည်။ နှလုံးသည် ခန္ဓာကိုယ် တခု လုံးကို အောက်စီဂျင်နှင့် အာဟာရ ရောက်အောင် တွန်းပို့ ပေးနေသော အင်္ဂါ ဖြစ်ပါ သည်။ ထို အခြေ အနေတွင် နှလုံး ကြွက်သား ကိုယ်တိုင် မှာပင် အောက်စီ ဂျင် နှင့် အာဟာရ မရတော့ သောကြောင့် ကျုံ့လိုက် ကြွလိုက် မလုပ် နိုင်တော့ သော အခါ သွေးကို ခန္ဓာကိုယ် တခု လုံးသို့ ရောက်အောင် မတွန်းပို့ ပေးနိုင် တော့ပဲ နှလုံးရော ခန္ဓာ ကိုယ်ပါ အောက်စီဂျင် ပြတ်လပ် ပြီး အသက် ဆုံးရှုံး နိုင်ပါ သည်။

နှလုံး ကြောင့်ဖြစ်သော ရင်ဘတ် အောင့်ခြင်း သည် လည်ပင်း၊ မေး (သို့) လက်မောင်း ( ဘယ်ဘက် ၌ ပိုဖြစ် သည်) စသည့် ရင်ဘတ် နှင့် ဆက်စပ် နေသည့် မည်သည့် နေရာတွင် မဆို ဖြစ်နိုင် သော်လည်း ပုံမှန် အားဖြင့် ဘယ်ဘက် ရင်ဘတ်၊ အရှေ့ ဘက် လည်ပင်း အောက်၊ ရင်ဘတ် အလယ် တည့်တည့်နှင့် ပုခုံး အရှေ့ခြမ်း တို့၌ အဖြစ် များ ပါသည်။ အောင့်သည့် ပုံစံမှာ စူး၍ အောင့်ခြင်း မျိုးမ ဟုတ်ပဲ ဖိနှိပ်ပွတ် တိုက်ခံ ရခြင်း (သို့) အလွန် အမင်း ကိုက်ခဲ စေသည့် အောင့်ခြင်း မျိုးကို ခံစား ရသည်။ ထို့အပြင် နှလုံးကြောင့် ဖြစ်သော ရင်ဘတ် အောင့်ခြင်း သည် ခန္ဓာကိုယ် လှုပ်ရှားခြင်း၊ အနေ အထား ပြောင်းခြင်း၊ အစား စားခြင်း၊ ချောင်းဆိုး ခြင်း ကြောင့် ပိုမိုနာ ကျင်စေခြင်း မရှိပါ။ နှလုံး ကြောင့်ဖြစ် သည်ဟု ယူဆ ပါက ချက်ချင်း ဆရာဝန်နှင့် ဆေးရုံ အကူ အညီ အရေးပေါ် လိုအပ် နိုင်ပါ သည်။

၅။ နှလုံး ရောဂါ တစ်မျိုးကြောင့် ရင်ခေါင်း တွင် ဆူးအောင့် ခြင်း (Angina)

ရင် ခေါင်းတွင် ဆူးအောင့် လာပြီး ရင်ဘတ်ကို ဖိ၍ ဆုပ်ညှစ် ခံထား ရသည့် အောင့်ခြင်း မျိုးကို ခံစား ရပါ သည်။ များသော အားဖြင့် ရင်ဘတ် အလယ် တည့်တည့် တွင် ဖြစ်ပြီး လေ့ကျင့်ခန်း (သို့) အားကစား လုပ်နေ ချိန်နိုင် ရုတ်တရက် ဖြစ်လာ နိုင်ပြီး အနား ယူလိုက် ပါက သက်သာ သွားလေ့ ရှိသည်။

၆။ အဆုပ် ပွခြင်း ( Pneumonia)

အဆုပ် ပွခြင်း သည် အဆုပ်ကို အဓိက ဖွဲ့စည်း ထားသည့် လေအိတ် အသေးများ ( Alveoli) တွင် ဘတ်တီး ရီးယား ကူးစက် ရောဂါ ပိုးများ ၀င်ရောက် နေသည့် ရောဂါ ဖြစ်ပါ သည်။ နှာခေါင်းမှ ရှူသွင်း လိုက်သော အောက်စီဂျင် များကို အဆုပ် လေအိတ် နံရံရှိ ဆံချည်မျှင် သွေးကြောများ မှတဆင့် နှလုံးသို့ ပို့ဆောင် ရပြီး နှလုံးမှ တဆင့် အောက်စီဂျင် ကို သွေးက ခန္ဓာကိုယ် အနှံ့ သယ်ဆောင်ပြီး ဖြည့်ပေး ရပါသည်။ အဆုပ်ပွ သောအခါ လေအိတ် များတွင် ဘတ်တီး ရီးယား ကြောင့် လေအိတ် တခုလုံး (သို့) လေအိတ် နံရံရှိ ဆံချည်မျှင် သွေးကြောများ ပျက်စီး နိုင်ပြီး အဆုပ် ပုံမှန် အလုပ် မလုပ် နိုင်ပဲ အဖျား ၀င်ခြင်း၊ ချောင်းဆိုး ခြင်းနှင့် ရင်ဘတ် အောင့်ခြင်း တို့ကို ဖြစ်စေ ပါသည်။ မကုသ ပါက ဘတ်တီး ရီးယားများ အဆုပ် တခုလုံး ပြည့်သွား နိုင်သောကြောင့် လေအိတ်များ ပျက်စီးပြီး ခန္ဓာ ကိုယ်အား အောက်စီဂျင် မပေး နိုင်သော ကြောင့် အသက် ဆုံးရှုံး နိုင်ပါသည်။

၇။ အဆုတ် မြှေးရောင် ရောဂါ (Pleurisy)

အဆုတ် အမြှေးပါး ရောင် လျှင် ရင်ဘတ် အောင့်ခြင်းကို ပြင်းထန်စွာ ဖြစ်စေ နိုင်၍ အသက် ရှူခြင်း၊ ချောင်းဆိုး ခြင်းနှင့် လှုပ်ရှား ခြင်း တို့ကြောင့် ပိုအောင့် နိုင်ပါ သည်။

၈။ အစာ အိမ် ရောဂါ ကြောင့် ရင်ဘတ် အောင့် ခြင်း (Reflux oesophagitis)

အစာ အိပ်တွင် ဟိုင်ဒရို ကလိုရစ် အက်ဆစ် ပါရှိပြီး အစာ အိမ်အား ထူထဲသော အချွဲ များဖြင့် ကာကွယ် ထားပါ သည်။ အကယ်၍ အစာအိမ် ရောဂါ ရှိသူ များတွင် အစာအိမ် ပုံမှန် အလုပ် မလုပ် နိုင်သောကြောင့် ယင်းအား အစာ အိမ်နံ ရံရှိ ချွဲများမှ ကာကွယ်မှု မပေးနိုင် သည့်အခါ အက်ဆစ် များမှ အစာအိမ် နံရံသို့ ရောက်ရှိ လောင်ကျွမ်း နိုင်ပြီး ပူ၍ နာကျင် ခြင်းနှင့် အသက်ရှူ ကြပ်ခြင်းကို ဖြစ်စေ နိုင်ပါ သည်။

၉။ Tietze syndrome

ရင်အုံရိုး အနောက် ဘက်ရှိ နံရိုး နှင့် ဆက်ထား သော အရွတ် တခု (သို့) တခု ထက်ပို၍ ရောင်ခြင်း ကို ဖြစ်စေပြီး ပူ၍ နာကျင် ခြင်းကြောင့် ရင်ဘတ် အောင့်ခြင်း ကို ဖြစ်စေ ပါ သည်

၁၀။ သွေးခဲ ပိတ်ခြင်း ( A blood clot)

သွေးခဲ တခုခုသည် သွေးကြော အတွင်း၌ မျောပါ နေလျင် ခန္ဓာ ကိုယ်၏ မည်သည့် အစိတ် အပိုင်း တွင်မဆို ပိတ်ဆို့ နိုင်ပါ သည်။ ထို သွေးခဲ သည် အဆုပ် တွင်းရှိ အဓိက သွေးလွှတ်ကြော တခု ခုအား ပိတ်ဆို့ သောအခါ ( Pulmonary embolus) ကို ဖြစ်စေပြီး ပိတ်ဆို့ ခံရသော အဆုပ် ၏ အစိတ် ပိုင်းကို ပျက်စီး စေခြင်းဖြင့် ရင်ဘတ် အောင့်ခြင်း နှင့် အသက်ရှူ ကြပ်ခြင်း ကို ဖြစ်စေပါ သည်။

ရင်ဘတ် အောင့်ခြင်း ကို ဖြစ်စေ နိုင်သည့် တခြား အကြောင်း ရင်းများ

(၁) အဆုပ် အပြပင် ဘက်ရှိ ရင်ဘတ် ထဲတွင် လေခို နေခြင်း (Pneumothorax )၊

(၂) နာ့ဗ်ကြော ၌ ဗိုင်းရပ် ပိုးဝင် ရောက်နေ ခြင်း (Shingles)၊

(၃) အဆုပ် ပျက်စီး ခြင်း (Bronchiectasis)၊

(၄) နှလုံး ကြွက်သား သို့ ပိုး ၀င်ခြင်း (Myocarditis)၊

(၅) မွေးရာပါ နှလုံး ၏ ဖွဲ့စည်းပုံ ပုံမ မှန်ခြင်း၊

(၆) နှလုံး အဆို့ရှင် အလုပ် မလုပ် ခြင်း ၊

(၇) အဆုပ်တွင်း တနေ ရာရာ၌ ကင်ဆာရှိ နေခြင်း၊

(၈) နှလုံး ရောဂါ အတွက် အလွန် အမင်း စိုးရိမ် နေခြင်း (Cardiac neuroses)၊

(၉) ရင်ဘတ် နံရံ ရောင်ခြင်း၊

(၁၀) သည်းခြေ အိတ်တွင် ရောဂါ ၀င်၍ ရောင်ခြင်း

စသည်တို့ ကြောင့်လည်း ရင်ဘတ် အောင့်ခြင်း ကို ဖြစ်စေ နိုင်ပါ သည်။

မည်သူ မဆို မည်သည့် အကြောင်း ကြောင့် ရင်ဘတ် အောင့်သည် ဖြစ်စေ ရင်ဘတ် အောင့်သည့် ဝေဒနာ ကို တစ်ကြိမ် ထက်မက ခံစား ရပါက အန္တရယ်ရှိ နိုင်သည်ကို နှလုံး မူ၍ ရောဂါကို အတိအ ကျသိ ရှိရန်နှင့် အချိန် မီကာကွယ်၊ ကုသ နိုင်ရန် ဆရာဝန်နှင့် မဖြစ် မနေ တွေ့သင့် ပါသည်။ မိမိ ကိုယ် မိမိ အစာအိမ် ရောဂါ (သို့) နှလုံး ရောဂါ ဖြစ်နေ သည်ဟု ယူဆ နေသူများ အနေဖြင့်လည်း ထိုရောဂါ များ အမှန် တကယ် ရှိနေ ပါက ဆရာဝန် ညွှန်ကြား ချက်မပါပဲ မိမိသန်ရာ ဆေးများ သုံးစွဲ နေခြင်းသည် ရောဂါကို ပျောက်ကင်း စေမည် မဟုတ်သည့် အပြင် ပိုမို ပွားလာ စေရန် မွေးထားသည် နှင့်ပင် တူနေ သဖြင့် အန္တရယ် ကြီးမား လှကြောင်းကို သတိ ပေးရင်း မိမိ၏ ကျန်းမာ ရေးကို ထိရောက်စွာ ကာကွယ် စောင့်ရှောက် ကြပါရန် အကြံပြု တင်ပြ အပ်ပါ သည်။

Health Digest

ဘုရားဖူးယာဉ်ပေါ်မှ ပစ်ချသည့် မုန့်လိုက်ကောက်သူ ကလေးငယ်အား နောက်ယာဉ်မှ တိုက်မိသေဆုံး

၁.၁၂.၂၀၁၃ရက်နေ့ ၀၉၄၅အချိန် မှော်ဘီမြို့နယ်၊ ၀ါးနက်ချောင်း ကျေးရွာအုပ်စု၊ တိုက်နယ်ဆေးရုံ အနီး၊ မှော်ဘီ-၀ါးနက်ချောင်းလမ်းပေါ်တွင် ယာဉ်မောင်း သိန်းဇော် (ဘ)ဦးသန်းရွှေ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် နေသူမောင်းနှင်လာသည့် ၈င/----၊ လိုက်ထရပ်အဖြူရောင်ယာဉ်သည် လားရာတူ ၎င်း၏ရှေ့ရှိ ဘုရားဖူးယာဉ်များပေါ်မှ ပစ်ချပေးသော မုန့်များအားလိုက်ကောက်နေသည့် မစန္ဒာထွေး (ဘ)ဦးအောင်ထွေး၊ ၀ါးနက်ချောင်းကျေးရွာ၊ မှော်ဘီမြို့နယ်နေသူအား ပွတ်တိုက်မိ၍ မစန္ဒာထွေးတွင် ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ၊ ယာဒူး/ယာခြေသလုံး
ပွန်းပဲ့ဒဏ်ရာများရရှိသဖြင့် တိုက်နယ်ဆေးရုံ သို့တင်ပို့စဉ် သေဆုံးသွားသောကြောင့် ယာဉ်မောင်း သိန်းဇော်အား မှော်ဘီမြို့မရဲစခန်း ယာဉ်(ပ)၇၄/၂၀၁၃၊ ပုဒ်မ ၃၀၄-ကဖြင့် အမှုဖွင့်ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police