Thursday, December 19, 2013

ဇနီး ကို သတ်တဲ့ အမေရိကန် ရောက် မြန်မာ ကို ရဲက ဖမ်း


အမေရိကန် ပြည်ထောင်စု ပင်ဆယ်ဗေးနီးယား ပြည်နယ် ဘာသလင်ဟမ် မြို့ 
မှာ နေ ထိုင် တဲ့ မြန်မာ လူမျိုး အသက် ၃၇ နှစ် အရွယ် ၀င်းမင်းထွတ် က က
အသက် ၃၆ နှစ် အရွယ် ဇနီး ဖြစ်သူ မသီတာ မြင့် ကို ကလေး သုံးယောက်
အရှေ့  မှာ ပဲ သေနတ် နဲ့  ပစ်သတ်ခဲ့ တဲ့ အတွက် ရဲ က ဖမ်းဆီး ပြီး လူသတ်မှု
ဖောက်ထွင်း ၀င်ရောက် မှု ၊ အခွင့် မရှိ ပဲ ကျုးကျော် မှု တွေ နဲ့  အမှု ဖွင့်ထား
ပါတယ်။

ဝင်းမင်းထွတ် ဟာ ဇနီး ဖြစ်သူ နေတဲ့ နေရာ ဆီ ပြန်လာ ခွင့် မပေး ကြောင်း ကို နို
ဝင်ဘာလ ၁၈ ရက် နေ့  မှာ တရား ရုံး က အမိန့် ချမှတ်ထား ပါတယ်။ အင်္ဂါ နေ့ ညနေ
မှာ တော Central Park Avenue မှာ နေ တဲ့ ဇနီး ဖြစ်သူ ဆီ ပြန်လာ ပြီး ညနေ
၃ နာရီ ၄၅ မိနစ် မှာ ပစ်သတ် ခဲ့ တာ ဖြစ် ပါတယ်။

ဝင်းမင်းထွတ် မှာ အသက် ၁၆ နှစ် အရွယ် ၊ ၁၀ နှစ် အရွယ် နဲ့  ၃ နှစ် အရွယ် ကလေး
တွေ ရှိ ပါတယ်။

ဇနီး ကို ပစ်သတ် ပြီး နောက် မှာ ၀င်းမင်းထွတ် က ၃ နှစ် အရွယ် ကလေး ကို ခေါ် ပြီး
ကားမောင်း ထွက် သွား ပေမယ့် ၁၆ နှစ် အရွယ် သမီး အကြီး က ရဲ တပ် ဖွဲ့  ကို ဖုန်း
ဆက် ပြီး တိုင်ကြား ခဲ့ ပါတယ်။

ရဲ က ၀င်းမင်းထွတ် ထွက် ပြေး တဲ့ လမ်းကြောင်း နောက် ကို ခြေရာခံ လိုက် ပြီး မိသွား
တာ ဖြစ် ပါတယ်။

အိမ်နီးနား ချင်း ဂယ်ရီ ယိုစ် က ” ကျွန်တော် ရင်ထဲမယ် အတော် ထိတ်သွား တယ်။ သူတို့  က
သေချာ မသိပေမယ့် မြန်မာ ပြည်က လာ တဲ့ လူကောင်း တွေ ပါ ” WFMZ TV ကို ပြော ပါတယ်။

အတော်လေးကြာပြီ ဖြစ်တဲ့ တနင်္ဂနွေ တစ်ပတ် တုန်း က သူတို့  အိမ်ကို ခုလို ရဲ တွေ လာ တယ်
မိသားစု ပြဿနာ လို့  ရဲ့  တွေ က ပြော တယ်လို့  အိမ်နီးနားချင်း က ပြော ပါတယ်။

ဝင်းမင်းထွတ် ဟာ အမေရိကန် နိုင်ငံ သား ဟုတ် မဟုတ် ကို တော့ ရဲ က စုံစမ်း နေ တုန်း ဖြစ် ပါတယ်။

Freedom News Group

Tuesday, December 17, 2013

သိပ်ကိုညံ့တယ်လို့ ဂုဏ်ရည်အေးကျော် ဘာကြောင့်ပြောလဲ

                                                   ဂုဏ်ရည်အေးကျော်။ ဓာတ်ပုံ- Missosology.org
 
ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ Miss International 2013 ကို မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ခဲ့တဲ့ ဂုဏ်ရည်အေးကျော်ဟာ ပြိုင်ပွဲကပေးအပ်တဲ့ ဆု တခုမှ မရခဲ့ပေမယ့် Missosology က ပေးတဲံ  Peoples Choice Award ဆုကိုသာ ရရှိခဲ့ပါတယ်။

Missosology ဆိုတာကတော့ အလှမယ်တွေနဲ့ ပတ်သက်ပြီး အွန်လိုင်းက မဲပေးမှုတွေအတွက်  ဆုများ ပေးလေ့ရှိတဲ့ အဖွဲ့အစည်းတခုပါ။ Miss International က မဟုတ်ပါဘူး။

Miss International 2012 တုန်းကတော့ မြန်မာနိုင်ငံက ကိုယ်စားပြု အလှမယ် နန်းခင်ဇေယျာက ပရိသတ် ရွေးချယ်မှု ဆုနဲ့ အခြား ဆုတချို့ ရခဲ့ပါတယ်။

ဒီနှစ်သွားရောက်ယှဉ်ပြိုင်တဲံ ဂုဏ်ရည်အေးကျော်ကတော့ Miss International 2013 ပြိုင်ပွဲမှာ ဘာဆုမှ မရခဲ့လို့ အခုလို သူ့ ဖေ့စ်ဘုတ်ကနေ ရေးသား တောင်းပန်လာပါတယ်။


ရွှေမြန်မာတို့ရေ
မျှော်လင့်သလိုဖြစ်မလာတဲ့အတွက် တောင်းပန်ပါတယ်။ ဘာပြောစရာ စကားမှ မရှိတော့လောက်အောင် ဆွံ့အနေပါပြီ။ Missosology ကပေးတဲ့ People Choice Award နဲ့ပဲ ကျေနပ်ခဲ့ရပါပြီ။

ဒါ ဂုဏ်ရည့် ကြိုးစားမှုနဲ့ရတဲ့ဆု မဟုတ်ပါဘူး။ ပရိသတ်ပေးလို့ ရတဲ့ဆုပါ။ မြန်မာတွေ အသည်းအသန် ကြိုးစားပေးခဲ့တဲ့ ICA အဖွဲ့အစည်းက ပေးတဲ့ Miss Internet ဆုလဲ Voting Result မပြတဲ့ အတွက် ဘယ်သူ အများဆုံးလဲ မသိရပါဘူး။ မဲကောင်နိုင်ငံမှ ရသွားခဲ့ပါတယ်။

ကိုယ့်ကြိုးစားမှုနဲ့ ကိုယ်ဘာဆုမှ ယူမလာနိုင်ခဲ့လို့ သိပ်ကိုရှက်မိပါတယ်။ အကောင်းဆုံးကြိုးစားခဲ့တယ်လို့ မပြောလိုတော့ပါဘူး။ အကောင်းဆုံးကြိုးစားရင် အကောင်းဆုံး Result ရ ရမှာပေါ့နော်။ ဂုဏ်ရည် သိပ်ကို ညံ့လို့ပါ။


မြန်မာနိုင်ငံကိုတော့ ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည်တွေအတွက် ရန်ပုံငွေပွဲကို ဂျပန်ရောက်မြန်မာများဖြစ်တဲ့ ကိုနေမခ၊ မြန်မာပြည်မှ ဒီဇိုင်နာမဆန်းဘောက်ရာတို့ ဦးဆောင်မှုနဲ့ ၂၂ရက်နေ့ မှာ ပြုလုပ်ပြီး ရရှိသမျှ ငွေများအားလုံးကို စစ်ဘေးကို လှူဒါန်းသွားဖို့ ပြိုင်ပွဲမတိုင်ခင်ကတည်းက အစီအစဉ်တွေ ဆွဲထားပြီး ဖြစ်လို့ ၂၃ ရက်နေ့မှာ ရရှိတဲ့ ရန်ပုံငွေများအတူ ပြန်လာဖြစ်ပါမယ်။


ကူညီပံ့ပိုးခဲ့သူများအားလုံးကို ကျေးဇူးအထူးတင်ရှိစွာဖြင့်……


ဂုဏ်ရည်အေးကျော်

ယမန်နှစ်က မြန်မာအလှမယ် နန်းခင်ဇေယျာကလည်း ဂုဏ်ရည်အေးကျော် Miss International 2013 က နေ ဘာဆုမှ ယူလာမပေးနိုင်တဲ့အပေါ် အခုလို အားပေးစကား ပြောထားပါသေးတယ်။


မျှော်လင့်ထားသလို မဖြစ်လာလို့ နန်းခင်တို့ စိတ်မကောင်းဖြစ်ရတယ်။ Miss International 2013 ကို မြန်မာနိုင်ငံကိုယ်စားပြုပြီး အကောင်းဆုံးဝင်ရောက်ယှဉ်ပြိုင်နိုင်ခဲ့ခြင်းအတွက် များစွာဂုဏ်ယူနေပါတယ် ဂုဏ်ရည်...... မြန်မာဆိုတာ ကမ္ဘာက သိစေဖို့ တတ်စွမ်းတဲ့ဘက်ကနေ ဆက်လက်ကြိုးစားသွားကြမယ်။ ဆုရသည်ဖြစ်စေ မရသည်ဖြစ်စေ အစဉ်အားပေးလျှက်ပါ.....။


ဧရာဝတီ

ကျင့်ဝတ်နှင့်မညီဘဲ သတင်းယူခဲ့သည့် Eleven Media Group မှသတင်းထောက်တစ်ဦးအား NLD မှတိုင်ကြားသဖြင့် တရားဥပဒေအရ ထောင်ဒဏ်သုံးလချမှတ်


ကျင့်ဝတ်နှင့်မညီဘဲ သတင်းယူခဲ့သည့် Eleven Media Group မှ သတင်းထောက်မခိုင်

အစိုးရသစ် လက်ထက်တွင် အကျင့်ပျက်သတင်း ထောက်များအား အရေးယူမှု ပထမဆုံးအဖြစ် လွိုင်ကော်မြို့မှ Eleven Media Group ၏သတင်းထောက်အား သတင်းရယူမှုနှင့်ပတ်သက်၍ အိမ်ကျော် နင်းမှုဖြင့် လွိုင်ကော်မြို့နယ်တရားရုံးမှ ဒုမြို့နယ်တရားသူကြီး ဦးမြမင်းဟန်က ထောင်ဒဏ်သုံးလ ချမှတ်ခဲ့ ကြောင်း သတင်းရရှိသည်။

ဒုမြို့နယ်တရားသူကြီး ဦးမြမင်းဟန်က မခိုင်အား ဒီဇင်ဘာ ၁၇ ရက်က ပြစ်မှုပုဒ်မ ၄၅၁ အရ ထောင်ဒဏ် သုံးလ၊ ပြစ်မှုပုဒ်မ ၅၀၀ အရ ထောင်ဒဏ်တစ်လနှင့် ပြစ်မှုပုဒ်မ ၂၉၄ (ခ) အရ ထောင်ဒဏ်တစ်လတို့ကို တစ်ပေါင်းတည်း ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၃ ခုနှစ် အောက်တိုဘာ ၃၁ ရက်တွင် စတင်တရားစွဲဆိုခဲ့သည့်အမှုအား ဒီဇင်ဘာ ၁၇ ရက်က အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ပြီး Eleven Media Group မှ အစဉ်တစိုက် ရေးသားခဲ့သည့်အတိုင်း အမှုများအား ကြံ့ကြာစေခြင်းမရှိဘဲ အချိန် တစ်လခွဲကာလအတွင်း  အမိန့် ချမှတ်ခဲ့သည်ကိုလည်း တွေ့ရမည်ဖြစ်သည်။ ပြစ်မှုပုဒ်မ ၄၅၁ သည် ပိုင်နက်ကျူးလွန်မှုဖြစ်ပြီး ပြစ်မှုပုဒ်မ ၂၉၄ (ခ) မှာ ညစ်ညမ်းစွာပြောဆိုမှုဖြစ်ကာ ပြစ်မှုပုဒ်မ ၅၀၀ သည် အသရေဖျက်မှုဖြစ်ကြောင်း သိရသည်။ Eleven Media Group မှသတင်းထောက်တစ်ဦးအနေနှင့် အထက်ပါပြစ်မှုများအား ကျူးလွန်ခဲ့ ခြင်းမှာ စတုတ်ထမန်ဒိုင်အတွက် မဖြစ်သင့်ပေ။

သတင်းရယူသည့် သတင်းထောက်တစ်ဦးအား အိမ်ကျော်နင်းမှုဖြင့် တရားစွဲဆိုကာ ထောင်ဒဏ်သုံးလချ မှတ်ခြင်းသည် လက်ရှိအစိုးရသစ် တရားစီရင်ရေး၌ ပထမဆုံးဖြစ်ပြီး ညစ်ညမ်းစွာပြောဆိုမှု၊ အသရေဖျက် မှုများဖြင့် ထောင်ဒဏ်ချမှတ်ခြင်းမှာလည်း မရှိသလောက်နည်းပါးနေသေးသဖြင့် ထပ်မံ အရေးယူမှုများပြု လုပ်ရန်လိုအပ်နေကြောင်းလည်း  တရားစီရင်ရေးနယ်ပယ်နှင့် နီးစပ်သူများထံမှ သိရသည်။
   
ဖြစ်စဉ်မှာ သတင်းထောက်မခိုင်သည် အောက်တိုဘာ ၂၇ ရက် ည ၇ နာရီခွဲတွင် သတင်းမေးမြန်းရန် လွိုင်ကော်မြို့ လောဓမ္မရပ်ကွက်၌ နေထိုင်သူ အထက်တန်းရှေ့နေ ဒေါ်အေးအေးဖြိုး၏ နေအိမ်သို့ သွားရောက်ခဲ့ပြီး ထိုသို့ သွားရောက်ရာတွင် ၎င်းနှင့်အတူ ဦးသန်းဇော်ဝင်း၏ ဇနီး၊ ယောက်ဖတို့နှင့်အတူ သွားရောက်ခဲ့ကြောင်း သတင်းထောက်မခိုင်၏ ပြောကြားချက်အရ သိရသည်။
   
သတင်းထောက်မခိုင်နှင့်အတူပါသည့် ဦးသန်းဇော်ဝင်းသည် ဆင်ဆာမဲ့ခွေများ ငှားရမ်းမှုဖြင့် လွိုင်ကော် မြို့နယ်တရားရုံးက ဒဏ်ငွေတစ်သိန်း (ငွေဒဏ်) ချမှတ်ခံထားရသူ ဖြစ်သည်။
   
ယင်းငွေဒဏ်ချမှတ်ခံရသည့်အမှုတွင် သိမ်းဆည်းခံရသော ဆင်ဆာမဲ့အခွေများတွင် ဦးသော်တာသိန်း ဆိုသူ၏ မူပိုင်မြန်မာဇာတ်ကား ၁၃ ကားပါဝင်ကြောင်းနှင့် ယင်းအမှုတွင် ဦးသော်တာသိန်းက တရားလို အဖြစ် ထွက်ဆိုခဲ့ကြောင်း သိရသည်။
   
ဦးသော်တာသိန်းသည် ရှေ့နေဒေါ်အေးအေးဖြိုး၏ တရားလိုဖြစ်ပြီး ဦးသော်တာသိန်းက ရှေ့နေငှားရမ်းခ နှစ်သိန်း ဒေါ်အေးအေးဖြိုးသို့ သွားပေးရန် ဦးသန်းဇော်ဝင်းကို တောင်းဆိုထားခြင်းကြောင့် ဦးသန်းဇော်ဝင်း က ယင်းကိစ္စ ညှိနှိုင်းရန် ဒေါ်အေးအေးဖြိုးထံသို့ ၂၇ ရက်တွင် သွားရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းကိစ္စကို သတင်းရယူရန် သတင်းထောက်မခိုင်က လိုက်ပါသွားခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သတင်းထောက်မခိုင်က"ကယားပြည်နယ်မှာ ဆင်ဆာမဲ့ဗီဒီယိုခွေတွေကို ဖမ်းဆီးတာနဲ့ပတ်သက်လို့ တရားခံတွေကို တွေ့ဆုံမေးမြန်းပြီးတော့ ဦးသော်တာသိန်းရဲ့ သီရိမွန် ဗီဒီယိုဖြန့်ချိရေး (ရှမ်းမြောက်ပိုင်း) ရပ်ကွက်နေတဲ့သူကို တွေ့ဆုံမေးမြန်းလိုပေမယ့်လို့ မတွေ့ခဲ့ရပါဘူး။ ဒါကြောင့် ဦးသော်တာသိန်းနေအိမ်ကို တွေ့ဆုံမေးမြန်းဖို့ တရားခံတွေက ရှေ့နေခပေးချေတဲ့နေ့မှာ လိုက် လာဖို့ပြောတဲ့အတွက် ၂၇ ရက်ညမှာ သွားရောက်ဖြစ်ခဲ့ပါတယ်။ အိမ်ရှင်ဒေါ်အေးအေးဖြိုးက ဦးသန်းဇော်ဝင်းဇနီးနဲ့ ယောက်ဖဖြစ်သူတို့ကို တံခါးဖွင့်ပေးခဲ့တာပါ။ ဦးသန်းဇော်ဝင်းတို့က ရှေ့နေခ မပေးနိုင်တဲ့ အတွက် တောင်းပန်တဲ့အခါကျမှ ကျွန်မက မေးမြန်းခွင့်ပြုဖို့ ရှေ့နေဒေါ်အေးအေးဖြိုးကို ခွင့်တောင်းတဲ့အခါ သူမက ခွင့်ပြုခဲ့ပါတယ်။ ကျွန်မကမမေးမြန်းခင်မှာ ကျွန်မ Eleven က သတင်း ထောက်ဖြစ်ကြောင်းကို ပြောပြီးမှ မေးမြန်းခဲ့ပါတယ်။ မေးမြန်းတဲ့အခါမှာ ရှေ့နေခဘယ်လောက်ပေးလဲလို့ မေးလိုက်တဲ့အခါ ဒေါ်အေးအေးဖြိုးက စိတ်ဆိုးသွားပြီး သူမရဲ့ဖခင်ဖြစ်သူ ဦးအောင်ရှိန်ကိုခေါ်ပါတယ်။

အဲဒီအခါ ဦးအောင်ရှိန်က မင်းငါ့ကိုသိလား။ ငါကခရိုင် NLD ဥက္ကဋ္ဌ မှုခင်းသတင်းထောက်ရှေ့နေလည်း ဖြစ်တယ်လို့ပြောဆိုပြီး သတင်းမပေးနိုင်ကြောင်း ပြောပါတယ်။ ဒါ့အပြင် ဒီခရိုင်မှာ ဘယ်သတင်းထောက်မှ သတင်းလာယူခွင့်မရှိဘူးဆိုတာ မသိဘူးလားလို့ ပြောပါတယ်။ အဲဒီနောက် ဒေါ်အေးအေးဖြိုးက ကျွန်မ သတင်းထောက် ကတ်ကိုတောင်းလို့ ပြခဲ့ပါတယ်။ ပေးတော့မပေးခဲ့ပါဘူး။ ကျွန်မက ဥပဒေတွေကိုမသိလို့ ဦးသန်းဇော်ဝင်းနဲ့ လိုက်လာပြီး မေးမြန်းခြင်းဖြစ်ကြောင်းကို ပြောပြပါတယ်။ အဲဒီအခါဦးအောင်ရှိန်က သမီးဖြစ်တဲ့ ဒေါ်အေးအေးဖြိုးကို စခန်းမှူးကို ဖုန်းဆက်ခေါ်လို့ပြောပြီး ခြိမ်းခြောက်ပါတယ်။ ပြီးတော့ မောင်း ထုတ်လို့ ဦးသန်းဇော်ဝင်းက တောင်းပန်ပြီးထွက်လာတော့ ကျွန်မတို့ကို ခြံပြင်ရောက်တော့ သူခိုးသတင်း ထောက်လို့ အော်ဟစ်မောင်းထုတ်ပါတယ်" ဟု ဖြစ်စဉ်ဖြစ်ပွားပြီးနောက် နိုဝင်ဘာလအတွင်းက ပြောကြား ခဲ့သည်။
   
အောက်တိုဘာ ၂၇ ရက် ညပိုင်းက မခိုင်နှင့် ဦးသန်းဇော်ဝင်းတို့ ရှေ့နေနေအိမ်သို့ သွားရောက်ခဲ့ခြင်းနှင့် ပတ်သက်၍ အောက်တိုဘာ ၂၉ ရက်တွင် မခိုင်နှင့် ဦးသန်းဇော်ဝင်းတို့အား တရားရုံးကဆင့်ခေါ်သဖြင့် သွားရောက်ခဲ့ကြောင်း၊ ထိုသို့ဆင့်ခေါ်ရခြင်းမှာ ရှေ့နေဒေါ်အေးအေးဖြိုးက တရားလိုပြုလုပ်၍ တရားစွဲဆို ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
   
မခိုင်သည် နို့တစ်စာ အချခံထားရသူနှင့် လိုက်လာကြောင်း၊ ရှေ့နေများ၊ ဥပဒေများ၊ တရားသူကြီးများကို ဂျာနယ်ထဲတွင် ကြော်ငြာထည့်ရလိမ့်မည်ဆိုသည့် ပုံစံမျိုးဖြင့် အိမ်ပေါ်သို့ အဓမ္မတက်လာကြောင်း၊ ၎င်းအ နေဖြင့် မခိုင်အားမပြောသော်လည်း သန်းဇော်ဝင်းအား နှင်ထုတ်ခဲ့ကြောင်း "မင်းဘာဖြစ်လို့ ခေါ်လာ တာလဲ"ဟုဆိုကာ ၎င်းကိုယ်တိုင် မောင်းထုတ်ခဲ့ကြောင်း၊ အဲ့ဒါနဲ့ပတ်သက်ပြီး မင်းဥပဒေမဲ့ မလုပ်ရဘူးဟု ပြောခဲ့ကြောင်း၊ ထိုအခါတွင် အဲဒီသူကဆဲသွားကြောင်း၊ အဲဒါနှင့်ပတ်သက်ပြီး တရားစွဲထားကြောင်း၊ တရားလိုမှာ မအေးအေးဖြိုးဖြစ်ပြီး ၎င်းအနေဖြင့် သက်သေလိုက်မည်ဖြစ်ကြောင်း တရားလို မအေးအေးဖြိုး ၏ ဖခင်ဦးအောင်ရှိန် (လွိုင်ကော်ခရိုင် NLD ဥက္ကဋ္ဌ) က နိုဝင်ဘာလဆန်းပိုင်းက ပြောကြားခဲ့သည်။
   
"ဒါပေမဲ့ သာမန်အားဖြင့်တော့ သတင်းထောက်တစ်ယောက်ဟာ သတင်းကိစ္စနဲ့ သွားရင်းလာရင်းနဲ့ ပိုက်နက် ကျူးလွန်မှုနဲ့ တရားစွဲပြီး အပြစ်ပေးခံရတယ်ဆိုတာတော့ ဒါကတော့ သတင်းထောက်ဘက်က နစ်နာ တာပေါ့။ စတုတ္ထမဏ္ဍိုင် ဆိုတာကတော့ သမ္မတကြီးလည်း ပြောပါတယ်။ တစ်ဦးဦးရဲ့ လုပ်ဆောင် ချက်တွေကို စတုတ္ထမဏ္ဍိုင်ဖြစ်တဲ့ မီဒီယာတွေကနေ စောင့်ကြည့်နေကြတယ်။ မှန်မှန်လုပ်ကြပါ။ မျှမျှတတလုပ်ကြပါလို့ သမ္မတကြီးက ပြောထားတာ ရှိတယ်လေ။ အဲ့ဒီတော့ ဒီလိုခေတ်ကြီးမှာ စတုတ္ထ မဏ္ဍိုင်အတွက် တာဝန်ယူလုပ်တဲ့၊ မိမိတာဝန်အရ မိမိလုပ်ကိုင်ရတဲ့ သတင်းထောက်တစ်ယောက်ကို ဒီလိုပိုင်နက်ကျူးလွန်မှုနဲ့ တရားစွဲတယ်ဆိုတာကတော့ မဖြစ်သင့်ဘူးပေါ့။ သေသေချာချာ မသိရသေးတော့ ဘယ်သူမှန်တယ်။ မှားတယ်ဆိုတာတော့ မပြောလိုဘူး။ ဒါပေမဲ့ ဒါမျိုးအဖြစ်ကတော့ မဖြစ်သင့်ဘူးလို့ပဲ မှတ်ချက်ပေးလိုပါတယ်။ ဖြစ်စဉ်အပေါ် သုံးသပ်ပြောတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သတင်းထောက် တစ်ယောက်ရဲ့ သတင်းရယူခွင့်ထဲကဆိုရင်တော့ ဒါမျိုးဟာ မဖြစ်သင့်ပါဘူး"ဟု အမျိုးသားဒီမိုကရေစီ ပါတီသစ် ဒုတိယဥက္ကဋ္ဌနှင့် တရားလွှတ်တော်ရှေ့နေတစ်ဦးဖြစ်သူ ဦးဝင်းရွှေက ပြောကြားသည်။
   
"မြန်မာ့ယဉ်ကျေးမှုအရ ပိုင်နက်ကျူးလွန်မှုဆိုတဲ့ကိစ္စကို စဉ်းစားစစ်ဆေးသင့်တယ်။ ရှေ့နေနဲ့ တရားသူကြီး ဆိုတာက အပြန်အလှန်အပေးအယူရှိတယ်လို့ ယူဆနိုင်တဲ့အတွက် အလျဉ်အမြန် မဆုံးဖြတ်သင့်ဘူး။ အသရေ ဖျက်တာလည်း ယူဆလို့မရဘူး။ တစ်ဦးတစ်ယောက်ကို အသရေဖျက်တယ်ဆိုတာ ဘယ်လို ဟာမျိုးဆိုတာကို ထုတ်ပြန်သင့်တယ်။ ဒါက စတုတ္ထမဏ္ဍိုင်ကို စော်ကားသကဲ့သို့ ဖြစ်နေလို့ စိတ်မကောင်း ဖြစ်ရတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး နောက်ထပ် သတင်းထောက်တွေ သတင်းလိုက်တဲ့အခါ ကြောက်ရွံ့ နေမယ်ဆိုရင် မကောင်းဘူး။ အမှန်တရားကို မျက်ကွယ်ပြုရာရောက်မယ်။ ဒါကြောင့် ဒီကိစ္စက ဒီမိုကရေစီ နိုင်ငံတည်ထောင်နေတဲ့ အနေအထားမှာ သတိထားဆင်ခြင်သင့်တယ်" ဟု စာရေးဆရာနှင့် သတင်းစာ ဆရာ ဒေါက်တာခင်မောင်ညိုက ပြောကြားသည်။

EMG

Sunday, December 15, 2013

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီမနက်က အသေးစားခွဲစိပ်မှု အောင်မြင်


အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းက အာရှတော်ဝင် ဆေးရုံမှာ အသေးစား ခွဲစိပ်မှု လုပ်ဆောင်ခဲ့ပြီး အောင်မြင်သည့် ခွဲစိပ်မှု ဖြစ်တယ် လို့ ဒေါက်တာ တင်မျိုးဝင်းက ပြောဆိုလိုက်ပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးဆိုင်ရာ သတင်းစာ ရှင်းလင်းပွဲကို ယနေ့ နေ့လယ် ၁၁ နာရီက အာရှတော်ဝင် ဆေးရုံ အခန်းအမှတ် ၂၄၀၁ မှာ လုပ်ဆောင်ခဲ့ချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ ခြေထောက် ခွဲစိပ်မှု ပြုလုပ်ခဲ့ရာ အောင်မြင် တယ်လို့ ဒေါက်တာတင်မျိုးဝင်း က ပြောဆိုလိုက် တာဖြစ်ပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ဟာ အခုအခါမှာ ကျန်းမာရေး ကောင်းမွန်လျှက်ရှိကြောင်းလည်း သိရပါတယ်။

ဧရာဝတီ

ကျွန်မပုံ အင်တာနက်မှာ တက်လာတယ်


သင်၏ ကိုယ်တုံးလုံး ဝတ်လစ်စားလစ်ပုံကို သင့်ခွင့်ပြုချက် မရဘဲ တစ်ယောက်ယောက်က အင်တာနက်ပေါ် တင်လိုက်လျှင် မည်ကဲ့သို့ ခံစားရမည်နည်း။ ယင်းသို့ ဖြစ်စဉ်မျိုးကို ‘လက်စားချေ အပြာပုံများ’ လို့ ခေါ်ကြသည်။ ကင်မရာ ကောင်းသော မိုဘိုင်းလ်ဖုန်း ခေတ်တွင် ဒီလိုခံလိုက်ရသူတွေ များသည်ထက် များလာနေသည်။ တချို့ကတော့ ခေါင်းငုံ့မခံကြ။ တရားမျှတမှုကို ပြန်လည် ရှာဖွေကြသည်။

ထိုနေ့ကို ဟိုလီတော့ပ်စ် မှတ်မိနေသေးသည်။ သူငယ်ချင်း တစ်ယောက်က သူအလုပ်မှာ ရှိနေတုန်း လှမ်းဖုန်းဆက်သည်။ အင်တာနက်ပေါ်မှာ သူမပုံ ဝတ်လစ်စားလစ်များကို တွေ့လိုက်သည်တဲ့။ “အလုပ်ကနေ ပြန်လာခဲ့ပြီး အိမ်ကိုတန်းပြေး၊ အပေါ်ထပ်တက်ပြီး ကွန်ပျူတာကို ဖွင့်လိုက်တယ်” ဟု တက္ကဆက် အရှေ့ပိုင်းသူ ဟိုလီက ပြောပြသည်။

တွေ့ပါပြီ။ သူမ အသက် ၂၄နှစ် အရွယ်တုန်းက ရည်းစားဟောင်းကို ပို့ပေးဖူးသည့် အပေါ်ပိုင်း ဗလာ ကျင်းထားသည့် ဓာတ်ပုံ၊ တင်ထားသူက ဓာတ်ပုံကိုသာမဟုတ် နာမည်၊ Facebook နှင့် Twitter ဆက်စပ် Link များ၊ သူမအိမ်လိပ်စာ စတာတွေပါ ပါသည်။ Comments တွေကလည်း တစ်ပုံတစ်ခေါင်း။
“စိတ်ပျက်မယ်ဆို စိတ်ပျက်ရမယ့် အချိန်ပေါ့ရှင်။ လူတွေက ပုံအောက်မှာ မှတ်ချက်တွေ ပေးထားကြတယ်။ ကျွန်မကို ဟိုဟာလုပ်သင့်တယ် ဆိုတာတွေပါ ပါတယ်” ဟု ပြန်ပြောင်း ပြောပြသည်။

“နေ့တိုင်း ငိုနေရတယ်” လို့ သူမပြောတာ သဘာဝကျသည်။ အိမ်အပြင်ကိုတောင်မှ မထွက်ရဲပေ။ အပြင် ထွက်တော့လည်း သူမကို မှတ်မိသော ယောက်ျားအချို့ ခဏခဏလာပြီး စကားပြောတာမျိုး ကြုံရသည်။

ဟိုလီတော့ပ်စ်သည် အစပိုင်းကတော့ ရည်းစားဟောင်းက တင်လိုက်သည်ဟု ယူဆသည်။ လက်စားချေ အပြာပုံ တော်တော်များများကို ရည်းစားဟောင်းများက တင်လေ့ ရှိတတ်သည်။ သို့သော် အင်တာနက်ပေါ် ပလူပျံနေသော တချို့ပုံများက သူမဘယ်သူ့ကိုမှ မပို့ဖူးသော ပုံများဖြစ်သည်။ Hack လုပ်ခံရတာလား၊ အခိုးခံရတာလား စဉ်းစားစရာ ဖြစ်သည်။

အပြာပုံများ တင်သူများသည် အီးမေးလ်တွေ ခိုးဖောက်တာ၊ အွန်လိုင်းသိမ်းဆည်း စာမျက်နှာများကို ဝင်မွှေပြီး သူတို့ ပစ်မှတ်ထားသည့် မိန်းကလေး၏ တစ်ကိုယ်ရေ ဓာတ်ပုံများကို ရှာတတ်သည်။ ဟိုလီကတော့ သူမဖုန်းကို ပြင်ဖို့ထားခဲ့စဉ် တစ်ဦးဦးက ဝင်ပြီး လုပ်သွားသည်ဟု ထင်သည်။

ထိုသို့ ဖြစ်ရတာ သူမ တစ်ဦးတည်းတော့ မဟုတ်ပေ။ တက္ကဆက် အရှေ့ပိုင်းမှာပင် texxxan.com (ယခု ဖွင့်၍မရတော့) ဆိုသည့် အပြာ အင်တာနက် စာမျက်နှာသို့ အတင်ခံရသူ အမျိုးသမီး များစွာရှိသည်။ တချို့ အလုပ်ပြုတ်ကြသည်။ အချို့ ချစ်သူရည်းစား၊ အိမ်ထောင်ဖက်နှင့် ကွဲကြသည်။ တစ်ယောက်ဆို မိမိကိုယ်ကိုပင် သတ်သေသွားသည်။

အင်တာနက်ပေါ်က ထိုပုံများကို ပြန်ဖြုတ် ချင်သောကြောင့် ခံလိုက်ရသည့် ဟိုလီနှင့် တခြားအမျိုးသမီးများ ပေါင်းပြီး ရဲတွေ၊ ဥပဒေ အရာရှိတွေကို သွားတိုင်ကြသည်။ သူတို့လည်း ဘာမှမလုပ်နိုင်၊ အစကတည်းက ဒီလိုပုံမျိုး မရိုက်သင့်ဟုသာ ပြောလိုက်ကြသည်။

နောက်တော့ ပုဂ္ဂလိက စုံစမ်းစစ်ဆေးသူ တစ်ဦးက သူတို့အမှုကို ကိုင်တွယ်ပေးသည်။ သို့သော် ဒီကိစ္စက တကယ်လုပ်ကြည့်တော့ ထင်သလောက်မလွယ်။ လွတ်လပ်စွာ ရေးသားခွင့်၊ အင်တာနက် လွတ်လပ်ခွင့်ကို ထိပါးလို့ မရသော လူ့အဖွဲ့အစည်းမျိုးတွင် အပြာ Website ထောင်ခြင်းက တရားဝင်သလား၊ မဝင်ဘူးလား တော်တော် ငြင်းရသည့် ကိစ္စဖြစ်သည်။

ထို့ကြောင့် ဥပဒေနှင့် ငြိမည်ဟု ထင်သည့်အချက် များကို ရှာရသည်။ ပုံတင်ခံရသော အချို့မိန်းကလေး များသည် ထိုစဉ်က အသက် ၁၈ နှစ် မပြည့်သေးကြ။ ထို့ကြောင့် ကလေးသူငယ် ဥပဒေနှင့် ငြိသည်။ ဓာတ်ပုံ ဖြုတ်ပေးစေလိုလျှင် ငွေပေးရမည်ဟု ငွေညှစ်မှုများ ကြုံရသူများ အတွက်လည်း ရာဇဝတ်မှု တစ်ခုနှင့် စွဲ၍ ရသည်။

နောက်ထပ် အားကိုးစရာတစ်ခုက မူပိုင်ခွင့် ဖြစ်သည်။ ဓာတ်ပုံထဲက မိန်းမများ၏ မူပိုင်ခွင့်ကို သူတို့ ပိုင်ကြသည်။ အင်တာနက် စာမျက်နှာက မဖြုတ်ပေးပါက တရားရုံးကို မူပိုင်ခွင့်ဖြင့် တင်နိုင်သည်။

တကယ်တမ်း ဒီပုံမျိုး၊ ဗီဒီယိုမျိုးအတွက် တာဝန်ရှိသူမှာ Website တည်ထောင်သူများထက် တင်သူ များက ပိုပြီး တာဝန်ရှိသည်။ သို့သော် ဘယ်နေရာက ဘယ်လို တင်သွားမှန်း မသိသူကို လိုက်ရှာရတာ နည်းပညာအရ အခက်အခဲ များစွာရှိသည်။ ထို့ကြောင့် ထိုအင်တာနက် စာမျက်နှာ ထောင်သူဆီကို သွားပြီး ပြောရတော့သည်။

သို့သော် အမေရိကန် ဆက်သွယ်ရေး ဥပဒေအရ ပို့စ်တင်သူများက ကိုယ့်တာဝန် ကိုယ်ယူရပြီး Website ထောင်သူများကို အရေးယူဖို့ ခက်သည်။ (ထို့ကြောင့် facebook၊ youtube တို့သည် ၎င်းတို့ အပေါ်မှ မှတ်ချက်များ၊ ဗီဒီယိုများအပေါ် ဥပဒေအရ တာဝန်ယူရန် မလိုခြင်း ဖြစ်သည်)

စုံစမ်းစစ်ဆေးသူများက Texxxan.com တည်ထောင်သူကို သိအောင် လုပ်နိုင်ခဲ့သည်။ အသက် ၂၅ နှစ်အရွယ် ဟန်တာတေလာ ဆိုသူ ဖြစ်သည်။ သူက အပြာကားတွေ ဘာတွေမှာလည်း ဝင်ပါဖူးသည်။ အမျိုးသမီးတွေ ကာယိနြေ္ဒမဲ့ပုံများ သူ့စာမျက်နှာမှာ အတင်ခံရသော်လည်း သူ့ကို အရေးယူလို့ မရပေ။

“ကျွန်မဖြင့် ဒေါသ တအားထွက်သွားလို့ အသက်ရှူတောင် ရပ်မတတ်ပဲ။ ထမရိုက်မိအောင် စိတ်ထိန်းထားတယ်။ တခြားနေရာက လူတစ်ယောက်က ဒီစာမျက်နှာကို လုပ်နေတာလို့ ထင်ပေမယ့် ကိုယ့် တစ်မြို့တည်းသားချင်း၊ ကိုယ့်သူငယ်ချင်းနဲ့တောင် ကြိုက်ဖူးတဲ့သူ ဖြစ်နေတယ်” ဟု ဟိုလီက ဆိုသည်။

နောက်ဆုံးတော့ ကလေးသူငယ်ပုံတွေ ပါနေသည်ဟူသော အချက်ဖြင့်ပင် Website ၏ hosting ကုမ္ပဏီကို ပိတ်ပေးပါရန် ပြောနိုင်သွားသည်။ FBI ကလည်း အမျိုးသမီးပုံများ ခိုးတင်နေသူများကို ဆက်လက် စုံစမ်းနေသည်။ ဟိုလီတော့ပ်စ်နှင့် ဒါဇင် များစွာသော အခြားအမျိုးသမီးများသည် တက္ကဆက်ပြည်နယ် ပုဂ္ဂလိက ပိုင်ဆိုင်ခွင့် ကျူးကျော်မှုဆိုင်ရာ ဥပဒေကိုသုံးပြီး အပြာ Website ထူထောင်သူများ၊ Hosting ပေးသော ကုမ္ပဏီများ၊ တစ်ကိုယ်ရေ ပုံတင်နေကြသူ အမျိုးသားများကို ပုံများ ပြန်ဖြုတ်ဖို့ အရေး လိုက်လံ ပြောဆိုကြသည်။
“ကျွန်မတို့က ပိုက်ဆံလိုချင်လို့ လုပ်နေတာ မဟုတ်ပါဘူး။ တာဝန်ယူတတ်တဲ့ စိတ်ရှိအောင်လုပ်ပြ တာပါ” ဟု ဆိုသည်။

ကိုယ်ကံဆိုးလို့ ဒီလို အတင်ခံရတာပဲဟု ယူဆကြသူ မိန်းကလေးများက ပိုများနေပြီး ကိုယ့်သီးသန့် နေပိုင်ခွင့် လွတ်လပ်ခွင့် ကိုယ်ကာကွယ်ကြမည် ဆိုသည့် ဟိုလီတော့ပ်စ်တို့ အဖွဲ့လို အမျိုးသမီးတွေက ပိုနည်းနေသဖြင့် အင်တာနက်ပေါ်တွင် အနိုင်ကျင့် ပုံတင် ဗီဒီယို တင်သူများ ပိုများလာနေခြင်း ဖြစ်သည်။

The Voice