Friday, December 27, 2013

*** မျက်နှာသစ်နေချိန် အမှတ်မထင်ပြုမိတဲ့ အမှားကြီး(၇)ရပ် ***


နည်းစံနစ်မကျတဲ့ မျက်နှာသစ်ခြင်းက မျက်နှာအသားအရေကို ထိခိုက်ဒဏ်ရာ ရပြီး ခြောက်သွေ့ /တွဲကျသွားစေသလို၊ အရွယ် မတိုင်မီ အရေးကြောင်းများ လဲ ပေါ် လာစေနိုင်တာကြောင့်၊ အဲဒီလိုပြဿနာတွေမဖြစ်ရအောင် အမေရိကန်နိုင်ငံ The Mount Sinai Medical Center မှ အရေပြားဆိုင်ရာ လက်ထောက်ပါရဂူဖြစ်သူ Dr. Jeannette Graf က အောက်ပါနည်းလမ်း (၇)ရပ် ဖြင့် ပြင်ဆင်သင့်ပါကြောင်း အကြံပြုထားပါတယ်။

(၁) မျက်နှာသစ်ဆပ်ပြာရွေးချယ်မှု မှန်ကန်ပါစေ။

မိမိအသားအရေအတွက် သင့်တော်မှန်ကန်တဲ့ မျက်နှာသစ်ဆပ်ပြာရွေးချယ်တတ်မှုက အင်မတန်အရေးကြီးပါတယ်။ အဆီပြန်တဲ့ အသားအရေအတွက် foaming (သို့ မ ဟုတ်) ဂျယ်လ်အမျိုးအစား မျက်နှာသစ်ဆပ်ပြာတွေသုံးသင့်ပြီး၊ ခြောက်သွေ့ တဲ့ အသား အရေအတွက် ကရင်မ်အမျိုးအစားကို သုံးသင့်ပါတယ်။

(၂) လက်ကို ဦးစွာဆင်ကြယ်အောင်ဆေးကြောပါ။

လူ ၁၀-ဦး မှာ ၇-ဦးလောက်က မျက်နှာမဆေးကြောခင် လက်ကိုဦးစွာဆေးကြော ဖို့ မေ့ နေတတ်ကြပါတယ်။ မျက်နှာသစ်နည်း အမှန်က ဦးစွာလက်ကို ကိုယ်တိုက် ဆပ်ပြာတခုခုနဲ့  စင်ကြယ်စွာဆေးကြော၍ ရေစင်အောင်လောင်းရပါမယ်။ ဒုတိအဆင့် အနေ ဖြင့် မျက်နှာကိုရေနဲ့ အရင်သစ်ပါ။ ပြီးမှ လက်ထဲကို မျက်နှာသစ်ဆပ်ပြာ လို သလောက်ထဲ့၍ အမြှုပ်ထအောင်လက်ထဲမှာ ပွတ်ပြီးမှ သာ၊ မျက်နှာကို အသာအယာ ပွတ်ဆေးပေးရပါမယ်။

(၃) ရေစိုမျက်နှာသစ် ပုဝါကို လျှော်ဖွပ်ဖို့ မမေ့ပါနဲ့ ။

တချို့ သူတွေက မျက်နှာသစ်ပုဝါ ခပ်သေးသေးလေးမှာ ရေ-ဆပ်ပြာပွတ်၍ မျက်နှာ သစ်လေ့ရှိပါတယ်။ မျက်နှာသစ်ပြီးတဲ့အခါ တိုင်း၊ အဲဒီမျက်နှာသစ်ပုဝါလေးကို ဆပ်ပြာ နဲ့  စင်အောင်လျှော်ဖွတ်ရမှာဖြစ်ပြီး၊ နောက်ထပ် တစ်ကြိမ်ထပ်မသုံးခင်မှာ အဲဒီပု ၀ါ လေး ခြောက်သွေ့ နေရပါမယ်။ မျက်နှာသစ်ပုဝါ စိုထိုင်းထိုင်းတွေမှာ မျက်စေ့ဖြင့် မမြင်နိုင်တဲ့ မှိုပိုးတွေရှိစေသလို၊ ပုဝါက အလွန် ခြောက်သွေ့ နေခဲ့ရင်လည်း မျက်နှာကို ခပ်ကြမ်းကြမ်းပွတ်မိတဲ့အခါ အသားအရေကို ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် လက်ဖြင့်သာ မျက်နှာသစ်ကြရန် Dr. Graf က အကြံပြုထားပါတယ်။

(၄) ပူလွန်း အေးလွန်း တဲ့ ရေတွေဖြင့် မျက်နှာမသစ်ပါနဲ့ ။

အကယ်၍ ဆောင်းကာလလိုမျိုး အလွန်အေးတဲ့ ရာသီဥတုမှာတောင် ပုံမှန်ရေအေးဖြင့် သာ မျက်နှာသစ်ပေးသင့်ပါတယ်။ မဖြစ်မ နေ ရေနွေးသုံးဖို့ လိုအပ်လာတဲ့အခါ၊ မျက်နှာ အသားအရေ အစိုဓာတ်မပျက်စီးရလေအောင် မိမိခံနိုင်ရုံလောက် သာ ရေ ခပ်နွေး နွေးကိုသုံးပေးပါ။ နွေခေါင်ခေါင် ဘယ်လိုဘဲ ရာသီဥတုပူပြင်း ပါစေ ရေ ခဲရေဖြင့် မျက်နှာ(လုံးဝ)မသစ်ပါနဲ့ ။

(၅) scrubs နည်းတွေ လွန်ကဲစွာမသုံးပါနဲ့ ။

မျက်နှာသန့် စင်နည်းတမျိုးဖြစ်တဲ့ scrubs(ခေါ်)ညစ်နေတဲ့အသားအရေကို အလွှာ လိုက် ကွာကျစေတဲ့နည်းက မျက်နှာအသား အရေကို နူးညံ့ချောမွေ့ သွားစေတာ မှန်သော်လည်း၊ မကြာခဏ လွန်ကဲစွာပြုခြင်းက အသားအရေကို ပျက်စီးစေပါတယ်။

(၆) မျက်နှာပေါ်ကဆပ်ပြာတွေကို ကုန်စင်အောင်ဆေးကြောပါ။

ဘယ်ဆပ်ပြာမျိုးနဲ့ မဆို မျက်နှာကိုသန့် စင်တဲ့အခါ၊ အဲဒီဆပ်ပြာတွေ (လုံးဝ) ကုန်စင်သန့် စင်သွားတဲ့အထိ ရေနိုင်နိုင်လောင်း ပေး ဖို့ မမေ့ပါနဲ့ ။ ထို့ ဆပ်ပြာ အကြွင်းအကျန်တွေက မျက်နှာအသားအရေကိုခြောက်သွေ့ ပျက်စီးစေပါတယ်။

(၇) တနေ့  ၂-ကြိမ် မျက်နှာသစ်ပါ။

တညလုံးအိပ်စက်ထားချိန်မှာ သာမန်မျက်စေဖြင့်မမြင်နိင်တဲ့ ဘက်တီးရီးယားပိုးတွေနဲ့  မျက်နှာပေါ်က အဆီတွေပေါင်းစပ်ပြီး ညစ်ပေလေ့ရှိတာမို့  နံက်အိပ်ယာထ မျက်နှာ သစ်ရပါမယ်။ တစ်နေကုန် ဖီးလိမ်းပြင်ဆင်ထားတဲ့ မိတ်ကပ်တွေနဲ့ ပြင်ပမှ ဖုန် မှုန့်  တွေအတွက် ညအိပ်ယာဝင်ခါနီးတစ်ကြိမ်မျက်နှာ သစ်ပါ။(မိတ်ကပ် လိမ်းခြယ်ပြီး ချိန်မှစ၍ အလွန်ဆုံး နောက်ထပ် ၁၀-နာရီ လောက်ကြာအောင် အဲဒီမိတ်ကပ်တွေကို မျက်နှာပေါ်မှာ မထားသင့်တော့ပါဘူးလို့  Dr. Graf က ထပ်လောင်းအကြံပြုထား ပါတယ်)

(ပေါက်ပေါက်….မျှဝေသည်)
(ကိုးကား… Dr. Jeannette Graf by The Mount Sinai Medical Center)

ဦးလေးဖြစ်သူက အသက်ခုနစ်နှစ်နှင့်လေးနှစ်အရွယ် တူမနှစ်ဦးကို အဓမ္မပြုကျင့်


ဒဂုံဆိပ်ကမ်းမြို့နယ်တွင် အသက်ခုနစ်နှစ်နှင့်လေးနှစ်အရွယ်သာရှိကြသည့် ကလေးငယ်နှစ်ဦးကို ဦးလေးတော်စပ်သူက သားမယားဖြစ် ပြုကျင့်ခဲ့သဖြင့် အရေးယူပေးရန် ဒီဇင်ဘာ ၂၅ ရက် ည ၁၂ နာရီခွဲ က အမှုဖွင့်တိုင်ကြားထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ အမှုကို ဒဂုံဆိပ်ကမ်းမြို့နယ် ရပ်ကွက်တစ်ခုတွင် နေထိုင်သည့် အသက် ၂၅ နှစ်အရွယ် မိခင်က အမှုဖွင့်တိုင်တန်းလိုက်ခြင်းလည်း ဖြစ်သည်။

၎င်းကို အသိမိတ်ဆွေ အမျိုးသမီးတစ်ဦးက သမီးငယ်လေး၏ မိန်းမကိုယ်တွင် ဖူးရောင်စုတ်ပြဲကာ ပြည် ပုပ်များဖြစ်နေကြောင်း ပြောပြရာမှ စတင်သိရှိခဲ့ရသည်ဟုလည်း ရဲအားထွက်ဆိုထားသည်။

ထို့ကြောင့် နေအိမ်သို့ ပြန်ပြီးခုနစ်နှစ်ရှစ်လရှိ နှစ်တန်းကျောင်းသူသမီးနှင့် အသက်လေးနှစ်ခြောက်လရှိ သမီးငယ်တို့ကို ချော့မော့မေးမြန်းခဲ့ရသည်ဟုလည်း ဆိုထားသည်။

ထို့ကြောင့် ၎င်းတို့ နှစ်ဦးအား လွန်ခဲ့သော တစ်လကျော်ခန့် (ရက်မမှတ်မိ)က တစ်အိမ်တည်းအတူနေ ဦးလေးတော်စပ်သူ ၁၆ နှစ်က ရက်ခြား၍ သားမယားအဖြစ် တစ်ကြိမ်စီပြုကျင့်ခဲ့သည်ကို ပြောပြကြ သည်ဟုလည်း မိခင်ဖြစ်သူက အမှုဖွင့်ရာတွင် ထည့်သွင်းပြောကြားထားသည်။

ထို့ကြောင့် သမီးငယ်နှစ်ဦးအား သားမယားပြုကျင့်သည့် မောင်တော်စပ်သူကို အရေးယူပေးရန် ကလေး မိခင်က အမှုဖွင့်တိုင်တန်းလိုက်ခြင်း ဖြစ်သည်။

ထို့အတွက် ဒဂုံဆိပ်ကမ်း ရဲစခန်းက (ပ)၄၃၆/၂၀၁၃ဖြင့် အမှုဖွင့်ပြီး ပြစ်မှုပုဒ်မ ၃၇၆ ဖြင့် အရေးယူရန် တိုင်တန်းခံထားရသူကို ဖမ်းဆီးစစ်ဆေးနေသည်။

ထို့ပြင် အသက်သုံးနှစ်သာ ရှိသေးသော ကလေးငယ်ကို ၂၉ နှစ်အရွယ် အမျိုးသားတစ်ဦးက သားမယား ပြုကျင့်ရန်ကြံစည်သည်ဟု ဒီဇင်ဘာ ၂၅ ရက်တွင် အမှုဖွင့်တိုင်ကြားထားသည်။ ယင်းတိုင်ကြားမှုကို လည်း မင်္ဂလာဒုံမြို့နယ် ထောက်ကြန့် နယ်မြေ ရဲစခန်းက (ပ)၄၆၀/၂၀၁၃ ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန် သူအဖြစ် တိုင်တန်းခံထားရသူကို ဖမ်းဆီးစစ်ဆေးနေသည်ဟု တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထား သည်။

ယင်းသို့သော အရွယ်မရောက်သေးသည့် ကလေးငယ်လေးများ အဓမ္မပြုကျင့်ခံနေရခြင်းများမှ ကာ ကွယ်နိုင်ရန် ထိရောက်ဟန့်တားနိုင်သည့် ပြစ်ဒဏ်များ ပြင်ဆင်ဖြည့်စွက်ပေးရန် လွှတ်တော်တွင် နှစ် ကြိမ်တိုင်တိုင် အဆိုတင်သွင်းမှုများ ရှိခဲ့သော်လည်း အောင်မြင်မှုမရရှိခဲ့ပေ။

ထို့ပြင် မြန်မာပြည်တွင် အမျိုးသမီးများနှင့်ပတ်သက်၍ ပြဋ္ဌာန်းပေးထားသည့် ဥပဒေများမှာလည်း နိုင်ငံ တကာစံနှုန်းဖြစ်သည့် အမျိုးသမီးများ အကြမ်းဖက်ခံရပါက လုံးဝသီးခံစရာမလိုဟုဆိုသော(Zero Talerance) ပေါ်လစီဖြင့် ကိုက်ညီမှုမရှိသည့်အတွက် ပြင်ဆင်ရန် လိုအပ်နေသေးသည်ဟု သုံးသပ်မှု များရှိနေသည်။

ဇော်ဇော်ထွေး / Mizzima

Thursday, December 26, 2013

ခန္ဓာကိုယ် အတွင်းမှ ကျဆင်းသွားသော လျှပ်စစ်ဓာတ်အား ပြန်လည်အားသွင်းပေးသည် E-Life စက်ကို အခမဲ့ အသုံးပြုခွင့် ပေးမည်

ခန္ဓာကိုယ်မှ ကျဆင်းသွားသော သဘာဝ လျှပ်စစ်ဓာတ်အားကို ဘေးထွက်ဆိုးကျိုးများ လုံးဝမရှိဘဲ လျှပ်စစ် ဓာတ်အား ပြန်လည် အားသွင်းပေးနိုင်သည့် E-Life နောက်ဆုံးပေါ်ကျန်းမာရေး အထောက်အကူပြု စက်ကို အခမဲ့ အသုံးပြုခွင့် ပေးသွားမည် ဖြစ်ကြောင်း လမ်းမတော် One Energize Station မှ သိရသည်။

E-Life စက် လာရောက် အသုံးပြုသူများကို ဒီဇင်ဘာ ၂၅ ရက်မှ ၂၇ ရက် အထိ သုံးရက်တိုင်တိုင် အခမဲ့ အသုံးပြုမှု အနေဖြင့် ဝန်ဆောင်မှု ပေးသွားမည် ဖြစ်သည်။ အဆိုပါ E-Life စက်ကို အမှတ် (၈၂) မြေညီထပ် ရွှေတောင်လမ်းလသာ မြို့နယ်ရှိ One Energize Station တွင် အသုံးပြုခွင့် ရမည်ဖြစ်သည်။

လူတို့၏ ခန္ဓာကိုယ်တွင် သဘာဝအားဖြင့် လျှပ်စစ်ဓာတ်အား ရှိနေရာ ခန္ဓာကိုယ် အတွင်းရှိ နှလုံး၊ အဆုတ်၊ အူမကြီး၊ အစာအိမ်၊ ကျောက်ကပ်၊ ဦးနှောက်၊ အူသိမ် အစရှိသော ကိုယ်တွင်း အင်္ဂါများ ပုံမှန် လုပ်ဆောင် ချက်အတိုင်း လုပ်ကိုင်ရန် အထောက်အကူ ပေး ကြောင်း သိရသည်။

ယင်း သဘာဝ လျှပ်စစ်ဓာတ်အားသည် ခန္ဓာကိုယ်၌ လျော့နည်းသွားမည် ဆိုပါက ကိုယ်တွင်း အင်္ဂါများ ပုံမှန် အလုပ် မလုပ်နိုင်တော့ဘဲ စွမ်းရည် ကျဆင်းကာ ရောဂါဝေဒနာများ ဖြစ်ပေါ်စေနိုင်သည်။ E-Life စက်မှ လျှပ်စစ် ဓာတ်အားသည် ခန္ဓာကိုယ်အား ထိခိုက်နာကျင်စေနိုင်ခြင်း၊ အပူလောင်စေခြင်းနှင့် တခြားသော ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်ခြင်း မရှိဘဲ လျှပ်စစ်ဓာတ်အားကို ခန္ဓာကိုယ်ထဲသို့ ပြန်လည် အားသွင်းပေး ခြင်းဖြင့် ရောဂါ ဝေဒနာများကို သက်သာ ပျောက်ကင်းစေနိုင်ကြောင်း သိရသည်။

E-Life စက်ကို အသုံးပြုခြင်းဖြင့် သွေးတိုး၊ ဆီးချို၊ နှလုံး၊ လေးဖက်နာ၊ အစာအိမ်၊ ဆီးနှင့် ကျောက်ကပ်၊ လေဖြတ်ပြီး ခြေလက် မလှုပ်ရှားနိုင်သူများ၊ အရိုးအကြော၊ ဦးနှောက်နှင့် အာရုံကြော၊ သွေး၊ ပန်းသေ၊ ပန်းညှိုး၊ သားသမီး မထွန်းကားသူ၊ အရေပြားရောဂါ၊ အဝလွန်သူများနှင့် အသားအရေ လှပချင်သူများ အသုံးပြုနိုင်ကြောင်း သိရသည်။

ထက်နေ
Myanmar Forward

Sunday, December 22, 2013

ငွေဆောင်၊ ချောင်းသာ သွားမယ်ဆို ဆင်တွေကို သတိထား


ပုသိမ်မြို့နယ်မှာရှိတဲ့ နာမည်ကျော် ငွေဆောင်နဲ့ ချောင်းသာ ကမ်းခြေတွေကို လာမယ်ဆိုရင် ညပိုင်း မလာကြဖို့ ဧရာဝတီတိုင်းဒေသကြီး သစ်တောဌာန ထိပ်တန်းအရာရှိတဦးက ပြောပါတယ်။

ဘာကြောင့်လဲဆိုတော့ ... အခုချိန်က စပါးပေါ်ချိန်ဖြစ်တဲ့အတွက် တောဆင်ရိုင်းတွေဟာ စပါးရှာစားရင်း ပုသိမ် - ချောင်းသာ၊ ပုသိမ် - ငွေဆောင်ကားလမ်းပေါ်တွေ ရောက်လာတတ်တဲ့အတွက် ဖြစ်ပါတယ်။ “ဒီကာလမှာ ချောင်းသာ၊ ငွေဆောင်လမ်းတွေကို ညပိုင်းမသွားသင့်ဘူး။ ဆင်နဲ့ရုတ်တရက် တိုးရင် အန္တရာယ်ရှိနိုင်တယ်။ ဆင်က ဒီရာသီမှာစပါးရှာစားတော့ ဒီလိုပဲ သွားလာနေတာ။ နေ့ဆို တောထဲမှာအိပ်။ ညဆို လယ်ကွင်းထဲမှာ စပါးရှာစားတာတွေ လုပ်ကြလေ့ရှိတယ်” လို့ သစ်တောအရာရှိက ဧရာဝတီကို ပြောပါတယ်။ တောဆင်ရိုင်းတွေဟာ စပါးပေါ်ချိန် သီတင်းကျွတ်လလောက်ကစပြီး ရခိုင်ရိုးမထဲကနေ လူတွေစိုက်ထားတဲ့စပါးခင်းတွေကိုလိုက်ရှာပြီး ၀င်ရောက်စားသောက် တတ်ကြပါတယ်။ တောဆင်ရိုင်းတွေ စပါးခင်းဝင်စားတဲ့ဒေသတွေကတော့ ငပုတော၊ ပုသိမ်နဲ့ သာပေါင်း မြို့နယ်တွေပါပဲ။

ဒီလ၁၂ရက်နေ့က ငွေဆောင်သွားတဲ့လမ်းက ရေသိုးရွာနားအထိ တောဆင်ရိုင်းအုပ်တွေ ရောက်လာကြတယ်လို့ ငွေဆောင်ကမ်းခြေကပြန်လာတဲ့ ပုသိမ်အခြေစိုက် သတင်းထောက်တဦးက ပြောပါတယ်။ “ကျနော်ဆီးဂိမ်းဖွင့်ပွဲသတင်းယူပြီး နောက်တရက်မှာပြန်လာတော့ ညနေ ၄ နာရီလောက်ပဲ ရှိသေးတယ်။ ရေသိုးရွာနားမှာ လူတွေရုတ်ရုတ်ဖြစ်နေတာနဲ့ဆိုင်ကယ်ပေါ်က ဆင်းကြည့်တော့ တောဆင်ရိုင်းအုပ်ဗျ။ ငှက်ပျောပင်တွေ ၀င်စားနေတာ အကောင် ၂၀ လောက်ရှိတယ်”လို့ သူက ရှင်းပြပါတယ်။ ပုသိမ်ကနေ ချောင်းသာကမ်းခြေသွားတဲ့လမ်းမှာလည်း ဆင်တွေလာတတ်လို့ ဒေသခံတွေဟာ ဆင်မောင်းဖို့ပစ္စည်းတွေ အသင့်ပြင်ထားရတာပါ။ အထူးသဖြင့် ဆင်တွေက ညအချိန်မှာအစာရှာလေ့ရှိတာကြောင့် ချောင်းသာ၊ ငွေဆောင်ကမ်းခြေတွေကို ညပိုင်းမှာမသွားသင့်ပါဘူး တဲ့။ “ညဘက်ကြီး ပုသိမ်ကပြန်လာတော့ ရှောပြာရွာနားအရောက်မှာ ဆင်ကရွာထဲဝင်ဖို့လုပ်နေလို့ ရွာသားတွေ ၀ိုင်းမောင်းထုတ်နေတာ တွေ့ဖူးတယ်။ ကိုယ်နဲ့မတွေ့ခင် ရွာသားတွေနဲ့ အရင်တွေ့တာ တော်သေးတာပေါ့။ နို့မို့ကတော့ မလွယ်ကြောပဲ။ ဒါကြောင့် ညပိုင်းဆို မဖြစ်မနေကိစ္စကလွဲလို့ မသွားကြဘူး။ သွားဖြစ်ရင်လည်း ဆင်နဲ့မတိုးဖို့ ဘုရားတပြီး သွားရတယ်”လို့ ချောင်းသာကျေးရွာသားတဦးက ရှင်းပြပါတယ်။ ဆင်တွေက ကားမီး၊ ဆိုင်ကယ်မီးတွေ့ရင် အဲဒီမီးတွေနောက်ကို ဆင်ကပြေးလိုက်လေ့ရှိတယ်လို့ ဒေသခံတွေက ပြောပြကြပါတယ်။

 အဲတော့ မကြာခင်မှာ ခရစ္စမတ်အားလပ်ရပ်၊ ရုံးပိတ်ရက်တွေမှာ ငွေဆောင်၊ ချောင်းသာကမ်းခြေတွေကိုလာကြမယ်ဆိုရင် ဆင်အန္တရာယ်ကင်းဝေးဖို့ နေ့ခင်းဘက်တွေ ရောက်အောင်လာကြပါလို့ပဲ တိုက်တွန်းလိုပါတယ်။ ရန်ကုန်မြို့နဲ့ ပုသိမ်က ၁၁၅ မိုင်ဝေးပြီး ကားနဲ့ဆိုရင် ၃ နာရီခွဲနီးပါး မောင်းရပါတယ်။ ပုသိမ်ရောက်ပြီး ငွေဆောင်၊ ချောင်းသာဆက်သွားမယ်ဆိုရင် တောင်တက် တောင်ဆင်းလမ်းတွေဖြစ်တာကြောင့် အချိန် ၁ နာရီခွဲနီးပါးလောက် မောင်းရပါတယ်။

အဲတော့ ရန်ကုန်ကလာမယ်ဆိုရင် ငွေဆောင်၊ ချောင်းသာရောက်ဖို့ အနည်းဆုံး ၅ နာရီတော့ အချိန်ယူရပါလိမ့်မယ်။ ဒီလိုကားမောင်းရမယ့်နာရီတွေ သိရှိထားခြင်းအားဖြင့် သတင်းဘုရင်ဘလော့ ပရိတ်သတ်ကြီးလည်း ငွေဆောင်၊ ချောင်းသာကို အပန်းဖြေလာကြဖို့ ချိန်ဆနိုင်မှာဖြစ်ပါတယ်။ ကဲ ... အေးချမ်းပျော်ရွှင်စွာနဲ့ ငွေဆောင်၊ ချောင်းသာကမ်းခြေတွေမှာ အပန်းဖြေနိုင်ကြပါစေဗျာ..

ဆလိုင်းသန့်စင် ဧရာဝတီblog

အမျိုးသမီးတွေ အမြဲတမ်းလိမ်တတ်တဲ့ အချက် (၄)ချက်


          ရိုးသားမှုဆိုတာ ချစ်ခြင်းတစ်ခုမှာ အရေးအကြီးဆုံး မရှိမဖြစ်ပါပဲ။ သို့ပေမယ့်လည်း တစ်ချို့သော အတိတ်ဖြစ်ရပ် တွေဟာ ပွင့်ပွင့်လင်းလင်း ပြောပြဖို့ အခြေအနေမပေးတာမျိုး ရှိနိုင်ပါတယ်။ အတိတ်ဟာ အတိတ်ပဲဖြစ်ပြီးတော့ အတိတ်ကိုပြန်တူးဆွရင် လက်ရှိအခြေအနေတွေ ပျက်စီးတတ်ပါတယ်။

          တကယ်လို့ အတိတ်ဟာ လက်ရှိအချိန်ကို လာရောက်ထိခိုက်မှု မရှိစေနိုင်ဘူးဆိုရင်တော့ အနောက်မှာပဲ ချန်ထားခဲ့တာ ပိုကောင်းပါလိမ့်မယ်။ ကျွန်ုပ်တို့လည်း အလားတူ ရိုးသားစွာနဲ့ လိမ်ကောင်း လိမ်မိဖူးကြပါလိမ့်မယ်။ ဒီဆောင်းပါးလေးကတော့ မိန်းကလေးတွေ လိမ်လေ့ရှိတဲ့ အရာလေးမျိုးအကြောင်း ဖော်ပြမှာဖြစ်ပါတယ်။

(၁)     သူမ ပတ်သက်ခဲ့ဖူးတဲ့ အမျိုးသားတွေရဲ့ အရေအတွက်

          သူမဟာ အတွေ့အကြုံရှိတဲ့ ပရောဖက်ရှင်နယ်တစ်ယောက် ဖြစ်နေနိုင်ပါတယ်။ သူမ ရည်းစား ဘယ်နှစ်ယောက်လောက်ပဲ ထားခဲ့ထားခဲ့ သင့်အနေနဲ့ သေချာတာကတော့ သူမဟာ အရေအတွက်ကို လိမ်ထားပါပြီ။ အိမ်ထောင်မကျခင် ကိုယ်ခန္ဓာနှီးနှောခဲ့ဖူးခြင်းဟာ အရှေ့တိုင်းသာတွေအမြင်မှာတော့ တားမြစ်ချက်တစ်ခုပါ။ တခြား လူမှုအသိုင်းအ၀ိုင်း အဖွဲ့အစည်းတွေ ဘယ်လိုပဲ တိုးတက်နေပါစေ ဒီတစ်ချက်ကတော့ အခုအချိန်ထိ တားမြစ်ထားဆဲပါ။ ဒီတော့ သေးငယ်တဲ့ ဒီလိမ်ညာမှုလေးကို ဒီအတိုင်းပဲ ထားပြီး ပြန်လည်မတူးဆွပါနဲ့တော့။

(၂)     သူမရဲ့ အလေးချိန်

          အမျိုးသမီးတွေဟာ စွဲမက်ဖွယ်ကောင်းတဲ့ ဖွံ့ဖွံ့ထွားထွား ကိုယ်ခန္ဓာကိုယ်တွေ ရှိသင့်ပါတယ်။ ဒီ့ထက်ကျော်ပြီး ၀သွားရင်တော့ ကြည့်မကောင်းတော့ပါဘူး။ ဒါကြောင့် ၀နေတဲ့ အမျိုးသမီးတွေဟာ သူမတို့ရဲ့ အလေးချိန်ကို အနည်းဆုံး ငါးကီလိုလောက် လျှော့ပြီး ဖြေတတ်ကြပါတယ်။ တစ်ခါတစ်ရံ ၅၀ ကီလို ဆိုတာ သူမတို့ရှိသင့်တဲ့ အနေတော် အလေးချိန်လောက်လို့ ယူဆပြီး အမြဲတမ်း ၅၀ကီလိုလို့ ဖြေတတ်ကြပါတယ်။ ဒီအခါ သင်ဘယ်မိန်းကလေးကို မေးလိုက် မေးလိုက် ၅၀ ကီလိုလို့ ဖြေတာကို တွေ့ရမှာဖြစ်ပြီး “ ကမ္ဘာပေါ်က မိန်းမတွေ အကုန်လုံး ၅၀ ကီလိုဝန်းကျင်ပဲရှိနေပြီး ဘာကြောင့် ပုံမကျ ပန်းမကျတွေ ဖြစ်နေရတာလဲ”လို့ တောင် ညည်းမိပါလိမ့်မယ်။ သူမကတော့ မပိန်မချင်း မေးလိုက်တိုင်း ၅၀ ကီလိုဝန်းကျင်လောက်ပဲ လှည့်ပတ် ဖြေနေမှာပါ။

(၃)     သူမရဲ့ ရပ်တည်မှု

          အမျိုးသမီးတွေ အမှီအခိုကင်းအောင် ရပ်တည်နိုင်တာမှန်ပါတယ်။ ဒါပေမယ့် သူမ ဒေါသထွက်တဲ့ အခါတိုင်း သူမအတွက် အမျိုးသားတစ်ယောက် မလိုအပ်ဘူးလို့ အော်ပြောတတ်တာဟာ တကယ်တော့ ညာတာပါ။ ဒီတော့ အမျိုးသားတွေအနေနဲ့ သိထားရမှာက သူမဘာတွေပဲပြောနေနေ အမျိုးသားတစ်ယောက် မရှိဘဲ မရပ်တည်နိုင်ပါဘူး။

(၄)     သူမစိတ်ကူး မယဉ်တတ်ဘူးလို့ ဆိုခဲ့ရင်

          အမျိုးသမီးတွေက သူမတို့ဟာ အချုပ်အနှောင်ကင်းတယ် ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတယ် ၊ သန်စွမ်းတယ်၊ လုံခြုံစိတ်ချမှု ရှိတယ်ဆိုတာ အလွန်ပြချင်ကြပါတယ်။ ဒီလိုအရာတွေ ပြသလိုက်နိုင်တာကြောင့် သူမတို့ဟာ စိတ်ကူးယဉ်မဆန်တတ်တဲ့သူတွေတော့ မဟုတ်ပါဘူး။ တခြား အမျိုးသမီးတွေနဲ့ မတူပဲ ခပ်ထန်ထန် ၊ ခပ်မာမာ နေတတ်ကြပေမယ့် တကယ်တမ်းမှာတော့ သူမတို့တွေဟာ အမျိုးသမီးတွေထဲ အမျိုးသမီးတစ်ယောက်ပဲ ဖြစ်တာကြောင့် သူမတို့မှာလည်း စိတ်ကူးယဉ်ဆန်တတ်တဲ့ စိတ်တွေ အပြည့်ရှိနေပါတယ်။

Ref:mensxp