Saturday, January 4, 2014

ထိုင်းနိုင်ငံမှ ASI (GSM) ဆင်းမ်ကတ်များ မြန်မာနိုင်ငံတွင် စတင်အသုံးပြုနိုင်မည်


ထိုင်းနိုင်ငံအခြေစိုက် အကြီးမားဆုံး GSM မိုဘိုင်းလ်ဖုန်း အော်ပရေတာဖြစ်သည့် ASI (Advanced Info Service ) ကုမ္ပဏီထုတ် GSM ဆင်းမ်ကတ်များ မြန်မာနိုင်ငံတွင် စတင်အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီက ဇန်နဝါရီလ ၂ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။

ထိုင်းနိုင်ငံအခြေစိုက် အဆိုပါ ကုမ္ပဏီမှ ဆင်းမ်ကတ်များ မြန်မာနိုင်ငံတွင် အသုံးပြုနိုင်ရန်အတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းနှင့် သဘောတူလက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်ပြီး ယင်းဝန်ဆောင်မှု အတွက် အကျိုးခံစားနိုင်မည့် ဦးရေ နှစ်သိန်းမှ သုံးသိန်းအထိ ရှိနိုင်မည်ဟု မျှော်မှန်းထားကြောင်း ယင်းကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။

ဝန်ဆောင်မှုများကို ဇန်နဝါရီလ အလယ်ပိုင်းတွင် စတင်ပေးအပ် သွားမည် ဖြစ်ကြောင်းနှင့် တစ်ရက်လျှင် ဆင်းမ်ကတ် တစ်ခုမှ 50Mb အထိ အသုံးပြုနိုင်မည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် ထိုင်းနိုင်ငံ အခြေစိုက် True Move ဆက်သွယ်ရေး အော်ပရေတာ တစ်ခုသည်လည်း မြန်မာနိုင်ငံသို့ အပြန်အလှန် ဆင်းမ်ကတ် သယ်ယူသုံးစွဲခွင့် ဝန်ဆောင်မှု ပေးအပ်ရန်အတွက် စီစဉ်နေ ကြောင်း ယင်းအော်ပရေတာ လုပ်ငန်း၏ ထုတ်ပြန်ချက်အရ သိရသည်။

ထိုင်းနိုင်ငံအခြေစိုက် ASI ဆက်သွယ်ရေး ကုမ္ပဏီသည် ၁၉၉၀ ပြည့်နှစ်က စတင်တည်ထောင်ခဲ့သော ထိုင်းနိုင်ငံ၏ အကြီးမားဆုံး ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်ပြီး ယနေ့အထိ ကမ္ဘာအနှံ့ သုံးစွဲသူ ၃၅ သန်းကျော် ရှိသည်။

၂၀၁၃ ခုနှစ် အတွင်းက မြန်မာနိုင်ငံသို့ ပထမဦးဆုံး အကြိမ်အဖြစ် အပြန်အလှန် ဆင်းမ်ကတ် သယ်ယူသုံးစွဲခွင့် (Roaming) ဝန်ဆောင်မှုကို စင်ကာပူအစိုးရပိုင် SingTel နှင့် စင်ကာပူနိုင်ငံ အခြေစိုက် StarHub ကုမ္ပဏီတို့က စတင်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းကလည်း နိုင်ငံပေါင်း ၃၃ နိုင်ငံတွင် မြန်မာနိုင်ငံမှ ဆင်းမ်ကတ်များ အသုံးပြုနိုင်ရန် အတွက် ပြင်သစ်နိုင်ငံ အခြေစိုက် Orange ကုမ္ပဏီ၏ အကူအညီဖြင့် ယခုနှစ် ဇန်နဝါရီ လအတွင်း ဝန်ဆောင်မှုများ စတင်ပေးအပ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာထားသည်။

Saturday, December 28, 2013

ဆန်းသစ် တီထွင် အကယ် ဒမီ ဖက်ရှင်


ဝါဝါ ဝင်းရွှေ-

“အခုခေတ် မော်ဒယ် လေးတွေ၊ မင်းသမီးလေး တွေ တော်တော် များများ ကတော့ တချို့ချိတ်လေး တွေကို ရိုးရိုး မဟုတ်ဘဲ ဒီဇိုင်းလေးတွေ ဆန်းပြီး လုပ်ကြတယ်။ တစ်ခုရှိ တာက အကယ်ဒမီ ပွဲတက် ဝတ်စုံကို လုံလုံ ခြုံခြုံလေး တွေပဲ ဖြစ်စေချင် ပါတယ်။ အန်တီဝါ ကတော့ အမြဲတမ်း မြန်မာ ဆန်ဆန်၊ ရိုးရိုးပဲ ဝတ်ဖြစ်တယ်။ ဒီဇင်ဘာလ လည်းဖြစ်၊ သဇင် ပန်းလည်း တအား ကြိုက်တော့ သဇင် ပန်းပန် ဖြစ်တယ်”

မို့မို့ မြင့်အောင်-

“အရင်တုန်း ကနဲ့ဆို ပြောင်းလဲ လာတာ တွေ အများကြီးပဲ။ အကယ်ဒမီ အတွက် ရင်ခုန်တာ ပဲရှိ တယ်။ မိတ်ကပ် ဆရာကပဲ အပင်ပန်း ခံပြီး စီစဉ်ပေး တာ။ အခုဆိုရင်ေ တာ့ ခေတ်နဲ့အညီ ဘာပေါ်လာပြီ၊ ဘာလုပ်လာ ပြန်ပြီ ဆိုတာနဲ့ ဆံပင်က အစ ပြောင်းလဲသွား တယ်။ ခေတ်တွေ ပြောင်းလာ တာနဲ့အမျှ ဖိနပ်က အစပေါ့။ မမို့တို့ အရွယ်နဲ့အ ညီ ခေတ်နဲ့ လိုက်ပြီး ဝတ် ရတာပဲ။ အဲဒီအတွက် မိုးကုတ် ပေါက်ပေါက် ကိုပဲ အားကိုး ရတာပေါ့။ ခေတ်နဲ့ အညီ ပြောင်းလဲမှု တွေ ရှိ လာပြီလေ”

မေသန်းနု-

“ဖက်ရှင်ဒီဇိုင်း တွေကတော့ ခေတ်ရေစီး ကြောင်းအလိုက် ပြောင်းလဲ နေမှာပဲ လေ။ ဒီဇိုင်း မျိုးစုံနဲ့ ပြောင်းလဲပြီး ဝတ်ဆင်လာ ကြတယ်။ ခေတ်နဲ့ အညီ ခေတ်စား ရင် ခေတ် စားသ လိုမျိုး တီထွင် ဖန်တီးပြီး ဝတ်ဆင် ကြတယ်။ တစ်တိုင်း ပြည်လုံး ကြည့်တဲ့ အကယ်ဒမီပွဲမှာ ယဉ် ကျေးမှုလည်း မပျောက် ပျက်အောင်၊ အမြင်လည်း သင့် တော်အောင် ဝတ်စားသင့် ပါတယ်။ ခေတ်မီမီ လေးနဲ့ မြန်မာ့ရိုး ရာလည်းမ ပျောက်ပျက်အောင် ၀တ်စား ဆင်ယင် သင့်တယ်။ ဒီဇိုင်းတွေ ကလည်း ခေတ်နဲ့အညီ ချိတ်တို့၊ ဇာတို့ အစရှိ တဲ့အပေါ်မှာ မူတည် ပြီး ပြောင်းလဲ ၀တ်ဆင်လာ ကြတာ ကိုလည်း တွေ့ရပါတယ်”

ထွန်း အိန္ဒြာဗို-

“အကယ်ဒမီ ဝတ်စုံက မလတ် ချုပ်ပေး မှာပါ။ ချိတ်က တော့ မန္တလေးက ရွှေဘရဏီ ပိုးထည်တိုက် က စပွန်ဆာ ပေးတယ်။ ကျွန်မတို့ အသက်အရွယ် အရရော၊ ပွဲအနေ အထား အရရော တအားထူးခြား ဆန်းပြားလို့ လည်းမရဘူး။ ကျွန်မ တစ်ယောက် တည်းရဲ့ အမြင်ပါ။ ကျွန်မက တအား ထူးထူး ဆန်းဆန်းကြီး တွေနဲ့သိပ်မ လိုက်ဘူး။ ချိတ်တောင် မနည်း လိုက်အောင် ဝတ်ရ တဲ့ Body Structure မျိုးဖြစ်တော့ ရိုးရိုးပဲ ဝတ်မှာပါ”

စန္ဒီမြင့်လွင်-

“ဒီးဒီ ဘာသာ ဒီးဒီ စဉ်းစားတဲ့ နှစ်ဆိုရင် ရိုးရိုးလေး ဝတ်ဖြစ်တယ်။ ချိတ်ကို တအား အရောင်စုံ တာလည်း မကြိုက်ဘူး။ ရိုးရိုးမြန်မာ ဝတ်စုံ ဆိုရင် မြန်မာ ဝတ်စုံ အတိုင်း ဝတ်တာ ပဲ ကြိုက်တယ်။ ချိတ်ကိုDress လို ပုံစံ မျိုးဝတ်ရတာ မကြိုက်ဘူး။ သူ့ရဲ့ ရိုးရာပုံစံမပျက် အောင်ဝတ် ရတာမျိုးကို ကြိုက်တယ်။ အကယ်ဒမီပွဲ မှာလည်း မြန်မာဆန်ဆန် ဝတ် စုံ လေးတွေပဲ မြင်ချင်ပါတယ်။ ခေတ် ဆန်ဆန်ပုံစံဒီဇိုင်းမျိုး တွေ မမြင် ချင်ပါဘူး။ ပြောင်းလဲမှု ကိုကြိုက် ပါတယ်။ ဘယ်လိုပဲပြောင်း လဲပြောင်းလဲ သူ့ရိုးရာ ဝတ်စုံ ကိုတော့ မပျောက် စေချင်ပါ ဘူး”

သန္တာဗို-

“အခု နောက်ပိုင်း အကယ်ဒမီ ပွဲတွေမှာ ဝတ်လာကြ တာက ရိုးရိုး ရှင်းရှင်း လေးတွေ ပိုပြီး ၀တ်လာ ကြတယ်။ အထူး သဖြင့် ရင်ဖုံးအင်္ကျီ ဒီဇိုင်းတွေ ပိုပြီး ဝတ်လာကြတယ်။ ရိုးရိုးရှင်း ရှင်းလေးနဲ့ ရင်ဖုံးပုံစံ အရင်ခေတ်က ပုံစံလေးတွေ ဝတ်လာ ကြတယ်။ ခေတ် ကတစ် ပတ် ပြန်ပြီး လည်သလို ပါပဲ။ အရင်ခေတ် တုန်းက ဒီ ဇိုင်းပုံစံ လေးတွေ ဝတ်လာကြတဲ့ အတွက် အရင် ခေတ်ပုံစံ တွေကို ပြန်ပြီး တွေ့နေရတယ်။ အရင်ခေတ်က ပုံစံပဲပြန်ပြီး ခေတ်စားလာတယ်။ မနှစ်က ဆိုရင်ခါးပတ်လေး တွေနဲ့မြန်မာဝတ်စုံကို ဝတ်ကြ တယ်။ ခေတ်စားတယ်။ အခု နောက် ပိုင်းတော့ ရိုးရိုးရှင်းရှင်း ရင်ဖုံးလေးတွေ ပြန်ဝတ်ကြတယ်။သန္တာလည်း အဲဒီလို ရိုးရိုး ရှင်းရှင်းပုံစံလေးတွေကို ဝတ်ရ တာ ကြိုက်တယ်။ကလေးဆန် တဲ့ပုံစံလေးတွေကိုလည်း ကြိုက် တယ်။ဒီဇိုင်နာ နဲ့တိုင်ပင်ပြီး တော့လည်း အကယ်ဒမီ ဝတ်စုံ ကို ပြင်ဆင် ဖြစ်တယ်”

ကြည်ဖြူသျှင် 


“ဒီနှစ်က တော့ရိုးရိုး ချိတ်ထဘီနဲ့ မြန်မာ ရင်ဖုံးပဲ။ကောင်းဆုက ချုပ်ပေး မှာပါ။အရင်တုန်းက အကယ်ဒမီ ပွဲတက်ဝတ်စုံကို ထူးထူး ခြားခြား လေးတွေ စဉ်း စားဖြစ်တယ်။ အခု နောက်ပိုင်း နိုင်ငံရေး ထဲရောက် လာတော့ ထူးထူး ဆန်းဆန်း ဖက်ရှင်တွေ လည်းသိပ်မ ဝတ်ချင် တော့ဘူး။ဒီနေ့မှာ ထူးထူး ခြားခြား လေးဝတ် လိုက်ရင်ကိုယ့် ရဲ့ရုပ် ရှင်လောက ဂုဏ်ကိုမြှင့်တင် ရာ ရောက်ပါ တယ်”

ချစ်စ နိုးဦး

“အကယ်ဒ မီပွဲ အတွက် ဒီနှစ်ကတော့ ချိတ်ပဲ ဝတ်ဖြစ်မှာ ပါ။ ရိုးရိုး ပါပဲ အကယ်ဒ မီပွဲက တော့ ဖက်ရှင် တစ်ခု လိုလည်း ဖြစ်နေတော့မြန်မာ ဝတ်စုံဒီဇိုင်း လေးတွေကို ထွင်ပြီး ဝတ်ကြ တာ ပေါ့။မနှစ်က လည်းအ ကယ်ဒမီ ကိုချိတ်နဲ့ ပဲတက်ဖြစ်ခဲ့ တာပါပဲ။”

ချစ်သုဝေ

“ဝတ်စုံ ကမပုံ့ (My Favourite) ကပဲ ဒီဇိုင်း ထုတ်ပြီး ခတ်တဲ့ ချိတ်ကို မပုံ့ဆင်တဲ့ အင်္ကျီနဲ့ ပဲတက်ဖြစ် မှာပါ။အကယ်ဒ မီပွဲ မတက်ဘူး လို့လုပ်ထားတာ။အခု မှတက်မယ် ဆိုတော့ အားချင်း ကြီးစီစဉ် လိုက်ရတယ်။ မိတ် ကပ်ကို ဒီဇင်ဘာနှင်းက လိမ်း ပေးမယ်။ ထရီဇာက မြန်မာ ဝတ်စုံကို ဒီဇိုင်း ဆန်းဆန်း ပြားပြား တွေသိပ်မ ကြိုက်ဘူး။ဒီနှစ်ပွဲ တက်ရင်လည်း ရိုးရိုး လေးကို မတူညီ တဲ့ပုံစံ Theme လေးတစ်ခု နဲ့သွားမယ် စိတ်ကူးထား တယ်။ ထရီ ဇာရဲ့ဝတ်စုံက မြန်မာ ဆန်ဆန် ရိုးရိုးလေး ပဲဖြစ်မှာပါ”

နန်းဆု ရတီစိုး

“ငယ်ငယ် တုန်းက ပွဲစ တက်တော့ အပေါ်က ဖန်စီ ဝတ် ဖြစ်တယ်။အောက်က ချိတ်ပိုး ထဘီ ၀တ်ဖြစ်တယ်။ပိုးတစ်ထည် လုံးမှာလည်း Creation တွေ လုပ်ပြီး ဒီဇိုင်နာရဲ့ ဒီဇိုင်း ပုံဖော်တဲ့ ပုံစံ ပေါ်မှာလည်း ဝတ် ဖူးတယ်။ အရင်တုန်းက ဝတ်ခဲ့ တဲ့ပုံစံ တွေကို ကြိုက်ခဲ့တာ လည်းရှိတယ်။သိပ်ပြီး သဘော မကျတာ လည်းရှိတယ်။ ကြိုက် တာတော့ များပါတယ်။ဒီနှစ် တော့ဒီဇိုင်နာ ဌေးဌေးတင် က စိတ်ကြိုက် ၀တ်ရအောင် ဝတ်စုံ သုံးစုံ ပေးတယ်။ပွဲတက် တဲ့နေ့ ကျမှကိုယ် ကြိုက်တာ ကိုရွေး ပြီး ဝတ်မှာ ဆိုတော့ Choice ရှိ တဲ့အတွက်ပို ပြီးအဆင် ပြေမယ် လို့ ထင်တယ်။ တစ်ထည်က တော့ ပိုးချိတ်၊ တစ်ထည် ကချိတ်၊ နောက် တစ်ထည်ကပိုး ပေါ်မှာ ဒီဇိုင်း လုပ်ထားတာ။အဲဒီအ ထဲက အလှဆုံး တစ်စုံကို ရွေးပြီး ဝတ်မှာပါ”

နန်းမြတ် ဖြိုးသင်း

“ဖက်ရှင်ကတော့ တစ် ပတ်လည်နေ တာပါပဲ။ ဟိုးအ ရင်တုန်းက ဆိုရင် ချွန်းချိတ်တွေ တအား ခေတ်စားတယ်။ အခု နောက်ပိုင်းကျတော့ တဖြည်း ဖြည်းနဲ့ ချိတ်ကိုပဲ ပန်းလှိုင်း လေး တွေနဲ့ခေတ်စား လာတယ်။ မနှစ် ကနဲ့ဒီနှစ်ပိုင်း တွေမှာတော့ ချွန်းချိတ်က ပြန်ပြီးခေတ်စား လာ တယ်။အဲဒီတော့ တစ်ပတ်ပြန် လည်လာ တယ်လို့ ထင်တယ်။ အဲဒီ လိုပြောင်းလဲ လာတဲ့အပေါ်မှာ လည်းခေတ်နဲ့ အညီချုပ်ဝတ် ဖြစ် တယ်။နန်းမြတ်ကတော့ မြန်မာ အင်္ကျီကို ရိုးရိုး ရှင်းရှင်း လေးတွေကို ပိုပြီး ကြိုက်နှစ် သက်တယ်”

Popular News

*** တခါသုံး ခွက်ဖြူဖြူတွေကို သတိထား ***



အမေရိကန်နိုင်ငံရှိ Technopark ကုမ္ပဏီမှ၊ IT နည်းပညာရှင်တစ်ဦးဖြစ်သူ Mr. Varun ရဲ့ ရောဂါက ထူးဆန်းနေပါတယ်။

သူဟာတနေ့ လုံးနေကောင်းပြီး၊ ညရောက်ပြီဆိုတာနဲ့  ဗိုက်ထဲကရစ်ရစ်နာ တဲ့ဝေဒ နာကို ခံစားရလေ့ရှိပါတယ်။ ဒီလို ဝေဒနာစွဲနေ တာ နှစ်နဲ့ ချီနေပါပြီတဲ့။ ဆရာ ၀န်တွေနဲ့ စမ်းသပ်ပြီး သာမန်ဆေးစစ်ချက်လေးတွေ လုပ်ခဲ့ပေမယ့် ရောဂါ ရှာမရ ခဲ့ပါဘူး။ နောက် ဆုံးမှာတော့ deeper probes(ခေါ်)ရောဂါရှာဖွေတဲ့ ထိပ်တုံးခွဲ စိတ်ကိရိယာတစ်မျိုး နဲ့ သူ့ ရဲ့ အစာအိမ်ထဲကို စစ်ဆေးကြည့် လိုက်တဲ့ အခါ ပြဿ နာ ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။

“အံ့သြစရာဘဲဗျာ..သူ့ ရဲ့  အစာအိမ်ထဲမှာ ဖယောင်းဖြူအနှစ်တွေ အနည် ထိုင်နေ တာအများကြီးဗျ… ဒါ ဖယောင်းတိုင်လုပ်တဲ့ ဖယောင်းဖြူ အမျိုးအစားတွေပေါ့ ” လို့  Mr. Varun ရဲ့ ခွဲစိပ် ဆရာဝန်က ပြောပါတယ်။

ရောဂါရဲ့ ဇာစ်မြစ်ကို အဖြေရှာကြည့်ရာ၊ Mr. Varun ဟာ လ္ဘက်ရည်ကြိုက်သူ တစ် ဦးဖြစ် တာမို့ ၊ နေ့ ဘက် ရုံးခန်းမှာ လ္ဘက်ရည် သောက်လေ့ရှိပြီး၊ သောက်တဲ့အခါတိုင်း တစ်ခါသုံးစက္ကူခွက်နဲ့ သာ သောက်ဖြစ်ပါတယ်တဲ့။ စက္ကူတွေရဲ့  သဘောသဘာဝ အရ၊ ရေစက်ကလေးထိရင်တောင် စက္ကူသားပျော့ပြီး ယိုစိမ့်ပေါက်သွားတတ်တာမို့ ၊ အရည်တွေထဲ့သောက်လို့ ရအောင် စက္ကူခွက် ပေါ်မှာ ဖယောင်းလောင်းပေးရပါတယ်။

အကယ်၍ ခုလို ဖယောင်းလောင်းထားတဲ့ စက္ကူခွက်ထဲကို လ္ဘက်ရည် (သို့ မ ဟုတ်) ကော်ဖီ ပူပူတွေထဲ့သောက်လိုက်တဲ့အခါမှာ၊ ခွက်ပေါ်မှာ လောင်းထားတဲ့ ဖယောင်းတစိပ်တဒေသတွေဟာ အရည်ပူပူတွေနဲ့ အတူ ဗိုက်ထဲရောက်သွား ပါတော့တယ်။ ထိုခွက်တွေနဲ့  အရည်ပူပူတွေကို ရံဖန်ရံခါမှ သောက်ခဲ့ ရင် ပြဿ နာ မရှိသော်လဲ၊ နေ့ စဉ်သောက်သုံးခဲ့ရင်တော့ အစာအိမ် ကို ဒုက္ခပေးပါလိမ့်မယ်။

လ္ဘက်ရည်၊ ကော်ဖီ၊ ရေနွေး ပူပူတွေသောက်တဲ့အခါ-
(၁) တခါသုံး ခွက်ဖြူဖြူတွေကို (လုံးဝ) မသုံးပါနဲ့ ။ (စက္ကူပေါ်မှာ ဖယောင်းလောင်း ထားတာကြောင့် Mr. Varun လို ဝေဒနာမျိုးရ ရှိ စေနိုင်ပါတယ်)

(၂) ဖန်ခွက်ကိုလဲ မသုံးသင့်ပါဘူး. (ဖန်ခွက်ဖြစ်စေဖို့ အတွက် ထိုဖန်ကိုချက်ထားတဲ့ ဓာတုပစ္စည်းတွေက ရေနွေးပူပူတွေ နဲ့  တွေတဲ့အခါ ဓာတ်ဖောက်ပြန်ပြီး၊ အစာ အိမ်နဲ့ သွေးကြောတွေကို ထိခိုက်စေနိုင်ပါတယ်)

(၃) ကြွေထည်ပစ္စည်းနဲ့ လုပ်ထားတဲ့ ကြွေခွက်တွေကသာ အကောင်းဆုံးဖြစ်ပါတယ်။ စတီးလ်ခွက်တွေလဲ သုံးနိုင်ပါတယ်။
>>>>>>>>>>>>**********<<<<<<<<<<<<<<
တခါသုံး စက္ကူခွက်ဖြူဖြူတွေက သယ်ရတာ ပေါ့ပါးလွယ်ကူ တဲ့အပြင်၊ ဈေးနှုန်းသက်သာ တာကြောင့် သောက်သုံးပြီးတဲ့အခါ အထူးတလည်ပြန်လည်ဆေးကြောနေစရာမလိုဘဲ စွန့်ပစ်နိုင်လို့  အိမ်ရှင်မများအကြိုက်တွေ့ ရုံမက၊ ကုမ္ပဏီ/ရုံးခန်း/စား သောက် ဆိုင်တော်တော်များများမှာ အသုံးတည့်လို့ နေပါတယ်။
သို့ သော် Mr. Varun လို အ လားတူရော ဂါပြဿ နာမျိုး မဖြစ်ရ လေအောင် အချိန်မှီ သတိပြုဆင်ခြင် နိုင်ကြ ပါစေကြောင်း ကျမ္မာသုတအဖြစ် မျှဝေလိုက်ရပါတယ်။

ချောင်းသာကမ်းခြေမှာBeach Wedding ပွဲကျင်းပမယ်လို့ဆိုတဲ့ ချစ်သုဝေ

၂ဝ၁၄မှာ မင်္ဂလာဆောင်တော့မယ့် နာမည်ကြီးအနုပညာရှင်တွေထဲမှာ သရုပ်ဆောင်၊ အဆိုတော်ချစ်သုဝေလည်း ပါဝင်နေပါတယ်။ မကြာခင် နှစ်ဦးပိုင်းမှာ မင်္ဂလာပွဲကို ၃ပွဲ စီစဉ်ကျင်းပမယ်လို့ ကြားနေရပြီး ရက်အတိအကျ ကိုတော့ပရိသတ်တွေကို အသိပေးပါ့မယ်လို့ ချစ်သုဝေ က ပြောပါတယ်။

အဆို တော်လင်းလင်းနဲ့ ချစ်သုဝေတို့က မင်္ဂလာဦး ဆွမ်းကျွေးနဲ့ စိန့်မေရီ ကာသီဒြယ် ဘုရားကျောင်းမှာ မင်္ဂလာပွဲကျင်းပ မှာဖြစ်ပြီး ချောင်းသာကမ်းခြေမှာလည်း မင်္ဂလာပွဲကို ထူးထူးခြားခြား ကျင်းပဆင်နွှဲမယ်လို့ ကြားသိရတာကြောင့် မေး ကြည့်တော့ချစ်သုဝေက "ချောင်းသာမှာမင်္ဂလာပွဲကျင်းပဖြစ်တာကတော့ ထရီဇာ တို့နဲ့ တအား ရင်းနှီးတဲ့ မိသားစုတွေ၊ သူငယ်ချင်း မိတ်ဆွေတွေနဲ့ အဲဒီပွဲကပို လုပ်ဖြစ် မှာပါ။ထရီဇာတို့သိကျွမ်းတဲ့မိတ်ဆွေတွေကတအားများတဲ့အတွက် Church
ပွဲကတော့ နှစ်ဖက်စလုံး သိကျွမ်းတဲ့အသိမိတ်ဆွေ တွေအားလုံးကို ဖိတ်
မယ်။

ဒီချောင်းသာ ပွဲလေးက ခရီးလည်းသွားရမယ်။ မင်္ဂလာပွဲတစ်ရက် အသွားအပြန်နှစ်ရက်၊ အားလုံးပေါင်း ၃ရက်ဆိုတော့ အချိန်လည်းေ ပးနိုင်မယ့် ထရီဇာတို့ရဲ့ အရင်းနှီးဆုံးမိတ်ဆွေတွေကိုခေါ်သွား မယ့်သဘောပေါ့။ Church ပွဲမှာ ကူညီမယ့်သူတွေ၊ Church ပွဲ မှာ
enjoy မလုပ်နိုင်ဘဲ ထရီဇာတို့ အတွက်လိုက်ပြီးကူညီနေရမယ့် ဓာတ်ပုံ ဆရာတွေ၊ ကင်မရာ မင်းန်တွေ၊ ထရီဇာတို့ရဲ့ သူငယ်ချင်းမိတ်ဆွေ တွေ၊ မိတ်ကပ်ဆရာတွေ၊ သူတို့တွေ အားလုံးပျော်ရွှင်ဖို့ အတွက်ပါ။

ဟိုတယ်Max မှာလုပ်ဖြစ်မယ်။ လူ ၂ဝဝလောက်ပဲ ဆံ့မှာဆိုတော့ လူ ၂ဝဝ လောက်နဲ့ wedding party ပွဲ၊ ကော့ တေးပါတီလုပ်မယ်လို့ စိတ်ကူး လိုက် တာပါ။ အဓိကကတော့ အစ်ကို (လင်းလင်း)က စီစဉ်တာပေါ့။ ထရီဇာ ကအစ က တည်းက Beach Wedding ကို စိတ်ကူးယဉ်ခဲ့ ဖူးတဲ့သူ ဆိုတော့ ပျော် ပျော် ရွှင် ရွှင်နဲ့ လက်ခံဖြစ် တယ်။ တ ကယ်တမ်း စီ စဉ်တဲ့ အခါမှာBeach မှာကျတော့ နည်းနည်းလေးအလုပ် ရှုပ် တယ်။ ဘယ်အခန်းမှာ ဘယ် သူဆိုပြီး အသေးစိတ်က အစ စီစဉ်ရတယ်" လို့ ပြောပါတယ်။

ဘဝ မှာ ပျော်ရွှင်ရတဲ့အချိန်လည်း ဖြစ်သလို၊မင်္ဂလာယူနေတဲ့ အချိန် မှာ
သူ့ကိုချစ်တဲ့ ပရိသတ်တွေက လည်း ဆုတောင်း စကားတွေ ပြောပေးရင် ဝမ်းသာမိမှာဖြစ် ကြောင်းကို ချစ်သုဝေက "ထရီဇာ ကို ချစ်တဲ့ပရိသတ်တွေက ချစ်တဲ့စိတ်၊ မေတ္တာစိတ်ကလေးနဲ့ ထရီဇာပျော်ရွှင် နေတဲ့အချိန်လေး၊ မင်္ဂလာယူနေတဲ့ အချိန်လေးမှာ ဆုတောင်းစကားလေး တစ်ခုခုနဲ့ ရင်ထဲ၊ အသည်းထဲကနေ လှိုက်လှိုက် လှဲလှဲလေး ဆုတောင်းပေး ရင် တအား ဝမ်းသာမိမှာပါ။ ဒီထက်ပိုပြီး တော့လည်း နှလုံးသားတစ်ခု၊ ဦးနှောက် တစ်ခုနဲ့ အနုပညာအလုပ်တွေကို ပိုပြီး မြတ်မြတ်နိုးနိုး တလေးတစားနဲ့ ဆက်လုပ်သွားမှာပါ" လို့ ပြောပါတယ်။

Popular Journal

အကယ်ဒမီပွဲအကြိုစကားသံများ



အကယ်ဒမီပွဲကြီးနီးလာတာနဲ့အမျှအကယ်ဒမီရင်ခုန်သံများကို အပတ်စဉ်တင်ဆက် ပေးလျှက် ရှိရာ ယခုအပတ်မှာလည်း အနုပညာရှင်တွေရဲ့ အကယ်ဒမီအကြိုစကားသံများကို ထပ်မံစုစည်းပြီး ဖော်ပြပေးလိုက်ရပါတယ်။

သင်ဇာဝင့်ကျော်

" ဒီနှစ်အကယ်ဒမီဝတ်စုံကို ကောင်းမြတ်ဆီက ဝတ်မယ်။မိတ် ကပ်က မေဦးလိမ်းပေးမယ်။ လက် ဝတ်ရတနာက စိန်နန်းတော်။ အရင်နှစ်ကဆိုရင် လူတွေနဲ့ တိုး ဝှေ့ပြီးအထဲဝင်ရတယ်။ ဓာတ်ပုံ ရိုက်ရင်လည်းနေက direct light ဖြစ်နေတော့ တချို့ပုံတွေ မလှ ဘူး။ လျှောက်လှမ်းတွေ၊ ဓာတ်ပုံရိုက်တာတွေ သေသေချာချာလုပ်ပေး
သင့်တယ်။ ပြီးခဲ့တဲ့နှစ်ကဆိုရင် တအားတိုးဝှေ့ပြီးမှ ဝင်ခဲ့ရတော့ ပစ္စည်းတွေ ပျောက်ကြတယ်"

မို့မို့မြင့်အောင်

" အပြောင်းအလဲတွေလုပ်ဖို့ စီစဉ်နေကြတယ်။ အခုတော့ ကိုယ်တွေက အစမ်းသပ်ခံအဆင့်ပဲရှိသေးတော့ မမို့တို့လည်း တစ်ထောင့်တစ်နေရာကနေ ပါဝင်ပေးနေပါတယ်။

ဗန်းကိုင် တွေ လမ်းလျှောက်တာက အစ အကုန်ပြောင်းပစ်လိုက်တော့ မယ်။ ဒီနှစ်ကိုလည်း အပြောင်း အလဲလေးတွေဖြစ်အောင် လက်ဆင့်ကမ်း ပြီးလှုပ်ရှားနေကြတယ်။

နောင်နှစ်ကျ ဒီရုပ်ရှင်အစည်းအရုံးကနေ ပြောင်းလဲလုပ်ကိုင်မယ် ဆိုတော့ အခုကတည်းက အကုန်ပိုကောင်းအောင်လုပ်ရမှာပေါ့"

ရန်အောင်

" ဒီနှစ်အကယ်ဒမီပေးပွဲမှာ ကိုယ်တို့ ရုပ်ရှင်အစည်းအရုံး ဘက်က အများကြီး လုပ်ခွင့်ရတဲ့အတွက်ဝမ်းသာ ဂုဏ်ယူဖို့ ကောင်းပါတယ်။ အကယ်ဒမီ ဆုရွေးတာတွေကအစ ဗန်းကိုင် ရွေးတာတွေအဆုံး ရုပ်ရှင်လောက သားတွေ၊ နားလည်တဲ့ စာနယ် ဇင်းသမားတွေရော ပါဝင်ပံ့ပိုးပေးကြတဲ့အတွက် ကျေနပ် စရာ ကောင်းပါတယ်။

အကယ်ဒမီပေးပွဲကတော့ အခုအစ်ကိုတို့ အွန်လိုင်းပေါ်မှာ ဖတ်ရသလောက် ဒီရုပ်ရှင်အစည်းအရုံးကနေ လည်းပါဝင်ပြီးကျင်းပမယ်၊ တင်ဒါရတဲ့သူတွေကလည်း ခမ်းခမ်းနား နားလုပ်မယ်လို့ သိရတဲ့အတွက် တအားကို အားရှိပါတယ်။ ကျေလည်းကျေနပ်ပါတယ်"

အိန္ဒြာကျော်ဇင်

" ဝတ်စုံကတော့ အူဝဲအစ်မ (အိကျော်ဇင်)ပဲ စီစဉ်တာပါ။ သူပဲအားလုံးစီစဉ်ပေးတယ်။ အူဝဲတို့ရဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲက တော့ ကြီးကျယ်မှကောင်းမှာလေ။ သေသေချာချာ၊ ကောင်းကောင်း မွန်မွန်၊ ခမ်းခမ်းနားနားလေးတော့ ဖြစ်စေချင်တာပေါ့။ အန်ကယ်လေး (လူမင်း)တို့ကတော့ အကောင်းဆုံးဖြစ်အောင်လုပ်မယ်လို့
ထင်ပါတယ်"

ကျော်ကျော်ဗို

" အကယ်ဒမီပွဲကတော့ ဖိတ်စာ ရရင်တက်လိုက်တာပါပဲ။ ထွေထွေထူးထူးသိပ်မရှိပါဘူး။ နှစ်တိုင်းလည်း ဘာမှသိပ်မပြင်ဆင်ဖြစ်ပါဘူး။ အကယ်ဒမီအပေါ်မှာ ပရိသတ် တွေရော၊ အနုပညာရှင်တွေရော ပိုပြီးတော့ ရင်ခုန်ပြီး တကယ့်ကိုသိုက်သိုက်ဝန်းဝန်းဖြစ်ဖို့တော့ ကြိုးစားရဦးမယ်။

အကုန်လုံးက အဲဒီအပေါ်မှာ မက်မက်မောမောနဲ့ မရှိကြတော့တဲ့ စိတ်မျိုးတွေဖြစ်နေကြတယ်။ အဲဒါလေးကို အကုန် နွေးနွေးထွေးထွေးဖြစ်အောင် ပြန်လုပ်ကြရဦးမယ်"

 Popular Academy