Sunday, January 19, 2014
လင်းဇာနည်ဇော်အသက်အန္တရာယ်မရှိ၊ရန်ကုန်SSCတွင်ဆက်လက်ဆေးကုသခံမည်.
ပဲခူးမြို့ အနီးရန်ကုန်-မန္တလေးလမ်းဟောင်း တွင် သရုပ်ဆောင်လင်းဇာနည်ဇော်လိုက်ပါစီးနင်းလာသောယာဉ်နှင့် အခြားယာဉ်တစ်စီးတို့ တိုက် မိပြီးယာဉ် မတော်တဆ မှူကြောင့်အမျိုးသမီးတစ်ဦးအသက်ဆုံးပါးသွားကြောင်းသတင်းရရှိသည့်ယမန်
နေ့ ညနေပိုင်းကသရုပ်ဆောင်လင်းဇာနည်ဇော်၏အစ်ကိုဖြစ်သူဒါရိုက်တာမိုက်တီးထံဆက်သွယ်မေးမြန်းရာသူတို့ လည်းအခင်းဖြစ်ပွားရာသို့ ရန်ကုန်မှသတင်းရရခြင်း
လိုက်ပါသွားနေကြောင်းပြောပြီးနောက် “ကျွန်တော်အခုရောက်တော့မယ် သူ့ ကောင်မလေးတော့ ဆုံးသွားရှာတယ်”ဟုသေဆုံးသူအမျိုးသမီးငယ်မှာသရုပ်ဆောင်လင်းဇာနည်ဇော်နှင့်အတူပါသွားခဲ့သူဖြစ်ကြောင်းဒါရိုက်တာမိုက်တီး၏ပြောကြားချက်အရ
သိရသည်။ယာဉ်မတော်တဆမှုဖြစ်ပွား ရာတွင်တစ်ဦးသေဆုံး၍သရုပ်ဆောင်လင်းဇာနည်ဇော် အပါအ၀င်လူ(၄)ဦးဒဏ်ရာရရှိခဲ့ပြီးပဲခူးဆေးရုံတွင်ဆေးကုသမှုခံယူစေကြောင်း“သေဆုံးသူအတွက်အားလုံးစိတ်မကောင်းဖြစ်နေကြရပါတယ်၊
လင်းလင်းကတော့ အသက် အန္တရာယ် မရှိတော့ပါဘူး မနက်မှရန်ကုန်ဆေးရုံရွှေ့ပါမယ်”ဟု စိတ်မပူရစေရန်ဒါရိုက်တာမိုက်တီး က ညပိုင်းမှာ ပြောဆိုပါသည်။
ယနေ့ မှာဒဏ်ရာရရှိထားသူ သရုပ်ဆောင်လင်းဇာနည်ဇော်ကို ရန်ကုန်မြို့ သို့ ပြန်လည်ခေါ်ဆောင်ပြီဖြစ်ပြီး မကြာမီ SSCဆေးရုံ သို့ တင်ပို့ ဆေးကုသမှု ခံယူမှာဖြစ်ကြောင်းယနေ့ မနက်၁၀နာရီခွဲမှာထပ်မံသိရသည်။
(ညပိုင်းကသတင်းမတင်ခြင်းမှာလင်းဇာနည်ဇော်၏မိဘနှစ်ပါးစိုးရိမ်မည်ကို၍သတိပြုခဲ့ကြခြင်းဖြစ်ပါသည်။ယခုတော့ပရိသတ်အချစ်တော်လင်းဇာနည်ဇော်အသက်အန္တရာယ်မရှိ
တော့၍မိသားစုနှင့်အတူပရိသတ်များစိတ်အေးစေရန်တင်ပြရပါသည်။
ကွယ်လွန်သူအမျိုးသမီးငယ်အတွက်လည်းမိသားစုများနှင့်ထပ်တူစိတ်မကောင်းဖြစ်ရပါ၏-
အနုပညာအယ်ဒီတာ)
Popular Myanmar News Journal
Sunday, January 12, 2014
ချစ်တင်းနှောခြင်းက ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုနိုင်သလဲ
ကာမပိုင် ဇနီးမောင်နှံများအတွက် အိမ်ထောင်ရေးသာယာဖို့အတွက် အချစ်ကိစ္စတွေဟာလည်း အရေးပါတဲ့ကဏ္ဍတစ်ခု ဖြစ်ပါတယ်။ ချစ်တင်းနှောခြင်းဟာ ချစ်ကျေနပ်မှု အပြင်စိတ်ဖိစီးမှုလျော့ပါးခြင်း၊ အိပ်ပျော် ခြင်းနဲ့ ကယ်လိုရီလောင်ကျွမ်းခြင်းစတဲ့ ကျန်းမာရေး အကျိုးပြုမှုတွေလဲရှိနေပါတယ်။ ဒီဆောင်းပါးမှာတော့ ကျန်းမာရေးရှုထောင့်အရ ချစ်တင်းနှောခြင်းက ဘယ်လိုအာနိသင်တွေရှိသလဲဆိုတာ တင်ပြသွားပါမယ်။
နှလုံးကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပါတယ်-တစ်ပတ်ကို နှစ်ကြိမ် အထက်ချစ်တင်းနှောခြင်းဟာ အမျိုးသားတွေရဲ့ နှလုံးတိုက်ခိုက်မှုဒဏ်ကို လျော့ပါးစေနိုင်ပါတယ်။
နာကျင်မှုကိုသက်သာစေပါတယ်- ချစ်တင်းနှောချိန်မှာ ငါးဆမြင့်တက်လာတဲ့ oxytocin ဟော်မုန်းဟာ ကြွက်သားနာကျင်မှု၊ ခေါင်းကိုက်ခြင်းတွေကို လျော့ပါးသက် သာစေတယ်လို့ သိရပါတယ်။
ခုခံအားကို တက်စေပါတယ်- လင်မယားတွေကြားမှာ ပုံမှန်ချစ်တင်းနှောခြင်းဟာ ခုခံအားကိုမြှင်တင်ပေးနိုင်တဲ့ ပဋိဆန့်ကျင် IgA ကိုမြင့်တက်စေ နိုင်ပါတယ်။
အိပ်ပျော်စေနိုင်ပါတယ်- စိတ်ဖိစီးမှုကို လျော့ပါးစေတဲ့ ဟော်မုန်းတွေ ထွက်ရှိပြီးကြွက်သားတွေကိုပြေလျော့စေတဲ့အတွက် ချစ်တင်းနှောအပြီးမှာ ကောင်းမွန်စွာ အိပ်ပျော်စေနိုင်ပါတယ်။
ကျန်းမာစေနိုင်ပါတယ်- ချစ်တင်းနှောနေချိန်မှာ ထွက်တဲ့ ဟော်မုန်း dehydorepiandrosterone ဟာ ခုခံအားစနစ်ကို မြှင့်တင်ပေးပြီး ကိုယ်ခန္ဓာတစ်ရှုးတွေကို ပျက်စီးယိုယွင်းခြင်းကို ထိန်းသိမ်းပေးပါတယ်။ နှလုံးခုန်မြန်စေပြီး အခြားအင်္ဂါအစိတ်အပိုင်းတွေ၊ ဆဲလ်တွေကို သွေးပို့လွှတ်နိုင်မှု မြင့်တက်စေပါတယ်။
နုပျိုစေပါတယ် – တစ်ပတ်မှာ သုံးကြိမ်ခန့် ချစ်တင်းနှောခြင်းဟာ နုပျိုစေတယ်ဆိုတာ ယုံပါသလား။ ချစ်တင်းနှော ချိန်မှာထွက်တဲ့ ရောင်ရမ်းမှုကိုဆန့်ကျင်တဲ့ မော်လီကျူးတွေဖြစ်တဲ့ oxytocin နဲ့ endorphins ဟာ အရေပြားယိုယွင်းမှုကို ပြုပြင်နိုင်ခြင်း၊ အရေးအကြောင်းတွေကို လျော့ပါးစေခြင်းစတဲ့အာနိသင်တွေ ရှိနေပါတယ်။ ဒါ့အပြင် သွေးလှည့်ပတ်မှု ပိုမိုကောင်းမွန်ခြင်းကလည်း အရေပြားကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်ပါတယ်။
သန့်စင်
Health Updates Journal
သင်မကြားဖူးသည့် အကြောက်ရောဂါများ
(၁) ပုလွေကြောက်ရောဂါ (Aulophobia)
ပုလွေသံကြောက်ခြင်း၊ ပုလွေ မြင်ရသည်နှင့် ကြောက်ခြင်းသည် လူသိနည်းသော်လည်း အဖြစ်များ
သည့် ရောဂါတစ်ခုဖြစ်သည်။
(၂) မြေပဲထောပတ်ကြောက်ရောဂါ (Arachibutyrophobia)
မြေပဲထောပတ်စားသည့်အခါ ထောပတ်များ အာခေါင်တွင်ကပ်ကျန်ရစ်ခဲ့မည်ကို ကြောက်သော ရောဂါဖြစ်သည်။
(၃) အရယ်ကြောက်ရောဂါ (Geliophobia)
ရယ်သံကိုလည်းကောင်း၊ ရယ် ခြင်းကိုလည်းကောင်း ကြောက်သည့် ရောဂါဖြစ်သည်။
(၄)ဒူးကြောက်ရောဂါ (Genuphobia)
ဒူးကြောက်ရောဂါရှိသူများ သည် ဒူးဖုံးသည့် အ၀တ်အစားများ သာ ၀တ်ဆင်ရလေ့ရှိပြီး အခြားသူ များ၏ ဒူးခေါင်းကိုလည်းကြောက် တတ်ကြသည်။
(၅)စကားလုံးရှည်ကြောက်ရောဂါ (Hippopoto monstrosesquip pedaliophobia)
ရောဂါအမည် ရှည်လျားစွာ ရှိသော အဆိုပါရောဂါရှိသူများည် စကားလုံးအရှည်များကို ကြောက် တတ်ကြသည်။
(၆)ကြိုးကြောက်ရောဂါ (Linophobia)
ကြိုးကြောက်ရောဂါရှိသူများ သည် အပ်ချည်ကြိုး၊ မီးကြိုး၊ ကြိုး ခွေကအစ ကြောက်တတ်ကြသည်။
(၇) ကဗျာကြောက်ရောဂါ (Metrophobia)
ကဗျာ၊ လင်္ကာများကို ကြောက် သည့်ရောဂါဖြစ်သည်။
(၈) အ၀ါကြောက်ရောဂါ (Xantho phobia)
ဤရောဂါရှိသူများသည် အ၀ါ ရောင်တစ်မျိုးတည်းကို ကြောက် တတ်ကြသည်။
(၉) ကြောက်ရမည်ကိုကြောက်သော ရောဂါ (Phobophobia)
အနေရကျပ်လှသည့် ဤရောဂါ သည် ကြောက်ရမည်ကိုပင် ပြန်ကြောက်နေတတ်သည်။
သီဟ
Health Updates Journal
ကိုယ်ဝန်ဆောင်မိခင်နှင့်ကော်ဖီ
ကိုယ်ဝန်ဆောင်မိခင်များ၏ရင်သွေးငယ်များအတွက် ကော်ဖီအလွန်သောက်သုံးသော ကိုယ်ဝန်ဆောင် မိခင်များအနေနှင့် နှလုံးခုန်နှုန်းနှင့် အစာချေဖျက်မှုကို တိုးစေပြီး အိပ်မပျော်ဖြစ်တတ်သည်။ အလားတူ မိမိလွယ်ထားရသည့် ကလေးတွင်လည်း ခံစားရစေနိုင်သည်။ မိခင်ကော်ဖီ အလွန်သောက်ခြင်းသည် လွယ်ထားရသော ကလေးအတွက် ဆိုးကျိုးဖြစ်စေသည်။ တစ်နေ့လျှင် (500mg) သောက်သော မိခင်များတွင် နှလုံးခုန်မြန်ခြင်း၊ အသက်ရှူ မြန်ခြင်း၊ အိပ်မပျော်ခြင်းတို့ကို ဖြစ်စေသည်။ သို့သော် လက်ဖက်ရည် သို့မဟုတ်ကော်ဖီ တစ်ခွက် နှစ်ခွက် သောက်ရုံဖြင့် ပြဿနာရှိနိုင်ပါ။
ခန္ဓာကိုယ်အတွက်
အလွန်အမင်းသောက်ခြင်းဖြင့် အစာအိမ်ထဲတွင် အက်ဆစ်များပို၍ဖြစ်ပေါ်ပြီး အစာအိမ်နှင့် ၀မ်းသွားခြင်းပြဿနာတို့ ဖြစ်စေသည်။ ထိုမျှမက ကော်ဖီအလွန်သောက်ခြင်းက ခေါင်းကိုက်စေသည်။ကော်ဖီ သို့မဟုတ် လက်ဖက်ရည်ကို အစာနှင့် တွဲသောက်ပါက အစာထဲမှ သံဓာတ်များကို ကဖိန်းက စုပ်ယူသွားနိုင်သဖြင့် တွဲဖက်မသောက်သင့်ပါ။
ကော်ဖီဖြတ်လိုပါက
တစ်နေ့တစ်ခွက်သည် ကြီးမားသောပြဿနာမရှိစေနိုင်သော်လည်း လုံးဝဖြတ်တောက်လိုသူများအနေနှင့် တဖြည်းဖြည်းဖြတ်တောက်သည်က ပို၍ သင့်လျော်ပါသည်။ အလွန်အမင်းသောက်နေရာမှာ ယတိ ပြတ်ဖြတ်တောက်မည်ဆိုလျှင် ပထမ (၁)(၂)ရက်တွင် ခေါင်းကိုက်ခြင်း၊ မောပန်းခြင်း၊ အားနည်းခြင်း၊ မူးဝေ ခြင်း၊အာရုံစူး စိုက်ရခက်ခြင်းတို့ကို ဖြစ်စေနိုင်သည်။
ဒေါန
Health Updates Journal
အသက် ၆၀ မှ အသက် ၂၀ သို့ ပြန်လည်နုပျိုလာတော့မည်လော
အမေရိကန်နိုင်ငံမှ လေ့လာမှုတစ်ခုက အသက်အရွယ်ကြီးရင့်လာမှုဖြစ်စဉ်အား ပြောင်းပြန်ပြန်ကာ နုပျိုသွားစေမည့်ဓာတုပစ္စည်း တစ်မျိုးအား ကြွက်များတွင် အောင်မြင်စွာစမ်းသပ်ပြနိုင်ခဲ့သည်။ လူများ၏ခန္ဓာကိုယ်ထဲတွင် NAD ဟုခေါ် သည့်ဓာတုပစ္စည်းမှာ မွေးစဉ်ထဲကပါလာပြီး အရွယ်ကြီးလာလေ ယင်း ဓာတုပစ္စည်းပမာဏ ကျလာလေဖြစ်ကာ စွမ်းအင်ထုတ်လုပ်မှုကို လျော့ကျစေပြီး အသက်အရွယ်ကြီးရင့်မှုအား ဖြစ်ပေါ်စေသည်။ လေ့လာမှုတွင် အသက် ၂ နှစ် အရွယ်ရှိ ကြွက်အား ဓာတုပစ္စည်းတစ်မျိုးကို ထိုးသွင်းပေးခဲ့ရာ ကြွက်၏ခန္ဓာကိုယ်မှ ယင်းဓာတုပစ္စည်းများအား NAD အဖြစ်သို့ ပြောင်းပေးပြီး ရလဒ်အားဖြင့် ယင်းကြွက်၏ ကြွက်သားများမှာ အသက် ၂ နှစ် အရွယ်မှ အသက် ၆ လအရွယ်ကြွက်သားများကဲ့သို့ ဆေးသွင်းပြီး ၁ပတ်ကြာလာသောအခါ ပြန်လည်နုပျိုလာကြောင်း တွေ့ခဲ့ရသည်။ လူသားများတွင် စမ်းသပ်ရန်မူ ၂၀၁၅တွင် စမ်းသပ်ရန်စီစဉ်ထားပြီး အကယ်၍ ယင်းကုသမှုအောင်မြင်ခဲ့ပါက အသက် ၆၀အရွယ်ရှိသူ တစ်ဦး၏ ကြွက်သားများအား အသက် ၂၀ အရွယ်ကြွက်သားများကဲ့သို့ ပြန်လည်သန်စွမ်းလာစေမည်ဟု အမေရိကန်မှ သိပံ္ပပညာရှင်များက ဖော်ပြခဲ့ကြသည်။
Health Updates Journal
Subscribe to:
Posts (Atom)




