Friday, October 4, 2013

၁၄ ရက်အတွင်း ဖို့ဒ် ကားသစ် စီးရေ ၁၀၀ ရောင်းရ

အမေရိကန် ဖို့ဒ်ကားကုမ္ပဏီက မြန်မာနိုင်ငံတွင် ပြခန်းဖွင့်လှစ်ပြီး ကားသစ်များ ရောင်းချလျက်ရှိရာ ၁၄ ရက်အတွင်း ကားသစ်စီးရေ ၁၀၀ ရောင်းချနိုင်ခဲ့ကြောင်း ဖို့ဒ်ကားကုမ္ပဏီ၏ အာရှပစိဖိတ်ဈေးကွက်ဌာန၏ မန်နေဂျာ Mr. David Westerman က ပြောသည်။

ရန်ကုန်မြို့၊ သမိုင်းလမ်းဆုံအနီးရှိ ဖို့ဒ်ကားအရောင်းပြခန်း တရားဝင်ဖွင့်လှစ်ခြင်း သတင်းစာ ရှင်းလင်းပွဲ တွင် ၎င်းက အထက်ပါ အတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

အမေရိကန်ဖို့ဒ် ကားကုမ္ပဏီသည် ရန်ကုန်မြို့တွင် ကားအရောင်းပြခန်းကို ယနေ့ တရားဝင်ဖွင့်လှစ်လိုက်ပြီး ပြခန်း မဖွင့်လှစ်မီ ကတည်းက ကားသစ်များ လာရောက်ဝယ်ယူမှုများ ရှိခဲ့ကြောင်း၊ ၁၄ ရက်အတွင်း ကားသစ်စီးရေ ၁၀၀ ရောင်းချ နိုင် ခဲ့ကြောင်း၊ ယင်းသို့ယခုလို ရောင်းအားရှိမည့်အတွက် အထူးကျေနပ်မိပါကြောင်း Mr. David Westerman က ဆိုသည်။

“ကျနော်တို့အနေနဲ့ကတော့ မြန်မာနိုင်ငံက ကားဈေးကွက်မှာ ဦးဆောင်ပါဝင်သူ အဖြစ် ရှိလာမယ်လို့ မျှော်လင့် ထား ပါတယ်။ အဲဒါကလည်း တကမ္ဘာ လုံးကိုပေးတဲ့ ၀န်ဆောင်မှုမျိုး၊ စိတ်အချရဆုံး လုံခြုံမှုကို ပေးနိုင်မှာ ဖြစ်တဲ့အတွက် ဂျပန်ကား တွေနဲ့ ယှဉ်ပြိုင်တဲ့အခါမှာ လူတွေရဲ့ စိတ်ကျေနပ်မှုကို ရမယ်ဆိုတဲ့ ယုံကြည်မှုရှိပါတယ်။ သုံးစွဲသူတွေကလည်း စိတ်ချ ယုံကြည်မှု ဆိုတာနဲ့ ရွေးချယ်မှာပါ” ၎င်းကဆိုသည်။

ဖို့ဒ်ကားကုမ္ပဏီသည် မြန်မာနိုင်ငံတွင် အမေရိကန် ဒေါ်လာသန်း ၂၀ မျှ ရင်းနှီးမြှုပ်နှံထားပြီး မကြာမီ နိုင်ငံတ၀န်း ကားသစ် အရောင်းပြခန်းများ၊ ယာဉ်စက်ပိုင်း ၀န်ဆောင်မှု စင် တာများ၊ အပိုပစ္စည်း နှင့် အရောင်းပြခန်း များ ဖွင့်လှစ် သွားမည် ဟု သိရှိရသည်။

ဖို့ဒ်ကုမ္ပဏီ၏ အာရှဈေးကွက် ဥက္ကဋ္ဌ Matt Bradley က “Ford အမှတ်တံဆိပ်ကို မြန်မာနိုင်ငံထဲကို ၀င်လာတာက ကုမ္ပဏီရဲ့ ကြီးထွားရေးမဟာဗျူဟာကို အထောက်အပံ့ပေးမှာ ဖြစ်တဲ့အပြင် လူဦးရေ သန်းပေါင်း ၆၀၀ ရှိတဲ့ အာဆီယံ ဒေသမှာ အဓိကတိုးချဲ့သွားမှာပါ” ဟု ဆိုသည်။

ဖို့ဒ်ကုမ္ပဏီက ရောင်းချသော ကားများကို ၀ယ်ယူအသုံးပြုမည်ဆိုပါက အာမခံ အချိန်အားဖြင့် သက်တမ်း ၅ နှစ် ကီလို မီတာအားဖြင့် တသိန်း အာမခံ ပေးမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် ဖို့ဒ်ကုမ္ပဏီက ထုတ်လုပ်သော Ranger ၊ F-series Pickup၊ Explorer Event SUV ကားများ အပြင် ဇိမ်ခံကား Taurus ကားများလည်း ပါဝင်မည်ဖြစ်ကြောင်း၊ ဖို့ဒ် ကား ကုမ္ပဏီ သည် မြန်မာနိုင်ငံတွင် ကားထုတ်လုပ်သော စက်ရုံတည်ဆောက်ရန်အစီအစဉ်မရှိသေးဘဲ လတ်တလော ပြည်တွင်း တွင် အရောင်း ကိုယ်စားလှယ် ၉ ခုနှင့် ဆားဗစ် စင်တာ ၅ ခု ဖွင့်လှစ်ထားကြောင်း သိရှိရသည်။

အမေရိကန် ကားကုမ္ပဏီ ဖို့ဒ်နှင့် အကျိုးတူ လုပ်ဆောင်မည့် မြန်မာ ကုမ္ပဏီမှာ စားသောက်ကုန်လုပ်ငန်း လုပ်ကိုင်သည့် ဒိုင်းမွန်းစတားအုပ်စုမှ ဒေါက်တာ ကိုကိုကြီး၏ Capital Automotive ဖြစ်သည်။



ယနေ့ ရန်ကုန်တွင် တရားဝင်ဖွင့်လှစ်သည့် ဖို့ဒ်ကားအရောင်းပြခန်း (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

၂ လအတွင်း Samsung မိုဘိုင်း ဝင်ငွေ စံချိန်တင်

Samsung Mobile Division ရဲ့  ပြီးခဲ့တဲ့ ရက် ၉၀ စာ ဝင်ငွေဟာ HTC ကိုကျော်ဖြတ်ဖို့ ကမ္ဘာ့ စံချိန်တင် သွားပါတယ်။

၂ လအတွင်း Operating Profit ကို အမေရိကန်ဒေါ်လာ ၉.၄ ဘီလျံ ရရှိခဲ့ပြီး ယမန်နှစ် အချိန်ထပ် ၁ ဘီလျံတောင် ပိုခဲ့တဲ့ အကျိုးအမြတ် ဖြစ် ပါတယ်။ ဒီမှာထူးခြားချက်က လက်ရှိရတဲ့ ဝင်ငွေအတွက် အဓိက ရှာပေးတာက Samsung Galaxy S4, Note 3 တို့လို အမြင့်ဟန်း ဆက်တွေ မဟုတ်ပဲ ဈေးသက်သာ ဟန်းဆက်တွေ ဖြစ်နေခြင်း ဖြစ် ပါတယ်။ Samsung ဟာ Galaxy စီးရီးထဲက ပဲ ဈေးသက်သာ စမတ်ဖုန်း အပြင် စီးရီးပြင်ပက ခေါက်ဖုံး တို့လို ဈေးသက်သာ ဖုန်းတို့ကိုလည်း ထုတ်လုပ်ဖြန့်ချိခဲ့ခြင်း ဖြစ်ပါတယ်။

သို့ပေမယ့် အကျိုးအမြတ် အတွက် Samsung Galaxy S4 လည်း တစ်ဘက်တစ်လမ်းမှ ပါဝင်ခဲ့ပါတယ်။ လက်ရှိ Samsung Galaxy Note 3 ကလည်း ကမ္ဘာ့ လူ့စိတ်ဝင်စားမှု အများဆုံး စာရင်းထဲ ပါဝင်ပြီး ရောင်းအား သွက်လျက် ရှိပါတယ်။ မြန်မာပြည်မှာ ကျပ်ငွေ ၇ သိန်းဝန်းကျင် နဲ့ ရောင်းထွက်နေပါတယ်။ ဖုန်းဆိုင် အချို့ မှာ ၆၈၀,၀၀၀ ကျပ်နဲ့ လည်း ရောင်းချပေးနေကြောင်းလည်း သိရပါတယ်။
.
Ref: pocketlint
Aung Kham (TSJ Team)

ရောဂါဖြစ်ပြီးနောက်ပိုင်းမှာ သူ့ခြေထောက်တွေကို ၁၈၀ ဒီဂရီ လှည့်လို့ရ--

Jen O’Shea ဆိုတဲ့ ကောင်မလေးဟာ ကင်ဆာရောဂါကို တိုက်ဖျက်ခဲ့ပြီးနောက် သူ့မှာ ထူးခြားတဲ့
စွမ်းရည်ရရှိခဲ့ပါတယ်။
အဲဒါကတော့ ရောဂါဖြစ်ပြီးနောက်ပိုင်းမှာ သူ့ခြေထောက်တွေကို ၁၈၀ ဒီဂရီ လှည့်လို့ရပါတယ်။

မောင်စိုင်း
(ကနောင်)
Scientist Myanmar

မရမ်းကုန်းမြို့နယ်တွင်ရေနုတ်မြောင်းအတွင်းအမျိုးသမီးအလောင်းတွေ့ရှိ

ရန်ကုန်တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းပေါ်ရှိ ရဲရန်အောင် ဘတ်စ် ကားမှတ်တိုင်အနီး ရေနုတ်မြောင်းအတွင်း အမျိုးသမီးအလောင်းတစ်လောင်းကို ယနေ့မွန်းလွဲ ၂ နာရီဝန်းကျင်တွင်တွေ့ရှိရကြောင်း၊ မြို့နယ်သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ရပ်ကွက် လုပ်သားပြည်သူများက ပူးပေါင်းဆယ်ယူရာ ၄င်းအမျိုးသမီးမှာ မနီနီယဉ်(ဘ)ဦးမင်းဆွေ အသက် (၄၇)နှစ်ဝန်းကျင်ရှိပြီး မရမ်းကုန်းမြို့နယ် (၃)ရပ်ကွက် သာယာရေးလမ်း လမ်းသွယ်(၁)တွင်
နေထိုင်သူ ဖြစ်ကြောင်းသိရသည်။

The Union Daily

တစ္ဆေအလွန်ခြောက်တဲ့ကျွန်း

စပိန်ဘာသာစကားဖြင့် “La Isla de la Munecas” လို့ ခေါ်တဲ့
မက္ကစီကိုနိုင်ငံကကျွန်းလေးတစ်ကျွန်းဖြစ်ပါတယ်။
ဒီကျွန်းဟာလူအသေအပျောက်မကြာခဏဖြစ်တတ်ပြီး
ကျွန်းတစ်ကျွန်းလုံးမှာလည်း ကလေးကစားစရာလူရုပ်လေးတွေကို
အပင်တွေအိမ်တွေမှာချိတ်ဆွဲထားကြပါတယ်။
တစ္ဆေအလွန်ခြောက်တဲ့ကျွန်းလိုလိုနာမည်ကြီးနေတဲ့ကျွန်းလေးဖြစ်ပါတယ်။

ZK(ကနောင်)
Scientist Myanmar