Tuesday, October 29, 2013

10 Mysterious Ghost Types

တချို့ သဘာဝလွန် နာနာဘာဝ တွေဟာ လူသိနည်း ပေမယ့် သူတို့ရဲ့ ခြောက်ချားစရာ ကောင်းမှုကတော့ မလျော့နည်း သွားစေ ရပါဘူး။ ကဲလူသိနည်း ဆိုပေမယ့် ကိုယ်နဲ့ ရင်းနှီးဖူးတဲ့ နာနာဘာဝ ၁၀မျိုးကို ဖတ်ကြည့်ပါဦး။

အခုခေတ်မှာ သရဲဝိညာဉ် တွေက popular culture တစ်ရပ်ဖြစ်လို့ လာနေ ပါပြီ။ ဘယ်ရုပ်သံလိုင်း ကိုကြည့်ကြည့် သရဲအကြောင်း၊ ၀ိညာဉ်အကြောင်း အခြေခံတဲ့ TV show တွေကို တွေ့ရမှာပါ။ “Ghost Hunters,” “Ghost Travelers,” “Celebrity Ghost Stories,” “Ghost Hunters Academy” တို့လို မျိုးပေါ့။ တစ်ခါတစ်ခါ ကျတော့ “Ghost Whisperer” နဲ့ “Being Human,” လိုဇာတ်နာနာ လွမ်းစရာ လေး တွေလဲ တစ်ခါတစ်ခါ ပါပါ သေးတယ်။ ဒီပြပွဲ တွေမှာ တွေ့နေကျ သဘာဝ လွန် ဖြစ်ရပ်တွေ ဖြစ်တဲ့ ပူးတာ၊ ခွာတာ၊ အရိပ်တွေ၊ လျှပ်စစ်လိုင်း EVPs တွေ phantoms သရဲတွေ၊ အလင်း ရိပ်ယောင် လူပုံစံတွေ ပါဝင်မှာပါ။ ဒီသရဲဖြစ်စဉ် တွေဟာ ပြောကြ တဲ့သူ များလို့ ယုံကြည် သူတွေကြား ရေပန်းစား လှပါတယ်။ ဒါပေမဲ့ ဒီသဘာဝလွန် ဖြစ်ရပ်တွေမှာ တခြား ဖြစ်တောင့် ဖြစ်ခဲ ဖြစ်စဉ် တွေလည်း ရှိနေပါ သေးတယ်။ ကဲလူသိ နည်း တဲ့ သရဲ အမျိုးအစား တွေ အကြောင်း ကြည့်လိုက် ရအောင်။




                                                           Crowded Demon

 သရဲတွေက လူပြတ်တဲ့ နေရာမှာ ပိုပြီး ခြောက်လှန့်လေ့ ရှိတာမို့လို့ လူအုပ်ထဲက မိစ္ဆာတွေဟာ ထူးခြားဖြစ်စဉ် တစ်ခုပါ။ ဒီမိစ္ဆာတွေက တစ် နေရာ ထဲမှာ များစွာ ထွက်ပေါ်လာ စေခြင်းဖြင့် သူတို့ အကြောင်း ပြောကြတဲ့၊ လာကြည့် ကြတဲ့  လူစုလူဝေး ဖြစ်အောင် လှုံဆော် ပေးပါ တယ်။ ဘာလို့ သူတို့က လူတွေ လာစေချင်၊ သိစေချင် နေတာလဲ ဆိုတာ ကတော့ ရေရာတဲ့ အဖြေ မရှိသေး ပါဘူး။ သီအိုရီ တွေက တော့ အဲ့ဒီ နေရာ ကနေ စွမ်းအင် တစ်မျိုး ထုတ်လွှတ် တာမို့၊ လူတွေ ဓါတ်ပုံ ဆရာတွေ စိတ်ဝင်စား အောင်လို့ စသည်ဖြင့် အမျိုးမျိုး တွေးတော ယူဆနေ ကြပါတယ်။ နေရာ တစ်ခုမှာ သာမန် နာနာဘာဝ တွေက ဖလင် တွေထဲမှာ တစ်ခါ လောက်ပဲ ပါလာပေမဲ့ ဒီ crowd demon တွေက နှစ် ကောင်၊ သုံးကောင် လောက် ခနခန ပေါ်လာ တတ်ပါတယ်။ ဒီလိုဖလင် တွေမှာ ပါလာ ရင်လဲ သူတို့က ပုံစံတွေ အမျိုးမျိုး ပြောင်းနေ ပါသေး တယ်။ တစ်ခါ တစ်လေ လူသာမန် မျက်စိနဲ့ တောင် မမှတ်မိ နိုင်အောင် ပြောင်းလဲ သွားတာပါ။ ဓါတ်ပုံ တစ်ခု မှာတော့ လူ တစ်ယောက်ကို ကိုက်တော့ မလို လုပ်နေတဲ့ မြွေသဏ္ဍန် အသွင်ကို မြင်ရပြီး အဲ့ဒီ ဓါတ်ပုံရဲ့ နောက် တစ်နေရာ မှာတော့ ပွဲကြည့်နေတဲ့ သက်ရှိ လူတွေ ကြား ကွဲပြားနေတဲ့ လူသဏ္ဍန်၊ အရိပ်မည်းမည်း ကိုလဲ မြင်တွေ့ရ ပါတယ်။ ဒီပုံရဲ့ နောက် တစ်နေရာ မှာပဲ ကင်မရာကို ပြန်လှည့် ကြည့်နေတဲ့ မျက်နှာ သဏ္ဍာန်တစ်ခု ကိုလဲ မြင်နိုင်ပါ သေးတယ်။ လူတွေကြားထဲ ပေါ်လာရ ခြင်းဟာ သူတို့ အနေနဲ့ လူတွေရဲ့ ဂရုစိုက်မှုကို လိုချင်တာ မျိုးလဲ ဖြစ်နိုင် ပါသလား။




                                                         တိရစ္ဆာန် တစ္ဆေ္ဆများ

တိရစ္ဆာန် တွေဟာ အသက်ရှိ စဉ်က မိသားစု အချစ်တော် လေးတွေ ဖြစ်နေပေမဲ့ သေသွား ရင်တော့ လျစ်လျူခြင်း ခံလိုက် ရပါတယ်။ သရဲ လိုက် ကျွမ်းကျင် သူတွေရဲ့ အဆို အရ သူတို့ ကလေး တွေကို တွေ့ရ ပေမဲ့လို့ ဘယ်သူမှ အရေးလုပ် မနေကြပါဘူး လို့ ဆိုပါတယ်။ သူတို့ကို တွေ့ရတဲ့ ဖြစ်စဉ် အများ အပြား ရှိ ပေမဲ့လို့ လူတွေက ကျော်လွား သွားနေ ကြပါတယ်။ 1800 ခုနစ် အစောပိုင်းက John William Bell မိ သားစုရဲ့ စုန်းလိုက် တိုက်ပွဲမှာ ငှက်သရဲ တွေ ပျောက်ကွယ် သွားတဲ့ ခွေးတွေ အကြောင်း မှတ်တမ်း ပြုထား ပါတယ်။ ဒီမှတ်တမ်း အရ ပြောမယ် ဆိုရင် တိရစ္ဆာန် သရဲ လေးတွေ ဟာ သရဲကြီး တွေရဲ့ အဆင် တန်ဆာ တစ်ခု လောက် ပါပဲ။ တိရစ္ဆာန် သရဲတွေက သူတို့ ရှိကြောင်း ပြတဲ့ အခါ အနံ့ တွေ အသံတွေ သာမက ပုံရိပ်တွေ အဖြစ်လဲ ထွက်ပေါ် လာတတ် ပါတယ်။ ဒါကြောင့် အခြောက်ခံ ရသူတွေ ဟာ မမြင်နိုင်တဲ့  တိရစ္ဆာန် တွေရဲ့ ပျော်ရွှင်သံ ညည်းသံ တွေ နံရံနဲ့ တံခါးကို ကုတ်ခြစ် သံတွေကို ကြားရ ပါတယ်။

                                                                     Vortex

vortex တွေက သာမန် လူတွေ မသိနိုင် နားမလည် နိုင်တဲ့ သဘာဝ လွန် ဖြစ်ရပ်ဆန်း တစ်မျိုးပါ။ သူ့ကို မျက်လုံး နဲ့ မမြင် ရပဲ ရုပ်သေ ဓါတ်ပုံ တွေမှာ ပဲ တွေ့ရလေ့ ရှိပါတယ်။ ဒီ Vortex ဟာ ရှည်လျားတဲ့ ဆေးပြင်း လိပ်လို သံချောင်းလို ပုံစံ ရှိပြီး ဆံချည်မျှင်လို သွယ်တန်း နေပါတယ်။ သူတို့ဟာ လေပေါ်မှာ အလင်းတန်း လိုပေါ်လာ တတ်ပါတယ်။ အပူချိန် ကို ပြောင်းလဲ စေလို့ သူတို့ ရှိနေတဲ့ အခါ အခန်းဟာ အေးစက်စက် လေထုနဲ့ လွမ်းမိုး သွားပါတယ်။ ဒီဟာတွေကို သာမန် orbs ရေငွေ့ စက်လေး တွေနဲ့ မှားနိုင် ပါသေးတယ်။ နှစ်ခုလုံးက လေထု ထဲမှာ ပေါ်လာ တာ မို့လို့ပါ။ ဒါပေမဲ့ vortex က အလုံ ပိတ်ထား တဲ့ အခန်းထဲမှာ တောင်ဖြစ်ပေါ် တာပါ။ သူတို့ကို အိမ်တွေ ထဲမှာ ပဲတွေ့ရလေ့ ရှိတာမို့ အရင် ပိုင်ရှင်တွေ များလားလို့ တွေးစရာပါ။ နောက် တစ်ခုက တခြား ၀ိညာဉ် တွေကို သယ်ဆောင် လာပြီး ကွဲပြားတဲ့ လောက နှစ်ခု ကို ဆက်စပ် ပေးသူ တွေလဲ ဖြစ်နိုင် ပါသေးတယ်။

                                                                   Inanimate Ghosts

တစ္ဆေ သဘောင်္ လို့ ခေါ်တဲ့ the Flying Dutchman ဟာ သက်မဲ့ တစ္ဆေတွေ ရဲ့ အကြောင်းပါပဲ။ ဒီ သဘောင်္ဟာ ၁၇ ရာစုမှာ ပင်လယ်ပျော် တွေကို ထိတ်လန့် ခြောက်ချား စေခဲ့ပါတယ်။ ဒါကို သဘောင်္ သား တော်တော် များများရဲ့ ယုံတမ်း စကားလို ကျော်ကြား ခဲ့ပြီး နောက်ပိုင်းမှာ လူတွေက မေ့ပျောက် သွားခဲ့ ပါတယ်။ ဒီ သက်မဲ့ တစ္ဆေတွေက သဘောင်္ တင်မက ကား ရထား ဒါမှမဟုတ် မီးအိမ် ငယ်လေး တစ်ခု တောင် ဖြစ်နိုင် ပါသေးတယ်။ ဒီ တစ္ဆေတွေက အချိန် တစ်ခုထဲ မှာ အေးခဲ ကျန်နေခဲ့ပြီး တစ်နေရာ ထဲမှာ ထပ်ခါ တလဲလဲ မြင်တွေ့ နေရ ပါတယ်။


                                                                          Doppelgäng

Doppelgänger” တွေက တော့ တခြားနဲ့ မတူ တမူထူး ပါတယ်။ ဒီ  “Doppelgänger” ဆိုတာ German စကား “double goer” လို့ ခေါ်ပါတယ်။ ဒီ တစ္ဆေမျိုး တွေက တစ်နေရာ ထဲမှာ နှစ်ခု နှစ်ကိုယ်ခွဲ တာမို့ ဒီလို ခေါ်တာ ဖြစ်ပါတယ်။ ကြားဖူး သိဖူး ခဲ့သမျှ ထဲမှာတော့ ဒီလို တစ္ဆေမျိုး အစွမ်းမျိုးက သူတို့ တစ်မျိုးမှာပဲ ရှိတယ် ဆိုပါတယ်။ နောက် ထူးဆန်းတာက ဒီ “Doppelgänger” တစ်စုံ က တစ်ယောက် က အသက်ရှင် နေသူ ဖြစ်နေ တာပါပဲ။ ကိုယ်ပွား တစ္ဆေ ပေါ်တယ်လို့ ပြောရ မှာပေါ့။  ဖြစ်နိုင် တာက ချစ်ခင်ရသူ တစ်ယောက် ကို ရုတ်တရက် တွေ့လိုက်သလို ဖြစ်တတ် တာ မျိုးပါ။ ဖြစ်တတ်တဲ့ တစ်မျိုးက အဲ့ဒီ ရုတ် တရက် တွေ့မိလိုက် သလို ဖြစ်သူဟာ တခြား နေရာမှာ သေလု မျောပါး ဒါမှ မဟုတ် သေဆုံးပြီးစ အချိန် ဖြစ်နေ တတ် ပါတယ်။ တစ်ခါ မှာတော့ အမေရိကန် သမ္မတ လင်ကွန်းဟာ လုပ်ကြံ မခံရမှီ သူ့ ပုံစံတူ Doppelgänger ကို မှန်ထဲမှာ တွေ့ခဲ့ ရတယ် ဆိုပါတယ်။ ကဗျာ ဆရာ Percy Bysshe Shelley ကလဲ သူ့ Doppelgänger ကို အိပ်မက်ထဲ မှာမြင်တွေ့ တယ်လို့ ဆိုပါတယ်။ ထင်ရှားတဲ့ သီအိုရီ တွေတော့ ရှိပါတယ်။ ဒါပေမဲ့ သဘာဝ လွန်နယ်ပယ် ရဲ့ထုံးစံ အတိုင်း အဖြေ ကတော့ တိတိ ကျကျ မရှိ ပါဘူး။ Doppelgänger တွေဟာ လူတွေရဲ့ ကိုယ်စောင့် နတ် ဒါမှ မဟုတ် အနုစား ရုပ်ခန္ဓာ တစ်မျိုး ဖြစ်ပြီး လူတွေရဲ့ အရေးကြီး တဲ့အချိန်မှာ ထွက်ခွာ သတိပေး တာဖြစ်နိုင် ပါတယ်။

                                                                         Kobold

ဂျာမန် တစ်ယောက် သာမဟုတ် ခဲ့ရင် “Kobold” ဆိုတာ ဘာလဲ သိမှာ မဟုတ်ပါဘူး။ ဒါက နာနာဘ၀ပါပဲ။ “Kobold” ဆိုတာ မြန်မာလို မှင်စာလို့ ပြောရမလား မသိ။ ပျော်တတ် နောက်တတ် တဲ့ ၀ိညာဉ် သေးသေး လေးတွေ ကိုခေါ်တာပါ။ သူတို့ နေရာကို ရောက်လာ သူတွေကို အခြေတကျ နေလို့ မရအောင် နှောင့်တတ် ပါတယ်။ သူတို့ဟာ စိတ်ကောင်း ရှိတဲ့ သူမျိုး ရှိသလို စိတ်ပုပ် သူမျိုး လဲရှိ ပါသတဲ့။ အခြေ အနေ ပေါ်မူတည် တတ်ပါ တယ်။ သူတို့ဟာ တိရစ္ဆာန် အသွင် ဒါမှ မဟုတ် မီးလို အရာဝတ္တု အသွင် ရှိပါတယ်။  တစ်ခါတော့ Gef လို့ခေါ်တဲ့ မြွေပါ သဏ္ဍန် အကောင် လေးက ကျော်ကြား ပါတယ်။ ပုံပြင်က ၁၉၃၁ Dalby မြို့ နားမှာ စပါတယ်။ အဲ့နှစ် September လ တုန်းက Irvings မိသားစု ဟာ သူတို့ရဲ့ လယ်တော အိမ်အနောက် နံရံကို အကောင်လေး တစ်ကောင် ခြစ်နေသံ ကြားပါတယ်။ အဲ့ကနေ တစ်ခါ တစ်ခါ အကောင်သံ လိုလို တစ်ခါ တစ်ခါ ကလေး ငိုသံ လိုလို ကြားရ တတ်တယ် လို့ဆိုပါတယ်။ မကြာခင် မှာပဲ အဲ့အကောင်က သူက gef လို့ခေါ်တဲ့ မြွေပါ တစ်ကောင် လို့ မိတ်ဆက် ပါသတဲ့။ ဒီအကောင်က မြေက မွေးတဲ့ ၀ိညာဉ် ပါလို့ သူ့ကို မြင်ရတဲ့ တစ်ဦးတည်း သောသူ ဖြစ်တဲ့ ၁၃နှစ် သမီးလေး Voirrey ကပြောပြ ပါတယ်။ သူမက Gef က ကြွက်ဝါလို အသွင်နဲ့ အမြီး ဖွားဖွား ရှိတယ် ဆိုပါတယ်။ Gef က Irvings မိသားစု နဲ့ ရင်းနှီးပေမဲ့ ဧည့်သည် တွေကို မကြိုက် ပါဘူး။ သူက လူတွေ ကိုပစ္စည်း တွေနဲ့ ပစ်ပေါက်တာ အိမ်နီးချင်း တွေကို လိုက်ချောင်း တာမျိုး တွေလုပ် ပါတယ်။ ဒီကိစ္စကို အဲ့အချိန် တုန်းက မဖြေရှင်း နိုင်ခဲ့ ပါဘူး။

                                                                            Lemurs

Lemurs တွေရဲ့ မူလ အစက ရောမ တွေဆီ ကပါ။ ဒီသရဲ တွေက ရောမတွေ အတွက် အလွန် အရေးပါ ပါတယ်။ သူတို့ဟာ အမုန်းတွေကို သယ်ဆောင်လို့ လှည့်လည် လျှောက်သွား နေတယ် ဆိုပါတယ်။ အထူးသဖြင့် ရုတ်တရက် သေဆုံးလို့ ကောင်းကောင်း သဂြိုလ်တာ မခံရ သူတွေက lemurs တွေ ဖြစ်လာ ပါတယ်။ နောက် တစ်မျိုးက မိသားစုက သူတို့ သေဆုံးမှု ကနေ အကျိုး တစ်စုံ တစ်ရာ မရခဲ့ရင်လဲ ဖြစ်ပါ တယ်တဲ့။ သူတို့ဟာ ဒေါသ တွေနဲ့ လေလွင့် နေတဲ့ ၀ိညာဉ်တွေ ဖြစ်ပါတယ်။ အမှောင်နဲ့ မကောင်း တာတွေ ကို သယ်ဆောင် လာတယ်လို့ ပြောရမှာပါ။ သူတို့ကို ရင်ဆိုင် ရမယ် ဆိုတဲ့ အကြောက် တရားက ကြီးမား လှပါတယ်။ ဒါကြောင့် ရောမတွေက မေလ ထဲက တစ်ရက်ကို သတ်မှတ်လို့ သူတို့ကို ပွဲလေး လုပ်ပေး ပါတယ်။ ဒါကို Lemuralia လို့ခေါ်ပါတယ်။ အခုတော့ ရောမ ခေတ် ယုံကြည်မှု တွေကို စွန့်ပယ် လိုက်ကြ ပြီမို့ ကျွန်တော် တို့ စိတ်ထဲက နေသူတို့ တစ်ဖြေးဖြေး ပျောက်ကွယ် သွားပါပြီ။

                                                                  Etheric Revenants

ကျွန်တော် တို့ဟာ သရဲခြောက်တဲ့ နေရာ တွေကို ရောက်တဲ့ အခါ ပျော့ညံ့ အားနည်း သွားတတ် တယ်ဆိုတာ ကိုစာအုပ် တွေမှာ ဖတ်ဖူး မှာပါ။ ဒါက အီသာ အစုအဝေး ကြောင့် ဖြစ်နိုင် ပါတယ်။ ဒီ သရဲ အမျိုး အစားက တွေ့ရဖို့ ခဲယဉ်း ပါတယ်။ သူတို့မှာ သူများကို ၀င်ပူး နိုင်စွမ်း ရှိပြီး သာမန် နာနာ ဘ၀ တွေနဲ့ မတူ ပါဘူး။ သူတို့ ဟာ အရိပ် တစ္ဆေ အမျိုး အစား ပုံစံ မျိုးပါ။ ဒါပေမဲ့ သူတို့မှာ ၀င်ပူးခါနီး လူတစ်ယောက် ရဲ့စွမ်းအင် ကို ထုတ်ပစ် လိုက်ပြီး မှ အထဲကို ၀င်သွားပါတယ်။ victim ရဲ့ရုပ်ပိုင်း စိတ်ပိုင်း နှစ်ခုလုံးကို အသုံးချ တတ်တာမို့ သူတို့ကို အလွန် အန္တရာယ် ကြီးတဲ့ အမျိုး အစားလို့ သတ်မှတ် ထားပါ တယ်။ ဒါကြောင့် သင်တို့ဟာ အမြဲတစေ ရုပ်သံလိုင်း တွေပေါ်မှာ သူတို့ရဲ့ ဖြစ်ရပ် မှန် ကိုမတွေ့နိုင်ပါဘူး။

                                                              Residual Historical Haunting

အလွန် ရှားပါးတဲ့ အမျိုး အစားပါ။ လူတော်တော် များများ ကြုံဖူး လောက် စရာ မရှိပါဘူး။ သူက အခွေ တစ်ခုကို ထပ်ကာ တလဲလဲ ပြန်ဖွင့် နေတာနဲ့ တူပါတယ်။ ဖြစ်နေကြ အတိုင်း နေရာ တစ်ခုထဲမှာ ထပ်ကာ ထပ်ကာ ဖြစ်နေတာ မျိုးပါ။ ဒီလို သရဲ ခြောက်ခံ ရတဲ့ အခါ ရှေး သမိုင်း ဟာ အဲ့ဒီနေ့ တုန်းက ဖြစ်ခဲ့တဲ့ အတိုင်း ပြန်ဖြစ်နေ တတ်ပါ တယ်။ အဲ့ဒါနဲ့ ပတ်သက် လို့ ကျော်ကြား ထင်ရှားတဲ့  အဖြစ် ကတော့ “Versailles Time Slip.” လို့ နံမည်ပေး ထားပါတယ်။ ၁၉၀၁ ခုနစ် သြဂုတ်လ မှာ Charlotte Anne Moberly နဲ့ Eleanor Jourdain နှစ်ဦးသား Versailles ကို သွားလည် စဉ်မှာ ဖြစ်ပွားခဲ့ ပါတယ်။ ရုတ်တရက်မှာ သူတို့ နှစ်ယောက် လုံးဟာ 18 ရာစု ပါရီက လူတွေ အကြား ရောက်နေတာ ကို အံသြ စရာတွေ့ လိုက်ရတာပါ။ Moberly ဆိုရင် Marie Antoinette က မြက်ခင်း ပေါ်မှာ ထိုင်လို့ ပုံဆွဲ နေတာ ကိုတောင် တွေ့လိုက် ပါသေး သတဲ့။ အဲ့ဒါဟာ အလျင် အမြန် ပေါ်လာပြီး အလျင် အမြန် ပဲပျောက် သွားပါ တော့တယ်။

                                                                      Artificial Ghost

artificial ghost ကတော့ ၀ိညာဉ် ကမ္ဘာမှာ အရှားပါးဆုံး ကိစ္စပါ။ ဒါက သရဲကို လူတွေက ဖန်တီး တာမျိုးပါ။ သဘော ကတော့ ကလေး တွေဂိမ်း ကစားရင် သူတို့ ကြိုက်တဲ့ ဇာတ်ကောင်နဲ့ ကစား သလို မျိုးပါ။ လူအုပ်စု တစ်စု ဟာ တူတူ စုဝေးကြ သရဲကို ဖန်တီးကြ နံမည်ပေးကြ စကား ပြောကြ စတာတွေ လုပ်ပါတယ်။ ပြီးတဲ့ အခါ သူတို့ရဲ့ စိတ်ဆိုင်ရာ ၀ိညာဉ် ဆိုင်ရာ စွမ်းအင်တွေ စုပေါင်း လိုက်ပါ တယ်။ တစ်ခါ တစ်လေ တော့ သရဲခေါ် ကတ်ပြားလို ပစ္စည်း မျိုးတွေ လိုတတ် ပါတယ်။ အဲ့လို မျိုးနဲ့ ခင်ဗျားတို့ ကိုယ်ပိုင် သရဲ တစ်ကောင် ရသွားပါ တော့တယ်။ အခုလို ပြောနေတဲ့ အခါ နောက် နေတာ လို့ထင်ချင် ထင်ပါ လိမ့်မယ်။ ဒါပေမဲ့ တကယ်ပဲ research တွေနဲ့ စမ်းသပ်မှု တွေ လုပ်ထား ပါတယ်။ တစ်ခုသော research ကတော့ Toronto Society အတွက် Psychical Research ပါ။ Conjuring Up Philip: An Adventure in Psychokineses ဆိုပြီး စာအုပ် ထုပ်ဝေ ခဲ့ပါတယ်။ အဲ့ဒီမှာ ဖိလစ် သရဲကို ဘယ်လို ပြုလုပ်ခဲ့ သလဲ ဆိုတာ အတိ အကျ ပါပါတယ်။ ရလဒ် ကတော့ အံ့သြ စရာပါ။  သူတို့ဟာ ဖိလစ်ကို ဖန်တီး နိုင်ရုံ သာမက သရဲ အသစ်တွေ နဲ့ ဘယ်လို ဆက်သွယ် မလဲ ဆိုတဲ့ နည်းလမ်း တွေနဲ့ လေထဲမှာ ဘယ်လို ဈန်ကြွ မလဲ ဆိုတာ တွေကိုတောင် တွေ့ရှိခဲ့ ပါတယ်။ Well— that’s what they said. နောက်ပိုင်း မှာ Lilith ကနေဒီ စပိုင် သရဲနဲ့ Sebastian ဆိုတဲ့ အလယ် ခေတ် အဂ္ဂိရတ် ပညာရှင် ကို ဖန်တီးခဲ့ ပါသေးတယ်။

Myanmar Youth Media Club

Monday, October 28, 2013

နေအိမ်ကိုပြန်လည် ရောက်ရှိနေပြီဖြစ်တဲ့ ဆိုတေးကို သတင်းသွားမေးကြသူအနုပညာရှင်များ


ယာဉ်မတော်တဆမှု ကြောင့် မန္တလေးပြည်သူ့ ဆေးရုံကြီးမှာဆေးကုသမှု ခံယူ ခဲ့တဲ့ ဆိုတေးက  ကျန်းမာရေး တိုးတက်ကောင်း မွန်လာပြီ ဖြစ်တဲ့ အတွက် အောက်တိုဘာ ၁၆ ရက်နေ့မှာတော့ ဆေးရုံက ဆင်းပြီး နေအိမ်ကို ပြန်လည် ရောက်ရှိလာပြီ ဖြစ်ပါတယ်။  နေအိမ်ကို ပြန်လည်ရောက် ရှိလာပြီဖြစ်တဲ့ ဆိုတေးကို အနုပညာ ညီအစ် ကို မောင်နှမ တွေကလည်း သွားရောက် သတင်းမေးမြန်းကြပြီး ဆိုတေး နဲ့လည်း တပျော်တပါး ဓာတ်ပုံ တွေအတူတူ တွဲရိုက်ကြပါ တယ်။

အဆိုတော် ဆိုတေးကို အောက်တိုဘာ ၂၂ ရက် နေ့ညနေပိုင်းက သူ့နေအိမ်မှာ သွားရောက်သတင်းမေးမြန်း ခဲ့တဲ့ ဝိုင်းစုခိုင်သိန်းက” အစောကြီးကတည်းက သွား ကြည့်ဖို့ အစီအစဉ်ရှိတယ်။ သူဖြစ်ကတည်းက ဝိုင်းစုက အမေရိကသွားရတယ်။ ပြန် ရောက်တာလည်း မကြာသေး ဘူး။ပထမက မန္တလေးမှာ ပရိုမိုးရှင်းလုပ်တဲ့အခါကျရင် သွား မယ် စိတ်ကူးထားတာ။ ဒါပေမဲ့ သူကအရင်ရန်ကုန် ကိုပြန်ရောက်လာတော့ သွား ကြည့်ဖြစ်တာပါ။သူက အခြေ အနေတော်တော် ကောင်းနေ ပါပြီ။သူသေ ချာလေ့ကျင့် လိုက် မယ်ဆိုရင်လူကောင်းအတိုင်း ပြန်ဖြစ်သွားမှာပါ” လို့ပြောပါတယ်။

အောက်တိုဘာ၂ဝ ရက် နေ့က ဆိုတေးရဲ့ နေအိမ်ကို သွားရောက်ပြီး သတင်းသွား မေးရင်း အားပေးစကားပြော ပေးခဲ့တဲ့ နိုင်ဇော် (Lazy Club)က” စကားတော့ နည်း နည်း လေးပြောနိုင်လာပြီ။ အကြာ ကြီးတော့ မပြောနိုင်ဘူး။ လူတစ်ယောက်ကိုသိ တယ်။ သတိ ရတယ်။ကျေးဇူးတင်ပါ တယ်ပေါ့။အဲ ဒီလောက် တော့ သူ ပြောနိုင် တယ်။ အရင်လို တော့သွက်သွက် လက်လက်ကြီး မပြောနိုင်သေးဘူး။ သူဆေး ရုံကဆင်းပြီးအိမ်ရောက်တော့ ကျွန်တော် သွားကြည့် တယ်။သူနဲ့ေ တွ့တော့သူ ကကျွန်ေ တာ့် ကို ကန်တော့တယ်။သူကတော့ သူ့အိမ်မှာ ဘောင်းဘီအတိုလေး နဲ့ပဲ နေတာလေ။ကလေးလေး လို ပြန်ဖြစ်သွားတယ်။ ကျွန်တော် ကတော့ သူ့ ကို အားပေး စကား တွေ အများကြီးပြောပေးခဲ့ တယ်။

ညီလေးဆိုတေး ဒီ အခြေအနေမှာ မင်းနောက်ထပ် အခွေသစ်တွေ၊ သီချင်းအသစ် တွေလုပ်ဖို့အတွက်ကို မင်းဦး နှောက်ကို အနားပေးတယ်လို့ပဲ သဘောထားပါ။အဓိက အချက် ကတော့ငွေနောက်မလိုက်နဲ့ တော့။ နေပြန် ကောင်းသွားလို့ အလုပ်ပြန်လုပ်တော့ မယ်ဆိုရင် အရင်တုန်းက အဆို တော်မဖြစ် ခင်က ကိုယ်ကြိုးစားထားတဲ့ အ ရာတွေကို ရအောင်လုပ်ပါလို့ ကျွန်တော့်အနေနဲ့ ဆုံးမစကား ပြောပေးခဲ့ပါတယ်။သူက ကျွန် တော့်ကိုကန်တော့တော့ စကား ပြောပေးခဲ့တာပါ။ ဒီအခွင့်အ ရေးကို အတွေ့အကြုံလို့ အသုံး ချပြီးတော့ ဒီ့ထက်ကောင်းတဲ့ သီချင်းတွေကိုဖန်တီးနိုင် အောင်ကျွန်တော်ဆိုတေးကို သူ့ အခွေနဲ့ပတ်သက်ပြီးလည်း မေးပါ တယ်။ သူပြောပြ ပါ တယ်။ ဒုတိယ အခွေအတွက် သီချင်း တွေပြီးပြီလို့ပြောပြတယ်။ပရိ သတ်တွေအနေနဲ့သူ့ရဲ့ ဒုတိယ မြောက်အခွေကို နား ထောင်ရ တော့မှာပါ။ကျွန်တော်တို့ အနေနဲ့ သူ တီးထားအပ်ထားတဲ့ သီချင်းတွေကိုသူ့ဆီမှာ ဘယ် နှစ်ပုဒ်ရှိလဲ။ဘယ်သူ့ဆီမှာ ဘယ်နှစ် ပုဒ်ရှိလဲဆိုတာတွေကို အကုန်လုံးမှန်းပြီးသီချင်းကို ပြန်လိုက်စုပြီးသူ့ရဲ့ ဒုတိ ယ မြောက်အခွေကိုထွက်နိုင် အောင်ကြိုးစားပေးမှာပါ” လို့ပြောပါတယ်။

” ဝိုင်းစုက တစ်လပိုင်းကို အခွေထွက်ဖို့လုပ်ထားတာဆို တော့ သူမမီလောက်ဘူး ထင်တယ်။ သူနဲ့ဆိုထားတဲ့သီချင်းကို ဘယ်လိုလုပ်ရမလဲဆိုတာ စဉ်း စားနေတုန်းပဲ။ သူ က သီချင်းဆိုဖို့လောက်တော့ အားမရှိသေးဘူး။ ဒါပေမဲ့ အခြေအနေကတော့ တအားပြန် ကောင်းသွား ပြီ။ အားလုံးလည်း သူ ပြန်မှတ်မိတယ်။ ပြောနိုင် တယ်။ သူပျော် လည်းပျော်တယ်။ အောက်တိုဘာ ၂၃ ရက် နေ့က ဆိုတေးရဲ့ နေအိမ်ကို ဟဲလေး၊ အစ္စဏီ၊ ဒီယံ၊ Wai လျှံ၊ စစ်သွေးတို့ကလည်း သွားရောက်တွေ့ဆုံ သတင်း မေးခဲ့ ပါ တယ်။ ဆိုတေးကိုသွား ရောက်တွေ့ဆုံဖြစ်ခဲ့တဲ့ ဟဲလေးက ” ဆိုတေးနဲ့က သူဘာမှ မအောင်မြင်ခင်ကတည်းက ကျွန်တော်နဲ့ဆိုခဲ့ကြတယ်။ ညီတစ်ယောက်လိုပဲ။ သွားတွေ့ ခဲ့ကြတဲ့ အစ္စဏီတို့၊ Wai လျှံ တို့၊ ဒီယံတို့၊ စစ်သွေးတို့ဆို တာတစ်ဖွဲ့တည်းသားလို့ ပြော လို့ရတယ်။ မနေ့က ဝိုင်းစု နဲ့ဖုန်းရတော့ သွားကြည့် ဖြစ် တာ။ အမှန် ကတော့ ရန်ကုန် မှာ ရောက်နေပြီ လို့ကြားတယ်။ ဒါပေမဲ့ ဆေးရုံမှာပဲထင်တာ။ အိမ်ကို ပြန် ရောက်ပြီဆိုတော့ အဆင်ပြေ သွားတာပေါ့။ အခုလိုမျိုး အားနည်းနေ တဲ့အချိန်မှာ သွားအားပေးတဲ့သဘောပါ။ အရင်ကတွဲလုပ်ခဲ့တဲ့ ” အဝေးရောက်ချစ်သူ” ဆိုတဲ့ သီချင်းလို ရှေ့လျှောက်သီချင်း တွေတွဲ လုပ်ကြမယ်လို့ ကျွန်တော် သူ့ ကို ပြောဖြစ်တယ်။ ” ဆိုတေး ညီလေး ငါတို့ အဝေးရောက် ချစ်သူဆိုတဲ့ သီချင်းလေး အောင်မြင်ခဲ့တဲ့။ လက်ရှိ မင်းရဲ့သစ္စာဆိုတဲ့ သီချင်းလေး လည်း အောင်မြင်နေ တယ်။ နောက် ထပ်သီချင်းတွေလည်း ဆက်လုပ်ကြမယ်။ အဓိကက ကိုယ့် ကိုယ်ကိုယ်ဂရုစိုက်၊ အင်အား တွေရှိလာအောင် အကောင်းဆုံးအနားယူ” လို့ပြောခဲ့တယ်။ အခြေအနေကောင်းပါတယ်။ ဟဲလေးဆို ဟဲလေး၊ Wai လျှံ ဆို Wai လျှံ မှတ်မိတယ်။ သူအဆိုတော်မဖြစ်ခင် ရပ်ကွက်ရှိုးလေးမှာ ကျွန်တော့်ရဲ့ “ပတ်သက်ခွင့် ပြုပါ” သီ ချင်း ကို သူနဲ့ဆိုတယ်။ အခုသူက အဲဒီရပ်ကွက်ထဲမှာ ပြောင်းနေတာ။ အဲဒါ သူ့ကို ပြန်ပြောပြတော့ အမှတ်ရတယ်” လို့ ပြော ပါ တယ်။

ပေါ်ပြူလာအဖွဲ့

Bloody Mary


မှန်ရှေ့မှာ ၃ခေါက်တိတိ နာမည် ရွတ်ဆိုလိုက်ရင် ပေါ်လာတယ်လို့ ယုံကြည် ကြတဲ့ Bloody Mary ကိုရင်းနှီး
ကြမှာပါ။ သူ့ရဲ့ အကြောင်း ရာဇ၀င်က ဘာများ ပါလိမ့်။

အခု နှစ်ပိုင်းမှာ သရဲကားတွေ အရမ်း ခေတ်စား နေပါတယ်။ အထူးသဖြင့် ရာဇ၀င် တွင်တဲ့ တကယ့် ဖြစ်ရပ်မှန် တွေကို ဇာတ်လမ်း ဆင်ရိုက် ထားတဲ့ The Conjuiring လိုကားမျိုး ဆိုရင် အထူး နာမည်ကြီး ပါတယ်။ အခု ဆောင်းပါး မှာလည်း ရာဇ၀င် တွင်တဲ့ သရဲမ အကြောင်းကိုမိတ် ဆက်ပေးပါရစေ။နှစ်ပေါင်း ရာချီကြာ ခဲ့ပေမယ့် အခုထိ လူသိများ ထင်ရှားနေတဲ့ Bloody Mary ပါပဲ။

ဒီ Bloody Mary ပုံပြင်ကို စပြော ရရင်တော့ ဟိုရှေးရှေးတုန်းက တောထဲက ကျေးလက်အိမ် သေးသေးလေး တစ်ခုမှာ ဆေးဖက်ဝင် ပစ္စည်း တွေရောင်းတဲ့ ပိန်ခြောက်ခြောက် ရုပ်ဆိုးဆိုး မိန်းမ တစ်ယောက် ရှိပါတယ်တဲ့။ အနီးနား ပတ်ဝန်းကျင်က မြို့သူမြို့သား တွေက သူမကို Bloody Mary လို့ ခေါ်ဝေါ်ကြပြီး သူမဟာ စုန်းမ တစ်ယောက် ဖြစ်တယ်လို့ ယုံကြည် ကြပါတယ်။ အဲဒါကြောင့်လည်း စုန်းအတတ်နဲ့ ဖမ်းစား ခံရမှာ ကြောက်တဲ့ လူတွေဟာ သူမရဲ့ စုန်းအတတ်နဲ့ သူတို့နွား တွေကို သေကြေအောင်၊ စားနပ်ရိက္ခာ တွေကို ဆောင်းမရောက်ခင် ပုပ်သိုး သွားအောင်၊ ကလေးတွေ အဖျားအနာ ကြီးကြီး ရအောင် စတာတွေ လုပ်မှာ စိုးတာကြောင့် သူမရဲ့ရှေ့ကနေ ဒါမှမဟုတ် မြင်ကွင်း ထဲကနေ ဖြတ်သန်း မသွားရဲ ကြပါဘူး။


ဒီလို နေထိုင်ရင်း တစ်ချိန် မှာတော့ တောအုပ်နဲ့ အနီးနားက ရွာတစ်ရွာမှာ အသက်ငယ်ငယ် ကလေးမ လေးတွေ ပျောက်ပျောက် သွားတတ်တဲ့ အဖြစ်မျိုးတွေ ကြုံလာ ရပါတယ်။ ကလေး ပျောက်ရှာတဲ့ မိသားစု တွေဟာ နီးစပ်ရာ သစ်တောတွေ၊ အဆောက်အဦးတွေ၊ စပါးရုံ တွေကို ရှာပေမယ့် အစအန တောင် ရှာမတွေ့ ပါဘူး။ Bloody Mary ကိုမသင်္ကာတဲ့ ရဲရင့်တဲ့ လူတချို့ ကတော့ သူမအိမ်ကို သွားပြီး ပျောက်သွားတဲ့ ကလေးမတွေ အကြောင်း မေးပေမယ့် သူမကတော့ မသိကြောင်း ငြင်းဆို ပါတယ်။ အဲဒီအချိန်မှာ သူမဟာ နဂိုထက် နပျိုလှပ နေတာကို သတိထား မိခဲ့ကြ ပါတယ်။ သူမနဲ့ အနီးဆုံး နေရာမှာ နေထိုင်ကြ တဲ့သူတွေက သူမကို သံသယနဲ့ စောင့်ကြည့် ခဲ့ပေမယ့် ဘာသံသယ ဖြစ်စရာမှ မတွေ့ခဲ့ ကြပါဘူး။


အချိန်တွေ တဖြည်းဖြည်း ကုန်ဆုံး လာရင်း သူမဟာ ကံစီမံရာ နာခံရမယ့် တစ်နေ့ကို ရောက်ရှိ လာပါတော့တယ်။ တစ်ည မှာတော့ Miller မိသားစုက သမီးငယ်ဟာ သူကလွဲပြီး ဘယ်သူမှ မကြားနိုင်တဲ့ ခေါ်သံကို နားစွင့်ရင်း အိပ်ယာကနေ အပြင်ကို လျှောက်မိ နေပါတယ်။ အဲဒီ အချိန်မှာ သွားကိုက် ဝေဒနာ ခံစား နေရလို့ ဆေးတစ်ခုခုနဲ့ ကုဖို့ ထလာတဲ့ Miller မိသားစုက အမေ ဖြစ်သူဟာ သမီးဖြစ်သူကို တွေ့မြင်ခဲ့ ပါတယ်။ အဲဒီနောက် ရုတ်တရက် ခင်ပွန်း ဖြစ်သူကို အော်ခေါ်လိုက်ပြီး နှစ်ယောက် စလုံးဟာ သမီးဖြစ်သူကို မသွားအောင် လိုက်လံ တားမြစ် ပေမယ့် ချုပ်နှောင်ထဲက လွတ်အောင် ထွက်သွားပြီး မြင်ကွင်း ရှေ့က ပျောက်သွား ပါတယ်။ အဲဒီလိုမျိုး အဖြစ်အပျက်တွေ ကြုံနေခိုက် ဆူဆူညံညံ အသံ တွေကြောင့် နိုးလာကြတဲ့ အိမ်နီးချင်း တွေဟာ သူတို့ လင်မယားကို ကူညီဖို့ တဖွဲဖွဲ ရောက်လာ ပါတယ်။






သူတို့တွေ စုစုရုံးရုံးနဲ့ ကလေးမကို ရှာဖွေ နေတုန်း လယ်သမား တစ်ယောက်ဟာ တောအုပ်စွန်း တစ်ခုမှာ ထူးထူး ဆန်းဆန်း အလင်းရောင် တစ်ခုကို မြင်လိုက် ရတယ် ဆိုပြီး ရှာဖွေသူ အပေါင်းကို အော်ဟစ် အသိပေးကာ လူတချို့ နဲ့အတူ သွားရောက် ရှာဖွေကြ တဲ့အခါမှာ ၀က်သစ်ချပင်အို အနားမှာ ရပ်နေပြီး မှော်နှင်တံ တစ်ခုနဲ့ Miller မိသားစုအိမ် ရှိရာဘက်ကို ညွှန်ထားတဲ့ Bloody Mary ကိုတွေ့လိုက် ရပါတယ်။ တစ်ဆက် တည်းမှာပဲ သူမဟာ သဘာဝ မဆန်တဲ့ အလင်းရောင် တွေနဲ့ တောက်ပ လာပြီး Miller မိသားစုက ကလေးမကို စုန်းအတတ် ပညာတစ်ခု ထုတ်သုံး လိုက်ပါတယ်။ အဲဒီ အဖြစ်အပျက်ကို အစအဆုံး တွေ့လိုက် ရတဲ့ အနီးအနားက ရှာဖွေရေး သမားတွေဟာရရာ လက်နက် တွေနဲ့ သူမဆီကို ပြေးသွား ကြတာကြောင့် သူမကတော့ ထုတ်သုံး နေတဲ့ စုန်းအတတ်ကို ရုတ်သိမ်းပြီး ရုတ်တရက် သစ်တောထဲ ထွက်ပြေး သွားပါတယ်။ ဒါပေမယ့် သမီးဖြစ်သူ အလားတူ အန္တရာယ်မျိုး မကြုံအောင် ငွေကျည်ဆံ တွေနဲ့ သေနတ်ကို အမြဲဆောင် ထားတဲ့ လယ်သမား တစ်ယောက်က လျင်လျင်မြန်မြန်ပဲ Bloody Mary ရဲ့နောက်ကျော တင်ပါးကို ထိအောင် ပစ်လိုက်ပြီး သူမဟာ ဆက်မပြေးနိုင်ဘဲ မြေပေါ်ကို လဲကျသွား ပါတယ်။


အဲဒီအချိန်မှာ ဒေါသထွက် နေကြတဲ့ ရှာဖွေသူ တွေဟာ သူမကို ကွင်းပြင် တစ်ခုမှာ မီးပုံအကြီးကြီး ဖန်တီးပြီး မီးရှို့ပစ် ခဲ့ပါတယ်။ သူမကတော့ မသေခင်မှာ ရွာသားတွေ အတွက် ကျိန်စာတိုက် ခဲ့ပါတယ်။ ဘယ်သူပဲ ဖြစ်ဖြစ် မှန်ရှေ့မှာ သူမနာမည်ကို ခပ်ကျယ်ကျယ် ခေါ်ဆိုမိရင် သူမရဲ့ ၀ိညာဉ်နဲ့ အသေဆိုးနဲ့ သေအောင် သတ်ပစ်မယ်လို့ ကျိန်စာတိုက် သွားခဲ့ပါတယ်။ သူမသေသွားတဲ့ အခါမှာ ရွာသားတွေဟာ တောထဲက သူမအိမ်ကို ၀င်ရောက် ရှာဖွေကြရာ တစ်ချိန်က ပျောက်သွားတဲ့ ကလေးမ တွေရဲ့ အုတ်ဂူတွေကို တွေ့လိုက် ရပါတယ်။ ယုံကြည်ကြတာ ကတော့ Bloody Mary ဟာကလေးမ တွေရဲ့ သွေးကို သုံးပြီး နုပျိုအောင် လုပ်ပါတယ်တဲ့။ အဲဒီကာလ ကစပြီး အခု အချိန်အထိ သူမ နာမည်ကို မှန်ရှေ့မှာ သုံးခါတိတိ ခေါ်တိုင်း သူမရဲ့ စုန်းဝိညာဉ် ထွက်ပေါ် လာပြီး ခေါ်ဆိုသူကို အပိုင်းပိုင်း အစိတ်စိတ် ခွဲပစ်၊ ၀ိညာဉ်ကိုလည်း အပိုင်းပိုင်း ဖြစ်အောင် လုပ်ပစ်ကာ သူမ မီးရှို့ခံ ရတဲ့ နေရာမှာ မီးလောင် ကျွမ်းခံရင်း မှန်ထဲမှာပဲ ထာဝရ ပိတ်ထားမယ်ဆိုတဲ့ ယုံကြည်မှုဟာ တည်မြဲနေ ပါတော့တယ်။



Bloody Mary လိုမျိုး ပုံပြင် ရာဇ၀င်ရှိတဲ့ သရဲဇာတ်ကောင်တွေ အများကြီး ရှိပါသေးတယ်။ ယုံကြည်တယ်၊ မယုံကြည်ဘူး ဆိုတာ ကတော့ စာဖတ်သူရဲ့ စိတ်ပေါ်မှာပဲ မူတည်ပါတယ်။ စိတ်ဝင်စားဖို့ ကောင်းတဲ့ တခြားဇာတ်လမ်း တွေကိုလည်း လာမှာဆိုတော့ စောင့်မျှော် ကြပါဦးလို့ နှိုးဆော်ရင်း နိဂုံးချုပ် အပ်ပါတယ်ဗျာ။

mymclub.net

Bermuda Triangle - ဘာမျူဒါ တြိဂံ


Bermuda Triangle - ဘာမျူဒါ တြိဂံ

  ဘာမျူဒါ တိတြိဂံ ဆိုတာက မြောက်အန္တလန်တိတ် သမုဒ္ဒရာရဲ့ အနောက်ဘက်ခြမ်းအပိုင်း၊ ဘာမျူဒါကျွန်း၊ ဖလော်ရီဒါ နှင့် ပူရီတို ရီကို ကျွန်း တို့ကို စိတ်မှန်းဖြင့်  မျဉ်းကြောင်းလေးဆွဲကြည့်ရင် မြင်ရမည့် တြိဂံရေပြင်နေရာလေးဖြစ်ပါတယ်။
          လူတိုင်းနီးပါ ဘာမျူဒါ တြိဂံအကြောင်းကြားဖူးမှာပါ။  ကုန်တင်သင်္ဘောတွေကစလို့ လေယာဉ်ပျံတွေ အဆုံး ဒီတြိဂံရပ်ဝန်းထဲမှာ ပျောက်ခြင်းမလှ ပျောက်ဆုံးသွားကြတဲ့ သတင်းတွေက ဒီ တြိဂံဒေသကို နာမည်ကြီးသထက်ပိုမို ကြီးလာစေခဲ့ပါတယ်။  လွန်ခဲ့တဲ့ ရာစုနှစ်အနည်းငယ်က ဒီတြိဂံဒေသမှာ ပျောက်ဆုံးသွားခဲ့တဲ့ သင်္ဘောတွေ လေယာဉ်ပျံတွေကြောင့် လူ့အသက်ပေါင်း မြောက်များစွာ ဆုံးရှုံးခဲ့ရပါတယ်။  အခု ဒီတြိဂံအကြောင်းလေးကို နည်းနည်း ပြန်ပြီး အစဖော်ရေးပါရစေ။





Flight 19 (လေယာဉ်နံပတ် ၁၉)

          ၁၉၄၅ ဒီဇင်ဘာလ ၅ရက်နေ့မှာ အမေရိကန်ရေတပ်ရဲ့ တိုပီတို ဗုံးကျဲလေယာဉ် ငါးစီးဟာ ပုံမှန်လေကြောင်းပျံသန်း လေ့ကျင့်ခဲပါတယ်။  ဒီလေယာဉ်တွေဟာ ပစ္စည်းအပြည့်အစုံ တပ်ဆင်ပြီးတော့ မပျံသန်းခင်မှာလည်း သေသေချာချာကို စစ်ဆေးပြီးမှ ဖလော်ရီဒါပြည်နယ်မှာရှိတဲ့ လေတပ်စခန်း ဖို့လော်ဒါဒေးကနေ ကနေ ပျံသန်းထွက်ခွာခဲ့ပါတယ်။  ဒီအချိန်ဟာ စစ်မက်ဖြစ်ပွားနေတဲ့ အချိန်မဟုတ်ပါဘူး။ ဒါကြောင့် ဒီ လေယာဉ်နံပါတ် ၁၉ ကို ဘယ်ရန်သူကမှ ပစ်ချဖို့ အဲ့ဒီအချိန်မှာ မဖြစ်နိုင်ပါဘူး။  ဒါပေမယ့် လေယာဉ်နံပါတ် ၁၉ ဟာ ဒီ ဘာမျူဒါတြိဂံဒေသကို ဖြတ်သန်းနေစဉ်အတွင်းမှာဘဲ ထူးဆန်းစွာပျောက်ဆုံးသွားခဲ့ပါတယ်။  အခု ဓာတ်ပုံမှာ မြင်တွေ့ရမှာကတော့ Navy TBF Grumman Avenger လေယာဉ်ဖြစ်ပြီး ဒါဟာ လေယာဉ် နံပါတ် ၁၉နဲ့ အလားတူ လေယာဉ်တစ်မျိုးဖြစ်ပါတယ်။
          ဖလော်ရီဒါကမ်းရိုးတမ်းနားအရောက် ရေဒီယိုဆက်သွယ်ရေးပျက်တောက် မသွားခင်နောက်ဆုံးအချိန်လေးမှာ လေယာဉ်နံပါတ် ၁၉ ခေါင်းဆောင်ရဲ့ နောက်ဆုံးပြောသွားတဲ့ စကားကတော့ “အကုန်လုံး ထူးဆန်းနေတယ်၊ ပင်လယ်ပြင်ကပါ ထူးဆန်းနေတယ်” နောက်ပြီးတော့ သူဆက်ပြောတာက “ငါတို့ဟာ အဖြူရောင် ရေလှိုင်းတွေထဲကို ဖြတ်သန်းဝင်ရောက်နေပြီ၊ အခြေအနေမကောင်းတော့ဘူး”။  ဒီနောက်မှာတော့ လေယာဉ်နဲ့အတူ လေယာဉ်ပေါ်မှာပါတဲ့ ၁၄ ယောက်စလုံး ပျောက်ခြင်းမလှ ပျောက်ဆုံးသွားခဲ့ပါတယ်။  အစိုးရက ဒီပျောက်ဆုံးမှု့ကို အချိန်ကြာမြင့်စွာ စုံစမ်းရှာဖွေပေမယ့်လည်း မည်သည့်အခါမှ ထပ်မံမတွေ့ရှိတော့ပါဘူး။  ဒီအပြင် လေယာဉ်နံပါတ် ၁၉ ကို ရှာဖွေဖို့ ထွက်ခွာသွားတဲ့ လူ ၁၃ ဦးပါဝင်တဲ့ ရှာဖွေကယ်ဆယ်ရေးလေယာဉ်ဟာလည်း ထိုနည်းတူ ပျောက်ခြင်းမလှ ထပ်မံပျောက်ဆုံးသွားပြန်ပါတယ်။  ဒီတော့ ဘာမျူဒါတြိဂံဒေသဆိုတာ ပဟေဠိ သဖွယ် ဖြစ်နေပါတယ်။


Star Ariel (စတား အေရိရယ် လေယာဉ်)

          ယူအက်စ် ရေတပ်တဲ့ အဆိုအရတော့ ဘာမြူဒါတြိဂံဒေသမှာ သင်္ဘောအစီး ၅၀၊ လေယာဉ် အစီး ၂၀ ကျော်တို့ဟာ ပြီးခဲတဲ့ ရာစုနှစ်အတွင်း ထူးဆန်းစွာ ပျောက်ခြင်းမလှ ပျောက်ဆုံးခဲ့ပါတယ်တဲ့။  G-AGRE Star Ariel လို့ခေါ်တဲ့ ခရီးသည်တင်လေယာဉ်ဟာ British South American Airways ပိုင်လေယာဉ်တစ်စီးဖြစ်ပါတယ်။  ဒီလေယာဉ်ဟာလည်း ထို ဘာမျူဒါ တြိဂံဒေသမှာဘဲ ၁၉၄၉ ဇန်န၀ါရီ ၁၇ ရက်နေ့မှာ ပျောက်ခြင်းမလှ ပျောက်ဆုံးသွားခဲ့ပြန်ပါတယ်။  ဒီလေယာဉ်ပျောက်ဆုံးတဲ့ ခရီးစဉ်ကတော့ ဘာမြူဒါကျွန်း ကိုင်ဒလေ ဖီးဒ် ကနေပြီးတော့ ဂျမေကာရဲ့ ကင်းစတောင်း မြို့ကို ဘာမျူဒါ တြိဂံကို ဖြတ်သန်းပြီး သွားတဲ့ ခရီးစဉ်ဖြစ်ပါတယ်။  ပျောက်ဆုံးသွားတဲ့ အချိန်မှာ ရာသီဥတုကလည်း ကြည်ကြည်လင်လင် ကောင်းကောင်းမွန်မွန်ပါပဲ။  ပျောက်ဆုံးပြီးနောက်ပိုင်းမှာ ဘာ သဲလွန်စ၊ အပျက်အစီးမှ ရှာမတွေ့တော့တာပါ။  လေယာဉ်မှာပါလာတဲ့ ၀န်ထမ်း ၇ ယောက်နဲ့ ခရီးသည် ၁၃ ယောက်ကတော့ ပျောက်ခြင်းမလှ ပျောက်ဆုံးသွားခဲ့ပါတယ်


Sulphur Queen


          T2 Tanker အဖြစ် ပြောင်းလဲထားတဲ့၊ အမေရိကန်ရေတပ်သင်္ဘော S.S Queen ဟာ သင်္ဘောသား ၃၉ ယောက်နှင့်အတူ ထို ဘာမျူဒါ တြိဂံအတွင်းမှာ ပျောက်ဆုံးသွားခဲ့ပြန်ပါတယ်။  ဒီသင်္ဘောဟာ ဖလော်ရီဒါ ကမ်းရိုးတမ်းရဲ့ တောင်ဘက်ပိုင်းမှာ ဆာလ်ဖာ အရည်တွေ တင်ဆောင်ပြီး ခုတ်မောင်းနေတုန်း ပျောက်ဆုံးသွားခဲ့တာပါ။ သူ့ရဲ့ နောက်ဆုံး ရေဒီယိုဆက်သွယ်မှု့ကတော့ ၁၉၆၃ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ ဖြစ်ပါတယ်။  ဒီ ရေဒီယိုဆက်သွယ်ရေးပြတ်တောက်ပြီးနောက်ပိုင်းမှာဘဲ ဒီသင်္ဘောကို ရှာဖွေဖို့ ဒီသင်္ဘောရှိတဲ့ နေရာကို ကယ်ဆယ်ရေးအဖွဲ့တွေ သွားရောက်ခဲ့ပါတယ်။  ၂ ပတ်ကျော်ကျော်ရှာပြီးနောက်မှတော့ ကယ်ဆယ်ရေးအဖွဲ့တွေက အပျက်အစီး အပိုင်းအစ နည်းငယ်နှင့် အသက်ကယ် ဘောကွင်းတွေသာ အထက်က ဓာတ်ပုံမှာ ပြထားတဲ့အတိုင်းတွေ့ရှိပါတယ်။  ဒီသင်္ဘောပျောက်ဆုံး ပျက်စီးသွားရခြင်းရဲ့ အကြောင်းကတော့ ဖြေရှင်းချက် တိတိကျကျမပေးနိုင်ပါဘူး။  ဒါဟာ ဘာမျူဒါ တြိဂံလို့ခေါ်တဲ့ မကောင်းဆိုးဝါ ရေအောက် ကမ္ဘာကြီးရဲ့ ဆန်းပြားတဲ့ ၀ိသေသတစ်ခုအဖြစ်ပဲ ထင်မြင်ယူဆရမလိုဖြစ်နေပါတယ်။





Cyclops (ဆိုက်ကလော့ပ်စ်)

          U.S.S Cyclops (AC-4) ဟာ ကျောက်မီးသွေးတင် သင်္ဘောတစ်စီးဖြစ်ပါတယ်။  ဒီသင်္ဘောဟာလည်း ၁၉၁၈ ခုနှစ်မှာ ပျောက်ဆုံးသွားပြန်ပါတယ်။  မတ်လ ၄ ရက်နေ့ ဘာဘက်ဒေါ့စ် ကနေ့ ဘယ်လ်တီမိုးကို ထွက်ခွာတုန်း ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ပါတယ်။  ဒီသင်္ဘောပေါ်မှာ သင်္ဘောသား ၃၀၆ ယောက်နှင့်အတူ ခရီးသည်များ ပါသွားခဲ့ပါတယ်။  အမေရိကန် ရေတပ် သမိုင်းမှာတော့ ဒီသင်္ဘောပျောက်ဆုံးမှု့ဟာ သင်္ဘောတစ်စီးချင်းစီ ပျောက်ဆုံးမှု့အနေနှင့်တော့ အကြီးများဆုံး ဆုံးရှုံးမှု့တစ်ခု ဖြစ်ပါတယ်။  ဒီသင်္ဘောပျောက်ဆုံးတဲ့ အချိန်မှာ မည်သည့် တိုက်ခိုက်မှု့မှ မရှိခဲ့ဘူးလို့ သမိုင်းအထောက်အထားတွေက ဆိုပါတယ်။





ereus (နာရီဆက်)
          ပထမကမ္ဘာစစ်ကာအတွင်းမှာ အမေရိကန်ရေတပ်အတွက် ကျောက်မီသွေး တင်ဆောင်ဖို့အတွက် USS Nereus (AC-10) ကို တည်ဆောက်ခဲ့ပါတယ်။  ဒီသင်္ဘောရဲ့ နာမည်ကို ဂရိနတ်ဘုရားတစ်ပါးရဲ့အမည်ဖြစ်တဲ့ Nereus ဆိုတဲ့ နာမည်ကို ပေးခဲ့ပါတယ်။  ၁၉၄၁ ဒီဇင်ဘာ ၁၀ ရက်နေ့ စိန့်သောမတ် ကနေပြီးတော့ ပိုလန် သို့အသွားမှာ ပျောက်ဆုံးခဲ့တာပါ။  ဒီသင်္ဘောဟာ သူ့ရဲ့ ပုံစံတူ သင်္ဘောဖြစ်တဲ့ USS Proteus သွားခဲ့တဲ့ လမ်းကြောင်းအတိုင်း ရေကြောင်းခရီးသွားလာနေတုန်း ပျောက်ဆုံးသွားခဲ့တာဖြစ်ပါတယ်။  USS Proteus ဟာလည်း ဒီသင်္ဘောမပျောက်ဆုံးခင် တစ်လမှာ ပျောက်ဆုံးခဲ့ပါတယ်။






သဘာဝလွန် ဖြစ်ရပ်တွေလား? (Paranormal Activity?)

          များပြားလှတဲ့ ထူးထွေဆန်းပြား ကောက်ချက်ဆွဲယူမှုတွေ၊ သီအိုရီတွေဟာ ဒီပျောက်ဆုံးမှု့တွေနှင့် ပတ်သတ်ပြီးတော့ ရှင်းပြရန် ကြိုးစားခဲ့ကြပါတယ်။  UFO လို့ခေါ်တဲ့ တစ်ခြားကမ္ဘာက ဂြိုလ်သားတွေကဘဲ ပြန်ပေးဆွဲတာလား၊ သဘာဝလွန် အချိန်ပြောင်းလဲမှုများကြောင့်လား၊ တစ်ခြား ကမ္ဘာ ဒါမှမဟုတ် တစ်ခြား ဒေသတွေကို ဖောက်ထွင်းသွားနိုင်တဲ့ တံခါးပေါက်တွေရှိလို့လား၊ သံလိုက်ဆွဲအားတွေ ဖောက်ပြန်မှု့ကြောင့်လား၊ ဒါမှမဟုတ် မီသိန်းဓာတ်ငွေ့ အများအပြား ပင်လယ်ရေမျက်နှာပြင်အထက်ကို တိုးထွက်လာလို့လား စသည့် စသည့် ရှင်းပြချက်တွေနှင့် ဒီ ဘာမျူဒါတြိဂံရဲ့ လျှို့ဝှက်ဆန်းကျယ်မှု့ကို ရှင်းပြနိုင်ရန် ကြိုးပမ်းခဲ့ကြပါတယ်။  ထင်ရှားတဲ့ သီအိုရီတစ်ခုကတော့ ရှေးဟောင်း ပျောက်ဆုံးနေတဲ့ အတ္တလန်းတစ်မြို့တော်ကြီးဟာ ဒီ ဘာမျူဒါ တြိဂံကြီးအောက်မှ တည်ရှိနေပါသတဲ့။  အဲ့ဒီမြို့ကြီးရဲ့ ခေတ်လွန် နည်းပညာတွေက သူ့အနီးအနားကို ဖြတ်သန်းသွားလာနေတဲ့ သင်္ဘောတွေ၊ လေယဉ်တွေကို နှောင့်ယှက်စေပါတယ်လို့ ဆိုပါတယ်။




အကျိုးအကြောင်းဆီလျှော်သော ဖြေရှင်ချက်များ
          တကယ်တမ်းတော့ ဘာမျူဒါတြိဂံမှာပျောက်ဆုံးသွားတဲ့ ပျောက်ဆုံးမှု့ တွေထဲမှာ ပုံမှန် သွားလာနေတဲ့ ခရီးလမ်းကြောင်း ဒေသတွေလည်း ပါဝင်ပါတယ်။  ဒီနေရာတစ်ခုထဲမှာဘဲ ထူးဆန်းတဲ့ ပျောက်ဆုံးမှု့တွေနဲ့ ပြည်နှက်နေတယ်လို့ တစ်ထစ်ချ ပြောလို့မရပါဘူး။  သေချာတာကတော့ ဒီ ဘာမျူဒါ တြိဂံဒေသမှာ ဘေးဒုက္ခရောက်စေနိုင်တဲ့ မမျှော်လင့်နိုင်သော မုန်တိုင်းတွေ ဖြစ်ပေါ်လေ့ရှိပါတယ်။  အတ္တလန်တစ် သမုဒ္ဒရာအတွင်းမှာ ဖြစ်ပေါ်တတ်တဲ့ ဟာရီကိန်း လိုမျိုး၊ အပူပိုင်းမုန်တိုင်းလိုမျိုး မုန်တိုင်းတွေဟာ ဒီ ဘာမျူဒါဒေသအတွင်းကို ဖြတ်သန်းသွားလေ့ရှိပါတယ်။  ဒီအပြင် ရေတပ်ရဲ့ အဆိုအရတော့ ပင်လယ်ကွေ့မှာ ဖြစ်ပေါ်နေတဲ့ ရေစီးကြောင်းအနေအထားတွေကလည်း ရာသီဥတုကို လျှင်လျှင်မြန်မြန်နဲ့ ဆိုးဝါးစေပါတယ်တဲ့။  ဒီအတွက် သင်္ဘောတစ်စီးဖြစ်စေ၊ လေယာဉ်တစ်စီးဖြစ်စေ နစ်မြုတ်၊ပျက်ကျမှု့များရှိပါက အပျက်အစီးတွေဟာ ရာသီဥတု အခြေအနေကြောင့် လျှင်မြန်စွာဘဲ ပျောက်ပျက်သွားလေ့ရှိပါသတဲ့။



ဘမျူဒါ တြိဂံရဲ့ ရေအနက်


          နစ်မြုတ်သွားတဲ့ သင်္ဘောတွေ လေယာဉ်တွေကို ပြန်လည် ရှာဖွေ ရယူဖို့ဆိုတာကတော့ ဒီ ဘာမျူဒါ တြိဂံဒေသအတွက် တော်တော်ကို မလွယ်ကူလှပါဘူး။  ဒါဟာ အတ္တလန်းတစ် သမုဒ္ဒရာရဲ့ အနက်ဆုံးအပိုင်းတစ်ခုလည်း ဖြစ်ပါတယ်။  ရေအနက်ဟာ ပေပေါင်း ၃ သောင်းကျော် (၉၂၀၀ မီတာ) အထိ အနက်ရှိပါတယ်။  ဒီတော့ အဲ့ဒီလို နေရာတွေမှာ နစ်မြုတ်သွားတဲ့ သင်္ဘောတွေဟာ ထပ်မံတွေ့ရှိရဖို့ မလွယ်ကူတော့ပါဘူး။  ဒီပုံမှာ မြင်ရတာကတော့ အမျိုးအမည်မသိ နစ်မြုတ်နေတဲ့ သင်္ဘောတစ်စီးရဲ့ ပုံပါ။  ဒါကို NOAA oceanography researchers အဖွဲ့က ၂၀၁၁ ဧပြီလ ၁ရက်နေ့မှာ ရိုက်ထားတဲ့ ပုံပါ။

aunghtut.blogspot

သူရိယနေဝန်းထွက်ပြီ၊ ဖိုးလပြည့်တို့ကို ဖက်ဆစ်နဲ့ ခိုင်းနှိုင်း


သူရိယနေဝန်းဂျာနယ် အတွဲ ၁၊ အမှတ် ၁ ထွက်လာပါပြီ။

ဒီဂျာနယ်ကို စနေနေ့တိုင်း ထုတ်မယ်လို့ ကြေညာထားပါတယ်။

သူရိယနေဝန်း ဆိုတာ ဟိုတလောက ရပ်လိုက်ရတဲ့ သူရိယအလင်းရဲ့ အဆက် ဖြစ်ပါတယ်။
သူရိယအလင်းအကြောင်း ပြဿနာ ဖြစ်ခဲ့သည့် သူရိယအလင်းဂျာနယ် ထုတ်ဝေမှု လုံးဝရပ်နားပြီ ဆိုတဲ့ သတင်းမှာ ဖတ်နိုင်ပါတယ်။

သူရိယအလင်းဂျာနယ်တိုက်ကို ပြီးခဲ့တဲ့ ဆယ်ရက်လောက်က လူအုပ်တအုပ် ရောက်လာတယ်၊ ပစ္စည်းတွေ သယ်သွားတယ်၊
သယ်သွားတာကတော့ သူရိယအလင်း နောက်ဆုံးထုတ် စောင်ရေ ၇၀၀၊ ကွန်ပျူတာ ၁၄ လုံးရဲ့ အဓိကအစိတ်အပိုင်းတွေလို့ ဆိုတယ်။

အဲဒီလူအုပ်ရဲ့ခေါင်းဆောင်က ဖိုးလပြည့် ဖြစ်ပါတယ် တဲ့။

"ဖိုးလပြည့် ဆိုသူက ဂျာနယ်တိုက်ထဲကို မ၀င်ပါဘူး။ ကားပေါ်က ထိုင်ပြီး အမိန့်တွေပေးနေခဲ့ပါတယ်" လို့ အခု အသစ်ထွက်လာတဲ့ သူရိယနေဝန်း ပထမဆုံးထုတ်မှာ ရေးထားပါတယ်။

"ဒီလုပ်ရပ်ဟာ နာဇီ စိတ်ဓာတ်၊ ဖက်ဆစ်စိတ်ဓာတ်နဲ့ မင်းမဲ့စရိုက်ဆန်ဆန် လုပ်သွားတဲ့ လုပ်ရပ် ဖြစ်ပါတယ်" လို့ မှတ်ချက်ချထားပါတယ်။

ဂျာနယ်တိုက် ပစ္စည်းအသိမ်းခံရပြီး ဂျာနယ်ထုတ်ဝေမှု ရပ်ဆိုင်းလိုက်ပေမယ့် သူရိယနေဝန်း ဂျာနယ် အဖြစ် ဆက်ထုတ်မယ်လို့ ကြေညာထားတဲ့အတိုင်း ထွက်လာပါတယ်။ သို့သော်လည်း အသစ်ထွက်မယ့် သူရိယနေဝန်းကို ရိုက်ပေးဖို့ ပုံနှိပ်စက်တွေက ငြင်းခဲ့တယ်၊ "အခု ဒီဆောင်းပါးကို မရေးခင် အချိန်အထိ သူရိယနေဝန်းဂျာနယ်ကို ရိုက်ပေးရဲတဲ့ စက် မရှိသေးပါ။
အားလုံး ကြောက်အောင် ဖိုးလပြည့် ဆိုသူက ဖန်တီးခဲ့ပါပြီ - မြန်မာပြည်သူတွေဟာ ဖိုးလပြည့် ဆိုသူကို မုန်းတီးနေကြပါပြီ" လို့ ဆိုပါတယ်။

ခေါင်းစဉ်က "သမ္မတထံ အိတ်ဖွင့်ပေးစာ" ဖြစ်ပါတယ်။

ဖိုးလပြည့် ဆိုတဲ့သူ ဘယ်သူဘယ်ဝါဖြစ်တယ် ဆိုတာကိုတော့ အိတ်ဖွင့်ပေးစာမှာ ထည့်ရေးမထားပါဘူး။
မြန်မာပြည်မှာ ဖိုးလပြည့် အမည်နဲ့ အမျိုးသားတွေ အများအပြား ရှိပါတယ်။
အထင်ရှားဆုံး ဖိုးလပြည့်ကတော့ ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေရဲ့ မြေးတဦး ဖြစ်ပါတယ်။

ဧရာဝတီ