Tuesday, November 19, 2013
ကျီစု သုသာန်အကျွတ်အလွတ် ပွဲတွင် တစ်နာရီအတွင်း အမဲသားများ ကုန်သွားဟု ဆို
ကျီစု သုသာန်၌ ဝေမာနိကများ အား ထမင်းကျွေးမွေးရာ၌ အမဲသား များမှာ တစ်နာရီအတွင်း အားလုံး နီးပါး ကုန်ဆုံးခဲ့ကြောင်း သိရသည်။ နိုဝင်ဘာ ၁၈ရက် ညတွင် သေလွန်ပြီးနောက် မကျွတ်မလွတ် ဘဲ ဝေမာနိက ဘဝသို့ ရောက်နေ သူများ ကျွတ်လွတ်စေရန် အကျွတ်အလွတ်ပွဲ မကျင်းပမီ တစ် ရက် အလိုတွင် ဝေမာနိကများအား ထမင်းအစားအသောက်များ စား နိုင်ရန် ဒဂုံဆိပ်ကမ်းမြို့နယ် ကျီစု သုသာန်ပတ်လည်တွင် ထမင်းပုံ များနှင့် အတူ အမဲသားများထား ပေးခဲ့ရာတွင် ယင်းသို့ဖြစ်ရပ် ဖြစ်ပွား ခဲ့ကြောင်း ရွှေသန်လျင် ပရဟိတလူငယ် နာရေးကူညီမှု အသင်းဥက္ကဋ္ဌ ဦးအောင်နိုင်ဝင်း က ရန်ကုန်တိုင်းမ်နေ့စဉ်သတင်း စာသို့ ပြောသည်။
''ည ၆နာရီလောက်မှာ လဲ ထူးခြားစွာနဲ့ ဒီသုသာန်နဲ့အနီး တစ်ဝိုက်မှာပဲ မိုးတွေတအားရွာ ခဲ့ပါတယ်။ ည ရနာရီမှာ လူကြီး ဝေမာနိကတွေစားဖို့ကို ထမင်းနဲ့ အမဲသားအစိမ်းကို စီစဉ်ပေးပြီး ကလေးဝေမာနိကတွေ အတွက် ပဲဟင်း၊ ချိုချဉ်နဲ့ ထမင်းတွေ ကို သုသာန်ပတ်လည်မှာ တစ်ပုံစီ ခြားထားပြီး စီစဉ်ပေးခဲ့ပါတယ်။ ည ၈နာရီလောက်မှာ သွားကြည့် တော့ ထမင်းတွေကတော့ လက် ရာမပျက် ရှိနေပြီး အမဲသားစိမ်း တွေကတော့ အကုန် ကုန်နေတာ ကို တွေ့ရပါတယ်''ဟု ဦးအောင်နိုင်ဝင်း ကပြောသည်။ သုသာန်နှင့်အနီးတစ်ဝိုက် တွင် လူနေအိမ်များမရှိသဖြင့် လူ များယူဆောင်ရန် မဖြစ်နိုင်သကဲ့ သို့ ခွေးနှစ်ကောင်သာရှိသဖြင့် အမဲ သားအားလုံးကိုယူရန်မှာမူ မဖြစ် နိုင်ကြောင်း သုသာန်မှဝန်ထမ်း တစ်ဦးက ပြောသည်။
''မနှစ်ကလဲ အကျွတ်အ လွတ်ပွဲလုပ်တဲ့အချိန်တုန်းက ည မှာပဲ တစ်ခါတည်းအမျှဝေတော့ သုသာန်တစ်ခုလုံး အိမ်မြောင်စုပ် ထိုးသံတွေနဲ့ ဆူညံနေခဲ့ပါတယ်'' ဟု ဦးအောင်နိုင်ဝင်းက ပြော သည်။ နိုဝင်ဘာ၁၉ရက် ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် ရှိ ကျီစုသုသာန် ၌ ရွှေသန်လျင် ပရဟိတလူငယ် နာရေးကူညီမှုအသင်း အလှူရှင် များကစုပေါင်း၍ အကျွတ်အလွတ် စုပေါင်းဒါနပြုပွဲ အမျှဝေပွဲကို ကျင်းပခဲ့ခြင်းဖြစ်သည်။
လူငယ်နာရေးကူညီမှုအ သင်းဥက္ကဋ္ဌ ဦးအောင်နိုင်ဝင်းက ''ကျန်ရစ်သူမိသားစုတွေကိုပဲ ကူညီနေသလို ဖြစ်နေပါတယ်။ ကွယ် လွန်သွားပြီး မကျွတ်မလွတ်ဖြစ် နေတဲ့သူတွေကို ကူညီတဲ့အနေနဲ့ အကျွတ်အလွတ်ပွဲကိုလုပ်တာ နှစ်ကြိမ်မြောက် ပါ''ဟု ပြော သည်။ သေလွန်ပြီးနောက် မကျွတ် မလွတ်ဘဲဖြစ်နေသည်များ အမှန် တကယ်ရှိပြီး ယင်းတို့အား အ ကျွတ်အလွတ်ပွဲလုပ်၍ အမျှဝေ ပေးခြင်းဖြင့် ကောင်းရာမွန်ရာဘဝ သို့ ကူးပြောင်းနိုင်သည်ဟု အကျွတ် အလွတ်အမျှဝေပွဲတွင် ပါဝင် သည့် ဝဋ်ကြွေးပြေဆရာတော် ဥူးသိရီ ဓမ္မက မိန့်ကြားသည်။
ဝဋ်ကြွေးပြေဆရာတော် ဥူးသိရီဓမ္မက ''မွန်ပြည်နယ် ပေါက် တောကျေးရွာမှာ သားကို ရှင်မပြု ပေးနိုင်ခင်မှာ ကွယ်လွန်သွားတဲ့ အမေက အမျှဝေတာကို သာဓု မခေါ်ဘဲ မကျွတ်မလွတ်ဖြစ်ပြီး မိသားစုဝင်တွေကို ဝင်ပူးပြီးပြော ပြတော့မှ သားရှင် ပြု ပွဲပြီး သာဓု ခေါ်ပြီး ကျွတ်လွတ်အောင် ဦးဇင်း ကိုယ်တိုင်ဆောင်ရွက်ပေးခဲ့ပါ တယ်''ဟု မိန့်ကြားသည်။
''မကျွတ်မလွတ်ဖြစ်နေသော ဝေမာနိကများကို ကျွတ်လွတ်စေ ဖို့ ရည်စူးပြီး ကောင်းမှုကုသိုလ် ပြု လုပ်ပေး ကာ အမျှဝေ သာဓုခေါ် ခိုင်းပါက ဝေမာနိကများဟာ လူ့ ဘဝရဖို့ ပဋိသန္ဓေဝင်ခြင်း၊ ပို၍ မြင့်သော နတ်ခြောက်ဘုံကို ရ ကာ လက်ရှိ ခံစားနေရ တဲ့ မြင်ရက် နဲ့ မစားရခြင်း၊ အဝတ်အထည် မရှိခြင်းအပါအဝင် ဆင်းရဲဒုက္ခ တွေငြိမ်းစေနိုင်ပါတယ်''ဟု ဝဋ် ကြွေးပြေ ဆရာတော်ဥူးသိရီဓမ္မ က မိန့်ကြားသည်။
ဒဂုံဆိပ်ကမ်းမြို့နယ် ကျီစုသုသာန်တွင်ပြုလုပ်သော အကျွတ်အလွတ်ပွဲတော်တွင် ရေစက်ချအမျှဝေရန် အတွက် တရားနာစဉ်။ ဓာတ်ပုံ-ငယ်ထွေး
ငယ်ထွေး(ကလေး)
The Yangon Times
တရုတ်မုန့်များတွင်မြန်မာပြည်မှကလေးများအတွက်လူမျိုးတုန်းသေကြေစေနိုင်သောဓာတုပစ္စည်းများပါ
တရုပ်နိုင်ငံက ဈေးအကြီးဆုံး ခလေးစွတ်ပြုတ်ပါ အမျိုးသားများအတွက် ကာမ စွမ်းအားတိုးစေလို့  ဒေါ်လာထောင်ချီပြီး မှာစားကြပါတယ်။- ပြည်သူများအနေနှင့် တရုပ်လုပ်အစားသောက်တွေ (ပါကင်ထုတ်)များအားအထူးသတိထား ရှေင်စေလိုပါတယ်။ အားလုံးဟာ ဓါတုဓါတ်ပေါင်းတွေ-ရောဂါဖြစ်နေသည့် ကျွဲ-နွား-မြင်း -ကြွက် အသားပေါင်းစုံကိုရေးပြီး အတုလုပ်ထားတဲ့အတွက် အလွန်ရင်လေးစရာပါ။
နောက်ဆုံး သတ်သတ်လွတ်သမားများအတွက် ထုတ်တဲ့ အသားတုတွေမှာဆိုရင် လူရဲ့ မစင်မှနေ တဆင့်ဆင့်ထုတ်လုပ်ထားကြောင်းသုတေသီတဦးရဲ့  လေ့လာချက်မှာဖတ်ရပါတယ်.။့နောက်ထပ်သိရှိရတဲ့အဆိပ်မုန့်
နောက်တမျိုးပါ။- တရုတ် ငုံးဥပြုတ် မုန့်လို့ခေါ်ပါတယ်။- တဘူးကို ၁၀၀ ကျပ်ထဲနဲ့ရောင်းချနေတယ်လို့သိရှိ
ရပါတယ်။-မုန့်တံဆိပ်၊ထုတ်လုပ်သည့်လိပ်စာ၊ထုတ်လုပ်ရက်စွဲ၊သက်တန်းကုန်ဆုံးရက်စွဲ၊ပါဝင်ပစ္စည်းစာရင်းစသည့်
အချက်များလုံးဝဖော်ပြမထားပါ။-ငုံးဥ ၇ ခြမ်းခန့်ပါဝင်ပြီးဆီထဲတွင်နစ်နေသယောင်
ဖန်တီးထုတ်လုပ်လိမ်ညာထားပါတယ်။-Packing ထုတ်စားရိတ်၊လမ်းစားရိတ်၊အဆင့်ဆင့်
အမြတ်တင်ပြီးတာတောင်ကလေးများကို ၁၀၀ ကျပ်ဖြင့်ရောင်းချနိုင်တယ်ဆိုတော့လုံးဝမသကာင်္စရာပါ။
-ငုံးဥအတုဟုယူဆရပါတယ်။-F.D.A မှဓာတ်ခွဲခန်းတွင်စစ်ဆေးခဲ့မည်ဆိုလျှင်တော့
အဖြေတိတိကျကျသိရှိနိုင်မှာပါ။-မြန်မာပြည်ကိုဝင်သမျှတရုတ်မုန့်မှန်သမျှကိုစစ်ဆေးသင့်
ပါသည်။
ဒေါက်တာကျော်ဆွေ
မင်္ဂလာဆောင်မည့် စုံတွဲများအတွက် သတင်းကောင်း
မင်္ဂလာဦးဇနီးမောင်နှံများအနေ ဖြင့် မင်္ဂလာဦးအပ်ငွေများကို CB Bank တွင် အပ်နှံနိုင်ကြောင်း CB Bank မှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မင်္ဂလာဦးအပ်ငွေအဖြစ် ငွေကျပ် (၁၀)သိန်းစတင်အပ်နှံရမည်ဖြစ်ပြီး ငွေကျပ် (၁၀)သိန်းနှင့်အထက်ကို တစ်နှစ်အပ်နှံပါက ၁၀ ရာခိုင်နှုန်းအတိုးပေး မည့်အပြင် ကြင်စဦးဇနီးမောင်နှံများ အတွက် ထိုက်တန်သော လက်ဖွဲ့ပစ္စည်း များကို ထပ်ဆောင်း၍ လက်ဖွဲ့ပေးမည် ဖြစ်ကြောင်း၊ အပ်ငွေများကို ငွေကျပ် (၁၀)သိန်းမှ စ၍ ပမာဏအကန့်အ သတ်မရှိအပ်နှံနိုင်ပြီး ဇနီးမောင်နှံများ၏ အမည်ဖြင့် မင်္ဂလာဦးအပ်ငွေလက်မှတ် ထုတ်ပေးမည်ဖြစ်ကြောင်းသိရသည်။
အပ်ငွေလက်မှတ်ကို လွှဲပြောင်း အသုံးပြု၍ မရကြောင်း ငွေပြန်လည် ထုတ်ယူလျှင် လက်မှတ်နောက်ကျော ဘက်တွင် ဘဏ်သို့ တင်ပြရမည် ဖြစ် သည်။ လက်မှတ်ပျောက်ဆုံးပျက်စီး ပါက ဘဏ်သို့စာဖြင့် အကြောင်း ကြား၍ ၀န်ခံစာချုပ်ချုပ်ဆိုကာ မိတ္တူထုတ် ယူနိုင်သော်လည်း ယင်းအတွက် ဘဏ် မှ ၀န်ဆောင်ခအနေဖြင့် ကျပ် (၁၀၀၀)ကောက်ခံမည်ဖြစ်ကြောင်းထပ်မံသိရ သည်။
ဘဏ်စာရင်းဖွင့်ရာတွင် ဇနီးမောင်နှံနှစ်ဦးစလုံး (သို့မဟုတ်) တစ်ဦးဦး ဘဏ်သို့ လာရောက်ရမည်ဖြစ်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြားနှင့် ထိမ်းမြားမင်္ဂလာပြုခြင်း အထောက်အထားတစ်ခုခု ယူဆောင်လာရမည် ဖြစ်ကြောင်း၊ ဆက်သွယ်ရန် လိပ်စာ၊ ဖုန်းနံပါတ်များ ပြောင်းလဲမှုရှိလာပါက ဘဏ်သို့ အကြောင်းကြားရမည် ဖြစ်သည်။ အပ်ငွေများကို ထိမ်းမြားမင်္ဂလာ ပြုပြီး (၆) လ အတွင်း အပ်နှံရမည်ဖြစ်ပြီး အနည်းဆုံး (၁)နှစ်ကာလ အပ်နှံရမည်ဖြစ်ကြောင်း CB Bank မှ သိရသည်။
By The Transport News
သင်္ချာ မရတဲ့ တတိယတန်း ကျောင်းသူတွေကို အပြစ်ပေးတဲ့ အနေနဲ့ဖက်နမ်းခိုင်းခဲ့တဲ့ ကျောင်းဆရာကို ကသာ တရားရုံးမှာ တရားစွဲဆို
သင်္ချာမေးခွန်း မဖြေနိုင်တဲ့ကျောင်းသူ (၅)ယောက်အား အတန်းဖေါ် ကျောင်းသား (၅)ယောက်ကို ဖက်နမ်း ခိုင်းပြီး ထိုဖက်နမ်းသည့်ကိစ္စ မိဘများကို ပြန်ပြောသည်ဆိုပြီး
ပြင်းထန်စွာရိုက်နှက်ခဲ့သည့် ဖြစ်ရပ်အပေါ် အတန်းပိုင်ကျောင်းဆရာအား ကသာမြို့နယ်တရားရုံးတွင် ၁၉၊၁၁၊၂၀၁၃ရက်နေ့က ဥိးတိုက်လျှောက် တိုင်ကြားခဲ့ပြီဖြစ်ကြောင်း တိုင်ကြားခဲ့သူ
ကျောင်းသူမိဘများမှ HJL မီဒီယာရုံးခန်းသို့ လာရောက် အသိပေး ပြောဆိုသွားခဲ့ပါသည်၊
ဖြစ်စဉ်အသေးစိတ်မှာ ကသာမြို့နယ်၊မြင်းကျောင်းကုန်းအနီးရှိ အထက်ချောင်းဝကျေးရွာ အ.မ.က(၂၈)ရှိ တတိယတန်းအတန်းပိုင်ဆရာဦး-------မှ ၃၀၊၁၀၊၁၃ရက်နေ့တွင် ကျောင်းသူကျောင်းသားများအား
သင်္ချာမေးခွန်း မေးမြန်းခဲ့ပါသည်၊ထိုသို့မေးမြန်းခြင်းကို မဖြေဆိုနိုင်သည့် ကျောင်းသူ(၅)ဦးအား အတန်းရှေ့ ထွက်စေခဲ့ပြီး ကျောင်းသား(၅)ယောက်ကို ဖက်နမ်းစေရန် ခိုင်းစေခဲ့ကြောင်းနှင့် ထိုသို့ ဖက်နမ်းခံရခြင်းမှာ
ယခုရက် တစ်ခါထဲ မဟုတ်ဘဲ မကြာခဏအနမ်းခံခဲ့ရပါကြောင်း အနမ်းခံရသူ တတိယတန်းကျောင်းသူ မအိ-------မှ မီဒီယာကို ပြောဆိုခဲ့ပါသည်၊ ထိုသို့ ကျောင်းခန်းအတွင်း မကြာခဏအနမ်းခံနေရသည့် ကိစ္စ ကို ကျောင်းသူများမှ မပြောဆိုရဲခဲ့ကြသော်လည်း ကျောင်းသူ မခင်-----မှ အိမ်ရောက်စဉ် အဖိုးဖြစ်သူ ဦးကျော်ဌေးကို ပြောပြလိုက်မိရာမ ထိုသတင်းရွာထဲ ပြန့်သွားပြီး နောက်ရက် မနက်ကျောင်း တက်တက် ချင်းအနမ်းခိုင်းခဲ့သူ အတန်းပိုင်ဆရာမှ အနမ်းခံခဲ့ရသူ ကျောင်းသူ(၅)ယောက်နှင့် တိုင်ကြားခဲ့သူ မခင်----ကို ကျောင်းရှေ့ထုတ်၍ ပြင်းထန်စွာရိုက်နှက်ခဲ့ပါသည်၊
ထိုရိုက်နှက်ခံရမှုကြောင့် မခင်----၏ ကြောကုန်း၊တင်ပါးနှင့် ဦးခေါင်းတို့တွင် အရှိုးရာများထင်ခဲ့ရပါသည်၊ ထိုဖြစ်စဉ်ကို အနမ်းခံခဲ့ရသည့် မအိ---၏မိဘများနှင့် အရိုက်ခံခဲ့ရသူ မခင်---၏ မိဘများမှ ကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးသို့ သွားရောက်တိုင်ကြားခဲ့ရာ အတန်းပိုင်ဆရာမှ မှားမိခဲ့ကြောင်း ၀န်ခံထွက်ဆိုခဲ့သည် ဟု ဆိုပါသည်၊ထိုတောင်းပန် ၀န်ခံချက်ကို ကျောင်းသားမိဘများမှ ကျေနပ်ခြင်းမရှိသောကြောင့် ကသာ မြို့နယ် ပညာရေးမှူးထံ အဖိုးဖြစ်သူ ဦးကျော်ဌေးကိုယ်တိုင် အဖေါ်တစ်ဦးနှင့်အတူ သွားရောက်တိုင် ကြားခဲ့ ပါသည်၊ ထိုသို့တိုင်ကြားနေစဉ် အ.မ.က(၂၈) ကျောင်းအုပ် ဒေါ်ဥမ္မာစိုး ရောက်လာသဖြင့် မြို့နယ် ပညာရေးမှူး မှ ရွာသို့ ပြန်၍ ညှိနှိုင်းကြရန် ဖြေရှင်းပေးခဲ့ရာ
ဦးကျော်ဌေးမှ မညှိနှိုင်းလိုကြောင်း ဌာနဆိုင်ရာအရေးယူမှုသာ ပြုလုပ်ပေးရန်တောင်းဆို တိုင်ကြားခဲ့သည် ဟု အဖိုးဖြစ်သူမှ ပြောပြပါသည်၊
ထိုသို့တိုင်ကြားခဲ့ခြင်းကို အရေးယူမှု မရှိသည့်အတွက် ယခုလို ကျောင်းသားမိဘ(၂)ဦးမှ ကသာမြို့နယ် တရားရုံးထံ ဦးတိုက်လျှောက်လွှာ (၂)ခုဖြင့် တိုင်ကြားခဲ့ရခြင်းဖြစ်သည်ဟု ဆိုပါသည်၊အခြားအနမ်းခံရသူ ကျောင်းသူ(၄)ယောက်အား
အတန်းပိုင်ဆရာမှ အနမ်းခံရသည့် ကိစ္စကို လူကြီးတွေ မေးရင် မဟုတ်ကြောင်း ငြင်းဆိုရန်နှင့် အရိုက် ခံရသည့် ကိစ္စသာ ပြောကြားရန်သင်ကြားနေပြီး ခိုင်းသည့်အတိုင်း မလုပ်ပါက စာမေးပွဲချပစ်မည်ဟု ခြိမ်း ချောက် နေကြောင်းလည်း ပြောပြပါသည်၊ ထိုဖြစ်စဉ်နှင့်ပါတ်သက်၍ ကသာမြို့နယ် တရားရုံးသို့ ဆက် သွယ်မေးမြန်းခဲ့ရာ ထိုဦးတိုက်မှုကို ယနေ့ပင် လက်ခံရရှိခဲ့ပြီး ကသာရဲစခန်းသို့ ကျင့်(၂၀၂)အရ စစ်ဆေး ရန် ညွှန်ကြားသွားမည်ဖြစ်ကြောင်းအတည်ပြု ဖြေကြားသွားခဲ့ပါသည်။
(ဟာဂျူလီ-ကသာ)
မြန်မာအလှမယ် ထားထက်ထက် Miss Popular Vote ဆု ဆွတ်ခူး
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပနေတဲ့ Miss Grand International 2013 ပြိုင်ပွဲမှာ Miss Popular Vote ဆုကို မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ် ထားထက်ထက်က မနေ့ညက ဆွတ်ခူးရရှိသွားပါတယ်။
Miss Grand International 2013 ရဲ့နောက်ဆုံး အဆင့် ပြိုင်ပွဲကို နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။
ထားထက်ထက်ဟာ Miss Popular Vote Award အတွက် အွန်လိုင်းက မဲပေးမှု အမှတ်ပေါင်း ၈ ထောင်ကျော်နဲ့ အခုလို ဆွတ်ခူးရရှိသွားတာပါ။
ဒီအပြင် ထားထက်ထက်ဟာ Miss Grand International 2013 ပြိုင်ပွဲရဲ့ Final မှာ Top 20 စာရင်းဝင် ဖြစ်နေပါပြီ။
အခုလို Miss Popular Vote ဆု ရရှိတာနဲ့ ပတ်သက်ပြီး ထားထက်ထက်က သူ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ အခုလို ရေးထားပါတယ်။
“ထားထက်ထက် အရမ်းတန်ဖိုးထားရတဲ့ မိဘပြည်သူပရိသတ်ကြီးကပေးတဲ့ Miss Popular Vote ဆုကို မိဘပြည်သူ ပရိသတ်ကြီးကြောင့် ရရှိခဲ့ပါပြီရှင်....ထားထက်ထက် Top 20 ထဲဝင်ခဲ့ပြီး Top 10 ထဲကို မဝင်ခဲ့တဲ့အတွက် အရမ်း စိတ်မကောင်းဖြစ်ရပါတယ်ရှင်.....ကိုယ်တိုင်လာရောက် အားပေးကြတဲ့ သူတွေ
ရော online မှအားပေးကြသူများရော channel 7 မှအားပေးနေကြသူများ အားလုံးကို ထားထက်ထက် အရမ်း အရမ်း အရမ်းကြီးကိုကျေးဇူးတင်ပါတယ်ရှင်...Top 10 ထဲ မဝင် ခဲ့ပေမယ့် ပြိုင်ပွဲတိုင်းမှာ ထားထက်ထက် အကောင်းဆုံး ကြိုးစား ယှဉ်ပြိုင်ခဲ့တာကို ကြည့်ရှုခဲ့ရတဲ့ မိဘပြည်သူကြီးများ အားလုံး အားရကျေနပ်မယ်လို့ထင်ပါတယ်ရှင်” လို့ ဆိုပါတယ်။
Miss Grand International 2013 သရဖူကိုတော့ Puerto rico နိုင်ငံက Miss Janelee Marcus Chaparro က ဆွပ်ခူးရရှိသွားတာပါ။
1st Runner up ကို Dominican Republic၊ 2nd Runner up ကို Slovak Republic၊ 3rd Runner up ကို Philippines နဲ့ 4th Runner up ကို Australia နိုင်ငံက အလှမယ်တွေက ရရှိသွားခဲ့ပါတယ်။
Best National Costume ကို တရုတ်နိုင်ငံက အလှမယ်က ရရှိပြီး Best Swimsuit ဆုကို "Latvia" နိုင်ငံက အလှမယ် ရရှိကာ Best Evening grown ဆုကို " Dominican Republic "က အလှမယ်က ရရှိသွားကြပါတယ်။
ဧရာဝတီ
Subscribe to:
Posts (Atom)




