Wednesday, October 2, 2013

မွေးနေ့ ကိတ် နဲ့ ဖယောင်းတိုင် သမိုင်းအယူအဆ

မွေးနေ့ ကိတ်မှာ ဖယောင်းတိုင်ထွန်းတဲ့ ဓလေ့ကို စတင်ခဲ့တဲ့သူများကတော့ ဂရိတို့ ဖြစ်ပါတယ်လို့ ဆိုပါတယ်။ ကိတ်ပတ်ပတ်လည်မှာ ဖယောင်းတိုင်များ ထွန်းထားပြီး လနတ်သား ဖြစ်တဲ့ အာသီမိ Artemis ကို ပူဇော်တာလို့ လည်း သိရပါတယ်။

ဂရိတို့ ဟာ ကိတ်မှာ ဖယောင်းတိုင်များ စိုက်ခြင်းဖြင့် လရဲ့ အရောင်အ၀ါ ကို ရည်ညွန်းပြီး ဖယောင်းတိုင် မှုတ်ခြင်းဖြင့် လွင့်ပျံသွားသော အငွေ့ များဟာ ကောင်းကင်မှ နတ်ဘုရား ဆီသို့ မိမိတို့ ဆုတောင်းသံများ သယ်ဆောင် ပေးသွားတယ်လို့ အယုံအကြည်ရှိကြပါတယ်။

တစ်ချို့ သော သူများကတော့ ဒီလို ကိတ် ဖယောင်းတိုင်မီးထွန်းတာဟာ ဂရိတို့ ဓလေ့ဟု မှတ် မယူခဲ့ ကြပါဘူး။ တစ်ချို့ ကတော့ ဒီနည်းဟာ ဂျာမနီက စတယ်လို့ လည်း ပြောဆိုကြပါတယ်။
ကိတ်ပတ်လည် မှာ ထွန်းထားတဲ့ ဖယောင်းတိုင်များဟာ မိမိတို့  ပြည့်တဲ့ အသက်လို့ လည်း ရည်ညွန်းကြသည် မဟုတ်ပါလား။

ဒီနေ့ အထိတိုင် များစွာသော နေရာများမှာလည်း ဒီ ဖယောင်းတိုင်နဲ့ ကိတ် ယဉ်ကျေးမှုဟာ အယူသည်းမှု တစ်ခုအနေနဲ့ မဟုတ်ဘဲ မိမိ တို့ မွေးနေ့ နဲ့ ပြည့်တဲ့ အသက်ကို ဂုဏ်ပြုမှု ကို ကိုယ်စားပြုတဲ့ အယူအနေနဲ့ ပြုလုပ်ကြတာကို မြင်ရမှာ ဖြစ်ပါတယ်။ ဒီအယူကတော့ တိတ်တိတ်ကလေး ဆုတောင်းပြီး ကိတ်မုန့် က ဖယောင်းတိုင်ကို မှုတ်ခြင်းအားဖြင့် မိမိတို့ ဆုတောင်းတွေ ပြည့်တယ် ဆိုတာမျိုး ဖြစ်ပါတယ် ။ ပိုပြီးသည်းတဲ့ အယူအဆ တစ်ခုကတော့ ဖယောင်းတိုင်များကို အသက်တစ်ချက် ရှုပြီး အကုန်မှုတ်ရမှာ ဖြစ်ပြီး အကုန်မမှုတ်နိုင်ရင် ဆုတောင်း မပြည့်နိုင်ဘူးလို့ လည်း ယူဆကြပါသေးတယ်။

Lynntazaung

No comments:

Post a Comment