Wednesday, February 5, 2014

ဖမ်းဆီးခံမလေးရှာရောက် မြန်မာများ ပြည်တော်ပြန်ဖို့ အခက်တွေ့


ဓါတ်ပုံအညွှန်း- ဇန်နဝါရီ ၃၀ ရက်နေ့ က စီမံချက်ဖြင့် တရားမဝင် အလုပ်သမားများ ဖမ်းဆီးနေစဉ်

 မလေးရှားတွင် ဖမ်းခံရသော တရားမဝင် မြန်မာ အလုပ်သမားများကို သံရုံးမှ အသိအမှတ်ပြုရန် ငြင်းဆန်၍ အခက်တွေ့နေကြသည်။

- မလေးရှားနိုင်ငံတွင် မကြာသေးမီက ပြုလုပ်ခဲ့သည့် Ops 6P Bersepadu စီမံချက်အတွင်း ဖမ်းဆီးရမိသည့် တရားမ၀င် နေထိုင်သော မြန်မာနိုင်ငံသား များအား သက်ဆိုင်ရာနိုင်ငံ ပြန်ပို့ရန် မြန်မာသံရုံးမှ ငြင်းဆိုသောကြောင့် ၎င်းတို့အား ပြည်နှင်ဒဏ်ပေးရေးမှာ ခက်ခဲနေသည်ဟု သိရသည်။

ကွာလာလမ်ပူမြို့ရှိ မြန်မာသံရုံးမှ ထိုတရားမ၀င် ၀င်ရောက်နေထိုင်သော မြန်မာနိုင်ငံသားများ အတွက် ခရီးသွားလာခွင့် စာရွက်စာတမ်းများအား ထုတ်ပေးရန် ငြင်းဆန်ခဲ့သည်ဟု မလေးရှား လူဝင်မှုကြီးကြပ်ရေး အထွေထွေ ဒါရိုက်တာ ဒါတွတ် အီလီယက်စ် အဟ်မဒ်က ပြောကြားခဲ့သည်။

“သူတို့မှာ ခရီးသွားလာခွင့် စာရွက်စာတမ်း မရှိဘဲနဲ့ ကျွန်တော်တို့ သူတို့ကို ဘယ်လို ပြည်နှင်ဒဏ်ပေးရမှာလဲ။ သူတို့ရဲ့ နိုင်ငံကိုက သူတို့ကို နိုင်ငံသား အဖြစ် အသိအမှတ်ပြုဖို့ ငြင်းဆိုနေတယ်။ အဲဒီသူတွေဟာ မြန်မာစကားကိုပြောတယ်။ ဒါပေမယ့် အစိုးရက စာရွက်စာတမ်း ထုတ်ပေးဖို့ငြင်းဆိုတယ်။ အဲဒီစာရွက်တွေ မရှိဘဲနဲ့ ကျွန်တော်တို့ တိုင်းပြည်(မလေးရှား)ကနေ ပြန်ပို့လို့ မရပါဘူး” ဟု ၎င်း၏ တာဝန် အရပ်ရပ်ကို လက်ထောက် ဒါရိုက်တာ အဲလိုယာ မာမတ်အား လွှဲပြောင်းသည့် အခမ်းအနားတွင် အဟ်မဒ်က သတင်းထောက်များအား ပြောကြားခဲ့သည်။

စီမံချက်အတွင်းဖမ်းမိခဲ့ပြီး ထိန်းသိမ်းရေး စင်တာတွင် ရှိနေသည့် တရားမ၀င်နေထိုင်သော မြန်မာနိုင်ငံသားအရေအတွက်မှာ ၅၀၀ ခန့်ရှိနေကြောင်း၊ ထိုပြဿနာအား ဖြေရှင်းရန် အတွက် နိုင်ငံခြားရေး ၀န်ကြီးဌာနနှင့် ဆက်သွယ်ဆွေးနွေးနေကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ဦးရေမှာ ၅ သိန်းခန့်ရှိပြီး ထိုအထဲမှ ၁ သိန်းခန့်မှာ တရားမ၀င်နေထိုင်နေသူများဖြစ်သည်။ ထို့ပြင် နိုင်ငံရေး ခိုလှုံခွင့်နှင့် ဒုက္ခသည်အဖြစ် ရောက်ရှိလာသော မြန်မာနိုင်ငံသား များစွာလည်း ရှိနေသည်။

Ref:The Star

Sunday, February 2, 2014

ယူနတီဂျာနယ် သတင်း၌ဖော်ပြခဲ့သည့် စက်ရုံသည် အခြားကာကွယ်ရေး ပစ္စည်းစက်ရုံသာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြောကြား


ယူနတီသတင်းဂျာနယ် အတွဲ ၃၊ အမှတ် ၄ မျက်နှာဖုံးတွင် သတင်းဖော်ပြခဲ့သော စက်ရုံသည် အခြားကာကွယ်ရေးပစ္စည်း စက်ရုံသာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ဖေဖော်ဝါရီ ၂ ရက်တွင် Weekly Eleven သတင်း ဂျာနယ်သို့ ပြောကြားသည်။

“Unity ကရေးတဲ့စက်ရုံဟာ လျှို့ဝှက်ဓာတုလက်နက်စက်ရုံ မဟုတ်ပါဘူး။ အခြားကာကွယ်ရေး ပစ္စည်း စက်ရုံသာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံဟာ ဓာတုလက်နက်နဲ့ ပတ်သက်တဲ့ ကွန်ဗင်းရှင်းကို လက်မှတ် ထိုးထားပါတယ်” ဟု ဦးရဲထွဋ်က ပြောကြားသည်။

အခြားကာကွယ်ရေးလက်နက် ပစ္စည်းစက်ရုံဟု ဆိုသော်လည်း အမေရိကန်နိုင်ငံမှာပင် ကာကွယ်ရေး  ဆိုင်ရာ လက်နက်ပစ္စည်းများ ထုတ်လုပ်သည့် စက်ရုံများနှင့် ပတ်သက်သော သတင်းအချက် များကို အမျိုးသားလုံခြုံရေးအတွက် ကာကွယ်ထားရကြောင်း ဦးရဲထွဋ်က ဆက်လက်ပြောကြားသည်။

“အမေရိကန်လို နိုင်ငံမှာတောင် ကာကွယ်ရေးဆိုင်ရာ လက်နက်ပစ္စည်းများထုတ်လုပ်တဲ့ စက်ရုံများနဲ့ပတ် သက်တဲ့ သတင်းအချက်အလက်များကို အမျိုးသား လုံခြုံရေးအတွက် ကာကွယ်ထားပါတယ်” ဟု ဦးရဲထွဋ်က ပြောကြားသည်။

မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေ ၃/၁(က)/၉ နှင့်ပတ်သက်၍ ၃/၁ (က) ဆိုသည်မှာ “မည်သူမဆို နိုင်ငံလုံခြုံရေး၊ သို့မဟုတ် အကျိုးကိုထိခိုက်စေလိုသော ရည်ရွယ်ချက်ဖြင့် ပိတ်ပင်တားမြစ်သည့် နေရာတစ်ခုကို ချဉ်းကပ်ခြင်း၊ ကြည့်ရှုစစ်ဆေးခြင်း၊ ကျော်ဖြတ်ခြင်းပြုလုပ်လျှင် သို့မဟုတ် ထိုနေရာအနီးတွင် ရှိနေလျှင် သို့မဟုတ် ထိုနေရာသို့ ၀င်ရောက်လျှင်...
ထို့ပြင် ယူနတီဂျာနယ်၌ ဖော်ပြခဲ့သော သတင်းနှင့်ပတ်သက်ပြီး သက်ဆိုင်သော သတင်းထောက်များကို အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် အမှုဖွင့်ထားကြောင်း သိရသည်ဟု ဦးရဲထွဋ်က ပြောကြားသည်။

ဇန်န၀ါရီ ၂၃ ရက် နေ့စွဲဖြင့် ထုတ်ဝေခဲ့သော ယူနတီဂျာနယ် အတွဲ ၃၊ အမှတ် ၄ နှင့် ဇန်န၀ါရီ ၃၀ ရက်ထုတ် ယူနတီဂျာနယ် အတွဲ ၃၊ အမှတ် ၅ တို့တွင် ပေါက်မြို့နယ်မှ လျှို့ဝှက်လက်နက်စက်ရုံ သတင်းများကို ဖော်ပြခဲ့ခြင်းဖြစ်သည်။ ထိုသတင်းများကို ဖော်ပြရာ၌ စက်ရုံသို့ သွားရောက်ခဲ့သော သတင်းထောက်များ၏ တင်ပြချက်များနှင့် ဒေသခံရွာသားများ၊ အလုပ်သမားများ၏ ပြောကြားချက်များကို ကိုးကားပြီး စက်ရုံအတွက် လယ်မြေသိမ်းခံရသော အေအဒသခံများ၏ ဖြစ်စဉ်များကို ပေါင်းစပ်ရေးသားခဲ့ခြင်းဖြစ်သည်။

ထိုသတင်းနှင့် ပတ်သက်ပြီး ယူနတီဂျာနယ်၏ ပေါက်မြို့နယ်သတင်းထောက် ကိုလူမော်နိုင်ကို ဇန်န၀ါရီ ၃၁ ရက်ညပိုင်း၌ သက်ဆိုင်ရာက ခေါ်ယူမေးမြန်းခဲ့ပြီး ဖေဖော်ဝါရီ ၁ ရက် နံနက်တွင် ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက်များအက် ဥပဒေ ၃/၁(က)/၉ ဖြင့် အမှုဖွင့်ကာ ပခုက္ကူသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၁ ရက်မှာပင် ရန်ကုန်မြို့ရှိ ယူနတီဂျာနယ်၏ အမှုဆောင်အရာရှိချုပ် ဦးတင်ဆန်း ကို စုံစမ်းမေးမြန်းရန် သက်ဆိုင်ရာက ခေါ်ဆောင်သွားခဲ့ပြီး ထိုနေ့ညနေပိုင်းမှာပင် ယူနတီဂျာနယ် ရန်ကုန်အခြေစိုက် သတင်းထောက်များဖြစ်သော ကိုရာဇာဦး၊ ကိုပိုင်သက်ကျော်နှင့် ကိုစည်သူစိုးတို့ ကိုလည်း စုံစမ်းမေးမြန်းရန် ထပ်မံခေါ်ဆောင်သွားကြောင်း သိရသည်။

ယူနတီဂျာနယ်၏ ပေါက်မြို့နယ်သတင်းထောက် ကိုလူမော်နိုင်အား အမှုဖွင့်ခဲ့သည့် မြန်မာနိုင်ငံ အစိုးရလျှို့ ၀ှက်ချက်များ အက်ဥပဒေ ၃/၁(က)/၉ နှင့်ပတ်သက်၍ ၃/၁ (က) ဆိုသည်မှာ “မည်သူမဆို နိုင်ငံလုံခြုံရေး၊ သို့မဟုတ် အကျိုးကိုထိခိုက်စေလိုသော ရည်ရွယ်ချက်ဖြင့် ပိတ်ပင်တားမြစ်သည့် နေရာတစ်ခုကို ချဉ်း ကပ်ခြင်း၊ ကြည့်ရှုစစ်ဆေးခြင်း၊ ကျော်ဖြတ်ခြင်းပြုလုပ်လျှင် သို့မဟုတ် ထိုနေရာအနီးတွင် ရှိနေလျှင် သို့မဟုတ် ထိုနေရာသို့ ၀င်ရောက်လျှင်...”၊ ၉ ဆိုသည်မှာ “မည်သူမဆို ဤအက်ပဒေအရ ပြစ်မှုတစ်ခုခုကို ကျူးလွန်ရန် အားထုတ်လျှင် သို့မဟုတ် ကျူးလွန်စေရန် အားပေးကူညီလျှင် အဆိုပါပြစ်မှုကို မိမိကိုယ်တိုင် ကျူးလွန်ပြီးသကဲ့သို့ အလားတူ အရေးယူခြင်း ခံရမည့်အပြင် အလားတူ ပြစ်ဒဏ်ချမှတ်ခြင်းလည်း ခံရမည်” အစရှိသော ဖွင့်ဆိုချက်များဖြစ်ကြောင်း သိရသည်။

Eleven Media Group

Tuesday, January 21, 2014

ရန်ကုန်သားများ ကြွက်သား ဝယ်စားမိနေပြီလား


ရန်ကုန်မှာ ထမင်းဆိုင်ထိုင်တဲ့အခါ ကြက်အသည်းအမြစ် မှာစားသူ အများအပြားရှိတာ တွေ့ရမှာပါ။

အသည်းအမြစ်က ကြက်သားဟင်းထက်တောင် ဈေးပိုနေပါလိမ့်မယ်။

အဲသလို ရန်ကုန်ဈေးကွက်မှာလူကြိုက်များတဲ့ အသည်းအမြစ်ကို အင်ထုပြီးရောင်းနေတာတွေရှိတယ်လို့ အသည်းအထူးကု ပါမောက္ခဦးခင်မောင်ဝင်းက ပြောဆိုကြောင်း ဒီတပတ်ထုတ် လျှပ်တစ်ပြက်ဂျာနယ် စာမျက်နှာ ၅ မှာ ရေးထားပါတယ်။

"ကြွက်အကြီးကြီးတွေ အပုံလိုက်ကြီး၊  ရာနဲ့ချီပြီးပုံတယ်၊  ဘယ်လိုဖမ်းထားလဲတော့ မသိဘူး။ အဲဒီထဲက အသည်းတွေကိုထုတ်၊  အသည်းတွေကလည်း အကြီးကြီးတွေ၊  ကြက်အသည်းတွေလောက် ရှိတယ်။ အဲဒါတွေကို မြို့ထဲက စားသောက်ဆိုင်တွေမှာ သွင်းတာ တဲ့။ ဖြစ်ရပ်မှန်ပဲ။ လေးထောင့်ကန်မှာ မနက် (၅)နာရီလောက် သွားရင် ဒိုင်တွေ ရှိတယ်။ ကြွက်အကြီးကြီးတွေ၊  အသည်းတွေလည်း အစုံရှိတယ်။ အဲတော့ ကိုယ်စားတာ ကြက်အသည်းလား ကြွက်အသည်းလား ခွဲခြားကြပါ" လို့ ဦးခင်မောင်ဝင်းက ပြောဆိုကြောင်း ဂျာနယ်မှာ ရေးပါတယ်။

ကြွက်များရဲ့ အသားကို ဘာလုပ်ပစ်တယ်ဆိုတာကိုတော့ ပြောဆိုထားတာ မတွေ့ရပါဘူး။

အဲဒီဖြစ်ရပ်က တကယ်ပဲလား။
အင်း... လေးထောင့်ကန်ရပ်မှာ မနက်စောစော သွားကြည့်ရင် သိမယ် ထင်ပါရဲ့။
အဲ.... လေးထောင့်ကန် ဆိုတာ ရန်ကုန်မှာ ၂ ခု ရှိတယ် တဲ့။
သင်္ဃန်းကျွန်းမှာလည်းရှိ၊  ရွာသာကြီးဘက်မှာလည်း ရှိတယ် ဆိုပဲ။
ရွာသာကြီးဘက်မှာ လယ်ကွင်းတွေလည်း ရှိတယ် တဲ့။

ပါမောက္ခဦးခင်မောင်ဝင်းပြောတယ်ဆိုတဲ့ ကြွက်တွေက လယ်ကွင်းထဲက ကြွက်တွေလား၊  လမ်းကြိုလမ်းကြား အိမ်ကြိုအိမ်ကြားက ကြွက်တွေလား???

ဒါလည်း ကိုယ်တိုင်ကိုယ်ကျ သွားကြည့်မှ အဖြေသိရမှာပါ။

လယ်ကွင်းထဲကကြွက်တွေ ဆိုရင်တော့ ... အင်း .... ဟင်းအဖြစ် ကင်စား ကြော်စားနေကြတာပဲမဟုတ်လား။ အဲဒီကြွက်များရဲ့ အသည်းအမြစ်ကလည်း ဟင်းဖြစ်ဝါးဖြစ် ဖြစ်နိုင်ပါလိမ့်မယ်။

ရန်ကုန်လမ်းကြိုလမ်းကြား အိမ်ကြိုအိမ်ကြားက ကြွက်တွေဆိုရင်တော့ ... သေချာတာက အမှိုက်တွေကြားထဲနေတဲ့ကြွက်များပါပဲ။
သူတို့ရဲ့အသည်းအမြစ်၊  အသား ဆိုတာက စားဖို့ သင့်တော်မယ် မထင်ပါ။

ကြွက်နဲ့ကြက် လိမ်ရောင်းတာမျိုးက ကျင့်ဝတ်၊  ဥပဒေ ချိုးဖောက်ခြင်းပါ။
မြို့ကြွက် ဆိုရင် ကျန်းမာရေးအရ မသင့်တော်တဲ့အတွက် အရေးတကြီး ရှင်းရမယ့် ပြဿနာပါ။

ဒီတော့ ... ရန်ကုန်စားသောက်ဆိုင်ဈေးကွက်ထဲရောက်နေတယ်ဆိုတဲ့ အသည်းအမြစ်ကုန်ကြမ်းက မည်သို့သောကြွက်အမျိုးအစားဆီကလာသလဲ ဆိုတာကို စာဖတ်သူများ သိသင့်ပါတယ်။

ကဲ... သတင်းသမားအပေါင်းတို့၊  အထူးသဖြင့် လေးထောင့်ကန်များအနီး နေထိုင်ကြကုန်သော သတင်းထောက်အပေါင်း၊  CJ အပေါင်းတို့...
ရန်ကုန်မြို့စားသုံးသူများအရေးအတွက် စုံစမ်းထောက်လှမ်းဖော်ထုတ်ဖို့တာဝန်ဟာ သင်တို့၏ပုခုံးထက်သို့ ကျရောက်နေပြီဖြစ်ပါကြောင်း။

    ဧရာဝတီ

Sunday, January 19, 2014

လင်းဇာနည်ဇော်အသက်အန္တရာယ်မရှိ၊ရန်ကုန်SSCတွင်ဆက်လက်ဆေးကုသခံမည်.



ပဲခူးမြို့ အနီးရန်ကုန်-မန္တလေးလမ်းဟောင်း တွင် သရုပ်ဆောင်လင်းဇာနည်ဇော်လိုက်ပါစီးနင်းလာသောယာဉ်နှင့် အခြားယာဉ်တစ်စီးတို့ တိုက် မိပြီးယာဉ် မတော်တဆ မှူကြောင့်အမျိုးသမီးတစ်ဦးအသက်ဆုံးပါးသွားကြောင်းသတင်းရရှိသည့်ယမန်
နေ့ ညနေပိုင်းကသရုပ်ဆောင်လင်းဇာနည်ဇော်၏အစ်ကိုဖြစ်သူဒါရိုက်တာမိုက်တီးထံဆက်သွယ်မေးမြန်းရာသူတို့ လည်းအခင်းဖြစ်ပွားရာသို့ ရန်ကုန်မှသတင်းရရခြင်း
လိုက်ပါသွားနေကြောင်းပြောပြီးနောက် “ကျွန်တော်အခုရောက်တော့မယ် သူ့ ကောင်မလေးတော့ ဆုံးသွားရှာတယ်”ဟုသေဆုံးသူအမျိုးသမီးငယ်မှာသရုပ်ဆောင်လင်းဇာနည်ဇော်နှင့်အတူပါသွားခဲ့သူဖြစ်ကြောင်းဒါရိုက်တာမိုက်တီး၏ပြောကြားချက်အရ
သိရသည်။ယာဉ်မတော်တဆမှုဖြစ်ပွား ရာတွင်တစ်ဦးသေဆုံး၍သရုပ်ဆောင်လင်းဇာနည်ဇော် အပါအ၀င်လူ(၄)ဦးဒဏ်ရာရရှိခဲ့ပြီးပဲခူးဆေးရုံတွင်ဆေးကုသမှုခံယူစေကြောင်း“သေဆုံးသူအတွက်အားလုံးစိတ်မကောင်းဖြစ်နေကြရပါတယ်၊
လင်းလင်းကတော့ အသက် အန္တရာယ် မရှိတော့ပါဘူး မနက်မှရန်ကုန်ဆေးရုံရွှေ့ပါမယ်”ဟု စိတ်မပူရစေရန်ဒါရိုက်တာမိုက်တီး က ညပိုင်းမှာ ပြောဆိုပါသည်။

ယနေ့ မှာဒဏ်ရာရရှိထားသူ သရုပ်ဆောင်လင်းဇာနည်ဇော်ကို ရန်ကုန်မြို့ သို့ ပြန်လည်ခေါ်ဆောင်ပြီဖြစ်ပြီး မကြာမီ SSCဆေးရုံ သို့ တင်ပို့ ဆေးကုသမှု ခံယူမှာဖြစ်ကြောင်းယနေ့ မနက်၁၀နာရီခွဲမှာထပ်မံသိရသည်။
(ညပိုင်းကသတင်းမတင်ခြင်းမှာလင်းဇာနည်ဇော်၏မိဘနှစ်ပါးစိုးရိမ်မည်ကို၍သတိပြုခဲ့ကြခြင်းဖြစ်ပါသည်။ယခုတော့ပရိသတ်အချစ်တော်လင်းဇာနည်ဇော်အသက်အန္တရာယ်မရှိ
တော့၍မိသားစုနှင့်အတူပရိသတ်များစိတ်အေးစေရန်တင်ပြရပါသည်။

ကွယ်လွန်သူအမျိုးသမီးငယ်အတွက်လည်းမိသားစုများနှင့်ထပ်တူစိတ်မကောင်းဖြစ်ရပါ၏-
အနုပညာအယ်ဒီတာ)

Popular Myanmar News Journal

Sunday, January 12, 2014

ချစ်တင်းနှောခြင်းက ကျန်းမာရေးကို ဘယ်လိုအထောက်အကူပြုနိုင်သလဲ


ကာမပိုင် ဇနီးမောင်နှံများအတွက် အိမ်ထောင်ရေးသာယာဖို့အတွက် အချစ်ကိစ္စတွေဟာလည်း အရေးပါတဲ့ကဏ္ဍတစ်ခု ဖြစ်ပါတယ်။ ချစ်တင်းနှောခြင်းဟာ ချစ်ကျေနပ်မှု အပြင်စိတ်ဖိစီးမှုလျော့ပါးခြင်း၊ အိပ်ပျော် ခြင်းနဲ့ ကယ်လိုရီလောင်ကျွမ်းခြင်းစတဲ့ ကျန်းမာရေး အကျိုးပြုမှုတွေလဲရှိနေပါတယ်။ ဒီဆောင်းပါးမှာတော့ ကျန်းမာရေးရှုထောင့်အရ ချစ်တင်းနှောခြင်းက ဘယ်လိုအာနိသင်တွေရှိသလဲဆိုတာ တင်ပြသွားပါမယ်။

နှလုံးကျန်းမာရေးကို မြှင့်တင်ပေးနိုင်ပါတယ်-တစ်ပတ်ကို နှစ်ကြိမ် အထက်ချစ်တင်းနှောခြင်းဟာ အမျိုးသားတွေရဲ့ နှလုံးတိုက်ခိုက်မှုဒဏ်ကို လျော့ပါးစေနိုင်ပါတယ်။
နာကျင်မှုကိုသက်သာစေပါတယ်- ချစ်တင်းနှောချိန်မှာ ငါးဆမြင့်တက်လာတဲ့ oxytocin  ဟော်မုန်းဟာ ကြွက်သားနာကျင်မှု၊ ခေါင်းကိုက်ခြင်းတွေကို လျော့ပါးသက် သာစေတယ်လို့ သိရပါတယ်။

ခုခံအားကို တက်စေပါတယ်- လင်မယားတွေကြားမှာ ပုံမှန်ချစ်တင်းနှောခြင်းဟာ ခုခံအားကိုမြှင်တင်ပေးနိုင်တဲ့ ပဋိဆန့်ကျင် IgA ကိုမြင့်တက်စေ နိုင်ပါတယ်။
အိပ်ပျော်စေနိုင်ပါတယ်- စိတ်ဖိစီးမှုကို လျော့ပါးစေတဲ့ ဟော်မုန်းတွေ ထွက်ရှိပြီးကြွက်သားတွေကိုပြေလျော့စေတဲ့အတွက် ချစ်တင်းနှောအပြီးမှာ ကောင်းမွန်စွာ အိပ်ပျော်စေနိုင်ပါတယ်။

ကျန်းမာစေနိုင်ပါတယ်- ချစ်တင်းနှောနေချိန်မှာ ထွက်တဲ့ ဟော်မုန်း dehydorepiandrosterone ဟာ ခုခံအားစနစ်ကို မြှင့်တင်ပေးပြီး ကိုယ်ခန္ဓာတစ်ရှုးတွေကို ပျက်စီးယိုယွင်းခြင်းကို ထိန်းသိမ်းပေးပါတယ်။ နှလုံးခုန်မြန်စေပြီး အခြားအင်္ဂါအစိတ်အပိုင်းတွေ၊ ဆဲလ်တွေကို သွေးပို့လွှတ်နိုင်မှု မြင့်တက်စေပါတယ်။

နုပျိုစေပါတယ် – တစ်ပတ်မှာ သုံးကြိမ်ခန့် ချစ်တင်းနှောခြင်းဟာ နုပျိုစေတယ်ဆိုတာ ယုံပါသလား။ ချစ်တင်းနှော ချိန်မှာထွက်တဲ့ ရောင်ရမ်းမှုကိုဆန့်ကျင်တဲ့ မော်လီကျူးတွေဖြစ်တဲ့ oxytocin နဲ့ endorphins  ဟာ အရေပြားယိုယွင်းမှုကို ပြုပြင်နိုင်ခြင်း၊ အရေးအကြောင်းတွေကို လျော့ပါးစေခြင်းစတဲ့အာနိသင်တွေ ရှိနေပါတယ်။ ဒါ့အပြင် သွေးလှည့်ပတ်မှု ပိုမိုကောင်းမွန်ခြင်းကလည်း အရေပြားကျန်းမာရေးကို ထိန်းသိမ်းပေးနိုင်ပါတယ်။

သန့်စင်
Health Updates Journal