Monday, November 18, 2013

ဈေးကြီးသော မျက်တောင်ကော့ဆေးများအား တာရှည်ခံအောင်ထိန်းသိမ်းနည်း



        ကျွန်မ အခုဖော်ပြပေးမယ့်အကြောင်းအရာလေးက လွယ်ကူရိုးရှင်းပါတယ်။ ဒါပေမယ့် တန်ဖိုးမရှိဘူးလို့တော့ မဆိုလိုပါဘူး။ တစ်ချို့မိန်းကလေးများက မိတ်ကပ်လိမ်းပြီးရုံနဲ့ စိတ်တိုင်းမကျဘဲ မျက်လုံးကို အနုစိတ်ချယ်လိုက်ရမှ ကျေနပ်တာမျိုးရှိပါတယ်။ မျက်တောင်ကော့ဆေး ကောင်းကောင်းရဲ့ တန်ဖိုးကလဲ မသေးပါဘူး။ မျက်တောင်ကော့ဆေး တွေက တစ်ခါတစ်ရံမှာ သိပ်မသုံးလိုက်ရဘဲနဲ့ ခြောက်သွေ့သွားတာ၊ အာနိသင် မရှိတော့တာ၊ မချောမွေ့တော့တာတွေရှိပါတယ်။ အဲဒီအရာတွေကနေ ကာကွယ်ပေးမယ့် လျှို့ဝှက်ချက်ကတော့ မျက်စဉ်းခတ်ဆေးပါပဲ။

          ကံကောင်းထောက်မစွာနဲ့ပဲ ပြီးခဲ့တဲ့ လအနည်းငယ်တုန်းက မျက်စိနာလို့ မျက်စဉ်းဆေးတစ်ဗူးဝယ်ထားပြီး သက်သာ သွားတဲ့နောက် ချောင်ထိုးထားတဲ့ပစ္စည်းက အခုမှပဲ ပြန်အသုံးတည့် သွားပါတယ်။ ပြဿနာက ဘယ်နှစ်စက် ထည့်ရမလဲဆိုတာ ပါပဲ ။ ကျွန်မမှာရှိတဲ့ မျက်တောင်ကော့ ဆေးဘူးက နည်းနည်းကြီးပါတယ်။ ဒါနဲ့ကျွန်မ (၁၀)စက်ထည့်လိုက်ပြီး ထုတ်လိုက် သွင်းလိုက် အကြိမ်အနည်းငယ်လုပ်လိုက်ပါတယ်။ အံ့သြစရာကောင်းလောက်အောင် စောစောကလို ခြောက်သွေ့၊စေးကပ်၊ ကြမ်းတမ်းနေတာတွေ မရှိတော့ပါဘူး။ အခုဆို သုံးမရတော့လို့ လွှင့်ပစ်ရမယ့် အချိန်ထက် တစ်ပတ်ကျော်တောင် ကြာနေပါပြီ။ ဒါပေမယ့် အခုချိန်ထိ အလုပ်ဖြစ်နေတုန်းပါပဲ ။ ဒီတော့ မိတ်ကပ်ဖိုးဈေးကြီးရတဲ့အထဲ မျက်တောင် ကော့ဆေးကပါ ဆန္ဒပြနေသူတွေအတွက် ဒီနည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်။

Ref:OneGoodThing

No comments:

Post a Comment