Sunday, November 17, 2013

အမျိုးသားတွေလဲ ပုံမှန် အသားအရေးထိန်းသိမ်းမှုပြုလုပ်ဖို့ လို


လွန်ခဲ့တဲ့ နှစ်အနည်းငယ်တွေလောက်အထိ အမျိုးသားအများစုက ဆပ်ပြာနဲ့ ရေရှိရင် သူတို့ အတွက် တစ်ကမ္ဘာလုံးမှာ ပြည့်စုံလုံလောက်ပြီဆိုတဲ့အမှတ်နဲ့  အသားအရေကို ထိန်းသိမ်းခြင်းတွေပြုလုပ်လေ့ မရှိကြပါဘူး။ တခါတလေကျပြန်တော့လည်း ကိုယ့်ချစ်သူကောင်မလေး ဒါမှမဟုတ် ဇနီးဆီက မျက်နှာသစ်ဆပ်ပြာ၊ တိုနာတို့ ကိုငှားရမ်းသုံးစွဲကြတာမျိုးလဲရှိတတ်ကြပါတယ်။ နောက်ပိုင်းမှာတော့ အမျိုးသားတွေကလဲ အသားအရေ ထိန်းသိမ်းခြင်းကရတဲ့ ရလဒ်ကောင်းတွေကိုတွေ့ ရှိလာကြလို့ skincareတွေကို ပိုမိုသုံးစွဲလာကြပြီး တစ်နှစ်ထက်တစ်နှစ်မှာမတူညီတဲ့ အမျိုးသားတွေအတွက် အသားအရေထိန်းသိမ်းတဲ့ ထုတ်ကုန်ပစ္စည်းတွေလည်း ပိုမိုထုတ်လုပ်လာကြပါတယ်။ ဒီလိုကွဲပြားခြားနားတဲ့ skincare ကုန်ပစ္စည်းတွေကိုထုတ်လုပ်နေရတဲ့ အကြောင်းအရင်း ၅ချက်ရှိပါတယ်။

၁) အမျိုးသားဟော်မုန်းကြောင့်

အမျိုးသားတွေရဲ့  အသားအရေတွေက အမျိုးသမီးတွေထက် အဆီပြန်နေတတ်ကြပါတယ်။ ဒါကတော့ အမျိုးသားဟော်မုန်းတွေကြောင့် ကွဲပြားခြားနားနေတာပါ။ အမျိုးသားဟော်မုန်းဓာတ် မြင့်လေလေ၊ အဆီထုတ်လုပ်မှုနှုန်းက များလေလေပါပဲ။ ဒါတွေက အရေပြားပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်မို့လဲ အမျိုးသားတွေအတွက်ထုတ်လုပ်ထားတဲ့ မျက်နှာသစ်ဆပ်ပြာတွေက အမွှေးနံသာ အနည်းငယ်သာ ပါဝင်ပြီး မျက်နှာကိုပိုမိုသန့် စင်စေနိုင်ရုံသာမက အမျိုးသမီးသုံးမျက်နှာသန့် စင်ဆပ်ပြာထက် ပိုနည်းတဲ့ စွတ်စိုမှုတွေကိုရနိုင်ပါတယ်။ အမျိုးသားတွေက မိမိရဲ့ ချစ်သူ၊ဇနီးတို့ ရဲ့ မျက်နှာသစ်ဆပ်ပြာရည်ကိုအသုံးမပြုပဲ အမျိုးသားတို့ အတွက် ထုတ်လုပ်ထားတဲ့ ပစ္စည်းတွေကိုပဲသုံးစွဲတာက အန္တရာယ်ကင်းရှင်းနိုင်ပါတယ်။

၂) အရေပြားထူထပ်ခြင်း

ပုံမှန်အားဖြင့် အမျိုးသားတွေရဲ့ အရေပြားက အမျိုးသမီးတွေထက် ၂၀ရာခိုင်နှုန်းကနေ ၃၀ရာခိုင် နှုန်းအထိပိုထူနေတတ်ကြောင့် ချွေးပေါက်တွေလဲအများကြီးရှိနေတတ်ကြပါတယ်။ နောက်ထပ်ကွဲပြားခြားနားချက်တစ်ကတော့ အမျိုးသားတွေရဲ့ အသားအရေက နေလောင်ဒဏ်ကို အမျိုးသမီးတွေထက်ခံနိုင်ရည် ပိုရှိကြပါတယ်။ ဒါပေမယ့် ပေါ့ပေါ့နေလို့ မရပါဘူး။ အပြင်သွားရင် နေလောင်ဒဏ်ကာကွယ်နိုင်တဲ့ ခရင်မ်ကိုလိမ်းသင့်ပါတယ်။

၃) အိမ်ပြင်မှာအနေများခြင်း

ယောင်္ကျားလေးတွေက အိမ်မကပ်ကြတာများပါတယ်။ အိမ်တကာလည်ပြီးသူငယ်ချင်းတွေနဲ့ လည်ပတ်လျှောက်သွားနေရတာကို နှစ်သက်ကြတယ်၊ ဒါမှမဟုတ် လဲချွေးသံတရဲရဲနဲ့   နေပူထဲမှာ ဆော့ကစားနေရတာကို နှစ်သက်ကြပါတယ်။ UV ရောင်ခြည်တွေက အသားအရေကို ထိခိုက်ပျက်စီး စေနိုင်ရုံသာမကပဲ အရေပြားကင်ဆာပါ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်မလို့  အပြင်ထွက်တိုင်း SPF 15 ဒါမှမဟုတ် SPF 15  ထက်ပိုတဲ့ sunscreen ကိုလိမ်းသင့်ပါတယ်။

၎) မုတ်ဆိတ်ရိတ်ခြင်း

ပါးသိုင်းမွှေးရိတ်ခြင်းက မျက်နှာပေါ်ကဆဲလ်အသေတွေကို ဖယ်ရှားပေးနိုင်ပါတယ် ။နေ့ စဉ်နေ့ တိုင်းမုတ်ဆိတ်ရိတ်တာ၊ ပါးသိုင်းမွှေးရိတ်တာတွေကအရေးပြားကိုကျိန်းစပ်စပ်ဖြစ်ခြင်း၊ အဖုအပိန့် ထွက်ခြင်း၊ ဘရိတ်ဓားနဲ့  မတော်တဆထိရှမိခြင်းသာမကပဲ အဆိုးဆုံးကဝက်ခြံပါပေါက်စေနိုင်ပါတယ်။ ဒီလိုမဖြစ်စေချင်ရင်တော့ မျက်နှာကအမွှေးအမျှင်တွေကိုရိတ်ပြီးနောက်မှာအသုံးပြုလို့ ရတဲ့ တိုနာတွေကိုဝယ်ယူအသုံးပြုသင့်ပါတယ်။

၅) အလုပ်ရှုပ်မခံခြင်း။

နေ့ စဉ်သုံးအသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေမှာဗီတာမင် A,C,Eတို့ ပါဝင်တဲ့ အပြင် တခြား အက်ဆစ်တွေလဲ ပါဝင်နေပါတယ်။ အမျိုးသမီးတွေက All in 1 အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းတွေကို သိပ်သုံးလေ့မရှိကြပါဘူး။ သက်သက်ဆီခွဲထားတဲ့ skincare မျိုးကိုသာအသုံးများပါတယ်။  အမျိုးသားတွေကတော့ အလုပ်ရှုပ်မခံကြပါဘူး၊ skincare အမျိုးအစားစုံစုံလင်လင်ပါလေလေ ပိုနှစ်သက်ကြလေပါပဲ။

Trend Myanmar

No comments:

Post a Comment