Saturday, November 23, 2013

မြန်မာလူငယ်တစ်ဦး စင်္ကာပူအွန်လိုင်းမီဒီယာတို့ စွပ်စွဲခံရ



Stomp လို့အမည်ရတဲ့ စင်္ကာပူမှာ ဆိုရှယ် သတင်းမီဒီယာ ဝဘ်ဆိုဒ်ပေါ်မှာ နာမည်ကြီးနေတဲ့ သတင်းတစ်ခု ဖြစ်ပါတယ်။ စင်္ကာပူ စစ်မှုထမ်း ( NS ) လူငယ် တစ်ယောက် MRT ရထားပေါ်မှာ ရေသောက် နေတာကို ဓာတ်ပုံရိုက်ပြီး Stomp ပေါ်မှာတင်လိုက်တာကြောင့် ၂ ရက်အတွင်း ကြည့်ရှုသူ ၁သိန်း၂သောင်း ကျော်ခဲ့ပါတယ်။

စင်္ကာပူက MRT ရထားပေါ်မှာ အစေားအသောက်စားခြင်း၊ အအေး၊ အဖျော်ယာမကာ၊ ရေ သောက်ခြင်း လုံးဝ ခွင့်မပြုထားပါဘူး။ ဒီအတွက် လည်း စည်းကမ်းထိန်းသိမ်းရေးတို့ကတွေ့ရင် ဖမ်းဆီး အရေးယူးပါတယ်။ MRT ရထားမှရယ်လို့ မဟုတ်ပဲ ဘတ်စ်ကားပေါ်မှာပါ စားသောက်ခွင့် လုံးဝ ခွင့်မပြုထားပါဘူး။ ဒါကို စစ်မှုထမ်းပြီး ပြန်လာတဲ့ စင်္ကာပူနိုင်ငံသား NS လူငယ်တစ်ယောက် ရေသောက်နေတာကို ဓာတ်ပုံရိုက်ပြီး လူတစ်ယောက် က Stomp မှာတင်ခဲ့ ပါတယ်။

တင်တဲ့သူက သူ့ရဲ့  Nick Name ကို Hopimgu လို့ပေးထားပါတယ်။ ဒါကို Twitter မှာရှာလိုက်တော့ အမည်တူတဲ့ မြန်မာ လူငယ် တစ်ဦးကို သွားတွေ့ပြီး Facebook မှာလည်း သွားတွေ့ ပါတယ။် Min Thet Naing လို့ အမည်ရတဲ့ လူငယ် ဖြစ်ပြီး မြန်မာရွေ့ ပြောင်းလုပ်သား၊ ကျောင်းသားများကို ဘယ်ချိန်ကတည်း ကရွံ မုန်းနေမှန်းမသိတဲ့ စင်္ကာပူ နိုင်ငံသား Internet user များက ဆိုးရွားတဲ့ ဝေဖန်ချက်အမျိုးမျိုးပေးပါတော့တယ်။

NS က စစ်မှုထမ်းအနေနဲ့ တိုင်းပြည် ကာကွယ်ဖို့ အသက်ပေးရတာမို့ ရထားပေါ်မှာ ရေသောက်တာ လက်ခံပေးနိုင်ကြောင်း ခွင့်ပြုနိုင်ကြောင်း ၎င်းတို့ နိုင်ငံသားများက ထောက်ခံ ဖြည့်တွေးပေးကြ ပါတယ်။ သို့ပေမယ့် Post တင်သူ Hopimgu ကိုတော့ အပြင်းအထန် ကန့်ကွက်ဝေဖန်ပြီး ဆိုးရွားလှတဲ့ comment များလည်း တွေ့ရ ပါတယ်။


သတင်း ဖတ်ရှုရန် -

Yesterday (22 Nov) a photo was posted to STOMP, depicting an NSF drinking water from his SAF water bottle in the MRT.

The person who submitted the photo went by the moniker ‘Hopmingu’ and he complained about the NSF drinking on the train despite no food or drinks being allowed on the train.

The Stomper wrote “We all understand that drinking and eating are not allowed on the train and the stations, right?  … It's not nice to see NS guys breaking the rules while in uniform.”

It seems that the public generally didn’t agree with ‘hopmingu’ as people scolded him saying that it was ok for an NSF to drink water on the train.

One netizen commented:

    “He is drinking water cause he is thirsty from all the training he is doing to PROTECT OUR COUNTRY!!!”

Many netizens complained about the stomp post on popular online forums such as HardwareZone and some forumers took it upon themselves to CSI the guy who posted it.

Based on the Stomp moniker of ‘hopmingu’ netizens from HWZ were able to find a twitter account of Min Thet Naing whose twitter is @hopmingu.

There was also a link to his facebook profile which showed that Min Thet Naing is a Burmese ‘FT’ who studied in Singapore’s MDIS in the class of 2013.

 People found his photos from his facebook and posted them to forums, questioning whether he even served NS himself or not:

Many Singaporeans are angry that foreigners are allowed to come to Singapore freely and when they get here, they laugh at and step all over Singaporeans who have to serve NS.

Netizens expressed that the NSF was just drinking water and it was from a water bottle that was unlikely to spill. There was nothing worth taking a picture of.

Others also criticised stomp for posting such a rubbish story.

Meanwhile, Stomp believes that it is the best in online media:

ဒီတော့ ကာယကံရှင်ကို ရိုးရာလေးက စာပို့ဆက်သွယ် မေးမြန်းလိုက်ချိန်မှာ သူဟာ Stomp မှာ အကောင့်လည်း မဖွင့်ဖူးကြောင်း၊ ယင်းသတင်းလည်း မရေးကြောင်း၊ ဓာတ်ပုံလည်း သူမရိုက်ရကြောင်း၊ ပိုပြီးတော့ ထင်ရှားတဲ့အချက်တစ်ခုကတော့ သူဟာ စင်္ကာပူမှာ မဟုတ်ပဲ မြန်မာပြည်က Forever Group မှာ အလုပ် လုပ်ကိုင်နေသူ ဖြစ်ကြောင်း သိရ ပါတယ်။ စင်္ကာပူမှာ ကျောင်းတက် ခဲ့ဖူးပေမယ့် ယခု မြန်မာပြည်မှာ ရှိနေသူ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် အသစ်လုပ်တဲ့ Passport နဲ့ ဘယ်နိုင်ငံခြားခရီးစဉ်မှ မသွားရသေးကြောင်း ဆိုပါတယ်။

ဒီတော့ သွားပုပ်လေလွင့်တဲ့ The Real Singapore ဝဘ်ဆိုဒ်မှာ စင်္ကာပူများ က ထောက်ခံအားပေးပေမယ့် ရွှေ့ ပြောင်းလုပ်သား နဲ့ မြန်မာလူမျိုး များကတော့ အတော်လေး ပြင်းထန် ရှုံ့ ချနေပါပြီ။ မင်းသန့်နိုင်လို့ အမည် ရတဲ့ မြန်မာလူငယ်အနေနဲ့ ယခုလို အသရေအဖျက်ခံရမှုအတွက် တရားဝင် တရားစွဲဖို့လည်း အစီအစဉ် ရှိကြောင်း ဆိုပါတယ်။

စင်္ကာပူမှာတော့ နိုဝင်ဘာလ ၂၂ ရက်နေ့က တင်လိုက်တဲ့ သတင်းကြောင့် မို့ ရွှေ့ ပြောင်းလုပ်သား၊ ရွှေပြောင်း နေထိုင်သူများကိ မလိုလားတဲ့ စင်္ကာပူ နိုင်ငံသားများက ကန့်ကွက်မှု၊ လှုံ့ဆော်မှုများ ပြုလုပ်နေပါတယ်။ ယခု ပြဿနာက စင်္ကာပူရောက်နေတဲ့ မြန်မာလူမျိုး လူများစုကို သွားရောက် ထိခိုက်စေနိုင်ပါတယ်။ လက်ရှိမှာ ကာယကံရှင်ကိုယ်တိုင် ယင်းသတင်း မှားယွင်းကြောင်း အများသိအောင် ရိုးရာလေးကို ယခုလို ဖြေကြား ပေးခဲ့ခြင်း ဖြစ်ပါတယ်။

.
အောင်ခမ်း ( ရိုးရာလေး )

No comments:

Post a Comment