Wednesday, October 2, 2013

နှစ်ခြိုက်စွာ အိပ်ပျော်စေရန် ခန္ဓာကိုယ်ကို ဖြေလျှော့ခြင်း

နှစ်ခြိုက်စွာ အိပ်ပျော်စေရန်

ခန္ဓာကိုယ်ကို ဖြေလျှော့ခြင်း
(၁) မှောင်အတိချထားသည့်အခန်း တွင် လဲလျောင်းပါ
(၂) မျက်လုံးမှိတ်ပါ။ အမှောင်နှင့်ကျင့် သားမရသေးသောကြောင့် မျက်စိ မှိတ်ထားသော်လည်း အလင်းစက် များတွေ့နေရတတ်သည်။ ၄င်း အလင်းစက်များကို စိုက်ကြည့်နေပါ။
(၃) တစ်မိနစ်ခန့်စိုက်ကြည့်နေလျှင် စိတ်ငြိမ်သက်လာမည်ဖြစ်သည်။ ထိုအခါလက်ဝဲလက်ကို (၄၅) ဒီဂရီ မြှောက်ပြီး တစ်မှငါးအထိရေတွက် ပါ။ ငါးအထိရေအပြီးတွင် လက် မောင်း အားကိုလုံးဝလျှော့လိုက်ပါ။ မွေ့ရာပေါ်သို့ လက်တစ်ချောင်းလုံး ပြုတ်ကျသွားပါစေ။
(၄) ထို့နောက်လက်ယာလက်ကို လည်း ထိုအတိုင်းပြုလုပ်ပါ။ ခြေ ထောက်နှစ်ချောင်းစလုံးကိုပါ ဆက် လုပ်ပါ။
(၅) ပက်လက်အနေအထားတွင် ခေါင်းကိုအနည်းငယ်မျှအပေါ်မပါ။ ငါးအထိရေပါ။ ထို့နောက် လည်ပင်းကြွက်က်သားများကို လုံးဝလွှတ်ချ လိုက်ပြီး ဦးခေါင်းကိုမွေ့ရာပေါ်ကျ သွားပါစေ။
(၆) ထိုအချိန်တွင် ခန္ဓာကိုယ်တစ်ခုလုံး အလေးချိန်မရှိတော့သကဲ့သို့ တင်း အားများ လျော့ကျနေပြီဖြစ်သည်။ အတွေးမျိုးစုံအဝင်မခံတော့ဘဲ အိပ် ပျော်ရန်သာအာရုံစိုက်ပါ။

Health Updates Journal

No comments:

Post a Comment