Tuesday, October 1, 2013

ရှက်သင့်သော တာဝန်ရှိသူများသို့

ရှက်သင့်သော တာဝန်ရှိသူများသို့

ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ ဟာ ရိုးသားပွင့်လင်းကြပါတယ်။ ကျန်းမာရေး ဗဟုသုတလဲ အလွန်နည်းကြပါတယ်။အဲဒီလို ကျန်းမာရေး ဗဟုသုတ နည်းတာကို အခွင့်ကောင်းယူပြီး နိုင်ငံခြားမှ လာကုသော ဆရာဝန် ဟု ဆိုကာ မူမမှန် စနစ်မကျသော ကုသ မှုဖြင့် စကားပြန်တစ်ယောက်ခန့် ထားပြီး ဆေးကု လိမ်စားနေသော တိုင်းတစ်ပါး ဆရာလိမ် (ဆရာဝန် ဖြစ်ကြောင်းမည်သို့ ထောက်ခံ ချက် ပါသည်မသိ) .....ဆေးခန်းများ ယခုတွင် များများလာနေပါတယ်။ ဆီးချိုရောဂါ ကိုခေတ်မှီ စက်ကြီးနဲ့  အပျောက်ကုပေးမယ်တဲ့ ဗျာ။ ရောဂါပျောက် မပျောက်တော့ မသိ သေချာတာ တစ်ခု က ငွေ ကတော့ ပျောက် မည်။ အခန့်မသင့်ပါက လူပါပျောက်လိမ့်မည်။ မသိနားမလည်သူတွေကတော့ အပျောက်ကုဆို ပါကငွေ ဘယ်လောက်ကုန်ကုန်ပေါ့။။အပြင်က ဆေးခန်းလေး ဆေးခန်းကြီး တွေမှာ ဆရာဝန်ပြခ အလွန်ဆုံး ၅၀၀၀ ၊၁၀၀၀၀ ကျပ်ပေါ့။ အခုလဲ ကြည့် လေ။။။။ အသက်၈၀ လူနာ အဘိုး ဆီးကျိတ်ကြီး လို့ ဆီးသွားရလဲ သိပ်မခက် BPH grade1.. ပျောက်ချင်လို့ ကြော်ငြာကြည့်ပြီး သွားပြတော့ ရောင်ခြည်ကုနည်းတဲ့ ဗိုက်ပေါ်ကနေ ကုသတဲ့။ တစ်ခါကုသမှုအတွက် ကျသင့်ငွေက ၇၀၀၀၀ ကျပ် ကျော်တယ်။ အကြိမ်ကြိမ်ကုပြီး အကြိမ်ကြိမ် ငွေယူတာပေါ့။ ကုသမှု က ၁၀ကြိမ်ကျော်တယ် မပြီးသေး ။ပြေစာပေါ်မှာ လဲ နားမလည်သော ဘာသာ ။မသိသော ဆေးနာမည် ရေးထားသေးရဲ့ ။အခု ဒီနေ့ လူနာက ချက်ဘေးပတ်လည်မှာ နာလို့ ပြောတော့ ဗိုက်နာတာ သူတို့မကုပါဟု ပြောပြီး တစ်ခြားဆေးခန်းကိုလွှတ်တယ်လေ။ စိတ်ပျက်ဖွယ်အတိပါပဲ။
လိပ်ခေါင်းရောဂါကို ခေတ်မှီ စက်ကြီးနဲ့ ကုပြီး septicaemia ရပြီး ရောက်လာသူတွေ နောက်ကျလို့ အသက်ပေးလိုက်ရသူတွေ လဲအများကြီးပါ။။
ဒီလို (လိမ် )ဆေးခန်းတွေ ဘာလို့ တရားဝင်ဖွင့်လှစ် ကုသခွင့်ရနေတာလဲ????ဘာ့ကြောင့်ထိရောက်စွာ စစ်ဆေးအရေး မယူကြတာလဲ??နာမည်အမျိုးမျိုး နေရာအမျိုးမျိုး ပြောင်းပြီး ဖွင့်လှစ်ကုသ နေတာကို ဘာလို့ မျက်စိမှိတ်နေကြတာလဲ???တာဝန်ရှိသူများက အဲဒီ လိမ်ဆေးခန်း လိမ် ဆရာဝန်များကို အရေးယူ ဖယ်ရှားသင့်နေပါပြီ။။။{ ရှက်တတ်ရင်ပေါ့ }

Ye Myint Oo

No comments:

Post a Comment