Saturday, October 26, 2013

အ၀လွန်သူများ၊ ဗိုက်ခေါက်ထူပြီး လာသောအမျိုးသမီးများအတွက်



 ပထမဦးစွာ
ရှောက်ရွက်ကြမ်းများကို ရှာထားပါ။ပုလင်းတစ်လုံးစီတွင် ရိုးရိုးသကြား
သုံးဇွန်း(ဟင်းစားဇွန်း) စီထည့် ရပါမည်။

ပုလင်းများတစ်လုံးစီတွင် ရှောက်၉ရွက် စီထည့်ပေးပါ။ ရေကျက်အေးများ ပုလင်းများထဲသို့အပြည့်ထည့်ပြီး အဆို့ ပိတ်လျက် နေပူတွင်ကိုးရက်စီ ထည့်ပေးပါ။

ေ၇ကျက်အေးများ ပုလင်းထဲသို့ အပြည့် ထည့်ပြီး အဆို့ပိတ်လျက် နေပူတွင် ကိုးရက်လှန်းပေးပါ။

ကိုးရက်စေ့လျှင် ဆးဝါးအဖြစ် သုံးနိုင်ပြီ။ နံနက် တစ်ကြိမ်၊ ညတစ်ကြိမ် အဆိုပါေ၇ှာက်၇ွက် ဆေးရည်ပုလင်းကို လှုပ်ပြီး လက်ဖက်ရည် အကြမ်းပန်းကန် တစ်ဝက်ခန့်ကို မှန်မှန်သောက်သုံး သွား ပေးပါ။

တစ်လနှစ်လ ရှိသောအခါ အမျိုးသမီးများ ခါးသေးရင်ချီပြီး အဆီပို ဗိုက်ရွှဲမှုများ ကျသွား၍အသားအရေ စစ်သွားပါမည်။

အဆီကျဓာတ်စာဆေးများစားခြင်း ထက် စိတ်ချရသော ရိုးရာဆေး နည်း ဖြစ် ပါသည်။ မှန်မှန် သောက်သုံးခြင်းဖြင့် အသည်းအဆီဖုံးခြင်းနှင့် နှလုံးအဆီ ပိတ်ခြင်းတို့မှလည်း သက်သာပျောက်ကင်း စေပါသည်။

လစဉ် မြန်မာ လဆန်း တစ်ရက်နေ့၌ ရှောက်ရွက်နှစ်ရွက်၊ သုံးရွက် ကိုရှာပြီး စားဖြစ်အောင်စားထားရန် အမှာရှိသည်။ ထို့သို့စားပေးခြင်းဖြင့် လေရောဂါများ မ၀င်ရောက်နိုင်၊ လေထိုး၊ လေအောင့်၊ လေငန်းရောဂါများ မ၀င်ရောက်နိုင်။

လေငန်းရောဂါရှင်များ ရှောက်ရွက်၊ ငရုတ်ကောင်းနှင့် ကြက်သွန်ဖြူတို့ဖြင့် ဟင်းခါးချက်ကာ နေ့စဉ်သောက်သုံး ပေးခြင်းဖြင့် လေငန်းရောဂါမှ သက်သာ ပျောက်ကင်းစေသည်။

Myawady News

မီးဖျက်မည်


သာကေတပင်မဓာတ်အားခွဲရုံရှိ ဓာတ်အားလိုင်းကြိုးအချို့ အသစ်လဲလှယ်ရန် လိုအပ်နေသဖြင့် ရန်ကုန်မြို့ရှိ မြို့နယ်အချို့သို့ ခြောက်နာရီကြာ ဓာတ်အားဖြတ်တောက်မည်

ရန်ကုန်တိုင်းဒေသကြီး သာကေတပင်မဓာတ်အားခွဲရုံရှိ ဓာတ်အားလိုင်းကြိုးအချို့ အသစ်လဲလှယ်ရန် လိုအပ်နေသဖြင့် ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ် ကာလအတွင်း ရန်ကုန်မြို့ရှိ မြို့နယ်အချို့သို့ ဓာတ်အား ပို့လွှတ်မှုကို ခြောက်နာရီကြာဖြတ်တောက်ထားမည်ဖြစ်ကြောင်း သိရသည်။

မဟာဓာတ်အားလိုင်းမှ ဓာတ်အားကို လက်ခံ၍ ဓာတ်အားဖြန့်ဖြူးပို့လွှတ်ထားသော သာကေတပင်မဓာတ်အားခွဲရုံရှိ ၂၃၀^၃၃ ကေဗွီ ၁၀၀ အမ်ဗွီအေထရန်စဖော်မာ၏ ၃၃ ကေဗွီဗို့အားအထွက်အပိုင်းတွင် လွန်းဖွာနေ သော ဓာတ်အားလိုင်းကြိုးများအား အစားထိုး အသစ်လဲလှယ်ခြင်း၊ ယာယီအစားထိုးတပ် ဆင်ထားသော လျှပ်စီးတိုင်းထရန်စဖော်မာ သုံးလုံးအား အသစ်ဖြင့်လဲလှယ်ခြင်းကို အ ရေးပေါ်ဆောင်ရွက်ရန် လိုအပ်နေကြောင်း လည်း သိရသည်။ ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ရန်ကုန်မြို့ရှိ သာ ကေတ၊ ဒေါပုံ၊ သင်္ဃန်းကျွန်း၊ ဒဂုံမြို့သစ် တောင်ပိုင်းနှင့် မြောက်ပိုင်းမြို့နယ်များတွင် ဓာတ်အား ယာယီပြတ်တောက်မည်ဖြစ် ကြောင်းလည်း ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ် အားပေးရေးအဖွဲ့က ထုတ်ပြန်ထားသည်။

သင်္ဃန်းကျွန်းမြို့နယ်ရှိ ဇ၀န၊ ဆ\က၊ ဗိုလ်ကံညွန့်၊ လေးဒေါင့်ကန်၊ င\က၊ မိကျောင်းကန်၊ ဝေဇယန္တာ၊ သာဓု၊ ဆယ်သိန်း၊ နနွင်းကုန်း၊ ရန်အောင်၊ ကမှဃအထိရပ် ကွက်များ၊ မေခ၊ မလိခအိမ်ရာ၊ ငမိုးရိပ်၊ စံ ပြ၊ ပြည်ထောင်စု ရိပ်မွန်၊ ပင်လုံ၊ ကြီးပွားရေး တောင်\မြောက်၊ ကမ်းသာယာနှင့်ဣစ္ဆိတံ အိမ်ရာတို့တွင် လည်းကောင်း၊ ဒဂုံမြို့သစ် မြောက်ပိုင်းရှိ (၁၀)၊ (၂၈)၊ (၂၉)၊ (၃၀)၊ (၃၈)၊ (၄၅)၊ (၄၃)နှင့် (၁၆)ရပ်ကွက်တို့ တွင်လည်းကောင်း၊ ဒဂုံမြို့သစ်တောင်ပိုင်းရှိ ကွေ့မအိမ်ရာ၊ တော့စတားအိမ်ရာ၊ အင်းဝ အိမ်ရာ၊ (၁၈)၊ (၁၉)၊ (၂၀)၊ (၂၁)၊ (၂၂)၊ (၂၄)၊ (၂၅)၊ (၂၆)၊ (၅၃)၊ (၅၅)၊ (၅၆)၊ (၅၇)၊ (၆၄)၊ (၆၅)(၇၀)၊ (၇၂)၊ (၁၀၅)၊ (၁၀၆)နှင့် (၁၀၇) တို့တွင်လည်း ခြောက်နာရီကြာဓာတ်အား ပြတ်တောက်မည်ဟု ထုတ်ပြန်ထားသည်။

EMG

သွားလေးတွေ ပုလဲစီသလို လှပအောင်

ပုလဲလေးတွေ စီသလို သွားလေးတွေ ဖွေးသန့် ဖို့  ဈေးကြီးတဲ့
သွားတိုက်ဆေးတွေ ၀ယ်မ သုံးနိုင်ရင် ၀မ်းမနည်းပါနဲ့ ။ သံပုရာ ရည်တစ်ဇွန်း၊
ဆိုဒါတစ်ဇွန်း၊ ဆားဇွန်းဝက် ရှိရင် ဖြူဖွေးလှပအောင် စွမ်းဆောင်နိုင်တဲ့
သွားတိုက်ဆေး ကို ရရှိနိုင် ပါတယ်။ ဒီပစ္စည်း သုံးမျိုးကို ရောမွှေပြိးရင်
မနက် ည နှစ်ကြိမ် တိုက်ပါ။ အကုန်သက်သာတဲ့နည်းနဲ့  မယုံရင် စမ်းကြည့်
ဖြူဖွေး တောက်ပ နေစေရမယ်လို့ အာမခံပါတယ်။

အသားမာတက်ပြီး အမဲစွဲနေရင်

ဒူး တံတောင်ဆစ် ခြေမျက်စိတွေဟာ မည်းမယ်ဆိုတာချည်းပါပဲ။ စိတ်ညစ်ဖို
့ကောင်းပါတယ် လို့  ညည်းနေမယ့်အစား ဒါလေး နဲ့  လုပ်ကြည့် လွယ်လွယ်လေးပါ။
သံပုရာသီးပဲ လိုပါ တယ်။ သံပုရာသီးကို ထက်ပိုင်းပိုင်းပြီး အဲဒီ
သံပုရာခြမ်းနဲ့ နေ့ စဉ် ပုံမှန် ပွတ်တိုက်ပေးပါ။ ထူးခြား သိသာစွာ အညိုအမဲ
အသားမာတွေ လျော့ပါး ပျောက်ပျက် သွားပါလိမ့်မယ်။

မျက်ကွင်းညိုရင်

မျက်ဝန်းတ၀ိုက် ညိုပြီး အကြည့်ရဆိုးနေလို့  မိတ်ကပ်လိမ်းရင်လည်း
မျက်ကွင်းညိုပြီး ထင်း ထင်းကြီး ဖြစ်နေလို့  စိတ်ညစ်နေ တဲ့သူတွေ အတွက်
မျက်ကွင်းညို မျက်အိတ်တွဲ တာတွေ ပျောက်ဖို့  ဈေးကြီးတာတွေ ၀ယ်မသုံးပါနဲ
့။ မီးဖိုထဲက အာလူး တစ်လုံးနဲ့ တင် ကိစ္စပြီးပါ တယ်။ အာလူးကို အခွံနွာ
အသားတွေကို ပါးပါးလှီး နုတ်နုတ်စဉ်း လက်နဲ့  ဆုပ်ပြီး အရည် ညှစ်ပြီးရင်
အာလူးဖတ်တွေကို မျက်လုံးတ၀ိုက်ကို အုံပေးပါ။ ၁၀မိနစ်လောက်တော့ ကြာ အောင်
ထားပါ။ အဲဒါကို နေ့ စဉ် (သို့ ) ရက်ခြား ဆိုသလို အုံပေးရင်
မျက်ကွင်းညိုခြင်း ကနေ ကင်းဝေး ပါလိမ့်မယ်။

ရင်းနေတဲ့ ၀က်ခြံများ ညှိုးသွားအောင်

ဝက်ခြံ ပေါက်နေပြီး ညှစ်ပြန်တော့လည်း အမာရွတ် ထင်ပြီး ရင်းဦးမယ်။
လွယ်ပါတယ်။ ၀က်ခြံထိပ်ကို ပျားရည် စွတ်ထားတဲ့ ဂွမ်းလေးနဲ့  တို့ ပေးပါ။
ဝက်ခြံ ညှိုးခြောက်ပြီး သူ့ အလို လို အဆံ ထွက်သွားပါလိမ့်မယ်။

အသားပတ်တဲ့ အခါ ခရမ်းချဉ်သီးကို သတိရပါ

ဒီကိစ္စကို ခရမ်းချဉ်သီးက လုံးဝ တာဝန်ယူနိုင်ပါတယ်။ ခရမ်းချဉ်သီးကို
ထက်ခြမ်းခြမ်း အထဲက အဆန်တွေကိုထုတ် အနှစ် ချည်း သီးသန့် နဲ့  မျက်နှာကို
ပွတ်တိုက် လိမ်းကျံ ပေးပါ။ ၁၀ မိနစ်လောက် နေရင် ရေနွေးနွေးနဲ့  ဆေးချပါ။
အသားပတ်တဲ့ အခါတိုင်း လုပ်ပေးရင် မျက်နှာ အသားအရေပါ ကြည်လင် ချောမွေ့ 
သွားလိမ့်မယ်။

နေလောင်ရင် နွားနို့ သုံး

နွားနို့ နဲ့  ရေချိုးပြီး အသားအရေကို ထိန်းသိမ်းတဲ့ခေတ် ဆိုတာ
ရှိခဲ့ပါတယ်။ နွားနို့ နဲ့ ရေချိုးပါလို့ တော့ မတိုက်တွန်း ချင်ပါဘူး။
အကုန်အကျ များလို့  ချောက်တွန်းတယ် ထင် မှာ စိုးလို့ ပါ။ ဒါပေမဲ့
ပင်လယ်ကမ်းစပ် သွားလို့ ပဲ နေလောင်လောင်၊ နေပူထဲ သွားလို့ ပဲ အသားမဲမဲ
နွားနို့ ကို ကြွက်ကြွက်ဆူအောင် ကြိုပြီးရင် အအေးခံ မလိုင်ကို စားပစ်ပါ။
မလိမ်း ပါနဲ့  နှမျောစရာကြီး) ပြီးမှ ဂွမ်းစလေးနဲ့  နေလောင်တဲ့ နေရာကို
ပွတ်သပ် လိမ်းကျံ ပေးပါ။ မိနစ် အနည်းငယ်ကြာရင် ရေဆေးလိုက်ပါ။ လုပ်လေ၊
အကျိုးရှိလေ ဆိုတာ လုပ်ဖူးရင် သိသာလာပါလိမ့်မယ်။

_Good Health

Thursday, October 24, 2013

အမေရိကန် သားသမီး သွန်သင်ဆုံးမ နည်းစနစ်




ကျွန်တော် ဒီပို့စ်လေးကို ဖတ်ဖြစ်ခဲ့တာ တော်တော်ကြာပြီ။ ဘယ်ကနေဖတ်မိလဲဆိုတာ မသိတော့ဘူး။ ရှာကြည့်တော့လည်း မတွေ့တော့ဘူး။ အဲဒါ အခုမှ အဲဒီဆောင်းပါးလေး ပြန်တွေ့လို့ တင်ပေးလိုက်ပါတယ်။ ဒီလိုကျင့်ကြံဖို့ဆိုရင် မြန်မာနိုင်ငံက မိဘများအတွက် ခဲယဉ်းမယ်လို့ထင်ပါတယ်။ ဆရာမ နိုင်းနိုင်းစနေ ဘာသာပြန်ရေးထားတဲ့ဆောင်းပါးလေး ဖြစ်ပါတယ်။ တော်တော်လေးကောင်းပါတယ်။အမေရိကားမှာ ကျောင်းသွားတက်ခဲ့တဲ့သား ကျောင်းပြီးတော့ ကျွန်မအတွက် စူစန်လို့ခေါ်တဲ့ အင်္ဂလိပ်ချွေး မတစ်ယောက် ရှာပေးခဲ့တယ်။

ဒီကနေ့မှာ မြေးလေးထော်ဘီတောင် (၃)နှစ်ရှိခဲ့ပါပြီ။ ဒီနှစ်နွေ ရာသီမှာ သားက ကျွန်မကို အမေရိကားအလည်လာဖို့ ခေါ်ခဲ့တယ်။ အမေရိကားမှာနေခဲ့တဲ့ (၃)လ အတွင်း ချွေးမစူစန်ရဲ့ သားသမီးကို ဆုံးမသွန်သင်နည်းတွေက ကျွန်မကို အတွေးအမြင် ပိုကျယ်စေ ခဲ့ပါတယ်။(၁) မစားရင် အ ဆာခံပါမနက်တိုင်း ထော်ဘီအိပ်ရာထလာတာနဲ့ စူစန်က မနက်စာကို စားပွဲပေါ်တင်ပေးခဲ့ပြီး သူ့အလုပ်ကို သူဆက် လုပ်နေခဲ့တယ်။ ထော်ဘီဟာ ကိုယ်တိုင် ကုလားထိုင်ပေါ်တက်၊ ကိုယ်တိုင်နွားနို့သောက်၊ ကိုယ်တိုင်ပေါင်မုန့်တွေ စားနေခဲ့ တယ်။ စားပြီးတဲ့နောက် ကိုယ့်အခန်းထဲဝင်ပြီး အဝတ်ဘီရိုထဲကနေ အဝတ်အစား၊ ဖိနပ်တွေကို ကိုယ်တိုင် ဝတ်ဆင်ခဲ့တယ်။

(၃)နှစ်ပဲရှိတဲ့ ထော်ဘီလေးဟာ ခြေအိတ်ရဲ့အရှေ့အနောက်၊ ဘယ်ဖိနပ်၊ ညာဖိနပ်ကို ခွဲတတ်သေးသူ မဟုတ်ပါ ဘူး။ တစ်ခါက ထော်ဘီဟာ ဘောင်းဘီကို ရှေ့နဲ့နောက် ပြောင်းပြန်ဝတ်ထားခဲ့တယ်။ ဒါကို ကျွန်မ က လဲပေးဖို့ပြင်တော့ စူစန်က ကျွန်မကိုတားတယ်။ တကယ်လို့ ဝတ်ရတာ သက်တောင့်သက်သာမရှိဘူးဆိုရင် သူ့ဘာသာသူ ချွတ်ပြီးပြန်လဲလိုက်မယ်လို့ ဆိုပါတယ်။ တကယ်လို့ သူနေရ သက်တောင့် သက်သာရှိတယ်ဆိုရင် ဒီအတိုင်းထားလိုက်ပါလို့ စူစန်ကပြောပါတယ်။

အဲဒီနေ့က ထော်ဘီတစ်ယောက် ဘောင်းဘီရှေ့နောက် ပြောင်းပြန်ဝတ်ပြီး ပြေးလွှားဆော့ကစားနေခဲ့တယ်။ ဒါကိုစူစန်က ဘာမှမမြင်ခဲ့သလို ဘာသိဘာသာ နေခဲ့ပါတယ်။ တစ်ခါက ထော်ဘီတစ်ယောက် ဘေးအိမ်က ကလေးတွေနဲ့ဆော့ကစားနေခဲ့တယ်။ တအောင့်ကြာတော့ မောမောပန်းပန်းနဲ့ အိမ်ကို အပြေးပြန်လာပြီး "မေမေ...မေမေ.. လူစီကပြောတယ်။ သားဘောင်းဘီ ရှေ့နောက်ပြောင်းပြန်ဖြစ်နေတယ်တဲ့။ တကယ်လားဟင်!" လူစီဆိုတာ ဘေးအိမ်က အသက်(၅)နှစ်အရွယ် ကောင်မလေးပါ။သားအမေးကို စူစန်ကရယ်ပြီး "ဟုတ်တာပေါ့သား... သားပြန်လဲမယ်မဟုတ်လား!" လို့ပြောတော့ ထော်ဘီခေါင်းညိတ်ပြတယ်။ ပြီးတော့ ဘောင်းဘီချွတ်ပြီး သေချာကြည့်တယ်။ ပြန်ဝတ်တယ်။ အဲဒီနောက်ပိုင်း ထော်ဘီ ဘယ်တော့ မှ ဘောင်းဘီကိုပြောင်းပြန် မဝတ်ခဲ့မိတော့ဘူး။

ဒီအဖြစ်ကိုကြည့်ပြီး မြေးမလေးကို ကျွန်မသတိရလိုက်မိတယ်။ မြေးမလေးဟာ အသက်(၅)နှစ်(၆)နှစ်ထိ ဇွန်းမကိုင်တတ်ခဲ့သေးဘူး။ ဖိနပ်ကြိုး မချည်တတ်ခဲ့ဘူး။ ဒီကနေ့မှာ အလယ်တန်းတက်နေတဲ့ အထိ ကျောင်းဆောင် ကနေ အိမ်ကိုပြန်လာတိုင်း လျှော်စရာအဝတ်တွေ သယ်ပြန်လာတတ်သေးတယ်။ တစ်နေ့ နေ့လယ်မှာ ထော်ဘီတစ်ယောက် စိတ်ကောက်ပြီး ထမင်းမစားတော့ဘူး။ စူစူန်တစ်ခွန်းနှစ်ခွန်းပြောလိုက်တာကို စိတ်တိုပြီး ထမင်းပန်းကန်ကို မှောက်ပစ်လိုက်တယ်။ ပန်းကန်ထဲကအစာတွေ ကြမ်းပြင်ပေါ် ပြန့်ကျဲသွားခဲ့တယ်။

စူစန်က ထော်ဘီကိုကြည့်ပြီး သေချာပြောတယ်။"ကြည့်ရတာ သား တကယ်ထမင်းစားချင်ပုံမရဘူး။ မှတ်ထား... အခုချိန်ကစပြီး မနက်ဖြန်မနက်အထိ သားဘာမှ မစားရဘူး။ သိလား" ထော်ဘီခေါင်းညိတ်ပြီး ခိုင်ခိုင်မာမာနဲ့ ပြန်ဖြေတယ်။"ဟုတ်ကဲ့..."သားအမိနှစ်ယောက်ရဲ့အဖြစ်ကို ကြည့်ပြီး ကျွန်မစိတ်ထဲရယ်နေမိတယ်။ ညနေရောက်တော့ ညနေစာအတွက် စူစန်နဲ့ကျွန်မ တိုင်ပင်နေခဲ့တယ်။ ညနေစာကို တရုတ်အစား အစာပြင် ဆင်ဖို့ စူစန်ကပြောတယ်။ ထော်ဘီတရုတ်အစားအစာ သိပ်ကြိုက်မှန်း ကျွန်မချက်ချင်း သတိ ရလိုက်တယ်။ ကြည့်ရတာ နေ့လယ်စာသေချာမစားခဲ့တဲ့ ထော်ဘီကို ညနေမှာ စူစန်ပိုစားစေချင်ခဲ့ပုံ ရတယ်။ အဲဒီနေ့ ညနေစာကို ထော်ဘီအကြိုက် ကျွန်မချက်ပြုတ်ခဲ့တယ်။

အီတလီခေါက်ဆွဲနဲ့ တရုတ်စတိုင်လ် ချက်ခဲ့တယ်။ ဒါဟာ ထော်ဘီအကြိုက်ဆုံးပါ။ ကလေးဆိုပေမယ့် ပန်းကန်ပြားတစ်ချပ်အပြည့် သူစားနိုင် ပါတယ်။ညနေစာ စစားတော့ ထော်ဘီတစ်ယောက် အားရဝမ်းသာ ကုလားထိုင်ပေါ် တက်ထိုင်တယ်။ ဒါကို စူစန်က သူ့ရဲ့ပန်းကန်နဲ့ ခက်ရင်းတွေကိုသိမ်းပြီး "ဒီနေ့ သားထမင်းမစားဘူးလို့ မေမေတို့ ပြောထားကြ တယ် မဟုတ်လား? သားလည်း ဝန်ခံဂတိပြုထားတယ်လေ" လို့ပြောတယ်။လေးလေးနက်နက်ပြောနေတဲ့ မေမေ့မျက်နှာကြောင့် ထော်ဘီ ဝါးခနဲထငိုတယ်။ ငိုနေရင်းက "မေမေ... သားဆာလို့ပါ.. သားဗိုက်ဆာလို့ပါ" လို့ပြောတယ်။"ဝန်ခံခဲ့တဲ့ ဂတိအတိုင်း လိုက်နာရမယ်လေ" စူစန်ကလည်း နည်းနည်းမှ စိတ်မပျော့ခဲ့ဘူး။ မြေးအဖြစ်ကိုကြည့်ပြီး ကျွန်မစိတ်မကောင်းဖြစ်မိတယ်။ ထော်ဘီအတွက် အသနားခံဖို့ပြင်တော့ သားက မျက်ရိပ်မျက်ခြေပြတယ်။ ကျွန်မအမေရိကားရောက်စက သားပြောခဲ့တဲ့စကားကို ကျွန်မ သတိရလိုက် မိ တယ်။ အမေရိကားမှာ မိဘတွေ သားသမီးကို သွန်သင်ဆုံးမနေချိန်မှာ တခြားသူတွေ လုံးဝ ဝင်မပါရ ဘူးလို့ဆိုတယ်။ လူကြီးပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ဝင်မပါရပါဘူးတဲ့။ အဲဒီလိုနဲ့ ကျွန်မလည်း အကူအညီမဲ့စွာ ခပ်ဆိတ်ဆိတ်ပဲ နေခဲ့တော့တယ်။ အဲဒီနေ့ ညစာစားပြီးချိန်ထိ သနားစရာ ထော်ဘီတစ်ယောက် ကစားစရာကားလေးထဲမှာ ထိုင်ပြီး လူကြီးတွေ အားရပါးရစားတာကို ပါးစပ်အဟသားနဲ့ ကြည့်နေခဲ့တယ်။

ကျွန်မကို တရုတ်အစားအစာ ချက်ခိုင်းခဲ့တဲ့ စူစန်ရဲ့ ဦးတည်ချက်ကို ကျွန်မနားလည်လိုက်ပါတယ်။နောင်တစ်ချိန်မှာ ထော်ဘီတစ်ယောက် စိတ်တိုပြီး ထမင်းပန်းကန်လွင့်ပစ်ဖို့ကြံတိုင်း ဖေဖေမေမေ ဘွားဘွား တို့စားတာကို ဗိုက်အဟောင်းသားနဲ့ ထိုင်ကြည့်ခဲ့ရတဲ့အဖြစ်ကို သူသတိရမိလိမ့်မယ်လို့ ကျွန်မယုံကြည်မိတယ်။ ဆာတဲ့အရသာဟာ ခံရခက်ကြောင်းနဲ့ သူကြိုက်တဲ့အစားအစာတွေ မစားရတာဟာ ပိုခံရခက်ကြောင်း ထော်ဘီနားလည်သွားပါလိမ့်မယ်။မအိပ်ခင် ထော်ဘီကို ကျွန်မနဲ့စူစန်တို့ ဂွတ်နှိုက်သွားနှုတ်ဆက်ခဲ့ကြတယ်။အဲဒီမှာ ထော်ဘီက သတိလေးနဲ့ "မေမေ... သားအရမ်းဆာနေတယ်။ သား ခေါက်ဆွဲစားလို့ ရနိုင်မလား?" လို့ မေးတယ်။ စူစန်က ခပ်ပြုံးပြုံးလေးနဲ့ ခေါင်းခါပြပြီး"မရဘူး သား...""ဒီလိုဆိုရင် သားအိပ်ပြီး နိုးလာတဲ့အချိန် စားလို့ရလား?""ရတာပေါ့..." နူးနူးညံ့ညံ့ပြန်ဖြေတဲ့ စူစန်ရဲ့အဖြေကြောင့် ထော်ဘီဝမ်းသာသွားခဲ့တယ်။ အစာအရပ်ခံလိုက်လို့ ခံစားရတဲ့ဝေဒနာမျိုး ထော်ဘီနောက်ထပ် ခံရဲတော့မယ် မထင်ပါဘူး။အဲဒီနောက်ပိုင်း ပါးစပ်ဘေးမှာ အစာတွေကပ်ပြီး ထမင်းကို မြိန်ရည်ယှက်ရည်စားနေ တဲ့ ထော်ဘီ ကိုကြည့်ရင်း မြေးမလေးကို ကျွန်မ သတိရမိတတ်တယ်။

 မြေးမလေး ထော်ဘီအရွယ်တုန်းက ထမင်းစားတိုင်း ချော့မော့ရတယ်။ လူကြီးတွေက ထမင်းပန်းကန် ကိုကိုင်ပြီး သူ့နောက်လိုက်ပြေးရတယ်။ ဒါတောင် သူက ဈေးဆစ်သေးတယ်။ ဒီထမင်းစားပြီးရင် ကစား စရာအရုပ်တစ်ရုပ် ဝယ်ပေးရမယ်။ နောက်ထပ်ထမင်းစားရင် နောက်ထပ် အရုပ်တစ်ရုပ်ဝယ်ပေးရမယ်လို့ ဆိုပါတယ်။(၂) သူတစ်ပါးကို နာအောင်လုပ်ပြီးရင် ပြန်လျော်ရတယ်တစ်နေ့မှာ ထော်ဘီကိုခေါ်ပြီး ကျွန်မတို့ ပန်းခြံထဲရောက်ခဲ့ကြတယ်။ သိပ်မကြာပါဘူး.. ထော်ဘီတစ်ယောက် တခြားကောင်မလေးနှစ်ယောက်နဲ့ သူငယ်ချင်းဖြစ်သွားပြီး အတူဆော့ကစားနေကြတယ်။ ပလတ်စတစ်နဲ့လုပ်ထားတဲ့ အိုးတွေ၊ ခွက်တွေ၊ ပန်းကန်တွေ က မြက် ခင်းပြင်တစ်ခုလုံးမှာ ခင်းကျင်းထားတယ်။ ရုတ်တရက် ထော်ဘီတစ်ယောက် အိုးတစ်လုံးယူပြီး ကောင်မလေးတစ်ယောက် ရဲ့ခေါင်းကို ခေါက် ထည့်လိုက်တယ်။ စစချင်းမှာ ထင်မှတ်မထားတဲ့အဖြစ်ကြောင့် ကောင်မလေးကြောင်သွားတယ်။ အဲဒီနောက် အသံကုန်အော်ငိုတော့တယ်။ အငယ်တစ်ယောက်ငိုတော့ အကြီးတစ်ယောက်ကလည်း လန့်ပြီးထငိုတော့တယ်။ ဒီလောက်ထိ ကြီးကျယ်သွားမယ်မှန်း မထင်ခဲ့တဲ့ ထော်ဘီ ဟာ ဘေးမှာ ရပ်ပြီး ကောင်မလေးတွေငိုတာကို ကြောင်ကြည့်နေခဲ့တယ်။အခင်းဖြစ်ရာကို စူစန်ရောက်သွားခဲ့တယ်။ အကျိုးအကြောင်းကို ခန့်မှန်းမိတဲ့စူစန်ဟာ စကားတစ် ခွန်းမှမပြောဘဲ အိုးယူပြီး ထော်ဘီခေါင်းကို အားနဲ့ခေါက်ထည့်လိုက်တယ်။ ထော်ဘီ ကာကွယ် ချိန်မရလိုက်ဘူး။ မြက်ခင်းပြင်ပေါ် ဖင်ထိုင်လဲကျသွားပြီး တဝါးဝါးနဲ့ အော်ငိုတော့တယ်။ ဒါကို စူစန်က "နာလား! နောက်တစ်ခါ ထပ်လုပ်ရဲသေးလား?" လို့ မေးတယ်။ ထော်ဘီ ငိုရင်း ခေါင်းခါပြ တယ်။ နောက် တစ်ကြိမ် သူလုပ်ရဲတော့မှာ မဟုတ်မှန်း ကျွန်မ ယုံကြည်မိပါတယ်။

 ထော်ဘီရဲ့ဦးလေးက ထော်ဘီကို အပြာနုရောင်စက်ဘီးလေးတစ်စီး လက်ဆောင်ပေးခဲ့တယ်။ အဲဒီစက်ဘီးကို ထော်ဘီအရမ်းနှစ်သက်ခဲ့ပြီး တခြားလူတွေ အထိမခံခဲ့ပါဘူး။ ဘေးအိမ်က သူငယ်ချင်းဖြစ် တဲ့ လူစီဟာ စက်ဘီးလေးခဏစီးရဖို့ ထော်ဘီကို အကြိမ်ကြိမ်တောင်းဆိုခဲ့တယ်။ ဒါကို ထော်ဘီ လက်မခံ ခဲ့ဘူး။

တစ်ခါမှာ သူငယ်ချင်းတချို့နဲ့ ထော်ဘီကစားနေခဲ့တယ်။ လူစီဟာ ထော်ဘီသတိမထားမိချိန်မှာ စက်ဘီးလေးကို တိတ်တိတ်စီးထွက်သွားတော့တယ်။ ဒါကို ထော်ဘီတွေ့တော့ ဒေါသတကြီးနဲ့ စူစန်ဆီအပြေးလာပြီး တိုင်ပါတော့တယ်။ ကော်ဖီသောက်ရင်း ကလေးမိဘတွေနဲ့ စကားပြောနေခဲ့တဲ့စူစန်က ထော်ဘီကိုပြုံးပြပြီး "သားတို့ကိစ္စ သားတို့ရှင်းနော်။ မေမေနဲ့ မဆိုင်ဘူး" လို့ ပြောလိုက်တယ်။ ထော်ဘီတစ်ယောက် ခေါင်းငိုက်စိုက်နဲ့ စူစန်ဘေးကနေ ထွက်သွားခဲ့တယ်။တအောင့်အကြာမှာ လူစီစက်ဘီးလေးစီးပြီး ပြန်လာတယ်။ လူစီကိုတွေ့တာနဲ့ ထော်ဘီဟာ လူစီကိုပြေး တွန်းပစ်ပြီး စက်ဘီးကိုပြန်လုလိုက်တယ်။ မြေပေါ်ထိုင်ပြီး လူစီအော်ငိုတော့တယ်။ ဒါကိုတွေ့တော့ စူစန်က လူစီကိုအပြေးပွေ့ပြီး ချော့မော့လိုက်တယ်။ သိပ်မကြာပါဘူး... လူစီတစ်ယောက် တခြားကလေးတွေနဲ့ ပျော်ပျော် ပါးပါး ကစားနေတော့တယ်။ ထော်ဘီဟာ စက်ဘီးစီးရင်းစီးရင်း ပျင်းလာပုံရတယ်။ တခြားကလေးတွေ ပျော်ပျော်ပါးပါး ကစားနေ တာတွေ့တော့ သူလည်း ပါချင်လာခဲ့တယ်။ ဒါပေမယ့် ခုနားက လူစီကိုတွန်းထားတဲ့စိတ်က မနေသာ ခဲ့ပြန်ဘူး။ စူစန်ဆီလာပြီး စူပုပ်ပုပ်လေးနဲ့ "မေမေ...သားလည်း လူစီတို့နဲ့ ကစားချင်တယ်" လို့ဆိုတယ်။"ကစားချင်ရင် သူတို့ကို သွားရှာလေ...""မေမေပါ လိုက်ခဲ့ပေးပါ..." ထော်ဘီက တောင်းတောင်းပန်ပန်နဲ့ဆိုတယ်။"မရဘူး... ခုနားက လူစီကိုငိုအောင် သားလုပ်ခဲ့တယ်။ ခုတော့ သူတို့နဲ့ သားကစားချင်ပြန်တယ်။ ဒါကို သားကိုယ်တိုင် သွားဖြေရှင်းမှရမယ်" ထော်ဘီတစ်ယောက် စက်ဘီးလေးစီးပြီး လူစီတို့အနား တဖြေးဖြေးချည်းကပ်သွားတယ်။ လူစီနားရောက်ခါးနီး စက်ဘီးကို နောက်ပြန်လှည့်ပြန်တယ်။ အဲဒီလို အကြိမ်ကြိမ်လုပ်တာ ဘယ်လောက်ကြာ သွားမှန်း မသိပါဘူး... ထော်ဘီနဲ့လူစီ ပြုံးပြုံးရယ်ရယ်နဲ့ ဆော့ ကစားနေတာ ကို တွေ့ လိုက်ပြန်ပါတယ်။(၃) သားသမီးတွေကို သွန်သင်ဆုံးမတာ မိဘတွေရဲ့အလုပ်စူစန်ရဲ့မိဘတွေက ကယ်ရီဖိုးနီးယားမှာ နေပါတယ်။

ကျွန်မရောက်လာသံကြားတော့ နှစ်ယောက်သား ကားမောင်းပြီး ကျွန်မဆီ အလည်လာကြတယ်။ အိမ်ကို ဧည့်သည်တွေလာတော့ ထော်ဘီတစ်ယောက် မြူးတူးခုန်ပေါက်နေတော့တယ်။ ထော်ဘီဟာ သဲထည့်တဲ့ ပုံးငယ်လေးထဲ ရေအပြည့်ထည့်ပြီး တစ်အိမ်လုံး ပြေးလွှားဆော့ကစားနေခဲ့တယ်။ ကြမ်းပြင်ပေါ် ရေမဖိတ်မိစေဖို့ စူစန်အထပ်ထပ် သတိပေးခဲ့ပေမယ့် ထော်ဘီ ဂရုမစိုက်ခဲ့ဘူး။ နောက်ဆုံးတော့ ရေတွေဖိတ်ပြီး ကြမ်းပြင်စိုရွဲသွားရုံမက ထော်ဘီဟာ အမှားလုပ်လိုက်မိမှန်း မသိဘဲ ဘောင်း ဘီတွေ ရွဲရွဲစိုတဲ့အထိ ရေတွေကိုခြေထောက်နဲ့ နင်းဆော့ကစားနေခဲ့တယ်။ ကြမ်းတိုက်အဝတ်ယူပြီး ကြမ်းတိုက်ဖို့ ကျွန်မအမြန်ပြင်တော့ စူစန်က ကြမ်းတိုက်တံကို ကျွန်မလက်ထဲ ကလုပြီး ထော်ဘီကို ကမ်းပေးလိုက်တယ်။
"ထော်ဘီ... ကြမ်းကို ခြောက်အောင်တိုက်လိုက်။ ပြီးတော့ အဝတ်စိုတွေကို ချွတ်ပြီး ကိုယ်တိုင်လျှော် လိုက်ပါ" စူစန်အပြောကို ထော်ဘီမနာခံဘဲ အော်လိုက် ငိုလိုက်လုပ်နေခဲ့တယ်။ စူစန်ဟာ စကားတစ်ခွန်းမှ မပြောဘဲ ထော်ဘီကိုဆွဲပြီး စတိုခန်းထဲထည့် သော့ခတ်ထားလိုက်တော့တယ်။

အကြောက်အလန့်အော်ငိုနေတဲ့ ထော်ဘီအသံကိုကြားတော့ ကျွန်မစိတ်တွေ နာကျင်ခဲ့မိတယ်။ စတိုခန်းထဲကနေ သူ့ကို ခေါ်ထုတ်ချင်ခဲ့မိတယ်။ ဒါကို စူစန်မိခင်က "ဒါ စူစန်ရဲ့ကိစ္စ" ဆိုပြီး ကျွန်မကို တားခဲ့တယ်။ တအောင့်နေတော့ ထော်ဘီ့ဆီက ငိုသံမကြားရတော့ဘူး။ စတိုခန်းထဲကနေ "မေမေ... သားမှားပြီ" လို့ သူဆိုတယ်။စတိုခန်းအပြင်ဘက်ကရပ်ပြီး စူစန်က "ဒီလိုဆိုရင် ဘာလုပ်ရမလဲဆိုတာ သားသိတယ်နော်" လို့မေးတယ်။"သိပါတယ်"လို့ ထော်ဘီဆီက ဖြေသံကြားမှ တံခါးကို စူစန်ဖွင့်လိုက်တယ်။ စတိုခန်းထဲကနေ ထွက်လာတဲ့ ထော်ဘီ့မျက်နှာပေါ်မှာ မျက်ရည်စီးကြောင်းနှစ်ခုကို တွေ့လိုက်တယ်။ သူ့ထက်နှစ်ဆမြင့်တဲ့ ကြမ်းတိုက်တံကို မနိုင်မနင်းကိုင်ရင် ထော်ဘီကြမ်းတိုက်နေခဲ့တယ်။ အဲဒီနောက် ဘောင်းဘီချွတ်ပြီး ရေချိုးခန်းထဲဝင်ပြီး လျှော်ဖွတ်နေခဲ့ပါတယ်။ တအံ့တသြဖြစ်နေတဲ့ ကျွန်မကိုကြည့်ပြီး စူစန်မိဘတွေက ရယ်ပါတယ်။

ဒီလိုအဖြစ်က ကျွန်မရင်ထဲ နက်နက်နဲနဲ ဝင်ရောက်ခဲ့ပါတယ်။ ကျွန်မတို့ အရှေ့တိုင်းက မိသားစုအများဟာ သားသမီးတွေကို သွန်သင်ဆုံးမချိန်မှာ "ကမ္ဘာစစ်ဖြစ်အောင်" ဖန်တီးနေခဲ့သလိုပါပဲ။ ကလေးကို ဆိုဆုံးမချိန်မှာ အမေဘက် က အဘိုးအဘွားက တားလိုက်၊ အဖေဘက်က အဘိုးအဘွားက ကာကွယ်ပေးလိုက်၊ လင်မယားချင်း ရန်ဖြစ်လိုက်နဲ့ ဆူညံ့ဗွက်လောရိုက်နေတတ်ပါတယ်။အဲဒီနောက် စူစန်မိဘတွေနဲ့ စကားပြောဆိုကြရင်း ကလေးတွေကို ဆိုဆုံးမတဲ့အကြောင်းတွေ ပြောဖြစ် ခဲ့ကြတယ်။ စူစန်မိဘပြောခဲ့တဲ့ စကားတချို့က ကျွန်မရင်ထဲ နက်နက်ရှိုင်းရှိုင်း တိုးဝင်စေခဲ့ပါတယ်။"ကလေးကို မိဘတွေကပိုင်တယ်။ 

ဒါကြောင့် ကလေးကို သွန်သင်ဆုံးမတဲ့ မိဘတွေရဲ့ သွန်သင်ဆုံးမမှုကို ကျွန်မတို့လေးစားရမယ်။ ကလေးက ငယ်တယ်ဆိုပေမယ့် ပါးနပ်ကြတယ်။ သူ့ကိုသွန်သင်တဲ့ မိဘတွေ စိတ်ဝမ်းကွဲတာ၊ အမြင်မတူတာတွေ့ရင် သူ့အတွက် လွတ်ပေါက်၊ ကယ်ပေါက်ဖြစ်သွားမယ်ဆိုတာကို သူသိတယ်။ ဒါဟာ သူရဲ့အပြုအမှု တိုးတက်ကောင်းမွန်ဖို့ အကျိုးမရှိစေတဲ့အပြင် သွန်သင်ဆုံးမလေ ရှုပ်လေဖြစ်ပြီး ပြဿနာတွေ ပိုကြီးလာတတ်တယ်။ မိသားစုအချင်းချင်း စိတ်ဝမ်းကွဲ တာတွေ၊ ငြင်းခုန် တာတွေဖြစ်ပြီး ကလေးကို ပိုမလုံခြုံစေဖြစ်တတ်တယ်။

ကလေးငယ်ရဲ့ စိတ်ဓာတ်ဖွံ့ဖြိုးမှုကို ဆိုးကျိုးသက်ရောက်စေပါတယ်""ဒါကြောင့် အဘိုးအဘွားပဲဖြစ်ဖြစ်၊ မိဘတွေပဲဖြစ်ဖြစ် ကလေးတွေကို ဆိုဆုံးမရာမှာ စိတ်ဝမ်းကွဲတာတို့၊ မိဘချင်း သွန်သင်ဆုံးမပုံ ကွဲပြားတာတို့ဟာ ကလေးရှေ့မှာ မငြင်းခုန်သင့်ဘူး။ မဖြစ်သင့်ဘူး"စူစန်ရဲ့မိဘတွေ အိမ်မှာတစ်ပတ်ကြာနေပြီး ကယ်ရီဖိုးနီးယားကို ပြန်ဖို့ပြင်ဆင်ခဲ့တယ်။ မပြန်ခင်နှစ်ရက်မှာ စူစန်အဖေ့က စူစန်ကို လေးလေးနက်နက်နဲ့ "သမီး.. ထော်ဘီက ကစားစရာမြေကော်စက်လေး လိုချင်သတဲ့။ ဖေဖေ ဝယ်ပေးလို့ရမလား?" လို့မေးတယ်။ဒါကို စူစန်က စဉ်းစားပြီး "ဖေဖေတို့ ဒီတစ်ခေါက်လာတာ သူ့ကို နှင်းစီးဖိနပ်တစ်ရံ လက်ဆောင်ပေးခဲ့တယ် မဟုတ်လား? ခရစ္စမတ်ရောက်ခါနီးမှပဲ မြေကော်စက်လေး ဝယ်ပြီး လက်ဆောင်ပေးလိုက်ပေါ့" လို့ဆိုတယ်။အဲဒီနောက် ထော်ဘီကို သူ့အဘိုးဘာပြောလိုက်သလဲ ကျွန်မ မသိပါဘူး။ ထော်ဘီကို ကျွန်မ မောလ်(mall)ခေါ်သွားတိုင်း ထော်ဘီဟာ မြေကော်စက်ရုပ်လေးကို လက်ညှိုးထိုးပြီး "ဘိုးဘိုးကပြောတယ်။ ခရစ္စမတ်ရောက်ရင် သားကို မြေကော်စက်လေး လက်ဆောင်ပေးမယ်တဲ့"လို့ ဝမ်းသာအားရ ပြောတတ်ပါတယ်။

စူစန်ဟာ ထော်ဘီ့အပေါ်မှာ စည်းကမ်းတင်းကျပ်တယ်ဆိုပေမယ့် ထော်ဘီဟာ သူ့မေမေကို အရမ်းချစ်ခဲ့တယ်။ အပြင်ထွက်ကစားတိုင်း ပန်းပွင့်လေးတွေ ဒါမှမဟုတ် လှတယ်လို့သူထင်တဲ့ သစ်ရွက်လေးတွေကို ခူးပြီး တလေးတစားနဲ့ စူစန်ကို သူလက်ဆောင်ပေးတတ်တယ်။ တခြားလူတွေဆီက လက်ဆောင်ရရင်လည်း စူစန်ကို သူနဲ့အတူ ဖောက်ကြည့်ဖို့ခေါ်တတ်တယ်။ စားလို့ကောင်းတဲ့အရာကို စူစန်အတွက် သူတစ်ဝက်ချန်ထားတတ်တယ်။အရှေ့တိုင်းက သားသမီးတချို့ မိဘအပေါ် အေးစက်၊ လျစ်လျူရှူတတ်တာကို ကြည့်ပြီး အမေရိကားက အင်္ဂလိပ်ချွေးမကို ကျွန်မ မချီးကျိုးဘဲ မနေနိုင်ခဲ့ပါဘူး။ ကလေးတွေကို သွန်သင်ဆုံးမရာမှာ၊ ဖြေရှင်းရမှာ အမေရိကားမိခင်တွေဆီကနေ ကျွန်မတို့ သင်ယူလေ့လာဖို့ အများကြီးရှိသေးကြောင်း ကျွန်မကောက်ချက်ချမိပါတယ်။

ဆရာမ နိုင်းနိုင်းစနေ ဘာသာပြန်သည်။

Wednesday, October 23, 2013

အမေရိကန်မှာ လာရောက် အခြေချသူ အများဆုံး ၅ နိုင်ငံတွင် မြန်မာပါဝင်

ထိုင်း-မြန်မာနယ်စပ် မယ်လဒုက္ခသည်စခန်းက သားအမိ (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

၂၀၁၃ ခုနှစ်အတွင်း အမေရိကန်သို့ ပြောင်းရွှေ့ အခြေချလာသူများထဲတွင် မြန်မာနိုင်ငံသားများက အီရတ်၊ ဘူတန်၊ ဆိုမာလီ နှင့် ကျူးဘား စသည့် နိုင်ငံသားများ နှင့် အတူ အများဆုံးပြောင်းရွှေ့လာသည့် ၅ နိုင်ငံတွင် ပါဝင်နေကြောင်း ယမန်နေ့က ထုတ်ပြန်ခဲ့သော အမေရိကန်နိုင်ငံ၏ ကြေညာချက် တစောင်တွင်ဖော်ပြထားချက်အရ သိရသည်။

၂၀၁၂-၁၃ ဘဏ္ဍာရေးနှစ် အတွင်းတွင် ဒုက္ခသည် စုစုပေါင်း ၆၉၉၃၀ ဦး အမေရိကန်နိုင်ငံသို့ ရောက်ရှိထားပြီး ယခုနှစ် အတွင်းလက်ခံရန် တရားဝင်သတ်မှတ်ထားသည့် ၇၀၀၀၀ ဦး နီးပါးသို့ ရောက်ရှိလာခြင်းသည် ၁၉၈၀ မှစ၍ အခြားသော နှစ်များထက် ပိုများလာခြင်း ဖြစ်သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

နိုင်ငံတခုမှ အမေရိကန် နိုင်ငံသို့ လာရောက် အခြေချနေထိုင်မည့် ဒုက္ခသည် စုစုပေါင်း အရေအတွက်ကို ယခုနှစ် ဇန်န၀ါရီလမှ သြဂုတ်လအတွင်းတွင် အမေရိကန် သို့ ပြောင်းရွှေ့ အခြေချလာသော မြန်မာ ဒုက္ခသည် ၅၂၅၈ ဦးရှိသည်ဟု ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ရုံး၏ အဆိုအရ သိရသည်။

“အမေရိကန်နိုင်ငံဟာ ဒုက္ခသည်များကို လှိုက်လှဲစွာကြိုဆိုတတ်တဲ့ အစဉ်အလာကောင်းရှိပါတယ်။ သူတို့တွေဟာ ပြောပြဖို့ တောင် မစွမ်းနိုင်တဲ့ ကြောက်ရွံ့မှုတွေ၊ ဖိစီးနှိပ်စက်မှုတွေကြောင့် ထွက်ပြေးလာခဲ့ကြတာဖြစ်ပါတယ်။ သမ္မတအိုဘားမား အစိုးရကလည်း ဒုက္ခသည်များကို ခိုလှုံခွင့်ပေးတဲ့ အစီအစဉ်ကို ကမ္ဘာ့ နေရာအချို့က ထိခိုက်ခံစားနေရတဲ့ပြည်သူတွေကို အကာအကွယ်ပေးရေးအတွက် အားထုတ်မှုရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတခုအဖြစ်နဲ့ ဆက်လက် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု အမေရိကန် နိုင်ငံခြားရေးဌာန၏  ကြေညာချက်တွင် ဖော်ပြထားသည်။

၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ် အတွက်လည်း ဒုက္ခသည် နောက်ထပ် ၇၀၀၀၀ အထိ လက်ခံပေးရန်လည်း သမ္မတ အိုဘားမား က ခွင့်ပြုထားပြီး ဖြစ်သည်။ ထို့ကြောင့် အမေရိကန်နိုင်ငံသည် အင်အားကောင်းကောင်းနှင့် ဆက်လက် ရောက်ရှိနေဆဲ ဖြစ်သော အီရတ်၊ မြန်မာ နှင့် ဘူတန်နိုင်ငံများမှ ဒုက္ခသည်များ အပါအ၀င် နိုင်ငံပေါင်း ၆၀ ကျော်မှ ဒုက္ခသည်များကို ဆက်လက်ခံပေးသွားနိုင်ရန် မျှော်လင့်ထားသည်။

“သူတို့ ရှိနေတာဟာ ကျနော်တို့ နိုင်ငံရဲ့ကွဲပြားခြားနားမှုတွေကို ပိုပြီး ထင်ရှားစေပါတယ်။ ကျနော်တို့ရဲ့ ယဉ်ကျေးမှုကို ပိုပြီး ကြွယ်ဝစေပြီးတော့ အမျိုးသားရေး စရိုက်လက္ခဏာတွေကိုလည်း ပိုပြီး အားကောင်းစေပါတယ်” ဟု  ကြေညာချက်တွင် ဖော်ပြထားသည်။ အမေရိကန် ပြည်နယ် ၄၉ ခုရှိ နေရာ ၁၈၆ ခု တွင် ဒုက္ခသည်များ အခြေချ နေထိုင်လျှက်ရှိသည် ဟုလည်း သိရသည်။

၂၀၁၃-၁၄ ဘဏ္ဍာရေးနှစ်၏ အစ ဖြစ်သော အောက်တိုဘာလ ၁ ရက်နေ့ မှ စ၍ အမေရိကန်ပြည်ထောင်စု အစိုးရသည်  အရေးတကြီး မလိုအပ်သော အစိုးရလုပ်ငန်းများကို ဆိုင်းငံ့ထားပြီး ကွန်ဂရက်လွှတ်တော်၏ ဘဏ္ဍာငွေခွင့်ပြုချက်ကို စောင့် ဆိုင်း နေခဲ့ရသည်။ ဒုက္ခသည်များ လက်ခံနေရာချထားရေး အစီအစဉ်သည်လည်း အစိုးရ၏ ၁၆ ရက်ကြာ ဖြတ်တောက်မှု ခံရသည့် လုပ်ငန်းများထဲတွင် ပါဝင်ကြောင်း ဧရာဝတီမှ ယခင်အပတ်က သတင်းရရှိခဲ့သည်။

ထိုင်း မြန်မာ နယ်စပ်မှ ဒုက္ခသည်များကူညီရေး အဖွဲ့တခုကလည်း ဒုက္ခသည်များကို ပို့ဆောင်ပေးနေသည့် ခရီးစဉ်များ ကို ဆိုင်းငံ့ထားရကြောင်း ယခင်အပတ် ကြာသပတေးနေ့က ဧရာဝတီသို့ ပြောသည်။ ရန်ကုန်မြို့ အမေရိကန်သံရုံးမှ ပြောရေး ဆိုခွင့်ရှိသူတဦး ကလည်း ဒုက္ခသည်များ လက်ခံနေရာချထားပေးရေး အစီအစဉ်အပေါ် သက်ရောက်မှုရှိခဲ့သည် ဟု ပြီးခဲ့သည့် သောကြာနေ့တွင် အတည်ပြုပြောကြားခဲ့သည်။ ယခုအချိန်တွင် အမေရိကန် အစိုးရ၏ ဘဏ္ဍာရေး အကျပ် အတည်းဖြေရှင်းပြီး၍ အောက်တိုဘာ ၁၇ ရက်နေ့ တွင် လုပ်ငန်းများကို ပြန်လည် စတင်ခဲ့ပြီ ဖြစ်သည်။

ဒုက္ခသည်များ လက်ခံနေရာချထားရေး အစီအစဉ်ကို ပြန်လည် စတင်နေပြီဖြစ်ကြောင်း ယခုအပတ် အင်္ဂါ နေ့တွင် အမေရိကန်သံရုံးမှ ပြောရေး ဆိုခွင့် ရှိသူက ပြောကြားခဲ့သည်။

“ဒုက္ခသည် အစီအစဉ်ဟာ ပုံမှန်အတိုင်းဆက်လက်လုပ်ဆောင်နေပြီလို့ ကျနော်တို့ မျှော်လင့်ပါတယ်။ အစိုးရ ဘတ်ဂျက် ပြတ်တောက်မှုကလည်း ပြီးဆုံးခဲ့ပါပြီ” ဟု အဆိုပါ ပြောရေးဆိုခွင့် ရှိသူက ပြောသည်။

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ အဆိုအရ ၾသစေတ်းလ်၊ ကေနဒါ၊ ဂျပန်နှင့် ဥရောပသမဂ္ဂ အဖွဲ့ဝင် နိုင်ငံများ ကဲ့သို့ တတိယ နိုင်ငံများတွင် အခြေချနေထိုင်သည့် မြန်မာ ဒုက္ခသည် ၈၇၀၀၀ ခန့် ရှိသည်ဟု သိရသည်။ အမေ ရိကန် နိုင်ငံသည် အများဆုံးလက်ခံသည့် နိုင်ငံဖြစ်ပြီး ၂၀၀၅ ခုနှစ်မှ ၂၀၁၃ ခုနှစ် သြဂုတ်လ အထိ မြန်မာ ဒုက္ခသည် ၆၉၀၀၀ ကျော် လက်ခံခဲ့ပြီး ဖြစ်သည်။

ဧရာဝတီ

ရွှေထွက်တဲ့ သစ်ပင်


Gold from Trees

သိပ္ပံ ပညာရှင် တွေက ရွှေကြောရှာဖွေ ရင်းနဲ့ ရွှေတွေ သီးနေတယ်လို့ ဆိုလို့ရတဲ့ Eucalyptus သစ်ပင်တွေ ကို မတော် တဆ တွေ့ရှိခဲ့ ပါတယ်။ ဒီအပင်တွေကို ဘယ်လို အသုံးချ ကြမလဲ။

ပုံပြင်ထဲ မှာတော့ ကိုယ်လိုချင်တဲ့ ပစ္စည်း တွေကို အပင် တွေဆီက ခူးယူကြတာ ကြားဖူး ကြမှာပါ။ ရှေးတုန်း ကလဲ ပစ္စည်းတွေ သီးတဲ့ ပဒေသာပင် ဆိုတာ ရှိခဲ့တယ်လို့ လူကြီးတွေက ပြောဖူးကြ ပါတယ်။ ကဲအခု ကတော့ ပစ္စည်းတွေ သီးတဲ့ အပင်တွေ အကြောင်းတော့ မဟုတ် ပေမယ့် ရွှေထွက်တဲ့ သစ်ပင်တွေ အကြောင်း ပြောပြမှာပါ။


ရွှေထွက်တဲ့ သစ်ပင်ဆိုလို့ ရွှေတုံးကြီးတွေ သီးနေတဲ့ အပင်တွေကို သွားမြင် နေကြမယ် ထင်ပါတယ်။ တကယ်တော့ အဲဒီလို မဟုတ်ပါဘူး။ ရွှေထွက်တဲ့ သစ်ပင်တွေ တွေ့တဲ့ နေရာ ကတော့ ခြောက်သွေ့တဲ့ ဒေသ တစ်ဖြစ်လဲ Goldfields-Esperance ဒေသဖြစ်ပြီး သြစတြေးလျ တိုက် အနောက် ဘက်မှာ ရှိတာပါ။ မူလ ကတော့ ရှာဖွေသူ တွေဟာ ဒီရွှေထွက်တဲ့ မြေအောက်မှာ ဘာရှိသလဲ ဆိုတာ လောက်ပဲ ရှာဖွေဖို့ ရည်ရွယ် ခဲ့ပေမယ့် တကယ် ရွှေတွေ့တော့ မြေကြီးထဲမှာ မဟုတ်ဘဲ Eucalyptus သစ်ပင် တွေမှာ သွားတွေ့ ပါတယ်။ အဲဒီဒေသက Eucalyptus သစ်ပင် တွေဟာ အကိုင်း အလက် ချိုးခံရ ပေမယ့်လည်း မူလ အတိုင်း ပြန်လည် ရှင်သန် နိုင်စွမ်းရှိတဲ့ အပင်တွေ ဖြစ်ပြီး အမြစ်တွေ ဟာလည်း မြေအောက် ဘက်ကို လျှိုတိုးနိုင်စွမ်း အားကောင်း တာကြောင့် ရေသောက် မြစ် တွေက ဘယ်လို မြေအောက် ရေကို အသုံးချပြီး အပင်တွေ ကို ရှင်သန် စေသလဲ ဆိုတာတောင် ရှာရခက် ပါတယ်။ ဒီမှာ မေးစရာ ရှိတာက မြေကြီး အောက်က ရွှေတွေဟာ သစ်ပင် ကနေ ဘာကြောင့် ထွက်သလဲ ဆိုတာပါပဲ။


တကယ်တော့ Eucalyptus သစ်ပင်တွေရဲ့ အမြစ်ဟာ ရှည်လျား လွန်းတာ ကြောင့် ရွှေတွေရှိတဲ့ မြေလွှာ ထဲအထိ ရောက်ရှိ နိုင်ပါတယ်။ သစ်ပင် တွေဟာ ဓာတ်ပစ္စည်း တွေကို မြေအောက် ကနေ သယ်ဆောင် နိုင်စွမ်းရှိတာ မဆန်းပေမယ့် မူလ အားဖြင့် ရွှေဆိုတဲ့ သတ္တုဟာ အပင် တွေရဲ့ အဆိပ် ဖြစ်တာကြောင့် ဒီအပင် တွေကတော့ အထူး အဆန်းလို ဖြစ်နေ ပါတယ်။ ရွှေရှိတဲ့ မြေလွှာထဲ ရောက်နေတဲ့ အမြစ် တွေက ရွှေအပိုင်း အစ တွေကို စုပ်ယူပြီး နောက် အန္တရာယ် ရှိတဲ့ ဓာတ်ပေါင်း စည်း မှုတွေ မဖြစ်ဖို့ အပေါ်ဆုံး အဖျားမှာ ရှိတဲ့ အရွက် ကျတွေဆီ ပို့ပေး လိုက် ပါတယ်။ ဒီဖြစ်စဉ်ကို ရှာဖွေ တွေ့ရှိသူ တွေက အစက မယုံကြ သေးပါဘူး။ ဖန်လုံအိမ် ထဲမှာလည်း အဲဒီ အပင်တွေ ရွှေတွေကို သယ် ဆောင် နိုင်စွမ်း ရှိ၊မရှိ စမ်းသပ်ခဲ့ ကြရာမှာ အမှန် ဖြစ်တယ် ဆိုတာ လေ့လာ တွေ့ရှိခဲ့ ကြပါတယ်။

စာဖတ်သူများ စဉ်းစားမိ ကြမှာပါ။ အဲဒီအပင် တွေကို ရှာဖွေ တွေ့ရှိသူ တွေဟာ အပင် တွေကို ခုတ်ပြီး ဘာလို့ ရွှေတွေ ထုတ်မယူ ကြတာလဲ ဆိုတာပါပဲ။ အဲဒီ Eucalyptus အပင်တွေက ရွှေထွက် ပေမယ့် များပြားလှတာ မဟုတ် ပါဘူး။ အမှုန်အမွှား လောက်ပဲ ဖြစ်ဟန် တူပါတယ်။ ဘာကြောင့် လည်း ဆိုတော့ အဲဒီလို ရွှေ ထွက်တဲ့ အပင်ပေါင်း ၅၀၀ လောက် ပေါင်းမှ လက်ထပ် လက်စွပ် တစ်ကွင်းစာ လုပ်ဖို့ လုံလောက်တဲ့ ရွှေသာ ရနိုင်လောက် လို့ပါပဲတဲ့။ အဲဒီတော့ ဒီအပင် တွေဟာ ရွှေထွက် ရာမှာ အသုံး မ၀င်ရင် ဘယ်မှာသုံး ကြပါမလဲ။ ရွှေထုတ်တဲ့ နေရာမှ သုံးကြပါ မယ်တဲ့။ အပင်တွေ စိုက်ပြီး ရွှေ ရှိ၊မရှိ စမ်းသပ်လို့ ရတာကြောင့် ရွှေကြော တွေကို ပေါက်တူး ပေါက်ပြီး ရှာစရာ မလိုတော့ ပါဘူး။

ဒီနည်းဟာ မတူးဖော် ရသေးတဲ့ ကမ္ဘာ့ရွှေ ပမာဏ သုံးဆယ် ရာခိုင်နှုန်း လောက် ရှိမယ်လို့ တွက်ဆခံ ထားရတဲ့ Goldfields- Esperance ဒေသ အတွက်တော့ ရွှေဖြစ်တဲ့ ရွှေစမ်းနည်းပါပဲ။ သူများနိုင်ငံမှာ ဒီလို သဘာဝ မပျက် စီးတဲ့ ရွှေရှာတဲ့ နည်းသစ်တွေ တွေ့လာတာ အားလုံး အတွက် အရမ်းကောင်း ပါတယ်။ ဒီလိုနည်း မျိုးကို ကျွန်တော်တို့ နိုင်ငံမှာ သုံးနိုင် ရင်တော့ အကောင်းဆုံး ပါပဲ။ ဒါမှ အလ ဟဿ တောင်တွေ၊ တောတွေ၊ သဘာဝတွေ မပျက်စီး နိုင်သလို ဒေသခံတွေ အတွက်လဲ အကျိုး ရှိလှပါကြောင်း တင်ပြလိုက် ရပါတယ်ဗျာ။

Myanmar Youth Media Club

Abortion Pills ဖျက်ဆေးတွေအကြောင်း


Misoprostol တမျိုးထဲနဲ့ ကိုယ်ဝန်ဖျက်နည်းကို ၁၉၇ဝ ကျော်ကတည်းက သုံးနေခဲ့တယ်။ ဒိနောက်မှာ (Misoprostol + Mifepristone) ဒါမှမဟုတ် (Misoprostol + Methotrexate) ဆေး ၂ မျိုးတွဲသုံးလာတယ်။ ၂၂ ပါတ် ကိုယ်ဝန်ကို ဆေးသုံးပြီးဖျက်ဘို့ နည်း ၃ မျိုးရှိလာတယ်။
1) Misoprostol + Mifepristone နည်း
• Mifepristone ကို RU-486 လို့လဲခေါ်တယ်။ Mifegyne လို့လဲခေါ်တယ်။ Mifeprex လို့လဲခေါ်တယ်။
• Antiprogestogen ကိုယ်ဝန် ဆက်တည်တန့်ဘို့ အတွက်လိုအပ်တဲ့ (ပရိုဂျက်စတိုဂျင်) ဟော်မုန်းကို ဆန့်ကျင်တဲ့ဆေး ဖြစ်တယ်။
• Mifepristone ဆေးကို ပါးစပ်ကဖြစ်ဖြစ် မွေးလမ်းကဖြစ်ဖြစ်ပေးလို့ရတယ်။ သားအိမ်နံရံ ပါးလာမယ်။ သားအိမ်ဝကို ပျော့စေ၊ ကျယ်စေတယ်။ အချင်း (ဆဲလ်) တွေ အသစ်ဖြစ်မှာကို တားဆီးတယ်။ အချင်း ကွာကျလာမယ်။ သားအိမ်ကိုလည်း ပိုပြီးညှစ်လာစေတယ်။ အထဲကရှိတာကို အပြင်ထုတ်မယ်။
• Induced abortion ၄၉ ရက်အထိ ကိုယ်ဝန်ကို ဖျက်ခြင်း (FDA အသိအမှတ်ပြုနည်း)
o ပဌမနေ့။ Mifepristone (Mifeprex) 200 mg ၃ ပြားကို ပါးစပ်ကတပြိုင်နက်တည်း သောက်ပါ။
o တတိယနေ့။ Misoprostol (Cytotec) 200 mcg ၂ ပြားကို ပါးစပ်ကတပြိုင်နက်တည်း သောက်ပါ။
o ၁၄ ရက်အကြာမှာ ဆရာဝန်ပြန်ပြပါ။ လိုအပ်ရင် သားအိမ်ခြစ်ပေးမယ်။
• သားအိမ်ခြစ်စရာမလို၊ ဝယ်ရတာနဲနဲခက်၊ ဆေးဈေးကြီး၊ သူ့အလိုလိုပျက်ကျသလိုနေ၊ ၉၅% ထိရောက်မှုရှိ။ ဆေးခန်းကို ၂ ကြိမ်ပြရန်လို။ သွေးဆင်းနေတာက Misoprostol (Cytotec) တမျိုးထဲသုံးတာထက် ပိုကြာနိုင်။
• မွေးလမ်းက သွေးဆင်းတာအတွက်လဲ သုံးတယ်။ အရေးပေါ်တားဆေးအဖြစ် Mifepristone 100 mg တလုံးထဲ သောက်ရတယ်။

2) Misoprostol (Cytotec) ဆေးသုံးနည်း
Cytotec, Citotec, Cyprostol, Arthrotec, Gymiso, Misotrol, Mibetec, Oxaprost, Prostokos နာမည်တွေနဲ့ ရတယ်။ NSAID အကိုက်အခဲပျောက်ဆေးတွေကြောင့်ဖြစ်တဲ့ Gastric ulcers အစာအိမ်နာအတွက်လဲ သုံးတယ်။
• (က) ၁၂ ပါတ် အထိကိုယ်ဝန်ကို Misoprostol (Cytotec) တမျိုးထဲနဲ့ဖျက်ခြင်း၊
o Misoprostol 800mcg ကို မွေးလမ်းကြောင်းကနေ ဝ နာရီတခါ၊ ၆ နာရီတခါ၊ ၁၂ နာရီတခါ စုစုပေါင်း ၃ ခါထည့်ပါ။ ဒါမှမဟုတ် -
o Misoprostol 800mcg ကို မွေးလမ်းကြောင်းကနေ ၁၂ နာရီတခါ ပေါင်း ၃ ခါထည့်ပါ။ ဒါမှမဟုတ် -
o Misoprostol 800mcg ကို မွေးလမ်းကြောင်းကနေ ၂၄ နာရီတခါ ပေါင်း ၃ ခါ ထည့်ပါ။ ဒါမှမဟုတ် -
o Misoprostol 800mcg ကို လျှာနဲ့ ပါးစောင်မှာ ၃ နာရီခြား ၃ ခါ ငုံထားပါ။
• မွေးလမ်ကြောင်းကထည့်တာက ပါးစပ်ကသောက်တာနဲ့ ထိရောက်မှုတူပြီး၊ ဘေးထွက်-ဆိုးကျိုး ပိုနည်းတယ်။ လေ့လာမှု တချို့အရ ပါးစပ်ကသောက်တာဟာ ထိရောက်မှုနည်းတယ်။ မွေးလမ်းကထည့်ရင် ဆေးပြားကို နဲနဲ စိုအောင်အရင်လုပ်ပါ။ အတွင်းထိရောက်ပါစေ။ ပါးစပ်ကနေ အရင်ငုံထားတာ မိနစ် ၃ဝ နေလို့မှ ဆေးက ပျော်မသွားရင်တော့ မျိုချပါ။
• ၁၂ နာရီအတွင်း ၇ဝ% အကုန်ပျက်ကျတယ်။
• ၂၄ နာရီအတွင်း ၈ဝ% အကုန်ပျက်ကျတယ်။
• ၄၈ နာရီအတွင်း ၉၅% အကုန်ပျက်ကျတယ်။
• သားအိမ်ခြစ်စရာမလို၊ ဝယ်ရတာမခက်၊ ဈေးသိပ်မကြီး၊ သူ့အလိုလို ပျက်ကျသလိုနေ၊ ပျမ်းမျှ ၉၃% ထိရောက်မှုရှိ။
• (ခ) ၁၃-၂၂ ပါတ် အထိကိုယ်ဝန်ကို Misoprostol (Cytotec) တမျိုးထဲနဲ့ဖျက်ခြင်း၊
o Misoprostol 400mcg ကို မွေးလမ်းကြောင်းကနေ ၃ နာရီတခါ၊ ပေါင်း ၅ ခါထည့်ပါ။ • (ဂ) ၂၃ ပါတ်ကျော်နေတဲ့ ကိုယ်ဝန်ကို
o Misoprostol (Cytotec) ဆေးတမျိုးထဲနဲ့ ရနိုင်-မရနိုင် မသေခြာပါ။

3) Misoprostol + Methotrexate (M&M) ဆေး ၂ မျိုးတွဲနည်း
• ၇ ပါတ် (၄၉ ရက်) ကိုယ်ဝန်အတွက်သုံးနိုင်တယ်။
• Methotrexate ဆေးက DNA synthesis ကိုတားဆီးပေးတယ်။ ထိုးဆေး-စားဆေးရှိတယ်။ (အော်တိုအင်မြူးန်) ရောဂါတချို့အတွက်လဲသုံးတယ်။ ကင်ဆာတွေမှာလဲသုံးတယ်။ ဖေါလစ်-အက်စစ် အလုပ်ကိုလဲ တားဆီးတယ်။
• Methotrexate + Misoprostol ကို သားအိမ်ပြင်ပ သန္ဓေတည်တာအတွက်လဲ သုံးနိုင်တယ်။
• ကိုယ်ဝန်ရှိတာဟာ သားအိမ်ထဲလား၊ အပြင်မှာလား၊ IUD သားအိမ်ထဲ တားနည်း-ပစ္စည်း ရှိ-မရှိ ကြည့်မယ်။
• Methotrexate IM ဆေးထိုးပေးပြီးနောက် ၃-၇ ရက်အကြာမှာ Misoprostol suppositories ၂ ပြားကို ဗဂျိုင်းနားကဖြစ်ဖြစ် ပါးစပ်ကဖြစ်ဖြစ်ပေးမယ်။
• Methotrexate တမျိုးထဲကနေ ၁ဝ% သွေးဆင်းမယ်။ ဆေး ၂ မျိုးပေးပြီးနောက် ၄ နာရီကနေ ၂၁ ရက်အတွင်း သွေးဆင်းမယ်။ တချို့က ၄ ပါတ်နေမှသွေးဆင်းတယ်။ ဆင်းနေတာ ၈-၁၆ ရက်အထိကြာနိုင်တယ်။ ဒိထက်ကြာ နေရင် ဆရာဝန်ပြန်ပြပါ။ တော်တော်နဲ့မဆင်းသေးသူကို Misoprostol ဒုတိယအကြိမ်ထပ်ပေးနိုင်တယ်။
• FDA က အသိအမှတ်ပြုမထားပါ။ ဝယ်ရတာခက်နိုင်၊ ဆေးဈေးကြီး၊ ကိုယ်ဝန်နုတာသာသုံးနိုင်။ သွေးဆင်းနေတာ Misoprostol တမျိုးထဲ သုံးတာထက် ပိုကြာနိုင်။

Mifepristone ဆေးကို တခြား ကိုယ်ဝန်ဆောင်အခြေအနေများမှာသုံးခြင်း
• Intrauterine death (IUD) ကလေးအထဲမှာ သေနေရင် -
o ၁၃-၁၇ ပါတ်ကိုယ်ဝန်= Mifepristone (Mifeprex) 200mg ကို မွေးလမ်းကြောင်းထဲ ၆ နာရီခြား ထည့်ပါ။
o ၁၈-၂၆ ပါတ်ကိုယ်ဝန်= Mifepristone (Mifeprex) 100mcg ကို မွေးလမ်းကြောင်းထဲ ၆ နာရီခြား ထည့်ပါ။
o ၂၇ ပါတ်ကျော်ကိုယ်ဝန် = 25-50mcg ကို မွေးလမ်းကြောင်းထဲ ၄ နာရီခြားထည့်ပါ။
o အရင်က LSCS/CS ဗိုက်ခွဲမွေးထားသူဆိုရင် ဆေးလျှော့ပေးပါ။

• Induction of labor ကလေးမြန်မြန်မွေးအောင်လုပ်ခြင်း
o Mifepristone (Mifeprex) 25mcg ကို မွေးလမ်းကြောင်းထဲ ၄ နာရီခြားထည့်ပါ။ ဒါမှမဟုတ်
o Mifepristone (Mifeprex) 50 mcg ပါးစပ်က ၄ နာရီခြားသောက်ပါ။

Dr. တင့်ဆွေ

ကျန်းမာရေး အသိ လွဲနေမှု များ


ကျန်းမာရေး နဲ့  ပက်သက် လို့ အများ လက်ခံ သိရှိ ထားတဲ့ အချက် နဲ့ တကယ့် အဖြစ်မှန် တို့ဟာ ကွဲလွဲ နေတတ် ပါတယ်။ အောက် ဖော်ပြပါ အမေး၊ အဖြေ များ ကို ကြည့်လိုက် ရင် အထင် နဲ့ အမြင် ကွဲပြား ခြားနား နေတာ ကို သိရှိ နားလည် သွား နိုင် ပါတယ်။

( ၁ ) လက်ဆစ် တွေ ကို ချိုးဖန်များရင် အဆစ် အမြစ် ရောင် ရောဂါ ဖြစ်တတ် တယ်

မဟုတ်ပါ ဘူး။ လက်ဆစ်တွေ ကို ချိုးလိုက် တဲ့ အခါ ဂျွတ်ခနဲ၊ ဗျစ်ကနဲ မြည် သွား တာက အရိုးများ အကြား မှာ ပိတ်မိ နေတဲ့ ဓာတ်ငွေ့တွေ ထွက်သွား လို့ အသံမြည် ရခြင်း သာ ဖြစ်ပါ တယ်။ အရိုး ကြား က အခိုးအငွေ့ တွေ ထွက်သွား လို့ ပေါ့ပါး တောင် သွားပါသေး တယ်။

( ၂ ) ဆံပင်၊ အမွှေး အမှင်တွေ ကို မကြာခဏ ရိတ်ပေး ရင် ဆံပင်၊ အမွှေး အမှင် တွေ သန်လာ တတ် ပါတယ်

မဟုတ်ပါဘူး။ ကတ်ကျေး နဲ့ ဆံပင်တွေ ကို ဖြတ်ချ လိုက်သလို ပါပဲ။ ဆံပင်နဲ့ အမွှေး အမှင်တွေ ကို ရိတ်ပေး နေတာဟာ ငုတ်စ ကလေးတွေ တိုသွားရုံ သက်သက် ပဲ ဖြစ်စေ ပါတယ်။

( ၃ ) အိပ်လွန်းအားကြီးရင် ပင်ပန်းနွမ်းနယ်သွားတတ်တယ်

မှားပါတယ်။ ကျန်းမာ ပျော်ရွှင်နေ သူတွေ ဟာ အလွန်အမင်း အိပ်နေလေ့ မရှိ ပါဘူး။ အိပ်ရာ ထဲမှာ အစွဲ အမြဲ အိပ်နေလေ့ ရှိသူတွေဟာ သူတို့မှာ ရောဂါ တစ်ခုခု စွဲကပ် ၀င်ရောက် နေတဲ့ လက္ခဏာ ကို ပြနေ ပါတယ်။ ဖျားနာ လို့ သော်လည်း ကောင်း၊ စိတ်ကျ ဝေဒနာ ခံစား ရလို့ သော် လည်းကောင်း အိပ်ရာ ထဲမှာ မထ တမ်း အိပ်နေ ကြခြင်း သာ ဖြစ်ပါတယ်။

( ၄ ) နှာချေချင် လျက်သား နဲ့ နှာမချေ ဘဲ အောင့်ထားရင် အန္တရာယ် ဖြစ်တတ် ပါတယ်

မှန်ပါတယ်။ နှာချေ ခါနီး မှ နှာမချေ ဘဲ အောင့်ထား လိုက်ရင် တိုးထွက် သွားမယ့် လေတွေ၊ နှပ်တွေ၊ သလိပ် တွေ ဟာ အလွန် နူးညံ့ သိမ်မွေ့တဲ့ နား အစိတ် အပိုင်းတွေ ဆီကို ရောက်သွား ပါတယ်။ နားနဲ့ ပက်သက် တဲ့ ကူးစက် ရောဂါတွေ ဖြစ်တတ် ပါတယ်။ ဖြစ်တောင့် ဖြစ်ခဲ တစ်ခါ တစ်ရံ မှာ နားပင်း သွားတဲ့ အထိ ဖြစ်သွား နိုင် ပါတယ်။

( ၅ ) ချက်ပြုတ်ပြီး မုန်လာ ဥနီ က ဘယ်လို လုပ်ပြီး ဆေးဖက်ဝင် အာနိသင် တွေ ဖြစ်လာ ရသလဲ

လူ အများစု က ဟင်းသီး ဟင်းရွက် တွေ ကို အစိမ်း လိုက်စား မှ ပိုကောင်း တယ် လို့ ပြောတတ် ကြပါ တယ်။ ဒါ ပေမယ့် အာရ်ကင် ဆေး တက္ကသိုလ် မှ လေ့လာ တွေ့ရှိချက် တွေ အရ ကတော့ မုန်လာဥနီ တွေ ကို ချက်ပြုတ် စားသောက် ရင် အာဟာရ ဓာတ် ပိုပြီး ထက်မြက် တယ် လို့ သိရ ပါတယ်။ မုန်လာဥနီ တွေ ကို ချက်ပြုတ် လိုက်တဲ့ အခါ အပူဓာတ် ရသွား လို့ မုန်လာဥနီ တွေ ရဲ့ အမျှင် တွေ ဟာ နူးညံ့ ပျော့ပြောင်း သွား ပါ တယ်။ အမျှင် တွေပျော့ပြီး လျော့ရဲ သွားတော့ ဖီနောလစ် ဓာတ်တွေ ဟာ ဥနီ ရဲ့ ကလာပ် စည်း တွေမှ ပိုမို ထွက်ခွင့် ရသွား ပါတယ်။ ဖီနောလစ် ဓာတ်တွေ ပိုထွက် လာလို့ သွေးသန့် စေတဲ့ အာနိသင် တွေ ပိုမို ရရှိ လာတာ ဖြစ်ပါတယ်။ ဒါကြောင့် မုန်လာ ဥနီ ကို အစိမ်း လိုက် စားတာ ထက် ချက်ပြုတ် စားတာ က ပိုပြီး အကျိုး များ ပါတယ်။

မောင်မောင်လှိုင် ( အပ်စိုက်ကု )

ဗုံးပေါက်ကွဲမှု ဖော်ထုတ်ရန် အမေရိကန် ကူညီဟုဆို


အမေရိကန်နိင်ငံသူတစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည့်
ကုန်သည်ကြီးများ ဟိုတယ် ဗုံးပေါက်ကွဲမှုကို ဖော်ထုတ်
နိင်ရန် အမေရိကန် ပြည်ထောင်စုက နည်းပညာများ
ပံ့ပိုးကူညီခဲ့ကြောင်း သမ္မတရုံးမှ အဆင့်မြင့် အရာရှိတစ်ဦးက
ပြောကြားသည်။

ကုန်သည်ကြီးများဟိုတယ်တွင် ထိခိုက်ဒဏ်ရာရရှိသူ
အမျိုးသမီးသည် အမေရိကုန်နိင်ငံတွင် ကျင်းပမည့် သမ္မတ ရွေးကောက်ပွဲဝင်ပြိုင်မည့် သမ္မတလောင်း တစ်ဦး၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ဖြစ်သည်ဟု ၎င်းက
ဆိုသည်။

“ဗုံးကို အသက်သွင်း ထောင်ဖို့နေရာကို ဖုန်းဆက်ပြီး ညွန်ကြားချက်တောင်းခံတာကို ဖော်ထုတ်ဖို့ အမေရိကန်က
အချိန်နဲ့ တပြေးညီ ကူညီ ပေးတယ်”ဟု ၎င်းက ဆိုသည်။

ဟိုတယ်တွင် ဗုံးထောင်ရန်လာရောက်တည်းခိုသူသည်
ဓါတ်လှေကားကိုပင် အသုံးမပြုတတ်၍ ဟိုတယ်ဝန်ထမ်းက
လိုက်ပို့ပေးခဲ့ရသည်ဟု ဆိုသည်။

အမေရိကန်အမျိုးသမီး၏ အခြေအနေမှာ အရေးပေါ်
စိုးရိမ်ရသည့် အခြေအနေတွင် မရှိတော့ကြောင်း၊
ခြေထောက်နှစ်ဖက်စလုံးမှာ ဗုံးစများ မှန်ထားသော
ကြောင့် မတ်တပ်မရပ်နိုင်သေးကြောင်း၊ ကျောက်ကပ်ကို
အနည်းငယ်ထိခိုက် သွားသည်ဟု ယူဆရကြောင်း
ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး
အောက်တိုဘာလ ၁၅ရက်နေ့ ညနေတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရှင်းပြပြောဆိုသည်။

ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ အမေရိကန် အမျိုးသမီးကို
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆေးရုံတွင် ဆေးကုသမှုခံယူရန်
အတွက် အခင်းဖြစ်ပွားသည့်နေ့၌ပင်တွင် လေယာဉ်ဖြင့် ပို့ဆောင်
လိုက်ပြီး လေဆိပ်သို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဒေါက်တာ တင်ရွှေ၊ အမေရိကန်သံရုံးမှ တာဝန်ရှိသူများ လိုက်ပါပို့ဆောင်ခဲ့ကြသည်။

ယခုလ ၁၅ရက်နေ့ ည ၁၁နာရီ ကျော်ခန့်တွင် ကုန်သည်ကြီးများ
ဟိုတယ်၊ အခန်းနံပါတ် ၉၂၁ ၌ အမေရိကန်နိုင်ငံသူ ရေအိမ်
တက်စဉ် ဗုံး ပေါက်ကွဲမှု ဖြစ်ပွားကာ အဆိုပါအခန်းအတွင်း အမေရိကန်နိုင်ငံသား အမျိုးသားတစ်ဦး၊ ကလေးငယ်နှင့်အတူ တည်းခိုနေထိုင်ကြောင်း သိရသည်။

People power
 

Tuesday, October 22, 2013

ဓာတ်ပုံခိုးရိုက်ကာ အင်တာနက်ပေါ် တင်လေ့ရှိတဲ့ NLD ပါတီအလုပ် အမှုဆောင် အတွင်းရေးမှူး တစ်ဦးကို ပြည်သူအချို့က ရိုက်နှဏ်ဆုံးမ


တောင်ဒဂုံမြို့နယ်တွင် ဓာတ်ပုံခိုးရိုက်ကာ အင်တာနက်ပေါ် တင်လေ့ရှိတဲ့ NLD ပါတီအလုပ်အမှုဆောင် အတွင်းရေးမှူး တစ်ဦးကို ပြည်သူအချို့က ရိုက်နှပ်ဆုံးမလိုက်ကြောင်း သတင်းရရှိသည်။

ကိုလှသန်းဦးက ရာကျော်လမ်းရှိ သီတင်းကျွတ် မီးထွန်းပွဲတော်တွင် မိတ်ဆွေဖြစ်သူကိုအောင်နိုင်၏ သားသ မီးများအား ဓာတ်ပုံရိုက်သည်ဟုဆိုက ဖုန်းကင်မရာဖြင့် အခြားသူများကို လိုက်ရိုက်နေသဖြင့် ဒေသခံပြည် သူအချို့က ဝိုင်းဝန်းရိုက်နှပ်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် လက်သီးဖြင့် ထိုးကြိတ်မှုကြောင့် ၀ဲဘက်နားထင်၊ ယာလက်ကောက်ဝတ်တို့တွင် နာကျင်ဒဏ်ရာ များ ရရှိကာ သင်္ဃန်းကျွန်းဆေးရုံတွင် ပြင်ပလူနာအဖြစ် ကုသခဲ့ရသည်။

အတိုင်အတောထူသည့် NLD ပါတီ အတွင်းရေးမှုးမှ ၎င်းတို့ကို အရေးယူပေးရန် ကိုလှသန်းဦးက စွပ်စွဲတိုင်တန်းထားသဖြင့် ရဲစခန်းက (ပ)၈၈၂/ ၂၀၁၃ ဖြင့် အမှုဖွင့်ပေးထားရသည်ဟုလည်း တိုင်းရဲ တပ်ဖွဲ့က ဆိုသည်။

Myanmar Express

ကျားလိင်အင်္ဂါ ဆေးထိုးခြင်း(+18)



လိင်အင်္ဂါကြီးအောင် ကျားအင်္ဂါထဲကို ဆီလီကွန်တို့ ပန်းပေါင်းဆီတို့အစား နောက်ပိုင်း ပင်နယ်စလင် ထိုးဆေးအဆီကို ထိုးထည့်ကြတာ သိပ်များလာပါတယ်။ (၃) ခါ ထိုးရပါတယ်။ ပင်နင်စလင်အဆီက တခါတလေ ခဲနေရင် မီးဝန်း လိုက်ပါသေးတယ်။ ပထမ တစ်ခါထိုးပြီး အသားနုလေးတစ်လွာ တက်လာအောင်စောင့်ပြီးမှ ဒုတိယ အကြိမ်ပြန်ထိုး ရပါတယ်။ တတိယ အကြိမ် ထိုးပြီးရင် ဆေးအောင်တယ်လို့ ဆိုပါတယ်။ ပင်နင်စလင် ဆေးက ကျားအဂါ် အထဲသို့ရောက်လျင် ပန်းပေါင်းလို မဟုတ်ဘဲ့ အသားဆဲလ်တွေပြန်ဖြစ်သွားပြီး သူကအထဲမှာ ဘာမှဒုက္ခ မပေးဘူးလို့ ဆိုပါတယ်။ ဟုတ်ပါသလား။ ကျားကင်္ဂါ ကြီးချင်ကျလို့ ပင်နင်စလင် အဆီကို တော်တော်များများ ထိုးနေကြတာ တွေ့ရပါတယ်ဆရာ။ ဘာအန္တရာယ်မှ မရှိတာ သေချာလားဆရာ သိချင်ပါတယ်။

Penicillin G procaine in oil ပနယ်စလင်အဆီထိုးဆေး ၁ စီစီထဲမှာ Penicillin G procaine 100,000 units နဲ့ Peanut ပဲဆီ၊ ဒါမှမဟုတ် Sesame နှမ်းဆီ၊ ဒါမှမဟုတ် Soybean oils ပဲပုပ်ဆီတွေရောထားတယ်။ ဒီထိုးဆေးကိုတော့ သုံးနိုင်တာ နေရာတကာလို့ပြောနိုင်တယ်။ Cellulitis ပိုးဝင်ပြီး ရောင်ရမ်းတာ၊ Infective endocarditis နှလုံးပိုးဝင်လို့ရောင်တာ၊ Gonorrhea ဂနိုးရီးယား၊ Meningitis ဦးနှောက် မြှေရောင်၊ Aspiration pneumonia, lung abscess အဆုပ်ပြည်တည်နာ နဲ့ အန်ဖတ်ဝင်လို့ဖြစ်တဲ့ နူမိုးနီးယား၊ Community-acquired pneumonia လူအုပ်ကနေရလာတဲ့ နူမိုးနီးယား၊ Syphilis ဆစ်ဖလစ်၊ Septicemia in children ကလေးတွေသွေးထဲပိုးဝင်တာ၊ Septic Arthritis ပိုးဝင်လို့အဆစ်နာရောဂါ၊ Gangrene သွေးမလျှောဘဲပုတ်ဆွေးတဲ့အနာ နဲ့ Diphtheria ဆုံဆို့နာတွေအတွက် သုံးတယ်။

အခုနောက်ပိုင်းမှာ Benzathine benzylpenicillin ခေါ်တဲ့ တာရှည်ခံ ပနယ်စလင်ထိုးဆေးကိုသာ သုံးပါတော့တယ်။ Prophylaxis of rheumatic fever ရူမက်တစ်အဖျား (လေးဘက်နာ) ကိုကာကွယ်ဘို့နဲ့ Early or latent syphilis ဆစ်ဖလစ်စောဖြစ်တာနဲ့ နောက်ကျဖြစ်တာတွေအတွက်သုံးတယ်။ ကျန်တဲ့ရောဂါတွေကို နောက်ပေါ်စားဆေးတွေ နဲ့ တခြားပိုးသေဆေးတွေက ပိုကောင်းလို့ သုံးရတယ်။

ပနယ်စလင်အဆီကို တင်ပါးနဲ့ လက်မောင်းအိုးမှာသာ ထိုးရတယ်။ ထိုးရင်နာတယ်။ အဆီဖြစ်လို့ ဆေးထိုးတာလဲ သတိထားရသေးတယ်။ ဒီဆေးထိုးလိုက်ရင် ဆေးထိုးရာနေရာမှာ ဘာတွေဖြစ်လာသလဲဆိုတာကို Histological Reactions to Injections of Procaine Penicillin in Oil စစ်ဆေးမှု လုပ်တဲ့အခါ ဒီလိုဟာတွေ တွေ့လာရတယ်ဆိုတာ သုတေသနစာတမ်းတခုကို St. Bartholomew's Hospital ဆေးရုံက Demonstrator of Pathology, Peter Story, M.D. ကနေ ရေးထားတာရှိတယ်။

• ဆေးဝင်ရာကြွက်သားတွေ Oedematous ဖေါင်းရောင်နေတယ်။

• အထဲမှာ Oily giobules အဆီခဲလေးတွေတွေ့ရတယ်။ အဆီခဲဟာ သေသေးလေးတွေကနေ ၂ မီလီမီတာအထိ ကြီးတယ်။

• အဆီခဲကြောင့် ဘေးမှာရှိတဲ့ Connective tissue တွယ်ဆက် တစ်ရှူးတွေမှာ Cellular reaction တုံ့ပြန်မှုတွေ ဖြစ်နေတာလဲတွေ့ရတယ်။

• Muscle bundles ဆက်စပ်နေတဲ့ ကြွက်သားအစိုင်အခဲဟာလဲ Degeneration ပျက်စီးဖြစ်စဉ်ရှိနေတယ်။

• တချို့နေရာမှာ Disappearance of muscle fibres ကြွက်သား ဖိုက်ဘာတွေပျက်စီးသွားပြီး Cellular fibrous tissue အမာရွတ်ဖြစ်စဉ် ဝင်လာတယ်။

• Cellular reaction ဆဲလ်တုံ့ပြန်မှုက အမျိုးမျိုးရှိတယ်။ Round cells ဆဲလ်ဝိုင်းဝိုင်းသေးသေးလေးတွေကနေ တချို့နေရာတွေမှာ Mononuclear phagocytes အကြီးစားတွေရှိတယ်။

• Eosinophils သွေးဖြူဥတမျိုးများများနဲ့ Multinucleate giant cells ဆဲလ်ဧရာမတွေ နည်းနည်းလဲတွေ့တယ်။

• ဒါပေမဲ့ Acute inflammatory reaction ယုတ်ရက်ရောင်ရမ်းဖြစ်စဉ်မျိုးမှာတွေ့ရမဲ့ Neutrophil leucocytes ဆိုတာ နည်းနည်းပါးပါးလေးသာတွေ့ရတယ်။

• ဆေးထိုးတဲ့နေရာနဲ့ သက်ဆိုင်ရာ တက်စေ့တွေမှာလဲ အပြောင်းအလဲတွေတွေ့သေးတယ်။ ရောဂါဗေဒလို Sinus catarrh လို့ခေါ်တယ်။ Foam cells ဆဲလ်တမျိုးတွေတွေ့ရတယ်။

• ဒီလိုဖြစ်လာတာတွေဟာ ဆေးထဲမှာပါနေတဲ့ Procaine penicillin နဲ့ Arachis oil အဆီကြောင့် ဖြစ်တာတွေလို့ ယူဆနိုင်တယ်။

• ပနယ်စလင်ကို အဆီလုပ်ထားရတဲ့သဘောက သွေးထဲစုပ်ယူမှာကိုနှေးစေဘို့ဖြစ်တယ်။ ဆေးကကြာကြာနေမယ်။ Suspension of calcium penicillin ကို Beeswax ပျားဖယောင်း နဲ့ဖြစ်ဖြစ် Peanut oil မြေပဲဆီနဲ့ဖြစ်ဖြစ် လုပ်တယ်။

အခုမေးတာက ကျားလိင်အင်္ဂါကိုထိုးကြတာဖြစ်နေတယ်။ သူများနိုင်ငံတွေမှာ အဲလိုထိုးလို့ ဘာတွေဖြစ်သလဲဆိုတဲ့ သုတေသန ခုထိတော့ မတွေ့သေးပါ။ လုပ်လဲမလုပ်ကြပါ။ ဒါကြောင့် ဆရာဝန်တယောက်အနေနဲ့ စိတ်ချရတယ်လို့ မပြောနိုင်ပါ။ မှန်းဆချက်ပေးတာမျိုးဟာ သိပ္ပံနည်းမကျပါ။

ကျားလိင်အင်္ဂါထဲမှာ ရှိတာက ကြွက်သားမဟုတ်ပါ။ Corpora Cavernosa Penis အသားပွက အဓိက အများဆုံး ဖြစ်တယ်။ ဆေးထိုးရင် အဲဒီထဲရောက်မှာများတယ်။ သူ့ကို Fibrous envelope အရွှတ်လွှာ ၂ မျိုးနဲ့ဖုံးထားတယ်။ Corpus Cavernosum Urethræ ဆိုတာက ဆီးထွက်လမ်း ဖြစ်တယ်။ ကျန်တာက သွေးလွှတ်ကြော၊ သွေးပြန်ကြောနဲ့ အာရုံကြောတွေ ရှိတယ်။

Penile self-injection of cocaine ကျားလိင်တံထဲကို ကိုယ့်ဖါသာ (ကိုကိန်း) ဆေးထိုးသူတွေမှာ ဆိုးဝါးတဲ့ နောက်ဆက်တွဲ ဖြစ်တာကိုတော့ လေ့လာမှုလုပ်ထားတာရှိတယ်။ အထူးသဖြင့် ကိုကိန်းအဆီက ပိုပြီးဒုက္ခပေးတယ်။ JAMA 1950 ဆေးပညာဂျာနယ်မှာ ပနယ်စလင်အဆီထိုးရာကနေ Pulmonary Embolism အဆုပ်ထဲက သွေးကြော ပိတ်တဲ့အကြောင်း ရေးထားတယ်။ ကျွန်တော်ကတော့ လုံးဝအားမပေးပါ။

By Dr တင့်ဆွေ

မိုက်ကယ်အဲရစ် သေဆုံးမှု သွေးရိုးသားရိုး မဖြစ်နိုင်


မိုက်ကယ်အဲရစ် ဟု ဆိုလျှင် လူအတော်များများ မသိကြပါ။ မြန်မာနိုင်ငံသားများလည်း မသိသလို၊ ဘူတန်နိုင်ငံသားများလည်း မသိဘူး။ အင်္ဂလိပ်လူမျိုးများကို မေးလျှင်လည်း မသိဘူးဟုသာ ဖြေကြပါတယ်။ မိုက်ကယ်အဲရစ် ဆိုသည်မှာ ယနေ့မြန်မာနိုင်ငံတွင်း ဂျာနယ်များ၊ ပုဂ္ဂလိက သတင်းစာ မျက်နှာဖုံးများတွင် ပုံကြီးများဖြင့် အမြဲဖော်ပြခြင်းခံနေ ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယောင်္ကျားဖြစ်ပါ တယ်။ ဒေါ်အောင်ဆန်း စုကြည် ပုံတွေ ပလူပျံနေပေမယ့် မိုက်ကယ်အဲရစ် ဓာတ်ပုံကိုတော့ ဘယ်ဂျာနယ်၊ ဘယ်သတင်းစာကမှ ဖော်ပြတာ မရှိဖူးပါဘူး။

မိုက်ကယ်အဲရစ်ဟာ ဘူတန်/တိဘက် မျိုးနွယ် တစ်ယောက်ဖြစ်ပြီး ကျူးဘားမှာ မွေးဖွားခဲ့ပါတယ်။ မဟာရာန ကိုးကွယ်သူတစ်ယောက်ပါ။ ၁၉၇၂ မှာ ၎င်း ထက် တစ်နှစ်ကြီး တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုလက်ထပ်ပေါင်းသင်းခဲ့ပါတယ်။ လက်ထပ်ပြီးနောက် မိုက်ကယ်အဲရစ်ရဲ့ ဘဝက သာယာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အိမ်ထောင်ရေးမှာ တာဝန်ကျေသူတစ်ဦးဖြစ်ပြီး မယားဝတရား အားလုံး ကျေပွန်သူဖြစ်ပါတယ်။ မိုက်ကယ်အဲရစ်ရဲ့ မိဘ များကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ၎င်းရဲ့ မိဘများလို သဘောထား တာကြောင့် မိုက်ကယ်အဲရစ် ရဲ့ ဘဝ သာယာခဲ့ပါတယ်။ ဇနီးသည် ဒေါ်အောင်ဆန်းစုကြည်မှာ မိုက်ကယ်အဲရစ်မပါဘဲ ဘယ်မှ သွားလေ့မရှိပေ။ မြန်မာနိုင်ငံတောင် မပြန်ပဲ လင်ယောင်္ကျားအပေါ် သိတတ်ခဲ့တာကြောင့် မိုက်ကယ်အဲရစ် ကံကောင်းခဲ့ရပါတယ်။ အိမ်ထောင်ကျပြီး တစ်နှစ်အတွင်းမှာပဲ သားအကြီးကို မမျှော်လင့်ပဲ ဒေါ်အောင်ဆန်း စုကြည်ရဲ့ မိခင်နာမကျန်းဖြစ်လို့ မဖြစ်မနေ ဒေါ်စု မြန်မာနိုင်ငံပြန်ရာမှ ရုတ်တရပ် နိုင်ငံရေးခေါင်းဆောင်ဖြစ်သွားတာဟာ မိုက်ကယ်အဲရစ်အတွက် ကံဆိုးခြင်းကို စတင်ခဲ့ချိန်ဖြစ်ပါတယ်။ ဗြိတိန်သံရုံးမှ ဒေါ်အောင်ဆန်းစုကြည်ကို NLD ပါတီ စတင် တည်ထောင်ဖို့ အစစအရာရာ ကူညီခဲ့ပြီး နိုင်ငံရေးထဲ အပြီးအပိုင်ရောက်တဲ့အထိ စွမ်းစွမ်းတမန် ကူညီခဲ့ပါတယ်။ အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်လည်း အသက် ၄၁ နှစ်ထိ နိုင်ငံခြားမှာ မိသားစုနဲ့ ပျော်ရွှင်ခဲ့ရတဲ့ နေ့တွေ ပျက်ဆီးခဲ့ရပြီး သောကတွေ ဝေခဲ့ရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ထက် ကံဆိုးတာက မိုက်ကယ်အဲရစ်ပါ။ ပြည်တွင်း မငြိမ်းချမ်း မှုများဖြစ်ပွားနေသည့် မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေးနိုဘယ်ဆုရအောင် မိုက်ကယ်အဲရစ်က သွားပေးပြောခဲ့ရပါတယ်။ မိုက်ကယ်အဲရစ်ကြောင့် ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၉၁ ခုနှစ် မှာ နိုဘယ်ဆုရခဲ့ပါတယ်။ အဲဒီနောက် ၅ နှစ်အကြာမှာ မျိုးရိုးလည်းမရှိ၊ အပျော်အပါးလဲမလိုက်စားရပဲ မိုက်ကယ်အဲရစ်ရဲ့ ဂွေးစိ ကင်ဆာက ကုမရတော့ကြောင်း ဘီဘီစီက ကြေညာခဲ့ပါတယ်။ အဲဒီချိန်က ကင်ဆာတွေက သိပ်ခေတ်မစားသေးပေမယ့် ဒီနေ့လိုပဲ ကင်ဆာဖြစ်သူမှန်သမျှ သေရတာချည်းပါ။ ဒီတော့ မိုက်ကယ်အဲရစ် က မကြာခင်သေရတော့မယ်ဆိုပြီး အသိပေးသလိုဖြစ်နေပါတယ်။ ကြိုတင် စီမံထားတဲ့ အတိုင်းပါပဲ ဒေါ်အောင်ဆန်း စုကြည်ကလည်း ပိုပြီးတော့ လူသိများလာပြီး နာမည်ကျော်လာပါတယ်။ အဲဒီနောက် ၁၉၉၉ မှာတော့ မိုက်ကယ်အဲရစ် သေဆုံးခဲ့ပါတယ်။ မိုက်ကယ်အဲရစ်သေဆုံးမှုကို ရဲတပ်ဖွဲ့အပါအဝင် တခြားဆရာဝန်တွေဆီ စစ်ဆေးခွင့်မပေးခဲ့ပါဘူး။ သေဆုံးတာကလည်း ၄င်းမွေးခဲ့တဲ့ မတ်လ ၂၇ ရက်နေ့ အတိအကျပါ။ ကြိုတင်စီစဉ်ထားတာလား၊ တိုက်ဆိုက်တာလား ဆိုတာကတော့ ဘယ်သူမှ မသိနိုင်ပါဘူး။ ဗြိတိန်လိုနိုင်ငံ၊ အမေရိကန် အထောက်အပံ့ကောင်းတဲ့ ဒေါ်အောင်ဆန်းစုကြည် ယောင်္ကျား တစ်ယောက်ဟာ တိုးတက်နေတဲ့ဆေးပညာကြားမှာနေပြီး ရောဂါမကုနိုင်လို့ သေတယ်ဆိုတာက လည်း သံသယ ဝင်စရာပါ။ မိုက်ကယ် အဲရစ် သေဆုံးမှုကို သွေးရိုးသားရိုး မဖြစ်နိုင်ဘူး၊ ဒေါ်အောင်ဆန်းစုကြည်ကို လူသိများအောင် ဆေးထိုးသတ်တာ ဖြစ်နိုင်ကြောင်း အဲဒီချိန်က ပညာရင်တချို့က သုံးသပ်ကြပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် ကတော့ အဆိုတော်ရဲလေး လိုမျိုး ဇတ်နာအောင် လုပ်ပြနိုင်ပြီး ပရိတ်သက် အများကြီးရလိုက်ပါတယ်။ အဆိုတာရဲလေးက အဖေကို အရက်သမား လုပ်ပြီး ငိုပြီး သီချင်းဆိုတာ သွားတော့ မြန်မာတစ်နိုင်ငံပဲ သိပေမယ့် ဒေါ်အောင်ဆန်းစုကြည်က လင်ယောင်္ကျားကို သေခိုင်းပြီး ဇတ်လမ်းထဲမှာ ကြမ်းပြင်မှာ လူးလိမ့်ငိုပြတဲ့ The Lady ဇတ်ကားကတော့ ကမ္ဘာကျော်သွားပါတယ်။

ပထမ ပစ်မှတ် မိုက်ကယ်အဲရစ် က ဂွေးစေ့ကင်ဆာနဲ့ သေတယ် ပြောပြီး ဒုတိယ ပစ်မှတ်ဖြစ်လာတဲ့ အလက်စန္ဒားအဲရစ်ကိုလည်း ရောဂါတစ်ခုပြပြီး ထိန်းသိမ်းထားပါတယ်။ ဖခင်လို ဂွေးစိကင်ဆာတော့ မဟုတ်ပြန်ပါဘူး။ မီဒီယာတွေနဲ့လည်း တွေ့ဆုံခွင့်မပေးသလို သူ့အကြောင်းကိုလည်း လူသိရှင်ကြား ပွင့်လင်းမြင်သာစွာ ပြောဆိုတာ မရှိပါဘူး။ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက ၎င်း တို့ရက် မဟာဗျူဟာ ကျတဲ့ စီမံချက်တွေအောင်မြင်ဖို့ လူတွေကို ဆေးထိုးသတ်လေ့ရှိတဲ့အကြောင်း ကနေဒီ ကို သာဓက ထားပြီး ကျူးဘားပညာရှင်တွေကထောက်ပြ ကြပါတယ်။ အခုနောက်ဆုံး သူတို့တွေရဲ့ မဟာဗျူဟာအောင်မြင်ဖို့အတွက် စစ်ရေးအတွေ့အကြုံ ဘာမှမရှိ၊ ပါတီတစ်ခုတောင် ခေါင်းဆောင်မှု ကောင်းကောင်း မပေးနိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဗြိတိန်စစ်တက္ကသိုလ်မှာ မိန့်ခွန်းပြောဖို့ စီစဉ်ပေးပါတယ်။ အားလုံးက သမားရိုးကျ မဟုတ်ပါဘူး။ ဒါပေမယ့် တစ်နေ့နေ့ အကွက်ရွှေ့စရာမရှိတော့ရင်တော့ အကြံအစဉ် တစိတ်တပိုင်းကို သိနေတဲ့ ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင်က နောက်ဆုံး ပစ်မှတ်အဖြစ် ဆေးထိုးသတ်ခံရပါလိမ့်မယ်။ မိုက်ကယ်အဲရစ်ရဲ့ အလောင်းကို ပြန်ဖော်ပြီး စစ်ဆေးဖို့ ဗြိတိန်ကို တောင်းဆိုကြည့်ပါ။ လုံးဝ (ဘယ်တော့မှ) ခွင့်ပြုမှာမဟုတ်ပါဘူး။ ဒါက မရိုးသားမှုဆိုတာ မြန်မာပြည်သူအားလုံး သတိပြုဖို့ သသိပေးလိုက်ပါတယ်။

Myanmar express

ငံပြာရည်ချက်


ငံပြာရည်ချက်နဲ.ငံပြာရည်ကြော်မကွဲသေးတဲ့သူတွေလည်းရှိမှာပါ....
ငံပြာရည်ကြော်ဆိုတာကတော့..ဘာလချောင်အစိုကြော်ပုံစံမျိုးဖြစ်ပါတယ်..။
ငံပြာရည်ချက်ဆိုတာကတော့...ငံပြာရည်ကို..ငပိရည်ကဲ့သို.ချက်ခြင်းတစ်မျိုး
ဖြစ်ပါမယ်...။

ငံပြာရည်ချက်
*********

ပုစွန်ငံပြာရည်ကောင်းကောင်း...............၃၀မီလီ.လီတာ
ပုစွန်ခြောက်.....................................၂ ဇွန်း(ထမင်းစားဇွန်း)
ကြက်သွန်နီ.....................................၂ လုံး( နုပ်နုပ်စဉ်း)
ကြက်သွန်ဖြူ....................................၇ တက်( နုပ်နုပ်စဉ်း)
ငရုတ်သီးကြမ်းမှုန်. ...........................(၁) ဇွန်း (ထမင်းစားဇွန်း)
ငရုတ်သီးလှော်မှုန်. ............................၁ဇွန်း (..............။.......)
ဆီ..................................................၁ ဇွန်း (............။........)

မီးငွေ.ငွေ.လေးရှိတဲ့အပူချိန်ကိုအသုံးပြုဖို.သတိထားပါ...။

ဒယ်အိုးတစ်လုံးမှာ..ဆီနှင့်အတူကြက်သွန်နီကိုပထမဆုံးဆီသတ်ပါ..ကြက်
သွန်နီတစ်ဝက်လောက်ကျက်ပြီဆိုရင်..နနွင်းမှုန်.အနည်းငယ်( ပါသည်ဆိုရုံလေး)နှင့်အဖြူကိုပါထည့်ပေါင်းဆီသတ်ပါ...။

ကြက်သွန်နီ ၊ဖြူရွှေရောင်ရလာပြီဆိုရင်..ထောင်းထားတဲ့ပုစွန်ခြောက်တွေကို
ထည့်ပေါင်းဆီသတ်ပါ....ပုစွန်ခြောက်တွေအနည်းငယ်မွှေးလာပြီဆိုရင်တော့..ငရုတ်ကြမ်းစိမ်းမှုန်.ကိုထည့်ပေါင်းပါ...ထို.နောက်ငရုတ်သီးလှော်မှုန်.ကိုလည်းထည့်ပေါင်းပြီး..ငံပြာရည်လောင်းထည့်ပါ...ရေ ၁၅ မီလီလောက်ကိုလည်းထည့်ပေါင်းပါ..။

ပာင်းခတ်မှုန်.နှင့်အရသာသွင်းပြီးတစ်ပွက်ဆူလျှင်..သုံးဆောင်ပါ..။

အလိုက်ဖက်ဆုံးတို.စရာကတော့..ဂေါ်ဖီထုပ်ထုပ်အစိမ်းနဲ.တခြားပြုတ်ထားတဲ့ပာင်းသီးပာင်းရွက်များပါပဲ....။

Monday, October 21, 2013

ကလေးသူငယ်များအပေါ် မုဒိမ်းမှုကျူးလွန်ပါက သေဒဏ်ချမှတ်ရန် ဦးသိန်းညွန့် အဆိုတင်သွင်းမှု ရှုံးနိမ့်


အသက် ၁၆ နှစ် မပြည့်သေးသည့် သူငယ်များအပေါ် မုဒိမ်းမှုကျူးလွန်ခြင်း၊ ကျူးလွန်ရန် အားထုတ်ခြင်းတို့ကို သေဒဏ်နှင့် တစ်သက်တစ်ကျွန်း ထောင်ဒဏ် ချမှတ်ရန် ကလေးသူငယ် ဥပဒေပုဒ်မ ၆၆ (က) တွင် ဖြည့်စွက်ပြဋ္ဌာန်းရန် သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က အဆိုတင်သွင်းခဲ့သော်လည်း လွှတ်တော်က ဆက်လက်ဆွေးနွေးရန် သဘောမတူကြောင်း ဆုံးဖြတ်ခဲ့သဖြင့် အဆိုရှုံးနိမ့်ခဲ့ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

ယခုနှစ်များအတွင်း မြန်မာနိုင်ငံ၌ မုဒိမ်းမှု ကျူးလွန်မှုများသည် ပိုမိုများပြားလာပြီး အရွယ်မရောက်သေးသည့် ကလေးများကို မုဒိမ်းမှု ကျူးလွန်သည့် ဖြစ်ရပ်များ မကြာခဏ ကြားသိနေရပြီး ဖခင်အရင်းကပင် သမီးဖြစ်သူကို လိင်ကိစ္စ စော်ကားခြင်းများ ရှိလာကြောင်း၊ ယင်းကဲ့သို့ ဖြစ်စဉ်များသည် သတင်းစာနှင့် ဂျာနယ်များတွင် ဖြစ်ပွားသည့် ကိစ္စများသာ တွေ့ရှိရပြီး ထိရောက်သော အရေးယူမှုများကို မတွေ့ရကြောင်း၊ ထို့ကြောင့် လက်ရှိကလေးသူငယ် ဥပဒေတွင် ဖြည့်စွက် ပြင်ဆင်ရခြင်း ဖြစ်ကြောင်း ဦးသိန်းညွန့်က အောက်တိုဘာ ၂၁ ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် တင်ပြ ပြောကြားခဲ့သည်။

အဆိုပါဥပဒေ ပြင်ဆင်မှုနှင့် ပတ်သက်သော အဆိုကို ရခိုင်ပြည်နယ် ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေက ထောက်ခံ တင်ပြခဲ့သည်။

ယင်းအဆိုသည် ပြည်သူများနှင့် ပြည်သူ့အကျိုးစီးပွားကို လိုလားသော ကိစ္စရပ်ဖြစ်သောကြောင့် ဝမ်းမြောက်မှု ရှိသော်လည်း ဦးသိန်းညွန့် အဆိုတင်သွင်းစဉ် တရားစီရင်ရေးက မှားယွင်းစွာ ဆုံးဖြတ် ခြင်းဆိုသည့် စကားလုံးကို အသုံးပြု ပြောကြားခဲ့သဖြင့် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဦးသိန်းညွန့် အပါအဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို နောက်နောင်တွင် အဖွဲ့အစည်းတစ်ခု၏ ဂုဏ်သိက္ခာ ထိခိုက်စေသော စကားလုံးကို အသုံးမပြုရန် ပြင်းထန်စွာ မောင်းထု၍ သတိပေးလိုက်ကြောင်း ကိုယ်စားလှယ်များက ဆိုသည်။

ဦးသိန်းညွန့် တင်သွင်းသော ဥပဒေ ပြင်ဆင်ရေးအဆိုကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စုစုလှိုင်က ဆွေးနွေးရန် မသင့်ကြောင်းနှင့် ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စု တရားသူကြီးချုပ် ဦးမြင့်အောင်တို့က လက်ခံဆွေးနွေးရန် စဉ်းစားစေလိုကြောင်း၊ (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံ၏ အပြည်ပြည်ဆိုင်ရာ စံနှုန်းများအရ သေဒဏ်ချမှတ်သည့် ပြစ်ဒဏ်နှင့် ရင်ဆိုင်နေရသူများအား အကာအကွယ်ပေးရန်၊ သေဒဏ်ချမှတ်ခြင်းကို ပယ်ဖျက်ရန် ဆုံးဖြတ်ခဲ့ခြင်းတို့အပေါ် အလေးအနက်ထား စဉ်းစားစေလိုကြောင်း လွှတ်တော်သို့ တင်ပြ ပြောကြားခဲ့သည်။

သေဒဏ် ချမှတ်နိုင်သည့် ဥပဒေ ပြဋ္ဌာန်းထားသော်လည်း လက်တွေ့ကျင့်သုံးခြင်း မရှိသည့် နိုင်ငံများ အပါအဝင် သေဒဏ် မကျင့်သုံးသည့် နိုင်ငံပေါင်း ၁၄၀ ရှိပြီး သေဒဏ်ကို ဆက်လက်ကျင့်သုံးသည့် နိုင်ငံပေါင်း ၅၈ နိုင်ငံ ရှိသည်ဟု ဒုတိယ ရှေ့နေချုပ် ဦးထွန်းထွန်းဦးက ဆိုသည်။

ဦးသိန်းညွန့် တင်သွင်းသော အဆိုနှင့် ပတ်သက်၍ မဲခွဲဆုံးဖြတ်ရာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ်အများစု အပါအဝင် ကိုယ်စားလှယ်ပေါင်း ၁၉ ဦးက မတ်တတ်ရပ် ထောက်ခံခဲ့ကြောင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များထံမှ သိရသည်။

အဆိုပါ ဥပဒေနှင့် ပတ်သက်သော အဆိုကို သတ္တမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဦးသိန်းညွန့်က တင်သွင်းခဲ့သော်လည်း အောင်မြင်ခဲ့ခြင်းမရှိဘဲ ယခုတင်သွင်းမှုသည် ဒုတိယအကြိမ်မြောက် ရှုံးနိမ့်မှု ဖြစ်သည်ဟု ဦးသိန်းညွန့်က ထပ်လောင်း ပြောကြားသည်။

ွှThe Voice Weekly

6Paနာက်ဆက်တွဲစီမံချက်အတွက် မြန်မာသံရုံး၏ကြော်ငြာချက်အပြည့်အစုံ (အထူး )


မလေးရှားရောက် မြန်မာနိုင်ငံသားများအတွက် ယနေ့မြန်မာသံရုံးမှကြော်ငြာချက်တစ်စောင်ထုတ်ဝေခဲ့သည် ။

ကျွန်တော်တို့မလေးရှားရောက် မြန်မာများ Facebook စာမျက်နှာမှ တင်ဆက်ခဲ့သည့်အတိုင်း ယခု ပါမစ်ပြုလုပ်ဆောင်ရွက်ပေးမည့် 6P နောက်ဆက်တွဲ Amnesty စီမံချက်သည် ယခင် 6P တွင် ပါမစ်မရရှိသေးသော သူများအတွက် သာဖြစ်ကြောင်း ထည့်သွင်းကြော်ငြာထားသည်။ ကြော်ငြာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည် ။

ကြော်ငြာချက်
_________

မလေးရှားနိုင်ငံတွင် ပြည်ပနိုင်ငံများမှ လာရောက်လုပ်ကိုင်လျှက်ရှိကြသည့် တရားမဝင်ရွေ့ပြောင်းအလုပ်သမားများ နှင့်ပတ်သက်၍ မလေးရှားစီးပွားရေးလုပ်ငန်းရှင်များ၏ တောင်းဆိုမှုများကြောင့် မလေးရှားပြည်ထဲရေး ဝန်ကြီးဌာနမှ ယခင် 2011 သြဂုတ်လမှ 2012 ခုနှစ် ဧပရယ်လအထိ ဆောင်ရွက်ပေးခဲ့သည့် 6P အစီအစဉ်တွင် မှတ်ပုံတင်ထားသော သူများမှ ပါမစ်မရရှိခဲ့သူများအတွက် အလုပ်ပါမစ် လျှောက်ထားခွင့်ပြုမည့် အစီအစဉ်ကို 2013 ခုနှစ် အောက်တိုဘာလ 21 ရက်နေ့မှ 2014 ဇန်နဝါရီလ 20 ရက်နေ့အထိ 3 လတိတိဆောင်ရွက်ပေးမည်ဖြစ်သည် ။

အဆိုပါအစီအစဉ်အရ ယခုမှ လာရောက်လျှောက်ထားသူ (New Applicant) များအားလက်ခံဆောင်ရွက်ပေးခြင်းမဟုတ်ပဲ ယခင် 6P ကာလအတွင်း မှတ်ပုံတင် (Register) လုပ်ထားသူများကိုသာ လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပါသည် ။နိုင်ငံကူးလက်မှတ် များလက်ဝယ်ရှိထားသူများအနေဖြင့် သံရုံးသို့ လာရောက်ပြီး ဆောင်ရွက်စရာမလိုပဲ အောက်ဖော်ပြပါ စာရွက်စာတမ်းများဖြင့် ပူထရာဂျာရာမြို့ရှိ မလေးရှား ပြည်ထဲရေးဝန်ကြီးဌာန ၊ Block D9 , 4th Floor သို့အလုပ်ရှင်/သူဌေးတို့နှင့်အတူ သွားရောက်လျှောက်ထားနိုင်ပါသည် ။

- 6P အစီအစဉ်ဖြင့်မလေးရှား လူဝင်မှုကြီးကြပ်ရေး၌ မှတ်ပုံတင်ထားသည့် 6P Slip
- အလုပ်ရှင်မှ ပါမစ်အတွက်အလိမ်ခံရကြောင်း အလုပ်သမား၏ ဖြစ်စဉ်အား ရဲသို့တိုင်ကြားထားသော စာ
- အလုပ်ရှင်၏ အာမခံချက်
- နိုင်ငံကူးလက်မှတ် (မူရင်း)


မြန်မာသံရုံး၌ ငွေသွင်း၍ ယာယီစာရွက်စာတမ်းများ ကိုင်ဆောင်ထားပြီး နိုင်ငံကူးလက်မှတ် မထုတ်ရသေးသူများ အနေဖြင့် ယာယီစာရွက်စာတမ်းမူရင်အားတင်ပြ၍ သရုံး၌ နိုင်ငံကူးလက်မှတ် လာရောက်ထုတ်ယူပြီး အထက်ဖော်ပြပါ စာရွက်စာတမ်းများဖြင့် မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာနသို့ အလုပ်ရှင်/သူဌေး နှင့်အတူ သွားရောက်လျှောက်ထားနိုင်သည် ။

သတိပြုရမည်မှာ မြန်မာ နှင့် မလေးရှားအစိုးရတို့အကြား တရားမဝင် အလုပ်သမားများအား တရားဝင်ဖြစ်စေရန် ဆောင်ရွက်ပေးမည့် အထူးအစီအစဉ်မှာ သီးသန့်ဖြစ်ပြီး လက်ရှိအခြေအနေအရ ညှိနှိုင်းနေဆဲဖြစ်ပါသည် ။ ယင်းအစီအစဉ်ပြုလုပ်မည့် ကိစ္စ နှင့်ပတ်သက်၍ ထပ်မံကြော်ငြာသွားမည်ဖြစ်သည်။

ယခင် 2011 - 2012 ခုနှစ်များအတွင်း ဆောင်ရွက်ပေးသည့် 6P အစီအစဉ်တွင် ပွဲစား/ အေးဂျင့် / အေးဂျင့်ကုမ္မဏီအချို့၏ လိမ်လည်မှု ၊ အမြတ်ထုတ်မှု ၊ ခေါင်းပုံဖြတ်မှုများ ရှိခဲ့ခြင်းကြောင့် ယခုအကြိမ်၌ အလုပ်ပါမစ် မရရှိသေးသော သက်တမ်းရှိနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမားများသည် ၎င်းတို့ကိုယ်စား အလုပ်ရှင်က ပူထရာဂျာရာရှိ မလေးရှား ပြည်ထဲရေးဝန်ကြီးဌာန One - Stop - Center တွင် သွားရောက် လျှောက်ထားရမည်ကို သတိပြုနိုင်ရန် အသိပေးကြေညာအပ်ပါသည်။

2011 ခုနှစ်တွင် 6P အစီအစဉ်ဖြင့် ထုတ်ပေးထားသည့် မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် မြန်မာအလုပ်သမားများသည် အလုပ်ပါမစ် ကပ်ရန်အတွက် မိမိတို့လက်ဝယ် ရှိ မြန်မာနိုင်ငံကူးလက်မှတ် သက်တမ်းကုန်ခါနီး ဖြစ်နေပါက သံရုံးသို့ ကိုယ်တိုင် လာရောက်စုံစမ်း လျှောက်ထားနိုင်ပါကြောင်း အသိပေးအပ်ပါသည် ။

ယခင် 6P တွင် မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန၌ လက်ဗွေနှိပ်၍ မှတ်ပုံတင်ထားပြီး 6P Slip ရရှိထားသူများသည် မြန်မာသံရုံး ၊ ကွာလာလမ်ပူမြို့တွင် မြန်မာနိုင်ငံကူးလက်မှတ် လျှောက်ထားရယူခဲ့ခြင်းမရှိသေးပါက သံရုံးသို့ ကိုယ်တိုင်လာရောက် လျှောက်ထား နိုင်ပါကြောင်း အသိပေးအပ်ပါသည် ။


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သံရုံး
ကွာလာလမ်ပူမြို့ ၊ မလေးရှားနိုင်ငံ ။

ရက်စွဲ ၊ 2013 အောက်တိုဘာလ 19 ရက်

မလေးရှားရောက်မြန်မာများ Facebook စာမျက်နှာ

အဝလွန်နေသူများအတွက်(၇)ရက်အမြန်အဆီချနည်း


အဟာရဓါတ်ချို့တဲ့မှု့မဖြစ်ေ စတဲ့နည်းလမ်းလေးပါ... စားရမယ့်အစီအစဉ်
တွေက..

(အဆီကျဟင်းရည်)

ကြက်သွန်နီဥကြီး ခြောက်လုံး
ငရုတ်ပွအစိမ်းနှစ်တောင့်
ခ၇မ်းချဉ်သီး ခြောက်လုံး
တရုတ်နံနံတစ်စည်း
ဂေါ်ဖီတစ်ထုတ်

အသီးအရွက်တွေကိုအနေတော်တုံး ပြီးအိုးထဲရေမြုတ်အောင်ထည့်အဖုံးဖုံးပြီးပွက်ပွက်ဆူအနေ အထားမှာ၁၀မိနစ်ထား နောက်မှမီးကို
လျော့ပြီးအသီးအရွက်နူးတဲ့အထိ ချက်၇ပါမယ်... အဲဒီအရည်တွေကိုဝိတ်ချတဲ့တစ်ပတ်လုံးသောက်၇ပါမယ်...တတ်နိုင်၇င်အ၇ွက်တွေပါစား၇င်ပိုေ ကာင်းတယ်။ ပုံမှန်ဆို တစ်ပတ်ကို ၁၀ ပေါင်ကျပေမယ့်...အရွက်တွေမစားတာေ၇ာ လေ့ကျင့်ခန်းမလုပ်တာရောကြော င့်၅ ပေါင်ဘဲကျပါတယ်
(အနံ့အရသာ၇ှိ စေဖို့ဆားင၇ုပ်ကောင်းဟင်းခတ်အမွှေးအကြိုင်တွေထည့်နိုင် ပါတယ်)

ပထမနေ့...

အဆီကျဟင်းရည်ကို ဗိုက်ဆာတိုင်းသောက်ပါ တွဲဖက်စားလို့၇တဲ့အစာတွေက လိမော်သီး ပန်းသီးသစ်တော်သီးမာလကာသီးကျွဲကောသီးကျန်တာဘာမှစားခွင့်မ၇ှိပါဘူး....အသီးတွေဘဲစား လို့၇ပါမယ်.(ငှက်ပျောသီးမပါ )

ဒုတိယနေ့...

ပင်တိုင်အဆီကျဟင်းရည်အပြင် ဟင်းသီးဟင်းရွက်အားလုံး အစိမ်းဖြစ်ဖြစ်ကျက်ပြီးသားဖြစ်ဖြစ် စားခွင့်၇ှိပါတယ်သစ်သီးကို စားခွင့်မရှိပါဘူး ကင်ထားတဲ့ အာလူးကြီး တစ်လုံး စားခွင့်ပြုပါတယ်.

တတိယနေ့...

အဆီကျဟင်းရည်အပြင်ပထမနေ့နဲ့ ဒုတိယနေ့က ခွင့်ပြုထားတဲ့ အစာတွေအားလုံးစားလို့ရပါတယ် .(အာလူးကင်မပါ)

စတုတ္ထနေ့...

အဆီကျဟင်းရည်အပြင် တစ်နေ့လုံးအတွက် ငှက်ပျောသီးရှစ်လုံး (သီမွှေးorဖီးကြမ်း)အဆီထုတ်ထားတဲ့ နွားနို့ကြိုက်သလောက်သောက်ခွင့်ရှိပါတယ်...ငှက်ပျောသီး နဲ့နွားနို့ မဖြစ်မနေသောက်၇ပါမယ် ကိုယ်ထဲကပိုတက်ဆီယမ်ပရိုတင်းနဲ့ကယ်လ်စီယမ်တို့လိုအပ်နေ ပြီမို့ပါ.

ပဉ္စမနေ့...

ပင်တိုင်အဆီကျဟင်းရည်အပြင် ၁၀ ၂၀ အောင်စရှိ ငါး သို့မဟုတ် အမဲသား ဆိတ်သားဆို အဆီမပါ ကြက်သားဆို၇င် အရေပြားဆုတ်ပြီးသား ကို ဆီမပါတဲ့နည်းနဲ့ ကင်ပြီး စားလို့ရပါတယ် ငံပြာရည် ဆနွင်း ဆား သုံးလို့၇ပါတယ်...ခရမ်းချဉ် သီးခြောက်လုံး အထိတွဲဖက်ပြီး ကြက်သွန်နဲ့သုပ်ပြီးဖြစ်ဖြစ် သူ့ကြီးဖြစ်ဖြစ်စားလို့၇ပါတ ယ်...ကိုယ်ထဲက Uric Acid တွေကို ဆေးချဖို့ ဒီနေ့မှာ ရေ အနည်းဆုံး ရှစ်ဖန်ခွက် သောက်ပေးဖို့လိုပါတယ်.

ဆဋ္ဌမနေ့...

ပင်တိုင်အဆီကျဟင်းရည်အပြင်အ ဆီလွတ်အသားများကင်ပြီးဖြစ်ဖြစ်
ဟင်းသီးဟင်းရွက်တွေနဲ့ရြေ ပုတ်ပြီးဖြစ်ဖြစ်စားခွင့် ရှိပါတယ်.

သတ္တမနေ့...

နောက်ဆုံးနေ့မှာ ဆန်လုံးညိုစားခွင့်ပြုပါတယ် ၀ယ်၇ခက်ရင် ပေါင်မုန့်ကြမ်းကို အာသာပြေ၇ုံ စားခွင့်၇ှိပါတယ်အချိုဓါတ်မ ပါတဲ့သစ်သီးဟင်းသီးဟင်းရွက် တွေကြိုက်သလောက်စားခွင့်ပြုပါတယ် ဟင်းရည်ကိုတော့ သောက်ပေး၇ပါမယ်...

► အထူးသတိပြုရန်

ဒီခုနစ်ရက်အတွင်းအရက်လုံးဝေ သာက်ခွင့်မပြုပါ...ကော်ဖီဆိုရင်သကြားတု
နဲ့ကြိုက်သလောက် သောက်ခွင့်ပြုပါတယ် လက်ဖက်ရည်ကြမ်းဆီ
မပါတဲ့လက်ဖက်အသားချည်းစားနိုင်ပါတယ်.. .SlimAidတို့လို အမျှင်ဓါတ်ပါ
တဲ့ေ ဆးတွေသောက်ခွင့်ရှိပါတယ်... .တခြားပိန်ဆေးတွေ သောက်ခွင့်မ၇ှိပါ..
ဆေးလိပ် သောက်ခွင့်၇ှိပါတယ်..ဗီတာမ င်ဆေးတွေလည်းဖြတ်ဖို့မလိုပါဘူး.
ခုနစ်ရက်ပြည့်လို့ သိသိသာသာ ကိုယ်အလေးချိန်ကျလို့ အားတက်ပြီး
ဆက်မလုပ်ပါနဲ့...

တစ်ပတ်လောက်ပုံမှန် ပြန်စားပြီးမှပြန်စပါ... ရည်၇ှည် ဒီနည်းကိုကျင့်သုံး၇င်
အဟာရဓါတ်ချို့တဲ့မှုဖြစ်ပွားနိုင်ပါတယ်။

ဒေါက်တာရဲနိုင်
ဆေးပညာဆိုင်ရာဆောင်းပါးများ

ခေတ်သစ် အိမ်ထောင်ဘက် ရွေးချယ်နည်း

အိမ်ထောင်ဘက်အဖြစ် ရွေးချယ်ရမယ့်သူက ဘာပဲ ဖြစ်ဖြစ် စိတ်သဘောထားကြီးရမယ်။ စိတ်ရှည်ရမယ်လေ။ ဒီတော့ ဒီခေတ်ကြီးမှာ အဲဒါတွေကို တစ်ခါတည်း စမ်းသပ်ဖို့အတွက် လွယ်လွယ်လေးပါ။

အင်မတန် နှေးပါတယ်ဆိုတဲ့ အင်တာနက် ကော်နက်ရှင်တပ်ထားတဲ့ ကွန်ပြူတာမှာ ထိုင်ပြီး သူ့ကို သုံးခိုင်းကြည့်လိုက်ပါ။ အဲဒါပြီးရင်တော့ အိမ်ထောင်ဘက် အဖြစ် ရွေးချယ်သင့် မရွေးချယ်သင့် စိတ်ကြိုက် အကဲဖြတ်ယူ နိုင်ပါပြီ။
.
Ref: techjoke
Aung Kham (TSJ Team)

အင်တာနက် မရသော ကျောက်ခေတ် လူသားတို့ အချိန်ဖြုန်းနည်း


ယနေ့လူသားတွေလို အချိန်ဖြုန်းစရာ အင်တာနက်ဆိုတာ မပေါ် သေးခင် ကျောက်ခေတ်လူသား သူ့တို့ ခေတ်ခါက ဘယ်လို အချိန်ဖြုန်းသလဲဆိုတာကို Joyoftech.com မှ ရယ်စရာနှောပြီး ရေး သားဖော်ပြထား ပါတယ်။

၁။ တိမ် ကြည့်ငေးခြင်း

အားသာချက် - အခမဲ့ ကြည့်ခွင့်ရသည်။
အားနည်းချက် - ရာသီဥတု အပေါ် မှီခိုရသည်။ ညဘက်တွင် ကြည့်၍မရ၊ အင်တာနက် လိုမဟုတ်ပဲ မိမိရဲ့  စိတ်ကူး စိတ်သန်းများကို တွေးဆထုတ်ယူရန် လိုအပ်သည်။

၂။ ကျောက်တုံးကိုငေးခြင်း

အားသာချက် - Twitter, Facebook တို့ကဲ့သို့ user engage ဖြစ်သည်။
အားနည်းချက် - ကျောက်တုံးက မိမိကို ပစ်ပေါက်ချစ်စိတ် ဖြစ်ပေါ်စေပြီး သို့တည်းမဟုတ် မီးမွေးရန် သို့တည်းမဟုတ် တစ်ခုခုတည်ဆောက်စေရန် တွန်းအားပေးသည်။

၃။ မီးပုံ ကြည့်ခြင်း

အားသာချက် - အင်တာနက် ကဲ့သို့ အဆုံးအစမရှိ အလင်းတန်ကို စိတ်ကူးဖြင့် မြင်တွေ့ နိုင်သည်။
အားနည်းချက် - ပစ္စည်းပစ္စယ များစွာလိုအပ်ပြီး၊ မီးမွေးရန် အချိန်ပေးရခြင်း၊ ပြီးလျှင် မီးငြိမ်းရခြင်း အခက် အခဲ ရှိသည်။

၎။ တရားထိုင်ခြင်း

အားသာချက် - စိတ်အပူငြိမ်းအေးစေခြင်း ကိုးကွယ်သူ ပေါ်က အစားအသောက် ကျောက်ခေတ် လူသားတို့ အား အစားအသောက် ရစေသည်။

အားနည်းချက် - အင်တာနက်တွင်သာ တွေးစရာ၊ မြင်စရာ အပြင် ဗဟုသုတ များသည်။
.
Ref: Joyoftech.com
Aung Kham

သုဓမ္မာ ဇရပ်တန်းနှင့် အအေးဆိုင်များ နောက်ကွယ်တွင် သမီးရည်းစား အတွဲများ၏ မဖွယ်မရာ စခန်းများ အဖြစ် တည်ရှိနေ


မန္တလေးမြို့၏ အထင်ကရ နေရာများထဲတွင် သုဓမ္မာဇရပ်တန်းတွေသည်လည်း ပါဝင်ပေသည်။ သမိုင်းဝင် အမွေအနှစ်များ ဖြစ်သောကြောင့် နိုင်ငံတော်မှ ပြုပြင် ထိန်းသိမ်းခဲ့ကြသည်။ နိုင်ငံခြား ခရီးသွားများသည်လည်း ထိုနေရာသို့ လာရောက်၍ လေ့လာနေသည်ကိုလည်း တွေ့မြင်နေကြရသည်။ နန်းမြို့ကြီးနှင့် ကျုံး၊ ကျောက်တော်ကြီး၊ ကုသိုလ်တော်၊ မန္တလေးတောင်တို့ဖြင့် သုဓမ္မဇရပ်တန်းသည် အလွန်ပနံသင့် လှပေသည်။ ယခုအခါ ထိုနေရာတွင် အအေးဆိုင်များ၏ ကြီးစိုးရာ ဇုန်တစ်ခုလို ဖြစ်နေသည်။ သက်ဆိုင်ရာမှလည်း မျက်ကွယ်ပြုထားသည်ဟု ထင်သည်။ အများသူငါ၏ ထမင်းလုတ်ကို ပုတ်ခြင်းမျိုး မဟုတ်ပေ။ အရှိန်အဟုန်မြင့် ဖွံ့ဖြိုးတိုးတက်လာသော အချိန်တွင် အမျိုးသားရေးနှင့် ယဉ်ကျေးမှု အမွေအနှစ်များ ထိန်းသိမ်းရန်မှာ နိုင်ငံသူနိုင်ငံသားအားလုံး၏ တာဝန်ပင် ဖြစ်သည်။ ရိုးရိုးသားသားဖြင့် မိသားစုဝမ်းရေးကို ဈေးရောင်း၍ ဖြေရှင်းနေကြသည်ကို ဂုဏ်ယူမိပါသည်။ ရိုးရိုးသားသား ဖွင့်လှစ် ရောင်းချနေလျှင် သုဓမ္မဇရပ်များနှင့် အအေးဆိုင်များမှာ အလွန်ပင် နှစ်လိုဖွယ်ဖြစ်သည်။ အခုတော့ ခြုံတွေကြားမှာ ထီးတိုင်ပုတွေနှင့် ကာရံထားကြပြီး အတွဲများ သီးသန့်ထိုင်ရန် ပြုလုပ်မြူဆွယ်၍ ရောင်းချနေခြင်းမျိုးမှာ မဖြစ်သင့်ပေ ယဉ်ကျေးမှု အမွေအနှစ်များနှင့် ဗုဒ္ဓ အမွေအနှစ်များ ထွန်းကားရာ နေရာတွင် ဤသို့သော အမြင်မတင့်စရာများ မရှိသင့်ဘူးဟု ထင်သည်။

မန္တလေးမြို့တော်သူ မြို့တော်သားများသည်လည်း မြင်တွေ့ကြ ရမည်မှာ မလွဲပေ။ အထူးသဖြင့် မြောက်ပြင်တွင် နေထိုင်ကြသူများ ပို၍ပင် မြင်တွေ့ကြရပေမည်။ ညမှောင်ရိပ်လေး သမ်းလာလိုက်သည်နှင့် သမီးရည်းစား အတွဲများသည် အလျှိုလျှိုအဖြိုင်ဖြိုင် လာရောက် နေထိုင်ကြပေတော့သည်။ ရိုးရိုးအတွဲရော၊ ဆန်းဆန်းအတွဲရော အလွယ်တကူပင် ကူးလူးနေကြတော့သည်။ ည (၁၀) နာရီ ရောက်သည့်တိုင် အမှောင်ထုထဲတွင် အအေးသောက်နေကြသည်။ လူများကိုတော့ မတွေ့ရ။ ရပ်ထားသည့် ဆိုင်ကယ်နှင့် စက်ဘီးတစ်ချို့သာ မြင်တွေ့နေကြရသည်။ ပို၍ဆိုးသည်က မီးထွန်းမထားခြင်းပင်။ ဝန်ဆောင်မှုများမှာလည်း အလွန်ကောင်းသည်။ ခြင်ဆေးခွေများ ထွန်းပေးထားသောကြောင့် ဖြစ်သည်။အသိမကြွယ်၊ စမ်းသပ်ချင်သော အရွယ်များသည် ထိုနေရာကို စမ်းသပ်ကွင်း တစ်ခုနှယ် အသုံးချနေကြသည်။ မိဘအများစုသည်လည်း သားသမီးများ ကျုံးဘေး အအေးသောက်သွားမည်ဆိုလျှင် ယုံကြည်စိတ်ချ လွှတ်တတ်ကြသည်။ သို့ပေမယ့် သုဓမ္မဇရပ်တန်းကို မကျော်နိုင်ကြပေ။ ငယ်ရွယ်သူတွေကို အမှားထဲ ဇွတ်တိုးဝင်စေရန် သုဓမ္မဇရပ်တန်းကို အမှီပြုပြီး အအေးဆိုင်များ ဖွင့်လှစ်နေကြသူများက ကာဗာပေးပြီး တွန်းပို့သလိုဖြစ်နေတော့ မိဘများမှာ သောကမီးတွေ ဝေနေကြရတော့သည်။ သက်ဆိုင်ရာမှလည်း လျစ်လျူရှုမထားဘဲ တဒင်္ဂလောက် လေ့လာစေချင်သည်။ အမှန်တကယ် မြင်တွေ့ကြမည်မှာ မလွဲနိုင်ပေ။ အမျိုးဂုဏ်နှင့် ယဉ်ကျေးမှုအမွေကို ဖျက်ပြီး နိုင်ငံ၏မျက်နှာကို အိုးမဲသုတ်နေသလို ခံစားနေကြရသည်။ နိုင်ငံတကာမှ လေ့လာသူများ အများဆုံး ဝင်ထွက်သွားလာရာတွင် ဟန်ပြပြီး မဖွယ်မရာ ရောင်းချနေသော အအေးဆိုင်များ ဖယ်ရှားရှင်းလင်းပြီး စနစ်တကျ အချိန်သတ်မှတ်ကာ မီးများ လင်းထိန်စွာထွန်းပြီး ရောင်းချနိုင်လျှင် မိသားစုဝမ်းရေး မခက်ခဲဘဲနှင့် မန္တလေးသည်လည်း မန္တလေးပင် ဖြစ်လာပေလိမ့်မည်။

မန္တလေးက သူငယ်ချင်းတွေပါရင် တောင်းပန်ပါတယ် ။အများသိစေချင်လို့ ရတနာပုံတယ်လီပို့ ဆိုဒ်မှတင်ပြထားပါတယ်။

Today Myanmar

ရုပ်ရှင်ကန့်လန့်ကာ နောက်မှဖုံးဖိခဲ့တဲ့အတွင်းရေး၊ဗိုလ်ချုပ်အောင်ဆန်းတည်ထားခဲ့သော စေတီတစ်ဆူ



ဤသတင်းမှာ လူမသိအောင် ဖုံးဖိခဲ့ကြသော ရုပ်ရှင် ကန့်လန့်ကာ နောက်ကွယ်မှ အတွင်းရေးတစ်ခုဖြစ်သည်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း၊ လွန်ခဲ့သော ၅၆နှစ်က ဟံသာဝတီ သတင်းစာတွင် ရုပ်ရှင်ကန့်လန့် ကာ နောက်မှ ဖုံးဖိခဲ့တဲ့ အတွင်း ရေး၊ ဗိုလ် ချုပ်အောင်ဆန်းတည် ထားခဲ့သော စေတီတစ်ဆူ ခေါင်း စဉ်ဖြင့် အထက်ပါ စေတီ ဓာတ် ပုံကို ဖော်ပြသည်။ ဓာတ်ပုံရိုက် ကူးသူမှာ သတင်းထောက် မဟုတ်ဘဲ ရုပ်ရှင်ဒါရိုက်တာ တက္ကသိုလ်ဝင်းဖေနှင့် အောင် မင်္ဂလာရုပ်ရှင်မှ ကင်မရာမင်း ကိုရှိန်တို့က အဝေးမှနေပြီး ရိုက်ကူးခဲ့သော ပုံဖြစ်သည်။ ဤကိစ္စနှင့်ပတ်သက်၍ အချို့ သတင်းစာတွင် အနည်း အကျဉ်း ရေးသား ထုတ်ဖော်ပြီးကြပြီ ဖြစ်စေကာမူ ကန့်လန့်ကာ အတွင်းဝယ်မှ ကွယ်ဝှက်ခဲ့သော သတင်း တစ်ခု ကတော့ ကျန်ခဲ့သေး၏။

ဖြစ်ခဲ့ကြပုံမှာ ဤသို့ပင်၊ အောင်မင်္ဂလာရုပ်ရှင်မှ မင်းသား ခင်မောင်ညွန့်သည် ရွှေနန်း ကျင် အသံထွက်ကို ရိုက်ကူး ခဲ့စဉ် ဇာတ်သိမ်းခန်းတွင် ရွှေနန်းကျင်နှင့် ပတ် သက်၍ကျိုက်ထီးရိုးဘုရားကို ထည့် ပြလိုသဖြင့် မည်သို့ မည်ပုံကြံ စည်ရ မည်ကို မတွေးတတ် အောင်ဖြစ်ကြသည်ဆို၏။ ကျိုက်ထီးရိုးဘုရားကို ရိုက်ကူးရ မည်မှာ မလွယ်ကူပါ။ (ထို စဉ်က) ရောင်စုံသူပုန်သောင်း ကျန်းသူများကြီးစိုးရာ ဌာန ဖြစ်နေ၍ မည်သူမျှ သွား ရောက်ဝံ့ကြမည်မဟုတ် သဖြင့် ရွှေနန်းကျင်နှင့် ကျိုက်ထီးရိုး မှာ လမိုင်းမ ကပ်နိုင်အောင် အခက်ပွေနေ၏။ သို့သော် မင်းသားခင်မောင်ညွန့်သည် မတတ်နိုင်သည့် အဆုံးတွင် သဏ္ဍာန်လုပ်သရုပ်နှင့်တူ အောင် ကျိုက်ထီးရိုးစေတီပုံကို ပန်း ချီဆရာ အားကိုးဖြင့် စက္ကူနှင့် ရုပ်လုံး ဖော်ပြီး ဖန်တီးလိုက်ကြ တော့၏။ သို့ ရာတွင် အတုနှင့် အစစ်မှာ ဆီနှင့် ရေလိုကွာ နေသဖြင့် ကျိုက်ထီးရိုးပုံ မှာ မှုန်ဝါးဝါးဖြစ်နေသည်။

တစ်နေ့ ကျုပ် ကျိုက်ထီး ရိုးဘုရားအစစ်ကို သွားရိုက် ပေးပါရစေ ဟု တက္ကသိုလ်ဝင်း ဖေကမြည်လာရာ ခင်မောင်ညွန့် ပင် မျက်လုံးပြူးသွား၏။ နေ ပါစေ ကိုယ့်လူခင်ဗျား အသက် အန္တရာယ်အတွက် ကျုပ်တာ ဝန်မယူနိုင်ဘူးဟု ပြင်းပြင်း ထန်ထန် ငြင်းဆန်လိုက်၏။ ဖေဖော်ဝါရီလ ၂၃ရက်နေ့တွင် ဒါရိုက်တာတက္ကသိုလ် ဝင်းဖေ သည် ရန်ကုန်မှ ရုတ်တရက် ပျောက်သွား၏။ မင်းသားခင် မောင်ညွန့်မှအစ ကိုဝင်းဖေအိမ်သားများပါ လှုပ်လှုပ်ရွရွဖြစ်သွားကြ၏။ဂျစ်ကားတစ်စီး နှင့် ရန်ကုန်မြို့ရှိ သူ့အသိအိမ် များသို့ အနှံ့အပြားရှာဖွေ ခဲ့သော်လည်း အစအနမှ မမြင် ရသဖြင့် အားလုံးခေါင်းကြီး သွားကြ၏။ နောက်တစ်နေ့ ခင်မောင်ညွန့် အလုပ် တိုက်ဖြစ် သည့် စပတ်လမ်းအောင်
မင်္ဂလာရုပ်ရှင်ကုမ္ပဏီသို့ လူ တစ်ယောက်စာလာပေးသွား သည်ဆို၏။ထိုစာမှာ တက္ကသိုလ် ဝင်းဖေအား သောင်းကျန်း သူများ ပြန်ပေးဆွဲထား သလိုလို သိရ၏။ ဓာတ်ပုံဆရာ ကို ရှိန်ပါ အဆစ်ပါရပုံ သိရသောအခါ ခင်မောင်ညွန့်ခေါင်း မီးလောင် တော့၏။ ကုမ္ပဏီအား အသိ မပေးဘဲ ကိုဝင်းဖေသည် ဓာတ်ပုံဆရာကိုရှိန်ကို ခေါ်၍ ကျိုက်ထီးရိုးဘုရားသွားရိုက် ကြကြောင်း ပေါ်လာတော့၏။ မိမိ ပယောဂမကင်းသဖြင့် နောက် ဆုံး ပြန်ပေးလက်မှ ရွေးလိုရ ငြားအောင် မင်္ဂလာရုပ်ရှင် မန်နေ ဂျာဦး တင်အေးကို ငွေ ထုပ်ပိုက်စေပြီး ကျိုက်ထိုသို့ ကတိုက်ကရိုက်လွှတ်ရတော့၏။ သို့သော် ဦးတင်အေးသည် ငွေ ထုပ်ပိုက်ပြီး ကျိုက်ထို အရောက် ကျိုက်ထီးရိုးပြန် အသိ ဘုန်းကြီး တစ်ပါးနှင့်တွေ့၍မိမိတို့ ဒုက္ခကို ဖွင့်၍ အကူအညီ တောင်းမိရာ ထိုရဟန်းပျိုက ရုပ်ရှင်သမား နှစ်ယောက် ကျိုက်ထီးရိုးဘုရား ကို ရုပ်ရှင် ရိုက်ကူးသွားကြောင်း ယခု ရန်ကုန်သို့ ပြန်သွားပြီ သတင်းကောင်းကြားရသော အခါ ဦးတင်အေးမှာ ကိုဝင်း ဖေဖြစ်ရမည်ဟု ယုံ ကြည်ကာ ဝမ်းသာအားရ ရန်ကုန်ပြန် ခဲ့ရာ၊ အောင်မင်္ဂလာရုပ်ရှင် တိုက်တွင် ပြုံးပြုံးကြီးထိုင်နေ သော ကိုဝင်းဖေကို တွေ့ရ၏။

ကိုဝင်းဖေသည် သောင်း ကျန်းသူတို့ ကျက်စားကြီးစိုး သော နယ်ပယ်ထဲသို့ မည်သို့ မည်ပုံ ကျိုက်ထီးရိုး ဘုရားအား မရမက ရိုက်ကူးနိုင်ခဲ့သည် ကိုတော့ ချီးကျူး စရာဖြစ် တော့ ၏။ ထိုမှတစ်ဖန် ကိုဝင်းဖေ တို့ကို အခွင့်ကောင်းယူကာ ဓာတ်သိအချို့ကပင် ငွေချူ နည်း တစ်မျိုးဖြင့်အောင် မင်္ဂလာ ရုပ်ရှင်သို့ စာပေးပုံကလေး မှာ လည်း လျှင်လွန်းလှ၏။ သို့ သော် သူရဲကောင်းဆန်ဆန် ကျိုက်ထီးရိုးဘုရားအစစ်ကို ရိုက်ကူးနိုင်ခဲ့သူ တက္ကသိုလ် ဝင်းဖေကိုတော့ ဂုဏ် ပြုပွဲ လုပ်လို၍ မတ်လ ၁ရက်နေ့က သတင်းစာတိုက်မှ အယ်ဒီ တာများနှင့် ရုပ်ရှင်ဝေဖန် ရေးဆရာတစ်စုကို မီးရထား ဟိုတယ်တွင် ခေါ်ယူတွေ့ဆုံ ပြီး ကိုဝင်းဖေ၏ စွန့်စားခဲ့ပုံ အကြောင်း ကို ပြန်ပြောင်း သတင်းပေးသည်။

” ကျွန်တော်နဲ့ ကိုရှိန်က ဓာတ်ပုံပစ္စည်းများကို တစ်ခုစီ ဖြုတ်ပြီး ရဟန်းပျိုငါးပါးရဲ့ အကူအညီနဲ့ သူပုန်သူကန်နှင့် ဓားပြများကြီးစိုးနေသော ကျိုက်ထီးရိုးဘုရားကို ထွက်ခဲ့ တယ်။ဘရင်းဂန်းတွေ စတင်း ဂန်းတွေကိုင်ထားတဲ့ သူပုန်အချို့ ကိုလည်း ဟိုတစ်စုသည်တစ်စု သွားလာ လှုပ်ရှားနေတာကို လည်း မကြာခဏတွေ့ရ တယ်။ သူတို့မျ က်နှာကြည့်ရတာ မှုန်ကုတ် ကုတ်တွေပါပဲ။ ကျွန်တော်တို့ နှစ်ဦးတောင် မသင်္ကာသလိုလိုနဲ့ တစ်ခါတစ်ရံအနားလာပြီး ပြူးတူးပြဲတဲ လုပ်ခြင်းခံရတယ်။ ကျွန်တော်တို့ ကေ တာ့ ကျိုက်ထီးရိုး ဘုရားကို ရုပ်ရှင်ရိုက်ရပြီးရော သဘောနဲ့ သူတို့အလစ်ကြည့်ပြီး ရင်တမမ စွန့်စားရိုက်ခဲ့ရတယ်” ဟု အခက်အခဲများကို ဖွင့်ချ၏။

အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းတည်ခဲ့တဲ့ ဘုရားကို ကျိုက်ထီးရိုးအနီးမှာ ဖူးမြော်ခဲ့ရလို့ ဓာတ်ပုံရိုက်ခဲ့ကြသေးတယ်ဟုပြောပြီး ရိုက်လာသော ဓာတ်ပုံကို လက်တို့ပေးလေသည်။ စေတီ နှင့် ပတ်သက်၍ တိတိကျကျ ပြောကြားခဲ့ခြင်းမရှိသော်လည်း ဗိုလ်ချုပ်တည်ခဲ့သည်ဆိုသောစေတီမှာ အမှန်တကယ်ရှိ၍ ရိုက်ကူးလာခြင်း
ဖြစ်မည်။ ထို့ကြောင့် ယင်းစေတီကိုရှာဖွေ ဖော်ထုတ်သင့်သည်။

မှတ်ချက်-ရွှေနန်းကျင်ဇာတ်ကားသည် ၁၉-၄-၅၇ တွင် ရွှေဂုန်နှင့် ရီဂျင့်ရုံတွင် ပြခဲ့၏။

ဂျေကြိုင်(မဟာဝိဇ္ဇာ/သမိုင်းအဓိက)

နေအပြည့်ကြတ်မှု ဖြစ်စဉ်ကြောင့် မီဒီယာများနှင့်အစိုးရတို့ ပဋိပက္ခပြင်း ထန်နိုင်


နိုဝင်ဘာလ ၃ရက်နေ့ မြန်မာစံတော်ချိန် ညနေ ၄နာရီ၃၄မိနစ်တွင် စတင်ဖြစ်ပေါ်မည့် နေအပြည့်ကြတ်မှုဖြစ်စဉ်ကြောင့် စာပေမီဒီယာ ရပ်ဝန်း၌ ထင်ရှားသော မီဒီယာအဖွဲ့အစည်းများ၊ ထင်ရှားသော စာရေးဆရာနှင့်
ထုတ်ဝေသူများနှင့် အစိုးရအကြား ပြင်းထန်စွာ ပဋိပက္ခဖြစ်ပေါ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ နက္ခတ်ဗေဒ သိပ္ပံ
ပညာရှင်များ အဖွဲ့ချုပ်မှ ဦးဇေယျာကိုက ပြောကြားသည်။

နေကြတ်မှုဖြစ်စဉ်သည် တူရာသီအတွင်း ဖြစ်ပေါ်မည်ဖြစ်ကာ ဗုဒ္ဓဟူးဂြိုလ်ပတ်လမ်းကြောင်း၌ ဖောက်ပြန်၍ပါဝင်ပူးယှဉ်နေပြီး လွတ်လပ် ရေး ဇာတာ၏ မကောင်းသော ဗျာယ(ပြသနာ)ဌာနတွင် ဖြစ်ပေါ်မည်ဖြစ်သည့်အတွက် မင်း အစိုးရအုပ်ချုပ်သူနှင့် အများပြည်သူ စိတ်နှလုံး မသာယာသည့် အဖြစ်အပျက်များ ဖြစ်ပေါ်လာတတ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“လပြည့်နေ့မှာ လကြတ်တဲ့ဖြစ်စဉ်က မြန်မာနိုင်ငံမှာဘာသက်ရောက်မှုမှ မဖြစ်နိုင်ဘူး။ နိုဝင်ဘာ၃ရက်နေ့နေကြတ်မှု ဖြစ်စဉ်ကတော့ သက်ရောက်မှု ရှိနိုင်တယ်”ဟု၎င်းက ဆက်လက်ပြောကြားသည်။

နိုင်ငံတော်အစိုးရ၏ အခွန်ဘဏ္ဍာ တိုးတက်ရေးနှင့်အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းရန် ရည်ရွယ်ကာ အိမ် ခြံမြေဝယ်ယူသူများအပေါ် ပြင်းထန်စွာ နှိပ်ကွပ်ထားသော အခွန်ကိစ္စများအား အစိုးရမှ ပြန်လည်ပြုပြင်
ပေးရမည်ဖြစ်ပြီး အခွန်ကိစ္စများအပေါ် မကျေနပ်၍ပြည်သူလူထု ၏ ဆန္ဒဖော်ထုတ်မှုများ ဖြစ်ပေါ်နိုင်ကြောင်း အခွန်စနစ်ရေးဆွဲရန် အကြံပေးသူများနှင့် တာဝန်ရှိသူများ တာဝန်မှနှုတ်ထွက်မှုများလည်း ဖြစ်ပေါ်လာနိုင်ကြောင်းဦးဇေယျာကိုက ပြောကြားသည်။

အစိုးရ အုပ်ချုပ်သူ ဝန်ကြီး အဆင့်ပုဂ္ဂိုလ်များ၏ငွေကြေး အရှုပ်အရှင်း ပြသနာများ ဖြစ်ပေါ်လာနိုင် သည့်အပြင် နိုဝင်ဘာလအတွင်း ဘင်္ဂဘားပင်လယ်အော်၌ မုန်တိုင်းဖြစ်ပေါ်နိုင်သကဲ့သို့ ရွှေဈေးနှင့် မတ်ပဲ
ဈေး ရုတ်တရက်မြင့်တက်လာနိုင်ကြောင်း ၎င်းက ဆက်လက် ပြောကြားသည်။

ယင်း နေကြတ်မှုဖြစ်စဉ်သည် နိုဝင်ဘာလ(၃)ရက်နေ့မြန်မာစံတော်ချိန် ညနေ ၄နာရီ ၃၄မိနစ်၌ အနောက်လောင်ဂျီတွဒ် ၅၈ ဒီဂရီ ၂၁ မိနစ် နှင့် မြောက်လတ္တီတွဒ်၂၃ ဒီဂရီ ၅၀ မိနစ်တွင် နေအပြည့် ကြတ်သည့်ဖြစ်စဉ်
စတင်ပြီး ည ၇နာရီ ၈မိနစ်၌ အနောက်လောင်ဂျီတွဒ်၁၃ ဒီဂရီ ၄၇ မိနစ်နှင့် မြောက်လတ္တီတွဒ် ၀၄ ဒီဂရီ၂၃ မိနစ်၌ ဖမ်းလယ်ဖြစ်စဉ်ဖြစ်ပေါ်ကာ ည ၉နာရီ၅၈မိနစ်၌ အရှေ့လောင်ဂျီတွဒ် ၃၃ ဒီဂရီ ၅၀ မိနစ်နှင့်
တောင်လတ္တီတွဒ် ၀၀ ဒီဂရီ ၀၈ မိနစ်တွင် ဖြစ်စဉ်ပြီးဆုံး မည်ဖြစ်ကြောင်း မြန်မာနိုင်ငံမှ မမြင်ရသော်လည်းအမေရိကန် အရှေ့ပိုင်းတောင် ဥရောပဒေသများ အာဖရိကဒေသများမှ တွေ့မြင်လေ့လာနိုင်မည်ဖြစ်ကြောင်း ယင်းအဖွဲ့ထုတ်ပြန်ချက်များအရ သိရသည်။

ရေးသားသူ - သက်သက်မိုးသူ

အန္တရာယ်ကင်းအောင် စားသောက်နည်းများ

၁။ အဆီအအိမ့် များလွန်းသော ဒံပေါက်ထမင်း ကြိုက်သူများ ဒံပေါက်မစားမီ ရှေ့တွင်ရှိသော ပန်းကန်ထဲမှ ပူဒီနာ (ပုစီနံ) ရွက်များကို အရင်ဝါးစားပြီးမှ ထမင်းစားပါ။ အဆိပ်အတောက် ကင်းပါသည်။

၂။ အုန်းနို့၊ ငံပြာရည်၊ ကြက်ဥ အနှစ်တို့ပါသော မုန်းဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ ကြိုက်သူများ ရှေးဦးစွာ မုန်းမစားမီ သံပုရာသီးစိတ်များကို ယူ၍ ဇွန်းထဲတွင် အရည်ညှစ်ချပါ။
ရလာသော ဇွန်းဝက်ခန့် သံပုရာရည်များကို အရင်သောက်ချပြီးမှ မုန့်များကို စားပါ။ အန္တရာယ်ကင်းသော မုန့်စားနည်း ဖြစ်ပါသည်။

၃။ အဆိပ်အတော်ကများသော မျှစ်ချဉ်၊ အသည်းပျက်တတ်သော မျှစ်ချဉ်ကို လုံးဝမစားဘဲနေက အန္တရာယ်ကင်းပါသည်။
စိတ်မခိုင်၍ စားလိုပါက မျှစ်ချဉ်ထဲသို့ သံပုရာရည် အနှံ့ညှစ်ချပြီး နာနာနယ်၍ ရေဆေးပြီး စစ်ထားပါ။ ပြီးမှ မိမိစတ်ကြိုက် ချက်စားပါ။

သို့မဟုတ်-မျှစ်ချဉ်ချက်ထဲသို့ သံပုရာရည် ညှစ်ချပြီ မွှေနှောက်ကာ ဟင်းအိုးကို မီးဖိုမှချ၍ သုံးဆောင်ပါ။ အဆိပ်အတောက် နည်းသွားပါသည်။

၎။ ရိုးရာအစားအစာ ဖြစ်သောလည်း ဥပဒ်ဖြစ်စေနိုင်သည့် လက်ဖက်ကို လက်ဖက်ကြိုက်သူများ ပြုပြင်၍ စားနိုင်ပါသည်။
ပထမဦးစွာ လက်ဖက်ကို ဆား၊ သံပုရာရည်တို့ဖြင့် နာနာပွတ်နယ်၍ ရေဆေးပါ။ ၂-ကြိမ်ခန့် ထိုသို့ ပြုလုပ်ပြီးမှ ကြိုက်နှစ်သက်သလို သုပ်စားပါ။

၅။ အထက်အညာဒေသ အိမ်ရှင်မများသည် မန်းကျည်းသီးစိမ်းကို အပေါ်မှ အပွေးခွံ ဖြစ်မပစ်ဘဲ ချက်စားလေ့ရှိပါသည်။
မန်းကျည်းသီးပွေး ညိုညစ်ညစ်များကို ဓားနှသ့်ခြစ်ချပြီး အတွင်းမှ စိမ်းဖန့်ဖန့် မန်းကျည်းသီးသား ပေါ်လာမှ ထောင်း၍ ချက်စားပါ။ ရင်ကျပ်ရောဂါ မဖြစ်နိုင်ပါ။

၆။ လူတိုင်းလိုလို ကြိုက်နှစ်သက်သော ဒညင်းသီးကို စား၍ဖြစ်သော ရောဂါမှာ ဆေးကုသ၍ မရပါ-ဟုပင် တချို့သော ဆရာဝန်များ ပြောကြားကြပါသည်။
မသင့်တာကိုမှ စားလိုသော လူတို့ ဗီဇအရ ဒညင်းသီး စားလိုပါက ပထမ တစ်ရေ ပြုတ်ပါ။ အခွံပွလာလျှင် မီးဖိုမှချ၍ အခွံသင်၊ ထန်းလျက် အသေးစား ၂-လုံးခန့် ထည့်ပြီး နောက်တစ်ကြိမ် ပြန်ပြုတ်ပါ။ ရေခန်းမှ ချ၍ သုံးဆောင်ပါ။
အန္တရာယ်ကင်း၍ ခံတွင်းနံ့လည်း ရှင်းပါသည်။

တနည်းမှာ---ဒညင်းသီးပြုတ်မှ အညှောက်ကလေးများကို ဖယ်စားပါက သွေးတက်မှု ကင်းပါသည်။

အသက်ကို ဉာဏ်စောင့်၍ ကျန်းမာရွှင်လန်းစွာ နေထိုင်နိုင်ကြပါစေ။
(ဥက်မယ်မယ်)
(နက္ခတ္တ-၂၀၀၆-၃)

credit to မင်္ဂလာသတင်းစဉ်

Sunday, October 20, 2013

ဗုံးဖောက်ခွဲ သူများသည် KNU အောက်ခြေမှ လူငယ်များ၏ လုပ်ရပ်ဖြစ်ပြီး ထိုသူများကို နောက်ကွယ်မှ ကြိုးကိုင် စေခိုင်းသူများ ရှိကာ ရွှေတိဂုံစေတီ၌ ဖောက်ခွဲရန်ပါ ကြံစည်မှုရှိခဲ့


ပြီးခဲ့သည့် ရက်ပိုင်းအတွင်း မြန်မာနိုင်ငံ အနှံ့အပြား၌ ဖြစ်ပေါ်ခဲ့သော ဗုံးဖောက်ခွဲမှု၊ ဗုံးတွေ့ရှိမှုများတွင် ဗုံးဖောက်ခွဲ ခဲ့သူများသည် KNU အောက်ခြေမှ လူငယ်များ၏ လုပ်ရပ်ဖြစ်ပြီး ထိုသူများ၏ နောက်ကွယ်တွင် ကြိုးကိုင်စေခိုင်း သူများရှိကာ ရွှေတိဂုံစေတီ၌ ဗုံးဖောက်ခွဲရန်ပါ ကြံစည်မှုများ ရှိခဲ့ကြောင်း KNU ဗဟိုအလုပ်အမှုဆောင် ပဒိုမန်းငြိမ်းမောင်က အောက်တိုဘာ ၂၀ ရက်က မြန်မာ့ငြိမ်းချမ်းရေး ဖော်ဆောင်ရေးဗဟို (MPC) ၌ ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

KNU က စီစဉ်ပြုလုပ်သော အဆိုပါ သတင်းစာ ရှင်းလင်းပွဲသို့ KNU ဗဟိုအလုပ် အမှုဆောင်များဖြစ်သော ပဒိုမန်းငြိမ်းမောင်၊ ပဒိုစောရွှေမောင်းနှင့် KNU ကာကွယ်ရေးဌာနမှ ပဒိုစောရော်ဂျာခင်တို့ တက်ရောက်ရန် စီစဉ်ခဲ့သော်လည်း ပဒိုမန်းငြိမ်းမောင်နှင့် ပဒိုစောရွှေမောင်းတို့ နှစ်ဦးသာ တက်ရောက်ခဲ့ပြီး ပဒိုမန်းငြိမ်းမောင် တစ်ဦးတည်းက ရှင်းလင်းသွားခဲ့ခြင်း ဖြစ်သည်။

KNU ကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၁၉ ရက်က နေပြည်တော်၌ အစိုးရအဖွဲ့ ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့ပြီး အောက်တိုဘာ ၂၀ ရက်တွင် ဗုံးဖောက်ခွဲမှုကြောင့် ဖမ်းဆီးခံထား ရသူများနှင့် တွေ့ဆုံပြီးနောက် မွန်းလွဲပိုင်းတွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။

"အခုမနက်ပိုင်းမှာ ဖမ်းမိထားတဲ့ စောမြင့်ငွေ၊ KNU ရဲ့ တပ်သားဟောင်း၊ KNU ရဲ့ တပ်မတော်သား မဟုတ်ပါဘူး။ ဌာနေပြည်သူ့စစ် အဆင့်လောက်ပဲ ရှိပါတယ်။ သုံးလေးနှစ် အမှုထမ်းခဲ့တယ်။ ကျွန်တော်တို့ သူ့ကိုလေ့လာ ကြည့်တယ်။ လူငယ်ဘ၀ပဲ ရှိပါသေးတယ်။ သူက အထက်ကခိုင်းလို့ ဆောင်ရွက်ခဲ့တာ ဖြစ်တယ်။ သူလည်း ရိုးရိုးသားသားပဲ ၀န်ခံတယ်။ ကျွန်တော်တို့ အဓိက ပြောချင်တာကတော့ ဒီလိုဆောင်ရွက် မှုတွေဟာ KNU ရဲ့ သဘောထား မဟုတ်ဘူး။ အောက်ခြေသူတို့ရဲ့ ခံစားချက်ပေါ်မှာ ရှေ့တန်းထားပြီး ဆောင်ရွက်ခဲ့တဲ့ ဖြစ်စဉ်ဖြစ်ရပ်လေး တစ်ခုပဲ ဖြစ်ပါတယ်။ ဒီဖြစ်စဉ် ဖြစ်ရပ်လေး တစ်ခုကို KNU ရဲ့ သဘောထား အနေနဲ့ မမှတ်ယူစေချင်ဘူး" ဟု ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

"ဒီကောင်လေးတွေကို ပြန်မေးကြည့်တဲ့ အခါကျတော့ သူတို့သွားရောက်ခဲ့တဲ့ နေရာတွေဟာ သာသနိက အဆောက်အအုံတွေကို အဓိက သွားလေ့လာတယ်။ သာသနိက အဆောက်အအုံတွေကို အဓိက ပစ်မှတ်ထားပြီးတော့ ရွှေတိဂုံဘုရားကြီးမှာတောင် ဖောက်ခွဲဖို့ စဉ်းစားပါတယ်။ ဖောက်ခွဲမယ့် နေ့ရက်ကလည်း မွတ်စလင် ဘာသာဝင်တွေရဲ့ အိဒ်နေ့မှာလုပ်ဖို့ ရွေးချယ်ပါတယ်။ ဆိုတဲ့ အခါကျတော့ တော်တော်ရည်ရွယ်ချက် ကြီးကြီးမားမားနဲ့ လုပ်ဆောင်တယ်။ ဒါကြောင့်မို့လို့ ဒီဟာက နိုင်ငံရေး ရည်ရွယ်ချက် ရှိရှိနဲ့ လုပ်ဆောင်တာ ဖြစ်တယ်။ ကျွန်တော်တို့ တိုင်းပြည်မှာ ငြိမ်းချမ်းစပြုနေတဲ့ ဘာသာရေး ပဋိပက္ခ၊ လူမျိုးရေး ပဋိပက္ခတွေကို ပြန်လည်ဆူပူဖို့ ရည်ရွယ်တယ်။ တစ်ခုက KNU ရဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှုဖြစ်စဉ်ကို ဖျက်လိုဖျက်ဆီး လုပ်လိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ဆောင်တာ ဖြစ်တယ်" ဟု မန်းငြိမ်းမောင်က ဆက်လက်ပြောကြားသည်။

ဗုံးဖောက်ခွဲသူများသည် ပုဂံသို့ နှစ်ကြိမ်သွားရောက်ပြီး အာနန္ဒာ ဘုရား၌ ဖောက်ခွဲရန်ပါ လေ့လာမှုများ ပြုလုပ်ခဲ့သည်ဟု ၎င်းတို့ကို လိုက်ပါပို့ဆောင်သည့် ယာဉ်မောင်း၏ ပြောကြားချက်ကို ကိုးကားပြီး ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

ထိုသူများ၏ နောက်ကွယ်မှ ကြိုးကိုင်စေခိုင်း သူများကိုမူ မသိရသေးကြောင်း ၎င်းကဆိုသည်။

"သူတို့ရဲ့ နောက်ကွယ်က ညွှန်ကြားတဲ့ ကြိုးကိုင်တဲ့ ပုဂ္ဂိုလ်တွေကတော့ ဖော်ထုတ်လို့ မရဘူး။ ဒါပေမဲ့ ကျွန်တော်တို့ လေ့လာပြီး ဒီတွေ့ဆုံခဲ့ရတဲ့ ပြုလုပ်ခဲ့တဲ့ လူငယ်တွေဟာ ရိုးရိုးသားသားပဲ။ သူတို့မှာ ဘာရည်ရွယ်ချက် ကြီးကြီးမားမား မရှိဘူး။ ခိုင်းလို့သာ လုပ်ရတယ် ဆိုတဲ့အခါကျတော့ နောက်ကွယ်က စီစဉ်ညွှန်ကြားချက် ရှိတယ်လို့ ကျွန်တော်တို့ လေ့လာသုံးသပ်လို့ ရပါတယ်။ ဒါကြောင့်မို့ ဒါကိုတော့ ကျွန်တော်တို့က လေ့လာစုံစမ်းပြီးတော့ ဖော်ထုတ်သွားမှာ ဖြစ်ပါတယ်။ တစ်ဆက်တည်းမှာ နိုင်ငံတော် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ ဒီအပေါ်မှာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်" ဟု ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

ထို့အပြင် KNU အဖွဲ့အတွင်း သဘောထား ကွဲမှုများ ရှိကြောင်းကိုလည်း ၎င်းက၀န်ခံ ပြောကြားသွားခဲ့ပြီး အဖွဲ့အစည်းတိုင်းတွင် ဖြစ်တတ်သည့် သဘောသာဖြစ်ကြောင်း ဆိုပါသည်။

"ဘယ်အဖွဲ့အစည်းမဆို လုံးဝဥဿုံ ထိန်းချုပ်လို့ရတဲ့ အဖွဲ့အစည်းဆိုတာ မရှိဘူး။ ကျွန်တော်တို့လို တောတွင်းက အဖွဲ့အစည်း မပြောနဲ့ နိုင်ငံတော် အစိုးရတောင် အကျင့်ပျက် ခြစားမှုတွေ၊ တရားဥပဒေ စိုးမိုးမှုတွေ အခုထက်ထိကို လက်တွေ့အကောင်အထည် မဖော်နိုင်သေးဘူး။ ကျွန်တော်တို့မှာလည်း ဒီလိုအဖွဲ့အစည်းမှာ ဗဟိုရဲ့ ဦးစီးချုပ်ကိုင်မှုကို မနာခံတဲ့သူတွေ အနည်းနဲ့အများ ရှိမှာပဲ။ ဒါကျွန်တော် ရိုးရိုးသားသား ပွင့်ပွင့်လင်းလင်းပြောတာ ဖြစ်တယ်။ ကျွန်တော်တို့ အဖွဲ့အစည်း အသီးသီးမှာ တိုင်းပြည်ရဲ့ နိုင်ငံရေး အလှည့်အပြောင်းကို ယုံကြည်တဲ့သူတွေ ရှိတယ်။ လက်မခံတဲ့သူတွေ ရှိတယ်။ သံသယရှိတဲ့သူတွေ ရှိတယ်။ ဒါကလည်း သဘာဝကျတယ်လို့ ကျွန်တော်ထင်တယ်" ဟု ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

KNU အဖွဲ့အစည်းဝင်များက ယခုကိစ္စကို ပါဝင်ကျူးလွန်သည် ဆိုပါက တရားနည်းလမ်းကျစွာဖြင့် စုံစမ်းဖော်ထုတ် အရေးယူမည် ဖြစ်ကြောင်းနှင့် ယခုကိစ္စသည် KNU ဗဟို၏ လုပ်ဆောင်ချက် မဟုတ်သော်လည်း KNU နှင့် ဆက်နွှယ်နေသည့်အတွက် ဗုံးဖောက်ခွဲမှုများကြောင့် သေကျေထိခိုက် နစ်နာခဲ့ရသည့် ကာယကံရှင်များကို တောင်းပန်ကြောင်း ပဒိုမန်းငြိမ်းမောင်က ဆိုသည်။

"ဒါဟာ KNU ဗဟိုရဲ့ သဘောထားလည်း မဟုတ်ဘူး။ KNU ဗဟိုရဲ့ စီစဉ်ဆောင်ရွက်မှုလည်း မဟုတ်ဘူး။ သို့သော်လည်း KNU အဖွဲ့အစည်းနဲ့ တစ်စုံတစ်ရာ ပါဝင်ပတ်သက်တဲ့အတွက် အဲဒီကာကယံရှင်တွေကို အနူးအညွတ် တောင်းပန်တယ်" ဟု ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

ယခင်က ဖြစ်ပွားခဲ့သော ဗုံးဖောက်ခွဲမှုများတွင် KNU ပါဝင်ပတ်သက်သည်ဆိုသော အစိုးရ၏ စွပ်စွဲချက်များ ရှိခဲ့သည့်အတွက် ထိုစွပ်စွဲချက်များ မှန်၊ မမှန်နှင့် KNU အနေဖြင့် ဗုံးဖောက်ခွဲမှုများကို ပြုလုပ်ခဲ့ခြင်း ရှိ၊ မရှိ မေးခွန်းကိုမူ ပဒိုမန်းငြိမ်းမောင်က အတိအကျ ရှင်းပြခဲ့ခြင်း မရှိဘဲ မွန်-မြန်မာ နှစ်လေးဆယ်စစ် သမိုင်းနှင့် ဆက်စပ်ပြီး စစ်၏ သဘောသဘာဝများကိုသာ ရှင်းပြသွားခဲ့ပါသည်။

အောက်တိုဘာ ၁၁ ရက်က တောင်ငူမြို့ရှိ တည်းခိုခန်းတစ်ခုတွင် ဗုံးပေါက်ကွဲမှု တစ်ခုမှ စတင်ကာ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ရှမ်းပြည်နယ် စသည့်မြန်မာနိုင်ငံ အနှံ့အပြားတွင် ဗုံးပေါက်ကွဲမှု၊ ဗုံးတွေ့ရှိမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ယင်းဖြစ်စဉ်များအတွက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က ဖမ်းဆီးထားသူ၊ သံသယရှိသူများမှာ ကရင်လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့နှင့် ဆက်စပ်မှု ရှိနေသည်ဟု ပြောဆိုခဲ့ပြီးနောက် KNU ဘက်က ရှင်းလင်းမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်ဗုံးဖောက်ခွဲမှုတွင် ကျူးလွန်သူဟု ဖမ်းဆီးခံထားရသော စောမြင့်လွင်သည် KNU ၏ တပ်သားဟောင်း တစ်ဦးဖြစ်ပြီး ပြည်သူ့စစ် အဆင့်သာရှိကာ KNU အဖွဲ့မှ အနားယူထားသည်မှာ သုံးနှစ်ခန့် ကြာမြင့်ပြီဖြစ်ကြောင်း၊ ဖမ်းဆီးရမိခြင်း မရှိသေးဘဲ အဓိက ကျူးလွန်သူဟု ထုတ်ဖော်ပြောဆိုထားသည့် စောနေတိုးမှာ KNU တပ်မဟာ ၅ ၏ မြို့နယ်အဆင့် စီးပွားရေး တာဝန်ခံဖြစ်ကြောင်း ပဒိုမန်းငြိမ်းမောင်က ပြောကြားသည်။

Eleven Media Group

အကာကွယ်မဲ့နေတဲ့ မြိုင်ကလေး အမှတ် (၂) တန် ၄၀၀၀ ဘိလပ်မြေစက်ရုံက အလုပ်သမားများ အခြေအနေ


“လူတယောင်လုံး သေနေတာတောင်မှပဲ လူသေမှုအနေနဲ့ ဘယ်ရဲမှလာမစစ်ဆေးဘူး။ ကြက်ကလေး ငှက်ကလေး သေသွားသလိုပဲ ဘာမှမထူးဘူး”

ကျနော်တို့ စက်ရုံမှာ စက်ပြင်ကာလကို တလခွဲလောက် မနက် ၇း၀၀ နာရီမှ ည ၁၀း၀၀ အထိ နားရက်မရှိ အလုပ်ဆင်းရပြီနောက် ၁၀.၁၀.၂၀၁၃ မှာ စက်ရုံစတင်လည်ပတ်ခဲ့ပါတယ်။

ဒါပေမယ့် SP မှာ စက်ရပ်ထားတာ ကြာတာကြောင့် အေးခဲနေတဲ့ အစာ (ကျောက်မှုန့် မြေမှုန့်) တွေက ပိုက်လုံးကြီးမှာ ပိတ်နေပါတယ်။

မြင်အောင်ပြော ရရင် ကြီးမားတဲ့ပိုက်လုံးရဲ့အောက်ခြေ မှာ အေးနေတဲ့အစာဟောင်းတွေက ပိတ်နေတယ်။ အစာဟောင်းတွေရဲ့ အထက်မှာ စက်ရုံလည်ပတ်ထားတဲ့အတွက် အပူချိန် ပျမ်းမျှ ၈၀၀ မှ ၁၀၀၀ ကြားရှိတဲ့ အစာတွေရှိပါတယ်။

ထိုပြဿနာကို ဖြေရှင်းဖို့အတွက် အထက်အရာရှိတွေက စက်ကိုမရပ်ချင်ပါဘူး။ အန္တရာယ်ကင်းအောင် စက်ကိုရပ်ပြီး ပူနေတဲ့အစာတွေကို အေးအောင်စောင့်ပြီးမှ ပိတ်နေတဲ့ အစာတွေကို ရှင်းထုတ်သင့်ပေမယ့် စက်ကိုတပတ်ခန့် ရပ်လိုက်ရင် ဆုံးရှုံးမှုတွေအတွက် ရုံးချုပ်ကိုဖြေရှင်းချက်ပေးရမှာဖြစ်ပြီး စက်ရုံမှူးအနေနဲ့ နာမည်ပျက်နိုင်ပါတယ် စက်ရုံမှူးနေရာက စဉ်းစားရင် သူက စက်ရုံမှူးနေရာမှ ထုတ်ပယ်ခံရမှာ ကြောက်ပါတယ်။

ပြီးတော့ စက်ရုံမှူးနေရာက စက်ရုံလည်ပတ်နေရင် သူ့အတွက် တနေ့ကို ဘိလပ်မြေတန် ၃၀ ခွဲတန်းရရှိပါတယ်။ ဒါကြောင့် တာဝန်ရှိသူ ဗိုလ်မှူး၊ ဗိုလ်ကြီး အရာရှိအဆင့်ဆင့်ဟာ သူတို့တွေရဲ့ အတ္တတွေကိုအရင်းခံပြီး အန္တရာယ်အလွန်များတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့ပါတယ်။

အဲ့ဒါကတော့ စက်ကိုလည်လျှက် ပိုက်လုံးကြီးထဲမှာ အစာပိတ်နေတဲ့နေရာက အပေါက်လေးကိုဖွင့်ပြီး ပိတ်နေတဲ့ အစာတွေကို သံပိုက်နဲ့ ထိုးချရမှာ ဖြစ်ပါတယ်။ အထက်အမိန့်အရ ၀န်ထမ်းတွေဟာ စတင်ပြီးသံပိုက်နဲ့ထိုးရပါတယ်။ တခါထိုးရင် နှစ်ယောက်သာ ထိုးလို့ရပါတယ်။

ထိုးချတဲ့သူနှစ်ယောက် မောပြီဆိုရင် နောက်ထပ်နှစ်ယောက်က ၀င်လုပ်ရပါတယ်။ အလှည်ကျပေါ့ဗျာ။ ဒီလိုနဲ့ ၂၀၁၃ အောက်တိုဘာ ၁၅ ရက်နေ့ နေ့လည်ပိုင်းမှာ ပိတ်နေတဲ့ နေရာအနည်းငယ် ပွင့်သွားပြီး၊ ပန်းထွက်လာတဲ့ အလွန်တရာပူလွန်းလှတဲ့ အစာ (ကျောက်မှုန့် မြေမှုန့်) ကြောင့် ကလေးလုပ်သားဖြစ်တဲ့

ပြင်ပအလုပ်သမား ၁၄ နှစ်သားလေးဟာ ၀တ်ထားတဲ့ဘောင်းဘီပါ ပြတ်ထွက်သွားပြီး အပူလောင် ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး အနားမှာရှိတဲ့ ၀န်ထမ်းတွေပါ အပူလောင်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ အနည်းငယ်သာပွင့်သွားတဲ့အတွက် ပိုက်လုံးကြီးဟာ အစာတွေနဲ့ပြန်ပိတ်သွားခဲပါတယ်။ ဒါက ပထမအကြိမ်မှာပါ အန္တရာယ်အလွန်ရှိမှန်း သိခဲရပြီးပါပြီ။

လုံးဝအန္တရာယ်ဖြစ်နိုင်မှန်းသိတယ်၊ ဒါပေမယ့် အလုပ်ကိုမရပ်ဘူး၊ စက်ကို မရပ်ဘူး။ ပြီးတော့ အကာအကွယ်ပစ္စည်း မပေးဘဲ ဆက်လုပ်ခိုင်းပါတယ်။ အဲဒီနေ့ ညပိုင်းကျတော့ ဝန်ထမ်းသုံးလေးယောက် ပြင်းထန်စွာ အပူထပ်လောင်ပါတယ်၊

ဒါက ဒုတိယအကြိမ် အဖြစ်အပျက်ပါ အန္တရာယ် ဖြစ်ကိုဖြစ်မယ်ဆိုတဲ့ အနေအထားဆိုတာ လုံးဝသေချာနေပါပြီ၊ သို့ပေမယ့် ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့စိတ်မျိုးနဲ့ အကာအကွယ်ပစ္စည်းတောင်မပေးဘဲ ဆက်ပြီး လုပ်ခိုင်းပါတယ်။

အဲဒီလိုနဲ့ လုပ်လာလိုက်တာ အောက်တိုဘာ ၁၇ ရက်နေ့ရောက်တော့ ပိတ်နေတဲ့အပေါက်ဟာ ပွင့်ထွက်သွားပြီး ဗုံးပေါက်ကွဲသွားသလိုဘဲ ပြီးတော့ အစာပူတွေတရှိန်ထိုး ပွင့်ထွက်လာတဲ့အတွက် အလုပ်လုပ်နေတဲ့ ဝန်ထမ်းတွေလဲ သွေးရူးသွေးတန်းနဲ့ ဘာမှမမြင် ပြေးကြလွှားကြ အသက်ရှူကြပ်ကြနဲ့ပေါ့

မပြေးသာလိုက်တဲ့ ကျနော့သူငယ်ချင်း ကျော်ဝင်းထွဋ် (ကျောက်ဖား) တယောက်ကတော့ ခါးဝက်လောက်ရှိတဲ့ ပြင်းထန်းလွန်းတဲ့ အပူရှိန်ရှိတဲ့ ကျောက်မှုန်တွေကြောင့် မချိမဆန့် ခံစားရနေပါပြီး။

တခြားဝန်ထမ်းတွေဟာလဲ ကိုယ့်အသက်အတွက် ဘာမှမမြင်ရတော့တဲ့ အခြေအနေမှာ အချို့က အထပ်မြင့်ရဲ့ လက်ရမ်းသံပိုက်ပေါ် ကိုတက်တွယ်ထားပြီ ခိုနေရပါတယ် အောက်မှာ က ကျောက်အမှုန့်အပူတွေက ရှိနေတဲ့အတွက် ခြေချလို့မရပါဘူး။

ဒီလိုနဲ့ ၁၅ မိနစ်လောက်ကြာတော့ ပတ်ဝန်းကျင်ကို အနည်းငယ်ပြန်မြင်ရပါပြီ၊ ကျနော့ သူငယ်ချင်း ကျော်ဝင်းထဋ်ရဲ့ အဖြစ်အပျက်ကိုမြင်တော့ အနားမှာ လက်ရမ်းပေါ်ကိုတက်ပြီး သူနဲ့အတူလုပ်ကိုင်နေရတဲ့ ၀န်ထမ်းက သူခံစားရတဲ့အပူဒဏ်ကိုမေ့ပြီး သူ့လုပ်ဖော်ကိုင်ဖက်ရဲ့အဖြစ်ကို မကြည့်ရက်တဲ့အတွက် ကယ်ဖို့ဆင်းသွားခဲ့ပါတယ်။

သို့ပေမယ့် သုံလှမ်းလောက်သာ လှမ်းနိုင်ပြီး အပူဒဏ်ကိုမခံနိုင်တော့ တဲ့အတွက် လက်ရမ်းသံပိုက်ပေါ် အမြန်ပြန်တက်ခဲ့ရပါတယ်။

သံပိုက်ပေါ်မှ တခြားဝန်ထမ်းတဦးက သူ့အနားမှာရှိတဲ့ ၀ါလုံးကိုယူပြီး ကျော်ဝင်းထွဋ်ကို ကမ်းပေးလိုက်ပါတယ်။

ကျော်ဝင်းထွဋ်းဟာ သူ့ကိုကမ်းပေးတဲ့ ၀ါလုံးလေးကို နောက်ဆုံးရှိသမျှအားနဲ့ တချက်ကိုင်လိုက်နိုင်ပါတယ်၊
ခဏလေးအတွင်းမှာပဲ နောက်ကိုလန်ကျသွားပါတယ်၊

သူက အဲ့ဒီနေရာမှာပဲ ဆိုးဝါးစွာခံစားရင်း အသက်ပေးလိုက်ရပါတယ်။ သူဟာကျောက်မှုန့်တွေပိလို့ သေဆုံးရတာမဟုတ်ပါဘူး။ ပြင်းထန်တဲ့ အပူဒဏ်ကြောင့် သေဆုံးရတာပါ။ ပိုပြီးရင်နာစရာကောင်းတာက သူမှာ ဇနီးနဲ့ ရင်သွေးတဦး ကျန်ခဲ့ပါတယ် ဒါက တတိယအကြိမ် အဖြစ်အပျက်ပါ။

အခု မြိုင်ကလေးဆေးရုံမှာ ဒဏ်ရာပြင်းထန်သူ များတက်ရောက်လျှက်ရှိပါတယ်။

ကျနော့ သူငယ်ချင်းသေဆုံးတဲ့ အနေအထားကိုကြည့်ပြီး ကျနော်တို့ တပ်မတော်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (M.E.C) အမှတ် (၂) တန် ၄၀၀၀ ဘိလပ်မြေစက်ရုံ မြိုင်ကလေးက ဝန်ထမ်းတွေဟာ အကာအကွယ်မဲ့ နေတယ်လို့ ခံစားရတယ်။ အထူးသဖြင့် ဥပဒေရဲ့အကာအကွယ်ပေါ့။

“လူတယောင်လုံး သေနေတာတောင်မှပဲ လူသေမှုအနေနဲ့ ဘယ်ရဲမှလာမစစ်ဆေးဘူး။ ကြက်ကလေး ငှက်ကလေး သေသွားသလိုပဲ ဘာမှမထူးဘူး”

ကျတော်တို့ အကူအညီမဲ့နေပါတယ်။ ဘယ်သူ့ကို အကူအညီတောင်းရမယ်ဆိုတာလဲ ကျနော်တို့ မသိပါဘူး။ ကျနော်တို့တွေ ဘယ်လိုလုပ်သင့်တယ်ဆိုတာ အကြံပေးကြပါခင်ဗျား။
အကူအညီပေးနိုင်တဲ့ သူတော်ကောင်းတွေနဲ့တွေ့အောင် ကူညီနိုင်သူများသိရှိအောင် ကူညီပေးကြပါခင်ဗျာ။

ကျေးဇူးတင်ပါတယ်။

ဖိနှိပ်ခံ တန် ၄၀၀၀ မိသားစု

(တပ်မတော်ပိုင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း၊ (M.E.C) အမှတ် (၂) တန် ၄၀၀၀ ဘိလပ်မြေစက်ရုံ၊ မြိုင်ကလေး)

Posted From Nayt Thit
Thit Htoo Lwin blog's

မည်သူတွေအတွက် ပါမစ်လုပ်ပေးမည့်အစီအစဉ်ဖြစ်သလဲ ? (Update of 6P)


ကျွန်တော်တို့ မလေးရှားရောက် မြန်မာများ Facebook စာမျက်နှာ အနေဖြင့် မလေးရှားရောက် မြန်မာနိုင်ငံသားများကို တိကျ သေချာတဲ့ အချက်အလက်များဖြင့် သတင်းဌာနများ ၊ ကြော်ငြာချက်များ ၊ ကို အားလုံးစုစည်းကာ သတင်းတစ်ပုဒ် အဖြစ် အစဉ်တစိုက် တင်ဆက်ပေးခဲ့ပါသည် ။

ယခု ပါမစ် ပြုလုပ်ပေးမည့် အစီအစဉ်ကို ၂၁.၁၀.၂၀၁၃ စတင်ပြီဆိုသော အခါ မေးထားသော မေးခွန်းများစွာ မှာ အောက်ပါအတိုင်းဖြစ်သည် ။ အောက်ပါ အဓိက မေးခွန်း ၄ မျိုး ကို ကျွန်တော်တို့ထံ ယနေ့ စာ အစောင် ၁၀၀ ကျော်ဖြင့် မေးထားသည်ကို တွေ့ရသည် ။ ကျွန်တော်တို့ တွင်ရှိသော အထောက်အထား ၊ သတင်းဌာနများ၏ ကြော်ငြာချက်များ ၊ လဝက ဝန်ထမ်းများ၏ အဖြေများကို စုစည်းကာ ယခု သတင်းကို တင်ဆက်ပေးပါသည် ။

မေးခွန်းများမှာ ................

၁. အရင် 6P မှာ ပါမစ်မလျှောက်ထားတဲ့ အိုဗာစတေး သမားတွေအတွက် အကြုံးဝင်ပါသလား ။

၂.ပါမစ် ရရှိပြီး သူဌေး နှင့်အဆင်မပြေ၍ အိုဗာစတေး ဖြစ်သူတွေ ပြန်လျှောက်လို့ရနိုင်သလား ။

၃. 6P မှာ သူဌေးမပါပဲ အေးဂျင်းဖြင့် ပါမစ်တင်ထားသူများ မရသောသူများ အတွက် အကြုံးဝင်ပါသလား ။

၎. မည်သည့်နေရာတွင် လုပ်ပေးပါသလဲ ၊ မည်သည့်အချိန် မည်သည့်ရက်အတွင်း လုပ်ပေးမှာဖြစ်ပါသလဲ ။


ထိုမေးခွန်းများကို ကျွန်တော်တို့ လိုက်လံစုံစမ်း ပြီးသလောက် ၊ အထောက်အထား အပြည့်အစုံဖြင့် မလေးရှားရောက် မြန်မာများ သိအောင် ကျွန်တော်တို့ ယခုကဲ့သို့ ရှင်းလင်းပေးပါသည် ။

အဖြေများ .....

၁. ယခု ပြုလုပ်သည့် စီမံချက် သည် မလေးရှား နိုင်ငံတွင် ယခင်ပြုလုပ်ခဲ့သော 6P စီမံချက်၏ နောက်ဆက်တွဲသာဖြစ်သည် ။ထို 6P တွင်မပါဝင်ထားသောအခြား မည်သည့်သူကိုမျှ ယခု စီမံချက် ကာလတွင်မဆောင်ရွက်ပေးပါ ။ နောက်နောင်ဆောင်ရွက်ပေး မည်ဆိုပါက တင်ဆက်ပေးမည် ။ ယခု 6P တွင် လက်ဗွေမနှိပ်ထားသော မည်သူမှ ပါမစ်မပေးပါ ။

ယခု စီမံချက်သည် 6P တွင်ပါဝင်သော Amnesty ၏ နောက်ဆက်တွဲသာဖြစ်သည် ။

မလေးရှား အာဏာပိုင်များ၏ ကြော်ငြာချက်မှာ အောက်ပါအတိုင်းဖြစ်သည် ။
Ref : Babama post , New Straight Time .

PUTRAJAYA: EMPLOYERS with illegal workers can legalise them through an amnesty programme by the Home Ministry, starting on Monday.

"This programme will coincide with the Integrated 6P Operations' registration exercise. There will be no new immigrant registration during the programme."


For more information, they can visit www.moha.gov.my or contact the ministry's foreign workers' department at 03-8885 2940/2968.



၂. ပါမစ်ရှိပြီး သူဌေး နှင့် အဆင်မပြေ၍ အိုဗာစတေးဖြစ်လာပါက ပါမစ်ပြန်လျှောက်၍ မရပါ ။ သူဌေး မှ ဥပဒေ ချိုးဖောက်ပြီး ပါမစ် သက်တမ်းမတိုးပေးသော အဖြစ်များ ၊ ပါမစ် ပြုလုပ်ပေးပြီး လစာ မှန်မှန်မပေးပဲ အနိုင်ကျင့်မှု့များ ၊ အလုပ်ချိန်ကို မလေးရှားဥပဒေ အရ အလုပ်လုပ်ရက် ၂၆ ရက်အတွက် အလုပ်ချိန် ၂၀၈ နာရီအတွက် အခြေခံလစာသည် မလေးရှား ရင်းဂစ် ၉၀၀ ဖြစ်သည်ကို အပြည့်အဝမပေး သည့်အဖြစ်အပျက်များရှိပါက မြန်မာသံရုံးရှိ အလုပ်သမားရေးရာ ကော်မရှင် တွင် သွားရောက်တိုင်ကြားပါ ။ ယခု အစီအစဉ်တွင် ပါမစ်ပြန်လည်လျှောက်ထားနိုင်မည်မဟုတ်ပါ ။

၃. 6P တွင် သူဌေးဖြင့်မဟုတ်ပဲ အေးဂျင်းများဖြင့်ပါမစ်လျှောက်ထားပြီ ပါမစ်ဖိုးအပြည့်ပေး၍ ပါမစ်မရရှိခဲ့သူများ ယခု အစီအစဉ်တွင် အကျူံးဝင်ပါသည် ။
မိမိတို့ ဆောင်ရွက်ထားသော အေးဂျင်းအား ပေးထားသည့် ငွေ ပြေစာများ ၊ စာရွက်စာတမ်းများဖြင့် အတူ ယခု ပြုလုပ်မည့် ပြည်ထဲရေး ဝန်ကြီးဌာန One-Stop Center တွင် မိမိလက်ရှိအလုပ်လုပ်နေသော သူဌေး အား ခေါ်ဆောင်ကာ သွားရောက် ဆောင်ရွက်နိုင်သည် ။

သူဌေးမရှိပါက လုံးဝမရနိုင်ပါ ။ ယခင်သူဌေးမရှိပေမည့် ယခု သူဌေးရှိရန်လိုသည် ။ သွားရောက်ဆောင်ရွက်နိုင်သည် ။

၎. မည်သည့် နေရာ မည်သည့် ဌာနတွင် ဆိုသည့်မေးခွန်းအတွက် မူ

- မလေးရှားနိုင်ငံ ပြည်ထံရေး ဌာန အဆောက်အဦး ၊ အဆောင် D9 ( Complex D ) 4 လွာ ၊ ပူထရာဂျာရာ တွင် နံနက် ၈ နာရီမှ ညနေ ၅ နာရီအတွင်းဆောင်ရွက်ရမည်ဖြစ်သည် ။ လဝက အဆောက်ဦး မဟုတ်ပါ ။

- အခြားမည်သည့်နေရာတွင်မှ မရနိုင်ပါ ။

The one-stop centre (OSC)
The Home Ministry at Level 4,
Block D9, Complex D,
Federal Government administrative centre
Putra Jaya.

The centre will open from 8am to 5pm daily.

Ref : Banama , New Straight Time , The Star

မလေးရှားရောက် မြန်မာများ Facebook

သူရိယအလင်း ဂျာနယ်နှင့် ပတ်သက်ပြီး ဂျာနယ်အမှုဆောင် အရာရှိချုပ် ဦးမိုးဟိန်း၏ ပြောကြားချက်များကို ကာယကံရှင်များ ငြင်းဆို


အောက်တိုဘာ ၁၈ ရက် ည ၁၂ နာရီ အချိန်ခန့်က ရန်ကုန်မြို့ ကမ္ဘာအေး စေတီလမ်းရှိ သူရိယအလင်း ဂျာနယ်တိုက်အား ဦးနေရွှေသွေးအောင် (ခ) ဖိုးလပြည့်နှင့် လက်ရှိစီးပွားကူသန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏သား ဦးသူရိန်တို့ ပါဝင်သော လူ (၁၅)ဦးခန့်က ၀င်ရောက်ပြီး ကွန်ပျူတာများနှင့် လုံခြုံရေး ကင်မရာ ထိန်းချုပ်သည့် ဆာဗာတို့အား ယူဆောင်သွားခဲ့သည်ဟုဆိုသော ဂျာနယ်၏ အမှုဆောင် အရာရှိချုပ် ဦးမိုးဟိန်း၏ ပြောကြားချက်များကို ကာယကံရှင်များက ငြင်းဆိုခဲ့ကြသည်။

ဦးမိုးဟိန်း၏ ပြောကြားချက်များနှင့် ပတ်သက်ပြီး သူရိယအလင်း ဂျာနယ်ထုတ်ဝေသူ ဦးယုနိုင်အား အောက်တိုဘာ ၂၀ ရက်က ဆက်သွယ်မေးမြန်းခဲ့ရာတွင် "ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ပြောပြရမယ်ဆိုရင် ကျွန်တော်တို့ ရှယ်ယာရှင်တွေနဲ့ ထုတ်ဝေသူရဲ့ ဆုံးဖြတ်ချက်ကတော့ အယ်ဒီတာချုပ်နဲ့ အယ်ဒီတာ အဖွဲ့ကတဆင့် အမှုဆောင် အရာရှိချုပ်ကို ရေးတာသားတာတွေဟာ စာနယ်ဇင်း ကျင့်ဝတ်နဲ့အညီရေးဖို့ အကြိမ်ကြိမ် သတိပေးခဲ့ ဖူးပါတယ်။ အယ်ဒီတာ အဖွဲ့ရဲ့ ပြောကြားချက်အရ ရေးတာ သားတာတွေဟာ အယ်ဒီတာချုပ်နဲ့ အယ်ဒီတာအဖွဲ့ထံ ဖြတ်သန်းခြင်း မရှိပဲနဲ့ သူ့သဘောနဲ့သူ အကြိမ်ကြိမ် ရေးနေတယ်။ အဲဒီလို ရေးသားနေတဲ့ အခါမှာ ကျွန်တော်တို့ရဲ့ သဘောဆန္ဒ မပါတဲ့အတွက် ရှယ်ယာရှင်နဲ့ ထုတ်ဝေသူတွေက ဒီသူရိယအလင်း ဂျာနယ်ကို ဆက်မထုတ်တော့ဘဲနဲ့ ရပ်ဆိုင်းလိုက်ဖို့ ဆုံးဖြတ်ထားတယ်။ ကျွန်တော်မွေးနေ့ ညကတော့ မနက်ဖြန်မှာ ဂျာနယ်ဖြန့်မှာကို သိထားတယ်။ ကျွန်တော့် စိတ်ဆန္ဒအရတော့ ဒီဂျာနယ်ကို မဖြန့်ဖြူးချင်တဲ့ အခါကျတော့ ဂျာနယ်ရပ်ဆိုင်းဖို့ရော ဒီဂျာနယ်ကို မဖြန့်ချင်တဲ့ ကိစ္စရော ပါနေတဲ့အတွက် ဂျာနယ်တိုက်ကို သွားလိုက်ပါတယ်။ ကျွန်တော်တို့ သိထားတာက CEO က ဂျာနယ်တိုက်မှာ အိပ်တယ်စားတယ်။ ဒါပေမယ့် ကျွန်တော်တို့ သွားတဲ့အခါကျတော့ CEO ကို မတွေ့ဘူး။ ထုတ်ဝေသူတစ်ယောက် အနေနဲ့ သွားတယ် CEO ကိုလည်း စောင့်တယ်။ မွေးနေ့ပွဲအပြီး သွားတာဆိုတော့ ကျွန်တော့်သူငယ်ချင်း အပေါင်းအသင်း လေးငါးယောက်ရဲ့ ကားတွေလည်း ပါတယ်။ သူ့ကိုမတွေ့တဲ့ အခါကျတော့ နောက်နေ့ဖြန့်ဖို့ ကျန်နေတဲ့ ဂျာနယ်တွေကို သိမ်းဆည်းလိုက်ပါတယ်။ ကွန်ပျူတာတွေကလည်း ဂျာနယ်ရပ်ဆိုင်းမယ်လို့ ဆုံးဖြတ်ချက် ချပြီးပြီ။ အဲဒီအတွက် ဒီကွန်ပျူတာတွေနဲ့ သူ့သဘောနဲ့သူ ဆက်လုပ်နေမှာစိုးလို့ ဒါကိုသိမ်းဆည်း လိုက်တာပါပဲ" ဟု ပြောကြားသည်။

ယခုကဲသို့ ညပိုင်းအချိန်တွင် ဂျာနယ်တိုက်သို့ ၀င်ရောက်ပြီး ဂျာနယ်များနှင့် ကွန်ပျူတာများအား လာရောက်ယူဆောင်ရာတွင် ကိုမိုးဟိန်း ပြောကြားသကဲ့သို့ ဖိုးလပြည့် လိုက်ပါလာခြင်း မရှိခဲ့ကြောင်းနှင့် ကိုသူရိန်မှာလည်း အဖော်အဖြစ်သာ အိမ်ပြန်ရင်း လိုက်ပါခဲ့ခြင်း ဖြစ်သည်ဟုလည်း ဦးယုနိုင်က ပြောကြားသည်။

"ဂျာနယ်တွေနဲ့ ကွန်ပျူတာတွေသယ်တာ ကျွန်တော့်သားနဲ့ သူ့သူငယ်ချင်းတွေပါ။ CCTV တွေ ဖြုတ်တယ်ဆိုတာလည်း မဟုတ်ပါဘူး" ဟု ဦးယုနိုင်က ဆိုပါသည်။

သူရိယအလင်း ဂျာနယ်၏ အမှုဆောင် အရာရှိချုပ် ဦးမိုးဟိန်း ပြောကြားထားသည့် ရှယ်ယာ ၉၀ ရာခိုင်နှုန်းမှာ ၎င်းပိုင်ဆိုင်ထားပြီး ကျန် ၁၀ ရာခိုင်နှုန်းသာ ရှယ်ယာရှင်များ ပိုင်ဆိုင်သည်ဆိုသည့် ပြောကြားချက်နှင့် ပတ်သက်ပြီးလည်း "ဂျာနယ်ရဲ့ သဘောသဘာဝ အရတော့ ကျွန်တော်တို့က ရှယ်ယာရှင်တွေပါ။ နှစ်ဦးလောက် ရှယ်ယာပါပါတယ်။ ရှယ်ယာရှင်တွေကတော့ ဦးမျိုးမင်းထွန်း ပါပါတယ်။ ကျွန်တော် ပါပါတယ်။ ကိုသူရိန်တို့ မပါပါဘူး။ ရာခိုင်နှုန်း အားဖြင့်တော့ လောလောဆယ် မပြောနိုင်သေးပေမယ့် ၉၀ ရာနှုန်း သူပိုင်တယ် ဆိုတာကတော့ မဟုတ်ပါဘူး" ဟုလည်း ပြောကြားသည်။

သူရိယအလင်း အယ်ဒီတာ အဖွဲ့ထံသို့ ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်သည့် အရေးအသားများ မရေးသားကြရန်နှင့် စာနယ်ဇင်း ကျင့်ဝတ်အတိုင်းသာ ရေးသားကြရန် ထုတ်ဝေသူတစ်ဦး အနေဖြင့် အကြိမ်ကြိမ် သတိပေးခဲ့ပြီ အယ်ဒီတာ အဖွဲ့ကလည်း ၎င်းတို့အား အသိပေးခြင်း မရှိဘဲ ထည့်သွင်းဖော်ပြ နေသည်ဟု တင်ပြလာသည့်အတွက် ယခုကဲ့သို့ ဂျာနယ်အား ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ဦးယုနိုင်က ပြောကြားပါသည်။

သူရိယအလင်း ဂျာနယ်မှ အမှုဆောင် အရာရှိချုပ် ဦးမိုးဟိန်းက ဂျာနယ်လက်ကျန်များနှင့် ကွန်ပျူတာများကို လာရောက်သိမ်းဆည်း သူများတွင် ဂျာနယ်ထုတ်ဝေသူ ဦးယုနိုင်နှင့်အတူ ဖိုးလပြည့်လည်း ပါဝင်ပြီး ဦးသူရိန်နှင့် နောက်လိုက်များက ဂျာနယ်တိုက်အတွင်း ၀င်ရောက်ကာ ကွန်ပျူတာများကို သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်ဟု အောက်တိုဘာ ၁၉ ရက်က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ဦးမိုးဟိန်း၏ ပြောကြားချက်တွင် ဦးနေရွှေသွေးအောင် (ခ) ဖိုးလပြည့်နှင့် ဂျာနယ်ထုတ်ဝေသူ ဦးယုနိုင်တို့မှာ ဂျာနယ်တိုက်အတွင်းသို့ မ၀င်ရောက်ခဲ့ဘဲ အပြင်တွင်သာ ကျန်နေခဲ့ကြောင်း ပြောကြားခဲ့သော်လည်း စီးပွားကူးသန်း ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၏ သားဖြစ်သူ ဦးသူရိန်ကမူ ဂျာနယ်ထုတ်ဝေသူ ဦးယုနိုင်ကသာ ကွန်ပျူတာများကို ဖြုတ်ယူခဲ့ခြင်းဖြစ်ကြောင်း တနင်္ဂနွေနေ့ထုတ် The Flower News ဂျာနယ်က ဖော်ပြသည်။ ထို့အတူ ဦးနေရွှေသွေးအောင် (ခ) ဖိုးလပြည့်ကလည်း ၎င်းအနေဖြင့် သူရိယအလင်း ဂျာနယ်ထုတ်ဝေသူ ဦးယုနိုင်၏ မွေးနေ့ပွဲသို့သာ သွားရောက်ခဲ့ပြီး ဂျာနယ်တိုက်သို့ သွားရောက်ခဲ့ခြင်း မရှိဟု အဆိုပါ သတင်းဂျာနယ်က ဖော်ပြထားသည်။

EMG