Saturday, October 5, 2013

မွေးဖွားလူနာ တင်လာသော တပ်မတော်ယာဉ် ချောင်းအတွင်းထိုးကျ

ယာဉ် မတော်တဆမှုများ မကြာခဏ ဖြစ်ပွားသော တာချီလိတ်-ကျိုင်းတုံ-တောင်ကြီး ပြည်ထောင်စု လမ်းမပေါ်ရှိ ယန်းခတံတားတွင် မွေးဖွားလူနာ တင်ဆောင်လာသော တပ်မတော်ပိုင် ယာဉ်တစ်စီးသည် ယန်းခချောင်းအတွင်း အောက်တိုဘာလ ၄ ရက်နေ့ ညနေပိုင်းက ထိုးကျတိမ်းမှောက်ခဲ့ကြောင်း ကျိုင်းတုံမြို့နယ် အမှတ် (၆၄) ယာဉ်ထိန်းရဲ တပ်ဖွဲ့စုမှူး ဒုရဲမှူးအောင်လွင်က ပြောကြားသည်။

ယင်းယာဉ် တိမ်းမှောက်မှုကြောင့် ခရီးသည်များအနက် တစ်ဦးသေဆုံးကာ ကိုယ်ဝန်ဆောင် လူနာအပါအဝင် ငါးဦးဒဏ်ရာ ရရှိကြောင်း ၎င်းကရှင်းပြသည်။

ကိုယ်ဝန်ကာလ ၃၄ ပတ်ရှိ မိခင်သည် ယင်း ယာဉ်မတော်တဆမှုကြောင့် ကိုယ်ဝန်ကို ထိခိုက်မှု မရှိကြောင်း ကျိုင်းတုံမြို့နယ် တပ်မတော်ဆေးရုံမှ သားဖွားမီးယပ် အထူးကု ဆရာဝန်ကြီး ဗိုလ်ကြီး ဒေါက်တာလင်းဝင်းကျော်က The Voice သို့ ပြောကြားသည်။
“အပြင်ပွန်းပဲ့ ဒဏ်ရာတော့ အနည်းငယ် ရထားပါတယ်။ မစိုးရိမ်ရပါဘူး” ဟုလည်း ၎င်းကဆိုသည်။

မတော်တဆမှု ဖြစ်ပွားခဲ့သော ယာဉ်မှာ မိုင်းဖြတ်မြို့ အမှတ် (၁) တပ်မတော် စစ်ဆေးရုံမှ ကျိုင်းတုံမြို့ အမှတ် (၃) တပ်မတော် စစ်ဆေးရုံသို့ မွေးဖွားလူနာ လာပို့သော အမှတ် (၉၁၃) စစ်မြေပြင် အင်ဂျင်နီယာ တပ်ရင်းမှ ISUZU အမျိုးအစား အစိမ်းရောင် ယာဉ်အမျိုးအစား ဖြစ်ကြောင်း ကျိုင်းတုံမြို့နယ် ရဲတပ်ဖွဲ့စခန်း၏ မှုခင်း မှတ်တမ်းများအရ သိရသည်။
“မိုင်းဖြတ် စစ်ဆေးရုံမှာ မီးမဖွားနိုင်လို့ ကျိုင်းတုံစစ်ဆေးရုံကို လွှဲပေးတဲ့ လူနာကို လာပို့ရင်း အရှိန်လွန်ပြီး ချောင်းထဲ ထိုးကျတာ။ မွေးလူနာက ဘာမှမဖြစ်လို့ တော်သေးတယ်။ ဒဏ်ရာရတဲ့ သူတွေကိုတော့ ကျိုင်းတုံ စစ်ဆေးရုံမှာ တင်ထားတယ်” ဟု ဒုရဲမှူးအောင်လွင်က ဆိုသည်။

ယာဉ်မောင်း တပ်သားမှာ အခင်းဖြစ်နေရာမှ တိမ်းရှောင် သွားသော်လည်း ၎င်းကို ယာဉ် (ပ) ၃၂/ ၂၀၁၃ ပြစ်မှုပုဒ်မ ၃၃၈/၃၀၄ -က အရ အရေးယူထားကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

အမေရိကန် ပြည်ထောင်စုတွင် အစိုးရလုပ်ငန်းများ ရပ်ဆိုင်းခြင်းနှင့် စပ်လျဉ်း၍ လူတစ်ဦး မိမိကိုယ်ကို မီးရှို့

အမေရိကန် အစိုးရ အလုပ်သမား အဖွဲ့အစည်းများနှင့် အမျိုးသား အလုပ်သမား သမဂ္ဂအဖွဲ့မှ အဖွဲ့ဝင်များသည် အစိုးရလုပ်ငန်းများ ရပ်ဆိုင်းခြင်းနှင့်

စပ်လျဉ်း၍ အောက်တိုဘာ ၄ ရက် နံနက် ၁၁ နာရီခန့်က ကွန်ဂရက်လွှတ်တော် အဆောက်အအုံ ရင်ပြင်ရှေ့တွင် ဆန္ဒပြပွဲများကို ဆင်နွှဲလျက်ရှိစဉ် အမျိုးသားတစ်ဦးသည် မိမိကိုယ်ကိုမိမိ မီးရှို့ခဲ့ကြောင်း အင်တာနက် သတင်းတစ်ရပ်အရ သိရသည်။ ၎င်းအမျိုးသားသည် အစိုးရဌာနများ ပိတ်ခဲ့မှုနှင့် စပ်လျဉ်း၍ ဝါရှင်တန်မြို့ရှိ အမျိုးသား ခန်းမရှေ့တွင် အောက်တိုဘာ ၄ ရက် မွန်းလွဲပိုင်းက ကိုယ့်ကိုယ်ကိုယ် မီးရှို့၍ ဆန္ဒပြခဲ့ကြောင်း ဒေသတွင်း ရဲတပ်ဖွဲ့က အတည်ပြုပြောကြားခဲ့ သည်။ ထို့နောက် ရဲတပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ပွားရာသို့ ရောက်ရှိလာခဲ့ပြီး ၎င်းအမျိုးသားအား ဆေးရုံသို့ပို့ဆောင် ပေးခဲ့ကြောင်းနှင့် ၎င်းအမျိုးသားမှာ ဒဏ်ရာ အပြင်းအထန် ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်များ၏ ပြောကြားချက်အရ သိရသည်။

ယင်းကဲ့သို့ အမေရိကန် ပြည်ထောင်စုတွင် အစိုးရလုပ်ငန်းများ ရပ်ဆိုင်းခဲ့ခြင်းကြောင့် ယာယီနားခွင့် ရရှိထားသော အစိုးရဝန်ထမ်းများသည် နိုင်ငံရေးအရ ထွက်ပေါက်မရှိသော အခြေအနေတစ်ခုတွင် ပိတ်မိနေခြင်းထက် ၎င်းတို့၏ လုပ်ငန်းများကိုသာ ပြန်လည် လုပ်ကိုင်လိုကြကြောင်း အလုပ်သမားခေါင်းဆောင်များက အလေးထားပြောကြားခဲ့သည်။

အဆိုပါ ဆန္ဒပြပွဲများတွင် အလုပ်သမားများသည် ကွန်ဂရက်လွှတ်တော် အဆောက်အအုံ ပိတ်ထားခြင်းကို အဆုံးသတ်ရန်နှင့် လုပ်ငန်းခွင်သို့ ပြန်လည် ဝင်ရောက်ခွင့်ပြုရန် တောင်းဆိုခဲ့ကြောင်း အမေရိကန် အစိုးရအလုပ်သမား အဖွဲ့အစည်းမှ ဥက္ကဋ္ဌ ဂျေဒေးဗစ်ကော့ဇ်က ပြောကြားခဲ့သည်။

မြ၀တီ

အနားမရမှာ ဆိုလို့ပါကွာ


ပန်းသေပန်းညှိုးခြင်းအတွက် အစွမ်းထက် ကုထုံးသစ်တစ်ခုကို စမ်းသပ်နေ"

ဓာတ်ငွေ့ ဖြည့်တင်းထားသည့် အလွန်သေးငယ်သော ပုတီးစေ့လေးများသည် အမျိုးသားများ၏ လိင်မှုဘဝကို စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲဖြစ်အောင် ဖိနှိပ်သည့် အခြေအနေကို တွန်းလှန်ရန် အကောင်းဆုံး အဖြေတစ်ခု ဖြစ်လာဖွယ် ရှိနေသည်။ ဆေးဘက်
ဆိုင်ရာ သုတေသီများက ယင်းနည်းလမ်းသည် ဗီယာဂရာ ဆေးဝါး
များထက် ပိုမို၍ အကျိုးသက်ရောက်မှု ထူးကဲမည်ဟု မျှော်လင့်လျှက်
ရှိသည်။

စမ်းသပ်ဆဲ အဆင့်တွင်သာ ရှိနေသေးသည့် ယခုကုထုံးတွင် အလွန်သေးငယ်သော ပုတီးစေ့လေးများကို ဝေဒနာသည် အမျိုးသား၏ သုက်လွှတ်တံအတွင်း ထည့်သွင်းပေးရမည် ဖြစ်သည်။

အစောပိုင်း သုတေသန ရလဒ်များအရ ယခုနည်းလမ်းသည် ဆေးဝါးများ သုံးစွဲခြင်းထက် သက်ရောက်မှု အားကြီးကြောင်း သုတေသီများက ထောက်ခံထားသည်။ အကျယ် (၁)မီလီမီတာပင် မရှိသည့် အလွန်သေးငယ်သော ပုတီးစေ့လေးများကို ဝေဒနာရှင် အမျိုးသား၏သုက်လွှတ်တံ အနီးတဝိုက်တွင် ထည့်သွင်းပေးပြီး ယင်းတို့က နိုက်ထရစ်အောက်ဆိုက် ဓာတ်ငွေ့ကို ဖြည်းဖြည်းချင်း ထုတ်လွှတ်ပေးနေမည် ဖြစ်သည်။ အဆိုပါ ဓာတ်ငွေ့သည် သွေးကြောများကို ကျယ်ပြန့်စေသည့် အာနိသင်မျိုး ရှိနေပြီး ဝေဒနာသည်၏ မျိုးပွားအင်္ဂါ တစ်ဝိုက်တွင် သွေးရောက်ရှိမှုကို အထောက်အပံ့ ဖြစ်စေသည်။ ပန်းသေပန်းညှိုးခြင်းသည် သုက်လွှတ်တံတစ်လျှောက်ရှိ သီးခြား အခန်းငယ်လေး အတွင်းသို့ သွေးဝင်ရောက်နိုင်မှု မရှိတော့၍ဖြစ်ရာ ယခုကုထုံးက ယင်းဖြစ်စဉ်ကို တွန်းလှန်နိုင်မည်ဟု သိရသည်။

အဆိုပါ အခန်းငယ်လေးများသည် သဘာဝအလျောက် ရှုပ်ထွေးလွန်းသော သွေးကြောငယ်များဖြင့် ယှက်ဖြာနေပြီး ယင်းတို့၏ အတွင်းပိုင်း သွေးစီးဆင်းမှု အကြောင်းတစ်ခုခုဖြင့် အဟန့်အတား ဖြစ်လာခြင်းက ပန်းသေပန်းညှိုး ပြဿနာကို ပေါ်ပေါက်လာစေသည်။ ယခုပုတီးစေ့လေးများကမူ အဆိုပါ ဧရိယာတွင် သွေးလှည့်ပတ် ဝင်ရောက်မှုကို အားပေးနိုင်မည် ဖြစ်သည်။ အမျိုးသားများ ပန်းသေပန်းညှိုး ဝေဒနာ ကြုံရသည့် အကြောင်းရင်းများ၌ သွေးတိုးခြင်း၊ ဆီးချိုရောဂါရှိခြင်း၊ ကိုလက်စထရော များလွန်းခြင်းတို့လည်း အပါအဝင်ဖြစ်သည်။ ယခုနည်းလမ်းသည် ဆီးချိုကြောင့် လိင်သာယာမှု ပျောက်ဆုံးသွားသူများအနက် (၅၀)ရာခိုင်နှုန်းမှ (၇၅)ရာခိုင်နှုန်းထိကို အကူအညီ ပေးနိုင်မည်ဟု ပညာရှင်များက ခန့်မှန်းထားသည်။

ယခင်က နိုက်ထရစ် အောက်ဆိုက် ဓာတ်ငွေ့သည် နှလုံးသွေးကြောများကို ကျယ်စေသဖြင့် နှလုံးသွေးကြောကျဉ်း ရောဂါသည်များအတွက် အသုံးပြုရန် နည်းလမ်းတစ်ခုအဖြစ် တွေ့ရှိခဲ့သည်။ အမေရိကန်နိုင်ငံ၊ ရိုက်စ်တက္ကသိုလ်မှ သုတေသီများကမူ ယင်းအခြေခံ အာနိသင်ကို အခြားနည်းလမ်း တစ်ရပ်တွင် ပြောင်းလဲ အသုံးချခဲ့ခြင်း ဖြစ်သည်။ တိရစ္ဆာန်များဖြင့် စမ်းသပ်မှု ရလဒ်များအရ (၃)ပတ်မျှ အတောအတွင်း စွမ်းဆောင်ရည်ပိုင်း နိုးကြားမြင့်မားလာသည်ကို အတည်ပြု တွေ့ရှိထားပြီး ဖြစ်သည်။ ယခုစမ်းသပ်ချက်များသည် Type 2 ဆီးချိုနှင့် စပ်လျဉ်းသည့် ပန်းသေပန်းညှိုး ပြဿနာတွင်သာ အကျုံးဝင်သော်လည်း အခြားအကြောင်းရင်းများနှင့် ဆက်စပ်သည့် ဝေဒနာရှင်များအတွက်ပါ ကုထုံးကောင်းတစ်ခု ဖြစ်လာမည်ဟု ပညာရှင်များက ယုံကြည်လျှက် ရှိသည်။ ယခုအခါ ရိုက်စ်တက္ကသိုလ်မှ သုတေသီများသည် လူသားများနှင့် စမ်းသပ်ရန် စီစဉ်နေပြီ ဖြစ်သည်။

အခြားသော သတင်းများအရ သိပ္ပံပညာရှင် အချို့သည် ပန်းသေပန်းညှိုးမှု ဖြစ်နိုင်ခြေကို သိသိသာသာ လျှော့ချပေးမည့် စက်ဘီးထိုင်ခံ တစ်မျိုးကိုလည်း ဖန်တီးထားကြောင်း သိရှိရသည်။ ယခင် သုတေသန ရလဒ်များက စက်ဘီးစီးရာတွင် ပုံမှန်အားဖြင့် ကပ်ပယ်အိတ်ကို ထောက်ပံ့သည့် ပေါင်ခြံသွေးကြောများကို ပြင်းထန်စွာ ဖိနှိပ်ထားမှု ဖြစ်ပေါ်နေစေကြောင်း အတည်ပြု ဖော်ထုတ်ထားနိုင်ခဲ့သည်။ ရလဒ်အနေဖြင့် အမျိုးသား စက်ဘီးသမား တစ်ဦးသည် စက်ဘီးစီးနေချိန်တွင် သုက်လွှတ်တံသို့ သွေးပို့လွှတ်မှု (၇၀)ရာခိုင်နှုန်းမျှ လျော့ကျနေမည် ဖြစ်သည်။ ယင်းအခြေအနေ ကာလရှည်ကြာ သက်ရောက်နေပါက ပန်းသေပန်းညှိုး ပြဿနာ ကြုံနိုင်ခြေ မြင့်တက်လာမည်ဟု ဆိုသည်။ ပညာရှင်များက (၃)နာရီအထက် စက်ဘီးစီးမှုများသည် ရေရှည်တွင် အမျိုးသားများ၏ လိင်မှုဘဝကို ထိခိုက်စေနိုင်ကြောင်း သတိပေးထားသည်။

စပိန်နိုင်ငံ အလီဆန်တီ တက္ကသိုလ်မှ ပညာရှင်များကမူ ယင်းပြဿနာကို ဖြေရှင်းပေးမည့် စက်ဘီးထိုင်ခုံ တစ်ခုကို တီထွင်ဖန်တီးနေကြောင်း ပြောဆိုခဲ့ကြသည်။ အောက်ခြေတွင် ပတ္တာကဲ့သို့ နေ ရာရွှေ့ပြောင်းနိုင် သည့် ဒီဇိုင်းသစ် ထိုင်ခုံသည် ခန္ဓာကိုယ် တည်ရှိပုံ ထောင့်ချိုး အပြောင်းအလဲမျိုး ဖြစ်လာစေပြီး စက်ဘီးစီးနေ စဉ် ပေါင်ခြံသွေးကြောများကို ဖိနှိပ်ထားခြင်းအား ရှောင်လွှဲနိုင်မည် ဖြစ်သည်။ ယင်းပစ္စည်း သည်လည်း စမ်းသပ်ဆဲ အဆင့်တွင်သာ ရှိနေပြီး ပန်းသေပန်းညှိုး ဝေဒနာကို ဆန့်ကျင်တိုက်ဖျက်ရာတွင် မည်သည့် ပမာဏထိ ထိရောက်အောင်မြင်မည်ကို သုတေသန ပြုနေဆဲဟု သိရှိရသည်။

Planet Myanmar Network

တိုက်ခန်း လှေကားအတွင်း ဓားဖြင့်ထောက်ကာ ရွှေဆွဲကြိုး လုယူမှု ဖြစ်ပွား

တိုက်ခန်း လှေကားအတွင်း ဓားဖြင့် ထောက်ပြီး ဆွဲကြိုးလုယူမှု ရန်ကုန်တိုင်း ဒေသကြီး လှိုင်မြို့နယ် ၁၁ ရပ်ကွက်၊ အင်းစိန်လမ်းတွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၄ ရက်၊ ည ၈ နာရီ ၁၅ မိနစ်ခန့်တွင် လှိုင်မြို့နယ်၊ ၁၁ ရပ်ကွက်၊ အင်းစိန်လမ်းတွင် နေထိုင်သူ ဒေါ် ---- (၄၅)နှစ်မှာ နေအိမ်တိုက်ခန်း ၆ လွှာသို့ အတက်တွင် တိုက်ခန်းလှေကား၏ သုံးလွှာအရောက်တွင် အသက်(၂၀)အရွယ် လူငယ်တစ်ဦးက နောက်မှသိုင်းဖက်ကာ ၀မ်းဗိုက်အား ဓားဖြင့်ထောက်ခဲ့ကြောင်း သိရသည်။

ထို့နောက် လူငယ်က ၎င်း၏ ပုလဲ နှစ်လုံးဆွဲသီးပါ အလေးချိန် တစ်ကျပ်သား ကျော်ခန့်ရှိ ရွှေဆွဲကြိုးအား လုယူပြီး ထွက်ပြေးသွားခဲ့ကြောင်း သက်ဆိုင်ရာ ရဲစခန်းတွင် အမှုဖွင့်ထားချက်အရ သိရပါသည်။

ထို့နောက် ဒေါ်----မှ ''ဆွဲကြိုး လုတယ်''ဟု အော်ဟစ်သဖြင့် နေအိမ် အောက်လမ်းမ အရောက်တွင် အဆိုပါ လူငယ်က အသင့်ပါလာသော ဓားဖြင့် ထိုးသဖြင့် ၀မ်းဗိုက်နှင့် လက်တို့တွင် ဓားဒဏ်ရာများ ရရှိပြီး ရန်ကုန် ဆေးရုံကြီးတွင် (မစိုးရိမ်ရ) တက်ရောက် ကုသနေရကြောင်း သိရသည်။

ယင်းကြောင့် ဒေါ်----မှ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်ရဲစခန်းသို့ တိုင်ကြား အမှုဖွင့်ခဲ့ပြီး လှိုင်ရဲစခန်းမှလည်း အဆိုပါ ဖြစ်စဉ်အပေါ် (ပ)၄၀၃/ ၂၀၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ-၃၉၄ ဖြင့် အမှုဖွင့်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ကျူးလွန်သူအား ဖမ်းဆီးရမိရန် သက်ဆိုင်ရာက စုံစမ်းနေကြောင်း သိရသည်။

Eleven Media Group

ခင်ပွန်းဖြစ်သူမှ ဇနီးအားသတ်ပြီး အလောင်းဖျောက်

ရန်ကုန်၊ အောက်တိုဘာ ၆

ဒလမြို့နယ်၊ စက်မြေရပ်ကွက်နေ မရွှေသိန်းသူ(ခ) မပုသိမ်၏ အတူနေမိခင်ဖြစ်သူ ဒေါ်လုံးတုံး၊ (ဘ)ဦးကြင်သည် ၎င်း၏နောက်အိမ်ထောင်ဖြစ်သူ ၀င်းထွဋ်(ခ)ရဲအောင် (မရွှေသိန်းသူ၏ပထွေး)၊ (ဘ)ဦးမြသိန်းနှင့်အတူ လက်ခတ်လှေ
(၁)စီးဖြင့် ရန်ကုန်မြစ်အတွင်း ငါးဖမ်းသွားရာမှ (၁)လခန့်ကြာ သည်အထိ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့် စုံစမ်းခဲ့ရာ
လွန်ခဲ့သော (၁၅)ရက်ခန့်၊ ဆိပ်ကမ်းမြို့နယ်၊ ဗိုလ်တထောင်အမှတ် (၆) ဗောတံတားကမ်းစပ် လှေပေါ်တွင် ၀င်းထွဋ်(ခ) ရဲအောင်မှာ အရက်သောက်စားရာမှ ဒေါ်လုံးတုံးနှင့် စကားများရန်ဖြစ်စဉ် ၀င်းထွဋ်(ခ)ရဲအောင်မှ ဒေါ်လုံးတုံးအား လှေဘောင်နှင့်ဆောင့်သဖြင့်
သေဆုံးသွားခဲ့ပြီး အလောင်းအား သန်လျင်ရေနံချက်စက်ရုံအနီး၊ ရန်ကုန်မြစ်အတွင်း ရေထဲသို့မျောချလိုက်ကြောင်း
၂.၁၀.၂၀၁၃ရက်နေ့ ၁၇၀၀အချိန်ခန့်တွင် စုံစမ်းသိရှိရသဖြင့်
လူသတ်ပြီး အလောင်းဖျောက်ဖျက်သူ ၀င်းထွဋ်(ခ) ရဲအောင်အား အရေးယူပေးရန် မရွှေသိန်းသူမှ တိုင်တန်းခဲ့ရာ ဒလမြို့မရဲစခန်း(ပ)၄၄၅/၂၀၁၃၊ ပုဒ်မ ၃၀၂/၂၀၁ ဖြင့် အမှုဖွင့်ပြီး တရားခံဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

အင်တာမီလန်နဲ့အတွေ့ ဆန်စီရိုမှာ ရိုးမား စံချိန်သစ်ရေးထိုးခဲ့

ရှုံးပွဲမရှိသေးတဲ့ အသင်းနဲ့ ရာနှုန်းပြည့် အနိုင်ရထားတဲ့အသင်းတို့ရဲ့ ပွဲစဉ်လို့ညွန်းဆိုရမယ့် အင်တာမီလန်-ရိုးမားတို့ရဲ့ပွဲစဉ်ဟာ ကျွန်တော်တို့ ထင်မှတ်ထားခဲ့သလောက်ရင်သပ်ရူမောစရာတွေ မပေးစွမ်းနိုင်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ရိုးမားကပထမပိုင်းမှာတင် (၃)ဂိုးပြတ် အနိုင်ရခဲ့ပြီး အင်တာကစားကွက်ကလည်း ချေပဂိုးပြန်သွင်းနိုင်မယ်လို့ ယုံကြည်နိုင်စရာမရှိခဲ့လို့ပါပဲ။ ကြံ့ခိုင်မှုအပြည့်မရနိုင်လို့ ပီဂျာနစ်(တင်ပါးဒဏ်ရာရခဲ့)မပါဝင်နိုင်တဲ့ ရိုးမားတိုက်စစ်ပိုင်းဟာ တော့တီ၊ ဂါဗင်ဟို၊ ဖလော်ရန်ဇီတို့နဲ့ ပွဲထွက်လာခဲ့ပြီး အင်တာကတော့ အယ်ဗာရက်ဇ်၊ ပလာစီယို၊ ပါရဲရားတို့ကို အသုံးပြုခဲ့ပါတယ်။

ဒါပေမဲ့ ပွဲအစ (၁၈)မိနစ်မှာပဲ ဂါဗင်ဟို တည်ပေးတဲ့ ဘောလုံးကို တော့တီ ကန်ချက်ပြင်းပြင်းနဲ့ မြေလှိမ့်ဘောကန်သွင်းခဲ့ရာမှာတော့ ရိုးမားတော့ အဖွင့်ဂိုးစရခဲ့ပြီး ဒီကစားသမားဟာ ပွဲချိန်မိနစ်(၄၀)မှာလည်း ဂါဗင်ဟိုကြောင့်ရတဲ့ ပင်နယ်တီကနေ ဒုတိယဂိုး ထပ်သွင်းနိုင်ခဲ့ပါတယ်။ ဒီအတွက်ကြောင့် တော့တီဟာ အင်တာနဲ့ ကစားတဲ့ ပွဲစဉ်တွေမှာ (၁၀)ဂိုးထိ သွင်းယူနိုင်ခဲ့ပြီး ပထမပိုင်းပြီးဆုံးဖို့ (၁)မိနစ် အလိုမှာတော့ ဖလော်ရန်ဇီက ရိုးမားအတွက် တတိယအနိုင်ဂိုး သွင်းပေးနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ရိုးမားနောက်ခံလူ ဘာရက်တီ နှစ်ဝါ၊ တစ်နီနဲ့ ထုတ်ပယ်ခံခဲ့ရပြီး တစ်ယောက်အသာရခဲ့ပေမယ့် (၃)ဂိုးပြန်ချေပဖို့အတွက် အင်တာတို့ မတတ်နိုင်ခဲ့ပါဘူး။

အခုပွဲမှာ အနိုင်ရခဲ့တဲ့အတွက် ရိုးမားဟာ စီးရီးအေအဖွင့်ပွဲ(၇)ပွဲဆက် အနိုင်ရခဲ့တဲ့ ပထမဆုံး စီးရီးအေအသင်းဖြစ်လာခဲ့ပြီး (၁၉၆၇)ခုနှစ်မှာ အင်တာမီလန်ရဲ့ စီးရီးအေ(၆)ပွဲဆက် အနိုင်ရတဲ့ စံချိန်ကိုလည်း ချိုးဖျက်နိုင်ခဲ့ပါတယ်။ (ကျွန်တော် ရှာဖွေရသမျှ အချက်အလက်တွေကို ကိုးကားပါတယ်။ အမှားအယွင်းရှိခဲ့ရင် ထောက်ပြကြပါဦးဗျာ)။

yoyarlay

လှိုင်သာယာမြူးဇစ်ကေတီဗွီ လူသတ်မှုအား ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှ ရှစ်နာရီအတွင်းဖမ်းဆီး

ရန်ကုန်တိုင်းဒေသကြီး  လှိုင် သာယာမြို့နယ် အမှတ်(၅)ရပ်ကွက် သုဓမ္မာလမ်းရှိ မြူးဇစ်ကေတီဗွီတွင် ဖြစ်ပွားခဲ့သော      လူသတ်မှုမှ   ထွက်ပြေး    တိမ်းရှောင်လာသော ပြစ်မှု      ကျူးလွန်သူများအား ကရင်ပြည်နယ်ရဲတပ်ဖွဲ့က  ရှစ်နာရီ အတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သိရ သည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၄ ရက် နံနက် ၆ နာရီ ၄၅ မိနစ်က လှိုင် သာယာမြို့နယ် အမှတ်(၅)ရပ်ကွက် သုဓမ္မာလမ်းရှိ   မြူးဇစ်ကေတီဗွီတွင်  လူသတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်း အရ မြောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူး   ဒုတိယရဲမှူးကြီး စိုးမြင့်၊ လှိုင်သာယာ မြို့နယ်   ရဲတပ်ဖွဲ့မှူး ရဲမှူးသန်းမြင့်ဦး    ရဲအုပ်ဌေးဝင်းနှင့်အဖွဲ့က သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါကေတီဗွီ ပထမ ထပ်ရှိ   အခန်းအမှတ် (ဗွီ-၂) တွင် မောင်ဇော်(၃၅ နှစ်)အား    ခန္ဓာကိုယ် အနှံ့ပြတ်ရှ  ထိုးသွင်းဒဏ်ရာများနှင့်   လည်းကောင်း၊ ¤င်းအခန်း၏တစ်ခန်း ကျော်ရှိ အခန်း (၉)၌ကိုသူ (၂ဝ နှစ်)တွင်  မျက်နှာနှင့်  ဦးခေါင်းနောက် ဘက်တို့တွင်  ပြတ်ရှထိုးသွင်းဒဏ်ရာ များဖြင့်လည်းကောင်း သေဆုံးနေသည် ကို  တွေ့ရှိရပြီး   အဆိုပါကေတီဗွီမှ ဆိုင်မန်နေဂျာ     ကံဝင်းဇော်(ခ)မိုက်မိုက်နှင့်    ဆိုင်မှစားပွဲထိုးများ၊  မိန်းကလေးအဆိုရှင်များ  မရှိတော့ဘဲ  ထွက်ပြေးတိမ်းရှောင်သွားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ပြစ်မှုကျူးလွန် သူများအား    ဖမ်းဆီးရမိရေးအတွက်    လှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့ကတိုင်းဒေသကြီး၊  ခရိုင်အထူးအဖွဲ့များနှင့်   ပူးပေါင်း စုံစမ်းရှာဖွေပြီး   လမ်းကြောင်း များ   အချိန်မီပိတ်ဆို့ ဖမ်းဆီးရမိရေး အတွက် တိုင်းဒေသကြီး ရဲတပ်ဖွဲ့၊  ပြည်နယ်ရဲတပ်ဖွဲ့အသီးသီးသို့ သတင်း ဖြန့်ဝေ ချိတ်ဆက်ဆောင်ရွက်ခဲ့သည်။

ယင်းသို့    ဆောင်ရွက်ရာတွင် မြောက်ပိုင်းခရိုင်  အထူးမှုခင်းနှိမ် နင်းရေးဌာနစုမှ    ရဲအုပ်ဝင်းနိုင်က အောက်တိုဘာ ၄ ရက်  နံနက် ၁၁ နာရီတွင် ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရုံးမှုခင်းအကူဌာနစုမှ  ဒုတိယရဲမှူး အောင်ထူးအား     လှိုင်သာယာ   မြူးဇစ်ကေတီဗွီ      လူသတ်မှု ကျူးလွန်သူများ   ၇ဃ/..Probox အဖြူရောင်ကား(ယာပုံ)ဖြင့်ရန်ကုန်-ဘားအံလမ်းကြောင်းအတိုင်း  ထွက် ပြေးတိမ်းရှောင် လာရာ ၁ဝ နာရီခွဲ တွင်  မွန်ပြည်နယ်    သထုံမြို့နယ် ဇရစ်ချောင်းကျေးရွာကို   ဖြတ်သန်း သွားပြီးဖြစ် ကြောင်း      ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားချက်အရ တပ်ဖွဲ့ဝင်များ အသင့်တပ်ဖြန့် စောင့် ဆိုင်းနေစဉ်  အဆိုပါယာဉ်  ရောက်ရှိ လာပြီး    သံလွင်တံတား   တာဝန်ကျ ရဲအုပ် တင်ထွန်းအောင်က  ယာဉ်ကို စစ်ဆေးရန် တားဆီးစဉ် စစ်ဆေးမှု မခံဘဲ တံတားမှ မောင်းတံကိုတိုက်၍ ထွက်ပြေးသွားသဖြင့် အသင့်ရောက်ရှိ နေသော ဒုတိယရဲမှူး အောင်ထူးဦးစီး အဖွဲ့၊ သံလွင်တံတားတာဝန်ကျ ရဲအုပ် တင်ထွန်းအောင်   ဦးစီးသည့်အဖွဲ့တို့မှ ထွက်ပြေးသည့်ယာဉ်နောက်သို့  မော်တော် ယာဉ်ဖြင့်    လိုက်လံဖမ်းဆီး နေစဉ်  ဘားအံဇာသပြင်လမ်းကြောင်း အတိုင်း မောင်းပြေးနေသော မော် တော်ယာဉ်ကို ပိတ်ဆို့တားဆီးနိုင်ရေး အတွက်  ဒုတိယရဲမှူး  အောင်ထူးက  ဇာသပြင်  တံတားတာဝန်ကျ လုံခြုံရေး အဖွဲ့နှင့်  ဆက်သွယ်၍  ပူးပေါင်း ဖမ်းဆီးရမိရေးအတွက်  ဆောင်ရွက် ခဲ့သည်။

ဆက်လက်၍  ပြည်နယ်ရဲတပ် ဖွဲ့မှူးရုံးတာဝန်မှူးအဖွဲ့ထံ  သတင်း ပေးပို့၍  ရဲစခန်း၊  ရဲကင်းများနှင့် တာဝန်ကျ  လုံခြုံရေးအဖွဲ့များသို့  ဆက်သွယ်ဆောင်ရွက်ခဲ့ခြင်းဖြင့် ပူးပေါင်းအဖွဲ့သည်  ထွက်ပြေးသွား သောယာဉ်နောက်သို့ ထက်ကြပ်မကွာ လိုက်လံဖမ်းဆီးရာ  မွန်းလွဲ ၁၂  နာရီ   ၁၅  မိနစ်တွင်   အဆိုပါယာဉ်မှာ    ထွက်ပြေးရန် လွတ် လမ်းမရှိတော့ သဖြင့်   ဇာသပြင်ရဲစခန်းအပိုင်   ဇာသပြင်အနောက်ကျေးရွာလယ်ကွင်း အတွင်း ကားရပ်ပြီး ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့ရာ     ပူးပေါင်းအဖွဲ့မှ   ဝိုင်းဝန်းဖမ်းဆီးကြသဖြင့်   ကံဝင်းဇော် (၃၄ နှစ်)   လှိုင်သာယာမြို့နယ်၊ မျိုးမင်းထိုက် (ခ)ကိုအောင် (၂၉ နှစ်)လှိုင်မြို့နယ်၊ ကျော်စွာဝင်း(၃၃ နှစ်)  ဟင်္သာတမြို့နယ်၊ ကိုထိုက်(ခ) ကတုံး (၁၉ နှစ်) တွံတေးမြို့၊ ကိုကိုနိုင်(ခ)ကိုနိုင် (၂၄ နှစ်) လှိုင်သာယာ၊ စိုးမိုး ကျော်(ခ) ကရင်(၂၇ နှစ်) အင်းစိန် မြို့နယ်၊ အောင်သူရ(ခ)အောင်ကျော် သူ(၃ဝ နှစ်)    မော်လမြိုင်ကျွန်းမြို့နယ်၊ စစ်နိုင်(ခ)တင့်နိုင်ဦး(၂၈ နှစ်)လှိုင် သာယာ၊ ရဲထွဋ်ကျော်(ခ)ရဲကြီး(၂၅ နှစ်)လှိုင်သာယာ၊ မင်းခန့်(၂၄ နှစ်) နေရပ်အတိအကျမရှိ၊ ယဉ်ယဉ်ထိုက် (၂၉ နှစ်) ပြည်မြို့နယ်၊ နော်ထူးဖော ဆန်း(၂ဝ နှစ်)ဘိုကလေးမြို့နယ် စုစု ပေါင်း အမျိုးသား ၁ဝ ဦး၊ အမျိုးသမီး နှစ်ဦးတို့အား မွန်းလွဲ ၂ နာရီ ၁၅ မိနစ် တွင်    သက်သေခံကားနှင့်အတူ  လူသတ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့ သောလက်နက်များကိုပါ ဖမ်းဆီးရ မိခဲ့သည်။

လှိုင်သာယာရဲစခန်း(ပ)၁၁၃၁/ ၂ဝ၁၃   ပုဒ်မ ၃ဝ၂  လူသတ်မှု နှင့်ပတ်သက်၍    ထွက်ပြေး တိမ်း ရှောင်လာသူများအား ကရင် ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူ ဌာနစုတွင်   စစ်ဆေးဆောင်ရွက် လျက်ရှိပြီး    ရန်ကုန်မြောက်ပိုင်း ခရိုင်  ရဲတပ်ဖွဲ့မှူးရုံး  အထူးမှုခင်း နှိမ်နင်းရေးဌာနစုမှ   ရဲအုပ်ဝင်းနိုင် ဦးဆောင်သောအဖွဲ့သို့   လွှဲပြောင်း ပေးအပ်မည်ဖြစ်ကြောင်း သတင်းရ ရှိသည်။ 

 သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း
     



အသင်းကြီးတွေ အောင်ပွဲခံတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၇)ကောက်ကြောင်းနှင့် ထူးခြားချက်များ

ပရီးမီးယားလိဂ် ပွဲစဉ်(၇)အဖြစ် ယှဉ်ပြိုင်ကစားတဲ့ စနေညအစောပိုင်း ပွဲစဉ်တွေမှာတော့ အသင်းကြီးတွေအောင်ပွဲခံနိုင်ခဲ့ကြပြီး မန်စီးတီးကို (၃-၁)ဂိုးနဲ့ ရှုံးခဲ့တာကြောင့် အဲဗာတန်ကတော့ ရှုံးပွဲမရှိစံချိန် ရပ်တန့်သွားခဲ့ရပါတယ်။ မန်စီးတီးနဲ့ အဲဗာတန်ပွဲမှာ အိမ်ရှင်အသင်း အထနှေးခဲ့ပေမယ့် မိနစ်(၂၀)ကျော်လာချိန်မှာတော့ ယာယာတိုရေး၊ ဆေးလ်ဗားတို့ရဲ့ ကွင်းလယ်အားတွေနဲ့အတူ ပွဲကိုလွှမ်းမိုးလာနိုင်ခဲ့ပြီး နီဂရီဒို၊ အဂူရိုတို့ရဲ့ဂိုးတွေကြောင့် အနိုင်ရသွားခဲ့တာပါ။

ဒီပွဲရဲ့ထူးခြားမှတ်တမ်း ၀င်ခဲ့တာကတော့ မန်စီးတီးအသင်းရဲ့ အိမ်ကွင်းဂိုးသွင်းမှုနဲ့ အဂူရိုတို့ အဆက်အစပ်ပဲဖြစ်ပါတယ်။ မန်စီးတီးဟာ အီတီဟတ်ကွင်းမှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်(၅၄)ပွဲဆက် ဂိုးသွင်းနိုင်ခဲ့သလို အဂူရိုကလည်း ပရီးမီးယားလိဂ် သွင်းဂိုး(၃၇)ဂိုး သွင်းခဲ့တဲ့နေရာမှာ အိမ်ကွင်းပွဲစဉ်တွေမှာ (၂၅)ဂိုးထိ သွင်းနိုင်ခဲ့တာပါပဲ။

ဒုတိယပွဲစဉ်အဖြစ် ဆက်လက်ယှဉ်ပြိုင်ခဲ့တဲ့ လီဗာပူးနဲ့ ခရစ္စတယ်ပဲလေ့စ်တို့ရဲ့ ပွဲစဉ်မှာတော့ ဆွာရက်ဇ်၊ စတာရစ်၊ ဂျရတ်တို့ရဲ့ ဂိုးတွေကြောင့် ပထမပိုင်းမှာပဲ လီဗာပူးတို့ (၃)ဂိုးပြတ် ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်း(၇၇)မိနစ်မှာ ချေပဂိုးတစ်ဂိုး ပြန်ပေးခဲ့ရပေမယ့် အမှားအယွင်းမရှိ အနိုင်ရသွားခဲ့တာဖြစ်ပါတယ်။

အခုပွဲမှာ ထူးခြားမှတ်တမ်းဝင်ခဲ့တာကတော့ ဆွာရက်ဇ်နဲ့ စတာရစ်တို့ပါပဲ။ ဆွာရက်ဇ်နဲ့ စတာရစ်တို့ နှစ်ဦးဟာ လီဗာပူးပွဲထွက်စာရင်းမှာ (၉)ပွဲ ပွဲထွက်လာခဲ့ပြီး နှစ်ဦးပေါင်း(၁၂)ဂိုးအထိ သွင်းနိုင်ခဲ့ပါတယ်။ ဒါတင်မက ဆွာရက်ဇ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၁၉)ပွဲမှာ သွင်းခဲ့တဲ့ဂိုးနဲ့ ဂိုးဖန်တီးမှု စုစုပေါင်း(၁၉)ကြိမ်အထိ ရှိခဲ့သလို စတာရစ်ကတော့ နောက်ဆုံး ပရီးမီးယားလိဂ် ပွဲစဉ်(၁၁)ပွဲမှာ သွင်းခဲ့တဲ့ဂိုးနဲ့ ဂိုးဖန်တီးမှု စုစုပေါင်း(၁၅)ကြိမ်အထိ ရှိခဲ့တာပါပဲ။

ဆန်းဒါးလန်းနဲ့ မန်ယူတို့ ပွဲစဉ်မှာတော့ ပွဲချိန်(၄)မိနစ်မှာပဲ ဆန်းဒါးလန်းတို့ ဂိုးစရခဲ့ပြီး ဒီဂိုးပေးလိုက်ရတာဟာ မန်ယူနောက်ခံလူ ဗီဒစ်ရဲ့အမှားမကင်းပါဘူး။ ဂီယာချီရီနီဖြတ်တင်ပေးတဲ့ ဘောလုံးကို ဗီဒစ်လွတ်လွတ်ကင်းကင်း မရှင်းထုတ်နိုင်ခဲ့တာကြောင့် ဂတ်ဒ်နာဆီရောက်သွားပြီး ဒီကစားသမားက ဧရိယာထဲကနေ သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ အခုပွဲမှာ မန်ယူအတွက် သူရဲကောင်းပေါ်လာခဲ့ပြီး သူကတော့ ဘယ်လ်ဂျီယံ လူငယ်ကစားသမား ဂျာနူဇက်ပါပဲ။ ဒီကစားသမားဟာ အီဗရာရဲ့ ဖြတ်တင်ဘောကနေ ထင်မှတ်မထားတဲ့ ကန်ချက်မျိုးနဲ့ ချေပဂိုး သွင်းပေးနိုင်ခဲ့သလို နောက်(၆)မိနစ် အကြာမှာလည်း မြေမကျကန်ချက်နဲ့ အနိုင်ဂိုးသွင်းယူပေးခဲ့ပါတယ်။

ဒီပွဲစဉ်အတွက် ထူးခြားတဲ့မှတ်တမ်းတွေကတော့ မန်ယူဟာ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ် (၇)ဆက် ဂိုးပေးခဲ့ရတာ၊ ဂျာနူဇက်သွင်းတဲ့ ပထမဂိုးဟာ ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ (၁၅၀)မြောက်ဂိုးဖြစ်နေတာ၊ မန်ယူအတွက် ကစားပေးတဲ့ ပထမဆုံး ပရီးမီးယားလိဂ်ပွဲစဉ်မှာ (၂)ဂိုး သွင်းနိုင်တဲ့ နစ္စတယ်ရွိုင်းရဲ့စံချိန်ကို ဂျာနူဇတ်လိုက်မီခဲ့တာတွေပါပဲ။

Man City 3-1 Everton

Cardiff 1-2 Newcastle

Fulham 1-0 Stoke

YoYarLay

မန်ယူ ကစားသမား တွေဟာ ဆာလောင်မှု ပျောက်ဆုံးနေကြသလိုပါပဲ ( မက်ချာရီ )

  မန်ချက်စတာယူနိုက် အသင်းဧ။် အသင်းခေါင်းဆောင် ဟောင်း လောက် မက်ချာရီ က လက်ရှိ ရာသီ မန်ယူနိုက်တက် အသင်း အခြေနေဆိုးရွား နေရခြင်းမှာ ကစားသမား များဧ။် အနိုင်ရလိုစိတ် ဆာလောင်မှု ပျောက်ဆုံး နေကြခြင်းကြောင့် ဖြစ်ကြောင်း ပြောကြားလိုက်သည်ဟု သိရသည်။  မန်ချက်စတာ ယူနိုက်တက် သည် လက်၇ှိ ပရီးမီးယားလိဂ် ၇ ပွဲတွင် ၃ ပွဲ သာ အနိုင်ရရှိထားပြီး ၃ ပွဲထိ ရှုံးနိမ့်ထားခဲ့သည် ။ အဆိုပါ ရှုံးပွဲများတွင် အဓိက ပြိုင်ဘက် မန်စီးတီး အား ဂိုးပြတ် ရှုံးနိမ့်ခဲ့မှု အပါအ၀င် အိမ်ကွင်း တွင် တစ်ခါမှ မရှုံးနိမ့်ဖူးသည့် ၀က်စ်ဘွန်း လို့  အသင်း ကို အံ့ဖွယ် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ် များတွင် ယူနိုက်တက် ကစားသမား များ ဧ။် အနိုင်ရရှိလို မှု ဆာလောင် မှု တွေ လုံးဝ ပျောက်ဆုံး နေခဲ့ကြတာ အထင်သား တွေ့ မြင်ခဲ့ရကြောင်း ကို သရဲနီ ခေါင်းဆောင်    ဟောင်းကြီး က ထောက်ပြ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
          
 " မန်ချက်စတာ စီးတီး အသင်း နင့် ၀က်စ်ဘွန်း အသင်း တို့ ကို ယှဉ်ပြိုင် ကစားခဲ့တဲ့ ပွဲစဉ် တွေမှာ ယူနိုက်တက် ကစားသမား တွေ ရဲ့  စိတ်ဓါတ် ၊ ကစားပုံ တွေက ပုံမှန် ထက် သိသိသာသာ လျှော့ကျ ပျောက်ဆုံး နေတာကို အထင်သား တွေ့ ခဲ့ရပါတယ် ။ ပြီးခဲ့ တဲ့ အတိတ် တွေတုန်းက ယူနိုက်တက် ဆိုတာ လက်၇ှိ ရလဒ် ကို ဂရုစိုက်နေတတ်တဲ့ အသင်းမဟုတ်ဘူး ။ ပွဲ အတွင်း ဘယ်လို ရလဒ်ပဲ ဖြစ်နေပါစေ ပွဲပြီးဆုံးတဲ့အထိ အသင်း အတွက်ေ၇ှ့ တူရူ ကိုသာ မဆုပ် မနစ် လျှောက်တတ်တဲ့ အသင်း ပါ ။ နည်းပြ ကြီး  ဖာဂူဆန် လက်အောက်မှာ ၀င့်ကြွားခဲ့ကြတဲ့ " ငါ တို့ ကို ဘယ်တော့မှ ကျဆုံးပြီ လို့  မပြောပါနဲ့  " ဆိုတဲ့ စကားလုံးက ပြီးခဲ့တဲ့ ပွဲစဉ်တွေ နဲ့  မဆိုင်သလိုပါပဲ ။ ကျနော် တို့ အဲဒါတွေ ကို မြင်ခွင့် မရတာ နစ်ပွဲ ရှိပါပြီ " ဟု လက်ရှိ အသင်းဟောင်း ရဲ့  ကစားသမား များ အပေါ် ဝေဖန် ခဲ့ကြောင်း သိ၇သည်။
Written by ၀ိုင်း ( ကျိန်းရိပ် )
FootBall Cafe

မိန်းကလေးတွေ ဘာကြောင့် ကိုယ့်ကိုယ် သတ်သေတာလဲ...?

ထွက်ပေါက်ကို မြန်မြန်မြင်တွေ့လိုသည့် ချစ်မြတ်နိုးသည် သူ့လက်ထဲရှိ ဆေးထုပ်ငါးထုပ်ထဲမှ နှစ်ထုပ်ကို ဖွင့်ဖောက်လိုက် သည်။ ထို့နောက် ဆေးမှုန့်တွေကို သူ့ပါးစပ်ထဲ လောင်းထည့်ပစ် လိုက်သည်။ အစတုန်း ကတော့ ဝယ်ထားသည့် ဆေးထုပ် ငါးထုပ် စလုံးကို သောက်လိုက်ဖို့ ရည်ရွယ်ထားသည်။ သို့သော် အနက် ရောင်ဆေးမှုန့်၏ ဆိုးရွားသည့်အနံ့၊ ခါးလွန်းသည့် အရသာ ကြောင့် နှစ်ထုပ်ကိုသာ ဖောက်သောက်ဖြစ် ခဲ့သည်။ ချစ်မြတ်နိုး သောက်ခဲ့သည့် ထိုဆေးမှုန့်က အခြားမဟုတ်။ ကြွက်သတ်ဆေး။

ဆေးသောက်ပြီး တစ်မိနစ်လောက်အကြာမှာတော့ သူ့ တစ်ကိုယ်လုံး မီးနှင့်အရှို့ခံရသလို ပူပြင်းတောက် လောင်လာသည်။ တစ်ကိုယ်လုံးလည်း ချွေးတွေနှင့် ရွှဲနစ်လာသည်။ အပူ ဒဏ်ကို မခံစားနိုင်သောကြောင့် အဝတ်တွေကို ဆွဲချွတ်ကာ လွှင့်ပစ်လိုက်သည်။ ဘယ်လိုမှ မနေနိုင်တော့သည့်အဆုံး ဝါး ကြမ်းခင်းပေါ်မှာ ချစ်မြတ်နိုး လူးလှိမ့်နေမိတော့သည်။ ဘာမျှ မကြာလိုက်။ ဗိုက်ထဲမှ ပူလွန်းသည့်ဒုက္ခကို မခံနိုင်တော့သဖြင့် ချစ်မြတ်နိုး ထိုးအန်လေတော့သည်။ အခန်းတစ်ခုလုံး အန်ဖတ်နံ့၊ ဆေးအနံ့များနှင့် မွှန်ထူသွားသည်။

-----------------------------------------------------------------------------------------------------------

ဝါရှင်တန်တက္ကသိုလ်ရှိ က္ဘာလုံးဆိုင်ရာကျန်းမာရေး သုတေသနဌာနတစ်ခုဖြစ်သည့် Institute for Health Metrics and Evaluation က ပြုလုပ်ခဲ့သည့် Global Burden of Disease စစ်တမ်းအရ အသက် ၁၅ နှစ်နှင့် ၁၉ နှစ်ကြား မြန်မာမိန်းကလေးများ မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှု သည် ပြီးခဲ့သည့် အနှစ်၂၀ အတွင်း မြင့်တက်လာခဲ့သည်ဟု ဆိုပါသည်။

အဆိုပါစစ်တမ်းအရ ၁၉၉၀ တုန်းက မိမိကိုယ်ကိုယ်သေ ကြောင်းကြံစည်မှုသည် အသက် ၁၅ နှစ်မှ ၁၉ နှစ်ကြား မြန်မာ မိန်းကလေးများကို သေဆုံးစေခဲ့သည့် နံပါတ်ငါးတရားခံဖြစ်ခဲ့ ရာမှ ၂၀၁၀ ခုနှစ်အရောက် တွင်တော့ နံပါတ်လေးတရားခံဖြစ်လာ ခဲ့သည်။ နံပါတ်တစ်၊ နှစ်၊ သုံး တရားခံများကတော့ လမ်းပေါ်တွင် မတော်တဆဖြစ်မှု၊ အမျိုးသမီးရောဂါနှင့် အကြမ်းဖက်တိုက်ခိုက် ခံရမှုတို့ ဖြစ်သည်ဟုဆိုသည်။

က္ဘာတစ်ဝန်းတွင်တော့ အသက် ၁၅ နှစ်မှ ၁၉ နှစ်ကြား မိန်းကလေးများကို သေဆုံးစေခဲ့သည့် နံပါတ်တစ် တရားခံမှာ မိမိကိုယ်ကိုယ် သတ်သေမှုဖြစ်သည်။

------------------------------------------------------------------------------------------------------------

“ပညာရေးမှာ ပြိုင်ဆိုင်မှုများလာတဲ့အတွက် သူတို့မှာ စိတ်ဖိစီးမှု ပိုများလာတာရယ်၊ အလုပ်အကိုင်၊ အခွင့် အလမ်းပြိုင် ဆိုင်မှု များလာတာရယ်၊ နောက်တစ်ခုက မိသားစုပြဿနာပဲ။ ဒီပြဿနာတွေကို သူတို့က အမြဲတမ်း နေ့တိုင်း ကြားနေရတော့ ဒါတွေက ဒီကလေးတွေကို စိတ်ဓာတ်ကျစရာဖြစ်စေတယ်” ဟု ဒေါက်တာ ခင်မြင့်က ရှင်းပြသည်။

အချို့မိန်းကလေးများမှာ နောက်ပိုင်းတွင် တဖြည်းဖြည်း နှင့် အနာဂတ်ပျောက်လာသကဲ့သို့ ခံစားရပြီး ထွက်ပေါက်အဖြစ် ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ စဉ်းစားလာတတ်ကြသည်ဟု ဆိုပါသည်။

စိတ်ပညာရှင် ဒေါက်တာခင်မြင့် သုံးသပ်သည်က မိန်း ကလေးငယ်များ မိမိကိုယ်မိမိ သေကြောင်းကြံ ကြခြင်းမှာ အများ အားဖြင့် မိဘများနှင့် ဆိုင်လေ့ရှိသည်ဟု ဆိုသည်။

“ဒီပြဿနာတွေက မိဘတွေနဲ့ တော်တော်များများဆိုင် တယ်။ မိစုံဖစုံမရှိတဲ့သူတွေ၊ မိသားစုထဲမှာ လင်နဲ့ မယား၊ သား သမီးနဲ့ မိဘ (ရန်)ဖြစ်နေတဲ့ မိသားစုတွေ၊ ချမ်းသာပေမယ့် အိမ် တွင်းရေးပြဿနာဖြစ်နေတဲ့ မိသားစုတွေမှာ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံမှု အဖြစ်များတယ်” ဟု၎င်းက သုံးသပ်သည်။

------------------------------------------------------------------------------------------------------------

မိမိကိုယ်ကိုယ် သေကြောင်းကြံရာတွင် ယခင်တုန်းက ပိုးသတ်ဆေးသောက်တာ ပိုများသည်ဟု ရန်ကုန် ဆေးရုံ သစ်ကြီးမှ ဆေးရုံအုပ်ကြီးဒေါက်တာမြသောင်းက ပြောပြသည်။

“အခုကျတော့ ပါရာစီတမောကို အလုံး ငါးဆယ်၊ တစ်ရာ အထိသောက်တာ တွေ့လာတယ်။ သေတော့ မသေဘူးပေါ့။ ဘာမီတွန်လည်း သောက်ကြတယ်။ သောက်တဲ့အထဲမှာလည်း ခေတ်ပညာတတ်တွေ၊ တက္ကသိုလ်ကျောင်းသူတွေက ပိုများလာ တယ်” ဟု ဒေါက်တာမြသောင်းက ပြောပြပါသည်။

-----------------------------------------------------------------------------------------------------------

ကိုယ့်ကိုယ်ကိုယ် သတ်မသေမီ တစ်လအလိုလောက်မှာ မိဘများနှင့် အိပ်နေရာမှ အိမ်အောက်သို့ဆင်းပြီး တစ် ယောက် တည်း သွားအိပ်လေ့ရှိသည်ဟု ဒေါ်မြင့်နွယ်က ပြောပြသည်။ စိတ်မူမမှန်ဖြစ်နေသည်ကို စိုးရိမ်သောကြောင့် စောင့်ကြည့်နေ သည့်ကြားမှ ပြီးခဲ့သည့်နှစ်လလောက်က အိမ်ပေါ်မှာတင် ကြိုး ဆွဲချကာ သေကြောင်းကြံသွားခြင်းဖြစ်သည်။

“ကျွန်မသမီးလေးကို ငါးတန်းအထိပဲ ထားနိုင်ခဲ့တယ်။ သမီးလေးကို သူ့အနာဂတ်နဲ့ပတ်သက်ပြီး ဘာလုပ် ရမယ်ဆို တာကို လမ်းòန်ပေးတာမျိုး မလုပ်ခဲ့မိဘူး”ဟု ပြောလျက် ဒေါ်မြင့်နွယ် ငိုလေသည်။

သူ၏ငိုသံမှာ အိမ်နီးနားဝန်းကျင်ကို လွှမ်းခြုံသွားလေ တော့သည်။

From : ..YPI

ဆီးဂိမ်းအတွက် အိပ်ခန်းဆောင် ထိန်းသိမ်းရေးသင်တန်းပေးမည်


လာမည့် ဆီးဂိမ်း ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည့် အားကစား သမားများ အတွက် အိပ်ခန်းဆောင် ထိန်းသိမ်းရေး ဝန်ဆောင်မှု များပေးရာ၌ အတွေ့အကြုံ မရှိသူများ အားလည်း သင်တန်းများ ပေး၍ ခန့်အပ် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ စားသောက်ဆိုင် လုပ်ငန်းရှင်များ အသင်းသည် နေပြည်တော်ရှိ အားကစားရွာ တွင် နေထိုင်မည့် အားကစားသမား များ၏ အစားအသောက် နှင့် နေထိုင်ရေး အတွက် တင်ဒါအောင် မြင်ခဲ့ကြောင်း ယင်းအတွက် လိုအပ်သော အလုပ်သမား အင်အား အတွက် အတွေ့အကြုံ ရှိ ဝန်ထမ်းများ အပြင် သင်တန်းသား များကိုပါ အသုံးပြုမည် ဖြစ်ကြောင်း သိရသည်။

'' အတွေ့အကြုံ ရှိသူတွေနဲ့ သင်တန်းသား တွေကို တွဲဖက် အသုံးပြု သွားမယ် ၊ သင်တန်းသားတွေ အနေနဲ့လည်း အတွေ့အကြုံ ရရှိပြီး နောက်ပိုင်း လုပ်ငန်းခွင် ဝင်ရောက် လုပ်ကိုင် နိုင်မှာပါ ... '' ဟု ၄င်းက ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် (၂၇) ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည် ဖြစ်ရာ အားကစား သမားများ၏ အစားအသောက် ဧည့်ခံ ကျွေးမွေးရေး နှင့် အိပ်ခန်းဆောင် ထိန်းသိမ်းရေး ကိစ္စများ ဝန်ဆောင်မှု ပေးရာ၌ (၂၆)ကြိမ်မြောက် ဆီးဂိမ်းတွင် အိမ်ရှင် အဖြစ် ကျင်းပခဲ့သော အင်ဒိုနီးရှား နိုင်ငံထက် သာလွန်အောင် လုပ်ဆောင်မည် ဖြစ်ကြောင်း အားကစားသမား များအား အစားအသောက် စီစဉ်ရာ၌ 4 Stars အဆင့် သတ်မှတ်၍ တစ်ဦးလျှင် အမေရိကန် ဒေါ်လာ ၃၅ ဒေါ်လာ အဆင့်ဖြင့် တစ်နေ့လျှင် (၅) ကြိမ်ကျွေး နိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမည့် (၂၇) ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲတွင် အားကစားနည်း ၃၃ နည်း ယှဉ်ပြိုင် ကြမည်ဖြစ်ရာ နိုင်ငံခြား အားကစား သမား ဦးရေ ၄၉ဝဝ ခန့်နှင့် မြန်မာ အားကစားသမား ဦးရေ ၉ဝဝ ၊ စုစုပေါင်း အားကစားသမား ဦးရေ ၅ဝဝဝ ကျော် ပါဝင် ယှဉ်ပြိုင် ကြမည် ဖြစ်ကြောင်း သိရှိရသည်။

By Myawady Daily

မြန်မာပြည်မှာ လိင်တူ အချစ်ဆိုတာ ဘာလဲ...?

စာဖတ်သူတို့ Debate လုပ်လို့ရအောင် ခေါင်းစဉ်တင်ပေး လိုက်ပါပြီ။ မီး တစ်ဟုန်းဟုန်း တောက်အောင် နည်းနည်း အစပျိုးပေးပါ အုံးမယ်။

ကမ္ဘာပေါ်မှာ Gay Marriage / Same Sex Marriage လို့ခေါ်တဲ့ လိင်တူ လက်ထပ်ခြင်းကို နိုင်ငံပေါင်း ၁၈ နိုင်ငံက တရားဝင် သဘောတူခဲ့ပြီး ဖြစ် ပါတယ်။ အမေရိကန် လည်းပါဝင်ပါတယ်။ Gay marriage စတင် အတည်ပြုပေးခဲ့တဲ့ နိုင်ငံကတော့ နယ်သာလန် ဖြစ်ပြီး ၂၀၀၁ ခုနှစ် ဧပြီလက ဖြစ်ပါတယ်။ အမေရိကတိုက်မှာ ကနေဒါ၊ အာဂျင်တီးနား၊ ဥရုဂွေး၊ ဘရာဇီး၊ အမေရိကန်နဲ့ မက္ကဆီကိုတို့လို နိုင်ငံကြီးများ က အတည်ပြုကုန် ပါတယ်။ ဥရောပ တိုက်မှာဆိုရင် နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ စပိန်၊ နော်ဝေ၊ ဆွီဒင်၊ ပေါ်တူဂီ၊ အိုင်စ်လန်၊ ဒိန်းမိတ်၊ ပြင်သစ်၊ ဗြိတိန် တို့ ပါဝင်ပြီး နယူးဇီလန်နဲ့ အာဖရိကက တောင်အာဖ ရိကတို့တောင် ပါဝင် လာပါတယ်။

အသင်းအဖွဲ့များ စနစ်တကျဖွဲ့စည်းပြီး အပြုသဘော ဆောင်တဲ့ လှုပ်ရှား မှုတွေကြောင့် အစိုးရတို့လည်း မငြင်းဆန် နိုင်ပါဘူး။ သို့ပေမယ့် ရုရှား တစ်နိုင်ငံကတော့ ဥရောပမှာ Same Sex နဲ့ ပက်သက်လို့ အပြင်းအထန် ကန့်ကွက်နေတဲ့ နိုင်ငံတစ်နိုင်ငံအဖြစ် ထင်ရှားပါတယ်။ နောက်ပြီးတော့ အရှေ့ အလယ် အပိုင်းက ပါရှန်း နိုင်ငံများကလည်း Same Sex Marriage ခွင့်မပြုထားပါဘူး။ ၎င်းတို့ ဘာသာရေးအရကို တားမြစ် ထားပြီး Gay ဖြစ်ရင်တောင် ထောင်ချတဲ့အထိ တရားဥပဒေ ပြင်းထန်တဲ့ နိုင်ငံတွေ ရှိပါတယ်။

မြန်မာပြည်မှာဆိုရင်ကော် -

မြန်မာပြည်မှာလည်း အဖွဲ့အစည်းလိုက် လှုပ်ရှားမှုများ ရှိနေပါ တယ်။ မြန်မာပြည်မှာလည်း မိန်းမချာ ရဇဝင်ကြီးမား ကြောင့် ဂေးတစ်ဦးက ပြောပြဖူးပါတယ်။ တောင်ပြုံးပွဲက မြန်မာဂေးများ စုဝေးရာ ပွဲတစ်ခု အဖြစ်လည်း လူသိ များပါတယ်။ Same Sex မှာဆိုရင် အမျိုသားအချင်းချင်း လိင်တူ ချစ်ကြိုက်ခြင်း၊ အမျိုး သမီးအချင်း ချင်း လိင်တူ ချစ်ကြိုက်ချင်းနဲ့ ၊ အမျိုးသမီး စိတ်ဝင် အမျိုးသား နှင့် အမျိုးသား ချစ်ကြိုက်ခြင်း၊ အမျိုးသား စိတ်ဝင် အမျိုးသမီး နဲ့ အမျိုးသမီး ချစ်ကြိုက်ခြင်း အစရှိသဖြင့် အမျိုးမျိုးကွဲ ပါသေးတယ်။

သဘာဝအားဖြင့် အမျိုးသားနဲ့ အမျိုးသမီးပဲ ချစ်ကြိုက်၊ ပေါင်းဖက်မှ မိသားစု တစ်ခု ဖန်တီးလို့ရတယ် ဆိုတာ Biological ပေါင်းစပ်ပြီး၊ စိတ်ပိုင်းဆိုင်ရာ Emotional အရ ပေါင်းစပ်မှု သဘော ရှိပါတယ်။ အဲ့လို မဟုတ်ပဲ လိင်တူချစ်ကြိုက်မှုကျတော့ Emotion ပိုဆန်တဲ့ ခံစားချက် ဖြစ်ပြီး မိသားစု တစ်ခု ဖန်တီးမှု ကျတော့ Biological ရှုထောင့်အရ ကွဲလွဲနေမှု ရှိပါတယ်။ ကျန်းမာရေး ရှုထောင့်အရ ကြည့်ရင်လည်း Same Sex က ဆိုးကျိုး ပိုဖြစ်နိုင်တဲ့အတွက် နိုင်ငံတကာ Same Sex အဖွဲ့အစည်းများက Health Program ကို သီးသန့် ပြုလုပ် ပေး ပါတယ်။

ဘာသာရေးရှုထောင့်အားဖြင့် (အထူးသဖြင့် ဗုဒ္ဓဘာသာ ရှုထောင့်အရ ကြည့်ရင်) Same Sex ရယ်လို့မှ မဟုတ်ပဲ Sex လို့ခေါင်းစဉ်တပ်လိုက်ရင်ကို အပြစ် တစ်ခုအဖြစ် သတ်မှတ်ထားပြီး ဖြစ်ပါတယ်။ ဒီတော့ Same Sex ကိုမှ ကွက်ပြီးတော့ အပြစ်ရှိသော ကာမ အကုသိုလ်လို့ ဟော့ခဲ့ခြင်း မဟုတ် တာကြောင့်လဲ ဘာသာရေး အရ တားမြစ်ဖို့ကျ မစွမ်းသာပြန်ပါဘူး။ ဒီအတွက် ဆရာတော်များရဲ့  အမြင်သြဝါဒ ဘယ်လိုရှိ မယ်ဆိုတာ ကိုလည်း သိချင်ပါသေးတယ်။

ဒီတော့ မြန်မာပြည်မှာ Same Sex နဲ့ ပက်သက်လို့ အမြင်ကွဲပြားမှုများလာပြီး ယနေ့အထိ တိုက်ခိုက် နေကြဆဲ ပါပဲ။ အဖွဲ့ ၃ ဖွဲ့ပါ။ Same Sex ကိုထောက်ခံ သူ၊ Same Sex ကို ဆန့်ကျင်သူနဲ့ ကြားနေ အဖွဲ့ဆိုပြီး ဖြစ်နေပါတယ်။ စာရေးသူကတော့ ကြားနေ အဖွဲ့ထဲ ပါဖြစ်မယ် ထင်ပါတယ်။ လူအခွင့်အရေး နဲ့ ပက် သက်ပြီးလို့ကော၊ Same Sex နဲ့ ပက်သက်ပြီးလို့ကော ထင်မြင်ယူဆချက်များကို ဒီ Post မှာ Comment ပေးစေချင်ပါတယ်။
.
အောင်ခမ်း ( ရိုးရာလေး )

ညသံစဉ်ကြားမှ ဘ၀ခါးခါး

“စာနာမှုလုံးဝမရှိတဲ့ လူယဉ်ကျေးတွေ . . . အလစ်ကိုချောင်း တစ်ဖက်သားတစ်ချက်အငိုက်ကို အပြစ် အနာမဲ့ မောင့်အရိုင်းပန်း . . .သန့်စင်တဲ့ မောင့်တစ်ပွင့်ပန်း. . . အနီရောင်စွန်းထင်းကာလ အလှမပြည့်ခင် မြေမှာခရရှာပြီ...”

ရောင်စုံမီးလုံးများ ခပ်မှိန်မှိန်ထွန်းညှိထားသည့် အခန်းကျဉ်းလေးထဲမှ စိုင်းထီးဆိုင်၏ တေးသီချင်းတစ်ပုဒ်ကို အာလေးလျှာလေးအော်ဆိုသံက အခန်းအပြင်သို့ တိုင်ပျံ့လွင့်လာသည်။

အဆိုပါအခန်းလေးထဲတွင်တော့ အရက်ဘီယာသောက်စားထားသည့် အမျိုးသားအချို့ရှိသည်။ စားပွဲပေါ်တွင် ပြန့်ကျဲနေသော ဘီယာပုလင်းများနှင့် စားသောက်ဖွယ်ရာအချို့ရှိသည်။ စီးကရက်ပြာများနှင့် မီးခိုးငွေ့များရှိသည်။ ဂငယ်သဏ္ဍာန်ခင်းကျင်းထားသည့် ဆိုဖာဆက်တီခုံများရှိသည်။ သီချင်းဖွင့်ထားသည့် တီဗီတစ်လုံးနှင့် ဆောင်းဘောက်စ်နှစ်လုံးရှိသည်။

မိုက်ကိုင်၍သီချင်းဆိုနေသည့် အမျိုးသားတို့အနီးတွင် ရေမွှေးနှင့် ပေါင်ဒါနံ့ထုံသင်းနေသည့် မိတ်ကပ်အဖွေးသားဖြင့် စကတ်တိုတိုကောင်မလေးအချို့ရှိသည်။ အမျိုးသားတစ်ဦးက သူ့နံဘေးမှ ကောင်မလေးကို သူသီဆိုလိုသည့်တေးကို စက်အတွင်းထည့်ခိုင်းနေသည်။ ကောင်မလေးတစ်ဦးက ကုန်သွားသည့် ဘီယာခွက်များကို လိုက်ဖြည့်ပေးလျက်ရှိသည်။

သီချင်းဆိုရန် အလှည့်မကျသေးသည့် အမျိုးသားတစ်ဦးက သူ့ဘေးမှထိုင်နေသည့် အသက် ၂၅ နှစ်ခန့်အရွယ် ကောင်မလေးတစ်ဦးကို ပခုံးဖက်ရင်း တို့ထိကျီစယ်လျက်။

မြို့တော်ကြီးများတွင် ပေါများလာသည့် ကေတီဗီ(ခေါ်) ကာရာအိုကေခန်းတို့နှင့်အတူ အသက် ၂၀ ၀န်းကျင်မှ ၂၇ နှစ်အရွယ်ထိ အမျိုးသမီးငယ်များက တေးသံများနှင့် ပျော်မွေ့သည့်အလုပ်ဆီသို့ ၀င်ရောက် လာကြပါသည်။ ယခင်က ကြိုးကြားကြိုးကြားသာ ပိုင်ရာဆိုင်ရာနားလည်မှုဖြင့် ဖွင့်လှစ်ခွင့်ရရှိသည့် ကာရာအိုကေဆိုင်များသည် ယခုအခါမှာတော့ ထင်ထင်ပေါ်ပေါ် ဖွင့်လှစ်လာကြပြီဖြစ်သည်။

သီချင်းဆိုဝါသနာပါသူ (သို့မဟုတ်) မူးယစ်လာပါက အလိုလိုသီချင်းဆိုချင်လာသူ (သို့မဟုတ်) စိတ်ခံစားချက်များကို ပေါက်ကွဲအော်ဟစ်ပစ်လိုသူ အမျိုးသားတို့အတွက် သန်းခေါင်ကျော်အထိ ဖွင့်လှစ် ကြသည့် ကေတီဗီများက ဗိမာန်တစ်ခုဖြစ်နေသည်။ အဆိုပါကေတီဗီများတွင် သီချင်းထည့်ပေးရန်၊ ဘီယာငှဲ့ပေးရန်အလို့ငှာ အမျိုးသမီးငယ်များကို ခန့်ထားလေ့ရှိကြသည်။

အမျိုးသမီးအများစုသည် ပဲခူးတိုင်းနှင့် ဧရာဝတီတိုင်းကဲ့သို့သော နယ်ဒေသများမှ လာရောက် လုပ်ကိုင်ကြခြင်းဖြစ်ပြီး များသောအားဖြင့် အထည်ချုပ်စက်ရုံ ၀န်ထမ်းဘ၀မှ နယ်ပယ်ကူးပြောင်း လာခြင်းဖြစ်ကြောင်း သိရသည်။

“အစက လှိုင်သာယာအထည်ချုပ်စက်ရုံတစ်ခုမှာ လုပ်တယ်။ ဒီမှာ အရင်လုပ်နေတဲ့ သူငယ်ချင်းရဲ့ အစ်မကတစ်ဆင့် ရောက်လာတာ”ဟု အလယ်အလတ်တန်းစား ကေတီဗီတစ်ခုမှ အမျိုးသမီး တစ်ဦးကပြောသည်။

ကေတီဗီတွင် အလုပ်လုပ်ကိုင်နေကြသည့် အမျိုးသမီးတို့မှာ အဓိအားဖြင့်တော့ ထုံးစံအတိုင်း စားဝတ်နေရေးကြောင့်ပင်ဖြစ်သည်။ မူလရရှိသည့် ငွေကြေးထက် အနည်းဆုံးငါးဆ သာလွန်အောင် ရရှိသည့် အတွက်ကြောင့်ပင်ဖြစ်သည်။

ကေတီဗီဝန်ထမ်းမယ်တစ်ဦးလျှင် အခြေခံလစာအဖြစ် တစ်လလျှင် နှစ်သောင်းဝန်းကျင်ခန့်သာ ရရှိသော်လည်း နေစရာအဆောင်ပေးပြီး ထမင်းကျွေးသည့်အပြင် ဆက်ရှင်ကြေးပါရရှိကြသည်။ အဓိက ၀င်ငွေမှာ ဧည့်သည်များထံမှ စေတနာသဒ္ဓါသရွေ့ ပေးကမ်းသည့်မုန်ဖိုးပင်ဖြစ်သည်။

တစ်ညလျှင် ကာရာအိုကေခန်း သုံး၊ လေးခန်း ကူးသန်း၍ အမျိုးသားဧည့်သည်တော်ကြီးများကို အဖော်လုပ်ပေးခြင်းက တစ်ခန်းလျှင် မုန့်ဖိုးငါးထောင်မှ တစ်သောင်းကျပ်အထိ ရရှိကြသည့်အတွက် တစ်လ၀င်ငွေမှာ အထည်ချုပ်အလုပ်နှင့်ယှဉ်လျှင် မက်လောက်စရာဖြစ်သည်။ အမျိုးသားတစ်ဦးအနီးတွင် ၀င်ထိုင်လိုက်လျှင် ကေတီဗီစားပွဲထိုးတစ်ဦးက အအေးတစ်ဘူးလာချပေးမည်ဖြစ်ပြီး အဆိုပါအအေးဘူးကိုမသောက်သုံးဘဲ ကောင်တာကိုပြန်အပ်ပါက အအေးဖိုးငွေကိုပါ ထပ်မံရရှိသည်ဟုသိရသည်။

ရရှိသည့်ငွေကြေးများကို စုဆောင်းကာ နယ်တွင်ကျန်ရစ်သည့် မိသားစုထံသို့ပြန်ပို့ကြသည်ဟု ကေတီဗီမယ်အမျိုးသမီးငယ်တို့က ပြောကြသည်။

“တစ်လကို နှစ်သိန်းလောက်တော့ ပြန်ပို့နိုင်တယ်။ ရသမျှထဲက ချွေတာပြီးသုံးတယ်”ဟု ကေတီဗီမယ် တစ်ဦးဖြစ်သည့် မဖွေးဖွေး (အမည်လွှဲ)ကဆိုသည်။ မဖွေးဖွေးက အလယ်အလတ်တန်းစား ကေတီဗီတစ်ခုတွင် အလုပ်ဝင်နေသည် မှာ တစ်နှစ်ပြည့်တော့မည်ဖြစ်သည်။ နယ်မှ နွမ်းပါးသည့်မိသားစုတွင် ညီမဖြစ်သူက အထက်တန်းတက်ရောက်နေပြီဖြစ်သည့်အတွက် ပညာဆုံးခန်းတိုင်အောင် သင်ကြားနိုင်ရန် ၎င်းတွင်တာဝန်ရှိသည်ဟုဆိုသည်။

မဖွေးဖွေးကဲ့သို့ပင် အတူတူအလုပ်လုပ်နေကြသည့် ကေတီဗီအများစုမှာ ပညာရေးကို ပြီးဆုံးအောင် မသင်ကြားခဲ့ကြရပေ။ သို့သော်လည်း ငွေရပေါက်လွယ်သည့်လုပ်ငန်းမို့ ကေတီဗီမယ်ဆယ်ဦးလျှင် ရှစ်ဦးက ယခုဘ၀ကို ကြိတ်မှိတ်လုပ်ကိုင်နေကြသူများ ဖြစ်ကြသည်။

“တချို့ရွေးစရာလမ်းမရှိတဲ့သူ။ တချို့က တခြားအလုပ်ထက် ၀င်ငွေပိုကောင်းလို့လုပ်တဲ့သူ။ တချို့ကျတော့ စီးပွားရေးဆန်ဆန် လုပ်နေတဲ့သူတောင်ရှိတယ်။ အပြင်မှာ တခြားစီးပွားရေးလုပ်ငန်းနဲ့ဘာနဲ့။ ဒါပေမဲ့ ဒီအလုပ်ကိုလည်း ဆက်လုပ်တာပဲ။ အဲဒီလို ကောင်မလေးတွေကျတော့ အထာကြီးတွေနဲ့”ဟု နေပြည်တော်မှ အစိုးရ အရာရှိတစ်ဦးက ရှင်းပြသည်။
“ကျွန်တော့် အစ်မ၀မ်းကွဲတစ်ယောက် မြ၀တီမှာ ကေတီဗီမှာလုပ်နေတယ်။ သူ့ကလေးကြောင့်ပါပဲ။ ယောက်ျားကပစ်သွားတယ်လေ။ အစ်မက အသက် ၂၀ ကျော်ပဲရှိသေးတယ်။ ဆယ်တန်းလည်း မအောင်ဘူး။ မြန်မြန်နဲ့ များများရတဲ့အလုပ်ကိုရှာတာ။ အဲဒီကရတဲ့ပိုက်ဆံနဲ့ ကလေးကိုကျောင်းထားတယ်။ သူ့အစ်မနဲ့ အမေကို ပြန်ထောက်ပံ့တယ်။ သူအလုပ်ကနေထွက်ချင်ပြီလို့ ခဏခဏပြောတယ်”ဟု ရန်ကုန်မြို့တွင် အလုပ်လုပ်ကိုင်နေသည့် အသက် ၂၁ နှစ်အရွယ် ကုမ္ပဏီဝန်ထမ်းအမျိုးသားငယ် တစ်ဦးကပြောပြသည်။

မဖွေးဖွေးတို့လို ကေတီဗီမယ်များသည် ညနေ ၆ နာရီမှ ညသန်းခေါင်ကျော် ၂ နာရီခန့်အထိ အလုပ်ဆင်းရလေ့ရှိသည်။ တစ်လလျှင် နှစ်ရက်နားခွင့်ရသည်။ ကေတီဗီသို့ လာရောက်သီဆိုကြသည့် အမျိုးသားအများစုမှာ မူးယစ်သောက်စားထားသည့်အတွက် တထောင်းထောင်းထနေသည့် အရက်နံ့နှင့်ယဉ်ပါးအောင် နေထိုင်ကြရသည်။ ၎င်းတို့ကိုယ်ခန္ဓာကို ပွတ်သပ်ထိတွေ့မှုအချို့အတွက် သည်းခံကြရသည်။ အမူးလွန်နေသည့်ဧည့်သည်များက ရစ်သည့်ဒဏ်ကိုလည်းခံကြရသည်။

ကေတီဗီဆိုင်များမှာလည်း အထက်တန်းစားနှင့် အလယ်အလတ်တန်းစားများ အသီးသီးရှိကြသည့်အတွက် အထက်တန်းစားဆိုင်များသို့ ပြောင်းရွှေ့နိုင်ရန် အခွင့်ကောင်းစောင့်ကြရသည်။ အထက်တန်းစားကေတီဗီများမှာ အစားအသောက်နှင့်အခကြေး ဈေးကြီးသည့်အပြင် ကေတီဗီမယ်သို့ပေးရသည့် မုန့်ဖိုးပမာဏလည်း များပြားသွားသည့်အတွက် ၀င်ငွေပိုမိုရရှိကြသည်။

“အောက်တန်းကေတီဗီတွေက မယ်တွေက ဘ၀ပေးအခြေအနေအရဖြစ်ပြီးတော့ အထက်တန်းကေတီဗီ ကမယ်တွေက အလွယ်ကြိုက်တွေလို့မြင်တယ်။ သွားတဲ့သူ သုံးတဲ့ပိုက်ဆံနဲ့အနေအထား။ အခန်းအပြင် အဆင်တွေကအစ ကွာတယ်”ဟု အလွတ်တန်းဓာတ်ပုံဆရာတစ်ဦးက ၎င်း၏အမြင်ကိုပြောပြသည်။

အထက်တန်းစားကေတီဗီများသို့ လာရောက်ကြသည့် ဧည့်သည်များမှာလည်း ငွေကြေးတတ်နိုင်သည့် လူတန်းစားတစ်ရပ်ဖြစ်ပြီး ငွေကိုရေလိုသုံးဖြုန်းခဲ့ကြလေ့ရှိသည်။ ဧည့်သည်အမျိုးသားက ၎င်းနံဘေးတွင် အဖော်လာပြုပေးသည့် ကေတီဗီမယ်ကို ကြိုက်နှစ်သက်ပါက ဖုန်းနံပါတ်ပေးထားခြင်းမှအစပြုကာ အားလပ်ရက်တွင် လျှောက်လည်ခြင်းမျိုးလည်း ပြုလုပ်တတ်ကြသည်။ ထိုဝန်ဆောင်မှုမျိုးမှ ရရှိသည့်ဝင်ငွေက တစ်လ၀င်ငွေထက် ပိုများသွားလေ့ရှိသည်ဟု ကေတီဗီသွားရောက်လေ့ရှိသူ များကဆိုကြသည်။

ရွှေဂုံတိုင်မှ Family (ပွင့်သစ်စမ်း)နှင့် ရွှေတိဂုံတောင်ဘက်မုခ်မှ M3 ၊ Music Box ကဲ့သို့သော ကေတီဗီများ ကတော့ မိန်းကလေးဝန်ဆောင်မှုမပေးဘဲ အရက်ဘီယာသောက်စားရင် သူငယ်ချင်းများနှင့်သီဆိုခြင်း၊ မိသားစုအလိုက် လာရောက်သီဆိုခြင်း စသည့်တို့အတွက် ဖွင့်လှစ်ထားခြင်းဖြစ်သည်။

မြန်မာ-ထိုင်းနယ်စပ်ဖြစ်သော မြ၀တီနှင့် မဲဆောက်မြို့များတွင်လည်း ကေတီဗီများစွာရှိပြီး မြန်မာအမျိုးသမီးများ လာရောက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

“ကွာတာက ဘတ်ငွေနဲ့ ကျပ်နဲ့ပေးရတာချင်းကွာပြီး တူညီတာကတော့ ၀န်ဆောင်မှုပေးနေတာ မြန်မာ အမျိုးသမီး ချည်းဖြစ်နေတာပဲ။ တချို့ဆို သမီးဆီမှာ ငွေလာတောင်းတဲ့အချိန် သမီးရယ် ဆက်လုပ်ပါဦးလို့ သမီးကို တောင်းပန်နေတာမျိုးလည်း ကြုံခဲ့ရဖူးတယ်”ဟု မဲဆောက်မြို့တွင် နေထိုင်သည့် ကိုဆမ်ကပြောသည်။

ရန်ကုန်မြို့တွင် ကေတီဗီကာရာအိုကေဆိုင် အများဆုံးရှိသည့် နေရာများမှာ မင်္ဂလာတောင်ညွှန့်၊ မရမ်းကုန်း၊ အလုံ၊ ဗဟန်းမြို့နယ်တို့ဖြစ်ကြသည်။ အဆိုပါကေတီဗီများတွင် ညစဉ်နှင့်အမျှ
သီဆိုသူအမျိုးသားထုဖြင့် ပြည့်နှက်လျက်ရှိပြီး ကေတီဗီမယ်တို့မှာလည်း ညစဉ်နှင့်အမျှ မအားလပ်အောင် ၀န်ဆောင်မှုပေးနေကြဆဲဖြစ်သည်။

အစိုးရမင်းတို့ရုံးစိုက်ရာ နေပြည်တော်တွင်လည်း တော်ဝင်နန်းဟူသည့် အကြီးဆုံးကေတီဗီမှသည် ဘောဂသီရိကားဝင်းမှ ကေတီဗီများအထိရှိကြပြီး ငွေဖြုန်းတီးကြမည့် အမျိုးသားဧည့်သည်တော်ကြီးများကို စောင့်မျှော်လျက်ရှိကြသည်။

“အစားအသောက်ဈေးကြီးတယ်။ ကောင်မလေးတွေက ၀တ်ကျေတမ်းကျေတွေများတယ်။ တခြားအခန်းနဲ့ ဆက်ရှင်ခွဝင်တာများတယ်။ သီချင်းအပ်ဒိတ်လုပ်တာနည်းတယ်။ ဆက်ရှင်ပြီးခါနီးရင် ကောင်မလေးတွေက အချိုးပြောင်းတယ်။ ငွေကုန်တယ်။ အသံပြာတယ်။ အိပ်ရေးပျက်တယ်”ဟု နေပြည်တော်အစိုးရ ၀န်ထမ်းတစ်ဦးက ကေတီဗီကို မကြိုက်နှစ်သက်ရသည့် အကြောင်းအရင်းကို ပြောပြသည်။

ကေတီဗီမယ်များသည် တကယ့်ဘ၀အခက်အခဲကြောင့် ပိုက်ဆံအလွယ်ရသည့် လမ်းကြောင်းကို ၀င်ရောက်လုပ်ကိုင်ခြင်းဖြစ်ကြပြီး ရည်မှန်းထားသည့် ငွေကြေးစုဆောင်းမိလျှင် မိဘနေရပ်ပြန်၍ ကောင်းရောင်း၊ ကောင်းဝယ်လုပ်စားကြခြင်းမျိုးလည်း ရှိကြပါသည်။

“တချို့က နောက်ကြောင်းမပြန်တော့ဘူး။ ယောက်ျားတွေဟာ သူတို့သားကောင်လို့ကိုထင်လာပြီး အဲဒီအလုပ်မှာပဲ ပျော်နေတော့တာ။ အသက်သုံးဆယ်ကျော်လောက်ဆို အူတူတူရိုးသားတဲ့ ငွေကြေးအသင့် အတင့်ရှိတဲ့ သူတစ်ယောက်ကို အပိုင်ချည်ပြီး အိမ်ထောင်ပြုပြီး ဘ၀လမ်းကြောင်းကို ပြောင်းပစ်လိုက်ကြ တာလည်းရှိတယ်။ ၀မ်းရေးကြောင့် ၀င်လုပ်ရတဲ့သူတွေထဲက တစ်ရာမှာဆယ်ယောက်လောက်ကတော့ မူလရည်မှန်းချက်အတိုင်း ဒီဘ၀ကလွတ်မြောက်အောင် ရုန်းထွက်နိုင်တာတွေ့ရတယ်”ဟု ကေတီဗီများသို့ ပုံမှန်သွားရောက်လေ့ရှိပြီး ကေတီဗီမယ်တစ်ဦးနှင့် သမီးရည်းစားသဖွယ်ဖြစ်ခဲ့ဖူးသည့် အသက် ၄၀ ကျော်အရွယ် အမျိုးသားတစ်ဦးကရှင်းပြသည်။

မိမိပညာအရည်အချင်းနှင့် တစ်လလျှင် လစာသိန်းချီရနိုင်သည့် အလုပ်မျိုးမရှိသည့်အတွက် အလုပ်ထွက်လိုသော်လည်း ဒီလောကထဲမှာပင် တ၀ဲလည်လည်ဖြစ်နေရသည်ဟု မဖွေးဖွေးက
ပြောပါသည်။ ခုနစ်တန်းအောင်ခဲ့သည့် မဖွေးဖွေးမှာ ရည်မှန်းချက်တစ်ခုရှိပါသည်။ အဲဒါက ဒီဘ၀ထဲကရုန်းထွက်ပြီး သူနာပြုအကူအဖြစ် အသက်မွေးလိုခြင်းပဲဖြစ်သည်။

“သူနာပြုအကူသင်တန်းတက်ပြီး ရိုးရိုးသားသားလုပ်စားချင်တယ်။ အဲဒီအလုပ်က ငွေသိပ်မရဘူးဆိုတာသိပါတယ်။ ဒါပေမဲ့ . . .”ဟုပြောရင်း မဖွေးဖွေး တီဗီဖန်သားပြင်မှ သီချင်းစာသား များကို ငေးမောနေသည်။

“သန်းခေါင်ယံည လမိုက်ခိုက်အောင် မမှီနိုင်ဘူးထင် . .စိတ်ဆင်ရိုင်းလောကသားရဲ့အမှောင်. ..မေတ္တာတရားခေါင်းပါးလွန်းနေ . . .ကရုဏာမဲ့သွေးသားအလိုအတွက် .. . ပင်ကိုအားနွဲ့သူ အရှုံးနဲ့သာ ခန္ဓာကိုယ်စတေးရရှာတယ် . . . သေတမန်ပြောင်းဝကို အရိုင်းပန်းငယ် . . .မလွန်ဆန်နိုင် ဆက်သရုံပဲ”

ရောင်စုံမီးလုံးများ ထွန်းညှိထားသည့် အခန်းကျဉ်းလေးထဲမှာ သီချင်းသံနှင့်အတူ ဆေးလိပ်ငွေ့များ၊ အရက်နံ့များလှိုင်ထနေသည်။ အသက် ၂၃ နှစ်အရွယ် မဖွေးဖွေးတစ်ယောက် ဘီယာပုလင်းကိုကိုင်ကာ ဧည့်သည်ရှေ့မှကုန်သွားသည့် ဘီယာခွက်ထဲသို့ ငှဲ့ထည့်ပေးလိုက်သည်။ ယခုတော့ ၎င်းမျက်နှာတွင် အပြုံးတစ်ပွင့်ကို တပ်ဆင်ထားပြီးဖြစ်သည်။

ဝင်ငွေကွာဟမှုအခြေအနေများကြောင့် ကြိုးစားရုန်းကန်ရမှုဘ၀တစ်ခု၏ သက်ပြင်းတစ်ချက်သည် မွန်းကျပ်သည့် အခန်းငယ်လေးထဲမှာ သီချင်းသံနှင့်အတူ အပြင်ဘက်သို့လွင့်ပါသွားလေသည်။ ။

Today Myanmar

အသက် ၁၈ နှစ်ပြည့်မှ ဒါကိုဖတ်ပါ

ဆရာရှင့် နားနဲ့မနာဖဝါးနဲ့နာ တိုင်ပင်စရာလေးရှိလို့ပါ။ ကျမနဲ့စေ့စပ်ထားတဲ့ချစ်သူနဲ့ တူတူနေကြပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ် သမီးရည်းစားဘဝတုန်းကလည်း Living together နေပါတယ်။ အဲ့တုန်းက သူကွန်ဒုံးသုံးတယ်။ သူကသင်္ဘောလိုက်တော့ ခဏခဏမတွေ့ရတော့ ရက်ရှောင်ပြီးနေဖို့ သိပ်မဆင်ပြေပါဘူး။ ဒီတခေါက်ပြန်လာတော့ ကျမ Morning after pill သုံးလိုက်တယ်။ ဖြစ်ချင်တော့ နေမိသွားတယ်။ ရှုပ်သွားလားမသိဘူး။ ကျမ ဒီလရာသီလာတာ ၆ ရက်နေ့ကပါ။ ပုံမှန်တော့ ၂ ရက်ပဲလာတယ် ပြီးရင် နောက် ၃၊ ၄ ရက်က နေ့လည်ဖြစ်ဖြစ် ညနေဘက်ဖြစ်ဖြစ် အနည်းအကျဉ်း ဆင်းတတ်တာ အမြဲတမ်းပါပဲ။ ဒီတော့ ရက်လည်းသိပ်မတွက်ဘူး။ ဒါနဲ့ ၁၂ ရက်နေ့က တူတူအိပ်လိုက်တယ်။ calender နဲ့ တွက်ကြည့်တော့ safe day ဆိုတော့ အစက ဆေးမသောက်ဘူး။ ကာကွယ်တဲ့အနေနဲ့ မနေ့ကပဲသောက်လိုက်တာ၊ ဒီနေ့ညလည်းကျရော ခရီးထွက်ရမှာဘာညာနဲ့ဆိုတော့ နေလိုက်မိပြန်တယ်။ သူလည်း ပြီးတဲ့အချိန်မှာ အပြင်တော့ ထုတ်လိုက်ပေမယ့် ကျမစိတ်ထဲ နဲနဲများဝင်သွားမလားဆိုပြီး ဆေးကို မြန်မြန်သောက်လိုက်တာ မနေ့က သောက်ထားတာ မေ့ပြီး အန္တရာယ်ရှိနိုင်ပါသလား။ နောင်ကျမတို့နှစ်ယောက် လက်ထပ်ပြီး ပြည့်ပြည့်စုံစုံဖြစ်လို့ ကလေးယူမယ်ဆိုရင်ကော ဒီ side effectကြောင့်များ တခုခုဖြစ်မလားစိုးရိမ်မိလို့ပါ။

ဟုတ်တယ် နဲနဲတော့ ရှုတ်သွားတယ်။ အတိအကျသိချင်တာတာ အခုနောက်ဆုံးနေကြတာမှာ အရင်ဆုံး အကြိမ်နဲ့ အရေးပေါ်တားဆေးသောက်ချိန် ဘယ်လောက်ကွာသလဲ။ အရေးပေါ်တားဆေးသောက်လို့ တချိန်မှာ ကိုယ်ဝန်ယူချင်ရင် စိုးရိမ်စရာမရှိပါ။ ခဏခဏတော့ မသောက်သင့်ပါ။ ၁၂ ရက်နေ့ကနေပြီး ၁၄ ရက်နေ့သောက်တာပေါ့။ ဆေးသောက်ပြီး တခါနေထပ်တယ်ပေါ့။ ဟုတ်တယ်ဆိုရင် ကိုယ်ဝန်မရလောက်ပါ။ % အပြည့် မဟုတ်နိုင်လို့ ရာသီလာမဲ့ရက်ထက် ၁-၂ ပတ်နောက်ကျရင် ဆီးစစ်ပါ။
......................

ကျမမေးတာ မဖြေသေးထပ်ပို့ပေးလိုက်တာပါ။ ဆရာကိုမေးပြီးကတည်းက ကျမမျိုးဥကြွေဆေးသောက်တာ ၃ လလောက်တော့ရှိပါပြီဆရာ။ ဘာမှတော့မထူးခြားသေးပါဘူး။ လွန်ခဲ့တဲ့တပတ်လောက်က ကျမ အစာအိမ် အောင့်လိုဆိုပြီးဆေးခန်းပြတော့ အဲဒီဒေါက်တာကို ကျမတို့ ကလေးမရသေးတဲ့ အကြောင်း ပြောပြတော့ ကျမကလည်း အခုလက်ရှိမျိုးဥကြွေဆေးသောက်နေတယ်ဆိုတာပါ ထည့်ပြောပြလိုက် ပါတယ်။ သူက ယောက်ကျားရော ဘာဗီတာမင်သောက် လည်းမေးပါတယ်။ မသောက်ဘူးလို့ပြောတော့ ကျမယောက်ကျားကို Zinc ဆိုတဲ့အားဆေးတမျိုး ရေးပေးပါတယ်ဆရာ။ အဲဒီဆေးဗူးမှာ ဗီတာမင်တော့ အစုံပါ ပါတယ်။ ကျမကိုလည်း ဖောလစ်အက်ဆစ်သောက်ခိုင်းပါတယ်။ ကျမက ဖောလစ်အက်ဆစ် သောက်နေတာတော့ အပျိုတည်းကပါ။ အားဆေးသောက်ပြီး ၆ လလောက်စောင့်ကြည့်လို့ ပြောပါတယ်။ မရရင်တော့ သုတ်ပိုးစစ်ပေးမယ်ပြောပါတယ်။ ကျမ သိချင်တာက သုတ်ပိုးကို သွေးကနေရော အလွယ်တကူစစ်လို့ မရဘူးလားဆရာ။ မိန်းကလေးဆိုရင်ရော ဘယ်လိုစစ်ရသလဲဆရာ။ ပြီးတော့ ဒီအားဆေးသောက်ရုံနဲ့ ယောက်ကျားလေးတယောက်အတွက် လုံလောက်ပါသလား။

Sorry ဖြေဘို့ကျန်တောဟုတ်တယ်။ ဆရာလဲ မဖြေရသေးတာကို ပြန်ပြန်တော့စစ်တာဘဲ။ အခုတလော အလုပ်နဲနဲများနေလို့။ မနေ့က ၂၄ နာရီအတွင်း ကလေး ၃ ယောက်မွေးပေးရတယ်။ အခုမေးတဲ့သူအတွက် တိုက်ဆိုင်ပြီး ကံကောင်းနိုင်တာပေါ့။
ကလေးမရသေးသူတွေအတွက်စာတွေကို ဖတ်ပါသလား။ လိုက်နာပါသလား။ မေးထားတာအားလုံး စာတွေထဲမှာပါတယ်။ အခုပို့လိုက်ပါတယ်။ ဖတ်ပြီး လိုသေးရင်မေးပါ။
Infertility (1) ကလေးမရနိုင်သေးခြင်း (၁) http://dts-medicaleducation-adult.blogspot.in/2012/03/infertility-1.html
Infertility (2) ကလေးမရနိုင်သေးခြင်း (၂) http://dts-medicaleducation-adult.blogspot.in/2012/04/infertility-2.html
Infertility (3) ကလေးမရနိုင်သေးခြင်း (၃) http://dts-medicaleducation-adult.blogspot.in/2012/09/infertility-3.html
Infertility and Fallopian Tube Procedures သားအိမ်ပြွန်ကျဉ်းလို့ ကိုယ်ဝန်မရနိုင်သေးခြင်း http://dts-medicaleducation-adult.blogspot.in/2012/04/fallopian-tube-procedures-for.html
Infertility Treatments (1) ကလေးရအောင် ကုသနည်းများ (၁) http://dts-medicaleducation-adult.blogspot.in/2012/03/infertility-treatments.html
Infertility Treatments (2) ကလေးရအောင် ကုသနည်းများ (၂) http://dts-medicaleducation-adult.blogspot.in/2012/05/infertility-treatments-2.html
.....................

ကျွန်တော့မှာ ကောင်းမလေရှိတယ်။ သူ ၂ လလောက် အတူနေဘူးတယ်။ ရာသီပှံမှန်လာတယ်။ ကျွန်နော်က အလုပ်နဲ့ နယ်မှာသွားတယ်။ ၃ လောက်ကြာ ရာသီပှံမှန်လာတယ်။ ကလေးရနိင်လား။

မေးခွန်းက မရှင်းပါ။ ပုံမှန်ရာသီလာတဲ့ မိန်းကလေးက ကိုယ်ဝန်ရနိုင်တယ်။ ဒါပေမဲ့ တခြားအကြောင်း အချက်တွေကိုလဲ ထည့်တွက်ရသေးတယ်။ မျိုးဥထွက်-မထွက်၊ သားအိမ်ပြွန် ပိတ်-မပိတ်။ ယောက်ျားလေး ဘက်ကလဲ သုက်ပိုးသန်စွမ်းမှုနဲ့ အရည်အတွက်၊ နောက်ပြီး အတူနေတဲ့ရက်ကလဲ မျိုးဥနဲ့ သုက်ပိုးတွေ နိုင်တဲ့ရက်ဖြစ်ရမယ်။
.....................

သမီးက ၅ လပိုင်းမှာ Abortion ဖြစ်ထားတာပါဆရာ။ အဲဒါ 7,8 နှစ်လမှာ ရာသီကပုံမှန်လာပါတယ်။ 9 လမှာ မပေါ်ဘူး။ အခုထိမလာဘူးဆိုတော့ ၂ လရှိသွားပြီဆရာ။ ဆီးစစ်ကြည့်တော့လဲ ကိုယ်ဝန်မရှိဘူး။ မြန်မာဆေးသောက်လို့ရလား။ ဒါမှမဟုတ် OG ဆီပဲသွားရမလား။ D&C လုပ်ထားတာပါ။ အိမ်ထောင် သက်က နှစ်နှစ်ခွဲပါ။ အသက်က ၃၂ ပါ။ သားသမီး မရသေးလို့ အရမ်းလိုချင်နေတာပါ။ အမေကတော့ မြန်မာဆေးသောက်ခိုင်းနေလို့ပါ။
အသက် ၃၂ ဆိုရင် အရွယ်ကောင်းသေးတ်ာမို့ ကလေးရမှာပါ။ ကိုယ်ဝန်တခါတည်ဘူးသူဆိုရင် နောက်ထပ် ရဘို့လမ်း ပိုများတယ်။ အမျိုးသမီးရော အမျိုးသားပါ ကြီးမားတဲ့ အာနည်းချက်မရှိတာကို ပြနေတယ်။ ဝမ်းမြောက်ပါလေ။ ဘာလို့ပျက်သွာသလဲဆိုတာ မသိပါ။ အနားကနေ ဆေးကုပေးတဲ့ ဆရာဝန်တောင်မှ သိဘို့လဲ ခက်တယ်။ အခုသွေးမဆင်းသေးတာအတွက် စောင့်နိုင်ပါတယ်။ မြန်မာဆေးကို ဆရာတို့ သိပ်နားမလည်ပါ။ မညွှန်းပါ။
ဆေးစစ်ရင်တော့ အကောင်းဆုံးဖြစ်တယ်။ OG ကိုသာပြပါ။ လိုအပ်ရင် အာလ်ထွာဆောင်းရိုက်မယ်။ ထူးတာရှိလို့ သိချင်ရင် မေးပါ။ အားမနာပါနဲ့။ ကလေးရနည်းစာတွေကိုလဲ အားတဲ့အချိန်မှာဖတ်ပါ။ လိုက်နာလို့သင့်တာကို လိုက်နာပါ။ ဆိုးတဲ့အခြေအနေတွေ ဖတ်ရလို့ ငါ့မှာလဲ ဖြစ်နေမလားလို့တော့ မတွေးစေချင်ပါ။
By ယမုန်နာဆေးခန်း

အင်္ဂါဂြိုဟ်ပေါ်တွင် မီးတောင်ဟောင်းကြီးတစ်ခု သိပ္ပံ ပညာရှင်များ လေ့လာတွေ့ရှိ

လွန်ခဲ့သော နှစ်ပေါင်း ၃ ဒသမ ၅ ဘီလီယံကျော်က ပေါက်ကွဲမှု ဖြစ်ပွား ခဲ့သည်ဟု ခန့်မှန်း ရသော အင်္ဂါဂြိုဟ်ပေါ်မှ ရှေးဟောင်း မီးတောင်ကြီး တစ်ခုသည် ယခုအခါ ၎င်းဂြိုဟ်ပေါ်တွင် ပုံသဏ္ဌာန် မမှန်သော ချိုင့်ကြီးများအဖြစ် ပေါ်ထွက်လာခဲ့ကြောင်း သိပ္ပံ ပညာရှင်များက လေ့လာ တွေ့ရှိခဲ့သည်။

အဆိုပါ ချိုင့်ကြီးများသည် ဥက္ကာပျံ တစ်ခုကဲ့သို့ အရာဝတ္ထု တစ်ခု၏ ၀င်တိုက် မှုကြောင့် ဖြစ်ပေါ်လာခြင်း ဖြစ်သည်ဟု အချို့ သိပ္ပံ ပညာရှင်များက ယူဆ ခဲ့သော်လည်း "Oxus Patera" အမည်ရှိ အဆိုပါ ချိုင့်ကြီးမှာ မီးတောင်ကြီး တစ်ခု ဖြစ်နိုင်ဖွယ် ရှိကြောင်း သိပ္ပံ ပညာ ရှင်များ က ခန့်မှန်း ခဲ့ကြသည်။

၎င်းအပြင် ချိုင့်ကြီး အတွင်းရှိ ပုံသဏ္ဌာန် မမှန်သော ချိုင့်ဝှမ်းများသည် အဆင့်ဆင့် ပေါက်ကွဲ မှု ဖြစ်ပေါ်ခဲ့သည် ဆိုသော သက်သေ အထောက်အထားများကို ဖော်ပြလျက်ရှိသည်။
အဆိုပါ ချိုင့်ကြီးသည် ကီလိုမီတာ ၃၀ အချင်းရှိပြီး ၎င်းချိုင့် အတွင်းရှိ တောင်တန်းများသည် အမှုန်များဖြင့် ဖွဲ့စည်းထားကြောင်း၊ ယင်းအမှုန် များမှာလည်း မီးတောင် ပေါက်ကွဲ မှုကြောင့် ထွက်ပေါ်လာသော ပြာမှုန်များ အနည်ကျရာမှ ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ သုတေသန ပညာရှင်များက ယူဆထားသည်။

အင်္ဂါဂြိုဟ် ပေါ်ရှိ အဆိုပါ ချိုင့်ကြီးကို NASA Godderd Space Flight Center မှ သုတေသန ပညာရှင် ဂျက်ကော့ဘ်ဘလီချာနှင့် ဂြိုဟ် လေ့လာရေး ဆိုင်ရာ သိပ္ပံ တက္ကသိုလ်မှ သုတေသန ပညာရှင် ဂျိုးဆက်မိုက်ကယ်လ်စကီ တို့နှစ်ဦးက လေ့လာ ဆန်းစစ်မှုများ ပြု လုပ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
By မြ၀တီ

တညင်းသီး အဆိပ်သင့်ခြင်း (တညင်းတောက်ခြင်း) အတွက် သိကောင်းစရာ ဆေးမြီးတို



မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း ဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် တို့တွင် တညင်းသီးပင်များ အောင်မြင် ဖြစ်ထွန်း ကြပါသည်။

တညင်းသီးကို မေလဆန်းတွင် စတင် ခူးဆွတ် စားသုံးရပြီး သြဂုတ်လကုန်တွင် တညင်းသီးရာသီ ကုန်သွားပါသည်။ ရှမ်းပြည်နယ် အောင်ပန်းဒေသနှင့် ကချင်ပြည်နယ် မြစ်ကြီးနား ဒေသထွက် တညင်းသီးများမှာ အောက်တိုဘာ၊ နိုဝင်ဘာ လအထိ ရရှိကြောင်း သိရပါသည်။ တညင်းသီးကို နေရာဒေသ အသီးသီးတွင် ချက်ပြုတ်၍ နှစ်ခြိုက်စွာ စားသုံး ကြပါသည်။ တညင်းသီး အနုများကို အစိမ်းလိုက် ငါးပိရည်ဖြင့် တို့မြှုပ် စား၍သော် လည်းကောင်း၊ ဆားရေစိမ်၍ လည်းကောင်း၊ မီးဖုတ်၍ လည်းကောင်း၊ ပြုတ်ပြီး ထောင်းထု၍ ဝက်သား သုံးထပ်သားဖြင့် ဆီပြန်ချက်၍ သော် လည်းကောင်း၊ တညင်းသီး ရင့်မှည့်၍ စေးသော တညင်းသီးကို ပြုတ်ပြီး ထောင်းထုကာ အုန်းနို့ဆမ်း၍ သော် လည်း ကောင်း နည်းမျိုးစုံဖြင့် စားသောက်ကြသည်။ ထို့ပြင် တညင်းသီး အလုံးကြီးများကို ရေဖျန်း၍ တညင်းဝက်အဖြစ် အခြမ်းကြီး များ ဖြစ်လာအောင် တစ်လခန့် ထားပြီး တညင်းဝက် ခြမ်းများကို အစိမ်းလိုက် ငါးပိရည်ဖြင့် တို့မြှုပ်၍သော် လည်းကောင်း၊ ဆီနှင့်ကြော်၍ နူးအိလာမှ ငါးပိရည်ဖြင့် တို့မြှုပ်၍ သော်လည်းကောင်း စားသုံးကြသည်။

တညင်းသီးသည် စား၍ အရသာရှိသော်လည်း လွန်ကြူးအောင် စားသုံးလျှင် ကျောက်ကပ်ရောဂါ ဖြစ်ခြင်း၊ ဆီး မသွားနိုင်ခြင်း၊ သွေးတိုးခြင်း၊ ဆီးသွားလျှင် သွေးပါခြင်း၊ ခေါင်းမူး၍ မအီမသာ ဖြစ်ခြင်းတို့ကြောင့် သတိထား ဆင်ခြင်၍ စားသုံးရန် လိုအပ်ပါသည်။ ''တန်ဆေး လွန်ဘေး'' ဆိုသကဲ့သို့ စည်းကမ်းမဲ့စွာ စားသုံး ပါက အန္တရာယ် ရှိနိုင်ပါသည်။

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် လိပ်သိုမြို့နယ်ခွဲ အတွင်းရှိ ကျောင်းကုန်းကျေးရွာမှ ဒေသခံ ကရင် အမျိုးသားကြီး တစ်ဦး၏ ပြောကြားချက် အရ တညင်းသီးကို အစားများလျှင် သော်လည်းကောင်း၊ အစိမ်း စားလိုက်၊ မီးဖုတ် စားလိုက်၊ ပြုတ်စားလိုက်နှင့် တစ်နေ့တည်း အမျိုးမျိုး လုပ်စားလျှင်သော် လည်းကောင်း တညင်းသီး အဆိပ်သင့်ခြင်း သို့မဟုတ် ဒေသအခေါ် (တညင်း တောက်ခြင်း)ကြောင့် ဆီးမသွားနိုင်ခြင်း၊ ဆီးသွား သွေးပါခြင်းများ ဖြစ်ပါက ဆေးမြီးတို အဖြစ် ကြက်တောင်ပံမွေးကို မီးမြှိုက်၍ရသော ပြာဖြင့် အရက် (မည်သည့် အရက်မဆို) ရော၍ သောက်ပါက ခဏနှင့် ပျောက်ကင်းကြောင်း သိရပါသည်။

နောက် တစ်နည်းမှာ တပ်မတော် အငြိမ်းစား (ဗိုလ်မှူးအဆင့်) အရာရှိ တစ်ဦး ပြောကြားသည်မှာ ''ကျွန်တော်တို့ ကရင်ပြည်နယ်ကို စစ်ဆင်ရေး ထွက်တုန်းက ကျွန်တော့် တပည့်တွေ တညင်းသီးကို ပြုတ်လိုက်၊ မီးဖုတ်လိုက်နဲ့ စားတာ များသွားတော့ တညင်းသီး အဆိပ်သင့်ပြီး ဆီးမသွားနိုင်ဘဲ အော်နေ ရတယ်။ ဒါနဲ့ ဒေသခံ တိုင်းရင်းသား တစ်ဦးက နာနတ်သီး ထိပ်ပိုင်း အဆူးနဲ့ အရွက်ချွန်ချွန်ကို ထောင်းထုပြီး သကြား အနည်းငယ်နဲ့ ရောတိုက်လိုက်တာ တစ်နာရီလောက်နဲ့ သက်သာ ပျောက်ကင်း သွားတယ်ဗျာ'' ဟု ပြောကြားကြောင်း သိရသည်။

သို့ဖြစ်ရာ တညင်းသီး အဆိပ်သင့်ခြင်း (တညင်းတောက်ခြင်း) ဖြစ်ပါက အထက်ပါ ဆေးမြီးတိုများဖြင့် ကုသ ပျောက် vကင်း နိုင်ကြောင်း ရေးသား တင်ပြ အပ်ပါသည်။ ။

ဆောင်းပါးရှင် (တောင်ငူ- ဒေးဒေးဖိုး)

ရေခဲသေတ္တာအသုံးပြုနည်း (အစားအသောက်များကို နည်းလမ်းမှန်စွာသိမ်းကြမယ်)

၁။ ပထမဆုံးရေခဲသေတ္တာအပူချိန်ကို စစ်ပေးပါ။ 40F (5C) ထက်နည်းရပါမယ့် မဟုတ်ရင်တော့ အန္တရယ်ရှိသော အစားအသောက်ပိုးမွှားများ ပေါက်ဖွားမှုကို ဖိတ်ခေါ်သလိုဖြစ်နေပါလိမ့်မယ်။

၂။အရွက်များသိမ်းတဲ့ ပုံးမှာ အပူချိန်ပါရင်လည်း အဲဒီအပူချိန်ကိုစစ်ပေးဖို့လိုပါတယ်။ တွေ့ဖူးတဲ့ ရေခဲသေတ္တာအများစုမှာတော့ မပါကြပါဘူး။

၃။ကျန်သေးတဲ့ဟင်းများကို ပုံပါအတိုင်း ဗူးအကြည်နဲ့ထည့်ပေးပါ။ ဒါမှဘာကျန်နေသလဲဆိုတာကို မြင်ပြီး မြန်မြန်စားဖြစ်မှာဖြစ်ပါတယ်။

၎။ အသီးအရွက်များနဲ့ သစ်သီးများကို ရောပြီး တစ်နေရာထဲမှာ ရောပြီးမသိမ်းသင့်ပါဘူး။

၅။ နွားနို့အစရှိတဲ့ မြန်မြန်ပျက်လွယ်သော အစားအသောက်များကို ရေခဲသေတ္တာဘောင်မှာ မထားသင့်ပါဘူး။ ထိုနေရာများဟာ အပူချိန်အတက်၊အကျ မြန်တာကြောင့် မြန်မြန်ပျက်လွယ်စေပါတယ်

၆။ သားစိမ်းငါးစိမ်းများကို ရေခဲသေတ္တာအောက်ထပ်ထဲမှာ သိမ်းဆည်းဖို့လိုလာလျှင် အောက်ဆုံးအဆင့်မှာသာထားရပါမယ်။ မဟုတ်ရင် သားစိမ်းငါးစိမ်းများက အရည်က တခြားအစားအသောက်တွေပေါ်ကို ဖိတ်ကျနိုင်စေတာကြောင့်ပါ။

၇။ ရေခဲသေတ္တာထဲမှာ ပစ္စည်းများကို ပြည့်ကျပ်နေအောင်မထည့်သင့်ပါဘူး။ လေ လည်ပတ်မှုကောင်းစေရန်အတွက် တစ်ခုနဲ့တစ်ခုကြားနေရာနည်းနည်းချန်ထားနိုင်ရင်ပိုကောင်းပါတယ်။ ဒါဆိုရင် အစားအသောက်များလည်း ကြာကြာပိုခံပါတယ်

၈။ ဘယ်အစားအစာ၊ အသီးအရွက်ကိုမှ လှီးပြီး၊အတုံးတုံးပြီးမှ မသိမ်းသင့်ပါဘူး။ ပန်းသီးကို အလုံးလိုက်သိမ်းတာက အစိပ်စိပ်ပြီး သိမ်းတာထက် ပိုပြီးတာရှည်ခံတာက ဥပမာတစ်ခုပါပဲ။

၉။ ဈေးမသွားခင်မှာ ရေခဲသေတ္တာအနောက်နားမှာ ထည့်ထားတဲ့ အစားအသောက်များကို အရင်ရှင်းပါ။ ဒါမှမိမိဆီမှာ ဘာကျန်သေးလဲ၊ဘာထပ်ဝယ်ရမလဲဆိုတာကို သိမှာပါ

၁၀။ နောက်ဆုံး အချက်အနေနဲ့ ဘာပဲဖိတ်ဖိတ် ချက်ခြင်းသုတ်ပစ်ပြီး ရေခဲသေတ္တာကိုပုံမှန်သန့်ရှင်းရေး လုပ်ပေးပါ။

Ref : Internet, photo courtesy of Google image

အယူသီးခြင်း

သိပ္ပံ နည်းပညာတွေ ထွန်းကား နေပေမယ့်လည်း အယူသီး တာတွေက ရှိနေတုန်း ပါပဲ။ နံပတ်၁၃ကို မကောင်းတဲ့ နံပတ် လို့ မြင်တာတွေ၊ ကြယ်ကြွေရင် ဆုတောင်းတာတွေ အပြင် ဘာအယူသီး တာတွေ ရှိသေးလဲ။
သင်က နံပါတ် ၁၃နဲ့ ပတ်သက်ပြီး အယူသည်းသူ တစ်ယောက်လား။ ကမ္ဘာပေါ်မှာ အယူသည်း မှုတွေ ဘယ်လောက် ရှိလည်း။ ဘာတွေကို အယူသည်း နေကြလဲ။ သင့်ကြံမ္မာက သစ်ရွက် ဒါမှမဟုတ် ထီးဖွင့်တဲ့ နေရာပေါ်မှာ မူတည် နေတယ်လို့ ကြားဖူး ပါသလား။ အောက်မှာ ဖော်ပြ ထားတဲ့ ၁၀ချက်ကို ဖတ်ကြည့်ပါ။

၁။ Itchy palms (လက်ဖ၀ါးယားယံခြင်း)
အယူသည်း ခြင်းဆိုတာ ထင်မြင် ယူဆချက် အပြောင်း အလဲ အမျိုးမျိုး ရှိနိုင် ပါတယ်။ လက်ယားခြင်းနဲ့ ပတ်သက်တဲ့ ယူဆချက် ကတော့ သင့်လက်ဖ၀ါး ယားယံ တာက သင်အလွန် အမင်း ငွေလိုအပ် နေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တချို့လူ တွေရဲ့ ယူဆချက်က သင့်ညာ လက်ဖ၀ါး ယားယံတယ် ဆိုရင် ဒါကသင် ငွေထွက်ကိန်း ရှိတယ်။ သင့်ဘယ်ဘက် လက်ယားတယ် ဆိုရင်တော့ ငွေဝင်ကိန်း ရှိတယ်လို့ ယူဆ ကြပါတယ်။ သင့်လက်ဖ၀ါး နှစ်ဖက်လုံး ယားတယ် ဆိုရင်တော့ သင်ဆရာဝန် ပြဖို့ လိုနေပါပြီ။

၂။ Four-Leaf Clover (လေးပွင့်ဆိုင် သစ်ရွက်)
Clover အရွက်တွေ က အများအားဖြင့်တော့ သုံးရွက်ပဲ ရှိပါတယ်။ လေးပွင့်ဆိုင် အရွက် တွေက ကံကောင်း စေတယ်၊ ကံကောင်းမှု တွေကို သယ်လာ ပေးတယ်လို့ ယူဆ ခဲ့တာ ဟိုးရှေး ပဝေသဏီ ထဲကပါ။ ဒီအရွက် တွေကို ရိုးရာနည်း အနေနဲ့ ဖူးစာဖက် ရှာရာမှာ အသုံးပြု ပါတယ်။ သင်က လူလွတ် တစ်ဦး ဖြစ်နေ သေးတယ် ဆိုရင် ဒီနည်းက ကြင်ဖက် ရှာဖို့ အထောက်အကူ ဖြစ်မှာပါ။ ပထမဆုံး လေးပွင့်ဆိုင် သစ်ရွက်လေး ကိုရှာပါ။ ပြီးရင် အဲဒီသစ်ရွက် ကိုစားပါ။ မစားချင်ရင် သစ်ရွက်ကို သင့်ဖိနပ် ကြားထဲ ထည့်ပါတဲ့။ စားတာက ပိုပြီးအကျိုး သက်ရောက်မှု ရှိစေတယ်တဲ့။ နောက်ပြီး ရင်တော့ သင့်ကြင်ဖက်ကို ရှာဖွေနိုင်မယ့် ကံကြမ္မာက သင့်ဆီကို ဆိုက်ရောက် လာမှာပါတဲ့။ သင့်ရှေ့မှာ ပထမ ဆုံး ပေါ်ထွက် လာတဲ့သူက သင့်ကြင်ဖက် ဖြစ်နိုင် ပါတယ်တဲ့။ တစ်ခုတော့ သတိပေး ချင်တာက သင်လုံးဝမကြိုက် မနှစ်သက်တဲ့ သူရှေ့ကို တော့မသွား မိအောင် ရှောင်ပါတဲ့။

၃။ God Bless You (ဘုရားသခင်က သင့်ကို ကောင်းချီး ပေးမှာပါ။)
ဒီစကားလေး God Bless You ကိုတစ်စုံတစ်ယောက်က နှာချေ လိုက်တဲ့အခါ ပြောတတ် ကြပါတယ်။ ဒီစကား စတင် ပေါ်ပေါက် လာတာ ကတော့ ပုပ်ရဟန်း မင်းကြီး Pope Gregory ကလို့ ဆိုပါတယ်။ နှာချေလိုက်တဲ့ အခါ လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်က ခန္ဓာကိုယ် ထဲကနေ ခဏတာ လွတ်သွားပြီး နှလုံးခုန် တာလည်း ရပ်တန့် သွားတယ်လို့ ယုံကြည် ကြပါတယ်။ အဲ့ဒီအခါ ကိုယ်ထဲကို စိတ်ဝိညာဉ် ပြန်ဝင်ရောက် လာတာကို ကြိုဆိုတဲ့ သဘောနဲ့ God Bless You လို့ပြောတတ် ကြပါတယ်။

၎။ Breaking Mirror (မှန်ကွဲခြင်း)
မှန်တွေက ၀ိညာဉ်တွေကို စုပ်ယူ သိမ်းဆည်း ထားနိုင်တဲ့ လျို့ဝှက် ဆန်းကြယ် အရာတစ်ခုလို့ ယုံကြည် ကြပါတယ်။ ဒီလို မှော်ဆန်တဲ့ မှန်တွေ ကွဲတဲ့အခါ ဘာကံဆိုး မိုးမှောင် ကျတာတွေ ဖြစ်တတ် ပါသလဲ။ ခုနှစ်နှစ်ကြာ ကံမကောင်း တာတွေ ဖြစ်တတ် တယ်လို့ ပြောတတ် ကြပါတယ်။ တစ်ခါ တစ်လေမှာ ဒီမှန် ထောင်ခြောက် ထဲမိနေတဲ့ ၀ိညာဉ် တွေက သင့်ကံကြမ္မာကို ပြောင်းလဲ ပစ်တယ်လို့ ပြောကြပါတယ်။ အမှန်တော့ မဟုတ်ပါဘူး။ အဲဒီ မကောင်းဆိုးဝါး တွေက မှန်ထဲမှာပဲ ဆက်ရှိ နေမှာပါ။ မှန်ကွဲ သွားတယ် ဆိုရင် တောင်ပေါ့။

၅။ သစ်သားကို ခေါက်ခြင်း
သစ်သားကို ခေါက်တယ် ဆိုတာ တကယ် တမ်းတော့ မျှော်လင့်ချက် ရှိနေချိန် ဒါမှမဟုတ် စိတ်လှုပ်ရှား နေချိန်မှာသာ ခေါက်တာပါ။ တကယ်တမ်း ဇစ်မြစ်ကို လိုက်မယ် ဆိုရင် သင်ခုံခေါက် တယ်ဆိုတာ သင့်ဆီကို ကံကြမ္မာ ကောင်းတွေ မြန်မြန် ရောက်လာ အောင် လုပ်နေ တယ်လို့ ၀န်ခံခြင်း တစ်မျိုးပါပဲ။ ရှေးလူကြီး တွေကတော့ သစ်ပင် ထဲမှာ နတ်ကောင်းတွေ နေထိုင် ပါသတဲ့။ ခုံကို ခေါက်လိုက် ခြင်းက သင့်ဆီကို အဲဒီ နတ်ကောင်းတွေ လာရောက် စောင့်ရှောက် အောင် ပြုလုပ်ခြင်း ဖြစ်တယ်လို့ ရှေးအယူ တွေက ပြောပါတယ်။ ဒါဆိုရင် ငါတို့ တွေက သစ်ပင်တွေ ထက်တန်ခိုး ပိုကြီးနေ ရပါသလား။

၆။ ကံကောင်း စေတဲ့ ယုန်ခြေထောက်
ကံကောင်း စေဖို့အလွန် ကောင်းမွန်တဲ့ အဆောင် ကတော့ ယုန်ခြေထောက် ပါတဲ့။ ဒါကလည်း ရှေးရှေး တုန်းက အယူ တစ်ခုပါပဲ။ ဒီအယူ အဆ ကတော့ 7th century BC ကတည်းက စတင်ခဲ့ တာပါ။ ဒီလိုကံကောင်း စေတဲ့ ယုန်ခြေထောက်က ဘယ်လို ယုန်မျိုးရဲ့ ခြေထောက် လည်းဆိုတော့ င်္သချိုင်းကုန်းမှာ လပြည့်ညမှာ ပစ်ပြီး ယူလာတဲ့ ယုန်ရဲ့ ခြေထောက် ပါတဲ့။ ကဲအဲဒီယုန် ဘယ်လောက် ကံကောင်း နိုင်မလဲ ကျွန်တော်တော့ သိချင် မိတာပဲ။

၇။ တံမြက်စည်း အသစ်၊ အိမ်အသစ်၊ ကြမ္မာဆိုး
တံမြတ်စည်းနဲ့ ပတ်သက်ပြီး တော့လည်း ရှေးအယူ သည်းမှုတွေ အများကြီး ရှိပါသေးတယ်။ ဒါက သင့်ကို တံမြတ်စည်းနဲ့ ပတ်သက်ပြီး ထူးဆန်းတဲ့ အရာကို သတိ ပေးခြင်းနဲ့ ရှေးရိုးစဉ်လာ အယူ သည်းခြင်းပါ။ အစဉ်အလာ စကားအရ ဆိုရင် တံမြက်စည်း အသစ်ကို ဘာမှ မလှည်းရ သေးပဲနဲ့ သင့်ရဲ့ အိမ်အသစ် ဒါမှမဟုတ် တိုက်အသစ်မှာ မလှည်း ရပါဘူးတဲ့။ တခြားအရာကို မလှည်း ရသေးပဲနဲ့ သင့်အိမ် အသစ် ကို တံမြက်စည်း အသစ်နဲ့ လှည်းကျင်း မယ်ဆိုရင် သင့်ရဲ့ ကောင်းတဲ့ ကံကြမ္မာ တွေကို လှဲထုတ် လိုက်သလို ဖြစ်သွား ပါတယ်လို့ ရှေးအယူ စကားတွေက ဆိုပါတယ်။ သင့်ရဲ့ ကောင်းတဲ့ ကံကြမ္မာကို လှဲမထုတ် မိစေနဲ့နော်။ ရှေးရိုးလည်း မပယ်နဲ့။ ဈေးသုံးလည်း မလွယ်နဲ့။

၈။ ထီးကို အိမ်ထဲမှာ ဖွင့်မယ် ဆိုရင်
ရှေးတုန်းက အယူအဆ အရ အကယ်၍ သင်က ထီးကို အိမ်ထဲမှာ ဖွင့်မယ်ဆိုရင် မကောင်းတဲ့ ကြမ္မာ ဆိုးတွေ သင့်အပေါ် ကျရောက် လာနိုင် ပါတယ်တဲ့။ ဒါက ဘာကြောင့်လည်း ဆိုတော့ ထီးဆိုတာ နေရောင် ခြည်ကို ကာကွယ်ဖို့ အသုံးပြု တာဖြစ်လို့ အကယ်၍ သင်က ထီးကို အိမ်ထဲမှာ ဖွင့်တယ် ဆိုရင် နေနတ်သားကို အပြစ် ပြုလိုက် သလိုပါပဲ။ ဒါကြောင့် နေနတ်သားက သင့်ကို ကျိန်စာ အနေနဲ့ မကောင်းတဲ့ ကံကြ မ္မာ ဖြစ်စေပါ သတဲ့။ နောက်ထပ် သီအိုရီ တစ်ခု ကတော့ ထီးဆိုတာ ဘ၀ရဲ့ မုန်တိုင်း တွေကို ကာကွယ် ပေးတဲ့အရာ ဖြစ်ပါတယ်။ အဲဒီအရာကို သင်က အိမ်ထဲမှာ ဖွင့်တယ် ဆိုရင်သင့်ကို စောင့်ရှောက်တဲ့ နတ်တွေကို မစောင့်ရှောက် နဲ့တော့လို့ ရည်ညွှန်းတာ ဖြစ်သွား သတဲ့။

၉။ သင်က ကြယ်ကြွေချိန်မှာ ဆုတောင်း တတ်သူ တစ်ဦးဆိုရင်
ဒီလို ကြယ်ကြွေချိန်မှာ ဆုတောင်း တာကလည်း ဟိုးရှေးရှေး ကတည်းကပါ။ ဘယ်တုန်း ကတည်း ကလည်း ဆိုတာ ပြောဖို့ ခက်ခဲ ပါတယ်။ ဥရောပ မှာတော့ ကြယ်ကြွေ တာကို ဒီလို ယုံကြည် ကြတယ်ဗျ။ ဘုရား သခင်က တခါတရံမှာ ကောင်းကင်ကို လှည့်လိုက်ပြီး ကြယ်တွေကို ရွှေ့တဲ့ အချိန်မှာ ကြယ်တွေက လက်ကနေ လွတ်ကျ လာတာလို့ ယုံကြည် ကြပါတယ်။ ဂရိတွေ ကတော့ လူတွေရဲ့စိတ်နှလုံး ကနေ တောင်း ဆုပြုဖို့ ကြယ်တွေ ကြွေတာပါတဲ့။ ဒီလို ကြယ်ကြွေတဲ့ အခိုက် အတန့်မှာ ဆုတောင်းတာက ကံကောင်း စေပါ တယ်တဲ့။

၁၀။ ကံဆိုး စေသော နံပါတ် ၁၃
သောကြာနေ့ ၁၃ရက်နဲ့ ပတ်သက်ပြီးတော့ စိတ်ရှုပ်စရာ ဖြစ်ဖူးသလား။ ဒါက ရှေးခေတ် ကတည်းက ရှိခဲ့တဲ့ အယူအဆ တစ်ခုပါ။ ဒါပေမယ့် သဘာဝ တရား အနေနဲ့ ဆိုရင် ၁၃နံပါတ်က နံပါတ် တစ်ခုပါပဲ။ ၁၃နံပါတ်က ကံဆိုးစေတဲ့ အယူဆိုတာ ရှေးခေတ်ရဲ့ လက်တွေ့ မကျတဲ့ အယူ သည်းမှု တစ်ခုပါ။ ဒါက ဘာကြောင့်လည်း ဆိုတော့ အရင် တုန်းက ဗိသုကာ ပညာရှင်တွေ၊ ဆောက်လုပ် ရေးခွင်က လူတွေက လှေကား ၁၃ထစ်တို့၊ အဆောက်အဦး ၁၃ထပ်တို့နှင့် ပတ်သက်ပြီး ငြင်းဆန် ခဲ့လို့ပါ။ ၁၃နံပါတ်ကို မကြိုက်တဲ့ လူတွေ အများကြီး ရှိပါတယ်။ အဲဒီလို လူတွေကို အကြောက် ရောဂါ တစ်မျိုးကြောင့် လို့တောင် ပြောပါတယ်။ အဲဒီရောဂါကို Triskaidekaphobia လို့ခေါ်ပါတယ်။ မြန်မာ လိုဆို ၁၃ ကြောက် ရောဂါ ပေါ့ဗျာ။

ကဲအထက်မှာ ဖော်ပြခဲ့ တာတွေက တစ်ကမ္ဘာလုံးမှာ လူတွေ အယူအသီး တတ်ကြဆုံး ဖြစ်ရပ်တွေပါ။ တခြားဟာ တွေလည်း ရှိသေးတယ် ဆိုတော့ အလျဉ်းသင့် သလို ထပ်ဖော်ပြ ပေးဦးပါမယ်။

Source and Images from List25
Copy and share from MYMC

ပိန်ချင်သူများ အတွက် ဘေးကင်တဲ့ အဆီချနည်း

- ဒီနည်းကတော့ ရိုးရိုးရှင်းရှင်း လေးပါ။

စွန်တန်ဟင်းရည် လုပ်တဲ့ အခါမှာ သုံးတဲ့ ချည်စော်ကားသီး အခြောက်ကို ရေနွေးနဲ့ စိမ်ပြီး မနက်တိုင်း သောက်သုံး ပေးရမှာပါ။ အရမ်း ချဉ်လွန်းရင်တော့ သကြားထည့်ပြီး သုံးဆောင်နိုင်ပါတယ်။ မြန်မြန် ကျချင်ရင်တော့ တစ်နေ့ကို (၃)ခွက် သောက်နိုင်တယ်။ အစား ရှောင်စရာ မလိုပါဘူး။

ဟင်းရည်တောင် လုပ်တဲ့ အရာဆိုတော့ ဘေးထွက် ဆိုးကျိုး လုံးဝမရှိပါဘူး။ တစ်လ အတွင်း(၁၅)ပေါင် ကျသွား နိုင်ပါတယ်။

ဆံပင်လှလှလေး ချည်ကြမယ်


ငါးဖီးမ(မာလာငါး)ရခိုင်ချက်

--ငါးဖီးမ(မာလာငါး)ကိုအကြေးထိုးဆေးကြောသန့်စင်ပြီး
၂ပိုင်းပိုင်းပါ။ဆား၊ငံပြာရည်၊နနွင်းမှုန့်ထည့်နယ်ထားပါ။
---ငရုတ်သီးစိမ်း၊ကြက်သွန်ဖြူ+နီ၊ဂျင်း တို့ကိုရောထောင်းထားပါ။
---ဆီစတီးဇွန်းတစ်ဇွန်းခန့်ကိုအိုးထဲထည့်ပြီးဆီပူလာရင်
ရောထောင်းထားတာတွေကို ဆီသတ်ပါ။
ငရုတ်စိမ်းနံ့ပျောက်ရင် နယ်ထားတဲ့ငါးတွေကိုထည့်ပါ။
ခနကြာရင်ရေထည့်ပါ။အဖုံးအုပ်တည်ပါ။
ရေဆူလို့ငါးကျက်ရင်မျှင်ငပိနည်းနည်းထည့်ပါ။
---အရသာအပေါ့အငံမြည်းပြီးနံနံပင်၊ပင်စိမ်း၊
ရှမ်းနံနံ နှစ်သက်ရာများများအုပ်ပြီးချလိုက်ပါ။
---အရည်များများ အနံ့မွှေးမွှေးနဲ့
ရခိုင်ဟင်းစပ်စပ်ကလေးကထမင်းမြိန်စေပါတယ်။

ချောကလက် စတော်ဘယ်ရီ


ဝန်ကြီးတကယ်ပြောတာလား????

နိုင်ငံတော်သမ္မတရဲ့ ပြည်ထောင်စု ၀န်ကြီးဦးအောင်မင်း၏ ““ငြိမ်းချမ်းရေးကို လိုချင်လွန်းလို့ အိမ်ရောင်း၊ ကားရောင်း ပြီးလုပ်နေတာပါ””ဟု ပြောစကားကိုဖတ်ရ တော့ အပျိုကြီးတကယ်လုပ်မှာလား သီချင်းကိုသွားအမှတ်ရမိလိုက်တယ်။

ဝန်ကြီးကဒီစကားကို အပြည်ပြည် ဆိုင်ရာငြိမ်းချမ်းရေးနေ့မှာပြောလိုက်တာ။ တကယ့်နေ့ထူးနေ့မြတ်မှာ စကားထူး၊ စကားမြတ် မင်္ဂလာစကားပါပဲ။ သို့သော်၊ သို့သော်၊ သို့သော် ၀န်ကြီးကသူ့ဆီမှာ ကြိုက်တဲ့ပိုက်ဆံစစ်ပါ။ ငြိမ်းချမ်းရေးကို လိုချင်လွန်းလို့ အိမ်ရောင်း၊ ကားရောင်း ပြီး အိတ်စိုက်ငွေကုန်ခံလုပ်နေပါတယ်တဲ့။ ပြီးတော့ ဘယ်အိမ်တွေရောင်းလဲဆိုတာ သိချင်ရင် လိပ်စာပေးမယ်၊ သွားကြည့် ကြပါတဲ့။
ဝန်ကြီးကိုတော့အားနာပါတယ်။ မေးစရာလေးတော့မေးခွင့်ပြုပါ။ ဘယ်အချိန် ဘယ်အခါက ဘယ်ကဲ့သို့ ရထားသောငွေနဲ့ ၀ယ်ထား၊ ဆောက် ထားတဲ့ကားတွေ၊ အိမ်တွေလည်းဆိုတာ ပြည်သူသိအောင် မီဒီယာကတစ်ဆင့်ဖော် ပြပေးနိုင်ရင် သွားကြည့်တာထက်အများ ပိုသိနိုင်တာပေါ့။ ငြိမ်းချမ်းရေးလုပ်ဖို့ ကားဘယ်နှစ်စီး၊ အိမ်ဘယ်နှစ်လုံးရောင်း လိုက်ရတယ်ဆိုတာပါ ထုတ်ပြောရင်ပို ကောင်းမယ်။ ဒါမှဝန်ကြီးရဲ့ နိုင်ငံတော် ပေါ်ထားတဲ့ စေတနာ၊ ငြိမ်းချမ်းရေးကို မြတ်မြတ်နိုးနိုးလိုချင်တဲ့ အာသီသတွေပို ပေါ်လွင်တော့မပေါ့။

ဝန်ကြီးအခု နိုင်ငံတော်သမ္မတ တာဝန်ပေးကတည်းက ငြိမ်းချမ်းရေး အတွက်ဆောင်ရွက်နေတာတွေ၊ သတင်း စာထဲ၊ ဂျာနယ်ထဲတွေမှာ ခဏခဏတွေ့ ရပါတယ်။ ၀န်ကြီးစေတနာထားလုပ် ဆောင်နေတာတွေ အသိအမှတ်ပြုပါ တယ်။ လေးစားပါတယ်။ ၀မ်းမြောက်ပါ တယ်။

ဒါပေမဲ့ဝန်ကြီးရယ်။ ၀န်ကြီးတစ် ယောက်တည်း အိတ်စိုက်လုပ်နေတာ တော့ မဖြစ်နိုင်ပါဘူး။ ဒီလောက်ဝေးလံ ခေါင်ဖျားဒေသ၊ နယ်ခြားမြေခြားဒေသ၊ ဟိုတယ်ကြီးတွေ၊ ကြီးကျယ်ခမ်းနားတဲ့ နေရာကြီးတွေမှာ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းနေကြတာ။ ၀န်ကြီးတစ်ဦးတည်းပိုင် ပိုက်ဆံနဲ့တော့မဟုတ်တန်ပါဘူး။ နိုင်ငံတော်ကပံ့ပိုးသလို သက်ဆိုင်ရာတိုင်း ရင်းသား နယ်မြေဒေသခံလုပ်ငန်းရှင်များ နဲ့ အဖွဲ့အစည်းများကလည်း တာဝန် ကျေစွာပံ့ပိုးပေးကြမှာပါပဲလို့မမေးဘဲသိ နေပါတယ်။

ဒေါက်တာအောင်တင်ဦးရေးသားသော ဆောင်းပါးကောက်နူတ်ချက်


Hot News Journal

Terry Richardson ရဲ့ဓါတ်ပုံ ရိုက်ကွင်းအတွင်း မှတွေ့ရှိခဲ့ရတဲ့ Miley Cyrus

Miley Cyrus ရဲ့ Photoshoot ကနေ ဒီနေ့ ပုံအသစ်တွေ အများကြီး ထွက်လာ ပါတယ်။
နည်းနည်းလေး သတိထားပြီး ဖွင်ကြည့်ကျပါ.........ဘေးမှာ ဖေဖေတို့မေမေတို့ရှိရင် ရိုက်ခံနိုင်ရကိန်း မြင်ရောင်နေရလို့ပါ။စေတနာနဲ့ပါဂျာ....
ဘယ်လို့တွေ ရိုက်မှန်းကိုမသိတာပါဗျာ။
လွန်ပါတယ်ဗျာ။ဆက်ကြည့်ကျတာပေါ့
လွယ်ပါဝူး
ဟူး
ကဲ....နောက်ဆုံးပဲ
Photo cred – Terry Richardson
Internet

ဒီပုံလေးလဲ လှတယ်နော်..


လက်သည်းနီလှလှဆိုးကျမယ်



သံတွဲကိစ္စ မလေးရှားမှာ ရိုက်ခတ်

သံတွဲမှာ လတ်တလောဖြစ်ပွားနေတဲ့ အကြမ်းဖက် သတ်ဖြတ်၊ တိုက်ခိုက်မီးရှို့မှုတွေကြောင့် မလေးရှားမှာ လည်း ရိုက်ခတ်လာပြန်ပြီ။

မနေ့က သောကြာနေ့ မွတ်စလင် ဘာသာရေး ၀တ်ပြုပွဲအပြီးမှာ ကွာလာလမ်ပူမြို့မှာ မြန်မာနိုင်ငံက မွတ်စလင်တွေ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ် ခံနေရတာတွေ ရပ်တန့်ရေး၊ ကန့်ကွက်ဆန္ဒပြကြတာလို့ ယနေ့ ထုတ် ဆော်ဒီဂေဇက် သတင်း တပုဒ်က ဆိုပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ယမန်နှစ်ကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ ဆိုးကျိုးအနေနဲ့ လွန်ခဲ့တဲ့ လအနည်း ငယ်ကလည်း မလေးရှားမှာ အလုပ်လုပ်နေထိုင်ကြတဲ့ မြန်မာတချို့ ရက်ရက်စက်စက် သတ်ဖြတ်ခံခဲ့ကြပါတယ်။

ရခိုင်ပြည်နယ်က စလိုက်တဲ့ လူမျိုးရေး၊ ဘာသာရေး အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ပြုပြင်ပြောင်း လဲရေးကိုလည်း ထိခိုက်ပြီး ဒေသတွင်းသာမက ပြည်ပ နိုင်ငံတွေထိပါ သက်ရောက်စေတယ်လို့ လွန်ခဲ့တဲ့ ရက်ပိုင်းက ဘရပ်ဆဲလ် အခြေ စိုက် ကမ္ဘာတလွှား ပဋိပက္ခများ လေ့လာစောင့်ကြည့်ရေး လုပ်ဆောင်နေတဲ့ (ICG) အဖွဲ့က အစီရင်ခံစာ ထုတ် ပြန်ခဲ့ပါတယ်။

အခုလည်း မလေးရှားမှာ မြန်မာပြည်က မွတ်စလင်တွေအပေါ် အကြမ်းဖက်တိုက်ခိုက်ခံရတာကို မကျေနပ် လို့ ကန့်ကွက်ဆန္ဒပြမှုတွေနဲ့ တဆက်တည်း မလေးရှားရောက်မြန်မာတွေအတွက် စိုးရိမ်စရာဖြစ်လာရ
ပြန်ပြီ လို့ မလေးရှားရောက် မြန်မာတချို့က ပြောကြပါတယ်။

The Irrawaddy

Friday, October 4, 2013

မန်းကားလောက၏အကြီးမားဆုံးလိမ်လည်မှုအဖြစ် ကျပ်သိန်းလေးသောင်းကျော်အလိမ်ခံရမှု ၀ယ်ရောင်းသမား သုံးဆယ်ခန့် ယနေ့ စာနယ်ဇင်းရှင်းပြီ

မန္တလေး၊ အောက်တိုဘာ ၅
မန္တလေးကားလောကတွင် အကြီးမားဆုံးလိမ်လည်မှုအဖြစ် ငွေကျပ် သိန်းလေးသောင်းကျော်အလိမ်ခံရမှုကားဝယ်ရောင်းသမား သုံးဆယ်ခန့် ယနေ့ နေ့လည်က
သတင်းစာရှင်းလင်းပွဲတစ်ရပ်ပြုလုပ်ခဲ့သည်။
သြဂုတ် ၁ရက်နေ့တွင် လင်းကမ္ဘာကုမ္မဏီနှင့် ထူးပီတိ ကုမ္မဏီမှ ပြုလုပ်သည့် ကားအရောင်းပြပွဲတွင် ကားဝယ်ရောင်းအများစု ရန်ကုန်ဈေးနှင့် ဈေးကွာခြားကာ ၁၀သိန်းမှ သိန်း ၅၀ခန့်အထိ တခြားကုမ္မဏီများနှင့် ဈေးကွာခြားကာ သက်သာသောကြောင့် ၀ယ်ရောင်းသမားအများစု ၀ယ်ယူခဲ့ကြသည်။
ကားဝယ်ယူရာ စာချုပ်ချုပ်ဆိုရာတွင် ထူးပီတိနှင့် စာချုပ်ချုပ်ပြီး ကားအား လင်းကမ္ဘာကုမ္မဏီတွင် သွား ရောက်ထုတ်ယူရကြောင်း ကားအား ၀ယ်ယူပြီး သုံးပတ်အတွင်း လိုင်စင်၊ Ownner Book အပြီးစီးလုပ်ပေးမည် ဖြစ်ပြီး သုံးပတ်အတွင်း ယာယီလိုင်စင်ဖြင့် စီးနင်းရမည်ဖြစ်ကာ ငွေအား အပြီးစီးပေးချေရကြောင်း အဆိုပါရှင်း လင်းပွဲတွင် ကားဝယ်ရောင်းသမား များက ပြောသည်။
ယခု နှစ်လခန့်ကြာသည်အထိ လိုင်စင်ရရှိခြင်းမရှိသေးသောကြောင့် အဆိုပါကားကုမ္မဏီနှစ်ခုအား ဆက်သွယ်သောအခါ ထူးပီတိ ပိုင်ရှင် ကိုကျော်နိုင်စိုး ဆိုသူမှာ တိမ်းရှောင်နေပြီး
လင်းကမ္ဘာကုမ္မဏီပိုင်ရှင်ဟု ဆိုသူ ဦးအောင်ရဲလင်းအား ဆက်သွယ်သောအခါ ၄င်းနှင့် ဦးကျော်နိုင်စိုးမှာ ယခုကိစ္စနှင့် ပတ်သက်ပြီး သက်ဆိုင်ခြင်းမရှိကြောင်း ယခုကားကိစ္စတွင် ၄င်းလက်မှတ်ထိုး၍ ချုပ်ဆိုထားသော ကား ၃၅စီးကိုသာ ဖြေရှင်းပေး သွားမည်ဖြစ်ကြောင်း ကားဝယ်ရောင်းသမားတစ်ဦးက ဆိုသည်။
ယခုကားစလစ်၊ ယာဉ်စစ်၊ နံပါတ်ရပြီး ယာဉ်လိုင်စင်မရသေးသည့် ကား ၉၃စီး၊ ယခုကားစလစ်၊ ယာဉ်စစ်၊ နံပါတ်၊ ယာဉ်လိုင်စင် မည်သည်မျှမရသေးဘဲ ကားချည်း သက်သက်သာရထားသည့် ကားအစီးရေ ၁၅၀ရှိကြောင်း ကားဝယ်ရောင်းသမားများက ဆိုသည်။ ကားသွားထုတ်တော့ သော့ကိုင်ကတစ်ယောက်၊ တံခါးဖွင့်ပေးသူကတစ်ယောက်၊ စာချုပ်ချုပ်တော့ လည်း ၀န်ထမ်းတွေနဲ့ပဲချုပ်ရတယ်။ အဲ့ကတည်းက တော့ နည်းနည်းရိပ်မိတယ်။ အခု ဘယ်သူ့ကို အဖေခေါ် ရမှန်းမသိဘူး။ အခုလိုင်စင်ပြန်လျှောက်မယ်ဆိုလည်း ကားဖိုးလောက်ထပ်ကျနေတော့ အဆင်မပြေပြန်ဘူး။ အမှုဖွင့်ရင်လည်း သက်သေခံအဖြစ်ကားကို သိမ်းထားမှာလည်းစိုးရသေးတယ်။ အခု အလိမ်ခံရသူအားလုံး တိုင်ပင်ပြီးတစ်ခုခုတော့လုပ်မယ်။ နည်းနည်းတော့ စောင့်ကြည့်ဦးမယ်ဟု ကျပ်သိန်း ၈၀၀ကျော်တန်ဖိုးဖြင့် ကား ငါးစီးဝယ်ထားသူ တစ်ဦးက ပြောသည်။ ယခုကိစ္စတွင် လင်းကမ္ဘာကုမ္မဏီပိုင်ရှင် ကိုအောင်ရဲလင်းနှင့် ထူးပီတိပိုင်ရှင် ကိုကျော်နိုင်စိုး ပတ်သက်မှု မရှိဟု ကိုအောင်ရဲလင်းက ပြောကြားသော်လည်း ၄င်းတို့မှာ လွန်ခဲ့သည့် ၁၅နှစ်ခန့်မှ လုပ်ငန်းများအတူတွဲလုပ် ကြကြောင်း ယခုကားလုပ်ငန်းမှမဟုတ်ဘဲ တခြားလုပ်ငန်းများလည်း တွဲဖက်လုပ်ငန်းများလည်း လုပ်ကိုင်ကြောင်း ထူးပီတိပိုင်ရှင် ကိုကျော်နိုင်စိုးနှင့် နှစ်သုံးဆယ်ခန့် တပည့်အဖြစ်လုပ်ကိုင်ခဲ့သော ကိုစိုးမင်းက Popular News Journal သို့ ပြောသည်။ ကိုကျော်နိုင်စိုးဝယ်တဲ့အချိန်က စလစ်ဈေးတွေက ၉၀ကျော်ပဲရှိသေးတာ။ နောက်ပိုင်း စလစ်ဈေးတွေက တစ်ဖြေးဖြေးတက်လာတယ်။ အဲ့တော့ သူဘက်က အရှုံးပြလာတယ်။ အဲ့ဒါကြောင့် ဒီလိုလုပ်လိုက်တာဖြစ်နိုင် တယ် ဟု ကိုစိုးမင်းက ပြောသည်။ဖိုးလပြည့်

Popular Myanmar News Journal

ထမင်းရည်က မိန်းကလေးတွေရဲ့ အလှအပ လျှိုဝှက်ချက်လား

ထမင်းချက်တဲ့အခါ ထမင်းပေါင်းအိုး တွေနဲ့သာ ချက်ကြတော့တဲ့ အခုခေတ်မှာ ထမင်းရည် လို့မေးလိုက်ရင် တော်တော်ရှာရမယ် ထင်ပါတယ်။ ထမင်းရည် ဟာဆန်ကို ချက်တဲ့အခါ ရေနည်းနည်း ပိုထည့်လို့ ထမင်းကျက်ပြီး တဲ့နောက် ထမင်းပေါ်မှာ ကျန်နေတဲ့ အရည်ကြည်လေးကို ခေါ်တာပါ။ ဒီလို ထမင်းရည် ရှားနေတဲ့အချိန်မှာ ထမင်းရည်က မိန်းကလေးတွေရဲ့ အလှအပကို အတော်လေး ကူညီနိုင်တယ်ဆိုတဲ့ အကျိုးကျေးဇူးလေးတွေ တွေ့လာတာကြောင့် အသုံးဝင်ပုံကို တင်ပြလိုက်ရပါတယ်။

၁။ ကြည်လင်သန့်စင်သော မျက်နှာရရှိအောင်
မိန်းကလေးများ မျက်နှာကို သန့်စင် ပြီးတဲ့အခါ အအေးခံထားတဲ့ ထမင်းရည်ကို ဂွမ်းစအနည်းငယ်နဲ့တို့ပြီး မျက်နှာ ပြင်အနှံ့ပွတ်ပေးရင် ထမင်းရည်က Toner အဖြစ်ဆောင်ရွက်ပေးပြီး မျက်နှာကို တင်းရင်းနေစေမှာပါ။ Inositol လို့ခေါ်တဲ့ ဗီတာမင်ဘီ ဓာတ်တစ်မျိုး ကြွယ်ဝတာကြောင့် အိုမင်းရင့်ရော်မှု ဖြစ်စဉ်ကို နှေးစေကာ သွေးလည်ပတ်မှု ကိုလည်း ကောင်းစေပါတယ်။ မျက်နှာ ပေါ်မှာရှိတဲ့ ချွေးပေါက်တွေကို ကျဉ်းစေ ပြီး မျက်နှာကို ဝင်းပအောင်ပြုလုပ်ပေး နိုင်ပါတယ်။ ဒါ့အပြင် ရေဓာတ်ကိုထိန်း သိမ်းပေးနိုင်တဲ့ဓာတ်၊ အင်တီအောက်ဆီ ဒင့်ဓာတ်၊ ခရမ်းလွန်ရောင်ခြည်ကို စုပ်ယူ နိုင်တဲ့ဓာတ်တွေဟာ သဘာဝအရ ကြေး နီဓာတ်ကို စုပ်ယူပေးပြီး မျက်နှာပြင်မှာ မယ်လနင်တွေ စုပုံနေတာနဲ့ အသက်ကြီး လို့ဖြစ်ပေါ်တတ်တဲ့ အနီကွက်တွေမှ ကာကွယ်ပေးပါတယ်။

၂။ ဆံပင်သားအတွက်
ခေါင်းလျှော်ပြီးတဲ့အခါ အေးနေတဲ့ ထမင်းရည် အနည်းငယ်ကို ဆံသားမှာ လိမ်းပေးပြီး မိနစ်အနည်းငယ်ထားပါ။ နည်းနည်းကြာရင် ရေဆေးချလို့ ရပါ တယ်။ထမင်းရည်မှာပါဝင်တဲ့ ပရိုတင်း ဓာတ်က ဆံသားကို ဖြောင့်စင်းစေတဲ့ အပြင် ဆံလုံးကွဲအက်နေတာတွေကိုပါ ပြန်ပြည့်စေပါတယ်။ ရလဒ်ကတော့ ဆံသားဟာ ချောမွတ်ပြောင်လက်နေပြီး အိထွေးနေတာပဲ ဖြစ်ပါတယ်။

၃။ ကိုယ်ခန္ဓာ အတွက်
ထမင်းရည်မှာ ချောမွေ့နေတဲ့ သဘာဝ ရှိတာကြောင့် ခန္ဓာကိုယ်မှာ အဖုအပိမ့် ထွက်တာနဲ့ ကျိန်းစပ်စပ် ဖြစ်နေတဲ့ ဒဏ်ရာတွေ၊ နာကျင်မှု ခံစားနေရတဲ့ အ ရေပြားနေရာတွေမှာ သက်သာစေပါ တယ်။ Brussels University လေ့လာတွေရှိချက်အရ အရေပြားရောဂါရှိ သူတွေနဲ့ နာတာရှည်အရေပြားရောင် ရမ်းသူတွေမှာတစ်နေ့ကို ပုံမှန် နှစ်ကြိမ် တစ်ဆယ့်ငါးမိနစ်ခန့် ထမင်းရည်နဲ့ ဆေး ပေးတာဟာ တိုးတက်မှု ၂၀ ရာခိုင်နှုန်း ထိ ရှိလာတယ်လို့ ဆိုပါတယ်။

၎။ ကျန်းမာရေးအတွက်
ထမင်းရည်ကို သောက်ပေးတဲ့ အလေ့အကျင့်ဟာ အရင်တုန်းက ရှိပေမယ့် အခုတော့ မလုပ်ကြတော့ပါဘူး။ အမှန်တော့ ထမင်းရည်ဟာ အာဟာရပြည့်ဝပြီး ကျန်းမာရေးအတွက် အကျိုးပြုပါတယ်။ သူဟာ မရှိမဖြစ် အမိုနိုအက်စစ် ရှစ်မျိုးပါဝင်တာ ဖြစ်တဲ့အတွက် ခန္ဓာကိုယ် မှာ တစ်သျှူးနဲ့ ကြွက်သား ပြန်လည်တည် ဆောက်ရာမှာ အထောက်အပံ့ပေးပါတယ်။ နောက်ပြီး ကာဗိုဟိုက်ဒရိတ်လည်း အများအပြား ပါတာကြောင့် လိုအပ်တဲ့ စွမ်းအင်ဖြစ်ပေါ်ဖို့ ကူညီပေးနိုင်ပါတယ်။ ဝမ်းလျှောတာကိုလည်း သက်သာစေတဲ့အတွက် အစာအိမ်နဲ့ အူလမ်းကြောင်း ရောင်ရမ်းလို့ ကုသတဲ့နေရာမှာ အသုံးဝင်တယ် လို့ဆိုပါတယ်။ အယ်လ်ဇိုင်းမားရောဂါ ကိုလည်း ကာကွယ်ပေးနိုင် ပါတယ်။ ကိုယ် အပူချိန်ကျစေတဲ့အပြင် ကင်ဆာကြောင့် ဖြစ်တဲ့ သွေးဖိအားတိုးတာတွေမှလည်း ကာကွယ်ပေးနိုင်တယ်လို့ လေ့လာတွေ့ ရှိချက်တွေအရ သိရပါတယ်။ ဒါကြောင့် အလှအပအတွက်သာမက ကျန်းမာရေး အတွက်ပါ အသုံးတည့်လှတဲ့ ထမင်းရည် ကို လက်တွေ့အသုံးချနိုင်ဖို့ အကြံပေး လိုက်ရပါတယ်။

ပြုလုပ်နည်း
ထမင်းချက်တဲ့အခါ ရေအနည်းငယ် ပိုထည့်ပြီး ကျက်တဲ့အခါ ပိုနေတဲ့အရည် ကြည်လေးကို အဖုံးပါတဲ့ ကရားလေးထဲ မှာထည့်ပါ။ ရေခဲသေတ္တာထဲမှာ အအေး ခံပြီးရင်တော့သုံးလို့ရပါပြီ။

BY GOOD HEALTH

မြန်မာ သံဃာတော်များကို ထိုင်းသာသနာရေးရုံးက တောင်းပန်

ထိုင်းနိုင်ငံ တနိုင်ငံလုံးမှာတော့ မြန်မာနိုင်ငံသား သံဃာတော် စုစုပေါင်း ၅၀၀ ခန့်ရှိပါတယ် (ဓာတ်ပုံ – Reuters)

ထိုင်းနိုင်ငံမှာ သတင်းသုံး ပညာသင်ကြားနေကြတဲ့ မြန်မာသံဃာတော်တွေကို မချေမငံ ပြောဆိုမှုတွေပြုလုပ်ခဲ့တဲ့အတွက် ထိုင်းနိုင်ငံ ဆိုင်ရာ သာသနာရေးရုံး Office Of National Buddhism ရဲ့ အထွေထွေ ညွှန်ကြားရေးမှူး နိုင်နုတ်ဖလက် ဘင်ကျဝပ်ထနာနန် (Mr.Nopparat Benjawatananun) က တရားဝင် တောင်းပန်လိုက်ပါတယ်။

ထိုင်းနိုင်ငံ မြောက်ပိုင်း လန်ပန်းမြို့ ဝပ်ထာ့မအိုးကျောင်းမှာ သီတင်းသုံး ပညာသင်ကြားနေတဲ့ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယား သံဃာတော်တွေ နေထိုင်ခွင့်ဗီဇာ ရရှိရေးအတွက် ထောက်ခံချက်သွားယူတဲ့ မြန်မာသံဃာတော်တပါးကို ထိုင်းသာသနာရေးရုံးရဲ့ အမျိုးသမီး ဝန်ထမ်းတဦးက မချေမငံ ပြောဆိုမှုတွေ ပြုလုပ်ခဲ့တာကို တောင်းပန်တာဖြစ်တယ်လို့ သိရပါတယ်။

ဒီလိုပြောဆိုခံရမှုနဲ့ ပတ်သက်ပြီး မြန်မာသံဃာတော်တွေဘက်က ထိုင်းသာသနာရေးဌာနကို ဒီနှစ်ဧပြီလထဲမှာ တိုင်ကြားခဲ့တာ ဖြစ်ပြီး စက်တင်ဘာလ ၁၉ ရက်နေ့က အထွေထွေ ညွှန်ကြားရေးမှူး နိုင်နုတ်ဖလက် ဘင်ကျဝပ်ထနာနန် အပါအဝင် ပြောဆိုခဲ့တဲ့ အမျိုးသမီးဝန်ထမ်းတို့က တရားဝင်အကြောင်းပြန် တောင်းပန်ခဲ့တာဖြစ်တယ်လို့ ဒီအဖြစ်အပျက်ကို တိုင်ကြားရာမှာ သက်သေအဖြစ် တာဝန်ယူခဲ့တဲ့ အရှင်ဇနက္ကက မိန့်ကြားပါတယ်။

အရှင် ဇနက္ကက “ဦးဇင်းတို့ ပထမဆုံး tourist visa ကနေ non-imigrant visa ပြောင်းတဲ့အချိန်ကြရင် အဲဒီကိုသွားရတာကိုး။ အဲဒီတုန်းက စာရွက်စာတမ်းတွေ ၁၄ ပါးစာ ပေးလိုက်တော့ များလှချည်လား၊ ဘယ်နိုင်ငံကလဲလို့ မေးတယ်။ မြန်မာပြည်ကဆိုတော့ ဟာ အာဆီယံသာ ဖွင့်လိုက်ရင်တော့ ပိုတောင်များလိမ့်ဦးမယ်ပေါ့လေ။ တခြားနိုင်ငံသားတွေက ထိုင်းကျောင်းတွေမှာဆိုရင် ထိုင်း သံဃာတွေထက် မများစေရဘူးတဲ့။ ဒီဘန်ကောက် ဝပ်တလုံးကျောင်းမှာဆိုရင်လည်း ကိုယ်တော်တွေက နေတာထိုင်တာ ကြည်ညိုဖွယ်ရာမရှိဘူးဆိုပြီး အဲလိုပြောတယ်။ အဲဒီအပေါ်မှာ ဦးဇင်းတို့ကတိုင်လိုက်တာ၊ အခုတောင်းပန်စာ ပြန်လာတာပေါ့လေ” လို့ ဧရာဝတီကို ရှင်းပြပါတယ်။

ထိုင်းနိုင်ငံထဲမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေမှာ နိုင်ငံခြားသား သံဃာတော်တွေဟာ နိုင်ငံသားသံဃာတော်တွေထက် မများရဘူး ဆိုတာ နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ ဥပဒေဟုတ်မဟုတ်၊ ဝပ်တလုံးကျောင်းက မြန်မာသံဃာတော်များ အပေါ် အကြည်ညို ပျက်အောင် ပြောဆိုရတဲ့ အကြောင်းရင်းနဲ့ ၂၀၁၅ အာစီယံမှာ ပိုများလာမယ်လို့ ပြောဆိုတဲ့ အဓိပ္ပာယ်ဟာ ဗီဇာ မပေးလိုတဲ့ အတွက် ခြိမ်းခြောက်မှုလား စသဖြင့် အချက်သုံးချက်ထောက်ပြပြီး တိုင်ကြားခဲ့တာလို့ သိပါတယ်။

အဲ့ဒီ့တိုင်ကြားစာကို ဝပ်ထာ့မအိုးကျောင်းက မြန်မာသံဃာတော် အရှင် ဇနက္က က သက်သေအဖြစ်ပြုလုပ်ပြီး ဝပ်ထာ့မအိုး ကျောင်းထိုင် ဆရာတော်က တိုင်ကြားခဲ့တာလို့ သိရပါတယ်။

ဝပ်ထာ့မအိုး ကျောင်းထိုင်ဆရာတော်ဟာ ထိုင်းနိုင်ငံသားဖြစ်ပြီး ဒီကျောင်းကို အရင်ကျောင်းထိုင်ခဲ့တဲ့ မြန်မာနိုင်ငံသား ဘုန်းကြီး တပါးဖြစ်တဲ့ ဒေါက်တာ ဓမ္မာနဒ္ဒ ပျံလွန်တော်မူပြီးတဲ့နောက် ကျောင်းထိုင်ဆရာတော်ဖြစ်လာတာပါ။ သူဟာ ပျံလွန်တော်မူသွားတဲ့ ဆရာတော် ဒေါက်တာ ဓမ္မာနဒ္ဒ ရဲ့ လမ်းညွှန်မှုနဲ့ မြန်မာနိုင်ငံက ဘုန်းကြီးစာသင်ကျောင်းတွေမှာ နှစ်ပေါင်းများစွာ ပညာသင်ယူ ခဲ့တာပါ။

“တောင်းပန်စာနဲ့ အတူ တိုင်ထားတဲ့ အချက်တွေကိုလည်း ပြန်ဖြေရှင်းထားပါတယ်။ ဘယ်နိုင်ငံသားမဆို ထိုင်းနိုင်ငံကို ရောက်လာရင် သူတို့သာသနာရေးဌာနက ထုတ်ပြန်ထားတဲ့ စည်းကမ်း ဥပဒေတွေကို လိုက်နာရင် ပေးနေပါတယ်တဲ့။ သူတို့ ဝန်ထမ်း ဒကာမ ပြောဆိုမှုနဲ့ ပတ်သက်ပြီး စိတ်မကောင်းဖြစ်မိတယ်၊ တောင်းပန်ကြောင်းပေါ့။ ညွှန်ကြားရေးမှူးရဲ့ လက်မှတ်ပါတယ်။ နောက်တရွက်က ပြောဆိုခဲ့တဲ့ ဒကာမကိုယ်တိုင် တောင်းပန်စာပါ” လို့ အရှင် ဇနက္က က မိန့်ပါတယ်။

ဝပ်ထာ့မအိုးကျောင်း ဟာ ထိုင်းနိုင်ငံမြောက်ပိုင်း လန်ပန်းမြို့ပေါ်မှာ တည်ရှိပြီး မြန်မာသံဃာတော် ၁၄ ပါး၊ လာအို သံဃာတော် ၉ ပါးနဲ့ ကမ္ဘောဒီးယား သံဃာတော်တစ်ပါးတို့ စာသင်ကြားနေပါတယ်။ ဝပ်ထာ့မအိုးကျောင်းကိုတော့ လွန်ခဲ့တဲ့ နှစ်တစ်ရာကျော် ကတည်းက မြန်မာသံဃာတော်တွေအဆင့်ဆင့် ကျောင်းထိုင်ခဲ့ကြပြီး လန်ပန်းမြို့ပေါ်မှာတော့ ထင်ရှားတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။

ထိုင်းသာသနာရေး ဌာနဘက်က တာဝန်ရှိသူတွေအနေနဲ့ ခုလိုတရားဝင်တောင်းပန်လိုက်တာကို ထိုင်းနိုင်ငံ တက္ကသိုလ်တွေမှာ ပညာဆည်းပူးနေတဲ့ မြန်မာသံဃာတော်တွေကလည်း ကြိုဆိုကြပါတယ်။ သူတို့လည်း ထိုင်းလဝကမှာ ဗီဇာသွားလျှောက်တဲ့ အခါ အဲဒီလို ပြောဆိုခံခဲ့ကြရတာမျိုး တွေကြုံခဲ့ရတယ်လို့ ဘန်ကောက်မြို့ပေါ်ရှိ ဝပ်တလုံး ကျောင်းတိုက် က အရှင် တေဇ က မိန့်ပါတယ်။

“ထိုင်းလဝကမှာ ဦးဇင်းတို့ ဗီဇာသွားတိုးတဲ့အခါမှာ ဦးဇင်းတို့ ဒီမှာ ဘာလုပ်တာတုန်း၊ ဘယ်လိုနေတာတုန်းဆိုပြီးတော့မေးတယ်။ သူတို့ထင်တာက ဒီမှာ နေ၊ ဆွမ်းခံထွက်၊ ရတဲ့ပိုက်ဆံစုပြီး မြန်မာပြည်ပြန်ပို့ အဲလိုထင်တာ။ ဦးဇင်းတို့က ပြောပြရတာပေါ့၊ ငါတို့က ဒီမှာ ဆွမ်းမခံဘူး၊ တက္ကသိုလ်တွေမှာကျောင်းတွေမှာ တက်နေကြတာ။ မင်းတို့ဆီမှာ ငါတို့က တောင်းစားတာ မဟုတ်ဘူး။ သေချာရှင်းပြမှ ဗီဇာတွေ ဘာတွေပေးတယ်။ ဒီမှာရောက်လာတဲ့ သံဃာအကုန်လုံးလိုလို ကြုံရပါတယ်” လို့ အရှင်တေဇ က မိန့်ကြားပါတယ်။

ဆက်ပြီး “ဦးဇင်းတို့ဆိုရင် အထောက်အထား အပြည့်အစုံရှိတာကို စိတ်ပျက်အောင် ရစ်တာ၊ တော်တော်နဲ့ လုပ်မပေးဘူး။ ဦးဇင်းတို့ ကျောင်းကို စစ်ဆေးရေးဝင်တယ်ဆိုလို့ရှိရင်လည်း ဘုန်းကြီးတွေကို အောက်မှာအထိုင်ခိုင်း သူတို့က ဖိနပ်တွေနဲ့ အပေါ်ကသွား ဗုဒ္ဓဘာသာ နိုင်ငံလို့ပြောရမှာတောင် ရှက်စရာပါဗျာ။ ဦးဇင်းတို့ကို ဒီမှာ အလကားနေတယ်လို့ ထင်တယ်။ စကားအသုံးအနှုန်းကအစ သူတောင်းစားလို့ သုံးပြောတာမျိုးကြုံဖူးတယ်” လို့ ရှင်းပြပါတယ်။

ဝပ်တလုံးကျောင်းတိုက်မှာတော့ မြန်မာနိုင်ငံသား သံဃာတော် အပါး ၂၀၀ ကျော်ရှိပြီး ထိုင်းနိုင်ငံ တနိုင်ငံလုံးမှာတော့ မြန်မာနိုင်ငံသား သံဃာတော် စုစုပေါင်း ၅၀၀ ခန့်ရှိတယ်လို့ လေ့လာ သိရှိရပြီး အများစုက ထိုင်းနိုင်ငံမှာရှိတဲ့ Mahachulalongrajavidyalaya University၊ Mahamakut Buddhist University နဲ့ Siam University တို့မှာ တက်ရောက်နေကြတယ်လို့ သိရပါတယ်။

burma.irrawaddy

ပြိုင်ကားတစ်စီးနှင့် အိမ်စီးကားတစ်စီး တိုက်မိမှုကြောင့် လူခုနစ်ဦး အပြင်းအထန် ဒဏ်ရာရ

ကုန်သည်ကြီးများ ဟိုတယ်အနီး မီးပွိုင့်တွင် ပြိုင်ကားတစ်စီးနှင့် ဘီဘီခွေးဘီလူး အမျိုးစားယာဉ် တစ်စီးတို့ အရှိန်ပြင်းထန်စွာ တိုက်မိမှုကြောင့် လူခုနစ်ဦး အပြင်းအထန် ဒဏ်ရာရရှိပြီး ရန်ကုန်ပြည့်သူ့ ဆေးရုံကြီး အရေးပေါ် ဌာနတွင် ဆေးကုသ နေရကြောင်း သိရသည်။

ဖြစ်စဉ်မှာ အောက်တိုဘာ ၄ ရက် နံနက် ၄ နာရီ ခွဲခန့်တွင် ဗိုလ်ချုပ်လမ်းမှ လာသော မာဇဒါပြိုင်ကား အမျိုးအစားနှင့် အလံပြ ဘုရားလမ်းမှလာသော ဘီဘီခွေးဘီလူး အမျိုးအစား ယာဉ်တစ်စီးတို့မှာ ကုန်သည်ကြီးများ ဟိုတယ်ထောင့်ရှိ မီးပွိုင့်တွင် ယာဉ်တိုက် တိုက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယာဉ်တိုက်မှု ဖြစ်စဉ်ကြောင့် ကားနှစ်စီးပေါ်ရှိ လူခုနစ်ဦးတို့မှာ ခေါင်းကွဲခြင်း၊ လက်ကျိုး၊ ခြေကျိုးသည့် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်းနှင့် လူသေဆုံးမှု မရှိကြောင်း ရဲမှုခင်း မှတ်တမ်းများအရ သိရသည်။

''စဖြစ်တဲ့ အချိန်က နံနက်အစောပိုင်း ဆိုတော့ ဖြစ်စဉ်အစအဆုံးကို မျက်မြင်ကိုယ်တွေ့ ရှိတဲ့သူ မရှိပါဘူး။ ကျွန်တော်လည်း ''အုန်း''ဆိုပြီး အသံကျယ်ကြီးကြားတော့ ထွက်ကြည့်တဲ့အခါ အခုလိုပဲ မြင်တွေ့ရတာပါ'' ဟု အနီးရှိ တိုက်တစ်ခု၏ လုံခြုံရေးဝန်ထမ်း တစ်ဦးက ပြောပြခဲ့သည်။

ယင်းသို့ အရှိန်ပြင်းစွာ တိုက်မိမှုကြောင့် လူလေးယောက် စီးနင်းလာသော ဘီဘီခွေးဘီလူး အမျိုးအစားယာဉ်မှာ အနီးရှိ ဓာတ်တိုင်ကို တိုက်မိပြီး ပက်လက်လန်ကာ ကားတစ်စီးလုံး ကြေမွသွားခဲ့ကြောင်း သိရသည်။

အလားတူ လူသုံးယောက် စီးနင်းလာသော မာဇဒါပြိုင်ကား အမျိုးအစားမှာလည်း အင်ဂျင်ဘယ်ဘက်အခြမ်း ပျက်စီးသွားကာ ဘက်အခြမ်းရှိ ကားတာယာမှာ ဆာကူရာတာဝါဘက်သို့ ကျွတ်ထွက်သွားခဲ့ပြီး ယာဉ်မှာ ကုန်သည်ကြီးများ ဟိုတယ်ရှေ့တွင် ရပ်သွားခဲ့ကြောင်း သိရသည်။

''ယာဉ်တိုက်မှု ဖြစ်စဉ်မှာ ဒဏ်ရာရတဲ့သူ ခုနစ်ဦးက ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။ ထိခိုက်ဒဏ်ရာ ရမှုတွေ ရှိပေမယ့် လူသေဆုံးမှုတွေတော့ မရှိပါဘူး။ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့တဲ့ ယာဉ်မောင်းနှစ်ဦး စလုံးကို အမှုဖွင့် စစ်ဆေးနေပါတယ်'' ဟု အောက်တိုဘာ ၄ ရက်နေ့ ညနေပိုင်းတွင် ယာဉ်အမှုစစ် ဒုရဲအုပ်အောင်လှိုင်စိုးကThe Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။

ယင်းယာဉ်တိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်၍ အဆိုပါ ယာဉ်မောင်းနှစ်ဦးအား ကျောက်တံတား ရဲစခန်းတွင် ယာဉ်အမှုစစ် ဒုရဲအုပ်အောင်လှိုင်စိုးက တရားလို ပြုလုပ်၍ (ပ)၂၉/၁၃ ဖြင့် အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

(အရှိန်ပြင်းစွာ ယာဉ်နှစ်စီး တိုက်မိမှုကြောင့် ပက်လက်လှန်သွားသည့် ဘီဘီခွေးဘီလူး အမျိုးအစားယာဉ်ကို တွေ့ရစဉ်
 (ဓာတ်ပုံ - ဝေလင်းအောင်))
Eleven Media Group

ကံကြမ္မာမီးအိမ် သွန်မှောက်သွားတဲ့အခါ..

ဆင်းရဲသားမိသားစုက ပေါက်ဖွားလာတဲ့ (၁၃)နှစ်အရွယ် ကလေးငယ်တစ်ယောက်ဟာ သူဌေးအိမ်တစ်အိမ်မှာ အိမ်ဖော်သွားလုပ်ခဲ့တယ်။ တစ်နေ့ညနက်ချိန်မှာ ကလေးငယ်ဟာ အိမ်ကြီးရှင်သူဌေးမရဲ့ ဝတ်စုံတစ်စုံကို မီးပူတိုက်နေခဲ့တယ်။ အလုပ်ပင်ပန်းဒဏ်ကြောင့် ကလေးငယ်ဟာ မီးပူတိုက်နေရင်း အိပ်ငိုက်ပြီး မတော်တဆ ရေနံဆီမီးခွက်ကို တိုက်လိုက်မိတယ်။ ရေနံဆီတွေဟာ သူဌေးမရဲ့ဝတ်စုံပေါ်ကျသွားခဲ့တယ်။

နောက်တစ်နေ့မှာ သူဌေးမ သိတော့ ကလေးငယ်ကို ဝတ်စုံဖိုးလျော်ခိုင်းစေခဲ့တယ်။ ကလေးငယ် မလျော်နိုင်ခဲ့လို့ သူဌေးမက သူ့ဆီမှာ ဝတ်စုံဖိုးအစား တစ်နှစ်ကျွန်ခံခိုင်းပြန်တယ်။ ကိုယ့်အမှားကြောင့် ကလေးငယ်ဟာ တစ်နှစ်ကျွန်ခံလိုက်ရတယ်။ အမှားတွေ ထပ်မကျူးလွန်မိအောင် ရေနံဆီပေသွားတဲ့ ဝတ်စုံကို ကိုယ့်ကုတင်ခေါင်းရင်းထက်မှာ ချိတ်ပြီး သူ့ကိုယ်သူသတိပေးခဲ့တယ်။

တစ်နေ့မှာ ဝတ်စုံပေါ်က ရေနံဆီပေခဲ့တဲ့နေရာဟာ ဆီမပေနေတော့တဲ့အပြင် နဂိုရှိတဲ့မစင်ကြယ်တဲ့ ဂျေးတွေတောင် စင်ကြယ်သွားတာကို သူအမှတ်မထင် မြင်လိုက်မိတယ်။ အဲဒီလိုနဲ့ သူ့မျက်လုံးတစ်ချက် ဝင်းလက်သွားပြီး ရေနံဆီထဲ တခြားဓာတုပစ္စည်းတွေ ရောစပ်ပြီး အကြိမ်ကြိမ် စမ်းသပ်မှုတွေ ပြုလုပ်ခဲ့တယ်။ နောက်ဆုံးမှာ အဝတ်အခြောက်လျှော်ဆေးတစ်မျိုးကို သူစမ်းသပ်ထီထွင်နိုင်ခဲ့တယ်။

တစ်နှစ်နေပြီးနောက် သူဌေးအိမ်ကနေ သူခွာခဲ့ပြီး ကိုယ်ပိုင်အဝတ်အခြောက်လျှော်ဆိုင်တစ်ဆိုင်ကို ဖွင့်နိုင်ခဲ့တယ်။ ဒါဟာ ကမ္ဘာ့ပထမ အဝတ်အခြောက်လျှော်ဆိုင်ဖြစ်တယ်။ နောက်ပိုင်းမှာ ဆိုင်ခွဲပေါင်းများစွာ သူဖွင့်နိုင်တဲ့အထိ သူအောင်မြင်ခဲ့တယ်။ အဲဒီကလေးငယ်ဟာ ပြင်သစ်နိုင်ငံက Jean Baptiste Jolly ပဲဖြစ်တယ်။

ပုံပြင်လေးရဲ့ အဓိပ္ပာယ်က နက်နဲလွန်းလှတယ်။

ကံကြမ္မာမီးအိမ် သွန်မှောက်သွားသူတစ်ယောက်ဟာ မျက်စိရှေ့က မြင်မြင်သမျှ အရာအားလုံး မှောင်အတိကျပြီး ရှေ့ဆက်မယ့်လမ်းတွေ ပျောက်သွားတတ်တယ်။ ဒီလိုအချိန်မျိုးမှာ ရင်ထဲက မျှော်လင့်ချက်မီးအိမ်ငယ်ကို မငြိမ်းမိလိုက်စေနဲ့။ ကံကြမ္မာမီးအိမ် ဘယ်လောက်မှောက်မှောက် ရင်ထဲက မီးအိမ်လေး မငြိမ်းသရွေ့၊ မျှော်လင့်ချက်တွေ မသွန်မှောက်မိသရွေ့ ဘဝရဲ့အလင်းရောင်ကို အသစ်တဖန်ပြန်ရှာနိုင်ပါတယ်။

နိုင်းနိုင်းစနေ

အောင်မြင်ခြင်း

လူတိုင်းက အားသိပ်မစိုက်ထုတ်ရဘဲ တောင်ပေါ်အထိတက်လှမ်းနိုင်မယ့်လမ်းကို ရှာဖွေချင်ကြတယ်။ တောင်ထိပ်ရောက်ဖူးသူကို ဘယ်လမ်းက ပိုချောမွေ့သလဲလို့လည်း မေးတတ်ကြတယ်။ တောင်ထိပ်ရောက်ဖူးသူတွေက “တောင်ပေါ်ကိုရောက်ဖို့ ဖြတ်လမ်းမရှိဘူး။ လမ်းတိုင်းက ကွေးကွေးကောက်ကောက်၊ မတ်စောက်တာချည်းပဲ။ တောင်ထိပ်ကိုရောက်ချင်ရင် တစ်ခါတလေမှာ ချောက်ကမ်းပါးကိုလည်း ဖြတ်ကျော်ရတယ်”လို့ဆိုပါတယ်။

အောင်မြင်ခြင်းဆီသွားတဲ့လမ်းဟာလည်း ချောမွေ့နေမှာ မဟုတ်ပါဘူး။ တွေ့ကြုံရင်ဆိုင်မှ သင်ခန်းစာကိုရတယ်။ ကျရှုံးခြင်းကိုမခံစားဖူးရင် အောင်မြင်ခြင်းကိုလည်း တန်ဖိုးထားတတ်မှာ မဟုတ်ပါဘူး။ ကျရှုံးခြင်းကို မခံစားဖူးရင် မကျရှုံးဖို့ ကိုယ့်ကိုယ်ကိုအားပေးတတ်မှာ မဟုတ်ပါဘူး။ အောင်မြင်ခြင်းဆီသွားဖို့ ဖြတ်လမ်းမရှိပါဘူး။ ဒါပေမယ့် နည်းလမ်းရှိပါတယ်။ အဲဒီနည်းလမ်းက ကြိုတင်ပြင်ဆင်တာ၊ လက်တွေ့ကျကျ အကောင်အထည်ဖော် လုပ်ဆောင်တာပဲဖြစ်ပါတယ်။ (ထင်ရှားသူတို့၏ ဘဝပုံပြင် စာအုပ်မှ)
.Nine Nine Sanay @ နိုင်းနိုင်းစနေ