Saturday, November 16, 2013

ဒေါ်စုကို မြင်သမျှပြောမယ်


သူ ၂၆ နှစ် အကျယ်ချုပ်နဲ့ နေရတယ်။ မိသားစုတစ်ကွဲတပြားနေပြီး အနစ်နာခံတယ်ပြောရအောင် သူတစ်ယောက်တည်းမှ မဟုတ်တာ၊
(၈၈)တုန်းက သေသွားတဲ့ကလေးတွေ၊   ထောင်ထဲမှာ   နှစ်ရှည်နေရတဲ့သူတွေ၊ တောထဲတောင်ထဲမှာ ဆင်းရဲစုတ်ပြတ်ပြီး ဗိုလ်ကျအနိုင်ကျင့်သတ်ဖြတ်ခံ ခဲ့ရတဲ့ ကျောင်းသား လူငယ်တွေ က ပိုတောင်ပိုသေးတယ်။ ကိုယ်ယုံကြည်ရာကိုယ် လုပ်ခဲ့ကြသူတွေ ချည်းပါ။ အားလုံးကိုတန်းတူလေးစားပါတယ်)။ သူ့ ကိုမှထူးပြီးချီးကျူး ဂုဏ်တင်နေစရာ မလိုပါဘူး။

မဆလပြုတ်ကျတာကလည်း သူကပြန်လာပြီး initiate လုပ်ပြီး စတင်တိုက်ပွဲခေါ်လို့ အရေးတော်ပုံကြီးဖြစ် လာတာမဟုတ်ဘူးလေ။ ဟိုက ဆိုရှယ်လစ်စနစ်ဖျက်သိမ်းပြီး၊ ဒီမိုကရေစီ စနစ်ကို ကူးပြောင်းချင်လို့ ၊ စတည်ပေးလိုက်တာ၊ တောမီးလောင်တောကြောင်ထတာသဘာဝပဲ။ တောကြောင်တွေကြောင့် ၈၈ က သမိုင်းမှာ အရုပ်ဆိုးအကျည်းတန်ခဲ့ရတယ်။ တစ်ခုက တပ်ကအာဏာသိမ်းပြီး လို့ မထွက်ကြနဲ့ တော့ပစ်မယ်လို့ ပြောတဲ့အချိန်မှာ မထွက်ခဲ့ကြရင် ကောင်းမှာ၊ ကျမတို့ အဲဒီနေ့ ကအိမ်က မလွှတ်လို့ မထွက်ခဲ့ရဘူး၊ ကံကောင်းသွားတာပေါ့။ (ဦးနေ၀င်းမှားခဲ့တာက စီးပွားရေးကို တံခါးပိတ်ဝါဒ ကျင့်သုံးခဲ့တာနဲ့ ၊ ပညာရေးစနစ် ကို နိုင်ငံတကာနဲ့ မျက်ခြေဖြတ်ခဲ့တာ။ ပညာရှင်တွေ သူ့ လက်ထက်မှာ မနေနိုင်အောင်သူ့ လက်ရုံးတွေက လုပ်ခဲ့တယ်။)။

ဒေါ်စုက တော့ ထန်းသီးကြွေခိုက်ကျီးနင်းခိုက်ကြုံပြီး အနီအုပ်စုက သူ့ ကိုဆွဲသွင်းခဲ့တာကြောင့် ပါလာတာ။ လူတွေက ဘယ်သူ့ အဖေခေါ်ရမှန်းမသိတဲ့အချိန် ဗိုလ်ချုပ်သမီး ဆိုတဲ့အရှိန်နဲ့ သူနိုင်ခဲ့ တယ်။ ဒေါ်စုကအရင်စစ်အစိုးရကို ကောင်းကောင်း စိတ်အနှောင့်အယှက်ပေးနိုင်ခဲ့ တာတော့သေချာတယ်။ ဒီထက်တော့ဘာမှမပိုပါဘူး။ ထိထိရောက်ရောက်လည်းဘာမှမလုပ်နိုင်ခဲ့ဘူးလေ။ ဟိုလူတွေက ဟိုးအရင်အစောကြီးက တည်းက ချခဲ့တဲ့ plan အတိုင်းစာအုပ်စိမ်းကြီးကို ပြီးအောင်ဆွဲသွားတာပဲ။ (ဦးခင်ညွန့် ၉၃ ခုနှစ်က မိန့် ခွန်းတစ်ခုမှာ ခုလက်ရှိ constitution ကိုတွေ့ နိုင်တယ်)။ နှစ်တွေ သိပ်ကြာသွားရတာက ဒေါ်စုက မပူးပေါင်းခဲ့လို့ ပဲ။

ဟိုတုန်းကတည်းက ကိုယ့်နိုင်ငံအတွက်ပဲရယ်လို့ ခံယူ ပြီးနိုင်ငံခြားရေးနဲ့ ပညာရေး ၀န်ကြီးလုပ်ခဲ့မယ်ဆိုရင် အခုဆို ကျမတို့ ပညာရေး က အနည်းဆုံး ၁၀ နှစ်လောက်ရှေ့ကိုရောက်နေလောက်ပြီ။ ကျမတို့ တွေမ လုပ်နိုင် တဲ့အရာတွေ သူအများကြီးလုပ်နိုင်ပါတယ်။ ဒါပေမယ့် သူမလုပ်ခဲ့ဘူး။ သူ့ ရဲ့ exclusive policy အရ သူခေါင်းမာခဲ့တယ်။ ခုလက်ရှိ အနောက် က သူတို့ တရုတ်ကြီး ကို မြန်မာနိုင်ငံ မှာကြိုက်သလိုချယ်လှယ် ဖို့ လွတ်ပေးထား ရတာနောင်တရနေ လို့ ပြန်လာချင်လို့  ကို ဒေါ်စုတို့ သပိတ်မှောက်ခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲ ကို အသိအမှတ်ပြုပြီး တက်လာတဲ့အစိုးရကောင်း လာပါပြီဆိုပြီး အကြောင်းပြပြီးတော့လာတာ။ ဒေါ်စုကြောင့်လာတာမဟုတ်တာတော့သေချာတယ်။

သူတို့ plan အတိုင်းလုပ်ပြီး သူတို့ စိတ်ချရတဲ့သူ လက်ထဲထည့်ခဲ့ပြီး နောက်တက်လာ တဲ့အစိုးရက ဒေါ်စုကို ချုပ်ထားစရာမှမလိုတော့တာလေ။ ခုဆိုရင် အားလုံးပါဝင်လုပ်ဆောင် လို့ ရတဲ့အခြေအနေမှာ ရောက်နေပြီပဲ။ Inclusion ကိုလက်ခံပြီး အားလုံးပေါင်းလုပ်ရမယ့်အချိန်မှာ သူက exclusive လုပ်ချင်တာ။ ဒါကြောင့်သူ့ ကိုကျမ မကြိုက်တာ။ ကျမ ကတော့ result driven သမား။ ဒီလို ပြောလို့ လက်ရှိအစိုးရကိုလည်းအားမရပါဘူး။ လက်ရှိ ဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရသွားနေတဲ့လမ်းကြောင်းက မှန်တယ်လို့ ယူဆတယ်။ လမ်းကြောင်းမှန် ကနေသွေဖီချင်နေတဲ့ တချို့ သောနွားကပ်တွေကတော့ရှိနေမှာပဲလေ။ တဖြည်းဖြည်းချင်း ဖယ်ထုတ်သွားရမှာပဲ။ တပ်က ၂၅% က ပြည်တွင်းငြိမ်းချမ်းရေး ရပြီးရင် သွားမှာပါဆိုတာကို လတ်တလောအတင်းဖယ်ထုတ်ဖို့ လုပ်နေတာ၊ အနောက်ကို သွားပြီး ကိုယ့်နိုင်ငံစစ်တပ်ကို ထိန်းကျောင်းပေးပါလို့ သွားပြောတာ တကယ့်ကို အမျိုးသားခေါင်းဆောင်သမီး မပီသရာကျတယ်။

(အစ်ကိုကြီး နဲ့ သဘောထားမတိုက်ဆိုင်လို့ (မတော်ရသေးတဲ့) ပထွေးက ဘက်က သွေးမတော်တဲ့ အစ်ကိုကို ကျမအစ်ကိုကြီးကို ဆုံးမလိုက်စမ်းပါလို့ ပြောတာနဲ့ မတူဘူးလား)။ ဒါဥပမာတစ်ခုသာ ဒါမျိုးတွေအများကြီးပဲ။ ဦးသိန်းစိန် ကိုတော့လေးစားတယ် သူက personally ရိုးသားပြီးစေတနာမှန်တယ်။ သူလုပ်စရာရှိတာ လက်တွေ့ ကျပြီးဖြစ်နိုင် တာကို လုပ်တယ်။ လုပ်ပြီးတာကိုလည်း ငါလုပ်လို့ ဖြစ်တယ်လို့ တစ်ခါမှ ကိုယ့်ဂုဏ် ကိုယ်မဖော်ဘူး။ သူလုပ်နေတာတွေဟာသူ့ personal interest အတွက်လုံးဝမပါဘူးလို့ ယုံကြည်တယ်။ ဒီနေရာမှာဒေါ်စု သူ့ ကိုလုံးဝမယှဉ်နိုင်ဘူး။ ဒေါ်စုက စာတွေ့ သမား၊ အပြောကောင်းတယ်။ (Theory တွေ) လူကြားကောင်းမယ့် စကားလုံးတွေ သုံးတယ်။ တကယ်လက်တွေ့ အတွင်းကျကျ ဖြစ်နိုင်တာကို မသုံးသပ်နိုင်ဘူး။ sanction ပိတ်ဖို့ သူတောင်းဆိုခဲ့တာ။ ပြန်ဖွင့်တာ သူ့ ကြောင့်မဟုတ်သော်လည်း (သူကမဖွင့်စေချင်သေးဘူးလေ) သူ့ ကြောင့်လိုလို နာမည်ယူချင်တယ်။

ကျမကတော့ ဦးသိန်းစိန်ကို ယုံကြည်တယ် နောက်ထပ် term သာ သူဆက်လုပ်ရင် ကျမတို့ အတွက်အရမ်းကောင်းသွားပြီ။ သူ့ ကိုတော့ဝိုင်းပံ့ပိုးပေးရမှာပါ၊ ကန့် လန့် ချည်းပဲတိုက်နေရင်တော့ တိုးတက်မှု့ က တရွတ်တိုက်ဆွဲနေမှာပေါ့။
မဆလ အစိုးရ၊ စစ်အစိုးရ၊ ဦးသိန်းစိန်အစိုးရ လော်ဘီလုံးဝမဟုတ်ပါဘူး။ စစ်တပ်နဲ့ ဘာတစ်ခုမှ ပတ်သက်တဲ့ ၊ စစ်အစိုးရ ကျေးဇူးခံကျေးဇူးစား လုံးဝမဟုတ်တဲ့ ပြည်သူတစ်ယောက်စစ်စစ် တစ်ယောက်ရဲ့အမြင်ပါ။
ကျမသူ့ ကို တိုက်ခိုက်အပုတ်ချတာမဟုတ်ဘူးနော်။
ဒီမိုကရေစီလိုလား သူဆိုရင် agree to disagree ကိုလက်ခံနိုင်ရပါမယ်။


( Yu Yu Khaing )
From: ( Yu Yu Khaing )

SEA Games ဘောလုံးပွဲ လက်မှတ်များ အွန်လိုင်းမှ ဝယ်ယူနိုင်မည်



မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် SEA Games ပြိုင်ပွဲ၏ ဘောလုံးပွဲ လက်မှတ် ဈေးနှုန်းများကို ထုတ်ပြန်လိုက်ပြီ ဖြစ်ရာ လက်မှတ်များကို အွန်လိုင်းမှလည်း ဝယ်ယူနိုင်မည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဈေးကွက်ဒါရိုက်တာ ဦးဆူးအောင်က ပြောကြားသည်။

ယင်းဘောလုံးပွဲ လက်မှတ်များကို 4Digital Showroom များ ရှိသည့် စမ်းချောင်း၊ တာမွေ၊ သာကေတ၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ မြောက်ဥက္ကလာပ၊ အင်းစိန်၊ ကျောက်တံတား မြို့နယ်တို့တွင် လည်းကောင်း၊ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာလမ်းသစ်၊ ရွှေသံလွင်ကွန်ဒို အခန်း ၇၀၃ ရှိ MY ASIA TICKET ရုံးချုပ်နှင့် ပြည်လမ်း၊ ဟံသာဝတီ အဝိုင်းအနီး ကမာရွတ်မြို့နယ်ရှိ 4Digital Showroom Compound တို့တွင် လည်းကောင်း၊ အွန်လိုင်းမှ ဝယ်ယူလိုသူ များအတွက် www.myasiaticket.com နှင့် www.thaiticketmajor.com တို့တွင် လည်းကောင်း နိုဝင်ဘာလ ၂၂ ရက်နေ့တွင် စတင် ဝယ်ယူနိုင်မည် ဖြစ်ပြီး ဖုန်း ၀၁- ၅၄၉၂၉၇ နှင့် ၅၅၆၈၁၇ တို့တွင် မှာယူနိုင်သည်ဟု ၎င်းက ဆိုသည်။

အမျိုးသား ဘောလုံးပြိုင်ပွဲ၏ အုပ်စုပွဲစဉ်များကို ဒီဇင်ဘာ ၇ ရက်နေ့၌ စတင်မည်ဖြစ်ရာ အုပ်စုပွဲစဉ်များ၏ လက်မှတ်ဈေးနှုန်းမှာ အထူးတန်း ၄၀၀၀ ကျပ်၊ ရိုးရိုးတန်း ၂၀၀၀ ကျပ်၊ အကြိုဗိုလ် လုပွဲနှင့် ဗိုလ်လုပွဲများအတွက် အထူးတန်း ၅၀၀၀ ကျပ်၊ ရိုးရိုးတန်း ၃၀၀၀ ကျပ်တို့ သတ်မှတ်ထားပြီး အမျိုးသမီး ဘောလုံးပွဲစဉ်များ၏ လက်မှတ် ဈေးနှုန်းများကို အုပ်စု ပွဲစဉ်မှ ဗိုလ်လုပွဲအထိ အထူးတန်း ကျပ် ၃၀၀၀၊ ရိုးရိုးတန်း ကျပ် ၁၀၀၀ သတ်မှတ်ထားကြောင်း ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် SEA Games ပြိုင်ပွဲ၏ ဘောလုံးပွဲကို ပရိသတ် ပိုမိုလာရောက် ကြည့်ရှုနိုင်ရန် လက်မှတ် ဈေးနှုန်းကို လျှော့ချသင့်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ စည်းကမ်း ထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ၊ ဝါရင့်အားကစား ကလောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား) က လက်မှတ် ဈေးနှုန်း ကြီးမြင့်မှုနှင့် ပတ်သက်၍ မှတ်ချက်ပြုသည်။

အမျိုးသား ဘောလုံးပြိုင်ပွဲ၏ အုပ်စု (က) ပွဲစဉ်များကို နေပြည်တော်ရှိ ဇေယျာသီရိ ဘောလုံးကွင်း၊ အုပ်စု (ခ) ပွဲစဉ်များကို ရန်ကုန်မြို့ရှိ သုဝဏ္ဏ ဘောလုံးကွင်းတို့တွင် ကျင်းပမည် ဖြစ်ပြီး အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲများကိုမူ ဇေယျာသီရိ ဘောလုံးကွင်းတို့တွင် ကျင်းပမည် ဖြစ်ကြောင်း၊ အမျိုးသမီး ဘောလုံး ပွဲစဉ်များကိုမူ မန္တလေးမြို့ရှိ မန္တလာသီရိ ဘောလုံးကွင်းတွင် ကျင်းပသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က သတင်း ထုတ်ပြန်ထားသည်။

အမျိုးသား ဘောလုံးပြိုင်ပွဲ အုပ်စု (က) တွင် မလေးရှား၊ ဗီယက်နမ်၊ စင်ကာပူ၊ လာအို၊ ဘရူနိုင်း၊ အုပ်စု (ခ) တွင် အိမ်ရှင်မြန်မာ၊ အင်ဒိုနီးရှား၊ ထိုင်း၊ တီမော၊ ကမ္ဘောဒီးယား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ အုပ်စု (က) တွင် မြန်မာ၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားတို့ ဖြစ်ပြီး အုပ်စု (ခ) တွင် ထိုင်း၊ တီမော၊ မလေးရှား၊ လာအိုတို့ ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။


From: The Voice Weekly

အချစ်နဲ့ပတ်သက်ပြီး စိတ်ရှုပ်မခံချင်တော့တဲ့ အတွက် ကိုယ့်ဆီရောက်လာတဲ့ သူကိုပဲ အဆင်ပြေရင် ပြေသလို တွဲလိုက်တော့မယ်


ခေတ်ရေစီးကြောင်းအရရော ကိုယ်တိုင်ရောကြိုက်လို့ တက်တူး ထိုးတယ်။ ဒါပေမဲ့ သွားမှာစိန်တပ် တာခေတ်စားပေမယ့် သင်ဇာက သွားမှာ စိန်ဘာလို့မတပ်တာလဲဆို တော့ အဲဒီစိန်တပ်တာက အားမ ပေးဘူးမဟုတ်ပါဘူး။ အားပေးပါ တယ်။ ဒါပေမဲ့ တကယ့်စိန်တပ် တော့မယ်ဆို သွားကိုထွင်းပြီးတပ်မှ ရမှာလေ။ ပြီးတော့ စိန်အစစ်က သံ ပရာရည်နဲ့မတည့်ဘူး။

အတူတူတွဲ သောက်ရင် သေတယ်ဆိုတော့ ပြုတ်ထွက်ပြီး ဗိုက်ထဲရောက်ရင် ရော ဘယ်လိုလုပ်မလဲ။ ခန္ဓာကိုယ် ထဲမှာ တပ်တာတော့ မကြိုက်ဘူး။ တခြားသူတွေ တပ်တာကိုတော့ မပြောလိုပါဘူး။ သင်ဇာကကျန်းမာ ရေးအရကြောင့်သွားမှာ စိန်မတပ် တာလားဆိုတော့ ဟုတ်တယ်။ အရင်တုန်းကတော့ ပေါ်ကာစက ဖန်စီစိန်လေးတွေသွားမှာ တပ်ဖူး တယ်။ ဒါပေမဲ့ ပြုတ်မလား၊ ပြုတ် မလားဆိုပြီး လျှာနဲ့ထိုးနေရတာက အလုပ်တစ်ခုလေ။ အဲဒါကြောင့် မတပ်တော့တာ။ သင်ဇာချစ်သူမရှိ သေးဘူးဆိုတော့ မရှာတော့တာ လား၊ မရသေးတာလားဆိုတော့ ရှာမနေတော့ဘူး။ ကိုယ့်ဆီရောက် လာတဲ့သူကိုပဲ အဆင်ပြေရင် ပြေ သလို တွဲလိုက်တော့မယ်။ ဘာလို့ လဲဆိုတော့ ချစ်သူထားမယ်ဆိုတဲ့ စိတ်မရှိတော့ဘူး။ ဒီအချိန်မှာ ကိုယ့် မိဘ၊ ကိုယ့်အနုပညာရှိနေရင် ပြည့် စုံတယ်။ အဲဒီနှစ်ခုနေရာမှာ နောက် တစ်ခုရောက်လာရင် စိတ်ရှုပ်ရမှာ လေ။ အဲဒီအတွက် စိတ်ရှုပ်မခံတော့ ဘူး။ ရှိတဲ့ နှစ်ခုနဲ့ပဲရောင့်ရဲတင်းတိမ် ရမယ်။ သူများတွေက အချစ်က ဒရာမာများတယ်ပြောကြတယ်။ သင်ဇာအတွက်ရောဆိုတော့ သင် ဇာအတွက်ဒရာမာများပါတယ်။ ပျော်ရတဲ့ အချိန်တွေလည်း ရှိသလို ဒရာမာဖြစ်တဲ့အချိန်တွေလည်း အ များကြီးရှိတယ်။ အဲဒီလို ဘ၀မှာ ထပ်အဖြစ်မခံတော့ပါဘူး။

8 DAYS A WEEK ENTERTAINMENT

၂၀၁၄ဖေဖော်ဝါရီမှာ မင်္ဂလာသတင်း သေချာပြီလို့ ပြောလာတဲ့ ၀ိုင်းစုခိုင်သိန်း


ဒီဝါကျွတ်မှာ သတင်းကြီးလှတဲ့ မြန်မာအနုပညာရှင်များရဲ့ အချစ်ရေးသတင်းများဟာလှုပ်ခတ်လှပေမဲ့ အတိအလင်းဖွင့်ဟကြေညာသူကတော့ သရုပ်ဆောင်မှတစ်ဆင့် အနုပညာလောကထဲကို ၀င်ရောက်လာပြီးဂီတနယ်ပယ်ထဲမှာ လိုက်ပါစီးမျောပြန်တဲ့  ပရိသတ်များ ချစ်ခင်အားပေးကြတဲ့ သရုပ်ဆောင် အဆိုတော် ၀ိုင်းစုခိုင်သိန်းပဲဖြစ်ပါတယ်။ ၂၀၁၄ခုနှစ်ဟာ ဖြင့် သူမအတွက် စုတ်ရော၊ လာဘ်ရော ၀င်တဲ့ နှစ်တစ်နှစ်လို့တောင်ပြောရမလိုပါပဲ။ မကြာသေးခင်ကမှ ထွက်ရှိထားတဲ့ သူမရဲ့ အာဘွားတေးစီးရီး ဟာဆိုရင်ဖြင့် Audio CD မှာတင် ပရိသတ်များ တစ်ခဲနက်အားပေးကြတဲ့ အတွက်ဒါဟာလာဘ်ဝင်တယ်လို့ဆိုရမှာပါ။ နောက်တစ်ခုကတော့ သူမရဲ့ ပရိသတ်များ သိချင်နေတဲ့ သူမရဲ့ မင်္ဂလာသတင်းဟာဆိုရင်ဖြင့် ၂၀၁၄ ဖေဖော်ဝါရီမှာ သေချာပြီလို့ သိခဲ့ရပါတယ်။ သူမရဲ့ မင်္ဂလာသတင်းနဲ့ပတ်သတ်ပြီး ၀ိုင်းစုတို့ချစ်သူသက်တမ်း ၃နှစ်ကျော်ကြာလာပြီးမှ အခုလို လက်ထပ်ဖြစ်တာပါ။ သူကယောကျာ်းပီသတယ်။

တစ်ယောက်နဲ့တစ်ယောက်လဲနားလည်မှုရှိကြတဲ့အတွက်အခုလို ဘ၀လက်တွဲဖော်အဖြစ်ရွေးချယ်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။ သူမနဲ့ သူမရဲ့ချစ်သူကိုဥက္ကာကြူတို့ရဲ့ ၂၀၁၄ ဖေဖော်ဝါရီလမှာကျင်းပမဲ့ မင်္ဂလာပွဲအစီအစဉ်များကတော့ ၂၀၁၄ ဖေဖော်ဝါရီလ ၉ရက်နေ့မှာ မင်္ဂလာလက်မှတ်ရေးထိုးမည်ဖြစ်ပြီး၊ ဖေဖော်ဝါရီ ၁၀ရက်နေ့တွင် မင်္ဂလာဦးဆွမ်းကျွေး အလှူတော်မင်္ဂလာပြုလုပ်မှာ ဖြစ်ပါတယ်။ ထို့အပြင် ဖေဖော်ဝါရီ၁၄ရက် နံနက်ပိုင်းမှာ ရန်ကုန် ဆီဒိုးနားဟိုတယ်မှာ ဘိသိက်မင်္ဂလာအခမ်းအနားကို ကျင်းပသွားမှာဖြစ်ပြီး ဖေဖော်ဝါရီလ ၁၄ရက်ညပိုင်းတွင် မင်္ဂလာညစာစားပွဲကိုတော့ ရန်ကုန်မြို့က ကန်တော်ကြီးပဲလေ့စ် ဟိုတယ်မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ ပြည်သူ့ချစ်မင်းသမီးလေး ၀ိုင်းစုခိုင်သိန်းရဲ့ မင်္ဂလာသတင်းနဲ့ပတ်သတ်ပြီး သူမရဲ့ မိခင်ဖြစ်သူရဲ့ ခံစားချက်က အချိန်တန်အရွယ်ရောက်လာပြီဆိုတော့ သီးချိန်တန်သီး၊ ပွင့်ချိန်တန်ပွင့် ပေါ့နော်။ နှစ်ဖက်မိဘတွေကလဲ သဘောတူကြတယ့်အတွက် မိခင်တစ်ယောက်အနေနဲ့ဝမ်းသာပါတယ်။ လို့ပြောပြပေးခဲ့ပါတယ်။
Trend Myanmar

ကလေးအမည်တပ် လူကြီးအကြွေစေ့ လောင်းကစားဝိုင်းများ



ကလေးကစားကွင်းဟု အမည်တပ်ထားသော်လည်း လူကြီးများသာ တွေ့ရလေ့ရှိသည်။

ရန်ကုန်မြို့တော်တွင် လူနေမှု အဆင့်အတန်း မြင့်မားလာခြင်း နှင့်အတူ အပန်းဖြေစရာ အဆင့်မြင့် ကလေးကစားကွင်း၊ အဆင့်မြင့် အပန်းဖြေစင်တာများ အများအပြား ပေါ်ထွက်လာသည်။ ရန်ကုန်မြို့တော်၏ လူစည်ကားရာလမ်းမများ၊ အချက်အချာကျ သော နေရာများတွင် ဂိမ်းစင်တာများ ဖွင့်လှစ်လာသကဲ့သို့ ဈေးဝယ်စင်တာ များတွင် ဈေးဝယ်သူများ စိတ်အပန်းပြေစေရန် အပန်းဖြေ ဂိမ်းစင်တာ၊ ကလေးကစားကွင်း များပါ ထည့်သွင်း တည်ဆောက်လာသည်။

နာမည်ကျော် ကလေးကစားကွင်း၊ အပန်းဖြေကစားကွင်း များတွင် ရရှိလာသော ကူပွန်၊ အကြွေစေ့များကို လက်ဆောင် ပစ္စည်းများ လဲလှယ်ကာ အပျော်တမ်း ကစားနည်းများ ဆောင်ရွက်မှုများ ရှိသော်လည်း အချို့သော ကလေးကစားကွင်း၊ အပန်းဖြေ စင်တာများသည် အဆင့်မြင့် အကြွေစေ့ ဂိမ်းစက်များ အများစု နေရာယူလေ့ရှိသည်။

နည်းပညာ တိုးတက်လာမှုကြောင့် အကြွေစေ့ ဂိမ်းစက်များတွင် အကြွေစေ့များ ထည့်သွင်းရန်မလိုဘဲ ကစားလိုသော ငွေပမာဏကို ဂဏန်းရိုက်ထည့်ကာ ဆော့ ကစားနိုင်ပြီး အနိုင်အရှုံးကို အဆိုပါ စက်က တွက်ချက်ပေးသည် အထိပင်ဖြစ်လာသည်။ အကြွေစေ့ ဂိမ်းကစားနည်းများမှာ သီးစုံ၊ ငါးမန်း၊ ဂဏန်းထိုးသော ကစားနည်းများနှင့် အခြားသော ကစားနည်း အမျိုးပေါင်း ၂၀ ကျော်ခန့်ရှိသည်။
အပန်းဖြေ အဆင့်မြင့်ကစားကွင်းများ၊ ကလေးကစားကွင်း (Amusement Centre) ဟု အမည်တပ်ထားသော နေရာများတွင် ကလေးများထက် ဆယ်ကျော်သက်၊ လူလတ်ပိုင်းနှင့် လူကြီးပိုင်းများ အများစုကို တွေ့မြင်ရသည်။

“ပထမပိုင်းတွေတော့ နိုင်သေးတယ်။ နောက်ပိုင်း လိုက်ရင်းလိုက်ရင်းနဲ့ ကုန်သွားတာ” ဟု တာမွေမြို့နယ်တွင် နေထိုင်သူ အသက် ၃၀ အရွယ် အမျိုးသား တစ်ဦးက ပြောကြားသည်။
အကြွေစေ့ဂိမ်း များကြောင့် အခြားသူ၏ ပစ္စည်းကို လောဘဖြင့် အလွယ်ရယူ လိုသောစိတ်၊ ဂိမ်းဆော့ကစားရာတွင် ရှုံးလာပါက မိမိပိုင်ပစ္စည်းများ၊ မိသားစုဝင် များ၏ တန်ဖိုးကြီး ပစ္စည်းများကို ရောင်းချ ပေါင်နှံကစားသူများ ရှိလာရာ မိသားစုတွင် အတွင်းရန်သူ ရှိသကဲ့သို့ပင် ဖြစ်ကြောင်း သင်္ဃန်းကျွန်း မြို့နယ်၊ ငမိုးရိပ်ရပ်ကွက်တွင် နေထိုင်သူ တက္ကသိုလ်ကထိက ဆရာမ တစ်ဦးက ပြောကြားသည်။

“ရေးထားတော့ ကလေးကစားကွင်းတဲ့၊ ကလေးကစားဖို့က ဟန်ပြပဲ။ အထဲမှာ လူကြီးတွေချည်းပဲ” ဟု ကျောက်တံတား မြို့နယ်တွင် တံဆိပ်တုံးလုပ်ငန်း လုပ်ကိုင်သူ အသက် ၄၀ ကျော် အမျိုးသားတစ်ဦးက ပြောကြားသည်။

ရန်ကုန်မြို့တော်ရှိ ကလေးကစားကွင်း (Amusement Centre) များတွင် ကစားကွင်း ဝန်ထမ်းတစ်ဦးက အကြွေစေ့ ကစားသူများထံမှ အကြွေစေ့ဝယ်ခြင်း၊ ရောင်းခြင်းများ ဆောင်ရွက်ပေးသည်။

ကစားကွင်း ကောင်တာတွင် တစ်စေ့လျှင် ကျပ် ၁၀၀ ဖြင့် ရောင်းချသော အကြွေစေ့သည် ၄င်းထံတွင် ၉၅ ကျပ်ဖြင့် ဝယ်ယူနိုင်ပြီး ကစားသူက ပြန်ရောင်းလိုပါက ကျပ် ၉ဝ ဖြင့် လက်ခံဝယ်ယူသည့် လောင်းကစား ဆန်လာသော ငွေပေးငွေယူမှု များအထိ လုပ်ကိုင်လာသည်။

“ဒီအကြွေစေ့ဂိမ်း တွေကြောင့် ဘဝ ပျက်သူပျက်၊ လင်မယားကွဲ၊ ကားပါကုန်တဲ့ သူတွေရှိတယ်” ဟု ပန်းဘဲတန်းမြို့နယ်တွင် နေထိုင်သူ အသက် ၂၇နှစ်အရွယ် အမျိုးသား တစ်ဦးက ပြောကြားသည်။
ယင်းကစားကွင်း အပန်းဖြေနေရာ များကို လာရောက်ကစားသူများ အပန်းဖြေရန် အတွက်သာ တရားဝင်လိုင်စင်ဖြင့် ခွင့်ပြုထား သော်လည်း ယင်းနောက်ကွယ်တွင် မမြင်နိုင်သော လောင်းကစားပုံသဏ္ဌာန် မျိုးစုံဖြင့် လုပ်ကိုင်မှုများလည်း ရှိသည်။

“ဆိုင်ထဲမှာ ကောင်တာက အလုပ်မရှုပ်ဘူး။ ဂိမ်းစက်နားက ဝန်ထမ်းကောင်မလေး တွေက စာရွက်တွေနဲ့ ရေးမှတ်လိုက် သော့နဲ့ ပိုက်ဆံထည့်လိုက် ငွေကြေးစာရင်းမှတ် လိုက်နဲ့ အလုပ်တွေ ရှုပ်နေတာပဲ။ မဲပြီးသာ ထိုးနေကြတာ ဘယ်လို အကျိုးအမြတ်တွေ ရှိတယ်၊ ဘယ်လိုတွေ ရသလဲဆိုတာ၊ တစ်ခါတလေ လာကြည့်သူအနေနဲ့ မသိနိုင်ဘူး” ဟု သိမ်ကြီးဈေး (စီ)ရုံတွင် ဖွင့်လှစ်ထား သော ဂိမ်းစင်တာတစ်ခုကို ရောက်ရှိခဲ့သူ အသက် ၃ဝ အမျိုးသားတစ်ဦးက ပြောကြား သည်။

ဂိမ်းစင်တာ၊ အပန်းဖြေ ကစားကွင်း၊ ကလေးကစားကွင်းများကို တာဝန်ရှိသူများက ကလေးများ ပျော်ရွှင်စွာကစားရန်၊ လူကြီးများ စိတ်အပန်းဖြေရန် အတွက် ခွင့်ပြု ထားသော်လည်း ကစားကွင်း အမည်ခံကာ လောင်းကစားဆန်သော ကစားနည်းများကို ဆောင်ရွက်ရန် မသင့်ကြောင်း ရန်ကုန်တိုင်း ဒေသကြီးရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ခေတ်မီ ကလေးကစားကွင်းများ၊ အပန်းဖြေ ကစားကွင်းများ အမည်ခံကာ လောင်းကစားဆန်သည့် အကြွေစေ့ ဂိမ်းကစားမှု များသည် လူငယ်များအတွက် အကျင့်စာရိတ္တပိုင်း ဆိုင်ရာ ယိုယွင်းမှုများ ဖြစ်စေနိုင်ခြင်း တို့ကြောင့် ကြပ်မတ်စွာ ထိန်းချုပ်သင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က ပြောကြားသည်။

ရန်ကုန်မြို့တော်တွင် ဖွင့်လှစ်ထားသော ကလေးကစားကွင်း၊ အပန်းဖြေ ကစားကွင်းစင်တာများ လုပ်ကိုင်ရာတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ စီမံဌာနက တိုင်းဒေသကြီး အစိုးရ အဖွဲ့၏ ခွင့်ပြုချက်ဖြင့် ကလေးကစားကွင်း၊ အပန်းဖြေကစားကွင်း လုပ်ငန်းလုပ်ကိုင် ခွင့်ကို စိစစ်ထုတ်ပေးလျက် ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ စီမံရေးရာဌာန ထံမှ သိရှိရသည်။

အပန်းဖြေကစားကွင်း ကလေး ကစားကွင်းစင်တာများ လုပ်ကိုင်ရာတွင် ဖွင့်လှစ်မည့် မြို့နယ်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်၊ ဂိမ်းစက်ပစ္စည်းများ တရား ဝင်တင်သွင်းလာမှု စာရွက်စာတမ်းများ၊ ယင်းအဖွဲ့မှ မြေပြင်တွင် ကွင်းဆင်းစစ် ဆေးပြီး လုပ်ငန်းတည်နေရာ မီးသတ်၏ ထောက်ခံချက်၊ လျှပ်စစ်၊ ကျန်းမာရေးဌာန လုပ်ငန်းတည်နေရာနှင့် အနီးဆုံး ပတ်ဝန်းကျင် ၁၀ ဦး၏ ထောက်ခံချက်၊ လုပ်ငန်းနှင့် သက်ဆိုင်သော ဌာနဆိုင်ရာများ၏ ထောက်ခံချက်များ ပါဝင်ကာ မြို့နယ်ရုံးတွင် လျှောက်ထားရမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ (Y.C.D.C) စီမံရေးရာဌာနထံမှ သိရှိရသည်။

လျှောက်ထားရာတွင် အသုံးပြုသော ကလေးကစားကွင်း စက်ပစ္စည်းများသည် လောင်းကစားပြုသော စက်မဟုတ်ကြောင်းကို တာဝန်ခံရမည်ဖြစ်ပြီး လောင်းကစား ပြုလုပ်ပါက တည်ဆဲဥပဒေအရ အရေးယူခံရမည် ဖြစ်ကြောင်းနှင့် လိုင်စင်ပိတ်သိမ်းသည် အထိ ဆောင်ရွက်ရမည်ကို ဝန်ခံသိရှိ ကြောင်း လျှောက်ထားသူဘက်က ဝန်ခံချက် ရေးသား လျှောက်ထားရမည် ဖြစ်ကြောင်း Y.C.D.C စီမံရေးရာ ဌာနထံမှ သိရှိရသည်။
လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင် လျှောက်ထားမှုကို မြေပြင်တွင် ကွင်းဆင်းစစ်ဆေးပြီးနောက် ခရိုင်ရုံးမှ ထပ်မံစိစစ်ပြီး Y.C.D.C၊ စီမံရေးရာဌာနထံ တင်ပြရကြောင်း၊ လုပ်ငန်းလိုင်စင် ပေးရန် စီမံဌာနမှ တစ်ဆင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဝင်များ အစည်းအဝေးတွင် ခွင့်ပြုရန် သင့်မသင့် ဆုံးဖြတ်ပြီး တိုင်းဒေသကြီး အစိုးရထံ ထပ်မံတင်ပြကာ တိုင်းဒေသကြီး အစိုးရအဖွဲ့ ၏ ခွင့်ပြုချက်ဖြင့် ချထားပေးသော လုပ်ငန်းများ ဖြစ်ကြောင်း Y.C.D.C စီမံရေးရာဌာန ထံမှ သိရှိရသည်။

အပန်းဖြေကစားကွင်း စင်တာ၊ ကလေးကစားကွင်းများ လုပ်ငန်းလိုင်စင် ပေးရန် လိုအပ်ပါက စစ်ဆေးမှုများကို ထပ်မံ ဆောင်ရွက်ပြီး လတ်တလောတွင် အပန်းဖြေ ကစားကွင်းစင်တာ သုံးခုကို လုပ်ငန်းလိုင်စင် ချပေးရန် တိုင်းဒေသကြီးအစိုးရက ပြန်လည်စိစစ်ရန် အကြံပြုချက်ကြောင့် ပြန်လည် စိစစ်လျက် ရှိကြောင်း၊ အပန်းဖြေ ကစားကွင်းစင်တာ လုပ်ငန်းလိုင်စင်ပေးရန် အဆင့်ဆင့်စစ်ဆေး အတည်ပြုရ သောကြောင့် နှစ်ပတ်မှ ၄၅ ရက်ခန့် ကြာမြင့်ကြောင်း ယင်းဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“သူတို့က စက်တွေပြပြီး ဒါကို ဒီလို ဆော့ရတယ်သာ ပြောပေမယ့် သူတို့ပြောတာပဲ သိတာ။ စက်အကြောင်း၊ ဒီစက်က ဘယ်လိုလောင်းကစားနည်းနဲ့ လုပ်ရတယ် ဆိုတာ သွားစစ်တဲ့သူတွေ ကိုယ်တိုင် နားမလည်နိုင်တာမျိုး ရှိတယ်” ဟု ၄င်းက ရှင်းပြသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ဖွင့်လှစ်ထားသော အပန်းဖြေကစားကွင်းနှင့် ကလေး ကစားကွင်းဆိုင် များမှာ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၏ ထုတ်ပြန် ထားသော စည်းမျဉ်းစည်းကမ်း များအတိုင်း လိုက်နာဆောင်ရွက်ရမည် ဖြစ်သော်လည်း ဆိုင်အတွင်း ငွေကြေးလောင်းကစား ပါဝင် လာပါက သက်ဆိုင်ရာ ရဲစခန်းနှင့် တိုင်း ရဲတပ်ဖွဲ့ရုံးသို့ တိုင်ကြားနိုင်ကြောင်း ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

“ဒီဆိုင်တွေကြောင့် ကျောင်းသားတွေ လောင်းကစား လုပ်တတ်ပြီး ပျက်စီး လာကြတယ်။ ခေတ်မီအပန်းဖြေ အဆင့်မြင့် ကစားကွင်းတွေကို တိုင်းဒေသကြီး ခွင့်ပြုမိန့်နဲ့ ဖွင့်လှစ်တာ မှန်ပေမယ့် စည်ပင်က လိုင်စင်ထုတ်ပေးပြီးမှ တိုင်းဒေသကြီးကို မူသဘောအရ ခွင့်ပြုမိန့်တင်တာ။ သတ်မှတ်ချက် စည်းကမ်းတွေကို မလိုက်နာဘဲ လောင်းကစား ပြုလုပ်လာတယ်ဆိုရင် ရဲက ဖမ်းရမှာပဲ” ၄င်းက ဆက်လက်ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ခေတ်မီ ကလေးကစားကွင်း၊ ခေတ်မီအပန်းဖြေ ကစားကွင်း လုပ်ကိုင်ခွင့် လုပ်ငန်းလိုင်စင် ထုတ်ပေးထားသည်မှာ ၃၉ ခုသာရှိကြောင်း ယင်းဌာနထံမှ သိရှိရသည်။
သို့သော် အကြွေစေ့ လောင်းကစား စက်များမှာ ဆင်ခြေဖုံးမြို့နယ် များတွင် ရာနှင့်ချီ ရှိနိုင်ကြောင်း မြို့ခံအချို့က ဆိုသည်။

အကြွေစေ့ ဂိမ်းဆိုင်အများစုမှာ ရပ်ကွက်များတွင် Network ဂိမ်းဆိုင်အဖြစ် လုပ်ငန်းလိုင်စင် ယူပြီး ဆိုင်များဖွင့်ကာ ပြင်ပမှ ဆိုင်အတွင်း လွယ်ကူစွာ မမြင်နိုင် စေရန် ခန်းဆီးလိုက်ကာများကို တံခါးပေါက် အပြည့်တပ်ဆင်ထားပြီး ဂိမ်းစက်များမှ အသံများ အပြင်သို့ မကြားနိုင်စေရန် စီမံထား ကြောင်း၊ အဆိုပါဂိမ်းဆိုင်များ အနီးတွင် ရဲတပ်ဖွဲ့ဝင်များနှင့် သတင်းပေးများ စီးနင်းသော မော်တော်ဆိုင်ကယ် များကို မကြာခဏ တွေ့ရှိရသောကြောင့် သက်ဆိုင်ရာမြို့နယ် အာဏာပိုင်များနှင့် အပေးအယူ ပြုလုပ်ပြီး ဖွင့်လှစ်နေသည်ဟု ယူဆကြောင်း ရန်ကုန် တိုင်းဒေသကြီး အတွင်းရှိ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းအတွင်း ရန်ကင်း၊ တာမွေ၊ မင်္ဂလာတောင်ညွန့်၊ လသာမြို့နယ် တို့တွင် အဆိုပါဂိမ်းဆိုင်များကို အများဆုံး ဖွင့်လှစ်ထားသည်ကို တွေ့ရှိရပြီး အဆိုပါ ဂိမ်းစက်များမှာ တရုတ်နိုင်ငံမှ ဝင်ရောက်လာသော ကာစီနို လောင်းကစားစက်များ ဖြစ်ကြောင်း၊ ဂိမ်းစက်များကို ကွန်ပျူတာ ဆော့ဖ်ဝဲများဖြင့် ပြုပြင်ထားပြီး လောင်းကစားငွေ ပမာဏကိုကြည့်ကာ စက်ကို အနိုင်အရှုံး အခွင့်အရေးများ ပြုပြင်ပြောင်းလဲ နိုင်ကြောင်း မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းမှ ရဲအရာရှိ တစ်ဦးကဆိုသည်။

အကြွေစေ့ ဂိမ်းဆိုင်များတွင် ရုပ်ရည်လှပသော မိန်းကလေးဝန်ထမ်းများကို ခန့်ထားပြီး လာရောက် ကစားသူများကို အချို့ဆိုင်များတွင် ဘီယာ၊ အချိုရည်၊ စီးကရက်များကို အခမဲ့ ဝန်ဆောင်မှုပေးကာ မပြန်ချင်အောင် ဆွဲဆောင်ကြောင်း ပုဇွန်တောင် မြို့နယ်တွင်းရှိ ဂိမ်းဆိုင်အနီးတွင် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောကြားသည်။
“တရားဝင် လောင်းကစား ပြုလုပ်ခွင့် ရထားတာ ကျနေတာပဲ။ ဆိုင်ထဲမှာ ကျောင်းသားတွေနဲ့ ရပ်ကွက်ထဲက လူတွေ ကစားနေကြတာ နိုင်ငံခြားဇာတ်လမ်းခွေ တွေထဲက ကာစီနိုကြီးတွေ ကျနေတာပဲ” ဟု၎င်းက ဆိုသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသည် စည်ပင်သာယာ နယ်နိမိတ်တွင်း လုပ်ငန်းလုပ်ကိုင်ခွင့် ကိုသာ ချထားပေးခြင်းသာ ဖြစ်ပြီး အပန်းဖြေကစားကွင်း ၁၀ ခုအနက် တစ်ခုသာ လောင်းကစားဆန်သော လုပ်ကိုင်မှုများ ရှိနိုင်ကြောင်း၊ ခေတ်မီကစားကွင်း၊ အပန်းဖြေ ကစားကွင်းများတွင် မသမာသောနည်းဖြင့် လောင်းကစားဆန်သော ဆော့ကစားမှု များသည် ရဲအရေးပိုင် ဖြစ်သောကြောင့် ရဲတပ်ဖွဲ့ဝင်များက စစ်ဆေးဖော်ထုတ် အရေးယူသင့်ကြောင်း မြို့တော် စည်ပင်စီမံရေးရာဌာနမှ တာဝန်ရှိသူတစ်ဦး က ပြောကြားသည်။

“ဖမ်းချင်ရင် လမ်းဘေးဖဲဝိုင်းတောင် ဖမ်းသေးတာပဲ။ တကယ်ဖမ်းချင်ရင် မလွတ်ဘူး” ဟု ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သူ အစိုးရဝန်ထမ်း တစ်ဦးက ပြောကြားသည်။
ရန်ကုန်တိုင်းဒေသကြီးရှိ အပန်းဖြေ ကစားကွင်း၊ ကလေးကစားကွင်း များသည် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက လိုင်စင်ထုတ်ပေးထားခြင်းကြောင့် ဆိုင်တွင်း ဝင်ရောက် စစ်ဆေးရန်မှာ အခက်အခဲများ ရှိကြောင်း၊ လိုင်စင်ထုတ် ပေးသော ဌာနအနေနှင့် စည်ကမ်းချက်နှင့် အညီ ဆောင်ရွက်ခြင်းရှိမရှိကို ရှောင်တခင် စစ်ဆေးပြီး စည်ကမ်းဖောက်ဖျက်ပါက ရဲတပ်ဖွဲ့ကို အမှုဖွင့် တိုင်ကြားသင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ယခုနှစ် ဇန်နဝါရီလမှ အောက်တိုဘာ လကုန်အထိ ရန်ကုန်တိုင်းဒေသကြီးတွင် တရားမဝင် အကြွေစေ့ လောင်းကစားမှု ၁၈မှု၊ အကြွေစေ့ ဂိမ်းစက် ၂၁၆လုံး ၊ ဖမ်းမိသူ ၁၆၉ ဦးကို ဖမ်းဆီး အရေးယူထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ စာရင်းများအရ သိရှိရသည်။

ရဲတပ်ဖွဲ့ဝင်များမှာ လုံခြုံရေးတာဝန်၊ ဒုစရိုက်နှိမ်နင်းရေး တာဝန်များကို ထမ်းဆောင်နေရ သောကြောင့် အကြောင်းစုံ မသိရှိနိုင်ဘဲ ကစားကွင်းအမည်ခံ လောင်းကစားပြုလုပ်နေမှု များကို သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်သူများ၊ ကလေး မိဘများက သတင်းပေး တိုင်ကြားပါက ဖမ်းဆီးအရေးယူမည် ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိ တစ်ဦးက ရှင်းပြသည်။

“လောင်းကစားပုံစံ လုပ်ရဲတယ် ဆိုတော့ သူ့မှာ ပိုင်တဲ့သူတွေ ရှိလိမ့်မယ်။ လိုင်စင်နဲ့ဆိုတော့ ဖမ်းဖို့က မလွယ်ဘူး” ဟု ကျောက်တံတားမြို့နယ် ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

ကလေးကစားကွင်းများမှာ တရားဝင် ခွင့်ပြုလိုင်စင် ရထားသောကြောင့် ဆိုင်အတွင်း လောင်းကစားပြုလုပ်ခြင်း၊ အပျော်ကစားခြင်းကို လူထုက တိုင်ကြားနိုင်မှသာ ရဲတပ်ဖွဲ့ဝင်များက သိရှိရကြောင်း၊ ကလေးငယ်များ၏ အုပ်ထိန်းသူ မိဘများက သတင်းပေး တိုင်ကြားကြပြီး ကလေးငယ် များက အိမ်ရှိပိုက်ဆံများကို မိဘမသိအောင် ခိုးယူပြီး ဆော့ကစားခြင်း များလည်း ရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးမှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။
“ဂိမ်း (အကြွေစေ့) ဆိုင်မှာ ဝင်ကစားသူ အများစုက ရှုံးတာများတယ်။ ပိုက်ဆံ မလောက်လို့ ဆက်ကစားချင်သေးတယ် ဆိုရင် တန်ဖိုးရှိတဲ့ ပစ္စည်းပါခဲ့ရင် ဆိုင်ရှင်ဆီမှာ အပေါင်တင်ပြီး ကစားလို့ရတယ်။ ကျွန်တော့်သူငယ်ချင်း တစ်ယောက်ဆို ရှုံးတာကို ဆက်ကစားရင်း ဆိုင်ကယ်နဲ့ ဟန်းဖုန်းပါ အိမ်ပြန် ပါမလာတော့ဘူး” ဟု ပုဇွန်တောင်မြို့နယ် ညောင်တန်းအိမ်ရာတွင် နေထိုင်သူ ကိုချိုကြီးက ပြောကြားသည်။

ဂိမ်းစက်များမှာ တရုတ်နိုင်ငံမှ အများဆုံး တင်သွင်းပြီး ယခင်ဝယ်ယူစဉ် ကတည်းက စက်များကို ပြင်ဆင်ထားသဖြင့် ဆိုင်ရှင်က အနိုင် ၅၀ ရာခိုင်နှုန်း ယူဆောင်ထားပြီး ရန်ကုန်သို့ ရောက်ရှိချိန်တွင် စက်များကို ထပ်မံ ပြင်ဆင်သောကြောင့် နိုင်ခြေရာခိုင်နှုန်း နည်းကြောင်း တောင်ငူတွင် အကြွေစေ့လုပ်ငန်း လုပ်ကိုင်သူ တစ်ဦး၏ ဆွေမျိုးတော်စပ်သူ တစ်ဦးက ရှင်းပြသည်။

ဂိမ်းစင်တာများတွင် အကြွေစေ့များ ကို ပြန်မလဲပေးဟု ဆိုသော်လည်း နောက်ကွယ်တွင် ပြန်လဲပေးနေမှုများ ရှိသည်ကို ကြားသိရပြီး ယင်းကဲ့သို့ ပြုလုပ်နေမှုများကို ပြည်သူလူထုက သိရှိပါက သတင်းပေး တိုင်ကြားသင့်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးက ဆိုသည်။
“အကြွေစေ့နဲ့ ဂိမ်းဆော့ရုံလောက်နဲ့တော့ လောင်းကစားမှု မမြောက်ပါဘူး။ အကြွေစေ့ကို ငွေနဲ့ပြန်လဲပေးတယ် ဆိုရင် လောင်းကစားမှု မြောက်တယ်။ ဒါတွေကို ရဲတွေက ဖော်ထုတ်ရမယ်” ဟု ၄င်းက ဆိုသည်။

လောင်းကစားဟု ဆိုရာတွင် ၁၉၈၆ ခုနှစ် လောင်းကစား အက်ဥပဒေအရ လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် ဖဲ၊ အံစာ၊ မာကျောက်၊ တုံကင်၊ ဒင်္ဂါး၊ ဇယ်ပြား၊ ကစားခုံ၊ ကစားခွက်၊ ဇယား၊ ကားချပ်၊ သေတ္တာ၊ ပုံစံ၊ လက်မှတ် စာရင်းများ၊ လောင်ကစားရန် ပြုလုပ်ထားသော အသုံးပြုနိုင်သော အရာများ လောင်ကစားရာတွင် အသုံးပြုသော တိရိစ္ဆာန်၊ ယာဉ်တို့ ပါဝင်ကြောင်း အဆိုပါ ဥပဒေတွင် ဖော်ပြထားသည်။

လောင်းကစား ပြုလုပ်သူကို လောင်းကစားပုဒ်မ ၁၃/က အရ ထောင်ဒဏ် ခြောက်လမှ တစ်နှစ်ထိ ချမှတ်နိုင်ပြီး ငွေဒဏ်တစ်ထောင်ပါ ထပ်လောင်း ချမှတ်နိုင်ကြောင်း၊ လောင်းကစားဒိုင်ကို လောင်းကစားပုဒ်မ ၁၄/က အရ ထောင်ဒဏ်တစ်နှစ်မှ သုံးနှစ်ထိ ချမှတ်နိုင်ပြီး ဒဏ်ငွေ တစ်ထောင်မှ ငါးထောင်ထိ ထပ်လောင်း ချမှတ်နိုင် ကြောင်း ၄င်းက ရှင်းပြသည်။

အပန်းဖြေ ကစားကွင်း (Amusement Centre) များတွင် အကြွေစေ့ ကစားနည်းများကို လောင်းကစားသဖွယ် ပြုလုပ်နေခြင်း များကို အများပြည်သူက အမှုဖွင့် တိုင်ကြားမှသာ အရေးယူခြင်းထက် ရဲတပ်ဖွဲ့ဝင်၊ စည်ပင်ဝန်ထမ်း၊ အုပ်ချုပ်ရေး အဖွဲ့က သိရှိပါက ရှောင်တခင် စစ်ဆေးခြင်း များကို ထိထိရောက်ရောက် ဖမ်းဆီးဆောင်ရွက် အရေးယူသင့်ကြောင်း သင်္ဃန်းကျွန်း မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က ပြောကြားသည်။
“ပြည့်တန်ဆာ ဖမ်းတာတောင် အသွင်ယူပြီး ဖမ်းသေးတာပဲ။ ဒီနေရာတွေမှာ အသွင်ယူဖမ်းဖို့ ဘာလို့ ခက်နေတာလဲ။ ဖမ်းမယ်ဆိုရင် ဖြစ်ပါတယ်” ဟု သင်္ဃန်းကျွန်း မြို့နယ်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ဦးကျော်က ပြောကြားသည်။

ခေတ်မီ ကလေးကစားကွင်း၊ အပန်းဖြေ ခေတ်မီ ကစားကွင်းများကို စစ်ဆေးသူများ အနေနှင့် ကစားကွင်းများတွင် ထည့်သွင်းထားသော ကစားသည့် ပစ္စည်းများကို တတ်ကျွမ်းနားလည်သူ ပါဝင်ရန် လိုအပ်ပြီး၊ လောင်ကစားအသွင်ဖြင့် ဆောင်ရွက်နိုင်သော ဂိမ်းစက်ပစ္စည်းများ ပါဝင်ပါက ပြင်းပြင်းထန်ထန် ဒဏ်ရိုက်ခြင်း၊ အရေးယူခြင်းများ ဆောင်ရွက်သင့်သည်။

“လောင်းကစားလုပ်တယ်လို့ ကြားတာ သိတာဆိုရင် ရဲက အရေးယူသင့်တယ်။ တရားဝင် လုပ်ခွင့်ပေးလို့ ဆိုတာ ကစားကွင်း လုပ်ငန်းလုပ်ခွင့် လိုင်စင်ပဲပေးတာ။ လောင်းကစား လုပ်ဖို့ပေးတာ မဟုတ်ပါဘူး။ လိုင်စင်ပဲ ထုတ်ပေးတဲ့ အဖွဲ့အစည်း ဖြစ်တာကြောင့် ရဲလို ဝင်ရှာဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ သူတို့က စုံစမ်းရှာဖွေ ဖမ်းဆီးသင့်တယ်” ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ စီမံရေးရာဌာန တာဝန်ရှိသူတစ်ဦးက ထောက်ပြ ပြောကြားသည်။

လောင်းကစား ပပျောက်ရန် လုပ်ဆောင် နေမှုများ ရှိသော်လည်း အပန်းဖြေကစားကွင်း အချို့တွင် လောင်းကစားဆန်သော ကစားနည်းများ ဆောင်ရွက်မှုသည် တရားဝင် လောင်းကစားလုပ်ခွင့် ပြုထားသည်ဟု အများပြည်သူ ထင်မြင်စေသောကြောင့် ထိရောက်စွာ အရေးယူသင့်ကြောင်း ပန်းဘဲတန်းမြို့နယ် အမှတ် (၁၀)ရပ်ကွက်တွင် နေထိုင်သူ အမျိုးသားတစ်ဦးက ပြောကြားသည်။

လောင်းကစားဆန်သော အပန်းဖြေ ကစားကွင်းများကို ထိရောက်သော အရေးယူမှုများ ဆောင်ရွက်ခြင်းမရှိပါက၊ အခြားသော ကလေးကစားကွင်း များကို ထိခိုက်နစ်နာ စေသောကြောင့် ထိရောက်စွာ အရေးယူသင့်ကြောင်း (Y.C.D.C) စီမံရေးရာဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

အဆိုပါကာစီနို အကြွေစေ့ လောင်းကစား လုပ်ငန်းများ တရားဝင် ဖွင့်လှစ်ခွင့်ပေးကာ အစိုးရမှ အခွန်ကောက်ခံခြင်း၊ လာရောက် ကစားသူများထံမှ အခွန် စည်းကြပ်ပါက အစိုးရအနေနှင့် အခွန်ရရှိနိုင်မည် ဖြစ်သည်။ သို့သော် တရားဝင်ဖွင့်ခွင့် ပေးရန် အစီအစဉ် မရှိပါက ဥပဒေအရ ကြပ်ကြပ်မတ်မတ် အရေးယူရန် လိုအပ်မည်ဖြစ်သည်။

လက်ရှိကာလသည် တိုင်းပြည်မှာ ဖွံ့ဖြိုးဆဲကာလ ဖြစ်သောကြောင့် ပြည်သူများကို ဆင်းရဲတွင်းနက်စေသော ကာစီနို လောင်းကစား လုပ်ငန်းများကို ခွင့်ပြုရန် မသင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် တစ်ဦးနှင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ အရာရှိကြီးတစ်ဦးက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်း အကြွေစေ့ကစားနည်း ရှိသော ကစားကွင်းအချို့၊ ဂိမ်းစင်တာ အချို့တွင် လောင်းကစားသဖွယ် ပြုလုပ်နေသည်ကို တိုင်စာများ ရရှိသောကြောင့် မြို့နယ်တိုင်းတွင် ရှာဖွေစုံစမ်းကာ အချို့ဆိုင်များကို လောင်းကစား ပြုလုပ်နေကြောင်း လက်ရဖမ်းဆီးခြင်း မရှိသော် လည်း ဆိုင်ဖွင့်ခွင့် လိုင်စင်များ ပြန်လည် ရုပ်သိမ်းထားကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့ဝင် များမှလည်း ဆိုင်အတွင်း လောင်းကစား ပြုလုပ်နေသည်ဟု သတင်းရရှိသော ဆိုင်များကို ဖမ်းဆီးနိုင်ရေး အတွက် ကြိုးစားဆောင်ရွက်လျက် ရှိကြောင်း ၄င်းကဆိုသည်။
ကလေးအမည်တပ် လူကြီး အကြွေစေ့ လောင်းကစားဝိုင်းများကား တွင်ကျယ်ဆဲ။

The Voice

တရုတ်ပျော်တော်ဆက် ဇနီးအဖြစ် ရောင်းချခံရသော မြန်မာအမျိုးသမီးများ ပေါက်ဈေး ၂၅ သိန်းမှ သိန်း ၅၀ ကြားရှိ


မြန်မာ-တရုတ်နယ်စပ် ၀င်ပေါက် ထွက်ပေါက် တစ်ခုဖြစ်သော မူဆယ်-ကျယ်ဂေါင် နယ်စပ်ဂိတ်အား တွေ့ရစဉ်

တရုတ်ပျော်တော်ဆက် ဇနီးအဖြစ် ရောင်းချခံရသော မြန်မာအမျိုးသမီးများ ပေါက်ဈေး ၂၅ သိန်းမှ သိန်း ၅၀ ကြား ရှိနေကြောင်း သိရသည်။

တရုတ်ဇနီးအဖြစ် ရောင်းစားခြင်းခံရသော မြန်မာအမျိုးသမီးများမှာ ခြောက်လခန့် အကြာတွင် အခြားတရုတ် တစ်ယောက်ထံငွေဖြင့် ထပ်မံရောင်းစားခြင်း ခံနေရကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာနမှ သိရသည်။

မကြာသေးမီက မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားထားချက်အရ မြန်မာအမျိုးသမီးများ လူကုန်ကူးခံရမှု၏ ၈၀ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံသားတို့၏ ဇနီး၊မယားအဖြစ် ရောင်းသည့်အတွက် ယင်းသို့ ဖြစ်ပေါ်နေခြင်းမှာ လူကုန်ကူးခံရမှု အခြေအနေများတွင် ပိုမိုစိုးရိမ်ဖွယ် အနေအထား တစ်ခုသို့ ရောက်ရှိနေကြောင်း သိရသည်။

လူမှုဝန်ထမ်း ၀န်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထွန်းခိုင်က ''တရုတ်ကို ရောင်းစားခံပြီးသွားတဲ့ အမျိုးသမီးတွေဟာဆိုရင် တရုတ်မယားအဖြစ် ပေါင်းသင်းခြင်းကို အများဆုံးခံရတယ်။ ပြီးတော့လုပ်ခ လစာလည်း မရဘူး။ ခေတ်သစ် ငွေဝယ်ကျွန် ဖြစ်သွားတယ်။ နောက်ပြီး ကျွန်တော်တို့ စစ်ဆေးတွေ့ရှိချက် အရမှာတော့ တရုတ်အိမ်ရောက်ပြီး ခြောက်လခန့် ကြာတဲ့အခါမှာ အခြားတရုတ် တစ်ယောက်ထံကို ငွေနဲ့ပြန်ရောင်းစားခြင်းတွေ ဖြစ်ပေါ်နေတယ်'' ဟု ပြောကြားသည်။

တရုတ်နိုင်ငံ၏ ထုံးတမ်းအစဉ်အလာ တစ်ရပ်ဖြစ်သော တစ်အိမ်ထောင် သားသမီးတစ်ယောက် စနစ်တွင် အမျိုးသမီးများ ရှားပါးမှု ကြုံတွေ့လာမှုနှင့် ယင်းနိုင်ငံတွင် လက်ထပ်ရန်အတွက် မြန်မာငွေကျပ်သိန်း ၁၀၀ ခန့် ရှိနေသဖြင့် အိမ်နီးချင်း နိုင်ငံများမှ အမျိုးသမီးများကို ဈေးပေါပေါနှင့် ၀ယ်ယူရရှိခြင်းတို့ကြောင့် ဇနီးအဖြစ်ယူခြင်း၊ ပြည့်တန်ဆာအဖြစ် ခိုင်းစေခြင်း၊ အတင်းအဓမ္မ ထိမ်းမြားခြင်းတို့ ဖြစ်ပေါ်နေရကြောင်း လူကုန်ကူးတားဆီး နှိမ်နှင်းရေးတပ်ဖွဲ့မှ သိရသည်။

ယင်းအခြေအနေမှာ မြန်မာနိုင်ငံသို့ အများစုထိခိုက်မှု ဖြစ်ပေါ်နေပြီး ယခုနှစ်နောက်ပိုင်းများတွင် လူကုန်ကူးခံရမှု မြင့်တက်လာကာ အဓိက ဆက်သွယ်ခံရသည့် နိုင်ငံမှာ တရုတ်နိုင်ငံဖြစ်နေပြီး လူကုန်ကူး ပွဲစားများထံမှ ၀ယ်ယူရာတွင် မြန်မာအမျိုးသမီးများကို ကျပ် ၂၅ သိန်းနှင့် သိန်း ၅၀ အကြား ပေးနေကြောင်းကို စစ်ဆေးတွေ့ရှိ ရကြောင်းလည်း သိရသည်။

မြန်မာနိုင်ငံ အစိုးရအဖွဲ့ အနေဖြင့် ယင်းအခြေအနေကို ထိန်းချုပ်တားဆီးနိုင်ရန် တရုတ်နိုင်ငံမှ တာဝန်ရှိသူများနှင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဖြစ်ကြောင်း၊ လူကုန်ကူး တားဆီးနှိမ်နှင်းရေး တပ်ဖွဲ့စု ၂၇ ဖွဲ့အား အင်အားတိုးချဲ့ သွားမည်ဟုလည်း လူကုန်ကူး တားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားထားသည်။

ဆင်းရဲနွမ်းပါးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးခြင်း၊ မိသားစုအတွင်း အကြမ်းဖက်မှု ကျူးလွန်ခြင်း၊ ပဋိပက္ခများနှင့် စစ်ဖြစ်ပွားမှု အခြေအနေရှိခြင်း၊ သဘာဝဘေးကပ် ကျရောက်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံ ခံရခြင်းတို့မှာ လူကုန်ကူးခံရမှု ဖြစ်ပွားနေရခြင်း၏ အဓိကအကြောင်းအရာ ဖြစ်နေကြောင်းလည်း သိရသည်။

လူကုန်ကူးမှုနှင့် ပတ်သက်၍ တရားဝင် ထုတ်ပြန်ထားသော အချက်အလက်များအရ ယခုနှစ်ပိုင်းတွင် လူကုန်ကူးမှုများ ပိုမိုများပြား လာသဖြင့် လက်ရှိသမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်၌ လူကုန်ကူးမှုများ ပိုမိုမြင့်တက်လာသည်ကို တွေ့ရသည်။

လူကုန်ကူးမှု အမှုအရေအတွက်မှာ နှစ်စဉ် ၅၀ ကျော်မှ ၂၀၀ နီးပါးအထိ ရှိနေကြောင်း၊ လူကုန်ကူးခံရ သူများမှာလည်း ၂၀၀ ခန့်မှ ၄၀၀ ၀န်းကျင်ထိ ရှိနေပြီး အမျိုးသမီးများနှင့် ကလေးငယ်များမှာ အများဆုံး ဖြစ်နေကြောင်း သိရသည်။ ၁၉၉၂ ခုနှစ်မှ ၂၀၁၃ ခုနှစ် အောက်တိုဘာလအထိ တရုတ်၊ ထိုင်း အပါအ၀င် နိုင်ငံပေါင်း ငါးနိုင်ငံမှ ပြန်လည် ကယ်ဆယ်ခဲ့ရသော လူကုန်ကူးခံရသူ ၂၀၀၀ ကျော်အထိ ရှိခဲ့ကြောင်း လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ၀န်ကြီးဌာနမှ သိရသည်။

အထူးသဖြင့် ရှမ်းပြည်နယ်အတွင်း လူကုန်ကူးခံရသည့် အမျိုးသမီးများမှာ ၀င်ငွေရ တရားဝင်လုပ်ငန်း နည်းပါးမှုကြောင့် တစ်ဖက်နိုင်ငံသို့ ပြန်လည်ရောက်ရှိ ရသူများလည်းရှိကြောင်း လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ထွန်းခိုင်က ပြောကြားသည်။

''ယနေ့မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ ချမ်းသာလာသော အချို့သော စီးပွားရေး လုပ်ငန်းရှင်ကြီးများ ရှိလာသော်လည်း ပြည်သူအများစုမှာမူ ဆင်းရဲတွင်းနက်နေဆဲ ဖြစ်သည်ကို တွေ့ရသည်။ အချို့က အဆိုပါ လုပ်ငန်းရှင်များ ရှိသောကြောင့် လုပ်သားထောင်ပေါင်းများစွာ အလုပ်အကိုင် ရရှိနေသည်ဟု ပြောဆိုငြားလည်း တစ်ပြေးညီ ပြိုင်ဆိုင်မှု ကင်းမဲ့သော ဈေးကွက်စီးပွားရေး အခင်းအကျင်းကြောင့် မြန်မာလူမျိုး သန်းပေါင်းများစွာ အလုပ်လက်မဲ့ ဖြစ်နေခြင်းနှင့် မြန်မာလူမျိုး သန်းပေါင်းများစွာ ပြည်ပနိုင်ငံများတွင် ရရာအလုပ် (အောက်ခြေသိမ်း အလုပ်များ အပါအ၀င်) လုပ်နေရခြင်း၊ လူကုန်ကူးခြင်းများ ခံနေရခြင်းနှင့် မက်ခရို စီးပွားရေးအင်အား နိမ့်ကျခြင်း ဖြစ်သကဲ့သို့ မြန်မာ့စီးပွားရေးမှာလည်း လူတစ်ဦးချင်း ၀င်ငွေအရ အာဆီယံ အဖွဲ့ဝင်နိုင်ငံ များထဲတွင် အောက်ဆုံးအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်'' ဟု ဆောင်းပါးရှင် ဒေါက်တာအောင်ကိုကို၏ ဆောင်းပါးတွင် ထည့်သွင်းသုံးသပ် ထားသည်ကို တွေ့ရသည်။

''လူကုန်ကူးမှုတွေ မြင့်တက်နေတယ် ဆိုတာ တိုင်းပြည်ဆင်းရဲလို့ပါ။ ဒါကြောင့် ပြည်ထောင်စု ၀န်ကြီးတွေ အနေနဲ့ မဖြစ်နိုင်တဲ့ လစာ ၆ သိန်းတို့ သမ္မတလစာ ၁၅ သိန်းတို့ လျှော့ယူမယ်ဆိုတဲ့အစား ပြည်သူတွေရဲ့ လက်တွေ့ဆင်းရဲ မှုတွေကြောင့် လူကုန်ကူး ခံရတာတွေကို အဲဒီနယ်စပ်ဂိတ်တွေမှာ သွားထိုင်စောင့် ကြည့်သင့်တယ်'' ဟု စီးပွားရေး လုပ်ငန်းရှင် တစ်ဦးဖြစ်သူ ကိုဘိုဘိုက သုံးသပ်ခဲ့ပါသည်။

EMG

အတုများ ပေါ်လာပြီးနောက် ဂျပန်လူငယ်များ မိန်းမအစစ်ကို အချစ်တော့သဖြင့် မီဒီယာများမှ လူငယ်များကို လိင်မှုကိစ္စကို စိတ်ဝင်စားရန် ဆော်ဩလာ



ဂျပန်တွင် ယခုအခါ အမျိုးသမီးများထက် ကွန်ပျူတာနှင့် အတုအယောင် ဂိမ်းဇာတ်ရုပ်များကို ပိုမိုစွဲလမ်း ချစ်ခင်သည့် အိုတာကူခေါ် အမျိုးသားထုတစ်ရပ် ပေါ်ပေါက်လာခဲ့သည်။

မီးခလုတ်များကို လိုက်ပိတ်ပြီးနောက် အခန်းတံခါးကို ဆွဲပိတ်ကာ သော့ခတ်လိုက်သည်။ ထိုအခန်းကို မည်မျှအချိန်ကြာကြာ ပိတ်ထားရမည် မသိသေး။ ဂျပန်နိုင်ငံ၊ ဟော်ကိုင်ဒိုရှိ ဆေးရုံတစ်ခုမှ သားဖွားဆောင် အခန်းကို ပိတ်ပစ်လိုက်ခြင်း ဖြစ်သည်။ ယင်းသည် ဂျပန်နိုင်ငံတွင် ကလေးမွေးဖွားမှုနှုန်း ကျဆင်းလာခြင်း၏ ပြယုဂ်တစ်ခု ဖြစ်ပြီး ဆန်းကျယ်သော အကြောင်းအရာ တစ်ခု၏ ဂယက်ရိုက်ခတ်မှုဟုလည်း ဆိုနိုင်သည်။ အာရှတိုက်၏ အထင်ကရ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံကြီးတွင် လူငယ်များ ကလေးမွေးဖွားနှုန်း သိသိသာသာ လျော့နည်းလာသည်။ အဘယ်ကြောင့်နည်း။ အဖြေက အမျိုးသားများက အမျိုးသမီး အစစ်များကို စိတ်မဝင်စားတော့၍ ဖြစ်လေသည်။

မိန်းကလေးအစစ်ကို မချစ်တတ်တော့သည့် ဂျပန်လူငယ် အမျိုးသားများ

ဂျပန်နိုင်ငံတွင် (၂၀၆၀)ပြည့်နှစ်၌ လက်ရှိလူဦးရေ၏ (၃)ပုံ(၁)ပုံမျှ လျော့နည်းသွားနိုင်ကြောင်း သုတေသီ များက သတိပေးထားသည်။ အကြောင်းအမျိုးမျိုးကြောင့် ကလေးမွေးဖွားမှုနှုန်း ကျဆင်းလာပြီး ယင်းတို့ အနက် အထူးခြားဆုံးနှင့် အဆီအငေါ် အတည့်ဆုံး ပြဿနာ တစ်ရပ်မှာ လူငယ် အမျိုးသားများက လူငယ် အမျိုးသမီးများကို လိင်ပိုင်းဆိုင်ရာ စိတ်ဝင်စားမှု နည်းပါးသွားခြင်း ဖြစ်သည်။ ဂျပန်တွင် ယခုအခါ အမျိုးသမီးများထက် ကွန်ပျူတာနှင့် အတုအယောင် ဂိမ်းဇာတ်ရုပ်များကို ပိုမိုစွဲလမ်း ချစ်ခင်သည့် အိုတာ ကူခေါ် အမျိုးသားထုတစ်ရပ် ပေါ်ပေါက်လာခဲ့သည်။ ၎င်းတို့သည် လိင်သာယာမှုကို လက်တွေ့ လောက ထက် အတုအယောင် လောကတွင်သာ ရှာဖွေ ပျော်မွေ့နေသူများလည်း ဖြစ်ကြသည်။

ဂျပန်နိုင်ငံတွင် ဂိမ်းနှင့် ကာတွန်းဇာတ်ရုပ် မိန်းကလေးများကို စွဲလမ်းနှစ်သက်မှုသည် တရိပ်ရိပ် တိုးပွားလာ နေသည်။ လူဦးရေ (၃၅)သန်း နေထိုင်သည့် တိုကျိုမြို့တော်ကြီးတွင် အိုတာကူ လူတန်းစားတစ်ရပ် လျင်လျင်မြန်မြန် ကျယ်ပြန့်ဖြစ်တည်လာခဲ့သည်။ တိုကျိုတွင် အေကီဟာဘာရာဆိုသော အရပ်ဒေသ တစ်ခုရှိသည်။ ယင်းကို အိုတာကူတို့၏ နိဗ္ဗာန်ဘုံဟု တင်စားကြသည်။ အသက်(၂၀)ဝန်းကျင် လူငယ်များ သည် ကိုယ်ပိုင် ဖန်တီးထားသည့် စိတ်ကူးယဉ် ကမ္ဘာငယ်များဖြင့် အေကီဟာဘာရာတွင် ပျော်မွေ့နေ ကြသည်။ ယင်းနေရာတွင် Anime ကာတွန်းနှင့် ဂိမ်းအမျိုးမျိုးကို စုံလင်စွာ ရွေးချယ် ဝယ်ယူနိုင်ပြီး ဂိမ်းချစ် သူများ အကြိုက်ဆုံး ဆွဲဆောင်မှုလည်း ဖြစ်နေသည်။ ထို့နောက်ပိုင်းတွင် 3Dနည်းပညာဖြင့် ဖန်တီးထား သည့် အမျိုးသမီးငယ် ပုံရိပ်များသည် လူငယ် အမျိုးသားတို့၏ စိတ်အာရုံကို အဓိက လွှမ်းမိုး ချုပ်ကိုင် သွားတော့သည်။

"ခုချိန်မှာ ဂျပန်က အမျိုးသားလူငယ် တော်တော်များများဟာ လိင်မှုဘဝနဲ့ သွေးသားဆာလောင်မှုမှာ ထုံထိုင်းမှိုင်းဝေပြီး တက်ကြွမှု တော်တော် နည်းသွားပြီ"ဟု ဂျပန် မိသားစု စီမံကိန်းဌာနမှ ကူနီယို ကီတာ မာရာက မှတ်ချက်ပြုခဲ့သည်။ ဂျပန်တွင် ချစ်သူစုံတွဲ အဖြစ်မှ ပြတ်စဲလမ်းခွဲမှုများ သိသာစွာ မြင့်တက် လာသလို (၂၀၁၀)ပြည့်နှစ်က ဂျပန်နိုင်ငံ ကျန်းမာရေး ဝန်ကြီးဌာနက ကောက်ယူသည့် စစ်တမ်းတွင် အသက်(၁၆)နှစ်မှ (၁၉)နှစ်ကြား အမျိုးသား လူငယ်များ၏ (၃၆)ရာခိုင်နှုန်းသည် လိင်ကိစ္စကို လုံးဝ စိတ်မဝင်စားတော့ကြောင်း တွေ့ရှိလာခဲ့သည်။ ယင်းသည် (၂၀၀၈)ခုနှစ်ကထက် (၂)ဆတိုးလာခြင်းလည်း ဖြစ်သည်။ လက်ရှိတွင် အမျိုးသား လူငယ်များ၏ ချစ်ခြင်းမေတ္တာသည် အတုအယောင် မိန်းကလေးများ အတွက်သာ ဖြစ်တည်နေတော့သည်။

"အိုတာကူ နှစ်ယောက်ကို တွေ့ဖူးတယ်။ သူတို့နှစ်ယောက်လုံးက အတုအယောင် မိန်းကလေးတွေရဲ့ ချစ်သူအဖြစ်ပဲ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ထားကြတာပါ။ တကယ်တော့ သူတို့ရဲ့ ချစ်သူဆိုတာ Nintendo ဂိမ်းထဲက မိန်းကလေးတွေပါပဲ"ဟု BBCမှ အနီတာ ရာနီက ပြောကြားခဲ့သည်။ Love Plus အမည်ရှိ ကွန်ပျူတာဂိမ်းသည် သေးငယ်ပေါ့ပါးသည့် Tablet ကွန်ပျူတာလေးများတွင် ဆော့ကစားရလေ့ ရှိသော ချစ်သူရည်းစားထားသည့် ဂိမ်းမျိုးဖြစ်သည်။ နူရီကန်နှင့် ယူဂီတို့သည် ရင်ကိုနှင့် နီနီဟု အမည်ပေးထား သည့် ကွန်ပျူတာဂိမ်း ချစ်သူနှစ်ဦးမှလွဲလျှင် မည်သည့် မိန်းကလေးကိုမျှ စိတ်မဝင်စားကြချေ။ ပန်းခြံထဲတွင် ချိန်းတွေ့ရန်၊ ချစ်သူကို မွေးနေ့လက်ဆောင် ကိတ်မုန့်ဝယ်ပေးရန် Love Plusက လမ်းဖွင့်ပေးထားပြီး ယင်းဘဝတွင်ပင် သာယာနေကြသည်။

"ကျွန်တော်တို့ အထက်တန်း ကျောင်းသား ဘဝကတည်းက စိတ်ကူးယဉ်ထားတဲ့ ချစ်သူမျိုးကို ပိုင်ဆိုင် နေပြီလေ"ဟု နူရီကန်က ဂုဏ်ယူစွာ ဆိုသည်။ ၎င်းသည် ဂိမ်းကစားတိုင်း အသက်(၁၅)နှစ်အရွယ် ခံစားချက် မျိုးဖြင့် တက်ကြွနေသော်လည်း လက်တွေ့တွင် အသက်(၃၈)နှစ် ရှိနေပြီ ဖြစ်သည်။ အိမ်ထောင် ပြုရန် စိတ်မဝင်စားဘဲ ၎င်း၏ စိတ်ခံစားချက် အားလုံးကို ဂိမ်းထဲမှ မိန်းကလေး ရင်ကိုထံတွင်သာ နူရီကန်က မြှုပ်နှံပေးထားသည်။ "ကျွန်တော် အချိန်ပေးနိုင်ရင် ပေးနိုင်သလောက် ကျွန်တော့် အချစ်ရေးက တည်မြဲနေမှာပဲလေ"ဟု အသက်(၃၉)နှစ် ရှိပြီဖြစ်သော ယူဂီက ပြောဆိုခဲ့သည်။ ၎င်းက "ဂိမ်းထဲမှာ ကျွန်တော်တို့ တူတူ ကျောင်းသွားကြတယ်။ ကျောင်းဆင်းရင် ဂိတ်ပေါက်မှာ ချိန်းထားပြီး ကျွန်တော်တို့ တူတူ ပြန်လာတယ်။ ဒီဂိမ်းထဲမှာ ကျွန်တော့်အသက်က (၁၇)နှစ်လေ"ဟုလည်း ယူဂီက ဆိုသည်။

၎င်းသည် ဂိမ်းထဲမှ ချစ်သူမိန်းကလေး နီနီနှင့် အပြင်လောကတွင် တွေ့ဆုံရသည်ဟု စိတ်ကူးယဉ် ဖူးကြောင်းလည်း ယူဂီက ဝန်ခံခဲ့သည်။ နူရီကန်နှင့် ယူဂီတို့၏ စွဲလမ်းမှုအရ အိုတာကူ ပြဿနာသည် လူငယ်ပိုင်းတွင်သာမက၊ လူလတ်ပိုင်းသို့ပါ ကူးစက်လာကြောင်း ထင်ရှားလျှက်ရှိသည်။ ဂျပန်နိုင်ငံတွင် စုံတွဲများထံ ကောက်ယူသော စစ်တမ်းအရ ဖိုမဆက်ဆံမှုသည် သိသာစွာ ကျဆင်းလာနေကြောင်းလည်း သတင်းများက ဆိုသည်။ စုံတွဲ အားလုံး၏ (၂၇)ရာခိုင်နှုန်းကသာ ၎င်းတို့အနေဖြင့် အပတ်စဉ် ချစ်တင်း နှီးနှောဖြစ်ကြောင်း ဝန်ခံခဲ့ကြသည်။ လက်ထပ်မှုနှုန်းမှာလည်း ဆုတ်ယုတ်လာနေသလို ကလေးမွေးဖွား မှုနှုန်းလည်း နည်းပါးသွားသည်။ အခြေတကျ လက်မထပ်မီ ကလေးယူမှုသည် (၂)ရာခိုင်နှုန်းအောက်သာ ရှိတော့သည်။

ဂျပန်မီဒီယာ အများအပြားကလည်း လက်ရှိ အခြေအနေကို ဝေဖန် ရေးသားမှုများ ပြုလုပ်နေပြီး ဂျပန် အမျိုးသားများ အနေဖြင့် ပိုမို၍ လူလားမြောက်ပြီး လိင်မှုကိစ္စကို စိတ်ဝင်စားရန် ဆော်ဩလာကြသည်။ ဂျပန် လူမှုရေး သုတေသီ အချို့ကမူ နိုင်ငံ၏ လူဝင်မှု စည်းမျဉ်းများ တင်းကျပ်လွန်းပြီး ကမ္ဘာအရပ်ရပ်နှင့် ထိတွေ့မှု အပိုင်းတွင် အကဲဆတ်လွန်းခြင်းကလည်း ယခုပြဿနာများ၏ တစ်စိတ် တစ်ဒေသဟု သုံးသပ် ထားကြသည်။

From : ..planet

Friday, November 15, 2013

တရုတ် နိုင်ငံသားတို့ ကလေး ၂ ယောက် မွေးလို့ရပြီ



တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှာ ၁၉၇၀ ကျော် နောင်းပိုင်းကစလို့ ချမှတ် ထားတဲ့ One Child Policy ကို ပယ်ဖျက်လိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။ ပယ်ဖျက်တယ်ဆိုတာထက် ပြင်ဆင်တယ်ဆိုရင် ပိုမှန်ပါမယ်။

ယခု ချမှတ်လိုက်တဲ့ တိုင်းပြည် လူဦးရေ ထိန်းချုပ်ရေး ပေါ်လစီအရ သားသမီး ၂ ဦးအထိ ယူနိုင်ကြောင်း သိရ ပါတယ်။ ဒီအတွက် နောက်နှစ်ပေါင်းများစွာအထိ သေချာတွက်ချက်ပြီးတော့ ပြန်လည် ပြင်ဆင် လိုက်ခြင်း ဖြစ်ပါတယ်။ One Child Policy အရ Social Problem တွေအများကြီးကို ရင်ဆိုင်ခဲ့ရ တာကြောင့် ဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်မှာတောင် အမျိုးသမီးဦးရေ ၁၀၀ ရှိရင် အမျိုးသားက ၁၁၈ ဦး ရှိပါတယ်။ အမျိုးသား ၁၈ ယောက် လောက်က ၁၀၀ အချိုးမှာ ပိုနေပြီး လူဦးရေ သန်း ၁၅၀၀ နီးပါး ရှိတဲ့ တရုတ်ပြည်မှာ အိမ်ထောင် မကျတဲ့ အမျိုသား ဦးရေက သန်း ရာကျော် ရှိလာစေ ပါတယ်။

One Child Policy ကြောင့်မို့ အမျိုးသားကိုပဲ အများစု လိုချင်တဲ့ တရုတ် မိသားစုတွေဟာ မိန်းကလေး မွေးရင် စွန့်ပစ်တာတို့ ကိုယ်ဝန်ဖြတ်ချ တာတို့ လုပ်ကြပါတယ်။ ဒါကြောင့် လူမှုရေး ပြဿနာတွေ ပိုဖြစ် လာခြင်း ဖြစ် ပါတယ်။ ဒါကြောင့်မို့ ဥပဒေကို ပြန်လည်ပြင်ဆင်ရန် ကြိုးပမ်းခြင်း ဖြစ် ပါတယ်။ သို့ပေမယ့် မိဘ ၂ ပါးက တစ်ဦးတည်းသောတွေ မဟုတ်ရင်တော့ ၂ ယောက်ယူခွင့်မရှိပါဘူး။ အရင်တုန်းက ဥပဒေ အရ ပထမ ယူတဲ့ သားသမီးက သမီးဖြစ်နေရင် နောက်တစ်ယောက် ထပ်ယူခွင့်ရှိပါတယ်။ ဒါကလည်း လူတိုင်းမဟုတ်ပဲ စည်းမျဉ်း ဥပဒေ ကြီးပါတယ်။ ယခုတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ရတော့မယ့အနေအထားပါ။

တရုတ်ပြည်သူများကရော၊ အစိုးရ အဖွဲ့အစည်းများကပါ ယခု အသစ်ချ မှတ်လိုက်တဲ့ ဥပဒေကို ကြိုဆို ထောက်ခံကြကြောင်း သိရပါတယ်။

Knowledge = ကမ္ဘာ့လူဦးရေအများဆုံး ဖြစ်တဲ့ တရုတ်နိုင်ငံမှာ ၉.၅ ရာခိုင်နှုန်းက အလုပ်ရှိပြီး အလုပ် လက်မဲ့ မရှိသလောက် လူတိုင်း အလုပ်လုပ်ကြပါတယ်။

Ref: Xinhua
အောင်ခမ်း ( ရိုးရာလေး )

စိတ်ပိုင်း လိင်ပိုင်းဆိုင်ရာ ထိခိုက်မှုမြင့်တက်လာသည့် အမျိုးသမီးလုံခြုံမှု



    အမျိုးသမီးများအဖို့ လိုင်းကားများပေါ်တွင် ပုရိသယောက်ျားများ၏ သားကောင်သဖွယ် စိုးရိမ်ကြီးစွာ ခံစားနေကြရသည် အမျိုးသမီးများ၏ စိတ်ရင်းခံ အရှက်တရား၊ အကြောက်တရားကို အသုံးချ၍ ယခုကဲ့သို့ ပြုမူနေခြင်းသည် အမျိုးသမီးများ၏ လုံခြုံမှုစည်းဘောင် ပျက်ယွင်းနေသည်ကို သက်သေတစ်ခုအဖြစ် မြင်တွေ့နေရခြင်းဖြစ်သည် . . .

မြန်မာနိုင်ငံတွင် အမျိုးသမီးများ အနေဖြင့် ယောက်ျားများနှင့် တန်းတူ အခွင့်အရေး ရရှိကာ ရင်ပေါင်တန်း လုပ်ကိုင်လျက် ရှိသော်လည်း အသုံးပြု တတ်ခြင်း မရှိသည့်အတွက် အမျိုးသမီး များ၏ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု၊ လိင်ပိုင်းဆိုင်ရာ လုံခြုံမှုများသည် ထိခိုက်မှု မြင့်တက်လျက် ရှိသည်ဟု အမျိုးသမီး အရေး လှုပ်ရှားနေသည့် အဖွဲ့ အစည်း များက သုံးသပ် ပြောဆို ခဲ့ကြသည်။

အမျိုးသမီး အများစုသည် ၁၀၀ ရာခိုင်နှုန်းတွင် ပျမ်းမျှအားဖြင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေမှု လေးဆယ် ရာခိုင်နှုန်း၊ (လိင်ပိုင်းဆိုင်ရာ) ထိခိုက်မှုတွင် သိသာ ထင်ရှားခြင်းနှင့် မသိလိုက်သည့် ထိခိုက်မှုများသည် စုစုပေါင်း သုံးဆယ်ရာခိုင်နှုန်း ရှိနေသဖြင့် အမျိုးသမီးများ၏ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်း ဆိုင်ရာများကို ကာကွယ်ပေးနိုင်မည့် ခုခံကာကွယ်နိုင်ခွင့် စသည့် လုံလောက်သော ဥပဒေများကို တိကျစွာပြဋ္ဌာန်းကာ ကောင်းစွာ အသုံးချ တတ်ရန် လိုအပ်လာပြီ ဖြစ်ကြောင်း …အမျိုးသမီးများ ကိုယ်စား အမျိုးသမီးဘ၀ မြှင့်တင်ရေး အဖွဲ့က တောင်းဆို ထားသည်။

စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစား စေရမှုများသည် ပတ်ဝန်းကျင် အနေအထားအရ ဖြစ်ပေါ်လာခြင်း ဖြစ်ပြီး အထူးသဖြင့် ဆယ်ကျော်သက် အမျိုးသမီးငယ်များ၏ အရှက်သိက္ခာပိုင်း ဆိုင်ရာများကို ထိပါးပြောဆိုခြင်း၊ မဖွယ်မရာ ပြောဆိုခြင်း ပတ်ဝန်းကျင်တွင် အတူနေထိုင်သူများက မဟုတ်မမှန်သည့် သိက္ခာပိုင်းဆိုင်ရာ ပြောဆိုမှုများ (ဥပမာ- မကောင်းသည့် မိန်းကလေးအဖြစ် လုပ်ကြံပြောဆိုမှုများ)အပြင် ခြိမ်းခြောက် ပြောဆိုမှုများလည်း ပါဝင်သည်။

ဤကဲ့သို့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစား နေရသည့် တာမွေမြို့နယ်၊ ကျောက်မြောင်းမှ အမျိုးသမီးငယ် တစ်ဦးက ““ကျွန်မက သာမန်ဝန်ထမ်း တစ်ယောက်ပါ။ ကျွန်မကို စိတ်ဝင်စားနေတဲ့ ကောင်လေး တစ်ယောက်က သူ့ကို ပျစ်ပျစ်နှစ်နှစ် ပြောလိုက်တော့ ကျွန်မကို ရပ်ကွက်ထဲမှာ ဟိုလိုမျိုး လုပ်စားနေတဲ့ မိန်းကလေးပါလို့ အဆင့်ဆင့် လိုက်ပြောတယ်။ ကျွန်မ ရုံးသွား၊ ရုံးပြန်ဆို ရပ်ကွက်ထဲက မခေါ်ချင် မပြောချင်နဲ့။ ကျွန်မ မဟုတ်တဲ့ အတွက် ဂရုမစိုက်ပါဘူး။ ကျွန်မကို ဒီလိုမျိုး ယုံကြည်ပြီး ဆက်ဆံနေတဲ့ အတွက် ကျွန်မ နေ့ရောညရော စိတ်ထိခိုက် ရတယ်။ အားငယ်ရတယ်။ ဒီလို ပြောနေတာ တွေကို ကျွန်မ ဘာမှပြန်လုပ်လို့ မရဘူးလား”” ဟူ၍ ရင်ဖွင့် ပြောကြားခဲ့သည်။

လိင်ပိုင်းဆိုင်ရာ ထိခိုက်မှုများသည် မနက်မိုးလင်း ရုံးသွားကြရသည့် အမျိုးသမီးများ အဖို့ လိုင်း ကားများ ပေါ်တွင် ပုရိသ ယောက်ျားများ၏ သားကောင်သဖွယ် စိုးရိမ်ကြီးစွာ ခံစားနေကြရသည်။ အမျိုး သမီးများ၏ စိတ်ရင်းခံ အရှက်တရား၊ အကြောက်တရားကို အသုံးချ၍ ယခုကဲ့သို့ ပြုမူနေခြင်းသည် အမျိုးသမီးများ၏ လုံခြုံမှုစည်း ဘောင်ပျက်ယွင်း နေသည်ကို သက်သေတစ်ခု အဖြစ် မြင်တွေ့နေရခြင်း ဖြစ်သည်။

အမျိုးသမီးများသည် အလားတူ ဖြစ်ရပ်များကို ရင်ဆိုင်နိုင်စေရန် အဓိက မိမိကိုယ်ကိုယ် ယုံကြည် မှုရှိရန် လိုအပ်ပြီး အကြမ်းဖက်မှုသည် အိမ်တွင်း၊ အိမ်ပြင် ဖြစ်ပွားနိုင်သဖြင့် ငယ်စဉ်မှ စိတ်အားငယ်သူ၊ ဖြတ်သန်း ရသည့် ဘ၀အတွေ့ အကြုံခါးသီးသူ များတွင် ပိုမိုဖြစ်ပွားကြောင်း လေ့လာတွေ့ရှိရသည်။

ထိုကဲ့သို့ လေ့လာတွေ့ရှိမှု အပေါ် အမျိုးသမီးများ၏ လူမှုပိုင်းဆိုင်ရာ လူမှုအကြံပေးဖြစ်သူ ဒေါ်စုစုလှိုင်က ““အမှန်အတိုင်းဆိုရင် တခြားနိုင်ငံက အမျိုးသမီးတွေက အစ်မတို့ မြန်မာနိုင်ငံထက် အခွင့်အရေး ပိုဆုံးရှုံးပါတယ်။ အဲဒါကြောင့် အခွင့်အရေးရပြီး အသုံး မချတတ်ကြဘူး။ အမျိုးသမီးတွေက ကိုယ်ရည်ကိုယ်သွေး မြင့်မားမယ်၊ အသိဉာဏ် မြင့်မားမယ်ဆိုရင် ကာကွယ်နိုင်မယ်။ ကိုယ်ရည် ကိုယ်သွေး ဆိုတာလည်း အတတ်ပညာတွေ၊ ဘွဲ့တွေရဖို့ကို ပြောတာမဟုတ်ဘူး။ စိတ်ပိုင်းဆိုင်ရာ အားနည်းသူကို ပြောတာပါ။ အဲဒီလို ကိုယ်ရည် ကိုယ်သွေး မြင့်မားနေတဲ့ သူတွေက ဘယ်မှာဖြစ်ဖြစ် လုပ်ငန်းခွင်ထဲမှာပဲ ဖြစ်ဖြစ် အကြမ်းဖက်ခံရမှု နည်းတာ တွေ့ရတယ်”” ဟူ၍ သုံးသပ်ပြောကြားခဲ့သည်။

လိင်ပိုင်းဆိုင်ရာ ထိခိုက်စေမှု၊ အကြမ်းဖက်ခံရမှုများ ဖြစ်ပွားရသည့် အကြောင်းရင်းများ Tringle Women Support ၏ တာဝန်ခံ ဒေါ်ခင်လေးက ““ဘယ်နိုင်ငံမှာမှတော့ ပပျောက်တယ်ဆိုတာ မရှိသေးဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံ မှာတော့ ပိုတယ်လို့ ပြောရမှာပါ။ ဥပမာ ဘတ်စ်ကားစီးရင် အစ်မ တို့နိုင်ငံရဲ့လိုင်းကားတွေက တစ်ဦးအသား တစ်ဦးကပ်နေတော့ မစီးလို့လည်း မရဘူး။ အဲဒီမှာ အခွင့်အရေး ယူချင်တဲ့ ယောက်ျားတွေ အတွက် အဆင်သင့် လို့ပေါ့။ အပျို မိန်းကလေး တန်မဲ့လည်း တိုးဝှေ့ စီး နေရတဲ့အတွက် မိမိကိုယ်ကိုယ် စိတ်ဓာတ်မြင့်မား နေဖို့လည်း လိုတယ်။ ပကတိမျက်နှာမှာ မလုံခြုံဘူးလို့ ခံစားနေရရင် သူတို့အတွက် သွေးတိုး စမ်းချင်စိတ်ကို ပိုဖြစ်ပေါ် စေနိုင်တယ်။ ဒါပေမဲ့လည်း အမျိုးသမီးတွေကို ကာကွယ်ထားတဲ့ ကာယိနြေ္ဒ ပျက်ပြားစေတာကို ကာကွယ်ထားတဲ့ ဥပဒေထုတ်ထားပေမယ့် တရားရုံးမှာ အဆင့်ဆင့် ရင်ဆိုင်ရတဲ့အတွက် သူတို့က အရှက်ကွဲမှာစိုးလို့ တိုင်တန်း တာတွေ၊ ဘာတွေ မလုပ်ရဲကြဘူး။ အရမ်းကို ဆိုးရွားမှပဲ တိုင်ကြ တာလေ။ ဒါ တောင် တချို့ မိဘတွေကသိမှ မိဘတွေက တိုင်တာရှိတယ်””ဟူ ၍ ပြောသည်။

အမျိုးသမီးများသည် အခွင့်အရေးများကို ကောင်းစွာ အသုံးချတတ်ရန် လိုအပ်ပြီး နိုင်ငံတကာတွင် နိုင်ငံအလိုက် ဦးဆောင်နေသည့် အမျိုးသမီးများနှင့် အတူ ယုံကြည်မှုရှိစွာ နေထိုင်နိုင်ရန် လိုအပ်လာပြီဖြစ်သည်။

မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၆၀ ကျော် ရှိရာ အမျိုးသမီး ဦးရေသည် လူဦးရေ၏ ၅၀ ဒသမ ၃ ရာခိုင်နှုန်း ရှိသည်ဟု မြန်မာနိုင်ငံလုံး ဆိုင်ရာ အမျိုးသမီးအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုကဲ့သို့ များပြားလှသည့် အမျိုးသမီးထုကြားတွင် အမျိုးသမီးအရေး လှုပ်ရှားသူများ၊ အမျိုးသမီး စွမ်းဆောင်ရည် အဖွဲ့များ ပေါ်ပေါက် လာကာ ဦးဆောင်လှုပ်ရှားနေကြ သော်လည်း ရှေ့တန်းသို့ ရောက်ရှိ သူအလွန် နည်းပါးကြောင်း တွေ့ရှိရသည်။

အမျိုးသမီး ကိုယ်စားပြု စွမ်းဆောင်ရည် လှုပ်ရှားသူများသည် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးစသည့် နယ်ပယ်စုံမှ ဦးဆောင်လျက်ရှိပြီး ၎င်းတို့၏ စွမ်းဆောင်ရည်နှင့် လုပ်ကိုင်မှုများ အပေါ် အသိအမှတ်ပြု လက်ခံရန် လိုအပ်လာပြီ ဖြစ်သည်။

အမျိုးသမီးတစ်ဦး၏ ခံယူချက်နှင့် စိတ်ထား ထားရှိမှုအပေါ် အမျိုးသမီး အခန်းကဏ္ဍ တိုးတက် မြင့်မားရေး ဆောင်ရွက်သူ၊ ရုပ်ရှင် ဒါရိုက်တာတစ်ဦးဖြစ်သူ ဒါရိုက်တာ ကြည်ဖြူသျှင်က ““ကျွန်မ ကိုယ့်ကိုယ်ကိုယ် အလုပ်လုပ်တဲ့ နေရာမှာ မိန်းကလေးလို့ တစ်ခါမှ မတွေးဘူး။ မတွေးဘူး ဆိုပေမယ့် ပြောစရာ မရှိအောင် နေတယ်။ ယုံကြည်မှုရှိရှိ နေတယ်။ ငါက မြန်မာ မိန်းကလေးပဲလို့ တွေးလိုက်ရင် ယောက်ျားတွေနဲ့ ရင်ပေါင်တန်း တဲ့အခါ ရှေ့ရောက်မှာ မဟုတ်ဘူး။ ကိုယ့်ဘာသာ ထိန်းကျောင်းနိုင်ရမယ်။ ကိုယ်လုပ်ရတဲ့ အလုပ်၊ တာဝန်၊ အခန်းကဏ္ဍမှာ မိန်းကလေးမို့လို့ မလုပ်နိုင်ဘူး ဆိုတာ မရှိဘဲ ကျေပွန်စွာ ထမ်းဆောင်နိုင်ရ မယ်။ အမျိုးသမီးတစ်ဦး ဆိုပေမယ့် အစ်မက ဒါရိုက်တာ ဆိုတော့ အုပ်ချုပ်မှုပိုင်း လုပ်ရတယ်။ အဲဒါကြောင့် အမျိုးသမီး ဆိုပေမယ့် တစ်ခါတလေ ယောက်ျားလေးတွေ နဲ့တန်းတူ လုပ်နိုင်စွမ်း ရှိရမယ်။ ပြတ်သားရမယ်။ အဲဒီလိုလုပ်ဖို့ ယုံကြည်မှုရှိပြီး မှန်ကန်ရမယ်။ ဒါ ဆိုထက်မြက်တဲ့ အမျိုးသမီးတွေ အများကြီးရှိလာမှာပါ””ဟု သုံးသပ် ပြောကြားခဲ့သည်။

မြန်မာသံတော်ဆင့်

ကထိန်အလှူခံ ဖျော်ဖြေရေး ယဉ်ကျေးမှု ပြောင်းလဲလာ


ကထိန် အလှူခံပွဲ တခု (ဓာတ်ပုံ – စည်သူ)

ရန်ကုန်မြို့မှာ ကထိန်ရာသီရောက်ပြီဆိုရင် ကထိန်ပွဲတွေ ဖြစ်မြောက်အောင် အပြိုင်အဆိုင် အလှူခံတဲ့ ဆိုက်ကားဂိတ်၊ ကားဂိတ်၊ ရပ်ကွက်လူငယ်၊ အသင်းအဖွဲ့တွေက အလှူခံထွက်ကြတဲ့အခါ အရင်လို မြန်မာသံစဉ်၊ ရိုးရာတီးလုံးတွေ၊ သီချင်းတွေ ဖွင့်ပြီး အလှူခံတဲ့ ဓလေ့ထက်  နိုင်ငံတကာတီးလုံးတွေ၊ DJ နဲ့ Remix တွေလို ဂီတတွေနဲ့ အလှူခံကြတာ ပိုများနေတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

အလှူခံမှာ ဖွင့်နေကြတဲ့ သီချင်းတွေရဲ့  အဓိပ္ပာယ်ဟာ မြန်မာလိုပြန်ရင် ယဉ်ကျေးမှုမရှိဘဲ တော်တော်လေး နားမခံသာဘဲ ဘာသာရေးအမြင်နဲ့ ကြည့်ရင် မလျော်ညီတဲ့ သီချင်းတွေ ဖြစ်နေတယ်လို့ ဒေါပုံမြို့နယ်မှာ နေတဲ့ မမီးမီးက ဧရာဝတီကို ပြောပါတယ်။

“နိုင်ငံခြားသီချင်းတွေကို အဓိပ္ပာယ် မသိဘဲ ဖွင့်နေကြတာ တော်တော်ဆိုးတယ်။ ဥပမာ ဂျနီဖာလိုပက်ဇ်ရဲ့ On the Floor ဆိုတဲ့ သီချင်းက နိုက်ကလပ်တွေမှာ ဖွင့်သင့်တဲ့ သီချင်းမျိုး။ Hotel Room Service ဆိုတဲ့ သီချင်းမျိုးတွေ။ ပြီးတော့ အင်္ဂလိပ်လို Low, Low လို့ဆိုတဲ့ သီချင်းတပုဒ်ကို မြန်မာလို အသံလိုက်ထွက်ပြီး ဆိုနေကြတာ ကြားရတာ တော်တော်ဆိုးတယ်” လို့ မမီးမီးက သူရဲ့ အမြင်ကို ပြောပါတယ်။

ရန်ကုန်မြို့မှာ အလှူခံထွက်ကြတဲ့အခါ ကိုရီးယားအဆိုကျော် PSY ရဲ့ အိုပါဂန်းနမ်းစတိုင် သီချင်းကို အသံချဲ့စက်နဲ့ အသံကုန် ဖွင့်ကြောင်း၊ နေ့ညအချိန်မလပ် အလှူခံတော်တော်များများမှာ ဒီသီချင်းကို နှစ်နှစ်ခြိုက်ခြိုက်ဖွင့်ပြီး ဒီသီချင်းထဲက သရုပ်ဆောင်ရဲ့ ဟန်အတိုင်း မကတတ်ကတတ်နဲ့ လိုက်ကကြကြောင်း၊ တချို့ဆိုရင် အလှူခံထွက်ရင် သောက်စားမူးယစ် နေတာမျိုးတွေပါ ရှိကြောင်း ဒဂုံမြို့သစ် မြောက်ပိုင်းမှာနေတဲ့ ဒေါ်ဥမ္မာက ပြောပါတယ်။

“လှူဖို့ အလှူခံရင်တော့ မပြောပါဘူး။ တချို့ကြတော့ အလှူခံပြီးတော့ အဲဒီပိုက်ဆံထဲက အရက်ဝယ်သောက် နေတာမျိုးတွေကတော့ မကောင်းဘူးပေါ့လို့”  ဒေါ်ဥမ္မာက ဆက်ပြောပါတယ်။

အိုပါဂန်းနမ်းစတိုင် သီချင်းအပါအ၀င် သီချင်းအမြူးလေးတွေ ဖွင့်ရတာဟာ လူစိတ်ပါလာပြီး လှူချင်တန်းချင်လာအောင် လုပ်ရတာ ဖြစ်ပြီး အလှူခံလှည့်တဲ့အခါ ကတဲ့သူတွေကို မြူးအောင်၊ စိတ်ပါလက်ပါ ကချင်လာအောင် လုပ်ရတာဖြစ်ကြောင်း ဒဂုံမြို့သစ် မြောက်ပိုင်း (၄၀) ရပ်ကွက်မှာ ဘုံကထိန်ဖြစ်မြောက်ရေး ဦးဆောင်အလှူခံတဲ့ ကိုသီဟက ဧရာဝတီကို ပြောပါတယ်။

“ဂန်းနမ်းစတိုင် သီချင်းက မြူးတယ်။ အဲတာကြောင့် လူများတဲ့နေရာရောက်ရင် ဂန်းနမ်းစတိုင်သီချင်း ဖွင့်ထည့်လိုက်တာပဲ။ တခါတလေ ဗီဗာဟိန်း၊ DJ သီချင်းတွေ ဖွင့်တယ်” လို့ ကိုသီဟက ဆိုပါတယ်။

ဘာသာရေး၊ ဓမ္မသီချင်းတွေ ဖွင့်ရင် အလှူခံငွေ နည်းနည်းပဲ ရတယ်လို့ အလှူလှည့်ခံတဲ့သူတွေက ယုံကြည်နေကြပြီး ဂီတအသံစုံနဲ့ ဖွင့်ပြီးအလှူခံတာ တရက်ကို မြန်မာကျပ်ငွေ ခြောက်သောင်းကနေ တစ်သိန်းထိရတယ်လို့ သိရပါတယ်။

အလှူခံထွက်တဲ့ အခါမှာလည်း တချို့ရပ်ကွက်တွေက ပေးမ၀င်တာမျိုးတွေရှိကြောင်း၊ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေဆီကို တရက်ကြိုပြီး အကြောင်းကြားမှ ရပ်ကွက်ထဲ ဝင်ခွင့်ရလေ့ရှိကြောင်း၊ ကြိုတင် အကြောင်းမကြားမိလို့ ဒဂုံမြို့သစ် မြောက်ပိုင်း (၃၆) ရက်ကွက်မှာ သွားအလှူခံတဲ့အခါ မရဘဲ လှည့်ပြန်ခဲ့ရတာ ရှိကြောင်းလည်း ကိုသီဟက ပြောပါတယ်။

“သောက်တာစားတာ ရှိကြတာတော့ ဟုတ်တယ်။ လူအမျိုးမျိုး စိတ်အထွေထွေပဲ။ သောက်တာစားတာကတော့ သိပ်မဆန်းတော့ဘူးလို့ ပြောရမယ်” လို့လည်း သူက ဆိုပါတယ်။

အခုလိုမျိုး သောက်စား အလှူခံနေတာမျိုးတွေ ဖြစ်မှာစိုးလို့ ကထိန်အလှူခံကို ကိုယ်ထူကိုယ်ထ အနေနဲ့ ဖြစ်အောင် ကထိန်ရာသီ မတိုင်ခင် လွန်ခဲ့တဲ့ လေးလလောက်က စပြီးတော့ ကိုယ့်ဂိတ်က တက္ကစီ ယာဉ်မောင်းတွေကို တယောက်လျှင် တရက် ၂၀၀
ကျပ်နဲ့ ကြိုပြီးတော့ အလှူခံထားလို့ တခြားနေရာတွေမှာ လိုက်ပြီးတော့ အလှူခံဖို့ မလိုတော့ဘူးလို့ ဒဂုံမြို့သစ် မြောက်ပိုင်း (၄၀) ရက်ကွက် ကုန်းထိပ်မှတ်တိုင် တက္ကစီဂိတ်က ကိုမြင့်နိုင်က ဧရာဝတီကို ပြောပါတယ်။

“ကျနော်တို့ ဂိတ်မှာက တက္ကစီ ယဉ်မောင်း ၂၅ ဦးလောက် ရှိတယ်။ သူတို့ဆီက ငွေနဲ့ ကိုယ့်အသိ အိမ်လေးတွေမှာပဲ အလှူခံလိုက်တာ ၇ သိန်းကျော် ရတယ်။ အလှူမခံဘူးဆိုတာက အရက်သေစာသောက်စားမှာ၊ သရုပ်ပျက်တာမျိုးတွေ
မဖြစ်စေချင်လို့” လို့ ကိုမြင့်နိုင်က ဆိုပါတယ်။

ကထိန်ပွဲဆိုတာဟာ တနှစ်မှာတခါ၊ တလမှာတကြိမ်၊ တကြိမ်မှာ တခါပဲဆိုသလို့ ပြုလုပ်ရတဲ့ ကာလဒါန တမျိုးဖြစ်ပြီး ဘုရားကိုယ်စား သံဃာတွေကို ပူဇော်တာဖြစ်လို့ တတ်နိုင်ရင် တရားနဲ့ ပူဇော်တာ၊ ပဌာန်းနဲ့ ပူဇော်တာမျိုးကသာ အကောင်းဆုံးလို့ တောင်ဥက္ကလာ (၂) ၀ိုင်းမှာ ရှိတဲ့ စိန်ရတနာ ပရိယတ္တိ စာသင်တိုက်က စာချဆရာတော် အရှင် ဥတ္တရက ဧရာဝတီကို မိန့်ပါတယ်။

“ပုံစံအမျိုးမျိုးနဲ့ အလှူခံကြတာက သူတို့ရဲ့ လုပ်ငန်းအပေါ်မှာ တက်ကြွအောင် လုပ်ကြတာပေါ့။ အတိုင်းအထက်လွန်
သရုပ်ပျက်သွားတာမျိုး ဆိုရင်တော့ မကောင်းဘူးပေါ့။ ဆိုင်ကယ်တွေ၊ ကားတွေရှေ့မှာ အရုပ်ကြီးတကားကားနဲ့ ပိတ်ပြီး အတင်းအလှူခံတာမျိုးတော့ မကောင်းဘူးပေါ့” လို့ အရှင် ဥတ္တရက မိန့်ပါတယ်။

ကထိန်သင်္ကန်းကို သီတင်းကျွတ်လပြည့်ကျော် (၁) ရက်နေ့ကနေ တန်ဆောင်မုန်း လပြည့်နေ့အထိ ကပ်လို့ရပြီး ကထိန် အကျိုးတရားကိုတော့ တပေါင်းလပြည့်နေ့အထိ ခံစားလို့ရတယ်လို့ သိရပါတယ်။

ဧရာဝတီ

သွားတိုက်ဆေးရဲ့အခြားအစွမ်းထက်သောအချက်များ


-အ၀တ်အစားများရှိ အစွန်းအထင်းများချွတ်ပေးခြင်း
-CD / DVD အခွေများကိုချေးများချွတ်နိုင်ခြင်း
-စိန်ချေးချွတ်နိုင်ခြင်း
-ငွေချေးချွတ်နိုင်ခြင်း
-နံရံပေါ်တွင်စွန်းထင်းနေသောအခြားအရောင်များကိုသန့် စင်နိုင်ခြင်း
-ကော်ဇော်ပေါ်ရှိအစွန်းများချွတ်ပေးနိုင်ခြင်း
-ပိုးကောင်များကိုက်ပါက ဆေးအဖြစ်အသုံးပြုနိုင်ခြင်း
-လက်သည်းဆေးနိုင်ခြင်း
-ဖိနပ်တိုက်နိုင်ခြင်း
-နံရံကပ်ပိုစတာကပ်ရာတွင်ကော်အဖြစ်သုံးနိုင်ခြင်း
-ရေချိုးခန်းချေးချွတ်နိုင်ခြင်း
-ကားဆေးကောင်းများ ချေးတက်ပါကချေးချွတ်ဆေးအဖြစ်သုံးနိုင်ခြင်း
-၀က်ခြံများပျောက်ကင်းစေနိုင်ခြင်း
-မျက်မှန်ရှိ အစင်းများဖယ်ရှားပေးခြင်း
-စန္ဒရားရှိ လက်ကွက်များကိုချေးချွတ်နိုင်ခြင်း
-လက်မှာတစ်စုံတစ်ခုကြောင့်အနံ့ ဆိုးများစွဲနေပါက အနံ့ ဖျောက်နိုင်ခြင်း
-မှန်များချေးချွတ်နိုင်ခြင်း

ZK(ကနောင်)

အိန္ဒိယဆင် ၇ ကောင် ရထားတိုက်လို့ သေကြရ


အိန္ဒိယနိုင်ငံ အရှေ့ခြမ်းက အနောက်ဘန်ဂေါ ပြည်နယ်က တောအုပ်တခုမှာ လမ်းဖြတ်ကူးနေတဲ့ ဆင်တအုပ်ကို ခရီးသည်တင် ရထားတစင်းက ၀င်တိုက်မိလို့ ဆင် ၇ ကောင်ထက်မနည်း သေဆုံးခဲ့ရတယ်လို့ အိန္ဒိယအစိုးရအရာရှိတွေက ပြောပါတယ်။ ဗုဒ္ဓဟူးနေ့ကဖြစ်ခဲ့တဲ့ ဒီဖြစ်ရပ်ဟာ သူ မကြာခင်က တွေ့မြင်ခဲ့ရတဲ့ အဖြစ်အပျက်တွေထဲမှာတော့ အဆိုးရွာ ဆုံးပဲလို့ ပြည်နယ် သစ်တောရေးရာ ၀န်ကြီးက ပြောပါတယ်။

နောက်ထပ် ဆင် ၁၀ ကောင်လောက်လည်း အပြင်းအထန် ဒဏ်ရာ ရရှိထားပြီး တချို့ ထပ်ပြီး သေသွားနိုင်သေးတယ်လို့လည်း သူက ပြောပါတယ်။ ကောင်ရေ ၄၀ ပါတဲ့ ဆင်အုပ်ကို ဖြတ်ကူးနေတဲ့ တိုက်မိတဲ့ရထားဟာ ချာပရာမရီ တော်အုပ်ကို ဖြတ်ပြီး တမီတာကို မိုင် ၅၀ နှုန်းလောက် နဲ့ မောင်းနှင်နေတာဖြစ်တယ်လို့ အစိုးရအရာရှိတွေက ပြောပါတယ်။

ဆင်တွေသွားလာတဲ့ လမ်းကြောင်းလို့ သိထားတဲ့ ဒီနေရာမှာ ရထားကို အရှိန်လျှော့မောင်းနှင်ဖို့ မီးရထား အာဏာပိုင်တွေကို ပြောခဲ့ပေမဲ့ သူတို့က လစ်လျူရှုခဲ့တဲ့အကြောင်း အစိုးရအရာရှိတွေက အေပီ သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ နှစ်တွေအတွင်း ခုလို ရထားတိုက်ခံရတဲ့ ဖြစ်ရပ်တွေကြောင့် အိန္ဒိယ တောအုပ်တွေတွင်းမှာ ဆင်တွေ ဒါဇင်နဲ့ချီ သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

Gay ဇာတ်သွင်းပြီး စော်ကားခဲ့သူ လူယုတ်မာ တစ်ဦးကြောင့် ဘ၀ပျက်ခဲ့ရသော လူငယ်လေး တစ်ယောက်၏ ခံစားချက် (Only Men)




လူ့ဘ၀မှာလည်း
အမှုတွေကပွေ၊ အလုပ်တွေကများ၊ ပြဿနာတွေကလည်း ပုံစံအမျိုးမျိုးနဲ့ မပြီးဆုံးနိုင်တော့ပါဘူး။ လာပြန်ပြီ တစ်ယောက်…။

ဝင်ခွင့်ပြုပါ
ဆရာ...

အော်…
ဟုတ်ကဲ့ ၀င်ခဲ့ပါ ခင်ဗျာ..။ ထိုင်ပါ… ကျနော် ဘာကူညီပေးရမလဲ သိပါရစေ။ ဆေးခန်းထဲ ၀င်လာသူမှာ
အသက် ၂၀ ၀န်းကျင် လူငယ်လေးတစ်ယောက်။ ရုပ်ရည်သန့်သန့် သားသားနားနား လူချောလေး တစ်ယောက်။
ဒါပေမယ့် သူမျက်နှာမှာ စိုးရိမ်စိတ်တွေ ညှိုးငယ် သိမ်ငယ်နေတဲ့ အရိပ်ရောင်တွေတော့ သန်းနေပါတယ်။

သူက
ထိုင်ခုံမှာ ထိုင်လိုက်ပြီး သက်ပြင်းတစ်ချက် ချလိုက်ပါတယ်…။ ပြီးမှ သူက သူ့ကို အချိန်
နည်းနည်း ပေးပါလို့ တောင်းဆိုပါတယ်….။ ဆေးခန်းကလည်း လူနာ ရှင်းနေတော့ ဆရာဝန်လည်း ခေါင်းညိမ့်ပြီး
သူပြောတာကို နားထောင်ပေးဖို့ အသင့် ပြင်လိုက်ပါတယ်….။

ကျနော်က
ကိုမျိုးပါ ဆရာ။ အခု အသက် ၂၁ နှစ်ပါ။ ရေကြောင်းတက္ကသိုလ် တက်နေပါတယ်။ ကျောင်းပြီးလို့
သင်္ဘောတက်မယ်လုပ်မှ အခုဆေးက မအောင်ဘူး ဆရာရယ် ဘယ်လိုလုပ်ရပါ့မလဲ မသိဘူး။ အိမ်ကိုလည်း
မပြောရဲဘူး ဖြစ်နေတယ်။

သူ့မျက်နှာ
တစ်ခုလုံး ညှိုးကျ သွားပါတယ် …။ မျက်ရည်တွေလည်း မျက်ဝန်းထဲအပြည့်…။ ကျနော်က အရင်ကတည်းက
ဘ၀ဆုံးပြီးသားပါ ဆရာ။ သူပြောတာကို ဆရာဝန် နားမလည်လိုက်ပါ။

ကျနော်က
ဘ၀ပေး ကံမကောင်းခဲ့ဘူး ဆရာ…။ ကျနော်က ယောက်ျားစင်စစ်ကနေ ယောက်ျားချင်း ကြိုက်တဲ့သူ(ဂေး)
ဖြစ်နေတယ်လေ…. ဂေးတွေရဲ့ အကြောင်းတွေကို သိနေပြီးသားဖြစ်တဲ့ ဒေါက်တာ မင်းနိုင် အတွက်တော့
ဘာမှ မမှုတော့ပါ… ခေါင်းညိမ့်ပြီးသာ ဆက်နားထောင် နေခဲ့ပါတယ်။

ကျနော့်တို့
မိသားစုနဲ့ အရမ်း ရင်းနှီးတဲ့ ဦးလေးတစ်ယောက် ရှိပါတယ်။… ဖေ့ဖေ့သူငယ်ချင်းပါ။ သူက ဖေဖေနဲ့
အသက် အတူတူ ပါပဲ။ စီးပွားရေး သမားပါ၊ ဖေဖေတို့နဲ့ အလုပ်အတူတူ လုပ်ကြရင်း မိသားစုနဲ့
အရမ်းကို ရင်းနှီး သွားတာပါ….။ သူက လူပျိုကြီးပါ။ သူက ကျနော်တို့အိမ်ကို အမြဲ ၀င်ထွက်နေကျပါ…၊
အိမ်ကလည်း သူ့ကို အပြင်လူလို့ မသတ်မှတ်ဘူးလေ… ဆွေမျိုးရင်းချာလိုပဲ သဘောထားပါတယ်…။
သူကလည်း ကျနော်တို့ မောင်နှမတွေကို ဦးလေးအရင်းတွေ နီးပါး ကောင်းရှာပါတယ်။ ဒါပေမယ့်
သူမှာ ရှိတဲ့ လူမသိတဲ့ အကျင့်ဆိုးကိုတော့ ကျနော်ကလွဲပြီး ဘယ်သူမှ မသိဘူးလေ။ သူက ကျနော့်ကို
ဂေးဇာတ် သွင်းခဲ့တဲ့သူပါ။

ကျနော့်
၁၀ တန်းအောင်တော့ ဂုဏ်ထူး ၃ ဘာသာ ပါတယ်လေ။ အောင်စာရင်းထွက်တဲ့ နေ့က သူက ကျနော့်ကို
ဆုချမယ်ဆိုပြီး မြို့ထဲက ဒဂုံစင်တာကို ခေါ်သွားပါတယ်…။ MK က Arrow ရှပ်တစ်ထည် ၀ယ်ပေးပါတယ်။.ပြီးတော့
Mr. Guiter မှာ ညစာ လိုက်ကျွေးပါတယ်…။ ပြီးမှ ပြန်ကြမယ်ပေါ့။ သူက သူ့ကားနဲ့ဆိုတော့
အိမ်ကလည်း စိတ်ချတယ်လေ။ အရင်ကလည်း ဒီလိုပဲ သွားနေကျဆိုတော့ ဘာမှ မပြောဘူးလေ။ ကျနော့်ကိုလည်း
အောင်စာရင်း ထွက်တဲ့နေ့ဆိုတော့ အိမ်ကဘာမှ မပြောဘူးလေ။ လျှောက်လည်ချင်လဲ လည်ပါစေပေါ့။
ညစာ စားပြီးတော့ သူက ကျနော့်ကို အိမ်ပြန်မပို့ပေးပဲ သူ့အိမ်ကို ခဏ၀င်ဖို့ ခေါ်ပါတယ်။
အရင်တည်းက သူ့အိမ်ကို သွားနေကြဆိုတော့ ကျနော်လည်း လိုက်သွား ခဲ့ပါတယ်။ သူ့အမေနဲ့က ကျနော်က
မြေးအဖွားလို ဖြစ်နေတာကိုး….။ အဖွားက အသက် ၇၀ ကျော်နေပြီ နားမကောင်းဘူးလေ။ သူ့အိမ်ရောက်တော့
ည ၉ နာရီလောက် ရှိပြီဗျ…။ သူက ကျနော့်ကို ကိုကာကိုလာ တိုက်တယ်…။ ရေငတ်နေတော့ ကျနော့်လည်း
အကုန် သောက်လဲတာပေါ့….။ ပြီးတော့ အရမ်း အိပ်ချင်လာပြီး ဘာမှမသိတော့ဘူး ဆရာ….။


၁၂ နာရီလောက်မှ ကျနော့် မျက်လုံး ပြန်ဖွင့် လာနိုင်တယ်လေ။ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့
ကျနော်က သူ့အခန်းထဲမှာ ရောက်နေတယ်လေ…။ ပြီးတော့ ကန်တော့ပါစေရဲ့ ကျနော့် စအိုက စပ်ဖျင်းစပ်ဖျင်းနဲ့
နာနေတယ်လေ….။ မသင်္ကာလို့ စမ်းကြည့်လိုက်တော့ သွေးစတွေပါ ရှိနေတယ်လေ….။ ကျနော် သိလိုက်ပြီလေ….
ဒီလူကြီး ကျနော့်ကို ကိုကာကိုလာထဲမှာ အိပ်ဆေး တည့်ပြီး စော်ကား လိုက်တာလေ….။ ကျနော့်
ဘ၀တစ်ခုလုံး မိုးမှောင် ကျခဲ့တဲ့ နေ့ပေါ့ ဆရာ….။ ကျနော့်မှာ ၁၀ တန်းအောင်လို့ ပျော်လို့တောင်
မ၀သေးပါဘူး…. ငိုချလိုက်ပါတယ်… လောကကြီးကို လုံးဝ စိတ်ကုန်ခဲ့ပါတယ် ဆရာ…..။

သူက
ခဏကြာတော့ အခန်းထဲကိုဝင်လာပြီး မသိသလိုနဲ့ နေပါတယ်…။ ကျနော်လည်း သူ့ကို အရမ်းမုန်းတီးနေတော့
ဘာစကားမှ မပြောချင်ဘူးလေ… ဒါနဲ့ ကျနော် သူ့ကို အိပ်ပြန်ပို့ပေးဖို့ ပြောခဲ့ပါတယ်… သူက
ကြည်ကြည်ဖြူဖြူပဲ ပြန်လိုက်ပို့ ပေးပါတယ်…။

သူပေးခဲ့တဲ့
အင်္ကျီကိုလည်း ကျနော်လုံးဝ မယူခဲ့ပါဘူး။ အဲဒီညက ကျနော် အိမ်ပြန်ရောက်တော့ ကျနော့်ကိုယ်
ကျနော် အဆုံးစီရင်ဖို့ မီးဖိုထဲက ဓားနဲ့ လက်ဖျန်သွေးကြောကို လှီးပါတယ်၊ ဓားကလည်း မပြတ်ဘူးဆရာ….
။ သွေးနည်းနည်းပဲ ထွက်တယ်လေ…. နောက်တော့ ကျနော်လုပ်နေတာကို ဖေဖေ မြင်သွားရော….။ သူတို့က
ထင်တာကတော့ ကျနော်က All D မရလို့ ဒီလိုလုပ်တယ်လို့ ထင်နေကြတယ်လေ။ ကျနော့်ဘ၀ ပျက်ခဲ့တာကို
ဘယ်သူကမှ မသိကြတာလေ ဆရာ……. ကျနော် ဘယ်သူ့ကို သွားတိုင် ပြောရမှာလဲ ဆရာ… ပြီးတော့ အဲလိုထုတ်ပြောဖို့
ကျနော့မှာ လုံးဝ ပြောမထွက် ဘူးလေ….။ အဲဒီလူကြီးကိုလည်း သတ်ချင်နေတယ်….။ အဲဒီရက်ကတော့
တော်တော်လေး သေလုမြောပါး ခံစားခဲ့ရတယ် ဆရာ….။

နောက်
ကျနော် ကျောင်းတက်ခဲ့ပါတယ်…။ ကျောင်းတက်နေတုန်း ဖေဖေက မန္တလေးမှာ ကားအက်ဆီးဒန့်နဲ့ ဆေးရုံတက်လိုက်
ရတယ်လေ… မိသားစုတွေက ဖေဖေ့ကို သွားကြည့် ကြတယ်လေ..။ ကျနော်က စာမေးပွဲရှိလို့ မလိုက်သွားရဘူး။
ဒါကိုမေမေက ကျနော့ကို စိတ်မချလို့ဆိုပြီး အဲဒီဦးလေးကို အိမ်မှာ လာအိပ်ဖို့ ပြောခဲ့တယ်လေ….။
အစကတော့ ကျနော်က မသိခဲ့ပါဘူး…။ ကျောင်းကပြန်လာမှ ဧည့်ခန်းထဲမှာ သူအကြာကြီး နေတာကို
သတိထား မိသွားတာပါ။

တစ်အိမ်လုံးမှာလဲ
ထမင်းချက်ပေးတဲ့ အမကြီးရယ် ကျနော်ရယ် အဲဒီဦးလေးရယ်ပဲ ရှိတာလေ။ သူက ညအထိ မပြန်တော့မှ
သူဒီမှာ ညအိမ်တော့မယ် ဆိုတာကို သိလိုက်ရတာပါ၊ ကျနော့ အတွက်တော့ ငရဲကျနေ သလိုပဲလေ…။
ကျနော်က တံခါးကို လော့ချပြီး စာကျက် နေခဲ့ပါတယ်….။ ည ၁၁ နာရီလောက်မှာ ကျနော် အိပ်ယာဝင်ခဲ့
ပါတယ်…။ ည ၂ နာရီလောက် တရေးလဲနိုးရော အဲဒီဦးလေးကြီးက ကျနော့် အိပ်ယာထဲ ရောက်နေတယ်လေ…..
ပြီးတော့ ကျနော့်ကိုလည်း သူထပ်စော်ကား ထားပြန်တယ်လေ…. ကျနော့်အတွက်တော့ ပြေးလို့ မလွတ်တော့ဘူးလေ။
မေမေက သူ့ကို အိမ်က သော့တွေ အကုန်ပေးခဲ့တာကိုး…။

သူက
ကျနော့ကို တကယ်ချစ်ပါတယ်တဲ့..။ ကျနော့ကိုလည်း မိဘတွေကို မပြောပါနဲ့တဲ့။ အမျိုးမျိုး
ပြောတယ်လေ။ ပြီးတော့ ကျနော့်ကို သူက လက်ထပ်မယ်တောင် ပြောသေးတယ်။ ကျနော်က ဒါမျိုးတွေကို
တစ်ခါမှတောင် မကြားဖူးခဲ့ပါဘူး…။ နောက်တော့သူက ယောင်္ကျားချင်း မဖွယ်မရာ လုပ်နေတဲ့ ပုံတွေနဲ့
ဗွီဒီယိုတွေကို ကျနော့်ကို ပြတယ်လေ….။ သူက ပြောသေးတယ် ဒါက ခေတ်မီတဲ့ နိုင်ငံတွေမှာပဲ
ရှိတာတဲ့။

ကျနော်
အကြိမ်ကြိမ် ငြင်းပါတယ်… ဒါပေမယ့် မရခဲ့ဘူးလေ.. ပိုဆိုးတာက ဖေဖေ့အက်ဆီးဒန့်မှာ အိမ်က
ငွေတော်တော် ကုန်သွားတယ်လေ။ နောက်ဆုံး ကျနော့ ကျောင်းစရိတ်တောင် အိမ်က မတတ်နိုင်တော့ဘူး။
အဲဒီမှာ သူက ကျနော့်ကို နေ့တိုင်းကျောင်းကို သူ့ကားနဲ့ လိုက်ပို့ ပေးတယ်လေ။ အိမ်က မထောက်ပံ့
နိုင်တာကိုလည်း သူက သိနေတယ်လေ…. မေမေတို့နဲ့က လူရင်းတွေ ဖြစ်နေတာကိုး။ သူက ကျနော် ကျောင်းမုန့်ဖိုးလည်း
ပေးတယ်။ လိုတဲ့ စာအုပ်တွေ စာရွက်စာတမ်း တွေကိုလည်း ၀ယ်ပေးတယ်လေ… ဒီလိုနဲ့ ကျနော် ပထမနှစ်
အောင်ခဲ့တာပါ။ ဒုတိယနှစ်မှာ ဖေဖေ ဆုံးသွားပါတယ်။ အရင် ကားအက်ဆီးဒန့် ပြီးတည်းက ဖေဖေ့
ကျန်းမာရေးက မကောင်းပါဘူး၊ ဖေဖေဆုံးတော့ သူကပဲ ကျနော်တို့ မိသားစုကို ထောက်ပံ့ ခဲ့တယ်လေ။
ဒီတော့ သူလိုချင်တာကို ကျနော်က ကိုယ်နဲ့ရင်းပြီး ပေးခဲ့ရတယ်ဆရာ။

ဒီလိုမျိုးတွေကို
အရမ်းမုန်းပေမယ့် မိသားစုကို ထောက်ပံ့နေတဲ့ သူ့အလိုကို ကျနော် လိုက်ခဲ့ ရတယ်လေ။ သူတောင်းဆိုလာတိုင်း
ကျနော် မညင်းသာ ခဲ့ပါဘူး။ သူအိမ်ကိုလည်း သွားဖြစ်တယ်။ သူ့အိမ်မှာက သူ့အတွက် လွတ်လပ်တယ်လေ…..
အဖွားကလည်း အသက်ကြီး နားကလေး ဆိုတော့ သူ့အကြိုက်ပဲလေ။ နောက်ဆုံးတော့ ကျနော့်ကိုယ်ကျနော်
ဂေးအဖြစ် ခံယူလိုက်မိပါတယ်။

ကျနော်
လူပျိုစဖြစ်တည်းက ဒီလိုအဖြစ်မျိုးတွေကို တစ်ခါမှ မတွေးထားမိပါဘူး။ ထင်လည်း မထင်ထား
ခဲ့ဘူးလေ။ ကျနော့်စိတ်ကိုလည်း ကျနော် ပြန်မေးကြည့် မိတယ်လေ။ ငါတကယ် ဒီလို ဂေးဖြစ်သွားပြီလား
ဆိုပြီးတော့. ကျနော် တတိယနှစ်မှာ ရည်းစာထားဖို့ ကြိုးစားပါတယ်။ ကောင်မလေး တစ်ယောက်ကို
လိုက်ခဲ့ပါတယ်။ ၂ လလောက် ကြာတော့ ချစ်သူတွေ ဖြစ်သွား ခဲ့ပါတယ်။ ကျနော် ကျနော့ချစ်သူကို
ချစ်လို့တော့ ရတယ်ဆရာ….။ ဟိုလိုမျိုးတော့ ဘယ်လိုမှ တွေးလို့ကို မရဘူး….။ သူ့ဘက်က အခွင့်ရေးတွေ
ပေးခဲ့တာတောင် ကျနော့် ဘက်က စိတ်လုံးဝ မလာခဲ့ဘူးလေ။ အဲဒီမှာ ကျနော့်ကိုကျနော် နားလည်ခဲ့ပါတယ်…
ကျနော့်ကို ကျနော် ဂေးလို့ ခံယူခဲ့ပါတယ်။ ကောင်မလေးကိုလည်း အဆက်ဖြတ်ခဲ့ ပါတယ်။ အဲဒီ
ဦးလေးကြီးနဲ့ပဲ နှစ်ပါးသွား နေခဲ့တယ် ဆရာ။ ဒါပေမယ့် အဲဒီဦးလေးကြီးက နှစ်ဖက်ချွန်လေ..
မိန်းမလည်း ပွေတယ်…. မော်ဒယ် ငယ်ငယ် လေးတွေနဲ့လည်း တွဲတယ်လေ…။ တစ်ခါတစ်လေ သူ့အခန်းကိုပါ
ခေါ်လာတယ်….

ကျနော့်
ကျောင်းပြီးတော့ သူက ကျနော့်ကို သင်္ဘောတင်ပေးမလို့ Agent နဲ့ ချိတ်ပေးပါတယ်။ ပြီးမှ ဆေးစစ်တာပါ
ဆရာ…။ အခုတော့ ကျနော့် ဘ၀က နှစ်ခါနာပဲလေ….. မေမေ့ကိုလည်း မပြောပြရဲဘူး။ ဆရာ… မေမေက
နှလုံးရောဂါသည်လေ…. ကျနော့်မှာ ညီမလေးလည်း ရှိသေးတယ်လေ…။ ကျနော်က ညီမလေးအပေါ် တာဝန်ရှိတယ်လေ…။
ဖေဖေ မရှိတော့တဲ့ နောက်ပိုင်း ကျနော့် ဘ၀ကို မေမေနဲ့ ညီမလေးအတွက်ပဲလို့ သတ်မှတ် ထားခဲ့တာပါ။
ဒီဦးလေးကိုလည်း မိသားစုကို ထောက်ပံ့ထားတဲ့ မျက်နှာနဲ့ သူ့လိုအင်ကို ဖြည့်ပေး နေခဲ့တာပါ။
ကျနော့် သူ့ကိုတော့ ပြောပြ ထားပါတယ်…။ သူ့က အစကတော့ အကြောက်အကန် ငြင်းပါတယ်။ သူက သန့်တယ်
ဘယ်သူနဲ့မှ မရှုပ်ဘူး ပေါ့လေ။ ကျနော်ကသာ တခြားလူတွေနဲ့ လိုက်ရှုပ်လို့ HIV ကူးတယ် ပေါ့လေ။
ကျနော် သူ့ကို သွေးစစ်ဖို့ အကြိမ်ကြိမ် ပြောခဲ့ပေမယ့် သူက မစစ်ခဲ့ဘူးလေ။ နောက်ဆုံး
အတင်းအကြပ် ပြောမှ စစ်တော့ သူ့မှာလည်း HIV ပိုး ရှိနေတယ်လေ….။ ဒီတော့မှ ကျနော်လည်း
သူ့ဆီက ကူးတယ် ဆိုတာကို သိလိုက်ရတာပါ။

သူကတော့
ကျနော့် တစ်ဘ၀လုံးကို အညွှန့် ချိုးရုံသာမက ကျနော့် နာမည်ကိုပါ အမည်းစက် ထက်တွေ ဆင့်နေအောင်
လုပ်ခဲ့တယ်လေ။ ကျနော် ဘာဆက်လုပ်သင့်လဲ ဆိုတာကို အကြံပေးပါဦး ဆရာ……။

အားကိုးတကြီးစိတ်နဲ့
သူ့မျက်လုံးတွေက ဆရာဝန်ကို တောင်းပန် နေရှာလေရဲ့။ ဆရာဝန်လည်း ဖြစ်သင့်တာတွေ… လုပ်သင့်တာတွေကို
တစ်ခုချင်း ပြောနေလေရဲ့…။

ဆရာဝန်ရဲ့
အသုံးတော်ဖြစ်တဲ့ ကျုပ် ဘောလ်ပင်ခမျာမှာတော့ ရင်ထဲ မချိသာဘူးလေ..


ဒီလိုလူငယ်လေးတွေ ဒီလိုဘ၀ကိုရောက်အောင် လုပ်တာ ဘယ်သူ့ကို အပြစ်တင်ရမလဲ? ဘယ်သူ့မှာ တာဝန်ရှိလဲ။
ဒီလို လူငယ်လေးတွေကို ဘယ်သူက ကာကွယ် စောင့်ရှောက်ဖို့ တာဝန်ရှိသလဲ?


သူတို့ ဒီဘ၀မျိုး မရောက်ခင်မှာ သူတို့ ရင်ဖွင့်သမျှကို နားထောင်ပေးမယ့် နားတွေရော လောကကြီးမှာ
အဆင်သင့် ရှိနေပြီလား?


သူတို့ကို ဒီလိုမျိုး မဖြစ်အောင် ကာကွယ်ပေးမယ့် ဥပဒေတွေရော ရှိနေပြီလား?


ဒီလို ကလေးသူငယ်ကို အဓမ္မ ပြုကျင့်တာတွေကိုရော ဘယ်သူတွေက ဆန့်ကျင် တိုက်ဖျက်ပြီး ကလေး
သူငယ်တွေရဲ့ အခွင့်ရေးအတွက် တိုက်ပွဲဝင် ပေးကြမှာလဲ?

ကျနော်မောင်ဘောလ်ပင်
ဒီလိုတွေးနေတုန်းမှာပဲ ဆရာဝန်က ကျနော့် ခေါင်းကို အဖုံးနဲ့ စွပ်ပြီး ကျနော့်ကို စာအုပ်ကြားထဲ
ညှပ်ထားခဲ့ပြီး ဆေးခန်းသိမ်းလိုက်ပါတယ်။

ရေးသူ--လမင်းကို

By HIM

ရူးဖို့လိုသေးတာလား?

အိန္ဒိယနိုင်ငံ ရွာလေးတစ်ရွာတွင်ဖြစ်သည်။ ကျောက်မီးသွေးတူးသောအလုပ်သမားလေး
နှစ်ယောက်သည် နေ့လည်ထမင်းစားနား၍ ထမင်းစားပြီး တမာပင်အောက်တွင် စကားစမြည်းပြောဆိုနေကြသည်။

အလုပ်သမား ၁ ။ ။ ဝူး...သမ္မတဝင် အရွေးခံရင်ကောင်းမလား မသိဘူး။

အလုပ်သမား ၂ ။ ။ မင်းက ရူးနေတာလား ?

ထိုအခါ ပထမ အလုပ်သမားလေးက အံ့သြော သောလေသံဖြင့်

အလုပ်သမား ၁။ ။ ဟင် !! သမ္မတ အရွေးခံတာ ရူးဖို့လိုသေးတာလား?

(တစ်ချက်လောက်ပြုံးမိသွားရင် ကျေနပ်ပြီ)

မိုးစက်ဝိုင်နှင့် တွေ့ဆုံခြင်း



ရုရှားနိုင်ငံမှာ ကျင်းပခဲ့တဲ့ Miss Universe ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်ခဲ့တဲ့ မြန်မာအလှမယ် မိုးစက်ဝိုင်နှင့် တွေ့ဆုံ၍ ပြိုင်ပွဲ အတွေ့အကြုံများ၊ ပြိုင်ပွဲ ကာလတစ်လျှောက် ဝေဖန်မှုများအပေါ် သူ့အမြင်နှင့် မြန်မာအလှမယ် တစ်ဦးအဖြစ် လုပ်ဆောင်သွားမည့် ပရဟိတလုပ်ငန်းများ အကြောင်းတို့ကို The Voice က မေးမြန်းထားခြင်း ဖြစ်သည်။

interv_mswhtsk_TZO_TTMVoice : ရုရှားနိုင်ငံမှာ ပြိုင်ခဲ့တဲ့ Miss Universe ပြိုင်ပွဲမှာ တခြားနိုင်ငံက အလှမယ်တွေ ဆီကနေ ဘယ်လို အတုယူစရာတွေ တွေ့ခဲ့ရလဲ။

MSW : သူတို့ရဲ့ ပြိုင်ပွဲအတွက် ပြင်ဆင်ချိန် အရမ်းများတာကို တွေ့ခဲ့ရပါတယ်။ သူတို့နိုင်ငံတွေက ဒီပြိုင်ပွဲမှာ နှစ်ပေါင်းများစွာ ပြိုင်ခဲ့ကြတာဆိုတော့ ကိုယ့်နိုင်ငံက အလှမယ်တွေကို အရမ်း ပြင်ဆင်ပေးနိုင် ကြတယ်။ အလှမယ်တွေ ကိုယ်တိုင်ကလည်း သူတို့ကိုယ် သူတို့ ယုံကြည်မှု အရမ်းရှိကြတယ်။ အဲဒီအပိုင်းမှာတော့ မိုးစက်က သူတို့နဲ့ ယှဉ်ရင် အားနည်းပါတယ်။ မိုးစက် စဉ်းစားမိတာ တစ်ခုက လူတစ်ယောက်က အခြေအနေတစ်ခုမှာ ကိုယ် Control လုပ်လို့ မရတဲ့ အရာတွေကို စဉ်းစားပြီး လိုက်လုပ်နေမယ့်အစား ကိုယ် Control လုပ်လို့ရတဲ့ အရာတွေကို ဦးစားပေးပြီး လိုက်လုပ်တာက ကိုယ့်အတွက် ပိုပြီး အကျိုးရှိပါတယ်။ အဲဒီအတွက် မိုးစက် တခြားနိုင်ငံက အလှမယ်တွေနဲ့ စကားပြောကြည့်ရင်း သူတို့ရဲ့ အားသာချက်တွေကို လေ့လာတယ်။ သူတို့ ဘယ်လို လမ်းလျှောက်တယ်၊ ဘယ်လို အလှပြင်တယ်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတဲ့ပုံပေါက်အောင် ဘယ်လို နေထိုင်ကြတယ် ဆိုတာတွေကို လေ့လာဖြစ်ပါတယ်။

Voice : နောက်နှစ် Miss Universe ပြိုင်ပွဲမှာ သွားရောက် ယှဉ်ပြိုင်မယ့် မြန်မာ အလှမယ်တွေ အတွက် ကိုယ်ရခဲ့တဲ့ အတွေ့အကြုံတွေအရ ကြိုတင် ပြင်ဆင်ထားသင့်တဲ့ အရာတွေကို ပြောပြပေးပါဦး။

MSW : မိုးစက် ပြောချင်တာကတော့ နောက်နှစ်မှာ သွားပြိုင်မယ့် ပြိုင်ပွဲဝင်တွေ အနေနဲ့ ဘက်ပေါင်းစုံကနေ ကြိုတင် ပြင်ဆင်ထားသင့်ပါတယ်။ ပြင်ဆင်မှု အပြည့်နဲ့ သွားပြိုင်မယ် ဆိုရင်တော့ ကိုယ့်အတွက်လည်း ပိုပြီး အကျိုးရှိတယ်။ ရလဒ်ကောင်းတွေလည်း ရနိုင်ပါတယ်။ ဒီပွဲမှာ ဆုရသည် ဖြစ်စေ၊ မရသည် ဖြစ်စေ ငါအကောင်းဆုံး လုပ်မယ်ဆိုတဲ့ စိတ်တစ်ခုနဲ့ ယှဉ်ပြိုင်ရင် ကြိုးစားမှုနဲ့ ထိုက်တန်တဲ့ ရလဒ် တစ်ခုတော့ တစ်ချိန်မှာ မိုးစက်တို့ နိုင်ငံအတွက် ရလာမှာပါ။

Voice : People Choice ဆု အတွက် မဲအများဆုံးရ နေရာကနေ ဒီဆုနဲ့ လွဲခဲ့ရတဲ့အပေါ် ဘယ်လို ခံစားရလဲ။ ကိုယ်နဲ့ Voting တွေမှာ အပြိုင်ဖြစ်ခဲ့တဲ့ ဖိလစ်ပိုင် အလှမယ်ကိုရော ဘယ်လို မြင်လဲ။

MSW : မိုးစက်က Online Voting ကို ဘယ်လို သဘောထားလဲ ဆိုတော့ ဒါက ကိုယ့်နိုင်ငံက အလှမယ်တွေကို ပြိုင်ပွဲမှာ ပျော်ရွှင်စေအောင် လုပ်ပေးတဲ့အရာ တစ်ခုလို့ မြင်ပါတယ်။ ဒီဆုနဲ့ လွဲခဲ့ရပေမယ့် မိုးစက်အတွက် သိပ်တော့ အရေးမကြီးပါဘူး။ တကယ်တမ်းက မိဘပြည်သူတွေရဲ့ အားပေးချင်တဲ့ စေတနာသာ အဓိကပါ။ မိုးစက်အတွက် အရေးကြီးတာက ကိုယ့်ကို ချစ်ချစ်ခင်ခင် အားပေးနေတဲ့ မိဘ ပြည်သူတွေရဲ့ မိုးစက်အပေါ်ထားတဲ့ စိတ်ထားလေးတွေ၊ စေတနာတွေ၊ ကရုဏာတွေကို မြင်လိုက်ရတာက ပိုပြီး ကြည်နူးဖို့ ကောင်းပါတယ်။ ဖိလစ်ပိုင် အလှမယ်ကတော့ သူ့ကို သူ့နိုင်ငံက အရမ်း Support လုပ်ပါတယ်။ သူတို့သမ္မတ ကိုယ်တိုင်ကလည်း သူ့အတွက် Vote လုပ်ပေးဖို့ တစ်နိုင်ငံလုံးကို လှုံ့ဆော်ပေးတယ်။ ဒါကို အရမ်းဦးစားပေးပြီး လုပ်ကြတယ်။ သူကိုယ်တိုင်ကလည်း တော်ပါတယ်။ မိုးစက်နဲ့ သူနဲ့ကြားမှာရှိတဲ့ ကွာခြားချက်ကတော့ အတွေ့အကြုံပိုင်းပေါ့။ သူက အတွေ့အကြုံ အရမ်းရှိပါတယ်။

Voice : ပြိုင်ပွဲကာလ တစ်လျှောက်လုံးမှာ ကိုယ့်ရဲ့ အရည်အချင်းထက်၊ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေ များခဲ့တဲ့အပေါ် ဘယ်လို ခံစားခဲ့ရလဲ။

MSW : ခံစားရတာတွေ များလွန်းတော့ ဘယ်လို ပြောရမှန်းတောင် မသိတော့ဘူး။ ဒါပေမဲ့ ကိုယ့်ကို တိုက်ခိုက်တာတွေထက် အားပေးတဲ့ သူတွေကြောင့် မိုးစက် ပိုပြီး ခံစားခဲ့ရတယ်။ တိုက်ခိုက်မှုတွေသာ မရှိခဲ့ရင် ဒီအားပေးမှုတွေက ဒီလောက် ကြည်နူးစရာ ကောင်းလိမ့်မယ် မထင်ပါဘူး။ မကောင်းတာကို စားဖူးတဲ့သူက၊ ကောင်းတဲ့ဟာကို စားဖူးတဲ့ အခါကျရင် ပိုပြီး အရသာ ရှိသလိုမျိုးပေါ့နော်။

Voice : မြန်မာနိုင်ငံ ကိုယ်စားပြုပြီး နိုင်ငံတကာ ပြိုင်ပွဲတွေမှာ သွားပြိုင်တဲ့ အလှမယ်တွေက အလှအပပိုင်းက သိပ်ပြီး ပြောစရာ မရှိပေမယ့် အထွေထွေ ဗဟုသုတပိုင်းမှာတော့ အားနည်းမှုတွေ ရှိတယ်လို့ ဝေဖန်မှုတွေအပေါ် မိုးစက်ဝိုင် ဘယ်လို မြင်လဲ။

MSW : အခု ဒီတစ်ခါ သွားပြိုင်တဲ့ ပြိုင်ပွဲမှာတော့ မိုးစက်အနေနဲ့ IQ၊ EQ ပိုင်းမှာ ကိုယ့်ကိုယ်ကိုယ် လိုအပ်ချက် ရှိတယ်လို့ မထင်ပါဘူး။ မိုးစက် အနေနဲ့ သူတို့ ပြောသလို လိုက်ပြောနိုင်တယ်။ ဒါပေမဲ့ မိုးစက်မှာ လိုအပ်ချက် ရှိသွားတာက ပြင်ဆင်ချိန် သိပ်မရှိဘူး။ သူတို့က ပြင်ဆင်ချိန် များသလို အတွေ့အကြုံလည်း အများကြီး ရှိတယ်။ သူတို့ရဲ့ အဖွဲ့အစည်းတွေကလည်း ဒီပြိုင်ပွဲမှာ ဘယ်လို အစီအစဉ်တွေပါတယ်၊ ဘာတွေ လုပ်ရတယ် အကုန်ပြောပြထားပြီးသား။ မိုးစက်ကျတော့ ဟိုရောက်တဲ့အခါ စမ်းတဝါးဝါးနဲ့ အကုန်လုပ်ခဲ့ရတာပါ။

Voice : မြန်မာ အလှမယ်တွေက Miss ဆု ရပြီးရင် ပရဟိတအလုပ်တွေ လုပ်ကြတယ်လေ။ မိုးစက်ဝိုင်ကရော ဘယ်လို ပရဟိတ လုပ်ငန်းတွေ လုပ်သွားမလဲ။ အနုပညာအလုပ်တွေရော လုပ်ဖို့ စီစဉ်ထားတာရော ရှိလား။

MSW : ပရဟိတ လုပ်ငန်းကြီးတွေကို ဦးဆောင်ပြီး လုပ်ဖို့က မိုးစက်မှာ အတွေ့အကြုံ မရှိသေးပါဘူး။ အဲ့ဒီအတွက် Miss Universe Myanmar ဖောင်ဒေးရှင်းနဲ့ လက်တွဲပြီး မိုးစက် တတ်နိုင်တဲ့ အပိုင်းက ပါဝင် ကူညီသွားပါမယ်။ နောက်ပိုင်း အတွေ့အကြုံများလာတဲ့ အခါမှာတော့ မိုးစက် ကိုယ်ပိုင်စိတ်ကူးနဲ့ ပရဟိတအလုပ်တွေ လုပ်သွားမှာပါ။ အနုပညာအလုပ် အနေနဲ့ကတော့ မိုးစက် ရုပ်ရှင်ရိုက်ဖို့ စိတ်ကူး မရှိပါဘူး။ တီဗီကြော်ငြာလေးတွေတော့ ရိုက်သွားဖို့ ရှိပါတယ်။ အခုလောလောဆယ် မိုးစက် စဉ်းစားထားတာက အနုပညာရှင်တွေ အားလုံးနဲ့ လက်တွဲပြီး ပရဟိတလုပ်ငန်း တစ်ခုအတွက် ရန်ပုံငွေ ရှာဖွေတဲ့ ပွဲလေး လုပ်ချင်ပါတယ်။

Voice : ပြိုင်ပွဲမတိုင်ခင်မှာ လူမျိုးရေးနဲ့ ပတ်သက်ပြီး ဝေဖန်မှု အချို့ရှိခဲ့တော့ ပြိုင်ပွဲရောက်တဲ့အခါ စင်ပေါ်မှာ ကိုယ့်ရဲ့ကိုယ်စားပြု နိုင်ငံကို ပြောပြီး မိတ်ဆက်ရတဲ့အခါ မိုးစက်ဝိုင် ရင်ထဲမှာ ဘယ်လို ခံစားရလဲ။

MSW : ပြိုင်ပွဲမှာ အဲ့ဒီအပိုင်းလေးကို မိုးစက် အကြိုက်ဆုံးပါ။ ဒီအပိုင်းလေးက ပြိုင်ပွဲဝင် ၈၆ နိုင်ငံထဲမှာ ကိုယ် မြန်မာနိုင်ငံက ဆိုတာကို ဂုဏ်ယူစွာ ပြောခွင့်ရတဲ့ အချိန်လေးပါ။ မိုးစက် စိတ်ထဲမှာလည်း တကယ်ကို အလေးအမြတ်ထားပြီး ပြောခဲ့ပါတယ်။ မိုးစက်ကို လူမျိုးပိုင်းဆိုင်ရာမှာ ပြောဆိုကြတာနဲ့ ပတ်သက်ပြီး တချို့ အလှမယ်တွေကလည်း လာမေးကြတယ်။ အဲ့ဒီအခါ မိုးစက် ရှင်းပြပါတယ်။ မြန်မာနိုင်ငံက ၅၁ နှစ်အကြာမှ ဒီပြိုင်ပွဲကို ပြန်လည် ယှဉ်ပြိုင်ရတာ ဖြစ်တဲ့အတွက် မသိတာလေးတွေ၊ လက်မခံနိုင်တဲ့ အချက်လေးတွေ ရှိတယ်လို့ မိုးစက် ရှင်းပြပါတယ်။ အကုန်လုံးကလည်း ဒီပြိုင်ပွဲအပေါ် စိတ်လှုပ်ရှားနေကြတဲ့ အတွက် ပဋိပက္ခလေးတွေ ဖြစ်သွားတာပါလို့ ပြောခဲ့ပါတယ်။

Voice : ပြိုင်ပွဲကာလမှာ ကိုယ့်ကို အားပေးခဲ့တဲ့ ပရိသတ်တွေအတွက် မိုးစက်ဝိုင်ဘက်က ပြောချင်တာတွေရှိရင် ပြောပေးပါဦး။

MSW : မိုးစက်ကို အားပေးခဲ့ကြသူတွေ အားလုံးကို ကျေးဇူး အများကြီးတင်ပါတယ်။ သူတို့ရဲ့ မိုးစက်အပေါ်ထားတဲ့ ယုံကြည်မှု၊ ချစ်ခင်ကြင်နာမှုတွေက ဘယ် သရဖူမျိုးထက်မက တန်ဖိုး ရှိပါတယ်လို့ ပြောချင်ပါတယ်။

The Voice

Thursday, November 14, 2013

လက်ပံတောင်းတောင် အခြေအနေ နောက်ဆက်တွဲ သတင်းပေးပို့ချက်


စစ်ကိုင်းတိုင်း ဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်း ကြေးနီတောင် ဧရိယာအတွင်းရှိ မိုးကြိုးပြင်တောင်ရွာအတွင်းသို့ ရဲကားများက ဝင်ရောက်ရာ ဒေသခံများနှင့် အခြေအတင် ဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင်များက ပစ်ခေတ်ခဲ့ခြင်းကြောင့် ရွာသား ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ဒဏ်ရာရသူများအနက် ၁ ဦးမှာ ရင်ဘတ်သို့ ထိမှန်ခဲ့သဖြင့် စိုးရိမ်ရကြောင်းကို မိုကြိုးပြင်တောင်ရွာဒေသခံများက ဆက်သွယ် ပြောကြားချက်များအရ သိရသည်။

မိုးကြိုးပြင်တောင် ရွာသို့ လုံထိန်းရဲတပ်ဖွဲ့များ အင်အား ၄၀၀ ကျော် လုံထိန်းကား ၁၇ စီး တရုတ်ဝမ်ဘောင်ကားဖြူ တစ်စီး တို့ဖြင့် ယနေ့ ည ၈ နာရီကဝင်ရောက်စီးနင်းအကြမ်းဖက်ခဲ့ရာ သေနတ်သံ ၂၇ ချက်ပစ်ဖောက်ခဲ့ပြီး ဒေသခံ ဖြစ်သူ ကိုဖိုးစီ၊ ကိုသက်မောင် ၊ ကိုဘိုနိ ၊ မအေးသန်း ၊ ကိုစိုးပြည့်အောင် ၊ ကိုထွန်းအေး ၊ ကိုအုန်းမှိုင်းတို့ (၇) ဦးသေနတ်ထိမှန်ပြီး မနော်ရှီးမှာ လေးဂွထိမှန်ခဲ့ပါသည်။

ယခုအချိန်ထိ သေနတ်ထိမှန်ခံရသူ ကိုစိုးပြည့်အောင်မှာ သတိလစ်နေပါသည်။ သတင်းမှတ်တမ်းယူနေသော သတင်းသမားများအားလည်း စစ်ဆေးဆဲဆိုပြီး မှတ်တမ်းဖိုင်များ ဖျက်ဆီးပစ်ကြပါသည်။

သတင်း +  ကိုတိုးကြီး (facebook)

မိုင်းဖုန်း ဆရာတော် မြန်မာပြည်ပြန် သီတင်းသုံးမည်


ထိုင်းနိုင်ငံ၌ သီတင်းသုံးနေတဲ့ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တဉာဏသံဝရဟာ နိုဝင်ဘာလ ၁၅ရက် နံနက် ၉နာရီမှာ မြန်မာနိုင်ငံကို ပြန်လည် ပင့်ဆောင်မှာ ဖြစ်ပါတယ်။

ထိုင်းမြန်မာ ချစ်ကြည်ရေး အမှတ် ၁ တံတားကေန မြန်မာပြည်ကို ပြန်လည် ကြွချီမှာ ဖြစ်ပြီး နဂါး ၂ ကောင်ကျောင်းတိုက်မှာ ခေတ္တ အပူဇော်ခံမှာ ဖြစ်တယ်လို့ တာချီလိတ် အွန်လိုင်း သတင်းမှာ ရေးပါတယ်။

ရှမ်းပြည်နယ်(အေရှ့ပိုင်း) တာချီလိတ်ခရိုင်၊ မိုင်းဖုန်းဒေသ၌ သီတင်းသုံးခဲ့တဲ့ မိုင်းဖုန်း ဆရာတော်ဟာ အြေကာင်းအမျိုးမျိုးကြောင့် မြန်မာနိုင်ငံကေန ထွက်ခွာပြီး ထိုင်းနိုင်ငံမှာ ၉ နှစ် နီးပါး သီတင်းသုံးခဲ့ရာက အခု မြန်မာနိုင်ငံကို ပထမဆုံးအြကိမ်အြဖစ် ပြန်ကြွလာတာလည်း ဖြစ်ပါတယ်။

အရင်က ဆရာတော်ရဲ့ သီတင်း သုံးခဲ့တဲ့ မိုင်းဖုန်းကျောင်းကို ချိတ်ပိတ်ထားတာကိုလည်း ပြန်လည် ဖွင့်လှစ်ပြီး ပြုပြင်မွမ်းမံမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဆရာတော်ဟာ ငယ်စဉ်ဘ၀ကတည်းက တရားဓမ္မကို ကျင့်ကြံပွားများ အားထုတ်တာ အကျင့်သီလ မြဲမြံတာတွေကြာင့် မြန်မာနိုင်ငံက ရှမ်းလူမျိုးတွေနဲ့ ထိုင်းနိုင်ငံမှာ ကြည်ညို ကိုးကွယ်ခံရတဲ့ ဆရာတော် လည်း ဖြစ်ပါတယ်။ မြကာသေးမီက ဆရာတော်ဟာ ၃ နှစ်ကျော် ဂူပိတ်ကာ ကျင့်ကြံ ပွားများ အားထုတ် ခဲ့ပါတယ်။

မိုင်းဖုန်းဆရာတော်ကို ပြန်လည် ပင့်ဆောင်နိုင်ဖို့အတွက် ရှမ်းပြည်နယ်က ပြည်သူ့လွှတ်တော် အမတ် တွေက ပထမအြကိမ် ပြည်သူ့လွှတ်တော် တတိယအြကိမ် ပုံမှန် အစည်းအေ၀းမှာ ဆရာတော်ကို မိုင်းဖုန်း ရွှေတြိဂံဒေသဘက်သို့ ပြန်လည် ပင့်ဆောင် ကိုးကွယ်ဖို့အတွက် နိုင်ငံတော်အစိုးရအေနနဲ့ ခွင့်ပြုရန် အစီ အစဉ် ရှိ၊ မရှိ မေးမြန်းခဲ့တာကို ပြည်ထဲရေးနဲ့ သာသနာရေးဝန်ကြီးဌာနက ကန့်ကွက်ရန် အစီအစဉ်မရှိတဲ့ အကြောင်း ဖြေထားခဲ့ပါတယ်။

DVB TV News

TV ထိုင်ကြည့်ရင်း သေဆုံးနေသည့် အမျိုးသမီး အလောင်းကို သေဆုံးပြီး ၄၂ နှစ်ကြာမှ တွေ့ရှိ


၁၉၄၂ ခုနှစ်မှာ မွေးဖွားခဲ့တဲ့ ဒီခရိုအေးရှား အမျိုးသမီးကြီးကို TV ကြည့်ရင်းနဲ့ သေဆုံးနေခဲ့တာကို ၄၂ နှစ် အကြာမှ တွေ့ခဲ့ရပါတယ်။ သူမ ထိုင်ခုံရဲ့ ဘေးမှာ ဖျော်ထားတဲ့ လက်ဖက်ရည် ခွက်တစ်ခွက်ကိုလည်း တွေ့ရပါသေးတယ်။ သူမ ကြည့်နေတဲ့ တီဗွီကတော့ အဖြူအမဲ တီဗွီ အမျိုးအစား ဖြစ်ပါသတဲ့။ဘာရောဂါ၊ ဘယ်လို သေသွားတယ် ဆိုတာတော့ မသိပါဘူး။

ဒါပေမယ့် ပုံ ကြည့်ရတာတော့ ခန့်ခန့်ကြီးနဲ့ ဆန့်ဆန့်ကြီး သေသွားပုံပဲ။

By ထူးဆန်းထွေလာ

အာဆင်နယ်နှင့် အနာဂတ်ကို နှုတ်ဆိတ်နေဆဲဖြစ်သည့် ဗာမေလန်


အာဆင်နယ် အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံထားရသည့်တိုင် ဘယ်လ်ဂျီယံ လက်ရွေးစင် ဗဟိုနောက်ခံလူသည် အသင်း၏ အရန်ကစားသမား အဖြစ်သာ သတ်မှတ်ခံနေရသူ ဖြစ်သည်။

အာဆင်နယ် အသင်း၏ အနာဂတ်နှင့် ပတ်သက်ပြီး တိတိကျကျ ပြောဆိုရန် သောမတ်စ် ဗာမေလန်က နှုတ်ဆိတ်နေဆဲဖြစ်သည်။ အာဆင်နယ် အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံထားရသည့်တိုင် ဘယ်လ်ဂျီယံ လက်ရွေးစင် ဗဟိုနောက်ခံလူသည် အသင်း၏ အရန်ကစားသမား အဖြစ်သာ သတ်မှတ်ခံနေရသူ ဖြစ်သည်။ မန်နေဂျာ အာစင်ဝင်းဂါးသည် ခံစစ်ဗဟိုချက်ကို လောရင့်ကိုစီရယ်လ်နီ၊ ပါးမာတီဆက်ကာတို့နှင့် ပူးပေါင်း တည်ဆောက်ထားပြီးနောက် ဗာမေလန်သည် ဒုတိယဦးစားပေး နောက်ခံလူ ဘဝသို့ အလိုအလျောက် ရောက်ရှိသွားခဲ့သည်။ ဗာမေလန် အနေဖြင့် အဆိုပါ အခြေအနေကြောင့် အမ်းမရိတ်စ်ကွင်းမှ ထွက်ခွာမည်ဟု သတင်းကြီးနေပြီး ယင်းကိစ္စနှင့် ပတ်သက်၍ ကစားသမား ကိုယ်တိုင်က တိတိကျကျ ဖြေရှင်းချက် မပေးသေးချေ။

လတ်တလောတွင် ၎င်းဒဏ်ရာရနေကြောင်း သတင်းများကိုမူ ဗာမေလန်က ငြင်းဆန်ခဲ့သည်။ ၎င်းအနေဖြင့် အာဆင်နယ်နှင့် လေ့ကျင့်ရေး အစီအစဉ်ကို စောစီးစွာ ရုတ်သိမ်းခဲ့မှုနှင့် ပတ်သက်ပြီး သတင်းထောက်များက ဒဏ်ရာကြောင့် ဟုတ်မဟုတ် မေးမြန်းရာ "ကျွန်တော် အဆင်ပြေပါတယ်။ ဘာဒဏ်ရာမှ မရှိဘူး။ တနင်္ဂနွေနေ့က ပွဲစဉ်အပြီးမှာ ကျွန်တော် ကြံ့ခိုင်မှုအပြည့် ရှိနေပါတယ်"ဟု တုံ့ပြန်ဖြေကြားခဲ့သည်။ အနာဂတ်နှင့် ပတ်သက်၍ အာဆင်နယ်တွင် မြှုပ်နှံရန် စိတ်ကူးရှိမရှိကိုမူ ဗာမေလန်က ရှောင်လွှဲပြောဆိုသွားသည်။

"ဒီအခြေအနေကို ကျွန်တော် ဘာမှ မပြောလိုသေးဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် ထုတ်ပြောရင် အဆိုးဘက်ကို ဦးတည်သွားနိုင်တယ်လေ။ ကျွန်တော် ဘာမှ မပြောချင်ပါဘူး။ ဒီကိစ္စက ကျွန်တော့်ပြဿနာ မဟုတ်ဘူး။ အသင်းက ဆုံးဖြတ်ရမှာပါ။ ကျွန်တော်ကတော့ ကိုယ်လုပ်စရာ ရှိတာကို အကောင်းဆုံး လုပ်နေမှာပါပဲ"ဟုလည်း ဗာမေလန်က ပြောကြားသွားခဲ့သည်။

Planet Myanmar Network

သမ္မတဟောင်း ကလင်တန် သမ္မတဦးသိန်းစိန်၊ ဒေါ်စုတို့နဲ့တွေ့



အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန် နဲ့ မြန်မာသမ္မတဦးသိန်းစိန် နိုင်ငံတော်သမ္မတအိမ်တော်တွင် တွေ့ဆုံစဉ်။ (သတင်းမှတ်တမ်း Credit to နိုင်ငံတော်သမ္မတရုံး)

မြန်မာနိုင်ငံမှာရောက်နေတဲ့ အမေရိကန်သမ္မတဟောင်း ဘီလ် ကလင်တန်ကို ဒီကနေ့ မနက်ပိုင်းမှာ သမ္မတ ဦးသိန်းစိန်က လက်ခံတွေ့ဆုံခဲ့ပါတယ်။ မစ္စတာ ကလင်တန်ရဲ့  ကလင်တန် ဖောင်ဒေးရှင်းနဲ့ မြန်မာအစိုးရအကြား ပူးပေါင်းဆောင်ရွက်သွားမယ့် ကိစ္စရပ်တွေနဲ့ အကူအညီပေးရေး ကိစ္စရပ်တွေကို မြန်မာသမ္မတနဲ့ အမေရိကန် သမ္မတဟောင်း တို့ ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတရုံး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ အပြည့်အစုံကို ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။

မစ္စတာကလင်တန်ရဲ့ အခု မြန်မာနိုင်ငံခရီးစဉ်ဟာ သူ့ရဲ့ ပထမဆုံးခရီးစဉ်ဖြစ်ပြီး အင်္ဂါနေ့က မြန်မာနိုင်ငံဆီ ရောက်လာတာပါ။ ဒီကနေ့ မနက် ၉ နာရီခွဲမှာ သမ္မတဦးသိန်းစိန်က မစ္စတာ ကလင်တန်ကို နေပြည်တော်၊ နိုင်ငံတော်သမ္မတ အိမ်တော် ဧည့်ခန်းမဆောင်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။

အဲဒီလိုတွေ့ဆုံတာမှာ ကလင်တန်ဖောင်ဒေရှင်းနဲ့ မြန်မာနိုင်ငံအစိုးရတို့အကြား နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားလိုမှု၊ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ကူညီ ဆောင်ရွက်လိုမှု၊ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေး ကဏ္ဍစုံ ချဲ့ထွင်နိုင်ရေး၊ HIV, AIDS, TB ရောဂါဝေဒနာရှင်တွေကို ဆေးဝါးတွေ ဖြန့်ဖြူးပေးရေးနဲ့ ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စတဲ့ လုပ်ငန်းစဉ်တွေမှာ ပါဝင်ကူညီ ဆောင်ရွက်သွားလိုမှု၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေး လုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်နေမှု၊ ငါးနှစ်အောက် ကလေး၊ မွေးကင်းစကလေးနဲ့ မိခင် သေဆုံးမှု လျော့ကျရေးတို့အတွက် ငွေကြေးနဲ့ သင်တန်းတွေ အထောက်အကူပြုနိုင်မှုတို့နဲ့ စပ်လျဉ်းပြီး ဆွေးနွေးခဲ့ကြတယ်လို့ သမ္မတရုံး ညွှန်ကြားရေးမှူးတစ်ဦးဖြစ်သူ ဦးဇော်ဌေးက သူ့ရဲ့ FaceBook စာမျက်နှာမှာ ရေးထားပါတယ်။

အဲဒီ တွေ့ဆုံပွဲကို ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ဦးအောင်မင်း၊ ဦးခင်ရီနဲ့ တာဝန်ရှိသူတွေ တက်ရောက်ကြတယ်လို့လည်း ပြောထားပါတယ်။
မြန်မာအစိုးရက တွန်းတွန်းတိုက်တိုက် လုပ်ဆောင်နေတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲသာ ဖြစ်လာခဲ့မယ်ဆိုရင် အခုရောက်နေတဲ့ အမေရိကန်သမ္မတဟောင်း ဘီလ် ကလင်တန်၊ ဒီကနေ့မှာပဲ ရောက်လာတဲ့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီ ဘလဲ (Tony Blair)၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန် ကီမွန်း (Ban ki-Moon)၊ အမေရိကန် သမ္မတဟောင်း နောက်တစ်ဦးဖြစ်တဲ့ ဂျင်မီ ကာတာ (Jimmy Carter)၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီ ကလင်တန် (Hillary Clinton) တို့ကို လက်မှတ်ရေးထိုးပွဲတက်ဖို့ ဖိတ်ကြားမယ်လို့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိစ္စကို အဓိက တာဝန်ယူ လုပ်ဆောင်နေတဲ့ နိုင်ငံတော် သမ္မတရုံး ပြည်ထောင်စုဝန်ကြီးတစ်ဦးဖြစ်သူ ဦးအောင်မင်းက ပြောထားဖူးပါတယ်။

လက်ရှိအချိန်ထိတော့ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပွဲ ဖြစ် မလာသေးသလို ဘယ်တော့ဖြစ်မယ်ဆိုတာကို လည်း အတိအကျ မပြောနိုင်သေးပါဘူး။ ဒုဝန်ကြီး ဦးရဲထွဋ် ကတော့ သမ္မတဟောင်းကလင်တန်ရဲ့ အခုခရီးစဉ်ဟာ ငြိမ်းချမ်းရေးကိစ္စ တစ်ခုထဲသက်သက်နဲ့ ဆိုင်တဲ့ခရီးစဉ် မဟုတ်ပါဘူးလို့ ပြောပါတယ်။

“ကျနော်တို့ရဲ့ အသွင် ကူးပြောင်းရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီးတော့မှ သူတို့အတွေ့အကြုံတွေပြောတာပေါ့နော်။ ပြောတယ်။ အကြံညဏ်ပေးတယ်။ နောက်ပြီးတော့ Capacity Building နဲ့ပတ်သက်ပြီးတော့ သူတို့လုပ်ပေးနိုင်တဲ့ကိစ္စတွေရှိတယ်။ အဲ့တာတွေ ပေါ့ ဥပမာ ကလင်တန်ဆိုလည်း ကလင်တန်ဖောင်ဒေးရှင်းနဲ့ ကျမ်းမာရေး၊ ပညာရေးကိစ္စတွေ လုပ်နေတာတွေရှိတယ်။ ဒီလိုဟာမျိုးတွေအတွက် သူတို့လုပ်ပေးနိုင်တဲ့ အခြေအနေတွေပေါ့လေ။ ဒါမျိုးတွေကို ခြုံငုံပြီးတော့ ဖလှယ်တာပါ။ ကိစ္စတခုခြင်း သီးသန့်ရယ်လို့ မဟုတ်ပါဘူး။”

အမေရိကန်သမ္မတဟောင်း ဘီလ်ကလင်တန်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံစဉ်။

သမ္မတဟောင်း ဘီလ် ကလင်တန်ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်း စုကြည်နဲ့လည်း ရန်ကုန်မြို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ သွားတွေ့ခဲ့ပါတယ်။ အဲဒီတွေ့ဆုံမှုနဲ့ ပတ်သက်တဲ့ အသေး စိတ်တွေကိုတော့ မသိရသေးပါဘူး။

မစ္စတာကလင်တန်ဟာ CGI လို့ခေါ်တဲ့ Clinton Global Initiative ကို ၂၀၀၅ ခုနှစ်က စတင် တည်ထောင်ခဲ့ပြီး CGI အနေနဲ့ ကမ္ဘာတ၀န်း နယ်ပယ်အသီးသီးမှာ ဦးစီးဦးဆောင်လုပ်နေသူတွေကို စုစည်းပြီး ကမ္ဘာကြီးရင်ဆိုင်နေရတဲ့ အရေးတကြီး စိန်ခေါ်မှု တွေအတွက် ထိုးထွင်း ဆန်းသစ်တဲ့ အဖြေတွေ ရှာဖို့နဲ့ အကောင်အထည်ဖော်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

အခုလိုမျိုး မစ္စတာကလင်တန်လို၊ မစ္စတာ တိုနီ  ဘလဲလို ထင်ရှားပြီး အတွေ့အကြုံရင့်ကျက်တဲ့ ကမ္ဘာ့ခေါင်းဆောင်တွေ မြန်မာနိုင်ငံဆီ လာရောက်ပြီးတော့ တွေ့ဆုံ ဆွေးနွေးတာတွေ လုပ်တဲ့အတွက် အကျိုးကျေးဇူး နှစ်ခုရပါတယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

“နံပတ်တစ်ကတော့ နိုင်ငံတော်သမ္မတကြီးဆောင်ရွက်နေတဲ့ ပြုပြင်ပြောင်းလဲ ရေးလုပ်ငန်းစဉ်တွေပေါ်မှာ နိုင်ငံတကာရဲ့ ယုံကြည်မှု၊ စိတ်ချမှုကို သက်သေပြရာရောက်တာပေါ့။ ဒီလိုအဲ့လိုဖြစ်တဲ့အတွက် ကျနော်တို့ အသွင်ကူးပြောင်းရေးလုပ်ငန်း၊ ဆောင်ရွက်နေတဲ့အခါမှာ ပိုပြီးတော့မှ ယုံကြည်မှုတွေ၊ မျှော်လင့်ချက်သစ်တွေ ရပါတယ်။

နံပတ်နှစ်ကတော့ သူတို့က နိုင်ငံခေါင်းဆောင်တွေဖြစ်တဲ့အပြင် ကမ္ဘာ့ခေါင်းဆောင်တွေဖြစ်တဲ့အတွက် နိုင်ငံအသီးသီးရဲ့ အသွင်ကူးပြောင်းရေးကာလဖြစ်စဉ်တွေကို သူတို့သိခဲ့တယ်။ သူတို့ဝင်ကူညီခဲ့တာတွေရှိတယ်။ အဲ့ဒီ့ဖြစ်စဉ်တွေရဲ့ အမှားတွေ၊ အမှန်တွေ သင်္ခန်းစာတွေရှိတယ်။ အဲ့ဒီ့အတွေ့အကြုံတွေကို ကျနော်တို့ကို မျှဝေပေးနိုင်တာပေါ့။ ဒီအကျိုးကျေးဇူး နှစ်ခုရပါတယ်။”

သမ္မတဟောင်းကလင်တန် သူ့ရဲ့သမ္မတသက်တမ်း ကုန်ဆုံးပြီးတဲ့နောက် စပြီး တည်ထောင်ခဲ့တဲ့ ကလင်တန်ဖောင်ဒေးရှင်းရဲ့ လက်ရှိ ဒုတိယဥက္ကဋ္ဌလည်းဖြစ်၊ သူ့ရဲ့သမီးလည်းဖြစ်တဲ့ ချယ်လ်ဆီး ကလင်တန် (Chelsea Clinton) ဟာလည်း ဒီ့မတိုင်ခင်က မြန်မာနိုင်ငံဆီ လာရောက်ခဲ့ဖူးပါတယ်။ ဇနီးဖြစ်သူ နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဟီလာရီ ကလင်တန်ဟာလည်း နိုင်ငံခြားရေး ၀န်ကြီးဘ၀တုန်းက တာဝန်နဲ့ မြန်မာနိုင်ငံဆီ လာရောက်ခဲ့ဖူးပါတယ်။

ဒီကနေ့ ကြာသပတေးနေ့မှာပဲ မြန်မာနိုင်ငံရောက်နေပြီဖြစ်တဲ့ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီ ဘလဲ ဟာလည်း သောကြာနေ့ နေ့လည် ၂ နာရီကနေ ၃ နာရီအထိ မြန်မာ့ငြိမ်းချမ်းရေးဖော်ဆောင်မှု ဗဟိုဌာန (MPC) မှာ အစွန်းရောက်ဝါဒကို တန်ပြန်ခြင်းနှင့် ဘာသာပေါင်းစုံ နားလည်မှု မြှင့်တင်ခြင်းဆိုတဲ့ခေါင်းစဉ်နဲ့ ဟောပြောဖို့ရှိပါတယ်။

Ref:VOA

ဖိလစ်ပိုင် မုန်တိုင်းကြောင့် သေဆုံးသူတွေ စတင်သဂြုင်္ိဟ်


ဖိလစ်ပိုင်နိုင်ငံမှာ မုန်တိုင်းဒုက္ခသည်တွေ အနေနဲ့ အရေးပေါ် အကူအညီတွေရဖို့ အမြန်လိုနေချိန်မှာ မုန်တိုင်းဒဏ်အခံရဆုံးဖြစ်တဲ့ Tacloban မြို့မှာ သေဆုံးသွားသူ ဒါဇင်ပေါင်းများစွာကို စုပေါင်းမြေမြုပ်တာ စတင်လိုက်ပါပြီ။

ပြီးခဲ့တဲ့ သောကြာနေ့ကတိုက်ခဲ့တဲ့ ကမ္ဘာ့အပြင်းထန်ဆုံးတွေထဲကတခုဖြစ်တဲ့ ဒီမုန်တိုင်းဒဏ်ခံရတာ တပတ်နီးပါးကြာလာချိန်မှာ ပုတ်ပွလာနေတဲ့ ဒီအလောင်းပေါင်း ၂၀၀ နီးပါးကို Tacloban မြို့မှာ ဒီနေ့ မြေမြုပ်ခဲ့ကြတာပါ။ ဒီမြို့အပြင်ဖက်မှာ ဒီအလောင်းတွေကို တွင်းတခုထဲ စုပြီးမြေမြုပ်ခဲ့ပေမဲ့ တရားဝင် ဝမ်းနည်းခြင်း အခမ်းအနားတော့ မကျင်းပခဲ့ပါဘူး။

ဒါ့အပြင် ဒီအလောင်းတွေဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုလည်း စစ်ဆေးသတ်မှတ်ပေးနိုင်မှုရှိမရှိ မသေချာသေးပါဖူး။ ဒီ့အပြင်လဲ ဒီမြို့ရဲ့ လမ်းမတွေပေါ်မှာ ခုလိုပုတ်ပွလာနေတဲ့ အလောင်းတချို့ အပျက် အစီးတွေအောက်မှာ ကျန်နေပါသေးတယ်။

ခုချိန်ထိ လူပေါင်း ၂၃၀၀ ကျော်သေဆုံးခဲ့တယ်လို့ ဖိလစ်ပိုင်အရာရှိတွေ အတည်ပြုပေးထားပေမဲ့၊ သေဆုံးမှု အရေအတွက်ဟာ ဒီထက်ပိုများနိုင်တယ်လို့ အများက ခန့်မှန်းထားပါတယ်။

ခုလိုအချိန်မှာ နိုင်ငံတကာဘက်က အကူအညီတွေတိုးမြှင့်ပေးဖို့တွေလုပ်နေပေမဲ့ ဒီလေဘေး ဒုက္ခသည် အတော် များများအနေနဲ့ အကူအညီ အနည်းအကျဉ်းသာ ရနေသေးပြီး၊ တချို့ဒေသတွေမှာ အသက်ရှင် သန်နိုင်ဖို့ လုယက်မှုတွေဖြစ်နေပါတယ်။

ဒုက္ခသည်အမျိုးသမီးတဦးတော့ အခု Haiyan မုန်တိုင်းတိုက်ခိုက်အပြီး ဒီနေ့ ၆ ရက်ကြာလာချိန်အထိ ဘာအကူအညီမှ မရသေးဖူး သူမိသားစုအဖွဲ့ဝင်တွေ ဖျားနာပြီး သေလုမျောပါးဖြစ်နေပြီလို့ ထုတ်ပြောခဲ့ ပါတယ်။

မနေ့က Tacloban မြို့ကိုရောက်ခဲ့တဲ့ ကုလသမဂ္ဂ လူသားချင်း စာနာကူညီမှုဆိုင်ရာ အကြီးအကဲ Valerie Amos ကလည်း အထောက်အပံ့တွေ မရောက်သေးပေမဲ့ ဒေသခံတွေရဲ့ ခံနိုင်ရည်အပေါ်မှာ အံ့အားသင့် မိပေမဲ့၊ သူတို့ခံစားနေရတာအတွက် စိတ်မကောင်းလဲ အကြီးအကျယ်ဖြစ်ရတယ်လို့ ထုတ်ပြောခဲ့ပါတယ်။

ဒီအချိန်မှာ သောက်ရေသန့် လီတာ သန်းနဲ့ချီတင်ဆောင်သွားတဲ့ အမေရိကန်နိုင်ငံက လေယာဉ်တင်စစ် သင်္ဘောကြီး USS George Washington ဟာ ဖိလစ်ပိုင်နိုင်ငံကို ဒီနေ့ရောက်ရှိသွားပြီး သွားလာရ ခက်တဲ့ ဝေးလံခေါင်ဖျားနေရာတွေ ကို အစာရေစာနဲ့ဆေးတွေ ပို့ပေးဖို့ ဖြင်ဆင်နေပါတယ်။

ခုလိုချိန်မှာ တရုတ်နိုင်ငံဘက်ကလည်း ဒီတိုင်ဖုန်းမုန်တိုင်း အရေးပေါ် အကူအညီအနည်းငယ်အဖြစ် တရုတ် ကြက်ခြေနီအဖွဲ့နဲအတူ အစပိုင်း ဒေါ်လာ ၂ သိန်းပေးအပြီးမှာ၊ အခုနောက်ထပ် အမေရိကန် ဒေါ်လာ ၁.၆ သန်းဖို့ လူမှုရေးအကူအညီတွေပေးဖို့ ထပ်ပေးဖို့ဆုံးဖြတ်ထားတယ်၊ ဒီအထဲမှာ ယာယီရွက်ဖျင်တဲတွေနဲ့ စောင်တွေ ပါတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ တဦး (Qin Gang) က ဆိုပါတယ်။

အခြားအင်အားကြီးနိုင်ငံတွေကတော့ တရုတ်ထက် အများကြီးပိုပေးဖို့ရှိနေပြီး၊ ဂျပန်နိုင်ငံအနေနဲ့ အမေရိ ကန်ဒေါ်လာ ၁၀ သန်း၊ သြစတျေးလျက ဒေါ်လာ ၉.၆ သန်းနဲ့ အမေရိကန်က ဒေါ်လာ သန်း ၂၀ ပေးဖို့ရှိနေ ပါတယ်။

VOA

အဆိပ်သင့်အနမ်းများ


ကော်ဖီဆိုင်ဟု အမည်တပ်ထားသော ဆိုင်လေးထဲသို့ ဆယ်ကျော်သက် စုံတွဲတစ်တွဲ ဝင်ရောက်လာပြီး “အခန်းရှိသေးလား” ဆိုသောအသံက ဆယ်ကျော်သက် လူငယ်ကောင်လေးထံမှ ထွက်ပေါ်လာသည်။

ဆယ်ကျော်သက် ကောင်မလေးက သူ၏ချစ်သူကောင်လေး၏ လက်ကို မြဲမြံစွာ ဆုပ်ကိုင်ထားသည်။ ကော်ဖီဆိုင်နှင့် “အခန်း ရှိသေးလား” ဆိုသော မေးခွန်းက လားလား မျှ မသက်ဆိုင်ဟု ထင်ရသော်လည်း အမှန်တကယ်ပင် ကော်ဖီဆိုင်ဟု အမည်တပ် ထားသည့်ဆိုင်တွင် အတွဲများအတွက် အခန်းငယ်လေးများ စီစဉ်ပေးထား ကြသည်။

အဆိုပါဆိုင်သည် မြို့သစ်ပိုင်းဟု ခေါ်သော မန္တလေးမြို့တွင်းနှင့် မလှမ်းမကမ်းနေရာတွင် တည်ရှိပြီး ဆိုင်သည် အပြင်ပန်းမှ ကြည့်လျှင် Café Shop ဟု ထင်ရသော်လည်း အတွင်းပိုင်းတွင် မီးရောင် ဖျော့ဖျော့ဖြင့် အခန်းငယ် ကလေးများ ကန့်ထားသည်။

ဆယ်ကျော်သက် လူငယ်စုံတွဲက မီးအရောင်ဖျော့ဖျော့ ထွန်းထားသော အခန်း ငယ်တစ်ခန်းသို့ ဝင်သွားပြီး ဆူညံသော သီချင်းသံများ အဆိုပါ အခန်းငယ်လေးထဲမှ တစ်ချက်တစ်ချက် အခန်းပြင်သို့ ပျံ့လွင့်လာသည်။ အမှောင်ဆိတ်ကွယ်ရာသည် လူတို့၏ မသိစိတ်ကို နိုးကြားစေပြီး မီးရောင်ဖျော့သော အခန်းငယ်တွင် စုံတွဲတို့သည် မတွေ့မကြုံ ဖူးသေးသည့် အတွေ့အကြုံ သစ်နှင့် ပျော်ဝင်မှု အသစ်အဆန်းများ ရှာဖွေမည်မှာ မလွဲဧကန်ပင် ဖြစ်သည်။

မန္တလေးသည် မြို့လယ်တွင် ဆေးတက္ကသိုလ်၊ မြို့ပြင်တွင် အသက်မွေးဝမ်း ကျောင်းဆိုင်ရာ ကွန်ပျူတာနှင့် နည်းပညာ တက္ကသိုလ်များ၊ ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်များ တည်ရှိပြီး ကျောင်းသားအများစု နေထိုင်ရာ မိန်းဟုခေါ်သော မဟာမြိုင်ရပ်ကွက်နှင့် ချမ်းမြသာစည် မြို့သစ်များတွင် Café Shop အအေးခန်း ကော်ဖီဆိုင် အမည်တပ်၍ အတွဲများအတွက် အခန်းငယ်လေးများ ဖန်တီးထားသည့်ဆိုင်များ ယခုနှစ်ပိုင်း အတွင်း ပိုမိုတွေ့ မြင်လာရသည်။
အဆိုပါဆိုင်များတွင် အခန်းငှား ရမ်းခသည် နာရီပိုင်းလိုက်၍ ဈေးနှုန်း သတ်မှတ်ထားကြပြီး တစ်နာရီလျှင် ငွေကျပ် ၁၅၀၀ ကျပ်မှ ငွေ ၄၀၀၀ ကျပ်အထိ ရှိကာ နေရာနှင့် အခန်း အမျိုးအစားများကို လိုက်၍ ဈေးအမျိုးမျိုး ရှိကြောင်း စုံစမ်း သိရှိရသည်။

“ကျွန်တော်တို့က လွတ်လွတ်လပ် လပ်တွေ့ချင်လို့ သီးသန့်အခန်းတွေနဲ့ ချိန်းတွေ့ ကြတာပါ။ မန္တလေးမှာက ဘုရားတွေ ပေါတော့ အဲလိုနေရာတွေကို ချိန်းလို့မသင့်ဘူး။ အေးအေးဆေးဆေး ထိုင်လို့ရမယ့် နေရာတွေကို ရွေးချယ်သွားတာပါ” ဟု မန္တလေးမြို့မှ ရတနာပုံတက္ကသိုလ် အဝေးသင် ကျောင်းသားတစ်ဦးက ပြောသည်။

ကော်ဖီဆိုင် အခန်းငယ်လေးများ ကဲ့သို့ပင် မန္တလေးမြို့ကျုံးပတ်လည် သည်လည်း ညနေအချိန် စုံတွဲများ အများဆုံး လာရောက်နေရာ ဖြစ်သည်ဟု ဒေသခံများ ထံမှ စုံစမ်းသိရှိရသည်။
“ကျုံးဘေးမှာ ညနေအချိန်ဆို စပြီ။ အတွဲတွေ နိုင်ငံခြားကားထဲက လိုမျိုး နမ်းတဲ့သူက နမ်း။ ကိုရီးယားထဲကလို ကျောပိုးပြီး သွားတဲ့သူကသွား။ ပေါင်ပေါ်တက်ခွတဲ့သူ ကခွနဲ့။ တစ်ခါတစ်ခါ တော်တော်ဆိုးတဲ့ အတွဲတွေလည်း တွေ့ဖူးတယ်။ မြင်သူမရှက် ယိုသူရှက်ပဲ” ဟု မန္တလေးမြို့ခံ ကိုယ်ပိုင် စီးပွားရေး လုပ်ကိုင်နေသူ အသက် ၃၂ နှစ် အရွယ်ရှိ ဦးဖြိုးလေးက ဆိုသည်။

မန္တလေးမြို့တွင် ယခင်က ရှိခဲ့သော ဥယျာဉ်များ၊ ကျုံးတောင်ဘက်တွင် ရှိသော ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ် အပါအဝင် ရေပေါ်စားသောက်ဆိုင်များ မရှိတော့ဘဲ KTV၊ စင်တင်များ ခေတ်စား လာပြီး ကျုံးဘေးတွင်လည်း စုံတွဲတို့၏ မဖွယ်မရာ အပြုအမူများကြောင့် အများ ပြည်သူအတွက် အပန်းဖြေ နားခိုစရာ ရှားပါးလာနေပြီဟု မြို့ခံများက ဆိုကြသည်။

မန္တလေးကျုံးပတ်လည်သည် အများ ပြည်သူအတွက် အခမဲ့ အပန်းဖြေနား နေရာတစ်ခု ဖြစ်ပြီး မန္တလေး-စစ်ကိုင်းလမ်း ရှိ ဥယျာဉ်တစ်ခုသည်လည်း အခမဲ့ အပန်းဖြေ နားနေရာ ဖြစ်သည်။ တိရစ္ဆာန် ဥယျာဉ်၊ မြို့တော်ဥယျာဉ်၊ အစရှိသည့် နေရာများသည် အပန်းဖြေနား နေရာများ ဖြစ်သော်လည်း ဝင်ကြေးပေးဆောင်ရသည့် နေရာများ ဖြစ်သည်။

ကျုံးပတ်လည်တွင် အတွဲများက မဖွယ်မရာပြုလုပ်ပြီး ညသန်းခေါင်အချိန်ထိ ရှိနေခြင်း၊ ကျုံးဘေးတွင် အုပ်စုဖွဲ့ဓားခုတ် မှုများ ဖြစ်ပွားခြင်း တို့ကြောင့် ကျုံးဘေးတွင် ည ၉ နာရီ နောက်ပိုင်းတွင် နေထိုင်ခွင့်မရှိဟု မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ရုံးက တားမြစ်ခဲ့သည်။

“ပိုက်ဆံမပေးရဘဲ လွတ်လွတ်လပ်လပ် အပန်းဖြေလို့ရတဲ့ နေရာက မြို့နဲ့ အလှမ်းဝေးတယ်၊ နောက်တစ်ခုက သွားလို့ မသင့်အောင် အတွဲတွေနဲ့ ရှုပ်နေတယ်။ ဓားခုတ်မှု စတာတွေလည်း ဖြစ်တယ်။ ဝင်ကြေးပေးပြီး သွားရမယ့် နေရာမျိုးကျ ပြန်တော့လည်း တစ်ဦးကို ၅၀၀ ကျပ် လောက်ရှိတယ်။ ကျွန်တော်တို့လို ဆင်းရဲသားတွေ ကတော့ မိသားစုလိုက် ဝင်ကြေးပေး မသွားနိုင်ဘူး။ အဲဒီတော့ အပန်းဖြေဖို့ နေရာရှားလာတယ်” ဟု မန္တလေးမြို့ မြရည်နန္ဒာ မြို့သစ်နေ လက်လုပ် လက်စားလုပ်ကိုင်သူ အသက် ၄၅ နှစ် အရွယ် ဦးဘငွေက ဆိုသည်။

ပြည်သူ့အပန်းဖြေနေရာ ရှားပါးမှု သည် လူငယ်စုံတွဲများအတွက် တစ်နည်းအားဖြင့် လည်ပတ်စရာ နေရာရှားပါးစေပြီး အပန်းဖြေရန် နေရာရှာရာမှ ဆိတ်ကွယ်ရာ နေရာ ရောက်ရှိစေသည့် တွန်းအားတစ်ရပ် ဟု ဆိုရပေမည်။

“အပန်းဖြေ နေရာတွေက နည်းတယ်။ ရှိတဲ့နေရာ တွေကလည်း လူတွေပြည့် သိပ်ကျပ်။ ဥယျာဉ်ထဲ ထိုင်ခုံမရှိဘာမရှိနဲ့ တကယ် အဆင်မပြေဘူး။ ဒါ့ကြောင့် အေးအေးလူလူ နေလို့ရတဲ့ နေရာ ရှာဖွေရင်း သူငယ်ချင်းတွေ ပြောကြတဲ့ နေရာတွေ ရောက်သွားတယ်။ ဒါပေမဲ့ တကယ့်ဥယျာဉ် လိုမျိုး အပန်းဖြေဖို့ ကောင်းတဲ့ နေရာတွေ ရှိရင် ဝင်ကြေးပေးရ ပါစေဦးတော့ ကျွန်တော်တို့ သွားမှာပါ” ဟု မန္တလေးမြို့ နည်းပညာတက္ကသိုလ် ဒုတိယနှစ်ကျောင်းသား တစ်ဦးက ဆိုသည်။

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က “လူထုတွေ အတွက် အပန်းဖြေဥယျာဉ်တွေ ဖော်ဆောင် ပေးသင့်တယ်။ အများပြည်သူ လူသွားလမ်း နေရာတွေမှာ ထိုင်ခုံတွေထားပေးတာ တို့လိုမျိုး လုပ်ပေးတာကတော့ အစိုးရက လုပ်ပေးသင့်တယ်။ Entertainment သဘောမျိုး အထဲမှာ- စိတ်အပန်းဖြေ၊ လူ အပန်းဖြေဖို့ လုပ်ဆောင်ပေး ထားတာတွေ၊ ပစ္စည်းတွေ ပါရင်တော့ ပုဂ္ဂလိကကို ကန်ထရိုက် ပေးလုပ်ရမယ်။ ဒါတွေကို ဝင်ကြေးသဘောမျိုး သတ်မှတ်ပြီး လုပ်ပေးလို့ ရတယ်” ဟု ပြောကြားသည်။

မန္တလေးမြို့တော် စည်ပင်သာယာ ရေးကော်မတီ လမ်းတံတားဌာနမှ တာဝန် ရှိသူတစ်ဦးက မဟာအောင်မြေမြို့နယ် ၆၂ လမ်းရှိ မနော်ရမံဥယျာဉ်နှင့် လမ်း ၄၀ ကြားတွင် ပေ ၃၅၀ အကျယ် လူထုအပန်းဖြေ နေရာတစ်ခုကို ၂၀၁၄ ခုနှစ် မတ်လကုန် အပြီးတည် ဆောက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

“အရင်ဆုံး Public Center လုပ်မယ့်ဧရိယာမှာ ရှိနေတဲ့ ပျိုးခြံတွေ အားလုံး ရှင်းပြီးပြီ။ မနော်ရမံ ချောင်းရှေ့က ဧရိယာကိုယူပြီး တံတားအပြည့် ခင်းမယ်။ အောက်ကချောင်း ကိုလည်း ရေစီးရေလာ မထိခိုက်အောင် လုပ်မယ်။ အားကစား ပစ္စည်းတွေ ထားမယ် မထားဘူး ဆိုတာတော့ မသိသေးဘူး။ အဓိကကတော့ ပြည်သူလူထုတွေ အပန်းဖြေ စုစည်းနိုင်အောင်ပါ” ဟု အဆိုပါ တာဝန်ရှိသူက ပြောကြားသည်။

ဆယ်ကျော်သက်လူငယ် စုံတွဲ က Café Shop ရှိ သီးသန့် အခန်းငယ်လေးမှ ထွက်ခွာလာသည်။ သူတို့နှစ်ဦးမျက်နှာတွင် ကြည်နူးရိပ်များကို တွေ့မြင်ရသည်။ စုံတွဲတို့ သဘာဝ အခန်းငယ်ထဲတွင် ချစ်သူအချင်းချင်း နမ်းရှုတ်ချင် နမ်းရှုတ်ကြဖွယ် ရှိပေလိမ့် မည်။ သို့သော် ထိုအနမ်းများသည် အရွယ် မတိုင်ခင် အိမ်ထောင်ကျခြင်း၊ ကိုယ်ဝန် ဖျက်ချခြင်းနှင့် အန္တရာယ်ရှိသော အတွေ့ အကြုံသစ်များကို စမ်းသပ်ကြခြင်းများ အပါအဝင် လူငယ်တို့၏ အနာဂတ်ကို ဖျက်ဆီးမည့် အဆိပ်သင့်အနမ်းများ မဖြစ်ရန် လိုသည်။

ရွှေရည်

The Voice Weekly

သတိပြုဖွယ် တရုတ်ဆေးကုမ္ပဏီများ


ပြောရပြန်ပြီဗျိုး... တရုတ်တိုင်းရင်းဆေးတွေ အကြောင်း..

ဒီပုံကတော့ ကျွန်တော့်ဆီ လာပြတဲ့ လူနာတစ်ယောက်ရဲ့ ခြေထောက်ပါပဲ။ ဆေးပညာအရတော့ Deformity လို့ခေါ်ပါတယ်။ တကယ်က အဲဒီခြေထောက်ကို လာပြတာတော့ မဟုတ်ပါဘူး။ တစ်ခြားရောဂါ လာပြရင်း ကျွန်တော်က စပ်စုကြည့်လိုက်တာပါ။ ဒီခြေထောက်က အစကတော့ အကောင်းပါတဲ့။ သူ့မှာ လေးဖက်နာရောဂါရှိတော့ မကြာခဏ အဆစ်ရောင်အဆစ်ကိုက်တာ ခံရတယ်။ တစ်ရက်တော့ တရုတ်တိုင်းရင်းဆေး ကုမ္ပဏီတစ်ခုက ဒူးနာ အဆစ်နာ ပျောက်ရမယ်ဆိုပြီး အပြောကောင်းကောင်းနဲ့ လာရောင်းသွားတဲ့ ဆေးပလာစတာကို ကပ်မိရာက ဖြစ်သွားတာပါတဲ့။ ပလာစတာတစ်ခုကို (၆၅၀၀) ဆိုပဲ။ ဘာတွေနဲ့ လုပ်ထားလဲတော့ မသိဘူး။ ခြေဖဝါးအောက်မှာ ညဘက် ကပ်အိပ်ရပါတယ်တဲ့။ ဆေးတွေလည်း ပေးပါတယ်။ ပလာစတာက (၁၅) ရက်ကပ်ရမယ်လို့ ပြောပါတယ်။ အဲဒါနဲ့ ဒီအန်တီကြီးက ကပ်အိပ်ပြီး ဆေးတွေလည်း သောက်လိုက်တာ ၂ ရက်မြောက်နေ့ အိပ်ရာက နိုးတော့ ခြေထောက်တစ်ခုလုံး နီရဲဖူးရောင်နေတာ တွေ့ရတာပါပဲတဲ့။ အဲဒါနဲ့သူလည်း လန့်ဖြန့်ပြီး ပလာစတာရော ဆေးတွေရော ဆက်မသောက်တော့ဘဲ အဲဒီဆေးလာရောင်းတဲ့ ကောင်မလေးကို ပြန်ခေါ်ပြီး ပြောတော့ သူ့ဆေးကြောင့် မဟုတ်ရပါဘူးလို့ အကြောက်အကန်ငြင်းတယ်။

ကုမ္ပဏီကိုလည်း ခေါ်သွားပြီး ပြန်ကုပေးမယ်ပြောပါတယ်တဲ့။ အန်တီကြီးလည်း တော်ပါပြီ ထပ်တော့ မဆိုးချင်တော့ပါဘူးဆိုပြီး လိုက်မသွားဘဲ နေလိုက်တယ်။ နောက်နေ့ရောက်တော့ အရောင်ကျပြီး နဂိုအတိုင်းပြန်ဖြစ်လာတယ်။ နောက် လေးငါးရက်လောက်ကြာတော့ သူ့ခြေချောင်းတွေဟာ အခုလို ကျဲကျဲလာတာ သတိထားမိတာပါပဲတဲ့။ အဲဒါနဲ့ အရိုးဆေးရုံကိုသွားပြီး ဓာတ်မှန်ရိုက် စစ်ဆေးတာတွေ လုပ်ကြည့်တော့ အဆစ်တွေဟာ ပျက်ဆီးသွားပြီး အခုလိုပုံဖြစ်သွားတာဆိုတာ သိရပါတော့တယ်။ ပြန်ကုလို့မရတော့ဘူးပေါ့။

ကျွန်တော်ထင်တာကတော့ ပလာစတာတစ်ခုတည်းကြောင့် အဲလိုဖြစ်တာတော့ မဟုတ်လောက်ပါဘူး။ ပလာစတာကြောင့် သွေးထဲက ပိုးသော်လည်းကောင်း ပဋိပစ္စည်းတွေကသော်လည်းကောင်း ထကြွလာပြီး အဆစ်ကို ဆိုးဆိုးရွားရွားတိုက်ခိုက်ပစ်လိုက်တာ ဖြစ်နိုင်ပါတယ်။ သို့သော်လည်း ပလာစတာ လက်သည်တရားခံဆိုတာတော့ ငြင်းလို့မရဘူးပေါ့။ ကျွန်တော်ဆေးခန်းထိုင်နေတဲ့ တလျှောက်လည်း လူနာတွေဆီက ခဏခဏ ပြန်ကြားရပါတယ်။ "တရုတ်ကုမ္ပဏီတွေကနေ ဘာအပြီးပြတ် ပျောက်ဆေး၊ ညာအပြီးသတ်ပျောက်ဆေး ဆိုပြီး လာကြော်ငြာကြောင်း လာရောင်းကြောင်း၊ အဲ့ဆေးတွေက ဈေးအလွန်ကြီးကြောင်း၊ အဲ့ဒီဆေးတွေကို သောက်သင့်လား ဆရာ.." ဆိုပြီး လာလာမေးကြပါတယ်။ ကျွန်တော်ကလည်း အစပိုင်းတုံးက ကိုယ်လည်း သေချာမသိသေးတော့ (ပြောရရင် အခြေအမြစ်မရှိဘဲ ရမ်းအပြစ်မတင်တာကြောင့်) "မြန်မာနိုင်ငံမှာတော့ အင်္ဂလိပ်ဆေးနဲ့ တိုင်းရင်းဆေးကိုသာ ဆေးကုသခွင့်ပေးထားကြောင်း၊ တိုင်းရင်းဆေးဆိုရာမှာလည်း တိုင်းရင်းဆေးတက္ကသိုလ်က အသိအမှတ်ပြုတဲ့ ခွင့်ပြုချက်ရထားတဲ့ ဆေးတွေကိုသာ သောက်သင့်ကြောင်း၊ ခုက တရုတ်တိုင်းရင်းဆေး ဖြစ်တာကြောင့် ကျွန်တော်ကတော့ အာမမခံနိုင်ကြောင်း" ပဲ ဝိနည်းလွတ် ပြောလိုက်တယ်။

အဲဒီလူနာတွေထဲကနေ ကျွန်တော့်စကားကြားပြီး မသောက်တဲ့ လူနာတွေရှိသလို စမ်းသောက်ကြည့်မယ်ဆိုတဲ့ လူနာတွေလည်း ရှိပါတယ်။ စမ်းသပ်ကြည့်ချင်လည်း ကြည့်ချင်စရာပါ။ ဘာလို့ဆို သူတို့ ကြော်ငြာပုံက ကျွန်တော်တို့ အပြီးပျောက်အောင် မကုနိုင်တဲ့ သွေးတိုးရောဂါ ဆီးချိုရောဂါတွေကို တစ်လအတွင်း ပျောက်အောင် ကုပေးတယ်ဆိုတာမျိုး၊ ဆေးရုံက ခွဲစိတ်တော့မယ်လို့ ချိန်းထားတဲ့ လိပ်ခေါင်းရောဂါတွေကို ဆေးသောက်ရုံနဲ့ ပျောက်မယ်ဆိုတာမျိုး၊ လေးဖက်နာရောဂါကို ပလာစတာ (၁၅) ရက်လောက် ကပ်ရင် အမြစ်ပြတ်ပျောက်မယ်ဆိုတာမျိုး ကြော်ငြာတာပါ။ ဒီတော့ ကျန်းမာရေးဗဟုသုတ အားနည်းပြီး ရိုးသားတဲ့ မြန်မာပြည်သူအဖို့ ယုံကြည်မိတာက အပြစ်လို့လည်း ပြောမရပြန်ပါဘူး။ ကျန်းမာရေးဗဟုသုတ လုံလုံလောက်လောက် မပေးနိုင်တဲ့ ကျွန်တော်တို့ ကျန်းမာရေး ဝန်ထမ်းတွေ၊ အဲလိုဆေးမျိုးတွေ လူထုထဲရောက်မလာအောင် မထိန်းသိမ်းနိုင်တဲ့ မြန်မာနိုင်ငံဆေးဝါးကွပ်ကဲရေး နဲ့ ကျန်းမာရေးဝန်ကြီးဌာနမှာတော့ တာဝန်ရှိတာပေါ့။
သူတို့ (တရုတ်) တွေက တကယ်တော့ မြန်မာတွေကို ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်တာ ခင်ဗျာ့။ သူတို့ ကုမ္ပဏီတွေက Member စနစ်နဲ့ လည်ပတ်တယ်။ ဘယ်လိုလဲဆိုတော့ Member စဝင်ဝင်ချင်း တစ်လကို (၅၀၀၀) ကုမ္ပဏီက ပေးတယ်ဆိုပါတော့ (ကုမ္ပဏီတစ်ခုနဲ့ တစ်ခုတော့ ပေးတဲ့ပမာဏချင်း မတူဘူးပေါ့လေ)။ အဲဒီ Member က နောက်ထပ် Member အသစ်ကို ထပ်ဆွယ်နိုင်ရင် (Referal လုပ်နိုင်ရင်) သူ့ကို ကုမ္ပဏီက ပေးတဲ့ တစ်လ ဝင်ငွေကလည်း အချိုးကျ တက်တက်သွားတယ်။ အဲဒီလိုနဲ့ တစ်ချို့ဆို ပညာအရည်အချင်းရှိစရာမလို၊ ရုံးတက်စရာမလို၊ ဘာအလုပ်မှ လုပ်စရာ မလိုဘဲ တစ်လကို ကုမ္ပဏီကနေ ၈ သောင်း ၉သောင်း လောက်ရနေတယ်။

အဲ.... သူတို့ကိုလည်း ကုမ္ပဏီက ပစ္စည်းဘယ်လောက်ကို ဘယ်နှစ်လအတွင်း ကုန်အောင် ရောင်းပေးပါဆိုတာမျိုး သတ်မှတ်ပေးထားတာပေါ့။ ဒီတော့ သူတို့ လိုတာကဘာလဲ။ ပစ္စည်းမထွက်ထွက်အောင် သူတို့နဲ့ ခင်နေတဲ့ မျက်နှာနာသူတွေ၊ အဲဒီကနေတစ်ဆင့် နီးစပ်ရာလူတွေကို သူတို့ဆေး သုံးအောင်ဆွယ်ရတော့တာပေါ့။ Member ဝင်အောင်လည်း ဆွယ်ရတာပေါ့။ သူတို့ဆေးကိုလည်း အမွှန်းတင်ရွှန်းရွှန်းဝေအောင် ဟုတ်တာရော၊ မဟုတ်တာရော အကုန်လျှောက်ပြောရတာပဲ။ လျှောက်ပြောနိုင်အောင်လည်း ကုမ္ပဏီကနေ ဆေးအကြောင်းရေးထားတဲ့ စာအုပ်လေးတွေ ထုတ်ပေးထားတယ်။ တကယ့်တကယ်က သူတို့လည်း မသုံးဖူးဘူး။ ဒီဆေးတွေ ဘယ်လိုဖော်စပ်ထုတ်လုပ်ထားတယ်ဆိုတာ စာအုပ်ထဲ ရေးထားတာက လွဲလို့ သူတို့ဘာမှမသိဘူး။ နောက်ပြီး ဆေးနဲ့ပတ်သက်လို့ ဘာအာမခံချက်မှ မရှိဘူး။ ကြော်ငြာထဲမှာတော့ ဘာဆိုးကျိုးမှ မရှိကြောင်း၊ လူတိုင်းနဲ့သင့်တော်ကြောင်းတော့ ရေးထားတာပဲ။ တကယ်ဖြစ်ရင် ဘယ်သူတာဝန်ယူမလဲ။ MBBS ဘွဲ့ရမှာ ဆေးကုသခွင့်လိုင်စင် (ဆမ)ရှိတယ်။ တိုင်းရင်းဆေးဆရာမှာလည်း ဆေးကုသခွင့် လိုင်စင်ရှိတယ်။ ဒီတော့ မကျေနပ်ရင် ကုသမှုမှားယွင်းရင် တရားစွဲလို့ ရတယ်ပေါ့။ ပြစ်မှုမှန်ရင် ဆေးကုသခွင့် ရုတ်သိမ်းခံရနိုင်တယ်။ သူတို့မှာတော့ ဘာမှ မရှိတော့ တရားစွဲချင်လည်း စွဲမရဘူး။ အလွန်ဆုံး ကုမ္ပဏီပိတ်ပြီး တရုတ်ပြည်ပြန်ရုံပဲ။ အဲဒီအခါ စားလို့လည်း ဝပြီလေ။ တကယ်ခံရမှာက သုံးစွဲသူတွေပဲ။

ဒါတွေ ဘာလို့ သိရသလဲဆိုတော့ ကျွန်တော့် အဒေါ်တစ်ယောက်က အဲဒီလို တရုတ်ကုမ္ပဏီတစ်ခုမှာ Member ဝင်ပေါ့။ သူကတော့ ဆေးကုမ္ပဏီ မဟုတ်ဘူး... အလှပြင်ပစ္စည်း ကုမ္ပဏီ။ ဒါပေမယ့် Member စနစ်ကတော့ အတူတူပါပဲ။ Member စနစ်အကြောင်းကတော့ သူပြောပြတာပေါ့။ သူလည်း အဲဒီ အလှပြင်ပစ္စည်းတွေအကြောင်း ဘာမှသိတာရယ် မဟုတ်ဘူး။ ကျွန်တော်သူ့အိမ် ရောက်သွားတိုင်း အိမ်လာတဲ့ သူတွေကို ရွှန်းရွန်းဝေအောင် ကြော်ငြာနေတာတော့ ကြားနေရတာပဲ။ ကိုယ်ကလည်း မပြောသာလို့သာ မပြောဘဲနေတာ။ ကိုယ်တောင် အကြော်ငြာခံရသေး။ ဒီဆပ်ပြာက အသားကို ဘယ်လိုဖြူတာ... ဟို မျက်နှာသစ်ဆေးက မျက်နှာလေး ဖြူဝင်းစေတာ.. ဆိုတာမျိုးတွေပေါ့။ တူဝရီးချင်း အညှာကိုကိုင်တာလေ။

နောက်ထပ် ကျွန်တော်ကြားဖူးတဲ့ သူတို့ဆေးတွေနဲ့ ပတ်သက်လို့တော့.... ကျွန်တော့် အဖိုးက စပြောရမယ်။ အဖိုးက လွန်ခဲ့တဲ့ လေးငါးလလောက်က အစာအိမ်သွေးကြောပေါက်လို့ ဆေးရုံတက်ရပြီး သွေး ၅ လုံးလောက် သွင်းလိုက်ရတယ်။ အသက်ကလည်း ၈၀ ကျော် လူကြီးဆိုတော့ နာလန်ထဖို့ တော်တော်ကြာတာပေါ့ဗျာ။ ဆေးရုံကဆင်းပြီး တစ်လလောက်ထိ သူ့ပုံစံက ဖြူဖတ်ဖြူလျော် ဖြစ်နေတယ်။ လမ်းလျှောက်ရင် ယိုင်တိုင်တိုင် ဖြစ်တုံးပဲ။ ကျွန်တော့်ကိုလည်း သူ့ကို အားရှိအောင်လုပ်ပေးဖို့ ပြောနေတာပါပဲ။ ကျွန်တော်လည်း သံဓာတ်အားဆေးတွေ ပေးထားတာပဲ။ ဒါကိုပဲ သူက အားမရနိုင်သေးဘူး။ တစ်ရက်တော့ အဲလို ကုမ္ပဏီက Member တစ်ယောက်ပေါ့ဗျာ။ အိမ်လာလည်ရင်းနဲ့ အဖိုးကို ဆွယ်ပါလေရော။ သူ့ကုမ္ပဏီက အားဆေးကို ရောင်းပါတယ်။ နာမည်က Enzyme တဲ့။ ကြော်ငြာကောင်းတော့ ကပ်စေးနည်းအဖိုးတောင် ၂၅၀၀၀ ဖိုး ဝယ်လိုက်မိတယ်။ ကျွန်တော် အဖိုးအိမ်ရောက်တော့ သူက ထုတ်ပြတာပေါ့။ သူအားဆေးအသစ် ဝယ်ထားတယ်... ဘာတွေကောင်းလဲ ကြည့်ပါဦးပေါ့။ ၂၅၀၀၀ ဖိုးဆိုလို့ အများကြီး မထင်ပါနဲ့။ ထုတ်ပိုးပုံက တစ်ရာတန် ကော်ဖီမစ်လောက်တောင် မသားနားတဲ့ နို့မှုန့်လို အမှုန့်လေးတွေပါတဲ့ အထုတ်လေး ၁၀ ထုတ်ပါ။ တစ်ထုတ်ကို ၂၅၀၀ ပေါ့ဗျာ။ တစ်ထုတ်လုံးလည်း တရုတ်စာ ဘူးသီးကြော်တွေဆိုတော့ ကျွန်တော်လည်း မဖတ်တတ်ဘူး။ ဖတ်လို့ရတာက Enzyme တစ်ခုပဲရှိတယ်။ Vitamin တော်တော်များများက Co-enzyme တွေဆိုတော့... အင်း Vitamin တွေ ဖြစ်နိုင်လောက်ပါတယ်လို့ မနည်းဆွဲပြီး ဖြည့်တွေးလိုက်ရတယ်။ ဒါနဲ့ အဖိုးကတော့ ဘာမှမထူးပါဘူး။ ဒုံရင်းက ဒုံရင်းပါပဲ။ ကျွန်တော်လည်း ထပ်မဝယ်နဲ့ ကျွန်တော်ပဲ အားဆေးဝယ်ဝယ်ပေးပါ့မယ်လို့ ဖြေရှင်းပေးလိုက်ရတယ်။

နောက်တစ်ယောက်က ကျွန်တော့် လူနာဗျ။ ကျွန်တော့်ဆီကို လာပြတယ်။ သူအစက သမားတော်(Physician)နဲ့ ဆီးချိုကို ကုနေတာတဲ့။ နောက်တော့ အဲလို ကုမ္ပဏီတစ်ခုရဲ့ ဆီးချိုကျကော်ဖီဆိုတာကိုပဲ သောက်ပြီး ဆီးချိုဆေးတွေ မသောက်ဘဲနေတာ ခုသုံးလေးလလောက်ရှိတာ ရောဂါ မသက်သာတဲ့ အပြင် ပိုဆိုးလာတယ်ထင်တယ်ပေါ့။ အဲဒီဆီးချိုကျကော်ဖီဆိုတာကလည်း တစ်ခွက်ကို လေးထောင်တန်တယ်ဆိုပဲ။ အဲဒါနဲ့ ကျွန်တော် ဆီးချိုဖောက်စစ်လိုက်တော့ ဆီးချိုပမာဏက ၅၀၀ ကျော်နေတယ်လေ။ ကျွန်တော်လည်း လေးငါးရက်ဆက်တိုက်လောက် ကျွန်တော်ပေးနိုင်တဲ့ ဆီးချိုကျဆေးတွေ အဆင့်ဆင့် တိုးပေးတာ ဆီးချိုက ၄၀၀ ကျော်ကနေ အောက်မဆင်းတာနဲ့ တစ်ခြားလိုအပ်တာတွေ စစ်ဆေးတာရော ဆီးချိုကိုပါ သေချာကုဖို့ သမားတော်တစ်ယောက်ဆီပဲ လွှဲလိုက်ရတယ်။
ကဲ... အဲဒီတော့ နိဂုံးချုပ်ပြောရရင်... ဆေးလောကရဲ့ အန္တရာယ်တွေထဲမှာ ကျွန်တော်တို့ ဆရာဝန်တွေ တိုင်ပင်အဖြေရှာနေရတဲ့ စပ်ဆေး အန္တရာယ်အပြင် တရုတ်ဆေးအန္တရာယ်ကလည်း ခုတလော တော်တော်ဆိုးလာတယ်ထင်ပါတယ်ဗျာ။ ပြည်သူတွေကိုလည်း ကြော်ငြာကောင်းတိုင်း မယုံဖို့... အားနာပြီး ဝယ်လိုက်တာ ခါးပါပါသွားတတ်တယ်ဆိုတာ သတိပေးလိုက်ပါရစေ။ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေလည်း ဒီကိစ္စကို လက်ပိုက်ကြည့်မနေကြပါနဲ့လို့ တိုက်တွန်းချင်ပါတယ်။

 KaungMyat Zaw