Saturday, November 2, 2013

သက်ရင်းကြီးအမြစ် ဆေးအသုံး (သက်ရင်းကြီးမြစ်နှင့် အဆီချရအောင်)


အသက်ကြီးလာလျှင် ယောက်ျား မိန်းမ ဝဖြိုးလာပြီး ဗိုက်ကြီးပူလာခြင်းမှာ သဘာဝဟု ဆိုနိုင်ပါသည်။ အဆီများ၍ ပူလာသောဗိုက်ကို သက်ရင်းကြီးမြစ်နှင့် စမ်းသပ်လိုက်ပါ။
သက်ရင်းကြီးမြစ်ကို လေးလက်မ ငါးလက်မခန့်ဖြတ်၍ ရေစင်စင်ဆေးပါ။ ဘက်တီးရီးယား ပိုးများ သေစေရန်နှင့် မှိုများ မကျရောက်စေရန် အမြစ်များကို ထမင်းပေါင်းအိုးထဲထည့်ပြီး ပေါင်းပါ။ သုံးနာရီပေါင်းပြီးမှ ခြောက်သွေ့စေရန် နေလှန်းပါ။
ဆေးသွေးကျောက်ပျဉ်ပေါ်မှာ သွေးပြီး သောက်ပါ။ ၁၀-ရက်လောက် သောက်ပြီးနောက် ပူနေသောဗိုက်ကြီး တနေ့တခြား ပိန်သွားပါလိမ့်မည်။ အဆီရှိသောနေရာ ပိန်သွားခြင်း ဖြစ်ပါသည်။ လူပိန်သွားခြင်း မဟုတ်ပါ။

ဆေးသောက်နည်း---
နေ့စဉ် နံနက်စောစော (၆)နာရီမှာဖြစ်စေ၊ (၇)နာရီမှာဖြစ်စေ နံနက်စာ (Break Fast) မစားမီ ဆေးကိုသွေးပြီး သောက်ပါ။ တစ်ကြိမ်ပဲ သောက်ပါ။ (Zebra) စတီးဇွန်းဖြင့် ဆေးရည်ကို ဆားအနည်းငယ် ထည့်သောက်ပါ။ ဝမ်းလွယ်ပါက လျှော့သောက်ပြီး ဝမ်းချုပ်တတ်ပါက နည်းနည်း ပိုသောက်ပါ။ (Zebra) စတီးဇွန်းသည် စံချိန်တစ်ခု ယူထားခြင်း ဖြစ်ပါသည်။

ဆေးသောက်ပြီး တနာရီအကြာမှာ ဝမ်းသွားပါမည်။ ပထမတစ်ကြိမ် ဝမ်းသွားပြီးလျှင် နံနက်စောစောအစာကို စားသောက်နိုင်ပါသည်။
နောက်ထပ် တစ်နာရီ သို့-နာရီဝက်ခန့်ကြာတိုင်း ဝမ်းသွားပါဦးမည်။ ပထမတစ်ကြိမ် ဝမ်းသွားပြီးကတည်းက ဝမ်းထဲမှာရှိသော အစာဟောင်းများ ကုန်သွားပါမည်။
နောက်ထပ်သွားသော ဝမ်း၏အနံ့သည် အမဲသား ဝမ်းတွင်းသား အနံ့ကဲ့သို့ နံလာပါမည်။ မစင်ကို ရေဖြင့်သန့်စင်သည့်အခါ စအိုဝတွင် ဆီများရွှဲနေသည့် အထိအတွေ့မျိုးကို သိရှိရပါလိမ့်မည်။

ဝမ်းသွား၍ အားအင်ကုန်ခန်းခြင်း မရှိပါ။ ဆေးများများ သောက်မိပါက အော့ချင် အန်ချင်သလို ဖြစ်တတ်ပါသည်။ စိုးရိမ်စရာ မရှိပါ။

သက်ရင်းကြီးမြစ် သောက်ပြီးနောက် ရရှိလာမည့် အကျိုးများ---
၁။ ခန္ဓာကိုယ်တွင်းရှိ ပိုနေသော အဆီများ (Cholesterol)ကို ကျစေသည်မှာ သိသာပါသည်။
၂။ ခန္ဓာကိုယ် ပူနွေးပြီး နေထိုင်ကောင်းပြီး ပေါ့ပါးလာပါမည်။
၃။ မျက်စိများ ကြည်လင်လာပါမည်။
၎။ ထုံကျဉ် ကိုက်ခဲနေသော ရောဂါများ သက်သာသွားပါမည်။
၅။ လေထိုးလေအောင့် ရောဂါများရှိလျှင် သက်သာလာမည်။
၆။ ဝမ်းမှန် ဆီးမှန်ပြီး သွေးသားကို စင်ကြယ်စေပါသည်။
၇။ ဆီးချိုရောဂါကိုလည်း သက်သာစေပါသည်။
ငွေကုန်ကြေးကျ မများဘဲ ဆေးမြစ်တစ်ခုတည်းနှင့် အသုံးပြုပုံကို လက်တွေ့စမ်းသပ်ပြီး တင်ပြလိုက်ရပါသည်။

credit- ဦးလှစိန်-ကလေး(ကြံခင်း)

အံသြဖွယ်ရာ သခွားသီး အစွမ်းများ


 ၁။ သခွားသီးဟာ နေ့တိုင်းလိုအပ်နေတဲ့ ဗိတာမင်တွေ အားလုံးကို ပေးစွမ်းနိုင်ပါတယ်။ သခွားသီးတစ်လုံးမှာ ဗီတာမင် ဘီဝမ်း၊ ဘီတူး၊ ဘီသရီး၊ ဘီဖိုက်၊ ဘီဆစ်၊ ဖော်လစ် အက်ဆစ်၊ ဗီတာမင် စီ၊ ကယ်လ်ဆီယမ်၊ သံဓါတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖရပ်၊ ပိုတက်စီယမ်နဲ့ ဇင့်ဓါတ်တွေ ပါဝင်ပါတယ်။

၂။ နေ့လည်နေ့ခင်း မောပန်းနွမ်းနယ်နေရင် ကဖင်းဓါတ်ပါတဲ့၊ ဆိုဒါပါတဲ့ အရည်တွေ မသောက်ပါနဲ့။ သခွားသီးဟာ ဘီတာမင် ဘီနဲ့ ကစီဓါတ်များစွာ ပါဝင်တာကြောင့် လန်းဆန်းမှုကို မြန်မြန်ရစေပါတယ်။

၃။ ရေချိုးခန်းထဲက ကြည့်မှန်ဟာ မကြည်လင်၊ ဖုန်တင်နေပါသလား။ သခွားသီးကို ပါးပါးလှီးပြီး ကြည့်မှန်ပေါ်မှာ သုတ်ပေးပါ။ ဖုန်မှုန့်တွေ ကင်းစင်သွားတဲ့အပြင် ကြည်လင်ပြီး မွှေးပျံ့တဲ့ ရနံ့တစ်မျိုးကို ခံစားရစေမှာ ဖြစ်ပါတယ်။

 ၄။ ပိုးကောင်ပိုးမွှား၊ ပက်ကျိတွေ ပန်းခင်းထဲမှာ လျှောက်ဖျက်ဆီးနေပါသလား။ ဒါဆိုရင်တော့ သခွားသီးစိတ်လေးတွေကို သံဘူးထဲ ထည့်ပြီး ပန်းခြံထဲမှာ ထားလိုက်ပါ။ သခွားသီးမှာပါတဲ့ ဓါတ်ပစ္စည်းဟာ သံဘူးထဲမှာပါတဲ့ အလူမီနီယံနဲ့ ဓါတ်ပြုပြီး လူသားတို့ ခံစားသိရှိခြင်း မရှိနိုင်ပဲ ပိုးမွှားများအား ထွက်ပြေးစေသည့် ရနံ့အား ထုတ်လွှတ်ပေးခြင်းကြောင့် ဖြစ်ပါသည်။

၅။ အရေပြားမှာရှိတဲ့ အဆီတွေကို ဖယ်ရှားဖို့ အလွယ်ကူဆုံးနဲ့ အမြန်နည်းကို လိုချင်ပါသလား။ သခွားသီးကွင်းနဲ့ အဆီများတဲ့နေရာတွေကို မိနစ်အနည်းငယ်လောက် ကြာကြာ ပွတ်သပ်ပေးပါ။ သခွားသီးမှာ ပါတဲ့ phyto ဓါတ်တုပစ္စည်းဟာ အရည်ပြားကို တင်းရင်းစေပြီး အပေါ်ယံလွှာကို ကျစ်လစ်စေကာ အဆီတွေကို လျော့ပါးစေပါတယ်။ ပါးရည်တွန့်ခြင်းကိုလည်း ထိရောက်စွာ ကုသပေးနိုင်ပါတယ်။

 ၆။ ဆိုးဝါးသော ခေါင်းကိုက်ဝေဒနာကို သက်သာလိုရင်တော့ အိပ်ယာဝင်ခါနီးမှာ သခွားသီးအနည်းငယ်ကို စားပြီးမှ အိပ်ယာဝင်ပါ။ အိပ်ယာထလာတဲ့အခါမှာ ခေါင်းကိုက်သက်သာပြီး လန်းဆန်းမှုကို ခံစားရနေမှာ ဖြစ်ပါတယ်။ သခွားသီးမှာ သကြားဓါတ်၊ ဗီတာမင် ဘီ၊ လျှပ်လိုက်ရည် စတာတွေ ပေါကြွယ်ဝစွာ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်မှာ ဆုံးရှုံးသွားတဲ့ အဟာရဓါတ်တွေကို ပြန်လည် ဖြည့်တင်းပေးကာ အားလုံးကို သမမျှတနေစေပြီး ခေါင်းကိုက်ခြင်းကို သက်သာစေပါတယ်။

 ၇။ တံခါးပတ္တာက အသံ တကျွိကျွိ မြည်နေပါသလား ဒါဆိုရင်တော့ သခွားသီးကို ကွင်းပြီး အသံမြည်နေတဲ့ ပတ္တာကို ပွတ်ပေးပါ။ တကျွိကျွိမြည်သံ ပျောက်သွားပါလိမ့်မယ်။

၈။ သခွားသီးကို လှီးပြီး ရေနွေး ဆူဆူထဲ ထည့်လိုက်ပါ။ သခွားသီးမှာပါတဲ့ ဓါတုပစ္စည်းတွေ၊ အဟာရတွေဟာ ရေနွေးနဲ့ ဓါတ်ပြုပြီး ထွက်လာတဲ့ ရေနွေးငွေ့ဟာ ပင်ပန်းမှုကို ပျောက်စေတဲ့ ရနံ့ဖြစ်ပြီး မီးဖွားပြီးစ မိခင်တွေနဲ့ အတန်းတင် စာမေးပွဲကို ဖြေရမယ့် ကျောင်းသားတွေကို စိတ်ပင်ပန်း ဖိစီးမှု လျှော့ကျစေပါတယ်။

၉။ အစားအစာ စားပြီးလို့ ခံတွင်းနံ့ပျောက်အောင် ဝါးစရာ ပီကေ ဒါမှမဟုတ် အခြားအရာတွေ မရှိဘူး ဆိုရင်တော့ သခွားသီးကို ပါးပါးလှီးပြီး အာခေါင်မှာ လျှာနဲ့ဖိပြီး စက္ကန့် ၃ဝ လောက် ကပ်ထားလိုက်ပါ။ ပါးစပ်ထဲက ခံတွင်းနံ့ ဆိုးခြင်းကို ဖြစ်ပွားစေသော ဘက်တီးရီးယားတွေကို သေဆုံးသွားစေပါတယ်။

 ၁၀။ ဘုံပိုင်ခေါင်း၊ ရေဇလုံ၊ စတီးပစ္စည်း စတာတွေကို သန့်ရှင်းရေးလုပ်ဖို့ အစိမ်းရောင်နည်းလမ်းကို ရှာဖွေနေပါသလား။ သခွားသီးနဲ့ ပွတ်သပ်ပေးလိုက်ပါ။ သန့်ရှင်းတောက်ပြောင်စေနိုင်ပါသည်။ အစင်းရာတွေလည်း မကျန်ခဲ့စေပါ။ လက်နဲ့ လက်သည်းတွေကိုလည်း မထိခိုက်စေပါ။

 ၁၁။ ဖောင်တိန်သုံးပြီး အမှားရေးခြစ်မိပါသလား။ သခွားသီး အသားလေး အနည်းငယ်နဲ့ ဖြည်းဖြည်းလေး ပွတ်တိုက်ပေးပါ။ ဖောင်တိန်မှင်တွေကို ဖျက်ပေးပါလိမ့်မယ်။ ရောင်စုံခဲတံ၊ မာဂါ စတာတွေကိုလည်း ဖျက်လို့ရပါတယ်။

 credit to >>>General Knowledge source

အများပြည်သူ သို့ အသိပေး ပန်ကြားခြင်း


၁။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလ တွင် တည်ဆောက် ပြီးစီး တော့မည့် ( ၂ x ၁၂၀ )မဂ္ဂါဝပ် ရွာမ သဘာဝ ဓာတ်ငွေ့သုံး ဓာတ်အားပေး စက်ရုံမှ ဓာတ်အားကို လက်ခံ ပို့လွှတ် နိုင်ရန် အတွက်၂၃၀ ကေဗွီ လှိုင်သာယာ ပင်မ ဓာတ်အား ခွဲရုံ တွင် ၂၃၀ ကေဗွီ အဝင် ဓာတ်အား လိုင်းများ ပြုပြင် တည်ဆောက်ခြင်း၊ ဓာတ်အား ခွဲရုံတွင် ပစ္စည်းများ တိုးချဲ့ တပ်ဆင်ခြင်း တို့ကို ဆောင် ရွက် ရန် လိုအပ် ပါသည်။

၂။ လှိုင်သာယာ ပင်မ ဓာတ်အား ခွဲရုံ တွင် ဖော်ပြပါ လုပ်ငန်း များ အား ဓာတ်အား ပိတ် ဆောင်ရွက် ရမည် ဖြစ်ပါ၍ အောက်ပါ နေ့ရက် အချိန်များ တွင် ဓာတ်အား ပြတ် တောက်မှု များ ရှိမည် ဖြစ်ပါ ကြောင်း အသိပေး အပ်ပါသည်။

( က ) ဘုရင့်နောင် ပင်မ ဓာတ်အားခွဲရုံ ကို ၂ - ၁၁ - ၂၀၁၃ ရက် ( စနေ နေ့ ) ၀၆း၀၀ နာရီမှ ၃ - ၁၁ - ၂၀၁၃ ရက် ( တနင်္ဂနွေ နေ့ ) ၁၈း၀၀ နာရီ အထိ ဓာတ်အား ပိတ်ထားမည် ဖြစ်ရာ အခြား ဓာတ်အား ခွဲရုံ မှ ဓာတ်အား အစား ထိုး ပေးရမည် ဖြစ်ပါ သဖြင့် မရမ်းကုန်း မြို့နယ် ၁၊ ၂၊ ၃၊ ၄၊ ၆၊ ၇ ရပ်ကွက် တို့တွင် လည်းကောင်း၊ လှိုင် မြို့နယ် ၁၊ ၂၊ ၃၊ ၄၊ ၆၊ ၇၊ ၈၊ ၉၊ ၁၀၊ ၁၁၊ ၁၂၊ ၁၃ ရပ်ကွက် တို့တွင် လည်းကောင်း၊ ကမာရွတ် မြို့နယ် ၁၊ ၂၊ ၃၊ ၄၊ ၅၊ ၆၊ ၇၊ ၈ ရပ်ကွက် တို့နှင့် Jnction Center တွင် လည်းကောင်း၊ စမ်းချောင်း မြို့နယ် ဝေဠုဝန် မြောက်၊ မုန့်လက်ဆောင်း ကုန်း ( မြောက် )၊ ကျွန်းလယ် ( တောင် )၊ မြောက် ရပ်ကွက် တို့တွင် လည်းကောင်း၊ ကြည့်မြင်တိုင် မြို့နယ် ဗိုလ် စောပု၊ သရက်တော ( တောင် )၊ ( မြောက် )၊ သာဓု အရှေ့၊ အနောက်၊ မကျီးကန် ရပ်ကွက် တို့နှင့် မြို့တော် သတင်းစာတိုက် တို့တွင် လည်း ကောင်း အချိန်ပိုင်း ဓာတ်အား ပြတ်တောက်မှု များ ရှိနိုင် မည် ဖြစ် ပါသည်။

( ခ ) လှိုင်သာယာ ပင်မ ဓာတ်အားခွဲရုံ ကို ၃ - ၁၁ - ၂၀၁၃ ရက် ( တနင်္ဂ နွေနေ့ ) နံနက် ၈ နာရီမှ ၁၈ နာရီ အထိ ဓာတ်အား ပိတ်ထား မည် ဖြစ်ရာ လှိုင်သာယာ မြို့နယ်၊ ထန်းတပင် မြို့နယ်၊ ကြည့်မြင်တိုင် တစ်ဖက် ကမ်း အေးရွာ၊ ဒလမြို့နယ်၊ ဆိပ်ကြီး ခနောင်တို မြို့နယ်၊ တွံတေး မြို့နယ်၊ ကော့မှူး မြို့နယ်၊ ကွမ်းခြံကုန်း မြို့နယ်၊ ကျိုက်ထော် မြို့၊ လက်ခုတ်ကုန်း မြို့တို့၌ ၁၀ နာရီကြာ လုံးဝ ဓာတ်အား ပြတ်တောက် နေမည် ဖြစ်သည်။

၃။ ယင်းသို့ ဓာတ်အား ဖြတ်တောက် ၍ လုပ်ငန်း ဆောင်ရွက် ရခြင်း သည် လာမည့် နွေရာသီ ကာလ အတွင်း ရန်ကုန် မြို့တော် နေ အများ ပြည်သူများ ဓာတ် အား ပြည့်ဝစွာ ရရှိရေး အတွက် မဖြစ်မနေ ဆောင်ရွက်ရန် လိုအပ် သည့် လုပ်ငန်း ဖြစ်၍ ဆောင်ရွက် ရခြင်း ဖြစ်ပါကြောင်း၊ ဓာတ်အား ပြတ်တောက်မှု ကြောင့် လူမှု ရေး အခက်အခဲများ ပေါ်ပေါက် နိုင်မှု အပေါ် အနူးအညွတ် တောင်းပန် ပါကြောင်း အသိပေး ပန်ကြား အပ်ပါသည်။

ရန်ကုန် မြို့တော် လျှပ်စစ် ဓာတ်အား ပေးရေးအဖွဲ့

အမေရိကန် ကို သူလျှို လုပ်ပေးမှု စွပ်စွဲချက် အပေါ် အင်ဒိုနီးရှား က သြစတြေးလျ သံအမတ် ကိုဆင့်ခေါ်






အမေရိကန် ဦးဆောင်သော အာရှ သူလျှို ကွန်ရက်တွင် ဩစတြေးလျ သံရုံးများ ကို အသုံးပြုခဲ့ သည် ဆိုသော သတင်းများ ထွက် ပေါ်ခဲ့ခြင်း အပေါ် အင်ဒိုနီးရှား က ဩစတြေးလျ သံအမတ်ကြီး ကို ဆင့် ခေါ် လိုက်သည်။ အာရှတိုက် ရှိ ဩစတြေးလျ သံရုံးများ ကို ဖုန်းခေါ်ဆိုမှု များ နှင့် အချက် အလက်များ ကြားဖြတ် ဖမ်းယူ ရန် အသုံးပြု ခဲ့ကြောင်း၊ ဆစ်ဒနီ မောနင်း ဟာရယ်( ဒ် ) ကဖော်ပြ သည်။ တရုတ် နိုင်ငံ ကလည်း အဆိုပါ စွပ်စွဲချက် များ အပေါ် အမေရိကန် က ရှင်းလင်းချက် ပေးပါရန် တောင်း ဆို လိုက်သည်။

အဆိုပါ သတင်း သည် ဖော် ကောင် အက်ဒဝပ်စနိုးဒန်း ၏ ဖွင့်ချ ခဲ့ သော အမေရိကန် အမျိုးသား လုံခြုံ ရေး အေဂျင်စီ မှတ်တမ်း တစ်ရပ် ကို အခြေခံ ထားသည် ဟု ဆိုသည်။ ယင်း မှတ်တမ်း ကို ဂျာမနီ သတင်းစာ Der Spiegel က ပထမ ဦးဆုံး အနေ ဖြင့် ဖော်ပြ ခဲ့သည်။ ဩစတြေးလျ သံရုံး များမှ တစ်ဆင့် လျှို့ဝှက် ထောက် လှမ်းခဲ့ သောသံရုံးများ တွင် ဂျကာတာ၊ ဗန်ကောက်၊ဟနွိုင်း၊ ပေကျင်း၊ ကွာလာ လမ်ပူနှင့် အခြားသော အာရှတိုက် ရှိ ဩစတြေးလျ သံရုံးများ ပါဝင် ကြောင်း ဆစ်ဒနီ သတင်းစာ တွင် ဖော်ပြ သည်။

ဂျကာတာနှင့် ဘာလီရှိ ဩစတြေးလျ သံရုံးများ သည် ဖုန်းခေါ် ဆိုမှု အချက်အလက် များ စုဆောင်း ပေးခဲ့ ကြောင်း အမည် မဖော် လိုသူ ဩစတြေးလျ ထောက်လှမ်းရေး အရာရှိဟောင်း တစ်ဦးက အောက်တိုဘာ ၃၁ ရက် တွင် ဆစ်ဒနီ သတင်းစာ သို့ ပြောကြား သည်။ ဂျကာတာ အစိုးရ အနေဖြင့် ဩစတြေးလျ က ယင်း ကဲ့သို့ ပြုလုပ် ခြင်း သည် လုံးဝ လက်မခံ နိုင်ကြောင်း ဂျကာတာ ရှိ အမေရိကန် သံရုံးတွင် လည်း ဆက်သွယ် ရေး ကိရိယာများ ထားရှိခြင်း ကို ပြင်းပြင်း ထန်ထန် ဆန့်ကျင် ကန့်ကွက်ပါ ကြောင်း အင်ဒိုနီးရှား နိုင်ငံခြား ရေး ဝန်ကြီး မာတီနာတာရီဂါဝါ က ပြောကြား ကြောင်း ကြေညာချက် တစ်ရပ် တွင် ဖော်ပြ သည်။

BBC

ရန်ကုန်မြို့ ရှိ အမေရိကန် သံရုံး သည် ကြားဖြတ် ထောက်လှမ်း သည့် နေရာ တစ်ခု ဖြစ်ကြောင်း စနိုးဒင် ဖွင့်ချ



ရန်ကုန်မြို့ ရှိ အမေရိကန် သံရုံးသည် အီလက်ထရော နစ် ဆက်သွယ်ရေး ကွန်ယက် အတွင်း ဆက်သွယ်မှု များ ကို ကြားဖြတ် ထောက် လှမ်း သည့် နေရာ တစ်နေရာ ဖြစ်ကြောင်း အောက်တိုဘာ လ ၂၉ ရက်နေ့ ထုတ် ဆစ်ဒနီ မောနင်း ဟာရယ် သတင်းစာ က ရေးသား ခဲ့သည်။

ရန်ကုန်မြို့ ကမာရွတ်မြို့ နယ်၊ တက္ကသိုလ် ရိပ်သာ လမ်းရှိ အမေရိကန် သံရုံး သည် အမေရိကန် အမျိုးသား လုံခြုံရေး အဖွဲ့ ( NSA ) နှင့် ဗဟိုထောက် လှမ်းရေး အဖွဲ့ ( CIA ) တို့က တိုက်ရိုက် ကိုင်တွယ် သည့် သတ်မှတ် ၀န်ထမ်း ခန့်ထား ထောက်လှမ်း ရာ အခြေစိုက် စခန်း တစ်ခု ဖြစ်ကြောင်း အင်အက်စ် အေ ( NSA ) ၏ အကြီးအကဲ ဟောင်း ဖြစ်သူ အက်ဒ၀တ် စနိုးဒင် ထံမှ ပေါက် ကြား သည့် မြေပုံ တစ်ခု ကို ကိုးကား ကာ ဆစ်ဒနီ မောနင်း ဟာရယ် သတင်းစာ က ရေးသား ခဲ့ခြင်း ဖြစ်သည်။

ထိုကဲ့သို့သော စခန်းများ သည် တယ်လီ ဖုန်းဆက်သွယ်မှု များ၊ အီးမေးလ် ဆက်သွယ်မှု များနှင့် အခြားအီ လက်ထ ရောနစ် ဆက်သွယ် မှု များ ကို ကြားဖြတ် ထောက်လှမ်း မှုများ ကို ပြုလုပ် ကြောင်း၊ ကမ္ဘာ တစ်ဝှန်းတွင် အလား တူ စခန်း ပေါင်း ၉၀ ရှိပြီး စခန်း ၇၄ ခု တွင် သတ်မှတ် ၀န်ထမ်းများ ခန့်အပ် ထားကာ အဝေးထိန်း စနစ်ဖြင့် ထောက်လှမ်း သည့် နေရာ ၁၄ ခု နှင့် နည်း ပညာပိုင်း ဆိုင်ရာ ပံ့ပိုး ပေး မည့် စခန်း ၂ ခုလည်း ပါဝင် ကြောင်း သိရသည်။

ကြားဖြတ် ထောက်လှမ်း သည့် ကိစ္စကို သိရှိခြင်း မရှိသည့် အတွက် မှတ်ချက် ပေးစရာ မရှိကြောင်း နိုင်ငံတော် သမ္မတ ၏ ပြောရေး ဆိုခွင့် ရ ပုဂ္ဂိုလ် ပြန်ကြားရေး ၀န်ကြီး ဌာန ဒုတိယ ၀န်ကြီး ဦးရဲထွဋ် က ဆိုသည်။ အက်ဒ၀တ် စနိုးဒင် ထံမှ ပေါက်ကြား သည့် အချက် လက်များ တွင် အမေရိကန် ပြည်ထောင်စု သည် ၎င်း၏ မဟာမိတ် နိုင်ငံများမှ အကြီး အကဲများ ၏ ဖုန်းများ ကို လည်း ကြားဖြတ် နားထောင် ခဲ့ကြောင်း ပါဝင် ခဲ့သဖြင့် လွန်ခဲ့သည့် တစ်လမှ စ၍ အကြီး အကျယ် ဝေဖန် ခံနေ ရသည်။

Myanmar Times

တစ်ကယ် ပိန်ချင် သူများ အတွက်



တကယ် ပိန်ချင် သူများ အတွက် ဆေးဝါး အကူ မလိုဘဲ၊ မိမိ ဖာသာ အစား အသောက် ဖြင့် ၀ိတ်ချ လို့ ရတဲ့ နည်းလမ်း ကောင်း ရှိပါတယ်။ ဒီနည်း က ရက် သတ္တ ( ၁ ) ပတ် အတွင်း ကိုယ် အလေးချိန် ၆ မှ ၈ ကီလို ထိ ကျစေ တဲ့ နည်းလမ်း ဖြစ်တယ် လို့  ၂၀၁၃ ခုနှစ်၊ အောက်တိုဘာ လ ( ၄ ) ရက် နေ့ စွဲပါ American Health Digest မှာ ဖော်ပြ ထားခဲ့ ပါတယ်။ သို့ သော် ( ၇ ) ရက် တိတိ သူ့ အညွှန်း အတိုင်း လိုက်နာ နိုင်မှသာ ကိုယ် အလေးချိန် သိသိ သာသာ လျော့ကျ စေမှာ ဖြစ်လို့ ၊ တကယ် ပိန်ချင် လိုစိတ် ပြင်းပြ သူများ ကြိုးစား အားထုတ်ကြည့်စေ လိုပါတယ်။

ပထမနေ့ 

တသက်တာ လုံး စားသောက် လာခဲ့သမျှ ခန္ဒာကိုယ် ထဲမှာ ပုန်းအောင်း နေတဲ့ အဆိပ် အတောက် တွေ ကို ဖယ်ထုတ် ပေးရမှာ ဖြစ်လို့  ပထမနေ့ က အရေးကြီး ဆုံး ပါဘဲ။ ဒါကြောင့် ရေဓာတ် ပါဝင်မှု များတဲ့ သစ်သီး ၀လံများ ဖြစ်ကြတဲ့ ဖရဲသီး၊ စတော်ဘယ်ရီ၊ သခွား မွှေး၊ ဂရိတ်ဖရု၊ နာနတ်၊ လိမ္မော်၊ စပျစ်သီး၊ သင်္ဘောသီး၊ ပန်းသီး၊ တရုပ် ဇီးသီးကြီး စသည့် အဆင်ပြေ ရာ သစ်သီး တို့ ကို ဗိုက် ဆာတဲ့ အခါ တိုင်း ထမင်းလွတ် စားပေးရမှာ ဖြစ်ပါတယ်။ သောက်ရေ ကိုတော့ အနည်းဆုံး ဖန်ခွက် ၆ - ခွက်မှ ၈ - ခွက် အထိ သောက် ပေးပါ။ ( ပထမနေ့ မှာ ဌက်ပျောသီး စားခွင့် မရှိပါဘူး ရှင် )

ဒုတိယနေ့ 

ဒီနေ့ မှာ တော့ ပန်းဂေါ်ဖီ စိမ်း ( ခေါ် ) ဘရိုကိုလီ၊ မုန်လာဥနီ၊ ပဲသီး အမျိုးမျိုး၊ သခွားသီး၊ ဂေါ်ဖီထုပ် စတဲ့ ဟင်းသီး ဟင်းရွက် တွေ ကို အစိမ်း လိုက် ( သို့ မဟုတ် ) ပြုတ်၍ ( သို့ မဟုတ် ) အပူပေးကာ ဟင်းချို / စွပ်ပြုတ် ဖြစ်ဖြစ် နှစ်သက် သလို စားနိုင် ပါတယ်။ သို့ သော် ဆီ ( လုံးဝ ) မထည့် ပါနဲ့ ။ ဒုတိယ ရက်မှာ အာလူး ကို ရှောင်နိုင် လေ ကောင်းလေ ပါ။ အကယ်၍ အားလူး စားချင် စိတ် ရှိပါက ပြုတ်၍ နံနက် စာ အဖြစ် သာစားပါ။ ( ပထမနေ့  အတိုင်း ရေသောက် ဖို့ မမေ့ပါနဲ့ )

တတိယနေ့ 

ဒီနေ့ အတွက် သစ်သီး ၀လံ နဲ့ ဟင်းသီး ဟင်းရွက်တွေ ကို တလှည့် စီ စားလို့ ရပါပြီ။ ဒါပေမယ့် အာလူး တော့ မစား ပါနဲ့ ဦး။ နံနက်စာ ကို သစ်သီး ၀လံ စားပါ။ နေ့ လည်စာ ကို ဟင်းသီး ဟင်းရွက် စားပါ။ ညနေပိုင်း အဆာ ပြေ သစ်သီး ထပ်စား ပြီးနောက်၊ ညစာ ကိုတော့ ဟင်းသီး ဟင်းရွက်တွေ ရော သစ်သီး ၀လံများ ပါ ၂ - မျိုးရော စားနိုင် ပါတယ်။ ( ပထမနေ့ အတိုင်း ရေသောက်ဖို့ မမေ့ပါနဲ့  )

စတုတ္ထနေ့ 

ဒီနေ့ ကတော့ ပျော်စရာ နေ့ လေးပါဘဲ။ တနေ့ တာ လုံးအတွက် ဌက်ပျောသီး ၈ - လုံး အထိ စားလို့ ရပြီး၊ နွားနို့ ၃ - ခွက် အထိ သောက်ခွင့်ရှိပါတယ်။ နံက်စာ၊ နေ့ လည်စာနဲ့  ညစာတွေကို ဌက်ပျောသီး ၂-လုံးနဲ့ ၊ နွားနို့  ၁-ခွက် စီသောက်ပေးပါ။ ညနေစာ ကိုတော့ အဆာ ပြေ ဌက်ပျော် သီး ၂ လုံးလောက် စားပေး နိုင်ပါ တယ်။ ( ပထမ နေ့ အတိုင်း ရေသောက် ဖို့ မမေ့ ပါနဲ့ )

ပဉ္စမနေ့ 

ဒီနေ့ မှာ တော့ ခရမ်းချဉ်သီး မှည့် ( အလုံးကြီးကြီး ) ၁၀ - လုံးနဲ့  ထမင်း ပန်းကန်လုံး သေး ၁ - ခွက် စား လို့ ရပါ တယ်။ ထမင်း ပန်းကန် လုံးသေး ၁ - ခွက်ကို နေ့ လည်စာ အဖြစ် စားပြီး၊ နံက် / နေ့ လည် / ညစာတွေ အတွက် ခရမ်းချဉ်သီး ၁၀ - လုံးကို အဆင်ပြေ သလို စား နိုင်ပါ တယ်။ ပဉ္စမ နေ့ က ရေတိုး သောက်ပေး ရမယ့် နေ့ ဖြစ်လို့  ယခင် သောက်ရေ ဖန်ခွက် ၈ - ခွက်မှ ယခု ၁၂ - ခွက်အထိ သောက် ပေး ရပါမယ်။

ဆဌမနေ့ 

ဒီနေ့ မှာ လည်း နေ့ လည်စာ ကို ထမင်း ပန်းကန် လုံးသေး ၁ - ခွက် စားလို့ ရပါတယ်။ သို့ သော် သစ်သီးဝလံ တို့ စားခွင့် မရှိပါဘူး။ ဒုတိယ နေ့ က အတိုင်း ဟင်းသီး ဟင်းရွက် တွေကို တော့ အလုံအလောက် စားပေး နိုင်ပါတယ်။ ( ပဉ္စမ နေ့ ပမာဏ အတိုင်း ရေများများ တိုးသောက် ဖို့ မမေ့ပါနဲ့  )

သတ္တမနေ့ 

( အားတင်း ထားနော် နောက်နေ့ က စလို့ ကိုယ် ကြိုက်တာ အစားစုံ စားလို့ ရပြီ လေ ) ပျော်စရာ နေ့ ကြီးပါ။ ဒီနေ့  မှာတော့ ထမင်း ပန်းကန် လုံး သေး ၁ - ခွက်စာ အပြင်၊ ဟင်းသီး ဟင်းရွက် တွေနဲ့  သစ်သီး ၀လံတွေ ပါ စားခွင့် ရှိပါတယ်။ မှန်ကြည့် လိုက်ပါဦး သင့် မျက်နှာ အသား အရေ ပိုကောင်း လာပြီး ယခင် က ထက် ပိုမို ၀င်းပ နေတာကို တွေ့ ရပါ လိမ့်မယ်။ ကိုယ် အလေးချိန် ချိန်ကြည့် တဲ့ အခါ မှာလည်း အနည်းဆုံး ၆ - ကီလိုလောက် ကျသွား တာမို့  ဒါဟာ သင့်ရဲ့  မဆုတ် မနစ် ဇွဲ ရှိရှိဖြင့် ကြိုးစား အားထုတ်မှု ရလာဘ် တွေ ဖြစ်ပါ တယ်။

X Gym Fitness Club - Myanmar

ယောင်္ကျားလေးများ ရေတိမ်မနစ်စေဖို့


မိန်းကလေးများ၏ အယုံသွင်းစကားများကြောင့်သင့်ဘဝ ရေတိမ်မနှစ်ပါစေနှင့် .....
ယောက်ျားလေးနဲ့ မိန်းကလေး ချစ်ကြိုက်ကြပြီဆိုရင် မိန်းကလေးတွေဟာယောက်ကျားလေးတွေ ကို အယုံ သွင်းတတ်ကြပါတယ်။ မိန်းကလေးတွေဟာယောက်ကျားလေးတွေရဲ့ ခန္ဓာကိုယ်ကို ရဖို့ဆိုရင် နည်းမျိုးစုံပြောဆိုတတ်ကြပါတယ်။
အဲလိုမျိုး စကားတွေကို ယောက်ကျားလေးတွေရှောင်နိုင်ရအောင်လို့ မျှဝေ ပေးလိုက်ပါတယ်။

၁။ မောင် ချစ်ဘယ်လိုမှ မနေနိုင်လို့ပါလို့ သင်ကောင်မလေးကများပြောလာခဲ့ရင် သင်ပြန်ပြောရမဲ့ စကားက တစ်ခွန်းထဲပါ။မင်းခေါ်တိုင်းလိုက်ရရင်အောင် ငါကိုဘယ်လိုကောင်များ မှတ်နေလဲလို့ပြတ်ပြတ်သားသား ငြင်းလွှတ်လိုက်ပါ။ ဒါမှ သင်ဘဝ ရေမရှိတဲ့ ချောင်းမှာနှာခေါင်းမနှစ်တော့ မှာပါ။

၂။ နှစ်ယောက်ထဲ လွတ်လွတ်လပ်လပ် စကားပြောချင်လို့ပါ လို့ပြောလာခဲ့ရင်ဘယ်တော့မှ မလိုက်ပါနှင့် သင်ဘဝ သူများတံတွေးခွက်မှာမှောက်ရက်ေ မျှာသွားပါလိမ့်မည်။ လူမြင်ကွင်းတွင် လည်းလွတ်လွတ်လပ်လပ်ပြောဆို၍ ရပါသည်။ သင်ကို လိမ်ညာခေါ်ဆောင်နေသည် ကိုသတိပြုမိပါစေ။

၃။ မောင်ကို တကယ်ချစ်တာပါ၊ အရမ်းလည်းတန်ဖိုးထားပါတယ် လို့ပြောဆိုလာလျှင်တကယ်ချစ်မချစ်ဆိုတာ နှစ်ယောက်ထဲ လွတ်လွတ်လပ်လပ်တွေ့ရုံနှင့် သက်သေပြသည်မဟုတ်ပါ။ အချိန်တွေက အချစ်ကို တန်ဖိုးထားမထား ဆိုတာအလိုလိုပေါ်လာပါလိမ့်မည်။ ပါးစပ်က ပြောနေသည်ထက် နှလုံးသားကပြောသည်ကမှပိုလေးနက်ပါလိမ့်မည်။

၎။ ချစ် ကိုတကယ်ချစ်တာဆိုရင် အလိုလိုက်မှာပါနော်ဟု ပတ်ချွှဲနှပ်ချွှဲပြောနေတဲ့ စကားမျိုးကို မယုံကြည်မိပါစေနှင့်။ သင်ကို အပြစ်မကင်းသလိုခံစားရအောင် ပြောတဲ့စကားမျိုးပါ။ အချစ်ဆိုတာ ကိုခုတုံးလုပ်ပြီးမိန်းကလေးတွေ အယုံသွင်းတာ ကို သင်သတိကြီးစွာ ထားကာမှ သင့်ဘဝတန်ကာကျပေလိမ့်ပါမည်။

၅။ ချစ်နဲ့မောင်ရဲ့ ချစ်ခြင်းက ပိုလေးနက်လာမှာပါလို့ သင်ရဲ့စောင့်စည်းထိမ်းသိမ်းလာတဲ့  အချစ်နဲ့ သိက္ခာကို ထင်ယောင်ထင်မှားဖြစ်အောင်ပြောဆိုပြီး သင်ရဲ့ အချစ်ကမလေးနက်ဘူးထင်လာအောင်ဖျားယောင်းနေခြင်းကိုသင်ရှောင်ကျဉ်နိုင်အောင် ထိန်းသိမ်း နိုင်ပါစေ။

၆။ မောင်ကလဲ သူများတွေလဲ ဒီလိုပဲနေကြတာပဲ လို့ပြောဆိုလာလျှင်သူများကတာနဲ့ သင်ကို ကိုင်ပေါက်လာပြီဆိုလျှင်တော့ အဲလိုအလွယ်တကူခေါင်းညိမ့်တတ်တဲ့ သူများ တွေဆီပဲ သွားနေလိုက်တော့ ၊ငါနဲ့လာမပတ်သတ်နဲ့တော့ ဟု ယောက်ကျားမာန နှင့် ရဲရဲသာ ပြောပလိုက်ပါ။

၇။ ချစ် ဘယ်သူကိုမှ မပြောပါဘူး၊ ချစ်ကိုယုံပါ မောင်နဲ့ချစ် ကလွဲလို့တစ်ခြားဘယ်သူကိုမှ မပြောပါဘူး ဟုပြောလာလျှင် အဲဒီ အချိန်ကာလလေးတစ်ခုအတွက်တော့ ဖြစ်ချင်ဖြစ်ပေလိမ့်မည်။ ချစ်စိတ်မွှန်နေတဲ့ အချိန်မှာမှန်နိုင်ပေမဲ့ အဲဒါတွေ ပြီးတဲ့နောက်မှာတော့ သူတို့မိန်းကလေးတွေကြားထဲပြောေ နပေလိမ့်မည်။ ငါမောင် ကိုဘယ်လိုလိမ့်ပြီးခေါ်သွားတာလေလို့သူအစွမ်းကို ထုတ်ပြောနေပေလိမ့်မည်။

အင်း အဓိကပြောချင်တာကတော့ အခုခေတ်ယောက်ကျားလေးတွေကို ယောက်ကျားသိက္ခာနဲ့လူပျိုဘဝကို တန်ဖိုးထားစေ ချင်လို့ပါ။ အနောက်တိုင်းယဉ်ကျေးမှုတွေလွမ်း မိုးလာတဲ့နောက်မှာ ယောက်ကျားလေးတွေဟာ သိပ်ပြီးမထူးဆန်းတဲ့ကိစ္စလို့ထင်လာမှာ ဆိုးလို့ပါ။ ယောက်ကျားလေး ဘဝဆိုတာ ကျောက်ပျဉ် ပေါ်က ကြက်ဥ ဖြစ်နေလို့ ကိုယ်ကိုယ်တန်ဖိုးထားစေချင်တဲ့ စေတနာနဲ့ပါ။ လူရှေ့သူရှေ့တောင် မရှောင် ယိုသူမရှက်မြင်သူ ကြည်နေတဲ့ အချိန်မှာ သင်ကို ဆိတ်ကွယ်ရာ ခေါ်ဆောင်သွားပြီဆိုရင်တော့ဘုရားသာ တပေတော့လို့သာပြော ချင်ပါတယ်။

အခုစာလေးက အမည်မသိ စာရေးဆရာကြီးတစ်ဦးရဲ့ စာစုလေးကို အတိုချုံပြီးအသိပေးလိုက်တာ ပါ။ ဖြစ်နိုင်မယ်ဆိုရင်တော့ အရွယ်ရောက်ပြီးယောက်ကျားလေးတိုင်း ဖတ်ရှု့ လိုက်နာသင့်ပါတယ်။

.ပျော်ပြီးရင်ပျော်
by Chit Nyi Lay

Friday, November 1, 2013

နိုဝင်ဘာလအတွက် (၇)ရက် သားသမီး ဗေဒင်ဟောစာတမ်း







တနင်္ဂနွေ သားသမီးများ

ခက်ခဲလေးလံသော တာဝန်ဝတ္တရားများ အပိခံရမည့် လ တစ်လ ဖြစ်ဖွယ်ရှိသည်။ အန္တရာယ်များသော အလုပ်အကိုင်များကို ဆောင်ရွက်ရတတ်သည်။ လူပန်း စိတ်ပန်း လွန်စွာဖြစ်နိုင်သည်။ လက်အောက်လူများ (သို့) ညီငယ်ညီမငယ်များ၏ အရှုတ်ထုတ်များကို မိမိက ဒိုင်ခံ ဖြေရှင်းရကိန်း ရှိတတ်သည်။ လူမျိုးခြားတစ်ယောက်ကြောင့် စိတ်ဒုက္ခ ဖြစ်ရဖွယ်ရှိသည်။ အိုးအိမ်အဆောက်အဦးနှင့် ပတ်သက်ပြီး ကံမကောင်းသေးပါ။ ငွေကြေးများစွာ ၀င်ကိန်း ရှိသလို လက်ထဲတွင် ဖင်ပူအောင် မနေဘဲ ပြန်ထွက်ကိန်းလည်း အသေအချာ ရှိတတ်ပါသည်။ ခြေနှစ်ချောင်း အကယ်မကောင်း၍ ကိုယ့်ကိုပြန် အမှုပတ်တတ်သည်။ ငွေကြေး ပြဿနာ အရှုတ်အရှင်း ပေါ်တတ်သည်။ ယာဉ်ကား နှင့် ပတ်သက်ပြီး ကံမကောင်း ဖြစ်မည်။ ငယ်ရွယ်သူများအတွက် ပညာရေးကံ အကောင်းဖက်တွင်ရှိသည်။ အချစ်ရေး ကိစ္စများတွင် ကံဇာတာ ဆက်လက်ညံ့ဖျင်းဦးမည်။ ဦးခေါင်းပိုင်းတွင် ဝေဒနာတစ်ခု ဖြစ်နိုင်ဖွယ် ရှိသည်။ လုပ်ငန်းကိုင်ငန်းများအနက် ပညာရေး ၊ ငွေကြေး ၊ ၀န်ဆောင်မှု ၊ သတင်း နှင့် ဆက်သွယ်ရေး လုပ်ငန်းများတွင် လုပ်ကိုင်နေသူများ ကံကောင်းမှုများ ရရှိနိုင်သည်။ ယာဉ်ကား နှင့် စက်မှုလက်မှု လုပ်ငန်းများ ကံမကောင်းဘဲ ရှိတတ်သည်။ ၀ယ်ရောင်းသမားများ လောဘသတ်ပြီး ခပ်မြန်မြန်ဝယ် ၊ ခပ်မြန်မြန် ရောင်းလုပ်လျှင် အကျိုးရှိနိုင်သော်လည်း တက်ဈေးကို အချိန်ဆွဲရောင်းသူများ ပိုက်ဘောမိတတ်သည်။ ယေဘူယျ အားဖြင့် ဆိုရလျှင် ယခုလသည် တနင်္ဂနွေသားသမီးများ အခက်အခဲများနိုင်သော လတစ်လ ဖြစ်ဖွယ်ရှိသည်။

ယခုလအတွက် Lucky Numbers – 4 , 2 , 7 , 0

တနင်္လာ သားသမီးများ

လူပင်ပန်း စိတ်ပင်ပန်းရမှု များမည့်လ ဖြစ်သည်။ အကောင်း အဆိုး မျှနေတတ်သည်။ မိမိလိုချင်နေသော စက်ပစ္စည်း (သို့) အီလက်ထရောနစ်ပစ္စည်းတစ်ခု ၀င်ကိန်းရှိသည်။ အင်္ဂါနံ နေ့နံများနှင့် ပတ်သက်ပြီး ကောင်းကျိုးခံစား ရနိုင်သည်။ အိုးသစ်အိမ်သစ် ၀င်ကိန်း ရှိတတ်သော်လည်း အိုးအိမ်ကိစ္စကြောင့် စိတ်ဆင်းရဲစရာများ ကြုံရတတ်သည်။ အိုးအိမ် အ၀င်ကိန်း ရှိသော်လည်း အကျိုးပြုကိန်း မရှိဟု ဆိုရမည်။ အထက်လူကြီးနှင့် အဆင်မပြေဖြစ်မည်။ မိမိ၏ ဖခင် (သို့) အကြီးအကဲ များ ကံမကောင်းဖြစ်တတ်သည်။ အကြီးအကဲ/ ဖခင်၏ ကျန်းမာရေးသော်၎င်း ၊ အလုပ်အကိုင်သော်၎င်း ထိခိုက်တတ်သည်။ ယာဉ်ကာ မတော်တဆမှုများ (အနည်းငယ်) ကြုံတွေ့ရကိန်း ရှိတတ်သည်။ ငွေကြေးကံ မဆိုးလှပါ။ ငွေဝင်ကိန်းများ တစ်မျိုးမဟုတ် တစ်မျိုးဖြင့် ၀င်ရောက်နေမည်။ သားသမီးရှိသူများ သားသမီးအတွက် ဂုဏ်ယူစရာ ကိစ္စများ ပေါ်ပေါက်တတ်သည်။ ဆက်သွယ်ရေး နှင့် ၀န်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်သူများ အကျိုးအလွန်များနိုင်သည်။ သူ့ဖက်ကိုယ်ဖက် မျှတအောင် ခံယူဆောင်ရွက်နိုင်လျှင် ဆောင်ရွက်နိုင်သလောက် အကျိုးများမည်။ အတ္တကြီးလွန်း ၊ လောဘကြီးလွန်းလျှင် အခွင့်အရေးများ ဆုံးရှုံးတတ်သည်ကို သတိပြုရမည့် လဖြစ်သည်။ ယေဘူယျ ခြုံပြောရလျှင် ကံကောင်းမှု များနိုင်သော်လည်း အဆိုးအညံ့လည်း မကင်းတတ်လှသော လတစ်ဖြစ်သည် ဆိုရမည်။

ယခုလအတွက် Lucky Numbers – 4 , 2 , 7 , 0

အင်္ဂါ သားသမီးများ

ကျန်းမာရေး အထူးသတိပြုရမည့် လဖြစ်သည်။ ရုတ်တရက် ဖျားနာကိန်း နှင့် ထိခိုက်ရှနာကိန်း ရှိတတ်သည်။ သို့သော်လည်း ထိုအချက်တွင်သာ အားနည်းပြီး ကျန်သောကိစ္စများတွင်မူ အကောင်းများမည့် လဖြစ်ဖွယ်ရှိသည်။ အထက်လူကြီး (သို့) မင်းစိုးရာဇာများ နှင့် ပတ်သတ်ပြီး မိမိတွင် ကောင်းကျိုးခံစားရတတ်သည်။ သို့သော် ရန်အတိုက်အခံ မကင်းတတ်။ ခရီးသွားလာမှုနှင့် ပတ်သက်ပြီး ကံကောင်းနိုင်သည်။ ခရီးတို ခရီးရှည်များ သွားလာရတတ်သည်။ ခရီးသွားခြင်းမှ အကျိုးကျေးဇူး ရရှိတတ်သည်။ ငယ်ရွယ်သူများ ပညာရေး ကံ အထူးမြင့်မားနေတတ်သည်။ ပညာရဲရင့် ပွဲလယ်တင့်မည့် လတစ်လ ဖြစ်ဖွယ်ရှိသည်။ ငွေကြေး ပမာဏ ကိန်းဂဏန်း အတော်များများ ၀င်ရောက်ကိန်း ရှိတတ်သည်။ သို့ရာတွင် ငွေကြေးကံကောင်းတတ်သော်လည်း အဖတ်မတင်ဘဲ ရှိတတ်သည်။ မိမိစိတ်ကြိုက် သုံးစွဲခွင့် ရနိုင်သည်။ အိမ်ထောင်ရှင် အမျိုးသမီးများအတွက် အိမ်ထောင်ဘက်နှင့် ပတ်သက်ပြီး စိတ်ဆင်းရဲစရာ (သံသယဖြစ်စရာ) ကိစ္စများ ပေါ်ပေါက်တတ်သည်။ အင်္ဂါသားသမီးများအတွက် မိမိအိမ်ထောင်ဘက်သည် တနင်္ဂနွေ (သို့) ဗုဒ္ဓဟူး/ရာဟု ဖြစ်ပါက အိမ်ထောင်ရေး ကတောက်ကဆ ဖြစ်ရမှုများ ပေါ်ပေါက်တတ်သည်။ ကျန်နေ့သားသမီးများဖြစ်လျှင်မူ ပြဿနာကြုံလျှင်လည်း ကြီးကြီးမားမားဖြစ်စရာ မရှိလှပါ။ ယခုလသည် ခြုံပြောရလျှင် အင်္ဂါသားမီးများ ကံကောင်းမှု များတတ်သော်လည်း အိမ်ထောင်ရေးတွင် ခေါင်းကိုက်ရတတ်သော လဖြစ်သည်ဟု ဆိုရမည်။

ယခုလအတွက် Lucky Numbers – 2 , 4 , 5 , 6

ဗုဒ္ဓဟူး သားသမီးများ

ဗုဒ္ဓဟူး သားသမီးများ ယခုလတွင် ကံကောင်းမှုအတော်များတတ်သော်လည်း ဘေးဥပဒ် မကင်းတတ်ချေ။ ရန်အတိုက်အခိုက် များတတ်သည်။ ရန်သူပေါ်တတ်သည်။ လွယ်ကူသော အလုပ်များကို ခက်ခဲစွာ လုပ်ကိုင်ရတတ်သည်။ ပြဿနာ များမည်။ သို့သော်လည်း နောက်ဆုံး(လကုန်ပိုင်းတွင်) အခက်အခဲများကို ကျော်လွန်ပြီး အောင်မြင်တတ်သည်။ တရားဥပဒေ နှင့် မကင်းသော အလုပ်များကို လုပ်ကိုင်နေသူများ ယခုလတွင် တရားဥပဒေနှင့် ရင်ဆိုင်ရဖွယ် ရှိသည်။ ကျန်းမာရေးကိုလည်း အထူးဂရုစိုက်ရမည့် လဖြစ်သည်။ မတော်တဆ ထိခိုက်မှု အနည်းငယ် နှင့် ကြုံရကိန်း ရှိသည်။ မိမိနေအိမ်မှ အနောက်မြောက်ဒေါင့် အရပ်သို့ ခရီးသွားလျှင် ဘေးဥပဒ် ဖြစ်နိုင်သည်။ သို့သော် ခရီးသွားလာမှုနှင့် ပတ်သက်ပြီး ကံကောင်းမှုများတတ်သော လဖြစ်သည်။ ခရီးများ အဆက်မပြတ်သွားလာရတတ်ပြီး ခရီးပန်း အဖျားအနာ ၀င်တတ်သည်။ မိမိရည်မှန်းချက်တစ်ခုကို အကောင်အထည်ဖော်နေသူများ ယခုလတွင် မိမိအကြံအစည်များ အထမြောက်အောင်မြင်တတ်သည်။ အိုးအိမ်ကိစ္စ များတွင် ကံဇာတာအထူးကောင်းမွန်နေတတ်သည်။ အလုပ်ရာထူး တက်ရန် ရှိသူများ ရာထူးတိုးတက်မည့် လတစ်လဖြစ်ဖို့များလှပေသည်။ ယေဘူယျအားဖြင့် ဆိုရလျှင် ဗုဒ္ဓဟူးသားသမီးများအတွက် ယခုလသည် ဘေးဥပဒ် မကင်းလှသော်လည်း ကံကောင်းမှုများတတ်သော လတစ်လဖြစ်သည် ဆိုရပေမည်။

ယခုလအတွက် Lucky Numbers – 1 , 4 , 6 , 7 , 0

ကြာသပတေး သားသမီးများ

ယခုလသည် ကြာသပတေး သားသမီးများအတွက် ကံဇာတာ အကောင်း နှင့် အဆိုး အားပြိုင်ဖွယ်ရှိသော လတစ်လ ဖြစ်ဖွယ်ရှိသည်။ အထူးသဖြင့် ခရီးသွားလာမှု ကိစ္စ ၊ နိုင်ငံရပ်ခြား နှင့် ပတ်သက်နေသော ကိစ္စ ၊ ငွေကြေးနှင့် ပတ်သက်သော ကိစ္စများတွင် ကံမကောင်းဖြစ်ဖွယ်ရှိသည်။ ခရီးသွားလာမှုများ ပျက်ပြားတတ်ခြင်း ၊ ခရီးသွားလာစဉ် မတော်တဆဖြစ်ခြင်းများ သတိပြုရမည်။ ငွေကြေး အရှုပ်အရှင်းဖြစ်တတ်ပြီး အမှုအခင်းများ ဖြစ်ပွားရဖွယ်ရှိသည်။ တရားဥပဒေ မကင်းသော အလုပ်များကို လုပ်ကိုင်နေသူများ ဥပဒေနှင့် ညိစွန်းတတ်သော လတစ်လ ဖြစ်နိုင်ချေရှိသည်။ မိမိလုပ်သမျှ ကိုင်သမျှ အခက်အခဲ များနေမည်။ အိုးအိမ် အဆောက်အဦများနှင့် ပတ်သက်သော ကိစ္စများတွင်မူ ကံကောင်းမှု များပြားတတ်သည်။ အိုးသစ်အိမ်သစ် ၀င်ကိန်း ရှိတတ်သည်။ အလုပ်သစ် အကိုင်သစ်များ ပေါ်ပေါက်တတ်သည်။ စိတ်ကူးစိတ်သန်းကောင်းများ အကြံအစည်သစ်များ ပေါ်ထွက်တတ်ပြီး လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်။ အိမ်ထောင်ပြုရန် ကြံရွယ်ထားသူများ မင်္ဂလာ ကိစ္စများ အထမြောက်အောင်မြင်တတ်သည်။ ငယ်ရွယ်သူများတွင် အချစ်ရေးကံ ကောင်းမှုများ ကြုံတွေ့ရဖွယ်ရှိသည်။ ယေဘူယျ ပြောရလျှင် ယခုလသည် ကြာသပတေးသားသမီးများအတွက် အကောင်းလည်းများ ၊ အညံ့လည်း မလွတ်တတ်သော လတစ်လ ဖြစ်ဖွယ်ရှိပေသည်။

ယခုလအတွက် Lucky Numbers – 1 , 4 , 6 , 7 , 0

သောကြာ သားသမီးများ

ယခုလသည် သောကြာသားသမီးများအတွက် စိတ်ရှုပ်ထွေးနောက်ကျိဖွယ် ကိစ္စများ ကြုံတွေ့ရတတ်ပြီး ယင်းကိစ္စများ အပေါ်တွင် ခိုင်မာသော ဆုံးဖြတ်ချက်တစ်ခုကို ချမှတ်ရမည့် လမျိုးဖြစ်တတ်သည်။ သံယောဇဉ်များ ၊ ငဲ့ညာထောက်ထားမှု များကို စွန့်လွှတ်ပြီး မိမိဘ၀ရပ်တည်ရေးအတွက် ပြတ်သားစွာ ဆုံးဖြတ်လုပ်ကိုင်ရမည့် လဖြစ်သည်။ ထိုသို့ မပြုလုပ်နိုင်ပါက ရှေ့လာမည့် လများတွင် မိမိအတွက် ကံဇာတာ နိမ့်ပါးမှုများ ဆက်တိုက်ဖြစ်လာဖွယ်ရှိသည်။ မဖြစ်မနေ ဖြေရှင်းရမည့် ပြဿနာများကို နေ့ရွှေ့ညရွှေ့ မရွေ့ဘဲ ယခုလတွင် ပြီးပြတ်အောင် ဆောင်ရွက်နိုင်မှုသည် ယခုလအတွက် အရေးတစ်ကြီးသော ကိစ္စပင်ဖြစ်သည်။ ဆုံးဖြတ်ချက်ချရမည့် အလုပ်ကိစ္စများသာမက ကျန်းမာရေးကိစ္စများတွင်လည်း ရွှေ့ဆိုင်းမှုများကို ယခုလတွင် အပြီးအပြတ် ဆေးကုသမှု ခံယူရန် သင့်တော်ပေသည်။ သို့မဟုတ်ပါက ရှေ့လာမည့် လ များတွင် ကျန်းမာရေး ပြဿနာကြီးများ ရင်ဆိုင်ရဖွယ်ရှိသည်။ ခရီးသွားလာရန် ကြံရွယ်ထားမှုများ ပျက်ပြားတတ်သည်။ သို့မဟုတ် ခရီးသွားလာရာတွင် ဒုက္ခများတတ်သည်။ ငွေကြေး နှင့် အလုပ်ကိစ္စများအတွက် ယခုလတွင် ကံဇာတာ ထူးထူးခြား ညံ့စရာ (သို့) ကောင်းစရာ မရှိလှပါ။ ငယ်ရွယ်သူများအတွက် ပညာရေးတွင် ထိုက်သင့်သော အောင်မြင်မှုများ ရရှိနိုင်သည်။ ပညာကို အထူးကျိုးစားသူများ ပညာရဲရင့် ပွဲလယ်တင့်မည့် လတစ်လဖြစ်သည်။ သို့သော အချစ်ရေး ကိစ္စများ ကံမကောင်းနိုင်သေးပါ။ ခြုံပြောရလျှင် ယခုလသည် သောကြာသားသမီးများအတွက် ဘ၀ရှေ့ရေးအတွက် ခိုင်မာသော ဆုံးဖြတ်ချက် တစ်ရပ်ချမှတ်ရန် အရေးကြီးသော လ ဖြစ်သည်ဟု ဆိုရမည်။

ယခုလအတွက် Lucky Numbers – 2 , 5 , 7 , 0

စနေ သားသမီးများ

ယခုလသည် စနေသားသမီးများအတွက် ကံဇာတာ မြင့်မားတိုးတက်နိုင်သည့် လတစ်လ ဖြစ်ဖွယ်ရှိသည်။ မိမိအတွက် အလုပ် ၊ စီးပွား ၊ ငွေကြေး ၊ ပညာ ၊ နေရာဌာန ၊ အချစ် များအနက် တစ်ခုမဟုတ် တစ်ခုတွင် အောင်မြင်တိုးတက်မှု ၊ စိတ်ချမ်းမြေ့မှု တစ်ခုမဟုတ်တစ်ခု ရရှိမည့် လဖြစ်သည်။ နာမည်တစ်လုံးဖြင့် လုပ်စားသူများ ၊ အနုပညာရှင်များ ၊ နိုင်ငံရေး သမားများအတွက် နာမည်ကျော်ကြားထင်ပေါ်နိုင်မည့် လတစ်လ ဖြစ်နိုင်သည်။ ခရီးသွားလာခြင်း ကိစ္စများ ၊ နိုင်ငံရပ်ခြား နှင့် ပတ်သက်နေသော ကိစ္စရပ်များတွင် ကံကောင်းတိုးတက်နိုင်သော လတစ်လဖြစ်တတ်သည်။ ငွေကြေး အစုအပုံ ၀င်ကိန်း ရှိတတ်ပြီး ထီပေါက်ကိန်းလည်း ရှိတတ်သည်။ (ထီဝါသနာ ပါသူများ ၅ ထိပ်စီး ၀/၇ နောက်ပိတ်သော်၎င်း ၊ ၀/၇ ထိပ်စီး ၅ နောက်ပိတ်သော်၎င်း ရွေးချယ်သင့်သည်၊ အလယ်တွင် ၃ ၊ ၆ ဂဏန်း (၂)လုံး ပါသင့်သည်) ။ ကျန်းမာရေးအနည်းငယ် ခြူခြားကိန်း ရှိတတ်သည်။ ရင်ဝမ်း ဒုက္ခပေးတတ်သည်။ သားသမီး ရှိသူများ သားသမီး ကျန်းမာရေးအတွက် ပူပင်စရာ ကိစ္စပေါ်တတ်သော်လည်း အားပြင်းထန်မှု မရှိနိုင်ပါ။ ငယ်ရွယ်သူများအတွက် ပညာရေး ကိစ္စ နှင့် အချစ်ရေး ကိစ္စ နှစ်ခုလုံးတွင် ကံကောင်းမှုများ ရရှိတတ်သည်။ ခြုံ၍ ဆိုရလျှင် ယခုလသည် စနေသားသမီးများအတွက် ကံကောင်းမှုသာ ပိုမိုများပြားနိုင်သော လတစ်လ ဖြစ်သည်ဟု ဆိုရပါမည်။

ယခုလအတွက် Lucky Numbers – 7 , 0 , 3 , 5 , 6

ရာဟု သားသမီးများ (ဗုဒ္ဓဟူးနေ့ မွန်းလွဲပိုင်းမွေးဖွားသူများ)

ရာဟုသားသမီးများအတွက် ယခုလတွင် ဗုဒ္ဓဟူးသားသမီးများလောက် ကံကောင်းမှု မရှိနိုင်ပေ။ တစ်စုံတစ်ခုသော အပြောင်းအလဲ ကြုံရဖွယ်ရှိသည်။ အလုပ်အကိုင်အပြောင်းအလဲ (သို့) နေရာဌာန အပြောင်းအလဲ တစ်ခုခု ရှိနိုင်သည်။ ကျန်းမာရေး ခြူခြာညံ့ဖျင်းနိုင်သည်။ လူမျိုးခြား ဘာသာခြား နှင့် ပတ်သက်ပြီး ကံမကောင်းမှု ကြုံတွေ့နိုသ်ည။ သားသမီးရှိသူများ သားသမီးအတွက် စိတ်သောက ရောက်ရဖွယ် ရှိတတ်သည်။ မိမိအလုပ်အကိုင်များ အခက်အခဲ အကြပ်အတည်းများ ကြုံဆုံနိုင်ချေရှိသည်။ သွား ၊ အရိုးနှင့် ပတ်သက်ပြီး ရောဂါဝေဒနာ ခံစားရဖွယ် ရှိတတ်သည်။ သို့သော် ခရီး နှင့် ပတ်သက်၍၎င်း ၊ နိုင်ငံရပ်ခြားနှင့် ပတ်သက်၍၎င်း ကံကောင်းမှုကို ရရှိနိုင်ပါသည်။ ငယ်ရွယ်သူများအတွက် အချစ်ရေး ကိစ္စများတွင်မူ ကံကောင်း အဆင်ပြေနေမည်။ ထိုအချက်(၂)ချက်တွင်မူ ကံကောင်းနိုင်ပါသည်။ ခြုံ၍ ပြောရလျှင် ယခုလသည် ရာဟုသားသမီးများအတွက် နေရာအတော်များများတွင် ဗုဒ္ဓဟူးသားသမီးများ၏ ကံဇာတာနှင့် တူညီနိုင်သော်လည်း ကံ အညံ့/အကောင်းပိုင်းတွင်မူ ဗုဒ္ဓဟူး သားသမီးများထက် ကံဇာတာ ပိုညံ့နိုင်ချေ ရှိပါသည်။

ယခုလအတွက် Lucky Numbers – 1 , 3 , 6 , 2

(၇)ရက် သားသမီးအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေသော်။

ဒေါက်တာတင်ဗိုလ်ဗိုလ် (ကွန်ပျူဗေဒ သုခုမ)

အရုပ်တွေ့ရင်ကောက်ချင်သေးလား..



ပိာတ်နောက်ဘေးကဘယ်သူတုန်း?

ပာင်ဘယ်မှလည်းမရှိပါလား?ဒီအရုပ် ... ဒီအရုပ်... ဘယ်လိုလို.ဒီကိုရောက်နေတာတုန်း?ပာင်းအိုးတွေရဲ.အပေါ်မှာ....

သမီးမေ.ကျန်ခဲ.တာလား?အတွေးတွေနယ်ချဲ.မှုကြောင်.ရင်တွေတဒိန်းဒိန်းတုန်နေသည်။

ရိပ်ခနဲ..နောက်ဘေးဘက်ကပျောက်သွားတယ်.အရိပ်.. ဘယ်မှာလဲ?

အားတင်းပြီးအခန်းကိုအပြင်.. ပာာာ .. ဒီမီးကလည်းပြတ်ပဲပြတ်နိုင်လွန်းတယ်။အမှောင်ဘက်မှအခန်းဝသို.မမြင်မစမ်းလာစဉ်...

ဒုတ်...လူချင်းဝင်တိုက်မိ၏။

ဖေကြီးလား ...အေးး ဘာလည်း... ရှင်.အသံကဘယ်ဖြစ်နေတာတုန်း?
နောက်ဘေးမှာလူရိပ်လိုလိုတွေ.လိုက်တယ်..ရှင်ကလည်းအိပ်ပဲအိပ်နိုင်လွန်းတယ်။အပြစ်တင်စကားများပြောနေခိုက်...မီးပြန်လာလေသည်။

ပာင်..ခုနကဖေကြီးနဲ.ငါစကားပြောနေပါတယ်။ဘယ်ရောက်သွားပါလိမ်.?
ိအင်း..အိပ်ခန်းထဲပြန်ဝင်သွားတာဖြစ်မှာပါလေ...

ပာိုရောက်မှမေးကြည်.တော.မယ်။... ကိုသန်းမောင်...ကိုသန်းမောင်..
ပာာ ဒီမိန်းမကတော.ကွာ.. ငါ နင်.ကြောင်.အိပ်ရေးပျက်တော.မယ်ပာာ..
အာရုံနှောက်တယ်..ငါပင်ပန်းနေပြီပာ...

ရှင်ခုနကရှင်.ကိုအခန်းရှေ.မှာတွေ.လိုက်ပါတယ်..ပာာ ငါဘယ်မှမသွားဘူး။
အိပ်နေတာပာ..
ရှင်.. ကိုကျွန်မမီးပြတ်တော.မမြင်ရပေမယ်.ရှင်.အသံတုန်နေတာကလွဲလို.
ရှင်.အသံအစစ်ပါ..ကိုသန်းမောင်၇ယ်...

ငါမပာုတ်ဘူးလို.ဘယ်နှစ်ခါပြောရမလဲပာာ...မင်းအိပ်မက်တွေဘာတွေမက်ပြီးဖြစ်နေတာလားမှမသိတာ...

ကျွန်မသိပါတယ်... ကျွန်မနဲ.တိုက်မိတာလူမှလူအစစ်..
ကြက်သီးထလိုက်တာ.. ပာိုအရုပ်ရောက်လာကတည်းကဖြစ်နေတာဒီအရုပ်ငါမသင်္ကာဘူး။ဒီအရုပ်နောက်ဘေးကိုရောက်နေစရာအကြောင်းရှိကိုမရှိသင်.ဘူး။

ရှပ်ရှပ် ...ရှပ်...အခန်းတံခါးဝနားကလမ်းလျှောက်သံအတိုင်းသားကြားနေရသည်။
ဘုရားစာ ၊၂၄ ပစ္စည်း ၊ပဌန်းများရွတ်မှအသံပျောက်သွားလေသည်။

မနက်ရောက်တော.

သမီး ... ရေ ... သမီးလေး
ရှင်မေကြီး .. ငါ.သမီးလေးကလိမ္မာလိုက်တာ ...
သမီးကိုမေးစရာရှိလို...ပာုတ်..
သမီးအရုပ်ကလေးကိုညအိပ်ခါနီးဘယ်နားထားခဲ.လဲ?
မေကြီးကလည်း သမီးညကအခန်းထဲကိုယူအိပ်တယ်လေ.

ပာာာ .. ဒါ ..ဒါ ဆို ....
ပဲာ. ဘာဖြစ်နေတာတုန်း ဒါ ..ဒါ နဲ.?
ဖေကြီး .. ညတုန်းပာိုအရုပ်က..
ပာာ .. ပညာတတ်တစ်ယောက်ဖြစ်ပြီးဒါတွေကိုယုံတယ်ပာုတ်လား?
မင်းကွာ..မင်းကြောင်.ငါ.သမီးလေးကြောက်နေအုံးမယ် ကွာ..။
သွား .. သွားး..ကမ်းခြေမှာသမီးနဲ.သွားကစားချေ။

ဒီမိန်းမတော.ကွာ...
ဒေါသဖြစ်ဖြစ်အိမ်ထဲကိုဝင်လာခဲ.သည်။အရုပ်ကလေးကတော.ဧည်.ခန်းထဲမှာငြိမ်သက်စွာ...

ဒီအရုပ်ကို.. အရုပ်ကိုသေသေချာချာကောက်ကိုင်ကာကြည်.မိလေ၏၊။
ပာင်.. ပာင်းစော်တွေနံလို.ပါလား?ပါးစပ်မှာလည်းဆီတွေနဲ. သမီးဆော.သွားတာတူတယ်။

တစ်ရေးလောက်အိပ်အုံးမှပဲ...။
အိပ်ပျော်တော.မယ်..ပတ်ဝန်းကျင်နဲ.အဆက်အသွယ်ပျက်ခိုက်...
ဒုန်း ဒုန်း..လူခုန်ချသံပီပီပြင်ပြင်ကြားလိုက်ရသည်။
ပာ ... ဘယ်သူတုန်းကွ... လာကမြင်းနေတာ..စိတ်တိုတိုနှင်.ပြောမိလိုက်သည်၊

တောက်.. တောက် ..
တောက်ခေါက်သံ..မိန်းမတစ်ယောက်တောက်ခေါက်သံ အကျယ်ကြီးပီပီပြင်ပြင်ကြားလိုက်ရတယ်။ အောင်မယ်..ငါ.အခန်းထဲကိုလည်းလာသေးတယ်.. မင်းကလည်းတောက်ခေါက်သေးတယ်။

ဘယ်ကောင်မတုန်းပော.?တွေ.ကြသေးတာပေါ.။

သက်မဲ.တွေသာအခန်းအပြင်မှာတွေ.မိတယ်။မည်သူမှမရှိ။...
ထိုစဉ်..အပြင်မှမိန်းမနဲ.ကလေးပြန်လာ၏၊

ကိုသန်းမောင် .ရှင်.သမီးကိုမေးကြည်.ပါအုံး..
ပာာ ဘာဖြစ်တာတုန်းအလန်.တကြား .. ပာိုအရုပ် အကြောင်း...
ပာုတ် တယ် ဖေကြီးရဲ. မနက်တုန်းကသမီးအစောကြီးနိုးလို.တစ်ယောက်ထဲနောက်ဘေးတယ်။ပြီးတော.လေ ဖေဖေ ၀ယ်ပေးတယ်.အရုပ်ကလေးကလမ်းလျှောက်နေတယ်..
သိလား?

မိန်းမ..နင်ကလေးကိုဘာမပာုတ်တာတွေလျှောက်ပြောထားတာတုန်း?
ကိုသန်းမောင်.. ရှင်ဒီအရုပ်ကလွှင်.ပစ်လိုက်ပါရှင်။ကျွန်မစိတ်မသန်.ဘူးရှင်.။

ဒီအရုပ်ရောက်လာကတည်းက အသံတွေကြားနေရတယ်.. အိပ်လို.ကိုမပျော်ဘူး.။ ညညဆိုလူရိပ်လို လို .. လမ်းလျှောက်သံတွေကြားရသေး...

တောက်.. နင်ပြောနေတယ်နော်.. ငါဘယ်နှစ်ခါပြောရမလဲ.ဒီအရုပ်ကဘာလုပ်နိုင်မှာမလို. လဲ?

ရှင်မလွှတ်ပစ်ရင်ကျွန်မတို.ရွာထဲမှာသွားအိပ်မယ်။...
သွားပာာ .. သွား....
ဘာမှမလုပ်နိုင်တယ်.အရုပ်ကို..အပြစ်တင်နေသေးတယ်။

စိတ်တိုနဲ.ပြောလိုက်မိသည်။မိန်းမက ကလေးလက်ကိုဆွဲကအပြင်ဘက်သို.ထွက်သွားလေသည်။

ကျွန်တော်လည်းစိတ်တိုတိုနဲ. အရက်သောက်မိလိုက်တာ .. တော်တော်များသွားပုံပေါ်သည်။ကုတင်ပေါ်ကိုဘယ်အချိန်ရောက်နေမှန်းမသိတော...။ပြန်နိုးတော.ညတော်တော်မိုးချုပ်နေပြီ...၂း၃၀ လောက်

ထိုအချိန်တွင်.. အခန်းပြင်က တံခါးခေါက်သံ ..
ဒေါက် ဒေါက်

မိန်းမရေ ငါတောင်းပန်ပါတယ်.. မင်းက ငါပြောတာမှလက်မခံတာကိုး။
ပြောပြီး တံခါးဖွင်.လိုက်တော.
အပြင်မှာမည်သူမှရှိမနေ.. ရုတ်တရက်ကြောင်သွားသည်။
ငါအကြားမှားတာတူတယ်...
အာာ .. အရေးထဲမီးကပြတ်ပြန်ပြီကွာ..
စိတ်ညစ်ဖို.တော်တော်ကောင်းတာ ပဲ..
ကုတင်ဆီသို.ပြန်ပြီးလက်နှိပ်ဓာတ်မီးပြန်ယူရသည်။

မမြင်မစမ်း .. လိုက်စမ်းနေရသဖြင်.တော်တော်ကိုရှာရအခက်..

ဂျိဂျိ.. သွားကျိတ်သံ.. ကျွန်တော်ကုတင်ပေါ်မှကြားနေရသည်။ပာင်.. ဘယ်သူလဲ? တစ်ခုတစ်ခုတွေ.ပြီအထင်ကြောက်စိတ်တန်းတန်းမတ်မတ်ဝင်လာလေပြီ။

ဓာတ်မီးကိုတော.တွေ.ပါပြီ.။ ဓာတ်မီးအဖွင်. .. အခန်းအတွင်းဝန်းကျင်လိုက်ထိုးကြည်.သည်။

ကျွန်တော်တစ်ကယ်တုန်လှုပ်မိလေပြီ.. ကျွန်တော်ကုတင်ခြေရင်းမှာ ..သမီးအရုပ်လေး..
ပီာပီာ.. ပာင်.ပာင်. ရှိုက်ရှိုက်ငိုသံ .. ဒီအရုပ်နားက ..

မီးပြန်လာသဖြင်. ကုတင်ပေါ်မှအဆင်း .. ပာင်.. ပာိုအရုပ်ခုန က ဒီနားမှာတွေ.လိုက်တာပါ။ဘယ်ရောက်သွားတာ လဲ?ရှပ် ရှပ် ... ရှပ် ..
အခန်းအပြင်ဘက်မှအသံ.. ဦးနှောက်ကိုအသိပေးလာပြီ...
တောက် တောက် ...
ကျွန်တော်ယောက်ျားတန်မဲ.ကြောက်စိတ်ဝင်လာလေသည်။
မိန်းမပြောတာတကယ်လား မသိ ဘူး..ငါယုံလိုက်ရမှာ..
အခုတော.ငါတစ်ယောက်ထဲဒုက္ခပါပဲ...
ကုတင်ပေါ်သို.အလျင်အမြန်တတ်ပြီး .. ဆောင်ခြုံကာအိပ်နေမိ၏။ထိုစဉ်..ကျွန်တော်ဆောင်ပေါ်မှတစ်စုံတစ်ခုဖိသလိုလိုလေးလံလာသည်။

ဖယ်လို.လည်းမရတော. ။ အသက်ရှုမ၀သလိုလိုဖြစ်လာ၏။
ရှိသမျှအားသုံးခါဖယ်လိုက်တော.

မဲမဲအရိပ်တစ်ခု..
အပေါ်ကခွစီးနေတာကိုတွေ.လိုက်ရသည်။
အရိပ်ကိုမြင်လိုက်.. အရုပ်ကိုမြင်လိုက်နှင်.ဘယ်အရာမိမိကိုယ်ပေါ်တွင်ရှိမှန်းမသိတော.ပါ။
အသက်ရှုကြပ်လာချေပြီ... သတိလစ်ချင်သလိုလိုဖြစ်လာ၏။
ဘုရားကိုအာရုံပြူရုံမှလွဲပြီးဘယ်မှမသိတော.
သတိပြန်ရတော.အခန်းအပြင်..ဘက်မှာကျွန်တော်ရောက်နေသည်။ကျွန်တော်အပေါ်မှာအရုပ်ကလေးတင်လို.ပေါ.။

ကျွန်တော်မိန်းမရှိရာသို.အခုအချိန်သွားမှဖြစ်မည်။.. ရွာထဲရောက်တော.မေးပြီးမိန်းမရှိရာသို.ရောက်ခဲ.လေသည်။

ရှင်ဘာ လို. လိုက်လာတာလဲ?ရှင်.အရုပ်နဲ.သာသွားနေ..
သွား ...
မိန်းမရယ် ငါတောင်းပန်ပါတယ်.. ငါယုံပါပြီပာာာ..
ငါတို.ဘယ်လိုလုပ်ကြမလဲ?ဒါဆို.. ဒီနေ.ညရန်ကုန်က အထက်လမ်းဆရာတစ်ယောက် ရွာက ပင်.ထား တယ်။
မိန်းကလေးတစ်ယောက်သ၇ဲပူးလို.တယ်.လေ။
အဲဆရာရောက်ရင် အကျိုးအကြောင်းသွားပြောကြမယ်။
အင်းပါ မင်းအစဉ်ပြေသလိုလုပ်ပါတော. ...။

ဆရာ ညနေရောက်လာပါတယ်။ ဆရာကိုအဆောင်သို.ပင်.ခေါ်ပြီးအကြောင်းစုံပြောပြထားတယ်။

အင်း ငါ.သားတို. သာသမီးတော. ဒါအရုပ်က အောက်လမ်းနည်းနဲ.လုပ်ထားတာ ။ တစ်စုံတစ်ဦးထိခိုက်စေတဲ.စိတ်နဲ.ပေါ. ။
အသက်မသေတာကံကောင်း ...
ပာုတ် ဆရာရယ် အားကိုးပါတယ်...

ဒါကိုမီးရှို.ဖျက်ဆီးရမယ် သမီးတို. ။
ဒီအတိုင်းတော.မရဘူး .. အတတ်နဲ.လုပ်ထားတာဆိုတော.။

ဆရာဒါဆိုဘာလုပ်ရမလဲပာင်? ပရိတ်ရေ ရယ် မှန်ရယ် ပြီးတော. ဘုန်းကြီးကျောင်းက သိမ်ဝင်ပုတီးရယ်ရှာခဲ. ပော. ။

ပာုတ်ကဲ. ....
လိုအပ်တယ်.ပစ္စည်းတွေလွယ်လွယ်ကူကူရှာတွေ.ပါတယ်။

အိမ်ရောက်တော. ဆရာကစည်းချပြီးမန္တာန်ရွတ်နေသည်။အရုပ်ကတော.အလည်မှာပေါ.။

ငါမှာတဲ.ပာာတွေအကုံရရဲ.လား?
ပာုတ်ကဲ.ရပါတယ်.. အေးအေး အဝေးမှာနေကြ...

ဆရာစပြီး .. အရုပ်ကိုပရိတ်ရေလောင်းပါတယ်.. ဒီအချိန်မှာမချိမဆန်.အော်သံကြားနေရတယ်.. ကြုံမှယုံမှာ..။
ပြီးတော. မန္တာန်အတင်အကျရွတ်သံ... အရုပ်ကိုသိမ်ဝင်အပ်နဲ.ထိုးပြီးမှန်ရှေ.မှာထားထားပါတယ်။။

ဆရာကိုမေးတော.တန်ပြန်တယ်...
တခဏအကြာ...

မီးမွှေးကွာ.. ဗျာ.
ဗျာလုပ်မနေနဲ.မြန်မြန်လုပ်ကြ...
ပာုတ်..ပာုတ်ကဲ. ..

မီးဖိုဖိုပြီးမီးအရှိန်ရလာသောအခါ..အရုပ်ကိုသိမ်ဝင်အပ်မနှုတ်ပဲမီးထဲကိုပစ်ချလိုက်သောအခါ...

အာားးးးားာာားးး အာားးးးး
အော်သံ... ကျွန်တော်တို.ကိုနှောက်ယှက်နေတယ်.အသံ.. ညညကြားနေတယ်.အသံ ... တိုးလျှိုပျောက်ကွယ်သွားသည်။

ဆရာကယ်လို.ပေါ. ဆရာရယ် ..
အေးကွယ်ရပါတယ်.. နောက်နောင် ဘယ်အရုပ်တွေ.တွေ.မကောက်နဲ.ပေါ.ကွာ....

ခင်ဗျားတို.ကော...အရုပ်တွေ.ရင်ကောင်ချင်သေးလား?

Credit to...သရဲ သဘက် ဘီလူး အစရှိသော - ပေတလောကသားများအကြောင်း

ရခိုင်က လျှပ်စစ်မီးကို တရုတ်က အပြည့်အ၀ စတင်သုံးနေ


မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်က လျှပ်စစ်မီးလုံလောက်စွာပေးဖို့ ဒေသခံတွေက အစိုးရကိုတောင်းဆိုနေတဲ့အချိန်မှာပဲ ရခိုင်ပြည်နယ်မှာရှိတဲ့ သဘာဝ ဓါတ်ငွေ့ပိုက်လိုင်းကနေထွက်ရှိတဲ့ စွမ်းအင်တွေကို တရုတ်နိုင်ငံက အပြည့်အ၀ ရယူသုံးဆောင်နေပြီလို့ တရုတ်အစိုးရပိုင် သတင်း မီဒီယာကပြောပါတယ်။

ဒီလျှပ်စစ်မီးဟာ ရခိုင်ပြည်နယ် ကျော်ဖြူမြို့ဖက်ကနေ တရုတ်နိုင်ငံ အနောက်တောင်ဖက်ခြမ်းမှာရှိတဲ့ မြို့တွေကို ပေးဆောင်နေတာဖြစ်ပါတယ်။ အကွာအဝေးအားဖြင့်တော့ ကီလိုမီတာ ၂၅၀၀ ကျော်ရှိပါတယ်။ လျှပ်စစ်မီးကို ရရှိတဲ့မြို့တွေကတော့ Yunnan, Guizhou, Chongging နဲ့ Guangxi တို့ဖြစ်ကြပါတယ်။

သုံးနှစ်ကြာတည်ဆောက်ခဲ့ရတဲ့ ဒီလျှပ်စစ်ဓာတ်အားထုတ်လုပ်မှု စီမံကိန်းဟာ ဇူလိုင်လလောက်ကစပြီး တရုတ်နိုင်ငံကို ပေးဆောင်နေတာ ဖြစ်ပြီးတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ အပြည့်အ၀ စတင်လည်ပတ်နေတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံက လျှပ်စစ်မီး အပြည့်အ၀ စတင်ရရှိနေပြီးဖြစ်ပေမယ် ဒီသဘာဝ ဓာတ်ငွေ့ စီမံကိန်းကြောင့် ဒေသခံတွေဆီကနေ အတင်းအဓ္ဓမ သိမ်းဆည်းထားတဲ့ မြေတွေရဲ့ ပြဿနာနဲ့ သဘာဝ ပတ်ဝန်းကျင်ထိခိုက်နစ်နာမှုကိစ္စတွေဟာ မြန်မာအစိုးရဖက်က ဖြေရှင်းမပေးနိုင်သေးတဲ့ အတွက် စိုးရိမ်စရာတွေဖြစ်နေတယ်လို့ လူ့အခွင့်အရေးနဲ့ ဘဘာဝ ပတ်ဝန်ကျင် ထိန်းသိမ်းရေး အဖွဲ့တွေက ပြောပါတယ်။

အခုရခိုင်ပြည်နယ်က သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းကနေပြီး ရရှိတဲ့လျှပ်စစ်မီးဟာ တရုတ်နိုင်ငံကို ကုပမီတာ ၁၂ ဘီလီယံ လောက်ပေးဝေနိုင်မှာဖြစ်တဲ့အတွက် တရုတ်နိုင်ငံက သဘာဝဓာတ်ငွေ့ အသုံးစရိတ်သက်သာမှာဖြစ်တဲ့အပြင် ကျောက်မီးသွေးအသုံးမှုလည်း လျော့ကျသွားမှာဖြစ်ပါတယ်။

ဒေသတွင်း သံယံဇာတကို ကိုယ်ပိုင်စီမံခန့်ခွဲပိုင်ခွင့်ရရေးတောင်းဆို
မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်က ထွက်ရှိတဲ့ သဘာဝသယံဇာတတွေကို တူးဖော်ထုတ်လုပ်ရောင်းချနေတာနဲ့ ပတ်သက်ပြီး ဒေသခံပြည်သူများအနေနဲ့ ကိုယ်ပိုင်စီမံခန့်ခွဲပိုင်ခွင့်ကို ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်း ထည့်သွင်းပြဌာန်းပေးဖို့ ပြည်သူ့ သယံဇာတအဖွဲ့က အစိုးရကို တောင်းဆိုလိုက်ပါတယ်။
ရခိုင်နိုင်ငံရေးပါတီတွေ၊ ရခိုင်ပြည်နယ် ၁၇ မြို့နယ်က ကိုယ်စားလှယ်တွေ၊ အမျိုးသမီးအဖွဲ့အစည်းတွေက မနေ့က တောင်းဆိုလိုက်တာဖြစ်ပါတယ်။
ရခိုင်ပြည်နယ် အတွင်းမှာရှိတဲ့ သဘာဝဓါတ်ငွေ့စီမံ ကိန်းတွေ၊ အထူးစီပွားရေးဇုန်စီမံကိန်းတွေ၊ သတ္တုတူးဖော်ထုတ်လုပ်တဲ့စီမံကိန်းတွေနဲ့ ရေအားလျှပ်စစ်စီမံကိန်း တွေကို ပြည်သူလူထုသဘောဆန္ဒမပါပဲ လုပ်ဆောင်နေတာဖြစ်တယ်လို့ ပြည်သူ့သယံဇာတအဖွဲ့က ကိုထွန်း ကြည်က အခုလိုပြောပါတယ်။

“ကျနော်တို့အခုခံစားနေရတာပေါ့လေ၊ ကျနော်တို့ရခိုင်ပြည်မှာရှိတဲ့ စီမံကိန်းတွေအများစုက ရခိုင်ပြည်သူတွေ ရဲ့ဆန္ဒမပါဘူး၊ အဲဒီအခါကျတော့ ရခိုင့်အနေနဲ့ ရခိုင်တယံဇာတကို ရခိုင်ကိုယ်တိုင်ပြန်လည်ပြီးတော့ ခွဲဝေ ပိုင်ခွင့်ဆိုတဲ့ သဘောမျိုးပါပဲ၊ ကျနော်တို့တိုင်ပြည်ရဲ့ အခြေခံဥပဒေကိုယ်တိုင်ကကို ဥပမာပေါ့ဗျာ ပြည်နယ်တခုရဲ့ တယံဖာတာကို ဖောက်လုပ်တဲ့နေရာမှာ အဲဒီပြည်နယ်ဘယ်လောက်ပိုင်ဆိုင်ရမယ်ဆိုတဲ့ အခြေခံဥပဒေ ကျနော်တို့ နိုင်ငံမှာ မရှိသေးတဲ့အခါကျတော့ ဗဟိုအစိုးရက ထောက်ပံတဲ့ ဗဟိုအစိုးရကပေးတဲ့ဟာလောက်ပဲ ကျနော်တို့က ရရှိတာပဲရှိတာပေါ့ဗျာ ၊ အဲဒီအခါကျတော့ ကျနော်တို့ ဌာနေတိုင်းရင်းသားတွေကကျတော့ ကိုယ့်မှာရှိတဲ့ သယံဇာတ အားလုံးကို ကိုယ်ကိုတိုင်စီမံခွင့်ရချင်တယ်၊ အဲလိုသဘောမျိုးပါ။”
ရခိုင်ပြည်နယ်က ထွက်ရှိတဲ့ သဘာဝဓါတ်ငွေ့ကို လျှပ်စစ်ဓါတ်အား ၂၄နာရီသုံးစွဲခွင့်နဲ့ စစ်မှန်တဲ့ဖက်ဒရယ် ပြည်ထောင်စုစနစ် မဖော်ဆောင်နိုင်သေးသရွေ့ သဘာဝတယံဇာတ ထုတ်ယူသုံးစွဲမဲ့စီမံကိန်းကို လုံးဝရပ်ဆိုင်း ထားဖို့အတွက် တောင်းဆိုထားပါတယ်။

ပြီးတော့ ရခိုင်ပြည်နယ်အတွင်း ရေအားလျှပ်စစ်စီမံကိန်းတွေဖြစ်တဲ့ လေးမြို့ရေအားလျှပ်စစ်စီမံကိန်း၊ ကုလားတန်မြစ်စီမံကိန်း၊ မြဒေးကျွန်းရေနက်ဆိပ်ကမ်းစီမံကိန်း၊ သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်း၊ အမ်းချောင်းရေ အားလျှပ်စစ်စီမံကိန်း ၊ ကျောက်ဖြူ-ကူမင်းရထားလမ်း စီမံကိန်း၊ နေပူတောင်စီမံကိန်းနဲ့ တိုက်တေနီယန်ထုတ်လုပ်မှုစီမံကိန်းတွေကို အမြန်ဆုံးရပ်တန့်ပေးဖို့လည်း ပြည်သူ့သယံဇာတအဖွဲ့က တောင်းဆိုထားတဲ့အကြောင်း
ရေဒီယိုသြစတြေးလျသတင်းထောက် မြတ်မိုးက သတင်းပေးပို့ထားတာဖြစ်ပါတယ်။

ABC Radio Austral

Thursday, October 31, 2013

The Winchester Mystery House

၃၈နှစ်ကြာအောင် တည်ဆောက်ခဲ့ရတဲ့ "The Winchester Mystery House" America မှာထင်ရှားတဲ့ သရဲခြောက်တဲ့ အိမ် တစ်ခုဖြစ်ပြီး နေ့စဉ် လာရောက် လည်ပတ်သူ တွေနဲ့ စည်ကား နေတဲ့ နေရာ တစ်ခုပါ။

ပရလောကကို စိတ်ဝင်စား သူတွေ အနေနဲ့ သရဲခြောက် တဲ့နေရာ တွေကို လေ့လာတဲ့ နေရာမှာ သရဲခြောက်တဲ့ နေအိမ် တွေဟာ မရှိမဖြစ် လေ့ လာစရာ နေရာတွေ ဖြစ်လာ ပါတယ်။ အထူးသဖြင့် နောက်ခံ ဇာတ်အိမ် ကောင်းကောင်းရှိတဲ့ နေအိမ် တွေဆိုရင် သည်းခြေခိုက်လောက် အောင်စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။ အခုမှာတော့ သရဲခြောက်တဲ့ နေအိမ်တွေ အများကြီး ရှိတဲ့ အထဲက America က The Winchester Mystery House အကြောင်း ပြောပြ ပါရစေ။


ဒီရှေးကျတဲ့ သမိုင်းဝင် နေအိမ်ဟာ San Jose မြို့ California ပြည်နယ်မှာ တည်ရှိ ပါတယ်။ ၁၈၈၃ ခုနှစ် ကတည်းက စတင် တည်ဆောက်ခဲ့ ပြီး အိမ်ပိုင်ရှင် ဖြစ်သူ Sarah Winchester နှလုံးရောဂါနဲ့ အိပ်ရာထက်မှာ သေဆုံး ခဲ့တဲ့နေ့ ၁၉၂၂ ခုနှစ် စက်တင်ဘာလ ၅ရက်နေ့မှာ အိမ် ဆောက် လုပ်တာကို ရပ်တန့် ပစ်ခဲ့ပါတယ်။ အိမ်ဆောက် တာဟာ ၃၈နှစ်တိုင် ကြာခဲ့ပြီး ကုန်ကျငွေ စုစုပေါင်း ၅.၅ မီလီယံ ဒေါ်လာ ကုန်ကျ ခဲ့ပြီး အဲဒီ ကုန်ကျငွေဟာ ၂၀၁၂ ခုနှစ်နဲ့ တွက်ကြည့်မယ် ဆိုရင် ၇၅မီလီယံ ဒေါ်လာကျော်နဲ့ ညီမျှ ပါတယ်။ မေးစရာ ရှိတာက အိမ်တစ်လုံး ဆောက်တာဟာ ဘာလို့ ၃၈နှစ်တောင် ကြာခဲ့ပြီး ကုန်ကျငွေဟာ ဘာကြောင့် ဒီလောက် များခဲ့ရ တာလဲ ဆိုတာပါပဲ။


အိမ်ပိုင်ရှင် ဖြစ်သူ Sarah နဲ့သူမ ခင်ပွန်းဖြစ်သူ William Wirt Winchester တို့ဟာ နာမည်ကျော် Winchester ရိုင်ဖယ်တွေ ထုတ်လုပ်တဲ့ Winchester Repeating Arms Company မှာ ၅၀ရာခိုင်နှုန်းသော ရှယ်ယာတွေ ပိုင်ဆိုင် ပါတယ်။ ၁၈၈၁ ခုနှစ် သူမခင်ပွန်း ဆုံးပါးသွား ပြီး နောက် သူမဟာ ခင်ပွန်း ဖြစ်သူရဲ့ ပိုင်ဆိုင်မှု တွေကို အမွေ ဆက်ခံသူ ဖြစ်လာ ခဲ့ပါတယ်။ သမီးတစ်ယောက် ရှိခဲ့ပေ မယ့်လည်း တစ်လသား အ ရွယ်နဲ့ပဲ ၁၈၆၆ ခုနှစ်မှာ ဆုံးသွား ပြီးနောက် Sarah ဟာစိတ်ဓာတ် အကြီးအကျယ် ကျဆင်း ခဲ့ပါတယ်။ ယောက်ျား ဖြစ်သူ သေဆုံးပြီး နောက် မှာတော့ ၀မ်းနည်းမှု တွေကို ပရလောက သားတွေနဲ့ ဆက်သွယ် ဖလှယ်ရင်း ပရလောကသား တွေက သူမခင်ပွန်းဟာ သူတို့နဲ့ အတူ ရှိနေပြီး သူမခင်ပွန်း ဖြစ်သူ ၀ိညာဉ်က သူ့ရဲ့ သေဆုံးမှုဟာ သူမတို့ရဲ့ ကုမ္ပဏီက ထုတ်တဲ့ Winchester ရိုင်ဖယ်တွေ လက်ချက်နဲ့ အသက်ပျောက် ခဲ့ရတဲ့ သူတွေရဲ့ ၀ိညာဉ် တွေကြောင့် ဖြစ်လာတဲ့ ကျိန်စာနဲ့ သက်ဆိုင်ပြီး သူမရဲ့ အသက် ဟာလည်း ဒီကျိန်စာကြောင့် အန္တရာယ် ရှိမှာမို့ အနောက်ဘက်ကို ပြောင်းရွှေ့ပြီး ၀ိညာဉ် တွေအတွက် အိမ်တစ်လုံး ဆောက်ပေးဖို့ စေခိုင်းခဲ့ ပါတယ်။

အဲဒီလိုနဲ့ Sarah ဟာမူလ နေထိုင်ရာ New Haven မြို့ကနေ San Jose မြို့ကို ပြောင်းရွှေ့ ပြီးနောက်ဒီ The Winchester Mystery House ကို၁၈၈၃ ခုနှစ်မှာ စတင်ဆောက် ခဲ့ပါတယ်။ ဆောက်လုပ်တဲ့ နေရာမှာလည်း စည်းကမ်း တစ်ခု ရှိပါတယ်။ အကယ်၍ သူမဟာ ဒီအိမ်ဆောက် လုပ်မှုကို ရပ်လိုက်တာနဲ့ ကျိန်စာအရ သူမဟာ သေဆုံးရမှာ ဖြစ်ပါတယ်တဲ့။ ၀ိညာဉ်တွေရဲ့ ခိုင်းစေမှု အတိုင်း ဒီအိမ်ကို အစဉ်မပြတ် ဆောက် လုပ်ခဲ့ပြီး သူမယောက်ျား ၀ိညာဉ် နဲ့တကွ ပရလောက သားတွေနဲ့ ဆက်သွယ်မှု တွေကို ဆက်လက် ပြုလုပ်ခဲ့ ပါတယ်။ သူမအိမ်မှာ ခေါင်း လောင်းစင် တစ်ခု ထားရှိပြီး ပရလောကသား တွေကို ခေါင်းလောင်းတီး ခေါ်ဆောင်ကာ ဆက်သွယ်ပြီး ခေါင်းလောင်း တီးပြီး ပြန်လွှတ် ပါတယ် တဲ့။ တစ်ချို့ ပြောကြတာ ကတော့ အိမ်ရဲ့ အလယ်ချက်မှာ ၀ိညာဉ် တွေနဲ့ ဆက်သွယ်တဲ့ အခန်း တစ်ခုရှိပြီး သူမတစ်ဦး တည်းသာ ၀င်လေ့ ရှိပါတယ်တဲ့။



ဒီနေရာမှာ တစ်မျိုး ထင်စရာ တစ်ခု ရှိတာက Sarah ရဲ့စိတ် ကျန်းမာရေး အခြေအနေ ပါပဲ။ ဘာဖြစ်လို့လည်း ဆိုတော့ အိမ်ရဲ့ အခန်း ဖွဲ့စည်း ပုံတွေ၊ တံခါးတွေ၊လှေကားတွေ အစရှိတဲ့ အိမ်ပုံစံ တွေဟာ ပုံမှန်ထက် ထူးခြားနေ လို့ပါပဲ။ ပြတင်းပေါက် အဆုံးရှိတဲ့ တံခါးတွေ၊ နံရံကပ် လျက် တံခါးတွေ၊ နှစ်ထပ် ဖြစ်နေတဲ့ အမိုး တံခါးတွေ၊ အ၀ိုင်း တစ်ခု ပတ်ရသလို ဆက်နေတဲ့ လျှောက်လမ်းတွေ၊ လှေကား ၁၃ထစ်နဲ့ အဆုံးမ ရှိတဲ့ လှေကားတွေ စတဲ့ ထူးထူးခြားခြား ဖွဲ့စည်းပုံတွေ အပြည့် ရှိနေပါတယ်။ အိမ်ပိုင်ရှင် Sarah ပြောခဲ့တဲ့ စကားကတော့ ဒီထူးထူးဆန်းဆန်း ပြုလုပ်ထား တာတွေဟာ Winchester ရိုင်ဖယ်ကြောင့် သေခဲ့တဲ့ ၀ိညာဉ်ဆိုး တွေလာရင် မျက်စိလည် လမ်းမှား အောင်ပါတဲ့။ ဒါပေမယ့် ဘယ် လိုပဲ ပြောပြော သူမရဲ့ အိမ်ဟာ နံပါတ်၁၃နဲ့ တော်တော် တိုက်ဆိုင် ပါတယ်။ ၁၃ထစ်နဲ့ လှေကားတွေ၊ ပြတင်းပေါက် ၁၃ခုရှိတဲ့ ၁၃ခုမြောက် သော ရေချိုးခန်း၊ ၁၃ခုသော ရေဆင်းပေါက်နဲ့ ဘေစင်၊ ၁၃ခုသော မှန်အပိုင်း တွေနဲ့ ပြတင်းပေါက် အမြောက်အမြား၊ သူမရဲ့ ဖန်လုံအိမ် က ၁၃ခုသော ထပ်ခိုး အသေးစားတွေ၊ မှန်၁၃ခုနဲ့ နံရံတွေ စတာတွေဟာ ဘယ်လို အကြောင်းနဲ့ သူမ ၁၃ခုစီ တည်ဆောက် စေခဲ့သလဲ ဆိုတာ ခုထိ အဖြေ မရှိသေးပါဘူး။


သရဲခြောက်တဲ့ အဖြစ်အပျက် တွေကတော့ ထင်ထင်ရှားရှား အနေနဲ့ သူ့အလိုလို လှန်နေတဲ့ စာရွက်တွေ၊ သူ့အလိုလို အသံတွေထွက် နေတဲ့ အော်ဂန်တွေ၊ တံခါးဆောင့် ပိတ်သံတွေ၊ စကားပြော သံတွေ၊ တောင်မြောက် ထိုးနေတဲ့ အလင်းရောင်တွေ၊ အေးစက်စက် နေရာတွေ၊ မီးခိုး လိုလို လူပုံစံတွေ စတာတွေပဲ ဖြစ်ပါတယ်။ ခုထိလည်း အဲဒီ The Winchester Mystery House ဟာတကယ်ပဲ သရဲ ခြောက်သည် ဖြစ်စေ၊ မခြောက်သည် ဖြစ်စေ အနည်းဆုံးတော့ ကမ္ဘာလှည့် ခရီးသည်များကို အဆွဲဆောင် နိုင်ဆုံး နေရာထဲက တစ်ခု ဖြစ်နေတာတော့ အသေအချာ ပဲ ဖြစ်ပါတယ်။ သရဲခြောက်တဲ့ အိမ်တွေ ဆိုရင် အများက ကြောက်ကြပါတယ်။ ထိရောက်တဲ့ နည်းလမ်းနဲ့ အသုံးချဖို့ မတွေးမိ ကြပါဘူး။ အခုမှာ တော့ အဲဒီ Winchester House လိုလည်ပတ်ဖို့ နေရာတစ်ခု အဖြစ် သတ်မှတ် လိုက်တာဟာ အများ ကြောက်စရာ နေရာကနေ ဒေသန္တရ ဗဟုသုတ ရှာလို့ရတဲ့ နေရာအဖြစ် ပြောင်းသွား တာဟာ သတိပြု အတုယူဖွယ် ကောင်းတဲ့ ကိစ္စတစ်ခု ပါလို့ တင်ပြရင်း နိဂုံးချုပ် အပ်ပါတယ်ဗျာ။


Myanmar Youth Media

The Source of the Vampire Myth

သွေးစုပ်ဖုတ်ကောင် Vampire ဆိုတာကို အားလုံး ရင်းနှီးပြီး သားပါ။ သူတို့တွေက တစ်ကယ်ရှိလို့လား။ Edward လိုမင်း သား ချောလေးတွေလား? ဒရက် ကူလာလို လူဆိုးကြီးတွေလား? ဖတ်ကြည့်လိုက် ရအောင်။

သွေးစုပ်ဖုတ်ကောင် ဆိုတာ လူတွေရဲ့ အသက်သွေးကို မှီဝဲတတ်တဲ့ ဒဏ္ဍာရီထဲက မသေနိုင်တဲ့ လူသဏ္ဍာန် သတ္တ၀ါ တစ်မျိုးပါ။ သွေးစုပ်ဖုတ် ကောင်တွေ တကယ် ရှိသလား။ သူတို့ဟာ Twilight ထဲက Edward လိုစိတ်ကူး ယဉ်စရာ မင်းသား ချောလေးတွေလား။ ဒရက်ကူလာလို ကြောက်စရာ လူဆိုးကြီး တွေဖြစ်မလား။


သွေးစုပ်ဖုတ်ကောင် Vampire ဆိုတဲ့ စကားဟာ ၁၈ ရာစု နှစ်မှ စပြီး ပေါ်ပေါက် လာတယ်လို့ ဆိုပါတယ်။ ပြင်သစ် စာလုံး vampyre သို့မ ဟုတ် ဂျာမန်စာလုံး Vampir ကနေ လာတာ ဖြစ်နိုင်ပါတယ်။ ဒီ vampire ပုံပြင် တွေဟာ Porphyria  ခေါ်တဲ့ ထူးခြားတဲ့ ရောဂါ တစ်မျိုး ကနေ စတင် လာတယ် လို့ ယူဆ ရပါတယ်။ ဒီ ရောဂါဟာ သွေးနီ ဥတွေ ထုတ်လုပ်မှု ပုံမှန် မဟုတ်တဲ့ မျိုးရိုးလိုက် ရောဂါ တစ်ခု ဖြစ်ပါတယ်။ ဒီရောဂါဟာ ရှားပါး ထူးခြားပြီး ဥရောပ ဆွေကြီးမျိုးကြီး တွေရဲ့ အမျိုး အချင်းချင်း လက်ဆက်မှု ကနေ စတင် တယ်လို့ ဆိုကြ ပါတယ်။ သတင်း ကောင်း ကတော့ ဒါဟာ မကူးစက် တတ်ပါဘူး။ ဒါပေမဲ့ သတင်းဆိုး ကတော့ ကုရာ နထ္တိ ဆေးမရှိပါ။ "porphyria" ဆိုတဲ့ စကားလုံး က အသစ် အဆန်း ဖြစ်ချင် ဖြစ်နေ နိုင်ပါတယ်။ ဒါပေမဲ့ ရောဂါ ကတော့ ကမ္ဘာ အစက တည်းက ရှိနှင့် နေခဲ့ပြီး အသည်း ဒါမှ မဟုတ်ရင် သွေးနဲ့ ပတ်သတ်တဲ့ ရောဂါ လက္ခဏာတွေ ဖြစ်ပေါ် ပါတယ်။ ဟစ်ပိုကရေးတီး လက်ထပ် ကတည်းက သိနှင့်နေကြ ပေမဲ့ တကယ် တမ်းကျ ၁၈၇၁ မှာ Felix Hoppe-Seyler က  biochemical နည်းအရ ရှင်းလင်း နိုင်ခဲ့တာပါ။ ၁၈၈၉ ခုနှစ်မှာတော့ ဒတ်ခ်ျ ဆရာဝန် Barend Stokvis က acute porphyrias ကို သတ်မှတ် ခဲ့ပါတယ်။ နောက်ပိုင်းမှာ သွေးစုတ် ဖုတ်ကောင် ရောဂါလို့ ခေါ်ကြပြီး ဒီရောဂါက Vampire ပုံပြင်တွေ စတင်ခြင်း ရဲ့မူလ ဖြစ်ပါတယ်။ ဒီရောဂါ ဖြစ်နေတဲ့ လူနာ တွေဟာ ပုံပြင် ထဲက သွေးစုပ် ကောင်လို လက္ခဏာတွေ ပြပါတယ်။ သူတို့ရဲ့ အရေပြားဟာ နေရောင် နဲ့ထိလို့ မရတာ၊ ဆီးသွားရင် အနီရောင် ဒါမှမဟုတ် ခရမ်းရောင် ဆီးတွေ ထွက်လာတာ၊ သွားဖုံး တွေက ကျုံ့ဝင် နေလို့ အစွယ်တွေ ထွက်သလို ဖြစ်နေတာ၊ ကြက်သွန်ဖြူနဲ့ မတည့်တာ အားလုံး တူနေတာပါပဲ။ ဒါတင်မက ပါဘူး။ သူတို့ဟာ ဗိုက်အမြဲ နာနေ တတ်ပြီး၊ အမွေး တွေ ရှည်လာတတ် မကြာခဏ အန်တတ် အရေပြား တွေကလည်း တင်းမာ နေတတ် ပါသေးတယ်။


ဒီသွေးစုတ် ဖုတ်ကောင် ရောဂါကြောင့် သွေးစုပ် ကောင်တွေ တကယ် ရှိတယ်လို့ ထင်မှတ်မှား ခဲ့ကြပါတယ်။ ဘာလို့လဲ ဆိုတော့ သိပ္ပံ ပညာ မ ထွန်းကား တဲ့ခေတ်မှာ ဒီလူနာ တွေကို သွေးစုပ်ဖုတ်ကောင် တွေလို့ ထင်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့က ကျွန်တော်တို့ ရှပ်ရှင်တွေ တီဗွီတွေ ထဲ မှာပါ နေတာတွေ နဲ့တော့ ကွာပါတယ်။ သူတို့ဟာ ဖျားနာ နေတဲ့ သူတွေသာ ဖြစ်လို့ အန္တရာယ် မပြုနိုင် ပါဘူး။ ဒီ prophyria ဝေဒနာရှင် တွေဟာ prophyrins နဲ့ heme တွေ ထုတ်တဲ့ အခါ အကူ အညီပေးတဲ့ enzyme တွေ ထုတ်လုပ်ရာ မှာ ပြဿနာ ရှိနေလို့ပဲ ဖြစ်ပါတယ်။

၁။ နေရောင်ကို အထိမခံ နိုင်ခြင်း - နေရောင်နဲ့ ထိတွေ့တဲ့ အခါ အရေပြားပေါ်မှာ ပိုလျံတဲ့ prophyrins တွေ စုလာတာမို့ နေရောင်နဲ့ ထိတွေ့ တဲ့ အခါ ဓါတ်ပြုမှုတွေ ဖြစ်လာရပါတယ်။

၂။ အစွယ်တွေ ပေါ်လာခြင်း - တကယ်တော့ ဒီဝေဒနာရှင် တွေရဲ့ နှာခေါင်းနဲ့ ပါးစပ်တွေ စားသွားတာ မို့လို့ နှုတ်ခမ်းတွေ နီလာ သွားဖုံးတွေ ပေါ်လာပြီး အစွယ်တ ကားကား သဏ္ဍာန် ဖြစ်ပေါ် လာရတာပါ။

၃။ သွေးစုပ်ခြင်း - သူတို့ရဲ့ ခရမ်းရောင် ဆီးတွေဟာ သွေးစုပ် တာမို့ လို့ပါလို့ ထင်ကြပါတယ်။ နောက်တစ်ချက် ကတော့ သူတို့ဟာ တကယ်ပဲ သွေးသောက် ကြပါသေးတယ်။ ဒါပေမဲ့ လူသွေးတော့ မဟုတ်ပါဘူး။ သွေးသွင်းတာ ခေတ်မစား သေးတဲ့ ကာလမှာ သွေးအားနည်း တာနဲ့ နာ ကျင်မှုကို သက်သာဖို့ တိရစ္ဆာန် သွေးကို သောက်ကြ ပါတယ်။

၎။ ကြက်သွန် ဖြူနံ့ မခံနိုင်ခြင်း - ကြက်သွန်ဖြူမှာ ပါဝင်တဲ့ ဓါတု ပစ္စည်းက ရောဂါကို ပိုဆိုးစေ ပါတယ်။ သူတို့ဟာ ကြက်သွန်ဖြူနံ့ ကြောင့် ပြင်းပြင်း ထန်ထန် နာကျင်မှု ကိုခံစား ရပါတယ်။

၅။ မှန်မှာ အရိပ် မပေါ်ခြင်း - ဒါကို ယုံကြည်မှု ကတော့ ရောဂါရှင် တွေဟာ ရောဂါ အမြင့်ဆုံး အဆင့်မှာ နှာခါင်း၊ နားရွက်နဲ့ နှုတ်ခမ်းတွေ တစ် ဖြေးဖြေးစား သွားတာမို့ သွားစွယ် တွေပေါ်လာပြီး မှန်ထဲမှာ ရုပ်ဆိုးစွာ သွားဖြီး ပြသလို မြင်နေရပါတယ်။ ဒါကြောင့် မှန်ကို ရှောင်လာတဲ့ အခါ လူတွေက တမျိုးမြင် ကြတာပါ။

၆။ ဒေါသကြီး လာခြင်း - acute porphyria ဝေနာရှင်တွေမှာ အာရုံကြော နဲ့သက်ဆိုင်တဲ့ လက္ခဏာ တွေဖြစ်ပါတယ်။ ဒေါသထွက် လွယ်တာ၊ အပြော အဆို မခံနိုင်တာ၊ ထစ်ခနဲဆို ကြမ်းတမ်းတာ၊ စိတ်ဓါတ် ပျက်ပြားတာ စတာတွေ ဖြစ်ပေါ် ပါတယ်။ ကျိန်စာတိုက်တာ လူတွေနဲ့ ဝေး ရာမှာ နေတတ်တာ ဒါတွေက သွေးစုပ် ဖုတ်ကောင် တွေလို့ ယုံကြည် ခံရတာတွေ ဖြစ်သွား တာပေါ့။

၇။ သွေးစုပ် ခံရပြီးနောက် သွေးစုပ် ကောင် အဖြစ် ပြောင်းလဲခြင်း - အပေါ်မှာ ပြောခဲ့ သလို ဒီရောဂါဟာ မျိုးရိုး လိုက်ပါတယ်။ တစ်ခါတစ်လေ ဝေဒနာရှင်က ရောဂါ အခြေအနေ ဆိုးလာတဲ့ အခါမျိုးမှာ တိရစ္ဆာန်သွေး မရနိုင်ခဲ့ရင် မိသားစုထဲက လူတစ်ယောက်က သွေးကို ပေးပါလိမ့် မယ်။ ဒီလူဟာလဲ ဒီရောဂါ ငုပ်လျိုးနေချိန် ဖြစ်နေမယ်။ နောက်ပိုင်းမှာ ရောဂါ စတင်လာတဲ့ အခါ ဝေဒနာရှင်က သွေးစုပ်တာ ကြောင့် လို့ ထင်မှတ်မှားတာ ဖြစ်ပါတယ်။


ရှေးအခါက ဒီလူနာတွေကို ဆေးဘက် ဆိုင်ရာ အကူအညီ ပေးရမဲ့ အစား ဝေဒနာရှင်ပေါင်း ၆၀၀ လောက်ကို သွေးစုပ် ကောင်လို့ လွဲမှားစွာ ယုံကြည်ပြီး မီးရှို့သတ်ဖြတ် ခဲ့ပါတယ်။ အခုခေတ် မှာတော့ ဒီဝေဒနာရှင် တွေဟာ ၁၀၀၀၀ မှာ တစ်ယောက် လောက်ရှိ နေပါသေးတယ်။ ကု သလို့ မပျောက် သော်လည်း ရောဂါ ရှာဖွေ သွေးသွင်းခြင်းနဲ့ နေထိုင်မှု ပုံစံ အကူအညီ ပေးခြင်း စတာတွေနဲ့ ကုသ ပေးပါတယ်။ တကယ် တော့ လက်တွေ့ဘ၀မှာ သွေးစုပ် ဖုတ်ကောင် ဆိုတာဟာ အဖြစ်မှန်နဲ့ ဝေးလွန်းပါတယ်။ သူတို့ဟာ ရောဂါ ဝေဒနာ ခံစား နေရသူတွေ မို့လို့ ကြောက်နေမဲ့ အစား ချစ်ခင် ဂရုစိုက် ပေးတာဟာ မှန်ကန် လက်တွေ့ကျ ပါလိမ့်မယ်။


Images from bankoboev, paranormalmagazine, deviantart, hdw.datawallpaper
Myanmar Youth Media Club

Wednesday, October 30, 2013

Tower of London

London မြို့တော် မှာရှိတဲ့ နာမည်ကြီး London Tower ရဲတိုက်ကြီးမှာ ခြောက်ခြားစရာ အဖြစ်အပျက် တွေနဲ့ ပြည့်နှက် နေပါတယ်။ ဘယ်လို ခြောက်ခြားစရာ အဖြစ်အပျက် တွေလဲ။ London Tower ကရော ဘယ်လို သမိုင်းတွေ ရှိခဲ့တာလဲ။

London Tower ကို၁၁ရာစု နော်မန်တွေ အင်္ဂလန်ကို ကျူးကျော် သိမ်းပိုက် ခဲ့စဉ် ၀ီလီယမ်(၁) ဘုရင် လက်ထက်မှာ စတင် ဆောက်လုပ်ခဲ့ တာဖြစ်ပြီး နှစ်၉၀၀ကျော် သက်တမ်းရှိ သမိုင်းဝင် ရဲတိုက်ကြီးပါ။  ဒီသမိုင်းဝင် ရဲတိုက်ကြီးက ဘာလို့ ခြောက်ခြားဖွယ် ကောင်းနေ ရတာလဲ။ အ ကြောင်းရင်း ကတော့ အဲဒီ ရဲတိုက်ကြီးက ၁၁၀၀ပြည့် နှစ်ကနေ ၁၉၅၂ ခုနှစ်ထိ ထောင်စခန်းကြီး အဖြစ် အသုံးပြုခံခဲ့ ရပါတယ်တဲ့။ စတင် တည်ဆောက်စဉ်က တော်ဝင် မိသားစုရဲ့ ပြယုပ်တစ်ခု အနေနဲ့ပဲ ရည်ရွယ် တည်ဆောက် ခဲ့ပေမယ့် နောက်ပိုင်းမှာ ထောင်စခန်း တစ်စိတ် တစ်ပိုင်း အဖြစ် အသုံးပြု ခဲ့ပါတယ်။ လူသိများတဲ့ အယ်ကာထရက်ထောင် (ကယ်လီဖိုးနီးယားမှ အကျဉ်းထောင်) လိုပါပဲ။ လန်ဒန် တာဝါကြီး မှာလဲ တစ်ချိန်က သူ့ရဲ့ အေးစက်စက် ကျောက်နံရံ တွေရဲ့ တစ်ဖက်မှာ အကျဉ်းသား တွေကို ထောင်သွင်း အကျဉ်းချခြင်း၊ ညှင်းပန်းနှိပ်စက် ခြင်းနဲ့ သေဒဏ် စီရင် ကွပ်မျက်ခြင်း တွေကို ပြုလုပ်ခဲ့ပြီး လူပေါင်း များစွာရဲ့ ကြောက်ရွ့ တုန်လှုပ်ခြင်း တွေနဲ့ ပြည့်နှက် နေခဲ့ပါတယ်။


London Tower ရဲ့ထိတ်လန့်ဖွယ် ဖြစ်ရပ်တွေ ထဲက တစ်ခုကတော့ ၁၉ရာစု အတွင်းက သရဖူ ထိန်းသိမ်းရေး တာဝန်ခံ E.L Swifte နဲ့သူ့ ဇနီးတို့က တာဝါရဲ့ အစိတ်အပိုင်း ဖြစ်တဲ့ သရဖူ ထားရှိရာ မာတင်တာဝါ တွင်းမှာ ညစာ သုံးဆောင်စဉ် လှုပ်ရှားနေတဲ့ အရာဝတ္တု အချို့ကို သ တိပြုမိ သွားပါတယ်။ သူတို့နှစ်ဦးရဲ့ အနီအနားမှာ ဆပ်ပြာ ပူဖောင်းလို ပြာလဲ့လဲ့ အရည် တွေပါတဲ့ ဓါတ်ခွဲခန်း ထဲကလို ဖန်ပြွန်ကဲ့သို့ လုံး ရှည်ရှည် သဏ္ဌာန်တွေ၊ ရွေ့လျား နေတာကို တွေ့မြင်ခဲ့ ရပါတယ်။ သူ့ဇနီးက ဖန်ပြွန်တွေကို ကိုင်တွယ် ဖမ်းဆုပ်ဖို့ ကြိုးစားခဲ့ပြီး Swifte က တော့ အဲဒီ ရွေ့လျားနေတဲ့ အရာတွေကို သူ့ကုလားထိုင်တွေ ပစ်ပေါက်တော့ ကုလားထိုင်က ရွေ့လျားသဏ္ဌာန် တွေကို ဖြတ်ပြီး ဟိုဘက်ထိကို ရောက်သွား ပါတယ်။ ဆန်းကြယ်တဲ့ ဖန်ပြွန်တွေ ကတော့ လေထဲမှာ ပျောက်ကွယ် သွားကြတယ်တဲ့။






London Tower ရဲ့နောက်ထပ် လူသိများတဲ့ ခြောက်ခြားဖွယ် မှတ်တမ်း ကတော့ ခေါင်းဖြတ် ကွပ်မျက် ခံခဲ့ရတဲ့ Anne Boleyn အမည်ရှိ မိဖုရားရဲ့ ခေါင်းမပါတဲ့ သရဲ ခန္ဓာကိုယ်ကြီးက လန်ဒန် တာဝါရဲ့ အစိတ်အပိုင်း ဖြစ်တဲ့ White တာဝါ စင်္ကြန်တွေမှာ လျှောက်သွား နေတယ် ဆို တဲ့ ဖြစ်ရပ်ပဲ ဖြစ်ပါတယ်။ Anne Boleyn မိဖုရားက ဟင်နရီ(၃) ဘုရင် လက်ထပ်မှာ ဘုရင်က သတ်မိန့် ပေးခြင်း ခံရတဲ့ မိဖုရား နှစ်ဦး ထဲက တစ်ယောက် အပါအ၀င် ဖြစ်ပါတယ်။ သူမကို စင်္ကြန် လျှောက်လမ်းမှာ သာမဟုတ်ဘဲ သူမအုတ်ဂူ ရှိရာ လန်ဒန် တာဝါတွင်းက St. Peter ad Vincula ဘုရားကျောင်းရဲ့ ၀တ်ပြုရာ နေရာမှာလဲ အုတ်ဂူကို စောင့်ကျပ် နေတဲ့ မိဖုရားကို တွေ့ရလေ့ ရှိတယ်လို့ မှတ်တမ်းများ ရှိခဲ့ပါတယ်။ Anne Boleyn နဲ့အတူ နောက်ထပ် သတ်မိန့် ပေးခံရတဲ့ မိဖုရား တစ်ဦးကတော့ Catherine Howard ဖြစ်ပြီး၊ Catherine မိဖုရား ကတော့ သူမကွပ်မျက် မခံရခင် ထိန်သိမ်းခံ ခဲ့ရတဲ့ အခန်းတံခါးတွေ နောက်ကွယ်မှာ သူမရဲ့ ညည်းသံ တွေကို ကြားရ တယ်လို့ ဆိုကြပါတယ်။


London Tower မှာနောက်ထပ် လူသိများတဲ့ သရဲတွေ အကြာင်းကို ဆက်ပါဦးမယ်။ ၁၁၀၀ ပြည့်နှစ် အလွန်လောက်မှာ ခရစ်ယာန် ဂိုဏ်းချုပ် Thomas Becket ကတော့ ဟင်နရီ (၂) ဘုရင်နဲ့ သဘောထား ကွဲလွဲပြီးနောက် ကွပ်မျက်ခံ ခဲ့ရပြီး လန်ဒန်တာဝါရဲ့ Traitor Gate ရဲ့လက်ဝါး ကပ်တိုင်မှာ သူ့ရဲ့ဝိညာဉ် ရှိနေကြောင်းကို ခရစ်ယာန် ဘုန်းကြီး တစ်ပါးက မျက်မြင် တွေ့ရှိခဲ့ တယ်လို့ ဆိုပါတယ်။ "တာဝါထဲမှ မင်းသား ၂ပါး" လို့လူသိ များတဲ့ London Tower တွင်းမှာ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရတဲ့ ၁၂နှစ်အရွယ် မင်းသား Edward (V) နဲ့၉နှစ်အရွယ် သူ့ရဲ့ညီ မင်းသား Richard တို့ကိုလဲ သူတို့ ကွပ်မျက်ခြင်း ခံခဲ့ရတယ်လို့ လူအများ သတ်မှတ်တဲ့ Bloody Tower မှာတွေ့ကြဆဲလို့ ဆိုကြပါတယ်။ ၀ိုး တ၀ါး ပုံရိပ်တွေ၊ ရဲမက် ပုံရိပ်တွေနဲ့ ၉ရက်တာ ဘုရင်မ ဖြစ်ခဲ့ပြီး ကွပ်မျက် ခံခဲ့ရတဲ့ ၁၆နှစ် အရွယ် Lady Jane Grey တို့ရဲ့ ပုံရိပ်တွေက လန် ဒန်တာဝါမှာ ခြောက်လှန့် နေဆဲလို့ ဆိုကြပါတယ်။ စစ်ရေးပြ ချီတက်နေတဲ့ ရဲမက်တွေ ကိုလည်း တွေ့ခဲ့ကြ တယ်လို့ မှတ်တမ်းတွေ ရှိပါတယ်။


အထက်မှာ ဖော်ပြခဲ့ သလိုပဲ London Tower ကတစ္ဆေ သရဲတွေ မပြတ် ရှိနေခဲ့ ပါတယ်တဲ့။ အဲဒီ တစ္ဆေသရဲနဲ့ ပတ်သက်တဲ့ ကောလာဟလ တွေကို BBC ကလည်း စိတ်ဝင်တစား ရှိပြီး သိပ္ပံနယ်လွန် ဖြစ်ရပ်တွေကို စုံစမ်းတဲ့ အဖွဲ့နဲ့ ပူးပေါင်းပြီး အထူးပြု ကင်မရာ တွေနဲ့ မှတ်တမ်း တင်ခြင်းဖြင့် လန်ဒန် တာဝါရဲ့ တစ္ဆေသရဲနဲ့ ပတ်သက်တဲ့ ဖြစ်ရပ်တွေ ဟုတ်မဟုတ်ကို အတည်ပြု ခဲ့ကြပါတယ်။ ဖြစ်ရပ် အများစုကို မဟုတ် မှန်ကြောင်း သက်သေပြ နိုင်ခဲ့ပေမယ့် ၁၀ ရာခိုင်နှုန်း လောက်ကတော့ သက်သေ မပြနိုင်ဘဲ သူတို့ကို ခေါင်းစား စေတယ်လို့ ဆိုခဲ့ပါတယ်။ အဲဒီ စုံစမ်းမှု ကနေ အံ့သြဖွယ် အလင်းပုံရိပ် ဓါတ်ပုံ တွေကိုလည်း ထုတ်ပြခဲ့ပြီး၊ စုံစမ်းမှု အပြီးမှာ သူတို့ရဲ့ သံသယ စိတ်တွေလဲ လျော့နည်း သွားတယ်လို့ ဆိုခဲ့ပါတယ်။ London Tower ရဲ့နောက်ဆုံး စိတ်ဝင်စားဖို့ ကောင်းတဲ့ အချက်ကတော့ တာဝါမှာ အမြဲတစေ ကျီးမည်းကြီးတွေ ရှိနေတာပါပဲ။ အဲဒီ ကျီးမည်းကြီး တွေက သရဖူနဲ့ London Tower ကို စောင့်ရှောက်တယ်လို့ ယုံကြည် ကြပါတယ်။ အကယ်၍ အဲဒီ ကျီးမည်း ကြီးတွေ London Tower ကိုစွန့်ခွာ သွားရင်တော့ သရဖူရော၊ အင်္ဂလန် နိုင်ငံကြီးရော ပျက်စီးချိန် ဖြစ်မယ် လို့လည်း ယုံကြည် ကြပါတယ် တဲ့။





Myanmar Youth Media Club -

အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ ယခုထိသြဇာရှိတုန်းလား


လွန်ခဲ့သောလပေါင်း ၃၁ လက အငြိမ်းစားယူသွားခဲ့သူတစ်ဦး၏ မကြာမီက ပြောစကားတစ်ခွန်းကြောင့် နိုင်ငံရေးစိတ်ဝင်စားသည့် ပြည်သူများကြား ဂယက်ရိုက်သွားခဲ့သည်။

သာမန်အငြိမ်းစားတစ်ဦးပြောလျှင် ထိုသို့မဖြစ်နိုင်သော်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ငြိမ်း) ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ပြောစကားကြောင့်သာ ယခုလို ဂယက်ရိုက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်သီတင်းကျွတ်ကာလတွင် ပြည်ထောင်စုလွှတ်တော်နာယက ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့်မိသားစုသည် အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ သွားရောက်ဂါရ၀ပြုခဲ့သည်။

ထိုသို့ သွားရောက်ဂါရ၀ပြုစဉ် အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေက “မြန်မာနိုင်ငံရဲ့တိုးတက်ပြောင်းလဲမှုဖြစ်ပေါ်နေမှုကို ဘေးကစိတ်ဝင်တစား စောင့်ကြည့်တဲ့သဘောရှိတယ်။ မဖြစ်သင့်တာတွေမဖြစ်ပေါ်ဖို့အတွက်လည်း သူ့မှာစိုးရိမ်စိတ်တွေရှိခဲ့တယ်”ဟု ဦးရွှေမန်းက တစ်ဆင့်ပြောကြားခဲ့သည်။

ထိုကဲ့သို့ ပြောဆိုလာသည့်အတွက် လက်ရှိအစိုးရနှင့် တပ်မတော်အပေါ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)အနေဖြင့် သြဇာသက်ရောက်မှု ရှိနေသေးသလားဆိုသည့် သံသယမှာလည်း နိုင်ငံရေးစိတ်ဝင်စားသူများကြား ကြီးထွားလာခဲ့သည်။ ထို့ကြောင့် နိုင်ငံရေးစိတ်ဝင်စားသူများနှင့် ပြည်သူများအကြား ဝေဖန်ပြောဆိုမှုများ၊ စိုးရိမ်ပူပန်မှုများရှိလာသည့်အသံများ ကြားလာရသည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီအဖွဲ့ဝင် ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာသုံးသပ်ရေး ပူးပေါင်းကော်မတီ အတွင်းရေးမှူးဖြစ်သူ ဦးအေးမောက်ကမူ ဦးသန်းရွှေအနေဖြင့် ပါဝင်ပတ်သက်နေသည်ဟု မထင်ကြောင်း သူ၏ထင်မြင်ချက်ကို ပြောကြားသည်။

“လွှတ်တော်ထဲမှာတော့ ၁၀၀ ရာခိုင်နှုန်း ပွင့်ပွင့်လင်းလင်းဆွေးနွေးနိုင်တယ်။ ဝေဖန်နိုင်တယ်။ တကယ်လို့သာ နောက်ကရှိနေသေးတယ်ဆိုရင် လွှတ်တော်ဥက္ကဋ္ဌတို့၊ ဘာတို့က နည်းနည်းတော့တွန့်မှာပေါ့”ဟု ဦးအေးမောက်က ဥပမာပေး၍ပြောဆိုသည်။

ဦးအေးမောက်နည်းတူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်အမတ်ဦးမင်းသူကလည်း အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေဖြင့် ပါဝင်ပတ်သက်မှု လုံးဝမရှိတော့ကြောင်း ထောက်ခံပြောဆိုသည်။

“တကယ်တော့ သွားနေတဲ့လမ်းကြောင်းက ရှင်းပါတယ်။ လူထုဆန္ဒအတိုင်းသွားနေတယ်”ဟု ဦးမင်းသူကဆိုသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေဖြင့် ၂၀၁၀ အငြိမ်းစားမယူမီ တပ်မတော်ခေါင်းဆောင်များအား ဦးသိန်းစိန်ဦးဆောင်သော အစိုးရအဖွဲ့ တက်လာသည့်အချိန်မှစ၍ နိုင်ငံရေးတွင် ၀င်ရောက်မစွက်ဖက်ရန် မှာကြားခဲ့ကြောင်း တပ်မတော်အရာရှိဟောင်းတစ်ဦးကပြောသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)အနေဖြင့် လက်ရှိအခြေအနေတွင် ၀င်ရောက်လာပါကလည်း လွှတ်တော်တွင် ၎င်းပြောသည့်အတိုင်း ဖြစ်မည်မဟုတ်တော့ကြောင်း တပ်မတော်အရာရှိဟောင်းတစ်ဦးဖြစ်ခဲ့သူ အမျိုးသားလွှတ်တော်အမတ် ဦးလှဆွေကသုံးသပ်သည်။

အငြိမ်းစားယူပြီးသည့်နောက်ပိုင်း တရုတ်နိုင်ငံမှ ကြွချီလာသော ဗုဒ္ဓစွယ်တော်အတွက် အလှူငွေထည့်ဝင်ခြင်း၊ ပျဉ်းမနားမြို့ရှိ သာသနာ့ဗိမာန်နှင့် သံဃာ့ဆေးရုံတို့အား ငွေကြေးလှူဒါန်းသည့်သတင်းများသာ ထွက်ပေါ်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေဖြင့် အငြိမ်းစားယူပြီးသည့်အချိန်မှစ၍ နေပြည်တော်ရှိ A1 အိမ်တော်တွင် နေထိုင်လျက်ရှိပြီး စာဖတ်နေကြောင်း ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌဦးဌေးဦးက ပြီးခဲ့သည်နှစ်ကုန်ပိုင်းတွင် မီဒီယာများသို့ပြောကြားသည်။

စာဖတ်နေသော အသက် ၈၀ ရှိနေပြီဖြစ်သည့် အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ဦးဌေးဦးနှင့် ဦးအောင်သောင်းတို့ ယခုနှစ်လယ်ပိုင်း၌ သွားရောက်တွေ့ဆုံခဲ့သော်လည်း ထိုတွေ့ဆုံမှုနှင့်ပတ်သက်၍ မည်သည့်အကြောင်းအရာမှ ပြန်လည်ပြောကြားခြင်းမရှိခဲ့ပေ။

အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေအနေဖြင့် အစိုးရနှင့် ၀န်ကြီးဌာနများအပေါ် နိုင်ငံရေးအရ ပတ်သက်မှုမရှိသော်လည်း လက်ရှိတပ်မတော်ခေါင်းဆောင်များကမူ အချို့သော အကြောင်းအရာများ၌ ဦးသန်းရွှေထံမှ အကြံဉာဏ်ရယူတာမျိုးရှိနိုင်ကြောင်း မြန်မာ့အရေးကျွမ်းကျင်သူ ကမ္ဘာကျော်သတင်းစာဆရာ ဘာတေးလ်လင့်တနာကသုံးသပ်သည်။ အထူးသဖြင့် နိုင်ငံလုံခြုံရေးနှင့်ပတ်သက်သောကိစ္စများတွင် ဦးသန်းရွှေထံမှ အကြံဉာဏ်တောင်းခံနိုင်ကြောင်း မြန်မာ့အရေးအတွက် ဘာတေးလ်လင့်တနာကဆိုသည်။

ဦးသိန်းစိန်ဦးဆောင်သော အစိုးရအဖွဲ့တွင် တပ်မတော်သားကိုယ်စားလှယ်များက ရွေးချယ်တင်မြှောက်ခဲ့သော ဒုတိယသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦး အနားယူသွားသဖြင့် ထိုနေရာတွင် ပြန်လည်ရွေးချယ်ရန် လက်ရှိတပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ အကြံဉာဏ်တောင်းခံခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့ဖူးသည်။

ထိုအချိန်က လစ်လပ်သွားသော ဒုသမ္မတနေရာတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေအား တပ်မတော်ကိုယ်စားလှယ်များက အဆိုပြုခဲ့သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ၌ ပြဌာန်းထားသော အရည်အချင်းများနှင့် မကိုက်ညီသဖြင့် ပယ်ဖျက်ခြင်းခံခဲ့ရသည်။

ဗိုလ်ချုပ်အောင်ဆန်း ကွယ်လွန်ပြီးနောက် မြန်မာ့တပ်မတော်ကို နှစ်ပေါင်းများစွာ အုပ်ချုပ်ခဲ့သူမှာ ဦးနေ၀င်းနှင့် ဦးသန်းရွှေ နှစ်ဦးသာရှိခဲ့ပြီး နှစ်ပေါင်းနှစ်ဆယ်ကျော်ကြာ တပ်မတော်အကြီးအကဲအဖြစ် ဆက်တိုက်တာဝန်ယူခဲ့ကာ တပ်မတော်ကိုအသုံးပြု၍ တိုင်းပြည်ကို စိတ်တိုင်းကျအုပ်ချုပ်ခဲ့ကြသည်။

ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ(ငြိမ်း)အနေဖြင့် တပ်မတော်ကို နှစ်ပေါင်းနှစ်ဆယ်ကျော် အုပ်ချုပ်လာခဲ့သဖြင့် တပ်မတော်အပေါ် ယခုအချိန်ထိ သူ၏အရှိန်အ၀ါရှိနေသေးကြောင်း ၀န်ကြီးချုပ်ဟောင်းဦးကျော်ငြိမ်း၏သား နိုင်ငံရေးလေ့လာသူ ဦးဘိုဘိုကျော်ငြိမ်းကသုံးသပ်သည်။

“ယနေ့မြန်မာစစ်တပ်ဟာ ဦးသန်းရွှေရဲ့စစ်တပ်၊ တစ်ချိန်က ဗိုလ်ချုပ်နေ၀င်းရဲ့စစ်တပ်လိုပဲ ပြောင်းလဲလာတဲ့အားလုံးက သူ့လူတွေချည်းပဲ”ဟု ဦးဘိုဘိုကျော်ငြိမ်းကဆိုသည်။

ထိုကဲ့သို့ တပ်မတော်အပေါ်တွင် တစ်စုံတစ်ရာ သြဇာသက်ရောက်မှုရှိနေသည်ဟု သဘောထားမှတ်ချက်ပေးသကဲ့သို့ နိုင်ငံရေးတွင်လည်း ပတ်သက်မှုများရှိနေကြောင်း မှတ်ချက်ပေးသူများလည်းရှိသည်။

“တိုက်ရိုက်ပတ်သက်မှုလား၊ သွယ်ဝိုက်ပတ်သက်မှုလားဆိုတာကတော့ အတိအကျပြောဖို့ခက်တယ်။ သူရဦးရွှေမန်းပြောစကားအရ သူဟာ မြန်မာနိုင်ငံရေးအပေါ် အတော်စိတ်ဝင်စားမှုရှိနေတာကို တွေ့ရတယ်”ဟု နိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်းကဆိုသည်။

ထိုကဲ့သို့ စိတ်ဝင်စားမှုနောက်တွင် အကြံပေးခြင်းများ၊ ထင်မြင်ချက်ပေးခြင်းများနှင့် အစိုးရအကြီးအကဲများနှင့် တပ်မတော်အကြီးအကဲများအား ခေါ်ယူတွေ့ဆုံ စကားပြောခြင်းများ ရှိနိုင်သည်ဟု ထင်မြင်ယူဆကြောင်း ဒေါက်တာရန်မျိုးသိမ်းကသုံးသပ်သည်။

လက်ရှိမြန်မာ့နိုင်ငံရေးတွင် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေနှင့်ပတ်သက်၍ အသစ်ပြန်လည်ရေးဆွဲရန်နှင့် ပြန်လည်ပြင်ဆင်ရန်ဟူ၍ အငြင်းပွားလျက်ရှိနေပြီး ထိုအခြေအနေနှင့်ပတ်သက်၍လည်း နိုင်ငံရေးလေ့လာသူများကြား အငြင်းပွားလျက်ရှိသည်။

ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ငြိမ်းချမ်းရေးဆွေးနွေးမှုများမှာလည်း စိုးရိမ်မှုများရှိနေချိန်ဖြစ်သည်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ဆက်လက်ဆွေးနွေးနိုင်ရန်နှင့် ခိုင်မာသည့် အပစ်အခတ်ရပ်စဲရေးများဖြစ်ပေါ်ရန် အစိုးရကတင်ပြထားသော တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးမူကြမ်းကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက လက်မခံနိုင်ပါက ငြိမ်းချမ်းရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန် ခက်ခဲမည့်အနေအထားဖြစ်သည်။ ထိုကိစ္စနှင့်ပတ်သက်၍ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA)ဌာနချုပ်ရှိရာ လိုင်ဇာမြို့၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များမှ ခေါင်းဆောင်များသည် အောက်တိုဘာ ၂၉ ရက်မှ စတင်ဆွေးနွေးကြမည်ဖြစ်သည်။

ထို့ကြောင့် ဦးသန်းရွှေပြောဆိုသော စိုးရိမ်သည့်အနေအထားမှာ ဖွဲစည်းပုံအသစ်ရေးဆွဲရေးနှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ အကြီးအကျယ်ရှုံးနိမ့်နိုင်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူအချို့ကဆိုသည်။

“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ အဆီအငေါ်မတည့်မှာ၊ သမ္မတနေရာကို ပြည်ခိုင်ဖြိုး ဒါမှမဟုတ် တပ်မတော်ကိုယ်စားလှယ် ထိန်းမထားနိုင်မှာ၊ ပြည်ခိုင်ဖြိုးပါတီထဲမှာ အောက်နဲ့အထက် သဘောထားကွဲလွဲလာမှာ စတာတွေနဲ့ ဆက်စပ်ကောင်းဆက်စပ်နိုင်ပါတယ်”ဟု ဒေါက်တာရန်မျိုးသိမ်းကသုံးသပ်သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း)အနေဖြင့် သူအုပ်ချုပ်ခဲ့သည့်ကာလအတွင်း သူလုပ်ဆောင်မည့်လုပ်ငန်းများကို ကြိုတင်ချပြလေ့မရှိဘဲ မှန်းဆရန်ခက်ခဲပြီး ဗျူဟာကျွမ်းကျင်သူဖြစ်သည်။


7Day News Journal

ဘီပိုး စီပိုး အသည်းသမားများ သခွတ်ကိုသောက် ရောဂါပျောက်




သခွတ်အစွမ်းကြောင့် စီပိုး အသည်းသမားသည် ပိုးကောင်ရေ သိန်းချီရာမှ ဆယ်ဂဏန်းမျှသာကျန်ရှီတော့ပြီး ရောဂါမှာ သိသိသာသာ
ပျောက်ကင်းသွားသလောက်ဖြစ်သွားသောကြောင့် အသည်းအထူးကု
ဒေါက်တာ ခင်မောင်ဝင်း ဆရာကြီးကိုယ်တိုင်အံ့အားသင့်လို့  သခွတ်သောက်သော လူနာကို မှတ်တမ်းအပြု့ ခံလိုက်ရသော မြန်မာတို့ ၏ သခွတ်ပင် သာဖြစ်ပါသည် ။

သခွတ်ပင်၏ အပွင့် အရွက် အခေါက် တို့ကို ယူပါ။ အပွင့်နှင့်အရွက်ကိုတော့
နေအနည်းရသော နေရာမှာ အခြောက်ခံလိုက်ပါ (လက်ဖက်ခြောက်လို
့လည်း သောက်သုံးလို့ ရနိုင်စေရန် အတွက် ) အခေါက်ကိုတော့ ရေဆေးပြီး ကြာရှည်သိမ်းထားလို့ ရအောင် နေဖန့် ဖန့် ပြပြီး အခေါက်ကို သုံးစွဲ ရပါမည်။

ဆေးရည်ကျိုနည်း …. ပထမဦးစွာ ဆေးကျိုရန်အတွက် မြေအိုးအသစ်တလုံးကို ရယူပါ မြေအိုးထဲ့တွင် သခွတ်ပွင့် ၊ အရွက် နှင့် အခေါက်တို့ ကို ရေနဲ့  သုံးခွက်တခွက်ကျော်ကျော်လောက် ပြုတ်ပြီး သောက်သုံးပေးပါ တနေ့ ကို သုံးကြိမ်( သို့  ) နှစ်ကြိမ်လောက် လုပ်ဆောင်သောက်သုံးပေးပါ ။

အခေါက်တစ်မျိုးတည်းကိုလည်း ကြိုချက်သောက်သုံးနိုင်ပါသည် ။ အရွက်အခြောက်နှင့် အပွင့်အခြောက်ကိုတော့ အောက်ဖော်ပြပါ အတိုင်း သောက်သုံးလည်း ရပါသည် ။ အရွက်ခြောက်နဲ့  အပွင့်
ခြောက်အနည်းငယ်ကိုလည်းလက်ခြောက်ပုံစံပြုလုပ်ပြီးတော့လည်း
ဆေးအဖြစ် သောက်သုံးနိုင်ပါသေးသည် ၊ လက်ဖက်ခြောက်ခပ်သည့်
ပုံစံလို လက်ဖက်ခြောက်အစား သခွတ်အရွက်ခြောက်နှင့် အပွင့်ခြောက် အနည်းငယ်ထည့်ခပ် ရေနွေးကြမ်း သောက်သုံးသလို့ လည်း လုပ်သောက်ခြင်းဖြင့် အသည်းရောဂါအတွက် ကြိုတင်ကာကွယ်ခြင်း အကျိုးကျေးဇူးရရှိပါသည် ၊ သခွတ်ဆေးရည် သည် အသည်းနဲ့ ပတ်သက်သော အသည်းအဆီဖုံးခြင်းနှင့် ဘီပိုး စီပိုး အသည်းရောဂါ ဖြစ်နေသူများ အတွက် အကောင်းဆုံး
ဆေးစွမ်းထက်မြတ်ပေးစွမ်းနိုင်သော သခွတ်ပင်၏ ကျေးဇူးများသာ ဖြစ်ပါတော့သည် ။

mg mandalay

မြန်မာနိုင်ငံမှ ကမ္ဘာ့နိုင်ငံပေါင်း ၂၀၀ ကျော်သို့ SMS ပို့ခြင်းနှင့် ဖုန်းပြောခြင်းများ ပြုနိုင်တော့မည်


 ပြည် တွင်းမှ ကမ္ဘာ့နိုင်ငံပေါင်း ၂၂ဝကို SMS (စာတို)စနစ် ပေးပို့ခြင်းနှင့် ဖုန်းပြောဆိုခြင်းများ လုပ်ဆောင် နိုင်တော့မည်ဖြစ်ကြောင်း သိရ သည်။ ယင်းစနစ်ကို အွန်လိုင်းမှ တစ်ဆင့် ယခုနှစ်အတွင်းအသုံး ပြုနိုင် ရန် စီ စဉ်နေခြင်းဖြစ်ပြီး ပြည်ပ နိုင်ငံများသာမ က ပြည်တွင်းအ ချင်းချင်းပါ သုံးစွဲနိုင်ရန်ဆောင် ရွက် ထားခြင်းဖြစ်ပြီး ပြည် တွင်း SMS တစ်စောင်ပေးပို့ခြင်းကို ကျပ်၃၀၊ ပြည်ပနိုင်ငံများကို ကျပ် ၅ဝသတ်မှတ်ထားပြီး ဖုန်းခေါ်ဆို ခြင်းကို မူ နိုင်ငံ အလိုက် ဈေးနှုန်း ကွာခြားမှုရှိသည်ဟု သိရသည်။

''ဒီဝက်ဘ်ဆိုက်ကနေ ဖုန်း ခေါ်လို့ရမယ်။ အက်စ်အမ်အက်စ် ပို့လို့ရမယ်။ ပုံစံကတော့ Skype လိုမျိုးပါ။ ပြည်ပခေါ်ဆိုခကိုတော့ အကြမ်းဖျင်း သတ်မှတ်ထားတာ မျိုးပဲရှိသေးတယ်။ ဥပမာ- စင် ကာပူနိုင်ငံဆိုရင် တစ်မိနစ်ရှစ်ကျပ် လောက်ပေါ့။ လိုင်းကောင်း ဖို့အ တွက်ကိုတော့ အဓိကပြင်ဆင် ထားတယ်''ဟု Myan Pay မှ တာ ဝန်ရှိသူ ဦးရန်နောင်စိုးက ပြော သည်။

အဆိုပါ စနစ်အား အသုံး ပြုနိုင်ရန်အတွက် အွန်လိုင်းတွင် စာရင်းပေးသွင်းထားရန် လိုအပ် ပြီး Myan Pay မှ ငွေဖြည့်ကတ် များကိုဝယ်ယူရမည်ဖြစ်ကာ ကျပ် ၁၀၀၀၊ ကျပ်၂ဝဝဝနှင့် ကျပ်၅၀၀၀ အသီးသီး သတ်မှတ်ထားကြောင်း သိရသည်။

Yangon Media Group

Tuesday, October 29, 2013

မြန်မာဘာသာဖြင့် အမုန်းပွားဖွယ်ကိစ္စများ ရေးသားနေသူတို့အား စောင့်ကြည့် ဖျက်သိမ်းရန် ဝန်ထမ်းတစ်ဦး ဖေ့စ်ဘွတ်မှ ခန့်အပ်ထားပြီ



ဖေ့စ်ဘွတ်ပေါ်တွင်မြန်မာဘာသာဖြင့် အမုန်းပွားဖွယ် ကိစ္စရပ်များ ရေးသားနေခြင်းအပေါ် စောင့်ကြည့်ရန်နှင့် ရီပို့ပြုလုပ်ခံရမှုများပါက ယင်းပေ့ခ်ျတစ်ခုလုံးကို ဖျက်သိမ်း ပစ်နိုင်ရန်အတွက် မြန်မာစာတတ်ကျွမ်းသည့် ဝန်ထမ်းကို ဖေ့စ်ဘွတ်မှ ခန့်ထားပြီးဖြစ်ကြောင်း မြန်မာ့ဖွံ့ဖြိုးတိုးတက် ရေးအတွက် အိုင်စီတီအဖွဲ့(MIDO)မှ သိရသည်။

 ဖေ့စ်ဘွတ်တာဝန်ရှိသူများအနေနှင့် မြန်မာနိုင်ငံသို့ ယခုနှစ်အတွင်း လာရောက်ခဲ့ပြီး ဝန်ကြီးဌာနအချို့နှင့် တွေ့ဆုံခိုက်တွင် ဖေ့စ်ဘွတ်ကိုသုံး၍ ပြည်တွင်း၌ အမုန်း ပွားဖွယ်ကိစ္စရပ်များ ပြုလုပ်ကြောင်း ပြောဆိုမှုများကြောင့် ယင်းသို့ မြန်မာစာတတ်ကျွမ်းသည့်ဝန်ထမ်း ခန့်အပ် လိုက်ခြင်းဖြစ်သည်ဟု ဖေ့စ်ဘွတ်၏ Global Public Policy   ဌာန ဒါရိုက်တာဖြစ်သူက ယခုလနောက်ဆုံးပတ်က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပသည့်Internet Governance  ဖိုရမ်၌ အထက်ပါအဖွဲ့သို့
ပြောကြားခဲ့ခြင်း ဖြစ်သည်။

”မြန်မာနိုင်ငံသားလို့တော့ မပြောဘူး။ မြန်မာစာကို ကျွမ်းကျွမ်းကျင်ကျင် ရေးတတ်၊ ဖတ်တတ်မယ်။ သူက စီမံခန့်ခွဲရေးအပိုင်း ဖြစ်ဖို့များတယ်” ဟု MIDO မှ ဖိုရမ်သို့ တက်ရောက်ခဲ့သူ မထိုက်ထိုက်အောင်က ပြော သည်။

၎င်းဝန်ထမ်းက မြန်မာပြည်မှ အ သုံးပြုသူများ၏ ပေ့ခ်ျများကို အချိန်ပြည့် ကြည့်ရှုနေမည်မဟုတ်ဘဲ အမုန်းပွား ဖွယ်ဆန်သည့် ပဋိပက္ခအသွင်ဆောင် စကားလုံးများ ပါဝင် သည့် ပေ့ခ်ျတို့ကို သာ စောင့်ကြည့်မည်ဖြစ်သည်။ ထို့ပြင် မြန်မာပြည်မှ ပေးပို့သည့် တောင်းဆို ချက်(ရီပို့)များကိုလည်း လျင်မြန်စွာ ဆောင်ရွက်ပေးနိုင်ရန်အတွက် ဖြစ် သည်ဟု သိရသည်။

ဖေ့စ်ဘွတ်၏ မူလစည်းမျဉ်းများ၌ ပင် ဖေ့စ်ဘွတ်ကိုအသုံးပြု၍ အမုန်းပွား စေသည့် အကြောင်းအရာများ ရေးသား ပေးပို့မှုမပြုရန် ချမှတ်ထားပြီး ယင်းအ တွက် နိုင်ငံတ ကာ ဘာသာစကားအများ စုတွင် အဆိုပါ အမုန်းပွားဖွယ်စကားလုံး များပါဝင်မှု ရှိ မရှိကို အလိုအလျောက် ထောက်လှမ်းရှာဖွေနိုင်သည့်စနစ် တပ် ဆင်ထားသည်ဟုလည်း သိရသည်။

”သူတို့ဆီမှာက ယူနီကုတ်ကိုတော့ သိတယ်။ ယူနီကုတ်နဲ့ရိုက်တယ်ဆိုရင် တော့ ဒီစကားလုံးတွေကို သူတို့ရဲ့စနစ် က အော်တိုမှတ်သားထားနိုင်တယ်” ဟု ၄င်းက ဆက်ပြောသည်။

လက်ရှိတွင် ဖေ့စ်ဘွတ်စာမျက်နှာ ပေါ်၌ အမုန်းပွားဖွယ်ကိစ္စများ ရေးသား နေသည်ကို တွေ့ရှိပါက ဖေ့စ်ဘွတ်မှ မှတ်သားထားမည်ဖြစ်ပြီး အဆိုပါ စာ မျက်နှာ ပိုင်ရှင်ထံ သတိပေးစာများ ပေးပို့ခြင်းနှင့် ပိုမိုဆိုးရွားလာပါက စာ မျက်နှာပိတ်သိမ်းခြင်းများ ပြုလုပ်သွား မည်ဟု သိရသည်။

Popularmyanmar

အံ့ဖွယ် ရုံးပတီသီး



မိန်းကလေးတစ်ယောက်ရဲ့ လက်ချောင်းလေးတွေလို ရှည်ရှည်သွယ်သွယ် ကလေးတွေမို့ အနောက်နိုင်ငံက လူတွေက Ladies’ finger လို့ ခေါ်တဲ့ ရုံးပတီသီးလေးတွေဟာ မြန်မာပြည်မှာတော့ သိပ်ကို လတ်လတ် ဆတ်ဆတ် စိမ်းစိမ်းစိုစိုနဲ့ ဈေးသက်သက်သာသာ ရနိုင်တဲ့ ဟင်းသီးဟင်းရွက် တစ်မျိုးပါပဲ။

လူတစ်ယောက်ဟာ အနှစ်နှစ်ဆယ်ကျော် ဝမ်းချုပ်တဲ့ ရောဂါကို ခံစားခဲ့ရပြီး လတ်တလောမှာတော့ အစာအိမ် အချဉ်ပေါက်ပြီး လေချဉ်တွေတက်တက်နေတတ်ပါတယ်။ အဲဒီလို နှစ်ရှည်လများ ခံစားခဲ့ရပြီး ဘာနဲ့မှ မသက်သာခဲ့တာမို့ အလွယ်တကူ ပျောက်လိမ့်မယ်လို့လည်း ထင်မထားပါဘူး။

ဒါပေမယ့် ထူးဆန်းစွာပဲ ရုံးပတီသီးကြောင့် သူ့ရောဂါတွေ ပျောက်ခဲ့ရတယ်။ လွန်ခဲ့တဲ့ နှစ်လလောက်  ကစပြီး ရုံးပတီသီး မှန်မှန်စားလိုက်တာ.. ဘာဆေးမှ မမှီဝဲရတော့ပါဘူးတဲ့။ ဝမ်းချုပ်တာ၊ အစာအိမ် အချဉ်ပေါက်ပြီး လေချဉ်တွေ တက်နေတာ ပျောက်သွားတဲ့အပြင် သွေးထဲက သကြားဓာတ်တွေလည်း ၁၃၅ ကနေ ၉၈ ထိ ကျဆင်း သွားခဲ့ပါတယ်။ ကိုလက်စထရော လယ်ဗယ်ကိုလည်း ထိန်းထားနိုင်လာပါတယ်။

လေ့လာသုတေသနပြုချက်တွေအရ ရုံးပတီသိးဟာ တန်ဖိုးမဖြတ်နိုင်တဲ့ အာဟာရဓာတ်တွေ ပါဝင်တဲ့ အစုအပေါင်း တစ်ခုပါပဲတဲ့။ တစ်ဝက်လောက်က ပျော်ဝင်နိုင်တဲ့ အမျှင်တွေ နဲ့ ဖွဲ့စည်းထားပါတယ်။ အဲဒီ ပျော်ဝင်နိုင်တဲ့ အမျှင်တွေက ကိုလက်စထရောကိုကျစေပြီး   နှလုံးရောဂါဖြစ်ဖို့ကိုလည်း နည်းပါးစေပါတယ်။ ကျန်တစ်ဝက်ကတော့ မပျော်ဝင်နိုင်တဲ့ အမျှင်နဲ့ ဖွဲ့စည်းထားပြီး သူတို့က အူသိမ်ရဲ့ ကျန်းမာရေးကို အထောက်အကူပြုတဲ့အပြင် ကင်ဆာဖြစ်နိုင်ချေကိုလည်း လျော့ကျစေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် အူမကြီးကင်ဆာ မဖြစ်ဖို့ တားဆီးပေးပါတယ်။

ချက်ထားတဲ့ ရုံးပတီသီး ပန်းကန်တစ်ဝက်လောက်မှာ folic acid နဲ့ ဗီတာမင် B6 တွေက လိုအပ်တယ်လို့ ညွှန်းဆိုထားတဲ့ ပမာဏရဲ့ ၁၀% ပါဝင်ပါတယ်။ ဒါကြောင့် ရုံးပတီသီးဟာ ဗီတာမင် B6, folic acid နဲ့ အမျှင် ဓာတ်တွေ သိပ်ကြွယ်ဝတဲ့ အစားအစာလို့ ဆိုနိုင်ပါတယ်။

 ရုံးပတီသီးနဲ့ ပတ်သက်တဲ့ အကျိုးကျေးဇူးတွေကတော့ ..

+ ရုံးပတီသီးမှာ ပါဝင်တဲ့ အမျှင်တွေက သွေးထဲက သကြားဓာတ်ကို လျော့ကျစေပါတယ်။ သူက အူကနေ သကြားဓာတ် စုတ်ယူမှုကို ထိန်းထားပေးနိုင်တာမို့ပါ။

+ ရုံးပတီသီးမှာ ပါဝင်တဲ့ အချွဲတွေက ကိုလက်စထရောကိုတင် တားဆီးပေးတာ မဟုတ်ပါဘူး။ အဆိပ်တွေ သယ်ဆောင်လာတဲ့ အက်စစ်တစ်မျိုးကိုလည်း အသည်းကနေ အမြောက်အများ စစ်ထုတ်နိုင်ဖို့ လည်းအားပေးပါတယ်။

+ တော်တော်များများသော ကျန်းမာရေးဆိုင်ရာ ပညာရှင်တွေက ရောဂါတော်တော်များများဟာ အူကနေ စဖြစ်တယ်လို့ ယုံကြည်ထားကြပါတယ်။ ရုံးပတီသီးရဲ့ အမျှင်ဓာတ်က ဝမ်းချုပ်တာကို တားဆီးပေးတယ်။ အမျှင်အများစုက ဝမ်းချုပ်တာကို တားဆီးပေးတတ်ပေမယ့် ရုံးပတီသီးမှာပါဝင်တဲ့ အမျှင်ဓာတ်ကတော့ အဲဒီအတွက် အကောင်းဆုံးလို့ ဆိုပါတယ်။ အူကို အလုပ်လုပ်တာ ပုံမမှန်စေတဲ့၊ ထိခိုက်စေတတ်တဲ့ ကြမ်းတမ်းတဲ့ ဂျုံကြမ်းတွေလို မဟုတ်ပဲ ရုံးပတီသီးရဲ့ အမျှင်ဓာတ်က အူကို သက်သာမှု ပေးစေနိုင်ပါတယ်။

လူတော်တော်များများကတော့ ရုံးပတီသီးမှာ ပါဝင်တဲ့ အချွဲဓာတ်က အညစ်အကြေးကို   ကောင်းမွန်စွာ စွန့်ပစ်စေဖို့ အထောက်အကူပြုတဲ့အတွက် သိပ်ပြီး မနှစ်သက်ချင်ကြပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ရုံးပတီသီးဟာ တော်တော်များများသော ကျန်းမာရေး ပြဿနာတွေကို   ပြေလည်စေတဲ့ သက်သာစေတဲ့ တန်ဖိုးရှိတဲ့ ဟင်းသီး တစ်မျိုး ဆိုတာကတော့ ငြင်းလို့ မရပါဘူး။

သွေးထဲက ကိုလက်စထရောနဲ့ အဆိပ်တွေကို လျော့ကျ စေရုံမက သွေးလှည့်ပတ်မှုကိုလည်း ပုံမှန်ဖြစ်စေတဲ့အတွက် အင်မတန် ဆေးဖက်ဝင်တဲ့အပြင် (အများကြီး အလွန်အကျွံ စားသူတွေကလွဲရင်) ဘေးထွက်ဆိုးကျိုးလည်း မရှိပါဘူး။ အဆိပ်အတောက် လုံးဝကင်းစင်ပြီး   ဆေးဖက်ဝင်တဲ့ ဟင်းသီး တစ်မျိုး ဖြစ်တဲ့အပြင် ဈေးသက်သက်သာသာနဲ့ လူတိုင်းလည်း စားသုံးနိုင်တဲ့အတွက် အဆင်ပြေပါတယ်။

+ရုံးပတီသီးမှာ ပါဝင်တဲ့ ဓာတ်တွေနဲ့ အာဟာရ တန်ဖိုးတွေ လျော့ကျမသွားဖို့အတွက်က သူ့ကို တတ်နိုင်သမျှ အချိန်အနည်းဆုံးချက်ပြုရပါမယ်။ အစိမ်းစားတဲ့သူတွေရှိပေမယ့်   ရေနွေးလေး   ဖျောလိုက်တာ၊ ခဏလောက် ရေနွေးငွေ့နဲ့ ပေါင်းလိုက်တာမျိုးတွေ လုပ်စားနိုင်ပါတယ်။

ဥယျာဉ်မှူး

လျှပ်စစ်ဓာတ်အားခ နှစ်ဆအထိ တိုးမြှင့်ခြင်းအား နှစ်ရက်သာ ကြိုတင်အကြောင်းကြား ခဲ့သည့်အတွက် ဝေဖန်မှုများ ပြင်းထန်


ရန်ကုန်မြို့အတွင်း တစ်နေရာတွင် လိုင်းကားစောင့်ဆိုင်း နေသူများအား တွေ့ရစဉ်

လျှပ်စစ်ဓာတ်အားခများကို နှစ်ဆနီးပါးအထိ ရုတ်တရက် တိုးမြှင့်ခြင်းအား နှစ်ရက်သာ ကြိုတင်အသိပေး အကြောင်းကြားခြင်းအပေါ် လူအများကြား ဝေဖန်မှုများ ပြင်းထန်လျက် ရှိသည်။

နိုဝင်ဘာ ၁ ရက်တွင် စတင်တိုးမြှင့် ကောက်ခံမည့် လျှပ်စစ်ဓာတ်အားခ နှုန်းထားများ အကြောင်းကို လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့က အောက်တိုဘာ ၂၉ ရက်ထုတ် အစိုးရ သတင်းစာများတွင် ထည့်သွင်းကြေညာခဲ့ခြင်း ဖြစ်သည်။

အသိပေး ကြေညာရာတွင်လည်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန၊ ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေး အဖွဲ့သည် ဓာတ်အားထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် ဓာတ်အားဝယ်ယူမှု ကုန်ကျစရိတ်များ တတ်နိုင်သမျှ ကာမိစေရန်အတွက် ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ဓာတ်အားသုံးစွဲမှုအပေါ်မှ စတင်ကာ ဓာတ်အားခ နှုန်းထားများ ပြင်ဆင်သတ်မှတ် လိုက်သည်ဟူသော အကြောင်းပြချက်၊ ဖြေရှင်းချက် တစ်ရပ်ကိုသာ ဖော်ပြထားသည်။

ပြင်ဆင်သတ်မှတ်လိုက်သည့် ဓာတ်အားခ နှုန်းများမှာ အများပြည်သူ (အိမ်သုံး) တစ်ယူနစ်မှ ၁၀၀ ယူနစ်အထိ အသုံးပြုသူများအား လက်ရှိဈေးအတိုင်း ၃၅ ကျပ်၊ ၁၀၁ ယူနစ်နှင့်အထက် သုံးသူများ တစ်ယူနစ် ကျပ် ၅၀ ဖြစ်ပြီး အများပြည်သူ (စက်မှု၊ စီးပွားရေး၊ တစ်လုံးတစ်ခဲတည်း၊ ယာယီ) တစ်ယူနစ်မှ ၅၀၀၀ ယူနစ်အထိ သုံးသူများ ၁၀၀ ကျပ်၊ ၅၀၀၁ ယူနစ်နှင့်အထက် သုံးသူများမှာ ၁၅၀ ကျပ်ဖြစ်ပြီး အစိုးရဌာန ရုံးသုံးအတွက် တစ်ယူနစ် ၅၀ ကျပ်၊ အစိုးရဌာန စက်မှုသုံးအတွက် တစ်ယူနစ် ၁၀၀ ကျပ်ဖြစ်ကြောင်း သိရသည်။

တိုးမြှင့်လိုက်သည့် နှုန်းထားသစ်များဖြင့် လာမည့်နိုဝင်ဘာ ၁ ရက်မှ စတင်ကာ သတ်မှတ်ကောက်ခံ သွားမည်ဖြစ်ကြောင်း အသိပေး ကြေညာထားသည်။ မိသားစုတစ်စု၏ လျှပ်စစ်ဓာတ်အား အသုံးပြုသည့် ပမာဏမှာ တစ်လလျှင် မည်မျှပင် ချွေတာသုံးစွဲသည်ဖြစ်စေ အများစုမှာ ၁၀၀ ယူနစ်အထက် သုံးစွဲကြရသည့်အတွက် ပြည်သူအများစုမှာ တစ်ယူနစ် ကျပ် ၅၀ ဖြင့် ပေးဆောင်ကြရမည်သာ ဖြစ်သည်။

အများပြည်သူသုံး မီတာခမှာ ယခင်ကထက် ရာခိုင်နှုန်း ၄၀ မြင့်တက်လာပြီး စီးပွားရေးလုပ်ငန်း အသုံးပြုသည့် မီတာခမှာ နှစ်ဆအထိ တက်လာခြင်းဖြစ်သည်။
ဒီလို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတွေကို ပြည်သူတွေ အာရုံစိုက်နေတဲ့ အချိန်မှာ ဒါဟာနောက်ထပ် ဖောက်ခွဲလိုက်တဲ့ ဗုံးတစ်လုံးပေါ့ဗျာ။ ကုန်ဈေးနှုန်းတွေ တက်နေတယ်။ ပြည်တွင်း ပဋိပက္ခတွေ ပြဿနာတွေကြောင့် လူတွေစီးပွားရေး မကောင်းဘူး။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ထင်သလောက် မ၀င်လာဘူး။ ပြည်သူတွေ ပိုကျပ်တည်း လာနေတယ်။ ဒီအခြေအနေမျိုးမှာ လျှပ်စစ်ခကို ဒီလိုနှစ်ဆ တိုးလိုက်တယ်ဆိုတာ . . . . .

ရှေ့နေ ဦးသန်းမောင် (စစ်တွေ) က ရုတ်ချည်းမီတာခများ တိုးမြှင့်မှုအပေါ် "ဒီလို တိုးမြှင့်လိုက်တာ အများပြည်သူနဲ့ စီးပွားရေး လုပ်ငန်းတွေအပေါ် သက်ရောက်မှာပါ။ ပြည်သူလူထုက အာဏာအပ်နှင်းထားတဲ့ အစိုးရ အနေနဲ့ ပြည်သူကိုတော့ ကြိုတင်ပြင်ဆင်ခွင့်ရအောင် အကျိုးအကြောင်းနဲ့ ရှင်းပြသင့်ပါတယ်" ဟု ထောက်ပြပြောကြား သွားခဲ့သည်။

"ကျွန်တော်တို့ ဆေးရုံက တစ်လကို ယူနစ်လေးသိန်းကနေ ခြောက်သိန်းကြား သုံးစွဲပါတယ်။ ကျန်းမာရေးဆိုတော့ ချွေတာလို့ ဘယ်ရမလဲဗျာ။ ယူနစ် ၅၀၀၀ အထိက ၁၀၀ ဆိုပေမယ့် တစ်ကယ်ကျတော့ လျှပ်စစ်ခက ၇၅ ကျပ်ကနေ ကျပ် ၁၅၀ နှစ်ဆတက်တဲ့ သဘောဖြစ်နေတယ်။ တစ်ခြားနိုင်ငံတွေမှာ ၂၀ ရာခိုင်နှုန်းလောက်တက်တောင် ကြိုတင်အကြောင်းကြားကြတယ်။ လွှတ်တော်မှာ အကြိတ်အနယ် ဆွေးနွေးဆန္ဒတွေ ပြကြဘာလုပ်ကြနဲ့ ဒီမှာတော့ ရုတ်တရက်ကြီး နှစ်ဆတက်လိုက်တာ ဆိုတော့ဗျာ တော်တော်ခက်ပါတယ်" ဟု အာရှတော်ဝင် ဆေးရုံမှ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာမြတ်သူက ပြောကြားခဲ့သည်။

ဓာတ်အားနှုန်းများကို အဆင့်ဆင့် တိုးမြှင့်ကောက်ခံရာတွင် ၂၀၀၆ ခုနှစ် ဇန်န၀ါရီ ၅ ရက်မှ စတင်ကာ အိမ်သုံးအတွက် တစ်ယူနစ်လျှင် ၂၅ ကျပ်၊ စီးပွားရေးသုံးအတွက် တစ်ယူနစ်လျှင် ကျပ် ၅၀ သို့ အသီးသီး တိုးမြှင့်ခဲ့ပြီး ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှ စတင်ကာ အိမ်သုံးအတွက် တစ်ယူနစ်လျှင် ၃၅ ကျပ်၊ စီးပွားရေး လုပ်ငန်းသုံးအတွက် တစ်ယူနစ်လျှင် ၇၅ ကျပ်သို့ အသီးသီး ထပ်မံတိုးမြှင့် ကောက်ခံခဲ့ခြင်းဖြစ်သည်။

ယခင်က တိုးမြှင့်ရာတွင် တစ်ယူနစ် မည်မျှအရှုံးပေါ်သည့်အတွက် တိုးမြှင့်ရခြင်းကို တွက်ချက်ပြခြင်း၊ တစ်လနီးပါး ကြိုတင်အသိပေးခြင်းများ ပြုလုပ်ခဲ့သော်လည်း ယခုအကြိမ်တွင်မူ စတင်ကောက်ခံမည့်နေ့ မရောက်မီ နှစ်ရက်အလို၌သာ ကြိုတင်အသိပေးခြင်း၊ တိကျသည့် တွက်ချက်ပြမှု မရှိခြင်း၊ အထူးသဖြင့် ပုဂ္ဂလိက ကုမ္ပဏီကြီးများသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးခြင်း လုပ်ငန်းလွှဲပြောင်းပြီး မကြာမီ ယခုကဲ့သို့ တိုးမြှင့်လိုက်ခြင်း၊ ပုဂ္ဂလိက ကုမ္ပဏီများသို့ လွှဲပြောင်းရာတွင် လည်းကောင်း၊ ပုဂ္ဂလိက ကုမ္ပဏီများထံမှ နိုင်ငံတော် အနေဖြင့် ဓာတ်အားပြန်လည် ၀ယ်ယူရာတွင် လည်းကောင်း မည်သည့်ဈေးဖြင့်ပေးကာ ၀ယ်ယူရသည်ကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်မှု မရှိခဲ့ခြင်း၊ ပုဂ္ဂလိက ကုမ္ပဏီများ ပိုမိုအကျိုးရှိစေခြင်း၊ အများပြည်သူ၏ ၀င်ငွေတိုးတက်အောင် လုပ်ဆောင်ပေးနိုင်ခြင်း မရှိမီ ပြည်သူလူထု၏ လူနေမှုစရိတ် မြင့်တက်အောင် ဆောင်ရွက်လိုက်ခြင်း များကြောင့်လည်း လူအများမှ ဝေဖန်ထောက်ပြလာခြင်း ဖြစ်သည်။

၂၀၁၃ ခုနှစ် ဇူလိုင်လ မတိုင်ခင် ကတည်းက လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန အနေဖြင့် ပုဂ္ဂလိက ကုမ္ပဏီများသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းများကို စာချုပ်ချုပ်ဆို လုပ်ကိုင်ခွင့် ပေးနေခဲ့ပြီး မြို့နယ်ပေါင်း ၈၄ မြို့နယ်အား လုပ်ကိုင်ခွင့် ပေးခဲ့သည်။

ပုဂ္ဂလိကသို့ လုပ်ကိုင်ခွင့် ပေးရာတွင်လည်း မြန်မာနိုင်ငံတွင် လုပ်ငန်းပေါင်းများစွာ လုပ်ကိုင်ခွင့် ရရှိထားသည့် ဦးထွန်းမြင့်နိုင်၏ အေးရှားဝေါလ် ကုမ္ပဏီ (Gold Energy Co.,Ltd အမည်ဖြင့်)၊ ဆန်စပါး လုပ်ငန်းဖြင့် အကျိုးအမြတ် ရရှိနေသည့် ဦးချစ်ခိုင်၏ ဧဒင်စွမ်းအင်နှင့် သဘာဝ အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီ၊ လုပ်ငန်းပေါင်းများစွာ လုပ်ကိုင်ခွင့် ရရှိထားသည့် ဒေါက်တာကိုကိုကြီး၏ Capital Development Ltd၊ ကျောက်မျက်တွင်းထွက် လုပ်ငန်းဖြင့် ကြွယ်ဝလာသည့် Ruby Dragon ကုမ္ပဏီ အပါအ၀င် မြို့နယ် ၈၄ မြို့နယ်ကို ပုဂ္ဂလိက ကုမ္ပဏီ ၂၀ ကျော်တည်းမှ ရယူထားခဲ့ ကြသည်။

အေးရှားဝေါလ် ကုမ္ပဏီ (Gold Energy Co.,Ltd အမည်ဖြင့်) ဆိုပါက ကုမ္ပဏီ တစ်ခုတည်းဖြင့် ပဲခူးတိုင်းဒေသကြီး အရှေ့ရှိ မြို့နယ်ပေါင်း ၂၇ မြို့နယ်ကို တစ်ဦးတည်း ဖြန့်ဖြူး ခွင့်ရရှိပြီး မြို့နယ်အများဆုံးကို လုပ်ကိုင်ခွင့် ရရှိသော ကုမ္ပဏီဖြစ်သည်။

ထို့ပြင် ပြည်တွင်းပြည်ပ ကုမ္ပဏီများသို့ BOT စနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရောင်းချခွင့် ပြုခဲ့ပြီး BKB ကုမ္ပဏီ၊ Toyo-Thai ကုမ္ပဏီ၊ UPP Holding၊ မြန်မာဗဟိုစွမ်းအား၊ Myanmar Power Pte.,Ltd တို့ အပါအ၀င် ကုမ္ပဏီများစွာကို လုပ်ကိုင်ခွင့်ပြုခြင်း၊ လုပ်ကိုင်ခွင့်ပေးရန် စီစဉ်နေခြင်းများ ရှိသည်ဟု သိရသည်။
ဒီလို တိုးမြှင့်လိုက်တာ အများပြည်သူနဲ့ စီးပွားရေး လုပ်ငန်းတွေအပေါ် သက်ရောက်မှာပါ။ ပြည်သူလူထုက အာဏာအပ်နှင်းထားတဲ့ အစိုးရ အနေနဲ့ ပြည်သူကိုတော့ ကြိုတင်ပြင်ဆင်ခွင့်ရအောင် အကျိုးအကြောင်းနဲ့
ရှင်းပြသင့်ပါတယ် . . . . .

ပုဂ္ဂလိက ကုမ္ပဏီများသို့ လုပ်ကိုင်ခွင့်ပြုခြင်းထက် အဆိုပါ ပုဂ္ဂလိက ကုမ္ပဏီများထံမှ လျှပ်စစ်ပြန်ဝယ်ရမည့်ဈေးအား ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ခြင်း မရှိပဲ စာချုပ်ချုပ်ဆိုခွင့် ပြုခဲ့ခြင်းများသည် အဓိက ဝေဖန်စရာအဖြစ် ရှိခဲ့သည်။

အေးရှားဝေါလ် ကုမ္ပဏီ (ရွှေစွမ်းအင်ကုမ္ပဏီ) မှ BOT စနစ်ဖြင့် တည်ဆောက်လုပ်ကိုင်ခွင့် ရရှိသွားသော သောက်ရေခပ် (၂) ရေအားလျှပ်စစ် စီမံကိန်းမှ ထွက်ရှိသည့် ဓာတ်အားများကို လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ ပြန်လည်ဝယ်ရာတွင် တစ်ယူနစ်လျှင် ၇၀ ကျပ်အထိ ပေးရမည်ဖြစ်ပြီး ထိုသို့ပေးရန် အတွက်လည်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနမှ သဘောတူ စာချုပ်ခဲ့ခြင်းဖြစ်သည်။

၁၂၀ မဂ္ဂါဝပ် စက်တပ်ဆင်အားရှိသည့် အလုံသဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို တည်ဆောက်လုပ်ကိုင်ရန် Toyo-Thai ကုမ္ပဏီအား ခွင့်ပြုစဉ်က တစ်ယူနစ် ဓာတ်အားခ ကျသင့်ငွေမှာ အမေရိကန်ဒေါ်လာဖြင့် ၁၃ ဒသမ ၃၁ ဆင့် မြန်မာကျပ်ငွေဖြင့် (လက်ရှိ တစ်ဒေါ်လာ ၉၇၅ ကျပ်ဖြင့် ဆိုပါက) တစ်ယူနစ် ၁၃၀ ကျပ်နီးပါးဖြင့် ခွင့်ပြုပေးခဲ့ခြင်း ဖြစ်သည်။

BKB ကုမ္ပဏီမှာလည်း ထိုသို့ပင် တစ်ယူနစ် ၁၃၀ ကျပ်နီးပါး ကျသင့်ပြီး ယခုသဘောတူ စာချုပ်ချုပ်ဆိုရန် စီစဉ်နေသည့် Myanmar Power ဖြင့် ဆိုပါက ဓာတ်အားခမှာ တစ်ယူနစ် ၁၂၀ ကျပ်အထိ ပေးရဖွယ် ရှိနေပြီး UPP Holding ဖြင့် ဆိုပါက တစ်ယူနစ်လျှင် ဓာတ်အားခဈေးမှာ ၁၅၂ ကျပ်ကျော်အထိ (တစ်ဒေါ်လာ ၉၇၅ ကျပ်နှုန်းဖြင့်) ကျသင့်မည်ဖြစ်သည်။

အရှုံးခံ၍ မည်သည့်ပုဂ္ဂလိက ကုမ္ပဏီမှ စေတနာသက်သက် လုပ်ပေးမည် မဟုတ်ပဲ ဖော်ပြပါ ဈေးနှုန်းများသည် ၎င်းတို့ အမြတ်အစွန်းအတွက် ထည့်တွက်ပြီး ဈေးနှုန်းများဖြစ်ရာ နောက်ဆုံးတွင် ပုဂ္ဂလိက ကုမ္ပဏီများသာ အကျိုးအမြတ်ရှိမည့် အနေအထား ဖြစ်နေကြောင်း၊ ပုဂ္ဂလိက ကုမ္ပဏီ အများစုနှင့် စာချုပ်ချုပ်ဆို လွှဲပြောင်းပြီးမှ ယခုကဲ့သို့ အများပြည်သူထံမှ ဓာတ်အားခ တိုးကောက်ရန် စီစဉ်ခြင်းမှာလည်း ၀န်ကြီးဌာနမှ ပုဂ္ဂလိက ကုမ္ပဏီများ လိုချင်သည့် ဈေးအတိုင်း ပေးချေနိုင်ရန် တိုးကောက်သည့်သဘော ဖြစ်နေသည်။

ပုဂ္ဂလိက ကုမ္ပဏီများ ရှုံးမရှုံး တွက်ချက်ကြည့်ပါက ဥပမာအားဖြင့် အေးရှားဝေါလ် ကုမ္ပဏီ (Gold Energy Co.,Ltd အမည်ဖြင့်) လုပ်ကိုင်ခွင့် ရထားသည့် သောက်ရေခပ် စီမံကိန်းမှ ကုမ္ပဏီက အစိုးရသို့ ပြန်ရောင်းရာတွင် ယခု ၂၀၁၃ ခုနှစ် တစ်နှစ်တည်း အတွက်ပင် ကုမ္ပဏီမှ ကျပ်ဘီလျံ ၃၀ အထိ ရမည်ဖြစ်ပြီး ကုမ္ပဏီမှ ရင်းနှီးမြှုပ်နှံထားသည့် ပမာဏမှာ ကျပ် ၂၃၀ ဘီလျံသာ ရှိကြောင်း၊ နှစ်ရှည်လုပ်ကိုင်ခွင့် ပြုထားသည့်အတွက် ၁၀ နှစ် မပြည့်မီ အချိန်၌ပင် အမြတ်အစွန်း ပမာဏ ကြီးမားစွာ စတင်ရရှိနိုင်သည့် အခြေအနေ ရှိသည်။

အများပြည်သူ ဘဏ္ဍာငွေအား ခွဲဝေသုံးစွဲမှုပိုင်းကို ပြန်ကြည့်လျှင်လည်း လျှပ်စစ်စွမ်းအား ၀န်ကြီးဌာနသည် ၁၉၈၉ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ တည်ဆောက်ခဲ့သည့် စီမံကိန်းပေါင်း များစွာထဲမှ ရဲနွယ်၊ ဆည်တော်ကြီး၊ ရဲရွာ၊ ရွှေကျင် အပါအ၀င် စီမံကိန်း ၁၄ ခုထဲ အတွက်ပင် ကျပ်သန်းပေါင်း ၄၂၇၈၇၂ ကျော်နှင့် အမေရိကန်ဒေါ်လာ ၈၂၂ သန်းကျော်အထိ အသုံးပြု တည်ဆောက်ခဲ့ကြသည်အထိ ဘဏ္ဍာငွေ အမြောက်အများကို သုံးစွဲခဲ့သည့် ၀န်ကြီးဌာန ဖြစ်သည်။

အများပြည်သူ ဘဏ္ဍာငွေများစွာ အသုံးပြုကာ စီမံကိန်းများစွာကို အကောင်အထည် ဖော်ခဲ့သော်လည်း ယနေ့အထိ လျှပ်စစ်မီး ရရှိမှု တည်ငြိမ်သင့်သလောက် တည်ငြိမ်မှု မရှိပဲ လိုအပ်ချက်များစွာ ဖြစ်ပေါ်နေဆဲ ဖြစ်သည်။

ထို့ထက်ပို၍ ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင်လည်း ခွင့်ပြုပေးထားသည့် ဘတ်ဂျက်မလောက်၍ အပိုဆောင်း ထပ်တောင်းခံသည့် ၀န်ကြီးဌာန များထဲတွင် ကျပ် ၂၀၄ ဒသမ ၅၅၀ ဘီလျံဖြင့် ဒုတိယ အများဆုံး ထပ်မံတောင်းခံသည့် ၀န်ကြီးဌာနတစ်ခု ဖြစ်နေပြန်သည်။

အများပြည်သူ ၀င်ငွေနှင့် ပြည်သူများ၏ စီးပွားရေး လုပ်ငန်းများကို ပြန်ကြည့်လျှင် ယခင်အတိုင်းပင် ရုန်းကန်နေရဆဲ အခြေအနေ၌ပင် ရှိနေပြီး ပြည်သူအများစု၏ ၀င်ငွေမှာလည်း သိသာစွာ တိုးတက်လာခြင်း မရှိသည့် အနေအထားဖြစ်သည်။

ရွှေယမုံ ကုမ္ပဏီ၏ လုပ်ငန်းရှင် ဦးထွန်းအေးကလည်း "နိုင်ငံတကာမှာ ပို့ကုန်လုပ်ငန်းရှင်တွေ အခက်အခဲတွေ့ရင် တိုင်းပြည်စီးပွားရေးလဲ အခက်အခဲ တွေ့တာပဲ။ အခုလို တိုးလိုက်တဲ့အတွက် မြန်မာလုပ်ငန်းရှင်တွေ အနေနဲ့ အထူးသဖြင့် ကျွန်တော်တို့လို အအေးခန်းစက်ရုံ လုပ်ငန်းရှင်တွေ အနေနဲ့ နိုင်ငံတကာ ဈေးကွက်မှာ ယှဉ်ပြိုင်ရတာ ပိုခက်သွားမယ်။ ဒီမှာလျှပ်စစ်ဓာတ်အားခ တိုးလိုက်လို့ ပြည်ပဈေးကွက်မှာ သွားပြီးဈေးတိုးတောင်းလို့ မရဘူး။ ဒီတော့ ခေတ်ကာလ ကုန်ကျစရိတ်နဲ့ လျော်ညီအောင် အလုပ်သမားတွေကို လခတိုးပေးဖို့ထက် အခုမီတာခ အတွက်ကိုပဲ အာရုံပိုစိုက်ရမယ့်သဘော ဖြစ်နေတယ်။ ကျွန်တော့် စက်ရုံက တစ်လကို ယူနစ် ၂၇၀၀၀၀ လောက် အသုံးပြုတယ်။ ကျပ်သိန်းရာနဲ့ချီပြီး ပိုကုန်ကျတော့မယ်။ ပြင်ဆင်ချိန်ရအောင် ကြိုတင်လည်း အသိပေးသင့် ပါတယ်။ လက်ရှိစီးပွားရေး လုပ်ငန်းတွေကလည်း အရင်ကထက် ပိုကောင်းနေတာ မဟုတ်ဘူး။ တစ်ကယ်လို့ တိုးမယ်ဆိုရင်တောင် ဘယ်ကာလမှာ ဘယ်လောက်တိုးမယ်၊ နောက်ဘယ်လောက်ကြာရင် ဘယ်လောက်တိုးမယ် ဆိုတာကို ကြိုတင်အသိပေး သင့်တယ်။ မြန်မာနိုင်ငံက ရေထွက်ပစ္စည်းပို့တာ ဒေါ်လာသန်း ၆၀၀ ဖိုးလောက်ပဲ ရှိတယ်။ ထိုင်းက ဘီလျံပေါင်းများစွာ ရှိတယ်။ ဗီယက်နမ်လည်း မြန်မာထက် များတာပဲ။ အဲဒီ အနေအထားမှာ ထိုင်းက မီတာခနဲ့တွက်ပြီး တိုးတောင်းတာမျိုး ဆိုရင်တော့ မဖြစ်သင့်ဘူး" ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်၏ တာဝန်ရှိသူ ဦးဝင်းကြိုင်က "ဓာတ်အားခ တိုးလိုက်တဲ့အတွက် အများပြည်သူရော လုပ်ငန်းရှင်ရော နှစ်ဖက်စလုံး ဒီဒဏ်ကို ခံစားရမှာ မလွဲမသွေပဲ။ မီတာခတက်ရင် ကုန်ထုတ်စရိတ်တက်ရင် ပို့ကုန်လုပ်ငန်းရှင်က ပြည်ပဈေးကွက်မှာ တစ်ခြားနိုင်ငံနဲ့ မယှဉ်နိုင်တဲ့အတွက် ဈေးကွက်ရှာဖွေရာမှာ ကိုယ့်နိုင်ငံက လုပ်ငန်းရှင်တွေပဲ နောက်ကျကျန်ခဲ့မယ်။ ပြည်ပပို့ကုန် လုပ်ငန်းရှင်တွေက လက်ရှိပို့ကုန်တွေအတွက် ပြည်ပက လုပ်ငန်းရှင်ဆီမှာ ဈေးတိုးတောင်းလို့ ဘယ်လိုမှ ရစရာ မရှိဘူး။ ပို့ကုန်လုပ်ငန်းရှင်ကတော့ အရှုံးမခံဘူး။ သူအဆင်ပြေအောင် ပြည်ပမှာ ဈေးတိုးတောင်းလို့ မရရင် ပြည်တွင်းက ကုန်ကြမ်းထုတ်တဲ့ သူတွေဆီမှာ ဈေးလျှော့ဝယ်မှာပဲ။ ဒါဆို ကုန်ကြမ်းထုတ်ရောင်းတဲ့ အများပြည်သူပဲ ထပ်ပြီးထိမယ်။ လျှပ်စစ်မီး အချိန်မှန် ရမယ်လို့ အာမခံနိုင်တဲ့အချိန် သင့်တင့်တဲ့ဈေးကိုတိုးတာ အကြောင်းမဟုတ်ဘူး။ စီးပွားရေး လုပ်ငန်းတွေကလည်း ကောင်းလားမေးရင် အရင်အတိုင်းပဲ အများပြည်သူရဲ့ နေ့စဉ်ဝင်ငွေကလည်း တိုးလာတာ မဟုတ်ဘူး။ ဓာတ်အားခ တိုးမယ်ဆိုရင်လည်း ပြင်ဆင်ချိန်ရအောင် အချိန်လုံလောက်စွာနဲ့ အသိပေးသင့်တယ်။ အများပြည်သူက မဲပေးရွေးချယ်ထားတဲ့ အစိုးရ ဖြစ်တယ်လို့ ဆိုတဲ့အတွက် အများပြည်သူကို သေချာချပြပြီးမှ လုပ်သင့်တယ်လို့ ထင်တယ်" ဟု သုံးသပ်ပြောကြားခဲ့သည်။

အခြေခံ လုပ်သားများ ရရှိသည့် ၀င်ငွေနှင့် လူနေမှုစရိတ် ကာမိစေရန် လစာတိုးပေးရေးအတွက် ဆန္ဒပြမှုများ ရှိနေပြီး အသေးစား အလတ်စား စီးပွားရေး လုပ်ငန်းများမှာလည်း သိသာသည့် အထောက်အပံ့များ မရဘဲ ကိုယ့်အားကိုယ်ကိုး ရပ်တည်နေရဆဲ ဖြစ်သည်။

အိမ်ငှားခမှအစ စားစရိတ်အဆုံး နေမှုစားမှု စရိတ်များ မြင့်တက်နေ၍ အများပြည်သူမှာ ၀င်ငွေဖြင့် ကိုက်ညီစွာ နေနိုင်ရန် ရုန်းကန်နေရချိန်တွင် ယခုကဲ့သို့ လူနေမှုစရိတ် ပိုမိုမြင့်တက် ကုန်ကျစေမည့် ဓာတ်အားခ တိုးမြှင့်ခြင်းမျိုးကို ပြုလုပ်သည့် အတွက်လည်း ပြင်းပြင်းထန်ထန် ဝေဖန်လာကြခြင်း ဖြစ်သည်။

"ဒီလို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးတွေကို ပြည်သူတွေ အာရုံစိုက်နေတဲ့ အချိန်မှာ ဒါဟာနောက်ထပ် ဖောက်ခွဲလိုက်တဲ့ ဗုံးတစ်လုံးပေါ့ဗျာ။ ကုန်ဈေးနှုန်းတွေ တက်နေတယ်။ ပြည်တွင်း ပဋိပက္ခတွေ ပြဿနာတွေကြောင့် လူတွေစီးပွားရေး မကောင်းဘူး။ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ထင်သလောက် မ၀င်လာဘူး။ ပြည်သူတွေ ပိုကျပ်တည်း လာနေတယ်။ ဒီအခြေအနေမျိုးမှာ လျှပ်စစ်ခကို ဒီလိုနှစ်ဆ တိုးလိုက်တယ်ဆိုတာ အတော်ကြီး မညှာမတာ လုပ်ရာကျပါတယ်။ ဒီ Impact က အရမ်းကြီးတယ်။ ၂၀၀၇ ခုနှစ်က စက်သုံးဆီဈေး တက်သလို ဖြစ်လာလိမ့်မယ်" ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားသည်။

လျှပ်စစ်ဓာတ်အားခ နှစ်ဆအထိ တိုးမြှင့်ခြင်းနှင့် ပတ်သက်၍ ဝေဖန်ပြောကြားချက်များ

"အခုက အိမ်ငှားခတွေကကြီး၊ အခြား အသုံးစရိတ်တွေပါ လိုက်တက်ရင် ပြည်သူ့ဘ၀က မချောင်လည်ဘူး။ အခုက ပြောင်းလဲတယ်လို့ပြောတာ ဒုံရင်းက ဒုံရင်းပဲ။ ဘာမှလည်း ဟုတ်တိပတ်တိ ဖြစ်မလာဘူး။ စားဝတ်နေရေးပိုင်း၊ ၀င်ငွေပိုင်း၊ တိုးတက်မှု မရှိတဲ့အပြင် ပိုကျပ်လာသလိုပဲ။ ဒီလိုပုံစံကြီးနဲ့ ဘယ်လောက်ကြာကြာ သွားရမလဲဆိုတာ တွေးတိုင်း ရင်မောနေတယ်။ အပြင်က ရင်းနှီးမြှုပ်နှံမှု ဆိုတာလည်း ဒီမိုကရေစီစစ်စစ် အစိုးရ မဟုတ်ရင် မလာဘူး။ ပေါ်လစီက အခုတစ်မျိုး၊ တော်ကြာတစ်မျိုးနဲ့ စီးပွားရေး လုပ်ငန်းတွေ ဘယ်လာချင်မလဲ။ လာပြီး ဖျာခင်းထားတာလောက်ပဲ ရှိတယ်။ အဲဒါ ပကတိ အခြေအနေပဲ။ ဒါကို ဖုံးကွယ် မထားပါနဲ့။ ကြီးကြီးကျယ်ကျယ် တိုင်းပြည်ပြောင်းလဲ ချင်တယ်ဆိုရင် အရင်လူတွေ စိတ်လျှော့လိုက်ပါတော့။ လွတ်လပ်ခွင့် ပေးပါတော့။ နှစ်ငါးဆယ်လုံး ခံစားနေရတဲ့ ပြည်သူတွေကို သနားသောအားဖြင့် ကြိုးဖြေပေးလိုက်ပါလို့ပဲ ပြောချင်ပါတယ်"
စာရေးဆရာကောင်းသန့်
   
"သတင်းစာထဲမှာ ပါလာတဲ့ မီတာခ တိုးကောက်တဲ့ သတင်းက စိတ်ညစ်စရာပါ။ ကျွန်မတို့နိုင်ငံက အိမ်နီးချင်း နိုင်ငံတွေကို လျှပ်စစ်ဓာတ်အားတွေ ထုတ်ရောင်းတာလည်း တစ်နိုင်ငံလုံး အသိပါ။ အခုလို နိုင်ငံခြားကို လျှပ်စစ်ထုတ်ရောင်းပြီး နိုင်ငံတွင်းမှာ မီတာခ တိုးကောက်တာက မဖြစ်သင့်ပါဘူး။ လျော့မကောက်ရင်တောင် မီတာခကို တိုးမကောက်သင့်ပါဘူး။ မီတာခသာ တိုးကောက်တယ် မီးက ရန်ကုန်တစ်မြို့လုံး ၂၄ နာရီ မီးအပြည့် မလာတဲ့ နေရာတွေ အများကြီး ရှိတယ်။ အခု ဆိုရန်ကုန်မှာ နေထိုင်စားသောက် စရိတ်က အဘက်ဘက် မြင့်တက်နေတယ်။ အဆောင်ခဆိုလည်း မနှစ်ကထက် နှစ်သောင်းလောက် တိုးလာတယ်။ အခုရတဲ့ လစာထဲက အိမ်ပြန်ပို့ရတဲ့ငွေ ပိုပြီးနည်းလာဖို့ပဲ ရှိတယ်"
မမာလာ (ကုမ္ပဏီဝန်ထမ်း)

"ကျွန်တော်တို့ ပြည်သူတွေကတော့ ဖောင်စီးရင်း ရေငတ်နေတာပါဗျာ။ လျှပ်စစ်ဓာတ်အားကို ၂၄ နာရီ မပေးနိုင်သေးဘဲ မီတာခကို ဈေးနှုန်းမြှင့်တာမျိုးတော့ မဖြစ်သင့်ပါဘူး။ ကျွန်တော်တို့အိမ်ဆို တစ်လ မီတာဆောင်ရတာ ၆၀၀၀၀ နဲ့ ၇၀၀၀၀ ကြားမှာ ရှိတယ်။ အိမ်မှာက အ၀တ်လျှော်စက် သုံးတယ်။ အဲကွန်းသုံးတယ်။ ရေခဲသေတ္တာ သုံးတယ်။ ထမင်းချက်တယ်။ ခုလိုမျိုးတိုးတော့ အရင်ကလို သုံးလို့မဖြစ်တော့ဘူး။ ချွေတာရမှ ဖြစ်တော့မယ်။ တစ်လကို ဘယ်လိုသုံးသုံး ယူနစ်တစ်ရာတော့ အသာလေး ကျော်တယ်။ မကျော်ချင်ရင်တော့ မိန်းချထားမှပဲ ရမယ်"
ကိုမင်းမင်းဦး (မင်္ဂလာတောင်ညွှန့်)
   
"အိမ်ငှား စရိတ်တွေ တအားတက်လာတဲ့ အချိန်မှာ ငှားပြီးဖွင့်ရတဲ့ လုပ်ငန်းတွေက ဒုက္ခရောက်ပြီ။ အစ်မတို့က အခု ရုံးခန်းလေးတောင် တစ်လကို တစ်သိန်းကျော် မီတာဆောင်ရတယ်။ စက်ရုံ အလုပ်ရုံ အတွက်ဆိုရင်တော့ တစ်မျိုးပေါ့။ ဆိုင်းဘုတ်မြင်တာနဲ့ စီးပွားရေး လုပ်ငန်းဆိုပြီး လုပ်ငန်းသုံးလို့ ကောက်တာကတော့ ဘာစီးပွားရေးမှ လုပ်ကိုင်စားလို့ မရဘဲနဲ့ လူတွေအကုန်လုံး ၀န်ထမ်းပဲ လုပ်ကြ၊ ကိုယ်ပိုင်လုပ်ငန်း ထောင်မစားနဲ့လို့ ပြောတာနဲ့ တူနေသလိုပဲ။ လုပ်ငန်းသုံး မီတာကို စက်မှုဇုန်တွေမှာ ကောက်တာကို မပြောလိုပါဘူး။ ဆိုင်းဘုတ်ထောင်တာ မြင်တာနဲ့ စီးပွားရေး လုပ်ငန်းဆိုပြီး ကောက်တာကတော့ လွန်ပါတယ်။ လူတိုင်းကတော့ ဆိုင်းဘုတ်ကလေးတော့ တင်ချင်ကြတာပဲ။ အဲလိုလေး တင်မိတာနဲ့ကို စီးပွားရေးလုပ်ငန်းသုံးထဲ ပို့မယ်ဆိုတာကတော့ ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်တော့ဘူး။ ဗေဒင်ဆရာတောင်မှ စီးပွားရေး လုပ်ငန်းသုံးဆိုပြီးကောက်ရင် ဘယ်လိုလုပ်တော့မလဲ။ ဆိုင်းဘုတ်ထောင်လိုက်တာနဲ့ ရုံးဖြစ်သွားလို့ လုပ်ငန်းသုံးနဲ့ ပေးရမယ် ဆိုတာကြီးက လုံးဝအဓိပ္ပါယ်မှ မရှိတာ။ ရုံးသေးသေးလေးတွေကအစ စီးပွားရေးမီတာ လိုက်ကောက်တာတော့ အဓိပ္ပာယ် မရှိပါဘူး"
မနွေ (တောင်ဥက္ကလာပမြို့နယ်)

"လျှပ်စစ်မီးဈေးနှုန်း သက်သက်သာသာနဲ့ မရရင် ဘယ်တော့မှ စက်ရုံအလုပ်ရုံတွေ ဖြစ်လာမှာ မဟုတ်ဘူး။ လျှပ်စစ်မီးကို ၂၅ ကျပ်နဲ့ ပေးတော့မယ်ဆိုပြီး သတင်းတွေ ထွက်လာတယ်။ နေ့ရွှေ့ညရွှေ့နဲ့ ပျောက်သွားတာပါပဲ။ နောက်နှစ်ဆို ပေးမယ်ဆိုတဲ့ စကားတွေက ရိုးသွားပြီ။ နောက်နှစ်တွေများ ကုန်ပြီ။ တကယ်တော့ ပြည်သူတွေဟာ မျှော်လင့်ချက် ကြီးစွာနဲ့ အောင့်အီးသည်းခံပြီး တာဝန်ရှိသူတွေ လုပ်သမျှကို ခါးစည်းခံစား နေကြရတာ ဖြစ်တယ်လို့ မြင်ပါတယ်။ တကယ်တိုးတက် စေချင်ရင် တကယ်လုပ်ဖို့ လိုတယ်။ အပြောနဲ့ မပြီးဘူး။ လက်တွေ့လုပ်ပြရမယ်။ လျှပ်စစ်မီးကိုသာ ကောင်းကောင်းလုပ် မပေးနိုင်ရင် ရခိုင်ပြည်နယ်ဟာ အခုထက် ဆင်းရဲတွင်း နက်နေဦးမယ်လို့ မြင်ပါတယ်" 
ဦးသိန်းထွန်း (စီးပွားရေး လုပ်ငန်းရှင်၊ စစ်တွေ)
   
"တစ်လကုန်တိုင်း ကုန်ကျမယ့် အိမ်လခ စရိတ်တွေက များပြားရတဲ့အထဲ မီတာခက ထပ်ပြီးတော့ တိုးကောက်အုံးမယ်၊ မီတာခတွေက ထပ်ပြီးရင်း ထပ်ပြီးရင်း တက်နေတာတော့ ကုန်ကျစရိတ်တွေမှာ ပိုပြီးအကြပ်အတည်း တွေ့ပြီပေါ့၊ တစ်ခါတလေ ပိုပြီးကောက်တာမျိုးလည်း ရှိတယ်၊ တစ်ရာယူနစ်ကျော်ရင် ငါးဆယ်ဖြစ်ပြီ၊ မီတာခတွေ တိုးကောက်တာမျိုးကတော့ လွန်တာပေါ့။ ကျပ်တည်းနေတဲ့ မိသားစုတွေဆို ပိုဆိုးတာပေါ့"
ဒေါ်ပွင့်မော် (ဒေါပုံမြို့နယ်)

"အိမ်ခြံမြေဈေး၊ အိမ်လခတွေ၊ မီတာခတွေသာ တက်လာတယ်၊ ကျွန်တော်တို့ ၀န်ထမ်းလစာက တက်လာတာ မရှိဘူး။ ဒီကြားထဲ ဘာရီရ စရိတ်တွေပါ တက်လာတော့ ဘယ်လိုမှ ပိုလျှံလောက်ငဖို့ဆိုတာ မဖြစ်နိုင်ဘူး။ အခု မီတာခက ယူနစ်တစ်ရာကျော်တာနဲ့ တစ်ယူနစ်ကို ကျပ် ၅၀ တောင် ပေးရတော့မှာ။ ယူနစ်တစ်ရာ ဆိုတာက အိမ်တစ်အိမ် အတွက်တော့ ဘယ်လိုပဲ လျှပ်စစ်မီး ခြွေခြွေတာတာသုံးသုံး ကျလောက်တဲ့ ယူနစ်အနေအထားပါ။ အရင်ထဲက မီတာခက သုံးသည်ဖြစ်စေ မသုံးသည်ဖြစ်စေ ရှစ်ထောင်ကျော် ကိုးထောင်နီးပါးလောက် ကျတာ၊ ဒီလောက် ငွေက ပိုက်ဆံရှိတဲ့ လူချမ်းသာတွေအတွက် မပြောပလောက်တဲ့ငွေ ဖြစ်ပေမယ့် ကျွန်တော်တို့လို အခြေခံဝန်ထမ်း မိသားစုများအတွက်တော့ မဖြစ်နိုင်တဲ့ ငွေပမာဏပါ"
ဦးခင်ကြိုင် (သာကေတ)

"အခုပြောတာ စီးပွားရေး လုပ်ငန်းတွေကို ပိုတိုးကောက်တဲ့ သဘောပေါ့။ တိုးကောက်တော့ သူတို့ရဲ့ ထုတ်လုပ်မှု ကုန်ကျစရိတ် တက်လာမယ်။ တက်လာတော့ သူ့ပစ္စည်းလည်း ဈေးတက်လာမှာပေါ့။ ဒါလည်း သွယ်ဝိုက်တဲ့နည်းနဲ့ ပြည်သူကို ထိမှာပဲလေ။ ဥပမာ အထည်ချုပ်စက်ရုံ ဆိုပါတော့ အထည်ချုပ် လုပ်သမလေးတွေရဲ့ ၀င်ငွေက တစ်လမှ ၇၀၀၀၀ ကျပ်လောက်ပဲ ရှိတယ်။ ထုတ်လုပ်မှု ကုန်ကျစရိတ်တက်ရင် ၀န်ထမ်းလစာ မတိုးနိုင်ဘူး။ ဒါလည်း ပြည်သူဆီက သွယ်ဝိုက်တဲ့နည်းနဲ့ ပြန်ယူသွားတာပါပဲ"         
အထည်ချုပ် လုပ်ငန်းရှင်တစ်ဦး

"စီးပွားရေးကလည်း အခက်အခဲတွေနဲ့ အကြပ်အတည်းတွေ ဖြစ်နေတဲ့ အချိန်မှာ ရုတ်တရက် မီတာခတွေ တိုးမြှင့်လိုက်တော့ ငွေကုန်ကြေးကျ ပိုများလာတာပေါ့။ အိမ်မှာက သားသမီးတွေရဲ့ ၀န်ထမ်းလစာတွေကလည်း မလောက်ငဘူး။ သွားလာရတဲ့ ခရီးစရိတ်နဲ့တင် လစာကထက်ဝက် ကျိုးနေတာ အခုတော့ မီတာခကပါ ထပ်ပြီးတက်မယ်ဆိုတော့ ပိုပြီးဒုက္ခရောက်ဖို့ပဲ ရှိတော့တာပေါ့။ ကုန်ကျမယ့် စရိတ်တွေကသာ ပိုပြီးများလာတယ်၊ ပိုပြီးလျော့သွားတယ် ဆိုတာမျိုးတော့ မရှိပါဘူး"
မသူဇာ (ကုမ္ပဏီဝန်ထမ်းတစ်ဦး)

"မီတာခ တိုးကောက်တာ ငွေကြေးတတ်နိုင်တဲ့ သူတွေအတွက်ကတော့ ဘာမှမပြောလောက်ပါဘူး။ ဒါပေမဲ့ လူအများအတွက်ကို ကြည့်ပြီးတော့မှ မီတာခ တက်တာကို လုပ်ဆောင်သင့်ပါတယ်။ အခုက တိုက်ခန်းငှားတဲ့ ဈေးနှုန်းတွေတက်တဲ့ ဒုက္ခတွေကို ပြည်သူတွေ ခံစားနေရတဲ့အပြင် အခုမီတာခပါ တက်တယ်ဆိုတော့ တိုက်ခန်းငှားခတောင် တစ်လတစ်လ အနိုင်နိုင် စုနေရတဲ့သူတွေ အဖို့တော့ ရင်လေးစရာပါပဲ။ နောက်ပိုင်းကျရင် ရန်ကုန်ကိုတက်ပြီး တက်လမ်းရှာမယ့် အခြေခံ လူတန်းစား လူငယ်တွေအဖို့ မလာရဲလောက်အောင် ဖြစ်သွားပါမယ်"
ကိုညီနိုင်(ဗဟန်းမြို့နယ်)

"အစိုးရက အသေးစား စီးပွားရေး လုပ်ငန်းတွေ လုပ်သာကိုင်သာရှိဖို့ ထောက်ပံ့ရမယ့်အစား အခုလိုတွေ လုပ်တာက ရေနစ်သူ ၀ါးကူထိုးသလိုပဲ။ ကောင်းမွန်ပြီး မှန်ကန်တဲ့ မူဝါဒတွေ မချဘဲ ဆေးမြီးတိုနဲ့ ကုတာမျိုးကတော့ မကောင်းပါဘူး။ ထစ်ကနဲဆို ပြည်သူဆီက တိုးယူတာကြီးက ပြင်သင့်ပါပြီ။ အစိုးရက အရှုံးပေါ်လို့ ပုဂ္ဂလိကကိုလွှဲမှ ပိုဆိုးလာရင် ပြည်သူတွေပဲ ပိုကျပ်တည်းမှာပါ။ ရေမီးဆိုတာ တကယ့်အခြေခံ လိုအပ်ချက်တွေပါ"
ကိုမောင်မောင်မြင့် (ပုံနှိပ်လုပ်ငန်း လုပ်ကိုင်သူ)

EMG