Saturday, November 23, 2013

ဆီးဂိမ်းပြိုင်ပွဲကာလအတွင်း နေပြည်တော်တွင် လူစုလူဝေးဖြစ်မည်ကို ပြည်ထောင်စုဝန်ကြီးစိုးရိမ်


နေပြည်တော်- ဆီးဂိမ်းဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲနှင့် ဗိုလ်လုပွဲကျင်းပမည့်ရက်များတွင် ရန်ကုန်နှင့် မန္တလေးမြို့များမှ ပရိသတ်များကို ရထား၊ ကားဖြင့် နေပြည်တော်သို့လာရောက်ရန် စီစဉ်ပေးမည်ဖြစ်သော်လည်း နေပြည်တော်တွင် လူစုလူဝေးကြီးဖြစ်မည်ကိုမူ ပြည်ထောင်စုဝန်ကြီးဦးတင့်ဆန်းက စိုးရိမ်လျက်ရှိသည်။

ထိုကဲ့သို့ စိုးရိမ်စိတ်ကြောင့် ရထားများကို ဘောလုံးပွဲစဉ်နှင့် အချိန်ကိုက်ပြေးဆွဲပေးရန် နိုဝင်ဘာ ၂၂ ရက်က သယ်ယူပို့ဆောင်ရေးဆပ်ကော်မတီကို မှာကြားသွားခဲ့သည်။ “ဒီမှာသောင်တင်ကျန်ရစ်ခဲ့ရင်တော့ နေပြည်တော်မှာ တော်တော်အန္တရာယ်များသွားနိုင်ပါတယ်”ဟု ဇေယျာသီရိအားကစားရုံတွင် ကျင်းပသည့် ညှိနှိုင်းအစည်းအဝေး၌ ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်နှင့်မန္တလေးမှ ထွက်ခွာလာမည့်ရထားများကို နေပြည်တော်သို့ ဘောလုံးပြိုင်ပွဲမစတင်မီ နှစ်နာရီခန့်ကြိုတင်ရောက်ရှိရန် အချိန်ကိုက်ဝင်လာရန် လိုအပ်သကဲ့သို့ နေပြည်တော်မှ ပြန်လည်ထွက်ခွာမည့် ရထားများမှာလည်း ဘောလုံးပွဲတွင် အချိန်ပို၊ ပင်နယ်တီများရှိလာနိုင်၍ ပြန်ထွက်ခွာချိန်ကို နာရီနှင့်သတ်မှတ်ခြင်းထက် ပွဲပြီးမှသာ ထွက်ခွာသင့်ကြောင်း ပြောကြားခဲ့သည်။

ပုံမှန်အချိန်သတ်မှတ်ပြီး ထွက်ခွာလျှင် ဘောလုံးပွဲပြီးချိန်နှင့် တိုင်ပင်လွဲပြီး နေပြည်တော်၌ ပရိသတ်များသောင်တင်နေမည်ကို ၀န်ကြီးကစိုးရိမ်ခြင်းဖြစ်သည်။

“သူခိုးကြီးညကလည်း တော်တော်ပျက်စီးသွားတယ်”ဟု ၀န်ကြီးကပြောသည်။

ဆီးမီးဖိုင်နယ်ကို မြန်မာဘောလုံးအသင်း တက်ရောက်မည်ဟု ယုံကြည်ထားသည့်အတွက် ရန်ကုန်နှင့်မန္တလေးမှ ပရိသတ်များလာရောက်အားပေးနိုင်ရန် ရထား၊ ကားများဖြင့် စီစဉ်ပေးမည်ဖြစ်ကြောင်း သက်ဆိုင်ရာအဖွဲ့အစည်းများက တရားဝင်ကြေညာထားသည်။

သို့ရာတွင် ဧည့်သည်ပရိသတ်များနှင့် ဒေသခံပရိသတ်များ စုစည်းမိပြီး အနုတ်သဘောဆောင်သောဖြစ်ရပ်များ ဖြစ်ပေါ်လာမည်ကို တာဝန်ရှိသူများက စိုးရိမ်နေခြင်းဖြစ်သည်။

7Day

ရွှေပြည်သာ အလုပ်သမားဆန္ဒပြ


ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် စက်မှုဇုန်အတွင်းမှာရှိတဲ့ E- Land Myanmar အထည်ချုပ်စက်ရုံက အထည်ချုပ် အလုပ်သမား (၉၀၀) လောက် ဟာ အခြေခံ လုပ်ခလစာ တိုးမြှင့်ရရှိရေးအတွက် စက်ရုံရှေ့မှာ ဒုတိယအကြိမ်အဖြစ် သပိတ်စခန်းဖွင့် ဆန္ဒပြနေကြပါတယ်။ လုပ်သက်အလိုက် အခြေခံလစာ (၃)သောင်း ပတ်ဝန်းကျင်ပဲ ရရှိကြတဲ့ အလုပ်သမားတွေဟာ ရှားပါးစရိတ် အနေနဲ့ ငွေကျပ်(၃)သောင်းထပ်မံတိုးမြှင့်ပေးဖို့နဲ့ အလုပ်သမား အခွင့်အရေး အပြည့်အ၀ပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။ သွားရောက် သတင်းယူထားတဲ့ ကိုစည်သူ က ပြောပြပေးမှာပါ။

ရွှေပြည်သာစက်မှုဇုန်ထဲက E-Land Myanmar အထည်ချုပ်စက်ရုံအလုပ်သမား( ၉၀၀ ) လောက် ဟာ သူတို့ရရှိနေတဲ့ အခြေခံလစာတိုးမြှင့်ရရှိရေးအတွက် စက်ရုံရှေ့မှာ ထိုင်သပိတ်မှောက်ဆန္ဒပြနေကြတာပါ။ တစ်နေ့လုပ်ခ ၉၀၀ နဲ့ ၁၁၀၀ ကြားပဲရရှိကြတဲ့ အလုပ်သမားတွေဟာ သူတို့ရဲ့ စားဝတ်နေရေးအတွက် အခုလိုဆန္ဒပြကြရတာဖြစ်တယ်လို့ ဆန္ဒပြအလုပ်သမားခေါင်းဆောင် ကိုမျိုးမင်းမင်းက ပြောပါတယ်။

"အဓိကလိုချင်တာက ကျနော်တို့က အခြေခံလစာနည်းလို့ဖြစ်တာ။ အခြေခံလစာက Basic ဒိဂျစ်နဲ့တွက်ရင် ကျနော်တို့ထဲမှာ အေပေါ့နော် အေ ပလပ်စ် ဆိုတာ တစ်ခုပဲရှိတယ်။ အော်ပရေတာ။ အခြေခံလစာက ၃၂ လောက်ပဲရှိတယ်။ အခြေခံလစာ။ အဲဒါကို နည်းလို့ သုံးသောင်းထပ်တောင်းတာ။ မပေးဘူး။"

စက်ရုံစတင်လည်ပတ်ခဲ့တဲ့ ၂ နှစ်ကျော်ကာလအတွင်း မပြေလည်တာတွေ သည်းခံခဲ့ပေမဲ့ အလုပ်ရှင်ဖက်ကဖြည့်ဆည်းပေးမှု ဘာမှ မရှိတာကြောင့် ဆန္ဒပြရတာဖြစ်ကြောင်း အင်ဂျင်နီယာဌာနက ကိုထွန်းထွန်းကျော်က ပြောပါတယ်။

"အရင်တုန်းကလည်း ရှိခဲ့တယ်။ ရှိနေကြတယ်။ ဒါပေမယ့် လူတွေက တစ်ဖြေးဖြေးနဲ့ သီးညည်းခံပြီးတော့ လုပ်လာတာ။ အော်သူတို့တွေ တိုးပေးလာမလား။ ကိုယ်တွေကို ပြန်ပြီးတော့ ပြန်ကြည့်လာမလားဆိုပြီးတော့ သီးညည်းခံနေကြတာပါ။ အခု သူတို့တွေကို ကျနော်တို့တွေတောင်းဆိုတယ်။ ချက်ခြင်းကြီး ကျနော်တို့ အပြင်ထွက်တာလည်း မဟုတ်ပါဘူး။ သူတို့အထဲထဲမှာ အေးအေးဆေးဆေး ညှိညှိနှိုင်းနှိုင်းနဲ့ တောင်းဆိုကတည်းက သူတို့တွေက ဘူးခါခဲ့တာ။"

အခုလိုဆန္ဒပြနေကြတာဟာ ဒုတိယအကြိမ်အဖြစ် သပိတ်စခန်းပြန်လည် စတင်တာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အလုပ်ရှင်၊အလုပ်သမား ညှိုနှိုင်းဖြန်ဖြေရေးအဖွဲ့ရဲ့ ညှိုနှိုင်းမှုနဲ့ (၉)ရက်တာ ဆန္ဒပြမှု အောင်မြင်ခဲ့ပြီးကာမှ အလုပ်ရှင်ဖက်က ကတိဖောက်ဖျက်ခဲ့လို့ အခုလိုသပိတ်လှန်ပြီးမှ သပိတ်ပြန်မှောက် ရတာဖြစ်တဲ့အကြောင်း ဆန္ဒပြ အလုပ်သမားတွေ ကပြောပါတယ်။ တောင်းဆို ဆန္ဒပြနေ တာတွေကို လိုက်လျောတဲ့အထိ အစွမ်းကုန် တောင်းဆိုသွားမယ်လို့လည်း ပြောပါတယ်။

"ဘယ်လို ဘယ်အခက်အခဲတွေဖြစ်လာပါစေ။ ညီမတို့မိုးတွေရွာတဲ့ ညမှာလည်း မိုးရွာတောထဲမှာ မတ်တပ်ရပ်ခဲ့ရပါတယ်။ အဲလို ရပ်ခဲ့တယ်။ ရှေ့လျှောက် လာမယ့် အခက်အခဲတွေကိုလည်း ညီမတို့ ဒီသူငယ်ချင်းအားလုံးနဲ့ပဲ လက်တွဲ ပူးပေါင်းပြီးတော့ ရှေ့အထိ ဆက်ချီတက်သွားမှာပါ။ ဘယ် အခက်အခဲတွေပဲ ရှိရှိ။ နောက်ဆုတ် မသွားပါဘူး။ ဒီလို ညီမတို့ကို အောင်မြင်၏။ မအောင်မြင်၏။ မျှော်လင့်ချက်ဆိုတာ မရှိပေမယ့်လည်း ညီမတို့ စိတ်ဓာတ်တွေဟာ နောက်ဆုတ်မသွားဘဲနဲ့ ရှေ့ကိုပဲဆက်ပြီးသွားမှာပါ"

အထည်ချုပ်စက်ရုံ အလုပ်သမားအများစုရဲ့ လုပ်ခလစာဟာ အလွန် နည်းပါးနေပြီး လူတန်းစေ့နေနိုင်ရေး မဆိုထားနဲ့ အခြေခံ စားဝတ်နေရေးတောင် ပြေလည်အောင်ဖြေရှင်းဖို့ ခက်ခဲနေကြတဲ့အကြောင်း အလုပ်သမားအရေး ဆောင်ရွက်ပေးနေတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမြို့နယ်အတွင်းရေးမှူး ဒေါ်မျိုးမျိုးအေးက ပြောပါတယ်။

"တစ်ချိန်တုန်းကကျတော့ ပေါပေါပဲပဲနဲ့ ရသလောက်လေ အဲဒီလို ပိုက်ဆံပေးပြီး ခိုင်းခဲ့တာ မှန်တယ်။ အာဆီယံစံနှုန်းနဲ့ တိုင်းမယ်ဆိုရင် မြန်မာနိုင်ငံက လုပ်ခလစာ အနည်းဆုံးပါ။ ၉၀၀- ၁၀၀၀ ဆိုတာ ဘယ်မှာမှ မရှိဘူး။ ဒါပေမယ့် တို့နိုင်ငံက လူတွေက လုပ်နေကြရတယ်။ ဘာလို့လဲဆိုတော့ ဒီအလုပ် ပျက်သွားရင် နောက်အလုပ်တစ်ခုရှာဖို့ဆိုတာလေ မရှာချင်ကြတာရယ်။ ဖြစ်ပြီးမှ မထူးတော့ဘူး။ ဒီစက်ရုံဝင်ပြီးမှပဲဆိုပြီးတော့ နှမျောတယ်ပေါ့နော်။ သူ့ရဲ့ လုပ်နေတဲ့ လုပ်သက်နှစ်ကို နှမျောပြီးတော့ နေကြတာပဲ။ တကယ်ဆိုလို့ရှိရင် ဒီ ကျန်တဲ့နေရာတော့မသိဘူး ဒီရွှေပြည်သာကတော့ တော်တော်များ တစ်ချို့ ဘေ့စစ်ကြေးက နှစ်သောင်းခွဲလောက်ပဲရှိတယ်။ အဲဒီလောက်နဲ့ ကုတ်ကပ်ပြီး လုပ်နေကြရတာ။ ဘယ်သူလုပ်နိုင်မလဲ။ အပြင်မှာ နှစ်သောင်းခွဲ ဆိုတာ တစ်ချို့လူတွေတစ်နေ့ တစ်ဝိုင်းစာ မရှိပါဘူး။ အဲတာကို အလုပ်သမားတစ်ယောက်က တစ်လ သူ့ဘဝအတွက်လေ ပေးပြီး လုပ်နေကြရတာ။ အစိုးရအဖွဲ့က ဒါကို ညှိညှိနှိုင်းနှိုင်းနဲ့ပေါ့နော်။ အမတို့က နွေတုန်းက ဆန္ဒဖော်ထုတ်လိုက်တယ်။ သုံးထောင်ကို တကယ်ဖြစ်စေချင်တယ်။ ဖြစ်အောင်လည်း တွန်းအားပေးမှာပါ"

၂၀၁၂ ခုနှစ် နှစ်ဆန်းပိုင်းက စတင်ခဲ့တဲ့ အခြေခံလစာတိုးမြှင့်ပေးရေး ဆန္ဒပြတောင်းဆိုမှုတွေကြောင့် အလုပ်သမားဝန်ကြီးဌာနအနေနဲ့ စက်ရုံ အလုပ်ရုံတွေကို အလုပ်သမားတွေအတွက် အခြေခံလစာ တိုးမြှင့်ပေးရေး ညွှန်ကြားခဲ့ပေမယ့် လိုက်နာမှုမရှိတဲ့အတွက် အခုလို ဆန္ဒပြတာတွေ ပြန်လည်ဖြစ်ပေါ်နေတာလည်း ဖြစ်ပါတယ်။

VOA

ကြော်ငြာလွန် ဆေးခန်းများ၏ ဓားစာခံအသစ်


ဒေါ်ဖြူဖြူအေး တစ်ယောက် ခွဲစိတ်ခန်းဟု အမည်တပ်ထားသော အခန်းကျဉ်းထဲတွင် နာကျင်မှု ဝေဒနာကို ငရဲပမာ ခံစားနေရသည်။ မျက်စိထဲတွင် ဆေးခန်းကြော်ငြာ စာစောင်ထဲက မနာမကျင် သွေးမထွက်အောင် ၁၀ မိနစ်အတွင်း ခွဲစိတ် ကုသပေးမည် ဆိုသည့် စာသားကို မြင်ယောင်ပြီး အံကြိတ် တောင့်ခံခဲ့သည်။

နယ်က ခရီးသွား ဧည့်သည်မို့ ရန်ကုန်မြို့တွင် ဆေးရုံတက် ကုသချိန် မရသည်က တစ်ကြောင်း၊ လိပ်ခေါင်း ရောဂါကြောင့် အရှက်ရသည်က တစ်ကြောင်းမို့ အစိုးရ ဆေးရုံနှင့် အခြားပုဂ္ဂလိက ဆေးရုံများသို့ မသွားဘဲ အိမ်တိုင်ရာရောက် ကြော်ငြာထားသော လသာမြို့နယ် အတွင်းရှိ ခေတ်မီ ဆေးကုခန်းသို့သာ သွားရောက် ပြသခဲ့သည်။

ဆေးခန်း ရောက်ကတည်းက ဗမာ လူမျိုးဆိုတာ မမြင်ခဲ့ရသလို ဆရာဝန် ဆိုလျှင်လည်း ဆေးခန်းအဝတွင် ချိတ်ဆွဲထားသော ဗမာဆရာဝန် နာမည်ဆိုင်းဘုတ် သုံးခုသာ တွေ့ပြီး ဆေးခန်းထဲတွင် တရုတ်လူမျိုး ဆရာဝန်၊ သူနာပြုများသာ တွေ့ရသည်။

သို့သော် ခွဲစိတ်ခန်းဝင်ချိန်နှင့် ဆရာဝန် ပြချိန်ဆိုပါက ဘာသာပြန်နှင့် အပြန်အလှန် ပြောခွင့်ရသည်။ ကုန်ကျစရိတ်မှာလည်း ဆရာဝန်နှင့် ပြသချိန်က ကျပ် သုံးသိန်းသာ ကုန်ကျမည်ဟု သိထားခဲ့ရ သော်လည်း လက်တွေ့ ခွဲစိတ်ခန်းမှ ထွက်ချိန်တွင်မူ နောက်ဆက်တွဲ ကုသစရိတ်များ ပါဝင်လျှင် စုစုပေါင်း ကျပ် ၁၁ သိန်းခန့် ကုန်ကျမည်ဟု တရုတ်လူမျိုး ဆရာဝန်နှင့် ဘာသာပြန်က ဆိုသည်။

ယခင်က ဆေးခန်းက ဆေးဆက်လက် ကုသရန် တိုက်တွန်းခဲ့သော်လည်း ၎င်း အနေဖြင့် ခွဲစိတ်ပြီး နောက်ဆက်တွဲ ဆေးထည့်ရန်မှာ ကုန်ကျစရိတ် များပြီး ခရီးသွားဧည့်သည် ဖြစ်၍ ငွေကြေး မလုံလောက်ကြောင်း ပြောရာတွင် ပိုက်ဆံ မရှိပါက မကုသနိုင်ကြောင်း ဆေးခန်းက အကြောင်းပြန်သည့် အတွက် အသက် ၄၅ နှစ်အရွယ် လိပ်ခေါင်း ရောဂါသည် ဒေါ်ဖြူဖြူအေး အံ့အားသင့်ခဲ့သည်။
တစ်ဖက်တွင်လည်း ၎င်း ခွဲစိတ်ခဲ့သည့် ခေတ်မီဆေးခန်း တာဝန်ရှိသူများက ဆေးခန်းတွင် ဗမာလူမျိုး ဆရာဝန် လေးဦး ရှိကြောင်း၊ ဆေးကုသ စရိတ်မှာလည်း လူနာ၏ ရောဂါအခြေအနေပေါ် မူတည်ပြီး အနည်းဆုံး ကျပ်ငါးသိန်းမှ ဆယ်သိန်း ဝန်းကျင်အထိ ကုန်ကျကြောင်း The Voice သို့ ပြောကြားခဲ့သည်။

မည်သို့ပင်ဆိုစေ ဒေါ်ဖြူဖြူအေး တစ်ယောက် မိမိကဲ့သို့ ရောဂါဝေဒနာရှင် များစွာ ယင်းဆေးခန်းတွင် လာရောက် ကုသနေသည်ကို တွေ့ရသည်။ ၎င်းတို့ထဲတွင် ရန်ကုန်မြို့ နေထိုင်သူများသာမက နယ်ဝေးမှ ရန်ကုန်သို့ လာရောက် ကုသသူများလည်း ရှိကြောင်း အထွေထွေရောဂါကု ဆရာဝန် တစ်ဦးက ဆိုသည်။

ရန်ကုန်မြို့တွင် ဖွင့်လှစ် ကုသနေသော အဆိုပါဆေးခန်း အများစုသည် လိင်အင်္ဂါနှင့် ဆက်နွှယ်သော ရောဂါများကို အဓိက ကုသကြပြီး သွားရောက် ကုသကြသူ အများစုမှာ လိပ်ခေါင်း ဝေဒနာရှင်များ ဖြစ်ကြကြောင်း မျက်မြင် ကြုံတွေ့ဖူးသူ အချို့က The Voice သို့ ပြောကြားသည်။

အရှက်အကြောက် ကြီးသော မြန်မာ လူမျိုးများအတွက် လိပ်ခေါင်းရောဂါ ခံစားရလျှင် နီးစပ်ရာ လိုင်စင်ရ မြန်မာ ဆရာဝန်များကို သွားရောက် ပြသမည့်အစား ပုန်းလျှိုး ကွယ်လျှိုး ကုသနေကြသော နိုင်ငံခြားသား ဆရာဝန်များထံ သွားရောက် ကုသခြင်းသည် အသက်အန္တရာယ်အထိ ခြိမ်းခြောက် နိုင်ကြောင်း အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာသီဟသစ်က သတိပေး ပြောကြားသည်။

လိပ်ခေါင်းရောဂါ လက္ခဏာ အချို့မှာ ဝမ်းသွားပါက သွေးပါခြင်း၊ အထိုင်များလျှင် စအိုက နာကျင်ခြင်း၊ စအိုမှ သွေးကြောထုံး အပြင်ထွက်လာခြင်း အပြင် အခါအားလျော်စွာ သွေးကြောထုံးက သွေးထွက်ခြင်းကြောင့် သွေးအားနည်း ရောဂါနှင့် သံဓာတ် ချို့တဲ့ခြင်းတို့ ဖြစ်နိုင်ကြောင်း ၎င်းက ရှင်းပြသည်။

ယခင်က လှုပ်ရှားမှု နည်းသော သက်ကြီးပိုင်းတွင်သာ ဖြစ်သော်လည်း ပြောင်းလဲလာသော နေထိုင်မှု စနစ်ကြောင့် လူငယ်ပိုင်းတွင်လည်း ပိုဖြစ်လာကြကြောင်း ဒေါက်တာသီဟသစ်၏ ပြောကြား ချက်များအရ သိရသည်။

ဒေါ်ဖြူဖြူအေးကလည်း တာချီလိတ်-ရန်ကုန် ခရီးကို အဝေးပြေးကားနှင့်လာစဉ် လိပ်ခေါင်းဝေဒနာ ပိုပြင်းထန်လာသောကြောင့် ၁၀ မိနစ်အတွင်း မနာမကျင် ခွဲစိတ်ပေးမည်ကို ယုံကြည်၍ သွားရောက် ကုသမိခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ ဆေးကောင်စီက နိုင်ငံခြားသား လိုင်စင်မဲ့ ဆရာဝန်များ ဆေးကုသမှု ပိုများလာသည့် အတွက် ထုတ်ပြန်ချက် တစ်စောင်ကို ယခုနှစ် မတ်လ ၁၁ ရက်နေ့တွင် နိုင်ငံပိုင် သတင်းစာများက တစ်ဆင့် ထုတ်ပြန် ကြေညာထားသည်။ အဆိုပါ လိုင်စင်မဲ့ ဆေးကုသမှုများကို စစ်ဆေးတွေ့ရှိပါက ထောင်ဒဏ် ငါးနှစ် အပြင် ငွေဒဏ်လည်း ချမှတ်မည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် တစ်ပါတည်း ဖော်ပြသွားသည်။

သို့သော် လက်တွေ့ အကောင်အထည် ဖော်မှုပိုင်း အားနည်းချက်ကြောင့် လိုင်စင်မဲ့ ဆရာဝန်များ ဆက်လက် ရှိနေသည့် အတွက် လိုင်စင်မဲ့ ဆေးကုသမှုများနှင့် အလွန်အကျွံ ကြော်ငြာသည့် ဆေးကုခန်းများကို တားဆီးရန် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က ယခုနှစ် ဇွန်လလယ်ခန့်တွင် ပုဂ္ဂလိက အထူးကုဆေးခန်း ငါးခုခန့်ကို သွားရောက် စစ်ဆေးခဲ့သည်။
ရန်ကုန်တိုင်း အစိုးရအဖွဲ့ စစ်ဆေးမှုတွင် ခေတ်မီ ဆေးကုခန်းလည်း ပါဝင်ကြောင်း ယင်းဆေးခန်း တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

အစိုးရအဖွဲ့ တာဝန်ရှိသူများက ပုဂ္ဂလိက ဆေးခန်းများတွင် မှတ်ပုံတင် မရှိသော ဆေးနှင့် ဆေးပစ္စည်းများ စစ်ဆေးခြင်း၊ ဆေးကောင်စီနှင့် တိုင်းရင်းဆေးကောင်စီ မှတ်ပုံတင် ရှိ၊ မရှိ စစ်ဆေးခြင်း တို့ကို ပြုလုပ်ခဲ့ကြောင်း ယခုနှစ် ဇူလိုင်လခန့်တွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူ တစ်ဦးက The Voice သို့ ဆိုသည်။
သို့သော် ယခုအချိန်ထိ ကြော်ငြာလွန်းသော ဆေးကုခန်းများနှင့် လူစည်ကားရာ နေရာများတွင် မနာမကျင် ကုသပေးမည် ဆိုသော လိပ်ခေါင်းရောဂါ ဆေးကုခန်း လက်ကမ်းကြော်ငြာ များစွာ တွေ့ရှိနေရသေးသည်။

ယင်းကြောင့် လိပ်ခေါင်း ဝေဒနာရှင်များ ကိုယ်တိုင် သတိမူကာ လုံခြုံစိတ်ချရပြီး ကျန်းမာရေး ဝန်ကြီးဌာန အာမခံချက်ရှိသော ဆေးကုခန်းများကို ရွေးချယ်သင့်ကြောင်း၊ မိမိကုသမည့် ဆရာဝန်ကိုလည်း လိုင်စင်ရ ပြည်တွင်း၊ ပြည်ပ ဆရာဝန်များ ဟုတ်၊ မဟုတ် စိစစ်ပြီးမှသာ ကုသကြရန် လိုအပ်ကြောင်း အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာသီဟသစ်က အကြံပြု ပြောဆိုသည်။

ကျန်းမာရေး ကုသစရိတ်ကြီးသော ရန်ကုန်မြို့ကြီးတွင် ဝန်ဆောင်မှု အပြည့်နှင့် ဆေးကုသပေးနေသော ပုဂ္ဂလိက ဆေးကုခန်းများ ရှိသကဲ့သို့ ဝန်ဆောင်မှု လျော့ရဲပြီး လူနာ အသက်အန္တရာယ် အတွက် အာမခံချက် မရှိသော ဆေးခန်း များစွာလည်း ကျန်ရှိနေသေးကြောင်း ဒေါ်ဖြူဖြူအေး၏ ကိုယ်တွေ့ဖြစ်ရပ်က သက်သေခံနေသည်။ ယခုထိလည်း ဒဏ်ရာဆီက တစ်ချက် နာကျင်တိုင်း ဒေါ်ဖြူဖြူအေးတစ်ယောက် ရိုက်စား ဆေးခန်းများအကြောင်း ခါးခါးသီးသီး ထပ်မံ ညည်းညူမိတော့သည်။

“ခွဲစိတ်ခါနီးထိ နားကြပ်နဲ့ တိုင်းတာ တစ်ခုမှ မရှိဘူး။ သွေးပေါင်ချိန် တိုင်းတာလည်း မရှိဘူး။ မတည့်တဲ့ဆေး ဘာညာ မေးတာလည်း တစ်ခုမှ မရှိဘူး...”

ရန်ကုန်မြို့သို့ လာရောက်လည်ပတ်ရင်း လိပ်ခေါင်းဝေဒနာ ပြင်းထန်လာ သည့်အတွက် ခွဲစိတ်ကုသခဲ့ရသူ တာချီလိတ်မြို့နေ ဒေါ်ဖြူဖြူအေးနှင့် တွေ့ဆုံမေးမြန်းချက် များထဲမှ အချို့ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

Voice : ဒီဆေးခန်း သွားပြဖြစ်တဲ့ အကြောင်းကို ရှင်းပြပေးပါ။

DPPA : ဆေးခန်းသွားပြတဲ့ နေ့ကတည်းက ကျွန်မ ခရီးသွားရင်းနဲ့ လိပ်ခေါင်း ဖြစ်လို့ အရမ်း ခံစားနေရတယ်။ လေးရက်ရှိပြီး သွေးထွက်တာနဲ့၊ အရမ်းနာကျင်တာနဲ့ ဆေးခန်း လာပြတာပါလို့ ပြောတော့ စာအုပ် လုပ်ရမယ်။ ငါးထောင် (ကျပ်) ကျတယ်တဲ့။ စာအုပ်ဖိုးငါးထောင် ဆိုတော့ စာအုပ် လုပ်လိုက်တယ်။ နောက်တော့ ဆရာဝန်နဲ့ တွေ့ဖို့ ငါးထောင် (ကျပ်) ထပ်ပေးပါတဲ့။ ဆရာဝန် စစ်ဆေးကြည့်မှ ရောဂါအခြေအနေ သိရမယ် ဆိုပြီး ဆရာဝန် လာစစ်တယ်။ အဲဒီမှာ ဆရာဝန်က တရုတ်လူမျိုး။ မြန်မာစကား လုံးဝ မတတ်ဘူး။ ခေါ်သွားတဲ့ ဆရာမလေးက ဗမာလို ဘာသာပြန်ပေးတယ်။ ဆရာက ခွဲစိတ်မှ ရမယ်လို့ ပြောတော့ သူတို့ဘာသာ ပြန်တယ်။ ခြောက်သိန်းကျမယ် ဆိုတော့ ကျွန်မ ပိုက်ဆံ မပါဘူး။ ကျွန်မကို အချိန် တစ်ရက်ပေးပါလို့ ပိုက်ဆံ ရှာရဦးမှာ မို့လို့လို့ ပြောတော့ မနက်ဖြန် လာခွဲနိုင်တယ် ဆိုရင် ဒီနေ့ ဆေးထည့်ပေးလိုက်မယ်၊ သုံးသောင်း ပေးခဲ့တဲ့။ တကယ်လို့ မနက်ဖြန် လာခွဲဖို့ အဆင်ပြေရင် ကြော်ငြာ စာအုပ်လေးလည်း ပါတော့ သုံးသိန်းပဲ ပေးပါ။ ၅၀ ရာခိုင်နှုန်း လျှော့ပေးလိုက်မယ် ပြောတယ်။ ကျွန်မလည်း နှစ်သိန်းပါလာတော့ ဒီနေ့ ခွဲလို့ရမလား မေးလိုက်တော့။ ရတယ် သုံးသိန်းရရင် အဆင်ပြေတယ် ပြောတယ်။ အဲဒီနေ့ပဲ တစ်ခါတည်း ဖြတ်လိုက်တယ်။

Voice : ခွဲစိတ် ကုသတော့ သူတို့ဘက်က ဘယ်လို ဝန်ဆောင်မှုတွေ ပေးလဲ။

DPPA : ခွဲစိတ်ခါနီးထိ နားကြပ်နဲ့ တိုင်းတာ တစ်ခုမှ မရှိဘူး။ သွေးပေါင်ချိန် တိုင်းတာလည်း မရှိဘူး။ မတည့်တဲ့ဆေး ဘာညာ မေးတာလည်း တစ်ခုမှ မရှိဘူး။ ပိုးသတ်ဆေးပါတဲ့ ဝတ်စုံတွေလည်း လဲပေးတာ မရှိဘဲနဲ့ အခန်းထဲကို ဝင်ခိုင်းပြီး ခွဲမယ် ပြောတယ်။

Voice : အစိုးရဆေးရုံတွေ ရှိရက်နဲ့ ဘာကြောင့် ဒီဆေးခန်းကို ရွေးဖြစ်တာလဲ။

DPPA : ဆေးရုံလည်း မတက်ချင်ဘူး။ နာနာကျင်ကျင် ခွဲစိတ်ရမှာကိုလဲ မခံစားနိုင်ဘူး။ တကယ် ခွဲစိတ်တော့လည်း အင်မတန် နာပါတယ်။ ဒီဆေးခန်း ကြော်ငြာစာအုပ် တွေကလည်း အိမ်တိုင်ရာရောက် လိုက်ကမ်းလှမ်းတာ။ ကိုယ့်လည်း ရောဂါဖြစ်တဲ့ အချိန်နဲ့ တိုက်ဆိုင်သွားတော့ တခြားလည်း မေးမြန်းဖို့လည်း ရှက်တယ်လေ။ နာကျင်လွန်းလို့ အရေးပေါ် လက်လှမ်းမီရာကိုပဲ သွားခဲ့ရတာ။

The Voice

စီးပွားရေးမှာ အမြဲတမ်းရန်သူမရှိ


နိုင်ငံရေးမှာ အမြဲတမ်းရန်သူ မရှိဘူးဆိုတဲ့ စကား ကြားဖူးတယ်။ ဒီမနက်တော့ စီးပွားရေးမှာလည်း အဲသလိုပဲ အမြဲတမ်းရန်သူမရှိသင့်ဘူး ဆိုတဲ့သဘော ဆင်ခြင်မိပါတယ်။

 ရန်ကုန်  ၄၆ လမ်း စာနယ်ဇင်းဈေးကွက်ထဲက ဖြန့်ချိရေးဆိုင်တခုမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပိုစတာကြီးတွေ ချိန်ဆွဲထားတာ တွေ့ခဲ့ရပါတယ်။

သူရိယနေဝန်းဂျာနယ်ကို မဖြန့်ဘူး မရောင်းဘူး ဆိုတဲ့ ပိုစတာတွေပါ။ အဲဒီဂျာနယ်က ပြဿနာဂျာနယ်လို့လည်း ဆိုထားတာပါ။
ဘာကြောင့် အဲဒီလို ကြေညာရတာလဲ၊ အငြင်းပွားဖွယ်ဂျာနယ် ဖြစ်နေတာကြောင့်လား၊ ဆိုင်ရှင်ကို မေးကြည့်ပါတယ်။

အဖြေကတော့ ... ဂျာနယ်က  သူတို့ဆီကို မှာထားသလောက် မရောက်ဘူး၊ တချို့ဆိုင်တွေကိုတော့ ရောက်တယ်၊ ဒါကြောင့် ဖြန့်ချိရေး လုပ်ကိုင်ရာမှာ အခက်အခဲ ရှိတယ်၊ ပြဿနာတက်တယ် လို့ ရှင်းပြပါတယ်။

ဈေးကွက်က အပြိုင်အဆိုင်သဘော ဖြစ်တာကြောင့် မှာထားသလောက် လာမပေးရင်ပြဿနာ တက်ပြီပေါ့၊ ဒီတော့ အဲသလို ကြေညာတာဟာ သဘာဝကျပါတယ်လေ လို့ တွေးမိပါတယ်။ ဧရာဝတီဘလော့ မှာ ရေးဖို့ မေးခဲ့ ဓာတ်ပုံရိုက်ခဲ့ပါတယ်။



အဲ ... အဲဒီနေရာ ဒီကနေ့ စနေမနက် ရောက်တော့ ရာသီဥတု အပြောင်းအလဲဖြစ်နေပါပြီ။
ဟိုနေ့က ပြဿနာ .... ဆိုတဲ့ ပိုစတာများနေရာမှာ - စနေနေ့ထုတ် သူရိယနေဝန်းကို ကျပ် ၅ဝဝ နဲ့ အားပေးဝယ်ယူနိုင်ပြီလို့ ရေးထားတဲ့ ပိုစတာတွေက အစားထိုး နေရာယူနေပါတယ်။

အင်း...ဂျာနယ်တိုက် နဲ့ ဖြန့်ချိရေးဆိုင်တခုကြားမှာ တွေ့ဆုံဆွေးနွေး အဖြေရှာလိုက်နိုင်ပြီလို့ တွေးလိုက်မိပါတယ်။

ဒေါသသင့် ပဋိပက္ခဖြစ်တဲ့အခြေအနေကနေ ပြန်လည် ရင်ကြားစေ့သင့်မြတ်ရေးအခြေအနေကို အချိန်မရွေး ပြောင်းလဲနိုင်ပါလားလို့လည်း တွေးမိပါတယ်။
စီးပွားရေးမှာ အမြဲတမ်းရန်သူမရှိဘူးလို့လည်း ဆိုနိုင်မယ် ထင်ပါတယ်။

ဒီဂျာနယ်က ဟိုတလောကပဲ ၆၀၀/၇၀၀ နဲ့ ရောင်းနေတဲ့ ဂျာနယ်ပါ။ သူတပါးဂျာနယ်များထက် ၁၀၀/၂၀၀ ပိုတဲ့ ဂျာနယ်ပါ။
ရန်ကုန်မှာ ခုချိန်ထိလည်း အရောင်းသွက်နေပါတယ်။ ဈေးကတော့ ၅၀၀ ရောင်းတဲ့နေရာ ရှိသလို ၆၀၀ ရောင်းတဲ့နေရာ ရှိပါတယ်။

သူ ပစ်မှတ်ထားတဲ့ စာဖတ်ပရိသတ် ဘာကိုစိတ်ဝင်စားတယ် ဆိုတာလည်း သဘောပေါက်ပုံရပါတယ်။

အွန်လိုင်းပရိသတ်အတွက်တော့ ဒီဂျာနယ်မှာ စိတ်ဝင်စားစရာ သိပ်မရှိပါ။ ဂျာနယ်မှာ ခပ်ကြီးကြီးထည့်ထားတဲ့ပုံတွေကို အွန်လိုင်းမှာ မကြာခဏဆိုသလို မြင်ခဲ့ရပြီးဖြစ်လို့ပါ။
အွန်လိုင်းမသုံးတဲ့ပရိသတ်ကတော့ ဒီဂျာနယ်ကို ပိုပြီး စိတ်ဝင်စားကြလိမ့်မယ်လို့ ထင်ပါတယ်။


 ဧရာဝတီ

မြန်မာလူငယ်တစ်ဦး စင်္ကာပူအွန်လိုင်းမီဒီယာတို့ စွပ်စွဲခံရ



Stomp လို့အမည်ရတဲ့ စင်္ကာပူမှာ ဆိုရှယ် သတင်းမီဒီယာ ဝဘ်ဆိုဒ်ပေါ်မှာ နာမည်ကြီးနေတဲ့ သတင်းတစ်ခု ဖြစ်ပါတယ်။ စင်္ကာပူ စစ်မှုထမ်း ( NS ) လူငယ် တစ်ယောက် MRT ရထားပေါ်မှာ ရေသောက် နေတာကို ဓာတ်ပုံရိုက်ပြီး Stomp ပေါ်မှာတင်လိုက်တာကြောင့် ၂ ရက်အတွင်း ကြည့်ရှုသူ ၁သိန်း၂သောင်း ကျော်ခဲ့ပါတယ်။

စင်္ကာပူက MRT ရထားပေါ်မှာ အစေားအသောက်စားခြင်း၊ အအေး၊ အဖျော်ယာမကာ၊ ရေ သောက်ခြင်း လုံးဝ ခွင့်မပြုထားပါဘူး။ ဒီအတွက် လည်း စည်းကမ်းထိန်းသိမ်းရေးတို့ကတွေ့ရင် ဖမ်းဆီး အရေးယူးပါတယ်။ MRT ရထားမှရယ်လို့ မဟုတ်ပဲ ဘတ်စ်ကားပေါ်မှာပါ စားသောက်ခွင့် လုံးဝ ခွင့်မပြုထားပါဘူး။ ဒါကို စစ်မှုထမ်းပြီး ပြန်လာတဲ့ စင်္ကာပူနိုင်ငံသား NS လူငယ်တစ်ယောက် ရေသောက်နေတာကို ဓာတ်ပုံရိုက်ပြီး လူတစ်ယောက် က Stomp မှာတင်ခဲ့ ပါတယ်။

တင်တဲ့သူက သူ့ရဲ့  Nick Name ကို Hopimgu လို့ပေးထားပါတယ်။ ဒါကို Twitter မှာရှာလိုက်တော့ အမည်တူတဲ့ မြန်မာ လူငယ် တစ်ဦးကို သွားတွေ့ပြီး Facebook မှာလည်း သွားတွေ့ ပါတယ။် Min Thet Naing လို့ အမည်ရတဲ့ လူငယ် ဖြစ်ပြီး မြန်မာရွေ့ ပြောင်းလုပ်သား၊ ကျောင်းသားများကို ဘယ်ချိန်ကတည်း ကရွံ မုန်းနေမှန်းမသိတဲ့ စင်္ကာပူ နိုင်ငံသား Internet user များက ဆိုးရွားတဲ့ ဝေဖန်ချက်အမျိုးမျိုးပေးပါတော့တယ်။

NS က စစ်မှုထမ်းအနေနဲ့ တိုင်းပြည် ကာကွယ်ဖို့ အသက်ပေးရတာမို့ ရထားပေါ်မှာ ရေသောက်တာ လက်ခံပေးနိုင်ကြောင်း ခွင့်ပြုနိုင်ကြောင်း ၎င်းတို့ နိုင်ငံသားများက ထောက်ခံ ဖြည့်တွေးပေးကြ ပါတယ်။ သို့ပေမယ့် Post တင်သူ Hopimgu ကိုတော့ အပြင်းအထန် ကန့်ကွက်ဝေဖန်ပြီး ဆိုးရွားလှတဲ့ comment များလည်း တွေ့ရ ပါတယ်။


သတင်း ဖတ်ရှုရန် -

Yesterday (22 Nov) a photo was posted to STOMP, depicting an NSF drinking water from his SAF water bottle in the MRT.

The person who submitted the photo went by the moniker ‘Hopmingu’ and he complained about the NSF drinking on the train despite no food or drinks being allowed on the train.

The Stomper wrote “We all understand that drinking and eating are not allowed on the train and the stations, right?  … It's not nice to see NS guys breaking the rules while in uniform.”

It seems that the public generally didn’t agree with ‘hopmingu’ as people scolded him saying that it was ok for an NSF to drink water on the train.

One netizen commented:

    “He is drinking water cause he is thirsty from all the training he is doing to PROTECT OUR COUNTRY!!!”

Many netizens complained about the stomp post on popular online forums such as HardwareZone and some forumers took it upon themselves to CSI the guy who posted it.

Based on the Stomp moniker of ‘hopmingu’ netizens from HWZ were able to find a twitter account of Min Thet Naing whose twitter is @hopmingu.

There was also a link to his facebook profile which showed that Min Thet Naing is a Burmese ‘FT’ who studied in Singapore’s MDIS in the class of 2013.

 People found his photos from his facebook and posted them to forums, questioning whether he even served NS himself or not:

Many Singaporeans are angry that foreigners are allowed to come to Singapore freely and when they get here, they laugh at and step all over Singaporeans who have to serve NS.

Netizens expressed that the NSF was just drinking water and it was from a water bottle that was unlikely to spill. There was nothing worth taking a picture of.

Others also criticised stomp for posting such a rubbish story.

Meanwhile, Stomp believes that it is the best in online media:

ဒီတော့ ကာယကံရှင်ကို ရိုးရာလေးက စာပို့ဆက်သွယ် မေးမြန်းလိုက်ချိန်မှာ သူဟာ Stomp မှာ အကောင့်လည်း မဖွင့်ဖူးကြောင်း၊ ယင်းသတင်းလည်း မရေးကြောင်း၊ ဓာတ်ပုံလည်း သူမရိုက်ရကြောင်း၊ ပိုပြီးတော့ ထင်ရှားတဲ့အချက်တစ်ခုကတော့ သူဟာ စင်္ကာပူမှာ မဟုတ်ပဲ မြန်မာပြည်က Forever Group မှာ အလုပ် လုပ်ကိုင်နေသူ ဖြစ်ကြောင်း သိရ ပါတယ်။ စင်္ကာပူမှာ ကျောင်းတက် ခဲ့ဖူးပေမယ့် ယခု မြန်မာပြည်မှာ ရှိနေသူ ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် အသစ်လုပ်တဲ့ Passport နဲ့ ဘယ်နိုင်ငံခြားခရီးစဉ်မှ မသွားရသေးကြောင်း ဆိုပါတယ်။

ဒီတော့ သွားပုပ်လေလွင့်တဲ့ The Real Singapore ဝဘ်ဆိုဒ်မှာ စင်္ကာပူများ က ထောက်ခံအားပေးပေမယ့် ရွှေ့ ပြောင်းလုပ်သား နဲ့ မြန်မာလူမျိုး များကတော့ အတော်လေး ပြင်းထန် ရှုံ့ ချနေပါပြီ။ မင်းသန့်နိုင်လို့ အမည် ရတဲ့ မြန်မာလူငယ်အနေနဲ့ ယခုလို အသရေအဖျက်ခံရမှုအတွက် တရားဝင် တရားစွဲဖို့လည်း အစီအစဉ် ရှိကြောင်း ဆိုပါတယ်။

စင်္ကာပူမှာတော့ နိုဝင်ဘာလ ၂၂ ရက်နေ့က တင်လိုက်တဲ့ သတင်းကြောင့် မို့ ရွှေ့ ပြောင်းလုပ်သား၊ ရွှေပြောင်း နေထိုင်သူများကိ မလိုလားတဲ့ စင်္ကာပူ နိုင်ငံသားများက ကန့်ကွက်မှု၊ လှုံ့ဆော်မှုများ ပြုလုပ်နေပါတယ်။ ယခု ပြဿနာက စင်္ကာပူရောက်နေတဲ့ မြန်မာလူမျိုး လူများစုကို သွားရောက် ထိခိုက်စေနိုင်ပါတယ်။ လက်ရှိမှာ ကာယကံရှင်ကိုယ်တိုင် ယင်းသတင်း မှားယွင်းကြောင်း အများသိအောင် ရိုးရာလေးကို ယခုလို ဖြေကြား ပေးခဲ့ခြင်း ဖြစ်ပါတယ်။

.
အောင်ခမ်း ( ရိုးရာလေး )

Friday, November 22, 2013

၇ နှစ်အရွယ် မိန်းကလေးကို မုဒိန်းကျင့်ရန် ကြံစည်သူ ကျောင်းဆရာ



အသက် ခုနစ်နှစ်ခွဲသာ ရှိသေးသည့် နှစ်တန်းကျောင်းသူကို အဓမ္မပြုကျင့်ရန် ကြံစည်ပြီး ထွက်ပြေး တိမ်းရှောင်နေ သည့် ကျောင်းဆရာကို ဖမ်းဆီးရမိပြီဖြစ်ပြီး တရားစွဲတင်ထားသည်ဟု ထန်းတပင်ရဲစခန်းက ဆိုလိုက်သည်။

အဆိုပါ အမှုကို ကိုင်တွယ်နေသည့် ရဲအုပ် ၀င်းညွန့်က “အဲဒီကျောင်းဆရာကို မိထားပြီးပါပြီ၊ အခု တရားစွဲ တင် ဆောင်ရွက်ထားပါတယ်” ဟု အောက်တိုဘာ ၁၇ ရက်က မဇ္ဈိမ၏ မေးမြန်းမှုကို အတည်ပြုပြောခဲ့ သည်။

အဆိုပါ တိုင်တန်းမှုမှာ ထန်းတပင်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ခုတွင် လွန်ခဲ့သည့် စက်တင်ဘာ ၈ ရက် ညက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကာယကံရှင်မိသားစုက စက်တင်ဘာ ၉ ရက်နေ့တွင် အမှုဖွင့်တိုင်တန်းထားခြင်း လည်းဖြစ်သည်။

ကျေးရွာတွင် ကျူရှင်ဆရာအဖြစ် သင်ကြားပေးနေသော ကျောင်းဆရာတစ်ဦးထံ ကလေးငယ်အား ပညာ သင်ကြားပေးရန်အတွက် အပ်နှင်းထားရာမှ ယခုကဲ့သို့ ကြံစည်ခံရခြင်းဖြစ်သည်ဟု ကြံစည်ခံရသူ ကလေး ငယ်၏ အဖွားဖြစ်သူက အခင်းဖြစ်စဉ် ရက်ပိုင်းအတွင်းတွင် မဇ္ဈိမကို အတည်ပြု ပြောပြထားသည်။

“ကျွန်မတို့ အဲဒီကျောင်းဆရာကို အဓမ္မပြု ကျင့်မှုနဲ့ အမှုဖွင့် တိုင်တန်း ထားပါတယ်” ဟု အဖွားဖြစ်သူက ပြောပြခဲ့သည်။

ယင်းနေ့ညက ၇နာရီခွဲကျော် အချိန်ခန့်တွင် သမီးငယ်လေးအား စာသင်ကြားပေးနေသော အဆိုပါ ကျောင်း ဆရာက နေအိမ်မီးဖိုခန်းအတွင်းသို့ ခေါ်ဆောင်သွားပြီး အဓမ္မပြုကျင့်ရန် အတင်းကြံစည်ခဲ့ခြင်းဖြစ်ပြီး ကလေးငယ်မှာ အတင်း ရုန်းကန်ပြီး နေအိမ်သို့အရောက် ပြေးလာခဲ့သည်ဟုလည်း ကာယကံရှင် မိသားစု၏ ပြောပြချက်အရ သိရသည်။

ထို့နောက် အဆိုပါ ကျောင်းဆရာမှာ နေအိမ်ပေါ်ထိ လိုက်လာပြီး ကလေးငယ်အား မဟုတ်တာ မပြောရန် နှင့် သူ့ ကျူရှင်တွင် လာရောက်သင်ကြားခြင်းမပြုရန် ပြောကြားသဖြင့် ကာယကံရှင်မိသားစုက နှင်လွှတ်ခဲ့ ရသည် ဟုလည်း ကလေးငယ်၏ အဖွားဖြစ်သူက ဆိုထားသည်။

ယင်းကြံစည်လုပ်ဆောင်မှုနှင့် ပတ်သက်ပြီး စွပ်စွဲတိုင်ကြားခံထားရသူမှာ ညောင်တုန်းမြို့နယ်ရှိ ကျေးရွာ တစ်ခုတွင် တာဝန်ကျနေသော အသက်၂၀ ခန့်ရှိသူ နေ/စား လပေး ကျောင်းဆရာတစ်ဦးဖြစ်သည်ဟု ရဲတပ်ဖွဲ့က အတည်ပြု ထားသည်။

အဆိုပါ စွပ်စွဲခံထားရသူနှင့် ပတ်သက်၍ ထန်းတပင်ရဲစခန်းမှူး ဒု-ရဲမှူး သန်းဌေးက “တိုင်တန်းခံ ထားရ သူက ထွက်ပြေးနေပါတယ်။ ကျွန်တော်တို့လည်း အပတ်တကုတ် လိုက်လံရှာဖွေနေပါတယ်” ဟုလည်း အမှုဖွင့် တိုင်တန်းထားစဉ်က ပြောခဲ့သည်။

ယင်းတိုင်တန်းမှုကို ရဲစခန်းအနေဖြင့် မှုခင်းအမှတ်စဉ် ၁၄၈/၂၀၁၃ဖြင့် အမှုဖွင့်ပြီး စွပ်စွဲတိုင်တန်းခံ ထားရသူအား ဖမ်းဆီးရမိ၍ စစ်ဆေးပေါ်ပေါက်ပါကလည်း ပုဒ်မ ၃၇၆/၅၁၁ ဖြင့် တရားစွဲတင် အရေးယူရန် ဆောင်ရွက်ထားရှိသည် ဟု တိုင်းရဲဌာနမှ တဆင့် သတင်းထုတ်ပြန်ထားသည်။

ဇော်ဇော်ထွေး
By Mizzima

ဒေါ်အောင်ဆန်းစုကြည်ပုံပါ ၂၀၁၄ ပြက္ခဒိန်များ အရောင်းသွက်



ဗိုလ်ချုပ်အောင်ဆန်းဈေး အနီး မီးပွိုင့်တွင် ပြက္ခဒိန်များ လက်ပွေ့ရောင်းချနေသူများကို တွေ့ရစဉ် (ဓာတ်ပုံ – စိုင်းဇော် / ဧရာဝတီ)

ပြည်တွင်းဈေးကွက်တွင် လာမည့် ၂၀၁၄ ခုနှစ်အတွက် ပြက္ခဒိန်များ ရောင်းချလျက်ရှိရာ မော်ဒယ်နှင့် အနုပညာရှင်များ သရုပ်ဆောင် ရိုက်ကူးထားသော ပြက္ခဒိန်များထက် ဒေါ်အောင်ဆန်းစုကြည်ပုံပါသော ပြက္ခဒိန် များ ၀ယ်ယူသူများပြား လျက် ရှိကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

၂၀၁၃ ခုနှစ် နှစ်ကုန်ပိုင်းတွင် ၂၀၁၄ ခုနှစ် ပြက္ခဒိန်များ အမြောက်အမြား ဈေးကွက်တွင်း ၀င်ရောက်လာချိန်  ဒေါ်အောင်ဆန်းစုကြည်ပုံပါ ပြက္ခဒိန်များက ရောင်းအား အကောင်းဆုံး အဖြစ် နေရာယူထားပြီး၊ အနုပညာရှင် မင်းသား၊ မင်းသမီးပုံပါ ပြက္ခဒိန်များမှာမူ  ၀ယ်လိုအား ကျဆင်းမှုကြောင့် ဈေးကွက်တွင် ရောင်းချသူ လျော့ကျလျက်ရှိကြောင်း  ပြက္ခဒိန် ရောင်းချသူများထံမှ သိရှိရသည်။

“ဒေါ်အောင်ဆန်းစုကြည် ပြက္ခဒိန်ကဒီနှစ် ရောင်းအားအကောင်းဆုံးပဲ။ အခုနောက်ပိုင်း ပြက္ခဒိန်ဝယ်သူတွေက မင်းသား မင်းသမီးပုံတွေ သိပ်မ၀ယ်ကြတော့ အဒေါ်တို့ဆိုင်မှာမတင်ဖြစ်တော့ဘူး။ ဒေါ်စုပါတဲ့ပုံတွေပဲ တင် တော့ တာ”ဟု ဗိုလ်ချုပ်လမ်းတွင်  ပြက္ခဒိန်ရောင်းချသည့် အသက် ၅၀ အရွယ် ဒေါ်ကြူကြူစိန်က ဧရာဝတီသို့ ပြောသည်။

လတ်တလော ပြက္ခဒိန်ဈေးကွက်တွင် ပြည်တွင်း ၀ယ်လိုအားသာမက မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်များကပါ စိတ်ဝင်စား ၀ယ်ယူမှုများရှိနေကြောင်း သိရှိရသည်။

“ဒေါ်စုပြက္ခဒိန် ဈေးနှုန်းတွေ ကတော့ အစားစားပါပဲ။ ၃၀၀၀၊ ၃၅၀၀ ၊ ၄၀၀၀ အမျိုးမျိုး ရှိတယ်။ ဒီရက်ပိုင်းမှာတော့ ၃၅၀၀ တန် ပြက္ခဒိန်တွေ တော်တော်လေး ရောင်းရတယ်။ များသောအားဖြင့် တော့ လူကြီးပိုင်းတွေ လာဝယ်ကြတယ်။ နိုင်ငံခြားသား တွေလည်း စိတ်ဝင်တစားနဲ့ ၀ယ်ကြတယ်” ဟုပြောသည်။

၂၀၁၀ ခုနှစ် နှစ်ကုန်ပိုင်း ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် လွတ်မြောက် လာပြီးနောက်ပိုင်း ဒေါ်အောင်ဆန်း စုကြည်ပုံပါ ပိုစတာများ၊ တီရှပ်များ၊ ပြက္ခဒိန်များ ရောင်းဝယ်သည့်ဈေးကွက်တခုဖြစ်ပေါ်လာပြီး ပြည်သူများအကြား ဒေါ်အောင်ဆန်းစုကြည်နှင့် NLD တံဆိပ်ပါ အထိမ်းအမှတ် ပစ္စည်းများ ၀ယ်ယူမှု များပြားလာကြောင်း၊ မူလက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးများတွင် ဒေါ်အောင်ဆန်းစုကြည်ပုံပါ အထိမ်းအမှတ် ပစ္စည်းများကို ပါတီ ရန်ပုံငွေအဖြစ် ရောင်းဝယ် ဖောက်ကားခဲ့ရာမှ  အစိုးရ၏ ဖြေလျှော့မှုများကြောင့်၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ မတိုင်မီနှင့် ရွေးကောက်ပွဲ လွန်ကာလ နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ပုံပါ တီရှပ်၊ ပိုစတာနှင့် အထိမ်းအမှတ် ပစ္စည်းများ ရောင်းချသည့် စီးပွားရေးဈေးကွက်မှာ အလွန်ကြီးမားခိုင်မာလာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်း သိရှိရသည်။

“အရင်အစိုးရ လက်ထက်တုန်းကဆိုရင် ဒေါ်အောင်ဆန်းစုကြည်ပုံမပြောနဲ့။ သူ့နာမည်ကိုတောင် ကျယ်ကျယ် မပြောရဲဘူးလေ။ အခုမှ လွတ်လွတ်လပ်လပ် ရောင်းရဲဝယ်ရဲတာ။ အခုက အင်တာနက်ပေါ်လာပြီးတဲ့နောက်မှာ မင်းသား၊ မင်းသမီးပုံနဲ့ ပြက္ခဒိန်တွေက အရင် ကလောက် ခေတ်မစား တော့ဘူး။ သူ့ဟာနဲ့သူတော့ ရောင်းရပါတယ်။ အဓိကကတော့ နယ်ဘက်ပရိသတ်တွေ အ၀ယ်များတယ်။ ဒါပေမယ့် အခုချိန်မှာ ရောင်းရ အကောင်းဆုံးကတော့ ဒေါ်စုပုံ တွေပါပဲ” ” ဟု သိမ်ကြီးဈေးအနီး ပြက္ခဒိန်ရောင်းချသူတစ်ဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ပုံပါ ပြက္ခဒိန်ဝယ်ယူသူ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးတဦးက “အန်တီစုပုံကို ၀ယ်တာ ကတော့ နှစ်သက်လို့၊ သဘောကျလို့၊ ချစ်လို့၊ လေးစားလို့ အမှတ်တရအနေနဲ့ အခန်းမှာ ချိတ် ထားဖို့ဆိုပြီး ၀ယ်တာပါ။ နိုင်ငံခြားသား တွေကတော့ ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာက သိတဲ့ Icon တစ်ယောက် မို့လို့၊ Hero Lady တယောက် ဖြစ်တာ မို့လို့ စိတ်ဝင်စားပြီးဝယ်တာ’’ ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း ဒေါ်အောင်ဆန်းစုကြည်ပုံပါ ပြက္ခဒိန်နှင့် အထိမ်းအမှတ် ပစ္စည်းများကို ပါတီရန်ပုံငွေအတွက် ထုတ်ဝေရောင်းချမှုများရှိကြောင်း သိရှိရသည်။

ဧရာဝတီ

သက်မွန်မြင့် ကား accident ဖြစ်ကာ ဆေးရုံတက်နေရ (မစိုးရိမ်ရ)


မနေ့က အပြန်မှာ ဖြစ်တာပေါ့....တိုက်တာကတော့ မပျင်းပါဘူး ဒါပေမဲ့ လန့်ပြီးတော့...လဲသွားတာ..

Today Myanmar

ကိုင်း ဒီကိစ္စ ဘယ်လို လုပ်ကြမတုန်း


ကျောင်းနား မှာ ဆေးလိပ် ဆေးရွက်ကြီး ကင်းစင် နယ်မြေ ဆိုတာ လူကြီးပြောင်းသွားလို့ ဆောင် ပုဒ်ပါ တစ်ခါတည်း သူ့နောက်ပါသွားလေရာ့သလား မ ပြောတတ်ပါဘူး။

ဒီအထဲက တစ်ပုံကို အိတ်ပိတ်ပြီး အဲ့ဒီကျောင်းက အတန်း ခေါင်းဆောင် ဆရာလက်ထဲလည်း ထည့်ပြီးပါပြီ။ အ ထောက်အထား ယူပေးတဲ့ ကိုယ့်ကို တောင် ပြန် ရန်လုပ်ချင် တဲ့ပုံပဲ ပြောပုံက ဒီပုံ ဘယ်သူရိုက်တာလဲတဲ့။

ဒါ ကျောင်း ကို သိက္ခာချတာဆိုလားဘဲ ။ တလ ကျော်သွားပါပြီ ဘာမှထူးမလာပါဘူး ။
ကျောင်းနားက ဆိုင်တွေက တော့ ဆေးလိပ်ကို ကျောင်းသား ကျောင်းသူ တွေကို ရောင်းဆဲပါဘဲ။
အ ကြွေအမ်း တာတောင် ငါးဆယ် မရှိလို့ ဆေးလိပ်ယူသွားတဲ့ဗျာ နားနဲ့ ဆက်ဆက် ကိုကြားတာပါ။ ပထမတော့ က လေးက မယူပါဘူး။ နှစ်ခါလောက်ပြောတော့ သူလည်း ယူသွားရှာတယ။်
ဒီအချိန်မှာ သွားပြောရင် ရန်ဖြစ်ဖို့ပဲရှိတာပေါ့။

ဖြစ်စေချင် တာက ရပ်ကွက် အုပ်ချုပ်ရေးမှူးက ရောင်းတဲ့ ဆိုင်တွေကို ကျောင်းသား သူတွေကို
ဆေးလိပ် မ ရောင်းဖို့သတိပေးလို့ ကျောင်းအုပ်ကြီးကလည်း ဆေးလိပ် သောက်တဲ့ က လေးကို
သိတာနဲ့ ပြင်းပြင်းထန်ထန်အ ရေးယူမယ်လို့ သတိပေးလို့ ဒီလိုလေး ဖြစ်စေချင် တာပါ။

တစ်လ သာကျော်သွားတယ် မထူးလာဘူး ဒါ့ကြောင့် ဖွဘုတ်မှာ တင်ပြီး ဖွတယ် လို့သာမှတ်ပေါ့ဗျာ။ ခေတ်မှီလာပြီနော် ကိုရီးယားမ တွေ လိုပဲ နောက်ဆို အရက်ဆိုင် ပါထိုင်တော့မှာ ရင်လေးပါတယ်ဗျာ အဲဒီအချိန် ရောက်မှာနဲ့ ကျုပ်သမီး အဲ့ဒီ့အရွယ် ရောက်မှာနဲ့က တော့ ကွက်တိပဲ အမြင် မ တော်သူများ များများရှဲပေးကြပါဗျာ အမြင်တော်ရင်တော့လည်းတတ်နိုင် ဘူး ကျောင်းနာမည် သိချင် သူများ ချက်ဘောက်မှတဆင့် မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

မေးမြန်းဆုံစမ်းခြင်းကို ဒလ ဟော ခွင့်ပြုပါတယ်။





















ဲမြ၀တီ

ငါးမိနစ်အတွင်း မွေးခဲ့သောကလေး ခုနစ်လ၌် လမ်းလျှောက် စကားပြော တစ်နှစ်သားတွင် လက်တော့ပ် အသုံးပြု



ဘာ မင်ဂမ်မြို့ ချဲမ်စလီဝုဒ်မှ အသက် ၂၄နှစ်အရွယ် ဟယ်သာသော့ပ် သည် လွန်ခဲ့သည့်နိုဝင်ဘာက ၅ ပေါင်ရအောင်စရှိသောဂျိုနသန် လေးကိုမယုံနိုင်စရာဖြစ်လောက် အောင် မြန်ဆန်သောမွေးဖွားမှု ဖြင့် မွေးဖွားခဲ့သည်။ယခုအခါ ၁၂လပြည့်ပြီဖြစ် သော ရှိန်လောက်သည့်နို့စို့အရွယ် ကလေးမှာ အရှိန်လျှော့ချမည့် လက္ခဏာမရှိပေ။ ဂျိုနသန်သည် အချိန်တိုအတွင်း လွန်စွာအံ့ဩ လောက်သည့် ကျွမ်းကျင်မှုများကို သင်ယူနိုင်ခဲ့သည်။ အသက်ခုနစ် လအရွယ်တွင် ၎င်းနှင့် သက်တူ ရွယ်တူများ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်ရရုံရှိနေစဉ် ဂျိုနသန် က လမ်းတွေလျှောက် စကားတွေ ပြောနေနိုင်ပြီဖြစ်သည်။ သူသည် ထိုစဉ်ကတည်းက ကနည်းကို သင် ယူခဲ့သည်။

ထို့အပြင် ဂျိုနသန်သည် ၎င်း၏အကြိုက်ဆုံးသီချင်း ဂန်းနမ်း စတိုင် သီချင်းနှင့်အတူ ကရသည်ကိုလည်း နှစ်သက်ကြောင်း ဂုဏ်ယူနေသော မိဘများက ပြောကြားခဲ့သည်။ထို့အပြင် ၎င်း၏ပထမဆုံး မွေးနေ့မတိုင်မီ ဂျိုနသန်သည် နည်းပညာနှင့် အကျွမ်းဝင်မှုမြင့် များကြောင်းလည်း ပြသခဲ့သည်။ ဂျိုနသန်က မိခင်ဖြစ်သူ၏လက် တော့ပ်ကွန်ပျူတာကို ကိုင်တွယ် သုံးစွဲနိုင်သည့်အပြင် ရုပ်သံချန် နယ်များကို ပြောင်းလဲကြည့်ရှုရန် ရီမုတ်ကွန်ထရိုးကို မည်သို့အသုံး ပြုရသည်ကိုလည်း သိရှိနေသည်။

သားဖြစ်သူ၏ လျင်မြန်သည့် ဖွံ့ဖြိုးမှုသည် လျင်မြန်စွာမွေးဖွား ခဲ့ခြင်းကြောင့်ဖြစ်သည်ဟု မိခင် ဖြစ်သူ ဟယ်သာက ယုံကြည်နေ သည်။
ထို့အပြင် ဂျိုနသန်သည် One Direction ပရိသတ်တစ်ဦး ဖြစ်ပြီး ပီတာအန်ဒရေကိုလည်း နှစ်သက်ကြောင်း သိရသည်။

Ref-Daily Mail

မလေးရှားနိုင်ငံမှာ ASEAN Explore Quest Malaysia Winner 2013 ဆုရခဲ့တဲ့ လှအဉ္ဇလီတင့်


သရုပ်ဆောင် လှအဉ္ဇလီတင့်

သရုပ်ဆောင် လှအဉ္ဇလီတင့်ဟာ မလေးရှားနိုင်ငံ၊ ခရီးသွားလုပ်ငန်းဝန်ကြီးဌာန ကိုယ်စားပြု အဖွဲ့အစည်းတခုဖြစ်တဲ့ Tourism Malaysia ရဲ့ ဖိတ်ခေါ်မှုအရ နိုဝင်ဘာ ၁၁ ရက်နေ့ကနေ ၁၇ ရက်နေ့အထိ တပတ်ကြာသွားရောက်ခဲ့ပြီး ASEAN Explore Quest Malaysia 2013 ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာမှာ အဆိုပါဆုကို ရရှိခဲ့ပါတယ်။ ဒီပွဲအတွေ့အကြုံကို လှအဥလှအဉ္ဇလီတင့်က ဧရာဝတီကို အခုလိုပြောပြပါတယ်။

“ဒီပွဲကိုသွားပြိုင်ဖြစ်ခဲ့တာက ချောရဲ့  Mail ထဲကို Tourism Malaysia က ဖိတ်ခေါ်စာတစောင် ရောက်လာတယ်။ နောက်ပြီး Traveller ဂျာနယ်ကလည်း ဆက်သွယ်လာပြီး ချောလိုက်နိုင်လားဆိုပြီး ပြောလာတယ်။ ဒီပွဲအကြောင်းကို လေ့လာကြည့်ခိုင်းတယ်။ Malaysia Airline ကလည်း ချောကိုဆက်သွယ်တယ်။ ချောရဲ့ Mail ထဲကို တိုက်ရိုက်ပို့တယ်။ လိုက်နိုင်သလား၊ ဒီပွဲမှာ ပါဝင်ဆင်နွှဲနိုင်မလားမေးတယ်။ ချောကလည်း စူးစမ်းလေ့လာချင်စိတ်က အမြဲရှိတယ်လေ။ ဒီပွဲက ဘယ်လိုဆိုတာကို မသိသေးဘဲ လိုက်မယ်လို့ဟြေလိုက်တယ်” လို့ ဆိုပါတယ်။

ဆက်လက်ပြီး ပြင်ဆင်မှုနဲ့ ပတ်သက်လို့ လှအဉ္ဇလီတင့်က “မသွားခင်အချိန်ကတော့ ငါးရက်လောက်ပဲရတယ်။ မသွားခင်မှာ ဒီပွဲရဲ့ခေါင်းစဉ်ကို သူတို့က ပို့ပေးထားတယ်။ သူတို့ရဲ့ အစီအစဉ်တွေကိုလည်း မိတ္တူဆွဲပြီး လေ့လာခဲ့တယ်။ လေ့လာတဲ့အခါမှာ သူတို့လုပ်တဲ့ပွဲက တော်တော်ကြီးကြီးကျယ်ကျယ် လုပ်တဲ့ပွဲ ဖြစ်နေတယ်၊ အာဆီယံနိုင်ငံ ၁၀ နိုင်ငံ အပါအ၀င် စုစုပေါင်းနိုင်ငံ ၁၂ နိုင်ငံက ပါဝင်ယှဉ်ပြိုင်ကြပြီး သူတို့ဖိတ်တာက နိုင်ငံတနိုင်ငံကို Tourism Owner ရယ်၊ မီဒီယာရယ်၊ TV Station ရယ် ဖိတ်တယ်။ တချို့နိုင်ငံတွေကဆိုရင် မင်းသားနဲ့မင်းသမီး အတွဲလိုက် လာကြတယ်။ ရည်ရွယ်ချက်က ကိုယ့်နိုင်ငံမှာ ဒီပွဲကြီးရဲ့ အတွေ့အကြုံနဲ့ ခံစားမှုတွေကို ပြန်ပြီးဖြန့်ဝေပေးနိုင်ဖို့နဲ့  တခြားနိုင်ငံတွေနဲ့ ချစ်ကြည်ရေး၊ စီးပွားရေးအရ ရင်းနှီးအောင်လုပ်တဲ့ပွဲ ဖြစ်ပါတယ်” လို့ လှအဉ္ဇလီတင့်က ဧရာဝတီကို ပြန်ဟြေပါတယ်။

ဒီပွဲကို မြန်မာနိုင်ငံ ကိုယ်စားပြုအနေနဲ့ သူမနဲ့အတူ Marvellous Toursim မှ ကိုယ်စားလှယ်တဦး၊ MRTV 4 ရိုက်ကူးရေးအဖွဲ့တို့ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ ဒီပြိုင်ပွဲအတွက် လှအဉ္ဇလီတင့် မလေးရှားမှာ ရောက်နေတဲ့အချိန် ညစာစားပွဲတိုင်းမှာ မြန်မာဝတ်စုံများကိုသာ ၀တ်ခဲ့ပြီး ဒါဟာ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိန်းလိုခြင်းကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီပွဲနဲ့ပတ်သက်တဲ့ ကြိုတင်ပြင်ဆင် လေ့လာမှုတွေနဲ့ ပတ်သက်ပြီးပြောပြရာမှာတော့ “တတ်နိုင်သမျှ ကြိုးစားမယ်လို့ စဉ်းစားဆုံးဖြတ်ပြီး ပါဝင်ယှဉ်ပြိုင်မယ့် ၁၂ နိုင်ငံရဲ့ ယဉ်ကျေးမှုတွေနဲ့ နှုတ်ဆက်စကားတွေကို ဟြေနိုင်အောင် တတ်နိုင်သလောက် လေ့လာတယ်။ အိုဘားမား မြန်မာနိုင်ငံကို လာတုန်းက ကိုယ့်မြန်မာစကားလေး “မင်္ဂလာပါ” လို့ တခွန်းတည်း ဟြေတာနဲ့တင် ချော Heart ထိသွားတယ်။ ဒါကြောင့် သူတို့နိုင်ငံရဲ့ နှုတ်ဆက်စကားလေးတွေကို သူတို့ အံ့သြသွားအောင် လေ့လာခဲ့တယ်” လို့ ဆိုပါတယ်။

ဆက်လက်ပြီး ပွဲကာလတလျှောက် အတွေ့အကြုံတွေကို ပြောဆိုရာမှာ “မလေးရှားကို ရောက်ရောက်ချင်း ချောတို့ကို နိုင်ငံရဲ့သံတမန်တွေလိုမျိုး ဆက်ဆံတယ်။  လိုလေသေးမရှိအောင် ထားတယ်။ ပြိုင်ပွဲတွေက တနေ့ကို လေးခုလောက် ရှိတယ်။ ပြိုင်ပွဲတိုင်းကို ၀င်ပါချင်လည်းရသလို၊ မပါချင်လည်းရတယ်။ စာလုံးဆက် ကစားတဲ့ Anagram ပြိုင်ပွဲမှာတော့ ချော အားနည်းခဲ့တယ်။ ကျန်တဲ့ပြိုင်ပွဲတွေကိုတော့ ကြိုးကြိုးစားစားနဲ့ ပါဝင်ခဲ့တယ်။ အနိုင်ရအောင် လုပ်ခဲ့တယ်။ အဖွဲ့တွေခွဲပြီး ပြိုင်ကြတော့ ချော ခေါင်းဆောင်လုပ်ခဲ့တယ်။ ဒီပွဲရဲ့ အဓိက ရည်ရွယ်ချက်က သူတို့နိုင်ငံရဲ့သဘာဝ၊ ယဉ်ကျေးမှုစသဖြင့် အကုန်လုံးကို အချိန် ၇ ရက် အတွင်းမှာ ပြခဲ့တာ။ ၁၂ နိုင်ငံက လာတဲ့သူတွေက ကိုယ့်နိုင်ငံ ပြန်တဲ့အခါမှာ ပြန်ဟြေပြနိုင်အောင်ပေါ့” လို့ ဆိုပါတယ်။

ဆက်လက်ပြီး “ပြိုင်ပွဲတွေကို ကြိုမဟြေထားဘူး။ ရောက်တဲ့နေရာမှာ ပြိုင်ခိုင်းချင်တဲ့အတိုင်း ပြိုင်ခိုင်းတာ။ မြှားပစ်ခိုင်းတယ်။ ပီဇာတက္ကသိုလ်မှာ သင်တန်းတက်ပြီး ပီဇာဖုတ်ခိုင်းတယ်။ ပန်းချီ ချက်ချင်းဆွဲခိုင်းတယ်။ ရဲဝတ်စုံဝတ်ပြီး ရဲသင်တန်း တက်ခိုင်းတယ်၊ အသံအကျယ်ကြီး အော်ခိုင်းတယ်၊ တကယ့် ရဲဝန်ထမ်း အစစ်တယောက်လို လုပ်ခဲ့ရတယ်။ စာပို့သမားလည်း လုပ်ခဲ့တယ်။ တကယ့်လူတွေရဲ့ ဘ၀တွေအတိုင်း လုပ်ခဲ့ရတယ်။ တခြားနိုင်ငံက ပြိုင်ပွဲဝင်တွေ ထိုင်နေပေမယ့် ချော ကတော့ တကယ်ကို ပါဝင်လှုပ်ရှားကစားခဲ့တယ်။ နောက်ဆုံး အမှိုက်ပုံး နံနံစော်စော်ထဲကို မွှေပြီး ပစ္စည်းရှာတဲ့ ကစားနည်းပြိုင်ပွဲကို ကစားခဲ့တယ်။  အဲဒီပြိုင်ပွဲတွေကနေ ခံစားချက်တွေ အတွေ့အကြုံတွေအများကြီး ရခဲ့တယ်” လို့ လှအဉ္ဇလီတင့်က ဆိုပါတယ်။

ဒီ ASEAN Explore Quest Malaysia Winner 2013 ဆုအနေနဲ့ မလေးရှားနိုင်ငံမှာ စားရိတ်ငြိမ်း ၃  ရက် နေထိုင်သွားလာ စားသောက်ခွင့်ရမှာဖြစ်ပြီး ဆုရတဲ့ရက်ကနေ ၄ အတွင်း ခံစားခွင့်ရှိတယ်လို့ သိရပါတယ်။ ဒီပြိုင်ပွဲစဉ်တွေကို Youtube မှာလည်း ကြည့်ရှုနိုင်ကြောင်း သိရပါတယ်။

ဧရာဝတီ

နန်းခင်ဇေယျာရဲ့ အိုက်တင် အပေါ် ခန့်စည်သူရဲ့ သုံးသပ်ချက်



ခန့်စည်သူက “အက်တိုးပစ် အပျိုစင်” ဆိုတဲ့ ဇာတ်ကား ကို နန်းခင်ဇေ ယျာ၊ ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင် တို့နဲ့ ရိုက်ကူးနေပါတယ်။ ဇာတ်ကားမှာ နန်းခင်ဇေယျာ ကို တစ် ဆင်းန် ချင်းစီ စိတ်ရှည်ရှည်နဲ့ ရိုက် ကူးနေသလို ဒီဇာတ်က မင်းသမီး ဇာတ် လည်း ဖြစ်တာကြောင့် ရိုက်ကူးမှုနဲ့ ပတ်သက်ပြီး မေးကြည့်ဖြစ်တော့..

“ဒီဇာတ်ကို တအားကြိုက်ခဲ့တာ။ မင်းသား ဇာတ်မှ၊ မင်းသမီး ဇာတ်မှ မဟုတ်ဘူး။ ပရိသတ် အတွက် တကယ်ကို အမြင်ဆန်း တဲ့ ဇာတ်လေး ဆိုရင်လည်း မင်းသားဇာတ် မ ဟုတ် လည်း ရိုက်မှာပါပဲ။ ရိုက်ရင်း နဲ့တောင် အရင်က ကိုညီအောင်ရယ်၊ မခိုင် ကြီးရယ် တို့နဲ့ ရိုက်ခဲ့တုန်းက အချိန်ကို သတိရမိတယ်။ ကိုယ့် အလှည့်တုန်း ကလည်း တစ် ကတ်ချင်း စီကို သေချာ သင်ပေးပြီး စိတ်ရှည်ရှည်နဲ့ ရိုက်ပေး ခဲ့ကြတာလေ။

ဒီလိုပဲ အခု နန်းခင် ဇေယျာ ကလည်း အသစ် ဆိုတော့ ဒီလိုပဲ လက်တွဲခေါ် ရတာပေါ့။ ကိုညီအောင် နဲ့လည်း မဆုံဖြစ်တာ ကြာပြီ။ သူ့ပုံစံ ကလည်း ကိုယ် သရုပ် ဆောင် စလုပ်တဲ့ အချိန်တုန်းက ပုံစံ အတိုင်းပါပဲ။ နန်းခင်ဇေယျာ ကို တစ်ကတ် ချင်းစီ သင်ပေးနေ တာတွေ့ ရတယ်။ ပရိသတ်က ဒီလို ဇာတ်မျိုး လေး ကြိုက်မယ် ထင်ပါတယ်။ အဓိကက သူကြိုးစားဖို့ပဲ လိုပါတယ်။ သူ့ရဲ့စိတ် ကလည်း စိတ်ပျက်သွားတာ မျိုးမဖြစ်ဘဲ ကြိုးစားချင် စိတ် တစ်ခုတည်း နဲ့တင် ချီးကျူးဖို့ ကောင်းပါတယ်” လို့ ပြောပြပါတယ်။

အကယ်ဒမီ လည်း နီးလာပြီ ဖြစ်တဲ့ အတွက် အကယ်ဒမီ ဇာတ်ကားတွေ နဲ့ ပတ် သက် ပြီး ခန့်စည်သူ ကိုမေးကြည့်ဖြစ်ခဲ့တော့ “အကယ်ဒမီရဲ့ သဘော သဘာဝ က ပရိသတ်ရဲ့ အမြင်နဲ့ အနုပညာ သမားအမြင် ကလည်း ကွာတယ်။ ဥပမာ- မင်းသမီး နှစ်ယောက် အပြိုင် ဖြစ်နေပြီ။ နှစ်ယောက် စလုံး ကလည်း အိုက်တင် ကောင်းတယ်၊ အကယ်ဒမီ ရနိုင်တယ်။ တစ်ယောက်က ကနေ့ တအား နာမည်ကြီးတယ်။ နောက်တစ် ယောက် က အဲဒီလောက် မဟုတ်တော့ပေ မယ့် အိုက်တင် ကောင်းတယ်။ အခု တော်တော်များများ ပရိသတ် ကိုမေးရင် လက်ရှိ သူတို့ကြည့် နေတဲ့သူကို ချစ်ပြီး ရစေချင်တယ်။ ဟိုတစ် ယောက်က ညံ့လို့လား ဆိုတော့ မဟုတ်ဘူး။

Generation အဟောင်း ဖြစ်သွားတော့ မကြည့်ဖြစ်တာ။ နောက် ခေါက်ရိုး ကျိုးနေတာက ဒီကား အကယ် မီ ရနိုင်တယ်ဆိုတော့ ဟိုကား မကောင်း လို့ လားမေးတော့ ကောင်းတယ်။ ဒါပေမဲ့ အကယ်ဒမီ ဘောင် မဝင်လို့ လို့ ပြောတယ်။ ဒီလို ကားတွေပဲ ပေးတာ မဟုတ်ဘူးလားတဲ့။ ဘယ်သူ ရနိုင်လဲ ဆိုတော့ ဘောင်ထဲက ပေး မှာလား၊ ဘောင်အပြင် က ပေးမှာ လား” လို့ ပြောပြခဲ့ပါတယ်။

Popular News

ပုဂ္ဂလိကဘဏ်များက ပြည်ပသို့ နိုင်ငံခြားငွေ လွှဲရာတွင် ငွေလွှဲခအပြင် တစ်ဒေါ်လာလျှင် ၁၅ ကျပ်ဝန်းကျင် အပိုဆောင်း စတင်ကောက်ခံနေပြီး နိုင်ငံတကာ ပေါက်ဈေးအတိုင်း မသတ်မှတ် နိုင်သေးသည့် မြန်မာနိုင်ငံ အနေအထားကြောင့် ပြည်တွင်းလုပ်ငန်းရှင်များ နစ်နာနေ



ပုဂ္ဂလိက ဘဏ်များမှတစ်ဆင့် ပြည်ပသို့ နိုင်ငံခြားငွေ လွှဲပို့ရာတွင် ငွေလွှဲခအပြင် တစ်ဒေါ်လာလျှင် ၁၅ ကျပ်ဝန်းကျင် စတင်ကောက်ခံနေပြီး နိုင်ငံတကာ ပေါက်ဈေးအတိုင်း မသတ်မှတ် နိုင်သေးသည့် မြန်မာ့ငွေကြေးဈေးကွက် အနေအထားကြောင့် ပြည်တွင်းလုပ်ငန်းရှင်များ နစ်နာမှုများ ဖြစ်ပေါ်နေကြောင်း နိုဝင်ဘာ ၂၁ ရက်က သတင်းရရှိသည်။

''ကျွန်တော်က ယူနိုက်တက် အမရဘဏ်၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘောဇဘဏ်တွေနဲ့ ပို့ကုန်ရငွေတွေကို အပ်ထားပြီး အလုပ်လုပ်တယ်။ ကားတင်သွင်းမှု အတွက်လည်းပါတယ်။ အခုရက်ပိုင်းကျမှ ရုတ်တရက် နိုင်ငံခြားကို ပြည်တွင်း ဘဏ်တွေကနေ ငွေလွှဲတဲ့အခါမှာ တစ်ဒေါ်လာကို ၁၀ ကျပ်က နေ ၁၅ ကျပ် ၀န်းကျင်အထိ စတင်ကောက်ခံ လာတယ်။ ကျွန်တော်နားလည်တာက ကျွန်တော့်ငွေက ပို့ကုန်ရငွေပါပဲ။ ကျွန်တော် ဒေါ်လာ ၅၀၀၀ လွှဲရင် ပြည်ပကို ဒေါ်လာ ၅၀၀၀ ပဲရောက်တာပါ။ အခုတော့ ရုတ်တရက် ကြေညာမှုမရှိဘဲ ငါလုပ်ချင်သလို လုပ်လိုက်မယ် ဆိုတာမျိုး လုပ်ချလိုက်တယ်။ ကျွန်တော်တို့လို လုပ်ငန်းရှင်တွေ အတွက် အများကြီး နစ်နာပါတယ်'' ဟု မော်တော်ယာဉ်နှင့် သွင်းကုန် အမျိုးမျိုး တင်သွင်းသူ လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

လက်ရှိအချိန်တွင် ထိုသို့နိုင်ငံခြားသို့ လွှဲပို့ငွေအပေါ် ၁၀ ကျပ်အထက် ကောက်ခံနေသည့် ဘဏ်များမှာ ယူနိုက်တက်အမရဘဏ်၊ အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်၊ ကမ္ဘောဇဘဏ်စသည့် ပုဂ္ဂလိကဘဏ်များ အပါအ၀င် နိုင်ငံခြားငွေလုပ်ငန်း လုပ်ကိုင်ခွင့်ရ ဘဏ်အများစုက လုပ်ဆောင်နေကြောင်း သိရသည်။

''ဗဟိုဘဏ်ခွင့်ပြုချက်နဲ့ လုပ်ခဲ့တာပါ'' ဟု ဘဏ္ဍာရေး ၀န်ကြီးဌာန အကြံပေး-၂ နှင့် ကမ္ဘောဇဘဏ် ဒုဥက္ကဋ္ဌ ဦးသန်းလွင်က ဆိုသည်။

ထိုသို့ ပုဂ္ဂလိကဘဏ်များတွင် ငွေလဲနှုန်း ကွာဟမှုအား အကြောင်းပြု၍ တစ်ဒေါ်လာလျှင် ၁၀ ကျပ်အထက် ကောက်ခံနေသော်လည်း မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ် စသည့် နိုင်ငံပိုင် ဘဏ်များတွင်မူ ပုဂ္ဂလိက ဘဏ်များကဲ့သို့ ကောက်ခံမှု မရှိကြောင်း လုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရပြီး ပုဂ္ဂလိကဘဏ်များ အနေနှင့် ထိုသို့ငွေလွှဲခအပြင် အပိုဆောင်းငွေ ကောက်ခံခြင်းအား တရားဝင် ခွင့်ပြုချက်ရရှိမှု မရှိသေးကြောင်း သိရသည်။

''အရင်တုန်းက မြန်မာနိုင်ငံရဲ့ နိုင်ငံခြားငွေဈေးကွက် ပေါက်ဈေးနဲ့ ပြည်ပရဲ့ နိုင်ငံတကာ ဈေးကွက်ပေါက်ဈေးက ကွာဟမှု မရှိပါဘူး။ အခုနောက်ပိုင်းမှာတော့ အရမ်းကွာဟနေတယ်။ အဲဒါကြောင့် နေ့စဉ် ကွာဟနေတဲ့ ငွေလဲနှုန်း အနေအထားအရ ကွာဟချက်ကို ကောက်ခံတာပါ'' ဟု ပုဂ္ဂလိက ဘဏ်တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ရှင်းလင်း ပြောကြားသည်။

ဘဏ်များနှင့် တရားဝင်ငွေ လဲလှယ်ရေး လုပ်ငန်းများသည် ဗဟိုဘဏ်၏ နေ့စဉ်ရည်ညွှန်း ငွေလဲနှုန်းကို အခြေခံ၍ လက်လီရောင်းဝယ်မှုများ အတွက် ဗဟိုဘဏ်ရည်ညွှန်း ငွေလဲနှုန်း၏ +၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် -၀ ဒသမ ၈ ရာခိုင်နှုန်း ဘောင်အတွင်း၌ လည်းကောင်း၊ AD လိုင်စင်ရဘဏ် များအကြား Interbank Market အတွင်း လက်ကား ရောင်းဝယ်မှုများ အတွက် ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်း၏ + ၀ ဒသမ ၃ ရာခိုင်နှုန်းနှင့် -၀ ဒသမ ၃ ရာခိုင်နှုန်း ဘောင်အတွင်း၌ လည်းကောင်း ဆောင်ရွက်နေခြင်းဖြစ်သည်။

ထိုသို့ ဗဟိုဘဏ် သတ်မှတ်ငွေအပေါ် တိုးမြှင့်ကောက်ခံမှု ရှိနေပြီး ဘဏ်အလိုက် ငွေကြေးသတ်မှတ်မှု မတူသော်လည်း လက်ရှိတွင် ငွေလွှဲခအပြင် နိုင်ငံခြားငွေ တစ်ဒေါ်လာ အပေါ် ၁၅ ကျပ်ဝန်းကျင် ကောက်ခံမှုနှင့် ပတ်သက်၍ ပုဂ္ဂလိက ဘဏ်တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ''နိုင်ငံတကာ ဈေးကွက်ပေါက်ဈေးနဲ့ ပြည်တွင်း နိုင်ငံခြားငွေလဲနှုန်း အရမ်းကွာဟလာလို့ ပုဂ္ဂလိကဘဏ်တွေ အဆင်မပြေကြောင်း ဗဟိုဘဏ်ကို တင်ပြတော့ အဆင်ပြေသလိုလုပ်လို့ ပြောလို့ ကျွန်တော်တို့ တိုးကောက်တာပါ'' ဟု ပြောကြားသည်။

''တစ်နေ့တစ်နေ့ကို နိုင်ငံခြားငွေ သန်းနဲ့ချီပြီး ပြည်ပကိုလွှဲပို့နေတာ။ သူတို့တွက်ခြေ မကိုက်ဘူးဆိုပြီး ထပ်ပေးနေရတဲ့ အပိုဆောင်းငွေက တစ်ဒေါ်လာ ၁၅ ကျပ် ၀န်းကျင်ဆိုတော့ လုပ်ငန်းရှင်တွေ အများကြီး နစ်နာပါတယ်။ ဒီလိုဖြစ်ပေါ်နေမှုအပေါ် ဗဟိုဘဏ်ကို တိုင်ကြားစာပို့ဖို့ လုပ်ငန်းရှင်တွေ ပြင်ဆင်နေပါတယ်'' ဟု ပို့ကုန်လုပ်ငန်းရှင် တစ်ဦးက ပြောကြားသည်။

ထိုသို့ တိုးကောက်နေသော်လည်း လက်ရှိတွင် ပုဂ္ဂလိကဘဏ် အချို့မှာ ငွေတိုးမြှင့် ကောက်ခံနေသည့် ကြားမှ အရှုံးပေါ်နေသည်ဟု ဆိုကာ ပြည်ပသို့ နိုင်ငံခြားငွေလွှဲပို့မှုအား ရပ်ဆိုင်းထားကြောင်း မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းချုပ်မှ ဒေါက်တာစိုးထွန်းက ပြောကြားသည်။

ထိုသို့ ငွေလွှဲပို့နိုင်မှု မရှိသဖြင့် ပြည်ပလုပ်ငန်းများနှင့် ချိတ်ဆက်နေသည့် မြန်မာကုမ္ပဏီများ အနေဖြင့် ငွေကြေးရှင်းလင်းမှုဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်နိုင်သည့်အပြင် မြန်မာနိုင်ငံ၏ အားနည်းနေသော ဘဏ်စနစ်ကိုလည်း နိုင်ငံတကာတွင် ယုံကြည်မှုကင်းမဲ့ စေနိုင်ကြောင်း ဒေါက်တာစိုးထွန်းက ဆက်လက် ပြောကြားသည်။

''ကိုယ့်နိုင်ငံမှာ ပေါက်ဈေးထက် နိုင်ငံခြားပို့တဲ့ အခါမှာ ပြည်တွင်းလုပ်ငန်းရှင်က ပိုက်ဆံပိုပေး နေရတယ်။ ဒီနေ့ဆို တစ်ဒေါ်လာကို ၁၅ ကျပ်ပိုပေး နေရတာကိုပဲ တချို့ဘဏ်တွေက နိုင်ငံခြားဘဏ် အကောင့်မှာ ကန်ဒေါ်လာ မရှိတော့ဘူးဆိုပြီး ရပ်ထားတယ်။ ဒါက ဘာကိုပြနေသလဲဆိုရင် ကျွန်တော်တို့ နိုင်ငံရဲ့ ဘဏ်စနစ် အားနည်းချက်ကို ပြနေတာပါ။ ဒီလိုဖြစ်နေမယ်ဆိုရင် မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှု ရပ်ဆိုင်းသွားနိုင်တယ်။ ကုန်ဈေးနှုန်းတွေ ကမောက်ကမနဲ့ ပြဿနာ ဖြစ်နိုင်တယ်။ ဗဟိုဘဏ်အနေနဲ့ ဒီပြဿနာကို အမြန်ဆုံး ဖြေရှင်းဖို့လိုပါတယ်'' ဟု ဒေါက်တာစိုးထွန်းက နိုဝင်ဘာ ၂၁ ရက်က ပြောကြားသည်။

နိုင်ငံတကာ ဈေးကွက်ပေါက်ဈေး အတိုင်း နိုင်ငံခြား ငွေလဲနှုန်းအား နှုန်းရှင်သတ်မှတ်နိုင်ရေး လုပ်ဆောင်မည် ဆိုသော်လည်း လက်ရှိအနေအထားတွင် လုပ်ဆောင်နိုင်ဦးမည် မဟုတ်ဘဲ ကြားခံအဆင့် တစ်ဆင့်ကို လုပ်ဆောင်ရဦးမည် ဖြစ်ကြောင်း ဘဏ္ဍာရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောကြားခဲ့သည်။

အဆိုပါနိုင်ငံတကာ ဈေးကွက်တွင် ဒေါ်လာအတက်အကျ ပြောင်းလဲမှု ဈေးနှုန်းအတိုင်း လုပ်ဆောင်မည့် Floating Market မစတင်မီ ဘဏ်အချင်းချင်းအကြား အရောင်းအ၀ယ် လုပ်ခွင့်ပြုမည့် ကြားခံအဆင့်ဖြစ်သော Interbank Market အား စတင်လုပ်ဆောင် နေကြောင်းလည်း သိရသည်။

လက်ရှိအစိုးရ လက်ထက်တွင် ဗဟိုဘဏ်၏ အထင်ရှားဆုံး ပြောင်းလဲမှုမှာ နိုင်ငံခြားငွေလဲနှုန်းကို ထိန်းကျောင်းမှုရှိသော ငွေလဲနှုန်းစနစ်သို့ ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။ ၂၀၁၂ ခုနှစ် ဧပြီ ၂ ရက်က စတင်ခဲ့သော အဆိုပါ စနစ်သည် ဈေးကွက် အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့သည်။ ထိန်းကျောင်းမှုရှိသည့် နှုန်းရှင်ငွေလဲနှုန်းစနစ် စတင်ပြီး လက်ရှိအချိန်အထိ အမေရိကန် တစ်ဒေါ်လာလျှင် ကျပ် ၁၇၀ ကျော်အထိ မြင့်တက်ခဲ့ကာ ၂၀၁၂ ဧပြီ ၂ ရက် တွင် ဗဟိုဘဏ် ရည်ညွှန်းနိုင်ငံခြား ငွေလဲနှုန်းကို ၈၁၈ ကျပ်ဖြင့် ဈေးသတ်မှတ် ခဲ့သော်လည်း တစ်နှစ်ကျော်အကြာ ၂၀၁၃ ခုနှစ် ဇူလိုင် ၈ ရက်တွင် ပြင်ပဈေးကွက်၌ အမေရိကန်တစ် ဒေါ်လာ ၁၀၀၄ ကျပ်အထိဖြစ်ပေါ်ခဲ့ပြီး နိုဝင်ဘာ ၂၁ ရက်အတွက် ဗဟိုဘဏ်၏ နိုင်ငံခြား ငွေလဲမှုအတွက် သတ်မှတ်ချက်မှာ ၉၇၃ ကျပ် ဖြစ်ကြောင်း သိရသည်။

စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွင် အဓိကအကျဆုံး ခြေလှမ်းတစ်ရပ်ဖြစ်သည့် ငွေလဲနှုန်း ပြုပြင်ပြောင်းလဲရာ၌ အမျိုးမျိုးဖြစ်နေသော ငွေလဲနှုန်းများအား တစ်ခုတည်းအဖြစ် ပေါင်းစည်းရန် ရည်မှန်းထားသော်လည်း လက်ရှိ အချိန်အထိ သိမ်ဖြူကောင်တာဈေးနှုန်း၊ ဘဏ်နှင့် တရားဝင်ငွေလဲ ကောင်တာဈေးနှုန်း၊ ပြင်ပ ငွေလဲနှုန်း စသည်ဖြင့် ရှိနေဆဲဖြစ်ကြောင်း သိရသည်။

EMG

Thursday, November 21, 2013

ငွေစက္ကူတွင် သမ္မတပုံ ရိုက်နှိပ်မည်ဆိုပါက စံဇာဏီဘို ကန့်ကွက်မည်


မြန်မာနိုင်ငံတွင်း ရိုက်နှိပ် ထုတ်ဝေ သုံးစွဲလျက် ရှိသည့် ငွေစက္ကူများတွင် သမ္မတပုံ သုံးစွဲမည်ဆိုပါက ကန့်ကွက်မည် ဖြစ်ကြောင်း နိုဝင်ဘာ ၂၀ ရက်တွင် နက္ခတ်ဗေဒ ပညာရှင် ဆရာစံဇာဏီဘိုက မြန်မာသံတော်ဆင့်သို့ ပြောသည်။ ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး နိုဝင်ဘာ ၁၃ ရက်တွင် သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က နိုင်ငံတော်သုံး ငွေစက္ကူများတွင် နိုင်ငံ့ခေါင်းဆောင် လွတ်လပ်ရေး ဖခင် ဗိုလ်ချုပ်အောင်ဆန်း ဓာတ်ပုံဖြင့် ရိုက်နှိပ် အသုံးပြု ရန် ပြည်သူ့လွှတ်တော်၌ အဆို တင်သွင်းခဲ့ရာ၌ မြန်မာနိုင်ငံသုံး ငွေစက္ကူများတွင် နိုင်ငံရေးပါတီ အမှတ်တံဆိပ်ဖြစ်သည့် ခြင်္သေ့ပုံ ရိုက်နှိပ်ခြင်း ကို ထည့်သွင်း ပြောကြားခဲ့သည်။

ဦးသိန်းညွန့်၏ အဆိုအပေါ် မြန်မာနိုင်ငံ ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဒေါ်ခင်စောဦးက မြန်မာနိုင်ငံ ဗဟိုဘဏ် အနေဖြင့် နောက်ထပ် ငွေစက္ကူများ ထပ်မံ ထုတ်ဝေသည့်အခါ နိုင်ငံ့ခေါင်းဆောင်၊ ထင်ရှားသည့် ရှုခင်းများ၊ အဆောက်အအုံများ၊ အထိမ်းအမှတ်များ စသည့်ပုံများကို အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ထည့်သွင်း ရိုက်နှိပ်မည်ဟု ဖြေကြားမှု ရှိခဲ့သည်။

အဆိုပါ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ၏ ဖြေကြားမှုနှင့် စပ်လျဉ်း၍ ဆရာစံဇာဏီဘိုက ““လူတစ်ဦး တစ်ယောက်ရဲ့ ဓာတ်ပုံ ထည့်တာ ဒါ အမေရိကန်နိုင်ငံက စတာ။ သူများ တိုင်းပြည်တွေမှာ ဘုရင်ပုံစံနဲ့ လုပ်တယ်။ တိုင်းပြည် တစ်ပြည်မှာ မျက်နှာဖုံးပေါ်မှာ ပုံက သမ္မတပုံ ပါလာရင် ကျန်တဲ့သမ္မတတွေပါ ပါလာမှာပေါ့။ ဘယ်ဟန်မလဲ။ ဗေဒအရ ပြောတာ မဟုတ်ဘူး။ အစဉ်အဆက် နိုင်ငံရေး လုပ်ခဲ့တဲ့ ထောင်ကျခဲ့တဲ့၊ ပေးဆပ်ခဲ့တဲ့ ရင်ထဲက စကားပါ။ သမ္မတမှ မဟုတ်ဘူး။ တခြားလူပုံဆိုရင်လည်း ကန့်ကွက်မှာပဲ။ သတ္တ၀ါပုံ သုံးရင် မြင့်မြတ်တဲ့ သတ္တ၀ါပုံပဲ သုံးရမှာ”” …ဟူ၍ မြန်မာသံတော်ဆင့်သို့ ဖြေကြားခဲ့သည်။

မြန်မာပြည်တွင် ငွေကြေး စတင်သုံးစွဲရာ သတ္တ၀ါရုပ်ပုံနှင့် သုံးစွဲခဲ့ပြီး ပျူခေတ်တွင် ဒေါင်းဒင်္ဂါးပုံဖြင့် သုံးစွဲခဲ့သည်။ ဦးနေ၀င်း လက်ထက်တွင် လူပုံကို စတင် အသုံးပြုခဲ့ပြီး သမိုင်း အစဉ်အဆက်အရ မြန်မာကျပ်ငွေများတွင် ဗိုလ်ချုပ်အောင်ဆန်း အပါအ၀င် ဆရာစံ၊ သခင်ဖိုးလှကြီး စသည့် ထင်ရှားသော ခေါင်းဆောင်များ၏ ရုပ်ပုံများကို ဂုဏ်ပြု ရိုက်နှိပ်ဖော်ပြခဲ့သည်။ ၁၉၅၂ ခုနှစ်မှစ၍ ခြင်္သေ့ပုံပါ ငွေစက္ကူများကို ထုတ်ဝေခဲ့ပြီးနောက် တန်ဖိုးကြီး ငွေစက္ကူများ ထုတ်ဝေရာတွင် ဆင်ဖြူတော်ပုံကို ရိုက်နှိပ် သုံးစွဲစေခဲ့သည်။

 Myanmartandawsint Newspaper

* သွားတိုက်ဆေး ၏ အသုံးဝင်ပုံများ *


* သွားတိုက်ဆေး ၏ အသုံးဝင်ပုံများ *
21-11-2013 နေ့ ထုတ် ပြည်ထောင်စုနေ့ စဉ်သတင်းစာ (စာမျက်နှာ ၁၀) မှာ ဖော်ပြ ခံရတဲ့ ဆောင်းပါးလေးပါ။ FB မှ မိတ်ဆွေများ သုတမျိုးစုံရစေဖို့ အတွက် မျှဝေလိုက် ရပါတယ်ရှင်။

 (အလှအပ အတွက်)

သွားတိုက်ဆေးထဲရှိ ပါဝင်တွေပစ္စည်းတွေက အသားအရေကိုသိပ်သည်းကျစ်လစ်စေပြီး၊ ရောင်ရမ်းမှုတွေကိုပါ
သက်သာစေလို့  အောက်ပါအတိုင်းသုံးပေးနိုင်ပါတယ်။

 (၁) နီရဲရောင်ကိုင်းနေတဲ့ ၀က်ခြံဖုပေါ်ကို အိပ်ယာဝင်ခါနီးမှာ သွားတိုက်ဆေးလေးအသာတို့ ပြီး အိပ်လိုက်ပါ။ တညလုံး အိပ် စက်ပြီးနောက် နံက်အိပ်ယာထ ရေအေးဖြင့်မျက်နှာသစ်လိုက်တဲ့အခါ မျက်နှာပေါ်က၀က်ခြံဖု သိသိသာသာသေးကျုံ့ သွားတာကို ဒိဌမြင်တွေ့ ရပါလိမ့်မယ်။

(၂) လက်သည်းခွံတွေကလည်း သွားတွေလိုပါဘဲ ကြွေသားအလွှာနဲ့ ဖုံးအုပ်ဖွဲ့ စည်းထားတာကြောင့်၊ လက်သည်းခွံတွေ အရောင် တောက်ပလာစေဖို့ သွားတိုက်ဆေးကိုသုံးနိုင်ပါတယ်။ လက်သည်းခွံအရောင်လှပလိုသူများ၊ လက်သည်းခွံမာလိုသူများနဲ့  လက်သည်းချေးညှော်ကင်းစင်လိုသူများ သွားတိုက်ဆေးလေးနဲ့ အယာအယာပွတ်တိုက်ပေးလိုက်ပါ။

(၃) အထူးသဖြင့် ဂျယ်လီသွားတိုက်ဆေး(gel toothpaste)တွေမှာ ထည့်သုံးထားတဲ့ ဂျယ်လီအမျိုးအစားဟာ ဆံပင်ဂျယ်ထဲမှာ သုံးလေ့ရှိတဲ့ပစ္စည်းတွေနဲ့ အတူတူပါဘဲ။ ဒါကြောင့် ဆံပင်ဂျယ်ကုန်နေတဲ့အခါ၊ အစားထိုးအနေနဲ့ ဂျယ်လီသွားတိုက်ဆေးအနည်း ငယ်ဖြင့် အရေးပေါ်သုံးပေးနိုင်ပါတယ်။ (ဆေးမြီးတို အတွက်) သွားတိုက်ဆေးက ဆေးမြီးတိုအနေနဲ့ အသုံးဝင်တာမို့ ၊ အရေးပေါ်ဆေးသေတ္တာဗူးထဲမှာ သွားတိုက်ဆေးလေး တစ်ဗူးလောက် ဆောင်ထားပေးလိုက်ပါ။

(၄) အရေပြားကွဲရှနာအမျိုးမျိုး၊ ပုရွက်ဆိတ်-ခြင်ကိုက်ခံရခြင်း/ပျားတုပ်ခံရခြင်းတို့ ကြောင့် အရေပြားများယားယံရောင်ရမ်းခြင်း တို့ အတွက် သွားတိုက်ဆေးအုံထားနိုင်ပါတယ်။
သွားတိုက်ဆေးခြောက်သွားတာနဲ့ တပြိုင်နက်၊ ထိခိုက်ဒဏ်ရာတွေလဲ ယူပစ် သလိုသက်သာလာစေပါတယ်။

 (၅) မတော်တဆ မီးပူကပ်မိခြင်း၊ ဟင်းအိုးအပူလောင်ခြင်း..စသည့် ကြီးကြီးမားမားဟုတ်သော အပူလောင်ခြင်းတို့ အတွက် သွား တိုက်ဆေးပွတ်လိမ်းထားခြင်းဖြင့် အပူချက်ချင်းငြိမ်းသွားသလို၊ နာကျင်မှုလည်း မဖြစ်စေတော့ပါဘူး။ အပူလောင်အရည်ကြည်ဖု ထွက်လာတဲ့အခါ သွားတိုက်ဆေးလိမ်းပေးခြင်းဖြင့် အနာမဖြစ်လာတော့ဘဲ မန်းရည်တွေတစိမ့်စိမ်ထွက်ပြီး ချပ်ရပ်သွားစေနိုင် ပါတယ်။

(၆) အရှိန်ပြင်းပြင်းကြောင့်ထိခိုက်မိ၍ သွေးစုခဲသွားတာကြောင့် အရေပြားညိုမည်းသွားခြင်းအတွက် သွားတိုက်ဆေးသုံး၍ အရေ ပြားပေါ် စက်ဝိုင်းပုံသဏ္ဍာန် အသားအယာပွတ်ချေလိမ်းပေးခြင်းဖြင့် သွေးခဲများကိုချေပေးနိုင်ပါတယ်။ (ဖက်ရှင် အတွက်) လက်ဝတ်ရတနာများ၊ အ၀တ်အစားများနဲ့ ဖက်ရှင်အသုံးအဆောင်ပစ္စည်းများ သစ်လွင်တောက်ပလာစေဖို့ အတွက် သွားတိုက် ဆေးက မရှိမဖြစ်ပါဘဲ။

 (၇) ငွေထည်ပစ္စည်းများ ၀င်းလက်တောက်ပြောင်စေရန်၊ သွားတိုက်ဆေးဖြင့်ပွတ်တိုက်၍ တညသိပ်ပြီး၊ နောက်နေ့ မှာ အ၀တ်ပါး ဖြင့်ပွတ်ပေးလိုက်ပါ။ စိန်ရတာတွေ အရောင်ဖြာထွက်လာစေဖို့ သွားတိုက်ဆေးဖြင့် အသာအယာပွတ်ပေးပြီးနောက် ရေဆေးပေး လိုက်ပါ။ (ပုလဲရတနာကိုတော့ သွားတိုက်ဆေး လုံးဝ မသုံးမိပါစေနဲ့ )

(၈) ရှုးဖိနပ်အစင်းကြောင်းပျောက်ပြီး၊ အရောင်ပြန်လည်သစ်လွင်လာစေဖို့  ဖိနပ်တိုက်တဲ့ ဘရက်ရှ်ပေါ် သွားတိုက်ဆေးတင်၍ ပွတ်တိုက်ပေးနိုင်ပါတယ်။

 (၉) သွားတိုက်ဆေးထဲမှာပါတဲ့ ချွတ်ဆေး(bleaching)တွေက သွားများကိုဖြူစင်စေသလို၊ အ၀တ်ထည် အစွန်းအထင်းများအ တွက်လည်း အင်မတန်မှအသုံးဝင်လှပါတယ်။ စွန်းထင်းသွားသောအ၀တ်ကို သွားတိုက်ဆေးသုံး၍ အစွန်းများပျောက်သွားသည် အထိ ပွတ်ပေးပြီးနောက်၊ ပုံမှန်အတိုင်းပြန်လည်လျှော်ဖွတ်ပေးရုံပါဘဲ။ (လူသုံးကုန်းပစ္စည်း အတွက်) ငွေကုန်ကြေးကျသက်သာအောင် သွားတိုက်ဆေးသုံး၍ အိမ်တွင်းပစ္စည်းများကို သန့် စင်ပေးနိုင်ပါတယ်။

(၁၀) ဆော်ဒါကိုထဲ့သွင်းဖော်စပ်ထားတဲ့ သွားတိုက်ဆေးတွေကလည်း ကွန်ပြူတာပေါ်ရှိအစွန်းအထင်းတွေကို သန့် စင်ဖယ်ရှား ပေးနိုင်တာကြောင့်၊ သန့် ရှင်းနူးညံ့တဲ့အ၀တ်စအပေါ် သွားတိုက်ဆေးတို့ ၍ ကွန်ပြူတာလက်ကွက်ခလုတ်များကို ဂျီးချွတ်ပေး လိုက်ပါ။

 (၁၁) အ၀တ်အထည်တွေ မီးပူတိုက်ရင်း မီးပူလောင်ကပ်မိတယ် ဆိုကြပါစို့ ။ ချက်ချင်းသွားတိုက်ဆေးနဲ့  အ၀တ်ကိုပွတ်ပေးပြီး
 နောက် ရေလျှော်ချလိုက်ပါ(နောက်ထပ်တစ်ကြိမ် မီးပူမတိုက်ခင်မှာ အ၀တ်မှာသုတ်လိမ်းထားတဲ့ သွားတိုက်ဆေးတွေ လုံးဝ ပြောင်စင်ဖို့ တော့ လိုတယ်နော်)

(၁၂) ကလေးနို့ ဗူးကို ဘယ်လောက်ပဲသန့်စင်အောင်ဆေးဆေး အထဲကနို့ ချဉ်နံ့ စွဲနေသေးတယ်ဆိုရင်တော့ နို့ ဗူးထဲကို သွား တိုက်ဆေးနဲ့ ရေနဲနဲထဲ့၊ အဖုံးပိတ်၍ ခပ်ပြင်းပြင်းခလောက်ပေးပြီး ရေစင်စင်ပြန်ဆေးပေးလိုက်ပါ။

(၁၃) ကွန်ပြူတာလက်ကွက်ခလုတ်မှာလိုဘဲ စန္ဒရားလက်ကွက်ခလုတ်တွေပေါ်မှာရှိနေတဲ့ လက်ဗွေရာတွေ/အဆီတွေ/ချေး ညှော်တွေကို သွားတိုက်ဆေးသုံးပြီး သန်စင်လို့ ရပါတယ်။ သန့် ရှင်းရေးလုပ်ပြီးတဲ့အခါ အ၀တ်ခြောက်တစ်ခုနဲ့ ပြန်ပွတ်တိုက် ပေးလိုက်ရုံပါဘဲ။

 (၁၄) အိမ်နံရံတွေမှာ ကလေးငယ်တွေရောင်စုံခဲတံနဲ့ လက်ဆော့ထားတဲ့ အစွန်းအထင်းတွေအတွက် စိတ်မညစ်ပါနဲ့ ။ အ၀တ်ပေါ် သွားတိုက်ဆေးသုတ်ပြီး အဲဒီအစွန်းအထင်းတွေကို ဘေးသို့ မပြန့် အောင် စက်ဝိုင်းသဏ္ဍာန် နာနာဖိပွတ်သန့် စင်ပေးနိုင်ပါတယ်။

(၁၅) ကြက်သွန်ဖြူ-နီ၊ ပြည်ကြီးငါး(ကင်းပွန်)၊ ငါး၊ ပုစွန် စတဲ့ ညှီနံ့ များကိုင်တွယ်ချက်ပြုတ်ပြီးနောက် လက်ကရနံ့ ဆိုးတွေ အလွယ်တကူ ပျောက်ချင်ပါသလား။ သွားတိုက်ဆေးဖြင့်သာ လက်ကို နာနာပွတ်တိုက်ပြီး ရေလောင်းချပေးလိုက်ပါ။

(ပေါက်ပေါက်….မျှဝေသည်) (မှီငြမ်း American Daily Health Tips on 10th Oct ’13) -- *promise.pauk*

မလေးရှား ရဲက တင်းကြပ်နေ၍ မြန်မာ အလုပ်သမားများ သတိထားနေရ


ကွာလာလမ်ပူ ဘာဂျာယာတိုင်းမ်စကွဲအနီး နိုင်ငံခြားသား အလုပ်သမားများကို စစ်ဆေးလျက်ရှိသည့် မလေးရှားရဲ (ဓာတ်ပုံ – ကျော်ဆုမွန်)

ကွာလာလမ်ပူမြို့ရှိ နိုင်ငံခြားသားအလုပ်သမားများကို ဒေသဆိုင်ရာ အာဏာပိုင်များက တရားဝင် လာရောက်လုပ်ကိုင် ခြင်း ဟုတ်မဟုတ် တင်းကျပ်စွာ စစ်ဆေးနေခြင်းအားဖြင့် အခက်အခဲများ ပိုများလာနေကြောင်း မလေးရှား နိုင်ငံရောက် မြန်မာအလုပ်သမားများက ပြောကြသည်။

စာရွက်စာတမ်း အထောက်အထားမရှိသူများ ဖမ်းဆီး ထိန်းသိမ်း ခံနေရပြီး မြန်မာနိုင်ငံမှ ဘာသာရေးပဋိပက္ခများ၏ သက်ရောက်မှုများက မလေးရှားနိုင်ငံရောက် မြန်မာအလုပ်သမားများကို ယင်းသို့ တင်းတင်းကြပ်ကြပ် စိစစ်စရာ ဖန်လာနေသည်ဟု ဆိုကြသည်။

ယခုနှစ် မေလ နှောင်းပိုင်း နှင့် ဇွန်လ အစောပိုင်းတို့၌ မလေးရှားနိုင်ငံတွင် ဗုဒ္ဓဘာသာဝင် မြန်မာများ နှင့် မွတ်ဆလင်များ အကြား ပဋိပက္ခများဖြစ်ပွားခဲ့ပြီး အများစုမှာ ကွာလာလမ်ပူမြို့ တ၀ိုက်တွင်ဖြစ်သည်။ မြန်မာအလုပ်သမား အနည်းဆုံး ၆ ဦး သေဆုံးခဲ့၍ မိမိတို့လုံခြုံရေးကို စိုးရိမ်ကြောက်လန့်မှုဖြင့် ရာနှင့်ချီသော အခြားအလုပ်သမားများ မြန်မာနိုင်ငံသို့ ပြန်ခဲ့ကြသည်။

ဇွန်လအတွင်းက မြန်မာအလုပ်သမား ၁၀၀၀ ကျော်ကို မလေးရှားရဲအဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး နောက်ထပ် သွေးထွက် သံယို အကြမ်းဖက်မှုများ မဖြစ်ပေါ်လာစေနိုင်ရန် ယင်းသို့ ထိန်းသိမ်းရခြင်း ဖြစ်သည်ဟု ပြောခဲ့သည်။ ပြီးခဲ့သည့် ၃ လ က လည်း အလားတူထပ်မံ လုပ်ဆောင်ခဲ့သဖြင့် မလေးရှားနိုင်ငံရောက် မြန်မာအသိုင်းအ၀ိုင်းအတွက် စိုးရိမ်စရာ အခြေအနေ တခုဖြစ်လာရပြန်သည်။

“ကျနော်တို့ မှာ တရားဝင် အလုပ်လုပ်ခွင့် ပါမစ်နဲ့ နိုင်ငံကူးလက်မှတ် ရှိနေရင်တောင်မှ ကွာလာလမ်ပူမှာ ဘယ်ကို သွား သွား မလေးရှားရဲကို စိုးရိမ်နေရတယ်။ သူတို့ ကျနော်တို့ကို စစ်ဆေးတဲ့ နေရာတိုင်းမှာ တင်းတင်းကျပ်ကျပ်ကို စစ်ဆေး တယ်။ အထူးသဖြင့် မြန်မာတွေ အနေများတဲ့ တရုတ်တန်း နားမှာပါ” ဟု ကွာလာလမ်ပူမြို့တွင် နေထိုင်သည်မှာ ၁၀ နှစ်ကျော်ခဲ့ ပြီဖြစ်သော အသက် ၄၃ နှစ်အရွယ် ဦးကြည်အောင်က ပြောသည်။

“အထူးသဖြင့် နေထိုင်ခွင့် သက်တမ်းကျော်နေတဲ့ မြန်မာတွေ၊ ရဲက သူတို့ ဘယ်သူလဲဆိုတာသိတယ်။ ဒါကြောင့် သူတို့ သံသယရှိတယ်ဆိုရင် ဖမ်းပြီးတော့ အလုပ်ရှင်ဆီကို တာဝန်ခံပေးဖို့ ဖုန်းဆက်ခွင့်ပြုတယ်။ တခါတလေတော့ သူတို့ကို လာဘ်ထိုးခွင့် ပေးတယ်။ အနည်းဆုံး ရင်းဂစ် ၁၀၀ (အမေရိကန်ဒေါ်လာ ၃၁ ဒေါ်လာခန့်) ပေးရတယ်” ဟုလည်း သူက ပြောသည်။

ကွာလာလမ်ပူမှ ဒမန်ဆာရာ မြို့နယ်ရှိ အလုပ်သမားစုဆောင်းရေး ကုမ္ပဏီ တခုတွင် အလုပ်လုပ်ကိုင်နေသော ဦးကြည်အောင်က သူ၏ မလေးရှားနိုင်ငံတွင် ၁၀ နှစ်ကြာနေထိုင်ခဲ့သော အတွေ့အကြုံအရပြောရလျှင် ဆလာယန်း ရပ်ကွက်သည် မလေးရှား နိုင်ငံသားများနှင့် မြန်မာ၊ နီပေါ၊ အိန္ဒိယ၊ ဖိလစ်ပိုင်နှင့် အင်ဒိုနီးရှား အစရှိသော နိုင်ငံခြားသားများကြား ပြဿနာ အဖြစ် အများဆုံးဖြစ်သည်။

“အဲဒီနားမှာ ပြဿနာဖြစ်တယ်ဆိုတဲ့ သတင်းနေ့တိုင်း ကြားရတယ်။ အဲဒီမှာက တရားဥပဒေစိုးမိုးရေး မရှိဘူး။ ဒါပေမယ့် မီဒီယာတွေမှာကလည်း ထပ်တလဲလဲဖော်ပြပေးနေတော့ မြန်မာတွေကို နှစ်ဖက် အစိုးရတွေကလည်း ပိုပြီး သတိထားမိ လာကြပါတယ်။ အခုဆိုရင် ကျနော်တို့ကို မလေးရှား အစိုးရက သေသေချာချာ စစ်ဆေးတာ ခံနေရပြီ။ သက်တမ်းကျော်ပြီး နေတဲ့ သူတွေကတော့ ပိုပြီးစိုးရိမ်ရတာပေါ့” ဟု ဦးကြည်အောင်က ဆိုသည်။

စက်တင်ဘာ လဆန်းပိုင်းတွင် မလေးရှား အာဏာပိုင်များက တရားမ၀င် အလုပ်သမားများ ဖယ်ရှားရေး လှုပ်ရှားမှုတရပ်ကို စတင်လုပ်ဆောင်လာချိန်တွင် မြန်မာအလုပ်သမားများလည်း ဒုတိယအကြိမ်မြောက် အစုအပြုံလိုက် အိမ်ကိုပြန်ကြသည်။ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ပြန်လာကြသော မြန်မာအလုပ်သမား ၁၇၀ က မလေးရှား အာဏာပိုင်များ က ဖမ်ဆီးမည်ကို စိုးရိမ်သည့်အတွက် ပြန်လာဖို့ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ပြောကြသည်။ ယခုနှစ်ပြုလုပ်သော နှိမ်နင်းမှု သည် စေ့စေ့စပ်စပ် နှင့် သေသေချာချာ လုပ်ကိုင်ခြင်း ဖြစ်သည့်အတွက် တရားမ၀င် နေထိုင်ကြသူများသည် အဖမ်းခံရမည်ကို စိုးရိမ်စွာဖြင့် နေနေကြရကြောင်း သူတို့က ပြောသည်။

ကွာလာလမ်ပူမှ စားသောက်ဆိုင်ပိုင်ရှင် တဦးဖြစ်သော ဦးသိန်းနိုင်က အလုပ်သမားအဖြစ် နေထိုင်ခွင့်ရရှိရေး လုပ်ထုံးလုပ်နည်းများသည် ရေရာ တိကျခြင်းမရှိဟု ဆိုသည်။ မလေးရှား အစိုးရနှင့် မြန်မာအစိုးရတို့၏ သတ်မှတ်ချက်များကလည်း ကွဲပြားမှုများ ရှိနေပြီး တခါတရံ ဆန့်ကျင်ဖက်ဖြစ်နေသည်ဟုလည်း သူကပြောသည်။

“ဘယ်လို ဖြစ်နေသလဲဆိုတော့၊ တကယ်လို့ အလုပ်သမားတယောက်က မြန်မာသံရုံးက အသိအမှတ်ပြုထားတဲ့ အထောက် အထား စာရွက်စာတမ်းတွေပြနိုင်ရင် တရားဝင်နေထိုင်ခွင့် ကဒ်ပြားထုတ်ပေးမယ်လို့ မလေးရှား အစိုးရက ပြော တယ်။ ဒါပေမယ့် မြန်မာသံရုံးက ကျတော့ မလေးရှားအစိုးရက အလုပ်လုပ်ခွင့်ပါမစ်ပေးရင် သူတို့က ကာလရှည်နေထိုင်ခွင့် ပါမစ် ကိုအတည်ပြုပေးမယ်လို့ ပြောတယ်။ အဲဒီတော့ လူတွေလည်း ဘယ်လိုလုပ်ရမှန်း မသိတော့ဘူး။ သူတို့ကြားမှာ လိုက်လျောညီတွေ မဖြစ်တော့ဘဲ ကွဲလွဲနေတယ်” ဟု မလေးရှားနိုင်ငံတွင် နှစ်ပေါင်း ၂၀ ကျော်ကြာ နေထိုင်ခဲ့သော ဦးသိန်းနိုင် က ပြောပြသည်။

မလေးရှား အာဏာပိုင်များဖက်ကလည်း တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် နိုင်ငံခြားသားအလုပ်သမား ၄၀၀၀၀၀ ခန့် ကို နောက်ဆုံးအကြိမ်တွင် ဖယ်ထုတ်နိုင်ရန် ဦးတည်ချက်ထားရှိကြောင်း သတင်းရရှိသည်။

“ဖြစ်နိုင်ရင် မြန်မာအစိုးရဘက်ကနေ မလေးရှားနိုင်ငံမှာ တရားဝင်နေထိုင်လုပ်ကိုင်ချင်တဲ့ မြန်မာအလုပ်သမားတွေကို လိုအပ်တဲ့ ထောက်ခံစာထုတ်ပေးခြင်းအားဖြင့် ကူညီသင့်ပါတယ်။ ဒီလိုမှ မဟုတ်ရင် မလေးရှားနိုင်ငံမှာ တရားမ၀င် အလုပ် သမားတွေ ပိုများလာပါလိမ့်မယ်” ဟုလည်း ဦးသိန်းနိုင်က ဆိုသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်းကလည်း တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် မြန်မာအလုပ်သမားများကို နှင်ထုတ် နေသည့် ကိစ္စကို မလေးရှား  အစိုးရနှင့် ဆွေးနွေးရန်အတွက် မြန်မာနိုင်ငံ အလုပ်သမားဝန်ကြီးဌာန ၀န်ကြီး ဦးအေးမြင့်  ကွာလာလမ်ပူသို့ သွားရောက်ခဲ့သည်။

မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသည့် အခါ ၀န်ကြီး ဦးအေးမြင့်က တရားဝင်မှတ်ပုံတင်ထားခြင်းမရှိသည့် မြန်မာ အလုပ်သမားများကို နယ်စပ်ကို တရားမ၀င်ဖြတ်ကျော်၍ ထွက်သွားခဲ့ခြင်း ဖြစ်သည့်တိုင်အောင် အရေးယူခြင်းမရှိဘဲ ပြန် လာခွင့်ပေးမည် ဖြစ်သည်ဟု ပြောခဲ့သည်။

အလုပ်သမားဝန်ကြီးဌာန၏ စာရင်းဇယားများအရ မလေးရှားနိုင်ငံတွင် အလုပ် လုပ်နေသော မြန်မာနိုင်ငံသား ၂၅၀၀၀၀ ခန့်ရှိပြီး ၎င်းတို့ထဲမှ ၁၁၀၀၀၀ ကျော်သည် မှန်ကန်သည့် တရားဝင်စာရွက်စာ တမ်းများ မရှိဘဲလုပ်ကိုင်နေကြခြင်း ဖြစ်သည်ဟု သိရသည်။ အခြား မြန်မာနိုင်ငံသား ၈၀၀၀ ခန့်က ကုလသမဂ္ဂ၏ ဒုက္ခသည် အဆင့်အတန်း သတ်မှတ်ခံထားရသူများဖြစ်သည်။

သို့သော်လည်း အဆိုပါ ကိန်းဂဏန်းများ ထက်လျော့နည်း ကျဆင်းသွားဖွယ်ရာ အကြောင်းများလည်း ရှိနေသည်။ စက်တင်ဘာလ အတွင်း ဖမ်းဆီးမှုများ ဖြစ်ပွားခဲ့ပြီးနောက် မြန်မာ အလုပ်သမား အတော်များများ ပြန်သွားကြကြောင်း မလေးရှားနိုင်ငံရောက် မြန်မာ အလုပ်သမားများက ပြောကြသည်။ ထို့အတွက်ကြောင့် ၎င်းတို့ ကို အားထားလုပ်ကိုင် နေရသည့် မလေးရှား စက်မှုလုပ်ငန်းများ ကို ထိခိုက်ခဲ့ရပြီး စက်ရုံအချို့နှင့် အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ပိတ်ပစ်ရလုနီးပါး ဖြစ်ခဲ့ရသည်။

ကွာလာလမ်ပူမြို့ ဆန်းဝေးရပ်ကွက်ရှိ Old Town ကော်ဖီဆိုင်မှ စားဖိုမှူးတဦး ဖြစ်သော ဦးဝင်းမြင့်က မလေးရှား စီးပွားရေး လုပ်ငန်းရှင် အများစုသည် မြန်မာ အလုပ်သမားတို့၏ အလုပ်အပေါ်ရိုသေ တန်ဖိုးထားမှုကို သဘောကျနှစ်ချိုက် ကြပြီး ဖမ်းဆီးအရေးယူမှုများကြောင့် အိမ်ပြန်သွားရသည်ကို မမြင်တွေ့လိုကြကြောင်း ပြောပြသည်။

“တချို့ အလုပ်ရှင်တွေဆိုရင် သူတို့ အလုပ်သမားတွေ နေထိုင်ခွင့်ပါမစ် ရဖို့ကြိုးစားပေးကြတယ်။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာ အလုပ်သမားတွေက အလုပ်ကြိုးစားတယ်။ တနေ့ကို ၁၂ နာရီ အလုပ်လုပ်နိုင်တယ်။ ဒေသခံ အလုပ်သမားတွေက မလုပ်နိုင်ကြဘူး” ဟု သူကဆိုသည်။

သို့သော် မလေးရှားအစိုးရ၏ ကန့်သတ်ချုပ်ချယ်မှုများအတွက် ပူပန်နေရန် မလိုသည့် မြန်မာအလုပ်သမားများအတွက် ပင်လျှင် မလေးရှားတွင် ကာလကြာရှည် ဆက်လက်နေထိုင်ရန် ခက်ခဲသည့်အကြောင်း တခုကလည်းရှိလာသည်။ နေထိုင်မှု စားရိတ်များ မြင့်တက်လာခြင်းက သူတို့အတွက် နောက်ထပ်စိန်ခေါ်မှု တခုဖြစ်သည်။

“ကျနော် တလကို မလေးရင်းဂစ် ၁၅၀၀ (အမေရိကန်ဒေါ်လာ ၅၀၀ခန့်) ရတယ်။ ကျနော်ပိုက်ဆံ မစုနိုင်ဘူး။ အိမ်က မိသားစု ဆီကိုလည်း ပြန်မပို့နိုင်ဘူး။ ကျနော် ဒီမှာဆက်ပြီး အလုပ်လုပ်နေရတဲ့ အကြောင်းက ကျနော့်တိုင်းပြည်မှာ ဒီလောက်ပိုက်ဆံ ပမာဏကို မရှာနိုင်လို့ပါ။ ဒါပေမယ့် နောက်နှစ်ကျရင်တော့ ပြန်ဖို့ ကျနော်စဉ်းစားနေပါတယ်” ဟု ဦးဝင်း မြင့် ကပြောသည်။

“မလေးရှားကို လာဖို့ ကျနော်တို့ ရင်းဂစ် ၃၀၀၀ ကျော်ပေးခဲ့ရတယ်။ အဲဒီတော့ ပထမ တနှစ်မှာ ပိုက်ဆံမစုနိုင်ဘူး။ ဘာဖြစ် လို့လဲဆိုတော့ စားသောက်ဆိုင်တွေ၊ ဆောက်လုပ်ရေးလုပ်ငန်းတွေနဲ့ စက်ရုံတွေမှာလုပ်တဲ့ တချို့ အလုပ်သမားတွေဆိုရင် လစာက ရင်းဂစ် ၁၀၀၀ ထက်နည်းတယ်။ သူတို့ မိသားစု ဆီကိုတောင် ပိုက်ဆံပြန်မပို့နိုင်ဘူး” ဟု သူက ထပ်ပြောသည်။

မလေးရှား နိုင်ငံသို့ ရောက်ရှိနေသော မြန်မာအလုပ်သမားများက မြန်မာနိုင်ငံတွင် တလလျှင် မြန်မာငွေ ၂၀၀၀၀၀ ကျပ်နှင့် အထက်ရှာဖွေ နိုင်မည်ဆိုပါက မလေးရှားနိုင်ငံတွင် လက်ရှိနိုင်ငံခြားသား အလုပ်သမားများတွေ့ကြုံနေရသည့် အခြေအနေ များကို ရင်ဆိုင်မည့် အစား မြန်မာနိုင်ငံမှာသာ နေသည်က ပိုသင့်လျှော်ကြောင်းပြောကြသည်။

“အခု အချိန်ကတော့ မလေးရှားနိုင်ငံက နိုင်ငံခြားသား အလုပ်သမားတွေအတွက် အချိန်ကောင်း မဟုတ်ပါဘူး” ဟု ကွာလာလမ်ပူမှ စားသောက်ဆိုင်ပိုင်ရှင် ဦးသိန်းနိုင်က ဆိုသည်။

ဧရာဝတီ

Facebook အဆိုတော် မေမြတ်မွန်နဲ့ အင်တာဗျူး



Facebook တွင် သီချင်း ဗီဒီယိုဖိုင်များဖြင့် လူသိများလာသည့် မေမြတ်မွန် (ဓာတ်ပုံ – မေမြတ်မွန် / Facebook)

သိပ်မကြာသေးခင် ကာလက ဖေ့စ်ဘုတ်မှာ ပြန်ဆိုတေး ဗီဒီယိုဖိုင်တွေကြောင်း တဟုန်ထိုး လူသိများလာသူ၊ အငြင်းပွားဖွယ် ဖြစ်လာရသူတဦး ရှိပါတယ်။ သူကတော့ သြတြေးလျနိုင်ငံမှာ နေထိုင်တဲ့ အသက် ၂၈ နှစ် အရွယ်ရှိ မေမြတ်မွန်ပါ။ မေမြတ်မွန်ရဲ့ Facebook မှာ မြန်မာသံ တေးသီချင်း၊ ခေတ်ပေါ် သီချင်း၊ အင်္ဂလိပ်သီချင်းတွေကို ပိုင်ပိုင်နိုင်နိုင် ပြန်လည် သီဆိုထားရုံမက သူ့မရဲ့ ခံစားချက်တွေ၊ ဗဟုသုတဆိုင်ရာ အကြောင်းတွေကိုပါ ပြောပြ၊ ဖတ်ပြထားတဲ့ ဗီဒီယိုဖိုင်ပေါင်း ၈၈ ဖိုင်လောက် ရှိတယ်လို့ သိရပါတယ်။

မေမြတ်မွန်ရဲ့ သီချင်းဆို ပိုင်နိုင်ရုံတင်မက သူမရဲ့ ဝတ်စားဆင်ယင်မှုကြောင့်လည်း လူသိများလာတာ၊ အငြင်းပွားကြတာ ဖြစ်ပါတယ်။ သြစတြေးလျနိုင်ငံကို လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက ရောက်ရှိခဲ့တဲ့ မေမြတ်မွန်ဟာ လက်ရှိမှာ သြစတြေးလျ နိုင်ငံသားတဦးနဲ့ လက်ထပ်ထားပြီး မြန်မာပြည်ကို ပြန်ဖို့ အစီအစဉ် မရှိဘူးလို့ သိရပါတယ်။ Facebook မှာ ရုတ်တရက် နာမည်ကြီး လူသိများလာတဲ့ မေမြတ်မွန်နဲ့ ပတ်သက်လို့ သိချင်နေတဲ့ အွန်လိုင်းပရိသတ်တွေအတွက် မေမြတ်မွန် သီချင်းတွေ ဆိုဖြစ်ပုံနဲ့ သူမရဲ့ အကြောင်းတွေကို မစပ်စုက ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။     ။ အခု မေမြတ်မွန်ရဲ့ ဗီဒီယိုဖိုင်တွေက ဘယ်ကာလလောက်ကတည်းက စလုပ်ပြီး Facebook မှာ တင်ဖြစ်နေတာလဲ။

ဖြေ။     ။ ဒီဗီဒီယိုဖိုင်တွေက Facebook စသုံးကတည်းက တင်ဖြစ်တာ တနှစ်၊ နှစ်နှစ်လောက် ကြာနေပါပြီ။ အဲ့ဒီကတည်း ကိုယ့်အားလပ်ရက်ကလေးတွေမှာ သွင်းပြီးတော့ လုပ်စရာရှိတာ လုပ်ထားတာပေါ့။ မနက်ပိုင်းဆို သီချင်းက ဆိုချင်စိတ်ဖြစ်လာပြီ။ အပျော်ပေါ့နော်။ တခါတလေကျရင် သီချင်းက မှန်တာလည်း မရှိဘူး။ မှားတာတွေလည်း ရှိတယ်။ ဒါပေမယ့် ကိုယ်က အပျော်သဘောပဲလေ။ သူငယ်ချင်းတွေကို လက်ဆောင်တွေလည်း ပေးချင်တယ်။

မေး။     ။  ဒါဆို စတင်တင်ချင်းမှာ ဘယ်သူမှ သတိမထားမိသေးဘူးဆိုတဲ့ သဘောလား။ ဒီလောက် နှစ်နဲ့ချီ ကြာခဲ့ပြီး အခုမှ Facebook မှာ like ကြ share နေကြတာ ဘာကြောင့်လို့ ထင်မိလဲ။

ဖြေ။     ။ စတင်တင်ချင်းကို အဲဒီလောက်အထိ Share တာတွေ ဘာမှမရှိသေးဘူး။ ဒီနှစ်ပတ်အတွင်းကို ဘယ်လိုကနေ ဘယ်လို ပျံ့သွားလဲ မသိဘူး။ တဟုန်ထိုးကြီး ဖြစ်သွားတာ။ ဒီနှစ်ပတ်အတွင်းကိုပဲ သူငယ်ချင်းပေါင်း ၅ ထောင်ရလာတာ။ ဖြစ်ချင်တော့လည်း ၀ုန်းကနဲ ဒိုင်းကနဲ Share ကြတော့တာပဲ။ ကိုယ်လုပ်နေတာ လွန်ခဲ့တဲ့နှစ်တွေ ကတည်းကပါ။ ဒီနှစ်ပတ်အတွင်းမှာမှ သူငယ်ချင်းပေါင်း ၅ ထောင်က လာ Add ကြတာပါ။ ကျမကလည်း မာန မကြီးဘူးလေ။ အကုန်လုံးကို လက်ခံတယ်။

မေး။     ။ တချို့သူတွေရဲ့ Comment တွေမှာ တွေ့ရတာက မေမြတ်မွန် အခုလို သီချင်းတွေ ဆိုဖြစ်နေတာ စိတ်ထွက်ပေါက် တခုအနေနဲ့ လုပ်နေတာလား ဆိုတဲ့အပေါ် ဘယ်လို သုံးသပ်ချင်လဲ။

ဖြေ။     ။ ခံစားချက် ဆိုတာကတော့ အမြဲရှိနေတာပဲလေ။ ဥပမာ ကိုယ့်အမေနဲ့ဆိုလည်း ခံစားချက်တခုက ဖြစ်လာတယ်။ ကိုယ့်ရည်းစားနဲ့ဆိုလည်း ခံစားချက်တခုပေါ့။ ကိုယ်နဲ့နေ့စဉ် ထိတွေ့နေတဲ့ လူတိုင်းနဲ့ ပတ်သက်ပြီးတော့ ကိုယ့်မှာ ခံစားချက် တမျိုးစီရှိတယ်။ အဲဒီ ခံစားချက်လေးတွေကို ဖော်ထုတ်ပြလိုက်တာ။ ဒါတွေက သူများလည်း သိတယ်။ သူများတွေမှာလည်း ရှိမှာဘဲ။ နေ့စဉ်တွေ့နေရတဲ့ လူတွေနဲ့ ဖြစ်ဖြစ်လာသမျှ ခံစားချက်တွေကို ကိုယ်က သီချင်းလေးနဲ့ ဖော်ထုတ်လိုက်တာ။ အံဝင်ခွင်ကျ သီချင်းလေးတွေကလည်း ရှိနေတယ်။ ကိုယ့်ခံစားချက်နဲ့ တိုက်ဆိုင်တဲ့ သီချင်းပေါ့နော်။ ကိုယ်ကလည်း အမြဲတမ်း အိမ်မှာဆိုနေတော့ သီချင်းတွေကလည်း ရနေတယ်။ အဲဒီတော့ သူငယ်ချင်းတွေကို ပြန်ဖျော်ဖြေလို့ ရတာပေါ့နော်။

မေး။     ။ မေမြတ်မွန်ရဲ့  အချစ်ရေးနဲ့ အိမ်ထောင်ရေးကို ပြောပြပေးလို့ရမလား။

ဖြေ။    ။ ကျမ ပထမ ခင်ပွန်းနဲ့ အသက် ၁၇ နှစ်မှာ လက်ထပ်ပါတယ်။ ၁၈ နှစ်မှာ သားလေးကို မွေးတယ်။ အသက် ၂၂ နှစ်မှာ သူနဲ့ လမ်းခွဲလိုက်တယ်။ သူကတော့ သင်္ဘောအင်ဂျင်နီယာပါ။ ဘာကြောင့်လဲ ဆိုတော့ ကိုယ့်ခြေထေက်ပေါ် ကိုယ်ရပ်တည်ချင်လို့၊ သူများလုပ်စာ ထိုင်မစားချင်ဘူးဆိုပြီး ကိုယ့်ဖာသာ ရှာမယ်လို့ ဆုံးဖြတ်ပြီးတော့ သြစတြေးလျကို ထွက်လာခဲ့တယ်။ သြစတြေးလျကို ကျမရဲ့ အမေက အရင်ရောက်ပါတယ်။ ပြီးတော့ ကျမနဲ့ ကျမ မောင်လေးကို ခေါ်လိုက်တယ်ပေါ့။ သားလေးကိုတော့ မြန်မာပြည်မှာ ထားခဲ့ရတာပေါ့။ အခု သူ့အဖေနဲ့ ရန်ကုန်မှာ နေပါတယ်။ သူ့အဖေကလည်း နောက်အိမ်ထောင်ပြုထားပါတယ်။ ဒီ သြစတြေးလျရောက်ပြီး တနှစ်ကြာတော့ ကျမ လက်ရှိ ခင်ပွန်းနဲ့ အွန်လိုင်းမှာတွေ့တယ်။ သူ့မှာက ကလေး ၃ ယောက်ရှိတယ်။ သူက တခါမှ လက်မထပ်ထားဘဲ ပထမအမျိုးသမီးနဲ့ အတူနေပြီး နောက်တော့ လမ်းခွဲလိုက်ပြီး တော်တော်ကြာတော့ ကျမနဲ့တွေ့တယ်။ ကျမနဲ့ ချစ်ပြီး ၄ နှစ်ကြာတော့ ကျမတို့ လက်ထပ်လိုက်ကြတယ်။ သူက လက်သမားပါ။ Kitchen တွေ ဆောက်တယ်။ သူက ကျမကို အရမ်းချစ်တယ်။ နားလည်တယ်။ ဘာလုပ်လုပ် သည်းခံတယ်။ ကျမကလည်း သူ့ကို သနားတယ်။ စာနာတယ်။ အဲ့ဒါကြောင့်လည်း လက်ထပ်ဖြစ်သွားတာပါ။

မေး။     ။  အခုလို သီချင်းပေါင်း မနည်းမနောကို ပြန်ဆိုနေတာ တွေ့ရတော့ ဒီအဆိုအနုပညာနဲ့ ရှေ့လျှောက် တေးစီးရီး ထုတ်တာတို့ Professional အဖြစ် လုပ်သွားဖို့ရှိမလား။

ဖြေ။     ။  ကျမ မသေမချင်း သီချင်းကတော့ ဆိုသွားဦးမှာပါပဲ။ ဒါဟာ ကျမရဲ့  Favourite အဖြစ်ဆုံး ၀ါသနာဆိုတော့ ဆိုသွားမှာပါပဲ။ ဒါပေမယ့် စီးရီးထုတ်တယ် မထုတ်တယ် ကိစ္စကကျတော့ ကျမမှာ အခွေထုတ်ဖို့အတွက် အရင်းအနှီး မရှိပါဘူး။ သူက အများကြီးလိုတယ်။ အဲဒီအတွက် ကျမ မထုတ်နိုင်ပါဘူး။   သီချင်းလေးတွေ ဆိုထားတဲ့ ဗီဒီယိုဖိုင်လးတွေကို Facebook မှာ တင်မယ်။ ဒီလောက်ပါပဲ။ Professional လုပ်ဖို့ အစီအစဉ် မရှိပါဘူး။

မေး။     ။ မြန်မာနိုင်ငံမှာ နေခဲ့တုန်းကရော အခုလို အဆိုပညာနဲ့ ပတ်သက်လို့ ဘာတွေ လုပ်ကိုင်ခဲ့တာရှိလဲ။ ဥပမာ- သီချင်းဆိုပြိုင်ပွဲတွေ ၀င်ပြိုင်တာတို့လိုမျိုးပေါ့။

ဖြေ။     ။  မြန်မာနိုင်ငံမှာနေခဲ့တုန်းကတော့ စတာကတော့ ရပ်ကွက်ပိုင်းက စတာပေါ့နော်။ ရပ်ကွက်ထဲက လွတ်လပ်ရေးနေ့ဆို သီချင်းဆိုပြိုင်ပွဲရှိတယ်။ အဲဒီမှာ ၃ နှစ်ပြိုင်တယ်။ ၃ နှစ်လုံး ဆုရပါတယ်။ ပထမနှစ်မှာ ဒုတိယဆု၊ ဒုတိယနှစ်မှာ ပထမဆု၊ တတိယနှစ်မှာ ပထမဆု ရတယ်။ နောက်နှစ်ကျတော့ ရပ်ကွက်လူကြီးက ပြောတယ်။ Presenter ပဲ လုပ်တော့ပါတဲ့။ ဒီနှစ်လည်း နင်ရဦးမှာပဲဆိုပြီး ပြောတယ်။ အဲဒါနဲ့ အပျော်လေးပဲ ဆိုပြီး Presenter ပဲ လုပ်တယ်ပေါ့။ အဲဒီနောက် ၂၀၀၂ ခုနှစ်က City FM ရဲ့ သီချင်းဆိုပြိုင်ပွဲမှာ အယ်လ်ဆိုင်းဇီရဲ့ မိုးရာသီထဲ သီချင်းနဲ့ ဒုတိယဆု ရခဲ့တယ်။ နောက် မြန်မာ့အသံလား MRTV-4 လားဆိုတာ မမှတ်မိတော့ဘူး။ အဲဒီမှာ ပြိုင်ပွဲတခု လုပ်တယ်ဆိုလို့ သွားဝင်ပြိုင်ပေးတယ်။ ဒါပေမယ့် ဆုမရပါဘူး။

မေး။     ။ အဲဒီတုန်းကရော Professional ဖြစ်ဖို့ ရည်ရွယ်ပြီး လုပ်တာလား။ အပျော်တမ်းအနေနဲ့ပဲ ၀င်ပြိုင်ဖြစ် ခဲ့တာလား။

ဖြေ။     ။ အဲဒီတုန်းကတော့ ငယ်သေးတော့ Professional ဖြစ်ဖို့အတွက် မျှော်လင့်ချက် ရှိတာပေါ့။ ဒီလောက် ၀ါသနာပါတာ။ သူများ စီးရီး ထုတ်ပေးရင်တော့ သိပ်ကောင်းမှာပဲပေါ့။ အဲလိုမျိုးနဲ့ ပြိုင်တာပေါ့။ ဒါပေမယ့် မရပါဘူး။ ဘယ်သူမှလည်း စိတ်မ၀င်စားကြဘူးလေ။ အဲဒါနဲ့ ဒီအတိုင်းပဲ ဒီဘက်ကို ထွက်လာတာ။

မေး။     ။  အရင်က အဆိုတော် အရမ်းဖြစ်ချင်ခဲ့ အိပ်မက်ခဲ့စဉ်တုန်းက ဘယ်သူမှ စိတ်ဝင်စားမှုမရှိခဲ့ဘဲ အခုမှ မေမြတ်မွန်ကို စိတ်ဝင်စားလာကြတဲ့အပေါ် ဘယ်လိုမြင်လဲ။

ဖြေ။     ။ အဲဒါက ကံပေါ့နော်။ ကံကောင်းတဲ့အချိန်လို့ ပြောရမှာပေါ့။ အားလုံးက ချစ်ပြီးတော့ အားပေးကြပါတယ်။ တချို့ ဆဲတဲ့သူက ဆဲနေပေမယ့် ချစ်တဲ့သူက ချစ်ကြတော့ ဒါ ကံပဲလို့ သဘောထားပါတယ်။ ပျော်လည်းပျော်ပါတယ်။ လုပ်ရကျိုးလည်း နပ်ပါတယ်။

မေး။     ။ မေမြတ်မွန်ရဲ့  ဗီဒီယိုဖိုင်တချို့မှာ မေမြတ်မွန်ရဲ့ ၀တ်စားဆင်ယင်မှုနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ ရှိနေတယ်။ အဲဒါနဲ့ ပတ်သက်လို့ ဘယ်လိုမြင်ပါလဲ။

ဖြေ။     ။  ဒါကတော့ လုပ်ယူလို့ မရဘူးလေ။ သူ့အမြင်နဲ့ ကိုယ့်အမြင်မတူဘူးလေ။ ကိုယ်က မြန်မာသီချင်းတွေ ဆိုနေတာဆိုတော့ မြန်မာလူမျိုးတွေအတွက် ဆင်ခြင်ရမယ်လို့တော့ မြင်မိပါတယ်။ နောက်ဆို သူတို့ မကြိုက်တာတွေလည်း မ၀တ်တော့ပါဘူး။ ဘာမကြိုက်ဘူးလဲဆိုတာ သိသွားတာပေါ့။ ဘာကြောင့်လဲဆိုတော့ သူများကိုလည်း စိတ်ဒုက္ခ မပေးချင်ဘူးလေ။ နောက် ကိုယ့်ဘက်က ဆင်ခြင်ရုံပဲရှိပါတယ်။ အရွဲ့တိုက်ဖို့လည်း စိတ်ကူးမရှိဘူး။ စိတ်ဆိုးဖို့လည်း စိတ်ကူးမရှိပါဘူး။ ဒါ သူ့အမြင်ပဲလေ။ သူက ဒီမှာနေရင် ဒီလိုပဲ မြင်မှာပဲ။ ကိုယ်က ဒီဘက်မှာနေလို့သာ ဒီလိုမြင်နေပေမယ့် သူက သူ့နိုင်ငံထဲမှာဆိုတော့ ဒီလိုပဲ မြင်ကြမှာပါပဲ။ အဲ့ဒီအတွက် ဘာမှ ပြောစရာမရှိပါဘူး။ ဝေဖန်ကြပါစေ။

မေး။     ။  နောက်ပိုင်းမှာလည်း Facebook မှာ အခုလို သီချင်း ဗီဒီယိုဖိုင်တွေ ဆက်တင် ဆက်လုပ်သွား ဖို့ရှိမလား။

ဖြေ။     ။ ဟုတ်ကဲ့ ရှိပါတယ်။ ဘယ်သူအားပေးပေး မပေးပေး ကိုယ့်ဖာသာ ကြည့်ဖြစ်တယ်လေ။ ကိုယ့်ဖာသာ အားပေးတယ်လေ။ အစကတည်းက သူများအားပေးဖို့ မဟုတ်ဘဲနဲ့ ကိုယ့်ဘာသာကို ကြည့်ဖို့အတွက် ကိုယ့်ဝါသနာ အရပါ။ ကိုယ်ရဲ့ မှတ်တမ်းပေါ့။ ကိုယ်အသက်ကြီးလာရင် ပြန်ကြည့်ရအောင်လို့ ကိုယ်ဘာတွေ ဆိုခဲ့လဲ။ ဒီသီချင်းလေးတွေကို ပြန်ပြီး ကိုယ်အသက်ကြီးလာရင် ပြန်နားထောင်ရအောင်လို့ ဒီသီချင်းတွေကိုတော့ အမြဲတမ်းဆိုသွားမှာပါပဲ။ Favourite ဖြစ်တဲ့ သီချင်းလေးတွေကို ကိုယ့်ဖိုင်ထဲမှာ သိမ်းထားတဲ့သဘောပါပဲ။ ကြိုက်တဲ့ သူငယ်ချင်းတွေလည်း နားထောင်နိုင်တာပေါ့။ ဒီသဘောပါပဲ။

မေး။     ။ Facebook ကနေ မေမြတ်မွန်ကို သူတို့ကြိုက်တဲ့ သီချင်းတွေ သီဆိုပေးဖို့ တောင်းဆိုတာတွေရော ရှိလား။ အခုနောက်ပိုင်း သူငယ်ချင်းပေါင်း ၅ ထောင်နီးပါး ဖြစ်လာပြီဆိုတော့ သူတို့ တောင်းဆိုတာတွေရော ဆိုပေးဦးမှာလား။

ဖြေ။     ။ တောင်းဆိုပါတယ်။ ဟိုးအရင်ကတည်းက သူငယ်ချင်းတွေက တောင်းဆိုကြတယ်။ တခါတလေ သူတို့ တောင်းဆိုတဲ့သီချင်း ကိုယ်မရတာလည်း ရှိရင် မဆိုဘူးပေါ့နော်။ ဒါပဲနားထောင်ပေါ့။ ဒါပဲရတယ်လို့ ကျမကတော့ ပြန်ပြောတာပဲ။ သူတို့လည်း ကျေနပ်ပါတယ်။ သူတို့လည်း ရတာကို နားထောင်တယ်။ ဘယ်သူမှ ချေးမများဘူး။ နောက်ပိုင်း သူငယ်ချင်းတွေ တောင်းဆိုတဲ့ သီချင်းတွေလည်း ဆိုပေးမှာပါ။ ဘာကြောင့်လဲဆိုတော့ ကိုယ်ရထားတဲ့ သီချင်းတွေက ပြောရမယ်ဆိုရင် အများကြီးလေ။ ကိုယ်က ဆိုပေးချင်တယ်။ အခုဆိုရင် ပျော်တယ်။ သူငယ်ချင်း ငါးထောင်ဆိုတော့ တယောက်ကို တပုဒ်နှုန်းနဲ့ဆိုပေးဦး။ အပုဒ်ရေငါးထောင် ဆိုလို့ရပြီ။ အရမ်းပျော်တယ်။

မေး။     ။ ဒါဆို မေမြတ်မွန်ရဲ့ အိပ်မက်က သီချင်းဆိုနေရရင်ပြီးရော ဆိုတာလား။

ဖြေ။     ။ ဟုတ်ပါတယ်။ သီချင်းဆိုနေရရင် ပြီးပြီ။

မေး။     ။ Blog တွေ၊ Facebook စာမျက်နှာတွေမှာ မေမြတ်မွန်ရဲ့  ဗီဒီယိုဖိုင်တွေတင် မဟုတ်ဘဲ မေမြတ်မွန် ဘာလုပ်နေလဲ။ မေမြတ်မွန် အိမ်ထောင်ပြုတော့မယ် စသဖြင့် သတင်းတွေရေးကြ ပြောကြ ဆိုကြဆိုတော့ မေမြတ်မွန်ကို Celebrity တယောက်လို စောင့်ကြည့်ပြောဆိုနေကြတဲ့အပေါ် ဘယ်လိုမြင်လဲ။

ဖြေ။     ။  အခုက အဲလို အနေအထား ဖြစ်လာပြီဆိုတော့ အရင်တုန်းကလိုတော့ ပရမ်းပတာ လုပ်ချင်တိုင်း လုပ်လို့မရတော့ပါဘူး။ ကိုယ့်ပရိတ်သတ်ကို ထည့်စဉ်းစားရတော့မှာပေါ့။ ကိုယ့်ပရိတ်သတ်ကို စော်ကားမိမလား သူတို့ မကြိုက်တာများ လုပ်မိမလား။ အဲ့လိုပူပန်တာတွေ ရှိလာပါတယ်။ ပိုပြီး ဆင်ဆင်ခြင်ခြင် လုပ်သွားဖို့ရှိပါတယ်။ ဒါပေမယ့် ပင်ကိုယ် အကျင့်စရိုက်ကတော့ ဖျောက်လို့ မရဘူးပေါ့နော်။ သူများကို မစော်ကားမိအောင်တော့ လုပ်ရမှာပါပဲ။ ဒါပါပဲရှင်။     ။

ဧရာဝတီ

Wednesday, November 20, 2013

ဆီးချိုကျဆေး


တမာခေါက်ကို ကျကျကျို၍ ဟင်းစားဇွန်းတစ်ဇွန်းခန့် တစ်နေ့သုံးကြိမ်သောက်ပါ။

ကျန်းမာရေးအတွက် အသုံးဝင် ဆေးမြီးတိုများ

အဖွားခေတ်က သုံးတဲ့ကျောက်ကြေဆေးနည်းလေးပါ


ဆီးအိမ် ကျောက်ကပ် ဆီးသွားလမ်းကြောင်းတို့မှာ ကျောက်တည်လျှင် အုန်းသီးနုနုကို မြေပေါ်မကျအောင် ဆွတ်ခူး၍ မျက်နှာဖွင့်ပြီး ငရုတိကောင်းငါးစေ့လှော် အမှုန့်ပြု ထိုအုန်းစိမ်းရည်၌ စိမ်၍ သောက်ပါ။ကျောက်များ ကြေ၍ ကျလိမ့်မည်။

ကျောက်ကပ်မှာ အနည်ထိုင်ချင်နေလျှင် မနက်အိပ်ယာထစ မတ်ခွက်တစ်ခွက်ရေအပြည့်သောက်ပေးပါ။ပျောက်ကင်းပါမည်။

ကျန်းမာရေးအတွက် အသုံးဝင် ဆေးမြီးတိုများ

လှိုင်သာယာတွင် ဖောက်ခွဲရေးပစ္စည်းများ နှင့် ဖမ်းမိခဲ့သော တရားခံ၏ ကွင်းဆက်တရားခံ ထပ်မံမိ


 ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ရက်က ရန်ကုန်မြို့ လှိုင်သာယာတွင် ဖမ်းဆီးမိသည့် ဗုံးဖောက်ခွဲရန် ကြံစည်သူနှစ်ဦး နှင့် ၎င်းတို့၏ ကွင်းဆက်တရားခံ ကို နိုဝင်ဘာ ၁၅ရက်က စစ်တွေ မြို့ တရားသိစုရပ်ကွက်ရှိ ယင်း၏ နေအိမ်တွင် ရခိုင်ပြည်နယ် ရဲတပ် ဖွဲ့မှ ဖမ်းဆီးခဲ့ကြောင်း စုံစမ်းသိ ရသည်။

ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှ ဖမ်းဆီးရမိသူသည် ဘိုဘိုထွန်း (ခ)ဘိုဘိုဖြစ်ပြီး ရန်ကုန်မြို့ တွင်ဖမ်းဆီးမိခဲ့ သူခိုင်နေမင်း(ခ) တင် မောင်၏ညွှန်ကြား ချက်ကြောင့် ဖောက်ခွဲမှုများ ရန်ကုန်မြို့အ တွင်း ပြုလုပ်ရန် အတွက် လက် လုပ်ဗုံးများကို ဝယ်ယူခဲ့သူဖြစ် ကြောင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ မှ ရဲအရာရှိတစ်ဦးက ဆိုသည်။

''ရန်ကုန်က ဖမ်းမိတဲ့သူတွေ နဲ့ ပတ်သက်တဲ့သူက စစ်တွေမှာ နှစ်ဦးရှိတာ၊ တစ်ဦးတော့မိတယ်။ တစ်ဦးတော့လွတ်သွားတယ်''ဟု အဆိုပါရဲအရာရှိက ဆက်လက် ပြောကြားသည်။

ဖောက်ခွဲရေးလုပ်ငန်း လုပ်ကိုင်ရန်အတွက် ဘိုဘိုထွန်းမှ ခိုင် နေမင်းအတွက် ရှာဖွေပေး ခဲ့သည့် ဖောက် ခွဲရေးပစ္စည်းများတွင် လက် လုပ်ဗုံးတစ်လုံးနှင့် ကလေးကစား စရာသေနတ်တွင် အသုံးပြု သည့် ယမ်းကတ်များပါဝင်သည်။
အဆိုပါတရားခံကို ရန် ကုန်မြို့သို့လွှဲပြောင်းရန် စီစဉ်နေ ပြီး လတ်တလော အနေဖြင့် စစ် တွေခရိုင် ရဲတပ်ဖွဲ့မှူးရုံးတွင် ထိန်း သိမ်းထားကာ ယင်းတို့နှင့် ဆက် စပ်သည့် တရားခံတချို့ကိုလည်း ရှာဖွေဖမ်းဆီး နိုင်ရန် ကြိုးစား လျက်ရှိကြောင်း သိရသည်။

ဘိုဘိုထွန်း(ခ)ဘိုဘိုအား ရခိုင်အမျိုးသားရေးကိစ္စများကို လုပ်ကိုင်ရန်အတွက်ဆိုကာ ခိုင် နေမင်း(ခ)တင်မောင် မှ စည်းရုံး ခဲ့ပြီး၊ လူမျိုးရေး၊ ဘာသာရေးကို ထိခိုက်နိုင်သည့်ကိစ္စရပ်များတွင် ခိုင်းစေရန် ကြိုးစားခဲ့ကြောင်း ဘိုဘိုထွန်း၏ ထွက်ဆိုချက်တွင် ဖော်ပြထားသည်။

Yangon Media Group

သဘာဝခေါင်းရန်းပန်း ဆံကေသာအားဖြည့်ဆေး


(၁)သုံးစွဲပြီးပါက ဆံပင်အရင်းမှအဖျားအထိ အားဖြည့်ပေးသည်။အရွယ်မတိုင်မီ ပေါက်သော ဆံပင်ဖြူများကို ဖုံးစေသည်။

(၂)ဆံပင်အက်ကွဲ၊ပြတ်တောက်ခြင်း၊ ကျွတ်ခြင်းများကို သက်သာစေသည်။

 ခေါင်ရန်းပန်းမှ ဤအားဖြည့်ဆေးကိုပြုလုပ်ပုံမှာ

(၁)ရေ (၄၅၀-၅၀၀) ml  ကို မီးနည်းနည်းနှင့်တည်ပါ။

(၂)အခြောက်ခံထားသောခေါင်ရန်း ပွင့်(၂၀-၃၀)ပွင့်ကို ထည့်၍ ပြုတ်ပါ။

(၃)ပူလာလျှင် မီးမျှင်းမျှင်းနှင့်ဆက်တည်ပါ။သို့သော် တပွက်ပွက်ဆူလာသည်အထိ မထားပါနှင့်။ အနည်းငယ်ဆူပြီး အငွေ့ထွက်လာလျှင် မီးဖိုပေါ်မှ ချပါ။ ဆူပွက်သည်အထိ ထားပါက ပန်း၏အာနိသင် ပြယ်သွားနိုင်သည်။

(၄)ပန်းပြုတ်ရေသည် မရမ်းနှင့်ပန်းရောသည် အရောင်ခပ်ရင့်ရင့်ပြောင်းလာသည်။

(၅)ယင်းနောက် ရေခရားသန့်သန့် ထဲတွင် ထည့်ပြီး အအေးခံ၍ တစ်ညသိပ်ထားပါ။

(၆)နံနက်တွင် ဆံပင်လျှော်ပါ။ လျှော်ပြီးလျှင် သုံးနေကျပျော့ဆေးအစား ခေါင်ရန်းပန်းအားဖြည့်ရည်ကို ဦးရေကို ထိအောင် လိမ်းပြီး တဘက် နှင့်ပေါင်းထားပါ။ အနည်းဆုံး (၄၅)မိနစ် သို့မဟုတ် (၁)နာရီ ထားပါ။

(၇)ပြီးလျှင် အရောင်များစင်သွား သည်အထိ ခေါင်းကို ဆေးပါ။ ဦးရေတွင် ယားယံခြောက်သွေ့ခြင်းမရှိဘဲ ပေါ့ပါးလန်းဆန်းသွားသည်ကို ခံစားရပါမည်။
ဆံပင်များသည်လည်းသဘာဝအားဖြင့် အရောင်ဆိုးပြီးသားဖြစ်သည့်အပြင် ဆံပင်ကိုလည်း အားဖြည့်ပေး စေနိုင်သည်။ အ၀တ်အစားများကို စွန်းထေးပေကျံခြင်းမရှိပါ။

Health Updates Journal

ဦးနေဝင်း၏ကျန်းမာရေးအတွက်သာ ယတြာနှင့် ကူညီမှုများပြုလုပ်ပေးခဲ့ခြင်းဖြစ်သော်လည်း နိုင်ငံတော်ပုန်ကန်မှုတွင် ပါဝင်သည်ဟုစွပ်စွဲကာ အဖမ်းခံခဲ့ရဟု စကြာအောင်ပွင့်ခေါင် ထုတ်ဖော်



ဦးနေဝင်း၏ ကျန်းမာရေးအတွက် ၄င်း၏မြေးများက လာရောက်မေးမြန်းခဲ့ရာ တတ်ကျွမ်းသည့်ပညာရပ်ဖြင့် ကူညီခဲ့ပြီး နောက်ပိုင်း ရင်းနှီးပတ်သက်ခဲ့ရာမှ နိုင်ငံတော်ပု န်ကန်မှုတွင် ပါဝင်သည်ဟု စွပ်စွဲကာ အဖမ်းခံခဲ့ရခြင်းဖြစ်သည်ဟု မကြာမီကပြန်လည်လွတ်မြောက်လာသော ကိုမျိုးမြင့်အောင် (အမှန်ဟောမနော မယစကြာအောင် ပွင့်ခေါင်)   က ထုတ် ဖော်လိုက်သည်။

၎င်းအား ၂ဝဝ၂ ခုနှစ် ၃ လပိုင်း တွင် ထောက်လှမ်းရေး ၂၆ မှ ဗိုလ်ကြီး ကျော်ကျော်ထွန်းက လာရောက်ခေါ် သွားခဲ့ပြီး ဦးနေဝင်းမြေးများနှင့် ပတ် သက်ပြီး နိုင်ငံတော်ပုန် ကန်မှု၊ အာဏာ သိမ်းမှုများဖြစ်ခဲ့ရာ ပါဝင်ပတ်သက်နေ သည်ဟု ပြောခဲ့ကြောင်း ၄င်းကဆိုသည်။

”မဟုတ်ဘူး။ ကျွန်တော့်ကို ဒီနေ့ ထိလည်း နိုင်ငံတော်ပုန်ကန်မှု၊ ယတြာ ချေပါလို့ တစ်ခါမှ မမေးဖူးဘူး။ ကျော် နေဝင်းပါးစပ်ကကိုကျွန်တော်က (ကျော် နေဝင်း) စိတ်တို တတ်တယ်။ နိုင်ငံရေး လုပ်လို့ရမှာမဟုတ်ဘူး။ ကျွန်တော်က စီးပွားရေးပဲလုပ်မယ်လို့ ပြောဖူးတယ်။ ဒီကိစ္စတွေ ကျွန်တော်လည်း မသိဘူး။ ယတြာတွေဘာတွေချေပေးတာ ကလည်း သူတို့အဖိုး ကျန်းမာရေး၊ လုပ်ငန်းတွေ တိုးတက်ဖို့ ဒီသဘောယတြာပဲပေးတယ်” ဟု ဆရာအောင်ပွင့်ခေါင်က ထိုစဉ်က သူပြန်လည်ဖြေရှင်းခဲ့ပုံကို ပြောသည်။

   ထိုသို့မေးမြန်းပြီး နှစ်ရက်အကြာ တွင် အောင်သပြေစစ်ကြောရေးစခန်း၊ ထို မှ အင်းစိန်သို့ပို့ခဲ့ကြောင်းနှင့် သုံးလခန့် အကြာ ထောက်လှမ်းရေးများ ရောက် လာပြီး တရားခံ လုပ်မလား၊ သက်သေ လုပ်မလားဟု မေးမြန်းခဲ့ကြောင်း ¤င်း က ဆိုသည်။

”သက်သေလုပ်ပေးလို့ရှိရင် ကျွန် တော်တို့နဲ့ပူးပေါင်းပါ။ တရားခံဆိုရင်သိ တယ်မဟုတ်လားတဲ့။ အဲဒီတော့ ဘာ သက်သေလုပ်ရမှာလဲ ပြန်မေးတော့ ဒီအချက် ဒီအချက်ေ တွထွက်ပေးတဲ့။ လွတ်ရင်ပိုကောင်းတာပေါ့လို့ ပြော တယ်။ ကျွန်တော် အနန္တငါးပါးထဲမှာယုံကြည်ကိုးစားနေတာ။ ဒီလိုဖြစ်မှ ပြောဆိုပြီးတော့ ကျွန်တော့်သားတပည့် တွေ ကြိုးစင်တက်ခံရမယ့်ဟာမျိုး မလုပ် နိုင်ဘူး။ ကျွန်တော့်ဆီ သူတို့အဖိုး ကျန်း မာရေးနဲ့လာတယ်။ နိုင်ငံတော်ပုန်ကန်မှု နဲ့မပတ်သက်ရင်ထွက်မယ်။ခုနကမဆိုင် တဲ့ဟာတွေေ တာ့ မထွက်နိုင်ဘူးလို့ ပြော ခဲ့တယ်”ဟု သူကပြောသည်။

 သို့ရာတွင် ”ဒါပေမဲ့ အစိုးရသက် သေဖြစ်သွားတယ်”ဟု ၄င်းကပြောသည်။ ၄င်း၏ ယတြာနှင့် အစီအရင်များအရ ဦးနေဝင်းကျန်းမာရေးပြန်လည် ကောင်း မွန်ခဲ့ပြီးနောက်   မြေးများက ကျေးဇူးဆပ် သည့်အနေဖြင့် လှူတန်းနိုင်ရန် တစ်လ လျှင်သုံးသိန်း၊ ကားကောင်း တစ်စီးနှင့် ဖုန်းတစ်လုံးပေးခဲ့ကြကြောင်းနှင့် သူ့အ မည်ပေါက်နှင့်ထိုကားမှာ အမှုဖြစ်စဉ်က သိမ်းထားခဲ့ရာယခုတိုင်ပြန်မရသေးဟု ဆိုသည်။

ထို့ပြင်၎င်းအား တရားစွဲဆိုနိုင် ရန်အတွက် ပြုလုပ်ကြရာတွင် ၄င်းနေထိုင် ရာ ရပ်ကွက်၌ ဆယ်အိမ်မှူး၊ ရာအိမ်မှူး နှင့် ရပ်ကွက်ပြည်သူတို့ ပြဿနာဖြစ်ခဲ့ဖူး ပြီး ထိုစဉ်က ရပ်ကွက်မှ မြို့နယ်သို့ တိုင် စာပို့ခဲ့ကြောင်း၊ ထိုစာကို သူ့ထံသို့တပည့် တစ်ယောက်က ယူလာ၍ ဤအတိုင်း ထားလိုက်ကြောင်းနှင့် ၄င်းအား လာ ရောက် ဖမ်းစဉ်တွင်ထို စာကို ယူသွားကြ ကြောင်း ပြောသည်။

”၅(ည)တပ်ပြီး ရဝတ ဥက္ကဋ္ဌကို မဟုတ်မမှန်တိုင်တယ်ဆိုပြီး အဘ ဘိုး ဘိုးအောင် ၊ အဘဘိုးမင်းခေါင်ဓာတ်ပုံ တွေတွေ့တယ်ဆိုပြီး နောက်တံဆိပ်တွေ ငါး၊ ကျား၊ ယပ်တောင်၊ ဓားနှစ်လက်နဲ့ဒေါင်းတံဆိပ်အဲဒါတွေနဲ့ ၁၇/(၂ဝ)နဲ့ ၇ နှစ် ၇နှစ် ၁၄နှစ်လုပ်ပြီး ၂၁ နှစ်ချလိုက် တာ”ဟု သူကဆိုပါသည်။ ထိုတံဆိပ်များ မှာ အေးနေဝင်းက ကုမ္ပဏီတံဆိပ်ပြုလုပ် ရန်သင့်မသင့် အကြံလာတောင်းသည့် အရာများသာဖြစ်ပြီး နိုင်ငံတော်ပုန်ကန် မှုနှင့် မသက်ဆိုင်ကြောင်း ၄င်းက ပြော ပါသေးသည်။

 ”ကျော်နေဝင်းတို့နဲ့ပတ်သက်ပြီး တော့ ထောင်ကျတယ်။ သူတို့ယုံကြည် ကိုးကွယ်တယ်။ သုံးသိန်း၊ ကားနဲ့ဖုန်းပေး တယ်။ နောက်ပြည်ပ ဘီဘီစီ၊ အာရ် အက်ဖ်အေတို့က ဦးနေဝင်းကို ဘာငြိုး တယ် မသိဘူး။ လှူတာတစ်မတ်ကို တစ်ကျပ်ဖြစ်အောင်လုပ်တော့ကျွန်တော် ထောင်ကျရတာ”ဟု ဆရာအောင်ပွင့် ခေါင်က ဆိုပါသည်။

Popularmyanmar

Tuesday, November 19, 2013

အဆိုတော် ချမ်းချမ်း ဘုဏ်းသိုက်ရဲ့ ကိုယ်ဝန်လွယ်ထားပြီ


သရုပ်ဆောင်၊အဆိုတော်ချမ်းချမ်း က နိုဝင်ဘာလ ၁၂ရက်နေ့က ‘အချစ် ထက်မက’ ဒီဗီဒီအတွက် စတင် ရိုက်ကူးနေပြီဖြစ်ရာ ‘ကိုယ်သိထားတယ်’ သီချင်းလေးမှာ ဘုဏ်း သိုက်နဲ့အတူ ချမ်းချမ်းက ပါဝင်သရုပ် ဆောင်ထား ပါတယ်။ အိမ်ထောင်ကျပြီးနောက်ပိုင်း မှာလည်း တစ်ယောက်နဲ့တစ်ယောက် ပံ့ပိုးကူညီရင်း အနုပညာအလုပ်တွေကို လုပ်နေတဲ့ဘုဏ်းသိုက်နဲ့ ချမ်းချမ်းတို့မှာ ခုဆိုရင် ရင်သွေးလေးရှိနေပြီ ဖြစ်ကြောင်း သိရတဲ့ အတွက်မေး ကြည့် ဖြစ်တဲ့အခါ

“မိသားစုတစ်ခုမှာ အသိုက် အမြုံလေးတစ် ခုဖြစ်ဖို့အတွက် အချိန် ဆိုတာပေး ရတယ်။ တချို့ကြတော့ လည်း ကြိုးစားပေမယ့် အချိန်တွေ အများကြီးကြာမှ မိသားစုဘဝလေးရ တယ်။ အဲဒီလိုဆိုတော့ အစ်မတို့က တော့ ခုလို ရင်သွေးလေးကို အချိန် အများကြီးမပေးရဘဲနဲ့ရသွားတဲ့အတွက် ဒါဘုရားပေး တဲ့ကံလို့ ထင်ပါ တယ်။ ခုဘယ်နှလရှိပြီ ဆိုတာတော့ သေချာ မပြော တတ်သေးဘူး။ အစ်မကလည်း မမှတ်မိဘူး။ သုံးလကျော် လောက်တော့ ရှိလောက်ပြီ၊ခုလောလောဆယ်တော့ SSC မှာ ပြနေတယ်။ ပြီးတော့ ပင်လုံ ဆေးရုံမှာလည်းပြနေတယ်။ ခုလောေ လာ ဆယ်တော့ ဘယ်တော့လောက်မွေးနိုင် မလဲဆိုတာ confirm မဖြစ်သေး ဘူး။ဘာ ဖြစ်လို့ လဲဆိုတော့ အစ်မကနယ်တွေ အရမ်းသွားနေရတဲ့အခါကျတော့ဘယ် အချိန် မှာဘယ် လိုမွေးမလဲ။ ဘယ်လမှာ မွေးမလဲ။ ဘယ်ဆရာဝန်နဲ့ ဘယ်လိုဖြစ် မယ်ဆိုတာ ရွေးတုန်းပဲ။ နေရာ လည်း အတိအကျမသိသေးဘူး ။ညီအစ်မ လေးယောက် ထဲမှာ ပထမဆုံးအိမ်ထောင် ကျတယ်။ အားလုံး ကတော့ မျှော်လင့် နေကြတယ်။ ဘာလေးဖြစ်မလဲ ပေါ့။ အစ်မအပါအဝင် အားလုံးက လည်း ပျော် နေကြတယ်” လို့ ပြော ပြခဲ့ပါ တယ်။ နိုဝင် ဘာ ၁၆ရက်နေ့မှာ တော့နယ်တန်ဆောင်တိုင် ပွဲတွေမှာသွား ရောက်ဖျော်ဖြေ ဖို့ရှိပြီး နိုဝင်ဘာ၂၄ရက်နေ့မှာ ဘန်ကောက် ကိုသွားဖို့ရှိကြောင်းပြောပါ တယ်။

By Popular Journal

စကော်ပီယံဂိုဏ်းနှင့် လုံးဝပတ်သက်ခဲ့ခြင်း မရှိဟု ငြင်းဆိုလိုက်သည့် ဦးနေဝင်းမြေးများ


    ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလက လွတ်မြောက်ခဲ့သူ ဦးအေးဇော်ဝင်း၊ ကိုဇွဲနေဝင်းတို့နှင့် ၂ဝ၁၃ နိုဝင်ဘာ ၁၅ ရက်နေ့ တွင် လွတ်မြောက်လာခဲ့သူ ကိုအေးနေဝင်းနှင့် ကိုကျော်နေဝင်း

တစ်ချိန်က ဘုန်းမီးနေလတောက် ခဲ့သော ရဲဘော်သုံးကျိပ်ဝင်၊ တော်လှန် ရေးကောင်စီဥက္ကဋ္ဌ၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီဥက္ကဋ္ဌ၊ နိုင်ငံတော်သမ္မတ စသည့် တာဝန် များကို ထမ်းဆောင်ခဲ့သူ ဦးနေဝင်း၏ သားသမီးမြေးများ ဖမ်းဆီး ခံခဲ့ရပြီးနောက် ဒေါ်စန္ဒာဝင်းသည် ၂ဝဝ၈ ခုနှစ် ဒီဇင်ဘာ ၁ဝရက်နေ့တွင် နေအိမ် အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်ခဲ့ သည်။
ဦးအေးဇော်ဝင်းနှင့် ကိုဇွဲနေဝင်း တို့သည် ၂ဝ၁၂ ခုနှစ် ဇန်နဝါရီလက သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာ ခွင့်ဖြင့် ပြန်လည် လွတ်မြောက်ခဲ့ကာ နိုင်ငံတော်ပုန်ကန် မှုဖြင့် သေဒဏ်ကျခံ နေရသည့် ကိုကျော်နေဝင်းနှင့် ကိုအေး နေဝင်းတို့သည်လည်း အင်းစိန်အကျဉ်း ထောင်မှ ၂ဝ၁၃ နိုဝင်ဘာ ၁၅ ရက်နေ့ တွင် လွတ်မြောက်လာခဲ့ ပြီဖြစ်ပါသည်။ နောက်ဆုံး လွတ်မြောက်လာခဲ့သော ဦးနေဝင်း၏မြေးများဖြစ်သည့် ကိုအေး နေဝင်းနှင့်ကိုကျော်နေဝင်းတို့အား အယ် ဒီတာအဖွဲ့မှ သွားရောက်တွေ့ဆုံမေး
မြန်းခဲ့သည်များအနက် အချို့အား ဖော် ပြအပ်ပါသည်။
► တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းတွေက ဖက်ဒရယ်ပြည်ထောင်စု တပ်မတော်ဆိုတာမျိုးကို ဒီနေ့တောင်း ဆိုနေတဲ့အပေါ် ဘာများပြောချင်ပါ လဲ။ ဖြစ်နိုင်ပါ့မလား။
တပ်မတော်ဆိုတာကို မပြောခင် ပြည်ထောင်စုဆိုတဲ့ဟာကို ကျွန်တော်ခံ ယူချက်အရ ပြောချင်တယ်။ ပြည် ထောင်စုဆိုတာ အခု အများပြောနေတဲ့ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရှိရ မယ်ဆိုတာ အင် မတန် အရေးကြီးတဲ့ စရိုက်လက္ခဏာ တစ်ခုပါ။ အဲဒီထက်ပိုပြီး အရေးကြီးတာ က ကျွန်တော်တို့ နိုင်ငံတော် သီချင်းဖြစ် တဲ့ တို့ဗမာ သီချင်းထဲမှာ ပါသလို ဗမာ ပြည်တစ်ဝှမ်းအကုန် ကိုယ့်အိမ်မှတ်ပါ။ ကိုယ့်ရာမှတ်ပါဆိုတာ ပြည်ထောင်စုပါ ပဲ။ ဆိုလိုတဲ့ သဘောက ရန်ကုန်မြို့မှာ နေတဲ့ ဗမာတစ်ယောက်ကလည်း ကိုယ့် မြို့လို့
ခံယူနိုင်တဲ့ အခြေအနေမျိုး ရှိရ မယ်။ ကရင်တစ်ယောက်၊ ချင်းတစ် ယောက်၊ ရှမ်းတစ်ယောက် စတဲ့ တိုင်း ရင်းသားတွေကလည်း ရန်ကုန်မြို့မှာနေ ရင် ကိုယ့်မြို့လို့ ခံယူနိုင် တဲ့ အခြေအနေ ရှိရပါမယ်။ တစ်ယောက်နဲ့ တစ်ယောက် လူမျိုးရေးအရ ခွဲခြားမှုမရှိဘဲ ညီရင်းအစ်ကို မောင်ရင်းနှမ သဖွယ်ချစ်ချစ်ခင်ခင် နေနိုင်ရပါမယ်။ အဒီလို ဖြစ်လာရင် တကယ် စစ်မှန်တဲ့ ပြည်ထောင်စုကြီး ဖြစ်လာမှာပါ။ ကိုယ့်ပြည်နယ်အကျိုးကို ဆောင်ရွက်နိုင်မယ်ဆိုရင် ကချင်ပြည် နယ် ဝန်ကြီးချုပ်က ရှမ်းလူမျိုးဖြစ်ချင်ဖြစ် နေမယ်။ မွန်ပြည်နယ်မှာလည်းဝန်ကြီး ချုပ်က စစ်ကိုင်းသား ဖြစ်ချင်ဖြစ်နေ မယ်။ အဲဒီလို ပြည်နယ်စွဲ၊ လူမျိုးစွဲ မ ထားဘဲ သီလ၊ သမာဓိ ရှိရှိ ပြည်နယ် ကောင်းကျိုးကို သယ်ပိုးနိုင်မယ့် သူကို အားလုံး ထောက်ခံကြမယ်ဆိုတဲ့ စိတ် ဓာတ်မျိုး ပေါ်လာရင် ပြည်နယ်တစ်ခု ချင်းဆီကလည်းတိုးတက်ကြီးပွားလာ မယ်။ အဲဒီတော့ ဖက်ဒရယ်တပ်မတော် ဆိုတာ ကလည်း အားလုံး ညီညီညွတ် ညွတ် လုပ်ကြရင် မပေါ်ပေါက်နိုင်စရာ အကြောင်း မရှိပါဘူး။ ဖက်ဒရယ်ပြည် ထောင်စုဆိုတာ ဘယ်လို အဓိပ္ပာယ် ဖွဲ့ကြမှာလဲ။ ကျွန်တော် တို့နိုင်ငံမှာ လွန်ခဲ့တဲ့ နှစ် ၂ဝ မှာ တပ်မတော်မှာ အင်မတန်ကြီးမားတဲ့ အစဉ်အလာတွေ က စိတ်မကောင်းစွာ ပျောက်မသွားတာ တွေ ရှိပါတယ်။ အဲဒါ တိုင်းရင်းသားတပ် ရင်းတွေက ပြောင်းလဲဖွဲ့စည်းတာ ခံ လိုက်ရပါတယ်။ ဥပမာ ချင်းတပ်လိုဟာ မျိုးက တိုင်းရင်းသားတပ်တွေပါ။ ပြည် ထောင်စုအကျိုးအတွက် တိုက်ယူခဲ့ကြ တယ်။ အခု ကချင်ဆိုလည်း ကချင် လက်နက်ကိုင် အဖွဲ့တွေ၊ ရှမ်းဆိုလည်း ရှမ်းလက်နက်ကိုင် အဖွဲ့တွေ စသဖြင့် ညီညီညွတ်ညွတ် ပြန်ဖွဲ့နိုင်ရင် တစ်ခု တည်းသော တပ်မတော်အဖြစ် တပ်မ တော် ကာကွယ်ရေးဦးစီးချုပ်ရဲ့ အောက် မှာ ပြည်ထောင်စုကို ကာကွယ်သွားမယ် ဆိုတဲ့စိတ်ဓာတ် မွေးနိုင်မယ် ဆိုရင် ဖက်ဒရယ် ပြည်ထောင်စုတပ်မတော် ဆိုတာ   ပေါ်လာပါလိမ့်မယ်။ ဗမာနိုင်ငံ သား တိုင်းရင်းသား တပ်ရင်းတွေ ရှိသ လို အညာဘက်မှာ ရှိတဲ့ တပ်မ (၃၃) လက်အောက်ခံ ခလရ (၄) ဆိုတာ ရှိပါ တယ်။ အဲဒါကိုအရင် က ဂေါ်ရခါး တပ် ရင်း (၄)လို့ ခေါ်ပါတယ်။ အဲဒီ အဝင်မှာ ဂေါ်ရခါး ဓားကောက်(၂) ခုရှိပါတယ်။ အခုတော့ ရှိလားမရှိလား မသိတော့ ဘူး။အဲဒီတော့ ကိုယ့်တိုင်းရင်းသားထဲ မှာမပါတဲ့ ဂေါ်ရခါးလူမျိုးတွေရဲ့ တပ် တောင် ပါနိုင်ခဲ့သေးရင်တကယ် ဖက်ဒ ရယ်ပြည်ထောင်စုတပ်မတော်ကိုတိုင်းရင်း သားတွေဘာကြောင့် မလုပ်နိုင်ရမှာ လဲ။
► အခု လက်ရှိကျင့်သုံးနေတဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ပတ်သက်ပြီး ဘာများပြောလိုပါသလဲ။
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ က စတင်ပေါ်ပေါက်လာကတည်းက အငြင်းပွားစရာတွေ ရှိပါတယ်။ အဲဒါ ကြောင့် အခြေခံ ဥပဒေထဲမှာ ကောင်း မွန်တဲ့ အချက်တွေ ရှိသလို ပိုမိုကောင်း မွန်အောင် ပြင်သင့်တဲ့ အချက်တွေ ရှိ နေတယ်ဆိုတာကို လက်ခံပါတယ်။ အ ခြေခံ ဥပဒေပြင်ဆင်ရေးဆွဲရေးတို့၊ အသစ် ပြန်လည်ရေးဆွဲရေးတို့၊ ဒီအ တိုင်း ထားရေးတို့ဆိုတာက ကျွန်တော် တို့နိုင်ငံမှာ ရှိတဲ့ ပါတီတစ်ခုနဲ့ တစ်ခု သဘောထား ကွဲလွဲနေတဲ့ ကိစ္စဖြစ်ပါ တယ်။ ဒါပေမဲ့ ကျွန်တော်တို့ မိသားစုက ကိုယ်နေခဲ့တဲ့ အသိုင်းအဝိုင်းက ကြီးတဲ့ အတွက် မြန်မာနိုင်ငံမှာ အခု လှုပ်ရှား နေတဲ့ နိုင်ငံရေးပါတီကြီးတွေရဲ့ ခေါင်း ဆောင်ပိုင်းတွေနဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးကျွမ်းဝင်တဲ့ အနေအထား မှာ ရှိ ပါတယ်။ ဒါကြောင့် ပါတီတစ်ခုဘက်၊ နိုင်ငံရေး ခေါင်းဆောင်တစ်ဦးဘက်ကို ဝင်ရပ်အားပေးပြီး ပုံချထားဖို့ မသင့် တော်ပါဘူး။ အားလုံးမိတ်ဆွေတွေလို မိတ်မ ပျက်နေသွားချင်ပါတယ်။ တစ်မျိုး သားလုံး ညီညီညွတ်ညွတ် ဆောင်ရွက် နိုင်မယ့် ကိစ္စတွေဆို ပြောပြနိုင်ပါတယ်။ လက်ရှိ ပါတီချင်း သဘောထားကွဲလွဲနေ တဲ့ ကိစ္စဖြစ်နေ တာကြောင့် မိသားစုမူအ ရ ဒီကိစ္စကို တစ်ဖက်ဖက်မှာ ရပ်တည်ဖို့ ကို ငြင်းဆန်ပါတယ်။
► အစ်ကိုတို့က နိုင်ငံရေးအကျဉ်းသား စာရင်းမှာ ထည့်သွင်းပေးဖို့ တောင်း ဆိုခဲ့တယ်လို့ သိရပါတယ်။ ဘာကြောင့် ဒီလို တောင်းဆိုခဲ့တာလဲ။ နိုင်ငံရေး အကျဉ်းသားဆိုတာ ကို ဘယ်လို နား လည် ထားပါသလဲ။
နိုင်ငံရေးအကျဉ်းသားထဲမှာ ထည့် ဖို့ တောင်းဆိုတာထက်စာရင် အကျဉ်း ထောင်ထဲမှာ ရောက်ရှိနေတဲ့ လူတွေကို လွှတ်ပေးဖို့ နိုင်ငံတော် သမ္မတရဲ့ ညွှန် ကြားချက်နဲ့ ဗိုလ်ချုပ်ကြီး သိန်းစိုးတို့ ဦး ဆောင်တဲ့ ကော်မတီဖွဲ့ထားတဲ့အတွက် အင်မတန် လေးစားပါတယ်။ မိသားစု တွေထဲမှာ အကျဉ်းထောင်ထဲ ကျန်ရှိနေ သေးတဲ့ သူတွေရှိရင် သူတို့ဆီကို အ ကြောင်းကြားပြီး စာရင်းပေးကြပါလို့ ကမ်းလှမ်းထားတာ ရှိတဲ့အတွက် တုံ့ ပြန်ပြီးတောင်းဆိုလိုက်တာပဲ ရှိပါတယ်။ ကျွန်တော်တို့ ကိုယ်တိုင်လည်း ဘယ် တုန်းကမှ နိုင်ငံရေး အကျဉ်းသားဆို တာ တစ်ပိုင်းထားဦး၊ နိုင်ငံရေးသမား တစ်ယောက်အနေနဲ့ နိုင်ငံရေး လုပ်ရ မယ်ဆိုတဲ့ အယူအဆ မျိုးနဲ့ရပ်တည်ခဲ့ တာမျိုးမရှိပါဘူး။ ကိုယ့် အမျိုးသားရေး အကျိုးစီးပွားထိခိုက်လာရင် ကာကွယ် ဖို့က လွဲရင် နိုင်ငံရေးသမားလို့ ခံယူ ထားတာ မရှိပါဘူး။ နိုင်ငံရေး အကျဉ်း သားဆိုတဲ့ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံထားရသူတွေကို သတ်မှတ် ထားတာက ရာနှုန်းပြည့်မဟုတ်ရင် အတော်အတန်ကို သဘောကျနိုင်စရာ အဓိပ္ပာယ်ဖွင့်ဆိုချက်လို့ ယူဆပါတယ်။ ဒါပေမဲ့ လက်ရှိ   နိုင်ငံတော် သမ္မတ ဦးသိန်းစိန် လွတ်ငြိမ်းချမ်းသာခွင့်ပေး တာက နိုင်ငံရေးအကျဉ်းသားတွေပဲ ကွက်ပြီး မပေးဘဲနဲ့ လွတ်သင့်လွတ်ထိုက် တဲ့ သူတွေကို လွတ်ငြိမ်းချမ်းသာ ခွင့်ပေး မယ်ဆိုရင် တိုင်းပြည်အသစ်တည် ထောင်နေတဲ့ နေရာမှာ လူ့စွမ်းအား အရင်းအမြစ်တွေ အများကြီး ထွက်လာ နိုင်ပါတယ်။
အဲဒါကြောင့် ရာဇဝတ်ပြစ်မှု အရ ပုဂ္ဂိုလ်ရေး နစ်နာမှုရှိတဲ့ လူသတ်မှု၊ ရိုက် မှု၊ မုဒိမ်းမှုလိုမျိုး နစ်နာတဲ့ မိသားစုက တိုင်တန်းစွဲဆိုထားတဲ့ အမှုတွေကလွဲရင် ကျန်တဲ့ အမှုတွေကို လွှတ်ပေးသင့်တယ် လို့ မြင်ပါတယ်။ အဲဒီလို လွှတ်ပေးခြင်း အားဖြင့်လည်း တိုင်းပြည်နဲ့လူမျိုး အတွက် အများကြီးအကျိုးရှိပါလိမ့် မယ်။ ကျန်ခဲ့တဲ့ ရာဇဝတ်ပြစ် မှုကြောင့် ကျခဲ့တဲ့ သူတွေကိုလည်း မကျေနပ်လို့ တရားစွဲတဲ့ မိသားစုအပေါ်ကို ကြည့်ပြီး အမှုအကြီး၊ အသေးပေါ်မူတည်ပြီး လုပ်သင့်ပါတယ်။ ထောင်ထဲမှာကျနေတဲ့ သူတွေကလွန်ခဲ့တဲ့နှစ်တွေမှာ တရား ဥပဒေမဏ္ဍိုင် တိမ်းစောင်းပြီး မရောက် သင့်ဘဲရောက်လာတဲ့သူတွေ ရှိပါတယ်။ ဘယ်လိုဟာမျိုးလဲဆိုရင် အကျင့်ပျက် ခြစားတယ်။ လာဘ်ပေး လာဘ်ယူလုပ် တယ်ဆိုပြီး အရေးယူထားတဲ့သူတွေ ရှိပါတယ်။ သို့သော် ပြီးခဲ့တဲ့ အစိုးရ လက်ထက်မှာ အကျင့်ပျက်ခြစားတဲ့ သူတွေ အကုန်လုံး အရေးယူခဲ့သ လား ဆိုတဲ့အဖြေကို လူတိုင်းသိပါတယ်။တကယ်လာဘ်စားလို့ အရေးယူတာ လား၊ အစိုးရရဲ့ပေါ်လစီတစ်ခုနဲ့ ငြိလို့ အဖွဲ့အစည်းတစ်ခုလုံးကို ဖယ်ရှား ချင်လို့ လာဘ်စား တဲ့ ပုဒ်မတပ်လိုက် တာလားဆိုတာ လုပ်တဲ့သူတွေနဲ့အလုပ် ခံရတဲ့သူတွေသိပါတယ်။ အဲဒီလိုမျိုး တရားဥပဒေ မဏ္ဍိုင်တိမ်းစောင်းလို့ မရောက်သင့်ဘဲ ရောက်နေတဲ့သူတွေ ရှိ ပါတယ်။ အဲဒါကြောင့် ဒီလို လွှတ်ပေး ခြင်းက နတ်၊ လူသာဓုခေါ်နိုင်မယ့် ကိစ္စ လို့ ထင်ပါတယ်။
ဒီနိုင်ငံရေး အုပ်ချုပ်မှုနဲ့ အစိုးရအနေ အထားတွေအရ စီးပွားရေးဘက်မှာ လည်း နီးစပ်ရာလူတွေသာ အများစု လုပ်ကိုင်ခွင့် ရခဲ့ ရနေဆဲပါ။ အဲဒီလိုပဲ အုပ်ချုပ် မှုဘက်က ပတ်သက်ဆက်စပ် တဲ့ မိသားစုတွေ၊ သားသမီးတွေ၊ တစ်ခါ လုပ်ငန်းရှင်တွေရဲ့ မိသားစု သားသမီးစတာတွေရဲ့ ထင်ရာစိုင်း၊ အနိုင်ကျင့် ဗိုလ် ကျမှုတွေဆိုတာ ဟိုတုန်းက တည်း က ရှိခဲ့သလို၊ အခုထိလည်း မြင်တွေ့ ကြားသိနေရဆဲပါ။အစ်ကိုတို့တုန်းက လည်း စကော်ပီယံဂိုဏ်းအနေနဲ့ ထွက် ပေါ် လာတဲ့သတင်းတွေအပေါ် အမြင် ကို သိချင်ပါတယ်။
ကျွန်တော်တို့နဲ့ ပတ်သက်လို့ဂိုဏ်း တွေဖွဲ့တယ်။ ဆိုးသွမ်းနေတယ်ဆိုတဲ့ ဟာတွေက အဲဒီချိန်တုန်းကအခြေအမြစ် မရှိဘဲနဲ့ ပြောဆိုခဲ့တဲ့စကားတွေ၊ အဲဒီလို စွပ်စွဲပြော ဆိုခဲ့တာတွေက ဥပမာအား ဖြင့် ၂ဝဝ၁ ခုနှစ် ဇန်နဝါရီလတုန်းက ရန်ကုန်မြို့အဝင်မှာ ယာဉ်တိုက်မှု ဖြစ်တယ်ဆိုပြီး မြို့အဝင်မှာရှိတဲ့ စစ် တပ်တစ်ခုက ရှင်းပေးလိုက်ရ တယ်ဆိုပြီး အိမ်ကို လှမ်းအကြောင်းကြားပါတယ်။ ဘာလို့ ရှင်းပေးရလဲဆိုရင် ကားတိုက်တဲ့ ကျွန်တော်တို့ ညီအစ်ကိုတွေ ပါဝင်ကျူး လွန်ခဲ့တာဖြစ်တဲ့အတွက် တပ်ကဖုံးဖုံး ဖိဖိနဲ့ လုပ်ပေးတယ်လို့ အကြောင်းကြား ခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ မိဘများကအရမ်းအံ့သြခဲ့ပါတယ်။သူတို့ ပြောတဲ့အချိန် ကျွန်တော်တို့ အားလုံး မန္တလေးကို   ရောက်နေပါတယ်။ရေစကြို ဆရာတော်ဘုရားကြီးကို တိပိဋကဘွဲ့ တံဆိပ် ချီးမြှင့်ခြင်းပွဲကို တက်ရောက်နေ ကြတဲ့ အချိန်ဖြစ်ပါတယ်။ နောက်တော့ ကျွန်တော်တို့မေးလို့ သိရတာကတကယ် ယာဉ်တိုက်မှု  ဖြစ်ပွားတဲ့သူက သူ့ကိုယ် သူ လူကြီးသားသမီးဆိုပြီး ပြောသွား တယ်။ ပြန်စဉ်းစားကြည့်ရင် လူကြီး သား၊ သမီးလို့ ပြောရင်ရတယ်။ ဒီလမ်းထဲ မှာ နေတဲ့ စစ်မဖြစ်ခင်က နန်းရင်းဝန် တစ်ယောက်ရဲ့ မြေးဖြစ်နေတယ်။ သူများ ကြားရင် ယုံထင်ကြောင်ထင်ဖြစ်သွား တာပါ။ ဒါတွေ အကုန်လုံးက တစ်ဖက် က မလိုမုန်းထားတဲ့စိတ်နဲ့ ကောလာ ဟလ လုပ်တာမျိုးတွေ ရှိသလိုကျွန်တော် တို့ မိသားစုကိုကလည်း နေတဲ့ထိုင်တဲ့ ပုံစံက အဘိုးရဲ့ချမှတ်ထားတဲ့ စည်း ကမ်းအတိုင်း နေကြ တယ်။ အဘိုးက နိုင်ငံတော် အခမ်းအနားတွေပဲတက် တက်၊ ဧည့်ခံပွဲပဲ တက်တက် ပြည်သူကို တင်ပြဖို့ မှတ်တမ်းတင်နေတဲ့အတွက် တကယ့်တိုင်းပြည် တာဝန် ထမ်းေ ဆာင်  နေတဲ့ အဘိုးကပဲ လုပ်စရာကိုင်စရာလုပ်တယ်။ မိသားစုတွေကို တီဗွီပဲ ရိုက်ရင်ဖြစ်ဖြစ်၊ ဓာတ်ပုံပဲ ရိုက်ရိုက် မပါဖြစ်အောင် ရှောင်နေရတယ်။ ခရီး သွားလို့ လေ ယာဉ်ပေါ်တက်ရင်တောင် ကင်မရာကိုရှောင်ပြီး သွားရတယ်။ ခြွင်းချက်အားဖြင့် နိုင်ငံတော် အခမ်း အနားတွေမှာ တစ်ဖက်နိုင်ငံက မိသားစု တွေ ပါလာရင်တော့ ရှေ့ထွက် ဧည့်ခံရ တာမျိုးတွေ ရှိတယ်။ ကျွန်တော်တို့ လွတ်လပ်မှု အသီးအပွင့်ကို ခံစားရ တာက ရပ်ကွက်တွေထဲ မှာ ခွေးခြေခုံနဲ့ အကြော်စားရင်တောင် ဘယ်သူမှ မသိ ဘဲနဲ့ လွတ်လွတ်လပ်လပ် စားနိုင်တယ်။ တစ်ဖက်က ကိုယ့်အကြောင်းကို ပုံမှား ရိုက်ပြီးပြောရင် ပြောလို့ရတဲ့ အပိုင်းတွေ ရှိတယ်။ ပြည်သူလူထုက ကျွန်တော် တို့ကို မသိတာများ တယ်။ စကော်ပီယံ ဂိုဏ်းနဲ့ ပတ်သက်လို့ ပြောနေကြတယ်။ အဲဒီအဖွဲ့ ဘယ်လိုဖွဲ့ထားလဲဆိုတာမသိ ဘူး။ ကျွန်တော်တို့ ညီအစ်ကိုတွေ တစ်ခုခု လုပ်ချင်ရင် ဂိုဏ်းဖွဲ့ပြီးလုပ်ရ မယ့် အနေအထားမှ မဟုတ်တာ။ တကယ်လုပ်မယ်ဆိုရင် ကိုယ့်နည်းကိုယ့် ဟန်နဲ့လုပ်ရမယ့် အနေအထားပါ။အဲဒီလိုမျိုးဖွဲ့တဲ့ ပုဂ္ဂိုလ်တွေကတော့ သူတို့ရဲ့ အနေအထားကို ပိုလုံခြုံအောင် အလွဲသုံးစားလုပ်ပြီးထွက်လာတဲ့ စကား သံတွေပါ။
► ယတိပြတ် အဖြေကြားသိချင်တာက စကော်ပီယံနဲ့ ပတ်သက်ခဲ့ခြင်း ရှိ မရှိ ဆိုတာပါ။
ယတိပြတ် ပြောနိုင်ပါတယ်။ လုံးဝ (လုံးဝ) ပတ်သက်ခဲ့ခြင်း မရှိပါဘူး။
► နောက်ဆုံး မေးခွန်းအနေနဲ့ ဒေါ်အောင် ဆန်းစုကြည်ဟာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့သမ္မတ ဖြစ်သင့် တယ်လို့ ထင်ပါသလား။
တကယ်တမ်းဖြစ်လာခဲ့ရင် ဘာမှ မလိုလားစရာ၊ မရှုဆိတ်စရာ မရှိပါဘူး။ ကျွန်တော်ကျေကျေနပ်နပ် ဝမ်းသာဂုဏ် ယူကြောင်း ဆုတောင်းစကားပြောမယ့် အထဲမှာ ပါတယ်။ သို့သော် အားလုံး သိကြတဲ့အတိုင်း ဖွဲ့စည်းပုံအခြေခံဥပဒေ က ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့သော မိသားစု ဖွဲ့စည်းပုံမျိုးကို သမ္မတဖြစ်လို့ မရအောင် ရှိထားပါ တယ်။ တားလည်း တားဆီးထားတယ်။ အဲဒီတော့ နိုင်ငံရေး ဆိုတာက အင်မတန် သိမ်မွေ့ပါတယ်။ ကြိုတင်ဟောကိန်းထုတ်ဖို့လည်း အင်မ တန် ခက်ခဲပါတယ်။ ဒီထက်
ပိုသိမ်မွေ့ တာက သမ္မတဖြစ်နိုင်တဲ့ အနေအထား ပါ။ တစ်တိုင်းပြည်လုံးမှာ Ph.D ရတဲ့ သူ၊ ပန်းချီပညာကျော် စတဲ့သူတွေက ရာနဲ့ ထောင်နဲ့ သောင်းဂဏန်းလောက်ထိ ရှိနိုင်ပါတယ်။ သမ္မတဆိုတာ တစ် ယောက်ပဲ ရှိပါတယ်။ ဒီတစ်ယောက် တည်းရှိတဲ့ သမ္မတရာထူးကို ရဖို့အတွက် ကံ၊ ဥာဏ်၊ ဝီရိယ အကုန်လုံး စိုက်ထုတ် ရမှာပါ။ တကယ် သမ္မတဖြစ်ဖို့ ကံပါလာ တဲ့သူက ဘယ်လိုပဲ ပိတ်ပင်တားဆီးမှု တွေ ရှိရှိ ဖြစ်သင့်တဲ့ အချိန်မှာ ဖြစ်သွား ပါလိမ့်မယ်။ တကယ်သမ္မတဖြစ်ဖို့ ကံမ ပါလာရင် ဘယ်လောက်ပဲ ပံ့ပိုးမှုတွေ ရှိရှိ၊ ဘယ်လောက်ပဲ ဝိုင်းဝန်းကြိုးစား၊ ဘယ်လောက်ပဲ ချီးမြှောက်နေပါစေ ဖြစ် လာစရာ အကြောင်းမရှိပါဘူး။
ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ခင်ဗျာ။

 Popular Myanmar News Journal