Saturday, October 12, 2013

သွေးစုပ်ဖုတ်ကောင် အဖေက သမီးကို သွေးစုပ်၊ စားသောက်

ပါပူဝါ နယူးဂီနီက အမျိုးသားတယောက်ဟာ ၃ နှစ်အရွယ် သူ့ သမီးငယ်ရဲ့ လည်ပင်း ကို ကိုက်ပြီး အသားတွေစား၊ သွေးတွေကို သောက်လို့ သမီးငယ်လေး သေဆုံးသွားတဲ့အတွက် သူ့ကို ဖမ်းလိုက် ပါတယ်။
 ဓာတ်ပုံ- The Nation

ဒေသဆိုင်ရာ ကောင်စီလူကြီးတဦးကို ကိုးကားပြီး အေအက်ဖ်ပီ သတင်းတပုဒ်အဆိုအရ ၃ နှစ်သမီးလေးနဲ့ သူ့မိခင်တို့ဟာ ဖခင်ဖြစ်သူထံ အလည်လာခိုက် ဘာဖြစ်မှန်း မသိရပဲ အမေက သမီးကို လက်ဆွဲရင်း ထွက်ပြေးခဲ့တယ်တဲ့၊ နောက်က သူ့ခင်ပွန်းက လိုက်လာတော့ ခြုံ တွေထဲ ၀င်ပြေးသွားခဲ့တယ်လို့ ဆိုတယ်။

ပြီးတော့ ခြုံထဲမှာ အဲဒီအမျိုးသားက သူ့သမီးလည်ပင်းကို ကိုက်၊ အသားတွေစား၊ သွေးတွေ စုပ်နေခဲ့ တာ ကို သစ်ပင်တပင်ပေါ် တက်နေတဲ့ လူငယ် ၂ ဦးက မြင်တော့ သူတို့လည်း ထွက်ပြေးပြီး လူတွေကို ပြော
ပြကြတယ်။

ကလေးတွေပြောတာကို အဲဒီကောင်စီလူကြီးက မယုံခဲ့ဘူး၊ ရယ်စရာတောင် လုပ်ပစ်လိုက်ခဲ့တယ်။ ဒါပေမယ့် အဲဒီ ကလေး တွေ က တော်တော် ကြောက်နေတာတော့ သတိထားမိတယ်လို့ ကောင်စီ လူကြီးက သတင်းထောက်တွေကို ပြောပြတယ်။

ဒါနဲ့ မျက်မြင်ကလေးတွေကြောင့် လူတွေရောက်လာပြီး အဲဒီ သွေးစုပ်ဖုတ်ကောင်ဆိုသူကို ခြုံထဲမှာ သူ့သမီးအလောင်းနဲ့ တွေ့လိုက်ကြတယ်။ သမီးကို ပြန်စားတဲ့ အဖေဖြစ်သူကလည်း ထွက်ပြေးဖို့ ကြိုးစား ခဲ့သေးတယ်။ နောက်ဆုံးတော့ လူတွေ က ၀ိုင်းဖမ်းပြီး ရဲလက်ကို အပ်လိုက်ကြတယ်။ သေဆုံးသူ ကလေးမ ရဲ့ အမေကတော့ ဘယ်ရောက်သွားတယ် ဆိုတာ သတင်းထဲမပါတော့ မသိရဘူး။

၃ နှစ်သမီးလေးရဲ့ လည်ချောင်းသွေးဖောက်သောက်၊ အသားစားတဲ့ အတွက်ကြောင့် အဖမ်းခံလိုက်ရတဲ့ ဖခင်ဖြစ်သူ ကို သွေးစုတ်ဖုတ်ကောင်လို့ သမုတ်ခံကြတယ်။

သွေးစုပ်ဖုတ်ကောင်ဆိုတာ တကယ်ပဲ ရှိနေရော့သလား ဆိုတာတော့ ဝေခွဲရခက်နေတဲ့ ပုစ္ဆာတပုဒ်လိုပါဘဲ။ အဲဒီဒေသမှာလည်း မှော်အတတ်ပညာတွေလို ရံဖန်ရံခါ ဒီလိုပြဿနာမျိုးတွေ ဖြစ်တတ်ကြတယ်လို့ ရဲတပ်ဖွဲ့က ပြော ပါတယ်။

မနှစ်ကပဲ အလားတူ ထူးထူးဆန်းဆန်း သေဆုံးမှုတွေကြောင့် ဒါဇင်နဲ့ ချီတဲ့ လူတွေကို ရဲက ဖမ်းခဲ့ရပါသေး တယ်တဲ့။ ၂၀၁၁ ခုနှစ်ကလည်း မွေးကင်းစ သားလေးကို ပြန်စားလိုက်တဲ့ လူတယောက်နဲ့ ပတ်သက်ပြီး သတင်းတွေထွက်ခဲ့ပါသေးတယ်။

အိမ့်သံစဉ် ~
Irrawaddy

`` ကျစ် တား ဂျီး လုပ် မယ် ဂျ ``

`` သား သား ကြီး လာ ရင် ဘာ လုပ် မ`` ကျစ် တား ဂျီး လုပ် မယ် ဂျ ``
လဲ ဟင် ``

`` ကျစ် တား ဂျီး လုပ် မယ် ဂျ ``

`` သား ရယ် ဆြာ ဝန် ကြီး လုပ် ပါ လား ကွယ် ``

`` မ လုပ် ချင် ပါ ဘူး ဗျား ``

`` ဘာ လို့ လဲ သား သား ရယ် ``

`` အို့ … ချာ ဝန် ဒွေ က လူ ဂျိုး စာ ရင်း ဝင် ဒွေ ဗျ ``

`` ငင် ``

`` ဟုတ် တယ် ရေ ဟို နေ့ က ပဲ ဦး ဦး ဂျာ တား တား ကို ဖတ် ပြ ဒယ် ရေချာ ဝန် တစ် ထောင် ဂျော် ဘ ရက် ရစ် ( black list ) က နေ ပယ် လိုက် တယ် ဆို ``

`` ငန့် ``

Credit > Zhar Naka

စော်ဘွားကြီးကုန်း ကားမှတ်တိုင်တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား

ရန်ကုန်၊ အောက်တိုဘာ ၁၃

ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ်၊ စော်ဘွားကြီး ကုန်းရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းဘေး ရန်ကုန်ဘက်မှ မင်္ဂလာဒုံဘက်သို့ သွားသည့်ဘက်ခြမ်း ကားမှတ်တိုင်ရှိ ခရီးသည်နားနေဆောင်တွင် ၁၃.၁၀.၂၀၁၃ရက်နေ့ ၀၀၁၅ အချိန်ခန့် က ဗုံးပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ ဖေ့ဘုတ် အင်တာနက် စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ ဗုံးပေါက်ကွဲမှု ကြောင့်  လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ ခရီးသည်နားနေဆောင် ယာဘက်ကပ်လျက်မြေကြီးမှာ အနက်(၃)လက်မခန့်နှင့် အကျယ်(၁)ပေပတ်လည်ခန့်ရှိ ချိုင့်ခွက် ဖြစ်သွားပါတယ်။  ခရီးသည်နား နေဆောင်အတွင်းရှိ Natural Clay ဂျပန်အုတ်ကြွပ်အမိုး ကြော်ငြာဆိုင်းဘုတ်လည်း (၁၀)ပေခန့် ပျက်စီးသွားပြီး ခရီးသည်နားနေဆောင်ထိုင်ခုံယာဘက်အစွန်း (၆)လက်မခန့်ပဲ့သွား ခဲ့တယ်လို့ ဆိုပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားသည့် ပတ်ဝန်းကျင်အား မိုင်းရှင်းလင်းမှုပြုလုပ်စဉ် ၀၁၅၅အချိန် စော်ဘွား ကြီးကုန်းကားမှတ်တိုင်ရှိ Natural Clay ဂျပန်အုတ်ကြွပ် အမိုးကြော်ငြာဆိုင်းဘုတ် ၀ဲဘက်ရှိ စည်ပင်
အမှိုက်ပုံးအနီးတွင် ကြွပ်ကြွပ်အိတ် အနက်ရောင်ဖြင့် ထည့်ထားသည့် အလျား (၄)လက်မ၊ အနံ (၂)လက်မ၊ ထု (၁)လက်မရှိ C-4ယမ်း၊ ဒီတိုနေတာ၊ နိုးစက်နာရီ၊ ၀ါယာကြိုးများတပ်ဆင်လျက် လက်လုပ်မိုင်း (၁)လုံးအား ထပ်မံတွေ့ရှိသဖြင့် မိုင်းရှင်းအဖွဲ့မှ ရှင်းလင်းခဲ့ပါတယ်။

အဆိုပါလက်လုပ်မိုင်းဖေါက်ခွဲသူအား အင်းစိန်မြို့မရဲစခန်း (ပ)၁၀၉၀/၂၀၁၃၊ ပေါက်ကွဲစေတတ်သော ၀တ္ထုပစ္စည်းများ အက်ဥပဒေပုဒ်မ ၃အရ အမှုဖွင့်ပြီး စုံစမ်းဖေါ်ထုတ် ဆောင်ရွက်လျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ သတင်း ထုတ်ပြန်ချက် အရသိရပါတယ်။

by Myanmar News Now

TEENAGE PREGNANCY အသက်ငယ်ငယ် ကိုယ်ဝန်လွယ်

သမီးအသက် ၁၇ ပါရှင့်။ အိမ်ထောင်ကျတာ တစ်နှစ်ရှိပါပြီ။ အိမ်ထောင်ကျပြီးပြီးချင်းပဲ သမီး လက်မောင်း ထဲထည့်တဲ့ ပစ္စည်း သုံးပါတယ်ရှင့်။ ၁၁ လပိုင်း ၆ ရက်နေ့ ရောက်တော့ အဲဒါကို ပြန်ထုတ်လိုက်ပါတယ်ရှင့်။ ၁၂ လပိုင်းမှာ ရာသီမပေါ်တာ ၄ ရက် ရောက်လာလို့ အိမ်မှာ ဆီးစစ်ကြည့်တော့ Positive ဖြစ်နေပါ တယ်ရှင့်။ ၃ ခါလုံး ဒီအဖြေပဲ ထွက်ပါတယ်ရှင့်။ နောက် ၂ ပါတ်လည်း ရောက်ရော သွေးတွေ အရမ်းဆင်း ပါတယ်။ ပြီးတော့ လက်ဝါး တစ်ဝက်စာလောက်ရှိတဲ့ သွေးခဲ ရှည်မျောမျောတစ်ခု ပါလာပါတယ်။ သွေးကြော ခရမ်းရောင်အကြောင်းလေးတွေ ပါပါတယ်ရှင့်။ ခါးနည်းနည်းကိုက်တာက လွဲလို့ တခြားဘာမှ မဖြစ်ပါဘူးရှင့်။ သွေးဆင်းတာကလည်း ခါတိုင်းလိုပဲ တစ်ပါတ်ပဲ ကြာပါတယ်ရှင့်။ အဲဒါ ကိုယ်ဝန်ပျက် တာပါလားရှင့်။ နောက်ထပ်ရော ကိုယ်ဝန် ထပ်ရနိုင်ပါသလားရှင့်။ ဘယ်လောက်ကြာမှ ရနိုင်မလဲရှင့်။ အသက် အရွယ်နဲ့ သားအိမ်ဆိုင်ပါသလားရှင့်။ အခုအရွယ်မှာ ကိုယ်ဝန်ဆောင်ရင် ဘာအခက်ခဲတွေ ဖြစ်နိုင်ပါ သလဲရှင့်။

ဆီးစစ်လို့ အပေါင်းပြရာကနေ သွေးဆင်းတာဟာ ကိုယ်ဝန်ပျက်တာ သေခြာတယ်။ Complete abortion ကိုယ်ဝန် အပြည့်အစုံ ပျက်ခြင်း ဖြစ်နိုင်ပါတယ်။ အများအားဖြင့် Incomplete abortion တဝက်တပျက် ပျက်တာဖြစ်တယ်။ အဲလိုသာဆို D and C သားအိမ်ခြစ်ရတယ်။ တချို့မှာ Septic abortion ကိုယ်ဝန် ပျက်ရင်း ပိုးဝင်တတ်တယ်။ ကိုယ်ဝန်ပျက်ပြီးနောက် တားတာလဲ မလုပ်ဘဲ အကာအကွယ်မဲ့ လိင်ဆက်ဆံ ရင် ချက်ချင်းဆိုသလို နောက်ကိုယ်ဝန် ဆက်ရနိုင်တယ်။ ဘယ်လောက်ကြာမယ်က တယောက်နဲ့ တယောက် မတူတတ်ပါ။ သီအိုရီအရပြောရရင် ပျက်သွားတဲ့သွေးကို ရာသီလာသလိုဘဲ အောက်မေ့နိုင်ပြီး၊ နောက် ၁၄ ရက်မှာ မျိုးဥထွက်လို့၊ ကျား-သုက်ပိုးနဲ့ ထိတွေ့-ပေါင်းစပ်မယ်ဆိုရင် တခါတည်း နောက်ကိုယ် ဝန် ရပါလိမ့်မယ်။

အသက် ၁၈ နှစ်အောက်နဲ့ ၃၅ နှစ်အထက်တွေ သားဦး ကိုယ်ဝန်ဆောင်ရင် အထူးသတိထားရမယ်။ Teenage pregnancy ဆိုတာ ဆယ်ကျော်သက် ကိုယ်ဝန်ဆောင်လို့ ပြောတာ မမှန်ဘူး။ အသက် ၂ဝ အောက်မှာ ကိုယ်ဝန် ရတာကိုသာ ဆေးပညာက ဆိုတယ်။ (မီဒီယာ) မှာတော့ မိန်းကလေးငယ်ငယ် မရည်ရွယ်ဘဲ၊ ယာက်ျားလဲ မယူဘဲ၊ အမှန်မထင် ကိုယ်ဝန် ရတာကိုမှသာ ဒီဝေါဟာရကို သုံးကြတယ်။

မိန်ကလေးတိုင်း အပျိုဖြစ်တာနဲ့ ၁၂-၁၃ နှစ်ကစပြီး ယောက်ျားနဲ့ ဖေါက်ပြားမိရင် ကိုယ်ဝန်ရနိုင်ကြတယ်။ မိန်းကလေးငယ် ကိုယ်ဝန်ဆောင်နှုန်း နေရာမတူရင် မတူဘူး။ တောင်-ကိုရီးယားမှာ ကိုယ်ဝန် ၁ဝဝဝ မယ် ၃ ယောက်မပြည့်ဘူး။ ဆာဟာရ-အောက်ပိုင်းမှာတော့ ၁၄၃ ယောက်အထိရှိတယ်။ တကမ္ဘာလုံးမှာ ၁၅-၁၉ ယောက်ရှိတယ်။

၂ဝဝ၁ UNICEF စစ်တမ်းအရ ဖွံ့ဖြိုးဆဲနိုင်ငံ ၁၂ ထဲက ၁ဝ ခုမှာ အသက်ငယ်ငယ်မှာ လိင်ဆက်ဆံမှု ရှိသူပေါင်း ၃ ပုံ ၂ ပုံရှိနေတာ တွေ့ရတယ်။ အမေရိကားနဲ့ ဥရောပါမှာဆို ၈ဝ% ကျော်တယ်။ သြစတြေးလျ၊ ယူကေ၊ အမေရိကားမှာ ၁၅ နှစ်သမီးလေးတွေရဲ့ ၂၅%၊ ၁၇ နှစ်သမီးတွေရဲ့ ၅ဝ% လိင်ဆက်ဆံ မှုပြုကြတယ်။ အနောက်နိုင်ငံတွေမှာ သတိထားကြတာက လိင်ကတဆင့် ကူးစက်ရောဂါ အတွက်သာ ဖြစ်ပါတယ်။

Save the Children ရဲ့တွေ့ရှိချက်အရ ကမ္ဘာမှာ အသက် ၂ဝ အောက် မိခင်တွေကနေ မွေးလာတဲ့ ကလေးပေါင်း ၁၃ သန်းရှိတယ်။ ၉ဝ% ဟာ မချမ်းသာတဲ့ နိုင်ငံတွေက ဖြစ်တယ်။ မွေးလာကြတဲ့ ကလေး တွေရော သူတို့မိခင်ငယ်လေးတွေမှာရော ကျန်းမာရေး နောက်ဆက်တွဲတွေ ဖြစ်ကြရလို့ သေဆုံးရတာတွေ များတယ်။ အသက် ငယ်ငယ်နဲ့ ကိုယ်ဝန်ဆောင်ရင် ပုံမှန် ကိုယ်ဝန်ဆောင်တိုင်းမှာ သတိထားစရာ တွေထက် ပိုပြီးသတိထားစရာတွေ ရှိပါတယ်။ အသက်ငယ်လေ ပိုလေဖြစ်တယ်။

သုတေသနတွေလုပ်တော့ Low birth weight ကိုယ်အလေးချိန် မပြည့်တဲ့ ကလေး မွေးတာနဲ့ Premature labor လမစေ့ဘဲ မွေးတာ ဆက်စပ်နေတာ သိရတယ်။ Anemia သွေးအားနည်းရောဂါလဲ ပိုများတယ်။ Prenatal care ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း လုပ်တာ နည်းကြတယ်။ သူတို့ကနေ မွေးတဲ့ကလေး တွေမှာ ဆေးရုံတက်ရတာ ပိုများတယ်။ Inadequate nutrition အာဟာရ မပြည့်စုံတာမှာ မတတ်နိုင်လို့ မစားရသူတွေအပြင် တတ်နိုင်ပေမဲ့ အာဟာရမကောင်းလှတဲ့ Fast food တွေစားလို့လဲ ဖြစ်စေတယ်။ HIV အဖြစ်လဲများတာ သိရတယ်။

Obstructed labour ကလေးကို မွေးလမ်းကနေ ရိုးရိုး မမွေးနိုင်တာလဲပါတယ်။ Caesarean section ခွဲမွေးရတာ ပိုများစေတယ်။ PET/Eclampsia ကိုယ်ဝန်-သွေးဆိပ်တက်တာ၊ Obstetric fistula မွေးလမ်းကြောင်း ပြွန်ပေါက်ဖြစ်တာ၊ Infant mortality မွေးလာတဲ့ ကလေး ၁ နှစ်အတွင်း သေဆုံးရတာ၊ Maternal death ကလေးမီးဖွါးရင်း သေဆုံးရတာတွေ ပိုများတယ်။ Psychosocial စိတ်ပိုင်း သက်ရောက်မှု တွေလဲ ရှိတယ်။

WHO ခန့်မှန်းချက်အရ ၁၅-၁၉ နှစ်ကိုယ်ဝန်ဆောင်သူတွေဟာ ၂ဝ-၂၄ နှစ်မိခင်လောင်းတွေထက် Pregnancy related death ကိုယ်ဝန်နဲ့ ဆက်စပ်ပြီး သေဆုံးရနှုန်း ၂ ဆ ပိုတယ်။ ၁ဝ-၁၄ နှစ်သမီးတွေ ကိုယ်ဝန် ဆောင်ရင် ၂ဝ နှစ်ရှိသူတွေထက် Maternal mortality မီးတွင်းသေဆုံးမှုနှုန်းက ၅ ဆမြင့်တက် တယ်။ Illegal abortion တရားမဝင် ကိုယ်ဝန်ဖျက်မှုကြောင့် ဖြစ်ရတာတွေလဲ မနည်းဘူး။

မချမ်းသာတဲ့ နိုင်ငံတွေမှာ တခြားစဉ်းစားစရာ Social issues လူမှုရေးတွေက များတယ်။ ပညာနည်းတာ၊ ဆင်းရဲတာတွေလဲ ပါတယ်။ ချမ်းသာတဲ့ နိုင်ငံတွေမှာတော့ လက်မထပ်ဘဲ ကိုယ်ဝန်ရတာက များတယ်။ တတ်နိုင်သူတွေက High-quality medical care အထူး ဂရုစိုက်ကြရင် ပုံမှန် ကိုယ်ဝန်တွေလို ဖြစ်နိုင်ပါ တယ်။

Dr. တင့်ဆွေ

ဆေးမင်ကြောင် ဖျက်နည်းများ

-ဆေးမင်ကြောင် ထိုးထားတဲ့ အရေ ပြားကို တိုက်စားပစ်ခြင်း၊ လေဆာ နှင့် ဖျက်ခြင်းတို့ ပြုလုပ်နိုင် ပါတယ်။ အရောင်ပါတဲ့ ဆေးမင်တွေ ကိုတော့ တစ်ကြိမ်တည်းနှင့် အပြီးသတ်မဖျက် နိုင်ဘဲ အကြိမ်ကြိမ်ဖျက်ပေး ရပါတယ်။ မည်သည့် နည်းကို အသုံးပြုသည် ဖြစ်စေ ဆေးမင်ကြောင်ထိုး ထားတဲ့ အသားအရေဟာ နဂိုမူလအတိုင်း ပြန်မရတော့ပါဘူး။

-ဆေးမင်ရောင်အမျိုးမျိုးအတွက် လေဆာရောင်ခြည် အမျိုးမျိုးသုံးရပါ တယ်။လေဆာသုံးဖျက်ပြီးစမှာ အရေ ပြားဟာ ဖြူဖျော့ဖျော့ကျန်ခဲ့ပြီး ပုံမှန် အရောင်ပြန်ရဖို့ အချိန်အတန် ကြာ စောင့်ရပါတယ်။

-လေဆာရောင်ခြည်ဟာ ဆေးမင် တွေကို ဖြိုခွဲပစ်တာကြောင့် မင်မှာပါ သည့် ပစ္စည်းများ အစိတ်စိတ်အမွှာမွှာ ပြိုကွဲတဲ့အခါ ဓါတုပစ္စည်းတစ်ခုကို ဓါတ်မတည့်မှုဖြစ်ပေါ်ပြီး အရေပြား ပေါ်မှာ အရည်ကြည်ဖုတွေ ပေါက် လာတတ်ပါတယ်။ ဂရုတစိုက် ကုသ မယ်ဆိုလျှင်တော့ အရည်ဖုတွေ သက်သာပျောက်ကင်းနိုင်ပါတယ်။

-လေဆာရောင်ခြည်ဟာ မည်မျှဘေး ကင်းတယ်ဆိုစေ အနာရွတ်ကျန်ခဲ့နိုင် ပါတယ်။

-မြန်မာနိုင်ငံမှာ လတ်တလောခေတ် စားလာတဲ့ ယာယီဆေးမင် (tempo rary tatoo) တွေဟာလည်း ဓါတ်မ တည့်မှုဖြစ်ပေါ်စေပြီး အနာတွေဖြစ် တတ်ပါတယ်။ ယာယီဆေးမင်မှာ အသုံးပြုတဲ့ အရောင်ဆိုးဆေးဟာ ဆံပင်ဆေးဆိုးဖို့အတွက်သာ သင့် တော်ပြီး အရေပြားမှာ အသုံးမပြုသင့် ကြောင်း ဥရောပနှင့် အမေရိကနိုင်ငံ များမှာ ပိတ်ပင်ထားပါတယ်။

-ဆေးမင်ကြောင်ဖျက်နည်းတွေ မည် မျှဆန်းသစ်သည်ဆိုစေ၊ နဂိုမူလ အရေပြားအတိုင်း ပြန်မဖြစ်နိုင်တော့ သည့်အတွက် အစကတည်းက ဆေးမင်ကြောင်းမထိုးမိဖို့ ဆင်ခြင် သင့်ပါတယ်။

ဇော်ကို
Source:RD
Health Updates Journal

လိင်ပုံမှန်ဆက်ဆံခြင်းက ကင်ဆာကိုအောင်နိုင်ပြီး နှလုံးကိုကာကွယ်နိုင်ဟုဆို

အိပ်ခန်းထဲမှ အချစ်ဟာ သင့်အတွက် ကင်ဆာရောဂါကို အောင်နိုင်ပြီး နှလုံးရောဂါကို ကာကွယ်နိုင်တဲ့ အပြင် အရွယ်တင် နုပျိုစေပါတယ်။ လိင် ဆက်ဆံမှု ပြုလုပ်တာကြောင့် ဘယ်လို အကျိုးကျေးဇူးတွေ ပိုကောင်းမွန်အောင် ဘယ်လိုလုပ်ရမယ် ဆိုတာ ဖော်ပြ လိုက်ပါတယ်။

၁။ အရွယ်တင်နုပျိုစေပါတယ်
တစ်ပတ်ကို အနည်းဆုံး လေးကြိမ် လိင်ဆက်ဆံမှု ပြုလုပ်တဲ့ လင်မယားတွေဟာ ပုံမှန် လူကြီးတွေထက် ၁၀ နှစ်ကျော်ခန့် ပိုပြီး အရွယ်တင်နုပျို စေနိုင်တယ်လို့ Royal Edinburhg ဆေးရုံမှ သုတေ သန ပြုလုပ်ချက်အရ သိရပါတယ်။ “လိင်ဆက်ဆံ မှုကြောင့် ရရှိတဲ့ ပျော်ရွှင် ကျေနပ်မှုဟာ အရွယ်တင် နုပျိုဖို့အတွက် အရေးကြီး အချက် ဖြစ်တဲ့ adrenaline, dopamine နဲ့ noradrenalin တွေ ထုတ်လုပ်နိုင် ပါတယ်” လို့ အာရုံကြောနဲ့ စိတ်ပိုင်းဆိုင်ရာ အထူးကု Dr.Dowid က ပြောပါတယ်။
“ဒါ့အပြင် လိင်ဆက်ဆံမှုကြောင့် Growth ဟော်မုန်းတွေ ထွက်လာပြီး လေထု ညစ်ညမ်း မှုကြောင့် ရရှိလာတဲ့ ဓာတ်တိုးပစ္စည်းတွေကို တိုက်ခိုက်နိုင်ပါတယ်။ ဒါကြောင့် အရေပြား Cell နံရံတွေ မပျက်စီးအောင် ထိန်းနိုင်ပြီး ကြွက်သားတွေ Relax ရစေကာ အရေးအကြောင်းတွေ မပေါ်အောင် ကူညီနိုင်ပါတယ်” လို့ ဆက်ပြောပါတယ်။

ပိုမိုကောင်းမွန်အောင်
ကာမဂုဏ် လိုက်စားတာ မဟုတ်ဘဲ သင်ရဲ့ ဇနီးမယားနဲ့ ပုံမှန် လိင်ဆက်ဆံမှု လုပ်တာကြောင့် စိုးရိမ် ကြောင့်ကြမှု များတာနဲ့ မိမိကိုယ်ကို လုံခြုံမှုမရှိတာလိုမျိုး အချက်တွေ မရှိတော့ဘဲ ငယ်ရွယ် နုပျိုအောင် နေနိုင်ပါတယ်။ အိမ်ထောင်သည် အသက်ရှည်ရတဲ့ သော့ချက်တွေ အနေနဲ့ ဓာတုပစ္စည်း Response တွေရအောင် လှုံ့ဆော်မှု အနေနဲ့ လင်မယားချင်း ပွေ့ဖက်တာနဲ့ ထိတွေ့ကိုင်တွယ်မှု လုပ်တာတွေကို ၁၅ မိနစ်ခန့် လိင်ဆက်ဆံမှု မပြုလုပ်ခင်နဲ့ ပြုလုပ် အပြီးမှာ ပြုလုပ်ပေးပါ။

၂။ အအေးမိရောဂါကို ကာကွယ်နိုင်ပါတယ်
တစ်ပတ်ကို အနည်းဆုံးနှစ်ကြိမ် လိင်ဆက်ဆံမှုကြောင့် အအေးမိရောဂါနဲ့ တခြား ဗိုင်းရပ်စ် ရောဂါတွေကို ကာကွယ်နိုင်တဲ့ Antibody ဖြစ်တဲ့ Immunoglobulin ရာခိုင်နှုန်း မြင့်တက် လာနိုင်တယ်လို့ wikes တက္ကသိုလ်မှ လေ့လာသူတွေက တွေ့ရှိခဲ့ပါတယ်။
ပိုမိုကောင်းမွန်အောင်
ဒီလို သဘာဝအလျောက်ထွက်လာတဲ့ Antibodies တွေ ပိုရရှိအောင် Sex ကို အချိန် ကြာကြာ လုပ်ပေးရပါမယ်။ ဒါကြောင့် လိင်ဆက်ဆံမှုကို Position မျိုးစုံလုပ်ပေးပါ။

၃။ ကင်ဆာကို ကာကွယ်နိုင်ပါတယ်
အသက် ၂၀ အရွယ်မှာ တစ်ပတ်ကို အနည်းဆုံး ခုနှစ်ကြိမ် သုက်လွှတ်တဲ့ အမျိုးသားတွေဟာ တစ်ပတ်ကို သုံးကြိမ်လောက်သာ သုက်လွှတ်တဲ့ အမျိုးသားတွေထက် အသက်ကြီးလာရင် ဆီးကျိတ်ကင်ဆာ ဖြစ်နိုင်ခြေသုံးဆ နည်းတယ်လို့ သြစတြေးလျ ကင်ဆာ အဖွဲ့မှ လေ့လာမှုအရ သိရပါတယ်။ မကြာခဏ သုက်လွှတ်တာကြောင့် ဆီးကျိတ်ပြွန်ထဲမှ ကင်ဆာ ဖြစ်စေနိုင်တဲ့ Carcinogens စုဆောင်းမှု မဖြစ်အောင် ကာကွယ်နိုင်ပါတယ်လို့ သုတေသန ခေါင်းဆောင် ပါမောက္ခ Graham Giles က ပြောပါတယ်။
ပိုမိုကောင်းမွန်အောင်
တစ်နေ့တည်းကို ခဏခဏ သုက်လွှတ်မည့်အစား နေ့စဉ်တစ်ကြိမ်စီ သုက်လွှတ် ပေးတာဟာ အကျိုးရှိဆုံးပါ။

၎။ နာကျင်မှု ပျောက်စေပါတယ်
လိင်ဆက်ဆံပြီးနောက် စိတ်ကျေနပ်မှု ရနေတာဟာ နာကျင်မှုကို သက်သာစေတယ်လို့ Biology and Medicine ဂျာနယ်မှ သုတေသနပြုချက်အရ သိရပါတယ်။ လိင်ဆက်ဆံမှု ကြောင့် ခန္ဓာကိုယ်ရဲ့ သဘာဝ အကိုက်အခဲ ပျောက်ဆေး Endorphins တွေဟာ တစ်မိနစ် အတွက် သုံးဆလောက် မြင့်တက် လာပါတယ်လို့ အင်္ဂလန်နိုင်ငံ Paisley တက္ကသိုလ်မှ Sexual Psychologisl ကပြောပါတယ်။ လိင်ဆက်ဆံမှုကြောင့် ခါးနောက်ကျော နာတာနဲ့ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာတွေ သက်သာသွားတဲ့ အထောက် အထားတွေ ရှိတယ်လို့ ဆိုပါတယ်။
ပိုမိုကောင်းမွန်အောင်

သင့်မှာ နာကျင်မှုရှိနေရင် ကြမ်းတမ်းတဲ့ လိင်ဆက်ဆံမှုကို ရှောင်ပါ။ ညင်ညင်သာသာ နှေးနှေး ကွေးကွေးနဲ့ အချိန်ကြာတဲ့ ဆက်ဆံနည်းကို အသုံးပြုပါ။ နာကျင်မှု ပိုမို သက်သာအောင် ပိုတက်စီယမ် ပါဝင်မှုများတဲ့ စပျစ်သီးတွေ စားပေးပါ။

Myanmar Forward

ချစ်သူ ရင်တုန်သွားစေမည့် အနမ်း ၁၀ မျိုး(+18)



အောက်ပါ အနမ်း (၁၀)မျိုးထဲက ကျနော့်ချစ်သူကို မေးကြည့်တယ်။ ဘယ်ဟာပိုကြိုက်သလဲလို့။ သူကတော့ တစ်မျိုးစီ ကြိုက်တာချည်းပါပဲ တဲ့။ အဲဒါကြောင့် လူမျိုးမရွေး၊ ဘာသာမရွေး၊ ကျား/မ မရွေးစားသုံးနိုင်ပါ စေကြောင်း ရည်စူးပြီး တင်ပြလိုက်ပါတယ်။

(၁) ရေတံခွန်အနမ်း= ချစ်သူနဲ့တွေ့တဲ့အခါ တောင်အမြင့်ပေါ်က စီးကျလာတဲ့ ရေတံခွန်လို ချစ်သူ့ကိုယ်လုံးလေးကို ခပ်ကြမ်းကြမ်း ပွေ့ဖက်ထားပြီး အားပါးတရ တရစပ် နမ်းခြင်း။

(၂) ရွှင်ပျော်ပျော်အနမ်း=
ချစ်သူ့ကိုယ်ပေါ်မှာရှိတဲ့ ယားတတ်တဲ့ နေရာတွေကို လက်ချောင်းလေးတွေနဲ့ တို့ဆိပ်ရင်း ရယ်ရွှင်လာ အောင်လုပ်ပြီးမှ နမ်းခြင်း၊

(၃) ၀ိုင်းကြီးပတ်ပတ်ဒူဝေေ၀အနမ်း=
ချစ်သူရဲ့နှုတ်ခမ်းကို ငုံစုပ်ပြီး မနမ်းပဲ အပေါ်ယံနှုတ်ခမ်းသားလေးတွေအပေါ် လျှာဖျားလေးနဲ့ တို့ထိကလိ ပေးလျှက် နမ်းခြင်း၊

(၄) စွမ်းအင်ပြည့်အနမ်း=
နှုတ်ခမ်းကို လုံးဝမထိမိစေပဲ ချစ်သူ့တစ်ကိုယ်လုံးကို ရင်ခွင်ထဲထည့်ကာ ချစ်သူ့ကျောပြင်ကို လက်ချောင်း များဖြင့် ပွတ်သတ်ပေးခြင်းဖြင့် နမ်းခြင်း၊

(၅) ရေခဲစိမ်အနမ်း=
ပူအိုက်တဲ့ရာသီမှာ ချစ်သူနဲ့အတူ ရေခဲမုန့်စားခြင်းဖြင့်ဖြစ်စေ၊ အအေးသောက်ခြင်းဖြင့်ဖြစ်စေ၊ နှစ်ဦးစလုံးရဲ့ နှုတ်ခမ်းများကို အေးစက်အောင်လုပ်ပြီးမှ နမ်းခြင်း၊

(၆) မူဟန်ကြွယ်အနမ်း=
ချစ်သူနဲ့အတူနေတဲ့အခါ အလျှင်စလိုမနမ်းမိစေပဲ ချစ်သူလိုလားမှန်းသိသည့်တိုင် မသိယောင်ဆောင်နေပြီး သူ့ဘက်က အငမ်းမရတောင်းတလာမှ နမ်းခြင်း၊

(၇) တူးတူပုန်းအနမ်း=
ချစ်သူနဲ့ပြေးလွှားဆော့ကစားရင်း ကိုယ်အချင်းချင်းပွတ်သတ်ထိတွေ့စေပြီး ပျော်ရွှင်အူမြူးအောင်လုပ်ပြီးမှ နမ်းခြင်း၊

(၈) အာရှအနမ်း (သို့) မွှေးမွှေးပေးခြင်း=
နှုတ်ခမ်းချင်းမထိစေပဲ ချစ်သူရဲ့ နဖူးပြင်၊ ပါးပြင်စသည်ကို မွှေးမွှေးပေးခြင်းဖြင့်နမ်းခြင်း၊

(၉) သကာစိမ်အနမ်း=
ချော့ကလက်သကြာလုံးစသည်ကို တစ်ဦးပါးစမ်းထဲ တစ်ဦးပါးစပ်ဖြင့်ထည့်ပေးလျှက် အပြန်အလှန်နမ်းခြင်း၊

(၁၀) ငတက်ပြားအနမ်း=
ချစ်သူနဲ့အတူ တွဲသွားတဲ့အခါ ပတ်ဝန်းကျင်လူ အခြေအနေကြည့်လျှက် လစ်ရင်လစ်သလို နမ်းခြင်း၊ ဟု အနမ်း (၁၀)မျိုးပါးကို မှတ်သားရပါကြောင်း။ နတ်လူသာဓုခေါ်စေသော်

By အလင်းတန်း

အသက်ကြီးကြီးမမကြီးတွေကို ချစ်နေသောမောင်လေးများနှင့် အသက်ငယ်ငယ်

Q: ဆရာ ကျွန်တော် တိုင်ပင်စရာ တစ်ခု ရှိလို့။ အခု ကျွန်တော့် အသက်က ၂၀ ပါဆရာ။ ကျွန်တော့် ချစ်သူက အသက် ၂၉ ပါ။ အသက်က တော်တော် ကွာနေတယ် ဆရာ။အဲဒါ ကျွန်တော့် သူငယ်ချင်းတွေက ၀ိုင်းပြောနေကြတယ်။ အဖွားကြီးကို ယူရင် မင်းဘ၀တော့ လူညွန့်တုံးပြီတဲ့ ဆရာ။ မိန်းကလေးတွေက အသက် ၄၀ ကျော်ရင် အဲဒီဘက်တွေ စိတ်မပါတော့ဘူးတဲ့။အဲဒီကိစ္စတွေကြောင့် ကျွန်တော် အမြဲ စိတ်ညစ်နေရတယ် ဆရာ။ သူ့ကို ကျွန်တော် ချစ်တယ်။ ဒါပေမဲ့ အဲဒီကိစ္စတွေ တွေးလိုက်ရင် ကျွန်တော် တွေဝေသွားတတ်တယ်။ အဲဒါဆရာ့ဆီက အကြံဉာဏ် တောင်းမလို့ပါ ဆရာ။ ဘယ်လို လုပ်ရင် ကောင်းမလဲလို့။

ပြီးတော့ မိန်းကလေးတွေ သွေးဆုံးပြီးသွားရင် HIV/AIDS ရောဂါကို သူတို့ဆီက မကူးတော့ဘူးဆိုတာ သေချာလားဆရာ။ ကျွန်တော် မေးတာကို ကျေးဇူးပြုပြီး ပြန်ဖြေပေးပါ ဆရာ။

Q: သည်ဘလော့(ဂ်)ထဲက Last Post On Masturbation ဆိုတဲ့ စာရဲ့ အောက်မှာ မေးသွားတဲ့ မေးခွန်းပါ။ စာရောက်နေတာ တစ်လကျော် နှစ်လနား နီးနေပြီ ဖြစ်ပေမယ့် ကျွန်တော့်မှာ ဗျာများနေတာနဲ့ အခုမှ အဖြေပေးလိုက်နိုင်ပါတယ်။

ယောက်ျားလေးက ငယ်နေပြီး မိန်းကလေးက အသက်ကြီးနေရင်၊ ဒါမှမဟုတ် ရွယ်တူဖြစ်နေရင် အဲလို ချစ်သူစုံတွဲတွေ အိမ်ထောင်ပြုတဲ့အထိ ကျွန်တော်က လုံးဝ အားမပေးချင်ပါဘူး။ “ယောက်ျားပဇင်း၊ မိန်းမ ပုခက်တွင်း”ဆိုတဲ့ မြန်မာဆိုရိုးစကားဟာ အမှန်တော့ ဆင်ခြင်တုံတရားနဲ့ ပြည့်ဝတဲ့ စကားလို့တောင် ဆိုနိုင်ပါလိမ့်မယ်။

ယောက်ျားနဲ့ မိန်းမတို့ရဲ့ ကိုယ်ခန္ဓာဖွဲ့စည်းပုံတွေ ကွာခြားပါတယ်။ အလားတူပဲ ကိုယ်ခန္ဓာဖွံ့ဖြိုးမှုနဲ့ ယိုယွင်းမှုမှာလည်း အကြီးအကျယ် ကွာပါတယ်။ ယောက်ျားလေးတွေ ၁၃-၄ နှစ်မှာ ပုဆိုးကွင်းသိုင်းနဲ့၊ ဘောင်းဘီတိုနဲ့ ကလေးတစ်ယောက်လို အရပ်ထဲ လည်ဆော့လို့ ကောင်းနေပေမယ့် မိန်းကလေး အဲဒီ့အရွယ်ဟာ အပျိုရည် အပျိုသွေးတွေ စတင်နေပါပြီ။ အမျိုးသမီးတို့ရဲ့ လစဉ်ဓမ္မတာ သွေးပေါ်တာလည်း အဲဒီ့အရွယ်လောက်ဆိုရင် စပါပြီ။ ပြောရရင် အဲဒီ့အရွယ်ဟာ မိန်းကလေးတွေ လင်ယူသားမွေးဖို့အတွက် စတင် ပြင်ဆင်ချိန်ပါပဲ။ ယောက်ျားလေးတွေအတွက်ကျတော့ အဲဒါက တစ်နှစ်၊ နှစ်နှစ်လောက် နောက်ကျပါတယ်။ အလွယ်ပြောရရင် ကြီးကောင်ဝင်ရာမှာ မိန်းကလေးက ယောက်ျားလေးတွေထက် စောပါတယ်။ အရပ်အမောင်း၊ ကိုယ်လုံးကိုယ်ဖန်မှာတင် သည်အချက်က တအားသိသာပါတယ်။

ကြီးကောင်ဝင်ရာမှာ ယောက်ျားတွေထက် စောသလို အရွယ်ကျရာမှာလည်း မိန်းမတွေက ယောက်ျားတွေထက် စောပြန်တယ်။ မိမိကိုယ်မိမိ တအား ထိန်းသိမ်းတတ်တဲ့ မိန်းမတွေ၊ ဘ၀ပေး ကုသိုလ်ကောင်းတဲ့ မိန်းမတွေကျတော့ ၅၀ ကျော်၊ ၆၀ လောက်အထိ အပြင်ပန်းအမြင်မှာ တင့်တင့်တယ်တယ် ရှိနေနိုင်သေးတာ မှန်ပေမယ့် အဲဒါက အနည်းစုသာ ဖြစ်ပါတယ်။ နောက်တစ်ခုက အပြင်ပန်းမှာသာ တင့်တယ်နေပြီး အတွင်းပိုင်းက ယိုယွင်းနေတာတွေကိုကျတော့ သူ့အိမ်ထောင်ဖက်မှသာ သိနိုင်တာမျိုးပါ။

အများစုအတွက်ကတော့ ၄၀ ကျော်လာ၊ ကလေးသားမြေး ရပြီးချိန်မှာ အပြင်ပန်းမှာတင်ပဲ ပုံပျက်ပန်းပျက် ဖြစ်လာတတ်ပါတယ်။ အတွင်းပိုင်း ယိုယွင်းမှုကလည်း သိသာလာတတ်တယ်။

ပြဿနာက ကျွန်တော့်ဆီ စာရေးလာတဲ့ အသက် ၂၀ လူငယ်လေးရဲ့ သူငယ်ချင်းတွေ ပြောသလို မိန်းမတွေ ၄၀ ကျော်လာချိန်မှာ လိင်စိတ်တွေ ကုန်ခမ်းသွားတာ မဟုတ်ပါဘူး။ လိင်စိတ်ဆိုတာ ခြောက်ခမ်းရိုးထုံးစံလည်း မရှိပါဘူး။ ကိုယ်ရော၊ စိတ်ပါ ကျန်းမာနေရင် လိင်စိတ်ဟာ အရွယ်သုံးပါးစလုံးမှာ ရှိနေနိုင်ပါတယ်။

မိန်းမတွေရဲ့ လိင်စိတ်ဟာ ယောက်ျားတွေလို မဟုတ်ဘဲ အလကားနေရင်း ထကြွမနေတတ်တာတော့ အမှန်ပါပဲ။ အဲဒါကျတော့ အရွယ်နဲ့ မဆိုင်ပါဘူး။ ဘယ်အရွယ် မိန်းမဖြစ်ဖြစ်၊ ဘယ်လောက် သွေးသားကောင်းကောင်း၊ တစ်ဖက်သားရဲ့ လှုံ့ဆော်မှု မရှိဘဲနဲ့ မိန်းမတစ်ယောက်ရဲ့ လိင်စိတ်ဟာ အလကားနေရင်း ထ ဖြစ်ခဲလှပါတယ်။ ရှားရှားပါးပါး၊ တစ်ထောင်တစ်ယောက်၊ တစ်သောင်းတစ်ယောက်လောက်သာ ယောက်ျားများနည်းတူ အလကားနေရင်း လိင်စိတ်တွေ နိုးကြားတတ်တာပါ။

ယောက်ျားတွေကတော့ အားအားရှိ သည်စိတ်က ဦးဆောင်နေပါတယ်။ မျက်စိအာရုံ၊ နားအာရုံကြောင့်၊ ဘာမဟုတ်တဲ့ အတွေ့အထိခဏတာလေးကြောင့် လိင်စိတ် နိုးကြားလွယ်တာ ယောက်ျားများပါပဲ။ အပြာကားတွေ၊ အပြာစာအုပ်တွေရဲ့ အဓိက ပရိသတ်ဟာ ယောက်ျားသားများသာ ဖြစ်ပါတယ်။ မိန်းမသားတွေက မကြည့်ဖူး၊ မမြင်ဖူးသေးလို့သာ ခဏတဖြုတ် ကြည့်ကြပါလိမ့်မယ်။ ယောက်ျားတွေလို စွဲစွဲလန်းလန်းကြီး မဖြစ်ကြပါဘူး။ တချို့မိန်းမတွေဆိုရင် အဲဒါတွေ ကြည့်ပြီး၊ ဖတ်ပြီး၊ အော်ဂလီဆန်လာ၊ ရွံရှာစက်ဆုပ်လာတတ်ကာ နဂိုက ရှိနေတဲ့ လိင်စိတ်တောင် ငုပ်ကုန်တတ်ပါတယ်။

ပြောချင်တာက အလကားနေရင်း လိင်စိတ်နိုးကြားတတ်တဲ့ ယောက်ျားသားတစ်ယောက်ဟာ အရွယ်လွန်နေသည့်တိုင် သည်စိတ်တွေ ပြင်းပြနေတတ်တဲ့ သဘာဝကိုပါပဲ။ ယောက်ျားတစ်ယောက်ဟာ “ဖွဲတစ်ဆုပ်နိုင်တဲ့အထိ” သည်စိတ်တွေ ပြင်းထန်နေတတ်ပါတယ်။

အသက် ၄၅ နှစ်အရွယ် ယောက်ျားတစ်ယောက်ဟာ ကိုယ်နဲ့ ရွယ်တူလည်းဖြစ်၊ ကိုယ့်အိမ်ထောင်ဖက်လည်းဖြစ်တဲ့ အသက် ၄၅ နှစ်အရွယ် မိန်းမတစ်ယောက်ကို မြင်ရုံနဲ့ ရင်မခုန်တော့တာတော့ အင်မတန် သေချာတဲ့အချက်ပါ။ အဲဒီ့မတိုင်ခင် နှစ် ၂၀ လောက်ကတော့ သည်မိန်းမအပေါ် မြင်ရုံနဲ့ ရင်ခုန်ခဲ့ဖူးမှာ မှန်ပေမယ့် နှစ် ၂၀ လောက် ပေါင်းဖက်လာပြီးတဲ့အခါမှာတော့ သူ့အတွက် သည်မိန်းမဟာ ရင်ခုန်စရာ တစ်စက်မှ မရှိတော့မှာ သေချာပါတယ်။ ယောက်ျားတို့ရဲ့ အချိန်မရွေး၊ နေရာမရွေး၊ လူပုဂ္ဂိုလ်မရွေး နိုးကြားနိုင်တဲ့ လိင်စိတ်အရ အဲဒီ့မိန်းမကို လိင်ဆက်ဆံဖို့အတွက်တော့ နိုးကြားချင် နိုးကြားနေနိုင်ပါသေးတယ်။ ဒါပေမယ့် တကယ်တမ်းမှာ ၄၅ နှစ် ယောက်ျားတစ်ယောက်ဟာ ကိုယ့်အိမ်ထောင်ဖက်မှအပ တခြားတစ်ပါးသော မိန်းမများကိုသာ ရင်ခုန်နေပါပြီ၊ လိင်စိတ်အရလည်း ပိုမို နိုးကြား တောင့်တနေတတ်ကြပါပြီ။ ခါရာအိုခေဆိုင်တွေ၊ အနှိပ်ခန်းတွေ၊ ဇိမ်ခန်းတွေဆီ ရောက်နေတဲ့ ယောက်ျားတွေရဲ့ အရွယ်တန်းကို ကြည့်ရင် ၄၀ နဲ့ အထက် ပရိသတ်က အဆမတန် များပြားနေတာကို တွေ့ရမှာပါ။ သည်အချက်နဲ့တင် ကျွန်တော်ပြောနေတဲ့ “နွားအို မြက်နုကြိုက်”လာတဲ့ သဘောက အလွန်ထင်ရှားပါတယ်။

အဲ… ယောက်ျားက ၄၅ နှစ်၊ မိန်းမက ၅၀၊ ဒါမှမဟုတ် ၅၅ နှစ်ဖြစ်နေရင်တော့လား၊ အဲဒီ့ယောက်ျားဟာ ကျင့်ဝတ်စည်းကမ်းတွေအရသာ သူနဲ့ ပေါင်းလာခဲ့တဲ့ မိန်းမ အပေါ်မှာ သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းနေဦးမှာပေမယ့် လစ်တာနဲ့ ကြောင်သူတော် ကြွက်သူခိုး လုပ်နေမှာလည်း မလွဲပါဘူး။ ဒါမှမဟုတ်လည်း အတွင်းလှိုက်ပြီး တရိရိနဲ့ စိတ်အဆင်းရဲကြီး ဆင်းရဲနေတော့မှာပါ။ လူရှေ့မှာလည်း ကိုယ့်မိန်းမကို ပွဲမထုတ်ရဲတဲ့ ဘ၀ကို ရောက်နေတာတွေလည်း ကျွန်တော့် မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့ဖူးပါတယ်။

ခြွင်းချက်တော့ ရှိသပေါ့။ ယောက်ျားက ခြေမဲ့လက်မဲ့၊ မိန်းမက ပိုက်ဆံချမ်းသာတယ်၊ ဘ၀ ရပ်တည်မှုအတွက် အဲဒီ့မိန်းမက ခုနစ်ဆွေး ရှစ်ဆွေးလည်းဖြစ်၊ အမယ်ကြီးအိုကြီးလည်း ဖြစ်နေသည့်တိုင် အဲဒီ့မိန်းမကို အိမ်ထောင်ဖက်အဖြစ် ပေါင်းဖက်လိုက်တဲ့ လူငယ် ယောက်ျားတစ်ယောက်စ နှစ်ယောက်စလည်း ကျွန်တော် မြင်ခဲ့ဖူးပါတယ်။ သူတို့ကကျတော့ ငွေမက်လို့ ယူထားတာမို့ အဲဒီ့မိန်းမကြီးတွေ ကြည်ဖြူဖို့အရေးအတွက် စိတ်မပါဘဲ တအား ကြင်နာပြ၊ တအား ယုယပြနေတာတွေလည်း တွေ့ဖူးပါတယ်။

နောက်တစ်မျိုးက မိန်းမလည် သိန်းကြွယ်တွေပါ။ သူတို့က ယောက်ျားတကာနဲ့ နေခဲ့ဖူးပြီး ယောက်ျားကျောကို ကောင်းကောင်းသိထားကြသူတွေဖြစ်ပါတယ်။ အဲလို မိန်းမတွေကျတော့လည်း လင်ငယ်ငယ်လေးကို မလှုပ်နိုင်အောင် အနုနည်းနဲ့ ချုပ်ထားတဲ့ အတတ်ပညာတွေကို တတ်ကျွမ်းကြတာမို့ သူတို့ လင်လေးတွေခမျာ မလူးသာ မလွန့်သာ ဖြစ်နေတတ်ကြပါတယ်။ ဒါပေမယ့် အဲလို မိန်းမမျိုးက သိပ်ကို နည်းတဲ့ အနည်းစုမျှသာ ဖြစ်ပြီး လင်လေးတွေကလည်း မလစ်လို့သာပါ၊ လစ်တာနဲ့ သူတို့ကလည်း ကွယ်ရာမှာ ခြေများဖို့ အသင့်ဖြစ်နေတတ်ကြပါတယ်။ မိန်းမလည် သိန်းကြွယ်တွေကလည်း အဲလို ခြေများတာကို သိသွားရင် မသိချင်ယောင်ဆောင်နေပြီး သူတို့နည်းနဲ့ သူတို့၊ လင်ကလေးတွေ သူတို့ချည်တိုင်ကို အချိန်တန်ရင် ပြန်ခစားလာအောင် လုပ်ထားတတ်ကြပါတယ်။

အဲတော့ကာ အားလုံးကို ချုပ်လိုက်မယ်ဆိုရင် ယောက်ျားတို့ရဲ့ အခါခပ်သိမ်း နိုးကြားနေတတ်တဲ့ လိင်စိတ်၊ ယောက်ျားတွေရဲ့ ရိုးလွယ်တဲ့စိတ်၊ ယောက်ျားတွေရဲ့ မိန်းမ တစ်ယောက်တည်းနဲ့ မရောင့်ရဲတတ်တဲ့ မွေးရာပါ သဘာဝများကြောင့် “ယောက်ျား ပဇင်း၊ မိန်းမ ပုခက်တွင်း”ဆိုတဲ့ စကားက ပေါ်ပေါက်လာရတာပဲလို့ အတတ်ပြောနိုင်ပါတယ်။

ယောက်ျားနဲ့ မိန်းမ အသက် ၁၈ နှစ်လောက်များ ကွာနေလို့ကတော့ အဲဒီ့ယောက်ျားဟာ သူ့မယားလေးကို အရိပ်တကြည့်ကြည့်နဲ့ ချစ်မ၀နိုင်အောင် ဖြစ်နေမှာ သေချာပါတယ်။ ယောက်ျားက ၄၀၊ မိန်းမက ၂၂ နှစ်၊ ယောက်ျားက ၅၀ မိန်းမက ၃၂ နှစ်၊ ယောက်ျားက ၆၀၊ မိန်းမက ၄၂ နှစ်… ယောက်ျား ဘယ်အရွယ်ပဲ ရောက်သွားသွား သူ့မိန်းမက ရိုးချင်စရာ မကောင်းတော့မှာ တအား သေချာလို့ နေပါတယ်။ ကျွန်တော့်မျက်စိအောက်မှာလည်း အဲလို လင်မယားတွေ တွေ့ဖူးပါတယ်။ အမလေးဗျာ… အဲလို ယောက်ျားကြီးတွေများ သူတို့ မိန်းမကို ချစ်လိုက်တာမှ တုန်လို့။ ဖူးဖူးလည်း ဘာမှုတ်ကြသလဲ မမေးနဲ့။ ဟိုမိန်းမလေးတွေ အအေးတောင် မိကုန်မလား အောက်မေ့ရတယ်။

သူတို့လောက် မကွာပါဘူး။ ကျွန်တော့်မိန်းမက ကျွန်တော့်ထက် ၇ နှစ်ပဲ ငယ်ပါတယ်။ ဒါပေမယ့် အဲဒီ့အရွယ် ကွာဟမှုကလည်း ကျွန်တော်တို့ အိမ်ထောင်ရေး သာယာခြင်းရဲ့ အဓိက အချက်တစ်ချက်ထဲမှာ ပါပါတယ်။ ကျွန်တော်တို့ အိမ်ထောင်သက်ဆိုရင် မကြာခင် ၂၃ နှစ် ပြည့်ပါတော့မယ်။ ကျွန်တော့်မိန်းမကို ကျွန်တော် မရိုးနိုင်သေးပါဘူး။ လိုချင်တပ်မက်နေဆဲသာ ဖြစ်ပါတယ်။ ကျွန်တော့်ဘာသာ ကျွန်တော် ၀ါသနာ သိပ်ကြီးလွန်းလို့ သူနဲ့ အိမ်ထောင်မကျခင်ကရော၊ သူနဲ့ အိမ်ထောင်ကျပြီးတဲ့ နောက်မှာပါ ရည်းစားတွေ ထားဖြစ်ခဲ့သေးပေမယ့် တကယ်တမ်းမှာ ကျွန်တော့်မိန်းမကို ကျွန်တော် ဘယ်သူနဲ့မှ မလဲနိုင်၊ အစားမထိုးနိုင်ပါဘူး။ (ဒါကတော့ သွေးသားကိစ္စအပြင် တခြား အရေးကြီးတဲ့ စိတ်နေသဘောထားတွေလည်း ပါဝင်နေပါတယ်။)

အမှန်ကို ၀န်ခံရရင် အိမ်ထောင်ကျပြီးတဲ့နောက်ပိုင်း ကျွန်တော် ကျူးလွန်ခဲ့တဲ့ အမှုတွေထဲမှာ ကျွန်တော့်ထက် အသက် ၁၈ နှစ်ငယ်သူ တစ်ဦးလည်း ပါပါတယ်။ သူ့ကိုကျတော့ လိင်ပိုင်းအရ ကျွန်တော် အတော်သာယာသွားခဲ့ဖူးပါတယ်။ ကျွန်တော်လည်း ယောက်ျားပီပီ မြက်နုကြိုက်တဲ့ နွားအိုကြီး ဖြစ်ခဲ့ဖူးတာပေါ့ခင်ဗျာ။ အတည်ယူဖို့အထိတောင် မကြံကောင်း မစည်ရာ ကြံခဲ့ဖူးပါတယ်။ အဲလောက် မွှန်သွားတာပါ။ ကံသီလို့သာ ကျွန်တော် ဒုက္ခမတွေ့ရတာပါ။

အဲတော့ အခု လူငယ်လေးကိုလည်း ကျွန်တော်က ပြင်းပြင်းထန်ထန် တားချင်ပါတယ်။ ကျွန်တော်အခု ပြောတဲ့ စကားတွေအားလုံးက အသက်အရွယ်၊ အတွေ့အကြုံတွေ အပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ်။ နောက်တစ်ချက်က လူ့ခန္ဓာဗေဒ၊ လိင်စိတ်နဲ့တကွ လူ့စိတ်နဲ့ လူ့အပြုအမူတို့ရဲ့ အပြောင်းအလဲများအပေါ်မှာ သိပ္ပံနည်းကျ စူးစမ်းဖော်ထုတ်ထားတဲ့ စိတ်ပညာသဘောတွေလည်း အနည်းနဲ့ အများ ပါဝင်ပါတယ်။

အရာတိုင်းမှာ ခြွင်းချက်ရှိတာကို လက်ခံပါတယ်။ ဒါပေမယ့် ခြွင်းချက်ဟာ ခြွင်းချက်မျှသာ ဖြစ်ပြီး ယေဘုယျက ယေဘုယျပါပဲ။ ကိုယ့်ကျမှ အဲဒီ့ ခြွင်းချက်အတိုင်း ဖြစ်လိမ့်မယ်လို့ ထင်မြင်ယူဆခြင်းဟာ ထီထိုးတာနဲ့ တူပါတယ်။ ထီလက်မှတ် အစောင်ပေါင်း တစ်သိန်း၊ တစ်သန်းမှာ တစ်ယောက်သာ ပေါက်နိုင်တာမျိုးပါ။ ဒါမှမဟုတ်လည်း ကံကို ယုံပြီး မီးပုံထဲ ခုန်ချလိုက်သလိုသာ ဖြစ်နိုင်ပါတယ်။ ခြွင်းချက်အရ မီးပုံထဲ ကျသွားပေမယ့် မီးမလောင်ခဲ့ဖူးသူတွေ ရှိတယ်ဆိုတဲ့ အသိလေးနဲ့ ကိုယ်လည်း အဲဒီ့ ခြွင်းချက်ထဲ ပါတန်ကောင်းရဲ့လို့ တွေးကာ ခုန်ချလိုက်မယ်ဆိုရင် ကိုယ့်ပြဿနာနဲ့ ကိုယ်ပါ။ လောင်မြိုက်တော့ ကိုယ်ပဲ ခံရမှာပါ။

“မိန်းမတွေများ နှာခေါင်းမပါရင် ဟိုသင်းတောင် စားတယ်”လို့ အပြောခံရတဲ့ အခု ကျွန်တော့်ဆီ စာရေးလာတဲ့ ၂၀ အရွယ် လူငယ်လေးရဲ့ ရည်းစားလို ၂၉ နှစ်အရွယ် မိန်းမပါ။ အဲဒီ့မိန်းမမှာ နှာခေါင်းလည်း မပါ၊ ဦးနှောက်လည်း မပါရှာပါဘူး။ ဦးနှောက်က ရိုးရိုးလေးပါပဲ။ အသက်အရွယ်ဆိုတာ ရပ်နေတဲ့ အရာမဟုတ်ဘူးဆိုတာလေးကို မြင်ဖို့လေးလောက်ပဲ လိုပါတယ်။ အခု ၂၀/၂၉ ပေမယ့် နောက် နှစ်၂၀ ကြာရင် ၄၀/၄၉ဆိုတာကို မြင်ဖို့ပါ။ ၄၀ အရွယ် ယောက်ျားသားတွေကို ပတ်ဝန်းကျင်မှာ ကြည့်လိုက်ရင် ကျော့လို့၊ မော့လို့၊ ၃၀ ကျော်အလား ထင်ယောင်မှားလောက်အောင် နုပျို စိုလန်းနေဆဲ ဖြစ်နေတာကို မြင်ရပါလိမ့်မယ်။

၄၉ အရွယ် မိန်းမသားတွေကိုလည်း ပတ်ဝန်းကျင်မှာ ကြည့်လိုက်မယ်ဆိုရင် ရွဲပလဲပြီး ပုံမလာ ပန်းမလာနဲ့ မိန်းမချင်းတောင်မှ မျက်နှာလွှဲလိုက်ချင်စရာ ဖြစ်နေတာက အများစုဆိုတာကိုလည်း မြင်ရပါလိမ့်မယ်။ ၅၀/၅၉ ဆိုရင်တော့ မပြောပါနဲ့တော့ဗျာ။ ဟုတ်ကဲ့… ကျွန်တော် ၅၄ နှစ်ထဲမှာပါ။ အိမ်က မိန်းမကို အားနာလွန်းမက အားနာလာလို့သာ ကျွန်တော့် ခြေကို မနည်း ချုပ်ထားရပါတယ်။ စိတ်ထဲမှာတော့ ဖြူဖြူပြာပြာ နီနီဝါ၀ါ ဝေဆာမြူးလို့လွင်တွေ တွေ့ရင် သရိုးသရီဖြစ်လို့ ကောင်းနေဆဲဖြစ်သလို ကျွန်တော် ဆွတ်ရင် ညွတ်ကျလာနိုင်တဲ့ အရွယ်လှလှ သူငယ်မတွေလည်း မကြာခဏ ဆုံနေရဆဲပါပဲ။ အင်း… ၅၉ နှစ် မိန်းမဆိုရင်တော့ ယောက်ျားလေးတွေက “အမေ” “အမေကြီး”စသဖြင့် ခေါ်ပြီး ရိုသေနေကြမှာဖြစ်တဲ့အပြင် ဘယ်အစ်ကို ပုရိသကမှလည်း အဲဒါကြီး ကြည့်ပြီး နိုးကြားလာနိုင်စရာ အကြောင်း မမြင်တော့ပါဘူး။

သူ့ဦးနှောက်ကို သည်လောက်လေး သုံးလိုက်ရုံနဲ့ သည် ၂၀ အရွယ် လူငယ်လေးနဲ့ ဆက်စခန်းသွားတာကို ရပ်တန်းက ရပ်သင့်ပါပြီ။

ချစ်တာကတော့ဗျာ၊ ဘယ်သူ့ကိုမဆို၊ ဘယ်အရွယ်မှာ မဆို ချစ်လို့ ရပါတယ်။ အထူးသဖြင့် အချစ်ဆိုတာဟာ မပေါင်းမဖက်ဘဲ နေလိုက်တာနဲ့ တစ်ပြိုင်နက် ရင်ထဲမှာ သေတစ်ပန် သက်တစ်ဆုံး သိမ်းထားပြီး ကြည်နူးစရာ ကောင်းနေတတ်တဲ့ အရာမျိုးပါ။ သည့်ထက် တစ်ဆင့်မြှင့်ပြီး ပြောရရင် ချစ်တယ်လို့တောင် ဖွင့်မပြောလိုက်ဘဲ ရင်ထဲမှာ သိမ်းထားလိုက်ရတဲ့ အချစ်မျိုးတွေက ဖွဲမီးလို ကိုယ့်ကို တငွေ့ငွေ့လောင်ပြီး သေသည်အထိ ချစ်မဆုံးအောင် ဖြစ်နေတတ်စမြဲပါ။

အချစ်ရဲ့ သင်္ချိုင်းက အိမ်ထောင်ရေးသာ ဖြစ်ပါတယ်။ အဲဒါကို အိမ်ထောင်သည် အတော်များများ သတိထားမိကြပါတယ်။ သာယာတဲ့ အိမ်ထောင်ရေး အများစုမှာ အကြွင်းအဖြစ် ကျန်ရစ်တာက သံယောဇဉ်သာ ဖြစ်ပါတယ်။ အချစ် မဟုတ်တော့ပါဘူး။

နောက်ဆုံးတစ်ချက်က သွေးဆုံးတာနဲ့ HIV ပိုးနဲ့က ဘယ်လိုမှ မပတ်သက်ပါဘူး။ HIV ပိုးဟာ သွေးရှိနေသမျှ ခိုအောင်းနေနိုင်တာမျိုးမို့ အသက်ရှိနေသူ လူသားမှန်သမျှ ဘယ်အရွယ်မှာဖြစ်ဖြစ် ကူးစက်ခံရနိုင်ပါတယ်။ သွေးဆုံးတဲ့ မိန်းမဆီက သည်ပိုး မကူးတော့ဘူးဆိုတဲ့ အလွဲစကားကို ဘယ်သူကောင့်သားကများ တီထွင်လိုက်သလဲ မသိဘူး။ ကိုယ့်သင်္ချိုင်း ကိုယ်တူးတဲ့ ယုံတမ်းစကား အလွဲကြီးပါခင်ဗျား။

ကျွန်တော်ကတော့ ပြောသင့်တဲ့ စကားကို ပြောလိုက်ပြီးပါပြီ။ ကျန်တာတော့ ကိုယ့်သဘောနဲ့ ကိုယ်ပါ။

by lettwebaw

လိင် ဆက်ဆံ မှု ဦးစား ပေး ချစ်စခန်း ဖွင့် မှု ထွန်းကားလာ

လက်မထပ် ပဲ အတူနေ သည့် ဓလေ့ စရိုက် (Living Together) အထက် No String Attach
ခေါ် ချစ်ကြိုက်မှု သံယောဇဉ် နှောင်ကြိုး များ မပါ သည့် လိင် ကိစ္စသာ သီးသန့်  သာ ဖြစ်သည့်
Casual Sex ယဉ် ကျေး မှု မှာ မြန်မာ နိုင်ငံ တွင် တစ်နေ့  တခြား ထွန်း ကား လာကြောင်းတွေ့ရှိရသည်။


သံယောဇဉ် အမျှင် တန်း များ မပါ သည့် လိင်မှု ကိစ္စ ပုံ စံ သည် ရန်ကုန် နှင့် မန္တလေး မြို့  များရှိ
ငွေကြေး အတန် အသင့် ရှိ သည့် လူလတ် တန်းစား များ တွင် အများ ဆုံး တွေ့ ရ သော် လည်း
ကျောင်းသူ ၊ ကျောင်း သား များ နှင့် ပညာတတ် လွှာ များ တွင် လည်း အများ ဆုံး တွေ့ ရသည်။

အိမ် ထောင် ရှိ သူ တွေ မှာ အများ ဆုံး တွေ့ ရတတ် တယ်။ ကုမ္ပဏီ တွေ ၊ နိုင်ငံခြား အလုပ်ရှင်
တွေ နဲ့  တွဲ လုပ် ရတဲ့ လုပ်ငန်း တွေ မှာ အများ ဆုံး တွေ့ ရတတ်တယ်။ ပါတီ တွေ ၊ ဧည့်ခံ ပွဲ
တွေ က များ တော့ အများစု က ဒီပွဲ တွေ မှာ ပျော် ပါး ရင်း Sex ကို လက် သိပ် ထိုး ပေးတတ် ကြ
တယ် ၊ အချိန် တန် ရင် တော့ အိမ် ပြန် ပေါ့ .. ဟု ခရီးသွား လာရေး ဧဂျင် စီ တစ်ခု မှ မန်နေဂျာ
တစ်ဦး က FNG ကို ပြောသည်။

၉၀ ပြည့် လွန် နှစ် ပိုင်း များ က လက်မထပ် ဘဲ အတူ နေ ယဉ် ကျေးမှု မှာ မြန်မာ နိုင်ငံ တွင် စတင်
ထွန်း ကား လာခဲ့ ပြီး အရွယ် ရောက် ပြီး သူ အမျိုး သမီး များ ၏ ၅ ရာ ခိုင် နှုန်းမှာ လက်မထပ် ဘဲ
အတူ နေ ဘ၀ ဖြင့် အချိန် ကာ လ တစ် ချို့  ကို ဖြတ် သန်း ခဲ့ ကြသည်။

သမုဒယ အယုအယ များ ပါဝင် မှု နည်း သည့် လိုဘ ပြည့် လိင် ဆက်ဆံ မှု တွင် ကောင်း ကျိုး ဆိုး
ကျိုး များ ရှိ သော် လည်း ထင်သာ မြင်သာ ရှိသည့် နောက် ဆက် တွဲ အနေဖြင့် လူမှုရေး အကျိုးဆက်
များ ရှိလာ နိုင် သည် ဟု ကျွမ်းကျင် သူ များ က ထောက် ပြ ကြသည်။

No String Attach ဟု ခေါ်သည့် လွတ်လပ် သည် လိင်ဆက် ဆံ မှု ဦးစား ပေး ပုံစံ အတူနေ ပျော်
ပါး မှု မြန်မာ နိုင်ငံ တွင် အမျိုး သား များ ထက် အမျိုး သမီး များ က ပို ပြီး စိတ် ၀င် တစား ရှိ ကြ သည်
ဟု သိရသည်။


” ယောင်္ကျား တွေ ရဲ့  သဘော မှာ လိင် ဆက်ဆံ ပျော် ပါး ဖို့  က လွယ် ကူ ပြီး မိန်း ကလေး တွေ မှာ တော့ဆန္ဒရှိ ရင် တောင် မလွယ် ဘူး .. ဒါကြောင့် ရင်းနှီး ပြီး ယုံကြည် စိတ် ချ ရသူ တွေ နဲ့  တွေ့ တဲ့ အခါ
No String Attach ပုံ စံ ဖြစ် သွား ကြ တာ ထင်တယ် ” ဟု ခောတ် ပညာ တတ် အမျိုးသမီး အချို့ 
က ခန့် မှန်းကြသည်။

လိင်ပိုင်း ဆိုင်ရာ ဦးစား ပေး ချစ်ကြိုက်မှု ပုံ သဏ္ဍန် သည် အိမ်ထောင် ရှိ သူ များ တွင် အများ ဆုံး တွေ့ 
ရတတ် ပြီး ခင်ပွန်း (သို့  မဟုတ်) ဇနီး မယား ခရီး သွား နေသည့် အခါ ဆိတ် ကွယ် မှု ရသည့် အခါ များ
တွင် နှစ် ဦး နှစ်ဖက် သဘော တူ ညီ ပါ က ခဏတာ ချစ် ဇာတ် လမ်း ဖွင့် ကြသည် ဟု သိရသည်။

No String Attach လိင် ပိုင်း ဆိုင်ရာ ဦးစားပေး ချစ်ကြွမ်းဝင် မှု ပုံစံ ကို တွေ့ ကြုံ ဖူးခဲ့ သည့် အမျိုး
သမီး တစ်ဦး က ” ယောင်္ကျား ကိုလည်း ကျွန်မ ဘာ မှ မျက်စေ့ ဒေါက်ထောက် ကြည့် နေတာ မရှိ ဘူး၊
သူ လည်း ခရီးသွား တယ် ဆိုတာ တစ်ခြား တစ်ယောက် နဲ့  တွေ့ ချင် တွေ့ေ န မှာ ပဲ ၊ ကျွန်မ လည်း
သွေးသား ဖျေဖြောက် မှု တစ်ခု ပဲ ” ဟု ဆိုသည်။

အနောက် နိုင်ငံ များ နှင့် အာရှ နိုင်ငံ များ တွင် ထို ယဉ်ကျေးမှု မှာ အမြစ်တွယ် ပြီး ဖြစ်နေသော်လည်း
မြန်မာ နိုင်ငံ အတွက် မူ အတန် ငယ် စိမ်း နေသေး သည်။

လိင်ပိုင်း ဆိုင်ရာ စိတ် ပညာ ကျွမ်း ကျင် သူ များ က မူ လိင် ကိစ္စ ကို ဖုံး အုပ်ထား တာ ထက် စာရင်
အထိုက် အလျှောက် ဖြေလျှော့ ပေး တာ က စိတ်ကြည် လင် မှု ရရှိ ပြီး ၊ စိတ် ကျ ဆင်း မှု ကို ဟန့်
တား နိုင်တယ် ဟု သုံး သပ် ကြသည်။

အနာဂတ် မြန်မာ နိုင်ငံ တွင် နိုင်ငံ ခြား မှ ရင်းနှီး မြုပ် နှံ မှု မြင့် မား လာ ပြီးပွင့် လင်း လူ့ အဖွဲ့  ဆီသို့ 
ဦး တည် သွား လျှင် ထို ကိစ္စ မှာ ကျွဲ ကူး ရေပါ ၊ ပါ လာ နိုင် ဖွယ် ရှိသည်။

Credit: MyanmarNewsUpdate

Early Pregnancy Signs and Symptoms (20) ကိုယ်ဝန်ရှိခြင်း လက္ခဏာ (၂ဝ)

ရာသီမလာခင်တစ်ရက် ကိုယ်ဝန်စစ်တော့ မရှိပါ။ အခု ရာသီလာမဲ့ရက်ထက် သုံးရက်လောက် ကျော်နေ ပါပြီ။ မစစ်ရဲသေးလို့ပါ။ ကိုယ်က ကိုယ်ဝန်လိုချင်တာဆိုတော့ မရှိရင် ငိုမိမှာစိုးလို့ပါ။ ရင်သားတွေကတော့ အရမ်းနာကျင်ပါတယ်။ အဖြူကလည်း တော်တော်ဆင်းပါတယ်။ အဲဒါ ရာသီနောက်ကျတာပါလားရှင်။

(မှတ်ချက်။ မေးခွန်းထဲက “ဆိုးလို့ပါ” ကို “စိုးလို့ပါ” လို့ ပြင်လိုက်ပါတယ်။ “ဆိုး” တာက မကောင်တာကို ဆိုလိုပြီး “စိုး” တာက စိုးရိမ်တာကို ဆိုလိုပါတယ်။)

ကိုယ်ဝန်ရှိခြင်း လက္ခဏာတွေကို တချို့မှာ ဘာမှမခံစားရဘူး။ တချို့ကြ လူမမာကြီးလို အတော်ခံစား ရတယ်။

၁။ ရာသီမလာတော့ပါ၊ ဒါပေမဲ့ ပေါင်းစပ်ပြီးသား မျိုးဥက သားအိမ် အတွင်းဆုံးလွှာကို လာပြီးတွယ် ကပ်ချိန်မှာ သွေးနဲနဲ စွန်းမယ်။ ဆီးစပ်နေရာကလဲ နာတာခံစားရနိုင်တယ်။ ရာသီလာလို့နာတာနဲ့ ခွဲခြားရ မယ်။ မျိုးဥထွက်ချိန်ဆိုတာ (လလည်ရက်) နဲ့ ၆-၁ဝ ရက်မှာဖြစ်တယ်။
၂။ ကိုယ့်ကိုယ်ကို ကိုယ်ဝန်ရှိနေတယ်လို့ထင်ခြင်း၊
၃။ ပျို့-အန်ခြင်း၊ အစားမစားချင်ဖြစ်လာခြင်း၊
၎။ အတူနေချင်စိတ် ပြောင်းလဲလာခြင်း၊
၅။ ရင်သားနာခြင်း၊
၆။ ရင်သား ပိုကြီးထွားလာခြင်း၊
၇။ ရင်သား အရောင်ရင့်အဝိုင်းမှာ အသီးငယ်လေးတွေ ထွက်လာခြင်း၊ ရှိပြီးသားတွေက ပိုပြီးသိသာ လာခြင်း၊
၈။ ညှစ်ရင် နို့ရည်ကြည် နဲနဲထွက်နိုင်ခြင်း၊
၉။ ဆီးခဏခဏသွားရခြင်း၊ ကိုယ်ဝန်ဆောင် အများစုက ၆-၈ ပါတ်မှာ ဖြစ်ကြတယ်။ ဆီးလမ်းပိုးဝင်တာ၊ ဆီးချိုရောဂါ နဲ့ ဆီးသွားစေတဲ့ဆေးတွေကြောင့်လဲ အဲလို ဆီးခဏခဏသွားချင်တာနဲ့ ခွဲခြားရမယ်။
၁ဝ။ ချင်ခြင်းတပ်ခြင်း၊
၁၁။ အားကုန်ခြင်း၊
၁၂။ အသားအရေပြောင်းလဲလာခြင်း၊
၁၃။ မတ်တပ်ရပ်လိုက်ရင် ခေါင်းမူးမယ်၊ သတိလစ်ချင်သလိုဖြစ်မယ်။
၁၄။ ဆီး-သွေးစစ်လျှင် အပေါင်းပြခြင်း၊
၁၅။ ဗိုက်ထဲက ကလေးလှုတ်တာကိုသိနေခြင်း အများဆုံးက ၂ဝ ပါတ်ကျော်မှသာ သိတယ်။၊ ၁၃-၂၅ ပါတ် အထိလဲ ဖြစ်နိုင်တယ်။
၁၆။ ဗိုက်ကြော စသည်ပြတ်ခြင်း (နောက်ပိုင်းမှသာဖြစ်တယ်)၊
၁၇။ ဓါတ်မှန်ရိုက်ရင် မြင်ရခြင်း၊
၁၈။ (အာလ်ထွာဆောင်း) ရိုက်လျှင်တွေ့ရခြင်း၊ ကိုယ်ဝန် ၄ ပါတ်ခွဲမှာ Gestational sac မြင်ရပြီ။ Yolk sac ကို ၅ ပါတ်၊ Embryo ကို ၅ ပါတ်ခွဲမှာမြင်ရပြီ။
၁၉။ ကလေးနှလုံးခုန်သံ နားထောင်၍ရခြင်း၊ Doppler ကရိယာနဲ့နားထောင်ရင် ၈-၁ဝ ပါတ်အထိ မကြား နိုင်သေးပါ။ ၁၂-၁၄ ပါတ်ရောက်မှသာ ကြားရတာများတယ်။ စကြားရချိန်မယ် တမိနစ်ကို ၁၈ဝ အထိမြန် တယ်။ နောက်ပိုင်း ပုံမှန် ၁၂ဝ-၁၆ဝ အထိရှိတယ်။ (အာလ်ထွာဆောင်း) နဲ့စမ်းရင် ၆ ပါတ်မှာ ၉ဝ-၁၁ဝ၊ ၉ ပါတ်မှာ ၁၄ဝ-၁၇ဝ၊
၂ဝ။ သားအိမ်ကြီးလာခြင်း၊ ကိုယ်ဝန် ၁၂ ပါတ်ကစပြီး ဆီးစပ်နေရာကနေ သားအိမ်အမြင့်ကို လက်နဲ့ စမ်းလို့ရပြီ။

သိပ်မသိသာတဲ့၊ လူတိုင်းဖြစ်ချင်မှဖြစ်မဲ့ အချက်တွေကတော့ -
ခေါင်းကိုက်တာ၊ စိတ်မူပြောင်းခြင်း၊ စိတ်တိုခြင်း၊ (ဒီအချက်တွေဟာ ရာသီမလာခင်ဖြစ်ချင်တာတွေနဲ့ အတူတူ ဖြစ်တယ်။) ဝမ်းချုပ်တာ Progesterone ကြောင့်ဖြစ်တယ်။ ဒီဟော်မုန်းက အစာကို အောက်ဆင်းတာ နှေးစေတယ်။ (ဗဂျိုင်းနား) နံရံတွေက ပိုထူလာတယ်။ (ဗဂျိုင်းနား) ပိုပြီးစိုတာ၊ ဖြူတဲ့ နို့လိုဆင်းတယ်။ ကိုယ်ဝန်ရှိနေတဲ့ကာလ တလျှောက်လုံးမှာလဲ အဲလိုရှိနေနိုင်တယ်။ ဆေးကုစရာ မလိုပါ။ ဒါပေမဲ့ အနံ့ဆိုးလာရင်၊ ယားယံလာရင်၊ ဆင်းတာက အရောင် ပြောင်းလာရင်တော့ ဆေးစစ်ပြီး ကူသမှု ခံယူရမယ်။

ကိုယ်ဝန်ရှိ-မရှိ စမ်းသပ်ခြင်း
Urine Pregnancy Test ဆီးစစ်နည်းကို သိပ်စောစောစမ်းရင် ကိုယ်ဝန်ရှိနေပေမဲ့ အနုတ်ပြနိုင်တယ်။ ရာသီ လာရမဲ့ရက်ထက် တပါတ်နေလို့ မလာသေးရင် စမ်းပါ။ ကိုယ်ဝန်ရှိမယ်ထင်ပေမဲ့ အနုတ်ပြနေရင် နောက်တပါတ် အကြာမှာ တခါထပ်စမ်းပါ။ မနက်ခင်းသွားဆီးကို စစ်ပါ။ ရေလဲ မသောက်သေးဘဲ ၄ နာရီ လောက် ဆီးအောင့်ထားပြီး သွားတဲ့ဆီးလဲ ရတယ်။ ကိုယ်ဝန် ၄-၅ ပတ်ရှိနေသူဆိုရင် ဘယ်အချိန် သွားတဲ့ ဆီးဖြစ်ဖြစ်ရတယ်။

ဆီးစစ်ရမဲ့ရက်ဆိုတာ မ-မျိုးဥထွက်ချိန် (လလည်ရက်) ရဲ့နောက် ၆-၁၂ ရက်မှာဖြစ်တယ်။ ဒိထက်စောပြီး ဘယ်နည်းနဲ့ စမ်းစမ်း မသိနိုင်ဘူး။ မ-မျိုးဥက ပုံမှန် ၁၄ ရက်မှာ ထွက်ပေမဲ့ နောက်ကျနေသူတွေဆိုရင် မတူနိုင်ဘူး။ ကိုယ်ဝန် ရှိ-မရှိ စမ်းတယ်ဆိုတာ တိကျဘို့ရာ ဘယ်ရက်မှာ အတူနေခဲ့သလဲဆိုတာထက် ဘယ်ရက်မှာ မျိုးဥထွက်သလဲက အရေးပါတယ်။ သုက်ပိုးတွေက ပုံမှန်ဆိုရင် သားအိမ်ပြွန်ထဲမှာ မျိုးဥထွက် အလာကို စောင့်နေရင်း ၅ ရက်အထိ ရှင်နေနိုင်တယ်။ သားအိမ် အတွင်းလွှာမှာ လာတွယ်ကပ်ဘို့ နောက် ထပ် ၁၂ ရက်ကြာစောင့်ရသေးတယ်။ ဆိုလိုတာက ဘယ်လောက်တိကျတဲ့ နည်းနဲ့ဖြစ်ဖြစ် သုက်ပိုးဝင် လာပြီးနောက် (၅ + ၁၂ = ၁၇) ရက်ထက်စောပြီး မသိနိုင်ဘူး။ တချို့စမ်းသပ်နည်းက hCG ဟော်မုန်း (100 mIU/mL) ရှိရင်စမ်းလို့ရတယ်။ ဒါကြောင့်နောက်ထပ် ၃-၄ ရက် စောင့်ရပြန်သေးတယ်။ ဒါကြောင့် လိင်ဆက်ဆံမှုပြုပြီးတဲ့နောက်မှာ ၃ ပါတ် (၂၁ ရက်) အတွင်းစမ်းရင် မမှန်တဲ့ အနုတ် ပြနိုင်တယ်။

Blood pregnancy tests သွေးစစ်နည်းကိုလဲ လုပ်နိုင်တယ်။ ဆီးစစ်တာထက် ပိုသေခြာတယ်။ အရည် အသွေးရော အရေအတွက်ပါ စမ်းနိုင်တယ်။ ယေဘုယျ ပြောရရင် hCG ဟော်မုန်းက ကိုယ်ဝန်ရှိစ လတွေမှာ တရက်နဲ့ တရက် ဆတိုး များများလာတယ်။ ၄၈ နာရီခြား သွေးစစ်နေရင် ကိုယ်ဝန်ရဲ့ အခြေ အနေကို မှန်းလို့ပိုကောင်းမယ်။ ဆိုပါစို့ ကိုယ်ဝန်က ကောင်းပြီး ရင့်ရင့်လာတာ၊ ပျက်ချင်တာနဲ့ သားအိမ် ပြင်ပ သန္ဓေတည်တာ၊ အမွှာဖြစ်နေတာတွေ ခွဲသိမယ်။ ဒါပေမဲ့ ဒီလိုလုပ်ဘို့ လူတိုင်း မလိုပါ။ Quantitative blood tests ဟော်မုန်းအနည်း-အများကို စမ်းတဲ့သွေးစစ်နည်းကတော့ မျိုးစပ်ပြီးသား သန္ဓေက သားအိမ် အတွင်းဆုံးလွှာကို လာကပ်ပြီဆိုတာနဲ့ သိနိုင်တယ်။

ရာသီလဲ မလာ၊ ကိုယ်ဝန်ရှိတယ်လဲထင်ရင် ဆီးစစ်ပေမဲ့ အပေါင်းမပြရင် ၂-၃-၄ ရက် စောင့်ပြီး ထပ်စစ်ပါ။ တချို့ဆေးညွှန်းတွေက ၇ ရက်တပတ် စောင့်ခိုင်းတယ်။ ၇ ရက်အကြာ တခါထပ်စစ်လို့ အနုတ် ဖြစ်နေမယ်၊ ရာသီလဲ မလာသေးရင် ဆရာဝန်က စမ်းဘို့ လိုမယ်။ (အာလ်ထွာင်းဆောင်း) ရိုက်ချင်ရိုက်မယ်။

ဒေါက်တာတင့်ဆွေ

မြန်မာ လက်မှတ်မထိုးထားသည့် ဓာတုလက်နက် တားမြစ်ရေးအဖွဲ့ ၂၀၁၃ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရ

၂၀၁၃ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ဓာတုလက်နက် တားမြစ်ရေး အဖွဲ့အစည်း (OPCW) ကို ပေးအပ်ချီးမြှင့်လိုက်သည်။

ဓာတုလက်နက် ဖျက်သိမ်းရေးတွင် OPCW အဖွဲ့က စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သဖြင့် နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံရခြင်း ဖြစ်သည်။

ဓာတုလက်နက် တားမြစ်ရေး သဘောတူညီချက်တွင် နိုင်ငံပေါင်း ၁၉၀ က ဓာတုလက်နက် တားမြစ်ရေး အဖွဲ့တွင် ပါဝင်လက်မှတ် ရေးထိုးထားသော်လည်း မြန်မာ၊ အစ္စရေး၊ အင်ဂိုလာ၊ အီဂျစ်၊ မြောက်ကိုရီးယားနှင့် တောင်ဆူဒန်နိုင်ငံတို့က ဓာတုလက်နက် တားမြစ်ရေး စာချုပ်ကို လက်ရှိအချိန်ထိ လက်မှတ်ရေးထိုးခြင်း မရှိသေးပေ။

နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ရေး ကော်မတီ၏ ထုတ်ပြန်ချက်၂၀၁၃ ခုနှစ် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ဓာတုလက်နက် တားမြစ်ရေး အဖွဲ့အစည်း (OPCW) ကို ချီးမြှင့်ရန် နော်ဝေ နိုဘယ်လ် ကော်မတီက ဆုံးဖြတ်ခဲ့သည်။ ဓာတုလက်နက်များ ဖျက်သိမ်းနိုင်ရေးကို OPCW အဖွဲ့က ပြင်းပြင်းထန်ထန် ကြိုးပမ်း လုပ်ဆောင်ခဲ့သဖြင့် နိုဘယ်လ် ငြိမ်းချမ်းရေးဆု ချီးမြင့်ခြင်း ဖြစ်သည်။

ပထမကမ္ဘာစစ် (၁၉၁၄-၁၈) ကာလအတွင်း ဓာတုလက်နက် ပမာဏ အမြောက်အမြား အသုံးပြုခဲ့ကြသည်။ ၁၉၂၅ ဂျနီဗာ သဘောတူညီချက်တွင် ဓာတုလက်နက် အသုံးပြုခြင်းကို တားမြစ် ထားသော်လည်း ဓာတုလက်နက် ထုတ်လုပ်ခြင်း၊ သိုလှောင် သိမ်းဆည်းခြင်းများကို ပိတ်ပင်မှု မရှိပေ။ ဒုတိယကမ္ဘာစစ် ကာလအတွင်း ဟစ်တလာ၏ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုများတွင် ဓာတုလက်နက် အသုံးပြုမှုများ ရှိခဲ့သည်။ ယင်းနောက်ပိုင်း ကာလများတွင်လည်း ဓာတုလက်နက်များကို နိုင်ငံများသာမက အကြမ်းဖက် သမားများကလည်း အသုံးပြု တိုက်ခိုက်ခဲ့ကြသည်။

ထို့ကြောင့် ၁၉၉၂-၉၃ ခုနှစ်တွင် ဓာတုလက်နက် ထုတ်လုပ်ခြင်း၊ အသုံးပြုခြင်းများကိုပါ တားမြစ်သည့် သဘောတူညီချက် တစ်ရပ် ချမှတ်ခဲ့သည်။ ယင်းသဘောတူညီချက်မှာ ၁၉၉၇ ခုနှစ်တွင် စတင်အသက်ဝင်ခဲ့သည်။ ယင်းနောက်ပိုင်း ကာလများမှစ၍ OPCW အဖွဲ့က စုံစမ်းစစ်ဆေးမှုများ၊ ဓာတုလက်နက် ဖျက်ဆီးမှုများ၊ အခြားသော နည်းလမ်းများဖြင့် ဓာတုလက်နက် တားမြစ်ရေး သဘော တူညီချက် အကောင်အထည် ပေါ်လာစေရန် လုပ်ဆောင်ခဲ့သည်။ ဓာတုလက်နက် တားမြစ်ရေး သဘောတူညီချက်ကို လက်ရှိအချိန်ထိ နိုင်ငံပေါင်း ၁၈၉ နိုင်ငံက လက်ခံအတည်ပြုထားသည်။

ဓာတုလက်နက် အသုံးပြုမှုကို အပြည်ပြည်ဆိုင်ရာ ဥပဒေနှင့် မညီကြောင်း OPCW အဖွဲ့နှင့် ဓာတုလက်နက် တားမြစ်ရေး သဘောတူညီချက်တို့က အဓိပ္ပာယ် ဖွင့်ဆိုထားသည်။

ဆီးရီးယားနိုင်ငံတွင်း မကြာသေးမီက ဖြစ်ပွားခဲ့သည့် ဓာတုလက်နက်သုံး တိုက်ခိုက်မှုများက ယင်းလက်နက်များ ဖျက်ဆီးရေး ဆက်လက် လုပ်ဆောင်ရန် လိုအပ်နေသည်ကို မီးမောင်းထိုး ဖော်ပြနေခြင်း ဖြစ်သည်။ သို့သော်လည်း အချို့ သော ကမ္ဘာ့နိုင်ငံများမှာ OPCW အဖွဲ့ဝင်များ မဟုတ်ခြင်းကြောင့် ဓာတုလက်နက် ဖျက်သိမ်းရေးကို လုပ်ဆောင်ခြင်း မရှိသေးပေ။ အချို့သော နိုင်ငံများမှာ ဓာတုလက်နက် ဖျက်သိမ်းပေးရေး နောက်ဆုံး သတ်မှတ်ရက် ကာလဖြစ်သော ၂၀၁၂ ဧပြီ သတ်မှတ်ချက် ကျော်လွန်လာပြီ ဖြစ်သော်လည်း ဓာတုလက်နက် ဖျက်သိမ်းရေး လုပ်ဆောင်ရန် ကျန်ရှိနေသေးသည်။ အထူးသဖြင့် အမေရိကန်ပြည်ထောင်စုနှင့် ရုရှားနိုင်ငံတို့ ဖြစ်သည်။

လက်နက် ဖျက်သိမ်းရေးမှာ အဲဖရက် နိုဘယ်လ်၏ အဓိက စိတ်ဆန္ဒတစ်ရပ် ဖြစ်သည်။ နော်ဝေ နိုဘယ်လ် ကော်မတီကလည်း နျူကလီးယား လက်နက်များ ဖျက်သိမ်းရေး လိုအပ်သည်ကို ဆုအမျိုးမျိုး ပေးအပ်ခြင်းဖြင့် အသားပေး ဖော်ပြပေးနေသည်။ OPCW အဖွဲ့ကို နိုဘယ်လ် ငြိမ်းချမ်းရေးဆု ပေးအပ်လိုက်ခြင်းဖြင့် ဓာတုလက်နက်များ ဖျက်သိမ်းနိုင်ရေးတွင် ကော်မတီက တစ်တပ်တစ်အား ပူးပေါင်း ပါဝင်ဆောင်ရွက်ခြင်း ဖြစ်သည်။

Friday, October 11, 2013

ဆေးလိပ်(ဆေးလိပ်အကြောင်းသိသင့်သိထိုက်သည်များ)

၁၄၉၂-ခုနှစ် ကိုလံဘတ်က အမေရီကတိုက်ရှာတွေ့စဉ်က မူလနေထိုင်သူတို့
ကဆေးရွက်ကြီးပင်၏အရွက်ခြောက်ကို ပျော်ရွင်စေမှုအတွက်စိတ်အပန်း
ဖြေစရာအဖြစ်သုံးခဲ့ကြတာကို တွေ့ရှိခဲ့ပါတယ်။ဥရောပတိုက်သို့ပြင်သစ်
သံတမန် JEAN NICOT dE VILLEMAIN က ဆေးရွက်ကြီးကိုစတင်သွင်းရာမှ
စပြီးဆေးရွက်ကြီးပင်ကို Nicotiana ဟုခေါ်တွင်ခဲ့သည်။အဲဒီကစပြီးဆေးလိပ်
သောက်ခြင်းစတင်လာခဲ့တာ ၁၉၉၀-ခုနှစ်မှာတစ်နှစ်ကိုဆေးလိပ်နဲ့နွယ်ပြီး
သေဆုံးမှု(၃) သန်းရှိခဲ့ပါတယ်။

ဆေးလိပ်ပါဝင်သောပစ္စည်းများ

ဆေးလိပ်မှာဓာတုပစ္စည်း(၄၀၀၀)ကျော်ပါဝင်ပြီး အဓိကအနေနဲ့ချက်ချင်း
သက်ရောက်မှုဖြစ်စေတဲ့ Nicotineနှ့်တစ်ဖြေးဖြေးချင်းသက်ရောက်မှုဖြစ်စေ
တဲ့ ကတ္တရာများပါဝင်ပါတယ်။ဆေးပြင်းလိပ်နဲ့ဆေးလိပ်အခိုးတွေမှာပါတဲ့
နီကိုတင်း ဟာ အဆီတွင်ပျော်ဝင်ပါတယ်။ဒါကြောင့်ပါးစပ်ထဲမှာစုပ်ယူမှုဖြစ်
နိုင်ပါတယ်။ဒါကြောင့်အဆုတ်ကင်ဆာဖြစ်ပွားနှုန်းနည်းပါတယ်။စီးကရက်မှာ
ပါတဲ့နီကိုတင်းက အဆီတွင်မပျော်ဝင်ပါ။အဆုတ်ထဲမီးခိုးဝင်မှ စုပ်ယူမှုဖြစ်ပါ
တယ်။အဲဒီလိုရှူသွင်းတဲ့အတွက်အဆုတ်ကင်ဆာ ပိုဖြစ်စေပါတယ်။ဆေးလိပ်
ကိုယ်တိုင်သောက်သူနဲ့သင်သောက်လိုက်သောဆေးလိပ်မီးခိုးကိုရှူမိတဲ့သူ
တို့တွင် ပါဝင်တဲ့ဓာတုပစ္စည်းဟာကွဲပြားခြားနားပါတယ်။ပတ်ဝန်းကျင်ကဆေး
လိပ်မီးခိုးတွေကိုရှူမိရင်လည်းကင်ဆာဖြစ်တတ်ပါတယ်။ဆေးလိပ်မီးခိုးမှာ
ကာဘွန်မိုနောက်ဆိုဒ်(၁-၅)ရာခိုင်နှုန်းပါဝင်ပြီးဆေးလိပ်အလွန်အကျွံသောက်
တဲ့သူမှာ (၁၅)ရာခိုင်နှုန်းထိရှူသွင်းနေပါတယ်။အဲဒီဓာတ်ဟာ သွေးနဲ့ပေါင်း
စပ်သွားပြီး ဖြစ်ပေါ်လာတဲ့ဓာတ်ပေါင်းက အောက်ဆီဂျင်သယ်ယူနိုင်မှုမလုပ်
နိုင်ပါဘူး။အဲဒီသွေးရဲ့အီမိုဂလိုဘင် နဲ့ ကာဘွန်မိုနောက်ဆိုဒ်ပေါင်းစပ်ပြီးဖြစ်
ပေါ်လာတဲ့ဓာတ်တွေသိပ်များနေရင် သွေးပုလင်းပျစ်ခြင်းဖြစ်စေပါတယ်။

ဆေးလိပ်စွဲခြင်း

ဆေးလိပ်သောက်လို့ချက်ခြင်းကျေနပ်မှုရလိုက်တာဟာဆေးလိပ်မှာပါတဲ့
နီကိုတင်းနဲ့ ကတ္တရာကြောင့်ဖြစ်ပါတယ်။ရှူလိုက်တဲ့ဆေးလိပ်မီးခိုးမှာပါတဲ့
နီကိုတင်းဟာ (၁၀-၁၉)စက္ကန့်အတွင်းမှာပဲ ဦးနှောက်ဆီကို ရောက်သွားပါ
တယ်။ဆေးလိပ်ကိုဖြတ်လိုက်ရင်စိတ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်ကျဆင်းခြင်း၊
အစားအသောက်ကောင်းလာပြီးဝလာမယ်။အိပ်တဲ့ပုံပြောင်းလဲလာမယ်။

ဆေးလိပ်မီးခိုးရှူရင်ရုတ်တရက် ဘာတွေ အကျိုးသက်ရောက်မှုဖြစ်သလဲ။

၁။ လေကိုရှူရှိုက်ရင် အဆုတ်ထဲကလေထုတ်တွေ ဖောင်းကားလာရပါတယ်။
ဆေးလိပ်သာက်ရင်အဲဒီဟာတွေပျက်စီးလာမယ်။မီးခိုးထဲမှာပါတဲ့ကာဘွန်
မှုန့်ကြောင့်ဖြစ်ရပါတယ်။
၂။ လေလမ်းကြောင်းမှာရှိတဲ့အမျှင်လေးတွေရဲ့ လှုပ်ရှားမှုကိုထိခိုက်စေပါ
တယ်။ဒါ့အပြင် အဲဒီအမှုန်လေးတွေကို ဖယ်ရှားတဲ့အခါမှာလည်းနှေးကွေး
နေတတ်ပါတယ်။
၃။ ဆေးလိပ်ခိုးထဲမှာ ပါဝင်တဲ့ကာဘွန်မိုနောက်ဆိုဒ်ကို စုပ်ယူလိုက်တဲ့အတွက်
နှလုံးရောဂါရှိတဲ့သူတွေမှာပိုပြီးအရေးကြီးပါတယ်။

နီကိုတင်းဓာတ်

ရှူသွင်းလိုက်တဲ့ဆေးလိပ်မီးခိုးမှာပါတဲ့ နီကိုတင်းဟာ စုပ်ယူခံရပြီး သွေးထဲ
ရောက်သွားပါတယ်။သူ့ရဲ့သက်တမ်းက(၂)နာရီပဲကြာပါတယ်။နီကိုတင်းက
နေ Cotinine အဖြစ် ပြောင်းသွားပါတယ်။သူကတော့သက်တမ်းနာရီပေါင်း
(၂၀)ကြာတဲ့အတွက် ဆေးလိပ်သောက်ထား/မထားကို Cotinine သွေးထဲ
စစ်ခြင်းဖြင့်ပိုပြီးသိစေနိုင်ပါတယ်။့နီကိုတင်းက ဗဟိုအာရုံကြောစနစ်မှာစိတ်
ဓာတ်တတ်ကြွစေတဲ့ဓာတ်၊ဆီးမရွှင်စေတဲ့ဟော်မုန်း၊ကြီးထွားဟော်မုန်း
Corticotropin ဟော်မုန်းစတာတွေကိုထွက်ရှိစပေါတယ်။အရေပြားမှာရှိတဲ့
သွေးကြောတွေကိုကျဉ်းစေခြင်း၊ကြွက်သားတွင်းရှိ သွေးကြောများကျယ်စေ
ခြင်း၊နှလုံးခုန်မြန်စေခြင်း၊သွေးပေါင်တက်စေခြင်း၊နှလုံးညှက်အားတိုးခြင်း၊
နှလုံးအလုပ်ပိုလုပ်ရခြင်း၊သွေးခဲစေတဲ့ဆဲလ်တွေတွယ်ကပ်မှုပိုများစေခြင်းတို့
ဖြစ်စေတဲ့အတွက်သွေးခဲခြင်းပိုဖြစ်တတ်ပါတယ်။ဆေးလိပ်သောက်ရင်ခန္တာ
ကိုယ်ဇီဝဖြစ်စဉ်ပိုပြီး ဖြစ်စေပါတယ်။ဒါကြောင့်ဆေးလိပ်ဖြတ်လိုက်တဲ့သူတွေ
"၀" လာတတ်ပါတယ်။ဆေးလိပ်မသောက်ရရင် ခံတင်းပျက်ခြင်း၊ပျို့ခြင်း၊
အန်ခြင်း ဖြစ်တတ်တော့သောက်လိုက်မှသက်သာသွားတတ်ပါတယ်။

ကြာရှည်ဆေးလိပ်သောက်ရင်ဘာတွေအကျိုးသက်ရောက်မှုဖြစ်သလဲ။

ကြာရှည်ဆေးလိပ်သောက်ရင် အဆုတ်ကင်ဆာဖြစ်တတ်ပါတယ်။အဆုတ်
တင်ဆာဟာ စီးကရက်တစ်ခုထဲကြောင့်တော့မဟုတ်ပါဘူး။စက်ရုံကထွက်ရှိ
တဲ့မီးခိုး၊ဓာတုပစ္စည်း နဲ့လေထုညစ်ညမ်းမှုတွေကြောင့်လည်းဖြစ်တတ်ပါ
တယ်။တစ်နေ့ဘယ်နှစ်လိပ်သောက်သလဲနဲ့ ဘယ်အရွယ်ကစပြီး သောက်သ
လဲဆိုတာဟာ အဆုတ်ကင်ဆာဖြစ်ခြင်းနဲ့ဆက်နွယ်နေပါတယ်။ဆေးလိပ်မ
သောက်တဲ့သူတွေမှာ ပါးစပ်၊လည်ချောင်း နဲ့အစာရေမျိုကင်ဆာဖြစ်နိုင်ခြေ
(၅)ဆရှိပါတယ်။မုန့်ချိုအိတ်ကင်ဆာ၊ကျောက်ကပ်နဲ့ဆီးလမ်းကြောင်းကင်
ဆာဖြစ်နိုင်ခြေ လည်းများပါတယ်။
နှလုံးသွေးကြောကျဉ်းရောဂါပိုပြီးဖြစ်တတ်ပါတယ်။သွေးအဆီပမာဏတတ်သူ
သွေးပေါင်အလွန်အမင်းတတ်သူတို့တွင်ဆေးလိပ်သောက်လျှင်ပိုပြီးအန္တရာယ်
ရှိပါတယ်။နှလုံးသွေးကြောကျဉ်းတာရယ်၊သွေးခဲစေတဲ့ဆဲလ်တွေပိုပြီးတွယ်
ကပ်မှုများတာတွေကြောင့် သွေးခဲပိတ်ဆို့ခြင်း ဖြစ်ရပါတယ်။အသက် ၆၅-
နှစ်အောက် ဆေးလိပ်ဖြတ်လိုက်ရင်နှလုံးရောဂါဖြစ်နိုင်ခြေလျော့ကျစေပါတယ်
၎-နှစ်လောက်ဆက်မသောက်တော့ရင် ဆေးလိပ်မသောက်တဲ့သူလိုပဲပြန်
ကောင်းသွားပါတယ်။ဆေးလိပ်သောက်တာကြာလာရင် လေပြွန်နံရံကနေ ချွဲ
ထွက်မှုပိုပြီးများစေပါတယ်။ဒါကြောင့်ခဏခဏချောင်းဆိုးမယ်၊ သလိပ်တွေ
ထွက်ပါမယ်၊အဆုတ်လေအိတ်တွေပျက်စီးတာရယ်၊လေလမ်းကြောင်းပိတ်
ဆို့တာတွေကြောင့်အသက်ရှူမှုခက်ခဲပါတယ်။
ဆေးလိပ်သောက်ခြင်းကြောင့်အသက်(၃၅-၅၀)နှစ်တွေမှာသားသမီးမရနိုင်
တာတွေဖြစ်တတ်ပါတယ်။

အမျိုးသမီးနှင့်ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်တဲ့အမျိုးသမီးတွေသား၊သမီးရနိုင်ချေ မရှိခြင်း (သို့မဟုတ်)
သား၊သမီးဝေးခြင်းနှင့်အသက်ငယ်ငယ်နှင့်သွေးဆုံးတတ်ပါတယ်။ကိုယ်ဝန်
ဆောင်ရင်လည်းအလိုလို သား၊သမီးပျက်ကျခြင်း၊ကလေးအသေမွေးခြင်းနှင့်
မွေးပြီးပြီးချင်းသေဆုံးမှုဟာ (၂)ဆ ရှိပါတယ်။ဆေးလိပ်သောက်တဲ့ကိုယ်ဝန်
ဆောင်ရဲ့အချင်းခွက်ဟာသာမန်ဆေးလိပ်မသောက်သူထက်ပိုကြီးပါတယ်။
မွေးလာတဲ့ကလေးဟာလည်းကိုယ်အလေးချိန်လျော့ခြင်း ဖြစ်တတ်ပါတယ်။

ဆေးလိပ်ဖြတ်ဖို့ဘာတွေကအထောက်အကူဖြစ်သလဲ။

တစ်နေ့ကိုစီးကရက် (၁၀)လိပ်ထက်ပိုသောက်နေသူကိုဆေးလိပ်ဖြတ်ဖို့
နီကိုတင်းအစား ဖြည့်ပေးပါတယ်။နီကိုတင်းပါသော ပီကေ၊အရေပြားပေါ်ကပ်
ခြင်း၊ပါးစပ်နဲ့နားခေါင်းထဲဖြန်းခြင်းလုပ်နိုင်ပါတယ်။နီကိုတင်းကိုဖြတ်လိုက်ရင်
ညဘက်ဂနာမငြိမ်ဖြစ်တတ်ခြင်း၊အရေပြားတွင်ကပ်သဖြင့်အိပ်မက်မက်ခြင်း၊
အင်ပြင်ယားယံခြင်း နှင့်ပူစပ်ပူလောင်ဖြစ်ခြင်းစတာတွေဖြစ်တတ်ပါတယ်။
Buprobion ဆေးသောက်ခြင်းကို နီကိုတင်းဖြင့်တွဲပြီးဖြစ်ဖြစ် သူ့ချည်းသက်
သက်ဖြင့်လည်းဆေးလိပ်ဖြတ်နိုင်ပါတယ်။အဲဒီဆေးဟာ အာခေါင်ခြောက်ခြင်း
အိပ်မပျော်ခြင်း ဖြစ်တတ်ပါတယ်။ဒါပေမယ့် ဒီဆေးကို အစားအသောက်ပျက်
သူ၊အတက်ရောဂါရှိသူ၊အရက်ပြတ်ဝေဒနာခံစားနေရသူ၊စိတ်ငြိမ်ဆေးဖြတ်
ထားသူတို့တွင်ပေးလို့မရပါ။
ဆေးလိပ်ကြောင့်အဆုတ်ကင်ဆာဖြစ်ပွားနှုန်းဟာများတဲ့အတွက်
ပြည်သူအများစုပေါင်းပြီးတိုက်ဖျက်ရန်အရေးကြီးလှပါသည်။

အေးကမ္ဘာဒေါက်တာချစ်
Health Care Journal

ဒိုင်နမိုလိုရေပေါ်လမ်းလျှောက်ပြဦးမယ့်မြန်မာ့မျက်လှည့်ပညာရှင်မစ္စတာ တောပ့်နှင့်တွေ့ ဆုံခြင်း

မေး- ဒိုင်နမိုရဲ့ ပြကွက်ကို ဒီလို ပြဖြစ်ဖို့ ဖြစ်ပေါ်လာပုံလေး ရှင်းပြပေး ပါလား။
ဖြေ- PEP သူဌေးက ကိုယ့်ပွဲ တွေကို Sponsor ပေးနေကျလေ။ တစ်နေ့ စကားဝိုင်းဖွဲ့ပြောရင်း သူက ဟာ ဒိုင်နမိုကွာ၊ ကားကြီးပေါ်မှာ ကပ်ပါသွား တာ အရမ်းမိုက်တယ်၊ လန်ဒန်က ဘတ်(စ)ကားပေါ်မှာ ပြသွားတာလေလို့ ဆိုတော့ ဟာ အန်ကယ် ကျွန်တော်လည်း လုပ်လို့ရတယ်။ ပိုက်ဆံတော့ တော်တော် ကုန်မယ် ပြောတော့ ကုန်ပါစေလုပ်မယ် ဆိုပြီး ကတိပေးသွားတယ်။ အစကတော့ သိပ်မယုံဘူး။ ကွန်တိန်ကားကြီးတွေ ဘာ တွေဝယ်ပြီးဆိုတော့မှ သူ အကုန်အကျခံပြီး ဒီလို လုပ်ဖြစ်သွားတာ။

မေး- ကုန်ကျစရိတ်များတယ်ဆို တော့ ဘယ်လောက်ကုန်ကျသလဲ၊ ခန့် မှန်းချေပေါ့
ဖြေ- ဒီ Instrument လုပ်တာကို တော်တော်ကုန်တယ်။ ဒီလေပေါ်မှာ ကပ်ပါဖို့ ပစ္စည်းက နိုင်ငံခြားမှာ လှမ်းမှာရင် ဒေါ်လာ ၁ သောင်းလောက် ရှိမယ်။ ဦးတော့ပ်တို့ ဒီက လက်မှုပညာရှင်နဲ့ လုပ် တာ သိန်း ၂၀ ကုန်တယ်။ အထွေထွေ ဆိုရင် ၂၇ သိန်းပေါ့။ ကားဝယ်တာ မပါ သေး စုစုပေါင်ဆိုရင်တော့ ဒီပြကွက် အတွက် သိန်း တစ်ရာကျော်မှာပေါ့။
မေး- ဒီပြကွက်အတွက် ဘယ် လောက်အချိန်ယူ လေ့ကျင့်ခဲ့ရလဲ။

ဖြေ- လေ့ကျင့်တာကတော့ တစ် ပတ်လောက်ပါ။ Finalကတော့ တစ်ရက် ပေါ့။ Rehearsalကတော့ တစ်နာရီ လောက်ပဲ ရှောရှောရှူရှူ အဆင်ပြေသွား တယ်။ တကယ်လုပ်တော့ တစ်နာရီခွဲကြာ သွားတာ၊ လူတော့ တော်တော် အောင့်ခံ ထားရတယ်။ ပရိသတ်က အားပေးနေ တော့ နာတာတွေ မေ့ပျောက်သွားတယ်။ ဒါပေမဲ့ နာတာကတော့ နာတာပါပဲ။ (ရယ်လျက်)

မေး- ဒိုင်နမိုရဲ့ပြကွက်တွေက ကျွန်တော်တို့ သာမန်လူတွေအနေနဲ့ အရမ်း အံ့ဩဖို့ ကောင်းတယ်။ ဆရာတို့ မျက် လှည့်ပညာရှင် တစ်ယောက်က ဘယ်လို မြင်လဲ။
ဖြေ- မျက်လှည့်ပဲလေ၊ မကြာခင် ဒိုင်နမိုပြကွက်တွေ PEPက စပွန်ဆာလုပ် ပြီး အကုန်ပြမယ်။ မကြာခင် OK သွား မှာပါ။ ရေပေါ်လမ်းလျှောက်တာတွေ၊ တိုက်ပေါ်တက်သွားတာတွေ ပါမယ်။ နည်း စနစ်တွေ အကုန်ရထားပြီးပြီ။ ဒါပေမဲ့ ငွေ ကုန်ကြေးကျ သိပ်များတယ်။ ငွေကုန်ပါစေ လုပ်မယ်လို့ PEP သူဌေးက ကတိပေး ထားတယ်။ ပြခွင့်ရတော့မယ်။ အခု ပြတာ ကိုလည်း မကြာခင် တီဗွီဖန်သားပြင်မှာ မြင်ရတော့မယ်။ ဒိုင်နမိုBus ကားကြီးပေါ် ပါသွားတာ အရမ်းမိုက်တယ်ဆိုတဲ့ သူတွေ ဦးတော့ပ်က မြန်မာပြည်မှာ ပထမဆုံး လုပ်ခွင့်ရတာ မြင်ရမှာပေါ့။ ကမ္ဘာမှာတော့ (၄)ယောက်မြောက်ပေါ့။ နောက် ဒီကားနဲ့ သွားတာဆိုရင် ဒုတိယစံချိန်ပြန်တင်ရင် ကမ္ဘာမှာ အချိန်အကြာဆုံးက ဦးတော့ပ်ပဲ အရမ်းပင်ပန်းတယ်၊ ဒိုင်နမိုလည်း မလုပ် လောက်ဘူး၊ ပင်ပန်းလို့။

မေး- မျက်လှည့်က သာမန်လူ တွေကြားထဲမှာ မှော်တို့၊ အောက်လမ်းလို့ ပြောကြတယ်။ အဲဒီအပေါ်ကို ဘယ်လိုရှင်း ပြချင်လဲ။
ဖြေ- မျက်လှည့်မှာ အောက်လမ်း မရှိဘူး။ All magic is not real, All magic is trick. မျက်လှည့်အားလုံးသည် လှည့်စားမှုတွေကြီးပဲ၊ လူမသိအောင် လှည့် စားတာပဲ။ အခု ဒီကားကြီးပေါ် ပါတာကို ဘာလဲ၊ ဈာန်ရတာလား၊ ဘာဈာန်မှ မရဘူး။ ဦးတော့ပ် လျှို့ ၀ှက်ချက်ရှိလို့ လုပ်လို့ရတာ။ လူပဲ ဘယ်လိုလုပ် လေပေါ်ရပ် လို့ ရမလဲ။ အထောက်အကူပစ္စည်း တစ်ခု ခုရှိလို့ ရတာပေါ့။ အဲဒါ ဘာလဲဆိုတာ တော့ ပြောလို့ မရဘူး။ ပြောရင် သိသွား မှာပေါ့။ (ရယ်လျက်)

မေး- မျက်လှည့်ပြတဲ့ သူက လျှို့ ဝှက်ချက်ကို ဖုံးကွယ်ပြီးပြတယ်၊ ကြည့်တဲ့ သူကလည်း လှည့်ဖျားမှန်းသိတယ်။ အဲဒီ ခံစားချကို ပြောပြပါဦး။
ဖြေ- အဲဒီမှာ သူတို့က မှော်လို့ ထင်တော့တာပဲ။ ဘာမှော်မှမဟုတ်ဘူး၊ မှော်ဆိုတာ ရေကန်ထဲမှာပဲ ရှိတာ။ အောက်လမ်းကိုရော သိလား၊ အဲဒါ ကမ်း နားလမ်းကို ပြောတာ။ (ရယ်လျက်)
မေး- ဦးတော့ပ် ဘယ်သူတွေဆီ မှာ ပညာသင်ယူခဲ့တာလဲ။
ဖြေ- ပြည်တွင်းက ဦးမိုးအောင်တဲ့ ဆုံးသွားပြီ။ ဒုတိယယိုးဒယား၊ တတိယ ဂျပန်က၊ စတုတ္ထပြင်သစ်ဆရာ သူ့ဆီက နည်းပညာအားလုံး ရလိုက်တယ်။ ဒါတွေ ကို ပြခွင့်ရဖို့ ကြိုးစားနေတာ (၂) နှစ်ရှိပြီ။ PEP နဲ့တွေ့မှ ပြခွင့်ရတာ။ သူလည်း မျက် လှည့်ဝါသနာပါတယ်။

မေး- ဒါဆို ဆရာပြချင်တာတွေ ဆန္ဒပြည့်ပြီလို့ ပြောလို့ရလား၊ ဘာတွေ ထပ်လုပ်ဦးမလဲ။
ဖြေ- ဟုတ်တယ်၊ ရပြီ၊ PEP က ကူညီပေးရင်ပေါ့လေ (ရယ်လျက်)၊ မကြာ ခင် ရွေ့လျားမျက်လှည့ှ့်Show ပွဲတိုင်း ပြည်ထဲက မြို့အနှံ့ အခမဲ့ ပြမယ်။ လာ မယ့်လမှာဖြစ်မယ်။ အဲဒါပြီးရင် ၂၀၁၄ နှစ် ကုန်ခါနီး မိုင်ဒါကွင်းမှာ အကြီးကျယ်ဆုံး Magic Show ပွဲကြီးလုပ်မယ်။ လပ်(စ) ဗီးဂတ်(စ်)မှာ နောက်ဆုံးပြတဲ့နည်းတွေ ချည်းပဲ။ အဲဒီပွဲမှာ ပြမယ်။ ဒီမှာ မပြဘူး သေးတဲ့ ပြကွက်တွေချည်းပဲ။

မေး- ဆရာ့အနေနဲ့ ကမ္ဘာပေါ်မှာ အကြိုက်ဆုံး မျက်လှည့်ပညာရှင်က ဘယ်သူဖြစ်မလဲ။
ဖြေ- ဦးတော့ပ်က မျက်လှည့်ဆရာ ဆို အကုန်ကြိုက်တယ်။ အကြိုက်ဆုံးကို ရွေးရမယ်ဆို ဒေးဗစ်ကော်ပါးဖီးပဲ။ ဒိုင်နမို ကတော့ နောက်ဆုံး လူကြိုက်များတော့ ကြိုက်တယ်။

မေး- ဒေးဗစ်ကော့ပါးဖီးကို ဘာ ကြောင့်ပိုကြိုက်လဲ။
ဖြေ- ဒေးဗစ်ကော့ပါးဖီးက ချစ် စရာကောင်းလို့ ဆွဲဆောင်မှုလည်း ရှိ တယ်။ ဒိုင်နမိုက မှော်ဆန်ပြီး သပ်ရပ် တယ်၊ ပြတာကောင်းတယ်။

မေး- မျက်လှည့်ဆရာ အများစု က အတည်အခန့်ပြနေချိန်မှာ ဦးတော့ပ် က ဟာသဆန်ဆန် ရယ်စရာလုပ်ပြတဲ့ အကြောင်းလေး ပြောပြပေးပါ။
ဖြေ- ဦးတော့ပ်က ဦးမောစ့်ရဲ့ တပည့်လေ ပထမ မျက်လှည့်ပြနေရင်းက ဟာသသရုပ်ဆောင်လုပ်ပြီး ဗီဒီယိုလိုင်းထဲ ဝင်သေးတယ်။ ကားပေါင်း သုံးဆယ်ကျော် ရိုက်ဖြစ်ခဲ့တယ်။ အဲဒီကနေ မျက်လှည့်ကို ဟာသနဲ့တွဲပြီး လုပ်ရင်ကောင်းမှာပဲလို့ အိုင် ဒီယာရလာပြီး လုပ်ဖြစ်တာ။

မေး- ဒီလိုအခက်အခဲတွေကြားထဲ က ဦးတော့ပ်ပြချင်တဲ့ မျက်လှည့်ကို ပြ ခွင့်ရပြီး ပရိသတ်ကိုရော ဘာပြောချင် သေးလဲ။
ဖြေ- ဦးတော့ပ် ပြောချင်တာက ဦးတော့ပ် ဂုဏ်ယူသလို ဂုဏ်ယူနေမယ်လို့ မျှော်လင့်တယ်။ ဒါနဲ့ တစ်ဆက်တည်း ၂၀၁၄ မိုင်ဒါကွင်းမှာ လုပ်မယ့် ပွဲကိုလည်း အားပေးပါဦး။ အဲဒီမှာ လုပ်မယ့်ဟာက ၂၀၁၃ မှာ ပြခဲ့တဲ့ နည်းတစ်ခုမှ မပါဘူး။ လုံးဝ နောက်ဆုံးပေါ်တွေ ပြမယ်။ အားပေး တဲ့ ပရိသတ်တွေအတွက် ကြိုးစားသွား မယ်လို့လည်း ကတိပေးပါတယ်။

ကိုခက်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

ရှစ်နှစ်သမီးကို ၃၅ နှစ် အမျိုးသားက အဓမ္မပြုကျင့်ရန် ကြံစည်ဟု အမှုဖွင့်

အင်းစိန်မြို့နယ်တွင် အသက်ရှစ်နှစ်အရွယ် သမီးငယ်ကို ၃၅ နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးက အဓမ္မပြု ကျင့်ရန် ကြံစည် လုပ်ဆောင်ခဲ့သည်ဆိုကာ အမှုဖွင့်တိုင်တန်းသဖြင့် အောက်တိုဘာ ၉ ရက်တွင် အမှုဖွင့် ဆောင်ရွက်နေသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးကဆိုသည်။

အမှုတွင် အောက်တိုဘာ ၉ ရက်ညနေ က တောင်ဒဂုံတွင် အလုပ်လုပ်နေသူ မိန်းကလေးငယ်၏ မိခင်က အင်းစိန်မြို့နယ် နေသူထံသို့ အစ်မဖြစ်သူရောက်ရှိလာပြီး သမီးငယ်ဖြစ်သူမှာ အဓမ္မပြုကျင့်ရန် ကြံစည်ခြင်း ခံရကြောင်းကို လာရောက်ပြောပြခဲ့သည်ဟု မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

သမီးငယ်ဖြစ်သူမှာ နေအိမ်ရှေ့တွင်ဆော့ကစားနေစဉ် ၃၅ နှစ်ရွယ်ရှိ တစ်လမ်းတည်းနေသူက ကြို့ကုန်း အနောက်ရပ်ကွက် သစ်တောဝင်းအတွင်းရှိ သစ်လုံးပုံများကြားသို့ ခေါ်ဆောင်သွားသည်ဟု သိရှိရသဖြင့် အဒေါ်ဖြစ်သူက လိုက်လံရှာဖွေခဲ့သည်ဟု တရားလိုမိသားစုက ရဲအား ပြောပြထားကြသည်။

ထို့နောက် က(၃)လမ်း၊ အပိုင်း(၄)ရှိ ဦးပေါ်ဦး တံတားထိပ်တွင် သမီးငယ်အားတွေ့ရှိသဖြင့် မေးမြန်းရာ သစ်လုံးပုံ များကြား ခေါ်ဆောင်သွားပြီး မဖွယ်မရာပြုလုပ်ကြံစည်ခဲ့သည်ကို ပြန်လည်ပြောပြခဲ့သည်ဟု တရားလိုဘက်က ဆိုထားသည်။

သမီးငယ်ဖြစ်သူအား မုန့်ဖိုးတစ်ထောင်ပေးမည်ဟုဆိုကာ မဖွယ်မရာပြုလုပ်ခိုင်းပြီးမရသဖြင့် သားမယား ပြုကျင့်ရန်ကြံစည်စဉ် ထွက်ပြေးခဲ့ကြောင်း သိရသည်ဟုလည်း ကလေးငယ်၏ မိခင်ကရဲအား ပြောပြထားသည်။

ထို့ကြောင့် အသက်မပြည့်သေးသည့် ကလေးငယ်ကို သားမယားပြုကျင့်ရန် ကြံစည်မှုဖြင့် ထိုအမျိုးသားအား အရေးယူပေးရန် စွပ်စွဲတိုင်တန်းလိုက်ခြင်းဖြစ်သည်ဟု ရဲဌာနက ဆိုထားသည်။
ယင်းတိုင်တန်းမှုကို အင်းစိန်ရဲခစန်းက (ပ) ၁၀၇၉/၂၀၁၃ဖြင့် အမှုဖွင့်ပြီး တိုင်တန်းခံထားရသူအား ဖမ်းဆီးစစ်ဆေးနေကာ ပြစ်မှုကျူးလွန်ကြောင်း ဟုတ်မှန်ပါက ပုဒ်မ ၃၇၆/၅၁၁ ဖြင့် တရားစွဲတင်မည်ဟု ဆိုထားသည်။

မဇ္ဈိမသတင်းဌာန

ညဥ့်အချိန်မတော် အိမ်ရှင်အမျိုးသမီးအား သူစိမ်းက ဓါးဖြင့် အိမ်ခန်းထဲဝင်ထိုး

ညဥ့်အချိန်မတော် အိမ်ခန်းထဲရောက်ရှိနေသူတစ်ဦးက အိမ်ရှင်အမျိုးသမီးအား ဓားဖြင့်ထိုးခဲ့မှုတစ်ခု အောက်တိုဘာ ၉ ရက် နံနက်က လှိုင်မြို့နယ်ရှိ တိုက်ခန်းတစ်ခုတွင် ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှူးရုံးက ထုတ်ပြန် သည်။

အမှုတွင် အောက်တိုဘာ ၈ ရက်ည ၁၀ နာရီက လှိုင်မြို့နယ်၊ (၉)ရပ်ကွက်၊ အင်းစိန်လမ်း၊ (၈)လွှာ၊ တိုက်(၈)နေသူ မသဇင်(၃၂)နှစ်(တယောထိုး)သည်နေအိမ်တွင် သူငယ်ချင်း မိသားစုများဖြစ်သော ကိုဟိန်းကို၊ မနှင်းညိုအေး၊ မသိင်္ဂီတို့နှင့်အတူ အိပ်ရာဝင်ခဲ့သည်ဟု မှုခင်းမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့နောက် အောက်တိုဘာ ၉ ရက် နံနက် ၃ နာရီ ၂၀မိနစ်အချိန်တွင် မိုးရွာသဖြင့် နေအိမ်ရှေ့ ၀ရန်တာတွင် လှန်းထားသည့်အ၀တ်များအား သိမ်းဆည်းပြီး အခန်းတံခါးများပိတ်ကာ အိပ်ခန်းအတွင်းသို့ ပြန်ဝင်ခဲ့သည်ဟုလည်း ကာယကံရှင်က ရဲအားထွက်ဆိုထားသည်။
ထိုအချိန်တွင် မသိင်္ဂီတို့အိပ်ခန်းပေါ်ရှိ အုတ်ဘောင်ပေါ်တွင် အမည်မသိလူတစ်ဦး ဒူးထောင်ထိုင်နေသည်ကို တွေ့ရှိ၍ မေးမြန်းခဲ့သည်ဟုလည်း ဆိုထားသည်။

ထိုအခါ အဆိုပါလူငယ်က မသဇင်တို့၏ နေအိမ်အတွင်းမှ ယုဆောင်ထားသည့် အရိုးအသွား ကိုးလက်မရှိ၊ အနက်ရောင်ကော်ရိုးတပ် စတီးဓားပြားဖြင့် ထိုးခဲ့သည်ဟုလည်း ရဲတပ်ဖွဲ့၏ ရဲမှတ်တမ်းတွင် တွေ့ရသည်။
ထို့ကြောင့် မသဇင်တွင် ယာပါးပြတ်ရှ၊ ယာညှပ်ရိုးပြတ်ရှ၊ ယာဒူးပွန်းစုတ်ဒဏ်ရာများရရှိကာ ရန်ကုန် ဆေးရုံကြီးတွင် အတွင်းလူနာ (မစိုးရိမ်ရ)အဖြစ် ကုသခဲ့ရသည်ဟုလည်း ရဲတပ်ဖွဲ့ကဆိုထားသည်။
ဓားဖြင့် ထိုးခဲ့သူမှာ မျိုးဇော် (၁၉)နှစ်အရွယ် ကုမ္ပဏီဝန်ထမ်း၊  (၉) ရပ်ကွက်၊ လှိုင်မြို့နယ်ဖြစ်သူဟုလည်း ရဲတပ်ဖွဲ့က အတည်ပြုထားသည်။

၎င်းကိုအရေးယူပေးရန် မသဇင်က အမှုဖွင့်တိုင်တန်းသဖြင့် မြို့နယ်ရဲစခန်းက (ပ)၄၀၇/၂၀၁၃ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးစစ်ဆေးနေကာ ပြစ်မှုထင်ရှားပါက ပုဒ်မ ၄၅၂ဖြင့် တရားစွဲတင်မည် ဟုတိုင်းရဲဌာနက ဆိုထားသည်။

မဇ္ဈိမသတင်းဌာန

ရွှေလင်ဗန်းစက်မှုဇုန်မှာ အထည်ချုပ်လုပ်သားတွေ ဆန္ဒပြ

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် မင်းသိဒ္ဓိကျော်စွာ လမ်းမပေါ်မှာရှိတဲ့ စိုင်းမြင့်ထွန်းအောင် အထည်ချုပ် စက်ရုံက အလုပ်သမား ၃ဝဝ ကျော်ဟာ လုပ်ခလစာတိုးမြှင့်ပေးရေး အပါအဝင် အချက် ၁၅ ချက်ကို ဒီနေ့ တောင်းဆိုဆန္ဒပြ ခဲ့ကြပါတယ်။

အလုပ်သမားတွေ အဓိကထားတောင်းဆိုတဲ့အချက်ကို ဆန္ဒပြရာမှာပါဝင်တဲ့ မအေးစန္ဒာက အခုလို ပြောပါတယ်။

“ကျမတို့ အဓိကတောင်းဆိုတာကတော့ အခြေခံလစာ တိုးမြှင့်ပေးဖို့ဖြစ်ပါတယ်၊ အခြေခံလစာကို သူဌေးဆီတိုင်ပင်တဲ့အခါမှာ သူ့ဘက်ကလုပ်ပေးဖို့ အစီအစဉ်မရှိပါဘူး၊ ပြီးတော့ အချိန်ပိုမဆင်းရဖို့ရယ်၊ နောက် supervisor တွေက အလုပ်သမားတွေအပေါ်မှာ ဆက်ဆံတာ အတော်မောက်မာတဲ့ ဆဲခြင်းဆိုခြင်း၊ အဆင့်အတန်းတွေကို ပြောဆိုခြင်း အဲဒါတွေကို အလုပ်သမားတွေက မကျေနပ်ကြဘူး၊ ဒါတွေကို အဓိကတောင်းဆိုခြင်းဖြစ်ပါတယ်”

စိုင်းမြင့်ထွန်းအောင် အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၆ဝဝ ကျော်ရှိပြီး အလုပ်သမားအများစုဟာ လုပ်ခလစာနဲ့ အချိန်ပိုလုပ်အားခ စုစုပေါင်း ၈ဝဝဝဝ ကျော် ရရှိတယ်လို့ ဆန္ဒပြအလုပ်သမားတွေကဆိုပါတယ်။ လုပ်ခလစာ ဘယ်လောက်တိုးပေးရမယ်ဆိုတာကိုတော့ ဆန္ဒပြအလုပ်သမားတွေက ပြောဆိုခြင်းမရှိပါဘူး။

အလားတူ ရွှေလင်ဗန်းစက်မှုဇုန် ဦးတရုတ်လမ်းနဲ့ ပန်းပဲခေါင်းမောင်ခက် လမ်းထောင့်မှာရှိတဲ့ ZKG BM 2 အထည်ချုပ်စက်ရုံက အလုပ်သမား ၄ဝဝ ကျော်ဟာလည်း လုပ်ခလစာတိုးမြှင့်ရရှိရေးအတွက် ဒီနေ့ ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီ ZKG စက်ရုံက ဆန္ဒပြအလုပ်သမားတွေဟာ လက်ရှိအခြေခံလစာ ကျပ်လေးသောင်းကျော်သာရရှိပြီး တစ်လကိုတစ်သိန်းအထိတိုးပေးဖို့ တောင်းဆိုနေကြတာဖြစ်ပါတယ်။

Myanmar News Update

မက်ဆီ၊ ရော်နယ်ဒိုတို့ကို ဘရာဇီး၏ မွေးစားကစားသမားအဖြစ် ဘရာဇီးတိုက်စစ်မှူးဟောင်း ရော်နယ်ဒို မြင်တွေ့လို


ဘရာဇီးတိုက်စစ်မှူးဟောင်း ရော်နယ်ဒိုက မက်ဆီ၊ ရော်နယ်ဒိုတို့ကို မိမိတို့နိုင်ငံအသင်း၏ မွေးစားကစားသမားများအဖြစ် မြင်လိုကြောင်း ရီယိုဒီဂျနေရိုးတွင် ကျင်းပပြုလုပ်သည့် ကမ္ဘာ့ဖလားအကြို သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဘရာဇီးသား ဒီယေဂိုကော်စတာက နိုင်ငံသားခံယူထားသည့် စပိန်အသင်းအတွက် ကိုယ်စားပြုမည်ဟု အတည်ပြုခဲ့ပြီး ရော်နယ်ဒိုက ယခုကဲ့သို့ ဖွင့်ဟခဲ့ခြင်းဖြစ်သည်။

“မက်ဆီ၊ ရော်နယ်ဒိုတို့ကိုသာ သူတို့နိုင်ငံတွေကို ငြင်းပယ်ပြီး ဘရာဇီးအတွက် ကစားပေးမယ်ဆိုရင် သိပ်ကောင်းမှာပဲ။ မွေးဖွားရာနိုင်ငံက ကစားခွင့်မပြုဘဲ နိုင်ငံသားဖြစ်နေတဲ့နိုင်ငံအတွက် ကစားပေးတာကလည်း အထွေအထူး ကိစ္စတော့ မဟုတ်ပါဘူး” ဟု ရော်နယ်ဒိုက ပြောခဲ့သည်။ ထို့အပြင် ရော်နယ်ဒိုက စပိန်အသင်းအတွက် ကိုယ်စားပြုမည်ဟု ဖွင့်ဟခဲ့သော ကော်စတာ၏ ဆုံးဖြတ်ချက်ကို သဘောတူကြောင်းလည်း ထုတ်ဖော်သွားခဲ့သည်။

ဇော်ထွန်း(ရိုးရာလေး)

Thursday, October 10, 2013

မိုးစက်ဝိုင် အစား မည်သူကိုမှ ရွေးချယ်မှုထပ်လုပ်မည်မဟုတ်ဟု ပွဲစီစဉ်သူပြော

မယ်စကြာဝဠာမြန်မာ အဖြစ် တရားဝင်ရွေးချယ်ခံထားရတဲ့ မိုးစက်ဝိုင်ရဲ့မိဘနှစ်ပါးဟာ တရုတ်
လူမျိုးများဖြစ်နေတာကြောင့်ဟုဆိုကာ တခြားမြန်မာအမျိုးသမီးအလှမယ်တစ်ဦးကို အစားထိုး
သွားရောက်စေဖို့ လူတစ်စုမှ ဆန္ဒထုတ်ဖော်မယ်ဆိုတဲ့ သတင်းတွေဟာ ဒီနေ့ (အောက်တိုဘာ
လ ၉ ရက်) အွန်လိုင်းစာမျက်နှာများမှာ ပျံ့နှံနေပေမယ့် ပွဲစီစဉ်သူဘက်မှ လူရွေးချယ်ပွဲကို ထပ်
လုပ်မှာမဟုတ်ဘူးလို့ မြန်မာတိုင်းမ်ကို ပြောပါတယ်။

"အစ်မတို့က မိုးစက်ဝိုင်ကို Miss Universe Organization ရဲ့အကြီးအကဲရှေ့နဲ့ ပရိသတ်တွေ
ပေးတဲ့ မဲအရေအတွက်၊ ဒိုင်တွေရဲ့ သုံးသပ်ချက်တွေပေါ်မှာ အားလုံးပေါင်းပြီး အကောင်းဆုံးရွေး
ချယ်ထားတဲ့ အလှမယ်ဖြစ်တဲ့အတွက် ထပ်ရွေးဖို့အစီအစဉ်မရှိပါဘူး။ လူသိရှင်ကြား၊ ငွေကုန်ကြေး
ကျခံပြီး ဂုဏ်သိက္ခာရှိရှိလုပ်ခဲ့တဲ့ပွဲဖြစ်ပါတယ်"လို့ မယ်စကြာဝဠာမြန်မာပွဲကြီးကို စီစဉ်သူ တစ်ဦး
ဖြစ်တဲ့ Hello Madam မီဒီယာမှ အထွေထွေမန်နေဂျာ မသိန်းယုဝေက ပြောပါတယ်။

ဆန္ဒထုတ်ဖော်ပွဲနဲ့ပတ်သက်ပြီးတော့လည်း သူက "ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ကတော့ ဘာမှပြော
စရာမရှိပါဘူး။ ဒီမိုကရေစီနိုင်ငံဖြစ်တဲ့အတွက် သူတို့က လွတ်လပ်စွာဆန္ဒထုတ်ဖော်ခွင့်ရှိပါတယ်။
အဲသလိုမလုပ်ကြပါနဲ့လို့ အစ်မတို့ဘက်က တောင်းဆိုခွင့်မရှိဘူးလေ။ အစ်မတို့ ပြိုင်ပွဲအတွက်
ဆက်လုပ် စရာရှိတာတွေကို ဆက်လုပ်သွားမှာပါ"လို့ပြောပါတယ်။ မိုးစက်ဝိုင်ရဲ့ဖခင်ဖြစ်သူမှာ
တရုတ်စပ်ဖြစ်ပြီး မိခင်ဖြစ်သူမှာ ရှမ်းတရုတ်ဖြစ်ကာ မိုးစက်ဝိုင်ရော သူ့အမေပါ မြန်မာနိုင်ငံမှာ
မွေးဖွားတဲ့ မြန်မာနိုင်ငံသားများသာဖြစ်တယ်လို့လည်း မသိန်းယုဝေက ပြောပါတယ်။

ဒီအကြောင်းနဲ့ပတ်သတ်ပြီး အသေးစိတ်သိရှိနိုင်ဖို့အတွက် ကာယကံရှင်ဖြစ်တဲ့ မိုးစက်ဝိုင်ကို
မြန်မာတိုင်းမ်က ဆက်သွယ်ခဲ့ပေမယ့် ဖုန်း လက်ခံဖြေဆိုမှုကို မရရှိခဲ့ပါဘူး။ မယ်စကြာဝဠာ
မြန်မာပြိုင်ပွဲရဲ့ နောက်ဆုံးပွဲစဉ်ကို အောက်တိုဘာလ ၃ ရက်နေ့က အမျိုးသားဇာတ်ရုံမှာ
ကျင်းပခဲ့တာဖြစ်ပြီး မိုးစက်ဝိုင်မှာ ကမ္ဘာ့မယ်စကြာဝဠာပြိုင်ပွဲကြီးမှာ မြန်မာနိုင်ငံကိုယ်စားပြု
အဖြစ် သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

လွင်မာထွန်း  - မြန်မာတိုင်း(မ်)

မိုးစက်ဝိုင် မြန်မာစစ်စစ် ဖြစ်ကြောင်း သက်သေပြမည်

ကမ္ဘာ့ မယ်စကြဝဠာ ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် မိုးစက်ဝိုင်ဟာ ရှမ်း – မြန်မာ မိဘနှစ်ဦးက
မွေးလာတဲ့ မြန်မာလူမျိုးစစ်စစ် တဦးဖြစ်တယ်ဆိုတာ သက်သေပြဖို့ စီစဉ်နေတယ်လို့ Hello Madam Media Group ရဲ့ တာဝန်ရှိသူ ကိုချမ်းလင်းသူက ဧရာဝတီကို ပြောပါတယ်။

မိုးစက်ဝိုင်ရဲ့ တရုတ်ရိုးရာ ဝတ်စုံနဲ့ ဓာတ်ပုံတွေ၊ သတင်းတွေ အွန်လိုင်း စာမျက်နှာတွေထက်မှာ ဆက်တိုက် ထွက်ပေါ်နေပြီး မိုးစက်ဝိုင်ဟာ တရုတ်လူမျိုး ဖြစ်ကြောင်း၊ တရုတ် နာမည်ရှိကြောင်း၊ တရုတ် သတင်းဌာနတွေကလည်း မိုးစက်ဝိုင်အကြောင်း ရေးသားထားပြီး တရုတ်လူမျိုး အချင်းချင်း ချီးကျူးနေကြတာသာ ဖြစ်တဲ့အကြောင်း စတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

အဲဒီလို သတင်းတွေကြောင့် တရုတ်လူမျိုးတယောက်က မြန်မာနိုင်ငံ ကိုယ်စားပြုမယ်အဖြစ် မပြိုင်သင့်ဘူးဆိုတာကို ဆန္ဒထုတ်ဖော်မယ် ဆိုပြီးတော့ ကောလာဟလ တွေလည်း ထွက်ခဲ့ပါတယ်။ ရန်ကုန် မြို့တော်ခန်းမရှေ့မှာ ဆန္ဒထုတ်ဖော်ပွဲ ဒီနေ့ ညနေ ၄ နာရီမှာ ပြုလုပ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ဘယ်အဖွဲ့အစည်းက၊ ဘယ်သူတွေက ဆန္ဒထုတ်ဖော်မယ်ဆိုတာ မသိရသလို၊ ဒီနေ့ ညနေမှာ ဆန္ဒထုတ်ဖော်တာ မျိုးလည်း မရှိခဲ့ပါဘူး။

“မိုးစက်ဝိုင်က တရုတ်လူမျိုး လုံးဝမဟုတ်ဘူး။ ရန်ကုန်မြို့မှာ မွေးခဲ့တဲ့ မြန်မာလူမျိုးဖြစ်ကြောင်း သူ့ကိုမွေးခဲ့တဲ့ ဆေးရုံကို သက်သေ လှမ်းယူမယ်။ ပြီးရင် အားလုံးကို ပြောပြမယ်” လို့ ကိုချမ်းလင်းသူက ရှင်းပြပါတယ်။

မိုးစက်ဝိုင်ရဲ့ မိဘနှစ်ဦးဟာ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းဒေသမှာ မွေးဖွားခဲ့တဲ့ရှမ်း – မြန်မာ လူမျိုးတွေ ဖြစ်ပြီး မိုးစက်ဝိုင်လို့ ခေါ်တဲ့ မဝေဝေခိုင် (နာမည်ရင်း) ကိုတော့ ရန်ကုန်မြို့မှာ မွေးဖွားခဲ့တာဖြစ်ပြီး သူ့ရဲ့ မှတ်ပုံတင်၊ နိုင်ငံကူး လက်မှတ်တွေမှာလည်း မြန်မာနိုင်ငံသား ဖြစ်ကြောင်း ရေးသားထားတယ်လို့ သိရပါတယ်။

အွန်လိုင်း စာမျက်နှာတွေထက်မှာ တရုတ်ဝတ်စုံ ဝတ်ဆင်ထားတဲ့ မိုးစက်ဝိုင်ရဲ့ ဓာတ်ပုံနဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့အပေါ် Miss Universe Myanmar ပွဲတွေကို တာဝန်ယူကျင်းပမယ့် Hello Madam Media Groupက တာဝန်ရှိသူတွေ အနေနဲ့
နောက်ကွယ်က တိုက်ခိုက်နေတဲ့ သူတွေကို စုံစမ်း သိရှိထားပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

“တိုက်ခိုက်နေတဲ့ သူတွေကို ကျနော်တို့ သိထားတယ်။ နောက်ကွယ်ကနေ ယှဉ်နေဖို့မရှိဘူး။ ဆက်ပြီး တိုက်ခိုက်နေဦးမယ် ဆိုရင်တော့ ကျနော်တို့ အားလုံးရှေ့မှာ တရားဝင် ပြောသွားမှာပါ။ အခု လောလောဆယ်တော့ ဘယ်သူဆိုတာ မပြောပြ ချင်သေးဘူး” လို့ ကိုချမ်းလင်းသူက ပြောပါတယ်။

အွန်လိုင်း ကောလာဟလတွေ ထွက်ပေါ်နေတဲ့အပေါ် Miss Universe Myanmar 2013 ဆုရ မိုးစက်ဝိုင်ကို ဧရာဝတီက ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းကိုင်ခြင်း မရှိပါဘူး။

တရုတ်နိုင်ငံက အွန်လိုင်း စာမျက်နှာတွေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေထက်မှာ ဖော်ပြနေကြတဲ့ မိုးစက်ဝိုင်ရဲ့ တရုတ်ဝတ်စုံနဲ့
ပုံဟာ ၂၀၀၉ ခုနှစ်က ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ နိုင်ငံတကာ ကုန်သည်ကြီးများ အသင်း နှစ်ပတ်လည်ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ ဝတ်စုံလို့ သိရပါတယ်။ အဲဒီပွဲမှာ မြန်မာဝတ်စုံ၊ တရုတ်ဝတ်စုံနဲ့ ညနေခင်း ဝတ်စုံဆိုပြီး ယှဉ်ပြိုင်ခဲ့ရပေမယ့် မြန်မာဝတ်စုံနဲ့ ညနေခင်း ဝတ်စုံပုံတွေတော့ မပါလာဘဲ တရုတ်ဝတ်စုံနဲ့ ပုံကိုသာ ရွေးပြီးတင်ထားသလို၊ မိုးစက်ဝိုင်မှာ ဝေဝေခိုင်ဆိုတဲ့ နာမည်က လွဲလို့ တရုတ်နာမည်လုံးဝ မရှိဘူးလို့ ကိုချမ်းလင်းသူကို ပြောပါတယ်။

ဆက်လက်ပြီး ကိုချမ်းလင်းသူက “မိုးစက်ဝိုင် တက်ရမယ့် စင်မြင့်က အကြီးဆုံးဖြစ်နေတော့ ပထမဆုံး အခွင့်အရေးကို
ဘယ်သူမဆို ရချင်မှာပဲလေ။ မိုးစက်ဝိုင်နေရာမှာ ဘယ်သူဖြစ်ဖြစ် တိုက်ခိုက်ခံရမယ် ထင်တယ်” လို့ အွန်လိုင်းစာမျက်နှာ တွေထက်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေအပေါ် သုံးသပ်ပါတယ်။

အခုလို တိုက်ခိုက် ခံနေရပေမယ့်လည်း Hello Madam Media Group နဲ့ ကာယကံရှင် မိုးစက်ဝိုင်အနေနဲ့ တကူးတက ကိစ္စတခု အနေနဲ့ ရှင်းပြနေမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

မိုးစက်ဝိုင်ရဲ့ တရားဝင် facebook စာမျက်နှာမှာတော့ “အခုလို ရှုပ်ထွေးကြမ်းတမ်း နေတဲ့ ပြဿနာတွေ ကြားထဲကနေ မိုးစက်ကို ဆက်လက်ပြီး အားပေး ချစ်ခင်ပေးနေတဲ့ ပရိသတ်ကြီးကိုလည်း မိုးစက်က အရမ်းချစ်ခင်ပြီး အရမ်းလည်း ကျေးဇူးတင်နေပါတယ်” လို့ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်က ရန်ကုန်မြို့ ပါ့ခ်ရွိုင်ရယ်ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ စာနယ်ဇင်းများနဲ့ တွေ့ဆုံပွဲမှာ မိုးစက်ဝိုင်ကို
စာနယ်ဇင်းသမားတဦးက တခြားပြိုင်ပွဲတွေမှာ ယှဉ်ပြိုင်ခဲ့ဖူးလားလို့ မေးမြန်းခဲ့ရာမှာ မိုးစက်ဝိုင်က သူ့အနေနဲ့ ၂၀၀၉ ခုနှစ် လောက်က ကုန်သည်ကြီးများ ဟိုတယ်မှာ ပြုလုပ်တဲ့ ပွဲတခုမှာ ပါဝင်ခဲ့ဖူးတယ်လို့ ဖြေပြီး ရက်ပိုင်းအတွင်းမှာပဲ အဲဒီတုန်းက
သူ ပြိုင်ပွဲဝင်ခဲ့တဲ့ တရုတ်ဝတ်စုံတွေနဲ့ ဓာတ်ပုံတွေ ထွက်လာခဲ့တာ တွေ့ရပါတယ်။

facebook စာမျက်နှာတွေ ထက်မှာတော့ မိုးစက်ဝိုင် နာမည်နဲ့ ဖွင့်ထားတဲ့ စာမျက်နှာက ဆယ်ခုထက်မနည်း ရှိနေပြီး မိုးစက်ဝိုင် မုန်းတီးသူများဆိုတဲ့ စာမျက်နှာလည်း ရှိနေတဲ့အပြင် အဲဒီ စာမျက်နှာမှာ Like လုပ်ထားသူပေါင်း ၂ သောင်းနီးပါး ရှိနေတာ တွေ့ရပါတယ်။

မိုးစက်ဝိုင်ဆိုတဲ့ နာမည်နဲ့ စာမျက်နှာ တိုင်းမှာတော့ တရုတ်လူမျိုး၊ မြန်မာလူမျိုး ဖြစ်တာ မဖြစ်တာ အရေးကြီး မကြီး ဆိုတာကို
ငြင်းခုန်နေကြသလို အားပေးတဲ့သူတွေ အားမပေးဘူးဆိုတဲ့ ကွန်မန့်တွေကိုလည်း ရေးသားထားတာတွေ ရှိပါတယ်။

Miss Universe Myanmar 2013 ကျင်းပရေး ကော်မတီကလည်း မြန်မာနိုင်ငံကိုယ်စားပြု မယ်ရွေးချယ်ခဲ့ရာမှာ ကမ္ဘာ့ မယ်စကြဝဠာ ပြိုင်ပွဲဝင် စည်းကမ်းတွေအပြင်၊ မြန်မာနိုင်ငံနဲ့ ကိုက်ညီမယ့် စည်းကမ်းတွေပါ ထည့်သွင်းခဲ့ပြီး လူထုကြားမှာ ရွေးချယ်ခဲ့တာလို့ Hello Madam Media Group က ဆိုပါတယ်။

MISS UNIVERSE MYANMAR ဝက်ဘ်ဆိုက် မှာလည်း Miss Universe Myanmar 2013 မိုးစက်ဝိုင်အား Online နှင့် facebook စာမျက်နှာများပေါ်တွင် လူနည်းတစုမှ ဂုဏ်သိက္ခာ ညှိုးနွမ်းအောင်၊ အများပြည်သူ ထင်ယောင်ထင်မှားဖြစ်အောင် သတင်းအချက် အလက် ထုတ်လွှင့်ခြင်းမျိုး မဟုတ်ဘဲ၊ အတင်း ဖြန့်ဝေနေခြင်းများအား မိမိတို့၏ အမည်၊မိမိတို့၏ ဂုဏ်သိက္ခာ စောင့်ထိန်း ရေးသားပြောဆိုကြဖို့၊ ထင်ယောင်ထင်မှား သတင်း အချက်အလက်တွေကို ရေးသားသူ လူနည်းစု အနေဖြင့် မည်ကဲ့သို့ ရည်ရွယ်ချက်မျိုးဖြင့် ဆောင်ရွက်နေခြင်း ဖြစ်သည်ကို MISS UNIVERSE MYANMAR ORGANIZATION နှင့် မိုးစက်ဝိုင်ကို အားပေးကြသော မိဘပြည်သူများက သိရှိသော်လည်း ယင်းတို့၏ ဂုဏ်သိက္ခာအား ငဲ့ညှာ ထောက်ထားသော အားဖြင့် တိုက်တွန်းရေး သားလိုက်ခြင်း ဖြစ်တယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။

ကမ္ဘာ့ မယ်စကြဝဠာ ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မယ့် မိုးစက်ဝိုင်ဟာ ရှမ်း – မြန်မာ မိဘနှစ်ဦးက မွေးလာတဲ့ မြန်မာလူမျိုးစစ်စစ် တဦးဖြစ်တယ်ဆိုတာ သက်သေပြဖို့ စီစဉ်နေ တယ်လို့ Hello Madam Media Group ရဲ့ တာဝန်ရှိသူ ကိုချမ်းလင်းသူက ဧရာဝတီကို ပြောပါတယ်။

မိုးစက်ဝိုင်ရဲ့ တရုတ်ရိုးရာ ဝတ်စုံနဲ့ ဓာတ်ပုံတွေ၊ သတင်းတွေ အွန်လိုင်း စာမျက်နှာတွေထက်မှာ ဆက်တိုက် ထွက်ပေါ်နေပြီး မိုးစက်ဝိုင်ဟာ တရုတ်လူမျိုး ဖြစ်ကြောင်း၊ တရုတ် နာမည်ရှိကြောင်း၊ တရုတ် သတင်း ဌာနတွေ ကလည်း မိုးစက်ဝိုင်အကြောင်း ရေးသားထားပြီး တရုတ်လူမျိုး အချင်းချင်း ချီးကျူးနေကြတာ သာ ဖြစ်တဲ့အကြောင်း စတဲ့ သတင်းတွေလည်း ထွက်နေပါတယ်။

အဲဒီလို သတင်းတွေကြောင့် တရုတ်လူမျိုးတယောက်က မြန်မာနိုင်ငံ ကိုယ်စားပြုမယ်အဖြစ် မပြိုင်သင့်ဘူး ဆိုတာကို ဆန္ဒထုတ်ဖော်မယ် ဆိုပြီးတော့ ကောလာဟလ တွေလည်း ထွက်ခဲ့ပါတယ်။ ရန်ကုန် မြို့တော် ခန်းမရှေ့ မှာ ဆန္ဒထုတ်ဖော်ပွဲ ဒီနေ့ ညနေ ၄ နာရီမှာ ပြုလုပ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ဘယ်အဖွဲ့အစည်းက၊ ဘယ်သူတွေက ဆန္ဒထုတ်ဖော်မယ်ဆိုတာ မသိရသလို၊ ဒီနေ့ ညနေမှာ ဆန္ဒ ထုတ်ဖော် တာ မျိုးလည်း မရှိခဲ့ပါဘူး။

“မိုးစက်ဝိုင်က တရုတ်လူမျိုး လုံးဝမဟုတ်ဘူး။ ရန်ကုန်မြို့မှာ မွေးခဲ့တဲ့ မြန်မာလူမျိုးဖြစ်ကြောင်း သူ့ကိုမွေးခဲ့ တဲ့ ဆေးရုံကို သက်သေ လှမ်းယူမယ်။ ပြီးရင် အားလုံးကို ပြောပြမယ်” လို့ ကိုချမ်းလင်းသူက ရှင်းပြပါတယ်။

မိုးစက်ဝိုင်ရဲ့ မိဘနှစ်ဦးဟာ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းဒေသမှာ မွေးဖွားခဲ့တဲ့ရှမ်း – မြန်မာ လူမျိုးတွေ ဖြစ်ပြီး မိုးစက်ဝိုင်လို့ ခေါ်တဲ့ မဝေဝေခိုင် (နာမည်ရင်း) ကိုတော့ ရန်ကုန်မြို့မှာ မွေးဖွားခဲ့ တာဖြစ်ပြီး သူ့ရဲ့ မှတ်ပုံတင်၊ နိုင်ငံကူး လက်မှတ်တွေမှာလည်း မြန်မာနိုင်ငံ သား ဖြစ်ကြောင်း ရေးသား ထားတယ်လို့ သိရပါတယ်။

အွန်လိုင်း စာမျက်နှာတွေထက်မှာ တရုတ်ဝတ်စုံ ဝတ်ဆင်ထားတဲ့ မိုးစက်ဝိုင်ရဲ့ ဓာတ်ပုံနဲ့ သတင်းတွေ ထွက်ပေါ်လာတဲ့အပေါ် Miss Universe Myanmar ပွဲတွေကို တာဝန်ယူကျင်းပမယ့် Hello Madam Media Groupက တာဝန်ရှိသူတွေ အနေနဲ့ နောက်ကွယ်က တိုက်ခိုက်နေတဲ့ သူတွေကို စုံစမ်း သိရှိထားပြီး ဖြစ်တယ် လို့လည်း သိရပါတယ်။

“တိုက်ခိုက်နေတဲ့ သူတွေကို ကျနော်တို့ သိထားတယ်။ နောက်ကွယ်ကနေ ယှဉ်နေဖို့မရှိဘူး။ ဆက်ပြီး တိုက်ခိုက်နေဦးမယ် ဆိုရင်တော့ ကျနော်တို့ အားလုံးရှေ့မှာ တရားဝင် ပြောသွားမှာပါ။ အခု လောလောဆယ်တော့ ဘယ်သူဆိုတာ မပြောပြ ချင်သေးဘူး” လို့ ကိုချမ်းလင်းသူက ပြောပါတယ်။

အွန်လိုင်း ကောလာဟလတွေ ထွက်ပေါ်နေတဲ့အပေါ် Miss Universe Myanmar 2013 ဆုရ မိုးစက်ဝိုင်ကို ဧရာဝတီက ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းကိုင်ခြင်း မရှိပါဘူး။

တရုတ်နိုင်ငံက အွန်လိုင်း စာမျက်နှာတွေနဲ့ လူမှုကွန်ရက် စာမျက်နှာတွေထက်မှာ ဖော်ပြနေကြတဲ့ မိုးစက်ဝိုင်ရဲ့ တရုတ်ဝတ်စုံနဲ့ပုံဟာ ၂၀၀၉ ခုနှစ်က ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်မှာ ပြုလုပ်ခဲ့ တဲ့ နိုင်ငံတကာ ကုန်သည်ကြီးများ အသင်း နှစ်ပတ်လည်ပွဲမှာ ယှဉ်ပြိုင်ခဲ့တဲ့ ဝတ်စုံလို့ သိရပါတယ်။ အဲဒီပွဲမှာ မြန်မာဝတ်စုံ၊ တရုတ်ဝတ်စုံနဲ့ ညနေခင်း ဝတ်စုံဆိုပြီး ယှဉ်ပြိုင်ခဲ့ရပေမယ့် မြန်မာဝတ်စုံနဲ့ ညနေခင်း ဝတ်စုံ ပုံတွေတော့ မပါလာဘဲ တရုတ်ဝတ်စုံနဲ့ ပုံကိုသာ ရွေးပြီးတင်ထားသလို၊ မိုးစက်ဝိုင် မှာ ဝေဝေခိုင် ဆိုတဲ့ နာမည်က လွဲလို့ တရုတ်နာမည်လုံးဝ မရှိဘူးလို့ ကိုချမ်းလင်းသူ ကို ပြောပါတယ်။

ဆက်လက်ပြီး ကိုချမ်းလင်းသူက “မိုးစက်ဝိုင် တက်ရမယ့် စင်မြင့်က အကြီးဆုံးဖြစ်နေတော့ ပထမဆုံး အခွင့်အရေးကို ဘယ်သူမဆို ရချင်မှာပဲလေ။ မိုးစက်ဝိုင်နေရာမှာ ဘယ်သူဖြစ်ဖြစ် တိုက်ခိုက်ခံရမယ် ထင်တယ်” လို့ အွန်လိုင်းစာမျက်နှာ တွေထက်မှာ ပျံ့နှံ့နေတဲ့ သတင်းတွေအပေါ် သုံးသပ်ပါတယ်။

အခုလို တိုက်ခိုက် ခံနေရပေမယ့်လည်း Hello Madam Media Group နဲ့ ကာယကံရှင် မိုးစက်ဝိုင်အနေနဲ့ တကူးတက ကိစ္စတခု အနေနဲ့ ရှင်းပြနေမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

မိုးစက်ဝိုင်ရဲ့ တရားဝင် facebook စာမျက်နှာမှာတော့ “အခုလို ရှုပ်ထွေးကြမ်းတမ်း နေတဲ့ ပြဿနာတွေ ကြားထဲကနေ မိုးစက်ကို ဆက်လက်ပြီး အားပေး ချစ်ခင်ပေးနေတဲ့ ပရိသတ်ကြီးကိုလည်း မိုးစက်က အရမ်းချစ်ခင်ပြီး အရမ်းလည်း ကျေးဇူးတင်နေပါတယ်” လို့ ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၇ ရက်က ရန်ကုန်မြို့ ပါ့ခ်ရွိုင်ရယ်ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ စာနယ်ဇင်းများ နဲ့ တွေ့ဆုံပွဲမှာ မိုးစက်ဝိုင်ကိုစာနယ်ဇင်းသမားတဦးက တခြားပြိုင်ပွဲတွေ မှာ ယှဉ်ပြိုင်ခဲ့ဖူးလား လို့ မေးမြန်းခဲ့ရာ မှာ မိုးစက်ဝိုင်က သူ့အနေနဲ့ ၂၀၀၉ ခုနှစ် လောက်က ကုန်သည်ကြီးများ ဟိုတယ် မှာ ပြုလုပ်တဲ့ ပွဲတခုမှာ ပါဝင်ခဲ့ဖူးတယ်လို့ ဖြေပြီး ရက်ပိုင်းအတွင်းမှာပဲ အဲဒီတုန်းကသူ ပြိုင်ပွဲဝင်ခဲ့ တဲ့ တရုတ်ဝတ်စုံတွေနဲ့ ဓာတ်ပုံတွေ ထွက်လာခဲ့တာ တွေ့ရပါတယ်။

facebook စာမျက်နှာတွေ ထက်မှာတော့ မိုးစက်ဝိုင် နာမည်နဲ့ ဖွင့်ထားတဲ့ စာမျက်နှာက ဆယ်ခုထက် မနည်း ရှိနေပြီး မိုးစက်ဝိုင် မုန်းတီးသူများဆိုတဲ့ စာမျက်နှာလည်း ရှိနေတဲ့အပြင် အဲဒီ စာမျက်နှာမှာ Like လုပ်ထားသူပေါင်း ၂ သောင်းနီးပါး ရှိနေတာ တွေ့ရပါတယ်။

မိုးစက်ဝိုင်ဆိုတဲ့ နာမည်နဲ့ စာမျက်နှာ တိုင်းမှာတော့ တရုတ်လူမျိုး၊ မြန်မာလူမျိုး ဖြစ်တာ မဖြစ်တာ အရေးကြီး မကြီး ဆိုတာကို ငြင်းခုန်နေကြသလို အားပေးတဲ့သူတွေ အားမပေးဘူးဆိုတဲ့ ကွန်မန့်တွေ ကိုလည်း ရေးသားထားတာတွေ ရှိပါတယ်။

Miss Universe Myanmar 2013 ကျင်းပရေး ကော်မတီကလည်း မြန်မာနိုင်ငံကိုယ်စားပြု မယ်ရွေးချယ်ခဲ့ ရာမှာ ကမ္ဘာ့ မယ်စကြဝဠာ ပြိုင်ပွဲဝင် စည်းကမ်းတွေအပြင်၊ မြန်မာနိုင်ငံနဲ့ ကိုက်ညီမယ့် စည်းကမ်းတွေပါ ထည့်သွင်းခဲ့ပြီး လူထုကြားမှာ ရွေးချယ်ခဲ့တာလို့ Hello Madam Media Group က ဆိုပါတယ်။

MISS UNIVERSE MYANMAR ဝက်ဘ်ဆိုက် မှာလည်း Miss Universe Myanmar 2013 မိုးစက်ဝိုင်အား Online နှင့် facebook စာမျက်နှာများပေါ်တွင် လူနည်းတစုမှ ဂုဏ်သိက္ခာ ညှိုးနွမ်းအောင်၊ အများပြည်သူ ထင်ယောင်ထင်မှားဖြစ်အောင် သတင်းအချက် အလက် ထုတ်လွှင့်ခြင်းမျိုး မဟုတ်ဘဲ၊ အတင်း ဖြန့်ဝေနေခြင်း များအား မိမိတို့၏ အမည်၊မိမိတို့၏ ဂုဏ်သိက္ခာ စောင့်ထိန်း ရေးသားပြောဆိုကြဖို့၊ ထင်ယောင်ထင်မှား သတင်း အချက်အလက်တွေကို ရေးသားသူ လူနည်းစု အနေဖြင့် မည်ကဲ့သို့ ရည်ရွယ်ချက်မျိုးဖြင့် ဆောင်ရွက်နေခြင်း ဖြစ်သည်ကို MISS UNIVERSE MYANMAR ORGANIZATION နှင့် မိုးစက်ဝိုင်ကို အားပေးကြသော မိဘပြည်သူများက သိရှိသော်လည်း ယင်းတို့၏ ဂုဏ်သိက္ခာအား ငဲ့ညှာ ထောက်ထားသော အားဖြင့် တိုက်တွန်းရေး သားလိုက်ခြင်း ဖြစ်တယ်လို့ သတင်း ထုတ်ပြန်ထားပါတယ်။

Myawady News

ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာနိုင်ငံသား မဟုတ်


ပုဒ်မ(၁၆)တွင် “နိုင်ငံသားတစ်ဦးသည် နိုင်ငံတော်မှ အပြီးအပိုင် ထွက်ခွာလျှင်ဖြစ်စေ၊ အခြားနိုင်ငံ၏ နိုင်ငံသားအဖြစ်ကို ခံယူလျှင် (သို့မဟုတ်) မှတ်ပုံတင်လျှင်ဖြစ်စေ၊ အခြားနိုင်ငံကူးလက်မှတ် (သို့မဟုတ်) အလားတူလက်မှတ်ကို ထုတ်ယူလျှင်ဖြစ်စေ နိုင်ငံသားအဖြစ်မှ ရပ်စဲသည်” ဟု အတိအကျ ဖော်ပြထားပါသည်။ ဖော်ပြထားသော တည်ဆဲဥပဒေသည် အလွန်တရာ ပြတ်သား လှပေသ ည်။ ထို့ကြောင့် ဒေါ်စုကြည်သည် မြန်မာနိုင်ငံသား မဟုတ်တော့ ဘဲ ဗြိတိသျှ သစ္စာတော် ခံ ဗြိတိ သျှနိုင်ငံ သား ဖြစ်နေကြောင်း ထင်ရှားနေပါသည်။


ဒေါ်စုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်ပါသည်။ သို့ရာတွင် (၁၉၆၀) ပြည့်နှစ်တွင် မိခင်ဖြစ်သူ ဒေါ်ခင်ကြည်နှင့်အတူ အိန္ဒိယသို့ လိုက်ပါသွားပါသည်။ ထိုစဉ်က ဒေါ်ခင်ကြည်သည် အိန္ဒိယနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဖြစ်ပါသည်။ ထို့နောက် ဒေါ်စုကြည်သည် ပညာသင်ကြားရန် အကြောင်းပြ၍ အင်္ဂလန်သို့ ထွက်ခွာသွားရာ သာမန် မြန်မာနိုင်ငံကူး လက်မှတ်ကို ပြောင်းလဲရယူ သွားပါသည်။

(၃၁-၁၂-၇၁) ရက်နေ့တွင် ဒေါ်စုကြည်သည် ဗြိတိသျှနိုင်ငံသား MR. MICHEAL VIALLANCOURT ARIS နှင့် လန်ဒန်မြို့ ဗြိတိသျှနိုင်ငံ (၁၉၄၉)ခုနှစ် လက်ထပ်ထိမ်းမြားမှု ဥပဒေအရ ကင်စတန်မှတ်ပုံတင်ရုံး၌ လက်ထပ်ခဲ့ပါသည်။ ဤကဲ့သို့ လက်ထပ်ထိမ်းမြားမှုကို မြန်မာနိုင်ငံသားတို့၏ ဓလေ့ထုံးတမ်းစဉ်လာအတိုင်း လန်ဒန်ရှိ မြန်မာသံရုံးသို့ အသိပေး အကြောင်းကြားခဲ့ခြင်း လုံးဝမရှိခဲ့ကြောင်း တွေ့ရှိရပါသည်။

ထို့နောက် (၁၂-၄-၁၉၇၃)ရက်နေ့တွင် လန်ဒန်မြို့၌ သားကြီး ALEXANDER JOHN CHRISTOPHER ARIS မွေးဖွားခဲ့ပြီး (၂၄-၉-၁၉၇၇) ရက်နေ့တွင် သားငယ် DANNIAN KIM ARUNDEL ARIS တို့ကို မွေးဖွားခဲ့ပါသည်။ သို့ရာတွင် လန်ဒန်မြို့ မြန်မာသံရုံးသို့ သားသမီး မွေးဖွားမှုပုံစံ ဖြည့်စွက်၍ တစ်စုံတစ်ရာ လျှောက်ထားခဲ့ခြင်း မရှိကြောင်း တွေ့ရှိရပါသည်။ ထို့အတူ ဒေါ်စုကြည်သည် လန်ဒန်ရှိ မြန်မာသံရုံးနှင့် ဆက်သွယ်မှု တစ်စုံတစ်ရာ မရှိကြောင်း သိရှိရပါသည်။ စာရေးသူကိုယ်တိုင် လန်ဒန်မြို့၌ နေထိုင်ခဲ့ဖူး၍ ၎င်း၏အကြောင်းကို ကောင်းစွာ သိပါသည်။

သိသရွေ့ ရေးသားရန် မသင့်ပါသဖြင့် တည်ဆဲဥပဒေအရသာ တင်ပြလိုပါ သည်။ မြန်မာနိုင်ငံသား တိုင်း သည် မည်သည့်နိုင်ငံသို့မဆို ရောက်ရှိလျှင်ရောက်ရှိခြင်း မြန်မာသံရုံးသို့ သတင်းပို့ရမည် ဟု နိုင်ငံကူးလက်မှတ်၌ ဖော်ပြထားပါသည်။

ဒေါ်စုကြည်သည် မြန်မာသံရုံးရှိသည့် နိုင်ငံများသို့ ရောက်ခဲ့လင့်ကစား မြန်မာသံရုံးသို့ သွားရောက်သတင်းပို့ရန် မဆိုထားဘိ စာဖြင့်သော်လည်းကောင်း၊ တယ်လီဖုန်းဖြင့်သော်လည်းကောင်း သတင်းပို့ခြင်းမရှိကြောင်း သိရှိရပါသည်။ ဒေါ်စုကြည်သည် မိမိဝင်ငွေ၏ (၁၀) ရာခိုင်နှုန်းကို မိခင်မြန်မာနိုင်ငံသံရုံးများသို့ ပေးသွင်းရမည်ဖြစ်သော်လည်း တစ်ကြိမ်တစ်ခါမျှ ပေးသွင်းခဲ့ခြင်း မရှိကြောင်း တွေ့ရှိရပါသည်။ သို့သော် ဒေါ်စုကြည်သည် အိန္ဒိယနိုင်ငံရှိ INDIAN INSTITUTE OF ADVENANCED STUDY ၌ သုတေသနအရာရှိ (RESEARCH FELLOW)အဖြစ် လုပ်ဆောင်စဉ်က ဒေလီရှိ အင်္ဂလိပ်သံရုံးသို့ ဝင်ငွေခွန် ရူပီး (၁၆၈၂၁၅) အား ပေးဆောင်ခဲ့ကြောင်း သိရှိရပါသည်။

ဤသည်ကို ထောက်ရှုခြင်းဖြင့် ဒေါ်စုကြည်သည် “ဗြိတိသျှနိုင်ငံ သား” ဖြစ်နေကြောင်း ပေါ်လွင် ထင်ရှားပါ သည်။ ဗြိတိသျှနိုင်ငံသည် ၎င်း၏ တည်ဆဲဥပဒေအရ နိုင်ငံကူးလက်မှတ်ကို နှစ်နိုင်ငံ ကိုင်ဆောင်ခွင့် ရှိပါသည်။ မြန်မာနိုင်ငံ၏ (၁၉၈၂)ခု မြန်မာနိုင်ငံသား ဥပဒေပုဒ်မ(၁၆)တွင် နှစ်နိုင်ငံ နိုင်ငံသားဖြစ်မှုကို လုံးဝ ခွင့်မပြုကြောင်း တွေ့ရှိရပါသည်။

Myanmar Headline News

ဦးကျော်ဆန်း ၀ဋ်လည်ပြီလား

အစိုးရအဖွဲ့ ပြည်ထောင်စု ၀န်ကြီးအချို့၏ သတင်းများကို နိုင်ငံပိုင် သတင်းစာ များဖြစ်သော ကြေးမုံနှင့် မြန်မာ့အလင်း၊ မြန်မာ့ ရုပ်မြင်သံကြား ပြည်တွင်း သတင်းတို့တွင် ဖော်ပြရာ၌ မလျော်မကန် တည်းဖြတ်ခြင်း ခံရကြောင်း အစိုးရအဖွဲ့ ပြည်ထောင်စု ၀န်ကြီး အချို့က မြန်မာ သံတော်ဆင့်သို့ ထုတ်ဖော် ပြောကြားသည်။

တည်းဖြတ်ခြင်းခံရသော ပြည်ထောင်စု ၀န်ကြီးများတွင် ယခင်က စစ်အစိုးရမှသည် သမ္မတဦးသိန်းစိန် အစိုးရသစ် လက်ထက် တိုင်အောင် ပြန်ကြားရေး ၀န်ကြီးဌာန ၀န်ကြီးအဖြစ် နှစ်ရှည်လများ တာဝန် ထမ်းဆောင်ခဲ့သည့် သမ၀ါယမ ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းလည်း ပါဝင်ပြီး၊ ၎င်း၏ အခြေခံ လူတန်းစား ပြည်သူများအတွက် သမ၀ါယမကဏ္ဍ လုပ်ငန်းပြန်လည် တိုးတက်အောင် ဆောင်ရွက်နေသည့် ပြောကြားချက်များ၊ သတင်းများကို နိုင်ငံပိုင် သတင်းစာများက မဖော်ပြဘဲ ၎င်းတို့၏ သဘောဖြင့် တည်းဖြတ်ပြီး သတင်းဖော်ပြ ခဲ့ကြောင်း သမ၀ါယမ ၀န်ကြီးရုံးမှ သတင်းရရှိသည်။

ထိုကဲ့သို့ ပြန်ကြားရေး ၀န်ကြီးဌာန၊ မြန်မာ့ရုပ်မြင်သံကြားနှင့် အစိုးရ သတင်းစာတိုက်များ၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနခွဲ (ယခင် စာပေစိစစ်ရေး) တို့အပေါ် နှစ်ရှည်လများ ချုပ်ကိုင်၍ သြဇာလွှမ်းမိုးမှု ရှိသည့် ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်း၏ ပြည်သူ့အကျိုးပြု သတင်းများကိုပင် တည်းဖြတ်ကာ နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြခဲ့သည်တို့မှာ နေရာမပေးနိုင်၍ ဖြစ်နိုင်ကြောင်း၊ မိမိ နားလည်ပေး နိုင်ပါကြောင်း၊ သို့သော်လည်း ပြည်သူအများ သိသင့်သော ပြည်သူ့အကျိုးပြု ကဏ္ဍများနှင့် သမ၀ါယမ ကိစ္စရပ်များကို တည်းဖြတ်ခဲ့ခြင်းမှာ မဖြစ်သင့်ကြောင်း … ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းက မြန်မာသံတော်ဆင့် အယ်ဒီတာ နှင့်တွေ့ဆုံစဉ် ထုတ်ဖော် ပြောကြားခဲ့ဖူးသည်။

ယခုသီတင်းပတ်အတွင်း သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်နှင့် နိုင်ငံတော် အကြံပေး ဦးအံ့မောင်တို့ ဧရာဝတီတိုင်းဒေသကြီးသို့ သွားရောက်၍ ဒေသဖွံ့ဖြိုးရေးနှင့် သာသနာရေးဆိုင်ရာ ကိစ္စရပ်များ၊ မြွေဆိပ်ဖြေဆေး လှူဒါန်းခြင်းနှင့် ဒေသခံပြည်သူများအား အာဆီယံ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုအဖွဲ့ မင်းသားကြီး နန်းဝင်း အပါအ၀င် အဖွဲ့လိုက် ပါဝင်ပြီး ဖျော်ဖြေခဲ့ခြင်းများ စသည်တို့ကို မြန်မာအသံနှင့် ရုပ်မြင်သံကြား သတင်းများ၌ အပြည့်အစုံ ဖော်ပြပေးခြင်း မရှိဘဲ သာမန် အလှူအတန်း သတင်းမျှသာ ဖော်ပြခဲ့ကြောင်း နေပြည်တော် သာသနာရေးဝန်ကြီး ဌာနရုံးအဖွဲ့ တာဝန်ရှိသူတစ်ဦးက မြန်မာသံတော်ဆင့်သို့ ပြောကြားသည်။

ထိုကဲ့သို့ အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၏ သတင်းများကိုပင် တည်းဖြတ် ဖော်ပြပေးခြင်း သာမက  နေပြည်တော်ရှိ လွှတ်တော် အစည်းအဝေး သတင်းများတွင်လည်း နိုင်ငံပိုင် မီဒီယာများက တည်းဖြတ်ဖော်ပြ ကြောင်း အထူးသဖြင့် အတိုက်အခံ NLD ပါတီ ကိုယ်စားလှယ်များနှင့် အစိုးရအပေါ် ဝေဖန်သည့် ဆွေးနွေးချက် များကို တည်းဖြတ်ခဲ့ခြင်းများ ရှိကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အချို့က မြန်မာ သံတော်ဆင့်သို့ ပြောကြားသည်။

လက်ရှိ ပြည်ကြားရေး ၀န်ကြီးဌာနတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်မှာ ဦးတင့်ဆွေ (ယခင်စာပေစိစစ်ရေးမှ ဒုညွှန်ချုပ်/ အကြီးအကဲ) ဖြစ်ပြီး၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်မှာ ဦးရဲတင့်တို့ ဖြစ်ကြသည်။

နိုင်ငံပိုင် သတင်းစာများတွင် အစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီး အချို့၏ သတင်းများကို တည်းဖြတ် ခံရခြင်းနှင့် စပ်လျဉ်း၍ အစိုးရအဖွဲ့ရုံး တာဝန်ရှိသူတစ်ဦးက အစိုးရအဖွဲ့တွင် အယူအဆ သဘောထား မတူညီသော အုပ်စုများ ကွဲပြားနေခြင်း ဖြစ်ကြောင်း၊ ၃ ယောက် တစ်ဖွဲ့၊ ၄ ယောက် တစ်ဖွဲ့၊ ၂ ယောက် တစ်ဖွဲ့၊ ၁ ယောက် တစ်ဖွဲ့ ဖြစ်နိုင်ကြောင်း၊ မည်သို့ပင် အုပ်စု ကွဲနေစေကာမူ တိုင်းပြည်အတွက် အမှန်တကယ် အလုပ်လုပ်သင့်ကြောင်း၊ ဝေဖန်မှုများကို ရန်လိုနေမည့် အစား မိမိတို့၏ သမိုင်းကြောင်း ကောင်းဖို့ မိမိတို့လုပ် ဆောင်ခဲ့ကြရန်သာ လိုအပ်ကြောင်း၊ နိုင်ငံပိုင် သတင်းစာများတွင်လည်း ကျင့်ဝတ် ဖောက်ဖျက်သော လုပ်ရပ်များကို ပြန်လည် စိစစ် ဆင်ခြင်သင့်ပြီ ဖြစ်ကြောင်း သုံးသပ် ပြောကြားခဲ့သည်။

Myanmartandawsint Newspaper

Wednesday, October 9, 2013

ခြင်၊ယင်၊ပုရွက်ဆိတ်တို့ကိုအိမ်ပေါ်ကဘယ်လိုမောင်းထုတ်မလဲ

ပိုးဟပ်၊ပင်ကူ၊ပုရွက်ဆိတ် စတဲ့ပိုးကောင်တွေကိုဆေးဖြန်းပြီးနှိမ်နှင်းမယ်ဆို
ရင်ဆေးနံ့ကအိမ်ထဲမှာစွဲကျန်ရစ်နေပါတယ်။ပြီးတော့ထိုဖြန်းဆေးထဲမှာပါတဲ့
ဓာတုပစ္စည်းကလည်းအိမ်သူ၊အိမ်သားတွေရဲ့ကျန်းမာရေးကိုထိခိုက်စေပါ
တယ်။ဒါကြောင့် သင့်အိမ်ထဲကိုကျူးကျော်ဝင်ရောက်လာတဲ့ပိုးကောင်တွေကို
သဘာဝနည်းအတိုင်းဘယ်လိုနှိမ်နှင်းရမယ်ဆိုတာကိုဖော်ပြလိုက်ပါတယ်။
                                                                       Boric Acid

ဘိုင်အိုအက်စစ်နဲ့ဂျုံမှုန့်ကိုရောပြီးအင်းဆက်ပိုးကောင်တွေရှိတဲ့နေရာမှာဖြူး
လိုက်ပါ။ထိုအမှုန့်တွေကိုစားမိပြီးသူတို့သေသွားပါလိမ့်မယ်။
                                                                ပင်စိမ်းရွက်

ဟင်းချက်ရာမှာအသုံးပြုတဲ့လတ်ဆတ်တဲ့ပင်စိမ်းရွက်အနည်းငယ်ကိုတံခါးပေါက်မှာချိတ်ဆွဲထားလိုက်ရင်
ခြင်၊ယင်၊တို့ရန်မှကင်းဝေးစေမှာဖြစ်ပါတယ်။
                                                           ကြက်သွန်ဖြူ

ပုရွက်ဆိတ် နဲ့ပိုးဟပ်ဟာ ကြက်သွန်ဖြူကိုအရမ်းကြောက်ပါတယ်။ကြက်သွန်
ဖြူတစ်ဥကို အင်းဆက်ပိုးကောင်တွေတွေ့တဲ့နေရာမှာထားခဲ့ရင် သူတို့တွေ
အနားတောင်မကပ်ရဲပဲထွက်ပြေးသွားပါလိမ့်မယ်။ကြက်သွန်ဖြူဥ ခြောက်သွား
ပါက အသစ်ပြန်လဲပေးပါ။
                                                              ရှာလကာရည်

ရှာလကာရည်ဟာအင်းဆက်ပိုးကောင်တွေကိုသေစေဖို့၊မောင်းထုတ်ဖို့အ
တွက် အလွန်အသုံးဝင်ပါတယ်။ဟင်းချက်ရာမှာထည့်သုံးဖို့အတွက်အန္တရာယ်
ကင်းပေမယ့်အိမ်တွင်းပိုးကောင်ပြသနာကို အမြန်ဆုံးဖြေရှင်းပေးနိုင်ပါတယ်။
                                                                      ငရုတ်သီးမှုန့်

အိမ်တွင်းမှာစိုက်တဲ့အပင်တွေကိုဒုက္ခပေးတဲ့အင်ဆက်ပိုးကောင်တွေကိုငရုတ်
သီးမှုန့်နဲ့နှိမ်နှင်းလို့ရပါတယ်။ဆေးဖြန်းပုံထဲမှာ ရေ၊ငရုတ်သီးမှုန့်နဲ့ဆပ်ပြာ
ရည်အနည်းငယ်ထည့်ပြီးအပင်ကိုဖြန်းပေးပါက ကပ်ညိနေသောအင်းဆက်ပိုး
ကောင်များကိုသေစေနိုင်ပါတယ်။
                                                    သံပုရာခွံ၊လိမ္မ်ာခွံ၊ရှောက်သီးခွံ

ထိုအခွံများဟာအင်းဆက်ပိုးများ အထူးသဖြင့်ပင့်ကူများကိုထွက်ပြေးစေပါ
တယ်။ပင့်ကူတွေအိမ်လာစောက်တတ်တဲ့နေရာမှာ ထိုအခွံကိုသွားထားလိုက်ပါ
ကျန်တာထိုအခွံကကြည့်လုပ်ပါလိမ့်မယ်။စီးထရက်သီးတွေကိုမုန်းတဲ့အင်း
ဆက်ပိုးများသင့်အိမ်ပေါ်ကဆင်းသွားပါလိမ့်မယ်။

ဇင်မာမြင့် Ref:healthboss.in
Health Digest

အချစ်ဆိုတဲ့အရသာ - Sai Htee Sai (+playlist)

မန်ယူအသင်းမှာ ထွက်ခွာဖို့ ပြောကြားလာသည့် ဖေဘီယို

Thursday, October 10, 2013
-----------------------------------

မန်ချက်စတာယူနိုက်တက် နောက်ခံ ကစားသမား ဖေဘီယို ဒါဆေးလ်ဗားဟာ မန်ယူအသင်းမှ ထွက်ခွာဖို့ စဉ်းစားနေပြီ ဖြစ်ကြောင်း၊ ငယ်စဉ်က ပါဝင်ကစားပေးခဲ့ဖူးသည့် ဖလူမီနီးစ်အသင်းသို့ ပြန် လည် ပြောင်းရွှေ့နိုင်ခြေ ရှိနေကြောင်း ပြောကြားလိုက်သည်။

ဖေဘီယိုက “အခုလောလောဆယ်တော့ မသိသေးပါဘူး။ ကျနော့်အထင်တော့ လာမယ့် အပြောင်းအရွှေ့ရာသီ၊ ဒါမှ မဟုတ် နောက်နှစ်မှာ ဖြစ်လာနိုင်ပါတယ်။ ကျနော် ထွက်ခွာသင့်ပြီလို့ ထင်ပါတယ်။ ဖြစ်လာနိုင်စရာတွေ အများကြီး ရှိနေပါတယ်။ ကျနော် အခု တစ်ခြားအသင်းတွေကို ကြည့်နေပါပြီ။ သေချာပေါက် ပြောနိုင်တာတော့ မရှိသေးပါဘူး။”

“ကျနော် ပျော်ရွှင်မှုတွေ လိုလားပါတယ်။ ပြီးတော့ ကျနော် ကစားခွင့် ရချင်ပါတယ်။ ကျနော် မိသားစုနဲ့လည်း နီးနီးကပ်ကပ်နေချင်ပါတယ်။ ကျနော် ဘရာဇီးလ်ကို ပြန်သွားနိုင်သလို၊ ဘရာဇီးလ်မဟုတ်တဲ့နေရာလည်း ဖြစ်ချင်ဖြစ်နိုင်ပါတယ်။ ကျနော်အတွက် ဘယ်အရာက အကောင်းဆုံးလဲ ဆိုတာကို မန်နေဂျာနဲ့ သေသေချာချာ စစ်ဆေးနေပါတယ်။” ဟု ပြောကြားခဲ့သည်။

ဖေဘီယိုဟာ ဘရာဇီးလ်ကလပ် ဖလူမီနီးစ်မှာ ငယ်စဉ်က ပါဝင် ကစားပေးခဲ့ဖူးသည့် ကစားသမား ဖြစ်ပြီး ဖလူမီနီးစ်အသင်းမှာပြန်လည် ခြေချဖွယ်ရှိကြောင်းကိုလည်း အရိမ်အမြွက်မျှ ပြောကြားခဲ့သေးသည်။

“ဖလူမီနီးစ်အသင်းအပေါ်မှာ ထားတဲ့ ကျနော့် ခင်တွယ်မှုဟာ သိပ်ကို ကြီးမားပါတယ်။ သေချာတာပေါ့။ ကျနော် အဲဒီမှာ ၇ နှစ်တောင် ကစားခဲ့ပါတယ်။ တကယ်လို့များ ကျနော် အဲဒီကို ပြန်သွားပြီး ကစားရမယ်ဆိုရင် သိပ်ကို ဂုဏ်ယူမိမှာပါ။ ဘာလို့လဲဆိုတော့ ကျနော် သူတို့ကို သိပ်ခင်တွယ်လို့ပါပဲ။” ဟု ပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

Written by အောင်စိုးမိုး(နတ်ရွာ)
football-cafe

တရုတ်ပြည်မှ စားသောက်ကုန် ဘေးကင်းလုံခြုံမှုနှင့် အနာဂတ် မြန်မာပြည်

၂၀၁၃ ခုနှစ် ဇူလိုင်လ ဟောင်ကောင်လေဆိပ် တစ်နေရာ [A]....။

ဥရောပခရီးကအပြန် ခရီးတစ်ထောက် ရောက်နေတဲ့ ပြည်မကြီးက တရုတ်လူမျိုး အယောက်လေးဆယ်ပါတဲ့ အဖွဲ့။ ဝယ်ခြမ်းခဲ့တဲ့ ပိုးသားပဝါတွေ၊ ဆွစ်နာရီတွေ၊ နာမည်ကြီး လူးဝစ်ဗီတန် (Louis Vuitton) အိတ်တွေ အပြည့်နဲ့ပေါ့။ အဲ ... နောက်ထပ် ထူးခြားတာတစ်ခုက ကလေးနို့မှုန့်တွေ အပြည့်အသိပ် သယ်လာတာပါပဲ။
သူတို့ထဲက တစ်ယောက်က ‘ဂျာမနီက ကုန်တိုက်ကြီးတွေမှာ တက်သုတ်ရိုက်ပြီး ဝယ်ခဲ့ရတာဗျ။ တစ်ယောက်ကို နို့မှုန့်ဘူး ဒါဇင်ဝက် လောက်တော့ အိတ်ထဲထည့် သယ်နိုင်ခဲ့တယ်’ လို့ ပြောတယ်။ တရုတ် အမျိုးသမီး တစ်ယောက်ကလည်း “အခုထက် သယ်ရတာ လွယ်လို့ကတော့ အများကြီး ဝယ်ခဲ့ချင်တာပေါ့ရှင်။ အဲဒီမှာက ကောင်းလည်းကောင်း၊ ဈေးလည်းချိုတယ်ရှင့်” လို့ ဆိုတယ်။ သူမက နို့မှုန့်နှစ်ဘူးပဲ ဝယ်ခဲ့တာလေ။

တရုတ်လူမျိုးတွေဟာ ကလေးနို့မှုန့်တွေကို တရုတ်ပြည်မကြီး အပြင်ဘက် ဘယ်နေရာကပဲ ဖြစ်ဖြစ် ရသလောက် ဝယ်နေကြတော့ နယ်သာလန်၊ နယူးဇီလန်တို့ အပါအဝင် အနည်းဆုံး နိုင်ငံခြောက် နိုင်ငံမှာ နှို့မှုန့် ပြတ်လပ်မှုတောင် ဖြစ်ခဲ့ရတယ်။ ဒီပြတ်လပ်မှုဟာ တရုတ်တွေရဲ့ စားသုံးမှုပုံစံနဲ့ အစားအသောက်နှင့် ပတ်ဝန်းကျင်ဆိုင်ရာ လုံခြုံစိတ်ချရမှု (Food and Environmental Safety) အပေါ် ရေချိန် မြင့်တက်လာတဲ့ စိုးရိမ်မှုကို မြင်သာစေပါတယ်။

အကျိုးဆက်အနေနဲ့ ဗြိတိန်နိုင်ငံက တချို့ဆိုင်တွေဆိုရင် လူတစ်ယောက်ကို နှို့မှုန့်နှစ်ဘူးပဲ ဝယ်ခွင့်ရှိတယ်လို့ သတ်မှတ်လိုက်သတဲ့။ ဟောင်ကောင်နိုင်ငံ အကောက်ခွန် အရာရှိ တွေကလည်း လူတစ်ယောက်ကို နို့မှုန့်နှစ်ဘူး သို့မဟုတ် နို့မှုန့်အလေးချိန် လေးပေါင်အထိပဲ သူ့နိုင်ငံထဲကနေ သယ်ယူထွက်ခွာခွင့် ချမှတ်လိုက်တယ်။ ဖောက်ဖျက်ရင် ဒဏ်ငွေ ၆၅၀၀ ဒေါ်လာနဲ့ အတူ ထောင်ဒဏ် ၂ နှစ်ထိတောင် ကျခံရနိုင်တယ် ဆိုတာမျိုးအထိ ဖြစ်သွားခဲ့တယ်။ ၂၀၁၂ ဧပြီလမှာ နှစ်ရက် စီမံကိန်းနဲ့ ရှာဖွေ ဖမ်းဆီးလိုက်တာ နို့မှုန့်ပေါင် ၂၀၀ လောက်နဲ့ လူဆယ်ယောက်လောက်ကို ဖမ်းမိခဲ့တယ်။

နို့မှုန့်ခြေရာ

တရုတ်လူမျိုးတွေ ပြည်ပက နို့မှုန့်တွေကို ဘာကြောင့် အငမ်းမရ ဝယ်ယူနေကြသလဲ ဆိုတာကို ခြေရာကောက်ဖို့ဆိုရင် ၂၀၀၈ ခုနှစ်ကို ပြန်သွားရပါမယ်။ တရုတ်ပြည်ထုတ် နို့မှုန့်တွေထဲမှာ မယ်လမင်း ဓာတ်တွေတွေ့ရပြီး ကျောက်ကပ်တွင် ကျောက်တည်ခြင်း၊ ကျောက်ကပ်ပျက်စီး ခြင်းများကြောင့် ကလေးခြောက်ယောက် အသက်ဆုံးရှုံးခဲ့ရ၊ ကလေးငယ်ပေါင်း ၅၄,၀၀၀ ခန့်ကို ဆေးရုံတင်ခဲ့ရတဲ့ ၂၀၀၈ ခုနှစ်ပေါ့။ [B] အဆိုပါ၂၀၀၈ ခုနှစ် ဇူလိုင်လမှာ ဂန်စူပြည်နယ် (Gansu) က ကလေး ၁၆ ယောက် ကျောက်ကပ်မှာ ကျောက်တည်တဲ့အတွက် ဆေးစစ်ရာက နို့မှုန့် ပြဿနာရဲ့မီးခိုး စတင်ထွက်ခဲ့တယ်။

အဲဒီ ၂၀၀၈ ခုနှစ် တရုတ်နို့မှုန့်ကိစ္စကို စားသောက်ကုန် ဘေးကင်းလုံခြုံမှု (Food Safety) ဆိုင်ရာ အကြီးဆုံး ပြဿနာတွေထဲက တစ်ခုလို့တောင် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (WHO) က ရည်ညွှန်း ပြောဆိုလာခဲ့ရတယ်။ လအနည်းငယ်အကြာ ၂၀၀၈ ခုနှစ် အောက်တိုဘာလမှာ ကြက်ဥနဲ့ အခြား စားသောက်ကုန် တွေမှာလည်း မယ်လမင်းတွေ ထပ်မံတွေ့ရှိခဲ့တယ်။

နောက် ၂ နှစ်အကြာ၂၀၁၀ ဇူလိုင်လမှာလည်း တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အနောက်မြောက်ဘက်က ပြည်နယ်တစ်ခုမှာ နို့ထွက်ပစ္စည်း ကုန်ကြမ်း ၆၄ တန်ကို စစ်ဆေးခဲ့ရာမှာ အဆိပ်ဖြစ်စေတဲ့ ဓာတု ပစ္စည်းများနဲ့ မယ်လမင်းဓာတ်များ သတ်မှတ်ထားတဲ့ ပမာဏထက် အဆ ၅၀၀ ကျော် တွေ့ရှိခဲ့တဲ့အတွက် တာဝန်ရှိသူတွေက ဖမ်းဆီးခဲ့ပါတယ်။ [C]

တရုတ်နို့မှုန့် ပြဿနာကို စတင်အနံ့ခံနိုင်ခဲ့ပြီး တာဝန်ရှိသူတွေကို အကြောင်းကြားခဲ့ သူတွေထဲက တစ်ဦးဖြစ်တဲ့ ကျန်းဝေစူး (Jiang Weisuo) ဆိုသူ ၂၀၁၂ နိုဝင်ဘာလမှာ သူ့ဇနီးဖြစ်သူက ဓားနဲ့ထိုးလို့ပဲ သေရသလိုလို၊ လူငှားပြီး အသတ်ခံရသလိုလို ဖြစ်ခဲ့တဲ့ သတင်းဟာလည်း တရုတ်ပြည်သူတွေ အနေနဲ့ သူတို့ဆီက စားသောက်ကုန်တွေရဲ့ ယုံကြည်စိတ်ချရမှု အပေါ် ပိုပြီး သံသယတွေ ပွားစေခဲ့ပါတယ်။ [D]

တရုတ်အစိုးရ၏ တာဝန်ယူမှု

၂၀၀၈ နို့မှုန့် ပြဿနာအပေါ် တရုတ်နိုင်ငံ အစိုးရဘက်ပိုင်းက တာဝန်ယူမှုကို ကြည့်ရင်လည်း အားရစရာ သိပ်မရှိလှပါဘူး။

တကယ်တော့ နို့မှုန့်မှာ မယ်လမင်းဓာတ် ပါတဲ့ကိစ္စဟာ ဆန်လု (Sanlu) ကုမ္ပဏီက စတင်ခဲ့တာပါ။ ဆန်လုရဲ့ ၄၃ ရာခိုင်နှုန်းကို နယူးဇီလန်က ဖွန့်တာရာ (Fonterra) ကုမ္ပဏီက ပိုင်ဆိုင်ပြီး မယ်လမင်းဓာတ် တွေ့တဲ့အကြောင်း ၂၀၀၈ ခုနှစ် သြဂုတ်လ ၂ ရက် (ပြည်သူတွေ မသိခင် တစ်လအလို) မှာ ဖွန့်တာရာက သိခဲ့ပြီး ရောင်းပြီးပစ္စည်းအားလုံး ပြန်သိမ်းဖို့ တွန်းအား ပေးခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။

တိုက်တိုက်ဆိုင်ဆိုင်ပဲ ၂၀၀၈ ခုနှစ်ဟာ အိုလံပစ်ပွဲတော် အိမ်ရှင်အဖြစ် တရုတ်ပြည်က လက်ခံကျင်းပနေချိန် ဖြစ်နေတယ်။ အိုလံပစ်ပွဲတော် လက်ခံကျင်းပခွင့် ဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ စွမ်းဆောင်နိုင်မှုကို မသိမသာ လှစ်ပြလို့ရတဲ့ ပွဲတစ်ပွဲလည်း ဖြစ်လေတော့ တရုတ်အစိုးရ ကလည်း နို့မှုန့်ကိစ္စကြီးဟာ အိုလံပစ်အတွက် ဆူးညောင့် ခလုတ်တစ်ခု ဖြစ်လာမှာကို စိုးရိမ်တကြီး ဖြစ် လာတယ်။

ဒီတော့ တရုတ်အစိုးရက တရုတ် သတင်းသမားများကို နို့မှုန့်ကိစ္စအတွက် အကျယ်အကျယ် မငြိမ်းဖွယ် မလုပ်ဖို့၊ သိုသိုသိပ်သိပ် လုပ်ကြဖို့ ညွှန်ကြားခဲ့တယ်လို့ နောက်ပိုင်းမှာ သတင်းတွေ ထွက်ခဲ့ပါတယ်။ တရုတ် သတင်းစာများကို နို့မှုန့်ကိစ္စနဲ့ ပတ်သက်ပြီး အဆိုးဘက်ကို မရေးဖို့၊ နိုင်ငံပိုင် သတင်းစာ စင်ဟွာရဲ့သတင်းအတိုင်းပဲ တစ်သဝေမတိမ်းရေးဖို့ ပြောကြားခဲ့ပါတယ်။ စီစီတီဗီ (CCTV) သတင်းဌာန ဆိုရင် နို့မှုန့်အကြောင်း မဟုတ်ဘဲ မကြာမီ အာကာသခရီး စတင်တော့မယ့် အာကာသယာဉ် ရှန်းဂျိုး အမှတ် ၇ (Shenzhou 7) အကြောင်းကိုပဲ အသားပေးပြီး ဖော်ပြခဲ့ပါတယ်။

အဲဒီလို ဖုံးကွယ်မှုတွေ၊ နှေးကွေးတဲ့ တုံ့ပြန်မှုတွေကို ထိုစဉ်က နယူးဇီလန်နိုင်ငံ ဝန်ကြီးချုပ် ဟယ်လန်ကလပ် (Halen Clark) အပါအဝင် အနောက်နိုင်ငံ သတင်းစာတိုက် များကလည်း အပြင်းအထန် ဝေဖန်ခဲ့ကြပါတယ်။
နောက်ဆုံးတော့လည်း ၂၀၀၈ ခုနှစ် စက်တင်ဘာ ၁၅ ရက်မှာ ဆန်လုကုမ္ပဏီဟာ လူသိရှင်ကြား အများပြည်သူကို တောင်းပန်ခဲ့ပါတယ်။

နိုင်ငံတကာ၏ ယုံကြည်မှု

၂၀၀၈ နို့မှုန့် ပြဿနာရဲ့ အကျိုးဆက်ကတော့ နိုင်ငံ ၂၅ နိုင်ငံက တရုတ်နို့မှုန့် အပါအဝင် အခြား နို့ထွက်ပစ္စည်းများကို တင်သွင်းခွင့် ပိတ်ပင်လိုက်ခြင်း ပါပဲ။ မြန်မာပြည်ကလည်း တရုတ်နို့မှုန့် ၁၆ တန်ကို ဖျက်ဆီးခဲ့ပြီး တရုတ်နို့မှုန့် ကိုးမျိုးကိုလည်း တင်သွင်းခွင့် ပိတ်ခဲ့ပါတယ်။ [E]
အိန္ဒိယနိုင်ငံကတော့ တရုတ်နိုင်ငံထုတ် နို့ထွက်ပစ္စည်း တင်သွင်းခွင့်ကို ၂၀၁၃ ဇွန်လ ၂၃ မှ နောက်ထပ်တစ်နှစ် ထပ်မံပိတ်ပင်လိုက်ကြောင်း သိပ်မကြာသေးခင်က ပြောကြားသွားတယ်။ [F]

ယုံကြည်မှုဆိုတာ အလွယ်တကူနဲ့ ပြန်လည် ဆောက်တည်လို့ ရတာမျိုးမှ မဟုတ်တာ။ အထူးသဖြင့် နိုင်ငံနဲ့ချီပြီး အဆိုးအကောင်း ထိခိုက်နိုင်တာမျိုးဆိုရင် ပိုပြီးတောင် အချိန်ကြာကြာ ယူရမှာပါပဲ။

တရုတ်ပညာရှင်တစ်ဦး၏ အမြင်

ကမ္ဘာကြီးရဲ့ ဆူပါပါဝါ နိုင်ငံဟာ အမေရိကန်ပြည်ထောင်စုကနေ တရုတ်နိုင်ငံများ ဖြစ်လာပြီလား ဆိုတဲ့ မေးခွန်းအတွက် တရုတ်နိုင်ငံ ဘေဂျင်းမြို့ ချင်းဟွာ (Tsinghua) တက္ကသိုလ်က နိုင်ငံတကာ လေ့လာရေး ပါမောက္ခ ဆွန်ဂျူရာ (Sun Zhe) က သူ့ရဲ့အမြင်ကို အခုလို ပြောကြားခဲ့ပါတယ်။ [G]
“ပါဝါတန်ခိုး ရွေ့လျားမှု (Power Shifting) အတွက် ပညာရှင်တွေ အများကြီး ပြောခဲ့ပြီးပါပြီ။ ဒါပေမဲ့ ဒီသဘောတရားကို သတိကြီးကြီး ထားရပါလိမ့်မယ်။ ဥပမာ ဆိုရရင် ဖွံ့ဖြိုးပြီး နိုင်ငံတွေကနေ ဖွံ့ဖြိုးဆဲ နိုင်ငံတွေဆီ ပါဝါတန်ခိုးတွေ ရွေ့နေတယ်လို့ သူတို့က ပြောကြတယ်။ သို့သော်ငြားလည်း ဖွံ့ဖြိုးဆဲတွေဟာ ဖွံ့ဖြိုးပြီးတွေကို နိုင်ငံရေး လွှမ်းမိုးမှုအပိုင်းမှာ ယှဉ်နိုင်ပါ့မလား။

အခုဆိုရင် နိုင်ငံတစ်ခုမှ တစ်ခုသို့ ပါဝါတန်ခိုး ရွေ့လျားမှုကို ကျွန်တော်တို့ ပြောခဲ့ကြတယ်၊ ဒါပေမဲ့ နိုင်ငံတစ်နိုင်ငံရဲ့ ပြည်တွင်းရေးရာ မူဝါဒရဲ့ အကျိုးသက်ရောက်မှု ကိုတော့ လျစ်လျူရှုထားခဲ့တယ်။ ဥပမာ - တရုတ်ကိုပဲကြည့် ... သဘာဝ ပတ်ဝန်းကျင် ညစ်ညမ်းမှု၊ စားသောက်ကုန် ဘေးကင်းလုံခြုံမှုကို ကိုင်တွယ် ဖြေရှင်းတဲ့အပေါ် မူတည်ပြီး ကမ္ဘာက တရုတ်ပြည်ကို ဘယ်လိုမြင်သလဲဆိုတာ ဆုံးဖြတ်ပေးသွားမှာပါပဲ”

စားသောက်ကုန် ဘေးကင်းလုံခြုံမှုဟာ အဲဒီလောက်တောင် အရေးကြီးနေတယ်လို့ အနှီပါမောက္ခက ဆိုသွားပါတယ်။ ဒီနေရာမှာ ထူးဆန်းတာက တရုတ်နိုင်ငံကို ဖွံ့ဖြိုးဆဲလို့ ယူဆတာပါပဲ။
အတိတ်က ဖြစ်ရပ်များအပေါ် သင်ခန်းစာယူမှု တရုတ်ပြည်ဟာ ၂၀၀၈ ခုနှစ် အဖြစ်အပျက်ကို သင်ခန်းစာယူခဲ့ပုံ မပေါ်ပါဘူး။ ထိုအချက်ကို သိသာပေါ်လွင်အောင် ကိန်းဂဏန်းများဖြင့် တင်ပြခွင့်ပြုပါ။ [H]

ရှန်ဟိုင်း ဂျိအားတွန်း (Shanghai Jiao Tong) တက္ကသိုလ်က စားသောက်ကုန် ဘေးကင်းလုံခြုံမှု အပေါ် ပြည်သူလူထုရဲ့ အထင်အမြင်တွေကို မှတ်တမ်း တင်ခဲ့ပါတယ်။ အဲဒီအချက်အလက်များအရ စားသောက်ကုန် ဘေးကင်း လုံခြုံမှုအတွက် နာမည်ဆိုး အတပ်ခံခဲ့ရတဲ့ တစ်ဦးပိုင် ကုမ္ပဏီတွေဟာ ၂၀၁၁ ခုနှစ်မှာ ၄၃ ဒသမ ၁ ရာခိုင်နှုန်းကနေ ၂၀၁၂ ခုနှစ် အရောက်မှာတော့ ၅၃ ဒသမ ၂ ရာခိုင်နှုန်း ဖြစ်လာပါတယ်။

၂၀၁၂ ဖေဖော်ဝါရီလတုန်းက ကောက်ညှင်းဖက်ထုပ် ထဲမှာ အနာကပ် ပလတ်စတာတစ်ခု တွေ့တဲ့အတွက် ရေခဲရိုက် ဖက်ထုပ် ကုမ္ပဏီတစ်ခုလည်း စားသုံးသူတွေရဲ့ ယုံကြည်မှု အကြီးအကျယ် ဆုံးရှုံးခဲ့ရပါတယ်။

၂၀၁၂ ဒီဇင်ဘာမှာ ရှန်ဟိုင်း စားသောက်ကုန် ဘေးကင်းလုံခြုံမှုဆိုင်ရာ အရာရှိတွေက ကမ္ဘာကျော် ကေအက်ဖ်စီ (KFC) ကြက်ကြော်အတွက် ၂၀၁၀ မှ ၂၀၁၁ အတွင်း ကုန်ကြမ်းသွင်းခဲ့တဲ့ ကုမ္ပဏီ တစ်ခုကို စစ်ဆေးရာမှာ ပဋိဇီဝ ပစ္စည်းတွေ အများကြီး သုံးစွဲထားတာကို တွေ့ရပါတယ်။ ဒီကိစ္စကြောင့် တရုတ်ပြည်သူတွေလည်း အတော့်ကို ယမ်းပုံမီးကျ ဖြစ်ခဲ့ရတယ်။

ဒါကြောင့်လည်း စားသောက်ကုန် ဘေးကင်းလုံခြုံမှုအတွက် တင်းကျပ်တဲ့ စီမံခန့်ခွဲမှုနဲ့ ပိုမိုပြင်းထန်တဲ့ အပြစ်ပေးမှုတွေ လိုအပ်နေတယ်လို့ တရုတ် ဒုတိယဝန်ကြီးချုပ်က ၂၀၁၃ စက်တင်ဘာ ၁၁ ရက်နေ့မှာ တိုက်တွန်း ပြောကြားခဲ့ရတယ်။ [I]

အမေရိကန်၏ စိုးရိမ်မှု

အမေရိကန်ပြည်ထောင်စုက ကြက်တွေကို တရုတ်ပြည်တင်ပို့၊ တရုတ်ပြည်မှာ ခုတ်ထစ်လှီးဖြတ် ကိုင်တွယ်ပြီး အမေရိကန်နိုင်ငံကို ပြန်လည် ပို့ခွင့်ကို အိုဘားမား အစိုးရအဖွဲ့က ခွင့်ပြုလိုက်တဲ့အပေါ် ဝေဖန်မှုတွေ အများကြီး ရှိနေတဲ့အကြောင်း ၂၀၁၃ စက်တင်ဘာ ၂၇ ရက်နေ့ သတင်းတစ်ပုဒ်မှာ ဖော်ပြထားပါတယ်။ ‘အမေရိကန်နိုင်ငံရဲ့ စားသောက်ကုန် လုံခြုံဘေးကင်းမှု သတ်မှတ်ချက်တွေကို သူတို့ (တရုတ်တွေ) လိုက်နာရဲ့လား ဆိုတာကို အမေရိကန်က စားသုံးသူတွေ သိခွင့်ရှိတယ်’ လို့ အမေရိကန် စိုက်ပျိုးရေးဌာနကလည်း သူတို့ရဲ့ ပူပန်မှုကို ထုတ်ဖော်ခဲ့တယ်။ [J]
တော်တော်အလုပ်ရှုပ်တဲ့ အမေရိကန်တွေလို့ ဝေဖန်မယ်ဆိုလည်း ဝေဖန်ချင်စရာပါပဲ။

မြန်မာနိုင်ငံအပေါ် အကျိုးသက်ရောက်မှုနှင့် ပြင်ဆင်မှု

ကျွန်တော်တို့ မြန်မာပြည်မှာ ကလေးတွေစားတဲ့ ချိုချဉ်၊ လေထိုးထားတဲ့ အာလူးကြော် ထုပ်တွေက အစ ဆန်ကြာဆံ၊ အသင့်စား ခေါက်ဆွဲခြောက်ထုပ်နဲ့ ဆိုးဆေး အလယ်၊ စားအုန်းဆီနဲ့ စံချိန်မမီ ဆေးဝါးများအဆုံး တရုတ်ပစ္စည်းကိုပဲ အားထားနေကြရတာ အားလုံးအသိပါပဲ။ တရုတ်နိုင်ငံ ထုတ် စားသောက်ကုန်များဟာ မြန်မာနိုင်ငံရဲ့ အမျိုးသား ကျန်းမာရေးအပေါ် အကျိုးသက်ရောက်မှု အများကြီး ရှိနေတဲ့အတွက် ထိထိရောက်ရောက်နဲ့ မြန်မြန်ဆန်ဆန် လုပ်ဆောင်ပါမှ တော်ကာကျပါမယ်။

အခုအချိန်ထိ မြန်မာပြည်ကို တင်သွင်းတဲ့ တရုတ် စားသောက်ကုန်တွေနဲ့ ပတ်သက်ပြီး စစ်ဆေးချက်၊ တွေ့ရှိချက်၊ ကျန်းမာရေးနှင့် မကိုက်ညီတဲ့ ကုန်ပစ္စည်း အမျိုးအမည်ကို အများပြည်သူသိအောင် ထုတ်ပြန် ကြေညာချက်တွေ လောက်လောက်လားလား မရှိသေးဘူးလို့ ကျွန်တော် မြင်မိတယ်။

ဒါပေမဲ့ ၂၀၁၃ မတ်လ ပြည်သူ့လွှတ်တော် ဆဋ္ဌမ ပုံမှန် အစည်းအဝေးမှာ ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဝင်းမြင့်က ကျန်းမာရေးဦးစီးဌာန အောက်ရှိ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဌာနမှာ ဝန်ထမ်း ၁၁၄ ဦးသာ ရှိတဲ့အတွက် အရှိန်အဟုန် မြှင့်နိုင်အောင် ဝန်ထမ်း ၆၀၀ ကျော် ပါဝင်တဲ့ သီးခြားဦးစီးဌာန အဆင့်တိုးမြှင့်၍ တိုးချဲ့ဖို့ ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားသွားတာကိုတော့ ဖတ်လိုက်ရတယ်။ [K]

အဲဒီ ဖြေကြားချက်နှင့် သက်သက်ပြီး မေးခွန်းရှင် မြောက်ဥက္ကလာပ မဲဆန္ဒနယ် ဒေါက်တာသန်းဝင်းက “ပြည်သူကို အန္တရာယ် ဖြစ်စေတဲ့ အစားအသောက် ဆေးဝါးတွေဟာ ဈေးကွက်ထဲမှာ ကျယ်ပြန့်စွာ ရောက်နေပြီး အရေးယူမှု ထိရောက်ခြင်း မရှိသေးဘူး ဆိုတာကို တွေ့နိုင်ပါတယ်။ နေ့စဉ် ဈေးကွက်ထဲမှာ တားမြစ်ဆိုးဆေးများ ပါဝင်တဲ့ အစားအသောက်၊ သီးနှံ၊ ဟင်းသီးဟင်းရွက်၊ စံချိန်မမီဆေးဝါး၊ အသင့်စားသုံးနိုင်တဲ့ သရေစာတွေ၊ ကြာရှည်ခံအောင် လုပ်ထားတဲ့ အစားအစာ တွေကို ထိရောက်စွာ တားမြစ်၊ အရေးယူ ပိတ်ပင်မှုများ ပြုလုပ်ဖို့ အများကြီး လိုအပ်နေသေးပါတယ်။ ဒဏ်ငွေတစ်ခုတည်းနဲ့ မလုံလောက်ဘဲ ထိရောက်တဲ့ ပြစ်ဒဏ်တွေ ချမှတ် အရေးယူသင့်ပါတယ်” စသဖြင့် ပြောပြတယ်။

ဒေါက်တာသန်းဝင်း၏ မေးခွန်းနှင့် စပ်လျဉ်း၍ လသာ မဲဆန္ဒနယ်မှ ဦးကြည်မြင့်က “အစားအသောက် တွေမှာ ပါဝင်တဲ့ ဆိုးဆေး၊ ဓာတုကုန်ကြမ်း ပါဝင်မှုအပေါ် ထိန်းချုပ်ဖို့ အမှန်ပဲ လိုအပ်ပါတယ်။ မြန်မာနိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာနက သတင်းထုတ်ပြန်မှုတွေ ရှိပေမယ့် ထုတ်လုပ်သူရော၊ စားသုံးသူပါ ဂရုပြုလိုက်နာမှု နည်းနေပါသေးတယ်။ အခု မေးသွားတဲ့ မေးခွန်းအပေါ် ပြန်လည် ဖြေကြားမှုကလည်း ပြည်သူတွေအတွက် အကျိုးရှိစေမှာပါ။ အစားအသောက်တွေမှာ ပါဝင်တဲ့ အန္တရာယ် ဖြစ်စေတဲ့ ဓာတုကုန်ကြမ်းနဲ့ ဆိုးဆေးတွေကို ပြည်သူတွေက ကျန်းမာရေး အသိရှိရပါမယ်။ ဒါမှလည်း သုံးစွဲတဲ့အခါ ရှောင်ရှားနိုင်ပါမယ်” လို့ သူ့အမြင်ကို ပြောသွားခဲ့ပါတယ်။

၂၀၁၃ ဇူလိုင် ၃၀ က သတင်းတစ်ပုဒ်မှာလည်း မြန်မာနိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေး ဌာနက မူဆယ်၊ မြဝတီနဲ့ တမူးမြို့တွေမှာ ရုံးခွဲများ ဖွင့်လှစ်ပြီး တရုတ်၊ ထိုင်း၊ အိန္ဒိယက တင်ပို့လာတဲ့ စားသောက်ကုန်တွေ စစ်ဆေးမယ်လို့ ဖော်ပြထားပါတယ်။ ကြိုဆိုစရာ သတင်းကောင်းတစ်ခုပါ။ [L]

နိဂုံးချုပ် ရရင်တော့ မြန်မာနိုင်ငံ အစိုးရအဖွဲ့ဝင်များ၊ လွှတ်တော်အမတ်များ၊ အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဌာန (FDA) တို့အနေနဲ့ တရုတ်က တင်သွင်းလာတဲ့ စားသောက်ကုန်တွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးဖို့ နှိုးဆော်ခြင်း၊ အကောင်အထည် ဖော်ခြင်းများ လိုအပ်ပြီး စတုတ္တမဏ္ဍိုင် ဖြစ်တဲ့ စာနယ်ဇင်း သမားများကလည်း တရုတ်နိုင်ငံထုတ် ဘေးမကင်းတဲ့ စားသောက်ကုန်များ အကြောင်း အများပြည်သူတွေကို ထပ်တလဲလဲ သတိပေးနေ သင့်ပါကြောင်း မေတ္တာရပ်ခံ လိုက်ပါတယ်။ ကင်ဆာရောဂါ ဖြစ်ပွားမှုနှုန်း အင်မတန် မြင့်တက်နေသော မြန်မာပြည်သူပြည်သား တစ်ဦး တစ်ယောက်ချင်း အနေဖြင့်လည်း တရုတ်နိုင်ငံထုတ် ဘေးဥပဒ် ဖြစ်စေနိုင်တဲ့ စားသောက်ကုန်များကို တတ်နိုင်သလောက် ရှောင်ရှားကြဖို့ တိုက်တွန်းလိုက်ပါတယ်။

ကိုချမ်း (ပျဉ်းမနား)
၁၃၇၅ ခု၊ တော်သလင်းလပြည့်ကျော် ၁၀ ရက်နေ့
(၂၉ စက်တင်ဘာ ၂၀၁၃)The Voice Weekly