Saturday, October 19, 2013

ဖော်ကောင်လုပ်ကုန်ပြီး

ကျွန်နော့ နာမည်က ဗိုလ်ကြီး ဖြိုးသက်ထွန်းပါ..မိသားစုက ကနေဒါနိုင်ငံမှာ နေပါတယ်။ဗိုလ်လောင်းသင်တန်း အပတ်စဉ်(၄၇ )သင်တန်းဆင်းတစ်ယောက်ဖြစ်ကာ တပ်ရင်း(၈၅/၉၉) နဲ့နေပြည်တော် စစ်ရုံးချုပ် တို့မှာတာဝန်ထမ်းဆောင်ခဲ့ဘူးပြီး ၂၀၁၃ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့မှာ မျက်လုံးအားနည်း ချို့ယွင်းမှု့ ကြောင့် ဆေးပင်စင်ယူကာ ကနေဒါနိုင်ငံသို့ထွက်ခွာခဲ့ပါတယ်။

Online စာမျက်နှာတွေကနေ နိုင်ငံရေး လူမျိုး/ဘာသာရေး သွေးထိုးလှုံ့ဆော် ၀ါဒဖြန့် နေသော pages တွေဟာ နေပြည်တော် စစ်ရုံးချုပ်မှ ချုပ်ကိုင်ခိုင်းစေနေကြောင်းကို ကျွန်နော် ပါဝင်ပတ်သက်ခဲ့ဘူးသမျှ သိကျွမ်းထားသလောက် ဖောက်သည်ချပါ၇စေ..။

Online ပေါ်မှာ ၀ါဒဖြန့်တဲ့ လှုပ်ရှားမှုကို အစပြုခဲ့တာကတော့ ၂၀၁၁ခုနှစ် နှစ်ကုန်ပိုင်း လောက်ကပါ...ကွန်ပျူတာ ကျွမ်းကျင်စွာကိုင်တွယ် အသုံးပြုတက်ပြီး ယုံကြည်စိတ်ချ ရလောက်တဲ့ တပ်မတော်သား အယောက်(၆၀)ကို နေပြည်တော် စစ်ရုံးချုပ်ဝန်းအတွင်း ရှိ ဧရာဝတီအဆောင် ကွန်ပျူတာခန်းမမှာ တစ်လတိတိ သင်တန်းပေး ကန့်သွင်းကာ အယောက်(၅၀)ကို ဆန်ခါတင် စီစစ်ေ၇ွးချယ်ခဲ့ပါတယ်...ဘာစီမံချက်အတွက် ဘယ်လို ရည်ရွယ်ချက်တွေနဲ့ ၀ါဒဖြန့်ခိုင်းစေခဲ့တာလဲ ဆိုတာကိုတော့ သိပိုင်ခွင့်မရှိသလို တပ်ရဲ့ အစဉ်လာအရ အထက်ကအမိန့်ရှိသည့်အတိုင်း တသဝေမတိမ်း နာခံရစမြဲ ဖြစ်ပါတယ်။

Online ၀ါဒဖြန့်ရေးစီမံချက်အတွက် ကျွန်နော်တို့ကို အဖွဲ့တွေဖွဲ့ကာ တာဝန်တွေကိုယ်စီ ခွဲပေးထားပါတယ်။ဝါဒဖြန့် သတင်းဆောင်းပါးတွေ ဒိုင်ခံရေးပြီး pages တွေမှာတင်ပေးရတဲ့ အဖွဲ့၊pages တွေမှာ လှုံ့ဆော်ရေးသတင်းတင်လိုက်ရင် ကိုယ့်ဘက်ကနေ အလံခြူးလုပ် ပြီး posts တွေအောက်မှာ comment ၀င်ရေးကာ ပြန် share ပြီး ဖြန့်ဝေပေးရတဲ့အဖွဲ့၊ အစိုးရကောင်းကြောင်း သတင်း ဆောင်းပါးတွေနဲ့ လူမျိုး/ဘာသာ သွေးကွဲအမြင်စောင်း စေတဲ့ သတင်းအချက်အလက်တွေကို နိုင်ငံခြား ဘလော့ဂ်တွေကနေ ရှာဖွေပေး ရတဲ့ (ဥပမာ-Anti-Islam,Ban Islam,Islam Virus)ကဲ့သို့ ဘလော့ဂ်တွေ ကနေ လူမျိုး ဘာသာမုန်းတီးရေး အကြောင်းအရာတွေကို ရှာဖွေစုဆောင်းရတဲ့ အဖွဲ့ ဆိုပြီး တာဝန်တွေ ခွဲပေးထားတယ်။ကျနော်တို့ အဖွဲ့မှာ တစ်ယောက်ကို နာမည်ပေါင်းစုံနဲ့ acc (၁၀)ခု (၁၅)လောက်ဆီ ဖွင့်ပြီးလှုပ်ရှားစေခဲ့ပြီး နေ့ပိုင်း ညပိုင်းခွဲပြီး တာဝန်ထမ်းဆောင် ရပါတယ်။ ကျွန်တော်တာဝန်ယူ လုပ်ဆောင်ပေးရတဲ့ အပိုင်းကတော့ ၀ါဒဖြန့်တဲ့ posts တွေအောက်မှာ accပေါင်းစုံနဲ့ ထောက်ခံတဲ့ဘက်က comment ၀င်ရေးပေးရပြီး အများသိအောင်ပြန်လည် ဝေမျှဖြန့်ချိပေးရတဲ့ တာဝန်ပါ။ကျနော်တို့ကို တိုက်ရိုက် ညွှန်ကြား ကြပ်မတ်တာကတော့ စစ်ရုံးချုပ်ရဲ့ ပြန်ကြားရေးဌာနက ညွှန်ချုပ်အဆင့်ရှိတဲ့ ဗိုလ်မှူးကြီးတွေကိုယ်တိုင် အနီးကပ် အမိန့်ပေး ညွှန်ကြားတာပါ။ညွှန်ချုပ်ကြီးတွေကိုတော့ ဘယ်လို အကြီးအကဲတွေ ခိုင်းစေနေတာလဲ ဆိုတာကို သိပိုင်ခွင့် မရှိပါဘူး...

Online သုံးနေတဲ့ ပြည်သူတွေ သတိမထားမိလို့ပါ ကျွန်နော်တို့ ၀ါဒဖြန့်တဲ့ pages တွေ တိုင်းမှာ NLD နဲ့ ဒေါ်စု မကောင်းကြောင်းတွေ အတိုက်အခံပါတီနဲ့ နိုင်ငံရေးခေါင်း ဆောင်တွေရဲ့ အပြစ်အနာအစာတွေကို ဟုတ်တာကော မဟုတ်တာကောရောပြီး ဆော် နေတာပါ။ပြီးတော့ ကုလားတွေ ယုတ်မာရိုင်းစိုင်းတဲ့ အကြောင်းတွေကို အသားပေးပြီး ဖွပေးကာ ပြည်တွင်းဖြစ်ပျက်နေတဲ့ ဘာသာရေး အဓိကရုဏ်းကို အချိန်တက်စေမယ့် လုပ်ကြံသတင်းဆောင်းပါးတွေကြည့်ေ၇ွးချယ်တင်ပြနေတာပါ။ဆရာတော် အရှင် ၀ီရသူနဲ့ ၉၆၉ အဖွဲ့ကိုလဲ ထောက်ခံအားပေးအားမြှောက်ပြုပေးတဲ့ ဘက်က အမြဲလိုလိုရပ်တည် ဖော်ပြပေးရပါတယ်။ဒါတွေက policy တွေဆိုတော့ ဘာရည်ရွယ်ချက်ကို ဦးတည်သလဲဆိုတာကို ခန့်မှန်းရခက် ပါတယ်။ကျွန်နော်တို့ကတော့အထက်အရာရှိကခိုင်းတဲ့အတိုင်းလုပ်ပေးရတာပေါ့ ပြည်သူတွေက မြင်အောင်မကြည့်ကြလို့ပါ သေချာဂရုစိုက်ပြီး သုံးသပ်ကြည့်ရင် ထင်သာမြင်သာရှိပါတယ်။ ("လူထုမောင် ကာဠု "တို့ "ဗဟုသုတ ဟင်းပေါင်းအိုးကြီး"တို့လို pages တွေနဲ့ အလား တူ pages ပေါင်းမြောက်များစွာ ရှိပါသေးတယ်) ဒီလို ၀ါဒဖြန့်လှုံ့ဆော်ရေးတွေက မြန်မာနိုင်ငံရယ်လို့ မဟုတ်ပါဘူး အခြားနိုင်ငံ တွေမှာလဲ ရှိပါတယ်။လက်ရှိအာဏာရပါတီရဲ့ သက်တမ်း ရပ်တည်မှု့ရှည်ကြာရေး အတွက် နည်းမျိုးစုံသုံးပြီး လှည့်ကွက်ဆင်တဲ့အနေနဲ့ လူမျိုးေ၇း ဘာသာရေး တိုက်ပွဲ ပုံစံဂွင်ဆင်ဖန်တီး၊တစ်နည်းမဟုတ် တစ်နည်းသုံးပြီးအာဏာရပါတီ သက်ဆိုးရှည်ဖို့ ကျိုးပမ်းတဲ့သဘောတွေပေါ့။

ကျွန်နော့အနေနဲ့ကိုယ်တိုင်ပါဝင် ပတ်သက်လှုပ်ရှားခဲ့တဲ့ ကိစ္စကိုယခုလို ဖွင့်ချရတယ် ဆိုတာအကြောင်းရှိပါတယ်။တပ်မတော်သားတစ်ယောက်ဖြစ်ပြီးအစိုးရကိုချောက်တွန်း သလို ဖြစ်နေပေမယ့်ပြည်သူတွေအပေါ် လုပ်ကြံသင်းတွေနဲ့ ပွဲဆူအောင်ဖန်တီးကာ အမုန်းပွား အာဃာတမီးတွေ တောက်လောင်စေအောင် မီးမြှိုက်ပေးနေရတာ ကိုယ့်ကို သူ မသတီဖြစ်လာသလို ဒီလိုလုပ်ရပ်တွေအတွက်လဲ နောင်တကြီးစွာ ရမိလို့ပါ။ကျွန်နော် တို့အဖွဲ့ထဲမှာလဲ အထက်အရာရှိတွေရဲ့ အမိန့်ကြောင့် တာဝန်ထမ်းဆောင်နေ၇ပေမယ့် ဒီလို အလုပ်မျိုးကို မလုပ်ချင်တဲ့သူတွေ အတော်များပါတယ်။ဗုဒ္ဒမြတ်စွာဘုရားရဲ့ တရားတော်တွေနဲ့လဲ ကိုက်ညီမှုမရှိလေတော့ နေ့စဉ်နဲ့အမျှ အပြစ်တွေကျူးလွန်နေရသလို ခံစားလာရပါတယ်။ ကိုယ့်ပယောဂကြောင့် အပြစ်မဲ့ ပြည်သူတွေအချင်းချင်း စိတ်ဝမ်းကွဲမှု့တွေ သေကြေပျက်စီးကာ ဘ၀ပျက်သွား သူတွေရှိနေတာ မြင်နေတွေ့နေ၇တော့ စိတ်ထဲ မသိုးမသန့်ဖြစ်မိတာအမှန်ပါ။ဒီဝဋ်ကြွေး တွေကို တစ်နေ့ပြန်လည် ပေးဆပ်၇မယ်ဆိုတဲ့ အသိက မသိစိတ်ကို ချောက်လှန့်နေတော့ တာဝန်ကြောင့်သာ ထမ်းဆောင်နေ၇တယ် စိတ်ထဲမှာ မပျော်ရွှင်မိပါဘူး။

တပ်မတော်ကနေ မျက်လုံးခွဲစိတ်၇မယ် အကြောင်းပြချက်နဲ့ ဆေးပင်စင် ယူပြီး နိုင်ငံခြားကို ထွက်ခွာလာရခြင်းရဲ့ အဓိက အကြောင်းခံ ကတော့ ပြည်တွင်းဘာသာရေး ခေါင်းစဉ်နဲ့အကြမ်းဖက်မှု့တွဖြစ်တော့ မိဘများကိုယ်စား ကျွန်နော့ကို ဒီလိုဘ၀မျိုးရောက်အောင် ပြုစုကျွေးမွေးစောင့်ရှောက်ထားတဲ့ ဦးကြီးတို့မိသားစု ဘ၀ပျက်ကာ ဒုက္ခသည်စခန်းရောက်ခဲ့ရပါတယ်။မီးရှို့ဖျက်ဆီးခံလိုက်၇လို့ ရှိတဲ့ စီးပွားလည်းပျက်သွားပြီး စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှု့ပါခံစားနေရပါတယ်။ဒီဖြစ်စဉ်ကို အထက်ကို တင်ပြတော့မသိကျိုးကျွံပြုကာ သီးသန့်အနေနဲ့ ဘာကူညီထောက်ပံ့မှု့ မျိုးမှ မလုပ်ပေးခဲ့ပါဘူး၊ဖုံးကွယ်ဖျောက်ဖျက်ထားခဲ့ပါတယ်။ကျနော့ဘ၀ကို လူတလုံးသူတလုံး ဖြစ်အောင် ပြုစုပျိုးထောင် ပေးခဲ့တဲ့ သူတွေ ကိုယ့်ပယောဂ မကင်းတဲ့ ဆူပူအကြမ်းဖက်မှု့တွေကြောင့် ဘ၀ပျက်ခဲ့ ခြင်းဟာ ကျနော့ကို တပ်မတော်ကနေ ထွက်ခွာဖို့ တွန်းအားဖြစ်စေခဲ့တဲ့ အဓိက အကြောင်းရင်းဖြစ်ပါတယ်။

အစိုးရအနေနဲ့Online ပေါ်မှာ နိုင်ငံရေး လူမျိုးဘာသာ သွေးခွဲလှုံ့ဆော် ၀ါဒမှိုင်းတိုက် နေခြင်းရဲ့ ရည်၇ွယ်ချက်ကို အတိအကျ သိရှိ မခန့်မှန်းနိုင်သော်လည်း ဒီမိုကရေစီ ခေါင်းစဉ်အောက် ရောက်ရှိလာပြီးတဲ့နောက်ပိုင်း ဆယ်သွယ်ရေး ကွန်ယက် ကြီးမားကျယ်ပြန့်ပွင့်လင်းမှုရှိလာတဲ့ မြန်မာနိုင်ငံမှာ လက်ရှိ အာဏာရပါတီနဲ့ လွတ်လပ်ရေးရပြီးနောက်ပိုင်း မြန်မာနိုင်ငံ အပေါ် ကြီးစိုးချုပ်ကိုင်ထားတဲ့ စစ်တပ်ရဲ့ အနာဟောင်းတွေကို ဖုံးကွယ်ဖျောက်ဖျက်ဖို့ 0nline ၀ါဒဖြန့်ချိရေးကိုဒိုင်းကာဗာသဖွယ် အသုံးပြုရန် နှင့် ပွင့်လင်းမြင်သာမှု့ရှိစ သတင်းကဏပိုင်းမှာ ဆာလောင်နေတဲ့ ပြည်သူ တွေကို သတင်းမှားတွေဖြန့်ချိမှိုင်းတိုက်ကာ နိုင်ငံရေးမှာ စိတ်ကြိုက်ချယ်လှယ် အုပ်ချုပ် နိုင်ဖို့လို့ ထင်မြင်ယူဆမိပါတယ်။

မြန်မာပြည်သူအားလုံး ဆင်ခြင်သတိပြုကာ အာဏာပိုင်တွေရဲ့ နိုင်ငံရေး လှည့်ကွက်အတွင်း အသုံးချခံနေရခြင်းမှ လွတ်ကင်းနိုင်ကြပါစေလို့ ဆုတောင်း မေတ္တာပို့သရင်းေ၇ှာင်ကျဉ်သတိပြုနိုင်ကြပါစေကြောင်း....။

ဗိုလ်ကြီး ဖြိုးသက်ထွန်း(DSA-အပတ်စဉ် ၄၇ ) ကနေဒါနိုင်ငံ(ခေတ္တ)

သူရိယအလင်းဂျာနယ်တိုက်ပိုင် ပစ္စည်းများ သိမ်းဆည်းခံရမှု ဦးမိုးဟိန်း သတင်းစာရှင်းလင်း

(UPDATED):

သူရိယအလင်းဂျာနယ်တိုက်ပိုင် ပစ္စည်းများ သိမ်းဆည်းခံရမှု ဦးမိုးဟိန်း သတင်းစာရှင်းလင်း

အပတ်စဉ်ထုတ် သူရိယအလင်း ဂျာနယ်တိုက်ကို လူ ၁၅ဦးက အောက်တိုဘာ ၁၈ရက်နေ့ညသန်းခေါင်အချိန်တွင် ရောက်ရှိလာပြီး ဂျာနယ်တိုက်ရှိ ကွန်ပျူတာ Hard-Disk ၁၄လုံးနှင့် နောက်ဆုံးထုတ် ဂျာနယ်များကို ယူဆောင်သွားခဲ့သည်ဟု ဂျာနယ်တိုက်ပိုင်ရှင် ဦးမိုးဟိန်းက ပြောဆိုခဲ့သည်။

ထုတ်ဝေသူ ဦးယုနိုင်နှင့် အငြင်းပွားမှုဖြစ်နေဆဲဟု ဦးမိုးဟိန်းက ပြောဆိုခဲ့ပြီး ယမန်နေ့ည၌ ဖြစ်ပျက်ခဲ့မှုသည် ဂျာနယ်တိုက်သို့ ဝင်ရောက်စီးနင်းခြင်းဟု ယူဆကြောင်း၊ အဆိုပါ ၁၅ဦးမှာ စီးပွားကူးသန်းဝန်ကြီး ဦးဝင်းမြင့်၏ သား မောင်သူရိန်ဝင်းမြင့်နှင့် ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေ၏ မြေး မောင်နေရွှေသွေးအောင် (ခ) ဖိုးလပြည့်တို့ ပါဝင်ကြောင်း စွပ်စွဲပြောဆိုခဲ့သည်။

ရဲအရေးပိုင်သောကိစ္စကို အမှုဖွင့်တိုင်တန်းထားခြင်းမရှိဘဲ ရှေ့နေနှင့်တိုင်ပင်နေဆဲဟု ဦးမိုးဟိန်းက ပြောဆိုခဲ့ပြီး ထုတ်ဝေခွင့်လိုင်စင်နှင့်ပတ်သက်ပြီး ရေရေရာရာ ပြောဆိုခဲ့ခြင်းမရှိခဲ့ပေ။ ထို့အပြင် မကြာခင် သူရိယအလင်းကို ရပ်ဆိုင်းပြီး သူရိယနေဝန်းအမည်သစ်ဖြင့် ထုတ်ဝေသွားမည်ဟု သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ပြောဆိုခဲ့သည်။

သူရိယအလင်းဂျာနယ်မှာ ၁၂စောင်တိတိ ထုတ်ဝေထားပြီး လာမည့် အောက်တိုဘာ ၂၂ရက်နေ့ရက်စွဲဖြင့် ထုတ်ဝေမည့် နောက်ဆုံးထုတ်၌ အလှမယ် မိုးစက်ဝိုင်နှင့် ဖိုးလပြည့်၊ စီးပွားရေးလုပ်ငန်းရှင်များကို စွပ်စွဲတိုက်ခိုက်ထားသည့် ထင်မြင်ချက်များကို ဖော်ပြထားသည်။

ဂျာနယ်ပိုင်ရှင် ဦးမိုးဟိန်းမှာ ၁၉၈၈ခုနှစ် ကျောင်းသားလှုပ်ရှားမှုတွင် ပါဝင်ခဲ့ဖူးသူဖြစ်ပြီး ဗကသတွင် ဝင်ပါခဲ့ဖူးသူဖြစ်သည်။ ကိုမိုးဟိန်းသည် ၂ဝဝ၁ခုနှစ်နောက်ပိုင်းတွင် ထိုင်းနိုင်ငံသို့ ရောက်ရှိခဲ့ပြီးနောက် အမေရိကန်သို့ ပြောင်းရွှေ့အခြေချခဲ့သူဖြစ်သည်။

ဦးမိုးဟိန်းသည် နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ဖူးသူဖြစ်သော်လည်း အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်ခဲ့ပြီးနောက်ပိုင်း ၄င်း၏နိုင်ငံရေးလှုပ်ရှားမှုများ လုံးဝပျောက်ဆုံးသွားခဲ့ပြီး နှစ်ပေါင်းများစွာကြာသောအခါမှ သူရိယအလင်းဂျာနယ် ပိုင်ရှင်အဖြစ် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့သူဖြစ်သည်။

Kamayut Media

သူရိယ အလင်း သတင်း စာတိုက် ကို ဗိုလ်ချုပ်မှုးကြီး ဟောင်း မြေး ၀င်စီး

  
မယ်စကြာ ၀ဠာ မိုးစက်ဝိုင် နှင့် ပတ်သက် ပြီး ဂျာနယ် တစ်ခု မှ ဖော်ပြချက်

မယ်စကြာ ၀ဠာ ပြိုင် ပွဲ အတွက် မြန်မာ နိုင်ငံ  ကိုယ်စား ပြု ရွေးချယ် ခံရ တဲ့ တရုတ် အမျိုး
သမီး မိုးစက်ဝိုင် နဲ့  ပတ်သက် ပြီး သတင်း ဖော် ပြမှု ကို မကျေမချမ်း ဖြစ် ကာ အငြိမ်းစား
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ ၏ မြေး နေရွှေသွေးအောင် နှင့် စီးပွားကူးသန်း
ဝန်ကြီး ဦးဝင်းမြင့် ၏ သား အပါအ၀င် လူငယ် တစ်စု သည် အောက်တိုဘာ လ ၁၉ ရက်
သီတင်းကျွတ် လပြည့် နေ့ နံနက် အစောပိုင်း အချိန် တွင် ရန်ကုန် မြို့  ကမ္ဘာ အေး ဘုရား
လမ်း ရှိ သူရိယ အလင်း ဂျာနယ် တိုက် ကို ၀င်ရောက် စီးနင်း ပြီး  ကွန်ပျုတာ ၁၂ လုံး နှင့်
အခြား အီလက် ထရောနစ် ပစ္စည်း အချို့  ကို သိမ်းဆည်း သွား သည် ဟု သတင်း ရရှိသည်။

သတင်းစာ တိုက် ရှိ လှို့ ဝှက် ရုပ်သံ ဖမ်း ကိရိယာ CCTV ကို လည်း စောင် ၊ စက္ကူ တို ဖြင့် အုပ်
ပြီး စနစ် တကျ လုပ် သွား သည် ဟု ဂျာ နယ် တိုက် နှင့် နီးစပ် သူ တစ်ဦး မှ FNG ကို အတည် ပြု
ပြောသည်။

ဝင်ရောက် စီနင်းခံ ရသည့် သူရိယ အလင်း သတင်းစာ တိုက်သည် မယ်စကြာ ၀ဠာ ပြိုင် ပွဲ
တွင် မြန်မာ နိုင်ငံ ကိုယ်စား ပြု ၀င်ရောက် ယှဉ်ပြိုင် ခွင့် ရခဲ့သည့် မိုးစက်ဝိုင် နှင့် ပတ်သက် ပြီး
စုံစမ်း ရေးသား မှု များ ကြောင့် နေရွှေသွေးအောင် ၏ အညှိုးထား ခြင်း ကို ခံရသည် ဟု FNG
မှ သိရသည်။

မယ်စကြာ ၀ဠာ ပြိုင်ပွဲ ၀င် မိုးစက်ဝိုင် နှင့် နေရွှေသွေးအောင် တို့  မှာ ရင်းနှီးမှု ထက် ပို သည့်
ဆက်ဆံ ရေး ကြောင့် သတင်းစာ တိုက် မှာ ၀င်ရောက် စီးနင်း လုယက် ခံရခြင်း ဟု ရန်ကုန်
သတင်း မီဒီယာ အသိုင်း အ၀ိုင်း က သုံးသပ် ကြသည်။

နေရွှေသွေးအောင် သည် တက္ကသိုလ်များ ဘောလုံး အဖွဲ့ ချုပ် ချံပီယံ လိဂ် ဖလား အတွက် ဦး
ဆောင် ဦးရွက် မှု ပြုသည် ဟု ဆို ကာ သတင်း မီဒီယာများ တွင် အောက်တိုဘာလဆန်းမှ
စ၍ တ ကျော့ ပြန် ပေါ် လာခဲ့သည်။

တိုက်တိုက် ဆိုင်ဆိုင် ပင် နေရွှေသွေးအောင် ၏ အဖိုး ဖြစ်သူ စစ်ခေါင်းဆောင် ဟောင်း
ဗိုလ်ချုပ်မှုးကြီး သန်းရွှေ သည် ယနေ့  ည တွင် နေ ပြည်တော် ရှိ ၎င်း ၏ နေ အိမ် ဉ် ပြည်ထောင်စု
ကြံ့ခိုင်ရေး နှင့် ဖွံ့  ဖြိုးရေး ပါတီဝင် များ ၏ ကန် တော့ မှု ကို ခံ ယူမည် ဖြစ်သည်။

Freedom News Group

Friday, October 18, 2013

မန်ချက်စတာယူနိုက်တက် - ဆောက်သမ်ပ်တန် ပွဲမတိုင်မီ ထူးခြားချက်များ


ပရီးမီးယားလိဂ် ပွဲစဉ် ၈ ဖြစ်သည့် မန်ချက်စတာယူနိုက်တက်အသင်းနှင့် ဆောက်သမ်ပ်တန်အသင်းတို့ ယှဉ်ပြိုင်ကြမည့် ပွဲစဉ် မတိုင်မီ ဒါဏ်ရာရ ပွဲပါယ် ကစားသမားများ စာရင်းများနှင့် ထူးခြားချက်များကို တင်ပြအပ်ပါသည်။

မန်ချက်စတာယူနိုက်တက် တိုက်စစ်မှူး ဖြစ်သူ ရောဘင် ဗန်ပါစီဟာ ဟော်လန်လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားပေးခဲ့သော်လည်း ခြေသလုံး ကြွက်သား ဒါဏ်ရာကြောင့် ယခုပွဲစဉ်မှာ ပါဝင်နိုင်ဖို့ မသေချာသေးပေ။ တွမ် ကလဲဗားလေးကိုလည်း စောင့်ကြည့်ရအုံးမည် ဖြစ်သလို ရီယို ဖာဒီနန်ကတော့ ပေါင်ခြံဒါဏ်ရာမှ သက်သာလာပြီ ဖြစ်သည်။

ဆောက်သမ်ပ်တန် ဂိုးသမား အာတာ ဘော်ရစ်ဟာ ပိုလန်အသင်းအတွက် နိုင်ငံလက်ရွေးစင် ပွဲစဉ်မှာ တံကောက်ကြော ဒါဏ်ရာကြောင့် လွဲချော်ခဲ့သော်လည်း ယခုပွဲစဉ်မှာ ပြန်လည် ပါဝင်လာဖွယ် ရှိနေသည်။ နောက်ခံလူ လုခ် ရှော ဟာလည်း အင်္ဂလန် ၂၁ နှစ်အောက် လက်ရွေးစင်အသင်းအတွက် ရွေးချယ်ခံခဲ့ရပြီး အဖျား ဝေဒနာကြောင့် လွဲချော်ခဲ့သည်။ ယခုပွဲစဉ်မှာတော့ ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝလာပြီဖြစ်သည်။

☻ ထိပ်တိုက်တွေ့ဆုံမှု အရ၂၀၀၃ ခုနှစ်နောက်ပိုင်းတွေ့ဆုံခဲ့သည့် ၈ ပွဲမှာ မန်ယူနိုက်တက်အသင်းက ၈ ပွဲစလုံး အနိုင်ရရှိခဲ့သည်။ ၂၀၀၃ ခုနှစ် သြဂုတ်လတုန်းက ဂျိန်းစ် ဘီတီ၏ သွင်းဂိုးတစ်ဂိုးဖြင့် ဆောက်သမ်ပ်တန်အသင်းက အနိုင်ရခဲ့သည်။

☻ ဆောက်သမ်ပ်တန်အသင်းဟာ အိုးထရက်ဖို့ဒ်မှာ လာရောက် ကစားရသည့် နောက်ဆုံး ၁၈ ပွဲ နိုင်ပွဲ မရခဲ့ပဲ ၂ ပွဲသရေ ၁၆ ပွဲ ရှုံးနိမ့်ခဲ့သည်။ နောက်ဆုံး သရေကျခဲ့သည့် ပွဲစဉ်မှာ ၁၉၉၉ ခုနှစ်က ဖြစ်ပြီး ၃-၃ ဂိုးစီ သရေကျခဲ့ခြင်း ဖြစ်သည်။

☻ ဆောက်သမ်ပ်တန်အသင်း အိုးထရက်ဖို့ဒ်မှာ နောက်ဆုံး အနိုင်ရခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်ဟာ ၁၉၉၈ ခုနှစ် ဇန်နဝါရီလတုန်းက ဖြစ်ပြီး ထိုစဉ်က ၀-၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။

☻ ၁၉၉၂ ခုနှစ်ကလည်း အက်ဖ်အေဖလား စတုတ္ထအဆင့် မှာ တွေ့ဆုံခဲ့ဖူးပြီး ဆောက်သမ်ပ်တန်အသင်းက ပယ်နယ်တီ အဆုံးအဖြတ်မှာ အနိုင်ရခဲ့ဖူးသည်။

☻ မန်ချက်စတာယူနိုက်တက်အသင်းဟာ ၂၀၀၂ ခုနှစ်နောက်ပိုင်း အိမ်ကွင်း ၂ ပွဲဆက် ရှုံးပွဲ မတွေ့ခဲ့ဖူးပေ။ ထိုစဉ်က အာဆင်နယ်အသင်းနှင့် မစ်ဒယ်ဘရော့ အသင်းကို ၂ ပွဲဆက် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

☻ ပြီးခဲ့သည့် ဘောလုံးရာသီမှ စတင် ရေတွက်လျှင် မန်ချက်စတာယူနိုက်တက် နောက်ခံလူ ပက်ထရစ် အီဗရာဟာ ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးပေးမှု အများဆုံး ပြုလုပ်ထားနိုင်သည့် နောက်ခံကစားသမား တစ်ဦး ဖြစ်ပြီး ၆ ဂိုး ဖန်တီးပေးနိုင်ခဲ့သည်။

☻ ယူနိုက်တက်အသင်းဟာ ယခုနှစ် ပရီးမီးယားလိဂ်မှာ အိမ်ကွင်း သွင်းဂိုး ၃ ဂိုးသာ ရှိပြီး ယူနိုက်တက်ထက် အိမ်ကွင်း သွင်းဂိုးနည်းသည့် အသင်းအဖြစ် စတုတ် (၂ ဂိုး) တစ်သင်းတည်းသာ ရှိသည်။

☻ မန်ယူနိုက်တက်အသင်းဟာ ပွဲထွက် ကစားသမားအဖြစ် ယခုနှစ် ပရီးမီးယားလိဂ်မှာ ကစားသမား ၂၄ ယောက်အထိ အသုံးပြုခဲ့ပြီး အရေအတွက် အများဆုံး အသင်းဖြစ်သည်။

☻ ပယ်နယ်တီသွင်းဂိုးများကို မတွက်ချက်ပါက တိုက်စစ်မှူး ဗန်ပါစီဟာ နောက်ဆုံး ကစားခဲ့သည့် ၁၈ ပွဲမှာ ၄ ပွဲသာ ဂိုးသွင်းယူနိုင်ခဲ့သည်။ နောက်ဆုံး ၅ ပွဲဆက် ဂိုးသွင်းယူနိုင်ခြင်း မရှိခဲ့ပေ။

☻ ဆောက်သမ်ပ်တန်အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ်မှာ ခံစစ် အကောင်းဆုံး အသင်းဖြစ်ပြီး ပေးဂိုးမရှိ ကစားနိုင်ခဲ့သည့် ပွဲပေါင်း ၅ ပွဲအထိ စွမ်းဆောင်နိုင်ခဲ့ပြီး ပေးဂိုး ၂ ဂိုးတည်းသာ ပေးထားရသည်။

☻ ဆောက်သမ်ပ်တန်အသင်းဟာ ယခုနှစ် ပရီးမီးယားလိဂ်မှာ သွင်းဂိုး ၇ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ ၆ ဂိုးသွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။

☻ ဆောက်သမ်ပ်တန်အသင်းဟာ နောက်ဆုံး ကစားခဲ့သည့် ၁၉ ပွဲမှာ ၃ ပွဲသာ ရှုံးနိမ့်ခဲ့သည်။

Football Café

ဗုံးပေါက်ကွဲမှုများအတွက် ထပ်မံစိုးရိမ်စရာ မလိုတော့ဟု ကတိပြုလိုက်သည့် ရဲချုပ်

ရက်ပိုင်းအတွင်း ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုတွေနဲ့ပတ်သက်လို့ အများပြည်သူအနေနဲ့ ထပ်မံ စိုးရိမ်စရာ မလိုတော့ဘူးလို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့

ရဲချုပ် “ဇော်မင်း”က ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရန်ကုန်မြို့နဲ့ နယ်မြို့အချို့မှာ ဗုံးပေါက်ကွဲမှု ဖြစ်စဉ်တွေကြောင့် အများပြည်သူအကြား စိုးရိမ်စိတ်တွေ မြင့်တက်နေတယ်လို့ သိရပါတယ်။

၇ ရက်အတွင်း ဗုံး ခြောက်လုံးကွဲခဲ့ပြီး မပေါက်ကွဲတဲ့
ဗုံးတွေမကြာခဏ တွေ့နေတာက ပြည်သူတွေအတွက် လုံခြုံစိတ် ကင်းမဲ့သလို ခံစားရစေတာပဲ ဖြစ်ပါတယ်။

  မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ရဲချုပ်ဇော်မင်းကတော့ လုံခြုံရေးပိုင်းကို တိုးမြှင့်ဆောင်ရွက်နေပြီဖြစ်တာကြောင့် ဗုံးပေါက်ကွဲမှုတွေနဲ့ ပတ်သတ်လို့ ပြည်သူတွေ ထပ်မံစိုးရိမ်ဖို့ မလိုတော့ဘူးလို့ ပြောပါတယ်။

ပေါက်ကွဲမှု ဖြစ်စဉ်တွေနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ အရေးယူဆောင်ရွက်ချက်တွေကို အောက်တိုဘာ ၁၈ ရက်က ရန်ကုန်တိုင်းဒေသကြီးအစိုးရရုံး မင်္ဂလာခန်းမမှာ ရှင်းလင်းပြောကြားစဉ် အခုလိုပြောကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာဖောက်ခွဲမှုနဲ့ ပတ်သတ်လို့ လူရှစ်ဦးကို ဖမ်းဆီးမိထားပြီလို့ သိရပြီး အဓိကကျသူဖြစ်တဲ့ နေတိုး(ခေါ်)စောရွှေထူးနဲ့ အခြားသံသယရှိသူတွေကတော့ လွတ်မြောက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်။

နေတိုး(ခေါ်) စောရွှေထူးဟာ အပြစ်အခတ်ရပ်ဆဲရေး လက်မှတ်ရေးထိုးထားတဲ့ KNU ရဲ့ စီးပွားရေးလုပ်ငန်းတစ်ခုမှာ တာဝန်ခံအဖြစ်ဆောင်ရွက်နေသူဖြစ်ပေမယ့် အခုကိစ္စမှာတော့ အစိုးရအနေနဲ့ KNU ရဲ့လုပ်ဆောင်ချက်အဖြစ် သတ်မှတ်မှာ မဟုတ်ဘူးလို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောပါတယ်။

အောက်တိုဘာ ၁၈ ရက်က သတင်းစာရှင်းလင်းပွဲဟာ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနဲ့ တောင်ငူမြိုတို့မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုတွေနဲ့ ပတ်သတ်တဲ့ သတင်းစာရှင်းလင်းပွဲပဲ ဖြစ်ပြီး  အောက်တိုဘာ ၁၇ ရက်နေ့က
ရှမ်းပြည်နယ်မြောက်ပိုင်း နန့်ခမ်းမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုနဲ့ ပတ်သတ်လို့တော့ စုံစမ်းဆဲဖြစ်တယ်လို့ သိရပါတယ်။

MRTV-4

မန္တလေး ရတနာပုံ၊ တရုတ်နဂါးနဲ့ သီတင်းကျွတ်

မန္တလေးတွင် သီတင်းကျွတ် ကာလအတွက် ပြင်ဆင်ထားသည့် မီးပုံး အရောင်းဆိုင် တဆိုင်ကို တွေ့ရစဉ် (ဓာတ်ပုံ – တေဇလှိုင် / ဧရာဝတီ)

“… ရွှေနန်းတော်ဦး စွယ်တော်စင် ဘုရားမှာပူဇော်ရန် ရောင်စုံမီး၊ ဥပါမီး၊ မီးလင်းမြွေ စသော မီးပုံး အမျိုးမျိုး၊ မီးပဒေသာ၊ မီးတံခွန်၊ မီးပန်း၊ မီးရဟတ်၊ ဆင်သံ၊ မြင်းသံ စသော ရှို့မီး အမျိုးမျိုး။ တစ်ဆဲ့ခြောက်ဌာန ဘုရားရှင်တို့အား မီးစောင်းတန်း သွယ်တန်း ပူဇော်တော်မူရန်။ အရပ်ရပ် မီးစောင်းတန်း၊ လမ်းအရှည်တာ တသောင်းခြောက်ထောင်၊ တစ်တာလျှင် သုံးလုံးကျ။ မှန်မီးလုံးရေ လေးသောင်းရှစ်ထောင်။ တစ်ညလျှင် လေးလဲကျ။  ခြောက်ညသင့် ကျောက်ဖုယောင်းတိုင်ပေါင်း  တသန်း  တသိန်း ငါးသောင်း နှစ်ထောင်။ ပန်းထီးကိုးထောင်ကျော်။ ပန်းတံခွန် ကိုးထောင်ကျော်မှစ၍အလှူတော် အဘွယ်အရာများကို အစီအစဉ် အခမ်းအနား မျိုးတူမျိုးခြား ပွဲသဘင်စုံများနှင့်တကွ တောင်စမုတ်တော်သို့သွင်းပြရာ။ အသျှင်နှစ်ပါး ထွက်တော်မူ၍ ရေစက်သွန်းချတော်မူပြီးလျှင် …”

(မူရင်းသတ်ပုံ ကုန်းဘောင်ခေတ် မဟာရာဇဝင် ဇာတ်တော်ကြီးမှ)

မန္တလေး ရတနာပုံခေတ်၊ သီပေါမင်း နန်းတက်စဉ်ကာလ၊ သက္ကရာဇ် ၁၂၄၄ ခုနှစ်၊ သီတင်းကျွတ်လ၊ ဆီမီးမြင့်မိုရ်ပွဲတော် ခင်းကျင်း လှူဒါန်းပုံတွေကို ကုန်းဘောင်ခေတ် မဟာရာဇဝင်တော်ကြီးမှာ မှတ်တမ်းတင်ထားတာထဲက  ထုတ်နုတ်ပြတာပါ။

တကယ်တော့ ဆယ့်နှစ်လရာသီ ပွဲတော်များအနက် သီတင်းကျွတ်လ ဝါကျွတ်အလှူ ပွဲတော်ကို ရှင်ဘုရင်က ဦးစီးပြီး အခမ်းအနား ကျင်းပခဲ့ပုံဟာ  အံ့ဘနန်းပါပဲ။ ဒီအစီအစဉ်တွေကြောင့် မန္တလေးရဲ့ သီတင်းကျွတ် ပွဲတော်တွေက အမွေ ဆက်ခံပြီး ခမ်းနားကြီးကျယ်စွာ ကျင်းပခဲ့တယ်လို့ သဘောပေါက် ရပါတယ်။ ရတနာပုံ မန္တလေးနေပြည်တော် နန်းမြို့တော် အတွင်း လွှတ်တော် မြောက်ဘက်မှာ အရှေ့မြင်းမိုရ်နဲ့ ရုပ်စုံစင်ရှိသတဲ့။ မြင်းမိုရ်ဆိုတာက … မြတ်စွာဘုရား ယခင်က ဝါတွင်းသုံးလ တာဝတိံဿနတ်ပြည်မှာ မယ်တော်မိနတ်သား အမှူးပြုပြီးနတ် ဗြဟ္မာသိကြားတို့ကို အဘိဓမ္မာ တရားများဟော ကြားပြီး မြင်းမိုရ်တောင်က သင်္ကဿနဂိုရ်ပြည်ကို ရွှေ၊ ငွေ၊ ပတ္တမြား စောင်းတန်းတွေနဲ့ နတ်များ ဗြဟ္မာများ ခြံရံဆင်းသက်ပုံကို ပမာပြုပြီး ဆီးမီး ရောင်စုံနဲ့ မြင်းမိုရ်တောင် အလား ပြင်ဆင် ထွန်းညှိပူဇော်တာကို ဆိုလိုတာပါတဲ့။

အရှေ့မြင်းမိုရ်၊ အနောက် မြင်းမိုရ်တွေအပြင် ဝင်းတော်လေးမျက်နှာမှာ ရွှေဆင်တော် ထားဖို့ တန်စောင်း လေးရပ်နဲ့ ရုပ်စုံစင် မြေနန်းတော် ယာဘက် ယာယီစံနန်းတော်နဲ့ အရှေ့ဝင်္ကပါ၊ အနောက်စမုတ်တော် ဝဲယာမှာ လေးကျွန်း မြင်းမိုရ်ဝင်္ကပါ တော်တို့ကိုလည်း ပြင်ဆင်ထားရှိပါသည်။ စက်ယန္တရားတွေနဲ့ လုပ်ဆောင်ရတဲ့ ပါရသီဇာတ်ရုံတော်ကြီးနဲ့ ဇာတ်ရုံဝဲယာမှာ အခြေ စက်ဘီးတပ် လက်ရှပ် ရုပ်စုံစင်တော်လည်း ရှိသတဲ့။

ရွှေမြို့တော် အတွင်းက တဆယ့်ခြောက်ဌာန ဘုရားရှင်တွေမှာလည်း ရုပ်စုံစင်တော် အလုပ်အဆောင်တွေ၊ ရွှေထီးစိုက် တန်ဆောင်း စင်ရှင်တွေ။ ဘုရားရှင်များလှူဒါန်းဖို့ ရွှေဆင်တော် လေးစီး၊ ဆင်နီတော် တစီး အလုပ်အဆောင်တွေ။ ဒီနောက် အလုပ်ရုံဌာန အရာရှိ၊ ဆင်ဝန်အရာရှိ၊ မြင်းဝန်အရာရှိ၊ လှေဖောင်အရာရှိ၊ ကျီဝန်အရာရှိ၊ တရုတ်၊ ကုလား၊ ယိုးဒယား၊ လင်းဇင်း၊ မီးပန်းအရာရှိတွေက အဲဒီ တဆယ့်ခြောက်ဌာန ဘုရားရှင်တွေဆီကို ရွှေနန်းတော်ကြီးကနေ မီးစောင်းတန်း သွယ်တန်းပြီး ပူဇော်ကြဖို့  စီမံဆောင်ရွက်ကြရ သတဲ့။ ရွှေနန်းတော်ကြီးက မဟာမြတ်မုနိ ဘုရားကြီးဆီ မီးစောင်းတန်းသွယ် တန်းရာမှာ ဝဲယာမီးတိုင်တွေ၊ နိုင်ငံခြားဖြစ် ပန်းမျိုးစုံ၊ ပြည်တွင်းဖြစ် ဖော့ပန်းမျိုးစုံ၊ ပန်းထီး၊ ပန်းဆိုင်း၊ ပန်းတံခွန် အမျိုးမျိုး ပြင်ဆင်ကြရသတဲ့။ သီတင်းကျွတ်လဆန်း ကိုးရက်နေ့ကနေ လဆန်း တဆယ့်လေးရက်နေ့အထိ ဝင်းတော်လေးမျက်နှာ ရုပ်စုံစင်တွေက ညစဉ်တပြိုင်တည်း ခင်းကျင်းကပြကြတယ်။ ဝင်းတော်လေးမျက်နှာက ဝင်းတော်အမှုတော်၊ ယွန်းစုအမှုထမ်းတွေက ရွှေဆင်တော်၊ ဆင်နီတော်တွေကို တန်ဆောင်းဆင်ရှင်နဲ့ အတူ ထမ်းဆောင်ပြီး အတီးအကတွေနဲ့ မှူးတော်  မတ်တော် အရာရှိတို့ နေအိမ်တွေဆီ သွားရောက် တီးမှုတ်ကခုန်ကြတော့ ဆုလာဘ်တွေ ချီးမြှင့်ကြသတဲ့။ လေးမျက်နှာဝင်းပွဲတော်က သီတင်းကျွတ်လဆန်း တဆယ့်လေးရက်မှာ သိမ်းပါတယ်။

သီတင်းကျွတ် လပြည့်ကျော် ၁ ရက်နေ့မှာတော့ စွယ်တော်စင်ဘုရား၊ လောကဆီမီးဘုရား၊ မဟာလောက မာရဇိန်ဘုရားစတဲ့ တဆယ့်ကိုးဆူသော ရုပ်ပွားစေတီတော်တွေကို လှူဒါန်းပူဇော်မယ့် ရောင်စုံဆီမီးတွေ၊ မီးလင်းမြွေစတဲ့ မီးပုံးအမျိုးမျိုး၊ မီးပဒေသာ၊ မီးတံခွန်၊ မီးပန်း၊ မီးရဟတ်၊ ရှို့မီးအမျိုးမျိုး။ တဆယ့်ခြောက်ဌာန ဘုရားရှင်တွေဆီ မီးစောင်းတန်း သွယ်တန်း ပူဇော်မယ့် အရှည်ဟာ တာတသောင်းခြောက်ထောင် (၃၄ မိုင်ဝန်းကျင်) စုစုပေါင်း အရှည် အရှိမှာ တတာ (၁၀ ပေကျော်ခန့်) အတွင်း မီးမှန်အိမ် သုံးလုံးနှုန်းနဲ့ မီးအိမ်လုံးရေ ၄၈၀ဝ၊ တညမှာ ၄ ကြိမ် လဲလှယ်ထွန်းမယ်၊ ခြောက်ညအတွက် ကျောက် ဖရောင်းတိုင်ပေါင်း ၁၁၅၂၀ဝ၀၊ ပန်းထီး ၉၀ဝ၀ ကျော်၊ ပန်းတံခွန် ၉၀ဝ၀ ကျော်ကို အလှူတော် အဖွယ်အရာ အစီအစဉ် အခမ်းအနား မျိုးတူ မျိုးခြား ပွဲသဘင်စုံတွေနဲ့ တောင်စမုခ်တော်မှာ ခင်းကျင်းပြသပြီး အရှင်နှစ်ပါးက ထွက်တော်မူ ရေစက် သွန်းချသတဲ့။ ပြီးတာနဲ့ သက်ဆိုင်ရာ ဘုရားတွေဆီကို တာဝန်ပေးထားတဲ့ မှူးမတ် အရှာရှိတွေကတဆင့် လှူဒါန်း စေခဲ့တယ်။

မီးစောင်းတန်းတွေ သွယ်တန်းပူဇော်တဲ့ ဘုရားတွေက ရွှေနန်းတော်ကြီးကို ဗဟိုပြုပြီး၊ စန္ဒာမုနိဘုရား၊ ကုသိုလ်တော်ဘုရား၊ ကျောက်တော်ကြီးဘုရား၊ မန္တလေးတောင် ဗျာဒိတ်ပေးဘုရား၊ တောင်ထိပ်စေတီတော် ဘုရားဆီအထိ တလမ်း။ ဦးထိပ်တံခါးမှ ရတနာနဒီမြစ်ကို ကျော်ပြီး မင်္ဂလာဥယျာဉ်တော်၊ ၎င်းမှ တောင်သို့ မာရ်အောင်ရတနာ စေတီဘုရား (ဝါခင်းကုန်း ဘုရား) အထိ တလမ်း။ ကျော်မိုးတံခါး (မင်္ဂလာတံခါး) မှ တောင် မဟာဗောဓိညောင်ပင်သို့ တလမ်း။ ကျော်မိုးတံခါး (မင်္ဂလာတံခါး) လမ်းဆုံမှ အနောက်မဟာ လောကရုံသီ စေတီတော် (အိမ်တော်ရာ ဘုရား) သို့ တလမ်း၊ ယင်းမှ အနောက် ချမ်းသာကြီးဘုရား၊ ယင်းမှ တောင်ချမ်းသာရ ဘုရားသို့ တလမ်း။ ရွှေမြို့တော် အနောက်တောင်၊ တရုတ်တန်း လမ်းဆုံမှ တောင်ဘက် မဟာမုနိဘုရား၊ ယင်းမှ ရှင်ပင်းအုံ အင်းဘုရားသို့ တလမ်း။ ရွှေနန်းတော် အနောက်ဘက်တံခါးမှ တောင်ဘက် လောကဆီမီးဘုရားသို့ တလမ်း။ စည်ရှည်တံခါးမှ ဆုတောင်းပြည့် ဘုရား၊ ၎င်းမှ ရွှေကြီးမြင်ဘုရား၊ ၎င်းမှ ရတနာမဉ္ဇူ ဘုရားအရောက် တလမ်း။ အရပ်ရပ် ဝဲယာနှစ်ဘက်ပေါင်း စုစုပေါင်း တာတသောင်း ခြောက်ထောင်အရှည် မီးစောင်းတန်း အသွယ်သွယ် ထွန်းညှိ ပူဇော်ကြသတဲ့။

သီတင်းကျွတ် လပြည့်ကျော် ၁ ရက်နေ့မှ ၃ ရက်နေ့ အထိ မီးစောင်းတန်းများ အသွယ်သွယ် ထွန်းညှိတဲ့အခါ ရုပ်စုံပွဲ သဘင် များကိုလည်း ဘုရားစေတီ အသီးသီးမှာ တီးမှုတ်ဖျော်ဖြေစေတယ်။ ဒါမျှသာမ မီးစောင်းတန်း တလျှောက်မှာလည်း တညဥ့်လုံး တူရိယာသံ မပြတ်စေရဘူးတဲ့။ လမ်းတလျှောက် တီးမှုတ်ကခုန်နိုင်ကြဖို့ ဗုံရှည်၊ ဒိုးပတ်၊ အိုးစည် စတဲ့ တူရိယာအစုံ ငါးဆယ်ကျော်။ အတီးအက လူငါးရာကျော်ကို ပုဆိုး၊ ပုဝါ၊ အင်္ကျီ အစုံအလင် အပြင် တညကို ငွေကျပ် ဒင်္ဂါးနှစ်ပြားစီ ဆုတော်ငွေ ပေးကာ နန်းတော်က ဘုရားဆီအထိ တဦးရောက် တဦးပြန် တီးမှုတ် ကခုန်စေသည်။

ဇာတ်ရုံတော် ကြီးတွေမှာလည်း ယိုးဒယားကြီး အတီးအက၊ မြန်မာဇာတ်ကြီး အတီးအက၊ ကုလားပါရသီ ဇာတ်ကြီး အတီးအက၊ ဂျွမ်းထိုး၊ တိုင်တက်၊ ကြိုးတန်းလျှောက်တဲ့ ပွဲတွေအပြင် ရုပ်စုံသဘင် တွေကလည်း ကပြကြနဲ့ ခြိမ့်ခြိမ့် သည်းသည်း ပါပဲ။

ကိုင်း …

ထူးခြားတာက ရတနာပုံ နေပြည်တော်က ကြီးကျယ်ခမ်းနားလှတဲ့ သီတင်းကျွတ်ပွဲတော်ကို မန္တလေး ရတနာပုံ နေပြည်တော် မှာ နှစ်စဉ်မပျက် ကျင်းပပုံကို ကုန်းဘောင်ခေတ် မဟာရာဇဝင်တော်ကြီးက “မြင်းမိုရ် နှစ်ရပ်တွင်လည်း၊ ညနေသုံးချက်တီးခန့် အချိန်က၊ လေးချက်တီး ကျော်အချိန်ထိမှာ ယိုးဒယားဇာတ်ကြီး အတီးအက၊ မြန်မာဇာတ်ကြီး အတီးအက၊ ဂျွမ်းထိုး၊ တိုင်တက်၊ ကြိုးတန်းလျှောက်၊ တရုတ်နဂါး အတီးအက အစုံများကို ခင်းကျင်း ပြသရသည်။ ညလေးချက်တီး ကျော်အချိန်က ညဥ့်နှစ်ချက် တီးကျော် အချိန်ထိမှာ ရုပ်စုံပွဲ သဘင်ခင်းကျင်း ပြသရသည်” လို့ မှတ်တမ်းတင်တာကြောင့် မန္တလေးရတနာပုံနဲ့ တရုတ်နဂါးက ရှေးကတည်းက တွဲဖက်ပါဝင်နေကြောင်းပါဗျာ။      ။

ဧရာဝတီ

ဖူးခက် SuperCheap ဈေးရုံကြီး မီးလောင်မှု အသေအပျောက်စာရင်း အတည်မပြုနိုင်သေး

အလှကုန်၊ အီလက်ထရွန်နစ် ပစ္စည်းမျိုးစုံနဲ့ စက်ပစ္စည်း မျိုးစုံ စတာတွေအပါအဝင် ကုန်ပစ္စည်းမျိုးစုံရောင်းချကြောင်း အလုပ်သမားတွေက ပြော ပါတယ်။ ဈေးထဲမှာ အဝတ်အထည်ရောင်းနေတဲ့ ကိုစည်သူ ကလည်း “ကျနော်တို့ သူငယ်ချင်း အချို့ ဖုန်းဆက်လို့မရသေးဘူးဗျ၊ သေသ လား၊ ရှင်သလားလည်း မသိဘူး၊ ဒါမှမဟုတ် ပြေးရင်းနဲ့ ဖုန်း ကျကျန်ခဲ့လို့လားတော့ မသိဘူး၊ လူတွေသေတာတော့ ရှိတယ်”လို့ ဧရာဝတီကို ပြောပါတယ်။ မီးလောင်ထားတဲ့ ဈေးရုံကြီးရှေ့မှာ ထိုင်းအာဏာပိုင်တွေက ကယ်ဆယ်ရေးစခန်းတခု ပြုလုပ်ပေးထားပြီး မြန်မာနိုင်ငံသားတွေ အပါ အဝင် မီးလောင်၊ ဒဏ်ရာရ၊ သေဆုံးသူတွေ တွေ့ရှိရင် သတင်းလာပေးဖို့ အကြောင်းကြားထားတဲ့အတွက် သူတို့အနေနဲ့ အလုပ် သမားတွေအကြား သေဆုံးမှုတွေရှိမရှိ လိုက်လံစုံစမ်းမှုတွေ ပြုလုပ်ပေးနေတယ်လို့ ဦးအောင်ကြည် က ပြောဆိုပါတယ်။ ဧရာဝတီ ဖူးခက် SuperCheap ဈေးရုံကြီး မီးလောင်နေစဉ် (ဓာတ်ပုံ – phuketwan.com)

မြန်မာနိုင်ငံသား အများစု အလုပ်လုပ်ကိုင်နေကြတဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ဖူးခက်မြို့က SuperCheap ဈေးရုံကြီး မီးလောင်ရာမှာ သေဆုံးသူတွေ ရှိတယ်လို့ သတင်းတွေ ထွက်နေပေမယ့် အသေအပျောက် စာရင်းကို ယနေ့ ညနေအထိ အတည်ပြုနိုင်ခြင်း မရှိသေး ဘူးလို့ သိရပါတယ်။

အဲဒီဈေးရုံကြီးမှာ အလုပ်သမား ၃၀၀၀ ဝန်းကျင်ရှိရာ အများဆုံးက မြန်မာနိုင်ငံသားတွေဖြစ်ပြီး ထိုင်း၊ လာအိုနဲ့ ကမ္ဘောဒီးယား နိုင်ငံ သားတွေလည်း ပါဝင်ကြောင်း ထိုင်းသတင်းတွေက ဖော်ပြကြပါတယ်။

ဗုဒ္ဓဟူးနေ့ ည ၉ နာရီခွဲလောက်ကနေ လောင်တဲ့ မီးဟာ ကြာသာပတေးနေ့ မနက် ၃ နာရီလောက်မှ မီးညွှန့်ကျိုးသွားတာလို့ မျက်မြင် အလုပ်သမားတွေက ပြောပါတယ်။

SuperCheap ဈေးရုံကြီး မီးလောင်မှုမှာ မြန်မာအလုပ်သမားတွေ ဘယ်လောက် ပါမပါ ဆိုတာကတော့ ရှင်းလင်းနေဆဲ အချိန်မှာပဲ ရှိနေသေးတာကြောင့် ထိုင်းအာဏာပိုင်တွေဘက်က အတည်ပြုပြောဆိုတာ မတွေ့ရသေးသလို၊ မြန်မာအလုပ်သမားတွေ အတွက် အကူအညီပေးဖို့ သွားရောက်စုံစမ်းနေတဲ့ ထိုင်းတောင်ပိုင်း ဖန်ငခရိုင်အခြေစိုက် ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း (FED) အဖွဲ့ကလည်း သေဆုံးသူ ရှိမရှိ အတည်မပြုနိုင်သေးကြောင်း ပြောပါတယ်။

“သေတဲ့လူတွေ ရှိတယ်လို့တော့ သတင်းကြားပေမယ့်၊ အာဏာပိုင်တွေဘက်က အတည်ပြုထားတာ မရှိသေးပါဘူး၊ ဆေးရုံတွေကို လည်း ကျနော်တို့ သွားလေ့လာတယ်၊ မီးလောင်တဲ့ဈေးက အလုပ်သမား တွေနဲ့လည်း တွေ့ထားတယ်၊ အခုထိတော့ ကျနော်တို့ နိုင်ငံ သား သေတဲ့လူစာရင်း မရှိသေးဘူး၊ ဆက် သွယ်လို့မရဘဲ ပျောက်ဆုံးနေတဲ့ လူတွေတော့ရှိတယ်”လို့ FED အဖွဲ့ တာဝန်ခံ ဦးအောင်ကြည် က ဧရာဝတီကို ပြောပါတယ်။

ထိုင်းနိုင်ငံထုတ် The Nation သတင်းစာရဲ့ ဖော်ပြချက်အရတော့ မီးလောင်မှုကြောင့် ခန့်မှန်းခြေ အနည်း ဆုံး ဘတ် သန်း ၅၀၀ တန်ဖိုး ပျက်စီးဆုံးရှုံးတယ်လို့ သိရပါတယ်။

မီးလောင်သေဆုံးမှုထဲမှာ မြန်မာနိုင်ငံသားတွေ ပါတယ်လို့ မိတ်ဆွေတွေဆီကနေ သတင်းကြားရပေမယ့် မီးလောင်နေစဉ်မှာတော့ ကိုယ်လွတ်ရုန်းနေရတဲ့ အတွက် လှည့်ကြည့်ဖို့ပင် အချိန်မရဘူးလို့ SuperCheap ဈေးရုံကြီးမှာ ခေါက်ဆွဲရောင်းတဲ့ မြန်မာနိုင်ငံသား ကိုအောင်ဇော်ဦး က ဧရာဝတီကို ပြောပါတယ်။

“တချို့သူငယ်ချင်းတွေကတော့ ဆက်သွယ်လို့မရဘူး၊ တချို့ကတော့ မြန်မာပြည်သားတွေ သေတာရှိ တယ်လို့ ပြောတယ်၊ ကျနော် ကတော့ မီးလောင်ကတည်းက အလွတ်ထွက်ပြေးခဲ့ရတာ ဆိုတော့ လှည့်မ ကြည့်နိုင်ဘူး”လို့ သူက ပြောပြပါတယ်။

SuperCheap ဈေးရုံကြီးဟာ မနက် ၅ နာရီကနေ ည ၁၁ နာရီအထိ ဖွင့်လှစ်ပြီး အဝတ်အထည်၊ စားသောက်ကုန်၊ အလှကုန်၊ အီလက်ထရွန်နစ် ပစ္စည်းမျိုးစုံနဲ့ စက်ပစ္စည်း မျိုးစုံ စတာတွေအပါအဝင် ကုန်ပစ္စည်းမျိုးစုံရောင်းချကြောင်း အလုပ်သမားတွေက ပြော ပါတယ်။

ဈေးထဲမှာ အဝတ်အထည်ရောင်းနေတဲ့ ကိုစည်သူ ကလည်း “ကျနော်တို့ သူငယ်ချင်း အချို့ ဖုန်းဆက်လို့ မရသေးဘူးဗျ၊ သေသ လား၊ ရှင်သလားလည်း မသိဘူး၊ ဒါမှမဟုတ် ပြေးရင်းနဲ့ ဖုန်း ကျကျန်ခဲ့လို့လားတော့ မသိဘူး၊ လူတွေသေတာတော့ ရှိတယ်”လို့ ဧရာဝတီကို ပြောပါတယ်။

မီးလောင်ထားတဲ့ ဈေးရုံကြီးရှေ့မှာ ထိုင်းအာဏာပိုင်တွေက ကယ်ဆယ်ရေးစခန်းတခု ပြုလုပ်ပေးထားပြီး မြန်မာနိုင်ငံသားတွေ အပါ အဝင် မီးလောင်၊ ဒဏ်ရာရ၊ သေဆုံးသူတွေ တွေ့ရှိရင် သတင်းလာပေးဖို့ အကြောင်းကြားထားတဲ့အတွက် သူတို့အနေနဲ့ အလုပ် သမားတွေအကြား သေဆုံးမှုတွေရှိမရှိ လိုက်လံစုံ စမ်းမှုတွေ ပြုလုပ်ပေးနေတယ်လို့ ဦးအောင်ကြည် က ပြောဆိုပါတယ်။

ဧရာဝတီ

ဗုံးခွဲမှု စုံစမ်းရေး KNU ပူးပေါင်းဆောင်ရွက်

လွန်ခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ရန်ကုန်မြို့အပါအ၀င် မြန်မာနိုင်ငံ အတွင်းက နေရာတချို့မှာ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့တာနဲ့ ပတ်သက်လို့ အစိုးရနဲ့ KNU အဖွဲ့အကြား ပူးပေါင်း ဆောင်ရွက်နေတယ်လို့ ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အတွင်းမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲ အတွင်း အစိုးရပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ပြောပါတယ်။ ဗုံးခွဲမှုတွေမှာ အဓိက တာဝန်ရှိတယ်လို့ ယူဆထားတဲ့ စောမြင့်လွင်ကို  KNU ဗဟို အလုပ်အမှုဆောင်တဦး လာရောက် စစ်ဆေးနေတာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ အခမ်းအနားမှာ ကိုယ်တိုင် သတင်းသွားယူထားတဲ့ ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

ဒီကနေ့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်အတွင်းမှာ သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။  မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်းက ဗုံးခွဲမှုမှာ မသင်္ကာသူတွေကို ဖမ်းဆီးရမိပုံ၊ သူတို့ကို စစ်ဆေး မေးမြန်းချက်တွေက ရရှိလာတဲ့ သတင်းအချက်အလက်တွေအကြောင်း စတာတွေကို အကျယ်တ၀င့် ရှင်းပြသွားတာပါ။

လောလောဆယ် ဖမ်းဆီးထိန်းသိမ်းထားတဲ့ စောမြင့်လွင့်အပါအ၀င် တခြား မသင်္ကာသူတွေကို မြန်မာအစိုးရ တာဝန်ရှိသူတွေတင်သာမကပဲ ဒီလူတွေထဲက တချို့ဟာ တချိန်က ကေအဲန်ယူအဖွဲ့ လက်အောက်ခံ စီးပွားရေးလုပ်ငန်းတွေမှာ လုပ်ကိုင်ဖူးခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်နေတာကြောင့် ကေအဲန်ယူက တာဝန်ရှိသူတွေပါ လာရောက် စစ်ဆေးပြီးတော့ ပူးပေါင်း လုပ်ဆောင်နေတယ် လို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးလည်းဖြစ်၊ အစိုးရပြောခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးရဲထွဋ်က ပြောပါတယ်။

"ဒီကိစ္စ စဖြစ်တော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကနေ စပြီးတော့မှ သံသယရှိတဲ့ သတင်း အချက်အလက်တွေ ရရှိတော့ သက်ဆိုင်ရာ ကေအဲန်ယူ အဖွဲ့အစည်းနဲ့ ဆောင်ရွက်ခဲ့ပါတယ်။ ရဲချုပ်ကြီး တင်ပြခဲ့တဲ့အထဲမှာလည်း ပါပါတယ်။ မော်လမြိုင်ဘက်မှာ မိတာဆိုရင် ကေအဲန်ယူကနေပြီးတော့မှ ပူးပေါင်းဆောင်ရွက်ပြီးတော့မှ လုပ်ခဲ့တာရှိတယ်။ အဲ့တော့ ကေအဲန်ယူ အဖွဲ့အစည်းဟာ နိုင်ငံတော်အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးကို အစောဆုံး လက်မှတ်ထိုးထားတဲ့ အဖွဲ့ထဲမှာ ပါပါတယ်။ အကြာဆုံး အဖွဲ့လည်းဖြစ် ပါတယ်။ ကေအဲန်ယူခေါင်းဆောင်များအနေနဲ့ဆိုရင် ကျနော် မှတ်မိသလောက် ဗိုလ်ချုပ်ကြီး စောမူတူးစေဖိုး ဦးစီးတဲ့ခေါင်းဆောင်တွေဟာ သမ္မတကြီးနဲ့သုံးကြိမ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နဲ့ သုံးကြိမ်အထိ ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ ဆိုလိုတာက အောက်ခြေတပ်ဖွဲ့ဝင်တွေကြားထဲမှာရော၊ နှစ်ဖက်ခေါင်းဆောင်များကြားထဲမှာရော အပြန်အလှန်ယုံကြည်မှုဟာ အင်မတန်မှ ခိုင်မာတဲ့ အခြေအနေမှာ ရှိပါတယ်။

ဒါကြောင့်မို့ ကျနော်တို့ အနေနဲ့က ကေအဲန်ယူ အဖွဲ့အစည်းအနေနဲ့ ဒီကိစ္စမျိုးမှာ လုံးဝ လုပ်မှာမဟုတ်ဘူးဆိုတာ ယုံကြည်ပါတယ်။ အဲ့တော့ ကေအဲန်ယူ ဗဟိုအလုပ်အမှူဆောင်ကော်မတီဝင် တစ်ယောက်ကလည်း ခုနက ကျနော်ပြောသလိုပဲ ရန်ကုန်မှာ ရောက်ရှိနေပြီးတော့မှ ကျနော်တို့ စောမြင့်လွင်နဲ့ တွေ့ဆုံပြီး သူတို့သိချင်တဲ့ အချက်အလက်တွေ မေးနေတာတွေ ရှိပါတယ်။ နောက်ပြီး ကျနော်တို့ဆက်လက် ပူးပေါင်းပြီးတော့မှ အပြန်အလှန် သတင်းဖလှယ်ပြီးတော့မှ နောက်ထပ် ထပ်ဖြစ်လာနိုင်တဲ့ဟာတွေပေါ့နော်။ သတင်းဆက်တွေကို ဆက်လက်ဖော်ထုတ် သွားမှာဖြစ်ပါတယ်။ ခုနက ကျနော်ပြောတဲ့အတိုင်း ပြန်ပြောရရင်တော့ ကေအဲန်ယူအဖွဲ့အစည်းအနေနဲ့ ဒီကိစ္စမှာ လုံးဝ ပါဝင်ပတ်သက်ခြင်း မရှိဘူးဆိုတာ ကျနော်တို့အနေနဲ့ ယုံကြည်ပါတယ်။ ကေအဲန်ယူအနေနဲ့ရော တိုင်းရင်းသားအားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှုဖြစ်စဉ်ကိုလည်း ထိခိုက်စရာ အကြောင်းမရှိပါဘူး။

နောက်တခါ အစိုးရနဲ့ ကေအဲန်ယူ ပူးပေါင်းပြီးတော့ လည်း ပြည်လုံးကျွတ်ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ကိုလည်း ကျနော်တို့ မဖြစ်မနေ ဆက်လက် လုပ်ဆောင်သွားမယ် ဆိုတာ နှစ်ဖက်စလုံး ကလည်း အပြန်အလှန် ကတိပြုထားပြီး ဖြစ်ပါတယ်။ "

ကိုဇော်ဝင်းလှိုင်မေးမြန်းချက်။    ။  " ကေအဲန်ယူက အရာရှိတွေ စောမြင့်လွင် ကို တွေ့တယ်ဆိုတာ သူတို့လည်း သူတို့လိုချင်တဲ့အချက်အလက်တွေကို သိချင်လို့ လာစုံစမ်းစစ်ဆေးတာလား။"

ဦးရဲထွဋ်။     ။ "ဟုတ်ပါတ ယ်။ ကျနော်တို့လည်း ကျနော်တို့ရတဲ့ သတင်း အချက် အလက်တွေ ဖလှယ်တာပေါ့။ ဒီလိုတော့ ပြောနေပြီ ဆိုတာ ပြောလိုက် ပါတယ်။ ပြောလိုက်တဲ့ အခါကျတော့ ကေအဲန်ယူ ကနေပြီးတော့မှ CEC ပေါ့၊ ဗဟိုအလုပ်အမှူဆောင်ကော်မတီဝင် တစ်ဦး ဆင်းလာပါတယ်။ ဆင်းလာပြီးတော့မှ သူကိုယ်တိုင်လည်း အင်တာဗျူးလုပ်ပါတယ်။ သူ့ကရင်ဘာသာနဲ့ပဲ မေးတာပါ။ မေးပြီးတော့မှ ကျနော်တို့ဆီက ရတဲ့သတင်းအချက်အလက်နဲ့ တိုက်ဆိုင်စစ်ဆေးပြီးတော့ သူလည်း လက်ခံပါတယ်။"

အဲဒီ ကေအဲန်ယူ ဗဟိုကော်မီတီဝင်ဟာ ဒီကနေ့ပဲ စောမြင့်လွင်ကို လာရောက် စစ်ဆေးတာဖြစ်တယ်လို့ ဆိုပါတယ်။ အခုလို ပူးပေါင်း လုပ်ဆောင် လိုက်ခြင်းက နောင် လုပ်မယ့် လုပ်ငန်းတွေအတွက်လည်း နားလည်မှု ပိုမို ရရှိသွားစေနိုင်တယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

မကြာသေးခင်ရက်တွေအတွင်း ပြုလုပ်ခဲ့တဲ့ စုံစမ်း စစ်ဆေးမှုတွေ အရ နိုင်ငံခြားသားတွေ မြန်မာနိုင်ငံမှာ ၀င်ရောက် လုပ်ကိုင်တာတွေ ကို နှောက်ယှက်ဖို့၊ ပြည်ပက ရင်းနှီးမြုပ်နှံမှုတွေကို နှောက်ယှက် ဖျက်ဆီးဖို့ ရည်ရွယ်တာကို တွေ့ရှိရကြောင်း စောမြင့်လွင်ရဲ့ ကိုယ်ရေးရာဇ၀င်နဲ့ အစချီပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်းက ပြောပါတယ်။

"စောမြင့်လွင်ရဲ့ ဘက်ကရောင်း အပြည့်အစုံမှာ စောမြင့်လွင် ဟာ သူက ကေအဲန်ယူ တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်တယ်ဆိုတာ တွေ့ရှိရပါတယ်။ ဒုတိယ အချက်က နောက်ကွယ်ကနေပြီးတော့မှ စီမံညွှန်ကြားတဲ့ နေတိုးရဲ့ အနေအထားပါ။ နေတိုးကတော့ ကျနော်တို့ ကေအဲန်ယူအဖွဲ့ရဲ့ စီးပွားရေးလုပ်ငန်း အဖွဲ့တခုမှာ ပါဝင်တဲ့ ပြောရမယ်ဆိုရင် စီးပွားရေးလုပ်ငန်းနဲ့ပတ်သက်တဲ့ တာဝန်ခံတစ်ယောက်ဖြစ်တယ်ဆိုတာ တင်ပြလိုပါတယ်။

နောက်သံတွဲကိစ္စ၊ အာဆီယံဆီးဂိမ်း၊ ဒီကိစ္စတွေကို ကျနော်တို့ရှေ့မှာ တော်တော်လေး ဆွေးနွေး သွားပြီးပါပြီ။ လက်ရှိဖော်ထုတ် ချက်တွေ အရတော့ သူ့ရဲ့အကျိုးအကြောင်းက ၁အချက်ကတော့ ခရီးသွား လုပ်ငန်းတွေ တိုးချဲ့လာတာတွေကို အဟန့်အတားဖြစ်စေဖို့နဲ့ နောက်တခါ ၂ အချက်ကတော့ တိုင်းရင်းသား စီးပွားရေးလုပ်ငန်းဧရိယာတွေမှာ ရင်းနှီးမြုပ်နှံမှုတွေ တိုးလာမှာ တားဆီးဖို့၊ အဲ့ဒီ့လောက် ရည်ရွယ်ချက်ပဲဖြစ်ပါတယ်။ ဖော်ထုတ်ချက်အရတော့ ကျနော်တို့ ဒီလောက်ပဲ ရှင်းလင်းဖြေကြားနိုင်ပါတယ်။"

လတ်တလော ဗုံးဖောက်ခွဲမှုနဲ့ ဆက်နွယ်ပြီး သံသယရှိသူအဖြစ် ဖမ်းဆီးထားသူ ၈ ယောက်ကို စစ်ဆေးမေးမြန်းမှုတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

ဒီဗုံးဖောက်ခွဲမှုတွေနဲ့ ပတ်သက်လို့ မသင်္ကာသူတွေကိုလည်း လိုက်လံ စုံစမ်း ဖော်ထုတ်နေဆဲဖြစ်ပြီး နိုင်ငံပိုင် သတင်းစာတွေ၊ ရုပ်မြင်သံကြားတွေ ကလည်း သူတို့ရဲ့ ရုပ်ပုံတွေကို ပြသနေတာပါ။ မသင်္ကာသူတွေကို ဖမ်းဆီး ရမိဖို့အတွက် နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ အကူအညီ အပါအ၀င် Interpol လို့ခေါ်တဲ့ နိုင်ငံတကာ ရဲတပ်ဖွဲ့ရဲ့ အကူအညီကိုလဲ ရယူနေပါတယ်လို့ ရဲချုပ် ဇော်ဝင်းက ပြောပါတယ်။

အနဲဆုံး လူ ၂ ဦး သေဆုံးပြီး ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာတွေရခဲ့ကြတဲ့ ဗုံးဖောက်ခွဲမှုတွေမှာ အိမ်တွင်းဖြစ်ဗုံးတွေကို အသုံးပြုခဲ့တာ တွေ့ရှိရသလို၊ အမျိုးအစားတူတဲ့ ဖောက်ခွဲရေး ပစ္စည်းတွေကို အခြေခံ တည်ဆောက်ထားတဲ့ အတွက်လည်း အဖွဲ့အစည်းတခု၊ အုပ်စုတခုက စီစဉ်တယ်လို့ အာဏာပိုင်တွေက သံသယ ရှိနေကြပါတယ်။

မြန်မာနိုင်ငံဟာ မကြာခင်မှာ SEA Games - အရှေ့တောင်အာရှ အာကစားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပဖို့ ရှိနေသလို အဲဒီ အားကစားပြိုင်ပွဲ ပြီးပြီးချင်းဆိုသလိုပဲ အာဆီယံ အရှေ့တောင်အာရှနိုင်ငံများ အသင်းရဲ့ အလှည့်ကျ ဥက္ကဌအဖြစ် ပထမဆုံးအကြိမ် တာဝန် ထမ်းဆောင်တော့မှာ ဖြစ်တဲ့အတွက် အခုလို ဗုံးခွဲ တိုက်ခိုက်မှုတွေ ဟာ မြန်မာလူထုအတွက်သာ မကပဲ နိုင်ငံတကာ အသိုင်းဝိုင်းအတွက်လည်း စိုးရိမ်စရာကိစ္စ ဖြစ်လာနေတာပါ။

ဒါကြောင့် လုံခြုံရေးလုပ်ငန်းတွေ တိုးမြင့် လုပ်ဆောင်တာ အပါအ၀င် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ နည်းပညာပိုင်းဆိုင်ရာတွေအတွက် ကျပ် ၆ ဘီလီယံ အသုံးပြုသွားဖို့ စီစဉ်ထားတယ်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ် ဇော်ဝင်းက ပြောကြားသွားပါတယ်။

ကိုဇော်ဝင်းလှိုင် (ဗွီအိုအေ)

မုံရွာမြို့ အဝေးပြေး ကားလေးဝင်းတွင် ဗုံးလန့်မှု ဖြစ်ပွား


စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ အဝေးပြေးကားအသင်းစုဝေးရာ ကားလေးဝင်းတွင် ရန်ကုန်မှတင်ပို့ပေးလိုက် သော ပါဆယ်အိတ်တစ်လုံးအား သက်ဆိုင်ရာမှ မသင်္ကာ၍ စစ်ဆေးရာမှစကာ အောက်တိုဘာလ ၁၈ရက် နံနက် ၉နာရီက ဗုံးလန့်မှုဖြစ်ပွားခဲ့သည်ဟု ဗုံးရှင်းလင်းရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

အဆိုပါ ပါဆယ်အိတ်သည် Myanmar Mobile အမှတ်တံဆိပ် အပြာရောင်စာတမ်းပါ လက်ဆွဲစက္ကူ အိတ်ဖြစ်ပြီး အိတ်ပေါ်တွင် "ဗိုလ်ချုပ်စိုးလွင် (တိုင်းမှူး) မုံရွာမြို့"ဟု ရေးထားပြီး ရန်ကုန်မှ မုံရွာသို့ စိန်ဌေးလှိုင် ခရီးသည်တင်ယာဉ်ဖြင့် တင်ပို့လိုက်ခြင်းဖြစ်သည်။ ထိုအိတ်ပေါ်တွင် ပေးပို့မည့်နာမည် ပါသော်လည်း လိပ်စာရေးသားထားခြင်းမရှိသောကြောင့် သက်ဆိုင်ရာမှ မသင်္ကာသဖြင့် စစ်ဆေး ခဲ့ခြင်းဖြစ်သည်။

မုံရွာမြို့ အမှတ်(၉၀၉) စစ်မြေပြင်အင်ဂျင်နီယာတပ်မှ ဗိုလ်ကြီးချစ်ဆွေနှင့်အဖွဲ့သည် ထိုမသင်္ကာဖွယ် စက္ကူအိတ်အား သီးခြားသတင်းအတည်ပြုရန် သက်ဆိုင်ရာစစ်ဘက်ရေးရာဌာနသို့ ယူဆောင်စစ်ဆေးရာ အိတ်အတွင်း၌ ဂေါက်သီးများ ထည့်ထားခြင်းသာဖြစ်ပြီး စိုးရိမ်ဖွယ်မရှိကြောင်း ယင်းအင်ဂျင်နီယာတပ်က ပြောကြားခဲ့သည်။

ယင်းမသင်္ကာဖွယ် ပါဆယ်အိတ်တစ်လုံးအား တိုင်းဒေသကြီး အရေးကြီးစာပို့ တာဝန်ထမ်းဆောင်နေသူ အမှတ်(၁၄)ယာဉ်ထိန်းရဲတပ်ဖွဲ့(မုံရွာ) တပ်ဖွဲ့ခွဲမှ ယာဉ်ထိန်းရဲတပ်ကြပ် မြသိန်းထိုက်က တာဝန်အရ ပေးပို့ စာများနှင့် ပါဆယ်ပစ္စည်းများကို ကားဂိတ်တွင် သွားရောက်ယူဆောင်ခဲ့ရာမှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“ ဒီရက်ပိုင်းအတွင်းမှာ မသင်္ကာဖွယ်ရာ ပစ္စည်းတစ်စုံတစ်ခုကို တွေ့ရှိရတယ်ဆိုရင် သက်ဆိုင်ရာကို ဖုန်းဆက် အကြောင်းကြားပါဆိုလို့ လုံခြုံရေသတိအရ အခုလိုဖုန်းဆက် လိုက်ရတာဖြစ်ပါတယ်"ဟု ယာဉ်ထိန်း ရဲတပ်ကြပ် မြသိန်းထိုက်က ပြောသည်။

အောက်တိုဘာလ ၁၁ရက်က ပဲခူးတိုင်း တောင်ငူမြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက်ပိုင်း ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် ဗုံးပေါက်ကွဲမှုများ၊ ဗုံးလန့်မှုများ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့သည်။

ဗုံးပေါက်ကွဲမှုများသည် အောက်တိုဘာလ ၁၁ရက်နေ့တွင် တောင်ငူမြို့၌ စတင်ဖြစ်ပွားခဲ့ပြီး နှစ်ဦးသေ ဆုံးကာ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။ ထိုလထဲတွင်ပင် ၁၃ရက်နေ့၌ ရန်ကုန်မြို့ စော်ဘွားကြီးကုန်း ကားမှတ် တိုင်အနီးတွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ထိုနေ့ညနေပိုင်းတွင်ပင် သာကေတမြို့နယ်၊ မာန်ပြေမှတ်တိုင် အနီးတွင် ထပ်မံပေါက်ကွဲခဲ့သည်။

ထို့အပြင် အောက်တိုဘာလ ၁၄ရက်ကလည်း ရန်ကုန်မြို့၊ အလုံမြို့နယ်ရှိ Westren Park 2 နှင့် မန္တလေးတွင် မပေါက်ကွဲသေးသော ဗုံးတွေ့ခြင်း၊ ဗုံးလန့်ခြင်းများ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့သည်။ အောက်တိုဘာလ ၁၄ရက် ညပိုင်းက ရန်ကုန်မြို့ ထရိတ်ဒါးဟိုတယ်တွင် လူနေခန်းထဲ၌ ဗုံးပေါက်ကွဲခဲ့ပြီး အမေရိကန်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့သည်။

အောက်တိုဘာလ ၁၅ရက်တွင် စစ်ကိုင်းမြို့ရှိ ဆွမ်းဦးပုညရှင်ဘုရား ကားပါကင်နေရာနှင့် ရွှေပြည့်စုံ ဟိုတယ်တို့တွင် ဗုံးပေါက်ကွဲမှုများ ထပ်မံဖြစ်ပွားခဲ့သေးသည်။ ထိုသို့ဗုံးပေါက်ကွဲမှုများအပြီး စစ်ကိုင်း တိုင်းတွင် အရပ်ဝတ်ရဲများအား လူစည်ကားရာနေရာများနှင့် မြို့အဝင်အထွက်နေရာများတွင် လုံခြုံရေးများ ချထားခဲ့သည်။

ထို့အပြင် အောက်တိုဘာလ ၁၆ရက်နှင့် ၁၇ရက်များတွင် ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ဗုံးသုံးလုံးဆက်ပေါက်ကာ တစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်။

ကိုတိုးကြီး
Mizzima

ဗမာဖြစ်ရတဲ့ဒုက္ခ


ထိုင်းနိုင်ငံရောက်မြန်မာရွေ့ပြောင်းအလုပ်သမားတို့၏ ဘ၀ပုံရိပ်အချို့ကို ရံဖန်ရံခါ ကျနော်ရေးလေ့ရှိသည်။ စာဖတ်ပရိသတ်အချို့က `ဆောင်းပါးတွေထဲမှာ ရေးထားသလို ထိုင်းရောက်မြန်မာတွေရဲ့ ဘ၀ဟာ တကယ်ပဲဆိုးသလား´ဟု မေးမြန်းလာပါသည်။ လွန်ခဲ့ သောလက ရွှေလုပ်သားဂျာနယ်မှ အောက်ဖော်ပြပါ သတင်းသည် အထက်ပါမေးခွန်းအတွက်အကောင်းဆုံးသက်သေ ဖြစ်မည် ဟု ကျနော်မျှော်လင့်ပါသည်။

စက်တင်ဘာ၆ မြတ်ညို(အလွတ်သတင်းထောက်)
ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီမြို့ ဘန်ချန်ရပ်ကွက်တွင်နေထိုင်သည့်ရာဘာခြံအလုပ်သမားတစ်ဦးအား ခွေးကိုဆဲဆိုသဖြင့် ထိုင်း လူမျိုးတစ်ဦးက သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း သိရှိရသည်။
ယမန်နေ့ ညနေ ၆နာရီကျော်ခန့်က အသက် ၂၁ နှစ်အရွယ် သိန်းမင်းစံ ဆိုသူ ရာဘာခြံ အလုပ်သမားတစ်ဦးသည် အချိုရည်နှင့် မုန့်များ ၀ယ်ရန်သွားစဉ် ခွေးတစ်ကောင် လိုက်ကိုက်သဖြင့် ထိုင်းဘာသာစကားဖြင့်ဆဲဆိုခဲ့သည်။ စားစရာများ ၀ယ်ပြီးပြန်လာသည့်အခါ ခွေပိုင်ရှင်က အိမ်ရှေ့မှစောင့်နေပြီး ညာဘက်ရင်အုံနှင့်ညာဘက် မျက်ခုံးအပေါ်နဖူးစောင်းတို့ကို သေနတ်ဖြင့်နှစ်ချက် ပစ်ခတ် လိုက်ခြင်းဖြစ်သည်။
ဦးလေး တော်စပ်သူ ကိုဇော်ဇော် က “ ခွေးလိုက်ကိုက်လို့ ဆဲမိတာကို သေနတ်နဲ့ပစ်သတ်ရတယ်လို့ဗျာ။ အချိုရည်ဗူးနဲ့ မုန့်ကိုကိုင်ပြီး နေရာမှာ ပွဲချင်းပြီးသေရတယ်။ ခွေးကို ကျနော့်တူက တစ်ခုခုနဲ့ လုပ်မိတယ်ဆိုလည်းတစ်မျိုး။ ကျနော်တို့ မြန်မာတွေဟာ ခွေးတစ်ကောင် လောက်တောင် တန်ဘိုးမရှိဘူးလား။ အသက်တစ်ချောင်း။ ဘ၀တစ်ခု ဒီလို လုပ်ချင်တိုင်း လုပ်လို့ ရစတမ်းလားဗျာ” ဟု ထိခိုက်ကြေကွဲ စွာဆိုသည်။
ကိုသိန်းမင်းစံသည် ထားဝယ်ခရိုင် ပုလောမြို့နယ်၊ ပလရွာ မှ ဦးကျော်မင်း၊ ဒေါ်ထွေးရီ တို့၏ သား လူပျိုလူလွတ်ဖြစ်ကြောင်း သိရသည်။ ယခု လုပ်ကိုင်နေသည့် ရာဘာခြံတွင် ၄နှစ်တိုင်တိုင် အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားတစ်ဦးဖြစ်သည်။ အလောင်းအား စက်တင် ဘာလ ၇ ရက်နေ့တွင် သဂြိုဟ်မည်ဖြစ် သည်။

၂။ ထမင်းတစ်လုတ် တုတ်တစ်ချက်

ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားတို့၏ ဘ၀ကို အတိုဆုံးအရှင်းဆုံး ဥပမာပေးရလျှင် ထမင်းတစ်လုတ်၊တုတ်တစ်ချက်ဟူသော ဆိုရိုး သည် အံအ၀င်ဆုံးဖြစ်တန်ရာသည်။ကာလကြာညောင်းခဲ့သော စစ်သားအုပ်ချုပ်ရေးစံနစ်ကြောင့် ထမင်းနပ်မမှန်ကြသော တောနေ လူ တန်းစားအများအပြားမှာ ရေကြည်ရာမြက်နုရာရှာရင်း ထိုင်းဘက်ခြမ်းသို့ရောက်လာကြသည်။အစအဦးကသော် ကော့သောင်း၊ဘိတ်၊ ထားဝယ်၊မော်လမြိုင်၊ကရင်ပြည်နယ်ဘက်တို့မှ ကျေးလက်နေလူထုအများစုဖြစ်သော်ငြား နောင်သော် ရန်ကုန်မန္တလေးကဲ့သို့ မြို့ကြီး ပြကြီးမှ လူများပါ ထိုင်းနိုင်ငံတနံတလျားသို့ ပြိုဆင်းလာကြသည်။အဆိုပါ မြန်မာအားလုံးလိုလို ထိုင်းဥပဒေအရ၊ထိုင်းလူမျိုးတို့ လက်ရှောင်ကြသည့် ညစ်ပတ်ပေရေ၊ ကျန်းမာရေးထိခိုက်သော၊ ကြမ်းတမ်းပင်ပန်းသော အလုပ်များကိုသာ လုပ်ခွင့်ရကြသည်။
မြန်မာရွေ့ပြောင်းလုပ်သားတို့ကား ခေတ်မီတိုက်တာ အဆောက်အဦးများ အကြိုအကြားတွင် ၊ ပန်ကာတစ်လုံး၊ထမင်းပေါင်းအိုး တစ်လုံးဖြင့် ယိုင်နဲ့နဲ့အလုပ်သမားတန်းလျားများတွင်နေရကာမျှဖြင့် နတ်ဘုံနတ်နန်း ထင်မှတ်ကြရှာသည်။ဇာတိမြေကို စွန့်ရခြင်း ၏ဒုက္ခ၊လူလိုမနေရသည့်ဒုက္ခတို့ကို ထမင်းနပ်မှန်ခြင်းဖြင့် အလဲအထပ်ပြုကြရသည်။
နွားသတ်ရုံပို့မည့်နွားများကို တံဆိပ်တုံးရိုက်ပေးသည်နှင့် ဥပမာပြုအပ်သော အလုပ်သမားကဒ်(ဘတ်)များကိုင်ဆောင်ရသည့် ဘ၀မှ ယာယီနိုင်ငံကူးလက်မှတ်ပေးခြင်းကား အမြင်ကောင်းလှပါ၏။နားဝင်ချိုလှပါ၏။ နောက်ဆက်တွဲအနေဖြင့် နိုင်ငံတကာသွားလာနိုင် သည့် အနီရောင်နိုင်ငံကူးလက်မှတ်များအတွက်လည်း သာဓုဖြောင့်ဖြောင့် ခေါ်လိုလှပါ၏။ သို့သော် …..။
ယာယီနိုင်ငံကူး လက်မှတ်ထုတ်ပေးခြင်းအတွက် အကြီးအကျယ် အကျိုးဖြစ်ထွန်းသူတို့မှာ ထိုင်းလူမျိုးပိုင် အလုပ်သမားကုမ္ပဏီများ မြန်မာသံရုံးနှင့် မြန်မာပတ်စပို့ပွဲစားတချို့သာဖြစ်သည်။


မြန်မာရွေ့ပြောင်းအလုပ်သမားတို့သည်ထိုင်းအာဏာပိုင်တို့၏ အလိုအလျောက်ငွေထုတ်စက်(ATM)များဟု ဆိုနိုင်သည်။ဘတ်ရှိရှိ၊ မရှိရှိ၊ ပတ်စ်ပို့ရှိရှိ၊မရှိရှိ ဖမ်းသည်။ငွေညှစ်သည်။ မရရရာ ပုဒ်မတစ်ခုခု ပြောင်းတပ်သည်။ရွှေပေါင်လက်မှတ်ကိုပင် အလွတ်မပေး။ ရွေ့ပြောင်း အလုပ်သမားတွေမှာ ခေါ်စရာအဖေမရှိ။

၎။ မြန်မာကျွန်မျိုးဆက်သစ်

အစအဦးမှာ ပြည်တွင်းဇနပုဒ်တစ်ခုမှ မြန်မာအလုပ်သမားတစ်ဦး ဖူးခက်သို့လာရောက် အလုပ်လုပ်ကိုင်သည်။ စားဝတ်နေရေး ပြေလည်ရုံရှိသည်ကို ရွာမှာရှိနေသည့် အလုပ်လက်မဲ့တို့က အားကျသည်။နီးစပ်ရာဆွေနီးမျိုးစပ်တွေ အကုန်နီးပါး ဖူးခက်ကို ရောက်လာကြသည်။ မွန်ပြည်နယ်မော်လမြိုင်မြို့အနီးရှိ ကျောက်တန်းကျေးရွာကဲ့သို့ ရွာများမှဆိုလျှင် ကျောင်းထိုင်ဘုန်းတော်ကြီးနှင့် ကျေးရွာကောင်စီဥက္ကဋ္ဌ တွေပါ ဖူးခက်ကိုရောက်လာ၊ကြွလာကုန်ကြသည်။
ဖူးခက်မှာပင် နဖူးစာရွာလည်ကြသည်။ အိမ်ထောင်ဖက်ကာ သားသမီးပွားစီးကြသည်။ လေးငါးနှစ်အရွယ်တွင် ဇာတိရပ်ရွာသို့ ပြန်ပို့ ကာ မူလတန်းပညာအဆင့် သင်ယူနေကြသော်ငြား၊ကျောင်းစာကို စိတ်မ၀င်စား။ ဖူးခက်မှာနေထိုင်ကြီးပြင်းခဲ့ရစဉ်က နေ့စဉ်မှီဝဲရသည့် အားဖြည့်အချိုရည်နှင့် ကော်ဖီဗူးမျိုးစုံကိုသာ အထင်တကြီးတောင့်တသည်။အဆိုးတော့မဆိုသာပြန်ချေ။ ထိုထိုသော ဗူးမျိုးစုံသည် ရွာမှာ သူဌေးနှင့်ဘုန်းတော်ကြီးများသာမှီဝဲနိုင်သောအရာမဟုတ်လော။ ကြီးပြင်းလာသည့်တစ်နေ့ ဖူးခက်မှာအလုပ် သွားလုပ်မည်ဟူသော ကျွန်ခံရေး မျှော်မှန်းချက်သည် ကလေးတိုင်းလိုလို၏ စိတ်ဝယ်စွဲထင်နေခဲ့ကြပြီ။ထိုင်းနိုင်ငံသားတို့တစ်နေ့အလုပ်ချိန် ရှစ်နာရီဖြစ်သော်ငြား မြန်မာအလုပ်သမားအများစုမှာ တစ်နေ့လျှင် ဆယ့်နှစ်နာရီမျှ အလုပ်လုပ်ကြရသည်။လစာကား အတူတူ။
ထို့ကြောင့် အရွယ်မတိုင်မီ အိုမင်းမစွမ်းဖြစ်ကုန်ကြပြီး အသက်ငါးဆယ်ကျော်ခန့်တွင် လူမမာဘ၀ဖြင့် ဇာတိရွာမှာ ခေါင်းချကြသည်။ ထိုကွက်လပ်ကို သားသမီးမြေးမြစ်များက ကျွန်ကမွေးသည့်သဘောက်များအဖြစ် ၀င်ရောက်ဖြည့်ဆည်းရန် အသင့်ရှိနေကြသည်။ အကောင်းဆုံး လုပ်အားစိုက်ထုတ်နိုင်သည့် အရွယ်ကောင်း၊အားကောင်းမောင်းသန်မြန်မာအလုပ်သမား အလုပ်သမားများကို ဈေးပေါပေါနှင့် သန်းချီစေခိုင်းနိုင်သည့် ထိုင်းနိုင်ငံ တဟုန်ထိုး စည်ပင်နေသည်မှာ ထူးဆန်းလှသည်မဟုတ်။

၎။ သံရုံးသည်မျက်စိနားမရှိလေသလော။

ယခုဤစာကိုရေးနေချိန်တွင် ဖူးခက်မြို့ရှိ အကြီးဆုံးဈေးဆိုင်ကြီး စူပါချိ(Super Cheap) မီးလောင်နေဆဲဖြစ်ပါသည်။ အောက်တိုဘာ (၁၆) ရက်နေ့ည ကိုးနာရီခန့်က လောင်ကျွမ်းခဲ့သည့်မီးမှာ ယခုအချိန်အထိ အငွေ့မသေသေး။၄၈နာရီကျော်ခဲ့ပြီ။ဝါယာကြိုးရှော့ဖြစ်ရာ က စတင်သောမီးသည် အနီးအနားရှိမြို့နယ်မှ မီးသတ်ကားပေါင်းမြောက်များစွာဖြင့်ငြိမ်းသတ်သည့်တိုင် မီးစွယ်ကျိုးရုံသာရှိပြီး မီးလောင်ပြင်ထဲသို့ ယခုတိုင် ကယ်ဆယ်ရေးအဖွဲ့များ မ၀င်နိုင်ကြသေးချေ။အဆိုပါဈေးဆိုင်ကြီးတွင် မြန်မာအလုပ်သမား(၃၀၀၀)နီးပါး ရှိသည်။မီးလောင်သည့်အချိန်တွင် အလုပ်သမားနှင့်ဈေးဝယ် ထောင်ချီရှိနေသည်ဟု ဖူးခက်သတင်းစာများတွင်ဖော်ပြသည်။ဆယ်ဧက ခန့်အကျယ်အ၀န်းရှိသည့် ဧရာမဈေးဆိုင်းဝင်းကြီးပြာအတိကျသွားသည့် မီးလောင်မှုဖြစ်၍ ဖူးခက်သမိုင်းတွင် အကြီးကျယ်ဆုံးမီးဟု ဆိုနိုင် သည်။
`လူသုံးဆယ်လောက်သေတယ်´၊`အနည်းဆုံးတစ်ရာလောက်တော့ သေတယ်´၊`နှစ်ရာအထိအသေအပျောက်ရှိနိုင်တယ်´၊ သေမှာပေါ့၊ မီးလောင်တယ်ဆိုတာနဲ့ လုမဲ့ယက်မဲ့လူတွေဝင်မလာအောင်ဆိုပြီး ပင်မတံခါးကြီးတွေ အကုန်ပိတ်လိုက်တာကိုး´၊`တစ်ယောက်မှ မသေပါဘူး´၊`အသေအပျောက်စာရင်းအတိအကျမကောက်နိုင်သေးဘူး၊မီးလောင်ပြင်ထဲကို ၀င်ကြည့်မှ အတိအကျသိရမှာ´
လတ်တလောဖူးခက်မှာထွက်ပေါ်နေသည့်အရပ်သတင်းများကား စုံလှသည်။နှစ်စဉ်နိုင်ငံခြားဧည့်သည် လေးငါးသန်းလာရောက်နေသော ငွေတွင်း မြို့ကြီးဖြစ်၍ ထိုင်းမီဒီယာများအနေဖြင့် သတင်းအမှန်ကို ထုတ်ပြန်ရန် အခက်အခဲရှိနေနိုင်သည်။သေချာသည့်အချက်မှာ ထိုင်းသတင်း များတွင် စူပါချိရှိ အလုပ်သမားဦးရေကို ခုနစ်ရာဟုသာ ဖော်ပြသည်။ပျက်စီးဆုံးရှုံးမှုတန်ဖိုးအရပ်ရပ်မှာ ထိုင်းဘတ် သန်းထောင်ချီသည် ဟု ထိုင်းအာဏာပိုင်ရပ်ကွက်မှဆိုသည်။
မြန်မာသံရုံးသည် မျက်စိမှိတ်နားပိတ်ကာ အိပ်ပျော်နေလေသလော။ `အမေရိကန်နိုင်ငံသားတစ်ယောက်ကို ထိပါးတာဟာ အမေရိကန် ပြည်ထောင်စုကို ထိပါးတာပါပဲ´ဟူသော စကားသံကိုနားမှာကြားယောင်သည်။ `တို့မြန်မာနိုင်ငံတာဝန်ရှိသူတွေက သုံးထောင်ဒုက္ခ ရောက်တာနည်းနေလို့ သုံးသောင်းပြည့်အောင် ၊သုံးသိန်းပြည့်အောင်စောင့်နေလေသလား´ အတွေးပွားရသည်။မီးလောင်မှုကြောင့် ထိုင်းနိုင်ငံသားအလုပ်သမားများ အလုပ်လက်မဲ့မဖြစ်စေရန် စီမံဆောင်ရွက်ထားပြီးဖြစ်သည်ဟု ထိုင်းအာဏာပိုင်များက ဆိုသော်ငြား မြန်မာအလုပ်သမားတို့အရေးအရာအတွက် တခွန်းတပါဒ ပြောဆိုမည့်သူ ယခုတိုင်မရှိသေး။
အချို့အန်ဂျီအိုအမည်ခံအဖွဲ့တဖွဲ့တလေရှိကောင်းရှိနိုင်သော်ငြား မြန်မာ့အရေး အန်ဂျီအိုဟူသည် မည်သို့သောလူများဖြစ်သည်ကို အများသိပြီးဖြစ်၍ အကျယ်မရေ့းလိုချေ။လိုတိုရှင်းဆိုရလျှင် မျောက်ပြဆန်တောင်း ဟူသောစကားကိုသာ အမှတ်ရကြစေလိုသည်။


၅။ ကောင်စစ်ဝန်ရုံးအမြန်ဖွင့်ပါ။

ဖူးခက်မြို့တွင် နိုင်ငံခြားသားမျိုးစုံရှိသည်။ ဆွီဒင်၊တောင်ကိုးရီးယား၊ဗီယက်နမ်၊လာအို၊ ဂျပန်စသည်ဖြင့် နိုင်ငံအသီးသီး၏ ကောင်စစ်ဝန် ရုံးအမြောက်အမြားရှိသည်။ဖူးခက်တွင် မြန်မာလူမျိုးသိန်းချီရှိသော်ငြား မြန်မာလူမျိုးတို့၏ အရေးအရာကို ဂရုတစိုက်ကိုင်တွယ်ဖြေရှင်း ပေးမည့် ကောင်စစ်ဝန်ရုံး(သို့မဟုတ်) အလုပ်သမားကိုယ်စားလှယ်ရုံးကား မရှိ။ခေတ်ကြီးပြောင်းပြီဆိုပါလျှင် မြန်မာအလုပ်သမားအရေး ကိုထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းပေးမည့် အလုပ်သမားကိုယ်စားလှယ်ရုံးများကို မြန်မာရွေ့ပြောင်းအလုပ်သမားဦးရေထူထပ် သည့် ထိုင်းနိုင်ငံတလွှားရှိ မြို့ကြီးအသီးသီးတွင် အမြန်ဆုံးဖွင့်သင့်သည်။
အဆိုပါရုံးများတွင် ထိုင်းနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးဥပဒေ၊အလုပ်သမားဥပဒေတို့ကို အကျွမ်းတ၀င်ရှိသည့် မြန်မာအရာရှိများ စေလွှတ် သင့်သည်။ယာယီနိုင်ငံကူးလက်မှတ်လုပ်စဉ်ကကဲ့သို့ အကြံအဖန်ပေါင်းစုံလုပ်၊ရသမျှ ပိုက်ဆံ၊အိပ်ကပ်ထဲထည့်ပြန်သည့် ၀န်ထမ်းများ စေလွှတ်လျှင်ကား နူရာဝဲစွဲ၊လဲရာသူခိုးထောင်းသကဲ့သို့ဖြစ်နေပေဦးမည်။
ကိုယ့်အထုတ်ကိုယ်ဖြည်၊ ကိုယ်ပေါင်းကိုယ်လှန်ထောင်းသည့် ဤစာမျိုးကို ရေးရသည်မှာ နှလုံးစိတ်ဝမ်းမချမ်းမြေ့ဖွယ်ဖြစ်သော်ငြား ၊ မီးလောင်ပြင်မှ မြန်မာရွေ့ပြောင်းအလုပ်သမားသုံးထောင်ကျော်အား မြန်မာတာဝန်ရှိသူတို့အနေဖြင့် တချက်မျှ ငဲ့ကွက်ကြည့်သည် ဆိုလျှင်ရေးရကျိုးနပ်သည်ဟု နှလုံးပိုက်မိသည်။

____________________________________
News of Myanmar

ကျနော်တို့ချစ်သော ပင်နင်ဆူလာမှ မြန်မာဆိုင်များ



♪ ကမ္ဘာမကြေ... ဗမာပြေ ♫ ဒို့ ဘိုးဘွား အမွေစစ်မို့ ♪ ချစ်မြတ်နိုးပေ ♫

"ဟဲ့.. ပလုတ်တုတ် ငုတ်တုတ်ကြီး"

ကိုယ်က စာထိုင်ရေးနေရင်း ဈာန်ဝင်စားနေတုန်း ဘေးကသူငယ်ချင်းရဲ့ဖုန်းက ရုတ်တရက် သီချင်းသံထွက်လာတော့ လန့်ပြီး ယောင်အော်မိတယ်...
သူက မျိုးချစ်ပုဂ္ဂိုလ်ကြီးဆိုတော့ နိုင်ငံတော်သီချင်းကို Ring Tone လုပ်ထားတာလေ

လုပ်စရာရှားလို့ နိုင်ငံတော်သီချင်းကိုမှ Ring Tone လုပ်ထားတယ်
သူ့ဟာက ဖုန်းလာရင် ဖုန်းပဲကိုင်ရတော့မှာလိုလို၊ သတိဆွဲပြီးပဲ အလေးပြုရမှာလိုလိုနဲ့
အလေးမပြုပဲ ဖုန်းကိုင်ပြန်ရင်လည်း နိုင်ငံတော်ကို မလေးစားရာကျမယ်
အလေးထပြုပြန်ရင်လည်း အိမ်မှာဆို ပြသနာမရှိဘူး၊ MRT ရထားစီးနေတုန်းလို လူကြားထဲမှာဆို လက်သီးကြီးဆုပ်ပြီး တယောက်ထဲ တောင့်တောင့်ကြီးလုပ်နေလို့ကလည်း အဆင်မပြေပြန်ဘူး
ခက်ဘူးလားဗျာ

ခုလည်း သူ့ ဖုန်းလာလို့ခေါ်ပေးရမှာလား၊ မတ်တပ်ရပ်ပြီး အလေးပြု၊ သီချင်းပြီးမှ သူ့ခေါ်ပေးရမှာလား ...
အဲ ... ဘာလုပ်ရမှန်းကို မသိတော့ဘူး
ရေးနေတဲ့ ဟာသလေးတောင် ဘယ်ရောက်သွားပါလိမ့်
ဆရာသမားက မီးဖိုထဲဝင်ပြီး ချက်ပြုတ်နေတာဆိုတော့ သူ့ဖုန်းမြည်တာကို ကြားဟန်မတူဘူးရယ်
လှမ်းခေါ်တာပဲ ကောင်းပါတယ်

"အဘ အဘ၊ အဘဖုန်းက မြည်နေတယ်ဗျ"
"လာပြီ ဦးလေးရေ လာပြီ"
... ဆိုပြီး ဖုန်းလာကိုင်တယ်၊ ဖုန်းပြောပြီးတော့မှ ကိုယ့်ကို လှမ်းပြောတယ်... ...
"နေ့လည်စာအတွက် ကြက်ဥလေးတွေ ပြုတ်နေတာ၊ ကျနော်တို့မှာရှိတဲ့ ဥက ၂လုံးထဲဆိုတော့ နှစ်ယောက်စာ မလောက်ဘူးလေ၊ ဒါနဲ့ အိမ်ရှင်ရဲ့ ဥနှစ်လုံးပါ ထည့်ပြုတ်လိုက်ရတယ်"
"ဂျာ... ဝေါ့... ဝူး.. ကျနော်မစားဘူး၊ အဘပဲ စား"
"ဘာတုန်း ဦးလေးရ၊ ကြက်ဥကို ပြောတာပါ"
"အင်း... ရှင်းရှင်းပြော၊ ရွံစရာ မပြောနဲ့၊ အဲဒီ အိမ်ရှင်ဘိုညိုက တပတ်မှာတခါတောင် ရေချိုးတာ မဟုတ်ဘူးရယ်"
"ဟုတ်လား..."
"ဟုတ်တယ်၊ သူ့အလုပ်က နေ့တိုင်းရေချိုးရတဲ့ အလုပ်တဲ့ ဒါ့ကြောင့် အိမ်မှာ ဘယ်တော့မှ ရေမချိုးဘူး"
"ဟင်... သူက ဘာလုပ်တာလဲ"
"ရေငုပ်ပြီး သင်္ဘောဗိုက်တွေကို စစ်ရတာ"
"ဒါဆို ရေအိုဂျီပေါ့"
"ဘာလဲ ရေအိုဂျီက"
"ပိန်းပ့ါ ဦးလေးရာ၊ ကိုယ်ဝန်ဆောင်တွေရဲ့ ဗိုက်ကိုစစ်ဆေးကုသပေးတဲ့ ဆရာဝန်တွေကို အိုဂျီ (OG) လို့ ခေါ်တယ်မလား၊ အဲဒါက ကုန်းပေါ်က အိုဂျီ၊ ဘိုညိုက ရေထဲက ဗိုက်တွေကို စစ်ဆေးပြုပြင်ရတာဆိုတော့ ရေအိုဂျီ"
"နာမည်ပေးတဲ့နေရာမှာတော့ အဘက ဗိုလ်ဗျ"
“ဟဲ ဟဲ”
အဲဒီကတည်းက ဘိုညို့ကွယ်ရာမှာ သူ့ကို ရေအိုဂျီလို့ပဲ ခေါ်တော့တယ်

2.
တရက်တော့ အဲဒီ ရေအိုဂျီတယောက် ထူးထူးခြားခြား ရေမိုးချိုးပြီး၊ အဝတ်အစားတွေ လဲနေတာ တွေ့ရတယ်
ဒါနဲ့ မေးကြည့်တာပေါ့… …
“ဘိုညို၊ ဘယ်တုန်းဗျ”
“ဟဲ.. ကောင်မလေးနဲ့ ချိန်ထားလို့”
“ဘိုညိုတို့ကတော့ စွံတယ်ဗျာ၊ တပတ်ကို ကောင်မလေးတစ်ယောက်နဲ့ ချိန်းတွေ့နေတာ အားကျတယ်”
“အားကျရင် ကျနော့်လို ရုပ်ချောအောင် အရင်လုပ်ဗျ”
အား… တေပြီ… မေးမိတာကိုက ကိုယ့်အမှား
ခဏနေတော့ ထွက်သွားတယ်
သူထွက်သွားပြီး အတော်ကြာတဲ့အထိကို အိမ်ထဲမှာ မွေးလို့ကြိုင်လို့ ကျန်ခဲ့တာ

အဲဒီတော့မှ အိပ်ရာက နိုးလာတဲ့ အဘက မေးတယ်… …
“ဟာ.. ဦးလေး၊ ကလေးပေါင်ဒါနံ့ရတယ်၊ ဘေးခန်းမှာများ ကလေးရှိလို့လား”
“ဘယ်က ကလေးမှ မရှိဘူး၊ ခင်ဗျားလူကြီး ရေအိုဂျီ အပြင်ထွက်သွားလို့ သူ့အနံ့တွေ ကျန်ခဲ့တာ၊ မျက်နှာကြီးကို ဖွေးလို့ဗျာ ပေါင်ဒါတွေရိုက်ပြီး ထွက်သွားတယ်”
“ရိုက်ပါစေဗျာ၊ စင်္ကာပူမှာနေပြီး အသားမဖြူတဲ့လူ သုံးယောက်ထဲ သူပါနေတာ၊ ပေါင်ဒါရိုက်ပါစေ”
“ဘယ်သူတွေတုန်းဗျ၊ စင်္ကာပူမှာနေပြီး အသားမဖြူတဲ့ သုံးယောက်က"
"စင်္ကာပူသမတ အက်အာ နသန်ရယ်၊ ဗမာရွာက ကိုကူးမားရယ်၊ ဒီအိမ်ရှင် ဘိုညို ခေါ် ရေအိုဂျီရယ်"
"အမ်..."

3.
♪ ကမ္ဘာမကြေ... ဗမာပြေ ♫ ဒို့ ဘိုးဘွား အမွေစစ်မို့ ♪ ချစ်မြတ်နိုးပေ ♫
လာပြန်ပြီ ဒီဖုန်းက
ဒီတခါတော့ ဆရာသမားက အနားမှာရှိတော့ ခေါ်ပေးစရာမလိုဘူး.
သူ လက်မအားတော့ စပီကာဖွင့်ပြီး ဖုန်းပြန်ဖြေတယ်… …

“ဟလို… ပြော၊ တရုတ်မ”
“စန်းမောင်… မင်း ဘယ်မှာတုန်း”
“အိမ်မှာ”
“ပင်နင်ဆူလာ မလာဘူးလား၊ နေ့လည်စာ အတူစားမယ်လေ”
“လာမယ်လေ၊ ခု ဘယ်ဆိုင်မှာလဲ”
“နိုးတူးဆိုင်မှာ”
အင်း… နိုးတူးဆိုင်ဆိုပါလား၊ ငါလည်း မကြားဖူးဘူး၊ ဆိုင်အသစ်ထင်တယ်
“အာ… အဲ့ဆိုင်တော့ မစားချင်ပါဘူး၊ ပန်းကမ္ဘာမှာ အသုပ်စားမယ်လေ”
“မစားပါနဲ့ စန်းမောင်ရာ၊ နောက်ရက်ကျတော့ ဒုက္ခရောက်လွန်းလို့ပါ”
“ဒါဆို မင်းက ဘယ်ဆိုင်မှာ စားချင်တာတုန်း”
“စိန်ဗေဒါဆိုင်မှာ ထမင်းစားမယ်ကွာ၊ ပြီးရင် ရွှေရင်စို့မှာ လဘက်ရည်သောက်ရင်း လေပန်းကြတာပေါ့”
“အင်း အင်း… နောက် တစ်နာရီအတွင်း ရောက်မယ်”
ဘုရား ဘုရား
ငါ ပြီးခဲ့တဲ့ တနင်္ဂနွေကမှ ပင်နင်ဆူလာ ရောက်ပါသေးတယ်
သူတို့ပြောတဲ့ ဆိုင်တွေ မတွေ့မိပါဘူး၊ ဒီကြားထဲ အသစ်ထပ်ဖွင့်တာလား မသိ
မေးကြည့်အုံးမှ…
“အဘ၊ အဘပြောတဲ့ ဆိုင်တွေက အသစ်တွေလား၊ ပင်နင်ဆူလာမှာ တခါမှ မတွေ့ဖူးလို့”
“ကဲ… ဦးလေး မေးခွန်းတွေကို MRT ပေါ်ကျတော့ ဖြေမယ်၊ ခုတော့ အဝတ်အစားလဲ၊ ဟိုကောင်တွေ စောင့်နေပြီ”

4
MRT ရထားပေါ်ရောက်တော့ အဘက ပြောတယ်… …
“ကဲ… ဦးလေး၊ မေးတော့ ဘယ်ဆိုင်နာမည်ကို သိချင်တာလဲ”
“နိုးတူးဆိုင် ဆိုတာကို စပြော”
“အဲဒါ ဦးလေးနဲ့ ကျနော်နဲ့ ပြီးခဲ့တဲ့ အပတ်ကတောင် ထိုင်မယ်လုပ်ကြသေးတယ်လေ၊ B1 ထဲက ဆိုင်လေ”
“ဟင်… သိပြီ၊ သူ့နာမည်က xxxxxxx ပါ၊ ဘာလို့ နိုးတူးလို့ ခေါ်တာလဲ၊ အရသာကောင်းတဲ့နေရာမှာ ပြိုင်ဘက်မရှိလို့ နိုးတူးခေါ်တာလား”
“မဟုတ်ဘူး၊ သူ့ဆိုင်ကို တခါသွားစားမိရင် နောက်တခါ မလာချင်လောက်အောင် လက်ရာညံ့လွန်းလို့ ဘယ်သူမှ နှစ်ကြိမ်မလာဘူး၊ ဒါ့ကြောင့် နိုးတူး”

“မှတ်သားလောက်ပါပေတယ်၊ ကဲ… ဒါဆို ပန်းကမ္ဘာဆိုင်က ဘယ်ဆိုင်လဲ”
“အပေါ်ထပ်က အသုပ်ရောင်းတဲ့ ဆိုင်လေ”
“အင်း သိတယ်၊ အသုပ်တွေ စားကောင်းပါတယ်ဗျ”
“အသုပ်က စားကောင်းပေမယ့် နောက်ရက်ကျတော့ ချေး မနားတမ်းပန်းတယ်ဗျ၊ ဘာပန်းသလဲ မမေးနဲ့၊ အိမ်သာထဲ ခေါင်းအုံးယူသွားရတယ်”
“ခေါင်းအုံးက ဘာလုပ်ဖို့တုန်း”
“တမိနစ်ခြားတခါလောက် ပန်းနေတော့၊ အိမ်သာထဲတင် အိပ်ရင်း ပန်းရတော့တာကိုး”
“ထူးဆန်းပါပေ့ အဘရယ်”
“သူ့အသုပ်စားပြီးရင် ချေးပန်းလွန်းလို့ ပန်းကမ္ဘာအသုပ်ဆိုင်လို့ ခေါ်တာ”
“ဒါလည်း မှတ်သားလောက်ပါပေတယ်”

“နောက်တဆိုင်ကလည်း အဲဒီအပေါ်ထပ်မှာပဲ၊ ရွှေရင်စို့ဆိုင်ဆိုတာ”
“အင်း… သူကျတော့ ဘာလို့ အဲဒီနာမည် ရနေတာလဲ”
“သူ့ဆိုင်မှာ စားစရာမှာပြီးလို့ ပိုက်ဆံရှင်းတဲ့အခါကျ ရင်ထဲစို့စို့တက်လာလို့”
“ဟင်… ရင်ထဲ စို့တက်လာရအောင် အိမ်က အမေ့လက်ရာကို သတိရလို့လား”
“ဟုတ်ဘူး… ဈေးများလွန်းလို့”
“အဲ… ဟုတ်တယ်၊ ဈေးများတာတော့ အမှန်ပဲ၊ ထမင်းလေး အနူလက်သီးဆုပ်လောက်ရယ်၊ အသားလေးက ဆိတ်ချေးလုံးလောက် ၂တုံးနဲ့ အရွက်ကြော်လေး နှပ်ချေးလောက်ရယ်ကို စုစုပေါင်း 7 ဒေါ်လာလောက် ယူတယ်ဗျ”
“အမ်မလေး ဦးလေးရယ်၊ ဈေးများတာလည်း များတာပ့ါလေ၊ တခြားဟာနဲ့ နှိုင်းလို့မရဘူးလား”
“ဟီး..ဟီး ဆောတီး ဆောတီး၊ မန်းလေးသားဆိုတော့ ဥပမာပေးတာ နည်းနည်းကြမ်းသွားတယ် ဟီး”

“နောက်ဆုံးဆိုင် စိန်ဗေဒါ အကြောင်းပြောပြမယ်၊ ဒီတခါ မှန်လို့ ထောက်ခံလည်း ရိုးရိုးလုပ်နော် ဦးလေး၊ ညစ်တီးညစ်ပတ်တွေ မပြောနဲ့ ခု ထမင်းသွားစားမလို့ဟာ မြိုမကျအောင်မလုပ်နဲ့ဂျ”
“အင်းပါ အဘရယ် ပြော စိန်ဗေဒါဆိုင်အကြောင်း”
“သူလည်း အဓိကကတော့ ဈေးများလို့ အဲဒီနာမည်ပေးထားတာပါ၊ လက်ရာကသာ မကောင်းတာ၊ ပိုက်ဆံယူတဲ့နေရာတော့ ဘယ်သူ့မျက်နှာမှမထောက်ပဲ လက်သံပြောင်လွန်းလို့ စိန်ဗေဒါလို့ ပေးထားတာ”
“အဲဆိုင်က ဘယ်နားက ဆိုင်လဲ”
“ခုန ရွှေရင်စို့နဲ့ ကပ်လျက်ပဲ”
“အီးယား ဒါနဲ့တောင် ခု သွားစားမလို့ လုပ်နေသေးတယ်”
“ဒါတော့ ကောင်တာက ရှုခင်းကောာင်းတာကိုး”
“အင်း… ပေါက်ပြီ”

5.
ပင်နင်ဆူလာ ပလာဇာက ဆိုင်ခန်းတွေကို အများအားဖြင့် အိန္ဒိယလူမျိုးတွေ ပိုင်တယ်လို့ကြားမိတယ်
မြန်မာတွေက ဆိုင်ခန်းကို ပြန်ငှားရတာ
မြန်မာတို့ ထုံးစံ၊ တယောက်နဲ့တယောက် မညီညွတ်ကြတော့ ဆိုင်ခန်းငှားခတွေကို ဈေးအပြိုင်တိုးပေးပြီး ငှားကြရင်းနဲ့ ဈေးနှုန်းတွေ မတန်တဆ တက်ကုန်တယ်လို့ သိရတယ်။
တယောက်က သုံးထောင်ပေးငှားထားတဲ့ ဆိုင်ခန်းကို နှစ်စေ့လို့ နောက်တပြန် ပြန်ချုပ်လို့ မရဘူး၊ နောက်တစ်ယောက်က ၄၀၀၀ ပေးတယ်။
နောက်လူ နှစ်စေ့ပြန်တော့ နောက်တစ်ယောက်က ၅၀၀၀ ပေးငှားတယ်
ဒီလိုနဲ့ ဈေးတွေတက်ကုန်ရော
ဒီတော့ သူတို့ရောင်းတဲ့ ရောင်းကုန်တွေလည်း ဈေးတက်တော့တာပေါ့ဗျာ

မန္တလေးက ကျောက်စိမ်းသမားတွေစကားနဲ့ ပြောရရင် “ကျင်ပေါ်တောက်” တော့တာကိုး
“ကျင်ပေါ်တောက်” ဆိုလို့ တရုတ်စကားလို့ မထင်နဲ့
ကျင်ပေါ်တောက် = ကျောက်ပေါ်တင် တဲ့
မန္တလေးက ကျောက်သမားတွေ ကချင်ပြည်နယ်ဘက်တက်ပြီး ကျောက်စိမ်းသွားဝယ်တဲ့အခါမှာ ဒီစကားကို ပြောလေ့ရှိတယ်
ဥပမာ… ကျောက်စိမ်းတစ်တုံးက ၃ သိန်းပေးရတယ် ဆိုပါတော့။
ငွေ ၃ သိန်း ချချေခဲ့တယ်၊ ဒါပေမယ့် အဲဒီကျောက်စိမ်းတုံးရဲ့ အရင်းကို တွက်တဲ့အခါကျတော့ ၃သိန်း မဟုတ်တော့ဘူး၊
လမ်းစရိတ်တွေ၊ တည်းခိုခန်းခတွေ၊ ကြောက်လို့အဖော်ခေါ်အိပ်ခတွေ၊ ရေဆာလို့ ဘီယာသောက်တာတွေ၊ တိုက်ကြက်ကြီး ချက်စားတာတွေ အိုး အကုန်လုံး အဲဒီကျောက်စိမ်းတုံးတန်းဖိုးထဲ ပေါင်းတော့တာ
ဒီတော့ မန္တလေးပြန်ရောက်လို့ အရောင်းအဝယ်စကားပြောတဲ့အခါ “ငါ့ကျောက်က အရင်းတင် ၈ သိန်းကျတာကွ၊ ၁၀ သိန်းနဲ့ မရောင်းနိုင်ဘူး” ဘာညာ ဖြစ်ကုန်တော့တာကိုး
ဆိုတော့… ကုန်ကျစရိတ်ကို ကျောက်ပေါ်တင်လိုက်လို့ ကျင်ပေါ်တောက် ကျောက်ပေါ်တင် ဖြစ်လာတာ
ခုလည်း ပင်နင်ဆူလာက ဆရာတွေက သူတို့ ဆိုင်ခန်းငှားခ ဈေးကြီးပေးရသမျှ ကျင်ပေါ်တောက်ကြလွန်းလို့ ကျနော်တို့မှာ အပြင်ဆိုင်တွေထက် ၂ ဆလောက် ပိုပေးပြီး စားနေကြရပါတယ်ခင်ဗျာ

ဒါဆို…
ဈေးကြီးရင် သွားမစားနဲ့ပေါ့ကွ လို့ ပြောရင်လည်း ခံရမှာပဲ
ကျနော်တို့က မြန်မာကိုး
မြန်မာအစားအစာကို မြန်မာတွေဖြစ်တဲ့ ကျနော်တို့က ရုံးပိတ်ရက်လေးတစ်ရက်လောက်တော့ စားချင်သေးတာပ့ါလေ….

ပင်နင်ဆူလာမှ ချစ်သောမြန်မာဆိုင်များ ကျင်ပေါ်ဆက်လက်တောက်နိုင်ကြပါစေလို့…
အီး အီး ဟီး ဆုတောင်း ပေးလိုက်ပါတယ်ဂျာ…. …..

သန်၎ကို-ပေါက်ကရရေးသည်

Thursday, October 17, 2013

ဒုက္ခရောက်နေသည့် အင်္ဂပူမှ ရွှေ့ပြောင်း လုပ်သားများအား ဧရာတိုင်းအစိုးရ မကူညီ၍ လွှတ်တော်ဥက္ကဋ္ဌဟောင်း၏ သာသနာရေးဝန်ကြီးဌာနမှ ကယ်တင်နေရပ်ပြန်ပို့


ဧရာဝတီတိုင်း ဒေသကြီးမှ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့နယ်ရှိ ထူးထူးတိုး ရာဘာစိုက်ပျိုးရေး ကုမ္ပဏီ၌ အလုပ်သွားလုပ်ရင်း ဒုက္ခရောက်နေသူ ရွှေ့ပြောင်းလုပ်သား ၆၄ဦးအား သာသနာရေး ၀န်ကြီးဌာနက ကူညီကယ်ဆယ်၍ မူလနေရပ်သို့ ပြန်ပို့ပေးခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်း ဒေသကြီး အင်္ဂပူမြို့နယ် ထူးကြီးကျေးရွာ အုပ်စုရှိ ဒေသခံများအား ထူးကြီးကျေးရွာမှ အငယ်လေး (ခေါ်) ဌေးလင်း၊ လှဟန်နှင့် မိုးဇော်တို့က ကော့သောင်းရှိ ရာဘာခြံ၌ ဆေးဖျန်းသည့် အလုပ် ရှိကြောင်း၊ တစ်ရက်လျှင် ၄၅၀၀ ကျပ် လုပ်ခပေးမည် ဖြစ်ကြောင်း ပြောဆိုစည်းရုံးကာ လူပေါင်း ၁၁၄ ဦးကို ၂ သုတ်ခွဲ၍ ထူးကြီးမှ ကော့သောင်းသို့ အဆင့်ဆင့် လွှဲပြောင်း ပို့ဆောင်ပေးခဲ့ကြောင်း၊ လက်တွေ့ အလုပ်လုပ် ရာတွင် ပြောဆိုထားသည့် လုပ်ခအတိုင်း မရဘဲ ကြွေးမြီဖြင့် ချည်နှောင်ခိုင်းစေ နေသည့်အတွက် အလုပ်သမားများ ဒုက္ခရောက်ကြကြောင်း၊ ထိုသို့ ဒုက္ခရောက်နေသည့် အလုပ်သမားများအား ထူးထူးတိုး ကုမ္ပဏီက အောက်တိုဘာလ ၁၂ ရက်နေ့တွင် နှင်ထုတ်ခဲ့သဖြင့် အလုပ်သမား ၆၄ ဦးမှာ လမ်းလျှောက်၍ နေရပ်သို့ ပြန်လာကြရာမှ ဘုတ်ပြင်းမှ ကော့သောင်းမြို့သို့ ခရီးထွက်လာသည့် ကော့သောင်း ခရိုင် အုပ်ချုပ်ရေးမှူး ခရီးစဉ်နှင့် တွေ့ဆုံသည့်အတွက် ခရိုင်အုပ်ချုပ်ရေးမှူး စီစဉ်မှုဖြင့် ဒေသခံ အာဏာပိုင်များက ဘုတ်ပြင်းမြို့အထိ ကူညီ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဘုတ်ပြင်းမြို့တွင် ရောက်ရှိနေသည့် ဧရာဝတီတိုင်းဒေသကြီးမှ ရွှေ့ပြောင်းလုပ်သား ဒုက္ခသည်များအား ၎င်းတို့ နေရပ်ဖြစ်သည့် အင်္ဂပူမြို့နယ် ထူးကြီးကျေးရွာသို့ ပြန်လည် ရောက်ရှိရေးအတွက် ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့ အပါအ၀င်၊ နေပြည်တော်၊ ကော့သောင်းနှင့် ပုသိမ်မြို့ရှိ လူကုန်ကူးမှု တားဆီး နှိမ်နှင်းရေး အဖွဲ့များထံ အကူအညီ တောင်းခံခဲ့သော်လည်း …အချိန်နှင့် တပြေးညီ ဆောင်ရွက်ပေးခြင်း မရှိသည့်အတွက် သာသနာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့် (ယခင် ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ)ထံ ဆက်သွယ် အကူအညီ တောင်းခံခဲ့ရာ ဦးဆန်းဆင့်က အချိန်မဆိုင်းဘဲ ချက်ချင်း ကူညီပေးကြောင်း ပုသိမ်မြို့ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့် ကာကွယ်ရေး ကွန်ရက် (HRWDN)မှ ဦးထွန်းရွှေက ပြောသည်။

““ထူးကြီးက ဒေသခံတွေက တနေ့ ၄၅၀၀ ရမယ်ဆိုလို့ လိုက်သွားတာ။ ဟိုရောက်တော့ တစ်ရက်လုပ်မှ ၁၅၀၀၊ ၂၀၀၀၊ အများဆုံး ၃၀၀၀ လောက်ပဲ ရတယ်။ ဒီမှာ ပြောခေါ်တုန်းက ရာဘာပင် စိုက်ရမယ်၊ ဆေးဖျန်းရမယ် ဆိုပြီး ဟိုရောက်တော့ တောခုတ်ခိုင်းတယ်၊ ရာဘာပင် အောက်ခြေ ပေါင်းရှင်းတာတွေ လုပ်ခိုင်းတယ်။ အဲတော့ အလုပ်သမားတွေက မနေနိုင်တော့ဘူး။ ပြန်မယ် လုပ်ကြတယ်။ မင်းတို့ ပြန်မယ်ဆိုရင် ငါတို့အကြွေးတွေ ကျေအောင် ဆပ်ပြီးမှ ပြန်ရမယ်ဆိုပြီး ထူးထူးတိုး ကုမ္ပဏီက ပြောတယ်။

အကြွေးဆိုတာကလည်း ထူးကြီးကနေ ခေါ်တုန်းက လမ်းစရိတ် အခမဲ့နဲ့ ပို့ပေးမယ် ပြောခဲ့တယ်။ ဟိုရောက်တော့ လမ်းစရိတ်ကို ၅ သောင်းလို့ သတ်မှတ်ပြီး အကြွေးစာရင်း မှတ်ထားတယ်။ အလုပ်လုပ်ဖို့ ပေါက်တူး၊ ဓား၊ တောစီးဖိနပ်၊ ဒန်အိုး၊ ဒန်ခွက် အကုန်ဝယ်ရတယ်။ ပြီးရင် အကြွေးမှတ်ထားတယ်။ အဲတော့ အဲဒီအကြွေးတွေ ပေါင်းလိုက်တာ အလုပ်သမား တစ်ယောက်က အလုပ်မဆင်း ရသေးဘူး ကုမ္ပဏီဆီမှာ အကြွေး ၁ သိန်းကျော် တင်နေပြီ။ အဲဒီ အကြွေးတွေ ကိုလည်း သူတို့လုပ်ခထဲက ၅၀၀၊ ၁၀၀၀ စသဖြင့် ပြန်ဖြတ် ယူထားတယ်။

အဲဒီမှာ ထူးထူးတိုး ကုမ္ပဏီက ဘာလုပ်သလဲဆိုတော့ ပြန်ချင်တဲ့လူတွေ အကြွေးရှိတဲ့အတိုင်း အကုန်ဆပ်ပြီးရင် ပြန်ပို့ပေးမယ်လို့ ပြောတော့ ကော့သောင်းမှာ ရောက်နေတဲ့ အလုပ်သမားတွေက ထူးကြီးမှာရှိတဲ့ သူတို့ မိသားစုတွေဆီက ငွေတွေ တောင်းတော့တာပဲ။ ငါတို့အကြွေးတွေကို ထူးကြီးက အငယ်လေး (လူခေါ်ပွဲစား) ကို ပေးလိုက်ပါ။ ပေးစရာမရှိရင် အိမ်ခြံ၊ ရှိတာ အကုန်ရောင်းပြီး ပေးလိုက်။ ပြန်လာရင် ပြန်ရှာပါ့မယ်ဆိုပြီး ဖုန်းတွေဆက် မှာကြတယ်။ အဲတော့ ထူးကြီးက လူတွေက ရှိတဲ့ အိမ်၊ ခြံ၊ ပစ္စည်းတွေ ပေါင်ရောင်းပြီးတော့ တယောက်ကို ၁ သိန်းခွဲ၊ ၁ သိန်း ၇ သောင်း စသဖြင့် ပေးရတယ်။ ပေးတဲ့နေရာမှာလည်း ထူးကြီးကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှာ အုပ်ချုပ်ရေးမှူး ဦးမောင်ဖြူရဲ့ ရှေ့မှာတင် လူပေါင်း ၁၇ ဦးစာအတွက် အငယ်လေး ဆိုတဲ့လူကို ပေးခဲ့တာလို့ သိရတယ်။အောက်တိုဘာ ၁၂ ရက် နေ့မှာ ထူးကြီးကျေးရွာကို ထူးထူးတိုး ကုမ္ပဏီက တာဝန်ခံ ဦးသက်နိုင်ဦး ဆိုတဲ့လူ ရောက်လာပြီးတော့ ကော့သောင်း ရာဘာခြံထဲက အလုပ်သမားတွေကို ပြန်ခေါ်ဖို့အတွက် ထူးကြီးက ဒေသခံတွေ ပေးထားတဲ့ ငွေကိုယူပြီး ညတွင်းချင်း ပြန်သွားတယ်။ သူနဲ့အတူ လူခေါ်ပေးတဲ့ အငယ်လေးလည်း တပါတည်း လိုက်သွားတယ်။ ထူးခြားတာက ၀န်ကြီးချုပ် ဦးသိန်းအောင်ရဲ့ ဇာတိရွာ အလယ်စု ဆိုတဲ့ ရွာပေါ့။ အဲဒီရွာက လူ ၅ ဦးလည်း ကော့သောင်းကို ပါသွားတယ်။ သူတို့ကို ပြန်ခေါ်ဖို့ ထူးကြီး အုပ်ချုပ်ရေးမှူးဆီမှာ ငွေ ၈ သိန်း ပေးထားတာကို ကုမ္ပဏီ တာဝန်ခံ ဆိုတဲ့လူက ယူမသွားဘဲ ထားခဲ့တယ်။

အဲဒီ ၁၂ ရက်နေ့ ညမှာပဲ ကော့သောင်းက ထူးထူးတိုး ကုမ္ပဏီက အလုပ်သမားတွေကို ပြောတယ်။ မင်းတို့ ထူးကြီးသားတွေ မျက်နှာ မမြင်ချင်ဘူး။ အခု ချက်ချင်း ခြံထဲက ထွက်သွားကြဆိုပြီး နှင်ထုတ်တယ်။ အချိန်က ည ၇ နာရီလောက် ရှိပြီ။ ဒါတွေ ဘာလို့ သိလဲဆိုတော့ ထူးကြီးက လူတွေက သူတို့ မိသားစုဝင်တွေကို စိတ်ပူ နေတော့ ဖုန်းကတောက်လျှောက် ဆက်နေတာ။ ကော့သောင်းကိုလည်း ဆက်တယ်။ ကျွန်တော့် ဆီကိုလည်း ဆက်တယ်။ အဲ့လို နှင်ထုတ်လို့ အလုပ်သမား ၆၄ ယောက်က ညတွင်းချင်း ရာဘာခြံထဲကနေ ထွက်သွား ရတယ်။ ညကြီးကို လမ်းလျှောက် သွားတာ ည ၁၂ နာရီလောက်မှာ စစ်တပ် တစ်ခုနား ရောက်သွားတော့ ဆက်မလျှောက် ရဲတာနဲ့ လူအုပ်ကြီးက အဲဒီမှာ နားကြတယ်။ မိုးလင်းတော့မှ ဆက်လျှောက်တော့ ကော့သောင်း – ဘုတ်ပြင်း လမ်းပေါ်ကို ရောက်တယ်။ အဲဒီ လမ်းမှာ လျှောက်နေတုန်း တနင်္သာရီတိုင်း ၀န်ကြီးချုပ် လမ်းကြောင်းနဲ့ ကြုံပြီးတော့ သူတို့က ကူညီပေးလို့ ဘုတ်ပြင်းမြို့ကို ရောက်သွားတယ်။

ဘုတ်ပြင်းကနေ ထူးကြီးပြန်ဖို့ကို မိသားစုတွေကလည်း ဘုတ်ပြင်းအထိ သွားခေါ်ဖို့ကို ငွေမတတ်နိုင်ကြဘူး။ အလုပ်သမား တွေမှာလည်း စရိတ်ပါမလာဘူး။ သူတို့အဖွဲ့ထဲမှာ သက်ကြီး ရွယ်အိုတွေလည်း ပါတယ်။ သားသည် အမေတွေလည်း ပါနေတယ်။ နေမကောင်း နာမကျန်း ဖြစ်နေသူတွေလည်း ပါတယ်။ အဲတော့ပြန်ဖို့ အခက်တွေ့နေတဲ့ အချိန်မှာ နေပြည်တော်က လူကုန်ကူး တိုက်ဖျက်ရေး ဌာနကို အကူအညီ တောင်းတယ်။ ကူညီဖို့ ဘာမှမပြောဘူး။ အထက်ကို တင်ပြပေးပါဦးမယ် လို့ပဲပြောတယ်။ အဲဒါနဲ့ ပုသိမ်လူကုန်ကူး တိုက်ဖျက် ရေးဌာနက ရဲမှူး ဒေါ်ခင်ခင်စိုးဆီ ဖုန်းဆက်တော့ ဒေါ်ခင်ခင်စိုးက သွားတုန်းကလည်း သူတို့အစီအစဉ်နဲ့ သူတို့သွားတာ။ ပြန်တော့လည်း သူတို့ အစီအစဉ်နဲ့ ပြန်လာလိမ့်မယ်။ ကျွန်မတို့ဌာနမှာ အဲဒီကိစ္စ အတွက် ဘတ်ဂျတ်မရှိဘူး။ တာဝန်ယူပေးလို့လည်း မရဘူးလို့ ပြောတယ်။ ကျွန်တော် ပြောတာက လူကုန်ကူးမှုကိစ္စက နောက်မှ ဆက်ရှင်းပါ။ လောလောဆယ် ဒုက္ခရောက် နေသူတွေကို ကယ်တင်ဖို့ အကူအညီပေးဖို့ တောင်းခံတာပါ လို့ ပြောတော့ အထက်ကို တင်ပြပေးပါမယ်ပဲ ပြောတယ်။

အဲဒါနဲ့ ဧရာဝတီတိုင်း အစိုးရဆီကို လူမှုရေးဝန်ကြီး ဒေါ်ခင်စောမူက တဆင့် ဆက်သွယ်တယ်။ အလုပ်သမားတွေ ဒုက္ခရောက် နေလို့ ကယ်ဆယ်ပေးဖို့ ကျနော် တင်ပြတော့ ၀န်ကြီးချုပ်ကို တင်ပြပြီးတော့ တနင်္သာရီတိုင်း အစိုးရ အဖွဲ့နဲ့ ချိတ်ဆက် ဆောင်ရွက် ပေးပါမယ်လို့ပဲ ပြောတယ်။ အဲတော့ ဌာနဆိုင်ရာ တွေဆီက အလုပ်သမားတွေကို ကယ်ဖို့ တိကျတဲ့ စကားတခုခု မရတော့ နောက်ဆုံးမှာ သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ဆီကို ဖုန်းဆက်ပြီး အကူအညီ တောင်းဖြစ်ခဲ့တယ်။ သူကလည်း နာရီပိုင်းအတွင်းမှာ ကယ်ဆယ်ရေး လုပ်ဖို့ တနင်္သာရီတိုင်း သာသနာရေးကို ညွှန်ကြားခဲ့တယ်။ အခုဆိုရင် တနင်္သာရီတိုင်း သာသနာရေးဌာနရဲ့ ကြီးကြပ်မှုနဲ့ သူတို့ ဒီနေ့ မနက်ပိုင်း ဘုတ်ပြင်းက ထွက်လာကြပြီလို့ သိရတယ်”” ဟု ဦးထွန်းရွှေက မြန်မာသံတော်ဆင့်သို့ ပြောသည်။

အလုပ်သမား ဒုက္ခသည် တစ်ဦးဖြစ်သူ ဦးစိုးမြင့်က ““ကျွန်တော်တို့ရွာကို လွန်ခဲ့တဲ့၉ လပိုင်း လောက်က ထူးထူးတိုး ကုမ္ပဏီက လူတွေနဲ့ ရွာခံဖြစ်တဲ့ အငယ်လေးတို့က ရွာမှာရှိတဲ့ အလုပ်သမားတွေကို စည်းရုံး ကြတယ်။ ရာဘာခြံတွေ ရှင်းဖို့ ယောက်ျားလေးဆိုရင် တစ်ရက်ကို ၄၀၀၀ ကျပ်၊ မိန်းကလေးဆိုရင် ၃၅၀၀ ကျပ်ရမယ် ပြောတော့ ၁၀ လပိုင်း လောက်မှ ကုမ္ပဏီက လူတွေနဲ့ ဘုတ်ပြင်းကို လိုက်သွားတယ်။ ဟိုရောက်တော့ နေ့စားလုပ်တာ တစ်ရက် ၄၀၀၀ နဲ့ ၂ ရက် လုပ်လိုက်တယ်။ နောက်ပိုင်း ပုတ်ပြတ် ဆိုပြီးပေးတော့ အလုပ်သမားတွေက တစ်ရက်ကို ၁၅၀၀ ကျပ်လောက်ပဲ ရတော့တယ်။

လာအလုပ်ခေါ်စဉ်က ကုမ္ပဏီက ဆန်တစ်ပြည်ကို ၈၀၀ ကျပ်နဲ့ ရမယ်ပြောပြီး တကယ် ၀ယ်ရတော့  တစ်ပြည်ကို ၁၂၀၀ ကျပ်နဲ့ ၀ယ်ရတယ်။ အောက်တိုဘာ ၁၂ ရက်နေ့မှာ ခမောင်မြို့ကို ကျန်းမာရေး မကောင်းတဲ့ အလုပ်သမားတွေ ဆေးတက်ပြဖို့ ကုမ္ပဏီက စာရေးမထံ ခွင့်တိုင်ခဲ့တယ်။ မြို့ဆေးတက်ကုဖို့ သွားနေတဲ့ အချိန်မှာ အလုပ်သမား ကြီးကြပ် ကိုဖိုးဇော်ကနေပြီး နောက်အလုပ်တစ်ခု ရှာဖို့ မြို့တက် တယ်ပြောပြီး တစ်ဖက်နဲ့တစ်ဖက် စကားများကြတယ်။ စကားများတော့ သူဋ္ဌေးမက နားတွေညီးတယ် သူတို့တွေကို စစ်တပ် ၅၉၇ ခေါ်ပြီး ပစ်သတ်လိုက်လို့ ပြောတယ်။ ကျွန်တော်တို့လည်း စိုးရိမ်စိတ်တွေနဲ့ နေတဲ့နေရာ ပြန်လာပြီး အဲဒီည ၇ နာရီ မိနစ် ၃၀ လောက်မှာ ခြေကျင် လျှောက်ပြီး မြို့ကို တက်လာကြတယ်။ ကုမ္ပဏီက လူတွေကလည်း ဆိုင်ကယ်တွေပေါ်မှာ သေနတ်တွေ လွယ်ပြီး လိုက်လာကြတာပါ။ ၅၉၇ စစ်တပ် နားကို ရောက်တော့ ည ၁၂ နာရီလောက် ရောက်တယ်။ မနက် ၃ နာရီ လောက်ထပြီး လမ်းလျှောက်တော့ မြို့နယ် ခရိုင်မှူးတွေနဲ့ တွေ့ပြီး သူတို့က စားအုန်းဆီကားနဲ့ မြို့ကို လိုက်ပို့ပေးခဲ့တယ်။ ကုမ္ပဏီမှာက ရာဘာခြံ ရှင်းတဲ့ အလုပ်သမား ၂၀၀ ကျော်လောက် ရှိတယ်။ အလုပ်သမား အများစုကတော့ ပြန်ချင်နေကြပြီ။ ဒါပေမဲ့ ကုမ္ပဏီရဲ့ ယူထားတဲ့ ငွေတွေကလည်း လည်ပင်း မြုတ်နေတော့ မပြန်ရဲကြဘူး ဖြစ်နေတယ်။ ကုမ္ပဏီကတော့ ကော့သောင်းခရိုင်၊ ခမောင်ကြီး မြို့နယ်ခွဲမှာ တည်ရှိတာပါ။ ကုမ္ပဏီရဲ့ လူသားခြင်း မစာနာတဲ့ အပြုအမူ တွေကိုလည်း သက်ဆိုင်ရာ လူကြီးတွေ သိစေချင်ပါတယ်”” ဟု မြန်မာသံတော်ဆင့်၏ ဆက်သွယ် မေးမြန်းမှုကို ဖြေကြားသည်။

ဘုတ်ပြင်းမြို့၌ ခိုလှုံနေသည့် ရွှေ့ပြောင်း အလုပ်သမား ဒုက္ခသည်များအား ပြည်ထောင်စုဝန်ကြီး ဦးဆန်းဆင့်၏ ညွှန်ကြားချက်အရ တနင်္သာရီတိုင်း ဒေသကြီး သာသနာရေးဌာနက တာဝန်ယူ ပို့ဆောင်ပေးနေပြီး ယနေ့နံနက် ပိုင်းက ဘုတ်ပြင်းမြို့မှ စတင် ထွက်ခွာလာကာ ည ၈ နာရီအချိန်တွင် မြိတ်မြို့၌ နားခိုခဲ့ပြီး နောက်တစ်နေ့ နံနက်တွင် ရန်ကုန်မြို့သို့ မော်တော်ယာဉ်များဖြင့် ဆက်လက် ထွက်ခွာမည် ဖြစ်ကြောင်း နေပြည်တော်ရှိ သာသနာရေး ၀န်ကြီးဌာနမှ အကြီးတန်း အရာရှိ တစ်ဦးက ပြောသည်။

““အလုပ်သမားက ကလေး၊ လူကြီး စုစုပေါင်း ၆၅ ဦး ဖြစ်ပါတယ်။ သူတို့ ဒီနေ့မနက် ၈ နာရီမှာ ကား ၂ စီးနဲ့ ဘုတ်ပြင်းမြို့က စထွက်လာကြပါပြီ။ ဘုတ်ပြင်း ကနေ မြိတ်မြို့အထိကို ဘုတ်ပြင်းမြို့နယ် သာသနာရေး ဌာနက တာဝန်ယူ ပို့ပေးမှာပါ။ မြိတ်ကနေ အင်္ဂပူအထိတော့ တနင်္သာရီတိုင်း သာသနာရေးက တာဝန်ယူ ပို့ပေးမှာ ဖြစ်ပါတယ်”” ဟု သူက ပြောသည်။

ဘုတ်ပြင်းမြို့နယ် သာသနာရေးမှူး ဦးဝင်းရွှေကလည်း ““ကျွန်တော်တို့က ၁၀ လပိုင်း ၁၄ ရက်လောက်မှာ ဘုတ်ပြင်းမြို့၊ ဓမ္မ၀ိစာရကျောင်းမှာ ထူးထူးတိုး ကုမ္ပဏီကနေပြီးတော့ လုပ်သားတွေပေါ့ ကျား ၃၇ ဦး၊ မ ၂၁ ဦး သူတို့နဲ့ ပါဝင်လာတဲ့ ကလေး ၇ ဦး၊ စုစုပေါင်း ၆၇ ဦး ရောက်ရှိနေတယ် ဆိုတာ သိရှိရပါတယ်။ သိရှိရတဲ့အခါ အဲဒီလူတွေက အင်္ဂပူမြို့နယ်၊ ထူးကြီးရွာကလို့ သိရတယ်။ သူတို့ကို ထူးထူးတိုး ကုမ္ပဏီကနေ အလုပ်ထုတ် လိုက်လို့ ကုမ္ပဏီကနေ နေရပ်ကို ခြေကျင် ထွက်လာခဲ့ ကြရတာပါ။ အခုဆိုရင် ည ၈ နာရီ ၁၅ မိနစ်မြိတ် ကိုရောက်နေပါပြီ။ မြိတ်မှာဆိုရင် ပါလာတဲ့သူတွေအားလုံး တောရအောက်ကျောင်းမှာ နားကြမှာပါ။ မနက် မိုးလင်းရင်တော့ ထားဝယ်ကနေ ရန်ကုန်ကို သွားမှာပါ။ ရန်ကုန် ရောက်ရင်တော့ အလုပ်သမားတွေရဲ့ နေရပ်ကို လိုက်ပို့ ပေးမှာပါ။ ဘုတ်ပြင်းမှာ ရှိနေစဉ် ကာလတွေမှာ မြို့နယ် အုပ်ချုပ်ရေးမှူးတွေနဲ့ အစိုးရ ၀န်ထမ်းတွေက ကူညီပေးကြ ပါတယ်။ အလုပ်သမား ညှိနှိုင်းရေးအဖွဲ့က လူတွေနဲ့ ကုမ္ပဏီက လူတွေ ညှိနှိုင်းနေတယ်လို့ ကြားနေရပါတယ်”” ဟု မြန်မာသံတော်ဆင့်သို့ ရှင်းပြသည်။

အလုပ်လုပ်ရန် ဆွဲဆောင် စည်းရုံးခြင်း၊ လူများ စုဆောင်းခြင်း၊ လွှဲပြောင်း ပို့ဆောင်ခြင်း၊ ကြွေးမြီဖြင့် ချည်နှောင်၍ ခိုင်းစေခြင်းများ တွေ့ရှိ ပေါ်ပေါက်သည့် အတွက် HRWDN အဖွဲ့က ပုသိမ် လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ရဲတပ်ဖွဲ့ထံ အကြောင်းကြားခဲ့ရာ ရဲတပ်ဖွဲ့မှ ဒုတပ်ကြပ် သန်းဇော်မင်းက ထူးကြီးကျေးရွာသို့ လာရောက်၍ ကုမ္ပဏီမှ ထွက်ပြေးလာသည့် အလုပ်သမားများကို စစ်ဆေး မေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး နေပြည် တော်ရှိ လူကုန်ကူး တားဆီးရေး အဖွဲ့ထံ အစီရင်ခံ တင်ပြထားကြောင်း သိရသည်။

ထိုကဲ့သို့ အလုပ်သမားများ လစာကောင်းကောင်း ရမည်ဆို၍ တရားဝင် ခေါ်ယူမှု မဟုတ်ဘဲ နစ်နာခဲ့ရသော ဖြစ်ရပ်များမှာ လူမှောင်ခို ကုန်ကူးမှုဖြစ်ပြီး သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများ၏ ကူညီ စောင့်ရှောက်မှုကို နစ်နာသူများက မျှော်လင့်တကြီး စောင့်စားလျက် ရှိသော်လည်း ယခုကဲ့သို့ အင်္ဂပူမြို့နယ် (တိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်၏ မဲဆန္ဒနယ်မြေ)မှ လုပ်သားများ၏ အခက်အခဲကို ချက်ခြင်း အချိန်မီ ဖြေရှင်းရန် အကြောင်း မပြန်သည့် ဧရာဝတီတိုင်း ဒေသကြီး အစိုးရအပေါ် ဒုက္ခရောက်နေသူအချို့က စိတ်ပျက်ခဲ့ကြောင်း မြန်မာ သံတော်ဆင့်သို့ ပြောကြားခဲ့သည်။

ကိုသန့်စင်(ပုသိမ်)

မြန်မာသံတော်ဆင့် - Myanmartandawsint Newspaper

ဖိုးလပြည့်က သူ့ဘ၀အကြောင်းတွေကို ထုတ်ပြော

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ မြေးတော်သူ ဖိုးလပြည့် ခေါ် နေရွှေသွေးအောင်
က တက္ကသိုလ်များ ချံပီယံလိဂ် ဥက္ကဋ္ဌ တဦးအနေနဲ့ အဆိုပါ UCL ဖေ့စ်ဘုတ် စာမျက်နှာကတဆင့် ကျောင်းသား/ ကျောင်းသူတွေကိုမေတ္တာရပ်ခံစာ
တစောင် ပေးပို့ ဖြန့်ဝေစေခဲ့ပါတယ်။

အောက်တိုဘာလ ၁၇ ရက်နေ့ ညပိုင်းက နေရွှေသွေးအောင်ရဲ့ စာမှာ အများက ဖေ့စ်ဘွတ်အပါအ၀င် အွန်လိုင်းစာမျက်နှာတွေပေါ်မှာ သူနဲ့ပတ်သက်ပြီး မဟုတ်မမှန် ရေးသားဖော်ပြနေမှုတွေကိုလည်း တုံ့ပြန် ဖြေရှင်းထားပြီး ပုဂ္ဂိုလ်ရေး စွပ်စွဲချက်တွေဖြစ်တဲ့ ၀တ်မှုံရွှေရည် ကိုလည်း ခိုးမပြေးခဲ့ဘူးကြောင်း၊ မိုးယုစံကိုလည်း လက်ထပ်ထားတယ်
ဆိုတာ မဟုတ်ကြောင်းတွေလည်း ပါဝင်ပါတယ်။

ဒီအပြင်စစ်ရဟတ်ယာဉ်နဲ့ လည်း ဘဲကင်ဝယ်တယ်ဆိုတာ မဟုတ်သလို၊ စင်္ကာပူကိုလည်း နေ့ချင်းပြန် ကျောင်းမတက်ဘူးပါတဲ့။ ဒီအပြင် မန်ချက်စတာ ယူနိုက်တက်ဘောလုံးအသင်းကိုလည်း မ၀ယ်နိုင် ပါကြောင်း ရေးသားထားပါတယ်။

UCL မှာ ဖော်ပြထားတဲ့ နေရွှေသွေးအောင်ရဲ့ စာအပြည့်အစုံကို အောက်မှာ
ဖော်ပြပေးလိုက်ပါတယ်။

"UCL ဥက္ကဌ ကိုနေရွှေသွေးအောင်မှ ကျောင်းသား၊ ကျောင်းသူများထံသို့
မေတ္တာရပ်ခံလွှာ" ၊

၎င်း၏ စာ အပြည့်အစုံမှာအောက်ပါအတိုင်းဖြစ်ပါသည် -

" ချစ်ခင်လေးစားရပါသော တက္ကသိုလ်ကျောင်းသား၊ကျောင်းသူ
အပေါင်းတို့ခင်ဗျာ... -

ယခုအခါ UCL ပြိုင်ပွဲကြီးသည် ပြိုင်ပွဲဝင် ကျောင်းသား၊ကျောင်းသူတို့၏
စိတ်အားတက်ကြွစွာပါဝင်မှု၊ ကစားသမားများ၏ အစွမ်းကုန်ကြိုးပမ်း
အားထုတ်ယှဉ်ပြိုင်မှုတို့ကြောင့် တက္ကသိုလ်များအကြားအထူး
ရေပန်းစား၊ လူကြိုက်များလျှက် အုပ်စုပွဲများသည်ပင်လျှင်အောင်မြင်စွာ ယှဉ်ပြိုင်ပြီးဆုံးခဲ့ပြီးဖြစ်ပါသည်။

မိမိအနေဖြင့် ယခုလက်ရှိပြိုင်ပွဲ၏အခြေအနေနှင့် ပရိသတ်များသိရှိလို
သည်ဟု ယူဆသည့်ကိစ္စများကို ဤစာတွင် ရှင်းလင်းဖော်ပြအပ်ပါသည်။

- နံပါတ်(၁)အနေဖြင့် ဤပြိုင်ပွဲကြီးကို 'မည်သည်က ရရှိသည့် ပိုက်ဆံဖြင့်ပြုလုပ်လဲ' ဟူသောမေးခွန်းကိုဖြေကြားလိုပါသည်။

ဤပြိုင်ပွဲ၏ကုန်ကျ စရိတ်စုစုပေါင်းမှာ သိန်း(၃၀၀) နီးပါးရှိ၍ ကုန်ကျစရိတ်အများစုမှာ ဆုကြေးငွေနှင့်နေ့စဉ် Video ရိုက်ကူးခ
တို့ဖြစ်ကြပါသည်။

ဘောလုံးကွင်း၊ ဒိုင် နှင့် နယ်မှကစားသမားများနေထိုင်ရေးကို MFF၊ အားကစားဝန်ကြီးဌာန နှင့် ရန်ကုန် ယူနိုက်တက်ဘောလုံးကလပ်တို့မှ အခမဲ့ကူညီပါသည်။

ကျန်ကုန်ကျစရိတ်များကို မိမိနှင့်ဘောလုံးအားကစားကိုဝါသနာပါသော မိမိမိတ်ဆွေ စီးပွားရေး လုပ်ငန်းရှင်ကြီးများက အချိုးကျပါဝင်လှူဒါန်းပါသည်။

ထို့အပြင် ပြိုင်ပွဲဝင်တက္ကသိုလ်မှကျောင်းသူ၊ကျောင်းသားများကုသိုလ်ရစေနိုင်ရန်ပါ ရည်ရွယ်၍ပြိုင်ပွဲ ဝင်ကြေး ကိုပင် ကုန်ကျစရိတ်တွင်မသုံးစေဘဲ လူမှုရေး၊ဘာသာရေးအသင်းအဖွဲ့များ သို့လှူဒါန်းစေခဲ့ပြီးဖြစ်ပါသည်။

- နံပါတ်(၂)အနေဖြင့် ဤပြိုင်ပွဲမှဒိုင်လူကြီးများအကြောင်းရှင်းလင်းတင်ပြ
လိုပါသည်။ ယင်းဒိုင်လူကြီးများ အားလုံးသည် မြန်မာနိုင်ငံဘောလုံး
အဖွဲ့ချုပ်မှ တရားဝင် အသိအမှတ်ပြု ထားပြီး နိုင်ငံတကာ ဒိုင်လူကြီး လိုင်စင်ရရှိထားကြသူများဖြစ်ကြကာ MFF ကတရားဝင်စေလွှတ်၍
စေတနာဖြင့် လာရောက် ကူညီပေးနေသူများဖြစ်ကြပါသည်။

ဒိုင်များအနေဖြင့်မည်သည့်အသင်း၊ မည်သည့်ကစားသမား ကိုမျှသိရှိခြင်း
လည်းမရှိသကဲ့သို့ ဘက်လိုက်ဆောင်ရွက်ခြင်းမျိုးလည်းလုံးဝပြုလုပ်
မည်မဟုတ်ပါ။

ထို့ကြောင့် ပရိသတ်များအနေဖြင့် ကိစ္စတစ်စုံတရာပေါ်ပေါက်တိုင်း ဒိုင်အဖွဲ့ကိုအပြစ်တင်မစောကြရန်နှင့် ဒိုင်လူကြီး၏အဆုံးအဖြတ်ကို
နိုင်ငံကြီးသားပီသစွာလေးစား၊လိုက်နာပေးကြပါရန် မေတ္တာရပ်ခံ
အပ်ပါသည်။

- နံပါတ်(၃)အနေဖြင့် မိမိ၏စာရိတ္တပိုင်းဆိုင်ရာအပေါ်မေးခွန်းထုတ်မှုများကို
ရှင်းလင်းတင်ပြလိုပါသည်။ မိမိဘာမှမပြောခင် ပရိသတ်ကြီးကိုတစ်ခု
စဉ်းစားစေလိုပါသည်။

မိမိသာ Internet ပေါ်တွင်ပုံဖော်နေသကဲ့ အပြင်လောကတွင် အမှန်တကယ် မိုက်ရိုင်း၊ ဆိုးသွမ်းနေသူဖြစ်ပါက မည်သည့် ဝန်ကြီး၊ ဒုဝန်ကြီးက မိမိနှင့်
လက်ခံတွေ့ဆုံဆွေးနွေးမည်နည်း??

မည်သည့်ပါမောက္ခချုပ်က မိမိနှင့်အတူအစည်းအဝေးထိုင်မည်နည်း??

မည်သည့်ကျောင်းသား၊ ကျောင်းသူ များနှင့်မိဘများက မိမိနှင့်ပူးပေါင်း
ဆောင်ရွက်မည်နည်း??

မည်သည့် မီဒီယာက မိမိဘက်မှ ရပ်တည်ဖြေရှင်းပေးမည်နည်း??

မိမိအနေဖြင့် ကောလဟလများပြန့်နေသလို စင်ကာပူသို့နေ့ချင်းပြန်
လည်း ကျောင်းမတက်ဘူးပါ၊ ဆယ်တန်းဖြေတုန်းကလည်း The whole burma မရပါ (မိမိကျောင်းမှ ထိုနှစ်က အဆင့် ၆ သာချိတ် ပါသည်)၊

မည်သည့်မူးယစ်ဆေးဝါးမှလည်းမသုံးဘူးပါ (သင်္ကြန်နှင့်မွေးနေ့များတွင်ပင် မိမိအရက်သေစာသောက် စားခြင်းမပြုပါ)၊

ဝတ်မှုန်ရွှေရည်ကိုလည်းခိုးမပြေးဘူးပါ၊ မိုးယုစံနှင့်လည်း လက်မထပ်ရပါ၊ စစ်ရဟတ်ယာဉ်ဖြင့်မိမိကို ဘဲကင် ဝယ်ပေးရသည်ဆိုမှာလည်း လုံးဝမမှန်ပါ၊

မန်ချက်စတာယူနိုက်တက်ကိုလည်း မိမိဤဘဝတစ်သက်လုံးငွေစုလျှင်ပင် မဝယ်နိုင်ပါ၊ မည်သည့် ယာဉ်ထိန်းရဲကိုမှလည်း ထိုးကြိတ်အနိုင်ကျင့်ခြင်း
မရှိရပါ (ယင်းယာဉ်ထိန်းသည် ဘာဒဏ်ရာမှလည်း မရှိ၊ဘာသက်သေ
အထောက်အထားမှလည်းမရှိဘဲ မိမိကိုအမြင်စောင်းနေသော ၎င်း၏အထက်အရာရှိ၊ မီဒီယာအချို့နှင့်ပူးပေါင်းကာ မိမိကိုနိုင်ငံရေးအရ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ကို နိုင်ငံတော်သမ္မတ အပါအဝင် အစိုးရ
အဖွဲ့တစ်ခုလုံးသို့စာပေးပို့၍ရှင်းပြခဲ့ပြီးဖြစ်ပါသည်၊ လူကြီးများကလည်း ဤအဖြစ် အပျက် ကိုနားလည်သဘောပေါက်ပါသည်)။

မီဒီယာအချို့အနေဖြင့် မိမိကိုစွပ်စွဲမှုများ မမှန်ကန်ကြောင်းသိရှိသောအခါမည်သည့်ဖြေရှင်းချက်မျှ လည်း မပေး၊ ၎င်းတို့၏သတင်းမှားကိုလည်း တာဝန်ယူပြန်လည်ဖြေရှင်းပေးခြင်းမျိုးလည်းမပြုဘဲ မိမိကသာ တစ်ဘက်သတ် ပြည်သူလူထု၏အထင်မြင်လွဲမှားမှုကိုခံခဲ့ရခြင်းဖြစ်ပါသည်။

ယခု ပရိသတ် ၂၀၀၀ကျော်နှင့် တက္ကသိုလ်ပေါင်းစုံမှတာဝန်ရှိသူများ တက်ရောက်သော ဘောလုံးပွဲ ဖွင့်ပွဲ တွင် ပင်လျှင် မိမိနှင့် မိုးစက်ဝိုင်ပြိုင်ကားနှင့်အတူလာသည်၊ မိမိက ကားတံခါးနားသို့ဆင်းကြို
သည် စသဖြင့် မဟုတ်မမှန် ရေးသားသူ အများအပြားရှိကြောင်း အားလုံး
အသိပင်ဖြစ်ပါသည်။ -

မိမိကိုယ်တိုင်ဘောလုံးဝါသနာပါလွန်း၍သော်လည်းကောင်း၊ ကျန်လူငယ်
လူရွယ်များဘောလုံးအားကစားကို ကစားစေချင်လွန်း၍သော်လည်းကောင်း၊ (မိမိအားအကြောင်းမသိ၍ အမြင်စောင်းနေသူ အချို့လဲရှိနိုင် သည့်)
ကျောင်းသားထုကြီးအပေါ် 'ရန်မဖြစ်ပါ၊ ပြဿနာလည်းမဖြစ်စေရပါ'ဟု သက်ဆိုင်ရာ လူကြီးမင်းများ ကို အာမဘန္တေခံ၍ဤပြိုင်ပွဲကြီးကိုကျင်း
ပခြင်းဖြစ်ပါသည်။

မိမိတစ်ယောက်တည်းအားနှင့် ဤပြိုင်ပွဲကြီးကိုအောင်မြင်အောင်
မစွမ်းဆောင်နိုင်ပါ။ သက်ဆိုင်ရာ တက္ကသိုလ် မှကျောင်းသား၊
ကျောင်းသူများ နှင့် ဆရာ၊ဆရာမတို့ကဝိုင်းဝန်းကူညီဖေးမမှသာလျှင် ဤပြိုင်ပွဲကြီးအဓွန့်ရှည်တည်တံ့မည်ဖြစ်ပါသည်။

မိမိအနေဖြင့် နိုင်ငံတော်၏အားကစားအခန်းကဏ္ဏကို အစွမ်းကုန်မြှင့်
တင်ပေးသွားရန် စိတ်ဆုံးဖြတ်ထားပြီဖြစ် ၍ မိမိနှင့် ရည်ရွယ်ချက်ချင်း
တူသည့် မည်သူ့ကိုမဆို (သူ့ဟာသူ NLD မကလို့ ABC ဖြစ်ဖြစ် XYZ ဖြစ် ဖြစ်) လက်တွဲခေါ်ဆောင်သွားရန်လည်း စိတ်ဆန္ဒအပြည့်အဝ
ရှိပါသည်။

- သို့ဖြစ်ပါ၍ ပြိုင်ပွဲဝင်တက္ကသိုလ်မှ ညီအကို၊မောင်နှမ၊ကျောင်းသား၊
ကျောင်းသူများအနေဖြင့် ကိစ္စ တစ်စုံ တခုပေါ်ပေါက်တိုင်း Facebook စာမျက်နှာများပေါ်တွင် အချင်းချင်း ဝေဖန်တိုက်ခိုက်ခြင်းမျိုး မပြုဘဲ အားကစား စိတ်ဓာတ်အပြည့်ဖြင့် အားပေးကူညီကြပါ၊

နိုင်ငံတော်အဆင့် တာဝန်ရှိသူ လူကြီးများကို မိမိတို့တက္ကသိုလ်ကျောင်း
သားများ၏ စည်းလုံး၊ ညီညွတ်မှု စွမ်းရည်ကို ထုတ်ဖော်ပြသကြပါဟု တိုက်တွန်းမေတ္တာရပ်ခံလိုက်ရပါသည်။ " ဟူ၍ဖော်ပြပါရှိပါသည်။

ဖိုးလပြည့်ရဲ့ စာပါအကြောင်းအရာတွေကို ပြန်လည် ကူးယူဖော်ပြပေး
လိုက်ပါတယ်။

ဧရာဝတီblog

ဗေဒင်

(၁) Aries (မိဿရာသီဖွား — မတ်လ ၂၁ မှ ဧပြီ ၁၉ အတွင်းမွေးဖွားသူ)

မေမေ “Aries သမီးလေး.. စကပ်ဝတ်ထားတဲ့အချိန် ဒါန်းမစီးရဘူးနော်။ ကောင်လေးတွေ

သမီးရဲ့အတွင်းခံကို တွေ့သွားနိုင်တယ်”

Aries “ဟုတ်ကဲ့ပါ မေမေ”

ဒါပေမယ့် တစ်နေ့မှာ Ariesက မေမေဆီပြေးလာပြီး “မေမေ… မေမေ ဒီနေ့

အောင်အောင်နဲ့ဒါန်းစီးပြိုင်တာ သမီးနိုင်တယ်”

မေမေက စိတ်တိုပြီး “စကပ်ဝတ်ထားရင် ဒါန်းမစီးရဘူးလို့ မေမေမှာထားတယ်မဟုတ်လား?”

Aries “သမီး ဒီလောက်မအပါဘူး မေမေရဲ့၊ အတွင်းခံကို သူမမြင်အောင် ချွတ်ထားပြီးမှ

ဒါန်းစီးတာပါ”

(Ariesဖွားက ရဲရင့်၊ ပွင့်လင်းပြီး လုပ်ရဲရင် ခံရဲသူဖြစ်တယ်)


၂) Taurus (ပြိဿရာသီဖွား–ဧပြီ ၂ဝ မှ မေ ၂ဝ အတွင်းမွေးဖွားသူ)

ဖရဲသီးရောင်းသူ “လာနော်.. လာနော်.. ဖရဲသီးချိုတယ်၊ မချိုရင် ပိုက်ဆံမယူဘူး”

ရေဆာနေတဲ့ Taurus ” အတော်ပဲ… ကျွန်တော့်ကို မချိုတာပေးပါ”

(Taurusဖွားက အိမ်၊ မိသားစုကို ထိန်းသိမ်းနိုင်သူ ဘေးချော်ချင်သည့်တိုင်

ကိုယ့်ကိုကာကွယ်တတ်သူဖြစ်တယ်)


(၃) Gemini (မေထုန်ရာသီဖွား– မေ ၂၁ မှ ဇွန် ၂ဝ အတွင်းမွေးဖွားသူ)

မေမေ “Gemini ရေ ထတော့ ကြက်ဖတောင်တွန်နေပြီ”

Gemini “အာ….. မေမေကလဲ! ကြက်ဖတွန်ရင် တွန်ပစေပေါ့။ သမီးက ကြက်မမှမဟုတ်တာ”

(Gemini ဖွားက ကိုယ့်ကို သိတတ်လိုစိတ်၊ ကိုယ်ပိုင်တွေးတောစိတ်

ပြင်းထန်သူဖြစ်တယ်)


(၄) Cancer (ကရကဋ်ရာသီဖွား– ဇွန် ၂၁ မှ ဇူလိုင် ၂၂ အတွင်းမွေးဖွားသူ)

Cancer “ဒီည သားမေမေနဲ့အိပ်မယ်”

မေမေ “သား မိန်းမယူပြီးလည်း မေမေနဲ့အိပ်မှာလား?”

Cancer “အင်း”

မေမေ “ဒါဆို သားမိန်းမဘယ်လိုလုပ်မလဲ?”

Cancer “ဖေဖေနဲ့ ပေးအိပ်လိုက်မယ်”

(Cancerဖွားက မိခင်ကိုစွဲလမ်းသူ၊ မှီခိုသူဖြစ်တယ်)


၅)Leo (သိဟ်ရာသီဖွား– ဇူလိုင် ၂၃ မှ သြဂုတ်၂၂ အတွင်းမွေးဖွားသူ)

Leo “ဒီတင်ပါးပုံပေါက်စီကို လူတွေဘာလို့ စားကြတာလဲ?”

ဆိုင်ထဲက ပေါက်စီစားသူတွေ နေရထိုင်ရခက်ကုန်တယ်။ Leoက ပဲပေါက်စီတစ်လုံး

ယူလိုက်တယ်။

Leo “မေမေ.. မေမေ… တင်ပါးထဲမှာ အီးတွေနဲ့….”

ပေါက်စီစားသူတွေ အန်လုလုဖြစ်ကုန်ကြတယ်။

(Leoဖွားက ကိုယ်ပိုင်ခံစားချက်နဲ့ ဘေးလူရဲ့အကြည့်၊ အပြောကို

သိပ်ဂရုမစိုက်တတ်သူဖြစ်တယ်)


(၆) virgo (ကန်ရာသီဖွား– သြဂုတ် ၂၃ မှ စက်တင်ဘာ ၂၂ အတွင်းမွေးဖွားသူ)

virgoက ကိုယ့်ချက်ကိုကြည့်ပြီး “ဒါဘာလဲ”လို့ ဖေဖေကို တအံ့တသြမေးတယ်။

ဖေဖေက “ချက်ကြိုးက ကလေးငယ်ကို မိခင်နဲ့ဆက်ထားပေးတယ်။ မိခင်ဝမ်းတွင်းက ခွါတာနဲ့

ဆရာဝန်က ချက်ကြိုးကိုဖြတ်ပြီး အထုံးထုံးပေးလိုက်တယ်။ အဲဒီလိုနဲ့

ချက်ဖြစ်လာခဲ့တယ်” လို့ အတိုချုံးရှင်းပြလိုက်တယ်။

virgo “ဆရာဝန်က ဘာဖြစ်လို့ လိပ်ပြာပုံဖဲကြိုးလေး မထုံးပေးတာလဲ မသိဘူးနော်”

(virgoဖွားက စူးစမ်းလိုစိတ်များပြီး ပြီးပြည့်စုံမှုကို လိုလားသူဖြစ်တယ်)


(၇) Libra (တူရာသီဖွား– စက်တင်ဘာ ၂၃ မှ အောက်တိုဘာ ၂၂ အတွင်းမွေးဖွားသူ)

ဖေဖေ “Libra သား.. ဒီနေ့ကျောင်းမသွားနဲ့တော့၊ မနေ့ညက သားအတွက် သားမေမေက

အမွှာလေးမွေးပေးလိုက်တယ်။ ဆရာမဆီ ခွင့်တစ်ရက်တိုင်လိုက်နော်”

Libra “ဟုတ်ကဲ့ဖေဖေ… ဒါပေမယ့် တစ်ယောက်ပဲမွေးတယ်လို့ သားပြောမယ်။

ကျန်တစ်ယောက်ကို သားကျောင်းမသွားချင်တဲ့နေ့မှ ထပ်ပြောမယ်”

(Libraဖွားက ထက်မြက်ပြီး ချင့်ချိန်ကြံဆတတ်သူဖြစ်တယ်)


(၈) Scorpio (ဗြိစ္ဆာရာသီဖွား– အောက်တိုဘာ ၂၃ မှ နိုဝင်ဘာ ၂၁ အတွင်းမွေးဖွားသူ)

Scorpioအိပ်ပျော်ခါနီးမှ ခြင်တစ်ကောင်က သူ့ကိုကိုက်လိုက်တယ်။ ဒါနဲ့

Scorpioထလာပြီး ခြင်ကို မောင်းထုတ်တယ်။ ဘယ်လိုမောင်းထုတ်ထုတ် အခန်းထဲကနေ

ခြင်ထွက်မသွားဘူး။

“ကောင်းပြီ…. မင်းမထွက်ရင် ငါထွက်တယ်ကွာ!”

ပြောပြောဆိုဆို အိပ်ခန်းထဲကနေ Scorpioထွက်သွားပြီး တံခါးကိုသော့ခတ်လိုက်တယ်။

ပြီးမှ အားရကျေနပ်ဟန်နဲ့—

“ဟင်း.. ဒီည ငါအခန်းထဲ ဝင်မအိပ်တော့ဘူး။ အခန်းထဲမှာ မင်းကို အငတ်ထားပြီး

သတ်ပစ်မယ်”

( Scorpio ဖွားက မရေရာသူ၊ လက်တွေ့ထိုးထွင်းဥာဏ် နည်းသူဖြစ်တယ်)


(၉) Sagittarius (ဓနုရာသီဖွား– နိုဝင်ဘာ ၂၂ မှ ဒီဇင်ဘာ ၂၁ အတွင်းမွေးဖွားသူ)

Sagittarius “ဖေဖေ… ဖေဖေ့ဆံပင်ဖြူတွေ ဘာဖြစ်လို့ ဒီလောက်များရတာလဲ?”

ဖေဖေ “သား မလိမ္မာလို့ပေါ့။ သားမလိမ္မာလို့ ဖေဖေဆံပင်ဖြူများရတာပေါ့”

Sagittarius တအောင့်လောက် စဉ်းစားပြီး…..

“ဘိုးဘိုးဆံပင်တွေ တစ်ခေါင်းလုံးဖြူရတာက ဘာကြောင့်လဲဖေဖေ?”

ဖေဖေ “…………”

(Sagittarius ဖွားက တွေးတောတာကို နှစ်သက်သူဖြစ်တယ်)


(၁ဝ) Capricorn (မကာရရာသီဖွား– ဒီဇင်ဘာ ၂၂ မှ ဇန်နဝါရီ ၁၉ အတွင်းမွေးဖွားသူ)

တစ်နေ့မှာ Capricornနဲ့မေမေ လမ်းထွက်လျှောက်တယ်။ လမ်းခုလပ်ရောက်တော့

ရုတ်တရက်မိုးရွာချတယ်။ မေမေက Capricorn လက်ကိုဆွဲပြီး “မိုးရွာပြီ…

ပြေးပြေး.. ရှေ့ကိုပြေး!” လို့ပြောတော့ Capricornက တုံ့နှေးနှေးနဲ့ “ရှေ့မှာ

မိုးမရွာလို့လား?” တဲ့။

(Capricorn ဖွားက အမှန်ကိုသိပေမယ့် လိုက်ပြုပြင်ပြောင်းလဲဖို့

ပျင်းရိသူဖြစ်တယ်)


(၁၁) Aquarius (ကုံရာသီဖွား– ဇန်နဝါရီ ၂ဝ မှ ဖေဖော်ဝါရီ ၁၈ အတွင်းမွေးဖွားသူ)

Aquarius “ကြက်ဥက ဘယ်ကထွက်လာတာလဲ မေမေ?”

မေမေ “ကြက်မက ထွက်လာတာပေါ့”

Aquarius “‘ကြက်မက ဘယ်ကထွက်လာတာလဲ မေမေ?”

မေမေ “ကြက်ဥက ပေါက်လာတာပေါ့”

Aquarius “ကြက်မနဲ့ကြက်ဥ ဘယ်ဟာက အရင်ရှိတာလဲ မေမေ?”

(Aquarius ဖွားရဲ့ အတွေးတွေက သာမန်လူတွေရဲ့အတွေးတွေနဲ့ အမြဲကွဲပြားတတ်တယ်)


(၁၂) Pisces (မိန်ရာသီဖွား– ဖေဖေါ်ဝါရီ ၁၉ မှ မတ်လ ၂ဝ အတွင်းမွေးဖွားသူ)

ဖေဖေက သူ့ငယ်စဉ်အကြောင်းတွေ Pisces ကို ပြောပြနေခဲ့တယ်။

ဖေဖေ “ဖေဖေတို့ ငယ်ငယ်တုန်းကဆို အစာရေစာမဝလို့ အမြဲငတ်ပြတ်ခဲ့ရတယ်”

Pisces “သနားလိုက်တာနော်။ ဖေဖေက စားစရာမရှိလို့ သားတို့အိမ်ကို

ရောက်လာခဲ့တာပေါ့နော်”

(Piscesဖွားက ကိုယ်ချင်းစာ၊ အကြင်နာစိတ်ရှိပေမယ့် အခြေအနေကို

မခွဲခြားတတ်သူဖြစ်တယ်)

(၁၂) ရာသီနှင်.ပက်သက်သော ပို.စ် များအား ကိုရပ်(ပ်)မောင် ကို ခရပ်ဒစ် ပေးပါသည်။

ဦးမောင်ကြီး

ဥက္ကာခဲကြီး ရုရှမှာတွေ့ရှိ

ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ရုရှအလယ်ပိုင်းမှာရှိတဲ့ ချီဘာကဲလ်ရေကန်ထဲကို ဥက္ကာခဲကြီးတလုံးပြုတ်ကျခဲ့ပါတယ်။ ဒါကြောင့် ရေတွေခဲနေတဲ့ အဲဒီရေအိုင်ကြီးဟာ ၆ မီတာလောက်ကျယ်တဲ့ အပေါက်ကြီးဖြစ်သွားခဲ့ပါတယ်။

သိပ္ပံပညာရှင်တွေကတော့ ဒီလောက်ကြီးတဲ့ ဥက္ကာခဲကြီးကို တစ်ကြိမ်မှမတွေ့ဖူးသေးဘူးလို့ ဆိုပါတယ်။ ဥက္ကာခဲကြီးက တခြားဂြိုလ်တစ်ခုကနေ ပဲ့ထွက်လာတာဖြစ်သလို အကျယ်အားဖြင့် ၁၇ မီတာရှိပြီး မတ္ထရစ်တန်ချိန် တစ်သောင်းလေးတယ်လို့ ဆိုပါတယ်။ ဥက္ကာခဲကြီးကျလာတာကြောင့် လူပေါင်း ၁ ထောင်ထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။ ပြတင်းပေါက်တွေကျိုးပျက်ခဲ့ပြီး အဆောက်အဦတွေလည်း သိမ့်သိမ့်တုန်အောင် ခါသွားခဲ့တယ်လို့ ဆိုပါတယ်။

ရေကန်ထဲက ဥက္ကာခဲကြီးကို ပြန်လည်ဆယ်ယူချိန်မှာတော့ အကျယ်က ငါးပေလောက် (၁.၅မီတာ) ပဲရှိပါတော့တယ်။ ရေထဲမှာတင် အဲဒီဥက္ကာခဲကြီးကို သေသေချာချာရစ်ပတ်ပြီး သံမဏီပြားပေါ်မှာ တင်ပြီးမှာ မြေပေါ်ကို ဆွဲတင်ခဲ့တာပါ။ ဒါပေမယ့်လည်း မြေကြီးပေါ်ရောက်တော့ ဥက္ကာခဲကြီးက အပိုင်းကြီး ၃ ခု ကွဲထွက်သွားခဲ့ပါတယ်။ လန်ဒန်သဘာဝသမိုင်းပြတိုက်က ဒေါက်တာ ကဲရိုလင်းစမစ်ကတော့ အဲဒီအုတ်ခဲတုန်းကြီးကို ဥက္ကာခဲအဖြစ်အတည်ပြုခဲ့ပါတယ်။ အမျိုးအစားကတော့ regmaglypt လို့ခေါ်တဲ့ အနားသားအကာ (ပေါင်မုန့်ဘေးသားအခွံပုံစံ) ဥက္ကာခဲ ဖြစ်တယ်လို့ ဆိုပါတယ်။

စမစ်ကတော့ အဲဒီလို ဥက္ကာခဲတွေက အာကာသထဲမှာ မီးလုံးကြီးတွေလို ပျံသန်းနေတတ်ကြတယ်လို့ ဘီဘီစီကို ပြောပြပါတယ်။ အပြင်ပိုင်းက ပူလွန်းတာကြောင့် ကြယ်တွေပုံစံလိုမျိုးလင်းလက် နေသလို အဲဒါမျိုးကို fusion crust (ဥက္ကာခဲ အခွံ) လို့ ခေါ်ကြောင်း၊ သူတို့ရဲ့ပုံသဏ္ဌာန်က လက်ဗွေရာနဲ့တူကြောင်း သူမကဆိုပါတယ်။

Chelyabinsk State University ရဲ့ပရောဖက်ဆာ Sergey Zamozdr ကတော့  ဥက္ကာခဲအကြီးဆုံး ၁၀ ခုတွေ့ရှိခဲ့ရာမှာ ဒီတစ်ခုလည်းအပါအ၀င်ပဲလို့ ဆိုပါတယ်။

Ref: BB

စစ်ကိုင်းမြို့နှင့်မန္တလေးမြို့တို့တွင် ဗုံးဖောက်ခွဲမှု ကျူးလွန်သူနှစ်ဦးကို စီစီတီဗွီကင်မရာများမှ တစ်ဆင့်ခြေရာခံဖော်ထုတ်နိုင်ပြီဟုသိရ....

အောက်တိုဘာ ၁၄ ရက်နှင့်၁၅ရက်က မန္တလေးမြို့နှင့်စစ်ကိုင်းမြို့တို့တွင် ဖြစ်ပေါ်ခဲ့သော ဗုံးပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ ဗုံးဖောက်ခွဲမှု ကျူးလွန်သူနှစ်ဦးကို ရွှေဘဲစားသောက်ဆိုင်နှင့်ဆွမ်းဦးပုညရှင် ဘုရားတို့ရှိ စီစီတီဗွီ ကင်မရာများမှတစ်ဆင့် ခြေရာခံ ဖော်ထုတ်နိုင်ပြီဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီးတိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။ ယင်းသို့ခြေရာခံ ဖော်ထုတ်ရမိခြင်းကြောင့် ကနဦးမသင်္ကာ၍ ခေါ်ယူမေးမြန်းနေသူနှစ်ဦးကို အောက်တိုဘာ ၁၆ ရက်ညနေပိုင်းက ပြန်လွှတ်ပေးခဲ့ကြောင်းသိရသည်။

မန္တလေးမြို့ရှိရွှေဘဲစားသောက်ဆိုင်တွင် ဗုံးတွေ့ရှိမှု၊စစ်ကိုင်းမြို့ရှိရွှေပြည့်စုံဟိုတယ်နှင့် ဆွမ်းဦးပုညရှင်ဘုရားဗုံးပေါက်ကွဲမှုများကို ကျူးလွန်ခဲ့သူနှစ်ဦးမှာ ဇော်လတ်မောင်နှင နေတိုးဆိုသူတို့ဖြစ်ကြောင်း၊အဆိုပါ ကျူးလွန်သူနှစ်ဦးမှာ အောက်တိုဘာ ၁၃ ရက်တွင်ရွှေပြည့်စုံ ဟိုတယ်မှဆွမ်းဦးပုညရှင် ဘုရားသို့သွားရောက်ကာ မွန်းလွဲပိုင်း၌ ရွှေဘဲစားသောက်ဆိုင်တွင်နေ့လယ်စာ စားသုံးခဲ့ကြောင်းမှတ်တမ်းများတွင် တွေ့ရသည်။

"ဆွမ်းဦးပုညရှင်ဘုရားကစီစီတီဗွီမှတ်တမ်းကို စစ်ကိုင်းတိုင်းရဲတပ်ဖွဲ့ကနေ ရရှိခဲ့တာ။ နောက်ပြီးသူတို့ဟာ ဘယ်သူတွေပါ ဆိုတာကိုလည်းရန်ကုန်ပေါက်ကွဲမှု ကျူးလွန်တဲ့သူက ဖော်ထုတ်ခဲ့တယ်။ မသင်္ကာဖွယ်အကောင်းဆုံးဖြစ်တဲ့ကနဦး ခေါ်စစ်ဆေးတဲ့သူနှစ်ဦးဟာ စစ်ဆေးလိုက်တဲ့အခါဖြစ်နိုင်ခြေ နည်းတာကြောင့် ရွှေဘဲစားသောက်ဆိုင် စီစီတီဗွီမှတ်တမ်းကို အရင်ရက်တွေက မှတ်တမ်းတွေအထိလိုက်လံကြည့်တော စစ်ကိုင်းက ရရှိတဲ့အချက်တွေနဲ့ တူနေတာ သွားတွေ့ရတယ်။ အဲဒါနဲ့ခုံနံပါတ်၁၄ ကို ပြန်စစ်လိုက်တော့ကြေးနန်းကြိုးကိ တွေ့ရတာ"ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

"စစ်ကိုင်း၊မန္တလေးနှစ်နေရာလုံးကို ဗုံးထောင်တာကအောက်တိုဘာ ၁၃ ရက် တစ်ရက်ထဲဖြစ်ပြီးရွှေဘဲစားသောက်ဆိုင်က ခုံအောက်မှာ ချိတ်ထားခဲ့တဲ့ ကြေးနန်းကြိုးက မသေချာတာကြောင့်အောက်ကို ပြုတ်ကျသွားတဲ့သဘောပဲ။ မဟုတ်ရင်တော့ စစ်ကိုင်းမြို့မှာ ပေါက်ကွဲပြီး မန္တလေးမှာပါ ပေါက်ကွဲဖို့ပါ။ သူတို့ ဗုံးတပ်ဆင်သွားတ ခုံနံပါတ်မှာ ထိုင်ခဲ့တဲ့ နှစ်ယောက်ကတော့ ကံမကောင်းတာပေါ့။ ခုသူတို့ကို ပြန်လွှတ်ပေးပြီးပါပြီ။ သူတို့ကလည်းခုဖြစ်စဉ်ကို နားလည်ပါတယ်။ အမှန်တကယ် ကျူးလွန်တဲ့ သူနှစ်ဦးထဲက ဇော်လတ်မောင်ကို ဘီးလင်းမှာ ဖမ်းမိပြီလို့ သိရတယ်။ နေတိုးကတော့ လွတ်မြောက်နေဆဲပါ"ဟု ၎င်းကဆက်လက် ပြောကြားသည်။

လက်ရှိအချိန်တွင်အဆိုပါကျူးလွန်ခဲ့သူနှစ်ဦး စီးနင်းခဲ့သော အဖြူရောင်ယာဉ်အမှတ်(၆ဂ/၅၉၄၈)အမြန်လမ်းမကြီးမှဖြတ်သန်းသွားချိ န်ကို မှတ်တမ်းရှာဖွေ၍ ဖမ်းဆီးရမိရန် ဆောင်ရွက်လျှက် ရှိကြောင်းသိရသည်။

EMG

ပင်စိမ်းရွက်နဲ့ပျောက်စေမဲ့ရောဂါမျိုး (၄၀)

(၁) နားကိုက်=ပင်စိမ်းရွက်ကို မီးအုံးပြီး နားထဲသို့ အရည် နှစ်စက်လောက်ကျအောင် ညှစ်ထည့်ပေးပါ။

(၂) သွားကိုက်=ပင်စိမ်းသတ္ထုရည်နှင့် ငရုတ်ကောင်း၊ ပရုတ်တို့ကို ကြိတ်ပြီး အလုံးကလေးများလုံး၍ သွားပိုးစားသည့် သွားအခေါင်းထဲသို့ ထည့်ပေးပါ။ ပျောက်ကင်းသွားပါမည်။

(၃) ကလေး ကျောပူ ခေါင်းပူ=ပင်စိမ်းရွက်နဲ့ ကွမ်းရွက် ဆတူယူ၍ ကျပ်ခိုးနှင့် နနွင်းမှုန့် အနည်းငယ်ဖြင့် ရောကြိတ်ပြီး လိမ်းပေးပါ။ (တကိုယ်လုံး ခပ်ပါးပါး လိမ်းပေးပါ)

(၄) ခေါင်းတခြမ်းကိုက်=ပင်စိမ်းရွက်သတ္ထုရည် လတ်လတ်ဆတ်ဆတ် ညှစ်ရည်ကို ယူ၍ နားထင်နှင့် နဖူးတွင် လိမ်းပေးပါ။

(၅) ဆီးချုပ်၊ ဆီးအောင့်၊ အသည်းရောင်၊ အသားဝါ=နှမ်းစေ့နှင့် ပင်စိမ်းစေ့ကို ဆတူကြိတ်ပြီး ထန်းလျက်နဲ့တေ၍ ဆီးကင်းလောက် အလုံးလေးများ လုံးထားပါ။ ခြောက်အောင် နေလှန်းပြီး နံနက်-ည တလုံးကျစီ စားပေးပါ။ ထိုသို့စားပေးခြင်းဖြင့် လိပ်ခေါင်းရောဂါ၊ မြင်းသရိုက်နာ ရောဂါများ ပျောက်၏။

(၆) သားသမီး ဝေးလိုသော်=ပင်စိမ်းရွက် လက်တွင်းတဆုပ် ပြုတ်ရည်တပန်းကန်ကို ဥတုသွေးလာပြီးသည့်နောက် သုံးရက်ဆက်တိုက် သောက်ပေးပါ။

(၇) အဖျားနာတာရှည်=န့နက်စောစော ပင်စိမ်းရွက်သတ္ထုရည် ကြွေဇွန်းသတ္ထုရည် တဇွန်းကျ သောက်ပေးပါ၊ အဖျားကျသွားပါမည်။

(၈) ငှက်ဖျား=ပင်စိမ်း လတ်လတ်ဆတ်ဆတ် လေး-ငါးရွက်မျှကို ငရုတ်ကောင်းစေ့အနက် သုံးစေ့၊ တပတ်လျှင် နှစ်ကြိမ် မှန်မှန်သောက်ပေးပါ။

(၉) ပွေးနာ၊ အရေပြား ယားနာ=ပင်စိမ်းရွက်ကို သံပုရာရည်နှင့် ရောပြီး ညက်နေအောင် ထောင်းပါ၊ ထိုထောင်းထားသည့် အရွက်ဖြင့် ပွတ်တိုက်ပေးပါ အုံပေးပါ။

(၁၀) အစာမကြေ၊ ဝမ်းကိုက်=ပင်စိမ်းရွက်ပြုတ်ရည်ကို သောက်ပေးပါ။ သတ္ထုရည်သောက်ပေးပါ။

(၁၁) လည်ချောင်းနာ၊ အသံဝင်=ပသ်စိမ်းစေ့ (ပင်ပွား)ကို ရေစိမ်၍ ထိုရေကို သောက်ပေးပါ။

(၁၂) အိုင်းအနာ၊ အဖုအနာ=ပင်စိမ်းရွက်ပြုတ်ရည်ကို အဖုအနာများနှင့် အိုင်းနာများအပေါ် ဖန်ရည်ဆေးပေးပါ။ အနာ၌ ပိုးတွယ်ခဲ့လျှင် ပင်စိမ်းရွက်ခြောက်မှုန့်ကို ဖြူးပေးပါ။

(၁၃) အရေပြားအနာများ=(အရေပြားရောဂါဟူသမျှ) ပင်စိမ်းရွက် သတ္ထုရည် (၅၀)ကျပ်သား၊ နှမ်းဆီ (၁၅)ကျပ်သား ရော၍ မီးမျှဉ်းမျှဉ်းနှင့် ရေခန်းသည်အထိ ချက်ပေးပါ။ ထိုဆီဖြင့် အရေပြားနာ၊ ယားယံနာ ဟူသမျှ လိမ်းပေးပါ။ ယင်းဆီသည် ရေနွေးအကြမ်းပန်းကန် တလုံးထဲသို့ ဆီနှစ်စက် သုံးစက်ချပေးပြီး ပူပူလေး မှုတ်၍ သောက်ပေးပါက နှာစေး အအေးမိ ချောင်းဆိုးရောဂါများကိုပင် ပျောက်စေပါသည်။ ထိုဆီဖြင့် လိမ်းထားပါက မှက် ဖြင်များ မကိုက်ပါ။

(၁၄) ဗိုက်ကြောပြတ်=(ကိုယ်ဝန်ဆောင်) ဗိုက်ကြောပြတ်ပြီး ယားယံနေပါက ပင်စိမ်းရွက်ခြောက်မှုန့် ဖြူးပြီး ပွတ်သပ်ပေးပါ။

(၁၅) ဝက်ခြံ၊ တင်းတိပ်၊ ညှင်း၊ အဖြူကွက်=ပင်စိမ်းရွက် သတ္ထုရည်ကို လိမ်းပေးပါ။

(၁၆) ကလေး သန်ကျ=ပင်စိမ်းသတ္ထုရည်ကို တိုက်ပေးပါ။

(၁၇) နားအူ၊ နားကိုက်၊ နားပြည်ယို=ပင်စိမ်းရွက် သတ္ထုရည်ကို ဇွန်းဖြင့်ထည့်၍ မီးဖြင့်အပူပေးပါ။ ထိုသတ္ထုရည် နွေးနွေး နှစ်စက် သုံးစက်ခန့် ထည့်ပါ။

(၁၈) နှာခေါင်းနှာပိတ်၊ နှာခေါင်းအတွင်းမြှေးရောင်=ပင်စိမ်းရွက်ကို အခြောက်လှန်းပြီး ညက်နေအောင် အမှုန့်ထောင်းပါ။ နှာဆေးအဖြစ် အသုံးပြုပါ။

(၁၉) ငှက်ဖျားတုန်ချမ်း=ပင်စိမ်းအမြစ်ကို ရေသုံးခွက်တခွက်တင် ကျိုပြီး သောက်ပေးပါ။ ချွေးထွက်လာပြီး အဖျားကျသွားပါမည်။

(၂၀) ပျား၊ ပုရွက်ဆိတ်၊ ကင်း အဆိပ်ရှိအကောင် ကိုက်လျှင်=ပင်စိမ်းပင် ပဉ္စငါးပါးကို ထုထောင်းပြီး အုံပေးပါ။

(၂၁) လည်ချောင်းနာ၊ ပန်းနာ၊ ချောင်းခြောက်ဆိုး=ပင်စိမ်းပွင့် အတ့လိုက်ကို ချင်းခြောက်၊ ကြက်သွန်နီနှင့် ထုထောင်း၍ ပျားရည်နှင့် ရော၍ လျှက်ပေးပါ။ သလိပ်မရသည့် ချောင်းဆိုးနာများ ပျောက်ကင်းစေပါသည်။

(၂၂) သားသမီး ဝေးလိုသော=အမျိုးသားများ ပင်စိမ်းရွက်ဆယ်ရွက်ကို နေ့စသ်စားပေးပါ။ ကျန်းမာရေးကို လုံးဝမထိခိုက်စေဘဲ ပိုမို၍ သွက်လက်ထက်မြက်စေကြောင်း အိန္ဒိယဆေးသုတေသနမှ ထုတ်နုတ်ဖော်ပြခဲ့၏။

(၂၃) ချောင်းဆိုးပျောက်=ပင်စိမ်းရွက် သတ္ထုရည်ကို ပျားရည်နှင့် ဆတူရောပြီး တနေ့သုံးကြိမ် သောက်ပေးပါ။ သလိပ်ရွှင်ပြီး ချောင်းဆိုးပျောက်စေ၏။

(၂၄)အစာအိမ်အချဉ်ပေါက်လေနာ=ပင်စိမ်းရွက်ခြောက်ကို ရေနွေးစိမ်၍ ရေနွေးကြမ်းသောက်သလို သောက်ပေးပါ၊ ကလေးများ လေထိုး၊ လေအောင့်ရောဂါပါ ပျောက်ကင်းစေနိုင်ပါသည်။

(၂၅) အအေးမိ၊ နှာစေး၊ ချောင်းဆိုး=ပင်စိမ်းရွက်အစိုကို သုံးခွက်တခွက်တင်ကျိုပြီး ပူပူလေးသောက်ပေးပါ။ တုပ်ကွေးရောဂါများကိုပင် ပျောက်ကင်းစေနိုင်ပါသည်။

(၂၆) အဆုတ်ရောဂါ၊ ပန်းသေ ရောဂါ၊ မျက်စိရောဂါ၊ ချောင်ဆိုးပန်းနာ=မျောက်သားကိုကင်၍ ပင်စိမ်းနိုင်နိုင်နှင့် ကြော်စားပါ။

(၂၇) လေငန်း၊ လေဖြတ်၊ အဆစ်ရောင်=ပင်စိမ်းပဉ္စငါးပါးကို ရေနွေးဖျော၍ အငွေ့ကိုရှူပေးပါ။

(၂၈) မြွေနှင့် အဆိပ်ရှိသတ္တဝါ ကိုက်ခဲပါက=ပင်စိမ်းရွက်နှင့် ပျဉ်းတော်သိမ်ရွက်ကို ဆတူကြိတ်၍ ဆီးသီးလုံးခန့် နံနက်တလုံး၊ ညတလုံး စားပေးပါ။ ကိုက်ခံရသည့် ဒဏ်ရာတွင် ကြိတ်ဖတ်ကို အုံ၍ အဝတ်ဖြင့် စည်းပေးပါ။

(၂၉) သူငယ်နျာ ကျောပူခေါင်းပူ=ပင်စိမ်းရွက်၊ ကွမ်းရွက်၊ နနွင်းမှုန့်၊ ကျပ်ခိုး အနည်းငယ်ရောကြိတ်၍ ကလေးကို ခပ်ပါးပါး လိမ်းပေးပါ။ ဦးခေါင်းမှ ခြေဖျားအထိ သပ်ချပေးပါ။

(၃၀) မီးဖွားပြီးစ အပုပ်ဆန်=ပင်စိမ်းရွက် ကြော်စားပါ။

(၃၁) ပန်းသေ၊ ပန်းညှိုး၊ ဝမ်းပျက်=ပင်စိမ်းရွက်ကို ငါးခူ၊ ငါးကျည်းနှင့်ဖြစ်စေ ဆိတ်သား၊ ခိုသားနှင့်ဖြစ်စေ ကြော်စားပေးပါ။(သို့) ငါးပနော်နှင့် ကြော်စားပါ။

(၃၂) ဆီးရောဂါ=ပင်စိမ်းရွက်ရည် လိမ်းပေးပါ။ အပူငြိမ်းပြီး အဆိပ်ကို ကြေစေသည်။

(၃၃) ကင်းမြီးကောက်ကိုက်=ပင်စိမ်းရွက်ကြိတ်၍ အုံပေးပါ။

(၃၄) ချောင်းဆိုးနပန်းနာ=ပင်စိမ်းပွင့်၊ ချင်းခြောက်၊ ကြက်သွန်ဖြူ ထုထောင်း၍ ပျားရည်နှင့် လျက်ပေးပါ။

(၃၅) သလိပ်ကပ် ချွဲကျပ်=ပင်စိမ်းရွက်ကို လက်တဆုပ်ခန့်ခူး၍ အရည်ထွက်စေရန် ကြိတ်ခြေညှစ်ပေးပါ။ ထွက်လာသည့် အရည်အား ရေကျက်အေးနှင့် သောက်ပေးပါ။ တနေ့လျှင် နှစ်ကြိမ် သောက်ပေးပါ။နေ့လယ်မွန်းတည့် သောက်ပါ။ သုံးရက် ဆက်သောက်ပေးပါ။

(၃၆) ဆီးရောဂါ၊ သွေးအကျိတ် အခဲရောဂါ၊ ဆီးပုပ်၊ ဓာတ်ပုပ်၊ သလိပ်ပုပ်=ပင်စိမ်းအစေ့ကို အခြောက်လှန်းပြီး အနည်းငယ်ထောင်းပါ၊ နွားနို့ သကြားတို့နှင့် ဖျော်သောက်ပေးပါ။ အထက်ပါ ရောဂါများသာမကသွေးအကျိတ်အခဲ ရောဂါများပင် ပျောက်ကင်းစေပါသည်။

(၃၇) ဆီးအောင့်၊ အမောသက်သာ=ပင်စိမ်းစေ့ကို သကြားရည်နှင့် ဖျော်ရည်ပြု၍ သောက်ပေးပါ။

(၃၈) မစားချင်၊ မသောက်ချင်၊ အစာအိမ်လေနာ၊ ဝမ်းနာ=ပင်စိမ်းရွက် သတ္ထုရည်ပြု၍ သောက်ပေးပါ။

(၃၉) နှလုံး၊ ကျောက်ကပ်ရောဂါ၊ နှမ်းစေ့=ပင်စိမ်းနှင့် ထန်းလျက်ကို ဆတူကြိတ်၍ ပျားရည်နှင့်တေပါ။ နံနက် တလုံး၊ ညအိပ်ရာဝင်တလုံး စားပေးပါ။ ထိုသို့ စားပေးခြင်းဖြင့် သွားဖုံးရောင်ခြင်း၊ သွားကိုက်ခြင်း၊ နားကိုက်ခြင်းများအပြင် ပွေး၊ ဝဲ၊ နှင်းခူနာနှင့် မြင်းသရိုက်ရောဂါများကိုပါ ပျောက်ကင်းစေပါသည်။

(၄၀) သားကျည်းကိုက်၊ သားအိမ်လျှော၊ နို့ချောင်းပိတ်၊ ဆီးအောင့်=ပင်စိမ်းရွက်ကို ငါးကျည်းခြောက်နှင့်
ကြော်စားပေးပါ။ ထိုသို့ စားပေးခြင်းဖြင့် မီးဖွားပြီးစ အပုပ်ဆန်တတ်သော ရောဂါများပင် ပျောက်ကင်းစေ ပါသည်။ အစားမှား၍ ဆေးမှား၍ အော့အန်ခြင်းများကိုပင် ပျောက်ကင်းစေ၏။

ပင်စိမ်း၏ ဂုဟ်အစွမ်းအကျိုးများကား များပြားလှပါသည်။ ဉာဏ်ရှိသလို စားသုံးပေးခြင်းဖြင့်
ရောဂါများကို ပျောက်ကင်းစေသည့် ပင်စိမ်းရွက်များ ဖြစ်ပါသည်။

ကသစ်ဦး(ကျိုင်းတုံ)

ဗုံးပေါက်ကွဲမှုတွေ အပေါ် အနုပညာရှင်တွေက ဒီလိုမြင်ကြတယ်

မစပ်စုတို့ ရွှေပြည်ကြီးမှာ မကြာခင် ၀ါလကင်းလွတ် သီတင်းကျွတ် အခါသမယကို ရောက်ပါတော့မယ်။ ဒီလိုအချိန်မျိုးဆို  မစပ်စုတို့ ငယ်ငယ်တုန်းကတော့ ဗြောက်အိုးဖောက်သံ၊ မီးရှူးမီးပန်းသံ စတာတွေကို ကျယ်ကျယ်လောင်လောင် ကြားခဲ့ရတာဟာ သီတင်းကျွတ် အခါသမယကို နီးလာပြီဆိုတဲ့ နိမိတ်ပြ ပုံရိပ်တွေထဲက တခုပေါ့လေ။ အခုတော့ အသံတွေ ကြားတော့ ကြားရပါရဲ့၊ အသံကလည်း ခင်ဆင်ဆင်တော့ တူပါရဲ့၊ ဒါပေမယ့် အဲဒီအသံက ဗုံးပေါက်ကွဲသံ ဖြစ်လို့နေတာပါပဲ။ ဟိုနေရာလည်း ဗုံး၊ ဒီနေရာလည်း ဗုံးနဲ့ တဗုံးတည်း ဗုံးနေလိုက်တာ မြန်မာပြည် အနှံ့အပြား တော်တော် ခရီးရောက် နေတယ်လို့ ဆိုရမှာပါပဲ။ နောက်ဆုံး facebook ထဲမှာပါ ဗုံး ရောက်လာလိုက်တာ သူနဲ့ပတ်သက်တဲ့ ကဗျာ စာသားလေးတွေ ပြည်သူတွေရဲ့ ရင်တွင်းဖြစ် ခံစားချက် လေးတွေတောင် တွေ့နေရပြန်ပါတယ်၊ တော်တော် ပေါက်တဲ့ ဗုံးလို့ ပြောရမလိုပဲ။ တချို့ကလည်း “စင်ကာပူလို ဖြစ်အောင် လုပ်မယ်လို့ ကြွေးကြော်ထားရာက ဘယ့်နှယ် ဘဂ္ဂဒက်မြို့လို ဖြစ်အောင် လုပ်ရလေခြင်း” လို့ လှောင်ပြောင် သရော်ထားလေရဲ့။

ထားပါတော့လေ။ မကြာခင်မှာ ပွင့်လင်းရာသီဖြစ်တဲ့ ခရီးသွားရာသီကို ရောက်လာတော့မယ်။  မြန်မာနိုင်ငံကို စိတ်ဝင်စား မျက်စိကျနေတဲ့ နိုင်ငံခြားသားခရီးသွားတွေ အလုံးအရင်းနဲ့ ၀င်လာတော့မယ်။ ဒါထက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကလည်း အပြိုင်အဆိုင် ၀င်လာနိုင်ဖို့ ဆိုင်းပြင်း နေကြတယ်။ ဒါတွေ ဒါတွေအပြင် ၂၀၁၄ မှာ အာဆီယံ ဥက္ကဋ္ဌအနေနဲ့ မြန်မာနိုင်ငံက တာဝန် ယူရတော့မယ်။ အဆိုးဆုံးကတော့ လာမယ့် ဒီဇင်ဘာလမှာ ကျင်းပမယ့် ၂၇ ကြိမ်မြောက် ဆီးဂိမ်း ပြိုင်ပွဲကြီးလည်း နီးလို့လာနေပြီ။ ဒီလိုမျိုး အခါသမယမှာ ဒီလိုတွေ ဖြစ်နေတယ် ဆိုတာကတော့ တော်တော်ဆိုးတယ်လို့ ဆိုရမှာပါ။ ဒါကြောင့်လည်း ဒီလိုမျိုးဖြစ်နေတဲ့ အနေအထားတွေအပေါ် အနုပညာရှင်တွေရဲ့ သုံးသပ် ဝေဖန်မှု တွေကို မစပ်စုက မေးမြန်းစပ်စုထားပါတယ်။

အဆိုတော် သံသာဝင်း

အခုလို ဖြစ်နေတာတွေ အကုန်လုံး ဘာကြောင့် ဖြစ်တယ်ဆိုတာကို တာဝန်ရှိတဲ့သူတွေက သေသေချာချာ စိစစ်ဖို့လိုပါတယ်။ စိစစ်တယ် ဆိုတာက တကယ့် အဖြေမှန်တခု ဘယ်သူက လုပ်တယ်၊ ဘယ်သူကြောင့်  ဖြစ်တယ်ဆိုတာကို တိတိကျကျ ဖော်ပြနိုင်ဖို့ အရေးကြီးပါတယ်။ အခုဆိုရင် ကျမတို့ဆီမှာ သီတင်းကျွတ် ဆိုရင် အားလပ်ရက် အစီအစဉ်တွေမှာ အရင်ကဆိုရင် ဗြောက်အိုးတွေ ဖောက်တယ်၊ ကလေးတွေ သွားချင် လာချင်ကြတဲ့ အချိန်မှာ ဖြစ်တော့ လူတွေအကုန်လုံးက ထိတ်လန့် နေကြရပါတယ်။ သွားချင်တဲ့နေရာလည်း မသွားရ၊ လူတွေရဲ့ စိုးရိမ်ထိတ်လန့်မှု သောကတွေလည်း များတယ်။ နောက် တကယ့် ဆီးဂိမ်းလို ပွဲအကြီးကြီးတွေလည်း ရှိတဲ့အခါကျတော့ လူတွေရဲ့ လုံခြုံမှုက အရမ်းကို အရေးကြီးပါတယ်။ ဒီတော့ အစိုးရကနေ ဒါကိုဖော်ထုတ် အရေးယူပေးဖို့ အရေးကြီးပါတယ်။ နောက်ပြီး လွန်ခဲ့တဲ့ သိပ်မကြာသေးတဲ့ ကာလတွေ တုန်းကလည်း ကျမတို့ဆီမှာ ဗုံးတွေ ပေါက်ခဲ့ဖူးတယ်။ အဲဒီတုန်းကလည်း ဘာကြောင့်ဖြစ်တယ် ဆိုတဲ့ အဖြေရယ်၊ ဘယ်သူ့ကြောင့် ဒီလိုဖြစ်တယ်ဆိုတဲ့ အဖြေရယ်ကို တိတိကျကျ မဖော်ထုတ်ပေးခဲ့ဘူး။ ကျမတို့ဆီမှာ ပြဿနာတခု ဖြစ်ပြီ ဆိုရင် ပြဿနာရဲ့ အရင်းအမြစ်က ဘာကြောင့်ဆိုတဲ့ အဖြေကို ထုတ်ပေးခဲ့တယ်ဆိုတာ ဘယ်တော့မှ မသိခဲ့ရဘူး။ အခုလည်း အဲဒီလိုမျိုးပဲ ပြီးသွားမယ်ဆိုရင်တော့ ကျမတို့ ပြည်သူတွေအတွက် ဘယ်လိုမှ လုံခြုံမှုမရှိနိုင်ပါဘူး။ အထူးသဖြင့် ဆီးဂိမ်း လုပ်မယ်။ ဒီမှာ နိုင်ငံခြားသားတွေရှိမယ်။ နိုင်ငံခြားသားတွေ အာရုံစိုက်ကြမယ်။ ကျမတို့လို အနုပညာရှင်တွေ သွားကြ လာကြမယ် ဆိုတဲ့ အချိန်မှာ လူတိုင်းက ကိုယ့်ရဲ့ လုံခြုံမှုကို အားလုံး စိုးရိမ်နေကြတာချည်းပါပဲ။ နောက် ကိုယ့်နိုင်ငံရဲ့ ပုံရိပ်လည်း ဘယ်လိုမှ မကောင်းနိုင်ပါဘူး။ ဘယ်သူလုပ်တယ် ဆိုတာကို သေချာ မပြောနိုင်ဘဲနဲ့ ဟိုလိုလို ဒီလိုလို ဟိုလူ့ လက်ညှိုးထိုး၊ ဒီလူ့ လက်ညှိုးထိုး ဆိုရင်တော့ မကောင်းပါဘူး။ နောက် တခုက ပြည်သူတွေကို အာရုံလွဲအောင် သက်သက် လုပ်တာမျိုးဆိုရင်တော့ ဒီလောက်နဲ့ ရပ်သွားရင်တော့ ကောင်းပါမယ်။


လူရွှင်တော် ဇာဂနာ

ဘာဗုံးပေါက်တာမှ မကြိုက်ဘူး။ လုပ်တဲ့လူတွေကို အပြင်းအထန်ရှုတ်ချတယ်။သူတို့ အဲဒီလိုလုပ်လို့ ပြည်သူတွေက အစိုးရကို မမုန်းဘဲ ပိုပြီး ကျောကပ်သွားလိမ့်မယ်။ အစိုးရ လုပ်တယ် ဆိုတာမျိုး စွပ်စွဲကြတာလည်း အခြေအမြစ်မရှိဘူး။ မြန်မာ -အမေရိကန် ဆက်ဆံရေး ထိခိုက်စေချင်လို့ မြန်မာပြည်ထဲကို ခရီးသည်တွေ မ၀င်စေချင်လို့ ဆိုတာမျိုး သိုးနေပုပ်နေတဲ့ အတွေးအခေါ်တွေ ထားခဲ့ကြပါတော့လို့ ပြောချင်တယ်။ သတ္တိ တကယ်ရှိကြရင် နေပြည်တော် သွားဖောက်ကြလို့ ပြောလိုက်ပါရစေ။

သရုပ်ဆောင် ထွန်းအိန္ဒြာဗို

အမေစု (ဒေါ်အောင်ဆန်းစုကြည်) ပြောသလိုပါပဲ။ ဒါကို လိုက်ပြီး ယောင်မသွားဖို့ပေါ့။ သူတို့က အထိတ်တလန့် ဖြစ်အောင် လုပ်တာ။ ဒီလို လုပ်တဲ့ သူတွေရဲ့ ရည်ရွယ်ချက်တွေ မအောင်မြင်ဖို့ ကျမတို့မှာ တာဝန်ရှိပါတယ်။ ဒါ ထိတ်လန့်စရာ မဟုတ်ဘူး။ ကျမတို့ ကိုယ် သွားစရာရှိတာ ဆက်သွားဖို့ပါပဲ။ သူတို့လိုချင်တဲ့ ထောင်ချောက်ထဲ မရောက်ဖို့ပါပဲ။ ပြည်သူတွေအားလုံးက ခေါင်းအေးအေး ထားပြီး စဉ်းစားကြရမယ်လို့ အမေစုပြောသလိုပါပဲ။ ကျမတို့ အဲဒီလိုပဲ သွားရမှာပါပဲ။

ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)

ကျနော့် အနေနဲ့ကတော့ ငြိမ်းချမ်းရေးကိုပဲ လိုလားတယ်။ ငြိမ်းချမ်းရေးပဲ ဖြစ်စေချင်တယ်။ ဘယ်လို အကြောင်းကြောင်း ကြောင့် ဒီလို အကြမ်းဖက်တာကိုမှ မလိုလားပါဘူး။ ဗုံးတွေ ထောင်တယ်။ ဟိုနေရာမှာ ပေါက်တယ်၊ ဒီနေရာမှာ ပေါက်တယ်။ ဒါဟာ တိုင်းပြည် အေးချမ်းမှု မရှိဘူးဆိုတဲ့ နိမိတ်ကို ဆောင်ပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ၊ နိုင်ငံခြားကနေ လာတဲ့ ဧည့်သည်တွေ အားလုံးကို မလာရဲအောင် လုပ်တာပါ။ အဲဒီလို လုပ်ချင်းအားဖြင့် ဘာကြောင့် လုပ်သလဲဆိုတာကို စဉ်းစားလို့ မရဘူး။ ဒါပေမယ့် ပြည်သူ တယောက်အနေနဲ့ သုံးသပ်တာကတော့ အဲဒီလို နိုင်ငံခြား ဧည့်သည်တွေ လာတာ၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ လာတာဟာ ကောင်းသော လက္ခဏာပေါ့။ ဒီ ကောင်းသော လက္ခဏာကို မလိုလားလို့ ဖျက်ဆီးတယ်လို့ မြင်ပါတယ်။ ဘာကြောင့်ပဲ ဖြစ်ဖြစ် အပြစ်မဲ့တဲ့ ပြည်သူတွေ ထိခိုက်ဒဏ်ရာရတာကို မကြိုက်ဘူး။ တကယ် သူတို့ ထောင်ချင်ရင် သူတို့ လိုလားတဲ့နေရာကို ရောက်အောင် ထောင်ကြပါ။ ဘာမှ မဆိုင်တဲ့ နေရာတွေမှာ ထောင်ခြင်းကို ကန့်ကွက်တယ်။ ရှုတ်ချတယ်။ လိုလည်းမလိုလားဘူး။ ကြိုက်လည်း မကြိုက်ဘူး။ ဘယ်အဖွဲ့အစည်းကပဲ လုပ်လုပ်၊ ဘယ်လိုပုံစံမျိုးနဲ့ပဲ လုပ်လုပ် ဒါဟာ မလုပ်သင့်တဲ့ အလုပ်တခု လို့ပဲ ယူဆပါတယ်။

သရုပ်ဆောင် ဝေဠုကျော်

မဖြစ်တာတော့ အကောင်းဆုံးပါပဲ။ ဖြစ်အောင် လုပ်တဲ့သူတွေ အနေနဲ့လည်း မလုပ်သင့်ဘူးလို့ ယူဆပါတယ်။ ကျနော်တို့ နိုင်ငံရဲ့ ပြောင်းလဲ တိုးတက်လာတဲ့ အခြေအနေအပေါ်မှာ ဒီလို အဖျက်အမှောင့်လုပ်ငန်းတွေ နဲ့တော့ တိုင်းပြည်ကြီး မပျက်စီး စေချင်ပါဘူး။ အားလုံး လွတ်လပ်ပေါ့ပါးစွာ ပျော်ရွှင်စွာနဲ့ပဲ သွားနိုင်စေချင်ပါတယ်။ တခုခု လုပ်ချင်တယ်ဆိုရင် ထိပ်တိုက် ရင်ဆိုင်ပေါ့။ ဒီလိုကြီး နောက်ကနေပြီး အပြစ်မရှိတဲ့ ပြည်သူတွေ အပေါ်မှာ လိုက်ပြီးတော့ အန္တရာယ်ပေးတဲ့ အလုပ်မျိုးကိုတော့ မလုပ်စေချင်ပါဘူး။

လူရွှင်တော် အရိုင်း

ပြည်သူတွေ ထိတ်ထိတ်လန့်လန့် ဖြစ်နေရတာ ဘယ်ကောင်းပါ့မလဲ။ ဒီ ဖြစ်ရပ်တွေက ဘယ်လိုတွေ ဆက်စပ်ပြီး ဖြစ်တာလဲ။ ဖျက်ဆီးဖောက်ခွဲချင်တဲ့ သူတွေကပဲ တမင်တကာ ဖန်တီးတာလား၊ ဒါမှမဟုတ် အခြေအနေ အကြောင်းအရာ တခုအပေါ်မှာပဲ မူတည်ပြီးတော့ ဒီအကျိုးဆက်တွေ ဖြစ်လာတာလားဆိုတာ ရှာဖွေ ဆန်းစစ်လေ့လာမှပဲ သိရတော့မှာပဲ။ ခန့်မှန်းခြေနဲ့ ကျနော် တို့က ဒီလိုမျိုးတော့ ဖြစ်နိုင်တယ်ဟေ့ ပြောရမှာလည်း ဒီကာလက တော်တော်လည်း ကျပ်ပါတယ်။ အရင်တုန်းက ဆိုရင်တော့ ဖျက်ဆီးရေးသမားတွေ ဖောက်ခွဲရေး သမားတွေက၊ တိုင်းပြည်နဲ့ ဆန့်ကျင်နေတဲ့ သူတွေက လာပြီး မိုင်းထောင်တာပါ၊ ဗုံး ထောင်တာပါ ဆိုပြီး ပြောလို့ရတယ်။ အခုကျတော့လည်း တော်တော်များများ အဖွဲ့အစည်းတွေက ငြိမ်းချမ်းရေး ရယူဖို့ ဆောင်ရွက် နေကြပြီဆိုတော့ ဒီကာလမှာ ဒါကြီးက ဒီလူတွေလုပ်တာပါလို့ လက်ညှိုးထိုးဖို့က ရာခိုင်နှုန်း သိပ်နည်းသွားပြီလေ။ အဲဒီတော့ ဒီလူတွေမှ မလုပ်လည်း ဘယ်သူတွေ လုပ်မှာလဲ ဆိုတာကျတော့လည်း သိပ်ဗလိုင်းကြီး ဆန်လွန်းသွားပြီလေ။ တိုင်းပြည်အတွက်ကို ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်းလေးနဲ့ ကျီးလန့်စာစား မဖြစ်ရအောင်အတွက် လုပ်ဖို့ကိုပဲ အဓိက ဦးတည် စေချင်ပါတယ်။ အဲဒီလိုမျိုးပဲ လုပ်ကြပါလို့ ကျနော်တို့က ပြောချင်တယ်။

ဧရာဝတီ