Saturday, November 9, 2013

မဲဇလီဖူး ဆေးဖက်ဝင်အောင်သုပ်နည်း


''လပြည့်ည မှာ သုပ်စား တဲ့ မဲဇလီ ဖူးသုပ် က ဆေးဖက် ဝင် တယ်။ ကျေးလက် တော ရွာတွေ မှာ နေတဲ့ သူတွေ ဆိုရင် လပြည့်နေ့ လရောင် ကျထား တဲ့ မဲဇလီဖူး တွေကို ခူးသင့် ပါတယ်။ လရောင် ထိထား တဲ့ မဲဇလီတွေ ကဆေး ပေါင်းခ ပြီး ဆေးစွမ်း ထက်ပါ တယ်။ မြို့မှာ နေတဲ့ သူတွေ ဆို ရင်တော့ လပြည့်ည မတိုင်မီ ခူးထား တဲ့ မဲ ဇလီဖူးတွေ ကို လပြည့်ည နက္ခတ် စုံချိန်ကျ မှာ ရေနွေး ဖျော ပြီး သုပ် စား သင့် ပါတယ်။ နက္ခတ် စုံချိန် နှစ်ချိန် ရှိပါတယ်။ လပြည့်နေ့ ည ၉ နာရီ ၁၆ မိနစ်နဲ့ လပြည့် နေ့ သန်းခေါင် ယံ အချိန်မှာ မဲဇလီ ဖူးသုပ် ကို သုံးဆောင် သင့် ပါတယ်'' ဟု ယင်း က ဆိုသည်။ ဆေးပေါင်း ခချိန်တွင် မဲ ဇလီဖူး သုပ်စားခြင်း ဖြင့် အသက် ရှည်ပြီး အနာ ရောဂါ ကင်းမဲ့စေ နိုင်ကြောင်း၊ မဲဇလီရွက် သည် နတ်ပြည် တွင် နတ်သက် ရှည်ရန် စားလေ့ ရှိသည့် မဉ္ဇူသက နတ် ပန်း နှင့်ဆင် တူသော ကြောင့် မဲဇလီ ရွက်များ ကို စားသုံး ခြင်းဖြင့် အ သက် ရှည်၊ အနာကင်း နိုင်ကြောင်း ရှေးသူ ဟောင်း တို့မှ အကြံပြု ခဲ့သ ဖြင့် ယင်း ဓလေ့မှာ ယနေ့ တိုင် ထွန်းကား နေဆဲ ဖြစ်ကြောင်း သိ ရသည်။

Aung Zaw Oo

The Curse of The Omen

တချို့ရုပ်ရှင် တွေဟာ မတော်တဆ ထိခိုက်တာ၊ ရိုက်ကူးရေးတွေကို ဂြိုလ်ဆိုး ၀င်တာမျိုး စသဖြင့် ကျိန်စာသင့် သလိုမျိုး တွေဖြစ်တတ် ပါတယ်။ The Omen (1976) ရဲ့နောက်ကွယ်က ဖြစ်ရပ်တွေ အကြောင်း ဖတ်ကြည့် ပါဦး။

"၆ရက် နေ့၊ ၆လပိုင်း၊ ၆နာရီ အချိန်မှာ Katherine Thorn ကနေ မွေးဖွားခဲ့တဲ့ ကလေး အသေလေးကို ခင်ပွန်းသည် ဖြစ်သူ အမေရိကန် သံအမတ် တစ်ဦး ဖြစ်တဲ့ Robert Thorn ဟာ ဇနီး သည် မသိအောင် တခြား ကလေးငယ် တစ်ဦးနဲ့ အစားထိုး လဲလှယ် ခဲ့ပါတယ်။ ဇနီး ဖြစ်သူကို နှစ်သိမ့် နိုင်ဖို့ သူ ကိုယ်တိုင် ခရစ်ယာန် ဘုန်းတော်ကြီး တစ်ဦး ဆီကနေ တောင်းခံ မွေးစား ခဲ့တဲ့ ကလေး ငယ်ဟာ Thorn မိသားစု ထဲကို ဘုရား ပေးတဲ့ ဆုလာဒ် တစ်ခု အနေနဲ့ ရောက်လာ တယ်လို့ ထင်ခဲ့ကြ ပေမယ့် မကြာခင် မှာတော့ ကျိန်စာ တစ်ခုသာ ဖြစ်တယ် ဆိုတာကို သူတို့ သိခဲ့ရ ပါတော့ တယ်။ ဘာကြောင့် လဲ ဆိုတော့ နောက်ကြောင်း ရေရာစွာ မသိဘဲ မွေးစားခဲ့ မိတဲ့ Thorn လင်မယားရဲ့ ချစ်လှ စွာသော သားငယ် Damien ဟာယေရှု ခရစ်တော်ကို ဆန့်ကျင့် ကြောင်း မွေးရာပါ အမှတ်မျိုးနဲ့ လူ့လောက မှာ ဂြိုလ်မွှေဖို့ ရောက်လာ ခဲ့တဲ့ နတ်ဆိုး သားတော် ၀င်စားသူ တစ်ဦး ဖြစ်နေလို့ ပါဘဲ။" Satan ရဲ့သားတော် ၀င်စားပြီး လူ့လောက ထဲကို ရောက်လာ ခဲ့တဲ့ ကလေးငယ် တစ်ဦးကို ကမ္ဘာသူ ကမ္ဘာ သားတွေ အလုံးစုံ ပျက်စီး စေမယ့် အန္တရာယ် မျိုး ကျမလာခင် လက်ဦးမှု ယူပြီး သတ်ဖြတ် နိုင်အောင် ကြိုးစား ရင်းနဲ့ ကြံရာပါ တွေသာ တစ်ယောက်ပြီး တစ်ယောက် ကြမ္မာဆိုး ၀င်ပြီး သေကုန်ရတဲ့ အကြောင်း သရဲတစ္ဆေ ဇာတ်လမ်း The Omen ဟာ၁၉၇၆ လောက်က ထွက်ရှိခဲ့ပြီး၊ ထိတ်လန့် ဖွယ် အကောင်းဆုံး Horror ဇာတ်ကား တွေ ထဲမှာ တစ်ကား အပါအ၀င် အဖြစ် ယနေ့တိုင် မှတ်ယူ ကြဆဲပါ။


ဇာတ်ကား တောက်လျောက် စိတ်ခြောက်ခြား စရာကောင်းတဲ့ နောက်ခံ တေးဂီတ တွေနဲ့ ခြယ်မှုန်း ထားပြီး၊ ပရိသတ်တွေ မထင်မှတ် ထားတဲ့ ခြောက်လှန့်မှု မျိုးတွေနဲ့ အတူ အချိန် အတန်ကြာ အာရုံထဲ စွဲကျန် စေမယ့် Horror ဇာတ်လမ်း သွား တစ်ခုကို ဆောင်ကျဉ်း ပေးခဲ့ တာကို ကြည့်ဖူး သူတိုင်း အသိပါဘဲ။ အခု အကြောင်း အရာ ကတော့ ဂန္တ၀င် Horror ဇာတ်ကား The Omen ရိုက်ကူးခဲ့ စဉ်တုန်းက နောက်ကွယ် မှာ ဖြစ်ပျက် ခဲ့တဲ့ သာမန် ရိုးကျ မဟုတ်တဲ့ ဆင့်ကဲ တိုက်ဆိုင်မှု ဖြစ်ရပ်များ (သို့မဟုတ်) The Omen ဇာတ်ကား ကျိန်စာရဲ့ အကြောင်း ပါဘဲ။ တချို့ ရုပ်ရှင် တွေဟာ ရိုက်ကူး ရင်းနဲ့ မတော် တဆ ထိခိုက် မှုမျိုး ဖြစ်တာတွေ၊ ထွက်ရှိ လာချိန်မှာ ထင်ထား တာနဲ့ ပြောင်းပြန် ဖြစ်ပြီး ၀င်ငွေ သောက်သောက် လဲ အရှုံးပေါ် တာမျိုးတွေ၊ ပြီးတော့ ရိုက်ကူး ရေး အဖွဲ့ထဲက လူတွေ ဆီကို ဂြိုလ်ဆိုး ၀င်တာ မျိုးတွေ စသဖြင့် မကောင်းတဲ့ အတိတ် နိမိတ်မျိုး တွေနဲ့ ဆက်နွယ် နေတတ် တာကို အားလုံး ကြားဖူး ကြမှာပါ။ ဒါပေမယ့် ရိုက်ကူးရေး အဖွဲ့ဝင် တွေကို သူတို့ ရိုက်ခဲ့တဲ့ ရုပ်ရှင် ထဲကလို အဖြစ် အပျက်မျိုး တွေနဲ့ ကြမ္မာဆိုး ၀င်စေခဲ့ တာမျိုး ကတော့ တိုက်ဆိုင်မှု ဆိုရင် တောင်မှ တော်တော် လေးကို အံ့သြ တုန်လှုပ် စရာ ကောင်းတယ် လို့ ဆိုရမှာပါ



The Omen ရဲ့အဓိက ဇာတ်ကောင် Robert Thorn ဟာသားဖြစ်သူ မကောင်း ဆိုးဝါး ၀င်စားတဲ့ ကလေး ငယ်ကို ဇာတ်ကားရဲ့ ဇာတ်သိမ်း ခန်းမှာ သေနတ်နဲ့ ပစ်သတ်ဖို့ ကြိုးပမ်း ခဲ့တဲ့ အခန်းကို မှတ်မိ ကြမှာပါ။ တိုက်တိုက် ဆိုင်ဆိုင်ဘဲ Robert အဖြစ် သရုပ် ဆောင်မယ့် မင်းသား ကြီး Gregory Peck ရဲ့သား ဖြစ်သူဟာ ဒီဇာတ်ကား မရိုက်မီ ၂လခန့် အလို၊ ၁၉၇၅ ဇွန်လ ထဲမှာ သေနတ် နဲ့ ကိုယ့်ကိုယ် ကို ပစ်သတ်ပြီး အဆုံး စီရင် သွားခဲ့ ပါတယ်။ မကြာခင် မှာဘဲ ဒီ ဇာတ်ကား ကိစ္စနဲ့ London ကို လေယာဉ်နဲ့ ထွက်ခွာ လာခဲ့တဲ့ မင်းသား Gregory Peck ဟာ အာရုံ တွေ ငြီးနောက် နောက် ခံစားရ ပြီးနောက် သူ့ရဲ့ လေယာဉ်ဟာ အတ္တလန္တိတ် သမုဒ္ဒရာ အထက် ၀ဲပျံစဉ် မိုးကြိုးပစ် ခံရတဲ့ အဖြစ် မျိုးကို ကြုံခဲ့ရ သလို၊ တစ်ချိန် တည်း ဆိုသလို တခြား လေကြောင်း ခရီး စဉ်နဲ့ ထွက်ခွာ ခဲ့တဲ့ ဒီဇာတ် ကားရဲ့ ဇာတ်ညွှန်း ရေးသူ David Seltzer ရဲ့ လေယာဉ် ဟာလည်း အလားတူ ဖြစ်ရပ်နဲ့ ကြုံခဲ့ရ ပါတယ်။ ရက် သတ္တပတ် အနည်းငယ် အကြာ မှာတော့ ဒီဇာတ်ကားရဲ့ Executive producer ဖြစ်တဲ့ Mace Neufeld တစ်ယောက် L.A ကို လေယာဉ်နဲ့ အသွားမှာ သူပါတဲ့ လေယာဉ်ကို မိုးကြိုး တစ်ကြိမ်ထက် ပိုပြီး ပစ်ခံရခြင်း နဲ့အတူThe Omen ဇာတ်ကားရဲ့ ကျိန်စာ စတင်ပါ တော့တယ်။


နောက်ဆက် တွဲ အဖြစ်အပျက် တွေအနေနဲ့ လေယာဉ်ကို မိုးကြိုးပစ် ခံရတာမျိုး မကြုံလိုက်ရတဲ့ ဒီဇာတ်ကားရဲ့ ဒါရိုက်တာ Richard Donner ကတော့ သူတည်းခိုတဲ့ Hotel ဟာ IRA အဖွဲ့ရဲ့ ဗုံးဖောက်ခွဲ မှုကို ခံခဲ့ရပြီး အသက်ဘေးက သီသီလေး လွတ်မြောက် ခဲ့သလို၊ ရုပ်ရှင် အမှုဆောင် အဖွဲ့ဝင် တွေနဲ့ သရုပ်ဆောင်တွေ ညစာစားဖို့ ရည်ရွယ် ထားတဲ့ စားသောက်ဆိုင် ဟာလည်း ဗုံးခွဲခံ ရတဲ့ အထဲမှာ ပါသွား ခဲ့ပါ တယ်။ ပြီးတော့ Isreal နိုင်ငံမှာ သွားရောက် ရိုက်ကူး ရမယ့် အခန်း အတွက် မင်းသား Gregory Peck ရဲ့လေကြောင်း ခရီးစဉ် တစ်ခုဟာ အချိန်နား ကပ်မှ တခြား အကြောင်းအရာ တစ်ခုကြောင့် Cancel လုပ်လိုက် ရသလို၊ သူမပါဘဲ ထွက်သွား ခဲ့တဲ့ အဲ့ဒီ ခရီးစဉ်မှာ လေယာဉ် ပျက်ကျပြီး၊ လိုက်ပါသူ အားလုံး အသက် ဆုံးရှုံးခဲ့ ရပါတယ်။ လေယာဉ်ဆိုလို့ ဒီဇာတ်ကားနဲ့ ဆက်စပ်ပြီး ကံဆိုး မိုးမှောင်ခဲ့တဲ့ နောက်ထပ် လေယာဉ် တစ်စီးလည်း ရှိပါသေးတယ်။ ဒါရိုက်တာ Richard တစ်ယောက် ဒီဇာတ်ကား ထဲက ဇာတ်ဝင်ခန်း တစ်ခုထဲမှာ ထည့်ရိုက်ဖို့ လေယာဉ် တစ်စီးကို ငှားမယ်လို့ လျာထား ခဲ့ပြီး မငှားဖြစ် ခဲ့ပါဘူး။ ဒါပေမယ့် ဒီဇာတ်ကားရဲ့ ကျိန်စာ ကတော့ အဲ့ဒီ လေယာဉ် ကိုပါ အလွတ် မပေးဘဲ ပျက်ကျ စေခဲ့ပြီး၊ ခရီးသည် အားလုံး ကို သေလမ်း ပွင့်စေခဲ့ ရုံသာမက၊ အဲ့ဒီ့ လေယာဉ်ဟာ ကားတစ်စီး အပေါ်ကို ပျက်ကျသွား ခဲ့တာဖြစ်ပြီး၊ ကား ပေါ်မှာ သေသွားခဲ့ ရသူ တွေဟာ တခြား သူတွေ မဟုတ် ပါဘူး။ အဲ့ဒီ့ လေယာဉ်ကို မောင်းနှင် လာတဲ့ Pilot ရဲ့မိန်းမနဲ့ ကလေး တွေပဲ ဖြစ်ပါသတဲ့။ ကဲတိုက်ဆိုင် လိုက်တာများ။


The Omen ဇာတ်ကားရဲ့ ကျိန်စာဟာ ဒီလောက် နဲ့တင် ရပ်မသွား ခဲ့ပါဘူး။ ဇာတ်ကား ထဲမှာ တွေ့ရတဲ့ Rottweiler ခွေးနက်ကြီး တွေဟာ ရိုက်ကွင်း ထဲမှာ သခင်ကို ပြန်တိုက်ခိုက် တာမျိုး တစ်ကြိမ် မက ကြုံခဲ့ရ သလို၊ ထင်ရှားတဲ့ ဇာတ်ဝင်ခန်း တစ်ခုဖြစ်တဲ့ Baboon မျောက်တွေ ကနေ လူကို ၀ိုင်း တိုက်ခိုက် တဲ့အခန်းကို ရိုက်စဉ်တုန်းက ကူညီပေး ခဲ့တဲ့ တိရစ္ဆာန်ရုံက ၀န်ထမ်းဟာ အဲ့ဒီ့ ဇာတ်ဝင် ခန်း ကိုရိုက်ပြီး နှစ်ပတ် ခန့် အကြာမှာ သူထိန်းကျောင်း နေတဲ့ ခြင်္သေ့ တစ်ကောင်ရဲ့ ကိုက်သတ် စားတာ ခံရပြီး သေခဲ့ ရပါတယ်။ The Omen ဇာတ်ကား ထဲက တချို့ ပြကွက် တွေမှာ လူစားထိုး သရုပ်ဆောင် တစ်ဦး အဖြစ် ပါဝင်ခဲ့တဲ့ Stuntman တစ်ဦးဖြစ်သူ Alf Joint ရဲ့ဖြစ်ရပ် ကတော့ နောက်ပိုင်း ထွက်ရှိ လာခဲ့တဲ့ A Bridge Too Far ဇာတ်ကား မှာ ဆက်ပြီး ပါဝင်ခဲ့ ရာကနေ၊ ခေါင်မိုး ပေါ်က ခုန်ချရတဲ့ အခန်းမှာ လေအိတ် ပေါ်ကို အကျ မတော်ဘဲ ဒဏ်ရာ အနာ တရနဲ့ ဆေးရုံတက် ခဲ့ရ ပါတယ်။ သူ့မိတ်ဆွေ တွေက မေးတော့ သူ့ကို တစ်ယောက် ယောက်က တွန်းချ သလိုမျိုး သူခံစားခဲ့ ရတယ်လို့ ပြန်ပြောပြ ခဲ့ပါ သေးတယ်။


ဒီ ဇာတ်ကားနဲ့ ပတ်သက်ပြီး တိုက်တိုက် ဆိုင်ဆိုင် ဖြစ်ရပ်တွေ ထဲကမှ ခြောက်ခြား စရာ အကောင်း ဆုံး ကတော့ ဇာတ်ကား ထဲက ဇာတ်ပို့ ဇာတ်ရံ တစ်ဦး ကိုယ်တစ်ပိုင်း ပြတ်ထွက်ပြီး သေတဲ့ အခန်းကို တာဝန်ယူ ခဲ့တဲ့ အထူး ပြုလုပ်ချက်ပိုင်း ဆိုင်ရာ တာဝန်ခံ တစ်ဦး ဖြစ်တဲ့ John Richardson ဟာ ၁၉၇၆ သြဂုတ်လ ထဲမှာ Holland နိုင်ငံမှာ ကားနှစ်စီး ခေါင်းချင်း ဆိုင် တိုက်မိတဲ့ မတော် တဆမှု တစ်ခုကို ကြုံခဲ့ရပြီး၊ သူ့ရဲ့ လက်ထောက် အမျိုးသမီး Liz Moore ဟာ ဇာတ်ကား ထဲကလို ကိုယ် တစ်ပိုင်း ပြတ်ထွက်ပြီး မရှုမလှ သေပွဲဝင် ခဲ့ရတာ ပါဘဲ။ ဒါဟာ တိုက်ဆိုင်မှု တစ်ခုလို့ သင့် အနေနဲ့ ယူဆမိ သေးတယ် ဆိုရင်တော့ အဲ့ဒီ့ Car Accident ဖြစ်ပွား ခဲ့တုန်းက နေ့စွဲဟာ သောကြာနေ့ ၁၃ရက် ဖြစ်ပြီး၊ Richardson ရဲ့ ပြန်ပြော ပြချက် အရ ကားမှောက် တုန်းက သူ ကိုယ်တိုင် အသက်လု ရုန်းထွက် ခဲ့ရသလို၊ ဒီဖြစ်စဉ်နဲ့ မလှမ်းမကမ်း လမ်းဘေး တစ်နေရာက ဆိုင်းဘုတ် ပေါ်မှာ သူတွေ့လိုက် ရတာ ကတော့ “Ommen, 66.6 km” ဆိုတဲ့ စာသား လေးပဲ ဖြစ်ပါ သတဲ့။ The Omen ဇာတ်ကား နောက်ကွယ်က ရှင်းမပြ နိုင်တဲ့ ဖြစ်ရပ် တွေကို သာမန် တိုက်ဆိုင်မှု အဖြစ်သာ တချို့က ယူဆ ကြသလို၊ မကောင်း ဆိုးဝါး ကျိန်စာ တိုက်ခံ ရတယ်လို့ ယူဆသူ တွေလည်း ရှိကြတာမို့၊ မသိခြင်း များစွာ နဲ့အတူ "The Curse of The Omen" ဟာလည်း လူပြော မများတဲ့ ယုံတမ်း ပုံပြင် တစ်ခု အဖြစ်သာ ကျန်ရစ်ဖို့ သေချာပါ တော့တယ်။

Myanmar Youth Media Club

Friday, November 8, 2013

ကိုယ့်ထက် အသက်ကြီးသော မိန်းမကိုယူလျှင် မွေးလာသောကလေး ဘာဖြစ်နိုင်မလဲ


မေး။ ။ကျွန်တော့် အသက်က (၂၇) နှစ်ပါ။ ကောင်မလေးက ကျွန်တော့်ထက် (၂) နှစ်ခွဲလောက် ကြီးပါတယ်။ သူက ပြောပါတယ်။ ယောက်ျားက အသက်ငယ်နေလို့ရှိရင် ဥာဏ်ရည် မမှီတဲ့ ကလေးတွေ မွေး တတ်တယ်လို့ ပြောပါတယ်။ အဲဒါ ဟုတ်ပါသလား။ ဘယ်အသက် အရွယ်မှာ မွေးတတ်တယ်လို့ ရှိပါသလား။ ကျွန်တော်တို့က နောက်တစ်နှစ်ခွဲ လောက်နေမှ လက်ထပ် မှာပါ။

ဖြေ။ ။လုံးဝ မစိုးရိမ်ပါနဲ့။ အသက်ကြီး မိဘ ဆိုရင် ဖြစ်နိုင်ခြေရှိတယ်။ ယောက်ျားရော-မိန်းမပါ သိပ်ငယ်ရင် ပိုဂရုစိုက်ရတာသာ ရှိပါတယ်။ ၁၈ နှစ်အထက် အားလုံး သိပ်ကောင်းတဲ့ အရွယ်တွေပါ။ ယောက်ျား ၄ဝ အောက်၊ မိန်းမ ၃၅ အောက် ကောင်းတာပါဘဲ။ အသက်ကြီး ယောက်ျားဆိုတာ မိန်းမထက် ကြီးတဲ့သူကို ဆိုလိုတာ မဟုတ်ပါ။

မွေးရာပါ ချို့ယွင်းနေတဲ့ကလေး မွေးလာတာကို ပတ်ဝန်းကျင် နဲ့ မျိုးဗီဇ ကို လွှဲချနိုင်ပါတယ်။ ရှာလို့ရတဲ့ အကြောင်းခံတွေ ထဲမှာ သန္ခေစရှိခါစမှာ Antibiotics ပဋိဇီဝဆေးသုံးတာ၊ ဥပမာ Sulfonamide နဲ့ Nitrofurantoin ဆေး၊ ကိုယ်ဝန်ဆောင် နေတုံး တချို့ရောဂါပိုးဝင်တာ၊ အာဟာရ ချို့တဲ့တာ၊ ဥပမာ Iodine, Vitamin A, Vitamin A B 2, Vitamin C, Vitamin E နည်းတာ၊ Petroleum ဓါတ်ဆီ အဆိပ် သင့်တာ၊ Fusarium mycotoxin zearalenone အဆိပ်သင့်တာတွေပါတယ်။ သတိပြုဘို့ ကောင်းတာက ဒီအထဲမှာ မိဘ အသက်ကြီးလို့ကြောင့်ဆိုတာ မပါတာ တွေ့ရပါလိမ့်မယ်။

ဒါတောင် ၆ဝ% လောက်က ဘာလို့ ဖြစ်လဲ မသိရပါ။ အဲဒါ ကျွန်တော်တို့လူမျိုးတွေ ထင်မှတ် လက်ခံတဲ့ အချက်အတိုင်း ဆိုရင် ကံတရားအရ ဖြစ်တာပေါ့။

ခုခေတ်မှာ အသက် ငယ်ငယ်လေးတွေရော ကြီးသူတွေပါ ကိုယ်ဝန်ရသူ တိုးလားနေတယ်။ ၂ဝဝ၆ ခုနှစ်က အင်္ဂလန်နဲ့ (ဝေးလ်စ်) မှာ စစ်တော့ အသက် ၃ဝ ကျော် ကိုယ်ဝန်ဆောင် ၄၈% ရှိတယ်။ ၁၉၈၆ တုံးက ၂၈% သာ ရှိရာကနေ တိုးလာတာပါ။ အသက် ၃၅-၃၉ အုပ်စုကလဲ တိုးလာတယ်။ ၄ဝ ကျော်က အနှစ် ၂ဝ အတွင်းမှာ ၁့၁% ကနေ ၃့၅% ဖြစ်လာလို့ ၂ ဆတိုးလာတယ်။ အမေရိကန်တွေ ဘယ်လိုရှိ တယ်ဆိုတာလဲ အောက်မှာ ဆက်ရေးပါမယ်။

အသက် ၃၅ နှစ်ကျော်မှာ ကိုယ်ဝန်ဆောင်တာ လုံးဝမစိုးရိမ်ပါနဲ့လို့တော့ မပြောပါ။ ၃ဝ ကျော်တာနဲ့ ကလေးရနိုင်တဲ့ အခွင့် အလမ်းကစ နည်းလာတယ်။ ၃၅ နဲ့ ၃၉ ကြား အမျိုးသမီးတွေမှာ ၂ဝ% အခွင့် အလမ်းမရှိတာ တွေ့ရတယ်။

အရင်ကတော့ အသက်ကြီး ကိုယ်ဝန်ဆောင်ဆိုတာ ကလေးတွေ အများကြီး မွေးထားပြီးတဲ့ သူကို ပြောကြ ပေမဲ့ အခုခေတ်မှာ အသက်သာ နဲနဲကြီးပေမဲ့ ကလေးမွေးမများ သေးသူတွေ ဖြစ်လာတယ်။ အမှန်က ကလေးများများ မွေးသူတွေသာ အခက်အခဲတွေ ပိုကြုံလေ့ရှိတာပါ။ ခေတ်အမျိုးသမီးများဟာ ဗဟုသုတ ရော အာဟာရပါ ပိုပြည့်ဝ ကြံ့ခိုင်နေတာ များလာတယ်။ အရွယ်ရလာသူတွေဟာ သူ့တို့ ကိုယ်ခန္ခာကို ပိုသိကြတယ်။ ဖြစ်လာမှာကို ခံနိုင်ရည် ပိုရှိကြတယ်။ ပိုလွတ်လပ်မှုရှိတယ်။ အမှိခို နည်းတတ်ကြတယ်။ အသက် ပိုရလာလို့ သွေးတိုး၊ ဆီးချိုစတာတွေ မရှိဘို့သာ အရေးကြီးတာပါ။

တခုကတော့ ဖြစ်နိုင်ပါတယ်။ မွေးလာမဲ့ ကလေးဟာ ချို့ယွင်းတာမျိုးက ငယ်သူတွေထက်တော့ ပိုဖြစ်နိုင် တယ်။ စောစောက သုတေသနကဘဲ ပြောတယ်၊ ၃၅-၃၉ အတွင်း ၅ဝဝ မှာ ၁ ယောက် အဲလိုဖြစ်ရင်၊ ၄ဝ-၄၅ အတွင်းတွေက ၂၅ဝ မှာ ၁ ယောက် ဖြစ်တယ်။ ၄၅ ကျော်ရင် ၇ဝ မှာ ၁ ယောက်လို့ ဆိုပါတယ်။ ဒါ့ကြောင့် Maternal serum screening မိခင်သွေးစစ်တာနဲ့ တခြား စမ်းသပ်မှုတွေ လုပ်သင့်ကြတယ်။ Chorinic villas sampling ဒါမှမဟုတ် Amniocentesis ရေမြွာရည်စစ်နည်းတွေ ပြောတာပါ။ သူများနိုင်ငံ တွေမှာ အဲလို စစ်လို့ ကြိုသိရရင် ကိုယ်ဝန်ကို ရပ်ပြစ်နိုင်တယ်။

အသက် ၄ဝ ကျော်မှာ ကိုယ်ဝန်ဆောင်ရင် Stillbirth ကလေး အသေမွေးနှုံး များတတ်သေးတယ်။ ၂ဝ-၃၉ အတွင်းမှာ လူ ၁ဝဝဝ ထဲက ၅-၆ ယောက်၊ ၄ဝ ကျော်ရင် ၉ ယောက်။ ဒါ့ကြောင့် သူတို့ကို တခြား ကိုယ်ဝန်တွေထက် ANC မမွေးမီ စောင့်ရှောက်ခြင်း ပိုလုပ်ပေးရလိမ့်မယ်။ ဒါတွေက လွဲရင် ကလေးတွေ အားလုံး ကျန်းမာကြပါတယ်။

အသက်ကြီးသူတွေကို မွေးတဲ့အခါမှာလည်း ပိုဂရုစိုက်စရာ လိုကြပါတယ်။ ၃၅ နှစ်ကျော်သူတွေကို Induced labour မွေးစေအောင် ကူညီလုပ်ပေးခြင်း၊ Epidural ခါးထုံဆေးနဲ့ မွေးပေးခြင်း၊ Oxytocin ညှစ်အား ကောင်းဆေး သွင်းမွေးခြင်း၊ Forceps delivery ညှပ်ဆွဲ မွေးပေးခြင်း၊ LSCS ဗိုက်ခွဲမွေး ပေးခြင်းတွေ ပြောတာပါ။ အမှန်က ဆရာဝန်တွေက Risk ဖြစ်လာနိုင်ခြေ-အန္တရာယ် ရှောင်ချင်ကြ တာလည်း ပါနေတာပါ။ ဒါပေမဲ့ မိခင်လောင်းရော ဆရာဝန်-ဆရာမတွေပါ Stress စိတ်ဖိအား မများဘဲ၊ သိပ်အစိုးရိမ်လည်း မကြီးသင့်ကြဘူး။

Demography of American Motherhood အမေရိကန် မိခင်တွေ ပုံစံပြောင်းလာနေ

အသက်အရွယ် ရနေတဲ့ မိခင်တွေကနေ Autism မွေးရာပါရောဂါနဲ့ ကလေးမွေးလာဘို့ အခွင့်အလမ်း သူတို့ထက်ငယ်တဲ့ မိခင်တွေထက် ပိုများတယ်။ အသက်အရွယ်ကြီးတဲ့ ဖခင်နဲ့ အသက် ၃ဝ အောက်အရွယ် ဇနီးသည်တွေကနေလဲ အဲလို ဖြစ်နိုင်ခြေ များတယ်လို့ Journal Autism Research မှာရေးလိုက်ပါတယ်။ ကယ်လီဖိုးနီးယားမှာ ၁၉၉ဝ နောက်ပိုင်း မွေးဖွါးစာရင်း ၅ သန်းကိုလေ့လာပြီးမှ ကောက်ချက်ချခဲ့တာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ ရောဂါနဲ့ ကလေးပေါင်း ၁၂၁၅၉ ယောက်ရှိတယ်။

ဒိအရင် လေ့လာမှုအရ သိထားခဲ့တာက ဖခင်တွေရဲ့ အသက်ကြီးလေလေ ဖြစ်နိုင်ခြေများလေလေ။ အခုလေ့လာမှုသစ်မှာ ဖခင်ရဲ့ အသက် ၄ဝ ကျော်ပြီး၊ မိခင်က အသက် ၂ဝ အောက်ဆိုရင် မွေးလာတဲ့ ကလေးမှာ Autism ရောဂါ ဖြစ်နိုင်ခြေ များတာ တွေ့ရတယ်။ ငယ်ရွယ်တဲ့ ဖခင်တွေထက် ၅၉% အထိများ တယ်။ Autism ရှိတဲ့ကလေးရဲ့ ဥာဏ်ရည်က တခြားကလေးတွေနဲ့ မတူပါ။

ထူးခြားချက်ကတော့ မိခင်က အသက် ၃ဝ ကျော်နေပြီး၊ ဖခင်က ၄ဝ ကျော်နေရင် ၁၃% ပိုများတယ်။ မိခင်အသက် ၅ နှစ် ပိုကြီးလေလေ ဖြစ်နိုင်ခြေ ၁၈% တိုးလေလေဖြစ်တယ်။ မိခင်အသက် ၄ဝ ကျော်ရင် ၂ဝ ကျော်သူတွေထက် ၅ဝ% ပိုတယ်။ ၂၅ နှစ်အောက်တွေထက် ၇၇% ပိုတယ်။

အရင်အထင်ဖြစ်တဲ့ ဖခင်အသက်ကြီးတာသာမက မိခင်အသက်ကြီးရင်လဲ ပိုတယ်လို့ အသစ်ကနေ သိလာရတယ်။ အစ္စရေး စာရင်းဇယားတွေကို လေ့လာတော့ ဖခင်အသက် ၄ဝ ကျော်ရင် ၃ဝ ကျော်တွေ ထက် မွေးလာတဲ့ကလေးမှာ Autism ရောဂါ ၅ ဆပိုတာ တွေ့ရတယ်။

၆-၅-၂ဝ၁ဝ နေ့ကထုတ်ပြန်တဲ့ The New Demography of American Motherhood အစီရင်ခံစာဟာ ၁၉၉ဝ ကျော်နဲ့ ၂ဝဝ၈ တုံးက ကလေးမွေးဖွါးသူ မိခင်တွေကို လေ့လာခဲ့တယ်။

• Age အရင်ကထက် အသက်ပိုကြီးလာကြတယ်။ ၁၉၉ဝ တုံးက ဆယ်ကျော်သက်တွေက ၁၃% ကလေး မွေးကြပြီး၊ ၃၅ နှစ်ကျော်သူတွေက ၉% ကလေးမွေးခဲ့ကြတယ်။ ၂ဝဝ၈ ရောက်တော့ ပြောင်းပြန် ဖြစ်လာတယ်။ ဆယ်ကျော်သက်တွေက ၁ဝ% နဲ့ ၃၅ နှစ်ကျော်သူတွေက ၁၄% ကလေးမွေးခဲ့ကြတယ်။

• Marital Status အိမ်ထောင်မပြုသေးဘဲ ကလေးမွေးသူ ၁၉၉ဝ မှာ ၂၈% ရှိခဲ့ရာကနေ ၂ဝဝ၈ မှာ ၄၁% အထိ ရှိလာတယ်။

• Race and Ethnicity ကလေးမိခင်တွေထဲမှာ အသားဖြူ အမျိုးသမီးတွေက ၁၉၉ဝ တုံးက ၆၅% ရှိခဲ့ရာကနေ ၂ဝဝ၈ မှာ ၅၃% ကျဆင်းလာတယ်။

• Education ကလေးမွေးသူ မိခင်တွေထဲက ၁၉၉ဝ တုံးက ၄၁% သာ ကောလိပ်အထိ ပညာသင်ခဲ့သူတွေ ဖြစ်ပြီး၊ ၂ဝဝ၆ မှာ ၅၄% အထိတက်လာတယ်။ အသက် ၃၅ နှစ်နဲ့ကျော်မှ ကလေးမိခင်ဖြစ်လာသူတွေ ထဲမှာ ကော်လိပ် ကျောင်းသူ ၇၁% ရှိတယ်။

• Attitudes about Parenthood ဘာလို့ ကလေးယူလိုက်တာပါလဲလို့ မေးတော့ ၈၇% က ပျော်ရွှင်မှု ရစေလို့ ဆိုပြီး ဖြေတယ်။ ၄၇% ကတော့ ယူချင်တယ်ဆိုတာထက် ရလာတာလို့ဖြေကြတယ်။

• Overview ချုပ်လိုက်ရင် ၁၉၉ဝ နဲ့စာရင် နောက်ပိုင်းမှာ ဆယ်ကျော်သက် ကလေးအမေတွက အသက် ၃၅ နှစ် ရောက်မှ ကလေးယူသူတွေထက် များခဲ့တယ်။ နောက်ပိုင်းမှာ လက်မထပ်ဘဲ ကလေးအမေဖြစ် သူတွေ ပိုများလာတယ်။ အသားမဲတွေမှာ ၇၂% နဲ့ ပိုသိသာတယ်။ ဟစ်ပင်းနစ်တွေက ၅၃%၊ အဖြူ မတွေက ၂၉% နဲ့ အာရှသူတွေက ၁၇% ရှိတယ်။ စုစုပေါင်း ကလေးမွေးကြတာ အဖြူတွေက ၅၃% နဲ့ ဟစ်ပင်းနစ်တွေက ၂၄% ရှိတယ်။ ၂ဝဝ၆ မှာ ၅၄% က ကောလိပ်ပညာ သင်ထားသူတွေဖြစ်တယ်။ ၂၄% က တိုင်းတပါးမှာ မွေးခဲ့ကြတယ်။

By ဒေါက်တာတင့်ဆွေ

နောက်ကြောင်းပြန်လှည့်မှာ စိုးလို့ပါ



ကျနော်လေ ... နောက်ကြောင်းပြန်လှည့်မှာစိုးလို့ ...
လေတောင် ခပ်ကျယ်ကျယ်မလည်ရဲ
ခြိမ်းခြောက်သံတွေကလည်း နားမဆံ့အောင် ကြားနေရသကိုး

နောက်ကြောင်းပြန်လှည့်သွားလိမ့်မယ်နော် ... တဲ့။

အရပ်ထဲ ကလေးတွေငိုလို့ ပြောမရရင်တောင်မှ
တိတ်နော် မတိတ်ရင် နောက်ကြောင်းပြန်လှည့်သွားလိမ့်မတဲ့
မိဘတွေက ခြောက်ကြတယ်။

ဟုတ်ကဲ့။ ကျနော်မျိုးကြီးလည်း ကြောက်မိပါရဲ့
နောက်ကြောင်းပြန်လှည့်မှာကြီးကိုလေ
သူက ကလေးဘ၀က ဒေဝေါကြီးထက်
ပိုကြောက်စရာကောင်းမယ်ထင်ရဲ့။

အဲဒါကြီးကြောက်လွန်းလို့
အသက်တောင် ဖြောင့်အောင် မရှူရဲဘူးဗျာ
တကယ်ပါ။

ဟိုမှာ ဟိုဟာတွေ ဖြစ်ပဟေ့
မပြောနဲ့ မပြောနဲ့
နောက်ကြောင်းပြန်လှည့်သွားလိမ့်မယ်။

ဟိုမှာ ဆော်ကုန်ပြီ နှက်ကုန်ပြီ။ လုပ်ကြပါဦး။
မပြောနဲ့ မပြောနဲ့
နောက်ကြောင်းပြန်လှည့်သွားလိမ့်မယ်။

ဟိုနေရာမှာက
မျက်ရည်ကျစရာ ...

ဟိုမှာဘက်က
ခံပြင်းစရာ ...

ဟိုတစ်ဘက်ဆီက
ဘယ်လိုမှ ခွင့်မလွှတ်နိုင်စရာ ...

ဒါပေမဲ့
ကြိတ်မှိတ်ပြီးပဲ မျက်စိစုံပိတ် လှိမ့်လှိမ့်ခံနေရ
နောက်ကြောင်းပြန်လှည့်မှာစိုးလွန်းလို့ပါ။

ခုတော့ နောက်ကြောင်းပြန်မလှည့်ပဲ
တည့်တည့်ကြီး နောက်ပြန်လိမ့်နေသလို
ခံစားနေရ။
ဒါပေမဲ့ မပြောရဲဘူးလေ
နောက်ကြောင်းပြန်လှည့်မှာ စိုးတာကိုး။

ဒီလိုနဲ့ပဲ ...
မကျွတ်မလွတ်နိုင်သေးတဲ့
ငါတို့ဘ၀တွေ။

ပါးစပ်ရှိပေမယ့်
မပြောနိုင် မပြောဝံ့ကြ၊
လက်ရှိပေမယ့်
မရေးသာ မရေးဝံ့ကြ၊
အကြောက်တရားကြီးက ငါတို့ကို ချည်နှောင်ဆဲ။

ဒီလိုနဲ့ပါပဲ ...
ဒီကဗျာကိုလဲ ဒီမှာတင် နိဂုံးသတ်
ဘေးဘီဝန်းကျင် လောကကြီးတစ်ခုလုံး ရွှေမိုးငွေမိုးရွာနေတယ်လို့ပဲ
ကိုယ့်ကိုယ်ညာရင်း
အားလုံးကို မသိချင်ယောင်ဆောင် အိပ်ပစ်လိုက်တော့မယ်
နို့မို့ဆို ...
နောက်ကြောင်းပြန်လှည့်ကုန်မှာ စိုးတယ်လေ။

Thorn Nay Soe

လူ



'လ'ရေး နှစ်ချောင်းငင် လူ.
ရေးတော့တာ လွယ်လွယ်လေးနော်။ လူဖြစ်ဖို့ အတွက် အတိတ်က ကံကောင်းမှ ဖြစ်လာရတာလေ။
ဖြစ်လာပြန်တော့လည်း လောကဓံက ဖိစီးပြီး ဘ၀ကို တိုက်ပွဲဝင်ရပြန်ရော။
ပျော်ရွှင်မှုတွေ ခံစားရသလို၊၀မ်းနည်းမှုတွေလည်း ကြုံရပြန်ရော။
အချစ်တွေ ရသလို ၊အမုန်းဆိုတာလည်း မကြာခဏ ရနေတာပါပဲ။
သံယောဇဉ်တွေ အတွယ်တာတွေ မေတ္တာတွေ နဲ့ ပြည့်လျှံ နေတဲ့ လရေး နှစ်ချောင်းငင်လူပါ။

ပညာသင်ရွယ် ကျောင်းခွင်ဝယ်မှာ ပြိုင်ဆိုမှုများ၊ အခွင့်အရေးများနှင့် ကြိုးစားယှဉ် ပြိုင် အောင်နိုင်ရအောင်
စွမ်းဆောင် ရတဲ့ လူ- 'လ'ရေး နှစ်ချောင်းငင်လူ။

အရွယ်ရောက်ခါ လုပ်ငန်းခွင်မှာ အနာဂတ်အတွေး စီးပွားရေးကို ကြိုးစားအားထုတ် မမောနိုင်ပဲ ရှာခဲ့ရတဲ့ လူ-'လ'ေ၇း နှစ်ချောင်းငင်လူ။

အိမ်ထောင်ပြုဖွယ် ထိုအချိန်ဝယ် အိမ်ထောင်အရေး ကြိုတွေးရင်းနဲ့ ကြိုးစားရုန်းကန် ပိုက်ဆံ ရှာခဲ့ လူ-'လ'ရေး နှစ်ချောင်းငင်လူ။

ဇရာလွန်၍ အိုမင်းသောအခါ သေမည့်အရေး ထိုအရေးကို စဉ်းစားရင်းပင် တရားရှာခဲ့ လူ-လရေးနှစ်ချောင်းငင်လူ။
***********
by သားငယ်

ကထိန်အကြောင်း သိကောင်းစရာများ


ကထိန်မည်ပုံ
ချီးမွမ်းစရာကောင်းသောကြောင့် ကထိန်။
တနည်း= အာနိသင်ငါးပါးကို ခိုင်မြဲစေသောကြောင့် ကထိန်

ကထိန်ခင်းထိုက်သောသင်္ကန်းများ
၁။ ဒုကုဋ် (နှစ်ထပ်သင်္ကန်း)၊ ၂၊ ဧကသီ (အပေါ်ရုံသင်္ကန်း)၊ ၃၊ သင်းပိုင် (ခါးဝတ်သင်္ကန်း)။ ထိုသင်္ကန်းသုံးထည်မှ တစ်မျိုးမျိုးဖြင့် ကထိန်ခင်းနိုင်သည်။ ထိုသင်္ကန်းကို ကထိန်ခင်းလတံ့သောကြောင့် ကထိန်လျာသင်္ကန်းဟု ခေါ်သည်။

ကထိန်သင်္ကန်း (ကထိန်လျာသင်္ကန်း)၏ အခြားသောအမည်များ
၁။ ဥာတ်သင်္ကန်း (သံဃာတော်က သိမ်အတွင်း၌ ကထိန်ခင်းမည့်၇ဟန်းအား ကထိန်လျာသင်္ကန်းကို ဥတ္တိဒုတိယကမ္မဝါစာဖြင့် ပေးသောကြာင့် ဥာတ်သင်္ကန်းဟု ခေါ်၏။)
၂။ မိုးပေါ်ကျသင်္ကန်း အ၇ိပ်အမြွက်မျှတောင် မပြော၇ဘဲ အလှူရှင်က အလိုအလျောက်လာေ၇ာက်လှူဒါန်းသော သင်္ကန်းဖြစ၇မယ်။ အယုတ်ဆုံးအားဖြင့် မိခင်ထံမှတောင် အလှူမခံကောင်းဘူး။)
၃။ မသိုးသင်္ကန်း (သင်္ကန်းလှူသောနေ့ မှာပင် ကထိန်ခင်း၇၊ ညမအိပ်ရ၊ နေ့ မကူး၇သောကြောင့် လတ်ဆပ်သောသင်္ကန်း။)

ကထိန်ကို သံဃာကခင်းသလော သို့မဟုတ် ပုဂ္ဂိုလ်ကခင်းမေးလျင် ပုဂ္ဂိုလ်က ခင်းသည်ဟု ဖြေ၇ပါမည်။
ကထိန်ခင်းသော ပုဂ္ဂိုလ်- သံဃာကရွေးချယ်သော ကထိန်ခင်းထိုက်သောရဟန်းတစ်ပါးက ခင်းပါ၏။
ကထိန်ခင်းထိုက်သော ၇ဟန်းအဖြစ်ရွေးချယ်ခံထိုက်သော ပုဂ္ဂိုလ်များ - ၁) မိမိဝါဆိုသောကျောင်းတိုက်တွင် ဝါကျိုး ဝါပျက်မရှိ ပုရိမဝါမှထခြင်း။(ဝါဆိုလပြည့်ကျော် ၁ ၇က်မှ သီတင်းကျွန်လပြည့်အထိ - ပုရိမဝါ။ ဝါခေါင်လပြည့်ကျော် ၁ ၇က်နေ့ မှ တန်ဆောင်မုန်းလပြည့်နေ့ အထိ - ပစ္တိမဝါ။) ၂) ကထိန်နှင့် ပါတ်သက်သည်များကို နားလည်ခြင်း။

ကထိန်ခင်းမည့်၇ဟန်း ကထိန်နှင့်ပတ်သက်၍ သိရမည့်အကြောင်း (၈) ပါး ၁) ပုဗ္ဗကရဏကိုသိခြင်း၊ ၂) ပစ္စုဒ္ဓို၇်ကိုသိခြင်း ၃) အဓိဌာန်ကို သိခြင်း ၄) ကထိန်ခင်းပုံကိုသိခြင်း ၅) မာတိကာရှစ်ပါးကို သိခြင်း ၆) ဗလိဗောဓနှစ်ပါးကို သိခြင်း ၇) ကထိန်နုတ်ခြင်းနှစ်ပါးကို သိခြင်း ၈) အာနိသင်ငါးပါးကိုသိခြင်း။

သံဃာက ကထိန်ခင်းသည်ဟု ဆိုရပုံ
သံဃာက ရွေးချယ်ထားသော ပုဂ္ဂိုလ်တစ်ပါးပါးက ကထိန်ခင်းတာကို သံဃာက ဝမ်းမြောက်နုမော် သာဓုခေါ်လို့ သံဃာက ကထိန်ခင်းတယ်လို့ ဆိုပါတယ်။ သာဓုခေါ်သော သံဃာအားလုံး ကထိန်အာနိသင်ရရှိကြသည်။

အလှူရှင်တွေက ကထိန်ခင်းသည်ဟု ဆိုရပုံ
သံဃာက ကထိန်ခင်းနိုင်အောင် ဒါယကာများက သင်္ကန်းလှူဒါန်းတာဖြစ်လို့  ဒါယကာများက ကထိန်ခင်းတယ်လို့ လည်း ပရိယာယ်အားဖြင့် ခေါ်နိုင်ပါတယ်။

ကထိန်ခင်းပုံ အစီအစဉ်
*** ခံ၊ ရွေး၊ ပေးနှင်း၊ စွန့်၊ ထိုးခြင်း၊ တင်၊ ခင်း၊ နုမောဒါ***

၁) ခံ - ကထိန်သင်္ကန်းခံယူခြင်း။ ကထိန်ဒကာက လှူသော သင်္ကန်းကို သံဃိကသင်္ကန်းအဖြစ်သာ အလှူခ့၇မည်။ ပုဂ္ဂိုလ်အပိုင် အဖြစ်အလှူမခ့၇။
အလှူရှင်ကလည်း သံဃာအားလုံးကို ရည်မှန်းပြီး သံဃိကဒါနအဖြစ်သာ လှူဒါန်းရမည်။ ပုဂ္ဂိုလ်ကိုမှန်းပြီး မလှူဒါန်းရ။
၂) ရွေး - ကထိန်ခင်းထိုက်သောရဟန်းကို ရွေးချယ်ခြင်း။
၃) ပေးနှင်း -ရွေးချယ်ထားသော ရဟန်းအား ကထိန်သင်္ကန်းကို ဥတ္တိဒုတိယကမ္မဝါစာဖြင့် ပေးခြင်း။
၎) စွန့်  - မိမိအဓိဌာန်တင်ထားသော သင်္ကန်းဟောင်းကို စွန့်ခြင်း (ဥပမာ ဒုကုဋ္ဋ်ဖြင့် ကထိန်ခင်းလျင် မိမိဒုကုဋ္ဋ်ကို သင်္ကန်းဟောင်းကို စွန့် ခြင်းဟူလို)
၅) ထိုး - ကပ္ပဗိန္ဒုထိုးခြင်း (သင်္ကန်းထောင့်မှာ အစက်အပြောက်ထိုးခြင်း)
၆) တင် - ကထိန်ခင်းမည့် သင်္ကန်းသစ်ကို အဓိဌာန်တင်ခြင်း။
ရ) ခင်း - ထိုသင်္ကန်းဖြင့် ကထိန်ခင်းခြင်း။
၈) နုမောဒါ - တစ်ခြား၇ဟန်းတော်များက သာဓု အနုမောဒနာပြုခြင်း။

ကထိန်၏ထူးခြားချက်များ
၁) ကျောင်းတိုက်တစ်ခုမှာ တစ်နှစ်မှ တစ်လ၊ တစ်လမှ တစ်ကြိမ်။ (သီတင်းကျွတ်လပြည့်ကျော်တစ်၇က်နေ့ မှ တန်ဆောင်မုန်းလပြည့်နေ့ အထိ -တစ်လ)
၂) ပုဂ္ဂိုလ်ကို မရည်ညွန်း၇။ သံဃာကိုသာ ရည်ညွနန်းလှူ၇မည်။ (ပုဂ္ဂိုလ်ကို ၇ည်ညွန်းလှူလျင် ကထိန်ခင်းလို့ မရ)။
၃) ကထိန်ခင်းပြီးသော သံဃာများသည် အာနိသင် (၅)မျိုးကို ရရှိ။ (သီတင်းကျွတ်လပြည့်ကျော် ၁ ၇က်မှ တပေါင်းလပြည့်နေ့ အထိ ၅ လတိတိ အာနိသင်ရ)။

ရဟန်းများအတွက် ကထိန်အာနိသင် (၅) ပါးသဒိသံ ပကံ ဇနေတိ။ ဝာဒိသံ ဝပတေ ဗီဇံ တာဒိသံ ဟရတေ ဇလ့။
မိမိပြုလုပ်သောကံနှင့် တူသောအကျိုးကို ပေးနိုင်၏။
အကြင်မျိုးစေ့ကို စိုက်ပျိုး၏ ထိုမျိုးစေ့နှင့်တူသော အကျိုးကိုပေး၏ဆိုသည့်အတိုင်း ကထိန်အလှူရှင်များအားလည်း ထပ်တူအကျိုးကိုရနိုင်၏။
အလှူရှင်များအတွက် အာနိသင်(၅)ပါး
၁) သွားလေရာအ၇ပ်မှာ ၇န်သူမျိုးငါးပါးအနှောင့်အယှက်ကင်းစွာ သွားလာနိုင်၏ စကြာဝတေးမင်းကဲ့သို့ တည်း။
၂) ပစ္စည်းဥစ္စာများကို မသိမ်းဆည်းဘဲ ထားခဲ့သော်လည်း သူခိုးစသောရန်သူများ မဖျက်ဆီးနိုင်ခြင်း။ (ဇောတိကသူဌေး၏ နေအိမ်ကို အဇာတသတ်မင်း မသိမ်းဆည်းနိုင်ပုံကဲ့သို့ တည်း။)
၃) မိမိစားသုံးသော အစာအာဟာရကြောင့် ဘေးဥပါဒ်မဖြစ်နိုင်ခြင်း။
၎) ဥစ္စာဓနပေါများခြင်း၊ မိမိတို့ ၏ ဥစ္စာဓနကို အစောင့်အရှောက်မရှိသော်လည်း ၇န်သူမျိုးငါးပါးကြောင့် မပျက်စီးနိုင်ခြင်း။
၅) မိမိပစ္စည်းကို မိမိကမပေးလိုလျင် မည်သူမျှ မလုယက် မသိမ်းပိုက်နိုင်ခြင်း။ (ဇောတိကသူဌေး၏ လက်စွပ်ကို အဇာတသတ်မင်း မချွတ်ယူနိုင်သလို။)

* ကထိန်အာနိသင်ဆိုတာ ဗုဒ္ဓပညတ်ထားသော ဝိနည်းဥပဒေကို အခိုက်အတန့်အားဖြင့် ပယ်နုတ်ထားခြင်းသဘောပင်။
၇ဟန်းတော်များ သိက္ခာပုဒ်အချို့ ကနေ အခိုက်အတန့် ကင်းလွတ်ပြီး နေနိုင်အောင် ဗုဒ္ဓ၏ ပညတ်တော်မူချက်ကို ပယ်နုတ်ပေးနိုင်သော အ၇ာဟူ၍ ကထိန်အလှူပဲရှိပါတယ်။
**ဗုဒ္ဓ ပညတ်တော်မူထားသော ဝိနည်းဥပဒေကို ဘယ်ပုဂ္ဂိုလ်မှ လျှော့လို့ မ၇၊ ထည့်လို့ မ၇။ ပြင်လို့ မ၇ပါဘူး။
*အတတ်နိုင်ဆုံး ကျောင်းကြီးတေါအများကြီး ဆောက်လုပ်လှူဒါန်းသော်လည်း ထိုကျောင်းအလှူဒါနဟာ ဝိနည်းသိက္ခာပုဒ်ကို လျော့သါားအောင် မစွမ်းဆောင်နိုင်ပေ။
*ဒီ ကထိန်သင်္ကန်းအလှူကူသိုလ်သည်သာလျင် ဝိနည်းသိက္ခာပုဒ်အချို့ကို လျော့လို့ ၇၊ ကာလအတိုင်းအတာတစ်ခုအတွင်း ဆိုင်းထားလို့ ၇တဲ့ ကုသိုလ်ထူးဖြစ်ပါသည်။
*ကထိန်ခင်းသော၇ဟန်းများနှင့် အလှူရှင်များပါ နှစ်ဦးလုံး အကျိုးရှိတဲ့အလှူဖြစ်လို့ မို့ လည်း ထူးခြားတယ်လို့ ပြောလို့ ၇ပါတယ်။
*အင်မတန်ထူးခြားသော ကုသိုလ်ဖြစ်လို့  ဒီကထနိကို လှူဒါန်းခွင့်၇တဲ့ ဒကာများလည်း ကြီးမားသောအခွင့်အေ၇းတစ်ခုကို ၇လိုက်တာပါပဲ။

ကထိန်ခွင့်ပြုခြင်း၏အကြောင်း
အသမာဒါနစာ၇ - လို့ခေါ်တဲ့ ဒုတိယ ကထိန်အာနိသင်ကို အဓိကထားရည်ရွယ်တော်မူပြီး ခွင့်ပြုတော်မူခဲ့ပါတယ်။
ဗုဒ္ဓ သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်မှာ သီတင်းသုံးတော်မူစဉ် ပါဝါပြည်သား ဓုတင်ဆောင် ဘဒ္ဒဝဂ္ဂီညီနောင် ၇ဟန်းသုံးဆယ်တို့သည် ဗုဒ္ဓကိုဖူးမျော်၇န် သာဝတ္ထိပြည်သို့ ကြွသွားကြသည်။ သာကေတမှ ခုနစ်ယူဇနာဝေးသော သာဝတ္ထိသို့  ဝါဆိုအမီ အေ၇ာက်မသွားနိုင်၍ ထိုနေရာတွင် ဝါဆိုခဲ့ကြသည်။ သီတင်းကျွတ် ပဝါရဏာပြုပြီး ဗုဒ္ဓရှိရာ သာဝတ္ထိသို့  ကြွရာလမ်းခရီးတွင် မိုးသည်းထန်စွာ ရွာလို့ေ၇စိုပြီး လေးလံသော နှစ်ထပ်သင်္ကန်းကြီးနှင့် ၇ွံ့ဗွက်ခရီးလမ်းကို သွားရသောကြောင့် မထေ၇်များ အတော်ပင်ပန်းခဲ့ကြရသည်။
ဝိနည်းတော်အ၇ေ၇စိုသော နှစ်ထပ်သင်္ကန်းကို တစ်နေရာရာမှာ ထားခဲ့၍လည်း မဖြစ်ပေ။ ဗုဒ္ဓက ထိုအခက်ခဲကို နောင်မကြုံရလေအောင် ၇ဟန်းတော်များ သွားလေရာမှ သက်သာ၇ာ၇စေတာက တစ်ကြောင်း၊ ရှေးဘုရားများ ကထိန်သင်္ကန်းခွင့်ပြုခဲ့တဲ့ အစဉ်အလာ ရှိတာက တစ်ကြောင်းကြောင့် ကထိန်ကို ခွင့်ပြုခဲ့ခြင်းဖြစ်ပါသည်။
(အရှင် အရိယာစာ၇)

ဗဟုသုတ ရရှိစေ၇န် ၇ည်သန်၍ ထိုစာကိုအနည်းငယ်ပြင်၍ ကူးယူဖေါ်ပြလိုက်ပါသည်။
ချမ်းသာစွာ အိပ်စက်နိုးထနိုင်ကြပါစေ

Todaymyanmar

မနက် အိပ်ယာထချိန် နွားနို့ မသောက်သင့် (ဝမ်းထဲအစာ မရှိလျှင် နွားနို့ မသောက်သင့်)


မနက်အိပ်ယာထထခြင်း ရေသောက်တတ်တဲ့အကျင့်များ ရှိသလို နွားနို့သောက် တဲ့ အကျင့်ရှိသူများလည်း ရှိနေပါတယ်။ အမှန်စင်စစ် အိပ်ယာထထ ခြင်းအသောက်သင့်ဆုံး က ရေသာဖြစ်တယ် လို့ ဆေးပညာရှင်တို့ လေ့လာအကြံပေး ပြီးသား ဖြစ်ပါတယ်။ သာမန်လူ တစ်ယောက်ဟာ ညတစ်ညတာ အိပ်စက်ပြီး မနက်အိပ်ယာထတဲ့အခါ ဝမ်းထဲမှ အစာချေဖျက်ထားတဲ့အတွက် ရှင်းလင်းနေတတ်ပါတယ်။ အရှင်းကြီးမဟုတ်ပဲ ချေဖြတ်ရန် မလွယ်ကူတဲ့ စားကြွင်း စားကျန်များ ကျန်ရှိနေတတ်ပါတယ်။ ဒါကြောင့် မနက် အိပ်ယာထချိန်မှာ ရေတစ် ခွက် သောက်ရုံတင် လုံလောက်ပါတယ်။ ရေလည်း အလွံ့အကျွံမသောက်ရ ပါဘူး။ နွားနို့ဆိုရင် ပိုလို့တောင် မသောက်သင့်ပါဘူး။ ညအိပ်စက်ပြီး အစာချေဖျက်ပြီးနောက် အူလမ်းကြောင်းဟာ ညမှာ တော်တော်လေး အလုပ်လုပ်ထားပါတယ်။ နွားနို့ဆိုတာ အများစုသိထားတာက ပရိုတိန်းကြွယ်ဝတယ် ဆိုခြင်း ဖြစ်ပြီး ဗိုက်ထဲမှာ အက်ဆစ်ဓာတ်တွေပြည့်နေတာတော့ သတိထားမိသူနည်းမှာ ဖြစ်ပါတယ်။ ဝမ်းထဲမှာ ချေဖျက်စရာ အစာမရှိတော့တဲ့အတွက် အစာချေဖျက်ပေးတဲ့ Gastric acid ဟာ အစာအိမ်ထဲမှာ နေရာတကာ ရှိနေပါတယ်။ ပရိုတိန်းဓာတ်/ ကစီဓာတ် ပြည့်နေတဲ့ နွားနို့ တစ်ခွက်ကို သောက် လိုက်ခြင်းအားဖြင့် အစာချေဖြတ်စရာ မရှိလို့ အားခဲနေတဲ့ Gastric acid က ဝင်လာတဲ့ နွားနို့ကို အငမ်းမရ ချေဖျက်ပါတော့တယ်။ ဒီမှာ Gastric Acid က ပရိုတိန်းဓာတ်ကို ချေဖျက်ဖို့ ကောင်းကောင်း ဓာတ်မပြုနိုင်ပါဘူး။ ဒါကြောင့် မချေဖျက်နိုင်တဲ့ ၊ ဝမ်းထဲသို့ စွဲယူရန် ခဲယဉ်းတဲ့ အာဟာရ ဓာတ်တွေဟာ အူလမ်းကြောင်းတွေမှာ ကျန်ခဲ့ပါတယ်။ ဒါကြောင့် ဖြစ်လာတဲ့အကျိုးဆက်ကတော့ သောက်လိုက်တဲ့ နွားနို့ဟာ အာဟာရ မဖြစ်တဲ့အပြင် အစာမကြေခြင်း နဲ့ ဝမ်းလျှောခြင်းကို ဖြစ်စေ ပါတယ်။ ဒါကြောင့် မနက်အိပ်ယာထ နွားနို့သောက်ချင်သပဆိုရင်တော့ အစားအစာ တစ်ခုခုနဲ့ တွဲသင့်ပါတယ်။ ဥပမာ- ကွတ်ကီး၊ ဘီစကစ်၊ ပေါင်မုန့် အစရှိသဖြင့်။ အဲဒီအစားအစာတွေနဲ့သာ ရောစားသောက်ရင် နွားနို့ဟာ အစာအိမ်မှာ အခြေဖျက်ခံဖို့အတွက် ကြာကြာနေနိုင်မှာ ဖြစ်ပါတယ်။ မဟုတ်ရင် အူလမ်းကြောင်းတွေထဲကို အလိုအလျောက်ပျံ့ နှံ့ပြီး အထက်ဖော်ပြပါ ဆိုးကျိုးများကို ဖြစ်ပေါ်နေနိုင်ပါတယ်။ နွားနို့၊ ပဲနို့တို့ဆိုရင် အစာအိမ်ထဲမှာ အစာရှိမှ သောက်သုံးသင့်တဲ့ ကဆီဓာတ်ကြွယ်အစား အစာများ ဖြစ်ပါတယ်။ ဒါကြောင့် မနက်အိပ်ယာထချိန်မှာ အကောင်းဆုံးက ရေတစ် ခွက် ဖြစ်ပြီး နွားနို့၊ ပဲနို့ သောက်သုံးခြင်းကို ရှောင်ကြဉ်ရန် လိုအပ်ပါတယ်။ အောင်ခမ်း ( ရိုးရာလေး )

မနက်အိပ်ယာထထခြင်း ရေသောက်တတ်တဲ့အကျင့်များ ရှိသလို နွားနို့သောက် တဲ့ အကျင့်ရှိသူများလည်း ရှိနေပါတယ်။

အမှန်စင်စစ် အိပ်ယာထထ ခြင်းအသောက်သင့်ဆုံး က ရေသာဖြစ်တယ် လို့ ဆေးပညာရှင်တို့ လေ့လာ အကြံပေး ပြီးသား ဖြစ်ပါတယ်။ သာမန်လူ တစ်ယောက်ဟာ ညတစ်ညတာ အိပ်စက်ပြီး မနက်အိပ်ယာ ထတဲ့အခါ ဝမ်းထဲမှ အစာချေဖျက်ထားတဲ့အတွက် ရှင်းလင်းနေတတ်ပါတယ်။ အရှင်းကြီးမဟုတ်ပဲ ချေဖြတ် ရန် မလွယ်ကူတဲ့ စားကြွင်း စားကျန်များ ကျန်ရှိနေတတ်ပါတယ်။ ဒါကြောင့် မနက် အိပ်ယာထချိန် မှာ ရေတစ် ခွက် သောက်ရုံတင် လုံလောက်ပါတယ်။ ရေလည်း အလွံ့အကျွံမသောက်ရ ပါဘူး။

နွားနို့ဆိုရင် ပိုလို့တောင် မသောက်သင့်ပါဘူး။ ညအိပ်စက်ပြီး အစာချေဖျက်ပြီးနောက် အူလမ်းကြောင်းဟာ ညမှာ တော်တော်လေး အလုပ်လုပ်ထားပါတယ်။ နွားနို့ဆိုတာ အများစုသိထားတာက ပရိုတိန်းကြွယ် ဝတယ် ဆိုခြင်း ဖြစ်ပြီး ဗိုက်ထဲမှာ အက်ဆစ်ဓာတ်တွေပြည့်နေတာတော့ သတိထားမိသူနည်းမှာ ဖြစ်ပါ တယ်။

ဝမ်းထဲမှာ ချေဖျက်စရာ အစာမရှိတော့တဲ့အတွက် အစာချေဖျက်ပေးတဲ့ Gastric acid ဟာ အစာအိမ်ထဲမှာ နေရာတကာ ရှိနေပါတယ်။ ပရိုတိန်းဓာတ်/ ကစီဓာတ် ပြည့်နေတဲ့ နွားနို့ တစ်ခွက်ကို သောက် လိုက်ခြင်း အားဖြင့် အစာချေဖြတ်စရာ မရှိလို့ အားခဲနေတဲ့ Gastric acid က ဝင်လာတဲ့ နွားနို့ကို အငမ်းမရ ချေဖျက်ပါ တော့တယ်။ ဒီမှာ Gastric Acid က ပရိုတိန်းဓာတ်ကို ချေဖျက်ဖို့ ကောင်းကောင်း ဓာတ်မပြုနိုင်ပါဘူး။ ဒါကြောင့် မချေဖျက်နိုင်တဲ့ ၊ ဝမ်းထဲသို့ စွဲယူရန် ခဲယဉ်းတဲ့ အာဟာရ ဓာတ်တွေဟာ အူလမ်းကြောင်းတွေမှာ ကျန်ခဲ့ပါတယ်။

ဒါကြောင့် ဖြစ်လာတဲ့အကျိုးဆက်ကတော့ သောက်လိုက်တဲ့ နွားနို့ဟာ အာဟာရ မဖြစ်တဲ့အပြင် အစာ မကြေခြင်း နဲ့ ဝမ်းလျှောခြင်းကို ဖြစ်စေ ပါတယ်။

ဒါကြောင့် မနက်အိပ်ယာထ နွားနို့သောက်ချင်သပဆိုရင်တော့ အစားအစာ တစ်ခုခုနဲ့ တွဲသင့်ပါတယ်။ ဥပမာ- ကွတ်ကီး၊ ဘီစကစ်၊ ပေါင်မုန့် အစရှိသဖြင့်။ အဲဒီအစားအစာတွေနဲ့သာ ရောစားသောက်ရင် နွားနို့ ဟာ အစာအိမ်မှာ အခြေဖျက်ခံဖို့အတွက် ကြာကြာနေနိုင်မှာ ဖြစ်ပါတယ်။ မဟုတ်ရင် အူလမ်းကြောင်း တွေထဲကို အလိုအလျောက်ပျံ့ နှံ့ပြီး အထက်ဖော်ပြပါ ဆိုးကျိုးများကို ဖြစ်ပေါ်နေနိုင်ပါတယ်။ နွားနို့၊ ပဲနို့တို့ဆိုရင် အစာအိမ်ထဲမှာ အစာရှိမှ သောက်သုံးသင့်တဲ့ ကဆီဓာတ်ကြွယ်အစား အစာများ ဖြစ်ပါတယ်။

ဒါကြောင့် မနက်အိပ်ယာထချိန်မှာ အကောင်းဆုံးက ရေတစ် ခွက် ဖြစ်ပြီး နွားနို့၊ ပဲနို့ သောက်သုံးခြင်းကို ရှောင်ကြဉ်ရန် လိုအပ်ပါတယ်။

အောင်ခမ်း ( ရိုးရာလေး )

သင့်ပတ်ဝန်းကျင်ကို ဂရုစိုက်ပါ



''ရွှေပင်နား ရွှေကျေး၊ ငွေပင်နား ငွေကျေး'' ဆိုသော မြန်မာစကားပုံတစ်ခု ရှိပါသည်။ လူတစ်ယောက်၏ ဘ၀ကို မြှင့်တင်ပေးသော၊ အရောင်တင်ပေးသော၊ ပတ်ဝန်းကျင်ကောင်း တစ်ခုကို ပုံဖော်ရည်ညွှန်းထားသော စကားပုံဖြစ်ပါသည်။ ''တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုး'' ဆိုသော စကားပုံသည်လည်း ပတ်ဝန်းကျင်ကြောင့် အရောင်ပြောင်း သွားရသည့် အဖြစ်စနစ်များကို ညွှန်ပြထားသော ''စကားပုံ'' များပင် ဖြစ်ပါသည်။

ပတ်ဝန်းကျင် လူမှုအသိုင်းအ၀ိုင်း ဆိုသည်မှာ လူတစ်ယောက်အတွက် အရေးကြီးသော အဖွဲ့အစည်းတစ်ခု ဖြစ်လေသည်။ ထိုပတ်ဝန်းကျင် လူမှုအသိုင်းအ၀ိုင်းက လူတစ်ယောက်ကို အမြင့်ဆုံးထိ ရောက်အောင်လည်း ပြုစွမ်းနိုင်ပါသည်။ နိမ့်ကျသွားအောင်လည်း ပြုစွမ်းနိုင်ပါသည်။ ထို့ကြောင့် လူများစွာတို့သည် ''ပတ်ဝန်းကျင်ကောင်း'' ကို မက်မောတတ်ကြပြီး ''ပတ်ဝန်းကျင်ဆိုး'' ကို ရှောင်ကြဉ် တတ်ကြခြင်းပင် ဖြစ်သည်။

ပြီးခဲ့သည့် တစ်ပတ်က အသိမိတ်ဆွေ အန်တီကြီး တစ်ယောက်၏ နာရေးနှင့် ကြုံခဲ့ရသည်။ သူမသေခင်က သူ့ပတ်ဝန်းကျင်ကို ''စိတ်ပျက်'' နေခဲ့သည်။ သူ့မှာ ''အဆုတ်ရောဂါ'' ရှိသည်။ သေဆုံးသွားတော့လည်း ''လူမမာလို့'' ထင်ရက်စရာမရှိ။ ''၀၀ဖြိုးဖြိုးနှင့်'' ပင် သေဆုံးသွားခဲ့သည်။ သူ့အကြောင်းကို သိထားကြသော မိတ်ဆွေ သူငယ်ချင်းများက စိတ်မကောင်း ဖြစ်ခဲ့ကြရသည်။

သူ့ကို သတ်သွားသည့် အရာက အဆုတ်ရောဂါမဟုတ် ''သူ့ပတ်ဝန်းကျင်'' ပင် ဖြစ်သည်။ သူနေသော အိမ်ပတ်ဝန်းကျင်မှာ ဆူညံမှုတွေ များစွာရှိသည်။ ညှော်နံ့များစွာရှိသည်။ မကြာခဏ အချိန်မတော် ရန်ထဖြစ်တတ်သော စရိုက်ဆိုးများ ရှိကြသည်။ စီးပွားဖြစ် မွေးမြူကြသော တိရစ္ဆာန်များ၏ အနံ့အသက်များ ရှိသည်။ ထိုသို့သော ပတ်ဝန်းကျင်ကို တားဆီးဖို့ရာ သူ့အတွက် သတ္တိမရှိ။ အခြေခံ လူတန်းစားတွေပီပီ နေရာသစ် ရှာဖွေဖို့ရာကလည်း လွယ်ကူသည် မဟုတ်ပေး။ နောက်ဆုံး မတတ်သာသည့်အဆုံး 'ရသည့်ဈေးဖြင့်'' သူ့အိမ်လေးကို ရောင်းပြီး ပတ်ဝန်းကျင်ဆိုးကို သူရှောင်ရှား ခဲ့ရသည်။ ပတ်ဝန်းကျင် အသစ်ကို ရောက်သည့် အချိန်မှာတော့ သူဆုံးပါး သွားခဲ့သည်။ သူ့အဖြစ်ကို ကိုယ်ချင်းစာမိသည်။

ယနေ့လို အချိန်မျိုးမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို သတိပြုမိ လာကြသလို လူ့အဖွဲ့အစည်းအတွင်း နေထိုင်နေကြသော လူမှုပတ်ဝန်းကျင် ထိန်းသိမ်းရေးကိုလည်း သတိပြုဖို့ လိုအပ်ပါသည်။ လူအချင်းချင်း ''လေးစားတတ်၊ စာနာထောက်ထား တတ်သော'' ဓလေ့များ တဖြည်းဖြည်း နည်းပါးလာသည်ကို သတိပြု ကြရပါသည်။ ယဉ်ကျေးသော လူမှုပတ်ဝန်းကျင်နှင့် တာဝန်ယူမှုရှိသော လူမှုပတ်ဝန်းကျင်များ ဖြစ်လာအောင် အားလုံးက ၀ိုင်းဝန်းဆောင်ရွက် ကြရပါမည်။

လူတိုင်း လူတိုင်းတွင် ကိုယ့်အခွင့်အရေး ရှိသလို သူ့အခွင့်အရေးလည်း ရှိပါသည်။ ယနေ့ခေတ်တွင် ကိုယ့်အခွင့်အရေး၊ သူ့အခွင့်အရေး နားလည်မှုများ နည်းပါးနေခြင်းများကြောင့် အဆင်မပြေမှုတွေ များစွာဖြင့် ကြုံတွေ့ နေရပါသည်။ ကိုယ့်အခွင့်အရေးက သူတစ်ဖက်သား၏ အခွင့်အရေးကို ချိုးဖျက်မိသလို ဖြစ်နေလျှင်လည်း မှန်ကန်သော အခွင့်အရေး ဖြစ်မည်မဟုတ်ပေ။

မိမိနေထိုင်ရာ ဒေသ၊ မြို့ရွာ၊ ရပ်ကွက်ကို ချစ်မြတ်နိုးသည်ဆိုလျှင် မိမိနေထိုင်ရာ ပတ်ဝန်းကျင်ကို အနှောင့်အယှက် မဖြစ်အောင်၊ မိမိ၏ လူမှုဝန်းကျင်ကို လေးစားတတ်အောင် နေထိုင်ကြရပါမည်။ ''ဥပမာ'' ပြောရလျှင် ဟင်းချက်ဖို့ ''ညှော်နံ့ထွက်ဖို့ရာ'' အကြောင်းရှိလျင် ပတ်ဝန်းကျင်ကို ''ညှော်ကြမယ်ဗျို့'' ဟု အသိပေးသည့် ဓလေ့များ ရှိနေသင့်ပါသည်။ မိမိ၏ ပတ်ဝန်းကျင်ကောင်း ပီသမှုကြောင့် ''ရောဂါရှိနေသူ'' တချို့ အညှော်နံ့ကို ရှောင်၍ ရသွားမည်။ ကလေးငယ်များ အနေဖြင့် အညှော်နံ့များ ကင်းလွတ် သွားပါလိမ့်မည်။ ပတ်ဝန်းကျင်ကို ဂရုစိုက်တတ်ရန် အသေးစိတ် ပြောပြခြင်းမျှသာ ဖြစ်ပါသည်။

တချို့တချို့သော ကိစ္စများမှာ ကာယကံရှင်အတွက် ''အသေးအဖွဲ'' ဟု ဆို၍ ရသော်လည်း တစ်ဖက်သား ပတ်ဝန်းကျင်အတွက် ''အကြီးကြီးတွေ'' ဖြစ်နေတတ်သည်ကို သတိပြုသင့်ပါသည်။ သက်ကြီးရွယ်အိုတွေ ပတ်ဝန်းကျင်မှာ ရှိသည်။ နာမကျန်း ဖြစ်နေသည့်သူတွေ ပတ်ဝန်းကျင်မှာရှိသည်။ အနာဂတ်ရဲ့ ရတနာလေးများ ဖြစ်ကြသော သားငယ် သမီးငယ် လေးများလည်း ပတ်ဝန်းကျင်တွင်ပင် ရှိနေသည်။ ကိုယ်ချင်းစာ တရားထား၍ သူတစ်ပါး အခွင့်အရေးကို မချိုးဖျက် မိစေအောင် မိမိအခွင့်အရေးကို အမြဲဆန်းစစ် ကြည့်သင့်ပါသည်။

ပွင့်လင်းလာသော မြန်မာ့လူ့ဘောင် အဖွဲ့အစည်းတွင်လည်း နိုင်ငံကြီးသား ပီသအောင်၊ ဒီမိုကရေစီ နိုင်ငံဆိုသော အသုံးအနှုန်းနှင့် ညီအောင် တာဝန်သိမှု၊ တာဝန်ယူတတ်မှုများ ထွန်းကားနိုင်အောင် ကြိုးစားကြရပါမည်။ ကိုယ့်အခွင့်အရေး သူ့အခွင့်အရေးကို ကွဲကွဲပြားပြား နားလည်အောင် ကြိုးစားကြရပါမည်။ ဆိုခဲ့ပါ သဘောတရားများ ရှိစေဖို့ရာ စိတ်ဓာတ်ကောင်းရှိဖို့ အဓိက ကျပါသည်။ စိတ်ဓာတ်ကောင်းများကို မွေးမြူကြရပါသည်။

တောင်မြို့ မဟာဂန္ဓာရုံ ဆရာတော်ကြီးက ''စိတ်ကောင်းရှိဖို့ပထမ'' ဟု ဆုံးမထားခဲ့ပါသည်။ စိတ်ဓာတ်ကောင်းများ ရှိမှသာလျှင် စိတ်ဓာတ်ကောင်းများ ထွန်းကားမှသာလျှင် သာယာပျော်ရွှင်ဖွယ် ကောင်းသာလူ့ဘောင် အသိုင်းအ၀ိုင်းနှင့် ချမ်းမြေ့ ကြည်နူးဖွယ် ကောင်းသော လူမှုဝန်းကျင်ကို တွေ့မြင်ရမည် ဖြစ်လေသည်။ မိမိတို့ ကိုယ်တိုင်လည်း စိတ်ထားကောင်းများ ထားရှိဖို့ လိုအပ်သလို မိမိပတ်ဝန်းကျင်ကို ချစ်မြတ်နိုးသည့် စိတ်ဓာတ် ကောင်းများကိုလည်း မွေးမြူကြရပါမည်။

လူဆိုသည်မှာ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းနှင့် စုစုစည်းစည်း နေတတ်ကြသူများ ဖြစ်သောကြောင့် မိမိပတ်ဝန်းကျင်ကို ချစ်မြတ်နိုးဖို့ ဂရုစိုက်နိုင်ဖို့ရာ လွန်စွာလိုအပ်ပါသည်။ မိမိကြောင့် မိမိပတ်ဝန်းကျင်ကို သာယာစေခဲ့သည်။ ဘေးကင်း စေခဲ့သည်ဆိုလျှင် အဖိုးမဖြတ်နိုင်သော ပျော်ရွှင်မှုများကို ရရှိမည် ဖြစ်လေသည်။

လူလူချင်း စာနာထောက်ထားခြင်း၊ လူသားတစ်ယောက်ဟာ ကျင့်ဝတ်ကို ပြည့်စုံစွာ ဖြည့်ကျင့်ခြင်း၊ သက်ရှိလောက၊ သက်မဲ့ လောကထဲမှာ အလှတရားများကို မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ခြင်းများသည် လူမှုလောကကို စောင့်ရှောက်ခြင်းပင် ဖြစ်သည်။ လူမှုပတ်ဝန်းကျင်ကို ချစ်မြတ်နိုးခြင်းပင် ဖြစ်လေသည်။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်း စောင့်ရှောက်ရေးသည် အလွန်လိုအပ်သလို လူမှုပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးလည်း လွန်စွာလိုအပ်ပါသည်။ ထို့ကြောင့် သင့်ပတ်ဝန်းကျင်ကို အနာတရ မဖြစ်အောင် သင့်ပတ်ဝန်းကို ဂရုစိုက်သင့်ပါသည်။ သင့်ပတ်ဝန်းကျင်ကို ချစ်မြတ်နိုး သင့်ပါသည်။

EMG

Facebook Account အသစ်ကို ဖုန်းဖြင့် အလွယ်ကူဆုံးနှင့် အရိုးရှင်းဆုံးဖွင့်နည်း



Facebook Account အသစ်ကို သင်ကိုယ်တိုင် ဖုန်းဖြင့် အလွယ်ကူဆုံးနှင့် အရိုးရှင်းဆုံးဖွင့်နည်းလေးပါ။ Confirm Code ရိုက်ဖြည့်စရာမလိုသလို Connection ကောင်းလျင် အချိန် (၁၀) မိနစ်ခန့်သာ ကြာနိုင်ပါသည်။ ရှေးဦးစွာ gmail အကောင့်လိုအပ်ပါတယ်။

၁။ gmail အကောင့်ဖွင့်ရန် ဖုန်းမှာ gmail app ရှိရပါမယ်။ gmail app ဖွင့်ဝင်ပြီးလျင် ထို app မှ setting ကိုဝင်ပါ။ add account ကိုနှိပ်ပါ။ next ကိုနှိပ်ပါ။ ထို့နောက် ထပ်ပေါ်လာသော create နှင့် sign in မှ create ကို နှိပ်ပါ။

၂။ Add a Google Account အတွက် first name, last name ကို ဖြည့်ပါ။ username တွင် သင်အသုံးပြုလိုသည့် နာမည်ထည့်ပါ။ ထိုနာမည်သည် သင်၏ email address ဖြစ်လာပါမည်။ သေချာစွာ မှတ်သားထားပါ။ နာမည်တူရှိလျင် သင်ရွေးချယ်ရန် အခြားနာမည် ပေးလာပါမည်။ ထို့နောက် next ကိုနှိပ်ပါ။

၃။ Type a password အတွက် သင့်ရဲ့ password အနည်းဆုံး ၈ လုံး ရိုက်ထည့်ပေးပါ။ ထိုအရာသည် သင်၏ gmail password ဖြစ်ပါသည်။ သေချာစွာ မှတ်သားထားပါ။ confirm password တွင် ထို password ကို ပြန်ရိုက်ထည့်ပါ။ ထို့နောက် next ကို နှိပ်ပါ။

 ၄။ Security question ကို သင်ကြိုက်ရာရွေးပါ။ Answer တွင် ဖြေပါ။ Secondary email တွင် သင့်မှာရှိလျင် ထည့်ပါ။ မရှိလျင်လည်း ထားခဲ့ပါ။ Create ကို နှိပ်ပါ။ Google Term Service တွင် English ကိုရွေးပါ။ I agree, Next ကိုနှိပ်ပါ။

၅။ ဖော်ပြထားသော စာလုံးများကို ရိုက်ထည့်ပါ။ Next ကိုနှိပ်ပါ။ ထို့နောက် Finish ကို နှိပ်ပါ။ Add a Google Account ပေါ်လာသည်တွင် Finish setup ကို နှိပ်ပါ။ သင် Gmail account တစ်ခုရသွားပါပြီ။ Refresh ဖြစ်စေရန် Menu> Setting> Account and sync ၀င်ပြီး sync လုပ်လိုက်လျင် သင့် Mail box ထဲသို့ Gmail Team မှ အသိအမှတ်ပြုသော Mail ၃ စောင် ရောက်လာပါမည်။ Gmail account ရပြီးလျင် Facebook account ဆက်လက်ဖွင့်နိုင်ပါပြီ။

  Facebook Account အသစ်ကို ဖုန်းဖြင့် အလွယ်ကူဆုံးနှင့် အရိုးရှင်းဆုံးဖွင့်နည်း

 ၁။ Facebook အကောင့်ဖွင့်ရန် ဖုန်းမှာ Facebook app ရှိရပါမယ်။ Facebook app ဖွင့်ဝင်ပြီးလျင် အောက်ခြေနားမှ Sign Up for Facebook ကို နှိပ်ပါ။

၂။ First Name တွင် သင်အသုံးပြုမည့် ရှေ့ အမည်၊ Surname တွင် သင်အသုံးပြုမည့် နောက် အမည်၊ Email Address or Phone Number တွင် သင်၏ gmail address (............@gmail.com)၊ Gender တွင် ကျားဖြစ်လျင် Male, မ ဆိုလျင် Female ၊ Birthday တွင် သင့်မွေးနေ့၊ New Password တွင် သင့် Password (အနည်းဆုံး ၈ လုံး၊) တို့ကို ပြည့်စုံစွာ ဖြည့်ပေးရပါမည်။ ထို့နောက် အောက်ခြေမှ Sign Up ကို နှိပ်ပါ။

၃။ ထို့နောက် Profile information များကို ဖြည့်ပါ။ Save ကိုနှိပ်ပါ။ Search for Friends တွင် သင်သိသော သူငယ်ချင်းကို ရိုက်နှိပ်ကာ ရှာနိုင်ပါသည်။ (သူ၏ gmail လိပ်စာသိလျင် ရိုက်ထည့်ပါက ပိုမြန်ပါသည်။) ထို့နောက် Search ကိုနှိပ်ပါ။ သူ၏ name ကျလာပါမည်။ Add ကို နှိပ်လိုက်ပါ။ ထို့နောက် Next ကို နှိပ်ပါ။

၎။ သင်၏ Profile picture အတွက် Add Photo ကိုနှိပ်ပါ။ ပုံ မထည့်လိုသေးလျင်လည်း ရပါသည်။ ထို့နောက် Next ကို နှိပ်ပါ။

၅။ Confirm Your Email သို့ ရောက်ရှိပါလိမ့်မည်။ Confirm Your Email ဆိုသည့် မြန်မာပြည် Facebook အသုံးပြုသူတွေ အကြောက်ဆုံး Confirm Code ဖြည့်ခြင်း လာပါပြီ။ စိတ်မပူပါနှင့်။ Confirm Code လုံးဝဖြည့်စရာမလို၊ ဖုန်းနံပါတ်ပေးစရာမလိုတဲ့ လျှို့ဝှက်နည်းလေး ကို ပြောပြပါ့မယ်။ ဒီအတိုင်းလေးပဲ Menu ခလုတ်ကိုနှိပ်ပြီး ထွက်လိုက်ပါ။ စောစောက လုပ်ခဲ့တဲ့ Gmail application လေးကို ဖွင့်လိုက်ပါ။ သင့်ရဲ့ Gmail inbox မှာ message ၅ စောင်ရောက်နေတာ သင် တွေ့ရပါလိမ့်မည်။ (မရောက်သေးလျင် စောင့်နေပါ။) Refresh လုပ်ပါ။ ဒီအချိန်မှာ Internet Connection ကောင်းနေဖို့တော့ လိုပါသည်။ Three ways to get the most from Facebook mobile ဟူသော ခေါင်းစဉ်နှင့် ရောက်ရှိနေသော ၅ စောင်မြောက် mail ကို ဖွင့်လိုက်ပါ။ ထိုစာမျက်နှာ၏ ညာဘက်အခြမ်းတွင် *''Get Started''* ဟူသော အစိမ်းရောင် အကွက်ကလေးကို နှိပ်လိုက်ပါ။ သင်၏ Facebook စာမျက်နှာသို့ ပြန်လည်ရောက်ရှိသွားပါပြီ။ သင် Facebook ကို Confirm Code ရိုက်ထည့်စရာမလိုဘဲ ဖြည့်ပြီးသား ဖြစ်သွားပါပြီ။ သင် Facebook ကို အလွယ်ကူဆုံးနှင့် အောင်မြင်စွာ ဖွင့်လှစ်ရရှိသွားပါပြီ။ Log out လုပ်ပြီး app မှပြန်ဝင်ကာ Info update လုပ်ပေးပါ။ မလုပ်လိုသည့် Info ကို Skip နှိပ်ပြီး ကျော်သွားပါ။ ဤနည်းဖြင့် ကျုပ်ဖွင့်ပေးခဲ့သော Facebook ပေါင်း ၂၀၀ ကျော်တွင် ပျက်သွားသောအကောင့် ၁၀ ဂဏန်းအောက်သာ ရှိပါသေးသည်။ (အခကြေးငွေ မယူပါ။ အင်တာနက်ဖိုးတောင် အိတ်စိုက်ကုန်ပါသည်။ ) ဤနည်းမှာ ဖုန်းနံပါတ် မပေးရသောကြောင့် ဖုန်းတစ်လုံးတည်းနှင့်လည်း account များစွာ သုံးနိုင်ပါသေးသည်။ တစ်ခုသတိထားရန်မှာ ဤနည်းမှ အနည်းငယ်လွဲချော်ခဲ့လျင်တော့ Verify code ဖြည့်ရန် ဖုန်းနံပါတ်တောင်းပါလိမ့်မည်။ မြန်မာပြည်ဖုန်းနှင့် မပို့ပေးနိုင်သည့်အတွက် သင် နောက်ထပ်အသစ်ပြန်ဖွင့်ဖို့သာ ကြိုးစားပါတော့။ Facebook Account ပြန်လည်ရယူနည်း၊ Log မကျအောင် ထိန်းသိမ်းနည်း၊ Hacker ရန်မှ ကာကွယ်နည်းများကိုလည်း အလျဉ်းသင့်လျင် ဖော်ပြပါဦးမည်။ Facebook သုံးစွဲခြင်းသည် ဗဟုသုတ များစွာရရှိစေနိုင်သလို တလွဲအသုံးချပါက အကျိုးယုတ်စေနိုင်ပါသည်။ Facebook သုံးစွဲသူများ ကောင်းခြင်းဘက်တွင် အသုံးပြုနိုင်ကြပါစေ။


Lamin Maung

နာဂစ်ထက်ဆိုးတဲ့ ဟိုက်ယန် မုန်တိုင်းဖိလစ်ပိုင်ကို ၀င်ရောက် မြန်မာပြည်ဘက် ဦးတည်နိုင်



လွန်စွာအင်အားပြင်းထန်သည့် စူပါတိုက်ဖွန်းမုန်တိုင်း ဟိုက်ယန် ( Super Typhoon Haiyan)သည် ယနေ့ နံနက် ၁၀နာရီ ခန့်မှ စ၍ ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းကျွန်းများကို အရှိန်ပြင်းစွာဖြင့် ၀င်ရောက်တိုက်ခက် လျှက်ရှိကြောင့် နိုင်ငံတကာသတင်းများ တွင် Breaking News အဖြစ်ဖော်ပြလျှက်ရှိသည်။ မုန်တိုင်း အရှိန်ကြောင့် ဖိလစ်ပိုင် ကမ်းရိုးတန်းတစ်လျှောက် လှိုင်းမြင့် ၄.၅ မီတာ (၁၅ ပေနီပါး) ထိမြင့်တက်လျှက် ရှိကြောင်းနှင့် လေတိုက်နှုန်းများ တစ်နာရီလျှင်မိုင် ၁၈၀ ထိရှိကြောင်းသိရသည်။ ဖိလစ်ပိုင်တစ်နိုင်ငံလုံး ပြည်နယ် ၂၀ တွင် မုန်တိုင်းဒဏ်ခံစားရလျက်ရှိကြောင်း နှင့် မုန်တိုင်းဒဏ်အပြင်းထန်ဆုံးခံစားရသည့် ပြည်နယ်များမှာ လယ်တီ( Leyte) ကျွန်း နှင့် ဆမား(Samar)ကျွန်းများဖြစ်ကြောင်းသိရသည်။ အစောပိုင်း ကမူ မုန်တိုင်းဗဟို၌ လေတိုက်နှုန်းမှာတစ်နာရီလျှင် ၃၈၀ ကီလိုမီတာ (မိုင် ၂၂၀) ထိရှိကြောင်း အမေရိ ကန် ရေတပ် မုန်းတိုင်းတိုင်းတာရေးအဖွဲ့က သတိပေးထုတ်ပြန်ထားသည်။ အဆိုပါမုန်တိုင်းသည် ဖိလစ်ပိုင် အရှေ့မြောက်ဘက် ဗီယက်နက် ၊ ထိုင်းနိုင်ငံ နှင့် မြန်မာနိုင်ငံဘက်ဆီသို့ ဦးတည်ရွေ့လျား လျက်ရှိသည် ဟုသိရသည်။ လောလောဆယ် ထိခိုက် ၊ သေဆုံးပျက်ဆီးမှု စာရင်းမထုတ်ပြန်နိုင်သေးပါ။

Hot News Journal

မှော်ဆရာအိပ်မက် (ဘကြီးအောင် ညာတယ်)


မှော်ဆရာကြီး ဘကြီးအောင်၏ အဆက်၂ ( အောင် ၂ အောင် ဘယ်အောင်က အောင်မလဲ)

ဘကြီးအောင်ကား ဆရာကြီးဦးအောင်ဆုံးမသည်ကို ခံနေရလျက်နှင့် အလျှော့မပေးချေ။

“ မဖြူရေ ” “ ရှင် အဘအောင် ” “ ဒီလူကတော့ အတော်ကို လက်ပေါက်ကပ်တာပဲ ၊ သူလိုလူမျိုးတော့ အဘမတွေ့ဖူးသေးဘူး ” “ ဟုတ်ကဲ့ အဘ ” “ အများအားဖြင့်တော့ကွယ် ပြုစားသူဟာ လူဖြစ်စေ၊ အခြား နာနာဘာဝ၊ နတ် ၊ စသည်ပေါ့ ကမ္မစိဒ္ဓိရှင်တစ်ဦးဦးဖြစ်စေပေါ့ … ဆရာနဲ့တွေ့ပြီး ခေါ်စစ်ခံရတဲ့အခါများမှာ သူတို့လုပ်ထားတာတွေကို ထုတ်ပေးပါမယ်။ သက်ညှာပေးပါ။ မေတ္တာပို့ပေးပါလို့ ပြောတတ်ကြသကွယ့်၊ တကယ်ထုတ်တာမထုတ်တာ ဟန်ဆောင်တာမဆောင်တာ တပိုင်းပေါ့ ” “ ဟုတ် ”

“ အခု ဒီဘကြီးအောင်ကတော့ အဲလိုမဟုတ်ဘူး၊ မထုတ်ဘူး၊ မင်းလုပ်နိုင်ရင်လုပ် ဆိုတဲ့သဘောက ပြောင်းမယ်မထင်ဘူး ” “ ဒါဆို အဘရယ် သမီးဘယ်လို လုပ်ရမလဲရှင် သမီးကို မကယ်နိုင်တော့ဘူးလား၊ သူမှ ပြန်မထုတ်ဘူးဆိုရင် ဘယ်သူထုတ်ပေးမှာလဲအဘရဲ့၊ ဒီလိုလုပ်ရင် ကောင်းမလားမသိဘူးနော်အဘ ” “ ပြောပါဦးကွယ်”

“ သူ့ဆီကို ကန်တော့ပွဲနဲ့ သမီးသွားတောင်းပန်လိုက်မယ်လေ ၊ သမီးရဲ့ အစ်ကို မောင်တွေနဲ့ပေါ့ ” “ ရမလားသမီးရယ် ” “ ဟင် !!! မရဘူး ဟုတ်လားအဘ၊ ဘကြီးအောင်က သမီးကို ချစ်တာပဲ၊ သမီးတောင်းပန်ရင် ရမယ်ထင်တယ်လေ ” “ သမီးရယ် အ . ရန်ကော ၊ အဘကို သမီးပြောခဲ့တဲ့ အတိတ်ကစကားထဲမှာ သူ့မိန်းမကိုတောင်မှ သူက ပြုစားပြီး ယူခဲ့တာပါတယ်မလား ” “ ဟုတ် ဒေါ်ကြီးက အဲလိုပြောတယ် ” “ အင်း ခုနောက်တော့ ဘကြီးအောင်က သူ့မိန်းမကို သတ်ဖို့အထိတောင် လုပ်နေပါရောလားဗျာ၊ တယ်ကြောက်ဖို့ ကောင်းတာပဲ၊ ဒီလိုတောင်းပန်ရုံနဲ့ သူက လိုက်လျောပေးလိမ့်မယ်မထင်နဲ့ကွယ်၊ အဘ သက်တမ်းတစ်လျောက်တော့ မတွေ့သေးပါဘူး ” “ အဟင့် ဟင့် သမီး သေသာ သေလိုက်ချင်တော့တယ် အဘရယ် သမီးကို မကယ်နိုင်တော့ဘူးလား ၊ အဟီး အီး …”

မဖြူမှာ အဘအောင်၏ ရှေ့မှောက် ကြမ်းပြင်ပေါ်တွင် တင်ပလင်ခွေထိုင်နေလျက်က ကြမ်းပြင်ကို လက်ဝါးဖြင့်ရိုက်၍ ဦးခေါင်းမှာလည်း ရှေ့တိုးနောက်ဆုတ်ဖြင့် ရှိုက်ကြီးတငင် ငိုကျွေးနေရှာသည်။ သူမ၏ လက်ဝါး အစုံမှာလည်း ဆတ်ဆတ် ဆတ်ဆတ် တုန်ရီ၍ နေသည်။ ခါးသည်လည်း ကွေးချည်ဆန့်ချည်ဖြင့် တွန်းထိုးလှုပ်ရှားနေရင်းက ကြမ်းပြင်နှင့် နဖူးနှင့် တစ်ဒုန်းဒုန်းမြည်အောင် ဆောင့်တော့သည်။

“ ဟင်းးးး ဟင်းးးးး ဟင်း !!! ဟင်းးးး ဟင်းးးးး ဟင်း !!! ” “ဟာ … အစ်မ အစ်မ နင်အဲလို မလုပ်နဲ့လေ … အဘကုရင် ရမှာပါ၊ ကိုယ့်ကိုယ်ကို အဲလိုတော့ သေကြောင်းမကြံစည်ကောင်းဘူးလေ ” အကြောင်းမသိသော မဖြူ၏မောင်ငယ်က ၀င်ပြောသည်။ အဘအောင်မှ မဖြူ၏မောင်အား လက်ဝါးဖြင့်ကာပြ၍ ရှေ့သို့တိုးလာသည်။ (အသာနေဟူသည့်သဘော) ။ ထို့နောက် မဖြူ၏ ဦးခေါင်းထက်သို့ လက်ဝါးဖြင့် တင်မည်ဟန်ပြင်ခိုက်

“ ဟား ဟား ဟား ဟား …. မင်းတို့ ငါ့ကို ဒါမျိုးလာလုပ်လို့ ရမလားကွ၊ ဒမယ် ဟကောင်တွေ ငအောင့်ဘ၀မှာ ရှုံးပွဲမရှိခဲ့ဘူးကွ၊ မင်းတို့ ပင့်လာတဲ့ ဆရာလောက်ကတော့ ငအောင်တို့က ပျင်းတောင် ပျင်းသေးတယ် ဟား ဟား ဟား ဟား၊ ဟေ့ကောင် မင်းလည်း ငအောင်၊ ငါလည်း ငအောင်၊ ဒီ ၂ အောင်မှာ ဘယ်သူတကယ်အောင်မလဲဆိုတာ ကြည့်ကြသေးတာပေါ့ကွာ ဟား ဟား ဟား ဟား၊ ”

!!! ဟိတ် … ခုချက်ချင်း ဒီခန္ဓာရှင်ရဲ့ ရုပ်နာမ်နှစ်ပါးကနေ ခွာ !!! ၊ ငါ့ အမိန့်မရပဲ ဆက်လက်ပူးကပ်ခြင်း လုံးဝ မပြုနိုင်စေရ ” အဘအောင်မှ နှုတ်မိန့်ပေးသည်။

“ ပြန်ပြောစမ်းပါဦကွာ ဟား ဟား ဟား ဟား၊ ငါက မင်းပြောတိုင်း လိုက်လုပ်ရမှာလား၊ မင်းက ဆရာကြီးဆိုကွ၊ ဘာဆရာလဲ နွားသင်းကွပ်တဲ့ ဆရာလား၊ ပထမတစ်ခါတုန်းကလည်း မင်း မခေါ်ပဲနဲ့ ငါလာတယ်လကွာ၊ ဂု လည်း ငါဖာသာ လာချင်လို့လာတယ် ကိုင်း မင်းဘာလုပ်ချင်တုန်း ” “ ခင်ဗျား နေ့တိုင်းနေ့တိုင်း အဲလိုပဲ ခဏခဏ ၀င်ပူးနေတာပဲလား ” “ ရော် … ခက်ပါလား ၊ နေ့တိုင်းနေ့တိုင်း ထမင်းပင်း ကျွေးထားတာ၊ သူ့ကိုယ်မှာ ငါပညာစက်တွေ ဒင်းကြမ်းပဲဟေ့၊ ဒီလောက်မှ မသိတဲ့ကောင် ငတုံးဆရာ အာပလာ ”

“ ဒီမယ် ဘကြီးအောင်၊ ခင်ဗျား ငရဲ မကြောက်ဘူးလား၊ ၀ဋ်လည်မှာ မကြောက်ဘူးလား၊ ခင်ဗျားပဲ ဘာသာရေးလုပ်တယ်ဆို၊ ဒါတွေဟာ ခင်ဗျားကို မကောင်းတဲ့ကံတွေ ဖြစ်စေမယ်ဆိုတာ မသိဘူးလား၊ ကိုယ့်အသက်နဲ့ ဒီလောက်ကွာတာကိုဗျာ ”

“ ဟရောင် ဟရောင် မင်းငါ့မနိုင်လို့ ကြောင်ချေးလာမလုပ်နဲ့၊ မင်း ငါ့တရားနာချင်ရင် နိဗ္ဗာန်ရောက်ကြောင်းနာချင်လား ကုသိုလ်ရကြောင်း နာချင်လား ငါ ဟောပြမယ်ကွ”
အဘအောင်မှ မျက်လွှာကိုချလျက် ခေတ္တခဏ ငြိမ်သက်သွားသည်။ ထို့နောက် တည်ငြိမ်အေးဆေးသော လေသံတိုးတိုးလေးဖြင့် “ ဘကြီးအောင် ”

!!! ဘာဒုန်း !!!

“ ခင်ဗျားကို ကျုပ် မနှိပ်စက်ချင်ဘူး တကယ်က ကျုပ်အလုပ်က သတ္တ၀ါကယ်တဲ့အလုပ်၊ လူတွေ အထင်လွဲသွားနိုင်တာမို့ ကျုပ် အေးအေးဆေးဆေး မေတ္တာရပ်ခံနေတာပါ၊ ဟိုနေ့က ကျုပ်ရိုက်တာ ခင်ဗျားထိတယ်မလား ” “ အယားပြေ အညောင်းပြေရုံလောက်ပါကွာ ” “ ဒါဆို ဒီနေ့ လေ့ကျင့်ခန်းလာဆင်းတာပေါ့ ဟတ်လား ” “ မင်းနဲ့ လာကစားတာလကွာ ”

“ ခင်ဗျားက ကျုပ်အကြောင်း မသိသေးလို့ပါ၊ ကျုပ်က ဒီအလုပ်လုပ်တဲ့အခါမှာ မူနှစ်ခုထားတယ်၊ ပထမမူက အေးအေးဆေးဆေးပဲ ပြောမယ်၊ အကြိမ်ကြိမ် မေတ္တာရပ်ခံမယ်၊ တစ်ဖက်ကို ကျေနပ်လက်ခံလာအောင် ပြောဆိုတာက ကျုပ်ရဲ့ မူ နံပါတ် ၁ ပဲ ၊ အဲ …… ဆက်ပြီး ခေါင်းမာနေမယ်၊ နာနေလျက်နဲ့ မနာချင်ယောင်ဆောင်ပြီး၊ ဟန်ဆောင်ကောင်းသူတွေလည်း ကျုပ်အများကြီး တွေ့ခဲ့ဖူးပြီ၊ အခု ခင်ဗျား ဟိုမှာ ထမင်းမစားနိုင်ဘူးမလား ” ဘကြီးအောင် နည်းနည်း ငိုင်သွားသည်။

“မူ ၁ နဲ့ မရရင် မူ ၂ ကို မသုံးမဖြစ် သုံးပါတယ်။ ဒါက နှိပ်စက်တဲ့နည်းပဲ။ ဗုဒ္ဓဘာသာတရားတော်အရ သူတပါးကို နှိပ်စက်ကလူပြုရင် မကောင်းဘူးလို့ ခင်ဗျားလည်း နာဖူးဖတ်ဖူးမှာပါ၊ အခု ကျုပ် ခင်ဗျားကို တရားဟောနေတာမဟုတ်ဘူး၊ ရှင်းပြမလို့၊ မြတ်စွာဘုရားနဲ့တကွ ရဟန္တာများ စင်္ကြန်လျှောက်ရာမှာ နန္ဒောပနန္ဒနဂါးမင်းကို အရှင်မဟာမောဂ္ဂလာန်ကိုယ်တော်မြတ်ကြီးက ဘယ်လိုဆုံးမသလဲ။ သူ့ထက်ကြီးတဲ့ ခန္ဓာကိုယ်ကို ဖန်ဆင်းပြီးတော့ ညှစ်ခဲ့တာနော်။ ဘာလို့ ရဟန္တာအရှင်မြတ်က သူတပါးကို အဲသလိုလုပ်ရသလဲ။ ခင်ဗျား သိလား ” “ ……………… ”

“ မေတ္တာနဲ့ မတန်လို့ဗျ ၊ ခင်ဗျားကို ကျုပ် မေတ္တာမပျက်ချင်သေးဘူး၊ ခင်ဗျားလုပ်ထားတာတွေ ထုတ်မလား မထုတ်ဘူးလား ဒါပဲပြော ” “ ငါ မထုတ်နိုင်တော့ဘူးကွ၊ ငါ သူ့ကို အပင်းထည့်ထားတာက နေ့တိုင်းကို လုပ်ထားတာ၊ နှစ်ချီနေပြီ။ အခု ဒီရက်ပိုင်းလေးနဲ့ ငါ ဘယ်လိုထုတ်မတုန်း၊ မင်းထုတ်နိုင်လား ထုတ်ကွာ ”

“ ကျုပ်ထုတ်မှာပါ၊ ဒါပေမယ့် ခင်ဗျား ၀င်ဝင် မပူးနဲ့ အာရုံနောက်တယ် ” “ ဟ .. ဒါက ငါ့အခွင့်အရေးလကွာ၊ ငါသူ့သတိရရင် လာချင်လာမှာပေါ့၊ မင်းတားစရာလား ” “ ကျုပ် အေးအေးဆေးဆေးပြောနေတယ်၊ လုံးဝ ထပ်မလာပါနဲ့ ” “ ကိုင်း ကိုင်း ဒါဖြင့် သွားပြီကွာ ” မဖြူမှာ ဆတ် ဆို အရုပ်ကြိုးပြတ် ပုံလျက်သား ကျသွားသည်။ မဖြူ၏ အစ်ကိုနှင့် မောင်မှာလည်း မဖြူနားကို မကပ်ရဲ၍ ဝေးဝေးမှာ ထိုင်နေသောကြောင့် သူမကို မထိန်းလိုက်နိုင်ပါ။

“ သမီး …ရော့ ရော့ ရေသောက်လိုက်နော် ဖြေးဖြေးသောက် ” “ ဂလု … ဂလု … ဂလု Ahhh … ”
“ နောက်တစ်ခွက်လောက် ” ထပ်ခပ်ပေးရပြန်သည်။

“ ထပ်ပေးဦး နောက်တစ်ခွက် ” “ ဂလု … ဂလု … ဂလု … ကျေးဇူးပဲကွာ ခုမှပဲ ရင်ထဲ အေးသွားတော့တယ်၊ သွားပြီဟေ့ ” ဟိုက် … သေရော။ ပယောဂဆရာကြီး အဘအောင်တော့ အရှက်ခွဲခံလိုက်ရပြီ။ ဘကြီးအောင်သည် မခေါ်ပဲ လာပူးသည်။ ပြန်ပြီပြောပြီး ခုတော့ ရေတောင်းသောက်သည်။ အဘအောင်၏ ဘ၀တွင် ထိုကဲ့သို့ မကြုံဖူးသေး။ ပရိယာယ်မာယာ ကြွယ်ဝစွာဖြင့် မထိခလုတ် … အာဂ ဘကြီးအောင် … ညာတတ်သော ဘကြီးအောင်၊ ပရိယာယ်ကြွယ်သော ဘကြီးအောင်၊ ကောက်ကျစ်သော ဘကြီးအောင်၊ ပညာရင့်ကျတ်သော မှော်ဆရာကြီး ဘကြီးအောင်ပါတကား …

“ !!! ဟိတ် !!! ဆိုင်ရာက ချည်ပြီးတုပ်ပြီး ထိန်းသိမ်းထားစေကွ လုံးဝ မထွက်စေရ။ ” “ သမီးပါ အဘအောင်ရဲ့ ဘကြီးအောင်က မရှိတော့ပါဘူး၊ ထွက်သွားပါပြီ ” ဟာ …. ဟင် ….

ပယောဂဆရာကြီး အဘအောင်သည် မဖြူမှ ပြောလာသော ထိုစကားကိုလုံးဝ မယုံကြည်ပါ။ မခေါ်ပဲ ၀င်ပူးကပ်သည်က သူမ၏ ကိုယ်တွင် မိစ္ဆာစက် ပြန့်နှံ့လွန်းနေ၍ လက်ခံသည်။ နှုတ်မိန့်အားဖြင့် ထိန်းသိမ်းထားပြီးမှ ပြန်ထွက်သွားသည်မှာ လုံးဝ မဖြစ်နိုင်ကြောင်း တပ်အပ်သိနေ၍ ဖြစ်သည်။ မဖြူ၏ ဦးခေါင်းပိုင်းဆီသို့ သူ၏ လက်ကို တင်သည်။ အာရုံပြုသည်။ ထို့နောက် …..

……………. အကျွန်ုပ်သည် ထိုသတ္တ၀ါအား လုံးဝ မုန်းတီးခြင်းမရှိပါ။ ဤစကားသည် သစ္စာဖြစ်ပါစေ။ အကျွန်ုပ်၏ အလုပ်သည် သတ္တ၀ါကယ်ရန်ဖြစ်ပါသည်။ ထိုမိစ္ဆာအား အကြိမ်ကြိမ် မေတ္တာရပ်ခံခဲ့ပြီး ဖြစ်ပါသည်။ သို့သော် အာခံသည့်အပြင် မထီလေးစားစော်ကား၍ ကုသခြင်း ကယ်မခြင်းကိစ္စကို များစွာ အနှောက်အယှက် ဖြစ်ရပါသည်။ ထို့ကြောင့် မဖြစ်မနေ ထပ်မံ ဆုံးမရပါတော့မည်။ ဆုံးမခြင်းတွင် ကာယကံရှင် ဤမိန်းကလေးကို စိုးစင်းမှ မထိခိုက်စေရ …………….

“ ခု ၀င်ပူးနေတဲ့ မိစ္ဆာငအောင်၊ မင်းပရိယာယ် ငါသိတယ်၊ ကိုယ်တိုင်ခံရစေကွ၊ ကိုယ်စားခံစေခြင်း မပြုနိုင်စေရ ။ ဟေ့ ဆိုင်ရာ ကြိုးပိုင်များက ထိုမိစ္ဆာအား သံမဏိကြိုးအထပ်ထပ်ဖြင့် လည်ပင်းကို အစ်နေအောင်ချည်ထားကြ၊ ငါ မလွှတ်ပဲ မရုန်းနိုင်စေရ၊ ( မဖြူ လည်ပင်းကြီး ရှည်ထွက် မေးငေါ့လာ )၊ ဆင်ပိုင် ကျောကုန်းကို ဆင်နဲ့နင်းကွ၊ ( ခါးညွှတ်လာ၍ ရှေ့ကို ကိုင်းကျ) ။ ဟေ့ … လှံပိုင် မုသားပြောတဲ့ပါးစပ် စွပ် စွပ် စွပ် ထိုးစမ်း၊ ( ပါးစပ် ဟလာသည် ) မီးပိုင် မိစ္ဆာအား ဖိုကျင်ထိုးပြီး တင်ပါးကို မီးမြှိုက်စေ ( တင်ပါးအား လက်ဖြင့် ပွတ်၍ ဖူး ဖူး ဖူး ဆိုပြီးမှုတ်သည် )”

“ မီးလောင်အား ကောင်းစေ ငါ့အမိန့်မရပဲ လုံးဝမငြိမ်းစေရ ” ဒီတစ်ခါတော့ အဘအောင်မှ ကိုယ်ထိလက်ရောက် ရိုက်ပုတ်ခြင်း မပြုတော့ပါ။ ဦးခေါင်းပေါ်သို့ လက်ဝါးတင်၍ နှုတ်မိန့်ပေးခြင်းကိုသာ ပြုတော့သည်။

မဖြူမှ အသံအက်အက်ကြီးဖြင့် …. !!! အားးးးးးးးးးးးးးးး အားးးးးးးးးးးးးးးးးး အားးးးးးးးးးးးးးးးးး !!! ဖူး ဖူး …….

“ ပူ … အားးးးးးးးးးးးးးးးးးးးးးးး မင်း …. ဟေ့ရောင် မင်းနိုင်တုန်း လုပ်ထား … မင်းကို ငါ ဘဒေါ့မှ မကျေ …. အားးးးးးးးးးးး အားးးးးးးးးးးးးးးး အူးးးးးးးးးးးး နာတယ် ….. ဟေ့ရောင် ……. တော်တော့ ”

“ ငအောင် မင်းကြောက်ပလား ဟင်!!! အသားအနာခံချင်တဲ့ကောင်၊ ပြောစမ်း နောက်လုပ်ဦးမလား၊ ကြောက်ပလား ပြော !!! ” “ အွန့်န့်န့် …. ဟရောင် သတ်ပလိုက်ကွ၊ ဘတစ်ပြန် ကျားတစ်ပြန် မင်းမှတ်ထား၊ ဘဒေါ့မှ မပြောဘူး၊ မင်းကိုငါ ….. အားးးးးးးးးး မကြောက် ………... အားးးးးးးးးးးးးးးးးးးး ”
“ ၄င်း၏မာန်စွယ်ကျိုး၍ အသိသတိဝင်ခဲ့သော် သက်သာခွင့်ရစေ ” ပယောဂဆရာကြီး အဘအောင်သည် သနားကြင်နာစိတ်ရှိသူဖြစ်၍ တစ်ဖက်မိစ္ဆာမှ နောင်တရခဲ့လျှင် သက်သာခွင့်ပေးလေသည်။ ထိုသို့နေလျက်ဖြင့် တစ်နာရီခန့်ကြာလေသည်။ သို့သော် ဘကြီးအောင်ဝင်ပူးနေသော မဖြူမှာ အော်မြဲတိုင်းသာ အော်နေလေသည်။ အပူးခံရသော ခန္ဓာသည်လည်း အရိုးအသားတို့ ပင်ပန်းနေချေပြီ။ ကုသပေးသူ အဘအောင်သည်လည်း အာခြောက်လျက် လက်လည်းညောင်းနေပြီ။ စောစောက ဘကြီးအောင်မှ ပြန်ပြီပြောပြီး မပြန်သေးပဲ သူ့ကို အရူးလုပ်ခဲ့၍ အဘအောင်လည်း နားချိန်မရ၊ ကြိုက်နှစ်သက်လှသော ရေနွေးကြမ်းကိုလည်း နှုတ်ခမ်းမှ တမ်းတမိသည်။

“ နောင်တရရင် ပြော၊ နောက်မနှောက်ယှက်ဘူးဆိုရင် သစ္စာဆို၊ ဒါဆို သက်သာခွင့်ပေးမယ်၊ ပြန်လွှတ်ပေးမယ် ” မဖြူမှ ခေါင်းကို တွင်တွင်ယမ်းလေသည်။ “ ငါ အိပ်ချင်ပြီကွာ … ပြန်တော့မယ် ” “ ကြောက်ပလား ” “ ဒီဘ၀မဟုတ်ဘူး နောက်ဘ၀လည်း မပြောဘူး … ငါ ပြန်မယ် ပြန်မယ် ”

“ ပြန်လို့ရရင် ပြန်ကြည့်လေ၊ ဟေ့ ဆိုင်ရာပိုင်ရာတို့ ၊ ငါ့အမိန့်မရပဲ ပြန်ထွက်ဖို့ ဇွတ်ကျိုးစားရင် စောစောကထက် ၂ ဆ ပိုသောအားဖြင့် ဆုံးမစေ ” ဘကြီးအောင်မှ အသံဖျော့ဖျော့ဖြင့် “ ငါ ပြန်ချင်ပြီကွ မင်းနိုင်တိုင်း လျှောက်လုပ်နေ ” “ ငါ့ကြောက်ပလား ငအောင် ” “ ငါ ပြောပြီးပြီလကွာ ” “ မင်း နောက်တစ်ခါ ငါမခေါ်ပဲ လာပူးဦးမှာလား ” “ ဒါကတော့ ငါ သူ့ကို သတိရရင် လာမယ် မင်းဒါကိုတော့ မတားနဲ့ကွာ”

အဘအောင်သည် ဘကြီးအောင်အား မည်သို့မျှ ဖြောင့်ဖြလို့လည်း မရ ဆုံးမလို့လည်း မရသည့်အဆုံး မဖြူတွင် စွဲကပ်နေသည့် ပယောဂစက် ပညာစက်များအား မိမိဖာသာ သမထအားဖြင့် တိုက်ထုတ်မှသာ ရတော့မည်ဟု ပိုင်ပိုင်နိုင်နိုင် သဘောပေါက်ပြီးနောက် ဘကြီးအောင်အား ထွက်ခွင့် ပေးလိုက်လေသည်။ *** မိမိမခေါ်ပဲ ဘကြီးအောင်မှ အလိုလို ၀င်မပူးနိုင်စေရဆိုသော အမိန့်ကိုတော့ မပေးခဲ့ပါ။ အဘယ်ကြောင့် ထိုအမိန့် မပေးသနည်းဟု ကုသပြီးနောက် မေးမြန်းကြည့်ရာ မဖြူသည် ဘကြီးအောင်၏ မိစ္ဆာစက်များ များပြားလွန်းသောကြောင့် မပူးနိုင်စေအောင် အမိန့်ပေးလို့မရသေးကြောင်းနှင့် ၀င်ပူးနေလျှင်တော့ ထိန်းချုပ်လို့ရကြောင်းကို နောက်မှ အဘဆရာကြီးမှ ပြောကြားလေသည်။ ***(ဤကား စာရေးသူ၏ ရှင်းလင်းချက်)

“ ကဲ … ပြန်မယ်ဆိုလည်း ပြန်တော့၊ နောက် မနှောက်ယှက်နဲ့၊ ကျုပ်ဖာသာ ကုပြီး ဆက်ထုတ်မယ်၊ ခင်ဗျား ၀င်ပူးမယ်ဆိုလည်း ပူးချင်ပူး၊ ဒါပေမယ့် စကားမရှည်နဲ့၊ ကျုပ်စိတ်ကို လာမဆွနဲ့၊ သတိပေးထားတယ်၊ လုပ်ရင် ဒီ့ထက်ပိုနာမယ် ”

ဆရာကြီးအဘအောင်မှ ထိုသို့ဆိုလိုက်သည်နှင့် တပြိုင်နက် မဖြူသည် ဖရိုဖရဲဖြစ်နေသော ဆံပင်တို့ကို သပ်၍တင်သည်။ အဘအောင်ကို ထိခြင်းငါးပါးနှင့် ကန်တော့လေသည်။
“ မိဖြူ မိဖြူ ” မဖြူ၏ အစ်ကိုက သူ့ညီမကို ခေါ်ပြီး အနားကပ်သွားသည်။ “ ဟာ အစ်ကို ဟိုလူကြီးဖြစ်နေဦးမယ်နော် သတိထားဦး ” ညီဖြစ်သူက သတိပေးသည်။

“ မဖြစ်နိုင်တော့ပါဘူးကွယ့် သူလည်း အတော်ထိနေလောက်ပါပြီ၊ နှုတ်ကသာ ၀န်မခံပဲ ခေါင်းမာနေတာ ပြန်ချင်နေတာတော့ တကယ်ပါ ။ ဤတွင် အနားမှာရှိနေသူတစ်ယောက်မှ မေးမြန်းသောကြောင့် အဘဆရာကြီးမှ *** ကို ဖြေကြားပါသည်။

နောက်ရက်များတွင် အဘဆရာကြီးမှ မဖြူအား ခန္ဓာကိုယ်ကို လျောင်းစေ၍လည်းကောင်း မှောက်ခုံထား၍လည်းကောင်း၊ ထိုင်လျက်ဖြင့်လည်းကောင်း အသားပေါ်သို့ လက်တင်၍ သမထဈာန်တန်ခိုးတို့ဖြင့် ကုသလေ၏။ မဖြူအား မေးမြန်းချက်အရ ပယောဂဆရာကြီးအဘအောင်၏ လက်မှ တစ်ခုခု ထွက်သည်ဟု ခံစားသိရှိမိကြောင်း? ထိုအရာများသည် ဆရာကြီး၏လက်နှင့် သူမ၏ ခန္ဓာကိုယ်ထိတွေ့သောနေရာမှ စ၍ တွန့်တွန့်တွန့်တွန့်ဖြင့် သွားလာကြောင်း၊ သမထ ဓာတ်တန်ခိုးများဟု ထင်ကြောင်း၊ မိမိ၏ ခန္ဓာအတွင်းမှာလည်း ကုသနေစဉ်အတွင်း စူးရှလှုပ်ခတ်သောတွန်းထိုးမှုများ ဖြစ်ပေါ်လာကြောင်းနှင့် ထိုတွန်းထိုးမှုနှင့် အဘဆရာကြီး၏ လက်မှထွက်သောအရာများတို့ ထိတွေ့မိသောအခိုက်မှာ ထိုနေရာမှာ သာမာန်ထိတွေ့လို့ ပူတာထက် ပို၍ပူပြင်းသော အသိကို ဖြစ်ရပါကြောင်း ပြောပါသည်။

ထိုအတိုင်းပင် မဖြူအား ကုသလာခဲ့သည်။ အဘအောင်မှ ဘကြီးအောင်အား နောက်ထပ် ပူးခိုင်းခြင်းလည်း မရှိတော့၊ နာကျင်အောင် ဆုံးမခြင်းလည်း မရှိတော့ပဲ ဈာန်အားဖြင့်သာ ကုသလုပ်ဆောင်ခဲ့သည်။ ထိုအတောအတွင်း မဖြူအား အမြဲတမ်းလိုလို ကျီးကန်းတောင်းမှောက်မျက်နှာဖြင့်လည်းကောင်း၊ လှုပ်ခါနေသော ကိုယ်ဟန်အနေအထားများဖြစ်နေခြင်းလည်း တကြောင်း ဆက်တိုက်လိုလို တွေ့ရသည်။ သို့သော် စကားမှာ မပြော။ ဈာန်အားဖြင့် ကုသနေသော အဘအောင်မှာ ထိုအခြင်းအရာကို သိသော်လည်း သူ့အား ကုသခြင်းကို မနှောက်ယှက်တော့သောကြောင့် ဥပေက္ခာပြုထားဟန်တူသည်။ သို့သော် မခေါ်လည်း အမြဲလို ၀င်ဝင်ပူးနေတတ်သောကြောင့် အဘအောင်နှင့်တကွ မဖြူ၏ မွေးချင်းများမှ အနီးကပ်ရှိနေခဲ့ရသည်။
ထိုသို့ကုသနေရင်းဖြင့် ရက် ၂၀ခန့်သို့ ရောက်လာခဲ့ပြီ။ မဖြူ၏ ကျီးကန်းတောင်းမှောက်မျက်နှာသည်လည်း တည်ငြိမ်စပြုလာသည်။ သို့သော် အရှင်းမဟုတ်သေး။

ကုသနေစဉ်အချိန်အတွင်း မဖြူ ထိုင်လျက်အနေအထားတွင် အဘအောင်မှ “ ဘကြီးအောင် ” “ ပြော ” မဖြူမှ ကောက်ခါငင်ကာ ထူးသည်။ မျက်လွှာကား မချ။ “ ခု ကောင်မလေးကိုယ်ထဲမှာ ကမ္မစိဒ္ဓိသိပ်မကျန်တော့ဘူးမလား ” “ မင်းလုပ်နိုင်သားပဲ၊ မဆိုးပါဘူး။ ငါဟာတွေ သိပ်မရှိတော့ဘူး၊ အခု ငါ သူ့ကို ပူးနိုင်တာဟာ ဒါ နောက်ဆုံးအကြိမ်ပဲ၊ နောက်ဆို ငါလာလို့မရတော့ဘူး ” “ အင်း … ခင်ဗျားပြောတဲ့ အောင် ၂ အောင် ဘယ်သူအောင်သလဲ ” “ အေး … ပါ … အေးပါ ၊ မင်း … ဒီဘ၀တော့ မင်းနိုင်တယ်ထားလိုက်ပါ၊ ငါကတော့ နောက်ဘ၀ကျရင်တော့ အကျေဆပ်မယ်၊ ကမ္ဘာမကျေဘူးကွ၊ ခုတော့ ထားလိုက်တော့ ”

အဘအောင်မှ မကျေမနပ်ဖြစ်နေသော ဘကြီးအောင်အား ထပ်မပြောတော့ပဲ မဖြူ၏ ခန္ဓာကိုယ်အား ဆံစမှ ခြေဖျားသို့တိုင်အောင် မထိမကိုင်တော့ပဲ ကြွင်းကျန်နေသည့် မိစ္ဆာစက်မှန်သမျှတို့ကို သပ်ချနေပါတော့သည်။ ထိုအချိန်မှစ၍ ဘကြီးအောင်သည်လည်း မဖြူအား ၀င်ရောက်ပူးကပ်ခြင်း အလျင်းမရှိတော့ပါချေ။ သို့သော် မဖြူ၏ ခန္ဓာတွင် မိစ္ဆာစက်အမှုန်အမွှားများသည် ထွက်လျက်ရှိနေသေးသောကြောင့် ဆက်၍ပင်ကုရ၏။ ဘကြီးအောင်ကား အောင်ဖျာလိပ်ချေပြီ။

ကုသခြင်း၏ နောက်ဆုံးတွင်တော့ ဘကြီးအောင်နှင့်ပတ်သက်၍ မှတ်သားဖွယ်ရာများမှာ ၊ လုပ်ချင်သည့်အရာကို ကြိုတင်အကွက်ချ စီစဉ်တတ်ခြင်း၊ အလျှော့ပေးပါပြီ ကြောက်ပါပြီဟု ဘယ်တော့မှ မပြောခြင်း၊ ရှံးသော်လည်း ပရိယာယ်ဆင်၍ ဟန်ဆောင်၍ ကလိခြင်း၊ အညှိုးအတေး ကလဲ့စားချေလိုစိတ် ကြီးမားခြင်း အစရှိသော ထူးဆန်းပြောင်မြောက်ခြင်းတို့ကို တွေ့ရပါသည်။ သို့သော်ကား ကောင်းကျိုးအတွက် တစ်ခုမှ မဟုတ်ခဲ့ပါချေ။

မှော်ဆရာကြီး ဘကြီးအောင်၏ ချစ်ခင်နှစ်သက်၍ ပြုစားခြင်းမှ မဖြူဆိုသော မိန်းကလေး လွတ်မြောက်လာခဲ့ပါပြီ။ မဖြူသည် သူမအား စိတ်ရှည်လက်ရှည်ဖြင့် ကုသပေးသော ဆရာကြီးအဘအောင်အား ကျေးဇူးတင်မဆုံး ရှိလေတော့သည်။ ထို့နောက် အဘဆရာကြီးထံမှ သမာဓိရယူထူထောင်နည်းများကို သင်ကြားရရှိပြီးသကာလ သူမအား အနှောက်အယှက်ပေးခဲ့သော ပယောဂဆိုသည့် ပြုစားခြင်းအတတ်ပညာတို့ဖြင့် နှောက်ယှက်ခံရသောသူအပေါင်းအား ကယ်တင်ကုသပေးရင်းဖြင့်သာ ပျော်မွေ့လျက် ရှိနေတော့၏။

ယုံသူ/မယုံသူ သတ္တ၀ါအပေါင်း ပယောဂပြုစားခံရခြင်း အန္တရာယ်မှ ကင်းဝေးကြပါစေ …

ပ ယော ဂ နှင့် ထူး ဆန်း အံ့ ဖွယ် ဖြစ် ရပ် မှန် များ

မှော်ဆရာအိပ်မက် (ဘကြီးအောင် ညာတယ်)


မှော်ဆရာအိပ်မက် (ဘကြီးအောင် ညာတယ်) ၏ အဆက် (မှော်ဆရာအိပ်မက် ပျက်သုန်းခြင်း)

“ ကဲ .. သမီးမဖြူ၊ သမီးရဲ့စိတ်ကလေးကို လျှော့ချလိုက်၊ တင်းမထားနဲ့။ ကြာရှည်နေနိုင်မယ့် ကိုယ်ဟန်အနေအထားအတိုင်းနေ၊ လက်ဝါးပြင်လေးကို ဒူးခေါင်းလေးပေါ်မှာတင်ထား၊ လက်ချောင်းတွေကို တင်းကပ်လည်း မထားနဲ့ လျော့တိလျော့ရဲလည်း မထားနဲ့ ပြန့်တယ်ဆိုရုံတင်ထားနော် သမီး ”

“ ဘာလုပ်မလိုလဲ အဘ ” “ စစ်ဆေးကုသရတော့မယ်လေ သမီးရဲ့ မကုချင်ဘူးလား ” “ ကုမယ် အဘ ကုမယ် မြန်မြန်ကုပေးပါနော် ” “ အင်း ကုရမှာပေါ့သမီးရယ် ၊ သမီးဘာမှ မဖြစ်စေရဘူး ။ ဒါနဲ့ အဘက ကြိုတင်ပြီးမှာထားမယ်နော်သမီး၊ ” “ ဟုတ် အဘ ၊ ဘာမှာမှာလဲ ”

“ အခု စစ်ဆေးကုသတော့မှာဆိုတော့၊ အဘကနေ သမီးနာမည်ကို မခေါ်ရင် သမီးဘာမှ မပြောနဲ့၊ အကယ်လို့ အခြေအနေ အတော်ဆိုးတဲ့ ထူးခြားဖြစ်စဉ်ဆိုရင်တော့ သမီးက စပြီး ပြောဆိုနိုင်တယ်၊ နောက်ပြီးတော့ … ”

အဘအောင်မှ ရေနွေးတစ်ကြိုက်လောက် သောက်ပြီးတော့မှ …
“ နောက်ပြီး ဒီနေရာမှာ အခြားဘေးက ကြည့်ချင်ကြတဲ့သူများကို ပြောထားချင်တယ်နော်၊ ဘာလဲဆိုတော့ ရပ်ကွက်ထဲမှာ ကြားဖူးကြမှာပါ၊ အဲသလို ပြုစားလို့ ကပ်ငြိတာအေ .. အတော်ကြမ်းတာပဲ ဆရာကိုတောင် ခံပက်တယ်၊ စသည်ဖြင့်ပေါ့ ” “ မိန့်ပါဦး အဘ ”

“ အဲသလို၊ မကြမ်းတမ်းရင် စကားမပြောရင် မတုန်ရီလာရင် ပယောဂမရှိဘူးလို့ ထင်တတ်ကြတာဗျား၊”

“ ဟုတ် အဘ၊ မသိလို့ မေးပါရစေ၊ အဲလို မတုန်လာဘူးဆိုရင် မရှိလို့ မကပ်တာမဟုတ်ဘူးလား”
“ ဘယ်ဟုတ်မှာလဲကွယ်၊ မပူးတိုင်း မတုန်တိုင်း ပယောဂကင်းတာမျိုးလို့ ပုံသေမှတ်လို့မရဘူး၊ ဒါကတော့ ဗဟုသုတအဖြစ် အဘက ပြောပြတာပေါ့လေ၊ တကယ်က ကာယကံရှင်မှာ သူတို့ရဲ့ အကြောင်း ပတ်သက်နေပေမယ့် မပူးနိုင်တဲ့ အကြောင်းအရာတွေက အမျိုးမျိုးရှိသေးတယ် ”

“ ဘာတွေလဲ အဘ ရှင်းပြပါဦး ” “ အင်း မှတ်ထားပေါ့ကွယ် ဒါက အဘရဲ့ သုံးသပ်ချက်တွေနော် ”

{{{ နံပါတ် ၁ တစ်ဖက်က ပြုစားသူရဲ့ အစွမ်းသတ္တိနဲ့ ပြုစားထားတဲ့အရာရဲ့ ပြန့်နှံ့မှု၊

နံပါတ် ၂ အပူးခံရမယ့်သူရဲ့ သည်းခြေအား ခိုင်ခံ့မှု နှင့် လူနာကာယကံရှင်က ယောက်ျား မိန်းမကွာခြားမှု၊

နံပါတ် ၃ ဆရာခေါ်နေစဉ်မှာ လာသူမိစ္ဆာကို နိုင်နင်းတဲ့သူတစ်ယောက်ယောက်က တားဆီးထားမှု၊

နံပါတ် ၄ ခေါ်တာကို သူတို့မှာက ကြားဖို့ လာဖို့ အချိန်အနည်းငယ်ပေးရခြင်း ။ ဘာလို့လဲဆိုရင် ပြုစားသူက လူမဟုတ်ပဲ အခြားကမ္မစိဒ္ဓိရှင် တစ်ဦးဦးဖြစ်နေခဲ့ရင် သူတို့လည်း အစည်းအဝေးဘာညာရှိတတ်တယ်ကွယ့်။

နံပါတ် ၅ တစ်ဖက်က ပြုစားသူမှ ပရိယာယ်များပြီးတော့ အမိန့်အရရောက်လာပေမယ့် မရောက်ချင်ယောင် မရှိချင်ယောင် ဆောင်တတ်ခြင်း}}}

အဲဒီအကြောင်းအရာလေးတွေ ရှိပါတယ်။ ဒီအကြောင်းတွေကို အဘ နောက်မှ အလျင်းသင့်သလို အကျယ် ပြောပြပေးပါမယ်။

“ အဘ အခု မဖြူကို ပြုစားတဲ့သူကရော လာပူးပါ့မလားအဘ” “ မှော်ဆရာဆိုတာ သေချာမှတော့ မလာမရှိ၊ မပူးမနေရ ပေါ့ကွယ် ”
…………………………………..
ထိုစဉ် မဖြူသည် အဘအောင်ကို စူးကနဲ ကြည့်လိုက်သည်။ မျက်ခုံးမျက်မှောင်မှာ V ပုံသဏ္ဍာန်အထိ ဖြစ်နေပြီး သူမ၏ မူလက ၀ိုင်းစက်သော မျက်လုံးများသည် မြွေပွေးမြွေဟောက် မျက်လုံးများကဲ့သို့ ကျဉ်းမြောင်းသွားသည်အထိ အကြည့်မှာ မာန်ပါလှသည်။ နှုတ်ခမ်းများသည် တင်းတင်းစေ့လျက် ပါးသောင်များတင်းအောင် အံကို ကြိတ်သည်။

“ အစ်မ အစ်မ(မိဖြူ) နင်သတိထားလေ ဒါ အဘအောင်လေ ” မဖြူ၏ အစ်ကို၊ မောင်တွေက သတိပေးသည်။

မဖြူသည် အဘအောင်အားကြည့်နေရာမှ ဆံပင်တို့ကို လေထဲမှာ ၀ဲယမ်းသွားသည်အထိ ၉၀ဒီဂရီချိုး ဦးခေါင်းကိုဆတ်ခနဲ့ လှည့်ပြီး သူမ၏ မွေးချင်းများကို အကြည့်စူးစူးများဖြင့် ကြည့်လိုက်လေသည်။ သူမ၏နှုတ်ခမ်းများဆီသို့ လက်ညှိုးက ကန့်လန့်ဖြတ်တင်ထားပြီး Shhhh !!! တိတ်တိတ်နေဟူသည့် အမူအယာကို ပြသည်။ မဖြူ၏ မွေးချင်းများ နောက်သို့ရှဲသွားကြသည်။

ထို့နောက် မဖြူသည် အဘအောင်ဖက်သို့ ပြန်လှည့်၍ လက်ညှိုးဖြင့်ထိုးကာ “ ဒမယ် ဟေ့ကောင် ၊ မင်းမှတ်ထား၊ ဂု …. မင်း …ခေါ်လို့ငါလာတာမဟုတ်ဘူးကွ မင်းမခေါ်သေးလည်း ငါလာလို့ရဒါကို သိအောင်ပြတာ မင်း နားလည်လား ” အသံနှင့် အမူအယာကတော့ စကတည်းက မာထန်သည်။ ပြတ်သည်။ ယောကျာ်းသံပါသည်။

အဘအောင်မှ “ ကဲ အခု ရောက်လာတဲ့သူ နာမည်ပြောပါ”

“ ဟား မင်း ဟာသမလုပ်နဲ့ကွ၊ သိပြီးသားကြီးကို၊ အပိုတွေ မေးမနေစမ်းနဲ့၊ မှတ်ထားစမ်း၊ ငါကတော့ ဘဒေါ့မ ပြန်မထုတ်ပေးဘူးကွ၊ မင်းစွမ်းရင် မင်းဖာသာထုတ် !!! ”

“ ကျုပ်က အေးအေးဆေးဆေး မေတ္တာရပ်ခံမလို့ပါ။ ခင်ဗျားလုပ်ထားတာတွေ ပြန်နှုတ်လိုက်ပါ ကောင်မလေးခမျာ သနားစရာ ” “ ဟ ငါက သူ့ကို သနားရုံမက …. အာ …. တိတ်စမ်း ရှက်စရာတွေကွာ … ငါ့လာပြောမနေနဲ့ ဘာမှ ရွှေပြည်အေးလာမလုပ်နဲ့၊ ငါက ငါ့ရွာမှာ ဘုရားလူကြီး၊ မင်းဟောမယ့်တရားတွေ ငါအကုန်သိဘာ့ ”
“ ခင်ဗျားက ဘာသာရေးလုပ်သလားဗျ ” “ မင်း သူ့ကို မေးကြည့်လေကွာ” မဖြူ၏လက်များက သူမ၏ရင်ဘက်ပေါ်သို့ ရိုက်လျက် ပြောသည်။

“ ဘာသာရေးလုပ်သူတစ်ယောက်က သူတပါးကို ပြုစားတဲ့အတက်ပညာ တက်နေတာကိုး ” “ မဆိုင်ဘူး ဒို့မှာလည်း ဘာသာရေးက ဘာသာရေး၊ ဒါမျိုးက ဒါမျိုးပဲ၊ မင်း .... နားမလည်ပဲကိုး ”

“ ကဲဗျာ ဘကြီးအောင်၊ ကျုပ်နာမည်ကလည်း ဦးအောင်ပါ၊ ကျုပ် ခင်ဗျားကို ဒုတိယအကြိမ် မေတ္တာရပ်ခံတယ်ဗျာ၊ ခင်ဗျား သူ့ကို ပြုစားထားတာတွေ ပြန်နှုတ်ပေးလိုက်ပါ။”

“ ဟား ဟား ဟား ဟား ၊ မင်းလိုမျိုး ငါ့ ပြောတဲ့သူ လေးယောက်ရှိသွားပြီကွ၊ ငါကတော့ သူတို့ကို နှုတ်ပေးမယ်ပြောလိုက်ပြီး ဒတိုင်း ပြန်ခဲ့တာပဲ ဟတ် ဟတ် ဟတ် ၊ အေး မင်းက မေတ္တာရပ်ခံနေတော့လည်း ငါက လုံးဝ မထုတ်ပေးဘူးကွာ ဟား ဟား ဟား ဟား ”
!!!! ဖြောင်း !!! “ မင်းကြိုက်သလောက်ရိုက်ကွာ ” “ ကာယကံရှင်အား လုံးဝ မထိခိုက်စေရ၊ ငါ ခွင့်မပြုပဲ ပူးကပ်ခြင်းမှ ထွက်သွားခြင်း လုံးဝမပြုနိုင်စေရ၊ ကိုယ်စားခံစေခြင်း မပြုနိုင်စေရ၊ ပြုစားသူ ကိုယ်တိုင်ခံစေ ”

!!! ဖြောင်း !!! “ အား !!! ” အဘအောင်မှ လက်ဝါးနှင့် မဖြူ၏ ပါးကို ရိုက်နှက်နေခြင်းဖြစ်သည်။ အမှန်မှာ တစ်ဖက်မှ ၀င်ရောက်ပူးကပ်သူ ပြုစားသူ မှော်ဆရာကြီး ဘကြီးအောင်ကိုသာလျှင် ထိစေတော့၏။ ဒါကို မသိသော မဖြူ၏ အစ်ကိုက “ ဟာ .. အဘ ကျုပ်ညီမတော့ သေပါပြီ အဘရာ တော်ပါတော့ ”

“ မဖြူကို မထိပါဘူးကွယ်၊ စိတ်မပူပါနဲ့ ၊ ထိတာက ပူးကပ်အား မသန်သေးရင် နည်းနည်းထိတယ်၊ အခုလောက် ပူးကပ်အားသန်မှတော့ ….. ခဏနေ မဖြူကိုသာ မေးကြည့် ထိသလားလို့မမေးနဲ့ သိလားလို့မေး ၊ တခါတခါကျတော့ကွာ မေတ္တာနဲ့ မရတဲ့ ဖြစ်ရပ်မျိုးတွေ ဒီလောကမှာ ရှိတယ် မင်းမယုံမရှိနဲ့ ၊ ဒါကို တချို့ ပြုစားသူများက သူတို့လုပ်ထားတာကို ပြန်မနှုတ်တဲ့အပြင် မေတ္တာပို့ပေးရင် နှုတ်ပေးမယ်လို့ လီဆယ်တတ်သေးတယ်၊ ဒါတွေကို နောက်ကြုံတဲ့အခါကျတော့ ပြောပြမယ်” “ ဟုတ် ”

မှော်ဆရာကြီး ဘကြီးအောင်သည် မဖြူ၏ ရုပ်နှင့်စိတ် ၂မျိုးလုံးအား အားအတော်အပြည့်ဖြင့် ပူးကပ် စီးနင်းလျက်ရှိသည်။ ကုပေးသည့် အဘအောင်မှလည်း ဘကြီးအောင်အား မေတ္တာရပ်ခံလို့ မရသည့်အဆုံး မောက်မာရိုင်းပြလွန်းသည့်အဆုံး မဆုံးမချင်ပဲ ဆုံးမနေရလေသည်။ သို့သော် ဘကြီးအောင်ကား မလျှော့။ “ မင်း လုပ်နိုင်တုန်း လုပ်ထားနော … ဒါပေမယ့် ငါ ထုတ်ဘူးကွ၊ ထုတ်ဖို့ လုပ်တာမဟုတ်ဘူး၊ မင်းကြိုက်သလိုလုပ် ရိုက်ကွာ၊ ခံမယ် ”

“ အသားအနာ မခံပါနဲ့မိစ္ဆာ၊ ” “ ဘာကွ !!! မင်း ငါ့ကို မိစ္ဆာလို့ မခေါ်နဲ့၊ ဒါဟာ အတတ်ပညာတစ်ခုကွ၊”
“ သူတပါးကို နှိပ်စက်ကလူပြုတာ မိစ္ဆာစိတ်မဟုတ်ဘူးလားဘကြီးအောင် ” “မင်းရော ငါ့ကို နှိပ်စက်နေတာပဲ မုတ်ဘူးလား ” ခက်ချေပြီ။ မှော်ဆရာကြီး ဘကြီးအောင်က ပယောဂဆရာကြီး ဦးအောင်အား ကတ်ကတ်လန် ရန်တွေ့နေသည်။

“ ကဲ ကြာတယ် ဘကြီးအောင်၊ အင်း ကျုပ်က ဘကြီးအောင်လို့သာ ခေါ်နေတာ တကယ်တော့ ခင်ဗျားနဲ့ ကျုပ် အသက်က မကွာဘူး၊ ဒါ ထားတော့ ၊ ခင်ဗျားထုတ်မှာလား မထုတ်ဘူးလား ” “ ထုတ်ဘူးကွာ မင်းသတ်ချင် သတ်ပလိုက် နောက်ထပ် မမေးနဲ့ ငါ သေရဲတယ်ကွ ” “ စဉ်းစားပါဦး ” “ မစဉ်းစားဘူးဟရောင် ”

“ ဒါဖြင့် ကျုပ်ဖာသာ ထုတ်တာပေါ့လေ၊ ခင်ဗျားကို နှိပ်စက်နေလည်း ကျုပ် မောရုံပေါ့ ၊ အသေခံမယ့်လူဆိုတော့ ”
“ ဟ ဟ မင်းလိုပဲ မင်းရှေ့ကကောင်တွေလည်း ငါ့အဲလို နှိပ်စက်ထှာပဲ။ အဲတုန်းက ငါ့ ဘယ်ထိမတုန်း ခံနွားနဲ့ ခံတာကိုး၊ မင်းကျမှ ငါကိုယ်တိုင်ခံရတော့တာ၊ ဒါပေမယ့်ကွာ မင်းလက်လျှော့လိုက်ပါ၊ မင်း …. ထုတ်လည်း မထုတ်နိုင်ပါဘူး၊ ” “ ကျုပ်မထုတ်နိုင်ဘူးလို့ ခင်ဗျား ဘာကြောင့်ပြောတုန်း”

!!! ဟား ဟား ဟား ဟား !!! ငါသူ့ကို ထမင်းထဲ အပင်းထည့်ကျွေးတာ အခြားလူလို အဝေးကလုပ်တာကို မဟုတ်ဘူး လက်နဲ့ နေ့တိုင်းကို ကိုင်ကျွေးတာကွ မင်းစွမ်းရင် လုပ်လေ၊ ငါကတော့ ထုတ်ဘူး ”
အဘအောင်မှ ဘကြီးအောင်ပူးနေသော မဖြူအား လက်ဝါးနဲ့ ကာပြီးနောက် …
“ ကောင်းပြီ၊ ခင်ဗျား ကျုပ်လက်ဝါးကို ကြည့်စမ်း၊ ဘာမြင်တုန်း ” “ မီးတောက် ” “ ကဲ မီးလို ပူစေကွာ ”

“ ဟ ဟ ၊ မင်းဟာက ပူတော့ ပူတယ်ကွ ဟဟ ဆောင်းတွင်း ချမ်းတာနဲ့တော့ အကိုက်ပဲ ကျေးဇူးပါပဲကွာ ”
“ ကိုင်း … မခံရပ်နိုင်လောက်အောင် ရှားတောမီးလောင်သကဲ့သို့ လူးလှိမ့်ခံရစေ၊ ကိုယ်တိုင်ခံ ” “ အား !!! ”

“ မထုတ်တော့ပါဘူးကွာ ” ဟာ !! … ဟင် ! ဒီလောက်ခံနေရလည်း ခေါင်းမာလှသည့် ဘကြီးအောင်ပါတကား။ သူ၏အိပ်မက်များ ပျက်သုန်းတော့မည်ကို သိသော်လည်း သေချင် သေပစေ၊ မလျှော့ဘူးဆိုသည့် အထဲမှာ မှော်ဆရာကြီး ဘကြီးအောင်က ထိပ်ဆုံးကပါသည်။
…………………………………………………….
ထိုသို့ နည်းပေါင်းစုံဖြင့် နှိပ်စက်သော်လည်း ဘကြီးအောင်မှာ အနာခံပြီး ဘူးခံငြင်းနေသဖြင့် ပယောဂဆရာကြီးဦးအောင်သည်ပင်လျှင် အာခြောက်၍ ခဏနားပြီး ရေနွေးကြမ်းသောက်ရသည်။ သူလည်း နှိပ်စက်ရတာ အတော်ပင်ပန်းနေပြီ။ တစ်ဖက်က ခံရသူ ဘကြီးအောင်ဆိုလျှင် မည်သို့ရှိမည်နည်း။ သို့သော် ဘကြီးအောင်ကား မလျှော့။ မင်းနိုင်တုန်း လုပ်ထားပေါ့ကွာဟုဆိုသေးသည်။ ဆက်နှိပ်စက်နေလျှင်လည်း အကြောင်းထူးမည်မဟုတ် အချိန်ကုန်လူပန်းဖြစ်တော့မည်။ ထို့ကြောင့် ပယောဂဆရာကြီးဦးအောင်သည် ဘကြီးအောင်အား ပြန်ထွက်ရန် အမိန့်ပေး၍ သူလည်း နား၊ ကာယကံရှင် မဖြူလည်း နားရအောင် Half Time ပေးလိုက်လေတော့သည်။






ဆက်လက်စောင့်စားဖတ်ရှူပါရန်

ပ ယော ဂ နှင့် ထူး ဆန်း အံ့ ဖွယ် ဖြစ် ရပ် မှန် များ

မဟာရန်ကုန်စီမံကိန်း အရ မြို့တော် အနှံ့ စီစီတီဗွီ ကင်မရာများ တပ်ဆင်ရန် ထည့်သွင်းလျာထားဟုဆို


JICA နှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အနာဂတ် မဟာရန်ကုန်စီမံကိန်း တွင် ရန်ကုန်တိုင်းဒေသကြီး အ တွင်း ဆင်ခြေ ဖုံးဒေသ ရှိ အချက် ကျသော နေရာများအပါအဝင် အများပြည်သူ များအတွက် လိုအပ် သော စီစီတီဗွီကင်မရာများတပ် ဆင်ခြင်းကို ထည့်သွင်းလျာထား ကြောင်း ရန်ကုန်မြို့တော်ဝန်ဦးလှ မြင့်က ပြောသည်။

နိုဝင်ဘာ ၅ ရက်က ပြု လုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အထူးအစည်းအဝေး တွင် ဒေါပုံမြို့နယ် မဲဆန္ဒနယ်အ မှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးဝေဇင်၏ ဆင်ခြေဖုံးဒေသရှိ အချက် ကျသော နေရာများ၊ မီး ပွိုင့်များ၊ လမ်းဆုံများ ၊ ကျောင်း များတွင် စီစီတီဗွီကင်မရာများ တပ်ဆင်ပေးရန် အစီအစဉ်ရှိမရှိ နှင့်ပတ်သက် ၍ မေးခွန်းကို ဖြေ ကြားရာတွင် ထည့်သွင်းဖြေကြား ခဲ့ခြင်းဖြစ်သည်။

မြို့တော်ဝန် ဦးလှမြင့်က ''ဆင်ခြေဖုံးဒေသရှိ အချက်ကျ သော နေရာများ၊ မီးပွိုင့်များ၊ လမ်း ဆုံများ၊ ကျောင်းများတွင် စီစီတီဗွီ ကင်မရာများ တပ်ဆင်ခြင်းကို JICA နှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် အနာဂတ်မဟာ ရန် ကုန်စီမံကိန်းမှာ အဆင့်လိုက်တပ် ဆင်ပေးသွားရန် လျာထားပါတယ်'' ဟုဖြေသည်။

ယင်းမေးခွန်းနှင့် ပတ်သက် ၍ ရန်ကုန်တိုင်းဒေသကြီး လွှတ် တော်ကိုယ် စားလှယ် ဦးဝေဇင်က မေးမြန်းရာတွင် ရန်ကုန်မြို့သည် တိုင်းပြည်၏ GDP အချိုးအရ သာမက နိုင်ငံ၏အဓိကစီးပွားရေး မြို့တော်ဖြစ်ကာ နိုင်ငံတကာမှ စီးပွားရေး လုပ်ငန်းရှင်များနှင့် ကမ္ဘာလှည့်ခရီးသွားများပါ အဝင် အထွက်များသော မြို့တော်ဖြစ် ကြောင်း၊ လက်ရှိအချိန်တွင်လည်း စီစီတီဗွီကင်မရာများကို မြို့၏ မီးပွိုင့်များ၊ စီးပွားရေး၊ ကုန်သွယ် ရေး အဆောက်အအုံများနှင့် အများပြည်သူများ ဝင်ထွက်သွား လာမှုများသော ဈေးဝယ်စင်တာ များ အပါအဝင် အခြားနိုင်ငံတော် နှင့် သက်ဆိုင်သောလုံခြုံရေးကိစ္စ များဆောင်ရွက်ရာတွင် တပ်ဆင် အသုံးပြုထားသောကြောင့် ခိုးမှု၊ လုယက်မှုအပါအဝင် အခြားလုံ ခြုံရေးကိစ္စများတွင် များစွာအ ထောက်အကူဖြစ်လျက်ရှိသည့် အတွက် ဆင်ခြေဖုံးဒေသရှိ အချက် ကျသောနေရာများ၊ မီးပွိုင့်များ၊ လမ်းဆုံများ၊ ကျောင်းများတွင် စီ စီတီဗွီကင်မရာများ တပ်ဆင်ပေး ရန် အစီအစဉ်ရှိ မရှိ မေးမြန်းခဲ့ ခြင်းဖြစ်သည်။

Yangon Media Group

Thursday, November 7, 2013

ယခုနှစ် တန်ဆောင်မုန်း လပြည့်ည မြန်မာနိုင်ငံ၌ အမှန် တကယ် ဆေးပေါင်း ခ မည်


 ယခုနှစ် တန်ဆောင်မုန်းလပြည့်ည တွင် မြန်မာနိုင်ငံ ၌ အစစ်အမှန်ဆေး ပေါင်းခမည်ဖြစ်ပြီး ရန်ကုန်မြို့ အပါအဝင် မြို့ကြီးခြောက်မြို့၌ ဆေးစွမ်းပိုထက်နိုင်မည် ဖြစ် ကြောင်း နက္ခတ်သိပံ္ပအဖွဲ့မှအမှု ဆောင်အရာရှိချုပ် ဦးဇေယျာကို က ပြောသည်။

လာမည့် နိုဝင်ဘာ၁ရရက် တွင် ကျရောက်မည့် တန်ဆောင် မုန်းလပြည့်နေ့ တွင် စစ်မှန်သည့် ဆေးပေါင်းခမှုဖြစ်စဉ် ဖြစ်ပေါ် မည်ဖြစ်ပြီး လဖြတ် လမ်းကြောင်း တွင် တည်ရှိနေ သည့်ရန်ကုန်မြို့ အပါအဝင် သထုံ၊ ဘားအံ၊ သုံးခွ၊ မအူပင်နှင့် ပုသိမ်မြို့တို့၌ ပိုမို ဆေးစွမ်းထက်မည်ဖြစ်ကြောင်း သိရသည်။

''တန်ဆောင်မုန်းလပြည့် ညတိုင်း ဆေးပေါင်းမခဘူး။ ၁၂ လရာသီ မှာ မြန်မာနိုင်ငံအပေါ် ကို လဖြတ်တဲ့အချိန်၊ မြန်မာ ပြည်ဧရိယာ အတွင်း လဖြတ်တဲ့ အချိန်မှာ ဆေးပေါင်းခတယ်။ ဒီ နှစ်မှာတော့ မြန်မာပြည် ရန်ကုန် မြို့ပေါ် တည့်တည့်မှာ လဖြတ် မယ်။ လဖြတ်လမ်းကြောင်းပေါ် မှာရှိနေတဲ့မြို့တွေမှာ ဆေးဖက် ဝင် မဲဇလီဖူးတွေ သုပ်စားရင် ပိုဆေးဖက်ဝင်နိုင်ပါတယ်။ ဆေး ဝါးဖော်စပ်တဲ့သူတွေအနေနဲ့ အဲဒီ မြို့တွေကို သွားဖော်ရင် ဆေးစွမ်း ပိုထက်ပါမယ်''ဟု ဦးဇေယျာကို က ထပ်မံပြောသည်။

တန်ဆောင်မုန်းလပြည့်နေ့ များ၌ လမင်းသည် ကြတ္တိကာ နက္ခတ်ဖြင့် ပူးယှဉ်မှသာ အစစ် အမှန်ဆေးပေါင်းခသည့် ဖြစ်စဉ် အဖြစ်သတ်မှတ်နိုင်ပြီး တနင်္ဂနွေ ဂြိုဟ်ခေါ် နေမင်းဗြိစ္ဆာရာသီ နှင့် တနင်္လာဂြိုဟ်လမင်းပြိဿ ရာသီ၌ တည်ရှိမှသာ ဆေးပေါင်း ခသော တန်ဆောင်မုန်းညအဖြစ် သတ်မှတ်နိုင်သည်။ ယခုနှစ်တွင် တန်ဆောင်မုန်းလပြည့် နက္ခလ ပြည့်ချိန်သည် မြန်မာစံတော်ချိန် ည၉နာရီ၄၆မိနစ်ဖြစ်ပြီး ယင်း အချိန်တွင် လမင်းသည် အင်ဒို နီးရှားနိုင်ငံ အရှေ့မြောက်ပစိဖိတ် သမုဒ္ဒရာအတွင်း တည်ရှိနေမည် ဖြစ်ကာ ညသန်းခေါင်ယံအချိန် တွင် လပြည့်ဝန်းကြီးသည် ရန်ကုန် မြို့ပေါ်မှ ဖြတ်သန်းသွားမည်ဖြစ် သည့်အတွက် ဆေးဖက်ဝင် မဲ ဇလီအား သုံးဆောင်နိုင်မည်ဖြစ် သည်။

''လပြည့်ညမှာ သုပ်စားတဲ့ မဲဇလီဖူးသုပ်က ဆေးဖက်ဝင် တယ်။ ကျေးလက်တော ရွာတွေမှာ နေတဲ့သူတွေဆိုရင် လပြည့်နေ့ လရောင်ကျထားတဲ့ မဲဇလီဖူး တွေကို ခူးသင့်ပါတယ်။ လရောင် ထိထားတဲ့ မဲဇလီတွေကဆေး ပေါင်းခပြီး ဆေးစွမ်းထက်ပါတယ်။ မြို့မှာ နေတဲ့သူတွေဆို ရင်တော့ လပြည့်ညမတိုင်မီ ခူးထားတဲ့ မဲ ဇလီဖူးတွေကို လပြည့်ညနက္ခတ် စုံချိန်ကျမှာ ရေနွေးဖျောပြီး သုပ် စားသင့်ပါတယ်။ နက္ခတ်စုံချိန် နှစ်ချိန်ရှိပါတယ်။ လပြည့်နေ့ ည၉နာရီ၁၆မိနစ်နဲ့ လပြည့်နေ့ သန်းခေါင်ယံအချိန်မှာ မဲဇလီ ဖူးသုပ်ကို သုံးဆောင်သင့်ပါတယ်'' ဟုယင်းက ဆိုသည်။

ဆေးပေါင်းခချိန်တွင် မဲ ဇလီဖူးသုပ်စားခြင်းဖြင့် အသက် ရှည်ပြီး အနာရောဂါကင်းမဲ့စေ နိုင်ကြောင်း၊ မဲဇလီရွက်သည် နတ်ပြည်တွင် နတ်သက်ရှည်ရန် စားလေ့ရှိသည့် မဉ္ဇူသကနတ် ပန်း နှင့်ဆင် တူသောကြောင့် မဲဇလီ ရွက်များကို စားသုံးခြင်းဖြင့် အ သက်ရှည်၊ အနာကင်းနိုင်ကြောင်း ရှေးသူဟောင်းတို့မှ အကြံပြုခဲ့သ ဖြင့် ယင်းဓလေ့မှာ ယနေ့တိုင် ထွန်းကားနေဆဲဖြစ်ကြောင်း သိ ရသည်။

Yangon Media Group

Wednesday, November 6, 2013

ဆင်လောက်ဝစေသူများကို ပိန်စေသောဆေးနည်း


ယနေ့ ခေတ်မှာ လူတွေအတွက် စိန်ခေါ်မှုတစ်ခုကတော့ အတိုင်းအတာတစ်ခုထက် ၀လာကြခြင်း
ပင်ဖြစ် ပါသည်။စားသောက်သော အစာများကြောင့်လည်းကောင်း၊ဆေးဝါးများကြောင်း လည်းကောင်း၊ပါစက၀မ်းမီးကျဆင်းမှုကြောင့်လည်းကောင်းကိုယ်လက်လှုပ်ရှားမှု နည်းလာကြခြင်းကြောင့်လည်းကောင်း၊စသောအကြောင်းခြင်းရာများစွာတို့ ကြောင့် အဆီတိုးလာနေကြပါသည်။
မည်သည့်အကြောင်းများကြောင့်ဝလာသည်ဖြစ်ပါစေ ပထမဦးစွာအစာကြေညက် ၀မ်းမီးကောင်းစေရန် ပြုပြင်ပေးရန်လိုအပ်လှပါသည်။ဒုတိယအနေနှင့်အသင့်တော်ဆုံးသော   ဆေးဝါးကိုပုံမှန်မှီဝဲပေးရန် လိုအပ်မည်ဖြစ်ပါသည်။အစာကြေညက်စေ၇န် အစားအသောက်   ရွေးချယ်စားသုံးခြင်း၊၀မ်းမီးကို ပျက်စိးစေသောဆေးဝါးများစားသုံးခြင်းမှ ရှောင်ခြင်း ကိုယ်လက်လှုပ်ရှားမှုများပြုလုပ်ပေးခြင်းတို့ ကို   ပြုလုပ်သင့်ပါသည်။
ဆေးဝါးအနေနှင့် စရကသံဟိတာကုထုံးကျမ်းကြီးမှ ဆေးနည်းတစ်ခုကိုဖော်ပြပါမည်။
ရေငါးပုလင်းကို တစ်ပုလင်းကျန်အောင် မြေအိုးတွင်ထည့်၍ ထင်းမီးဖြင့် ကျိုချက်ပါ။
၎င်းကို ကြွေခရား၊ဖန်ပုလင်းတို့ နှင့်သိမ်းဆည်းပါ။ရေခဲသေတ္တာ၊ဓါတ်ဘူးတို့ နှင့်မသိမ်း
ဆည်းရပါ။၎င်းရေလေးဆတွင် ပျားရည်စစ်စစ် တစ်ဆထည့်၍ သောက်ပါ။ရေအစား
အဖျော်ရည်အစား ၄င်းကိုသာ သောက်ပေးခြင်းဖြင့် ဆင်ကဲ့သို့ ဝသောသူသည် ပိန်လာ
လိမ့်မည်ဟု ဖော်ပြထားပါသည်။
ပျားရည်သည် သွေးဝ၊လေ၀၊အဆီဝ အားလုံးအတွက် သင့်တော်လှပါသည်။သွေးအညစ်
အကြေးကို သန့် ရှင်းလျှော့ပါးစေတတ်ပါသည်။အသားထဲမှ အငုပ်အခိုးအမျိုးမျိုးကို
ပယ်ထုတ်နိုင်ပါသည်။အလွန်ဝနေသော သူငယ်ချင်းများအတွက် ဆေးနည်းကောင်းတစ်ခု
ရှာတင်ပေးလိုက်ပါသည်။
ကျမ်းကိုး
သဘာဝဆေးပညာနှင့် အိုနာသေမှုဝေးအောင်ပြုစို့ ———————မှ(ဆရာဦးဆက်ထွန်းလင်း)

စမုန်စပါး အာနိသင်



တောင်ပေါ်ဒေသ အမြင့်ပေ ၆၀၀၀ ထိပေါက်ရောက်နိုင်သည်။
အပူပိုင်း ဒေသတွင် သာမက အအေးပိုင်းဒေသတွင်ပါ ပေါက်ရောက်သည်။
အအေးပိုင်းဒေသတွင်နှစ်ရှည်ခံပင်ဖြစ်သည်။
ပေါက်ရောက်ပုံ
စိုက်ပျိုးပင် အဖြစ် ပေါက်ရောက်သည်။

စိုက်ပျိုးပုံ-

(က) ပျိုးထောင်စိုက်ပျိုးခြင်း
စမုန်စပါးပင်များကို တစ်ပင်နှင့် တစ်ပင် ၁ပေကွာ လေးကွက်ကျား စိုက်ပျိုးရသည်။ စိုက်ပျိုးမှုလွယ်ကူရန် ထွန်သွားကို ၁ ပေ ခြား၍ လေးကွက် ကျား ကြောင်း ဆွဲပြီး ၎င်းတို့ ဆုံသော နေရာများတွင် မျိုးစေ့ ၄ စေ့ခန့် ထည့်လျက် ကြမ်းတုံးဖြင့် မြေညှိပေးရသည်။

(ခ) ထိန်းသိမ်းပြုစုခြင်း
စိုက်ပျိုးထားသော စမုန်စပါးပင်များအား ပေါင်းပင်များ မဖုံးလွှမ်းနိုင်စေရန် အချိန်မီ ကြားပေါင်းထွန်လိုက်ခြင်း ၊ ပင်ခြေတွင် ပေါင်းရှင်း ပေးခြင်း ၊ မြေဆွပေးခြင်းများ ပြုလုပ်ပေးရပါသည်။

(ဂ) ရိတ်သိမ်း ဆွတ်ခူးခြင်း
တပို့တွဲလအတွင်း ရိတ်သိမ်း၍ ပင်ခြေမှ တံစဉ်ဖြင့် ရိတ်ယူပြီး တလင်းတွင် စုပုံ၍ အခြောက်လှန်းရသည်။

(ဃ) ပြုပြင် ထုတ်လုပ်ခြင်း
အသီးခြွေရာတွင် နွားဖြင့် ခြွေပါက မျိုးစေ့ များ ကွဲကြေနိုင်သဖြင့် စုပုံကာ တုတ်ဖြင့် ရိုက်ပြီး ခြွေယူရ၏ ။ ရရှိသော စမုန်စပါးမျိုးစေ့များကို အခြောက်ထားရသည်။

 အပင်
အပင်ငယ်မျိုးဖြစ်၍ အမြင့် ၃ပေခန့် ထိ မြင့်သည်။ ပင်လုံးသေး၍ အခေါင်းပါသည်။ ရိုးတံမှ အကိုင်း အခက် ကလေးများ ထွက်၏ ။

အရွက်
အရွက်နူးညံ့ပြီး သေးမွှားသော အမျှင်ကလေးများ ဖြစ်ကြ၏ ။ မွှေးကြိုင်သော အနံ့ရှိသည်။

အပွင့်
သေးငယ်၍ အ၀ါရောင်ရှိသည်။ ထီးပုံသဏ္ဍာန် ပန်းခိုင် တွင်ပွင့်၏။

အသီး
အနှံကလေးများသဖွယ် အသီးကလေးများ စုပြုံသီးကြသည်။ ဥသဏ္ဍာန်ရှိ၏ ။ အစေ့သည် စိမ်း၍ ကြာသော် ၀ါသွား၏။ အစေ့မွှေးကြိုင်သော အနံ့ရှိသည်။

       အာနိသင်
မြန်မာဆေးကျမ်း များ အလိုအရ စမုန်စပါးသည် ပူ၏ ၊ အစာကို ကြေညက်စေ၏ ။ လေ ၊ သလိပ် ၊ သွေးကို ဖြောင့်စေ၏ ၊ ညီမျှစေ၏ ။ နှလုံးကို အကျိုးပြု၏ ။ ၀မ်းမီး နုံ့ခြင်း ကို ပျောက်ကင်း စေတတ်၏ ။ လေအားကြီး သောအနာ ၊ အတွင်းပူနာ ၊ ရေငတ်နာတို့ကို နိုင်၏ ။
အသုံးပြုပုံ-
အစေ့

၁ ။ စမုန်စပါးကို အဆီထုတ်၍ အနောက်နိုင်ငံ ဆေးဝါး များတွင် လေဆေးအဖြစ် အသုံးပြု၏ ။
၂ ။ စမုန်စပါးကို စားသုံးခြင်းဖြင့် သလိပ် ၊ လေကို ပယ်၍ ချောင်းဆိုးခြင်း ၊ အန်ခြင်းတို့ကို ပျောက်ကင်း စေနိုင်၏ ။
၃ ။ အဖျားကြီး ၊ အပူကြီး သော် စမုန်စပါးကို ညဦးက စိမ်၍ နံနက် တိုက်ပေးခြင်းဖြင့် အပူရှိန် လျော့၍ အဖျားကျသွားမည်။
၎ ။ ကလေးများ အစာမကြေရောဂါ အတွက် စမုန်စပါးကို ရေနွေးဖြော၍ တိုက်သော် အစာမကြေ ၀မ်းဗိုက်ရောင် ရောဂါ ပျောက်ကင်း၏ ။
၅ ။ ဥသျှစ်သီးကင်းနှင့် စမုန်စပါးကို ရောထောင်း၍ သောက်လျှင် အစာမကြေ ၀မ်းရောဂါပျောက်ကင်း ၏။
၆ ။ စမုန်စပါးနှင့် သကြားကို ဆတူရော၍ ညအိပ်ရာဝင်သောက်သော် မျက်စိကြည်လင်သည်။

အရွက်
၁ ။ အရွက်ကို အရည်ညှစ်၍ သောက်လျှင် ဆီးချုပ် ၊ ဆီး အောင့်ပျောက်၍ ဆီးကောင်းစေသည်။

Herbalmyanmar

ရှားစောင်းလက်ပပ်အစွမ်း သတ္တိ



အပူပိုင်း ဒေသများ တွင် ပေါက်ရောက် သည်။ သဘာဝ အလျောက် အလေ့ကျ ပေါက်ရောက် သည်။ ဆေးဖက် ၀င် အဖြစ်လည်း ပန်းအိုး များ ဖြင့် သော်လည်း ကောင်း ၊ မြေတွင် ချ၍ သော် လည်း ကောင်း ပြုစု စိုက်ပျိုး ထား နိုင်သည်။

  -အရည်ရွှမ်းသော နှစ်ရှည်ခံ ပင်ပျော့မျိုး ဖြစ်သည်။ အရည်ရွှမ်းသော အပင်ရင်းမှ စုပြုံ၍ ဖြာထွက်သည်။ အပေါ် မျက်နှာပြင်သည် အနည်းငယ် ခွက်သည်။ ရွက်ထိပ်ချွန်၍ ရွက်နားတွင် ဆူးကလေးများ ရှိသည်။
အပင်
-အရည် ရွှမ်းသော ပင်ပျော့ ပင်ငယ် မျိုး ဖြစ်၍ အမြင့် ၁ ပေ မှ ၁၁/၂ ပေ ထိ မြင့်၏ ။ ပင်စည်လုံး သတ်သတ် မရှိဘဲ အပင်ရင်း မှ အရွက်များ ၅ ခု ၆ ခု ဖြာ လျက် ထွက်သည်။
အရွက်
- အပေါ် အခွံ အစိမ်းနုရောင် ရှိပြီး အတွင်း၌ ကျောက်ကျော ကဲ့သို့ ပျစ်ချွဲ သော အရည်အသား များ ပြည့်လျက် ရှိသည်။ အလျား နှစ်တောင် မျှ ရှည်၍ အနံ လေးလက်မ ၊ အထူ ၁ လက်မ ၂ လက်မ ထိ ထူ၏ ။ ရွက်နား ပတ်လည် ဆူးကလေး များ ခြား ၍ ရှိသည်။
အပွင့်
- ၃-၄ နှစ်သား အရွယ် ရှိသော အပင်တွင် ရှည်လျား သော ပန်းခိုင် ထွက်လာပြီး နီဝါရောင် ပန်းပွင့် လေးများ ပန်းခိုင် ထိပ်တွင် စုပြုံ ပွင့်၏ ။

   -မြန်မာ ဆေးကျမ်းများ အလိုအရ ရှားစောင်းလက်ပပ် သည် အေး ခါး သော အရသာ ရှိပြီး လေကို နိုင်၏။ အားကို ဖြစ်စေသော အစွမ်း သတ္တိ ရှိသည်။

အသုံးပြုပုံ-
အရွက်
၁။ ရှားစောင်း လက်ပပ်သည် မီးယပ် ဆေးအဖြစ် အလွန် ထင်ရှား ၏ ။ ရှားစောင်း လက်ပပ် အတွင်း သားကို ပေါက်ပင် ပဉ္စငါးပါး မီးရှို့ ၍ ရသော ပြာကို ချက်သည့် ဆားအနည်းငယ် ဖြူးစားသော် မီးယပ်သွေး စင်ကြယ် စွာဆင်း၏။

၂။ရှားစောင်း လက်ပပ်သည် အနာ စိမ်း ၊ ဖျဉ်းစွဲ ရောဂါ ၊ အသည်း ရောဂါ ၊ အရေပြား ရောဂါ ၊ အဖျား ရောဂါ ၊ ပန်းနာ ၊ နူနာ ၊ ကိုယ်ရေ၀ါ ရောဂါ ၊ ဆီး၌ ကျောက်တည် သော ရောဂါများ ကို အလွန် နိုင်နင်းသော ဆေးပင် ဖြစ်သည်။

၃။ ၎င်း သည် လိမ်းဆေး အဖြစ်နှင့် လည်းကောင်း အလွန် စွမ်းရည် ရှိသော ဆေးပင် ဖြစ်၍ ၎င်း ၏ အတွင်း သားကို ၀မ်းဗိုက် ကပ်၍ အုံပေး ပါက သွေးလုံး လေလုံး များကို ပြင်ပသို့ ထုတ်ဆောင် နိုင်၏ ။

၎။၎င်း ၏ အတွင်းသား ဖြင့် မျက်စိ ကို အုံပေး ပါက မျက်စိနာ ခြင်း ၊ ကိုက်ခြင်း ၊ ပူစပ်ခြင်း ပျောက်၏ ။

၅။ရှားစောင်း လက်ပပ် အတွင်းသား ကို အရည်ညှစ် ပြီး မီးနွေး နွေး ပြု၍ နားတွင်းသို့ ခတ်ပေး က နားကိုက် နားနာ လျင်မြန်စွာ ပျောက်ကင်း ၏။

၆။ ခြေလက် တို့တွင် ပေါက်သော အကျိတ်နာ သွေးစု နာ များ ပေါ်တွင် ရှားစောင်း လက်ပပ်ကို စည်းပေး ထားပါက အကျိတ်ကြေ ၍ ပြည်ပေါက် မြန်ပြီး ငန်းမန်း ကျစေသည်။

၇။ ကိုယ်ရေ၀ါ (Jaundice) ရောဂါ ရှိသူ များ အရွက်သား ကို စားပါက ဆီးဝမ်းသက် ပြီး ရောဂါ လည်း ပျောက်၏။

၈။ အရွက် အတွင်းသား ကို အပေါ်မှ နနွင်း မှုန့် ဖြူး၍ မျက်စိ တွင် အုံပေးလျှင် မျက်စိနာ ခြင်း ၊ ကိုက်ခြင်း ၊ ပူစပ်ခြင်း များ ပျောက်ကင်း၏။

၉။ အတွင်းသား ကို လက်ချား မီးဖောက် အမှုန့် အနည်းငယ် ဖြူး၍ စားလျှင် ရေဖျဉ်း ရောဂါ ပျောက်ကင်း ၏။

၁၀။ ရှားစောင်း လက်ပပ် အနှစ်ကို ခြစ်ယူ၍ ဆန်ဆေး ရည်တွင် စိမ်ပြီး လျှင် သကြား ထည့်သောက် ပါက ဆီးပူ၊ ဆီးအောင့် ၊ ဆီးထိုးခြင်း ပျောက်ကင်း သည်။

Herbalsmyanmar

မယ်စင်္ကြာဝဠာပြိုင်ပွဲမှာ ထိပ်ဆုံး ၁၆ ယောက်စာရင်း အရွေးမခံရ သည့် Miss Myanmar မိုးစက်ဝိုင် ၏ ပြိုင်ပွဲဝင် ဓာတ်ပုံများ




















မြ၀တီ

တစ်ချိန်က မြန်မာနိုင်ငံကို ဒီလူတွေ စိုးမိုးခဲ့တယ်



ကုန်းဘောင်မင်းဆက်၏ နောက်ဆုံးမင်းဖြစ်သော သီပေါမင်း၏ မျိုးရိုးစဉ်ဆက်နှင့် မိဖုရားများ၊ သားတော် သမီးတော် မြေးတော်များအကြောင်း ဖော်ပြချက်အကျဉ်း -
မိဘမျိုးရိုးစဉ်လာ
(၁) ဖခင် မင်းတုန်းမင်း

(၁) ဖခင် မင်းတုန်းမင်းသည် တတိယနိုင်ငံတည် အလောင်းမင်းတရားကြီးမှ တိုက်ရိုက်ဆင်းသက်လာသော မင်းမျိုးဖြစ်သည်။ အလောင်းမင်းတရား+ (မိဖုရားခေါင်ကြီး) ခင်ယွန်းစံ (တို့၏သားတော်) - ဗဒုံမင်း + (မြောက်နန်းမိဖုရား-၁) ဒေါ်လွန်းသူ (တို့၏သားတော်) - အိမ်ရှေ့မင်းသား ဦးပေါ် + (ဗဒုံမင်း၏ မိဖုရားခေါင်ကြီး ဒေါ်လွန်းမယ် မှ မွေးဖွားသော) မိဖုရား ဒေါ်ကေ (တို့၏သားတော်) - သာယာဝတီမင်း + (ပုဂံမြို့သူကြီးသမီး) ပဒေသာတိုက်စား မိဖုရား (ကျောက်မော်မြို့စား) တို့မှ ၅-၇-၁၈၁၄ နေ့တွင် မင်းတုန်းမင်းအား မွေးဖွားခဲ့သည်။ ၁-၁၀-၁၈၇၈ နေ့ အသက်(၆၄)နှစ် အရွယ်တွင် နတ်ရွာစံသည်။ မင်းတုန်းမင်း (ဦးလွင်)တွင် မိတူဖတူ မွေးချင်းအရင်းအဖြစ်

ညီတော်အိမ်ရှေ့စံ ကနောင်မင်းသား (ဦးကောက်)

ညီတော်အိမ်ရှေ့စံ ကနောင်မင်းသား (ဦးကောက်) တစ်ဦးတည်းသာ ရှိသည်။ ကနောင်မင်းသားမှာ ၅-၉-၁၈၁၉ နေ့တွင် မွေးဖွားပြီး ၂-၈-၁၈၆၆ နေ့ မြင်ကွန်းမြင်းခုံတိုင် ပုန်ကန်မှု အရေးတွင် သေဆုံးခဲ့သည်။


 (၂) သီပေါမင်း၏ မိခင်မှာ (သီရိမဟာမင်္ဂလာသုပဘာဒေ၀ီဘွဲ့ခံ) လောင်းရှည်မြို့စား မိဖုရားဖြစ်သည်။ လောင်းရှည်မိဖုရား၏ ဖခင် ဦးမှေးမှာ ဗဒုံမင်း၏ သားတော် (အိမ်ရှေ့မင်းသား) ဦးပေါ် + မိဖုရား နန်းမွေးခန်း တို့မှ မွေးဖွားခဲ့သောကြောင့် မင်းမျိုးပင်ဖြစ်သည်။ ဦးမှေးသည် စစ်ကိုင်းမင်းလက်ထက်တွင် သတိုးမင်းရဲ ကျော်စွာဘွဲ့ဖြင့် ရမ္မာဝတီမြို့စားဖြစ်ခဲ့ပြီး အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲအပြီးတွင် သီပေါမြို့စား ဖြစ်လာခဲ့သည်။ မင်းတုန်းမင်း လက်ထက်တွင် ချွန်းတောင်မြို့စား မိုးနဲဗိုလ်မှူးအဖြစ် အမှုထမ်းရသည်။

လောင်းရှည်မိဖုရား၏ မိခင် မယ်အိ မှာ ဟံသာဝတီဆင်ကြားရှင်၏ အဆက်အနွယ်ဖြစ်သည်။ မြေဒူးမင်း ဇင်းမယ်ကို တိုက်ခိုက်အောင်မြင်သည့်အခါ ဇင်းမယ်သို့ ရောက်ရှိနေသော ဆင်ကြားရှင်သည် နေပြည်တော်သို့ ပြန်လည်လိုက်ပါလာခဲ့သည်။ ဆင်ကြားရှင် ၏သမီး ရှင်အောင်လံ သည် စစ်သူကြီး ဒလပန်း၏ညီ ပုတ္တကျော်နှင့် စုံဖက်ရာမှ ရှင်ပုဇွန် ကိုမွေးဖွားသည်။ ရှင်ပုဇွန်သည် ညောင်ရမ်းမြို့စား စကြာဝန်ကြီး ဦးမြတ်ရာနှင့် လက်ဆက်ရာမှ လောင်းရှည်မိဖုရား၏ မိခင် မယ်အိကို မွေးဖွားသည်။ လောင်းရှည်မိဖုရားကို ဦးမှေး+မယ်အိ တို့မှ ၁၈၁၅ ခုနှစ်တွင် မွေးဖွားပြီး ၁၈၈၁ ခု၊ ဇွန်လတွင် မန္တလေးမြို့၌ ကွယ်လွန်ခဲ့သည်။ မွေးချင်းများမှာ ခေါင်းတုံးမြို့စား ဦးဖိုးကြီးနှင့် မင်းဂါမဏိ တို့ဖြစ်ကြသည်။

သီပေါမင်း၏မွေးချင်းမောင်နှမများ

(၁) (သုသီရိပဘာဝတီဘွဲ့ခံ) ချွန်းတောင်းမင်းသမီး (အချို့ဖော်ပြချက်တို့တွင် ချွန်းတောင်းမင်းသမီး မပါဝင်ပဲ သီပေါမင်း၏မွေးချင်းကို ၃-ဦးသာ ရေတွက်ပြသည်။)

(၂) (သုသီရိရတနာဒေ၀ီဘွဲ့ခံ) မိုင်းခိုင်းမင်းသမီး (ပခန်းကြီးစုဖုရား)
- ၁၉၅၇ ခုတွင် မွေးဖွားသည်။ သီပေါမင်း ပါတော်မူပြီးနောက် အင်္ဂလိပ်တို့ ခန့်အပ်သော သီပေါစော်ဘွား စောခွန်ဆိုင်နှင့် စုံဖက်ခဲ့သည်။ မန္တလေးမြို့၊ ဆိုင်းတန်းရပ်တွင် နေထိုင်ခဲ့ပြီး ၇-၃-၁၉၁၁ နေ့တွင် ကွယ်လွန်သည်။ (သာသမီး မထွန်းကားဟု ဆိုသည်။)

(သီရိမဟာဓမ္မရာဇာဘွဲ့ခံ) သီပေါမင်းသား



(၃) (သီရိမဟာဓမ္မရာဇာဘွဲ့ခံ) သီပေါမင်းသား - ၁-၁-၁၈၅၉ နေ့တွင် မွေးဖွားပြီး အမည်ရင်းမှာ ဦးမျိုးဆက် ဖြစ်သည်။ စာပေထူးချွန်၍ အနေအထိုင် အေးဆေးတည်ငြိမ်သည်။ အသက်(၁၆)နှစ်အရွယ်တွင် ရှင်သာမဏေ ၀တ်ခဲ့ပြီး ပထမကျော်စာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့သည်။ ၂-၁၀-၁၈၇၈ နေ့တွင် ရတနာပုံထီးနန်းအား ဆက်ခံခဲ့ပြီး နန်းစံသက် (၇)နှစ်ခန့်တွင် အင်္ဂလိပ်တို့ မြန်မာနိုင်ငံကို အပြီးတိုင်သိမ်းယူခဲ့သဖြင့် ၃၀-၁၁-၁၈၈၅ နေ့တွင် ထီးနန်းမှ ဆင်းခဲ့ရသည်။ အင်္ဂလိပ်တို့သည် သီပေါမင်းနှင့် မိသားစုအား အိန္ဒိယနိုင်ငံသို့ ခေါ်ဆောင်ခဲ့ရာ ၁၅-၁၂-၁၈၈၅ နေ့တွင် မဒရပ်မြို့သို့ ရောက်ရှိခဲ့သည်။ မဒရပ်စံအိမ်တော်၌ (၁၅)နှစ်ခန့် နေထိုင်ခဲ့ပြီး ၁၃-၁၁-၁၉၁၀ နေ့တွင် ရတနာဂီရိသို့ ပြောင်းရွှေ့ခဲ့ရသည်။ ၁၂-၁၂-၁၉၁၆ နေ့တွင် ရတနာဂီရိစံအိမ်၌ နတ်ရွာစံခဲ့သည်။

(၄) (သီရိသုရုဇာဝတီဘွဲ့ခံ) ပြောင်းပြာမင်းသမီး (မိတ္ထီလာစုဖုရားလေး) - ၁၉-၅-၁၈၆၀ နေ့တွင် မွေးဖွားပြီး ဦးကျော်လိမ်းမောင်မောင် နှင့်စုံဖက်ကာ သမီးတစ်ဦးမွေးဖွားခဲ့သည်။ ၁-၆-၁၈၉၆ နေ့တွင် ကွယ်လွန်သည်။

သီပေါမင်း၏မိဖုရားများ

သီပေါမင်း၏ မိဖုရား(၃)ပါးလုံးမှာ မင်းတုန်းမင်းနှင့် အလယ်နန်းမိဖုရား ဆင်ဖြူမရှင်တို့မှ မွေးဖွားသော သမီးများသာ ဖြစ်ကြသည်။

(၁) (သီရိသုရတနာ မင်္ဂလာဒေ၀ီဘွဲ့ခံ) မိုင်းနောင်စုဖုရားကြီး -
၂၆-၂-၁၈၅၄ နေ့ တွင် မွေးဖွားသည်။ သီပေါမင်းပါတော်မူပြီးနောက် မိခင် ဆင်ဖြူမရှင် နှင့်အတူ ထားဝယ်မြို့သို့ လိုက်ပါနေထိုင်ခဲ့ရသည်။ ထို့နောက် ၁၈၈၈ ခုတွင် မိခင်နှင့်အတူ သီပေါမင်းရှိရာ ရတနာဂီရိသို့ အပို့ခံရပြီး (၁)နှစ်ခန့်အကြာတွင် ရန်ကုန်သို့ ပြန်လည်နေထိုင်ခွင့် ရခဲ့သည်။ ဆင်ဖြူမရှင်သည် ရန်ကုန်မြို့၊ စမ်းချောင်းရပ်၊ ရှင်စောပုလမ်းတွင်ပင် သေသည် အထိ နေထိုင်ခဲ့ပြီး မိုင်းနောင် စုဖုရားကြီးမှာမူ သီလရှင်ဝတ်ကာ မင်းကွန်းချောင်တွင် တရားအားထုတ် နေခဲ့သည်။ ၂၅-၁၁-၁၈၉၈ နေ့ (၁၉၀၀-ပြည့်နှစ်ဟုလည်းဆိုသည်) တွင် သီလရှင်ဝတ်ဖြင့် ကွယ်လွန် ခဲ့သည်။ (သားသမီးမထွန်းကားပေ)

(၂) (သီရိသုပသာရတနာဒေ၀ီဘွဲ့ခံ) မြတောင် စုဖုရားလတ်

- ၁၃-၁၂-၁၈၅၉ နေ့ တွင် မွေးဖွားသည်။ ပါတော်မူစဉ် သီပေါမင်းနှင့်အတူ အိန္ဒိယနိုင်ငံ၊ ရတနာဂီရီသို့ လိုက်ပါခဲ့ရပြီး သီပေါမင်း နတ်ရွာစံပြီးနောက် ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ချာချီလမ်း (ကိုယ့်မင်းကိုယ်ချင်းလမ်း) အမှတ်(၂၃) စံအိမ်တွင် နေထိုင်ခဲ့ရာမှ ၂၄-၁၁-၁၉၂၅ နေ့တွင် ကွယ်လွန်သည်။ (သား ၁ ဦး သမီး ၆ ဦး မွေးဖွားခဲ့ပြီး သား ၁ ဦးနှင့် သမီး ၂ ဦးတို့ ငယ်စဉ်က ကွယ်လွန်သည်။)

(၃) ရမည်းသင်းစုဖုရားလေး - ၁၈၆၂ ခုနှစ်တွင် မွေးဖွားပြီး သီပေါမင်း ပါတော်မူခါနီး၌ မိဖုရားဖြစ်လာ ခဲ့သည်။ အိန္ဒိယနိုင်ငံ ရတနာဂီရိ၌ သီပေါမင်းနှင့်အတူ လိုက်ပါနေထိုင်ရင်း ၂၅-၁-၁၉၁၂ နေ့တွင် ကွယ်လွန်သည်။ (သားသမီး မထွန်းကားပေ။)

သီပေါမင်းသည် ရတနာပုံထီးနန်းကို ဆက်ခံပြီးနောက် မကြာမီပင် ဆင်ဖြူမရှင်မိဖုရားကြီး ကြိုတင်စီစဉ် ထားသည့်အတိုင်း မိုင်းနောင် စုဖုရားကြီးကို မိဖုရားခေါင်ကြီးအရာထားလျက် မဟေသီဘိသေကသဘင် ပြုလုပ် ကျင်းပခဲ့သည်။ ထိုအခမ်းအနားသို့ သီပေါမင်း မင်းသား ဘ၀က ချစ်ကြိုက်ခဲ့သော မြတောင်စုဖုရားလတ် သည် မိမိသဘောအလျောက် ကြွချီလာခဲ့ပြီး ဘိသိက်ခံရာ ဘမရာသနပလ္လင် ထက်သို့တက်၍ သီပေါမင်းနှင့် စုဖုရားကြီး တို့အကြား ၀င်ထိုင်ကာ ဘိသိက်ခံယူခဲ့သည်။ ထို့ကြောင့် သီပေါမင်းသည် သမိုင်းတစ်လျောက် မိဖုရား ခေါင်ကြီး (၂)ပါးဖြင့် ဘိသိက်ခံယူခဲ့သော ပထမဆုံးနှင့် နောက်ဆုံးမင်း ဖြစ်လာခဲ့သည်။

မိုင်းနောင် စုဖုရားကြီးသည် မိဖုရားခေါင်ကြီးအဖြစ် ကြိုတင်သတ်မှတ်ထားပြီး ဖြစ် သည့်အတွက် အဂ္ဂမဟေသီ မိဖုရားခေါင်ကြီးစံရာ နန်းမတော်ဆောင်တွင် နေထိုင်ရသည်။ မိဖုရားခေါင်ကြီး အဖြစ် ဘိသိက် ခံယူပြီးဖြစ်သည့် မြတောင် စုဖုရားလတ် မှာမူ နေစရာ အဆောင် မရှိသဖြင့် သီပေါမင်းစံရာ ဘမရာသန မှန်နန်းဆောင်သို့ တက်ရောက်နေ ထိုင်ခဲ့သည်။ ထို့ကြောင့် စုဖုရားလတ်အတွက် မှန်နန်းဆောင်အနီးတွင် ရွှေဆောင်တော် အသစ်ကို အလျှင်အမြန် ဆောက်လုပ်ပေးခဲ့ရသည်။

ပဒေသရာဇ် မင်းဧကရာဇ်တို့မည်သည် တောင်ညာစံ အဂ္ဂမဟေသီ မိဖုရားခေါင်ကြီး (နန်းမတော်)၊ မြောက်နန်းမိဖုရား၊ အနောက်နန်းမိဖုရား၊ အလယ်နန်းမိဖုရား ဟူသော နန်းရ မိဖုရားကြီး(၄)ပါးနှင့် တောင်ဆောင်တော်၊ မြောက်ဆောင်တော်၊ တောင်ရွှေရေးဆောင်၊ မြောက်ရွှေရေးဆောင် ဟူသော အဆောင်ရ မိဖုရား (၄)ပါး စသည့် မိဖုရားကြီး(၈)ပါးကို ထားမြဲဖြစ်သည်။ ထို့အပြင် မြို့စားနယ်စား၊ စော်ဘွား၊ အခြားသော တိုင်းပြည် မင်းဧကရာဇ်တို့မှ ဆက်သလာသည့် သမီးကညာတို့အားလည်း မိဖုရား ကိုယ်လုပ်မောင်းမမိဿံ အဖြစ်ထားရှိ၍ မြို့စား ရွာစားအဆောင်အယောင်များ သင့်လျော်သလို ပေးကမ်းချီးမြှင့်ခြင်း ပြုမြဲ ဖြစ်သည်။

သို့သော် စုဖုရားလတ် အနေဖြင့် သီပေါမင်းအား မိဖုရားအများအပြား ထားခွင့်မပြုခဲ့သည့်အပြင် အစ်မရင်းဖြစ်သူ မိုင်းနောင်စုဖုရားကြီး ထံသို့ပင် ဆောင်တော်ကူးခွင့် မပြုခဲ့ကြောင်း သိရသည်။ အပယ်ခံ မိဖုရားခေါင်ကြီးသဖွယ် ဖြစ်နေသော စုဖုရားကြီးလည်း နန်းမတော်ဆောင်ကို စွန့်ခွာ၍ မယ်တော် ဆင်ဖြူမရှင်၏ အဆောင်သို့ ပြောင်းရွှေ့နေထိုင်ကာ ရက်ရှည်ဥပုသ်စောင့်နေ ခဲ့ရသည်။ နောက်ပိုင်းတွင် နန်းမတော်ဆောင် အား စုဖုရားလတ် ပြောင်းရွှေ့ နေထိုင် ခဲ့သည်ကို တွေ့ရသည်။ (ဤအချက်ကြောင့် သီပေါမင်းသည် ဖော်ပြပါ မိဖုရား (၃)ပါးမှလွဲ၍ အခြားသော မိဖုရား ကိုယ်လုပ်မောင်းမ မရှိခဲ့ခြင်း ဖြစ်ပေမည်။)

ထိုသို့ အရာရာချုပ်ကိုင်လိုသော မြတောင်စုဖုရားလတ်၏ သဘောကို မနှစ်သက်သော သီပေါမင်း၏ လက်သုံးတော် ငယ်ကျွန်ကြီးများ ဖြစ်ကြသည့် (ဘုရင့်နောင်ဘွဲ့ခံ၊ မင်းသား အဆောင်ရ၊ ရနောင်မြို့စား၊ မြောက်ဒ၀ယ်ဗိုလ်) မောင်မောင်တုတ်၊ (စီးတော်မြင်းဝန်၊ ရွှေ တိုက်စိုး၊ တောင်သမန်လယ်စား၊ ဖိနပ်တော်ခေါင်း၊ ဘုရင့်စာဆိုတော်) မောင်ဖေငယ် (မောင်မောင်ဖေ) တို့သည် သီပေါမင်းအား မိဖုရားများရရှိအောင် ကြိုးပမ်း ပေးခဲ့ကြသည်။

မြတောင်စုဖုရားလတ်၏ ပထမသားတော် ကွယ်လွန်ပြီးနောက် ဒုတိယသမီးတော် ကို မွေးဖွားပြီးစ အချိန်ခန့်တွင် သီပေါမင်းသည် ၎င်းနှစ်သက် သဘောကျနေသော ဒိုင်းအတွင်းဝန် ဦးဘိုးကြီး ၏သမီး (မွေးစား သမီး-တူမ) ဒိုင်းခင်ခင် (ခင်ခင်ကြီး) အား (မြောက်ရွှေရေးဆောင်မိဖုရား) အဖြစ်လည်းကောင်း၊ ပင်းအတွင်းဝန် ဦးစံငြိမ်း ၏သမီး ပင်းခင်ခင်ကြီး အား (တောင်ရွှေရေးဆောင်မိဖုရား) အဖြစ်လည်းကောင်း မြှောက်စားရန် ရည်ရွယ်ခဲ့သည်။

ထိုသို့ သီပေါမင်း၏ အကြံအစည်အား အချိန်မီ သိရှိခဲ့သော စုဖုရားလတ်သည် ရနောင်မြို့စား မောင်မောင်တုတ်၊ ၎င်း၏ညီ ပင်းသာမြို့စား မောင်မောင်ဗြောင်း၊ တောင် သမန်လယ်စား မောင်ဖေငယ်၊ ခန်းပတ်မင်းကြီး (ဒိုင်းဝန်၏ဖခင်)၊ ရေနံချောင်း မင်းကြီး၊ ရွှေမြို့တော်ဝန်၊ ပဌနဂိုရ်မြို့စား ၀န်ထောက်၊ မကွေးမြို့စား ၀န်ထောက်၊ ကောင်ဟန် ၀န် ခင်မောင်လတ်၊ ဒိုင်းအတွင်းဝန်နှင့် ၀န်ကတော်၊ သမီး ဒိုင်းခင်ခင်ကြီး စသည့် ပတ်သက်သမျှ လူအားလုံးအပြင် လက်သုံးတော်ကိုင်များ၊ ၀င်းမှူးများ၊ စာရေးစာချီများ၊ သံတော်ဆင့် များပါမကျန် အားလုံးကို ဥပါယ်ဖြင့် ဖမ်းဆီးခဲ့ပြီးနောက် ထီးနန်းစည်းစိမ်ကို ကြံစည်သည် ဟူသော စွဲချက်ဖြင့် ရာထူးမှထုတ်ပယ်၍ အကျဉ်းစီရင်သည်။ (ခန်းပတ်မင်းကြီးနှင့် ရေနံချောင်းမင်းကြီးတို့ကို ရာထူးချ၍ အကျဉ်းမှ ပြန်လွှတ်သည်။ ကျန်အကျဉ်းသားများမှာ သီပေါမင်း ပါတော်မူပြီး အင်္ဂလိပ်အုပ်ချုပ်သော အချိန်ရောက်မှ လွတ်မြောက်ကြသည်။ )

သို့သော် ဒိုင်းအတွင်းဝန်၊ ၀န်ကတော်၊ သမီး ဒိုင်းခင်ခင်ကြီးတို့နှင့် တောင်သမန် လယ်စား မောင်ဖေငယ် တို့ကို သေဒဏ်စီရင်ခဲ့သည်။ (သေဒဏ်စီရင်ခံရစဉ်က ဒိုင်းခင်ခင်ကြီးတွင် သီပေါမင်းနှင့် ရသော ရင်သွေး ရှိနေကြောင်း သိရသည်။) သီပေါမင်း နန်းတက်စအချိန်က မင်းညီမင်းသားများကို လုပ်ကြံရာတွင် အဓိကနေရာမှ ပါဝင်ခဲ့သူ ရနောင်မြို့စား မောင်မောင်တုတ် မှာမူ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခံ ရသော်လည်း ထောင်အတွင်းမှာပင် ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့သည်။ (လုပ်ကြံခံရ၍ သေဆုံးသည် ဟုလည်း ဆိုသည်။)

ပင်းအတွင်းဝန်မှာ ရှေ့ရေးကိုကြိုတွေးမိ၍ ၎င်း၏သမီးဖြစ်သူ ပင်းခင်ခင်ကြီးအား မောင်မောင်ဖြူ ဟူသော အမျိုးကောင်းသားတစ်ဦးနှင့် အလျှင်အမြန် အိမ်ထောင်ချထား ပေးခဲ့သောကြောင့် ဒိုင်းခင်ခင်ကြီး အရေး ပေါ်ပေါက်ချိန်တွင် အပြစ်မဖြစ်တော့ပဲ ကင်းလွတ်ခဲ့ရသည်။

ထိုသို့ ဒိုင်းခင်ခင်ကြီး အရေးပေါ်ပေါက်ပြီးသည့် အချိန်မှစ၍ မိဖုရားခေါင်ကြီး စုဖုရားလတ်သည် ၎င်း၏ ကိုယ်စား သီပေါမင်းအား အချိန်ပြည့် အနီးကပ်ပြုစု နိုင်ရန်အတွက် ညီမငယ် ရမည်းသင်းစုဖုရားလေး အား တာဝန်ပေးအပ်ခဲ့ရာမှ နောက်ပိုင်းတွင် သီပေါမင်း၏ တတိယမြောက် မိဖုရားဖြစ်လာသည်။


သီပေါမင်း၏ သားသမီးမြေးများ

သီပေါမင်း၏ မိဖုရား (၃)ပါးမှ မြတောင် စုဖုရားလတ် တစ်ဦးတည်းကသာ သားသမီး မွေးဖွားခဲ့သည်ကို တွေ့ရသည်။ ပထမဆုံး မွေးဖွားသော သားတော် "ရွှေကိုယ်တော်လေး"၊ ဒုတိယနှင့် တတိယ မွေးဖွားသော "သမီတော်" နှစ်ပါး၊ ပေါင်း သားတော် သမီးတော်(၃)ပါးတို့သည် လသားအရွယ်ကတည်းက ကျောက်ရောဂါဖြင့် ကွယ်လွန်ခဲ့သောကြောင့် ထပ်မံမွေးဖွားသည့် သမီးတော်(၄)ပါးသာ ကျန်ရှိခဲ့သည်။

(၁) ထိပ်စုမြတ်ဘုရားကြီး - ၂၇-၁၀-၁၈၈၂ နေ့ မန္တလေးမြို့၌ မွေးဖွားခဲ့ပြီး၊ ပါတော်မူစဉ်က လေးနှစ် အရွယ်မျှသာရှိသေးသည်။ သီပေါမင်း ရတနာဂီရိ၌ စံနေရစဉ် အင်္ဂလိပ်အစိုးရ ခန့်အပ်ထားသော အိမ်တော် အခိုင်းအစေ များအား အုပ်ချုပ်ရသည့် အိန္ဒိယနိုင်ငံသား အိမ်တော်ခေါင်း ဂိုပယ်ဘာရိုးဆ၀န့် နှင့် စုံဖက်ခဲ့ရာမှ သမီး တုတု ကိုမွေးဖွားခဲ့သည်။ (သီပေါမင်းနှင့် မိဖုရားတို့က မြေးငယ် တုတုအား အလွန်ချစ်မြတ်နိုးသည်ဟု ဆိုသည်။) သီပေါမင်း နတ်ရွာစံပြီးနောက် မယ်တော်နှင့်အတူ ရန်ကုန်သို့ လိုက်ပါခဲ့ရသော်လည်း ခင်ပွန်း ဖြစ်သူရှိရာ ရတနာဂီရိသို့ ပြန်သွားခဲ့ပြီး ၃-၆-၁၉၄၇ နေ့တွင် ရတနာဂီရိ၌ ကွယ်လွန်ခဲ့သည်။ (သမီး တုတု သည် ရတနာဂီရိမှ စက်ပြင်ဆရာ ရှန်ကာပါဝါ ဆိုသူနှင့် အိမ်ထောင်ကျပြီး သားသမီး ၇-ယောက် မွေးဖွား သည်။)

(၂) ထိပ်စုမြတ်ဖုရားလတ် - ၄-၁၀-၁၈၈၃ နေ့တွင် မန္တလေးမြို့၌ မွေးဖွားခဲ့သည်။ နောင်တွင် သီပေါမင်းနှင့် မိသားစုအား ချစ်ခင်သောကြောင့် မန္တလေးမှ ရတနာဂီရိအထိ လိုက်ပါပြုစုနေသော အမြောက်ဝန် (တိုင်တား မင်းကြီး၏ သမီး ပတိမ်းသခင်၏သားဖြစ်သူ) ဦးခင်မောင် နှင့် ၀န်ကတော် (မင်းတုန်းမင်း၏ မြောက်နန်းမိဖုရား ခင်သဲ၏ မောင်အရင်း စီးတော်မြင်းဝန်၏သမီးဖြစ်သူ) မံသကြီးရွာစား ခင်ခင်ကြီး တို့၏ သားဖြစ်သူ ဦးခင်မောင်လတ် (လတ်သခင်) နှင့် ၎င်းတို့ဆန္ဒအလျောက် စုံဖက်ခဲ့သည်။ စုဖုရားလတ်မှ သဘောမတူသဖြင့် အင်္ဂလိပ်အစိုးရ အထောက်အပံ့ဖြင့် သီးခြားခွဲနေခဲ့သည်။ ထို့နောက် အိန္ဒိယနိုင်ငံ (တစ်ချို့-နီပေါနိုင်ငံ) ကလင်ပုံမြို့တွင် ခင်ပွန်းဖြစ်သူနှင့်အတူ နေထိုင်ရင်း ၄-၄-၁၉၅၆ နေ့တွင် ကွယ်လွန်ခဲ့သည်။ (သားသမီး မထွန်းကားပေ။)

(၃) ထိပ်စုမြတ်ဖုရား -  သီပေါမင်းပါတော်မူစဉ်က စုဖုရားလတ်တွင် ကိုယ်ဝန်ပါရှိခဲ့ပြီး၊ ၇-၃-၁၈၈၆ နေ့တွင် အိန္ဒိယနိုင်ငံ မဒရပ်မြို့၌ ထိပ်စုမြတ်ဖုရားကို မွေးဖွားခဲ့သောကြောင့် မဒရပ်စုဖုရား ဟုလည်း အမည်တွင်သည်။ သီပေါမင်းနတ်ရွာစံပြီးနောက် မယ်တော်နှင့်အတူ ရန်ကုန်မြို့တွင် လိုက်ပါနေထိုင်ခဲ့သည်။ ၁၉၂၂ ခုတွင် ကနောင်မင်းသားကြီး၏မြေး ထိပ်တင်ကိုယ်တော်ကြီး (တို့ဗမာအစည်းအရုံးဥက္ကဋ္ဌ) နှင့် စုံဖက်ခဲ့ပြီး သမီး ထိပ်စုကြီးဖုရား ကိုမွေးဖွားသည်။ နောက်ပိုင်းတွင် နိုင်ငံရေးပယောဂကြောင့် လင်မယားကွာရှင်းခဲ့ပြီး ၀တ်လုံ ဦးမြဦးနှင့် ထပ်မံလက်ဆက်ခဲ့သည်။ ၂၁-၇-၁၉၆၂ နေ့တွင် ကင်ဆာရောဂါဖြင့် မေမြို့၌ ကွယ်လွန်သည်။ (သမီး ထိပ်စုကြီးဖုရား (ခ) မင်းသမီးရီတာ မှာ ၀မ်းကွဲမောင်တော်သည့် စတုတ္ထသမီးတော်၏ သား တော်ဘုရားနှင့် လက်ဆက်ခဲ့ပြီး သား ၄-ဦး၊ သမီး ၂-ဦး ထွန်းကားခဲ့သည်။)

(၄) ထိပ်စုမြတ်ဖုရားလေး - ၂၅-၃-၁၈၈၇ နေ့တွင် အိန္ဒိယနိုင်ငံ ရတနာဂီရိ၌ မွေးဖွားခဲ့သဖြင့် ရတနာဂီရိ စုဖုရားဟု အမည်တွင်သည်။ (သီပေါမင်းနှင့် စုဖုရားလတ်တို့၏ အချစ်ဆုံးသမီးဟု ဆိုသည်။) သီပေါမင်း နတ်ရွာစံပြီးနောက် ရန်ကုန်သို့ပြန်လည်နေထိုင်စဉ် ၁၉၂၁ ခုနှစ်တွင် ဦးကိုကိုနိုင် နှင့် စုံဖက်ခဲ့ကာ သား ၄- ဦး၊ သမီး ၂-ဦး မွေးဖွားခဲ့သည်။ ၃-၃-၁၉၃၆ နေ့တွင် မော်လမြိုင်မြို့၌ ကွယ်လွန်သည်။ (တော်ဘုရားကလေး ဦးအောင်ဇေ မှာ စတုတ္ထသား ဖြစ်သည်။)

Credit: facebook