Monday, November 18, 2013

မိုဘိုင်းဖုန်း ကုမ္ပဏီ ၁၆ခုမှ ဟန်းဆက်ပြပွဲ ပြုလုပ်မည်



မိုဘိုင်းဖုန်းများ သက်သာစွာ ၀ယ်ယူနိုင်ရေးအတွက် Zillion BusinessServices Ltd.မှ ကြီးမှုး၍ ကုမ္ပဏီ ၁၆ခုမှ ယခုလ အသစ်ဝင်ရောက်လာသည့်ဖုန်းဟန်းဆက်များအား UMFCCI ၌ ယခုလ နိုဝင်ဘာလ ၂၉မှ ဒီဇင်ဘာလ ၁ ရက်နေ့တွင်ပြသ ရောင်းချမည်ဖြစ်သည်ဟု သိရှိရသည်။

အဆိုပါအရောင်းပြပွဲတွင် ပါဝင်ပြသသည့် Mobile ကုမ္ပဏီများပူပေါင်း၍၀ယ်သူများအား မိုဘိုင်းဖုန်းများကို လည်း ကံစမ်းမဲ ဖောက်ပေးပြီး HELLOMUSIC နှင့် VOICE MUSIC SERVICE များကို Register လုပ်သူများကိုလည်းကံစမ်းမဲဖောက်ပေးသွားမည်ဟု ပွဲကျင်းပသည့် Zillion Business Services Ltd.မှ သိရသည်။

“ဒီလထဲမှာ ဖုန်းတော်တော်များများ ထွက်လာမယ်။ ဈေးနှန်းသက်သာလာတာဟာသုံးစွဲသူတွေအတွက် အခွင့်အရေး ပေါလာ တယ်။ ဖုန်းဆိုင်တွေကစုပေါင်းထည့်ဝင်ပြီးမဲနှိုက်ပေးမှာပါ။ ဖုန်းဘယ်နှခုကို မဲနှိုက်ပေးမလဲဆိုတာအစီအစဉ် မဆွဲရသေး ပါဘူး”ဟု အဆိုပါကုမ္မဏီမှ ဒါရိုက်တာ ဦးကျော်ကျော်ဇင်ကပြောသည်။

ယင်းပြပွဲကို SamSaung မှ အဓိကကူညီပြီး Co Sponsor အဖြစ် MTS connect,Media Sponsor 5 plus channel, Mobile Guide Journal, Net Guide Journalတို့မှ ပံပိုးပေးသွားမည်ဖြစ်ကာ Exhibitorများ အနေဖြင့် Bestmore, NewFone Mart, My Data Online Store, My Data CD, Tele word, Gionee,Singtech, Circle Teach, Original Korea Mobile, KMD, Lenovo, T- land,Acer, Phone corner, National it Solution, HTC နှင့် အခြား Mobileလုပ်ငန်းရှင်များ ပါဝင်ပြီး နိုဝင်ဘာလ ၂၉မှ ဒီဇင်ဘာလ ၁ ရက်နေ့တွင်UMFCCI၌ နံနက်(၉)နာရီမှ ညနေ(၆)နာရီ အထိ ရောင်းချမည်ဖြစ်သည်။

Myit Ma Kha Media Group

No comments:

Post a Comment