Monday, November 18, 2013
******သွေးပျက်ခဲ့ရတဲ့ တနင်္ဂနွေနေ့ည*******
သူတို့တွေအခြောက်ခံရပုံကတော့ သွေးပျက်မတတ် ၉ လောက်ရှိပါတယ်ခင်ဗျာ.။
ကျွန်တော်ကတော့ Malaysia နိုင်ငံ klang မြို့မှာနေပါတယ်..။ကျွန်တော်တို့ အဖွဲ့လည်း ဒီ
page က အက်ဒမင်တွေရဲ့သရဲရှာဖွေရေး
အဖွဲ့လုပ်ကြတာကိုအားကျပြီးကျွန်တော်တို့လည်း သရဲရှာဖွေရေးထွက်ဖို့ Sun Day
တစ်ရက်မှာဘော်ဒါငယ်ပေါင်းတွေ တွေစုပြီး သရဲရှာဖွေရေးထွက်ခဲ့ကြပါတယ်..။
သွားရမယ့်နေရာက ကျွန်တော်တို့ Klang ကနေမိနစ်သုံးဆယ်လောက်တော့
မောင်းရတယ်ခင်ဗျ..။ တကယ်ခြောက်တယ်. အခြောက်အလှန့်လည်း အင်မတန်ကြမ်းတမ်း
တယ်လို့ နာမည်ကြီးတယ်.။ သိတဲ့သူတွေအားလုံးကို မေးကြည့်တာတော့ အားလုံးက
တညီတညွတ်တည်း အင်မတန်ကြမ်းတမ်းပါတယ်လို့ ထောက်ခံချက်တွေပေးကြပါတယ်.။
သရဲရှိတယ်ဆိုတာကတော့ သေချာပြီပေါ့ဗျာ.....။
လူအင်အားကတော့ ၁၁ ယောက်ပါပြီးတော့ ငယ်ပေါင်းတွေဆိုတော့
စိတ်လည်းချရတယ်လေ..သွေးသောက်ကြီးတွေပေါ့..။ ပြီးတော့ ပြသနာတစ်စုံတစ်ခုဖြစ်ရင်
ရှင်းလို့လွယ်အောင် မလေးနိုင်ငံသားနှစ်ယောက် လည်းပါတယ်ခင်ဗျ..။
ကျွန်တော်တို့ ဘော်ဒါတွေ ၁၇ ရက်နေ့ည ၅နာရီမှာလူစုံတယ်ခင်ဗျ..။ စုရပ်ကတော့
ကျွန်တော့်အိမ်..။ကျွန်တော့်မိန်းမက မသွားစေချင်ဘူး..။မိန်းမသဘာဝ စိုးရိမ်တယ်
ပြီးတော့ကြောက်လည်းကြောက်ရှာတာပေါ့...။ ဒါပေမယ့် စိတ်ဆနပြင်းပြနေတဲ့
ကျွန်တော့်တို့ အဖွဲ့ကိုမတားနိုင်ရှာပါဘူး..။ ကျွန်တော်တို့ ညနေ၇နာရီလောက်
စားသောက်ပြီးတော့ သရဲရှာဖွေရေးထွက်ကြပါတယ်..။ မိုးကလဲနည်းနည်း
ရွာနေတယ်..ကျွန်တော်တို့သွားမယ့် သရဲခြောက်တဲ့အိမ်ကြီး နားမှာ မြန်မာတွေရောင်းတဲ့
ထန်းရည်ဆိုင်ရှိတယ်..။ အိမ်ပုံစံက မ လေး ရိုးရာအိမ်ဗျ။လှေခါး၃ထစ်က အုတ် အိမ်က
သစ်သားအိမ်။မီးဖိုခန်းကမြေစိုက် အိမ်သာက ဘိုထိုင် မဟုတ်ဘူး။မသုံးတာကြာတော့
ကြမ်းတွေက တချို့အသံမြည်တယ်။ခြံက ပေ၆၀ လောက်ကျယ်တယ်။ကား ၃
စီးကောင်းကောင်းထားလို့ရတယ်။အိမ်က ခြံ အလယ်တဲ့ တဲ့ မှာဆောက်ထားတာ။
ခြံရဲ့ဘယ်ဘက်မှာလမ်းကြား ရှိတယ်။လမ်းကြားဆိုပေမဲ့ ၂၅ ပေလောက်ရှိမယ်။
ညာဖက်ကစက် ရုံ အနောက် ဖက်။နည်းနည်းပါးပါး မူးလောက်အောင်သောက်ရင်း
စကားတပြောပြောနဲ့ သရဲတွေ့ရင်ဘာဖြစ်တယ်ညာဖြစ်တယ် နဲ့ စကားတွေပြောပြီး
သွေးပူအောင်လုပ်နေကြပါတယ်..။ ဒီလိုနဲ့ စကားတပြောပြောနဲ့
၉နာရီကျော်လောက်ကျတော့မှ အိမ်ရှင်ဆီက သော့တောင်းပြီး ပိုက်ဆံ ၂၅၀ ပေး
တံမြက်စည်းတောင်း နဲ့ အိမ်ရှင်နဲ့ ဘယ်လိုခြောက်တယ် ဘယ်ညာခြောက်တယ်စသည်ဖြင့်
အိမ်ရှင်ကိုမေးနေကြတာနဲ့ ညဆယ့်တစ်နာရီလောက်မှအိမ်ထဲရောက်ကြတယ်..။ အိမ်ရှင်က
ကျွန်တော်တို့ကို မနေစေချင်လို့ပိုက်ဆံကို မတရားတောင်းတာခင်ဗျ..။
အမှန်ကပေးစရာမလိုဘူး..။ကျွန်တော်တို့ကို တားမရလို့ရယ် ပြီးတော့ကျွန်တော်တို့
တကယ်မလာရဲလောက်ဘူး ထင်ပြီး လာခဲ့လို့ပြောထားတဲ့ ကတိကိုမဖျက်ချင်လို့ရယ်သာ
နေခွင့်ပေးတာဗျ..။ အိမ်ရှင်ကတစ်ခါတည်းပြောလိုက်ပါတယ်..
" ငါ့အိမ်အကြောင်းကို ငါသိတယ်နော်.. နင်တို့ဘာဖြစ်ဖြစ်ငါနဲ့မဆိုင်ဘူးလို့ပါ
တစ်ခါတည်းပြောလိုက်ပါတယ်...."
ကျွန်တော်တို့နေဖို့ နေရာလေးကို တံမျက်စည်းလေးနဲ့ရှင်းလင်းနေကြတုန်းမှာ
လမ်းလျှောက်သံလို ခုံရွေ့သံလို အသံတွေကြားနေရပါတယ်..။ ဒါပေမယ့်
ကိုယ့်ဇောနဲ့ကိုယ်ဆိုတော့ သိပ်ပြီးသတိမထားမိကြဘူးခင်ဗျ..။ ကျွန်တော်တို့ နေမယ့်
အခန်းထဲမှာ ခုံတစ်လုံးရှိတယ်ဗျ..။ အဲ့ဒီ ခုံပေါ်မှာပါလာတဲ့ အမဲသား
၎ကီလိုကိုတင်..ပြီးတော့ အဲ့ဒီခုံပေါ်မှာပဲ အမွှေးတိုင်ထွန်း
တရုတ်ပိုက်ဆံတွေထားပြီးစခေါ်တာပေါ့..။
ခေါ်တဲ့ပုံပြောရဦးမယ်..။ မလေးကောင်ကခေါ်တာဗျ..။ သူပြောတဲ့စကားကတော့
"မြင်ဖူးချင်လို့ပါ..စွမ်းတယ် ကြမ်းတယ်ကြားလို့ပါ..စားပါ သောက်ပါ ပေါ့.." ဒါပေမယ့်
သရဲအတွက်သောက်စရာတော့မပါဘူး..။ ကျွန်တော့်တို့
အတွက်ပဲသောက်စရာပါတာ..အဟီး..........။
အဲ့ဒီလိုနဲ့ ည၁၂ နာရီကျော်လာပြီး ဘာသံမှကိုမကြားတာ..။ကြာတော့ ငိုက်လာကြပြီ ..။
အဲ့ဒီမှာကိုချင်းက ထဆဲတာ ..
" ဘာသရဲလဲ.....ီး သရဲလား ဘာလားနဲပ မိုးမွန်အောင် ဆဲနည်းပေါင်းစုံနဲ့ ဆဲလိုက်မှ
ဇာတ်လမ်းစတာ....."
ကိုချင်းဆဲပြီး ချက်ချင်းပဲ အသံနက်ကြီးနဲ့ ဆဲတဲ့ အသံကြီးတွေထွက်လာတာ...။
ဘယ်ဘာသာစကားမှန်း ကိုမသိဘူး.. ဆဲမှန်းတော့အားလုံးသိတယ်.. ။ အသံနက်
အသံဝါကြီးတွေနဲ့ဗျာ..။ ကြားလိုက်ရတဲ့ ကျွန်တော်တို့မှာ အားလုံးကြက်သီးမွှေးငြင်းတွေကို
ထသွားတယ်...။ အဲ့ဒီမှာတင်ပဲ ကျွန်တော့်သူငယ်ချင်း ကလှမ်းပြောလိုက်တယ်..
"သားကြီးရေ..စပြီတဲ့....."
ကိုချင်းဆဲတာလဲရပ်သွားပါတယ်..။ ခဏလောက်ကြာတော့ ဆဲသံတွေရပ်သွားတယ်ခင်ဗျ..။
ခဏလေး သက်ပြင်းချမိတော့မလိုပဲရှိသေးတယ်.. အခန်းတံခါးကနေ..."
ဒေါက်..ဒေါက်..ဒေါက်..ဆိုပြီး ခေါက်သံကြီးပေါ်လာတယ်..။ ၀င်မလို့တံခါးလာခေါက်တဲ့
ပုံစံမျိုးပေါ့ဗျာ..။ တာမွေက ငနောက် တစ်ယောက်ကလည်း ရွတ်တယ်ခင်ဗျ...။
"လာပြီ..လာပြီ...ကြွပါ"
ဆိုပြီး တံခါးကိုတောင်ပြေးဖွင့်ပေးလိုက်တယ်.။ တွေ့လိုက်ရတာ ကလူမှလူဗျ
...သွေးတွေနဲ့ ခေါင်းပြတ်ကြီးကို ကိုင်လို့..။ပြုံးဖြဲဖြဲကြီး.......။ တံခါးသွားဖွင့်ပေးတဲ့
တာမွေကတစ်ယောက်ဆို "အောင်မလေး..ဗျာ..." လို့အော်ပြီး ကြမ်းပြင်ပေါ်မှာ
ဖင်ထိုင်ရက်ကျသွားတာ.. ပြီးတော့ ဂစ်ဂစ်...ဆိုပြီးတောင်တက်သွားပါတယ်..။ အဲ့ဒီ
ဝင်လာတဲ့ အကောင်ကြီးက စကားတောင် လှမ်းပြောလိုက်သေးတယ်...
"၀င်ခဲ့မယ်နော်...တဲ့....."
ခေါင်းမပါဘူးခင်ဗျ..။ခေါင်းကို လက်ဖဝါးပေါ်တင်ပြီးကိုင်ထာတာ။တခုထူးခြားတာက
လည်ပင်းပျောက်နေတယ်။မျက်လုံးမပွင့်ဘူး။ဘာမှန်းမသိတာပြောတယ်။
သူပြောတဲ့စကားက ဘာ ဘာသာစကားမှန်းမသိပေမဲ့အားလုံးနားလည်တယ်ဗျ။
အဲဒါအရမ်းထူးဆန်းတယ်...။
ကျွန်တော်တို့အားလုံးလည်း ကြောက်ကြောက်နဲ့ ဟန်ကိုယ့်ဖို့ ဆိုသလိုအားတင်းပြီး
"၀င်ခဲ့..၀င်ခဲ့လို့ မျက်စိမှိတ်ပြီး ကြုံးအော်လိုက်ကြတယ်..။ ပြောလဲပြောလိုက်ရော
ချက်ချင်းပျောက်သွားတယ်ဗျ...။ ၀င်လာရင် သူ့ကို ကျွန်တော်တို့အားလုံး
ကတစ်ခုခုလုပ်မှာစိုးလို့လားမသိဘူး...။ အဲ့ဒါကြီးထွက်သွားမှ
အားလုံးသက်ပြင်းချနိုင်ကြတယ်..။ ၀င်သာလာခဲ့ရင် ဘာလုပ်ရမယ်မှန်းမသိဘူး
မဟုတ်လား.........။
အဲ့ဒီနောက်တော့ လဲကျနေတဲ့သူကို ထူပေးရေတွေဘာတွေတိုက်ရင်းနဲ့ ကျွန်တော်တို့
အချင်းချင်းပြန်တိုင်ပင်ကြတယ်..။ "ဘာကြီးပဲလာလာ မကြောက်ကြေးပေါ့...OK"
အားလုံးသဘောတူတယ်..။ ညကလည်းနက်လာပြီး အိမ်ကလဲမလုံ့တစ်လုံဆိုတော့ အားလုံး
အအေးဒဏ်ကို ကော့နေအောင်ခံစားနေကြရပါတယ်...။ အဲ့ဒီမှာ စတာ ကျွန်တော့်
ရွှေပြွန်က ရေသွန်ချင်လာတာပါပဲ..။
ကျွန်တော်နဲ့ အဖော်အနေနဲ့ ဇေယျနဲ့မိုးကြီး လိုက်ခဲ့ကြပါတယ်..။ အိမ်သာက မီးမရှိတော့
ဖုန်းကမီးလေးနဲ့သွားကြရတာပေါ့..။ အဲ့ဒီမှာ ကြားလိုက်ရတာက
ကျွန်တော့်နာမည်ကိုခေါ်တဲ့ အသံဗျ..။ကျွန်တော်ပြန်ထူးတော့လဲ ဘာမှမပြောဘူး...။
၁ ခါ..၂ ခါ......၃ ခါ...၄ ၅ ခါ...။ လဲကျတော့ ကျွန်တော်တင်းလာရော ..။
ကျွန်တော်ပြန်မထူးတော့ပဲ အပြင်ကိုပြန်ထွက်လာလိုက်တယ်..။ အပြင်က
အဖော်နှစ်ယောက်တော့မရှိတော့ဘူးဗျ....။ ကျွန်တော်လဲ နည်းနည်းတော့တင်းသွားတယ်
ဒီကောင်တွေကိုအဖော်ခေါ်လာတာကို စောင့်တောင်မစောင့်ဘူး..။ ကျွန်တော်လဲ ပွစိ ပွစိနဲ့
ကျိန်ဆဲပြီး ပြန်ခဲ့တာပေါ့...။ကျတော်အိမ်သာကထွက်ပြီးအခန်းကိုပြန်တာအဝေးကြီးလိုပဲ။
တော်တော်လျှောက်ရတယ်။
အခန်းထဲလဲေ၇ာက်ရော အဲ့ဒီမှာ လုံးဝ အထူးအဆန်းကြီးကိုတွေ့လိုက်ရတယ်..။
အခန်းထဲမှာ ၀င်ထိုင်နေတာ ကျွန်တော်မှကျွန်တော် အကျီကော ရုပ်ကော
တစ်ထေရာတည်းတူတဲ့သူဗျ..။ထိုင်တာမှ ကြမ်းပြင်ပေါ်မှာ တင်ပျဉ်ခွေအကျအနကြီး.။
အဲဒီအချိန်မှာဒင်းက ကျတော့ဘော်ဒါတွေနွှဲဘာတွေပြောနေတယ်ထင်လဲ
ဒင်းကဒီအိမ်ကြီးက လူလဲမှာဘာညာနဲ့စကားကောင်းနေကြတယ်တဲ့။ဒင်းက
ဝင်လာတာနဲ့စပြောတာက ငါတိုတော့ပြန်လို့မရတော့ဘူးတဲ့ ငါတိုဒီမှာပဲသေကြရမှာတဲ့..။
သူတိုတွေကငါတို့နားမှာရောက်နေကြပီတဲ့ကျတော့ကောင်တွေကကျတော်ကြောင်သွားပြီ
ထင်နေကြတယ်..။ကျတော့ကောင်တွေဇ ကမသေးလို့ပေါ့။ဒင်းကအားလုံးကိုစားမှာဆိုပဲ..။
ဒါနဲ့ဘော်ဒါတွေကလုပရဲလုပ်ကြည့်ပါလားမီလောင်တိုက်သွင်မယ်ဘာညာနဲ့စကားတောင်မျ
ားတယ်တဲ့ ...။ကျွန်တော်ဝင်လာတာလဲမြင်ရော ၀င်ပေါက်ကိုမျက်နှာမူထားတဲ့ ကျော်ကျော်၊
မိုးကြီး ၊ကျော်စွာတို့က ဦးအောင်မြင်တယ်..။ "ဟား......လွင်ဦး က နှစ်ယောက်တောင်..."
ကျော်ကျော်ကအော်လိုက်တာပါ..။ အဲ့ဒီမှာပဲ အားလုံးက
အ၀င်ဝကိုလှည့်ကြည့်လိုက်ကြတယ်..။ အဲ့ဒီမှာတင် Nick ဆိုတဲ့တစ်ယောက်က ငိုတယ်..။
ခုနင်က ကျွန်တော်နဲ့တစ်ထေရာတဲ့တူတဲ့ တစ်ယောက်က သူ့လက်ကို
ဆွဲထားတာလေ...။ကျွန်တော့်ကိုလဲ အဲ့ဒါကြီးက မျက်လုံးကြီးပြူးပြီး
ကြည့်နေလိုက်သေးတယ်..။ ပြီးတော့ သူ့ရင်ဘတ်ထဲကိုနှိုက်ပြီးသွေးသံရဲရဲနဲ့
ဘာတွေမှန်းမသိဘူးထုတ်ပြီးစားပြနေသေးတယ်...။ ပြီးတော့ Nick ပေါ်ခုန်တက်သွားတာ။
ခဏပဲကြာမယ်ဒင်းကိုမတွေ့တော့ဘုး။ဘာမှလဲထပ်မလာတော့ဘူး..။Nick ကအဲ့ဒီမှာတင်ပဲ
အော်ဟစ်ပြီး မေ့လဲသွားပါတယ်..။(Nick မှာ အခုဒီစာရေးနေသောအချိန်အထိ
သတိမလည်လာသေးပါ)
အဲဒါပြီးတော့နောက်တခါက လက်ကြီးသက်သက်ထွက်လာတာ။
ကျတော့်ကျောနောက်ကနေရိုက်မလိုလုပ်လိုက်။ပျောက်သွားလိုက်။fizal
နောက်ကပေါလာလိုက်နဲ့။ကျော်စွာနောက်ကပေါလာလိုက်နဲ့ပတ်လည်ပေါ့။
လက်ကအကြီးကြီး။မဲတယ်။မဟုတ်သေးဘူး ညိုတာ လဲမဟုတ်ဘူး။
အမဲနဲ့ဗအညိုကြားကအရောင်။လက်ကြီးပဲနော် လက်ဖျံတွေ ဘာတွေမပါဘူး..။
လက်ချည်းသက်သက် စကောလောက်ကြီးဗျ..။
လူကိုတော့မရိုက်မိဘူးခင်ဗျ..။ ရိုက်တော့မလိုလိုနဲ့ ကြမ်းပြင်ကိုပဲရိုက်နေတယ်ဗျ..။
(ကျွန်တော်ထင်တာကတော့ လူကိုလုပ်လို့မရတာ ကျွန်တော်တို့ အိမ်မှာထဲက
သရဏဂုံတင်ထားလို့လို့ထင်ပါတယ်..။
ဘုရားတန်ခိုးတော်တွေပေါ့ဗျာ..မဟုတ်ရင်တော့လား ကျောကိုကော့သွားမယ့်ဖြစ်ခြင်း)
ကျွန်တော်လည်းတော်တော်ကြောက်သွားမိတယ်..။ ဘာမှလည်းမမြင်တော့ဘူး..။
နောက်ပြီး လက်ကြီး ခဏပျောက်သွားတယ်..။ အဲ့ဒီမှာပေါ်လာတာက
ခုနင်ကကျွန်တော့်မျက်နှာနဲ့ ကောင်ကြီး
ဗိုက်ထဲကအကောင်သေးသေးလေးတွေနဲတာမဟုတ်ဘူး..။ ကြွက်
မြေကြွက်ကြီးကြီးလောက်။လူလိုလို မျောက်လိုလို မျက်နာနဲ့။လက်ပါတယ်။
အတောင်ပါတယ်။တခုရှိသေးတယ်။ပြေးနေရင်းနဲ့ကြီးလိုက်သေးလိုက်ဖြစ်တယ်။
ကျတော်တို့ရှေ့တင်ပြန်ပျောက်သွားတယ်။ကျွန်တော့်အရှေ့ကတင် ၄ ၅
ခါလောက်ဖြတ်သွားတယ် ။နောက်ပြီးညီးသံ။အသံကတော်တော်
ကြက်သီးထစရာကောင်းတယ်။အသံကြားပီးရင် အနံ့။မဟုတ်ဘူး တဆက်ထဲလိုပဲ အနံ့။
အနံ့က ပထမက မွှေးသလိုလိုနဲ့သေချာရှုလိုက်ရင် တော်တော်ဆိုးတယ်။ဥပမာ
အနာကြီးရောဂါသည်ဆီက အနာတွေ ရိပြီး ထွက်တဲ့အနံ့မျိုး။အနံ့ကမူးမေ့လောက်တယ်။
ယပ်ခပ်လေပိုဆိုးလေပဲ။မသိရင်ကို့အနားမှာလိုပဲ..။
ကျွန်တော်ထင်တာကတော့ လူတွေကို တိုက်ရိုက်လုပ်ရလို့ သွေးပျက်ပြီး
ရူးသွပ်သေဆုံးသွားအောင်လုပ်တယ်လို့ထင်ပါတယ်..။ ဒီကောင်တွေက
မာယာလည်းအများသား မဟုတ်လား...။အဲ့ဒီမှာတင်ပဲ..
ဘယ်သူ့မှလဲသတိမရတော့ဘူး...။ လောကနဲ့ အဆက်အသွယ်ပြတ်သွားတာ..။
ခဏကြောင်တက်သွားတဲ့သဘောခင်ဗျ..။ကျွန်တော်တော် သတိရတဲ့ အချိန်မှာ
ဘေးကကောင်တွေကြည့်တော့ သူတို့လဲကျွန်တော့်လိုပဲ..။ ကိုချင်းက တက်နေပြီ..။
သူ့ကိုကျွန်တော်မခေါ်နိုင်ဘူး..။ ကျွန်တော်လည်းလှုပ်လို့မရရတော့ဘူး..။
တခန်းလုံးလဲအကောင်လေးတွေရယ်သံ တွေနဲ့ ဆူညံနေပြီးခြောက်ခြားစရာကြီးပါပဲ...။
နောက်တော့မွန်လေးကသတိဝင်ပြီးကြိုတင်စီစည်ထားတဲ့ ကမဝါ
တရားဖွင့်တော့မှအော်သံလိုကြီးကြားပြီးပျောက်သွားတယ်။
မွန်လေးကတော်တော်သတိကောင်းလွန်လို့။သူပြောတာက
သူ့လက်တွေလှုပ်လို့မရတဲ့ကြားထဲက ph ထဲက ကမဝါ
ကိုဖျက်ကနဲသတိရသွားပြီးမနဲကြီးကြိုးစားဖွင့်ရတာတဲ့။တော်သေးတာပေါ့တဲ့အဆင့်
သင့်ဖွင့်လို့ရအောင်လုပ်ထားလို့တဲ။
ဒါပေမဲ့တခုပဲတော်တော်ကြာတဲ့အထိလုံးဝလှုပ်လို့မရတာပဲ။
ကမဝါပြီးသလောက်ရှိမှကျတော်တို့ကောင်းကောင်းလှုပ်လို့ရတာ။နောက်တော့ကျော်စွာက
အရင်ဆုံးလိုက်နိုးကတယ်။အားလုံးစကားမပြောနိုင်ကြသေးဘူး။ကိုချင်းကသတိလစ်နေပြီ။
fizal နဲ့ nick က ခေါ်လို့မ ရ တော့ဘူး။
ကျတော်တိုတွေစိတ်တည်ငြိမ်အောင်မနဲလုပ်ပြီးအိမ်ပေါ်ကနေဖြည်းဖြည်းချင်းဆင်း
ကိုချင်းကိုကားပေါ်အရင်တင် ပြီးတော့fizal နဲ့ nick ကိုတွဲခေါ်ကားထဲထည့်။aircon ဖွင့်
ခဏနေပြီးတော့ သော့ပြန်အပ်။ကားကိုဖြည်းဖြည်းမောင်းပြန်ကြတယ်။
ကား၃စီးတန်းစီမောင်းပြန်တာ ခဏ ခဏ
ကျတော်ရင်ကွဲကြီးမျက်စိထဲပေါပေါ်လာလို့ကားကိုခဏခဏရပ်ကတယ်။
ဆေးရုံရောက်တော့ကိုချင်းကအရေးပေါ်ဝင်ကတယ်။fizalနဲ့nick
ကစကားမေးမရသေးဘူး။ကျတော်တို့လဲဟိုကမေးဒီကမေးနဲ့ဘာမှပြန်မဖြေနိုင်ဘူး။
မနက်၉နာရီလောက်ရှိပြီထင်တယ်အိမ်ပြန်ရောက်တာ။
မိန်းမကကျတော်တို့မျက်နှာတွေကိုကြည့်ပြီးဘာမှမမေးသေးပဲ..။
ရေတယောက်တခွက်စီအရင်တိုက် ပြီးမှမေးတယ်။
ဘာမှမဖြေနိင်သေးဘူးကြက်သေသေနေကြတုန်းပဲ။
ခဏနေတော့ကော်ဖီသောက်ပြီးအားလုံးအိပ်လိုက်ကြတယ်။ချက်ချင်းအိပ်မရပါဘူး။
ရင်ဘတ်ကြီးခွဲခွဲပြီးစားပြနေတဲ့
ကျွန်တော်နဲ့တစ်ထေရာတည်းတူတဲ့ကောင်ကိုပဲမြင်မြင်နေတယ်။
ကြာတော့မှပင်ပန်းလို့ထင်တယ်အိပ်ပျော်သွားတယ်။ကျတော်ဒီနေ့အလုပ်နားလိုက်တယ်။
ညနေကျတော့ဆေးရုံကကေင်တွေဆီသွားတယ်။nick က လွဲရင်အကုန်ပုံမှန်ဖြစ်နေပါပြီ။
nick ကတော့စိတ်မတည်သေးဘူး အကြောက်လဲလွန်နေတုန်းပဲ။
လောလောဆယ်တော့ nick အတွက်ဆုတောင်းပေးရဦးမယ်။သူ့ကို အ ရေးပေါ်
ခန်းမှာထားထားတယ်။ဘယ်သူမှဝင်ကြည့်လို့မရသေးဘူး။
သတိမလည်သေးဘူးပဲပြောတယ်။
တနေရထဲကိုပဲကြည့်နေလို့ဆေးထိုးပြီးမနဲသိပ်ထားကတယ်တဲ့...
ဇာတ်လမ်းကိုယ်တွေ့သွားရှာပြီးပြောပြပေးသူ ကိုလွင်ဦးကို အက်ဒမင်များမှ
အထူးကျေးဇူးတင်ရှိပါသည်..။ Nick တစ်ယောက်လည်းအမြန်ဆုံး
သတိလည်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ...။
Credit....ပ ယော ဂ နှင့် ထူး ဆန်း အံ့ ဖွယ် ဖြစ် ရပ် မှန် များ
(စာကြွင်း)ဒီဇာတ်လမ်းထဲမှာ ပါတဲ့ Nick ဆိုတဲ့ အကိုကြီး အခုလေးတင် မနက် ၂ နာရီဝန်းကျင်မှာဆုံးသွားပါပြီတဲ့ခင်ဗျ
Subscribe to:
Post Comments (Atom)
ဇာတ်လမ်းကမပြီးသေးပါဘူးခင်ဗျာ..။ ကိုလွင်ဦးတစ်ယောက်လည်း အတော်မကျေမချမ်းဖြစ်နေတယ်..။ ထပ်ပြီး အဲ့ဒီအိမ်ကြီးကို ထပ်သွားဖို့လုပ်နေပါသေးတယ်..။ ပြီးတော့ သေသွားတဲ့ nick ကလည်း သူ့သူငယ်ချင်း frizal ကိုလာခေါ်နေတယ်တဲ့ခင်ဗျာ..။
ReplyDelete