Monday, November 11, 2013

ကျောင်းတတ်ချိန် မမှန်သော ဆရာမများကို အရေးမယူပါက ဆန္ဒထုတ်ဖော်မည်

ဓာတ်ပုံ-အင်တာနက်

ဟင်္သာတမြို့ နယ်၊ တံတားဦး ကျေးရွာအုပ်စု
သုံးခွ အခြေခံပညာအလယ်တန်းကျောင်းတွင်
ကျောင်းတတ်မမှန် သော ဆရာများကို အရေး
ယူပေးရန် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့  ၀န်ကြီးချုပ်ထံတိုင်ကြားထားရာ အရေးမယူပေး
ပါက န္ဒထုတ်ဖော်မည်ဖြစ်ကြောင်း ကျောင်းဖွံ့ဖြိုး
ရေးကော်မတီအဖွဲ့ဝင်များထံမှ သိရသည်။

အဆိုပါ ဆရာမ၅ဦးသည် စာသင်ချိန်ပျက်ကွက်မှု
သည် ၂နှစ်ကျော် ကြာမြင့်နေပြီဖြစ်သောကြောင့်
ယင်းဆရာမများကို အရေးမယူပေးပါက ကျောင်း
ဖွံ့  ဖြိုးရေးကော်မတီ အဖွဲ့ ဝင်များ၊ မြို့ မိမြို့ ဖများ
နှင့်ကျောင်းသားမိဘများမှ ဆန္ဒထုတ်ဖော်မည် ဖြစ်ကြောင်း ကျောင်းဖွံ့ ဖြိုးရေး ကော်မတီအဖွဲ့ ဝင်
ဦးမြင့်စိုးက ပြောကြားသည်။

ယင်း စာသင်ချိန်ပျက်ကွက်သော ဆရာမများသည်
စာသင်ရေးထက် မိမိ၏ စီးပွားရေးကိုသာ ဦးတည် လုပ်ဆောင်နေသောကြောင့် ကျောင်းသားများ၏ ပညာရေးသည် ရေရှည်တွင်ဆိုးရွားနိုင်သောကြောင့်
ယခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့တွင် ဧရာဝတီ
တိုင်းဒေသကြီး အစိုးရ အဖွဲ့ ဝန်ကြီးချုပ်ထံတိုင်ကြား
ထားရာ ယနေ့ထိ အရေးယူပေးခြင်း မရှိသောကြောင့် ဆန္ဒထုတ်ဖော်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ဒီတိုင်းကြီးဆက်သွားနေရင် ကျောင်းသားတွေ
ပညာရေးက ဆိုးရွားသွားနိုင်တယ်၊ အရေးယူ
ပေးအောင် ၀န်ကြီးချုပ်ဆီကို ပို့ထားတာ လာ
တော့စစ်တယ်ခုထိ ဘာမှမထူးသေးဘူး။ ဒါကြောင့်
ဆန္ဒပြဖို့ စီစဉ်နေတာပါ” ဟု ၎င်းက ပြောကြားသည်။

ကျောင်းဆရာ/မများ၏ သင်ကြားမှုပျက်ကွက်မှု
ကြောင့် နိမ့်ကျသွားသော ပညာရေးအခြေအနေကို
ပြန်လည်မြှင့်တင်ရန်၊ လိုအပ်သလို ကူညီ ဖြေရှင်း
ပေးရန် တိုင်ကြားချက်နှင့်ပါတ်သတ်၍ ၀န်ကြီးချုပ်၏
ညွန်ကြားချက်နှင့် ယခင်လ အောက်တိုဘာ၁၇ ရက်
နေ့တွင် မြို့နယ် ပညာရေးမှူး ဒေါ်ရီရီစန်း ဦးဆောင်
သော စစ်ဆေးရေး အဖွဲ့  လာရောက်ခဲ့သော်လည်း
ယနေ့ ထိ ထူးခြားမှုမရှိသောကြောင်း ဆန္ဒထုတ်
ဖော်ထုတ်ရန် စီစဉ် နေသော ဦးဆောင်သူ ဦးသိန်းဇော်မင်းက ပြောကြားသည်။

ဆန္ဒထုတ်ဖော်ရာတွင် ပျက်ကွက် ဆရာမ ၅ ဦးအား အရေးယူပေးရေး၊ကျောင်းတွင် စာသင်ချိန်ပျက်ကွက်
နေသောဆရာမများအား အလို မရှိ ဆိုသည့်အချက်
နှစ်ချက်နှင့် တောင်းဆိုမည်ဖြစ်ပြီး ယင်းကျောင်းတွင်
ကျောင်းသား ၃၀၀ ခန့်နှင့် ဆရာ၊ဆရာမအင်အား
၁၁ဦး ရှိကြောင်း သိရသည်။

People power

No comments:

Post a Comment