Thursday, November 14, 2013

လက်ပံတောင်းတောင် အခြေအနေ နောက်ဆက်တွဲ သတင်းပေးပို့ချက်


စစ်ကိုင်းတိုင်း ဒေသကြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်း ကြေးနီတောင် ဧရိယာအတွင်းရှိ မိုးကြိုးပြင်တောင်ရွာအတွင်းသို့ ရဲကားများက ဝင်ရောက်ရာ ဒေသခံများနှင့် အခြေအတင် ဖြစ်ပွားပြီး ရဲတပ်ဖွဲ့ဝင်များက ပစ်ခေတ်ခဲ့ခြင်းကြောင့် ရွာသား ၇ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

ဒဏ်ရာရသူများအနက် ၁ ဦးမှာ ရင်ဘတ်သို့ ထိမှန်ခဲ့သဖြင့် စိုးရိမ်ရကြောင်းကို မိုကြိုးပြင်တောင်ရွာဒေသခံများက ဆက်သွယ် ပြောကြားချက်များအရ သိရသည်။

မိုးကြိုးပြင်တောင် ရွာသို့ လုံထိန်းရဲတပ်ဖွဲ့များ အင်အား ၄၀၀ ကျော် လုံထိန်းကား ၁၇ စီး တရုတ်ဝမ်ဘောင်ကားဖြူ တစ်စီး တို့ဖြင့် ယနေ့ ည ၈ နာရီကဝင်ရောက်စီးနင်းအကြမ်းဖက်ခဲ့ရာ သေနတ်သံ ၂၇ ချက်ပစ်ဖောက်ခဲ့ပြီး ဒေသခံ ဖြစ်သူ ကိုဖိုးစီ၊ ကိုသက်မောင် ၊ ကိုဘိုနိ ၊ မအေးသန်း ၊ ကိုစိုးပြည့်အောင် ၊ ကိုထွန်းအေး ၊ ကိုအုန်းမှိုင်းတို့ (၇) ဦးသေနတ်ထိမှန်ပြီး မနော်ရှီးမှာ လေးဂွထိမှန်ခဲ့ပါသည်။

ယခုအချိန်ထိ သေနတ်ထိမှန်ခံရသူ ကိုစိုးပြည့်အောင်မှာ သတိလစ်နေပါသည်။ သတင်းမှတ်တမ်းယူနေသော သတင်းသမားများအားလည်း စစ်ဆေးဆဲဆိုပြီး မှတ်တမ်းဖိုင်များ ဖျက်ဆီးပစ်ကြပါသည်။

သတင်း +  ကိုတိုးကြီး (facebook)

No comments:

Post a Comment