Monday, November 11, 2013

စစ်အစိုးရလက်ထက် လူကြီးများ၏ သားသမီးများ ပြည်သူအပေါ် အနိုင်ကျင့် ပါက တိုင်ကြားနိုင်


ယခင်စစ် အစိုးရလက်ထက်မှ လူကြီးများ၏ သားသမီးများနှင့် ပတ်သက် ဆက် နွှယ်သူများ ပြည်သူများအပေါ် အနိုင် ကျင့် ဗိုလ်ကျမှုများရှိပါက အထောက်အထားခိုင်လုံစွာဖြင့် တိုင်းဒေသကြီး အစိုးရရုံး သို့ တိုင် ကြားနိုင် ကြောင်း ရန်ကုန်တိုင်း ကြီး နယ်စပ်ရေးရာ လုံခြုံရေးဝန် ကြီးဗိုလ်မှူးကြီးတင်ဝင်းက ပြော သည်။

ယင်းကဲ့သို့တိုင်ကြားရာတွင် တိုင်ကြားသူများသည် ကိုယ်တိုင် နစ်နာမှုများကို ကြုံတွေ့ခံစားရ သူများဖြစ်ရမည်ဖြစ်ပြီး အထောက် အထားခိုင်လုံရ မည်ဖြစ်ကြောင်း သိရသည်။

ဗိုလ်မှူးကြီးတင်ဝင်းက ''ရဲ အရေးပိုင်မှုဆိုတာလဲ ရှိတယ်။ တခိျု့ ကိစ္စတွေ ကျတော့ ရဲစခန်း ကို တိုက်ရိုက်တိုင်ရတာလဲရှိတယ်။ ကျွန်တော်တို့အစိုးရအဖွဲ့အနေ နဲ့ကတော့ အတတ်နိုင်ဆုံး ဖြေ ရှင်းဆောင်ရွက်ပေးမှာပါ။

ပစ်စာ သဘောမျိုးနဲ့ဆိုရင်တော့ လက်ခံ ဖြေရှင်း ဆောင်ရွက်ပေးမှာမဟုတ် ဘူး။ အထောက် အထား ခိုင်လုံရင် တော့ ဘယ်လိုလူကြီးသားသမီး၊ ဆွေ မျိုးပဲဖြစ်ဖြစ်၊ ပြည်သူ့ဝန်ထမ်းပဲ ဖြစ်ဖြစ် လက်ခံအရေးယူဆောင် ရွက်ပေးမှာပါ''ဟုပြောသည်။

တရားလွှတ်တော်ရှေ့နေ တစ်ဦးက ''နစ်နာရတဲ့သူက ဦး ဆောင်နိုင်မှ အခြားလူတွေက အနောက်က တညီတညွတ်တည်း လှုပ်ရှားလို့ရမှာ။ ဘယ်သူ့ကိုမှ ကြောက်စရာမလိုဘူး။ မတရား အနိုင်ကျင့်ခံရတဲ့သူတွေ အနေနဲ့ တိုင်ကြားပါလို့ ပြောချင်ပါ တယ်'' ဟု ပြောသည်။


Yangon Media Group

No comments:

Post a Comment