Monday, November 11, 2013

လကိုကြယ်ဖောက်လို့ ခေါင်းဆောင်များကို လက်အောက်မှ အာခံလာနိုင်



နိုဝင်ဘာ ၁၉ ရက်၊ နံနက် ၁ နာရီ ၄၅ မိနစ်တွင် လကိAlderbaran အမည်ရှိ နက္ခတ် ကြယ်တစ်ခုက ထွင်းဖောက်သည့် ဖြစ်စဉ်တစ်ခုဖြစ်ပေါ်ရန်ရှိကြောင်း နက္ခတ်ဗေဒပညာရှင် ဦးဇေယျာ ကိုက ပြောသည်။

Alderbaran နက္ခတ်ကြယ် သည်ပုံမှန်အားဖြင့် ပူးယှဉ်လေ့ရှိ သော်လည်း နိုဝင်ဘာလ ၁၉ ရက်ဖြစ်စဉ်မှာ ထူးခြားဖြစ်စဉ်ဟု သတ်မှတ်ရမည်ဖြစ်ကြောင်း သိရ သည်။

““ထူးခြားဖြစ်စဉ်လို့ သတ် မှတ်ရတာကတော့ လနဲAlder- baran နက္ခတ်ကြယ်ဟာ ယိုင် ထောင့်အကွာ အဝေးအနီးဆုံးမှာ ဖြစ်တဲ့အတွက် အားကောင်းတဲ့ နက္ခတ်ထွင်းဖောက်မှုဖြစ်တယ်””ဟု ဦးဇေယျာကိုက ပြောကြား သည်။

ယင်းကဲ့သို့ နက္ခတ်ကြယ်သည် လကိုထွင်းဖောက်သည့် ဖြစ်စဉ်ကြောင့် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာတွင် ထူး ခြားမှုဖြစ်စဉ်တစ်ခု ပေါ်ပေါက် လာရန်ရှိကြောင်း ၎င်းကဆို သည်။

“Alderbaran နက္ခတ်ကြယ် ကို အာရပ်တွေက နောက်လိုက် အဖြစ်သတ်မှတ်ကြတယ်။ လကို ဒီနက္ခတ် ကြယ်ဟာ ပူးယှဉ်တဲ့ အခြေအနေကြောင့် မြန်မာနိုင်ငံ၊ လောနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အန်္ဒိယ နိုင်ငံတွေမှာ ရှိတဲ့ နိုင်ငံ့ခေါင်းဆောင် တွေနဲ့ ပါတီခေါင်းဆောင်တွေကို အောက်လက်ငယ်သားတွေက အတိုက်အခံပြုတာတို့၊ ကလန်က ဆန်လုပ်တာတွေရှိလာနိုင်တယ်””ဟု ဦးဇေယျာကိုက ပြောကြားခဲ့ သည်။

နိုဝင်ဘာ ၁၉ ရက်၊ နံနက် ၁ နာရီ ၄၅ မိနစ်အချိန်တွင် မြန်မာ့မိုးကောင်းကင် ဦးခေါင်း ထိပ်တည့်တည့်တွင် အလင်း ရောင်အား ၉၈ ရာခိုင်နှုန်းရှိသည့် နက္ခတ်ကြယ်ကို လ၏အနီးနား တွင် တွေ့ရှိရမည်ဖြစ်ကြောင်း သိ ရသည်။

The Hot News Weekly.

No comments:

Post a Comment