Sunday, November 3, 2013
သွေးစုတ်ဖုတ်အတွက် ဆိုက်ကား ခေါ်ပေးသူများ
ဒီတစ်ခါတော့ ကျနော့ မေမေ ရဲ့ ဇာတိကိုပြန်လည်တုန်းကအ
ဖြစ်အပျက်လေးပြောပြချင်ပါတယ်။
၂၀၀၉ လောက်က ကျနော်လည်း ရောက်တုန်းရောက်ခိုက် ဦးကြီး ဒေါ်ကြီးတွေကို သွားပြီး ဦးတော် လုပ်တယ်ပေါ့ဗျာ။ ကျနော့မိဘတွေလည်းပါတာပေါ့။ ပြည်မြို့ တစ်ဖက်ကမ်းက ဆင်တဲ ဆိုတဲ့ မြို့လေးကနေဆက်သွားရင် ပန်းတောင်း ဆိုတဲ့ တောမကျ မြို့မကျနေရာလေးပေါ့။ အမျိုးတွေထဲမှာ အဆိုးဆုံး က ကျနော့ မေမေ မောင်ဝမ်းကွဲ ဆိုတော့ ကျနော့ ဦးလေးဝမ်းကွဲပေါ့ဗျာ။ ဘယ်လောက်ပဲ အမျိုးတွေက ဝိုင်းဝန်းကြည့်ရှုပါစေ ဒုံရင်းပဲ။ နောက်ဆုံး ဆိုက္ကားပဲ နင်းတယ်။ နောင်တလုံးဝမရတတ်ဘူး။ သူနောင်တရတဲ့နေ့က သေတဲ့အချိန်ပေါ့။ အခုကျနော်ပြောပြမှာက အဲဒီအကြောင်းပါ။
ပန်းတောင်းဆိုတဲ့နေရာလေးက အဲဒီအချိန်က တစ်မြို့လုံးမှ ဆိုက္ကား က ရှိရင် အစီး ၂၀ပေါ့။ ဆိုက္ကား သမား ကို ဆရာခေါ်ရတာ အဲဒီနေရာမှအစစ် :D။
ကျနော်တို့ရောက်တော့ သူလည်း သောက်တာနည်းနည်းလျှော့သွားတယ်။ မကန်တော့ မှာစိုးလို့ပါ။ ကျနော်ရောက်ပြီး ၂ ရက်လောက်နေတော့ လုံးဝ အရက်ဖြတ်ထားတယ်။ တစ်ပတ်လောက်ကြာတော့ ညဖက်ကြီး သူ့အိမ်ကို ဆိုက္ကားလာငှားတယ်တဲ့။ ဆေးရုံကလက်လျှော့လိုက်တဲ့ လူနာကို အိမ်ပြန်သယ်ချင် လို့ပေါ့။ သူကလည်း စိတ်ကြိုက်တောင်းတော့ ပေးတာပဲ။ အချိန်က ၁ နာရီခွဲ ဝန်းကျင်ဆိုတော့လေ။ ကျနော်တို့က မနက်မှသိတာပါ။ သူ့အိမ်နဲ့ ကျနော့ ဒေါ်ကြီးတွေအိမ်က တော်တော်ဝေးတယ်လေ။ သူလိုက်သွားတယ်ပေါ့ဗျာ။ လူနာကို ဆင်တဲမြို့ကိုပို့ပေးရမှာ။ လူနာအဖိုးကြီးကိုသူကိုယ်တိုင်ပွေ့ပြီး ဆိုက္ကားပေါ်တင် စောင်နဲ့ သေချာထွေးပေါ့။ ခေါင်းကိုလည်း သေချာ ဖုံးပေးလိုက်သေးတယ်ဆိုပဲ။ လူနာရှင်တွေကပြောတာက လူနာက သတိလစ်နေလို့ပါတဲ့။ မိုးကလည်းဖွဲဖွဲလေးကြနေတော့ သူလည်းသေချာလုပ်ပေးတာပေါ့။ ပန်းတောင်းနဲ့ ဆင်တဲ ကို ဆိုက္ကားနဲ့ဆို တစ်နာရီခွဲလောက်ကတော့ သာသာလေးနင်းရတာ။ ဆေးရုံထဲကစထွက်တော့ ခွေးတွေက သူတို့ကိုကြည့်ပြီး အူလိုက်တာတဲ့ဗျာ။ လူနာရှင်တွေကလည်း စက်ဘီးနဲ့ဆိုတော့ အရှေ့ကသွားနှင့်မယ်ဆိုပြီး ဒိုးကြပါလေရောတဲ့။ ကျနော့ဦးလေးကတော့ နောက်ကနေဖြည်းဖြည်းချင်းပဲနင်းလာတာတဲ့။
ပန်းတောင်းမြို့ကထွက်တာနဲ့ သူလည်းပျင်းပြီး လူနာနဲ့ စကားစပြောဖြစ်တယ်တဲ့။ ကျန်းမာရေးဂရုစိုက်ဖို့ ဘုရားဂုဏ်တော် အာရုံပြုဖို့ပေါ့။ လူနာကလည်း သူက ပြောလို့ ဟုတ်တယ်ဆို " အင်း " မဟုတ်ဘူးဆို "ဟင့်အင်း " ပဲဖြေတယ်ဆိုပဲ။ သြော် ဦးလေးကတော့ သူ့ဝေဒနာကြောင့် မပြောနိုင်တာပေါ့လေ။ လမ်းမှာ လူနာရဲ့ခေါင်းကိုခြုံထားတဲ့စောင် ကွာကျသွားလို့ သူက ပြန်ဖုံးပေးလိုက်သေးတယ်။ အပုပ်နံ့တွေကလည်း ခဏခဏကို စူးနေအောင်ရတာ။
အဲဒီလိုနဲ့ ကိုးမြို့ရှင် နန်း နားကိုရောက်တော့ ဆိုက္ကားက လုံးဝမရွေ့တော့ဘူးတဲ့ဗျို့။ ကျနော့ဦးလေးလည်း ဘယ်လိုမှကြိုးစားလို့မရဘူးဖြစ်နေတယ်တဲ့။ လူနာကလည်း ညည်းသလိုလို ရီသလိုလို တဟင်းဟင်းနဲ့တဲ့။ ကျနော့ဦးလေးလည်း မရတဲ့အဆုံး ကိုးမြို့ရှင် ကို သွားပြီးတိုင်တည်တယ်ပေါ့ဗျာ။ လူနာအရေးကြီး လို့ အနှောက်အယှက်ပါလာရင်ဖယ်ရှားပေးတော်မူပါပေါ့။ အဲ ဆုတောင်းပြီးလို့ ဆိုက္ကားပြန်နင်းတော့ Ok ပဲ။ ဆိုက္ကားပြန်စထွက်တာနဲ့ လူနာက စတော့တာပဲ။
သူ့ရဲ့ ဘယ်ဖက်လက်က ကျနော့ ဦးလေးပေါင်ပေါ်ကို ခဏခဏ လာတင်တယ်ဆိုပဲ။ ကျနော့ဦးလေးကလည်း နင်းရတာမလွတ်လပ်လို့ လက်မတင်ဖို့ ပြောပြောနေရတယ်တဲ့။ ပြီးတော့ အရမ်းကို တဟီးဟီးနဲ့တဲ့။ ချမ်းလို့ဖြစ်မယ်ပေါ့။
သရက်လိန်ကွေ့ဆိုတဲ့နေရာရောက်တော့ တံတားအတိုလေးရှိတယ်။ လမ်းရဲ့ဘယ်ဖက်မှာက သင်္ချိုင်းကုန်း ဗျို့။ အဲဒီတံတားတို လေးပေါ်ကို လုံးဝကို တက်လို့မရတာပဲတဲ့။ လူဆင်းတွန်းတော့လည်း နောက်ကနေတစ်ယောက်
ယောက်ကဆွဲထားသလို ဖြစ်ပြီး တရွတ်တိုက်ပါလာတဲ့အသံမျိုးကြားရတယ်ပေါ့ဗျာ။ ပြီးတော့ ခုနက အဖိုးကြီး လက်လာတင်တဲ့ ပေါင်ကလည်းအရမ်းကိုအောင့်လာတယ်တဲ့။ သူလည်း ဘယ်လိုမှ လုပ်လို့မရတဲ့အဆုံး လူနာအဖိုးကြီးကို အောက်ခဏဆင်းပေးဖို့ပြောတော့ တုတ်တုတ်တောင်မလှုပ်
ဘူးဆိုပဲ။ စိတ်မရှည်လို့ စောင်ကိုဆွဲဖယ်ပြီး မီးခြစ်နဲ့ လေကွယ်ပြီး ခြစ်ကြည့်လိုက်မှ လားလား
လျှာကအပြင် ကို တစ်ဆုံးထွက်နေတာဆိုပဲ။ ပြီးတော့ တောင့်နေပြီး မျက်လုံးလည်းအပြင်ကိုတော်တော်ပြူးထွက်နေတာ။ လောင်းကသေခါစဆိုတော့ ထိုင်တဲ့ပုံစံထားလို့ရပေမယ့် နည်းနည်းကြာတော့ အဲဒီထားတဲ့အတိုင်းတောင့်လာတာနေမှာပေါ့။ ကျနော့ဦးလေးလည်း ပန်းတောင်းဖက်ကို အသားကုန်စွတ်ပြေးတော့တာတဲ့။ ဟုတ်တယ်လေ။သူနဲ့မကြာခင်လေးကမှ စကားပြော အသံပေး လက်တောင်လာတင်သေးတဲ့လူက ကြည့်လိုက်တော့မှ လူသေတစ်ယောက်ဖြစ်နေတယ်ဆိုတော့ လန့်ပြီပေါ့။ ပေါင်ကလည်းအောင့် နောက်ကလည်း လိုက်တဲ့အသံတွေကြားနေရတော့ ခုနဖြတ်ခဲ့တဲ့ ကိုးမြို့စင် ထဲ ပြေးဝင်ပြီး အသနားခံတော့မှ နောက်ကလိုက်တာရပ်သွားတယ်တဲ့။ ဒါတောင် လမ်းမပေါ်မှာ စောင့်နေတာအများကြီးပဲဆိုလား။
ဒီလိုနဲ့ မနက်လင်းတော့ ဦးလေးမိန်းမက သူ့ယောက်ျားညကဆိုက္ကားလိုက်သွားပြီးပြန်မလာသေးကြောင်းပြောတော့ ကျနော်တို့လိုက် ရှာတာပေါ့။ သွားတွေ့ပါတယ်။ ကိုးမြို့စင်ရှေ့မှာ။ စိတ်ထဲမကောင်းတာနဲ့ ဘာမှမမေးပဲ ပြန်ခေါ်လာတာ။ ကိုယ်တွေလည်း အရမ်းကိုပူနေတာပေါ့ဗျာ။ ဆေးခန်းသွားလည်းမသက်သာဘူး။ အဲဒီအချိန်ထိ ပေါင်မှာဖြစ်နေတာကိုဘယ်သူ့ကိုမှ မပြောဘူးဗျို့။ နောက်မှ သူ့နားကပ်ရင် အနံ့တစ်မျိုးရလို့ ကျနော်ကမေးလွန်းမကမေးမှ ပြောလည်းပြော ပြလည်းပြ ပေါ့။
အိုးးးးး ပေါင်ပေါ်မှာ လက်၅ချောင်းရာကအထင်းသာကြီးဗျာ။ အပုပ်နံ့က အဲဒီကထွက်နေတာဗျို့။ ကျနော်လည်းထူပူပြီး လူကြီးတွေပြောပြပြီး ကုဖို့လုပ်တာပေါ့။ ကျနော်တို့ ပန်းတောင်းမှာ ချင်းဘဘကြီး ဆိုတာရှိတယ်။ တော်တော်စွမ်းတယ်ပေါ့ဗျာ။ သူ့ကိုခေါ်ပြတော့
ငဇော် ရေ မင်း ဘုရားကိုသာမမေ့ပါနဲ့တဲ့။ ဒါပဲပြောတယ်။ ကျနော်က အတင်းလိုက်မေးတယ်။ ဘယ်လောက်ကုန်ကုန်ကုမယ်ပေါ့။ ချင်းဘဘကြီးကကျနော့ကိုလည်းအရမ်းချစ်တာ။ သူပြန်ပြောတာက
လုံးဝမကုနဲ့ မရဘူးတဲ့။
လွန်နေပြီတဲ့။ နာနာဘာဝ ကိုင်ထားတဲ့နေရာကို ကုဖို့မလွယ်ဘူးတဲ့။
ဟုတ်ပါတယ်။ အဲဒီရောဂါနဲ့ပဲ နောက် ၄ရက်မြောက်မှာပဲ ဆုံးသွားရှာတယ်။ သူမသေခင်ကျနော့ကိုပြောတယ်။ နေပြန်ကောင်းရင် ဘုန်းကြီး ဝတ်ချင်တယ် သူ့ကို လှူပေးပါဆိုတော့ ကျနော်လည်း စိတ်ချ လို့အာမခံတယ်။ သူဆုံးသွားတော့လည်း သူ့အတွက် ရည်ရွယ်ပြီးသားကို
ဘုန်းကြီးကျောင်းမှာ သီးသန့်လှူ အမျှဝေပေါ့ဗျာ။ ခက်တာက မကျွတ်ပါဘူး။ ခုတော့ ကျနော်လည်း ပြန်မရောက်တာ ကြာပြီဆိုတော့ မသိတော့ဘူး။ မေးလည်းမမေးချင်တော့ဘူး။ဒီတစ်ခါတော့ ကျနော့ မေမေ ရဲ့ ဇာတိကိုပြန်လည်တုန်းကအ

ဘုန်းကြီးကျောင်းမှာ သီးသန့်လှူ အမျှဝေပေါ့ဗျာ။ ခက်တာက မကျွတ်ပါဘူး။ ခုတော့ ကျနော်လည်း ပြန်မရောက်တာ ကြာပြီဆိုတော့ မသိတော့ဘူး။ မေးလည်းမမေးချင်တော့ဘူး။
ဒါပေမယ့် လူနာရှင်တွေဆီကို မပြန်ခင်ကသွားစုံစမ်းတော့ လူနာကသေပြီးသားဗျ။ မလိုက်မှာစိုးလို့ ညာပြီး ဆိုက္ကားငှားတာပါတဲ့။ သူတို့လည်းအဲဒီနေ့က တော်တော်နဲ့ရောက်မလာတော့ လူစုပြီး ပြန်သွားကြည့်တော့ ဆိုက္ကားနဲ့ အလောင်းပဲတွေ့တယ်တဲ့။ ဟုတ်တယ် သူတို့ပြောတာလည်း ကျနော့ဦးလေးပြောပြတဲ့ပုံစံပဲ အလောင်းမှာဖြစ်နေတာ။ အံ့သြကုန်နိုင်ဖွယ်ပဲဗျို့။
မောင်မိုးတိမ် ၏မှတ်ချက်။ ။ ကိုသက်လွင် ၏ ဦးလေးကြုံခဲ့ရသည်မှ သွေးစုတ်ဖုတ်အကြီး စားတစ်မျိုးဖြစ်ဟန်တူပါသည်..။ သွေးစုတ်ဖုတ်ဆိုသည်မှ ရုပ်ရှင်ထဲက လိုအစွယ်ငေါငေါကြီးဖြင့် လူကို "ကဲ...လာစမ်း ..." ဆိုပြီးသွေးစုတ်ခြင်းမဟုတ်..။ သူတို့သွေးစုတ်ပုံမှာ ငြင်သာသည်..။ လူ့အရေပြားမှ တစ်ဆင့် အသားချင်းထိကာသွေးစုတ်ခြင်းဖြစ်သည်..။ သွေးစုတ်ဖုတ်သည် လူမမာကိုဝင်ပူးသည့် အခါ အစားအစာ တောင်းသည်ထက် လူမမာစောင့်ကို အသားချင်း ထိကပ်ပေးရန်သာတောင်းဆိုလေ့ရှိသည်။
ဥပမာ။ ။ချမ်းလွန်း ၍ဖက်ထားပေးပါ ၊ နှိပ်ပေးပါဦး..၊ အသားချင်းမထိရင်အိပ်မပျော်ဘူး စသည်ဖြင့် တောင်းဆိုလေ့ရှိသည်..။ အချိန်မှီမသိရှိရပါက လူမမာစောင့်မှာ တဖြည်းဖြည်းပိန်လှီ လာပြီးနောက်ဆုံးအသက်ဆုံးရှုံးရသည်အထိဖြစ်နိုင်ပါသည်..။ လူမမာစောင့် လေးယောက်ခန့် သွေးစုတ်သတ်ဖြတ်ပြီးမှ ထွက်သွားသော သွေးစုတ်ဖုတ်အကြောင်းကို မောင်မိုးတိမ် အားမှတင်ဆက်ပါဦးမည်..။
Credit:သရဲ သဘက် ဘီလူး အစရှိသော - ပေတလောကသားများအကြောင်း ·
Subscribe to:
Post Comments (Atom)
No comments:
Post a Comment