Thursday, December 5, 2013

ပုဇွန်တောင်မြို့ နယ် တွင် လည်လှီးမှု ဖြစ်ပွား


ဒီဇင်ဘာ ၆ ရက် ၂၀၁၃ ရန်ကုန်မြို့  ပုဇွန်တောင်မြို့ နယ် အမှတ် (၉)ရပ်ကွက် ရွှေဘုန်းပွင့်ဘုရားအနီး သဇင် လမ်းတွင် မူးယစ်ဆေးစွဲ သူတစ်ဦးက မူးယစ်ဆေးဖြတ်ရန် ဆေးကုသနေစဉ်အတွင်း မူးယစ်ဆေး မဖြတ်ပဲ အိမ်သို့ ရောက်ရှိနေသည့် ဧည့်သည် ကို လည်ပင်းလှီးဖြတ်ခဲ့ခြင်းကြောင့် ပုဇွန်တောင်မြို့ နယ် ရေကျော်ရပ်နေ ပြည်သူများအတွင်း ရပ်ကွက်နာသည်ဟု ပြောဆိုဝေဖန်မှုများဖြစ်ပေါ်လျှက်ရှိကြောင်း သိရသည် ။ ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ်၊ဒီဇင်ဘာလ၊(၄)ရက်နေ့ ည ၂၀၁၅ နာရီအချိန်တွင် ပုဇွန်တောင်မြို့ နယ် ၊ (၉)ရပ်ကွက် ၊ ရေကျော်ရပ်၊ သဇင်လမ်း ၊ အိမ်အမှတ်(၉) ၊ (၅)လွှာ တွင် နှစ်ချုပ်ငှားရမ်းနေထိုင်သည့် ရှမ်းတိုင်းရင်းသား လူငယ် များနေထိုင်သည့်အခန်းမှ ပစ္စည်းပေါက်ကွဲသံများနှင့် ဆူညံအော်ဟစ်သံများ ဖြစ်ပွားခဲ့သည် ။ ယင်းအတွက် သဇင်လမ်းနေထိုင်သည့် ပြည်သူများက ဆူညံသံများဖြစ်ပွားနေသည့် အခန်း ပေါ်သို့ မော့ကြည့် သည့်အခါ လူနှစ်ဦး ၀ရန်တာတွင် ခိုက်ရန်ဖြစ်ပွားနေသည် ကို တွေ့ ရကြောင်း သိရသည်။ ယင်းနောက် လမ်းမပေါ် သို့ ဓားနှင့် အခြား ပစ္စည်းများ ကို ပစ်ချခဲ့သည့်အတွက် သဇင်လမ်း နေပြည်သူများက ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်နှင့် ပုဇွန်တောင်မြို့ နယ် ရဲ တပ်ဖွဲ့ ထံသို့ ဆက်သွယ် အကြောင်းကြားခဲ့ကြသည် ။ သဇင်လမ်းအတွင်း နေထိုင်သူများမှ ၀ိုင်းဝန်းကြည့်ရှုအော် ဟစ်မှု ကြောင့် ရန်ပွဲမှာ ခေတ္တရပ်နားခဲ့ရပြီး ရန်ဖြစ်သူ နှစ် ဦးအနက်မှ တစ်ဦးမှာပြေးဆင်းလာခဲ့ပြီး အိမ်ပေါ် မှာ စိတ်မမှန်သူ ဦးလေး က ဓါးနဲ့ ခုတ်နေတယ် ကျွန်တော့် သူငယ်ချင်း သေသွားပြီလား မသိဟု ဆိုကာ ဦးခေါင်းတွင် သွေးသံရဲရဲဖြင့် သဇင်လမ်းနေပြည်သူများကို အကူ အညီ တောင်းခံခဲ့သည် ။ သဇင်လမ်းသူ လမ်းသားများက အခင်းဖြစ်တိုက် ၏ ၀င်ထွက်ပေါက်ကို အပြင်မှ ပိတ်ထားလိုက်ပြီး သက်ဆိုင်ရာ တာဝန်ရှိ သူများအလာကို စောင့်ဆိုင်းခဲ့ကြပြီး ဒဏ်ရာများနှင့် ဆင်းပြေးလာသူ ကို စိုင်း အား ရန်ကုန် ဆေးရုံကြီးသို့ ပို့ ဆောင်ပေးခဲ့ကြသည်။ အမှတ်(၉)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်နိုင် နှင့် ပုဇွန်တောင်မြို့ နယ် ရဲတပ်ဖွဲ့  အမှတ် (၂၉) ရဲစခန်း မှ စခန်းမှူး ရဲအုပ် ဦးစံသောင်း၊ နယ်ထိန်းအဖွဲ့ ခေါင်းဆောင် ဒုရဲအုပ် ဦးသိန်းဝင်း တို့ အဖွဲ့ ရောက်ရှိခဲ့ပြီးနောက် အမှတ် (၉) ၊ (၆)လွှာအတက် လှေကားတွင် ခိုအောင်းနေသည့် တရားခံ စိုင်းရီအား လက်ထိတ်ခတ် ဖမ်းဆီး ပြီး လိုအပ်သည်များကို စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ ကြောင်း ယင်းအိမ်နေထိုင်သူတစ်ဦးမှ ပြောကြားသည်။ တရားခံ စိုင်းရီ မှာ တာချီလိတ်မြို့ နယ်၊ မကာဟို ခမ်းရပ်ကွက်၊ ဂေါ်သဇင်လမ်း၊ အမှတ် (၆/၇၃) တွင် နေထိုင် သူ တစ်ဦးဖြစ်ကြောင်း၊ ဦးလုံးရှိန် + ဒေါ်ကျင်ပိုင် တို့ ၏ သားတစ်ဦးဖြစ်ကာ ၂၀၁၁ ခုနှစ်ခန့် မှ ရန်ကုန်မြို့ သို့  မူးယစ်ဆေးဖြတ် ကုသရန် ရောက်ရှိနေခြင်းဖြစ်ကြောင်း၊ အခင်းဖြစ်နေ့ က တူတော်စပ်သူ ကိုစိုင်း၏ သူငယ် ချင်း ၀င်းသန့် (၄၀) နှစ် (တာချီလိတ်မှ ရန်ကုန်သို့  မော်တော်ကားဝယ်ယူရန် ရောက်ရှိနေသူ) အား အသားလှီး သစ်သားရိုးတပ် စတီးဓါးပြား အရိုး အသွားအရှည် ၁၁ လက်မခန့် ရှိ ဓါးဖြင့် မျက်နှာ၊ဦးခေါင်း၊လည်ပင်းတို့  အား ခုတ်ထစ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သေဆုံးသူ ၀င်းသန့် မှာ တာချီလိတ်မြို့ နယ်၊ မကာဟိုခမ်း ရပ်ကွက် ဂေါ်သဇင်လမ်း၊ ၈/၁ တွင် နေထိုင်သူတစ်ဦးဖြစ်ကာ ဈေးရောင်း လုပ်ငန်းဖြင့် အသက် မွေး သူတစ်ဦးဖြစ်ကြောင်း၊ ယင်းသေဆုံးသည့်နေရာသို့  မော်တော်ကားဝယ်ယူရန် အကြောင်းဖြင့် ခေတ္တ တည်းခို နေထိုင်ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည် ။ ပုဇွန်တောင်မြို့ နယ် ရဲစခန်းမှ နယ်ထိန်းခေါင်း ဆောင် ဒုရဲအုပ် ဦးသိန်းဝင်း မှ တရားလိုပြုလုပ်ကာ ပုဒ်မ ၃၀၂ ၊ ပြစ်မှု အမှတ် ၂၆၉/၂၀၁၃ ဖြင့် အမှုဖွင့် အရေးယူလျှက် ရှိကြောင်း သိရသည်။

ရန်ကုန်ကြေးမုံ
Kachin Daily News ·

No comments:

Post a Comment